← Chapters

အပိုင်း ၉၇-၉၉

Vol. 7 Ch. 97-99

အပိုင်း ၉၇-၉၉

Vol. 7 Ch. 97-99

အခန်း (၉၇) လှိုင်းလုံးများပေါ်တွင် လမ်းလျှောက်ခြင်း

နန်ကျန်းပြည်နယ်၊ ပြည်နယ်ပညာရေးဌာနချုပ်ရှိ ညီလာခံခန်းမ၌၊ ခရိုင်ပညာရေးဌာနချုပ်မှ ဒါရိုက်တာ ယွမ်တုန်ဇီသည် ပြည်နယ်အတွင်းရှိ မြို့အသီးသီးမှ ပညာရေးခေါင်းဆောင်များနှင့် ကောလိပ်ဝင်ခွင့် စာမေးပွဲ၏ အမှတ်စာရင်းများကို ကြည့်ရှုနေသည်။

သူတို့ရှေ့တွင် ကြီးမားသော ပရိုဂျက်တာတစ်ခု ရှိသည်။ အဆိုပါပရိုဂျက်တာသည် မြို့အသီးသီးမှ ဖြေဆိုသူများ၏ မျိုးဗီဇပေါင်းစပ်မှု စမ်းသပ်ချက်ရလဒ်များကို ပြသထားသည်။

ယွမ်တုန်ဇီသည်၎င်းကို ခဏတာ စိုက်ကြည့်ကာ မျက်ခုံးများအနည်းငယ် ပင့်တက်သွား၏။ ယခုနှစ်ရမှတ်များသည် ယမန်နှစ်ကထက် ပိုဆိုးသွားပုံရသည်။ အထူးသဖြင့် ပညာရေးအဆင့်နိမ့်သော ဟိုင်ယွမ်မြို့၌ ဖြေဆိုသူများ၏ ရမှတ်များသည် ဆိုးရွားလှသည်။

ယခုအချိန်အထိ၊ ဖြေဆိုသူများအနက် ဆယ်ပုံတစ်ပုံအောက်ခန့်၏ မျိုးဗီဇပေါင်းစပ်မှုတွင် ၅% ကျော်သည် ပျမ်းမျှထက် ကျော်လွန်နေ၏။

"ကျောင်းအုပ်ကြီး ဟန်၊ ရှင်ကြီးကြပ်တဲ့ ဟိုင်ယွမ်မြို့က ကောလိပ်ဝင်ခွင့် စာမေးပွဲရမှတ်တွေက ဒီနှစ် အရမ်းညံ့တယ်"

ယွမ်တုန်ဇီသည် သူ့ရှေ့တွင်ရှိသော လူတစ်ယောက်ကို မျက်နှာတည်တည်နဲ့ ပြောလိုက်သည်။

"နောက်နှစ်မှာလည်း အခြေနေက ဒီလိုပဲဖြစ်မယ်ဆိုရင် ရှင့်ကို ဟိုင်ယွမ်မြို့ရဲ့ ပညာရေးခေါင်းဆောင်ရာထူးနေရာမှာ မထားသင့်တော့ဘူး။ အဲဒီအစား အရင်းမြစ်မြေနံပါတ် ၃၆မှာ ရှင့်တန်ဖိုးကို သွားရှာလိုက်”

သူ့ကို အရင်းမြစ်မြေဆီ ပို့မည်ဆိုသောအခါ ထိုအမျိုးသားသည် ချက်ချင်းပင် ကြောက်လန့်တကြား ဖြစ်သွားသည်။

"ကျောင်းအုပ်ကြီး ယွမ်၊ ဟိုင်ယွမ်မြို့အတွက် နောက်နှစ်ရဲ့ မျိုးဗီဇပေါင်းစပ်ကောလိပ်ဝင်ခွင့်နှုန်းက အနည်းဆုံး ၁၀% ဖြစ်လိမ့်မယ်၊ ဒါမဖြစ်နိုင်ရင် ငါ ဟန်ချိန်က အရင်းမြစ်မြေမှာ ကိုယ်တိုင်သွားပြီး ကိုယ်ကျိုးစွန့်ပေးမယ်"

ယွန်တုန်ဇီ၏အကြည့်အောက်တွင် သူ၏နဖူးပေါ်၌ ချွေးများ စိုစွတ်လာသည်။

ယွမ်တုန်ဇီသည် ခံစားချက်မဲ့နေသော မျက်နှာဖြင့်ပြော၏။

"ကျောင်းအုပ် ဟန်၊ ၁၀% က အရမ်းနည်းတယ်။ ၂၀% ရအောင် သတ်မှတ်လိုက်ရအောင် နောက်နှစ်မှာ ဒီနံပါတ်ကို မရောက်ရင် အရင်းအမြစ်မြေကို ပို့ပေးမယ်"

၂၀%ဟု ကြားလိုက်ရသည်နှင့် ထိုလူ၏မျက်နှာ ဖျော့တော့သွားသည်။ သူ့ခန္ဓာကိုယ်ထဲမှ ခွန်အားများ ကုန်ဆုံးသွားသကဲ့သို့ သူ့ထိုင်ခုံပေါ် လဲကျသွားသည်။ ဟိုင်ယွမ်မြို့၌ ယခုကဲ့သို့ ညံ့ဖျင်းသော ပညာရေးအဆင့်ဖြင့် ၂၀%အထိ မည်ကဲ့သို့ ရောက်နိုင်မည်နည်း။

တခြားမြို့မှ ထိပ်တန်းကျောင်းသားများကို ဆွဲခေါ်ရမည်လော။ သို့သော် ဟိုင်ယွမ်မြို့၏ စီးပွားရေး ပြိုပျက်သွားသောကြောင့် ယခုကဲ့သို့လုပ်ရန် အရင်းအနှီး မည်ကဲ့သို့ရနိုင်မည်နည်း။

ယွမ်တုန်ဇီ၏စကားများသည် ထိုသူအား အရင်းအမြစ်မြေထဲသို့ အတင်းအကျပ် ပို့ပေးလိုက်ခြင်းဖြင့်ပင်တူသည်။

နေရာတိုင်းတွင် ထူးခြားဆန်းပြားသော သားရဲများ ကျင်လည်ကျက်စားရာ အရင်းအမြစ်မြေအတွင်း၌ အဆင့်မြင့် သတ္တဝါများပင် ရှင်သန်ရန် ရုန်းကန်ခဲ့ရ၍ သတိမထားမိပါက ဘေးဥပဒ်နှင့် အလွယ်တကူ ကြုံတွေ့နိုင်သည်။ သက်ကြီးရွယ်အိုမျိုးဗီဇပေါင်းစပ်သူအဖြစ် လူ့အသိုင်းအဝိုင်းအတွင်း နှစ်ရှည်လများ နေထိုင်ခဲ့သော သူကဲ့သို့ လူတစ်ဦးအတွက်မူ အရင်းမြစ်မြေထဲသို့ ဝင်လိုက်သည်နှင့် ထူးခြားဆန်းပြားသော သားရဲတစ်ကောင်၏ သောင်းကျန်းမှုကို ကြုံတွေ့ရလျှင် သေခြင်းသည် မလွှဲဧကန်ဖြစ်ပေလိမ့်မည်။

အခြားမြို့၏ပညာရေးခေါင်းဆောင်များသည် ယခုကိစ္စကို ရှင်းရှင်းလင်းလင်း သိထား၍ ထိုလူကို စာနာစိတ်ဖြင့် ကြည့်ကြသည်။ သို့သော် မည်သူကမျှ သူ့အတွက် စကားမပြောရဲကြပေ။

ယွမ်တုန်ဇီ မည်ကဲ့သို့ လွှမ်းမိုးချုပ်ကိုင်နိုင်သည်ကို သူတို့အားလုံး ကောင်းကောင်းသိကြသည်။ လက်အောက်ငယ်သားများအနေဖြင့် မိမိကိုယ်မိမိ ဒုက္ခမရောက်စေရန် နှိုးဆော်ခြင်းမပြုဝံ့ကြပေ။

"ကျောင်းအုပ်ကြီး လျို၊ ဒီနှစ် ရှင် စီမံခန့်ခွဲတဲ့ ချန်ကျန်းရဲ့ ရလဒ်တွေက အရမ်းကောင်းပါတယ်။ ဖြေဆိုသူ အများစုက မျိုးဗီဇစပ်နိုင်စွမ်း ၁၃% နဲ့ ၁၄% မှာတောင် ရှိနေပြီဆိုတော့ ချီးကျူးစရာပါပဲ။ နောက်နှစ်ရဲ့ ပညာရေးအသုံးစရိတ်က ရှင့်ဘက်ကို ပိုအားပြုလာလိမ့်မယ်"

ယွမ်တုန်ဇီသည် ဟိုင်ယွမ်မြို့၏ ပညာရေးဆိုင်ရာ ပြစ်ဒဏ်ပေးမှုအပြီးတွင် ရှင်းလင်းပြောဆိုခဲ့သည်။

ထို့နောက် ချန်ကျန်းမြို့၏ ပညာရေးခေါင်းဆောင်က လေးစားစွာပြော၏။

"အသိအမှတ်ပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီး ယွမ်။ နောက်နှစ်မှာလည်း ကျုပ် စိတ်မပျက်စေရပါဘူး၊ ချန်ကျန်းမြို့ရဲ့ ကောလိပ်ဝင်ခွင့်စာမေးပွဲရမှတ်တွေကို ပိုမြင့်အောင် မြှင့်တင်ပေးမှာပါ"

အခြားမြို့၏ ပညာရေးခေါင်းဆောင်များအားလုံးသည် မယုံနိုင်လောက်အောင်ပင် မနာလိုဖြစ်နေကြသည်။ ထို့နောက် တစ်ယောက်ပြီးတစ်ယောက် ပြုံးပြကာ ချန်ကျန်းမြို့၏ ပညာရေးခေါင်းဆောင်ကို ဂုဏ်ပြုစကားပြောကြသည်။

"မျိုးဗီဇပေါင်းစပ်နိုင်စွမ်း ၁၄% ထိမြင့်ပြီးတာဆိုတော့ အဲ့တာ၊ အခုနှစ်အတွက် နန်ကျန်းပြည်နယ်ရဲ့ အများဆုံး ဖြစ်နိုင်တယ်"

"ချန်ကျန်းမြို့က ဒီနှစ်မှာ တကယ် ပိုတိုးတက်လာပြီ၊ ကျောင်းအုပ်ကြီး လျို ဂုဏ်ယူပါတယ်၊ ဂုဏ်ပြုပါတယ်။"

ချန်ကျန်းမြို၏ ပညာရေးခေါင်းဆောင်က ပြုံးလိုက်သည်။

“အင်း၊ အားလုံးကံကောင်းတာပဲ"

ထိုအချိန်တွင်၊ ရှန်ဟိုင်းမြို့ ဖြေဆိုသူများရမှတ်များတွင် လင်းဇီချန်၏ မျိုးရိုးဇီစပ်ပေါင်းစပ်နိုင်စွမ်းကို ပြသလာသည်။

ကျောင်းသား - လင်းဇီချန်

စာမေးပွဲနံပါတ် - ၁၂၀၇၃၂၂၃၂၈

ကျောင်း - ရှန်ဟိုင်းအထက်တန်းကျောင်း။

မျိုးဗီဇပေါင်းစပ်နိုင်စွမ်း - ၁၅%

အောက်ခြေတွင် ၁၅% ကိုတွေ့လိုက်သောအခါ လူတိုင်း လန့်ဖျပ်သွားကြသည်။ ထို့နောက် သူတို့၏ မျက်နှာများသည် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်လာ၏။

"ဘယ်လောက်လဲ။ မျိုးဗီဇ ပေါင်းစပ်နိုင်စွမ်း ၁၅%လား။ ဒါ တကယ်လား။ အဲဒါက မြို့မကြီးရဲ့ ပါရမီရှင်တွေရဲ့ ၁၆% ကိုမှီလုနီးပါးပဲ"

"လင်းဇီချန်လား ရှန်ဟိုင်းမြို့က ကျောင်းသားလား။ ကျောင်းအုပ်ကြီး ဇူ ခင်ဗျား တိတ်တဆိတ် ကံကောင်းနေတာပဲ"

"မယုံနိုင်စရာပဲ၊ ပြည်နယ်ထိပ်တန်းကျောင်းသားက ရှန်ဟိုင်းမြို့ကပဲ"

လင်းဇီချန်၏အမှတ်ကြောင့် မြို့တော် ပညာရေးခေါင်းဆောင်များအားလုံး အံ့အားသင့်သွားကြသည်။

ရှန်ဟိုင်းမြို့၏ ပညာရေးခေါင်းဆောင်ပင်လျှင် အလွန်အံ့သြသွား၍ အနည်းငယ်ကြောင်အနေသည်။ သူသည် ကျောင်းသား လင်းဇီချန်အကြောင်းကို သိထား၍ အထက်တန်းကျောင်းသုံးနှစ်တာတစ်လျှောက် ရှန်ဟိုင်းအထက်တန်းကျောင်းတွင် စံချိန်ချိုးခဲ့ကြောင်း သိခဲ့သည်။ သို့သော် လင်းဇီချန်၏ မျိုးဗီဇပေါင်းစပ်နိုင်စွမ်းသည် ဤမျှထိ မြင့်မားနေလိမ့်မည်ဟု မည်သည့်အချိန်ကမျှ မထင်ခဲ့ပေ။

“၁၅%က မယုံနိုင်စရာပဲ။ ဒီလောက်ရမှတ်နဲ့ဆို ပြည်နယ်ထိပ်တန်းကျောင်းသားဖြစ်မှာ သေချာတယ်။

"ကျောင်းအုပ်ကြီး ဇူ အဆင်ပြေတယ်။ နောက်နှစ်အတွက် ပညာရေးရန်ပုံငွေကို ရှန်ဟိုင်းမြို့အတွက် ပိုဦးစားပေးမှာပါ” ယွမ်တုန်ဇီသည် ရှန်ဟိုင်းမြို့၏ ပညာရေးခေါင်းဆောင်ကို ကြည့်ကာ ထူးခြားစွာပြုံးပြလိုက်သည်။

သူသည် ရှန်ဟိုင်းမြို့တွင်မွေးဖွားခဲ့၍ ရှန်ဟိုင်းတက္ကသိုလ်တွင်အလုပ်လုပ်ခဲ့သည်။ မြို့နှင့်နက်ရှိုင်းသောဆက်သွယ်မှုကိုခံစားရ၍ ၎င်းကိုတလျှောက်လုံးမျက်နှာသာပေးလိုသည်။ သို့သော် စိတ်မကောင်းစွာဖြင့် ရှန်ဟိုင်းမြို့၏ ပညာရေးစွမ်းဆောင်ရည်သည် တမူထူးခြားခြင်းမရှိခဲ့ရာ၊ သူက ဘက်လိုက်ချင်သော်လည်း ၎င်းကို မည်သို့ပြသရမည်ကို သူမမသိခဲ့ပေ။

ယခု ရှန်ဟိုင်းမြို့မှ ပြည်နယ်ကျောင်းသားများနှင့်အတူ၊ သူ၏မွေးရပ်မြေသို့ ရန်ပုံငွေများ ပိုမိုခွဲဝေပေးနိုင်သည်။

"အသိအမှတ်ပြုမှုအတွက်ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီး ယွမ်။ ရှန်ဟိုင်းမြို့တော်က ဒီစွမ်းဆောင်ရည်ကို နောက်နှစ်မှာ ဆက်ထိန်းထားဖို့ ကြိုးစားသွားမှာပါ" ရှန်ဟိုင်းမြို့ ပညာရေးမှူးသည် ဝမ်းသာစွာ ပြောလိုက်သည်။

ဆန့်ကျင်ဘက်အနေဖြင့်၊ ချန်ကျန်းမြို့မှ ပညာရေးခေါင်းဆောင်သည် မျှော်လင့်ချက်များ သိသိသာသာ မြင့်တက်လာခဲ့ပြီးနောက်မှ အခွင့်အရေးကို ပြန်လည် ဆုံးရှုံးလိုက်ရသကဲ့သို့ ကူကယ်ရာမဲ့နေသည်။

ထိပ်တန်းကျောင်းသားဟု သူထင်ထားသည့် ထိပ်တန်းအမှတ်ရသူက ထုတ်ခံလိုက်ရပြီဖြစ်ကာ ရံပုံငွေ ထောက်ပံ့မှုမှာလည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။

လူအများ အံ့ဩသွားကြသည်။

လင်းဇီချန်သည် ရှန်ဟိုင်းမြို့၏ ထိပ်တန်းကျောင်းသားဖြစ်မည်ဟု လူတိုင်းက ထင်မြင်ယူဆခဲ့ကြသည်။ ရှန်ဟိုင်းမြို့ ဖြေဆိုသူများ၏ ရမှတ်များကို ပြသသောအခါ ရှန်ချင်းဟန်၏ မျိုးဗီဇ ပေါင်းစပ်နိုင်စွမ်း ထွက်ပေါ်လာသည်။

ကျောင်းသား - ရှန်ချင်းဟန်

စာမေးပွဲနံပါတ် - ၁၂၀၇၃၂၂၄၆၇

ကျောင်း - ရှန်ဟိုင်းအထက်တန်းကျောင်း။

မျိုးဗီဇပေါင်းစပ်မှု- ၂၁%

ကိန်းဂဏန်း ၂၁% ပေါ်လာသည်နှင့် ညီလာခံခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ တစ်စက္ကန့် နှစ်စက္ကန့်မျှ ကြာသောအခါ ခေါင်းဆောင်များ၏ သံသယစကားသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

"၂၁%တဲ့လား၊ ဒီအခြေအနေကဘာလဲ”

"အခုလိုဝင်ခွင့်စာမေးပွဲ ပေါ်လာတဲ့ချိန်တည်းက မျိုးဗီဇပေါင်းစပ်နိုင်စွမ်း အမြင့်ဆုံးရမှတ်က ၁၈% ပဲလေ 21% က ဘယ်လိုပေါ်လာတာလဲ။"

"တိုင်းတာမှုမှာ အမှားအယွင်းရှိလို့လား။ ကိရိယာပျက်စီးသွားတာလား”

"ခုဏက လင်းဇီချန်ရဲ့ တိုင်းတာမှုကလဲ အမှားလား ဒါမှမဟုတ် စက်ချို့ယွင်းနေတာလား"

"ဖြစ်နိုင်တယ်"

ခေါင်းဆောင်များသည် ထင်ထားသည်ထက် များစွာ ကြောင်အနေကြသည်။ ရမှတ် ၁၆% ထွက်လာစဉ်ကထက်ပင် ခေါင်းဆောင်များ ပို၍ တုန်လှုပ်သွားသည်။

သို့သော ထွက်လာသောရမှတ် ၂၁% သည် အမှန်ပင် ကျိုးကြောင်းမစီလျော်သောကြောင့် ၎င်းတို့၏ ပထမဆုံး တုံ့ပြန်မှုသည် စစ်ဆေးချက်ကာလအတွင်း အမှားအယွင်းတစ်ခု ရှိနေခဲ့ကြောင်း ဖြစ်နိုင်သည်ဟု တွေးထင်ကြသည်။

ယွမ်တုန်ဇီသည် စကားမပြောသော်လည်း ရှန်ချင်းဟန်၏ ကျောင်းသားဖိုင်ကို တိတ်တဆိတ် ဆွဲထုတ်လိုက်၍ ကြီးမားသော ဖန်သားပြင်ပေါ်တွင် ပြသထားသည့် အချက်အလက်များကို ဖြည်းဖြည်းချင်း ပြန်လည်သုံးသပ်နေသည်။ သေချာစွာကြည့်ပြီးနောက်၊ ရှန်ချင်းဟန်သည် ထူးခြားချက်မရှိသည့် သာမန်ကျောင်းသားတစ်ယောက်ကဲ့သို့ပင် ဖြစ်သည်။

ဖိုင်များကို ပြန်လည်သုံးသပ်ပြီးနောက်၊ အခြားခေါင်းဆောင်များသည် ၎င်းမှာ တိုင်းတာမှုအမှားဖြစ်ကြောင်း ပို၍ပင်ယုံကြည်ခဲ့ကြသည်။ ရှန်ဟိုင်းမြို့ သုတေသန အခြေစိုက်စခန်းမှ ဝန်ထမ်းများကို ၎င်းတို့၏ ပေါ့လျော့မှုကြောင့် ဝေဖန်ခဲ့ကြသည်။ သူတို့ကို တာဝန်ယူစေရမည်ဟု ပြောကြသည်။

တစ်ဖက်တွင်၊ ယွမ်တုန်ဇီသည် အနည်းငယ် မျက်မှောင်ကြုတ်ကာ ထိုဝန်ထမ်းများက အလွန် ပေါ့လျော့သည်ဟု ခံစားလာရသည်။သို့သော် ယခုအဖြစ်အပျက်ကို စဉ်းစားရန် မတ်တပ်ထရပ်၍ အခန်းမှ ထွက်လာသည်။ အခြေခံစခန်းသည် ယခုနေရာနှင့် မဝေးပေ။ သူ ထိုနေရာကို မြန်မြန်ရောက်နိုင်သည်။

လူလေးယောက်သည် ၎င်းတို့၏ ဖုန်းများတွင် ပြသထားသော မျိုးဗီဇပေါင်းစပ်နိုင်စွမ်းကို စိုက်ကြည့်လျက် အံ့ဩနေကြသည်။

"ဘာကြီးလဲ။ ၂၁% ဒါက အမှားလား။"

ဟယ့်ယွီသည် သူ့မျက်လုံးများကို ပွတ်သပ်၍ ဖုန်းစခရင်ကို ပြန်ကြည့်ရာတွင် ၂၁% ကိုသာ မြင်၍ စိတ်လှုပ်ရှားနေသည်။

"ဒီအခြေစိုက်စခန်းက ဝန်ထမ်းတွေက ပေါ့လျော့လိုက်တာ။ အမှတ်တွေမတင်ခင် ရလဒ်တွေကိုတောင် မစစ်ဆေးခဲ့ကြဘူး၊ ဒါ နောက်နေတာလား"

"စာမေးပွဲရမှတ်တွေကို စက်တွေက အလိုအလျောက် တင်ပေးတာပါ။ အဲ့တာ သူတို့အမှားမဟုတ်ဘူး၊ စက်က ချို့ယွင်းသွားတာ ဖြစ်နိုင်တယ်"

"စက်ချို့ယွင်းနေရင်တောင်မှ သူတို့ကို အပြစ်တင်ရမှာ။ ဒါက အထက်တန်းစာမေးပွဲပဲလေ။ စက်တွေရဲ့ အခြေအနေကို ကြိုပြီးစစ်ဆေးဖို့ မသိဘူးလား"

"စက်အမှားတွေက အဖြစ်များတယ်။ စက်ကို စစ်ဆေးပြီး ပြဿနာ မတွေ့တော့ သူတို့အပြစ်လို့ ပြောလို့မရဘူး” ဟယ့်ယွီသည် သူ့အမြင်ကို ခုခံပြောဆိုခဲ့၍ ၎င်းသည် ဝန်ထမ်းများ၏ အပြစ်မဟုတ်ဟု ခံစားမိသည်။

နှစ်ယောက်သား အပြန်ပြန်အလှန်လှန် ဆွေးနွေးကြသည်။ နောက်ဆုံးတွင် သူတို့၏ စကားဝိုင်းသည် အချေအတင်ဖြစ်ဟန်ပေါ်လာသည်။

"ဇီချန်၊ ၂၁ % က ဘယ်လိုဖြစ်တာလဲ၊ တစ်ခုခုမှားတာလား" ရှန်ချင်းဟန်သည် ဖုန်းစခရင်ပေါ်ရှိ ရမှတ်ကိုကြည့်ကာ တိုင်းတာမှုတွင် အမှားအယွင်းတစ်ခုရှိမည်ဟုလည်း ယူဆခဲ့သည်။

လင်းဇီချန်က မှန်းဆထားသော်လည်း ဘေးပတ်ဝန်းကျင်မှ လူများစွာရှိနေသည်ကို မြင်လိုက်ရသောကြောင့် ရှန်ချင်းဟန်ကို အလျင်စလို မပြောပြခဲ့ပေ။

သူက မတ်တပ်ထရပ်လိုက်၍ သူမကို လူမရှိသော ချောင်ပိတ်ထောင့်တစ်ခုဆီ ခေါ်သွားခဲ့သည်။

"ငါ့အမြင်ကတော့ အမှားမရှိဘူးထင်တယ်"

"နင့် စွမ်းအားက ရေနဲ့ ဆက်စပ်နေတယ်၊ နင့်က ရေနဲ့ သဘာဝအရ ဆက်စပ်မှုရှိတာ အရမ်းအဆင်ပြေတယ်။ အဲ့မှာမှ မျိုးဗီဇပေါင်းစပ်နိုင်စွမ်းကို စမ်းသပ်ဖို့ သုံးတဲ့ ဓာတ်ပစ္စည်းတွေမှာပါတာက ပြင်းထန်တဲ့ ရေစွမ်းအားရှိတဲ့ ဆန်းကြယ်သားရဲ ရေငွေ့ဂျယ်လီငါးပဲ”

"နင့် ကိုယ်ခံအားက ရေစွမ်းအင်ရှိတဲ့ သားရဲမျိုးဗီဇနဲ့ ပိုပြီး သက်ဆိုင်နေမယ်လို့ ငါထင်တယ်”

ထိုစကားကိုကြားသောအခါ ရှန်ချင်းဟန်သည် ဤအချက်ကို သဘောပေါက်လာသည်။ ထို့နောက် သူမ အလွန်အမင်းစိတ်လှုပ်ရှားလာသည်။ မျိုးဗီဇပေါင်းစပ်နိုင်စွမ်း၂၁% ဟူသည် ကျောင်းသားများကြားတွင် ပါရမီရှင်ဟု အဓိပ္ပာယ်သက်ရောက်သည်။ သူမသည် ဇီချန်ကသာ ထိုနေရာနှင့် ထိုက်တန်သည်ဟု ခံစားခဲ့ရသည်။

ယခုအချိန်တွင် ရှန်ချင်းဟန်သည် ဤအတွေး၌ နစ်မွန်းနေလေသည်။ သူမ ငယ်စဉ်မှစ၍ လင်းဇီချန်နှင့် နှိုင်းယှဉ်လျှင် သူမ၏ အဆင့်အတန်းသည် အခြားသူများ၏ အမြင်တွင် လွန်စွာ ဝေးကွာလွန်းလှသည်။ ထို့အတွက်ကြောင့် သူမသည် ကျောင်းတွင် အလွန်အမင်း ကဲ့ရဲ့ခံခဲ့ရ၍ သူမကို လေးလေးနက်နက် ထိခိုက်စေခဲ့သည်။

ဤ ၂၁% မျိုးဗီဇပေါင်းစပ်နိုင်စွမ်း ဒေတာအမှန်တကယ်မှန်ပါက လင်းဇီချန်နှင့် ပတ်သက်၍ သူမ၏တင်းအဖျင်းပြောဆိုသူများကို ဆက်လက်သည်းခံတော့မည်မဟုတ်ပေ။

ထိုအချိန်တွင် ရှန်ချင်းဟန်၏ဖုန်းမြည်လာသည်။ လီချူရှင်းမှ ဗီဒီယိုခေါ်ဆိုမှုတစ်ခုဖြစ်သည်။

သူမပြန်ဖြေလိုက်သည်နှင့် လီချူရှင်း၏အသံသည် ချက်ချင်းဆိုသကဲ့သို့ ထွက်ပေါ်လာသည်။

"ဟန်ဟန်၊ ဘယ်သွားနေတာလဲ။ ဝန်ထမ်းတွေက နင့်အချက်အလက်တွေလွဲနေပြီထင်လို့ အခု တစ်ဦးချင်းပြန်စစ်စေချင်နေတယ်"

“အေး ငါတို့ အခုချက်ချင်းပြန်လာခဲ့မယ်" ထို့နောက် ရှန်ချင်းဟန်သည် လင်းဇီချန်နှင့်အတူ အခြေစိုက်စခန်းသို့ ပြန်သွားရန် စိတ်အားထက်သန်စွာဖြင့် ဗီဒီယိုခေါ်ဆိုမှုကို ချလိုက်သည်။

သူမ၏ မျိုးဗီဇပေါင်းစပ်နိုင်စွမ်း ၂၁% အထိ အမှန်တကယ်မြင့်မားခြင်းရှိမရှိအတည်ပြုရန် သူမသည်လည်း အမြန်ဆုံးပြန်လည်စစ်ဆေးမှုပြုလုပ်လိုခဲ့သည်။ စခန်းကိုပြန်ရောက်ပြီးနောက် ပြန်လည်စစ်ဆေးရန် အဖွဲ့သားများကို ပြန်စီစဉ်ခဲ့သည်။ အခြေစိုက်စခန်းအပြင်ဘက်ရှိ ပင်လယ်ပြင်သည် ရုတ်တရက် လှိုင်းလုံးကြီးများဖြင့် ပေါက်ကွဲထွက်လာသည်။

လှိုင်းလုံးကြီးကြောင့် လူတိုင်း ထိတ်လန့်သွားကြသဖြင့် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ကြသည်။ ချက်ချင်းဆိုသကဲ့သို့ပင် လူတိုင်း၏အမြင်ထဲသို့ ရောက်ရှိလာသည်မှာ မီတာဒါဇင်ပေါင်းများစွာမြင့်သော လှိုင်းလုံးများကို စီးနေသော နဂါးဦးချိုနှင့် အမျိုးသမီးတစ်ဦးသည် အခြေစိုက်စခန်းသို့ လျင်မြန်စွာ ချဉ်းကပ်လာခြင်းသာဖြစ်သည်။

အခန်း (၉၈) နဂါးသတ်မိသားစု

ကြောက်မက်ဖွယ်ရာ ကြီးမားသော လှိုင်းလုံးကြီးသည် သုတေသန စခန်းဆီသို့ အရှိန်ပြင်းပြင်းနှင့် ရိုက်ခတ်လာသည်။ ကျယ်လောင်လှသော ဆူညံသံသည် အောက်ခြေရှိ လူတိုင်း၏ နားထဲသို့ စိမ့်ဝင်သွားသည်။

"လှိုင်းပေါ်မှာ မိန်းမတစ်ယောက်ရှိတယ်"

"နဂါးချိုနဲ့ကွ… သူက နဂါးအမျိုးသမီးပဲ"

"သူ အရမ်းလှတာပဲ"

ရုတ်တရက် စာမေးပွဲမှူးသည် ထိတ်လန့်တုန်လှုပ်လျက် ကျယ်လောင်စွာအော်လိုက်သည်။ ထိုသူသည် ၎င်း၏စမတ်ဖုန်းကင်မရာကို တယ်လီဓာတ်ပုံမုဒ်သို့ ပြောင်းကာ ကီလိုမီတာများစွာအကွာအဝေးမှ လှိုင်းလုံးကြီးပေါ်ရှိ အမျိုးသမီးကို ရှင်းရှင်းလင်းလင်းမြင်နိုင်ခဲ့သည်။ ထို့နောက် လူတိုင်းသည် စာမေးပွဲဖြေသောဘက်ကို လှည့်သွားသည်။

သူ့စမတ်ဖုန်းကို တယ်လီစကုပ်အဖြစ် အသုံးပြုနေသည်ကို မြင်လိုက်ရသောအခါ တခြားသူများစွာ သည်လည်း ၎င်းတို့၏ ဖုန်းဖြင့် ကြည့်နိုင်သည်ကို သိလိုက်ကြသည်။

၎င်းတို့သည် ၎င်းတို့၏ဖုန်းများကို ထုတ်ကာ ကင်မရာကို တယ်လီဓာတ်ပုံမုဒ်သို့ပြောင်း၍ လှိုင်းလုံးများပေါ်တွင် လမ်းလျှောက်နေသော နဂါးအမျိုးသမီးကို သေချာကြည့်လိုက်ကြသည်။ လင်းဇီချန်သည် ဤသို့မြင်ပြီးနောက် လိုက်ကြည့်ခဲ့ရာ ခဏကြာသောအခါ လှိုင်းလုံးကြီးပေါ်တွင် လမ်းလျှောက်နေသော အမျိုးသမီးကို သူ သေချာမြင်လိုက်ရသည်။

သူမသည် အသက်လေးဆယ်ကျော်အရွယ်ခန့်ရှိ၍ အဖြူနှင့်အပြာရောင်စပ်ထားသော တရုတ်ရိုးရာဝတ်စုံကို ၀တ်ဆင်ထားသည်။ မြင့်မြတ်၍ ချမ်းသာသည့် အမျိုးသမီးတစ်ဦး၏ အောက်မေ့ဖွယ်ကောင်းသည့်မျက်နှာရှိသည်။ သွယ်လျသော ခြေတံရှည်တစ်စုံက ပေါ်လွင်ထင်ရှားပေါ်လွင်နေလျက် သူမ၏အမူအရာတစ်ခုလုံး ကျက်သရေရှိနေသည်။

ပထမတစ်ချက်ကြည့်ရုံဖြင့် သူမသည် ခေတ်ပေါ်ဝတ္ထုမှ ဆက်စီကျသောမိထွေး၏အငွေ့အသက်၊ သို့မဟုတ် ပုံပြင်ထဲမှ ရင်သပ်ရှုမောဖွယ် ဂိုဏ်းဝင် မိန်မတစ်ဦး သို့မဟုတ် ကျင့်ကြံရေးဇာတ်လမ်းမှ အေးစက်၍ မာကြီးသော နတ်ဘုရားမတစ်ပါးကဲ့သို့ ထူးခြားလှည်ကိုမြင်နိုင်သည်။

"စကားမစပ်၊ ဆယ်မီတာလောက်မြင့်တဲ့ ဒီလှိုင်းလုံးက ပြိုကျနိုင်လား"

ရုတ်တရတ် စာမေးပွဲမှူးကပြော၏။

နောက်အခိုက်အတန့်တွင် အခြေစိုက်စခန်းရှိ အခြားစစ်ဆေးသူများ ချက်ချင်းပင် ထိတ်လန့်သွားကာ ဖြစ်စဉ်၏ အရေးပါသောအချက်ကို နားလည်လာခဲ့ကြသည်။ သူတို့မျက်နှာများတွင် ထိတ်လန့်တုန်လှုပ်နေသော အငွေ့အသက်များ ထွက်ပေါ်လာသည်။

"ပြီးသွားပြီ၊ လှိုင်းပေါ်လမ်းလျှောက်နေတဲ့ အမျိုးသမီးက အရှိန်မြှင့်နေတယ်။ ဒီ ကောလိပ်ဝင်ခွင့် စာမေးပွဲနေရာကို တိုက်ဖို့ လာနေတာ ဖြစ်နိုင်တယ်ကွ လာဖြေတဲ့သူ သတ်ပစ်ဖို့ စီစဉ်နေတာပဲ"

"ဘာမှမကြောက်နဲ့နော်"

"မသေချင်သေးဘူး၊ နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်း သင်ယူခဲ့တယ်၊ စာမေးပွဲတွေ မပြီးသေးဘူးလေ တက္ကသိုလ် ဘဝကို ပျော်ပျော်နေချင်တယ်”

ထိတ်လန့်စပြုလာသော ကျောင်းသားများ ပိုမိုများလာကာ ၎င်းတို့၏ စိတ်ခံစားမှုများသည် ပို၍ပို၍ ပြင်းထန်လာသည်။

လှိုင်းလုံးပေါ်ရှိ အမျိုးသမီးသည် နန်ကျန်းပြည်နယ် ပညာရေးဌာနချုပ်မှ ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း အခြေစိုက်စခန်းမှ အကြီးအကဲထွက်လာ၍ ပြောခဲ့သည်။ ကျောင်းသားများ၏ စိုးရိမ်ပူပန်မှုများသည် နောက်ဆုံးတွင် တည်ငြိမ်လာသည်။

တစ်ချိန်တည်း၌ပင် သူ့စမတ်ဖုန်းကင်မရာမှတစ်ဆင့် အမျိုးသမီးကို ဂရုတစိုက်ကြည့်ရှုနေသည့် ဟယ့်ယွီသည် နောက်ဆုံးတွင် မည်သူမည်ဝါဖြစ်ကြောင်း သိရှိသွား၏။

သူက လင်းဇီချန်နှင့် အနီးနားရှိသူများအား ပြောကြားလိုက်သည်။

"သူငယ်ချင်းတို့ အခုလှိုင်းပေါ်က မိန်းမက ဘယ်သူလဲဆိုတာ ငါသိတယ်၊ သူက ရှန်ဟိုင်းတက္ကသိုလ်ရဲ့ ဒု-ကျောင်းအုပ် ယွမ်တုန်ဇီပဲ"

ဤအကြောင်းကို ပြောပြပြီးနောက်၊ သူတွေ့ရှိခဲ့သော အချက်အလက်များကို အသင်းဖော်များဆီသို့ ချက်ချင်းပြသခဲ့၍ ယွမ်တုန်ဇီအကြောင်း စတင်မိတ်ဆက်ပေးလိုက်သည်။

"ပြောပြမယ် ဒီအမျိုးသမီးရဲ့ နောက်ခံက မယုံနိုင်စရာပဲ။ သူက နန်ကျန်းပြည်နယ်ရဲ့ ယွမ် မိသားစု ပြောရရင် ထောင်စုနှစ်တွေချီအောင် သက်တမ်းရှိတဲ့ သိုင်းပညာမိသားစုကနေ ဆင်းသက်လာတာ။ ယွမ်မိသားစုက အရင်ကတော့ ရှန်ဟိုင်းမြို့ရဲ့ သိုင်းပညာမိသားစုတစ်ခုပဲ ဒါပေမယ့် အခု ရှန်ဟိုင်းမြို့ကို စိုးမိုးနိုင်ခဲ့ပြီ။”

"ဒါပေမဲ့ မျိုးဗီဇပေါင်းစပ်မှုခေတ်ကို ရောက်တည်းက ယွမ်မိသားစုက အစွမ်းထက်တဲ့ မျိုးဗီဇစပ်တွေအများကြီးကို မွေးထုတ်ပေးခဲ့တယ်။ သူတို့မိသားစုအင်အားက အမြန်တိုးတက်လာပြီ။ ဆယ်စုနှစ်တွေအတွင်း သူတို့က နန်ကျန်းပြည်နယ်ရဲ့ ထိပ်တန်းမိသားစုဖြစ်လာပြီး နန်ကျန်းမြို့ကိုပါ စိုးမိုးနိုင်ခဲ့တယ် အဲ့မိန်းမရဲ့ခေါင်းပေါ်က နဂါးဦးချိုတွေကို မြင်ကြလား”

"ငါနေတဲ့ နန့်ကွမ်မြို့မှာ ယွမ်မိသားစုက နဂါးတွေကို သတ်ပြီး သူတို့ရဲ့ မျိုးဗီဇတွေကို သူတို့မိသားစုရဲ့ မျိုးဆက်သစ်လူငယ်တွေနဲ့ ပေါင်းစပ်ပြီး ရေကို ထိန်းချုပ်နိုင်တဲ့ မျိုးဗီဇပေါင်းစည်းမှုတွေအများကြီး ဖန်တီးခဲ့တယ်လို့ ငါ့အဘိုးပြောတာ ကြားခဲ့ရတယ်"

"ပြီးတော့ ဒီအမျိုးသမီးက သူတို့ထဲက တစ်ယောက်ပဲ”

ဤအရာအားလုံးကို ပြောပြီးနောက် ဟယ့်ယွီသည် သူ့အနားရှိ အဖွဲ့သားသုံးဦး၏ မျက်လုံးများတွင် လေးစားမှု အရိပ်အမြွက်ကို မြင်လိုသောကြောင့် အားတက်သရော စိုက်ကြည့်လိုက်သည်။

လီချူရှင်းသည် သူ့ကို တအံ့တဩကြည့်၍ပြော၏။

"ကောင်းပြီ၊ ငါတို့နားလည်ပြီ"

“ဟယ့်ယွီ နင်တော်တော်များများသိတာပဲ” ရှန်ချင်းဟန်ကလည်း သဘောကျစွာပြော၏။

သူပြောခဲ့သည်များကို သေချာနားထောင်နေကြသောကြောင့် ဝမ်းသာပီတိဖြစ်၍ လေပေါ်မြှောက်သကဲ့သို့ပင် ‘ဘယ်လောက်တောင် ကျေနပ်စရာကောင်းလိုက်လဲ’ဟု သူ့ဘာသာတွေးနေမိ၏။

"သေချာတာပေါ့၊ ငါက နန့်ကွမ်မြို့က ဟယ့်မိသားစုရဲ့ သခင်လေးပဲ ငါ့မှာ လေးနက်တဲ့ အသိဥာဏ်တွေရှိတယ်။ ရုပ်မြင်သံကြား ဖန်သားပြင်တွေမှာ တစ်ခါမှ မပေါ်ဖူးတဲ့သူတွေတောင် ငါ ကောင်းကောင်းသိတယ်”

"ဒီကိစ္စတွေနဲ့ပတ်သတ်ပြီး မေးစရာတွေရှိရင် အချိန်မရွေး တိုင်ပင်ဆွေးနွေးနိုင်တယ်နော်"

ဤနောက်ဆုံးစကားကို သူပြောနေစဉ်၊ ဟယ့်ယွီသည် လင်းဇီချန်၏ ချီးကျူးသံကို မျှော်လင့်လျက် လင်းဇီချန်ဘက်သို့ အတိအကျကြည့်နေသည်။ သို့သော်လည်း လင်းဇီချန်သည် ထိုအချိန်တွင် လေးလေးနက်နက် တွေးတောနေ၍ သူ့အနားရှိ ဟယ့်ယွီကို လျစ်လျူရှုထား၏။

‘ ရေစွမ်းရည်နဲ့ မျိုးဗီဇပေါင်းစပ်ထားတဲ့သူလား။လှိုင်းလုံးတွေကိုထိန်းပြီး အခြေစိုက်စခန်းကို အမြန်လာနေတဲ့မိန်းမက ရှန်ချင်းဟန်ဆီများ လာနေတာလား’

ရှန်ချင်းဟန်က ၂၁% မျိုးဗီဇပေါင်းစပ်နိုင်စွမ်းကို စမ်းသပ်ပြီးနောက်၊ ဤအမျိုးသမီးရောက်လာသည်။

သူမသည် ရှန်ဟိုင်းတက္ကသိုလ်၏ဒုတိယကျောင်းအုပ်သာမက ပြည်နယ်ပညာရေးဌာန၏ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။ သူမ၏ မိသားစုမှ ရေဗီဇပေါင်းစည်းမှု ၏ ထပ်လောင်းထိုးထွင်းသိမြင်မှုဖြင့်၊ ဤအထောက်အထားများပေါင်းစပ်မှုသည် ရှန်ချင်းဟန်၏ မျိုးဗီဇပေါင်းစပ်နိုင်စွမ်းရာခိုင်နှုန်းမြင့်မားနေရခြင်း၏နောက်ကွယ်အကြောင်းပြချက်ကို ရှာဖွေနိုင်မည်ဖြစ်သည်။

ကြီးမားသော လှိုင်းလုံးကြီးများထိပ်မှ ဤနေရာအထိ ရောက်ရှိလာခြင်းသည် ဤကိစ္စနှင့် ပတ်သက်ပါသည်။ ထိုအတွေးများကြောင့် လင်းဇီချန်သည် ယွမ်တုန်ဇီ ရောက်ရှိလာခြင်းက ကောင်းသလော၊ ဆိုးသလောကို မသေချာသည့်အပြင် အနည်းငယ် စိုးရိမ်ပူပန်နေသည်။

ထိုအကြောင်းအရာများကို သူတွေးတောနေချိန်တွင် အခြေစိုက်စခန်းရှိ ဖြေဆိုသူများအကြား ထိတ်လန့်တုန်လှုပ်ဖွယ်ရာ လှိုင်းလုံးများ ထွက်ပေါ်လာသည်။

ယွမ်တုန်ဇီသည် ကြီးမားသောလှိုင်းလုံးများကို အခြေစိုက်စခန်းအစွန်းသို့သယ်ဆောင်လာသည်။ အနက်ရောင် တိမ်တိုက်တစ်ခုကဲ့သို့ ကောင်းကင်ကို ဖုံးလွှမ်းသွားသည့် မီတာပေါင်းများစွာ မြင့်မားသော လှိုင်းလုံးကြီးများသည် အုတ်မြစ်ဝင်ပေါက်ရှေ့တွင်ထိ မြင့်တက်လာရာ၊ ၎င်း၏ အရိပ်က အခြေစိုက်စခန်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

လင်းဇီချန်သည် သူ့ရှေ့ရှိ မြင်ကွင်းကြောင့် အံ့အားသင့်သွားသည်။ ဒါဇင်ပေါင်းများစွာ မြင့်သော လှိုင်းလုံးကြီးများသည် လူသားများ၏ အလိုဆန္ဒအတိုင်း ထိန်းချုပ်မှုအောက်၌ ရှိနေသည်၊ ယခုကဲ့သို့အောင်မြင်ရန် မည်ကဲ့သို့ ခွန်အားများ လိုအပ်သနည်း။

အဆင့်မြင့် တိုက်ခိုက်ရေးသမားလား။ ရှားပါးအဆင့် တိုက်ခိုက်ရေးသမားလား။

ဒါမှမဟုတ်...မြင့်မြတ်သူအဆင့် စွမ်းအားရှင်တစ်ယောက်လား။

ထိုအချိန်တွင်၊ လင်းဇီချန်သည် ရုတ်တရက် အလွန်အရေးမပါသကဲ့သို့ ခံစားခဲ့ရ၍ သူ၏ လက်ရှိအဆင့်ဖြင့် ကျောင်းအတွင်းသာ စိုးမိုးနိုင်သည်ကို ပြင်းပြင်းထန်ထန် သတိပြုမိခဲ့သည်။ ကျောင်းဝင်းအပြင်ဘက်တွင် မိမိအဆင့်ထက်ကျော်လွန်သော တခြားသူများရှိနေနိုင်သည်။

ယွမ်တုန်ဇီသည် အတွေးတစ်ခုဖြင့် မီတာဒါဇင်များစွာမြင့်သော လှိုင်းလုံးကြီးကို ပင်လယ်ထဲသို့ ပြန်ပို့လိုက်သည်။ ထို့နောက် လူတိုင်း၏ မျက်လုံးများအောက်တွင် သူမသည် စခန်းဆီသို့ ပြေပြစ်စွာ လျှောက်လှမ်းလာခဲ့သည်။ ထိုအချိန်တွင် သူမ၏သွယ်လျလှပသော ခြေထောက်များသည် သူမ၏ ချောင်ဆမ်ဝတ်စုံအောက်တွင် တောက်ပလာကာ ဆယ်ကျော်သက်များစွာကို ဖမ်းစားနိုင်ခဲ့သည်။

အထဲသို့ဝင်သွားပြီးနောက် သူမသည် စခန်းတာဝန်ခံကိုကြည့်ကာ ပြောလိုက်သည်။

"ဒါရိုက်တာကောင်း ကျေးဇူးပြုပြီး ရှန်ချင်းဟန်ဆိုတဲ့ ကျောင်းသားကို ကျွန်မဆီ ခေါ်လာပေးပါ”

ခဏကြာပြီးနောက်၊ မျက်မှန်တပ်ထားသော ထိပ်ပြောင်နေသည့် ဒါရိုက်တာသည် ရှန်ချင်းဟန်ကို ယွမ်တုန်ဇီရှေ့သို့ ခေါ်ဆောင်လာကာ ကြည်နူးစွာပြောလိုက်သည်။

"ကျောင်းအုပ်ကြီး ယွမ်၊ ဒီမိန်းကလေးက ရှန်ချင်းဟန်ပါ"

ရှန်ချင်းဟန်သည် လက်ရှိအခြေအနေနှင့် ပတ်သက်၍ စိတ်ရှုပ်ထွေးနေလျက် ခံစားလိုက်ရကာ သူမဘေးတွင် ရပ်နေသော လင်းဇီချန်ကို ကူကယ်ရာမဲ့စွာ ကြည့်နေတော့သည်။

လင်းဇီချန်သည် သူမလက်ကို စိတ်ချလက်ချဆုပ်ကိုင်ထား၏။

"ဒါက နင့်ရဲ့ မျိုးဗီဇပေါင်းစပ်နိုင်စွမ်းရာခိုင်နှုန်းနဲ့ ဆက်စပ်နေတယ်ထင်တယ်။ သိပ်မဆိုးပါဘူး စိတ်အရမ်းမပူနဲ့”

ထိုစကားကိုကြားလိုက်သောအခါ ရှန်ချင်းဟန်သည် သူမ၏ စိတ်ထဲတွင် အနည်းငယ် တည်ငြိမ်သွားသည်။

ထိုအချိန်တွင် ဟွမ်တုန်ဇီက ပြော၏။

"ကျောင်းသူ၊ မင်းရဲ့ မျိုးဗီဇ ပေါင်းစပ်နိုင်စွမ်းရလဒ်က ပြဿနာတစ်ခုခုရှိနေနိုင်လို့ ပြန်စစ်ကြည့်ဖို့ ငါနဲ့လိုက်ခဲ့ပါ”

အခန်း (၉၉) ဆံပင်ဖြူနှင့် ကောင်မလေး

ရှန်ချင်းဟန်သည် ယွမ်တုန်ဇီနှင့်အတူ စမ်းသပ်ခန်းထဲသို့ လိုက်သွားခဲ့ပြီးနောက် သိပ်မကြာမီ၌ပင် သူမပြန်လာခဲ့သည်။

"အဲ့လောက်မြန်လား" လင်းဇီချန် အနည်းငယ် အံ့ဩသွားသည်။

ရှန်ချင်းဟန်သည် သူ့လက်မောင်းကို ဂွမ်းစနှင့် ဖိ၍ သူ့ဘေးမှာ ဝင်ထိုင်လိုက်သည်။

"ငါဝင်ပြီးတာနဲ့ သူတို့က ငါ့ဆီကနေ သွေးပြွန်သုံးချောင်းနဲ့ သွေးဖောက်လိုက်တာ။ ပြီးတော့ ရလဒ်ကို စောင့်ဖို့ ငါ့ကို ပြန်လွှတ်လိုက်တာ"

"ဟာ၊ သွေးပြွန်သုံးချောင်းတောင်၊ ဒါ ဘယ်သူ ခံနိုင်မှာလဲ"

အနီးနားရှိ လီချူရှင်းသည် ကြားရုံမျှဖြင့် ကြောက်ရွံ့ထိတ်လန့်ကာ မကျေနပ်နိုင်ပေ။

ရှန်ချင်းဟန်သည် ပြုံးရယ်ပြုကာ ပြောသည်။

"တကယ်ပဲ မခံနိုင်ဘူး၊ ငါ့လက်က အခု နည်းနည်းထုံနေပြီ"

ဟယ့်ယွီသည်လည်း ထူးဆန်းနေသကဲ့သို့ ခံစားရသည်။

"ပုံမှန်ဆိုရင် ပြန်စစ်ဆေးမှုအတွက် သွေးပြွန်ချောင်းတချောင်းနဲ့လုံလောက်ပြီလေ။ သုံးခုတောင် ဘာကြောင့်သုံးရလဲမသိဘူး။"

၎င်းတို့ စကားပြောနေစဉ်တွင် အဖွဲ့ခေါင်းဆောင်ဆရာမသည် မည်သို့ဖြစ်ပျက်သွားသည်ကို မေးမြန်းရန် ရောက်လာ၍ ပြည်နယ်ပညာရေးဌာနမှ ခေါင်းဆောင်တစ်ဦး ရုတ်တရက် ရှန်ချင်းဟန်ထံ အဘယ်ကြောင့် ရောက်ရှိလာသည်ကို သိချင်လာသည်။ လင်းဇီချန်သည် ရှန်ချင်းဟန်အတွက် ဖြေဆိုခဲ့၍ စစ်ဆေးမှု၏ ရလဒ်မှာ အနည်းငယ် မူမမှန်သောကြောင့် ပြန်လည် စစ်ဆေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ အသေးစိတ် အချက်အလက်များကိုပင် အသင်းခေါင်းဆောင်ဆရာမအား အတိအကျ မပြောခဲ့ပေ။

အချိန်များကြာလာသည်နှင့်အမျှ၊ မကြာမီတွင် အခြေခံတစ်ခုလုံးရှိ မျိုးဗီဇပေါင်းစပ်နိုင်စွမ်း စမ်းသပ်ချက်များ ပြီးမြောက်ခဲ့သည်။ တစ်ချိန်တည်း၌ပင် ယွမ်တုန်ဇီသည် စာမေးပွဲခန်းထဲမှ ထွက်လာသည်။ ယခု သူမမျက်နှာပေါ်ရှိ အမူအရာသည် ယခင်ကနှင့် သိသိသာသာ ကွဲပြားသွားသည်။ စခန်းကို ပထမဆုံးရောက်ချိန်တွင် အေးစက်နေဟန်ရှိသော သူမမျက်နှာသည် စိတ်လှုပ်ရှားတက်ကြွသောအကြည့်နှင့် ပြည့်စုံနေသည်။

"ကျောင်းအုပ်ကြီး ယွမ်" ယွမ်တုန်ဇီ အခန်းထဲမှ ထွက်လာသည်ကို မြင်သော ရှန်ဟိုင်းအထက်တန်းကျောင်းမှ အဖွဲ့ခေါင်းဆောင်ဆရာသည် ချက်ချင်း မတ်တပ်ထရပ်ကာ စိတ်လှုပ်ရှားမှုဖြင့် ခေါ်လိုက်သည်။

လင်းဇီချန်နှင့် အခြားလူများသည်လည်း နောက်မှလိုက်၍ နှုတ်ဆက်ကြသည်။ ယွမ်တုန်ဇီသည် သူမ၏မျက်နှာပေါ်မှ အပြုံးကို လျော့ချကာ ရှန်ဟိုင်းအထက်တန်းကျောင်းမှ အဖွဲ့ခေါင်းဆောင် ဆရာမကိုပြောလိုက်၏။

" ရှန်ချင်းဟန်နဲ့ အရေးကြီးပြောစရာရှိသေးတယ်။ အခြားကျောင်းသူတွေကို အခြား ပြန်ခေါ်သွားလို့ရပြီ။ ငါတို့ပြောပြီးသွာရင် ရှန်ချင်းဟန်ကို မိသားစုထံပြန်ပို့ပေးဖို့ ငါစီစဉ်လိုက်မယ်"

"နားလည်ပါပြီ ကျောင်းအုပ်ကြီး ယွမ်။"

ရှန်ဟိုင်းအထက်တန်းကျောင်းမှ အဖွဲ့ခေါင်းဆောင် ဆရာမသည် ပြန်လည်ဖြေကြားပြီးနောက် ထွက်ခွာရန် လှည့်ပတ်ကာ မျိုးဗီဇပေါင်းစပ်မှုဆိုင်ရာနိုင်စွမ်း စာမေးပွဲကို ဖြေဆိုပြီးစီးသည့် နေ့လည်ပိုင်း စက်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုနိုင်စွမ်း စစ်ဆေးမှုတွင် ပါဝင်ခြင်းမရှိသော ကျောင်းသားများကို ဘတ်စ်ကားပေါ်တက်ကာ ကျောင်းပြန်တက်ရန် စီစဉ်ပေးလိုက်သည်။

ထိုအဖြစ်အပျက်ကိုမြင်လိုက်သော ဟယ့်ယွီနှင့် လီချူရှင်းတို့သည် အဖွဲ့ခေါင်းဆောင် ဆရာမနောက်ကို လိုက်သွားခဲ့သည်။ လင်းဇီချန်က ရှန်ချင်းဟန်နှင့်အတူ အခြေစိုက်စခန်းတွင် နေချင်သေးသဖြင့် ထွက်မသွားခဲ့ပေ။

ယွမ်တုန်ဇီသည် ရှန်ချင်းဟန်ကိုကြည့်ကာ ပြောလိုက်သည် "ချင်းဟန်၊ ငါနဲ့လိုက်ခဲ့၊ အထဲမှာ စကားပြောရအောင်"

ရှန်ချင်းဟန်သည် သူမကိုပြောသည်ကို နားထောင်ကာ ဒါရိုက်တာရုံးခန်းထဲသို့ လိုက်သွားခဲ့သည်။

လင်းဇီချန်သည် အခြေအနေကိုစောင့်ကြည့်ရန် အပြင်ဘက်၌ စောင့်နေခဲ့သည်။ ထို့နောက် သူသည် ဖုန်းကိုယူကာ ကျန်းဝမ်ရှင်းနှင့် ရွှီမုန့် တို့အား အခြေအနေကို ရှင်းပြလိုက်သည်။

“သားနဲ့ ချင်းဟန် အိမ်ပြန်နောက်ကျမယ်”

မိဘနှစ်ပါးအား အသိပေးလိုက်သည်။

ဒါရိုက်တာ၏ရုံးခန်းအတွင်း ယွမ်တုန်ဇီသည် ယခင်ကထက် သဘောကောင်းသည့် အပြုံးဖြင့် ပြုံးရယ်လိုက်သည်။

"ရှန်ချင်းဟန်၊ ရလဒ်တွေ ထွက်လာပြီ၊ သွေးပြွန်သုံးချောင်းလုံးက ၂၁% ရှိတယ်"

ထိုစကားကို ကြားလိုက်ချိန်တွင် ရှန်ချင်းဟန်၏ ရင်ထဲမှ လေးလံမှုများအားလုံး ကျသွားရသည်။ သူမအပြင်တွင် စောင့်နေချိန်၌ အလွန်အမင်းစိုးရိမ် ထိတ်လန့်နေခဲ့သည်။ ယခင် ၂၁% သည် အမှားဖြစ်၌ အမှန်တကယ်ရမှတ်မှာ ၁၀% ပင် ဖြစ်လိမ့်မည်ဟု စိုးရိမ်ထိတ်လန့်နေခဲ့သည်။

ဟွမ်တုန်ဇီက ပြုံးရွှင်စွာပြောသည်။

"နန်ကျန်းပြည်နယ်တစ်ခုလုံးအတွက် မျိုးဗီဇပေါင်းစပ်နိုင်စွမ်းစမ်းသပ်ချက်ရလဒ်တွေ ထွက်လာပြီ။ သမီးရဲ့ ၂၁% က သေချာနေတဲ့အပြင် အရင်ပါရမီရှင်ထက်တောင် ၆% ပိုများနေတယ်။ ရိုးရိုးသားသားပြောရရင် အဲ့တာကို သုံးကြိမ်တိုင်တိုင် ပြန်လည်စစ်ထားတာကိုတောင် ကိုယ့်မျက်စိနဲ့ မမြင်ခဲ့ဘူးဆိုရင် ဒီ ၂၁% က အစစ်အမှန်ဆိုတာ ယုံမှာမဟုတ်ဘူး။"

"နောက်ဆုံးတော့၊ ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ၁၈% ကပဲ အမြင့်ဆုံးစံချိန်ဖြစ်ခဲ့တာဆိုတော့ လူသားတွေရဲ့ ထူးခြားဆန်းပြားတဲ့သားရဲမျိုးဗီဇနဲ့ ပေါင်းစပ်နိုင်စွမ်းက ၂၀% မကျော်နိုင်ဘူးလို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားတယ်။ ဒါပေမယ့် ဒီနေ့ မင်းရဲ့ရမှတ်က ဒီအယူအဆကို လုံးဝပြောင်းပစ်လိုက်ပြီ။ တကယ့်ကို အံ့ဩစရာပါပဲ။ အဲဒါကို လူသိရှင်ကြား ထုတ်ပြလိုက်တာနဲ့ နိုင်ငံတစ်ဝှမ်းမှာ ခံစားရမှာ သေချာပါတယ်။ ဒါပေမယ့် မင်းရဲ့ရမှတ်က အရမ်းများလွန်းတယ်။ အများပြည်သူသိသွားမယ်ဆိုရင် တစ်နိုင်ငံလုံး မင်းကြောင့် တုန်လှုပ်သွားမှာအသေအချာပါပဲ။ ဒါကြောင့် ငါ ၁၆% ပဲ ပြန်ပြင်ပြီး၊ ဒုတိယနေရာ ၁၅% ကိုကျော်ပြီး ထိပ်သီးနေရာကို ထိန်းသိမ်းထားလို့ရအောင်လုပ်ပေးမယ်”

ယွမ်တုန်ဇီသည် လက်ဖက်ရည်တစ်ခွက်သောက်ကာ ဆက်ပြောသည်။

"နှစ်ပေါင်းများစွာ နှောင့်ယှက်ခံရတဲ့ မြို့တော်ကြီးရဲ့ ပါရမီရှင်အကြောင်း မင်းကြားဖူးတယ်မလား"

"ဟုတ် သမီးကြားဖူတယ်" ရှန်ချင်းဟန်သည် ခေါင်းညိတ်၍ ပြန်ဖြေသည်။

သူမ၏ လက်ဖက်ရည်ခွက်ကိုချ၍ ဟွမ်တုန်ဇီက ဆက်ပြောသည်။

"မြို့တော်ရဲ့ ပါရမီရှင်ကို တစ်နိုင်ငံလုံးနီးပါး သိကြပေမယ့် တော်တော်များများ မသိတာကတော့ သူ့ရဲ့ မြင့်မားတဲ့ ကိုယ်ရည်ကိုယ်သွေးကြောင့် ငယ်ငယ်ကတည်းက အစွန်းရောက်ဂိုဏ်းဝင်တွေရဲ့ အဆက်မပြတ် တိုက်ခိုက်ခြင်းကို ခံခဲ့ရဖူးတယ်။ တစ်ခါကဆို အသက်ဆုံးရှုံးလုနီးပါးပါပဲ။"

"သူ့မိသားစုရဲ့ ခိုင်ခံ့တဲ့နောက်ခံကြောင့် ဒီလိုတိုက်ခိုက်မှုတွေကို ခံနိုင်ရည်ရှိဖို့ လုံလောက်တဲ့ အကာအကွယ်တွေ ပေးစွမ်းနိုင်လို့သာ အခုချိန်ထိ အသက်ရှင်နေတာ။ သာမန်မိသားစုရဲ့ သားသမီးတွေဆိုရင်၊ အစွန်းရောက်ဂိုဏ်းဝင်တွေရဲ့ တိုက်ခိုက်တာခံရပြီး အခုဆို သူတို့ အုတ်ဂူပေါ်က မြက်တွေတောင် နှစ်မီတာလောက်ရှည်နေလောက်ပြီ”

"သူနဲ့အတူ လူတွေ မျက်စိကျတဲ့ စက်ပိုင်းဆိုင်ရာ ပါရမီရှင်မိန်းကလေးက အဓိက ဥပမာတစ်ခုပဲ။ အချိန်မတန်ခင်မှာ စက်ပိုင်းဆိုင်ရာ အသွင်ပြောင်းလိုက်နိုင်တာကြောင့် ဒီစက်ပိုင်းဆိုင်ရာ ပါရမီရှင်မိန်းကလေးရဲ့ ခန္ဓာကိုယ် ပျက်သွားတယ်လို့ သတင်းတွေထွက်လာတယ်။ ဒါပေမယ့် အမှန်တရားကတော့ သူ့ကို အစွန်းရောက်ဂိုဏ်းသားတွေက တိုက်ခိုက်လိုက်လို့ နှစ်ပိုင်းပြတ်သွားတာပဲ။ စက်နတ်ဘုရားအဖွဲ့အစည်းရဲ့အကူအညီကြောင့်သာ သူ ဒီလောက်ထိ နေနိုင်ခဲ့တာ”

ယွမ်တုန်ဇီက သတိပေးလိုက်သည်။

"ငါဒီအကြောင်းတွေပြောတာက ပြည်နယ်ရဲ့ ထိပ်တိန်းဖြစ်တာ တကယ့်ကို ဂုဏ်ယူစရာကောင်းတဲ့ အောင်မြင်မှုတစ်ခုဘဲ၊ ဒါပေမယ့် မင်းနဲ့ မင်းရဲ့မိသားစုကပဲသိထားရင် အကောင်းဆုံးပဲ။ အစွန်းရောက်ဂိုဏ်းသားတွေရဲ့ အာရုံစိုက်တာမခံရအောင် ဒါကို လူသိရှင်ကြားဖြစ်အောင်မလုပ်ပါနဲ့”

ရှန်ချင်းဟန်က ခေါင်းညိတ်၏။

"နားလည်ပါတယ်"

ဤလျှို့ဝှက်အမှန်တရားများအကြောင်းကို သူမ ပထမဆုံးအကြိမ် ကြားသိခဲ့ရခြင်းဖြစ်သည်။ ဤဒီအကြောင်းအရာများကို သတင်းတွင် တစ်ခါမှ မဖော်ပြခဲ့ဖူးပေ။

ယနေ့မတိုင်မီတွင်၊ သူမသည် ဆန်းပြားသားရဲများနှင့်ပတ်သက်သော အစီရင်ခံစာများစွာကို အလွန်လေ့လာထားခဲ့ရာ သတင်းများက အမြဲ ပွင့်လင်းမြင်သာမှုရှိသည်ဟုထင်ထားခဲ့သည်။ မမျှော်လင့်ထားစွာဖြင့်၊ သူမသည် နုံအလွန်းနေသေးသည်။ အချက်အလက်အများအပြားကို လူအများထံသို့ မထုတ်ဖော်ထားခဲ့ပေ။

ကမ္ဘာကြီးသည် အပြင်ပန်းမြင်ကွင်းထက် ပို၍ ရှုပ်ထွေးလှသည်။ သို့သော် သူမကိုယ်တိုင် နားမလည်နိုင်သေးပေ။ အစွန်းရောက်ဂိုဏ်းများ၏ တိုက်ခိုက်မှုအကြောင်း ဖုံးကွယ်ထားရမည့် လျှို့ဝှက်ချက်တစ်ခုများရှိသလော။

မဖော်ထုတ်နိုင်သော လျှို့ဝှက်ချက်အချို့ များရှိနေသလော။ သူမ လုံးလုံးလျားလျား နားမလည်နိုင်ခဲ့ပေ။

‘မေ့လိုက်ပါတော့မယ်။ အိမ်ပြန်ရောက်မှပဲ ဇီချန်ကို ပြောပြပြီး တူတူစဥ်းစားတော့မယ်’

ရှန်ချင်းဟန်က စိတ်ထဲမှ တွေးလိုက်၏။ လင်းဇီချန်သည် သူမ၏ငယ်သူငယ်ချင်းဖြစ်၍ သူမ တစ်စုံတစ်ခုကို နားမလည်သောအခါ လင်းဇီချန်ကိုသာ မေးရုံဖြင့် အားလုံးဖြေရှင်းနိုင်သည်။ ငယ်စဉ်ကတည်းကပင် သူမသည် သူ့မိဘများထက် လင်းဇီချန်ကို အမြဲအားကိုးခဲ့သည်။

"ကောင်းပြီ၊ ငါတို့စကားပြောပြီးပြီ၊ အဓိကပြဿနာကို စဉ်းစားချိန်ရောက်ပြီ" ယွမ်တုန်ဇီ၏ အမူအရာမှာ လေးနက်သွားသည်။

‘အဓိကပြဿနာကဘာလဲ’

ရှန်ချင်းဟန်သည် ပထမဆုံး ပဟေဋ္ဌိဖြစ်သွားရပြီးနောက် စိုးရိမ်တုန်လှုပ်သွားခဲ့သည်။

ယွမ်တုန်ဇီသည် ကွေ့ပတ်မနေတော့ဘဲ တိုက်ရိုက်ပြောလိုက်သည်။

"မင်းရဲ့ မျိုးဗီဇပေါင်းစပ်မှုစွမ်းရည်က အရမ်းမြင့်မားတယ်၊ မင်းကို ငါ့တပည့်အဖြစ် ခေါ်သွားချင်တယ်"

"ဟမ်" ရှန်ချင်းဟန် အံ့အားသင့်သွားသည်။ ယွမ်တုန်ဇီက ခပ်များများရှင်းမပြတော့ပေ။

"ငါ့တပည့်ဖြစ်လာမယ်ဆိုရင် ငါအပြင်မှာ လှိုင်းပေါ် မတ်တပ်ရပ်နိုင်တဲ့အတတ်ကို မင်းလွယ်လွယ်ကူကူ ပြုလုပ်နိုင်လာမယ်။”

"ဒါက ရုတ်တရက်ကြီးဆိုတော့ သမီး တွေးတောင်မတွေးမိဖူးဘူး။၊ စဉ်းစားလို့ရမလား..."

ရှန်ချင်းဟန်က မသေချာသည့်အသံဖြင့် ပြောလိုက်သည်။ သူမသည် ချက်ချင်းမဆုံးဖြတ်မီ၊ လင်းဇီချန်၏ ထင်မြင်ယူဆချက်အား မေးမြန်းချင်သည်။ သို့သော်လည်း ယွမ်တုန်ဇီ၏ ပင်ကိုယ်စရိုက်မှာ ဆုံးဖြတ်ချက် လျင်မြန်စွာချတတ်သူဖြစ်သည်။

"စဉ်းစားစရာတော့ မရှိပါဘူး။ ငါ့တပည့်ဖြစ်တာက အကျိုးအမြတ်တွေပဲပေးလိမ့်မယ်၊ အကျိုးယုတ်မှာမျိုးမရှိဘူး။ အခုအချိန်ကစပြီး မင်းနဲ့ငါက ဆရာတပည့်တွေပဲ။ ငါက နန်ကျန်းပြည်နယ် ပညာရေးဌာနချုပ်ရဲ့ ဝန်ကြီးချုပ်ရာထူးရထားတဲ့အပြင် ရှန်ဟိုင်းတက္ကသိုလ်ရဲ့ တာဝန်ခံကျောင်းအုပ်လည်းဖြစ်တာကြောင့် မင်း ရှန်ဟိုင်းတက္ကသိုလ်ကို တက်နိုင်မယ်”

သူမသည် သီးသန့် ဆုံးဖြတ်ပြီးနောက်မှသာ ရှန်ချင်းဟန်ကို မေးလာခြင်းဖြစ်သည်။

"မင်းမှာ ပြောချင်တာ တစ်ခုခုရှိသေးလား"

ရှန်ချင်းဟန်သည် တစ်ခုခုပြောရန် ပါးစပ်ကိုဖွင့်ထားသော်လည်း သူမမည်သို့ပြောရမည်ကို မသိပေ။ နောက်ဆုံးတွင် သူမသည် နှုတ်ခမ်းများကိုသာ ဖွဖွဖိကာ ခေါင်းကို အားလျော့စွာ ခါယမ်းလိုက်သည်။

"မရှိပါဘူး."

သူမ၏ ကိုယ်ရည်ကိုယ်သွေးသည် ပျော့ညံ့သောဘက်တွင် ရှိနေသောကြောင့် ယွမ်တုန်ဇီ၏ကြီးစိုးမှုအောက်တွင် သူမကို ဆရာအဖြစ် လက်ခံလိုက်သည်။

"ငါက ရှုပ်ထွေးတဲ့အရာတွေကို မကြိုက်ဘူး။ ရိုးရှင်းမှုကို သဘောကျတာမို့ တပည့်ခံခြင်းအခမ်းအနားလိုအပ်ခြင်းမရှိဘူး။ ဒါကြောင့် ငါတို့သခင်နဲ့ တပည့်ဆက်ဆံရေးအတွက် ပါးစပ်ကပြောတာနဲ့တင် သဘောတူညီချက်က လုံလောက်လိမ့်မယ်။”

ယွမ်တုန်ဇီသည် သူမ၏စကားပြောပြီးသည်နှင့်တပြိုင်နက် မိုဘိုင်းဖုန်းကိုထုတ်ယူ၍ WeChat ကိုဖွင့်ခဲ့သည်

"လာ WeChat မှာ တစ်ယောက်နဲ့တစ်ယောက် အပ်လိုက်ကြရအောင်"

ရှန်ချင်းဟန်သည် သူ့ဖုန်းကို ချက်ချင်းထုတ်ကာ သူမ၏ WeChat QR ကုဒ်ကို စကင်န်ဖတ်ရန် ဖွင့်လိုက်သည်။ တစ်ဦးကိုတစ်ဦး သူငယ်ချင်းအဖြစ်အပ်ပြီးနောက်၊ ရှန်ချင်းဟန်သည် သူမ မည်သို့လုပ်လိုက်သည်ကိုပင် မသိလောက်အောင် မှင်တက်သွားသည်။

ယွမ်တုန်ဇီအကြောင်းကို အနည်းငယ်သာ သိသော်လည်း ဆရာအဖြစ်လက်ခံလိုက်မိပြီဖြစ်သည်။ အဖြစ်အပျက်အားလုံးသည် အလွန် လျင်မြန်သည်။ ရှန်ချင်းဟန်သည် စိတ်ပျော့လွန်းသည်၊ သူမကို အဆုံးထိ ချုပ်ကိုင်ထားသည်ဟု တွေးကာ ရင်တွင်း၌ အလွန်အမင်း စိတ်ပျက်သွားသည်။

"မင်းတစ်ယောက်တည်းမဟုတ်ဘူး၊ ငါ့မှာ တပည့်တစ်ယောက်ထပ်ရှိတယ်။ သူက မင်းထက် ဆယ်နှစ်လောက် ကြိုဝင်လာခဲ့တာပေမယ့် မင်းနဲ့ အသက်ချင်းတူတူလောက်ပဲ။ သူက မင်းအရွယ်ကောင်မလေးတစ်ယောက်ပဲ၊ မင်းတို့နှစ်ယောက် ပေါင်းသင်းသင့်တယ်။ ဒါပေမယ့် အခုလောလောဆယ် သူဒီမှာ မရှိတဲ့အပြင် သူရှိတဲ့နေရာမှာ အီလက်ထရွန်းနစ် ပစ္စည်းတွေ သုံးလို့ မရဘူး။ အခုတလောတော့ ပြန်မလာနိုင်ဘူးလို့ ထင်တယ်။ အခွင့်အခါကြုံရင် မင်းတို့ နှစ်ယောက် တွေ့ဖို့ စီစဉ်လိုက်မယ်။ ငါ့ဖုန်းထဲမှာ သူ့ပုံရှိတယ်၊ သူဘယ်လိုပုံဆိုတာ မင်းမြင်ရအောင် ပို့ပေးမယ်။"

စကားပြောပြီးနောက် ယွမ်တုန်ဇီသည် WeChat မှတစ်ဆင့် ရှန်ချင်းဟန်ဆီသို့ ဓာတ်ပုံတစ်ပုံကို ပေးပို့ခဲ့သည်။ စူးစမ်းချင်စိတ်ကြောင့် ရှန်ချင်းဟန်သည် ဓာတ်ပုံကို နှိပ်လိုက်ရာ သူမ၏ အသက်အရွယ်ခန့်ရှိသည့် အရပ်ရှည်သော မိန်းကလေးတစ်ဦးကို တွေ့လိုက်ရသည်။

ကောင်မလေးသည် ဖြူဖွေးသောဆံပင်၊ တင်းမာသောအကြည့်ဖြင့် သွေးစွန်းနေသော လှံတစ်ချောင်းကိုကိုင်ဆောင်ထားသည်။ သူမ၏ခြေရင်းတွင် ဆင်ထက်ကြီးသော ဆန်းကြယ်သားရဲတစ်ကောင်ကို ချထားသည်။ ရှန်ချင်းဟန်သည် ဓာတ်ပုံတွင်းမှ ဆန်းကြယ်သားရဲကို မသိသော်လည်း ဆံပင်ဖြူမိန်းကလေးကို မြင်ဖူးနေသည်ဟု ခံစားလိုက်ရသည်။ သူမကို တွေ့လိုက်သည့်အခိုက်အတန့်တွင် မူလတန်းကျောင်း ဒုတိယတန်းမှ မှတ်ဉာဏ်များ ပြန်လည်ဝင်ရောက်လာသည်။

‘ဒါ… ပိုင်ရွှဲလား’

ဓာတ်ပုံထဲက ကောင်မလေးကို စိုက်ကြည့်နေသော ရှန်ချင်းဟန်၏မျက်နှာတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

All Chapters