အပိုင်း ၉၁-၉၃
Vol. 7 Ch. 91-93
အခန်း (၉၁)နင်နဲ့ငါ နားကြပ်တဖက်စီ တူတူသုံးကြမယ်
ကောလိပ်ဝင်ခွင့်စာမေးပွဲ ဒုတိယနေ့၊ ဇွန်လ ၈ ရက်။
လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် စောစောထကာ မနက်စာစားပြီး၍ ကျောင်းသို့ သွားကြသည်။ ၎င်းတို့သည် လက်တွေ့အကဲဖြတ်ရန်အတွက် စမ်းသပ်နေရာသို့ ဘတ်စ်ကားစီးသွားကြရာ အကဲဖြတ်စစ်ဆေးမည့်နေရာသည် သဘာဝ၏ လှပမှုများနှင့် ပြည့်နှက်နေသည့် သစ်တောကြီးတစ်ခုဖြစ်သည်။
ဤသစ်တောသည် နန်ကျန်းပြည်နယ်၏အစွန်အဖျားတွင်တည်ရှိသည်။ တောရိုင်းတိရိစ္ဆာန် မြောက်မြားစွာနှင့် လူသားလာရောက်လည်ပတ်သူ အနည်းငယ်မျှဖြင့် လူသူကင်းမဲ့နေသဖြင့် လက်တွေ့အကဲဖြတ်စမ်းသပ်သည့်နေရာအဖြစ် အသုံးပြုရန် အလွန်သင့်လျော်၏။
မိသားစုနှစ်စု၏ အိမ်အပြင်ဘက်တွင်၊ ဇီချန်၏ မိဘများနှင့် ချင်းဟန်၏ မိဘများ လေးဦးစလုံးသည် သားသမီးများကို ပို့ရန် စောစောထလာကြသည်။
"ဒီပေါင်မုန့်ကို ယူသွာနော်."
"နောက်ပြီး ဘီစကွတ်တွေ မမေ့နဲ့..."
“ဒီအချိုရည်ပုလင်းရောပဲ”
"ပြီးတော့ ဒီဂျာကီထုပ်ရောပဲ”
"စားစရာတွေများများယူသွားနော်၊ တောထဲမဝင်ခင် ကောင်းကောင်းစား။ မင်းတို့ အထဲကိုရောက်တာနဲ့ အစာရှာဖို့အလျင်လိုနေစရာမလိုဘဲ မြေပြင်အနေအထားကို အရင်လေ့လာနိုင်လိမ့်မယ်”
ကျန်းဝမ်ရှင်းသည် လင်းဇီချန်၏ ကျောပိုးအိတ်ဇစ်ကိုဖွင့်၍ စကားစမြည်ပြောကာ အစားအစာများကို အထဲသို့ထည့်လိုက်သည်။ သူ့ကျောပိုးအိတ်သည် တဖြည်းဖြည်းပို၍လေးလာသကဲ့သို့ ခံစားရသဖြင့် လင်းဇီချန်က ကမန်းကတန်းပြောလိုက်သည်။
"မေမေ၊ ဒီလောက်ဆိုရပြီ အကုန်မစားနိုင်ဘူး"
"ဟန်ဟန်လည်း စားရဦးမယ်မဟုတ်လား"
"ဟန်ဟန်ရဲ့ ကျောပိုးအိတ်ကလည်း ပြည့်နေပြီလေ"
"ဒါက ပြဿနာမဟုတ်ပါဘူး၊ မင်းမကုန်ရင်လည်း စာမေးပွဲပြီးရင် သားဗိုက်ဆာနေလိမ့်မယ် ထပ်စားလို့ရတယ်လေ"
ကျန်းဝမ်ရှင်းသည် အလွန်စေ့စပ်သေချာ၍ ကလေးများအလွန်ဗိုက်ဆာလာမည်ကို စိုးရိမ်လျက်ရှိသည်။ တစ်ဖက်တွင်၊ ရွှီမုန့်သည် ရှန်ချင်းဟန်ကို အဆက်မပြတ် သတိပေးနေသည်။
"ချင်းဟန် သစ်တောထဲမှာ အန္တရာယ်များတယ်။ အမှတ်ရဖို့အတွက်ပဲဆိုပြီး မစွန့်စားနဲ့။ သမီးဘေးကင်းဖို့က ပထမဦးစားပဲ။ နားလည်လား"
"နားလည်ပါတယ် အမေ။" ရှန်ချင်းဟန်က နူးညံ့စွာ ခေါင်းညိတ်လိုက်သည်။
ဤသည်ကို ကြားသောအခါ သူ့ဘေးတွင်ရှိသော ကျန်းဝမ်ရှင်းက ရှ့မင် ကို ပြုံးပြလိုက်သည်။
"စိတ်မပူပါနဲ့၊ သူတို့နှစ်ယောက် တူတူ စာမေးပွဲ ဝင်ခွင့် ရထားကြတယ်။ ဇီချန်က ချင်းဟန်ကို ကောင်းကောင်းကာကွယ်ပေးမှာ သေချာပါတယ်။"
"ဟုတ်တယ် ဟုတ်တယ်" ရွှီမုန့်က ပြုံး၍ပြန်ပြောသည် ။
ထိုစကားကိုပြောပြီးနောက် သူမသည် လင်းဇီချန်ကို နူးညံ့သောအပြုံးဖြင့်ကြည့်ကာ ပြောသည်။
"ဇီချန် အန်တီ ချင်းဟန်ကို သားစီအပ်ထားမယ်နော်။ ကောလိပ်ဝင်ခွင့် စာမေးပွဲတွေပြီးရင် အန်တီမုန့်က သားနဲ့ချင်းဟန်ကို အသစ်ထွက်တဲ့ အိုင်ဖုန်း လက်ဆောင်ပေးမှာ။ အထက်တန်းကျောင်းပြီးသွားတဲ့ အမှတ်တရလေး ဖြစ်စေချင်တယ်။”
"ဒါဆို အန်တီမုန့်ကို ကြိုပြီး ကျေးဇူးတင်လိုက်ပါ့မယ်” လင်းဇီချန်သည် ပြုံး၍ ရွှီမုန့်ကို ယဉ်ကျေးစွာ ပြောလိုက်သည်။
မိသားစုနှစ်စုသည် နှစ်ပေါင်းများစွာ ရင်းနှီးလာခဲ့ကြ၍ တစ်ဦးကိုတစ်ဦး မိသားစုကဲ့သို့ ခံယူထားကြသည်။ အလွန်ယဉ်ကျေးနေခြင်းက ဝေးကွာသည်ဟု ခံစားရစေမည်ဖြစ်သည်။
"ဖေဖေ၊ မေမေ၊ အန်တီမင်၊ အန်ကယ်ရေ၊ သားတို့ သွားတော့မယ်”
"ဖေဖေ၊ မေမေ၊ အန်တီရှင်းနဲ့ ဦးလေးကို နှုတ်ဆက်ပါတယ်"
သူတို့နှစ်ဦးသည် မိဘများကို လက်ပြနှုတ်ဆက်ကာ ကျောပိုးအိတ်နှင့် ကျောင်းရှိရာသို့ ခပ်သွက်သွက် လမ်းလျှောက်ထွက်လာကြသည်။
ကျောင်းသို့ရောက်သောအခါတွင် ၎င်းတို့၏အကြီးတန်းနှစ်တွင် သိုင်းပညာအတန်းဆယ်ခုလုံးသည် ကစားကွင်းတွင် တန်းစီနေပြီဖြစ်သည်။ ဤသည်ကိုမြင်လိုက်သော လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် စီနီယာနှစ်၏ ပထမတန်းကို တန်းစီရန် ပြေးကြသည်။
နာရီဝက်ခန့်အကြာ။
စာမေးပွဲစစ်ဆေးသူများကို လက်တွေ့အကဲဖြတ်သည့်နေရာသို့ ပို့ဆောင်ရန် တာဝန်ရှိသော ဘတ်စ်ကားများ ရောက်ရှိလာသည်။ စုစုပေါင်း ၁၀ စီးရှိ၍ အတန်းတစ်ခုစီအတွက် ဘတ်စ်ကားတစ်စီးစီပါရှိသည်။
များမကြာမီတွင် စာမေးပွဲဖြေဆိုသူအားလုံး ဘတ်စ်ကားပေါ်တက်ခဲ့ကြသည်။
ရှန်ဟိုင်းအထက်တန်းကျောင်းမှ သိုင်းပညာအထက်တန်းကျောင်းသူ ၅၀၀ နီးပါးသည် လက်တွေ့အကဲဖြတ်သည့်နေရာသို့ ထွက်ခွာလာခဲ့ကြရာ တစ်ချိန်တည်း၌ပင်၊ နန်ကျန်းပြည်နယ်ရှိ မြို့အသီးသီး၌ အထက်တန်းကျောင်းများသည် ၎င်းတို့၏ ကျောင်းသားများအား စာမေးပွဲနေရာများသို့ ဦးတည်သွားရန် စီစဉ်ပေးခဲ့သည်။
ပျမ်းမျှအားဖြင့် အရေအတွက်က မများလှပေ။ ပိုကြီး၍ ပိုထင်ရှားသော အထက်တန်းကျောင်းတွင် တစ်တန်းလျှင် သိုင်းပညာ ကျောင်းသား ရာဂဏန်းသာရှိသည်။
သေးငယ်သော ပျမ်းမျှအထက်တန်းကျောင်းတွင် တစ်တန်းလျှင် သိုင်းပညာအတန်းတစ်ခုသာ ရှိနိုင်သည်၊ ဆိုလိုသည်မှာ သိုင်းပညာကျောင်းသား ဒါဇင်အနည်းငယ်သာရှိသည်။ ထို့ကြောင့် ကောလိပ်ဝင်ခွင့်စာမေးပွဲ အများအပြားအတွက် လူသိများသည့် နန်ကျန်းပြည်နယ်တွင်ပင် ယခုနှစ် စာမေးပွဲများတွင် ပါဝင်သည့် သိုင်းပညာ ကျောင်းသား အရေအတွက်မှာ ၁၀၀၀၀၀ ထက် မကျော်လွန်ပေ။
ကျန်သော စစ်ဆေးမှုပေါင်း တစ်သိန်းခန့်သည် လူမှုရေးပညာ၊ အနုပညာနှင့် နည်းပညာကျောင်းသားများ ဖြစ်သည်။ သိုင်းပညာကို လိုက်စားသူ လူနည်းစုသာ ရှိသည်။
နောက်ဆုံးတွင် သိုင်းပညာ လေ့ကျင့်မှု လမ်းကြောင်းပေါ်၌ မျိုးဗီဇပေါင်းစပ်သူ သို့မဟုတ် စက်ပိုင်းဆိုင်ရာ ပြုပြင်ထားသော လူသားတစ်ဦးမဖြစ်နိုင်ခဲ့ပါက၊ ၎င်းတို့၏ စွမ်းရည်သည် လူသားပညာ သင်ကြားသူများထက် အမှန်တကယ်ပင် နည်းပါးနေပေလိမ့်မည်။
အကောင်းဆုံးအောင်မြင်သူများသည် သိုင်းပညာကျောင်းဖွင့်၍ တပည့်များကို ကျယ်ပြန့်စွာ စုဆောင်းလေ့ရှိသည်။
စာမေးပွဲဖြေဆိုပြီးနောက် အောင်မြင်မှုသူများသည် အထက်တန်းကျောင်းများတွင် သိုင်းပညာဆရာများဖြစ်လာကြ၍ သက်ဆိုင်ရာလုံခြုံရေးဌာနများတွင် ရာထူးများရယူကြသည်။
အောင်မြင်မှုနည်းသောသူများသည် သိုင်းပညာကျောင်းများတွင် အလုပ်လုပ်ကြသည်။ ပညာသင်ကျောင်းသားများအတွက်၊ ဘွဲ့ရပြီးနောက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုကျယ်ပြန့်လာသည်။ ပညာရေး၊ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများ၊ ဘဏ္ဍာရေး၊ ဒီဇိုင်း၊ ကွန်ရက်ချိတ်ဆက်ခြင်း စသည်တို့တွင် အလုပ်အကိုင်များ ရရှိနိုင်သည်။
"ဝမ်းနည်းစရာပဲ ဟန်ဟန်၊ ငါသာ နင်နဲ့စာဖြေခန်းတစ်ခန်းတည်းမှာကျရင် အဖွဲ့ကောင်းကောင်းရလောက်ပြီး ဇီချန့်အင်္ကျီမှာ ကပ်တွယ်နေလို့ရလောက်တယ်”
ကားထဲတွင် လီချူရှင်းက ထိုင်ခုံနောက်ဘက်သို့ မှီကာ အနောက်ထိုင်ခုံ၌ရှိသော ရှန်ချင်းဟန်ကို ကြည့်လိုက်သည်။ လီချူရှင်းနံဘေးတွင်ထိုင်နေသော ဟယ့်ယွီသည် ထိုစကားကိုကြားသောအခါ ချက်ချင်းစိတ်ပျက်စွာဖြင့် ညည်းတွးလိုက်သည်။
"ဘာကိုဆိုလိုချင်တာလဲ၊ ငါ့အင်္ကျီတွေက မထူဘူးလား။ ငါနဲ့အတူတူ စာမေးပွဲခန်းထဲကို ဝင်ရရင် အဆင်မပြေဘူးလား။ ငါနဲ့ အဖွဲ့ဖွဲ့ရတာလည်း အေးဆေးပါပဲနော်”
"နင့်လို လူဖြောင့်တစ်ယောက်နဲ့ ပေါင်းရတာ ပျင်းဖို့ကောင်းတယ်။" လီချူရှင်းသည် သူမကို အထင်အမြင်သေးသည့်ဟန်ဖြင့် ကြည့်လာသဖြင့် ဟယ့်ယွီသည်သဘောမတူသောသဘောဖြင့် ချက်ချင်းပြန်ပြောသည်။
"ဘယ်သူက လူဖြောင့်တုန်း ငါက သဘာဝကျပြီး တည်ကြည်သူ တစ်ယောက်ပဲလေ"
တုံ့ဆိုင်းခြင်းအလျင်းမရှိ ငြင်းခုန်နေကြသော ရန်သူနှစ်ယောက်ကိုကြည့်၍ ရှန်ချင်းဟန် ရယ်မောလျက် ပွဲကို တိတ်တဆိတ်ကြည့်လိုက်သည်။ ၎င်းတို့နှစ်ဦး အပြန်အလှန် ပြောဆိုနေသည်ကို ရှင်ချင်းဟန်သည် အလွန် ရယ်ရသည်ဟုတွေးလျက် အေးဆေးစွာပြုံး၍ ကြည့်နေလိုက်သည်။ သူမ၏ဘေးတွင် လင်းဇီချန်သည် နားကြပ်တပ်ထားကာ သူ့ဖုန်းထဲမှ သတင်းဗီဒီယိုများကို ကြည့်နေသည်။
သူသည် လူမှုရေး၊ နိုင်ငံရေး၊ နောက်ဆုံးပေါ်ဖြစ်ရပ်များကို အမြဲသိရှိရန်အတွက် ကြိုးစားနေသူဖြစ်သည်။
"မြို့တော် တက္ကသိုလ်သည် မဟူရာကြောင်မျိုးစပ်ကို အောင်မြင်စွာ ပေါင်းစပ်ပြီး ကျောင်းရဲ့ အသက်အငယ်ဆုံး သုံးမျိုးစပ်အဖြစ် ကျောင်းရဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်”
"စက်ပိုင်းဆိုင်ရာပါရမီရှင် မိန်းကလေး၊ နောက်ဆုံးမျိုးဆက် စူပါကွန်ပြူတာ ချစ်ပ်ဖြင့် အောင်မြင်စွာဖြင့် ညာဘက်မျက်လုံးကို ဖန်တီးနိုင်ခဲ့ပြီဖြစ်ပါတယ်။ မီးတောက် ရွှေရောင်မျက်လုံးများကြောင့် ပစ်မှတ်အမျိုးမျိုးကို ချိန်ဆဖို့ အကြည့်တစ်ချက်သာလိုပါတယ်ခင်ဗျာ”
“ယနေ့ မနက် ၄ နာရီတွင် ရှန်ဟိုင်းမြို့၌ ငလျင်အသေးစားတစ်ခု လှုပ်သွားပါတယ်။ ချစ်ရေယာဥ်ကြောတွင်မျောပါနေသော ချစ်သူစုံတွဲတစ်တွဲဟာဆိုရင်တော့ဖြင့် အလွန်ထိတ်လန့်ခြောက်ခြားသဖြင့် အဝတ်အစားဝတ်ရန်ပင် အချိန်မရခဲ့ဘဲ အဝတ်ဗလာဖြင့် ပြေးထွက်ကာ မြို့ခံများကို ငလျင်လှုပ်နေသဖြင့် ထွက်ပြေးကြရန် အော်ဟစ်ပြောဆိုခဲ့ပါတယ်…”
ထို့နောက် ဗီဒီယိုထဲတွင်၊ ထိုချစ်ရည်လူးနေခဲ့ကြသော စုံတွဲနှစ်ဦး ပြေးထွက်လာသည့် မြင်ကွင်းပါရှိရာ ၎င်းတို့၏ ဝတ်လစ်စလစ်ခန္ဓာကိုယ်များကို ဆင်ဆာဖြတ်ထား၏။ ထိုအခါ အမျိုးသမီး၏ ယောက်ခမဖြစ်သူ အဘွားကြီးတစ်ဦးသည် အိမ်မှ အလျင်အမြန်ပြေးထွက်လာ၍ တံမြက်စည်းကိုင်ကာ နှစ်ယောက်လုံးကို ဆဲဆိုရိုက်နှက်ခဲ့သည်။
“ငါ့သားက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ နေ့တိုင်း အလုပ်ကြမ်းလုပ်ပြီး အိမ်ကို ပိုက်ဆံလာပို့တယ်။ အေး… ညသန်းခေါင်ကြီး ငါဆိုတဲ့ ယောက်ခမရဲ့ မျက်နှာကိုတောင်မထောက်ဘဲ နင်ကအကောင်တစ်ကောင်ကို ခိုးခေါ်ရဲသေးတယ်ပေါ့။ ဒီမိန်းမပျက်မ”
သတင်းကြေညာသူသည် သတင်းကို လေးနက်သောအမူအရာဖြင့် ကြေညာနေချိန်တွင် ဗီဒီယို၏ထိပ်ပိုင်းတွင် မှတ်ချက်များ အဆက်မပြတ် တက်နေခဲ့သည်။
"အင်ဂျင်နီယာအကိုက အသေငိုနေတာလေ”
"အဓိကက တခြားမဟုတ်ပါဘူး။ ကလေးက သူ့သား ဟုတ်မဟုတ်ပဲအရေးကြီးတာ”
"ဟားဟား။ ခိုးစားနေတာဆိုရင်တောင် ဝာာဝန်သိစိတ်တော့ရှိကြသေးတာပဲ"
"လူ့သဘာဝက ရှုပ်ထွေးတယ်။ တချို့အတွက် သူတို့က မကောင်းတဲ့သူတွေဆိုပေမယ့် တချို့အတွက်တော့ သာမန်မိသားစုဝင်တွေဖြစ်နိုင်တယ်”
"သူရဲကောင်းဆိုတာ အလင်းထဲမှာပဲရပ်လို့ရတယ်လို့ ဘယ်သူပြောတာလဲ။ သူရဲကောင်းက တခါတလေ အဝတ်မဝတ်ဘဲလည်းရပ်နိုင်တယ်ကွ ဟားဟား”
လင်းဇီချန်သည် ဤမှတ်ချက်များကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရယ်ရသည်ဟုထင်သော်လည်း သူမရယ်ခဲ့ပေ။ သူက မျက်မှောင်အနည်းငယ်ကျုံ့လိုက်သည်။ ယခုနှစ်၌ ရှန်ဟိုင်းမြို့တွင်ဒုတိယအကြိမ် သိသိသာသာ ငလျင်လှုပ်သွားပုံရသည်။ ဤမျှ မကြာခဏ ဖြစ်နေနေခြင်းသည် မတော်တဆ ဟုတ်ပါသေးသလော သီအိုရီအရ ရှန်ဟိုင်းမြို့၏ ပထဝီဝင် တည်နေရာသည် နှစ်ပေါင်းများစွာအတွင်း သိသာထင်ရှားသော ငလျင်တစ်ခု လှုပ်ခတ်ခြင်းကို များစွာ ထည့်သွင်းစဉ်းစားရပေမည်။
‘အတွေးလွန်နေတာပဲဖြစ်မယ်လို့ မျှော်လင့်ပါတယ် ကျေးဇူးပြုပြီး ငလျင်ကြီး ထပ်မလှုပ်ပါစေနဲ့…”
လင်းဇီချန်က တွေး၏။
တစ်ဖက်တွင်မူ ရှန်ချင်းဟန်သည် ဟယ့်ယွီနှင့် လီချူရှင်းကိုကြည့်နေရာမှ သူမဘေးနားရှိ လင်းဇီချန်ဆီသို့ လှည့်ကြည့်လိုက်သည်။ သတင်းကို တိတ်တဆိတ် ကြည့်နေသည်ကို မြင်လိုက်ရသောအခါ သူမကို စိတ်လှုပ်ရှားစေခဲ့သည်။ ဇီချန်သည် ဆူညံပွက်လောရိုက်နေသော အခြားကောင်လေးများကဲ့သို့မဟုတ်ဘဲ အလွန်တိတ်ဆိတ်နေသည်။ ထိုသို့သော ပြီးပြည့်စုံလုနီးပါး ငယ်သူငယ်ချင်းရှိခြင်းမှာ သူမ၏ အတိတ်ဘဝတွင် ကမ္ဘာမြေကို ကယ်တင်ခဲ့ခြင်းပင်ဖြစ်နိုင်သည်ဟု ထင်ရသည်။
“ငါအရမ်းကံကောင်းတာပဲ” ထိုအတွေးများဖြင့် ရှန်းချင်ဟန်၏ နှုတ်ခမ်းပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာသည်။
လင်းဇီချန်သည် သူမ၏ အကြည့်ကို သတိပြုမိ၍ သူမသည်လည်း ဖုန်းထဲမှ သတင်းများကို မြင်လိုသည်ဟုထင်ကာ နားကြပ်တစ်ဖက်ကို ချွတ်၍ သူမကို ပေးလိုက်သည်။
"အတူတူကြည့်မလား”
"ကြည့်မယ်လေ"
ရှန်ချင်းဟန်သည် ပြုံး၍ နားကြပ်ကို လက်ခံလိုက်ကာ ဆံပင်များကို နားရွက်နောက်သို့ သပ်၍ နားကြပ်တပ်လိုက်သည်။
ထို့နောက် သူမသည် လင်းဇီချန်၏ ပခုံးတစ်ဖက်ပေါ်သို့ ခေါင်းကိုမှီကာ သူနှင့်အတူ ဖုန်းဆက်ခရင်ထက်ရှိ သတင်းဗီဒီယိုကို ကြည့်လိုက်သည်။
အခန်း (၉၂) ကြက်များအစားစားခြင်းကို လက်တွေ့အကဲဖြတ်ခြင်း။
နှစ်နာရီခန့်ကြာပြီးနောက်
လင်းဇီချန်လိုက်ပါလာသည့် ဘတ်စ်ကားသည် စစ်ဆေးမှုစခန်းဖြစ်သော သစ်တောဆီကို နောက်ဆုံးရောက်ရှိလာခဲ့သည်။ သတင်းဗီဒီယိုများကို ကြည့်နေသည့် ရှန်ချင်းဟန်သည် နားကြပ်တပ်လျက်သားဖြင့် ယခုလင်းဇီချန်၏ ပခုံးပေါ်တွင် အိပ်ပျော်နေသည်။ သူမသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသဖြင့် သွားရည်များ ထွက်ကျလာသည်။
အိပ်ရာထဲတွင် ဆီးသွားခြင်းဖြစ်စေ၊ နှာရည်ယိုခြင်းဖြစ်စေ သူမသည် အရည်များဖြင့် ပြည့်နေသည့်ပုံပေါ်သည်။
လင်းဇီချန်သည် ခေါင်းခါယမ်းလျက် သူ့ကျောပိုးအိတ်ထဲမှ တစ်ရှူးကို ထုတ်ကာ ရှန်ချင်းဟန်၏ ပါးစပ်ထောင့်ရှိ သွားရည်ကို သုတ်လိုက်သည်။ ထို့နောက် လက်ညှိုးဖြင့် ပါးပြင်ကို ညင်သာစွာ ပုတ်လိုက်၏။
"ဟန်ဟန်၊ ငါတို့ စစ်ဆေးတဲ့နေရာကိုရောက်ပြီ၊ ထတော့"
“ဟမ် ရောက်ပြီလား” ရှင်ချင်းဟန်သည် မျက်လုံးအနည်းငယ်ဖွင့်၍ အိပ်ချင်မူးတူးဖြင့် အိပ်ရာထရန်ကြိုးစားသည်။
များမကြာမီ လူတိုင်း ဘတ်စ်ကားပေါ်မှ ဆင်းလိုက်သည်နှင့်တပြိုင်နက် အသံချဲ့စက်မှ တစ်စုံတစ်ယောက် အော်ဟစ်သံကို ကြားလိုက်ရသည်။
“ဝင်ပေါက် ၂၉၊ ဒီလမ်းကိုလာ"
“ဝင်ပေါက် ၃၊ ဒီမှာ"
“ဝင်ပေါက် ၁၈ လျှောက်ထားသူများ၊ ဒီမှာစုပါ။"
“ဝင်ပေါက် ၇၈ က ဒီမှာပါ…”
လက်တွေ့အကဲဖြတ်ရန် လျှောက်ထားသူ အရေအတွက်မှာ တစ်သိန်းနီးပါး ရှိသည်။ လျှောက်ထားသူများကို သစ်တောထဲသို့ ဖြန့်ခွဲ၍ ပိုမိုကောင်းမွန်သော အကဲဖြတ်မှုရလဒ်များရရှိစေရန် ပညာရေးဌာနသည် သစ်တောဝင်ပေါက် ၁၀၀ သတ်မှတ်ထားသည်။
ကြေငြာချက်များအရ ဖြေဆိုသူများသည် သက်ဆိုင်ရာ ဝင်ခွင့်အဖွဲ့များကို ရှာဖွေရန် အချိန်များစွာကြာခဲ့သည်။ ထို့နောက် ၎င်းတို့သည် အပြောင်းအရွှေ့ဂိတ်မှ ထွက်ခွာကာ ၎င်းတို့၏ သတ်မှတ်ထားသော ဝင်ပေါက်နေရာများသို့ ဦးတည်သွားကြသည်။
လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ကို တူညီသော ဝင်ပေါက်မှတ်တိုင်တွင် တာဝန်ချပေးထားသဖြင့် နှစ်ဦးလုံးသည် ဝင်ပေါက် ၉သို့ ဝင်ရမည်ဖြစ်ကာ ၎င်းတို့အဖွဲ့ကို ရှာဖွေရန် ပို့ဆောင်ရေးဂိတ်သို့ ဘတ်စ်ကားဖြင့် ထွက်လာခဲ့ကြသည်။
ငါးမိနစ်အတွင်းတွင် ဘတ်စ်ကားရပ်တန့်သွား၏။ လင်းဇီချန် ဘတ်စ်ကားပေါ်မှဆင်းပြီးသည်နှင့် ဝင်ပေါက် ၉ ၌ လူများ ပြည့်နှက်နေပြီကို မြင်လိုက်ရသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် အနည်းဆုံး လျှောက်ထားသူများ ရာနဲ့ချီသည်။ ဖြေဆိုသူများအပြင် အစားအသောက်ရောင်းချသည့် ဈေးသည်များလည်း ရှိသေးသည်။
"ဒီတောထဲမှာ အစားအသောက်ရောင်းဖို့ ဈေးဆိုင်တွေ လာဖွင့်တဲ့သူတွေရှိလား။" ရှန်ချင်းဟန် အံ့သြသွားသည်။
"ဝင်ပေါက်တစ်ခုစီမှာ ဖြေတဲ့သူ တစ်ထောင်နီးပါးရှိတာက ပုံမှန်ပါပဲ။ ဒီမှာ နာရီနည်းနည်းလောက်ဆိုင်ခန်းလာဖွင့်ရင်တောင် ထောင်ချီပြီး ဝင်ငွေရမှာပဲ”
ရှန်ချင်းဟန်၏ မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးမှုများထင်စပ်လာသည်။
"ဒါပေမယ့် ပညာရေးဌာနက ဒီစျေးသည်တွေ ဝင်လာဖို့ ခွင့်မပြုသင့်ဘူး မဟုတ်လား။"
လင်းဇီချန် ပြုံး၍ပြော၏။
"ဘယ်သူသိမလဲ”
ရှန်ချင်းဟန်က နောက်ထပ်မေးခွန်းတစ်ခု ထပ်မံမေးလိုက်သည်။
"လူတော်တော်များများက ဒီဆိုင်တွေမှာ အစားအသောက်တွေဝယ်နေကြတာ။ စစ်ဆေးမှုလုပ်နေတုန်း ဗိုက်နာလာမှာကို မကြောက်ဘူးလား”
“ဒီဈေးသည်တွေက ရောင်းတဲ့ အစားအသောက်တွေက သေချာပေါက် သန့်ရှင်းမှုမရှိရင် သက်ဆိုင်ရာ ဝန်ထမ်းတွေက အစားအသောက် ရောင်းဖို့ ခွင့်မပြုပါဘူး” လင်းဇီချန် ဆက်ပြောသည်။
“ငါတို့လည်း စားရအောင်လေ ထိုင်စားဖို့ လူသိပ်မကြပ်တဲ့နေရာကို သွားရှာရအောင်"
"ကောင်းပြီလေ" ရှန်ချင်းဟန် သဘောတူသည်။
များမကြာမီပင် ၎င်းတို့သည် သစ်ပင်ကြီးတစ်ပင်ကိုတွေ့ကာ ထိုင်ခုံအဖြစ်ထိုင်ရန် ကျောက်တုံးအချို့ကို ကျပန်းရွေးချယ်၍ ပေါ့ပေါ့ပါးပါး စကားစမြည်ပြောလျက် အိမ်မှယူလာခဲ့သော အစားအစာများကို စတင်စားကြသည်။ ၎င်းတို့ စားသောက်နေသော အချိန်၌ပင် လင်းဇီချန်သည် သူ၏ ထူးကဲသော အာရုံခံစားမှုကို အသုံးပြု၍ အနီးနားရှိ အခြားသော ဖြေဆိုသူများ၏ ပြောဆိုမှုများကို ဆက်လက် နားထောင်နေခဲ့သည်။
အချို့သော ဖြေဆိုသူများက စိတ်ဖိစီးနေကြသည်။ တချို့က စိတ်လှုပ်ရှားကြသည်။ တချို့က ပျော်ရွှင်နေကြသည်။ ဤနေရာ၌ အသိမိတ်ဆွေများရှိသောကြောင့် တောထဲသို့ဝင်ရခြင်းမှာ ပျော်ရွှင်ဖွယ်ကောင်း၍ အထီးကျန်သည်ဟု မခံစားရပေ။
အခြားသူများသည်လည်း လင်းဇီချန်နဲ့ ရှန်ချင်းဟန်တို့ကို ဂရုတစိုက် ကြည့်၍ ၎င်းတို့၏ ရုပ်ရည်ချောမောမှုနှင့် လှပမှုများကို သတိပြုမိကြသည်။ ဆယ်မိနစ်ခန့် ကြာပြီးနောက်၊ ဝင်ပေါက်အမှတ်တာဝန်ခံသည် ပလက်ဖောင်းပေါ်သို့ တက်လာ၍ ရောက်လာသော လေ့လာသူများကို လက်တွေ့အကဲဖြတ်ခြင်းဆိုင်ရာ စည်းမျဉ်းများကို အလေးပေးပြောကြားခဲ့သည်။
လင်းဇီချန်သည် အကြမ်းဖျင်းအားဖြင့် အောက်ပါအတိုင်း အချက်အလက်များကို အကျဥ်းချုံ့လိုက်၏။
သစ်တောအတွင်းတွင် ကတ်များကို ထားရှိထား၍ ကတ်တစ်ခုစီတွင် ၎င်းတန်ဖိုးရှိသည့် အမှတ်အရေအတွက်ကို ညွှန်ပြသည့် နံပါတ်တစ်ခုစီကို ပြသထားသည်။ ဤအမှတ်အသားများကို သစ်ပင်ထိပ်များ၊ ချောက်ကမ်းပါးစွန်းများ သို့မဟုတ် ဝက်ဝံ၊ ကျား၊ ကြံ့၊ မိကျောင်း၊ စပါးအုံးမြွေများအပြင် အခြားထူးဆန်းသော တိရစ္ဆာန်များရှိသည့် သစ်တော၏ အနက်ဆုံးနေရာ ခဲယဉ်းသောနေရာများတွင် ထားရှိထားသည်။ ကြမ်းတမ်းသော တိရစ္ဆာန်များနှင့် ထူးဆန်းသည့် သတ္တဝါများ တစ်ခုစီအနီးတွင်၊ ဤသတ္တဝါများကို စိန်ခေါ်ကာ အန္တရာယ်သို့ ပြေးဝင်မည့် လေ့လာသူများကို ကယ်ဆယ်ရန် အဆင်သင့်စောင့်ကြပ်နေသော လုံခြုံရေးအရာရှိများပါ ရှိသည်။
မတော်တဆထိခိုက်မှုမဖြစ်စေရန် သာမာန်လေ့လာသူများ မပါဝင်ရန် အကြံပြုထား၏။ သာမာန် ဖြေဆိုသူများသည် ထူးဆန်းသည့် သတ္တဝါများနှင့် ယှဉ်ပြိုင်ရန် အလွန်အင်အားနည်း၍ အရာရှိများက ၎င်းတို့ကို ကယ်ဆယ်ခြင်းမပြုမီ သေဆုံးနိုင်သည်။ လက်တွေ့အကဲဖြတ်မှု၏ရလဒ်များသည် တစ်ဦးချင်းစီရရှိသော အမှတ်များပေါ်တွင် အခြေခံသည်။ ထို့အပြင် ခုနစ်ရက်တာကာလအတွင်း သရုပ်ပြထားသော ဖြေဆိုသူများ၏ အခြားစွမ်းရည်များကို ကင်မရာများမှတစ်ဆင့် ကြည့်ရှုစစ်ဆေးမည်ဖြစ်သည်။ ဥပမာအားဖြင့် ခေါင်းဆောင်မှုစွမ်းရည်ဖြစ်သည်။
လက်တွေ့အကဲဖြတ်မှုတွင် ဖြေဆိုသူ တစ်သိန်းနီးပါး ပါဝင်နေသော်လည်း အမှတ်စာရင်းများ၏ စုစုပေါင်းတန်ဖိုးမှာ ငါးသောင်းသာ ဖြစ်သောကြောင့် ဖြေဆိုသူ ထက်ဝက်ကျော်သည် အမှတ်ရမည်မဟုတ်ပေ
လက်တွေ့အကဲဖြတ်ခြင်းသည် ပူးပေါင်းဆောင်ရွက်မှုနှင့် ယှဉ်ပြိုင်မှုကို အားပေးသည်။ ဖြေဆိုသူများသည် အမှတ်များရယူပြီးနောက် ပံ့ပိုးကူညီမှုအရ အသင်းဖော်များကြား အမှတ်စာရင်းများကို ဖြန့်ဝေနိုင်သော်လည်း အခြားတစ်ဖက်တွင်မူ အခြားသူများထံမှ အမှတ်စာရင်းများကို တိုက်ရိုက်ခိုးယူနိုင်သည်။
တောတစ်ဝိုက်တွင် ကင်မရာများနှင့် လုံခြုံရေးအရာရှိများ ရှိသည်။ အန္တရာယ်ကြုံတွေ့ရပါက အကူအညီတောင်းနိုင်သော်လည်း ရလဒ်အနေဖြင့် စစ်ဆေးမှုမှ ချက်ချင်းဖယ်ရှားပစ်မည်ဖြစ်သည်။
"အားလုံးပဲ၊ ဒီလက်တွေ့အကဲဖြတ််ချက်အတွက် စည်းမျဉ်းတွေက ဖော်ပြပါအတိုင်းပဲဖြစ်တယ်။ တစ်နာရီအတွင်း သစ်တောထဲ ဝင်ရောက်ပြီးတာနဲ့ အကဲဖြတ်မှုကို စတင်ပါမယ်ကောင်းမွန်စွာပြင်ဆင်ပါ" ဟု ချက်ခြင်းမထွက်ခွာမီ ဝင်ပေါက်မှ တာဝန်ရှိသူတစ်ဦးကပြောကြားပြီးနောက် ချက်ချင်းထွက်ခွာသွားခဲ့သည်။
ထိုသူထွက်သွားပြီးနောက် မကြာမီ၌ လေ့လာသူတစ်ဦးမှ ကြွေးကြော်လာသည်။
“ငါ့အဖေက နန့်ကွမ်မြို့က စက်နတ်ဘုရားအဖွဲ့ရဲ့ ဌာနခွဲရဲ့ အကြီးတန်း အမှုဆောင်တစ်ယောက်ပါ။ အကဲဖြတ်မှုစရင် ငါ့ကို လမ်းညွှန်ခေါ်သွားပေးနိုင်မယ့်သူများရှိမလား။ သေချာပေါက် ဆုတစ်ခတစ်ခု ပေးမှာပါ”
"ငါ မင်းကို ခေါ်သွားမယ်။ ငါက ချန်းကျိုး နံပါတ် ၁ အလယ်တန်းကျောင်းရဲ့ ပါရမီရှင်အတန်းက ထိပ်တန်းကျောင်းသားပါ။ မင်းကို ထိပ်တန်းရောက်အောင် ပို့ဆောင်ပေးမယ်လို့ အာမခံတယ်" ဖြေဆိုသူများထဲမှ ထိပ်တန်းကျောင်းသားတစ်ဦး လှမ်းအော်၍ ပြန်ဖြေခဲ့သည်။
ကံမကောင်းစွာဖြင့် ၎င်းတို့နှစ်ဦး မတွေ့မှီ၌ပင် သင်ကြားရေးဝန်ထမ်းများသည် ၎င်းတို့ကို သတိပေးခဲ့သည်။
“အခုလို ထင်ပေါ်ပေါ်ပြောလို့မရပါဘူး အသင်းဖွဲ့ချင်ရင် တိတ်တိတ်ဆိတ်ဆိတ်နဲ့ သီးသန့်လုပ်သင့်ပါတယ်”
တစ်ဖက်တွင်၊ လင်းဇီချန်က ရှန်ချင်းဟန်နှင့် စကားစမြည်ပြောနေစဉ်၌ပင် ကျောင်းသားအနည်းငယ်သည် သူ့ထံချဉ်းကပ်လာခဲ့သည်။ ၎င်းတို့က နောက်ပိုင်း တောထဲသို့သွားသောအခါ ခေါ်သွားပေးရန် တောင်းဆိုခဲ့ကြသော်လည်း လင်းဇီချန်သည် ၎င်းတို့၏ တောင်းဆိုမှုကို စဉ်းစားရန်ပင် အချိန်မဆွဲဘဲ ငြင်းလိုက်သည်။ ငြင်းဆိုရသည့် အကြောင်းရင်းမှာ ရိုးရှင်းသည်။ သူသည် လမ်းတစ်လျှောက်တွင် သူစုဆောင် းထားသော အမှတ်ကတ်များကို အခြားမည်သူနှင့်မျှ မျှဝေမည်မဟုတ်ပေ။
ထိုစကားကိုကြားသောအခါတွင်၊ သူတို့သည် သူ့အား အားကိုးမည့် စိတ်ကူးကို စွန့်လွှတ်လိုက်ကြသည်။
လင်းဇီချန်သည် ထိုလူနည်းစုကို ဂရုမစိုက်ဘဲ ရှန်ချင်းဟန်နှင့် ဆက်လက်စကားစမြည်ပြောကာ
စားသောက်နေခဲ့သည်။
မိနစ်နှစ်ဆယ်ခန့် ကြာသွားပြီးနောက်၊
ကြွက်သားသန်မာသော ကျောင်းသားတစ်ယောက်သည် သူတို့ဆီ လျှောက်လာ၍ရပ်သွား၏။
"အတန်းဖော်၊ ငါ အခု ဗိုက်ဆာနေပြီ၊ ဒါပေမယ့် စားစရာယူမလာမိဘူး။ မင်းတို့ အိတ်ထဲမှာ စားစရာတွေ အများကြီး ရှိပုံပေါ်လို့ မင်း ငါ့ကို ရောင်းလို့ရမလား"
"ပိုက်ဆံမလိုပါဘူး၊ ယူသွားလိုက်" လင်းဇီချန်သည် ပေါင်မုန့်တစ်ခုနှင့် ဘီစကွတ်တစ်ထုပ်ကို အိတ်ထဲမှ ထုတ်ကာ ကျောင်းသားဆီသို့ လှမ်းပစ်လိုက်သည်။
အိတ်ထဲမှာ စားစရာ အမြောက်အမြားရှိနေခြင်းကြောင့် ထိုသို့ ပေးကမ်းခြင်းသည် မနစ်နာပေ။
"ဒီလိုလုပ်ကြစို့၊ တောထဲကိုဝင်ပြီးတာနဲ့ ငါ မင်းတို့နှစ်ယောက်နဲ့ အဖွဲ့ဖွဲ့ပြီး၊အဆင့်တစ်ရဖို့ ကူညီမယ်လေ " ကျောင်းသားက ယုံကြည်မှုရှိရှိဖြင့် သူ့ကိုယ်သူမိတ်ဆက်သည်။
"စကားမစပ်၊ ငါ့နာမည်က ဟုန့်ကျွင်းဖျင်ပါ ချန်ကျန့် အမှတ် ၁ အလယ်တန်းကျောင်းရဲ့ ဒုံးပျံသင်တန်းက ကျောင်းသားပါ။ မီတာ ၁၀၀ ကို ၆ စက္ကန့်အတွင်း ပြေးနိုင်ပြီး ၇၅၀ ကီလိုဂရမ်ရှိတဲ့ အလေးတုံးကို လက်နဲ့ မ နိုင်တာကြောင့် အခုချိန်မှာလည်း တောထဲမှာ အမှတ်များများ ရနိုင်ပါတယ်။"
လင်းဇီချန်သည် ယဉ်ယဉ်ကျေးကျေး ငြင်းဆိုခဲ့သည်။
"ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် မလိုအပ်ပါဘူး။"
ငြင်းဆန်မည်ဟု မမျှော်လင့်ခဲ့သောကြောင့် ကောင်လေးက အံ့ဩသွားရ၍ ခဏကြာသောအခါမှသာ လေးနက်စွာ ပြန်ပြောလိုက်သည်။
"နားလည်ပါပြီ အစ်ကို၊ မုန့်နဲ့ ဘီစကွတ်အတွက် ကျေးဇူးတင်ပါတယ်"
ထိုကောင်လေး ခပ်ဝေးဝေးကို လျှောက်သွားပြီးနောက် ရှန်ချင်းဟန်က ပြော၏။
"သူက ထူးဆန်းတယ်။ အနီးနားမှာ စားစရာဆိုင်တွေ အများကြီးရှိပေမယ့် သူတို့ဆီက ဝယ်မယ့်အစား သူက ငါတို့ဆီ တန်းလာတာပဲ"
“လူကြီးတယောက်ရဲ့အချစ်က ဝိုင်အတွက်ဆိုပေမယ့် ဝိုင်အတွက်ကြောင့်တင်မဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ ဒါက ငါတို့မှာ အံ့မခန်းလှတဲ့ မိန်းကလေးတစ်ယောက်ရှိလို့ပဲကွ” လင်းဇီချန်က ပြုံး၍ ပြောသည်။
ထိုကောင်လေးသည် ရှန်ချင်းဟန်ကို နှစ်သက်သောကြောင့် သူတို့ဆီ ချဉ်းကပ်လာသည်ကို သူကောင်းကောင်းသိသည်ဖြစ်ရာ ထိုလူငယ်က အကြောင်းပြချက်တစ်ခုဖန်တီး၍ အဖွဲ့သို့ပါဝင်လိုသည်ကို သတိပြုမိသည်။
"ဟာ ဒါဆို သူငါ့ကို သဘောကျလို့လာတာလား။ ဒါလှည့်ကွက်ကောင်းပဲ" ရှန်ချင်းဟန်သည် လင်းဇီချန် ရှင်းပြပြီးမှသာ သဘောပေါက်သွားသည်။
ဤအခိုက်အတန့်တွင် အနီးနားက ကောင်မလေးတစ်ယောက်သည် ပြုံး၍ အော်ဟစ်လိုက်သည်။
"ဒါမဖြစ်နိုင်လောက်ဘူး၊ ဟိဟိ။ မဖြစ်နိုင်လောက်ပါဘူး၊ ဖြစ်နိုင်တာက နင်ကလည်း ချောလှတဲ့ယောကျ်ားလေးတစ်ယောက်မို့ လာချင်တာဖြစ်မှာပေါ့"
ထိုမိန်းကလေးသည် လမ်းလျှောက်လာ၍ လင်းဇီချန်ကို စကားပြောလိုက်သည်။
"ကျွန်မက ချန်းကျောက် အမှတ် ၁ အလယ်တန်းကျောင်းရဲ့ ပါရမီရှင် အတန်းက ကျောင်းသား ကျိုးဝမ်ကျွမ် နင် တကယ်ချောလို့ ငါတို့ We Chat မှာအပ်ထားကြမလား”
"ငါ WeChat မသုံးဘူး။"
"ဒါဆို QQ ကော"
"QQ လည်း မသုံးဘူး" လင်းဇီချန်သည် ဤထူးဆန်းသောမိန်းကလေးကို သူနှင့်အဆက်အသွယ်မလုပ်နိုင်စေရန် ငြင်သာစွာ ငြင်းဆိုခဲ့သည်။
အကဲခတ်မိသော ကောင်မလေးက တုံ့ဆိုင်းမနေဘဲ ထွက်ခွာသွားခဲ့သည်။ ခဏကြာသောအခါ ဝင်ပေါက်နေရာတွင် ဖြေဆိုသူအားလုံးစားသောက်နေကြသည်။ ယခုမစားထားလျှင် တောထဲ ရောက်သွားသောအခါ မည်သည့်အစားအစာမျှရှိတော့မည်မဟုတ်ပေ။ လတ်တလောတွင် စားနိုင်သမျှစားထားမှသာ တစ်နေ့လုံး စားစရာမရှိလျှင်တောင် နေနိုင်ပေမည်။ စားသောက်နေစဉ်တွင် ဖြေဆိုသူအများစုသည် ၎င်းတို့ပတ်ဝန်းကျင်ရှိ အခြားသူများကို အဆက်မပြတ် စောင့်ကြည့်နေခဲ့သည်။
၎င်းတို့သည် ထိပ်တန်းကျောင်းသားများနှင့် သာမန်ကျောင်းသားများကို ခွဲခြားရန် ကြိုးပမ်းနေကြသောကြောင့် လာမည့် လက်တွေ့ အကဲဖြတ်မှုအတွက် သင့်လျော်သော နည်းဗျူဟာများ ကို ဖန်တီးနိုင်သည်။ ထိပ်တန်းကျောင်းသားများနှင့် ကြုံတွေ့ရသောအခါ သူတို့၏အမှတ်ကတ်များ လုယူခံရမည်ကို ကြောက်သောကြောင့်ဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့်၊ သူတို့သည် သာမန်ကျောင်းသား၊သူများထံ ပြေးသွားပါက ၎င်းတို့၏ အမှတ်ပေးကတ်များကို ယူရန် ကြိုးစားနိုင်သည်။
ဂိမ်းသည် အားနည်းသူများကို အနိုင်ကျင့်ခြင်းနှင့် အားကြီးသူများကို ကြောက်ရွံ့ခြင်းကဲ့သို့သော ဂိမ်းဖြစ်သည်။ ထိုအချိန်တွင် လင်းဇီချန်မှ ယခင်က ငြင်းဆိုခဲ့ဖူးသော ချန်ကျိုး မြို့ကျောင်းသားလေးသည် ထပ်မံမေးမြန်းရန် ရောက်ရှိလာသည်။
ဤတစ်ကြိမ်တွင် သူသည် လင်းဇီချန်ကိုမမေးဘဲ ရှန်ချင်းဟန်ဆီသို့သွားခဲ့သည်။
သို့သော်လည်း ရှန်ချင်းဟန်သည် ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်
"ငါက သူနဲ့ပဲ အဖွဲ့ဖွဲ့မယ်။ အခြားယောကျ်ားလေးတွေနဲ့တော့ မဖွဲ့ဘူး။ နင်က တခြားမိန်းကလေးတွေနဲ့ သွားပြောပါ။"
"ငါ့ကို အထင်မလွဲပါနဲ့ ငါမင်းကိုသဘောကျနေတာမဟုတ်ပါဘူး။ ငါက လူတွေကို ကျေးဇူးတင်ရတာမကြိုက်လို့ပါ" ကောင်လေးက ရှင်းပြရန် ကြိုးစားသည်။ “အရင်က မင်းရဲ့ ပေါင်မုန့်နဲ့ ဘီစကွတ်တွေကို ငါ အလကားယူခဲ့ပြီး အဲဒါကို ပြန်ဆပ်ဖို့ နည်းလမ်းတစ်ခုအနေနဲ့ မင်းကို တောထဲမှာ ကူညီပေးဖို့ စဉ်းစားထားတာ။ မင်း မလိုအပ်ဘူးဆိုတော့ အဲဒါကို ထားလိုက်ကြစို့” ထို့နောက် သူသည် တောထဲသို့ ထွက်သွားခဲ့သည်။
နောက်တစ်ကြိမ် ယခုလောက်ထိ ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ရမည်ဟု မထင်ထားခဲ့ပေ။
“ဒီနှစ်ယောက်က တကယ်တော့ အခွင့်အရေးကြီးကိုကို မသိဘဲ ငြင်းလိုက်ကြတာပဲ ဘယ်လောက်မိုက်မဲကြလဲ”
သူက တီးတိုးပြော၍ လှည့်ထွက်သွား၏။
အခန်း (၉၃) လမ်းတွေကျဥ်းလာပြီ အတန်းဖော်
နာရီဝက်ကြာပြီးနောက် စစ်မှန်သော တိုက်ပွဲအကဲဖြတ်မှု စတင်ခဲ့သည်။ ထာဝရပိတ်နေသော အမှတ် ၉ ဝင်ပေါက်သည် ဤအခိုက်အတန့်တွင် တဖြည်းဖြည်းပွင့်လာသည်။ ဝင်ပေါက်သည် ကြီးမား၍ မီတာငါးဆယ်နီးပါး ကျယ်သည်ဟု ခန့်မှန်းရသည်။
ကြီးကြပ်ရေးမှူး၏ အမိန့်အရ ရာနှင့်ချီသော ဖြေဆိုသူများသည် စီမံချက်ကို သိမ်းပိုက်ရန် တောထဲသို့ အပြေးအလွှား ပြေးဝင်လာကြသည်။ လင်းဇီချန်သည် လုံးဝ အလျင်လိုခြင်း မရှိပေ။ သူသည် လူတိုင်းအပြေးအလွှားဝင်ရောက်လာသည်အထိ စောင့်ခဲ့၍ ဝင်ပေါက်၌ လူမစည်ကားတော့သောအခါမှသာ ရှန်ချင်းဟန်နှင့်အတူ အေးအေးလူလူ ဝင်လာခဲ့သည်။
"ဇီချန်၊ သစ်တောထဲမှာ မြေပုံတောင်ရှိနေသေးတယ်၊ ဆိုင်းဘုတ်တွေလဲ ရှိသေးတယ်နော်" ရှန်ချင်းဟန်သည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှု၍ ရှေ့တွင် မြေပုံဆိုင်းဘုတ်တစ်ခုကို စိုက်ထူထားသည်ကို တွေ့ရှိခဲ့သည်။ လမ်းတစ်ခုစီတွင် သစ်တော၏အနက်ရှိုင်းဆုံးနေရာသို့ အကွာအဝေးကို ညွှန်ပြသည့် ဆိုင်းဘုတ်များပါရှိသည်။
အနီရောင်ဖြင့် မီးမောင်းထိုးပြထားသည့် စာကြောင်းတစ်ကြောင်းလည်း ပါရှိသည်။ ထိုစာကြောင်းတွင် “တောတွင်းနက်လေလေ အန္တရာယ်များလေဖြစ်သောကြောင့် မိမိ၏စွမ်းရည်အတိုင်း တတ်နိုင်သမျှ ရှေ့ဆက်ပါ” ဟု ဖော်ပြထားသည်။
"ကောလိပ်ဝင်ခွင့်စာမေးပွဲရဲ့ ရည်ရွယ်ချက်က အသက်နဲ့သေဆုံးမှု အခြေအနေတွေကို ဖယ်ရှားဖို့မဟုတ်ဘဲ ရွေးချယ်ဖို့ပါ။ မြေပုံနဲ့ ဆိုင်းဘုတ်တွေ မရှိရင် အသေအပျောက် အများကြီးရှိလာနိုင်တယ်”
ဤသို့ပြောပြီးနောက် လင်းဇီချန်သည် မြေပုံနှင့် ဆိုင်းဘုတ်များကို တစ်ချက်ကြည့်၍ ရှောင်တခင်လမ်းကို ရွေးချယ်ကာ ရှန်ချင်းဟန်နှင့်အတူ တောနက်ထဲသို့ လျှောက်သွားခဲ့သည်။ လမ်းတစ်လျှောက်လုံး သူသည် ပတ်ဝန်းကျင်ကို သေချာစွာ ကြည့်ရှုလေ့လာနေသည်။ မီတာ ၁၀၀ ခန့်လျှင် စောင့်ကြည့်ကင်မရာတစ်လုံးကို မြင်နိုင်သည်။
လုံခြုံရေး အရာရှိများကိုလည်း မီတာ ၅၀၀ တိုင်းတွင် တစ်ယောက် တွေ့နိုင်သည်။ တစ်စုံတစ်ဦးမှ မဆင်မခြင် ပြုမူခြင်းမရှိပါက ဤစစ်မှန်သော တိုက်ပွဲအကဲဖြတ်မှုတွင် မည်သည့်အန္တရာယ်မှ မရှိဟု ဆိုနိုင်သည်။ နှစ်ကီလိုမီတာမျှ လမ်းလျှောက်သွားပြီးနောက်၊ လင်းဇီချန်သည် "ကောင်းကင်မျက်လုံး" ဟုခေါ်သည့် စွမ်းရည်၏ သက်ရောက်မှုကြောင့်၊ ရှေ့တစ်ပင်တည်းရှိသစ်ပင်ကြီးတစ်ပင်၌ ရမှတ်ကဒ်တစ်ခုကို သတိပြုမိလိုက်သည်။
၎င်းသည် ဆယ်မီတာကျော်မြင့်သော နေရာတွင် ကြိုးဖြင့် ချည်နှောင်ထားသော ၁ မှတ်ကတ်ဖြစ်သည်။ သေချာမကြည့်ပါက အလွယ်တကူ မြင်နိုင်လိမ့်မည်မဟုတ်ပေ။
"ဟန်ဟန်၊ ရှေ့က အဲဒီသစ်ပင်မှာ အမှတ်ကတ်တခု ရှိတယ်။ အဲ့တာကို နင်မြင်လား"
"ငါမြင်တယ်။ တကယ်ရှိတာပဲ"
"နင် အပေါ်တက်ပြီး ကတ်ကို ယူလိုက်"
လင်းဇီချန်အတွက်၊ ဤစစ်မှန်သော တိုက်ပွဲအကဲဖြတ်မှုသည် အဓိပ္ပါယ်မရှိပေ။ မျက်စိမှိတ်၍ ကျော်သွားနိုင်သည်။ ထို့ကြောင့်၊ ရှန်ချင်းဟန်အား တောတွင်းရှင်သန်မှုစွမ်းရည်ကို သင်ကြားပေးရန် လင်းဇီချန် ဆုံးဖြတ်လိုက်သည်။ တစ်ဖက်တွင်မူ၊ သူသည် ရှန်ချင်းဟန်၏ အုပ်ထိန်းသူအဖြစ် တာဝန်ယူကာ သူမကိုယ်တိုင် မကိုင်တွယ်နိုင်သော ပြဿနာများကို ဖြေရှင်းပေးရန်အတွက် ကူညီပေးခဲ့သည်။
ဤကိစ္စနှင့်ပတ်သက်၍ သူတို့နှစ်ဦးသည် တောထဲသို့ မဝင်မီ၌ပင် တူညီသဘောတူပြီးဖြစ်သည်။
မကြာခင်၌ပင် ရှန်ချင်းဟန်သည် ထိုသစ်ပင်အောက်သို့ ရောက်ရှိလာသည်။ လျင်မြန်စွာတက်ရန် လက်နှင့်ခြေကိုအသုံးပြုကာ အချိန်တိုလေးအတွင်း၌ပင် အမြင့်ဆယ်မီတာကျော်ချိတ်ဆွဲထားသော အမှတ်ကတ်ကို အောင်မြင်စွာရယူနိုင်ခဲ့သည်။
"ဇီချန် ငါ အရမ်းတော်တယ်မလား" သစ်ပင်ပေါ်မှဆင်းပြီးနောက် ရှန်ချင်းဟန်သည် လင်းဇီချန်ဘက်သို့ ပြန်သွား၍ ဂုဏ်ယူစွာပြောလိုက်သည်။ သစ်ပင်ပေါ်တက်ချိန်မှ အဆင်းအထိ တစ်မိနစ်ပင်မကြာခဲံသည်ကို ကြည့်လျှင် ထူးခြားကောင်းမွန်သော သစ်ပင်တက်စွမ်းရည်ပေဖြစ်သည်ကို သိနိုင်သည်။
"တော်တယ်" လင်းဇီချန်က လက်မထောင်ပြလိုက်သည်။
ခဏတာ စကားပြောပြီးနောက် နှစ်ယောက်သား တောနက်ထဲသို့ ခရီးဆက်ကြသည်။ လင်းဇီချန်သည် ရေဒါကိရိယာအဖြစ် လုပ်ဆောင်ကာ ရှန်ချင်းဟန်အား အမှတ်ကတ်များရှိရာနေရာများကို ပြောပြပေး၍ သူမအား သွားယူစေခဲ့သည်။ ယခုပုံစံအတိုင်း နေ့တဝက်ကြာ ဆောင်ရွက်ခြင်းဖြင့်၊ ၎င်းတို့သည် ၁၂ မှတ်ကို အလွယ်တကူ ရရှိနိုင်ခဲ့သည်။
လမ်းတစ်လျှောက် လုံခြုံရေးအရာရှိများသည် သူတို့၏ ထူးခြားသော ဆောင်ရွက်မှုကို မြင်ကာ အံ့အားသင့်ခဲ့ကြသည်။ အမှတ်ကတ်များကို မည်မျှဖုံးကွယ်ထားခဲ့စေကာမူ၊ ၎င်းတို့နှစ်ဦးသည် အိတ်ထဲမှ လိုချင်သမျှကို ထုတ်ယူနိုင်သကဲ့သို့ အလွယ်တကူ ရယူနိုင်ခဲ့သည်။ အမှန်တကယ်ပင် စူးရှထက်မြက်သော မျက်လုံးများ ရှိသကဲ့သို့ပင် ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်း၊ မွန်းတည့်အချိန် ရောက်လာခဲ့သည်။
တစ်ခုခု ရှာရန် စဉ်းစားနေချိန်တွင် ကောင်းကင်သည် ရုတ်တရက် မှောင်သွား၍ မော့ကြည့်လိုက်သောအခါ မိုးရွာတော့မည်ကို တွေ့ရသည်။ အနီးအနားတွင် ငှက်ပျောပင်များ အစုလိုက်အပြုံလိုက် ရှိနေသဖြင့် မိုးခိုရန် ငှက်ပျောရွက်များကို ခူးကာ အကာအရံများ တည်ဆောက်ခဲ့သည်။ မိုးအကာအရံများ ဆောက်ပြီးသွားသည်နှင့် တပြိုင်နက် မိုးရွာသွန်း၍ မိုးရေစက်ကြီးများသည် ငှက်ပျောရွက်များကို တဖျပ်ဖျပ်ခတ်သံများဖြင့် ရိုက်ခတ်နေသည်။
"မိုးမရွာခင်လေးမှာ အမိုးအကာတွေ အချိန်အမှီ ဆောက်ထားနိုင်တာ အရမ်းကံကောင်းတယ်" ရှန်ချင်းဟန်သည် အမိုးအကာအောက်တွင် ငှက်ပျောသီးစားကာ စကားပြောနေသည်။
သည်းထန်စွာရွာသော မိုးသည် မိနစ် ၃၀ မပြည့်မီ၌ပင် ရပ်တန့်သွားသည်။ ညနေစောင်းလာသည်ကို တွေ့လိုက်ရသောအခါ လင်းဇီချန်သည် ရှန်ချင်းဟန်ကို အပြင်ထွက်၍ အစာနှင့်ရေရှာရန် တိုက်တွန်းလိုက်သည်။ ညမမှောင်ခင် အစားအစာရှာရန်လိုအပ်သည်၊ မဟုတ်လျှင် ဒီည ဗိုက်ဆာတော့မည်ဖြစ်၏။
ရှန်ချင်းဟန် သူမ၏ရင်ဘတ်ကိုပုတ်၍ အားတက်သရောပြော၏။
"ငါရှာလိုက်မယ် နင် ငါ့ကို အမြဲဂရုစိုက်ခဲ့တယ်၊ ဒါပေမယ့် ဒီတစ်ခါတော့ ငါနင့်ကို ကောင်းကောင်းဂရုစိုက်ရမယ့် အလှည့်ပဲ"
မိုးရွာပြီးနောက် မြေပြင်အနှံ့တွင် ဗွက်အိုင်များ ရှိနေသည်။ သိပ်မကြာခင်၌ပင် ရှန်ချင်းဟန်၏ဖိနပ်နှင့် သူမ၏ဘောင်းဘီအောက်ခြေများ စိုရွှဲသွား၏။ သို့သော် ထူးဆန်းသည်မှာ သူမသည် အဆင်မပြေသည်မျိုးကို မခံစားရဘဲ၊ ယခုကဲ့သို့ စိုစွတ်နေခြင်းကိုပင် သက်တောင့်သက်သာရှိသည်ဟု ခံစားနေရသည်။
၎င်းအရာသည် သူမရရှိထားသည့် စွမ်းအင်၏ ကျိုးဆက်ဖြစ်ကြောင်း သူမ သိသည်။ ရေနှင့် အလွန်လိုက်ရောညီထွေဖြစ်၍ ထိတွေ့မိသောအခါ သက်တောင့်သက်သာရှိစေသည်။
"ဒီအသီးတွေ စားလို့ရလား"
ရှန်ချင်းဟန်သည် ချုံပုတ်တစ်ခုအတွင်း တောရိုင်းအသီးအနှံများစွာ၊ စပျစ်သီးအရွယ်အစား၊ အရောင်ရှိသော သစ်သီးများစွာကို တွေ့ရှိခဲ့သဖြင့် စားသုံး၍ရမရ မသေချာသဖြင့်လင်းဇီချန်ကိုလှည့်၍ မေးလိုက်သည်။
လင်းဇီချန်က ပြုံး၍ မေးခွန်းကို မဖြေခဲ့ပေ။
"နင်ငါ့ကို ဂရုစိုက်မယ်လို့ ငါတို့သဘောတူထားတယ်လေ၊ ဒါကြောင့် ငါ နင့်ကိုမကူညီနိုင်ဘူး"
"ကောင်းပြီလေ ငါကိုယ်တိုင်စမ်းကြည့်မယ်။" ရှန်ချင်းဟန်သည် စကားပြောပြီးနောက် သူမသည် အတော်အတန်မှည့်နေသော အသီးတစ်ခုကို ရွေး၍ ချီတုံချတုံ ကိုက်လိုက်သည်။
နောက်တစက္ကန့်တွင် သူမ၏ မျက်ခုံးများ တင်းတင်းစေ့ကာ အသီးအနှံကို ရှုံ့မဲ့၍ အလွန်ချဉ်သည်ဟု ညည်းညူလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း၌ပင် ကောင်းကင်ကြီးသည် မှောင်လာ၍ ညဉ့်ဘက်သို့ ရောက်ရှိသွားသည်။ ရှန်ချင်းဟန်သည် ငှက်ပျောရွက်များဖြင့် အိပ်ရာကို ပြုလုပ်ကာ စပျစ်နွယ်ပင်များနှင့် သစ်ပင်တစ်ပင်တွင် ချိတ်ထားကာ လင်းဇီချန်နှင့် တစ်ညတာ ထိုနေရာတွင် ကုန်ဆုံးခဲ့သည်။
သူမသည် ဘောင်းဘီကို ချွတ်၍ အိပ်ချင်သော်လည်း လင်းဇီချန်အနား၌ ရှိနေသောကြောင့် ညဘက် အိပ်ယာကို ဆီးများဖြင့်စိုသွားစေလိမ့်မည်မဟုတ်ဟု တွေး၍ စိတ်ချလက်ချအိပ်လိုက်၏။
နောက်တစ်နေ့ မိုးလင်းလာသောအခါ လင်းဇီချန်နိုးလာ၍ ရှန်ချင်းဟန်သည် သူ့အပေါ်တွင် လဲလျောင်းနေကာ သူမ၏ပါးစပ်ထောင့်တွင် သွားရည်များ ကျလျက် အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။
"အနည်းဆုံးတော့ ငါသေးမပေါက်ချ..."
လင်းဇီချန်သည် ရှန်ချင်းဟန်၏ ခန္ဓာကိုယ်အောက်ပိုင်းကို ငုံ့ကြည့်ကာ သူမ၏ ဘောင်းဘီများ ခြောက်သွေ့နေသည်ကို တွေ့လိုက်ရ၍ သက်ပြင်းတစ်ချက် ချလိုက်သည်။ မကြာခင်၌ပင် ရှန်ချင်းဟန် နိုးလာသည်။ ၎င်းတို့နှစ်ယောက်သည် သစ်ပင်ပေါ်မှဆင်းကာ တောနက်ထဲသို့ ဆက်သွားကြသည်။
ယခင်နေ့ကဲ့သို့ပင်၊ လင်းဇီချန်သည် ရှန်ချင်းဟန်အတွက် ရေဒါကိရိယာအဖြစ် လုပ်ဆောင်ကာ၊ အမှတ်ကတ်များရှိရာ နေရာများကို ညွှန်ပြခဲ့သည်။ မွန်းတည့်အချိန်ရောက်သောအခါ သူတို့နှစ်ဦးသည် ယမန်နေ့က လူတစ်ဦးကို ပြန်တွေ့ခဲ့သည်။ သူသည် ချန်ကျန်းမြို့မှ ထိပ်တန်းကျောင်းသားတစ်ဦးဖြစ်၍၊ ယမန်နေ့ အသင်းဖွဲ့ခြင်းကို တောင်းဆိုသည့်နောက်ကွယ်တွင် ရှန်ချင်းဟန်ကို သဘောကျ၍ ချစ်ကြည်ရင်းနှီးချင်ခဲ့သူပင်ဖြစ်သည်။
သူတို့နှစ်ဦးကို တွေ့သောအခါ၊ ထိုကျောင်းသားသည် အံ့အားသင့်သံဖြင့် ပြောသည်။
"ဘယ်လိုတောင် တိုက်ဆိုင်တာလဲ”
"တော်တော် တိုက်ဆိုင်လိုက်တာ" လင်းဇီချန်သည် သူ့ကို ယဉ်ကျေးစွာ တုံ့ပြန်ခဲ့သည်။
ကောင်လေးသည် သူ့အနားရှိ ရှန်ချင်းဟန်ကို လျှင်မြန်စွာ လှည့်ကြည့်လိုက်၍ တစ်ချက်ကြည့်လိုက်သောအခါ၌ပင် သူ့နှလုံးသားသည် ပေါက်ကွဲထွက်မတတ်ပင် ပြင်းထန်စွာ ခုန်နေသည်။
“သူ အရမ်းလှပြီး အရမ်းချစ်စရာကောင်းလွန်းတယ်၊ ဒီနေ့ သူနဲ့သာ ရင်းနှီးအောင်မလုပ်နိုင်ခဲ့ရင် ငါသေချာပေါက် နောင်တရနေလောက်တယ်” ထိုသို့တွေး၍ ထို ကောင်လေးသည် သူ့အိတ်ကပ်ထဲမှ အမှတ်ကတ်နှစ်ဆယ်ကျော်ကို ထုတ်ကာ လင်းဇီချန်နှင့် ရှန်ချင်းဟန်ရှေ့တွင် ချထားကာ ပြောလိုက်သည်။
"ငါက ကျေးဇူးပြန်ဆပ်တာပါ၊ မနေ့က မင်းငါ့ကို ပေးခဲ့တဲ့ မုန့်နဲ့ ဘီစကွတ်တွေကို ငါမမေ့နိုင်ပါဘူး။ ဒါက ဘာမှမဟုတ်ဘူးလို့ မင်းထင်ကောင်းထင်နိုင်ပေမယ့် ငါ့အတွက်တော့ သူတစ်ပါးဆီကရတဲ့ ကျေးဇူးကို ပြန်ဆပ်ဖို့ မဖြစ်မနေလိုအပ်တယ်။ တကယ်ပါ မင်းတို့ နှစ်ယောက်ကို ကျေးဇူးဆပ်ပါရစေ၊ ငါတို့ စုဆောင်းထားတဲ့ အမှတ်ကတ်တွေကို ငါတို့ သုံးယောက်ကြားမှာ အညီအမျှ ခွဲဝေကြမယ်လေ။ သိုင်းပညာကောလိပ်ဝင်ခွင့်စာမေးပွဲမှာ လက်တွေ့စာမေးပွဲက သိပ်အရေးမကြီးပါဘူး၊ အောင်ရုံနဲ့ လုံလောက်ပါတယ်။ ရေးဖြေ စာမေးပွဲကလည်း အတူတူပဲ၊ အောင်ရုံနဲ့တင် ရပါတယ်။ တကယ်အရေးကြီးတာကတော့ နောက်ပြီးရင်လာမယ့် ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်ချက်တွေပဲ”
ထို့ကြောင့် ချန်ကျန်းမြို့မှ ထိပ်တန်းကျောင်းသားသည် အမှတ်ကတ်များကို အညီအမျှ မျှဝေပေးရန် တုံ့ဆိုင်းမနေခြင်းဖြစ်သည်။ လင်းဇီချန်သည် အခြားသူ၏လက်ထဲတွင်ရှိသော အမှတ်စာရင်းများကို တစ်ချက်ကြည့်လိုက်ပြီးနောက် စုစုပေါင်း ၂၈ ခုရှိသည်ကို သတိထားလိုက်မိသည်။
၎င်းသည် သူနှင့် ရှန်ချင်းဟန် အမှတ်အရေအတွက်ထက် သုံးဆနီးပါး ပိုများနေသည်။
ယခု သူတို့ရှိနေသည့် အပြင်ဘက် ဧရိယာတွင် အမှတ်ကတ်များ အများအပြား မထားရှိသောကြောင့် တစ်ဦးတည်းအနေဖြင့် တစ်နေ့အတွင်း အများအပြားရယူနိုင်မည့် အခြေအနေ မရှိပေ။ ထို့ကြောင့်၊ ချန်ကျန်းမြို့မှ ထိပ်တန်းကျောင်းသားသည် ယခု အမှတ်ကတ် အများအပြား ရရှိထား၍ ၎င်းတို့ကို အခြား စာမေးပွဲ ဖြေဆိုသူများထံမှ လုယူထားနိုင်ဖွယ် ရှိသည်။
"ငါတို့ ပူးပေါင်းဖို့ မလိုအပ်ပါဘူး၊ ဒါပေမယ့် မင်းအနေနဲ့ တကယ်ကို ဒီကိစ္စကို မေ့မရနိုင်ဘူး၊ ကျေးဇူးပြန်ဆပ်ချင်တယ်ဆိုရင် မင်းမှာရှိတဲ့ အမှတ်ကတ်တွေကို ငါတို့ကို ပေးနိုင်ပါတယ်"
ထိုစကားကိုကြားသောအခါ ယောက်ျားလေး၏ မျက်နှာသည် ချက်ခြင်းပင် ညှိုးငယ်သွားသည်။ အဖွဲ့ဖွဲ့ရန် သုံးကြိမ်တိုင်တိုင် ဖိတ်ကြားခဲ့၍၊ သုံးကြိမ်လုံး ငြင်းပယ်ခံရသောကြောင့်၊ အနည်းငယ်ဒေါသဖြစ်ခဲ့ရသည်။
"အတန်းဖော်၊ ငါတို့လမ်းကျဉ်းလေးပေါ်ရောက်နေပုံရတယ်" ယောက်ျားလေးသည် မျက်လုံးများကို မှိတ်ကာ ခြိမ်းခြောက်သံဖြင့် ပြောလိုက်သည်။
ဤအခိုက်အတန့်တွင် လင်းဇီချန်၏ "အန္တရာယ်ခံစားမှု" စွမ်းရည်သည် ပြင်းထန်စွာ တုန်သွားကာ ယောကျာ်းလေးမှ ထွက်ပေါ်နေသော မကောင်းမွန်သော မနာလိုစိတ်များကို အာရုံခံမိသည်။
ထိုသို့ဖြစ်စဉ်အတွင်း၊ လင်းဇီချန်သည် မျက်နှာချိုသာစွာ ပြုံး၍ ပြန်ပြောလိုက်သည်။
"ဟုတ်တယ် လမ်းက ကျဉ်းတယ်"