အပိုင်း ၁၀၀-၁၀၂
Vol. 7 Ch. 100-102
အခန်း(၁၀၀) လျိုချန်ရွှယ်လား ပိုင်ရွှယ်လား
"ဘာဖြစ်လို့လဲ" ရှန်ချင်းဟန်၏ ထူးဆန်းသော မျက်နှာအမူအရာကို သတိပြုမိ၍ ယွမ်တုန်ဇီသည် သူမအား စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"ဆရာ..." သူမသည် သိုင်းပညာဆရာအဖြစ် အမှတ်မထင်ပဲ လက်ခံလိုက်ရသည့်အတွက် ရှန်ချင်းဟန်၏ 'ဆရာ' ဟု ခေါ်သည့် အသံသည် အလွန်ပင် သဘာဝမကျဘဲ အဆင်မပြေဖြစ်နေသည်။ ထို့နောက် ခဏ တုံ့ဆိုင်းပြီးမှ မေးလိုက်သည်။
"ဒီ အစ်မနာမည် ဘယ်လိုခေါ်လဲ"
"လျိုချန်ရွှယ်" ယွမ်တုန်ဇီက တည်ငြိမ်စွာ ဖြေသည်။
စာလုံးပေါင်း တိတိကျကျ သိစေရန် ယွမ်တုန်ဇီကရှန်ချင်းဟန်ကို "လျိုချန်ရွှယ်" ဟုသော WeChat acc ကို စာရိုက်၍ သူမထံသို့ ပေးပို့ခဲ့သည်။
“ဒါပိုင်ရွှယ်မဟုတ်ဘူး။ ဒါပေမယ့် နာမည်မှာ 'နှင်း' ဆိုတဲ့ စကားလုံး ပါတယ်..။” ရှန်ချင်းဟန်သည် သူမ၏ ဆရာတူအစ်မက ပိုင်ရွှယ် ဖြစ်နိုင်သည်ဟု ခံစားမိသည်။
"နင့်ဆရာတူအစ်မရဲ့ ဓာတ်ပုံကို ဒီလောက်တောင်ကြည့်နေတာ၊ အရင်က မြင်ဖူးလို့လား"
"ကျွန်မ မူလတန်းကျောင်း ဒုတိယတန်းတက်တုန်းက ကျွန်မတို့အတန်းထဲမှာ ပိုင်ရွှယ်ဆိုတဲ့ သူငယ်ချင်းကောင်းတစ်ယောက်ရှိတယ်၊ ကျွန်မရဲ့ စီနီယာအစ်မနဲ့ တော်တော်တူတယ်"
"ဒီသူငယ်ချင်းက ကျွန်မတို့ကျောင်းကို ပြောင်းလာပြီး စာသင်နှစ်ဝက်လောက်မတိုင်ခင် ခဏအကြာမှာ ပြန်ပြောင်းသွားခဲ့တယ်။ အဲ့ဒီနေ့နောက်ပိုင်း၊ ကျွန်မသူ့ကို မတွေ့ရတော့ဘူး။"
ယွမ်တုန်ဇီ မျက်ခုံးပင့်လိုက်သည်။
"အဲ့လိုလား "
ရှန်ချင်းဟန်သည် ခဏမျှ တုံ့ဆိုင်းသွား၏။
"ဆရာ၊ ကျွန်မ ဒုတိယတန်းကျောင်းတက်နေတုန်းကနေ အခုချိန်ထိဆိုရရင် ဆယ်နှစ်တိတိရှိပြီ၊ ဆရာထင်လား ဆရာတူအစ်မက ကျွန်မသူငယ်ချင်းများ ဖြစ်နိုင်မလား"
"မဖြစ်နိုင်ဘူး။" ယွမ်တုန်ဇီသည် တွေးတောင်မတွေးဘဲ တိုက်ရိုက်ငြင်းလိုက်သည်။ အကြောင်းရင်းကိုတော့ သူမ မရှင်းပြခဲ့ပေ။
ရှန်ချင်းဟန်သည် ရှက်ရွံ့သော စိတ်ထားရှိသောကြောင့် နောက်ထပ် မမေးဝံ့ပေ။ သူမသည် ဓာတ်ပုံကို တိတ်တဆိတ် ကြည့်နေပြန်သည်။
ထိုအချိန်တွင်ပင် သူမသည် ဓာတ်ပုံ၏ နောက်ခံနှင့် ပတ်သတ်၍ အလွန်ထူးခြားသော အရာတစ်ခုကို သတိပြုမိခဲ့သည်။ မြေပြင်ပေါ်တွင် ပေါက်နေသော အပင်များအားလုံးသည် ထူးထူးခြားခြား ပုံသဏ္ဍာန်ရှိသည်။
အနက်ရောင်အရွက်များ၊ အကိုင်းအခက်များဖြင့် မြက်ပင်များရှိသည်။ သွေးကြောများဖြင့် ဖုံးအုပ်ထားသော ပင်စည်များပါရှိသည့် သစ်ပင်များ ရှိခဲ့သည့်အပြင် ပါးစပ်ကဲ့သို့ အရွက်ပုံစံရှိသော ကြောက်မက်ဖွယ်ကောင်းသည့် ပန်းပွင့်များလည်း ရှိသည်။
အပင်များသည် သူမ သိသည့် သဘာဝအပင်များနှင့် မတူဘဲ မည်ကဲ့သို့ ပြုလုပ်ထားမှန်းမသိသော အတုအယောင်သဖွယ်ဖြစ်နေသည်။
"ချင်းဟန်၊ မင်းရဲ့ မျိုးဗီဇပေါင်းစပ်နိုင်စွမ်းက ငါ့နားလည်နိုင်စွမ်းကို ကျော်လွန်သွားလောက်အောင် မြင့်မားလွန်းတယ်။ မင်းရဲ့ ခန္ဓာကိုယ်မှာ ပေါင်းစပ်မှု မြင့်မားစေမယ့် အထူးသွင်ပြင်လက္ခဏာတွေ ရှိ၊ မရှိ သိနိုင်ဖို့ အခု ငါ မင်းကို ရုပ်ပိုင်းဆိုင်ရာအပြည့်အစုံစစ်ဆေးကြည့်မယ်"
ထိုသို့ပြောကာ ယွမ်တုန်ဇီ မတ်တပ်ထရပ်ပြီးနောက် ရှန်ချင်းဟန်ရှေ့၌ ထိုင်ကာ သူမ၏ အဝတ်အစားထဲသို့ လက်ထိုးကာ ဝမ်းဗိုက်အောက်ပိုင်းကို နှိပ်လိုက်သည်။ ထို့နောက် သူမသည် ရှန်ချင်းဟန်၏ ခန္ဓာကိုယ်ထဲသို့ သူ၏ ဝိညာဉ်စွမ်းအား ကြိုးမျှင်ကို ဖြန့်ကာ သူမကို ဂရုတစိုက် စစ်ဆေးခဲ့သည်။ ဆယ်မိနစ်ခန့်အကြာတွင် ယွမ်တုန်ဇီသည် မျက်မှောင်ကြုတ်၍ သူ့လက်ကို ပြန်ထုတ်လိုက်သည်။ ရှန်ချင်းဟန်၏ ခန္ဓာကိုယ်သည် သာမန်လူနှင့် ကွာခြားခြင်းမရှိပေ။ သို့သော် ထူးဆန်းနေသည်။
ထိုသို့သော သာမန်ခန္ဓာကိုယ်တစ်ခုတွင် မျိုးဗီဇပေါင်းစပ်မှု ၂၁% အထိ မြင့်မားအောင် မည်သို့လုပ်ဆောင်နိုင်မည်နည်း။ ယွမ်တုန်ဇီ အံ့သြသွားသည်။
သူမမျက်မှောင်ကြုတ်သည်ကိုမြင်လိုက်ရသောအခါ ရှန်ချင်းဟန်သည် သူ့ခန္ဓာကိုယ်တွင် တစ်ခုခုမှားနေပြီထင်ကာ ထိတ်လန့်တကြားဖြင့် ချက်ချင်းမေးလိုက်သည်
"ဆရာ၊၊ ကျွန်မခန္ဓာကိုယ်မှာ တစ်ခုခုပြဿနာရှိနေလို့လား။"
"မင်းခန္ဓာကိုယ်က ဘာမှမမှားပါဘူး၊ ဒါက သာမန်လူတစ်ယောက်လိုမျိုးပဲ။ အစိတ်အပိုင်းတိုင်းက ပုံမှန်ပါပဲ" ယွမ်တုန်ဇီ ထပ်မံပြောလိုက်သည်။
"ဒါပေမယ့် ဒါက ပုံမှန်ဖြစ်နေတာကိုက ထူးဆန်းနေတဲ့သဘော။ ယေဘုယျအနေနဲ့ မျိုးဗီဇပေါင်းစပ်မှု ၂၁% တောင် ရှိတဲ့ ဒီခန္ဓာကိုယ်ဟာ ဒီလောက်သာမန်တော့ မဖြစ်နိုင်ဘူး”
ထိုစကားကိုကြားပြီးနောက် ရှန်ချင်းဟန်သည် သက်ပြင်းတစ်ချက်ချရုံမှတစ်ပါး မလုပ်နိုင်တော့ပေ။
ယွမ်တုန်ဇီ ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သောအခါ သူမ၏ခေါင်းထဲတွင် ရောက်လာသော ပထမဆုံး အတွေးမှာ သူမ၌ မကုသနိုင်သော ရောဂါတစ်ခုဖြစ်နေနိုင်သည်ဟုတွေးမိခြင်းဖြစ်သည်။ သူမသည် ယခင်က ဒရမ်မာများစွာကို ကြည့်ခဲ့ဖူးသဖြင့် ဇာတ်ကွက်များကို လျှောက်တွေးမိနေခြင်းဖြစ်သည်။
"ဆယ့်နှစ်နာရီထိုးနေပြီ၊ လာ ကန်တင်းမှာ ထမင်းသွားစားရအောင်”
“ကျွန်မသူငယ်ချင်းက အပြင်မှာစောင့်နေသေးတယ်၊ သူ့ကိုခေါ်လာလို့ရမလား"
"ရတယ်လေ”
မကြာမီ၌ပင် သူတို့နှစ်ဦးသည် ထိုင်ရာမှ ထကာ ရုံးခန်းမှ ထွက်လာသည်။
ယွမ်တုန်ဇီသည် တံခါးအပြင်သို့ထွက်သွားစဉ် စိတ်တွင်တစ်စုံတစ်ရာ တွေးလိုက်သည်နှင့်တပြိုင်နက်၊ ရုံးခန်းအတွင်းရှိ ချို့ယွင်းနေသော အီလက်ထရွန်းနစ်ပစ္စည်းများ အားလုံး ပုံမှန်ပြန်ဖြစ်သွားသည်။ သူမ ရှန်ချင်းဟန်ကို အခန်းထဲခေါ်ထည့်ချိန်တွင်ပင်၊ သူတို့၏ စကားပြောဆိုမှု မပေါက်ကြားစေရန် ဝိညာဉ်စွမ်းအား ကိုအသုံးပြု၍ ရုံးခန်းအတွင်းရှိ လျှပ်စစ်ပစ္စည်းအားလုံးကို ကာကွယ်ထားသည်။
အပြင်သို့ ထွက်လာပြီးနောက် ရှန်ချင်းဟန်သည် လင်းဇီချန်ကို လက်ယမ်းပြလိုက်သည်။
"ဇီချန်၊ လာ၊ ကန်တင်းမှာ သွားစားရအောင်"
"လာပြီ" လင်းဇီချန် တုံ့ပြန်လိုက်၍ ထိုင်ရာမှထကာ လျှောက်လာသည်။
ကန်တင်းကို သွားစဉ်။
ယွမ်တုန်ဇီသည် ရှေ့မှ ဦးဆောင်လျှောက်ကာ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် နောက်မှလိုက်ကြသည်။
ယွမ်တုန်ဇီသည် မြေပြင်ကို ထိသွားသောအခါ စူးရှရှရှ ငြိမ့်ညောင်းသော အသံများ ထွက်ပေါ်စေသော ဒေါက်မြင့်ဖိနပ်ကို ဝတ်ဆင်ထားသည်။ ထိုသံသည် ဆူညံခြင်းမရှိဘဲ တစ်မူထူးခြားသော လှပမှုတစ်ခုကိုပင် ဖန်တီးနိုင်သည်။ ပို၍ပင် လှပနေသည့်အရာမှာ သူမ၏ ရင်ခုန်စိတ်လှုပ်ရှားဖွယ် နှင်းဖြူခြေထောက်များနှင့် ပိုးထည်ထည်အောက်မှ စွဲမက်ဖွယ် လှုပ်လှုပ်ရွရွ လှုပ်ရှားနေသော ခြေတံများပင်ဖြစ်သည်။
လင်းဇီချန်သည် သူ့အနောက်မှ လိုက်လာချိန်တွင် သူ့ကိုယ်သူ ထိန်းချုပ်ရန် ပြင်းပြင်းထန်ထန် ကြိုးစားနေသော်လည်း အကြိမ်ပေါင်းများစွာ ငုံ့ကြည့်နေမိခဲ့သည်။ လူသားများသည် အခြားသတ္တဝါများထက် ဆင်ခြင်တုံတရားပိုရှိသော်လည်း ၎င်းတို့၏ ဒေါသထွက်ခြင်းကြောင့် ဆင်ခြင်တုံတရားလွတ်သွားတတ်သည်။
သိပ်မကြာခင်၌ပင် ၎င်းတို့သုံးဦး ကန်တင်းသို့ ရောက်ရှိလာခဲ့သည်။
ထိုင်ရန်နေရာရှာပြီးနောက်။
ယွမ်တုန်ဇီသည် ခေါင်းဆောင်စားဖိုမှူးကိုခေါ်ကာ ရှန်ချင်းဟန်ဘက်သို့ လှည့်၍ပြောလိုက်၏။
"ချင်းဟန်၊ ဘာစားချင်လဲ၊ ဒီစားဖိုမှူးကိုပြောလိုက်"
"ကျွန်မ အတွက် ဘာမဆို အဆင်ပြေပါတယ်။"
ရှန်ချင်းဟန်သည် လောလောဆယ်တွင် အနည်းငယ် ကြောက်ရွံနေသောကြောင့် မည်သူ့ကိုမျှ တောင်းဆိုရန် သတ္တိမရှိပေ။ရှန်ချင်းဟန်၏ အပြုအမူကို မြင်လိုက်ရသောအခါ ယွမ်တုန်ဇီသည် လင်းဇီချန်ဘက်သို့ လှည့်လာသည်။
"မင်းက ချင်းဟန်ရဲ့ ငယ်သူငယ်ချင်းလည်းဖြစ်တယ်၊ ချစ်သူလည်းဖြစ်တယ်။ သူ ဘာကြိုက်လဲဆိုတာ မင်းသိတယ်မလား။ ဒါကြောင့် သူ စားချင်နေတဲ့ ဟင်းပွဲတွေကို မှာပေးလိုက်"
"ကောင်းပါပြီ။" လင်းဇီချန်သည် ယွမ်တုန်ဇီကို ပြန်လည်ဖြေကြားပြီးနောက် "ခရမ်းချဉ်သီးနဲ့ ကြက်ဥမွှေကြော်၊ ကြက်သား၊ ပုဇွန်၊ ဂေါ်ဖီထုပ်ကြော်၊ မုန်လာဥနီနဲ့ ပြောင်းဖူးစွပ်ပြုတ်" ခေါင်းဆောင်စားဖိုမှူးကို ပြောလိုက်သည်။
ဟင်းလေးမျိုးနှင့် စွပ်ပြုတ်တစ်ခုသည် လူသုံးယောက်စားရန် လုံလောက်သည်။ ထိုအချိန်တွင် သုံးဦးသား အတူတူထိုင်ကာ စကားစမြည်ပြောကြသည်။ စကားဝိုင်းအတွင်း ရှန်ချင်းဟန်က ယွမ်တုန်ဇီကို ဆရာအဖြစ်လက်ခံလိုက်သည်ကို လင်းဇီချန် သိလိုက်ရသောအခါတွင် သူ အံ့သြသွားခဲ့သည်။
"သူ ဘယ်လို ခဏလေးနဲ့ ဆရာတစ်ယောက်ရလာနိုင်တာလဲ"
သို့သော် မကြာမီ၌ပင် သူ နားလည်သွားသည်။ ရှန်ချင်းဟန်၏ မျိုးဗီဇပေါင်းစပ်မှု အရည်အသွေးသည် ထူးခြားစွာ မြင့်မားနေသောကြောင့် သူမသည် အနာဂတ်တွင် ကြီးကျယ်သောအရာများအတွက် ရည်မှန်းကာ ယွမ်တုန်ဇီသည် သူမကို ကြိုတင်ကာကွယ်ထားသောကြောင့်ဖြစ်မည်ဟု သူထင်ခဲ့သည်။
ယွမ်တုန်ဇီသည် လင်းဇီချန်ကို မေးမြန်းစဉ်၊ သူ့၌ မျိုးဗီဇပေါင်းစပ်မှု ၁၅% ရှိကြောင်း သိလိုက်သောအခါ အလွန် အံ့ဩသွားသည်။
"ဒီ ငယ်သူငယ်ချင်း နှစ်ယောက်က တကယ်ပဲ နန်ကျန်းပြည်နယ် သိုင်းပညာစာမေးပွဲမှာ ထိပ်ဆုံး နှစ်ဦးဖြစ်လာနိုင်မလား။ ဒါ နည်းနည်း တိုက်ဆိုင်လွန်းတယ် မဟုတ်လား”
ယွမ်တုန်ဇီသည် တစ်စုံတစ်ခု လွဲချော်နေသည်ဟု သံသယဖြစ်လာသည်။
တစ်နာရီခန့်ကြာသောအခါ သုံးဦးစလုံး စားသောက်ပြီးကြပြီဖြစ်သည်။ ယွမ်တုန်ဇီသည် လင်းဇီချန်နှင့် ရှန်ချင်းဟန်ကို အိမ်ပြန်ပို့ရန် တစ်စုံတစ်ဦးကို စီစဉ်ခိုင်းခဲ့သည်။ သူတို့နှစ်ဦး ထွက်သွားပြီးသည်နှင့်တပြိုင်နက် သူတို့၏ မိသားစု နောက်ခံသမိုင်းကြောင်းကို စုံစမ်းရန် သူမ၏ လူယုံတော်အား အကြောင်းကြားခဲ့သည်။
သူမသည် စွဲမက်ဖွယ်ကောင်းသော ရုပ်ပိုင်းဆိုင်ရာအရည်အသွေးရှိသော ဤသမီးကို မည်သူမွေးထားသည်ကို ရှာဖွေရန် ရှန်ချင်းဟန်၏ နောက်ခံအကြောင်းကို အထူးအာရုံစိုက်ရန် ညွှန်ကြားခဲ့သည်။
သူမ၏လူယုံသည် အလွန်ထူးချွန်သူဖြစ်သောကြောင့် တစ်နာရီမပြည့်မီတွင် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့၏ မိသားစုအချက်အလက်အားလုံးကို စုဆောင်း၍ ယွမ်တုန်ဇီဆီသို့ ပြန်လည်သုံးသပ်ရန် ပေးပို့ခဲ့သည်။ အချက်အလက်များကို ဖတ်ပြီးနောက် ယွမ်တုန်ဇီသည် ပို၍ပင် ပဟေဠိဖြစ်လာသည်။
၎င်းတို့၏မိဘများအားလုံးသည် သာမန်လူများဖြစ်ကြသည်။ မျိုးဗီဇ ပေါင်းစည်းသူများ၊ စက်ပိုင်းဆိုင်ရာ ပြုပြင်ထားသော လူသားများ မဟုတ်ပေ။ သာမာန်မိဘများသည် ယခုကဲ့သို့ အရည်အချင်းမြင့်သော ကလေးများကို မည်ကဲ့သို့မွေးခဲ့သနည်း။ မျိုးဗီဇ ပြောင်းလဲမှု ဖြစ်နိုင်သလား။ ယွမ်တုန်ဇီ လုံးဝနားမလည်နိုင်ပေ။
ထို့နောက် ဖုန်းကိုထုတ်ကာ သူမ၏ဖခင်ဖြစ်သူအား ဖုန်းခေါ်ဆိုလိုက်သည်။ သူမ၏ဖခင်သည် သူ၏ကျယ်ပြန့်သောအတွေ့အကြုံဖြင့် ဤပြဿနာကို ပြောပြနိုင်မည်ဟု မျှော်လင့်ကာ အကျိုးအကြောင်းကို ပြောပြရန် ဆုံးဖြတ်လိုက်သည်။ မကြာမီ၌ပင် ဖုန်းဝင်သွား၍ အနည်းငယ် နက်နဲသော သက်လတ်ပိုင်း အမျိုးသား အသံတစ်ခု ထွက်ပေါ်လာသည်။
"ဘာကိစ္စရှိလို့လဲ တုန်ဇီ”
"အဖေ့၊ ဒီနေ့ ၂၁% ရှိတဲ့ မျိုးဗီဇပေါင်းစပ်နိုင်စွမ်းအရမ်းမြင့်တဲ့ အရည်အချင်းရှိတဲ့ တပည့်တစ်ယောက်ကို လက်ခံထားတယ်”
"သမီးဘာပြောလိုက်တယ်။ အဲ့တာ ဘယ်လိုဖြစ်နိုင်မှာလဲ၊ အသေးစိတ်ကို မြန်မြန်ပြော" အလွန်တုန်လှုပ်ချောက်ချားသောအသံတစ်ခု ဖုန်း၏အခြားတစ်ဖက်မှထွက်ပေါ်လာသည်။
ယွမ်တုန်ဇီသည် မိမိ၏ အတွေးများကို တင်ပြကာ ရှန်ချင်းဟန်၏ မိဘများသည် ပုံမှန်လူသားသာဖြစ်ကြောင်း အလေးပေးပြောပြခဲ့သည်။ သို့သော်လည်း အတွေ့အကြုံများပြားသော သူမ၏ဖခင်လျှင်ပင် ထိုကဲ့သို့ ယုတ္တိမတန်သော အခြေအနေမျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့သဖြင့် တိကျသေချာသော အဖြေကို မပေးနိုင်ခဲ့ပေ။ မျိုးဗီဇပြောင်းခြင်း ဖြစ်နိုင်သည်ဟုသာ အကြံပြုခဲ့သည်။
ထို့နောက် သူမအား အလွန်လေးနက်သော လေသံဖြင့် ညွှန်ကြားသည်။
"တုန်ဇီ၊ နင့်အနေနဲ့ ဒီထူးခြားတဲ့ ကျောင်းသားကို အကောင်းဆုံးသင်ကြားပေးရမယ်။ မျိုးဗီဇပေါင်းစပ်နိုင်စွမ်း ၂၁% ဒီလိုပါရမီရှိတဲ့သူက အနာဂတ်မှာအောင်မြင်မှုတွေအများကြီးရနိုင်တယ်။ ဒါကြောင့်၊ ဒီအခွင့်အရေးကို မဖြစ်မနေ အသုံးချရမယ်။ ဒါ့အပြင် သူ့ရဲ့ ထူးခြားစွမ်းရည်ကို အခြားသူတွေ မသိအောင် လှို့ဝှက်ထားရမယ်”
"နားလည်ပါပြီ အဖေ။" ယွမ်တုန်ဇီ တုံ့ပြန်သည်။
အခန်း (၁၀၁) ဘွဲ့ရပြီးတာနဲ့ ချက်ချင်းလက်ထပ်မယ်
ဇိမ်ခံလုပ်ငန်းသုံးကားတစ်စီးသည် မြို့ပြကျေးရွာတွင် ရပ်တန့်နေပုံ၍ ဖြတ်သွားဖြတ်လာအများအပြား၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ မကြာမှီပင် ကားတံခါးပွင့်လာ၍ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် ဆင်းလာကြသည်။
ယာဉ်ထွက်သွားသည်နှင့် လင်းဇီချန်သည် ရှန်ချင်းဟန်ကို တိုက်ရိုက်ကြည့်ကာ သီးသန့် ပြောဆိုလိုက်သည်။
"ဒါက တကယ် အံ့သြဖို့ကောင်းတယ်။ နင် မျိုးဗီဇပေါင်းစပ်နိုင်စွမ်းစစ်ဆေးဖို့ သွားခဲ့ပေမယ့် သာမန်အဆင့်မဟုတ်တဲ့ ဆရာတယောက် ရခဲ့တယ်”
"ငါကိုယ်တိုင်တောင် အံ့ဩနေတုန်းပဲ" ရှန်ချင်းဟန်သည် အခြေအနေတစ်ခုလုံးကို အံ့ဩစရာကောင်းသည်ဟု ထင်မြင်နေဆဲဖြစ်၍ သူမ၏ နူးညံ့သိမ်မွေ့လွန်းသော သဘောသဘာဝနှင့် အငြင်းပွားရန် မတတ်နိုင်သောကြောင့် ရုတ်တရက် တစ်စုံတစ်ယောက်၏ တပည့်ဖြစ်လာခဲ့သည်ဟု ခံယူနေသည်။
လင်းဇီချန်သည် ခေါင်းကို နှိပ်ကာ အနည်းငယ် ခေါင်းကိုက်သလိုခံစားလာရသည်။
"မေ့လိုက်ပါ၊ စောင့်ကြည့်ကြရအောင်။ တကယ်လို့ အဲ့ဒီသူက စိတ်သဘောထားကောင်းပြီး၊ သင့်လျော်တဲ့ပုဂ္ဂိုလ်တစ်ဦးဆိုရင် ဒီဆရာကို လက်ခံလိုက်တာက ထိခိုက်စရာမရှိပါဘူး။ သူတို့ရဲ့ စရိုက်လက္ခဏာက မကောင်းဘူးဆိုရင် နင်ပိုသန်မာပြီး အမှီအခိုကင်းတဲ့အခါကျရင် ဆရာနဲ့တပည့်ဆက်ဆံရေးကို အဆုံးသတ်လိုက်ရုံပါပဲ။"
"အင်း"
ရှန်ချင်းဟန်သည် အခွင့်အရေးကောင်းရသော်လည်း အမှားတစ်ခုခုလုပ်မိသော ကလေးတစ်ယောက်ပမာ အပြစ်ရှိသကဲ့သို့ခံစားရသောကြောင့် နည်းနည်းသာ ဖြေကြားလိုက်သည်။
ထိုအချိန်တွင် အိမ်တံခါးပွင့်လာသည်။ ကျန်းဝမ်ရှင်းသည် တံခါးဝမှာ ရပ်နေသော သူတို့နှစ်ဦးကို ခေါ်လိုက်သည်။
"ဘာလို့ အပြင်မှာ နေကြတာလဲ။ အိမ်ထဲ မဝင်ဘူးလား”
သူမ၏ အသံကြားသည်နှင့် သူတို့နှစ်ဦးသည် စကားစမြည်ပြောနေသည်ကို ရပ်၍ အိမ်ထဲသို့ အမြန် ဝင်သွားကြသည်။ ရှန်ကျန်းယဲ့နှင့် ရှုမင်သည် လတ်တလောတွင် အလွန်အလုပ်များနေကြသည်။ ထို့ကြောင့် ရှန်ချင်းဟန်သည် လင်းဇီချန်၏အိမ်တွင် အများအားဖြင့် စားလေ့ရှိသည်။
ညပိုင်းတွင် မင်ရှန့် စားသောက်ဆိုင်၌။
မိသားစုနှစ်စုသည် အခြားအလုပ်အားလုံးကို ချန်ထားကာ ထိုနေ့တွင်ပြုလုပ်ခဲ့သော ကလေးများ၏ မျိုးဗီဇပေါင်းစပ်နိုင်စွမ်းစမ်းသပ်မှုမှ ရလဒ်ကောင်းများကို ဂုဏ်ပြုရန် စီစဉ်ခဲ့ကြသည်။
လင်းဇီချန်သည် ပြည်နယ်တစ်ခုလုံးတွင် ဒုတိယနေရာရခဲ့ခြင်းသည် အလွန်ကျိုးကြောင်းဆီလျော်ပုံပေါက်သောကြောင့် မည်သူမျှ အံ့အားသင့်ခြင်းမရှိခဲ့ပေ။
သို့သော် ရှန်ချင်းဟန်သည် ပြည်နယ်၏ ထိပ်တန်း ဖြစ်သည်ကို မိဘနှစ်ပါးစလုံး အံ့ဩသွားကာ ကလေးများက ၎င်းတို့အပေါ် ဟာသလုပ်နေသည်ဟု ထင်ကြသည်။ ရှန်ချင်းဟန်မှ တရားဝင်ကောလိပ်ဝင်ခွင့်စာမေးပွဲဝက်ဘ်ဆိုက်ရှိ စာမေးပွဲရမှတ်များကို ပြသမှသာ မိဘများက အစစ်ဟုယုံကြည်မည့်ပုံပေါ်သည်။ ၁၆% ဟူသော ကိန်းဂဏန်းကို မြင်ပြီးသည့်တိုင်အောင် မယုံကြည်နိုင်သေးပေ။
"ငါ့သမီးက တကယ့်ကို ပထမနေရာလား ကျန်းယဲ့ ငါအိပ်မက်မက်နေတာလား" ရွှီမုန့်၏ မျက်နှာသည် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေကာ ဆန်းကြယ်လွန်းနေသည်ဟု ခံစားရသည်။ သမီးလေးသည် ငယ်စဉ်ကလေးဘဝမှပင် ယခုထိ တစ်စုံတစ်ရာ ထူးခြားမှုမရှိပဲ လှပမှုတစ်ခုသာ ရှိခဲ့သူဖြစ်သည်။
သို့သော် ယနေ့တွင် သူမသည် လင်းဇီချန်ကို ကျော်လွန်ကာ ပြည်နယ်၏ပထမနေရာ ရလာခဲ့သည်။ ထိုအရာကို သူမ အိပ်မက်ပင် မက်ဝံ့ခဲ့လိမ့်မည်မဟုတ်ပေ။ တစ်ဖက်တွင်၊ ရှန်ကျန်းယဲ့သည် ယုံရခက်နေသော်လည်း သူ့မျက်စိရှေ့မှ သက်သေအထောက်အထားများသည် အစစ်အမှန်ဖြစ်နေသောကြောင့် အံ့ဩနေသည်။
"အရင်နှစ်တွေက ချင်းဟန်လိုမျိုး ထူးချွန်တဲ့လူတွေအများကြီးရှိခဲ့ဖူးတယ်။ သူတို့ထဲက အများစုက အထက်တန်းကျောင်းတက်နေတဲ့သုံးနှစ်တာကာလအတွင်းမှာ သာမန်ကျောင်းသားတွေအတိုင်းပဲ။ အားကစားမှာလည်း ထူးချွန်တာမျိုးမရှိခဲ့ဖူးဘူး။ ဒါပေမယ့် စစ်ဆေးချက်ရလဒ်တွေထွက်တော့မှ လူတိုင်းအံ့သြကုန်ကြတာ”
"ဒါအမှန်ပဲ၊ ဒါပေမယ့် တစ်ပြည်နယ်လုံးမှာ ပထမနေရာရတာက နည်းနည်းတော့ များပါတယ်။" ရှီွမုန့်သည် မယုံနိုင်သေးပဲ အစစ်အမှန်မဟုတ်ဟု ခံစားမိသေးသည်။
ကျန်းဝမ်ရှင်းက ဟန်ချက်ညီညီ ရယ်မောလိုက်သည်။
"အင်း၊ ဒီအသေးစိတ်အချက်အလက်တွေကို ထွေထွေထူးထူးပြောနေစရာ မလိုပါဘူး။ အရေးကြီးတာက သူတို့ နှစ်ယောက် အခု အတူတူ တက္ကသိုလ်တက်နိုင်တော့မှာ။ ဒါကတော့ ကံကြမ္မာက သတ်မှတ်ထားတာပဲ
"ဟုတ်တယ်" ရွှီမုန့် ရိုးသားစွာ ပြုံးလိုက်သည်။ သူ့သမီးသည် အတူတူကြီးပြင်းလာသော လင်းဇီချန်နှင့် တက္ကသိုလ်အတူတူ မတက်နိုင်တော့ပဲ နှစ်ဦးသား ကွဲကွာသွားမည်ကို သူမ အမြဲစိုးရိမ်နေခဲ့သည်။
ယခု ဤပြဿနာ ပြေလည်သွားသောကြောင့် စိတ်ပူနေရန် မလိုတော့ပေ။
ကလေးဘဝမှစ၍ ချစ်ခင်ရင်းနှီးခဲ့ကြသည့် သူငယ်ချင်းနှစ်ဦးသည် တစ်ဦးက ပထမရ၍ ကျန်တစ်ဦးက ဒုတိယရသောကြောင့် ပြိုင်ဘက်ကင်း လိုက်ဖက်ညီသော စုံတွဲတစ်တွဲ ဖြစ်လာခဲ့သည်။
ညနေကိုးနာရီဝန်းကျင်၊ မိသားစု ညစာစားပွဲပြီးသွားသည်။ မိသားစုတစ်စုစီသည် ၎င်းတို့၏ နေအိမ်အသီးသီးသို့ ထွက်ခွာခဲ့ကြသည်။
ည ဆယ်နာရီခွဲ ဝန်းကျင် ရှန်ချင်းဟန်သည် ရေချိုးပြီးသည်နှင့် ညအိပ်ဝတ်စုံဝတ်ကာ လင်းဇီချန်ထံသို့ သွားလေသည်။ ညအိပ်ဝတ်စုံဝတ်ထားလျက် လင်းဇီချန်ကို လာရှာသည်ကို တွေ့သောအခါ ကျန်းဝမ်ရှင်းက မေးလိုက်သည်။
"ဟန်ဟန်၊ ဒီညလည်း ဇီချန်နဲ့အတူ အိပ်ဖို့လာတာလား"
"မဟုတ်ဘူး၊ အဲ့လိုမဟုတ်ဘူး၊ သမီး ဇီချန်နဲ့ လူချင်းစကားပြောဖို့ အရေးကြီးတဲ့ကိစ္စတစ်ခုရှိလို့ပါ။" ရှန်ချင်းဟန်၏ မျက်နှာနီမြန်းလာကာ ငြင်းလိုက်သည်။
'အတူအိပ်မလို့လား' ဟူသော စကားလုံးသည် ပိုမိုရင်းနှီးသော အရာတစ်ခုကို ရည်ညွှန်းသကဲ့သို့ သူမကို အရှက်ရစေသည်။
"အန်တီရှင်း၊ သမီး အပေါ်ထပ်တက်ပြီး ဇီချန်ကိုသွားတွေ့လိုက်ဦးမယ်နော်။"
ရှန်ချင်းဟန်က လှေကားဆီသို့ လျှင်မြန်စွာ လျှောက်သွားသည်။ သူမ အပေါ်တက်သွားသည့်အခါ ကျန်းဝမ်ရှင်းက လင်းယန်ရှန်ကို ချက်ချင်း ပြောလိုက်သည်။
"အခုမှ သူတို့ စာမေးပွဲတွေ ပြီးသွားပေမဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးရမဲ့ အရေးကြီးတဲ့ အရာတစ်ခု ရှိနေလို့တဲ့ ဟန်ဟန်က ဇီချန်ကို ဝန်ခံတော့မယ်လို့ နင်ထင်လား"
"ဖြစ်နိုင်ပါတယ်။"
လင်းယန်ရှင်းသည် ဘောလုံးပွဲကို TV မှာ အာရုံစိုက်ကြည့်နေကာ မသိမသာ ဖြေလိုက်သည်။
"သူတို့နှစ်ယောက်စလုံး အသက်ဆယ့်ရှစ်နှစ်ရှိပြီ၊ အထက်တန်းကျောင်းပြီးသွားပြီ၊ အခုဆို အရွယ်ရောက်ပြီးသားဖြစ်နေပြီ၊ သူတို့နှစ်ယောက်အတူနေလို့ရနေပြီ"
"ဟုတ်တယ် ကောလိပ်မှာ လေးနှစ်နေပြီး ကျောင်းပြီးရင်လက်ထပ်ကြမယ်"
"ဘွဲ့ရပြီးရင် ကိုယ်ဝန်ရမယ်၊ အမြွှာလေးမွေးမယ်၊ ယောက်ျားလေးတစ်ယောက်၊ မိန်းကလေးတစ်ယောက်”
ကျန်းဝမ်ရှင်းက သူမတစ်ယောက်တည်းပြောနေခြင်းဖြစ်သည်။
"တကယ်ပဲ၊ ပြီးပြည့်စုံတယ်" သူမ ပြောနေစဉ်တွင် ကျန်းဝမ်ရှင်း၏ ဆွဲဆောင်မှုအပြည့်ရှိနေဆဲ ချစ်စဖွယ်ကောင်းသော မျက်နှာသည် အပြုံးတစ်ခုဖြင့် ဖုံးလွှမ်းနေကာ အနာဂတ်တွင် အတူတကွနေထိုင်နေသော မိသားစုဘဝများကို ကြည်နူးစွာ စိတ်ကူးယဉ်နေသည်။
"ဇီချန်၊ ငါ နင့်ကို အရမ်း အရေးကြီးတဲ့ အကြောင်းပြောချင်တယ်"
အပေါ်ထပ် စင်္ကြန်တွင် ရှန်ချင်းဟန်သည် လင်းဇီချန်၏ အခန်းတံခါးကို ခေါက်လိုက်၍ အခန်းထဲ ဝင်ပြီးချင်း
ပြောလိုက်သည်။
"ဘာလဲ"
"မနေ့က နေ့ခင်းဘက် အခြေစိုက်စခန်းမှာ ဖြစ်ခဲ့တဲ့ကိစ္စပါ"
"အခြေစိုက်စခန်းမှာ ဖြစ်ခဲ့တဲ့ဟာလား"
လင်းဇီချန်သည် အနည်းငယ် စိတ်ရှုပ်ထွေးသွား၍ တံခါးကိုပိတ်ကာ သူမကို ကုတင်ပေါ်တွင်ထိုင်၍ ဖြည်းညှင်းစွာပြောဆိုရန် ခေါ်လိုက်သည်။ရှန်ချင်းဟန်သည် သူမ၏ဖိနပ်ကိုချွတ်ကာ ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် ခေါင်းအုံးကို ပွေ့ဖက်ထားလိုက်သည်။
"ဒီနေ့ အခြေစိုက်စခန်းမှာ ငါ့ဆရာက ဘာလို့ ငါ့မျိုးဗီဇပေါင်းစပ်နိုင်စွမ်း မြင့်မားရတာလဲဆိုတာကို သိနိုင်ဖို့ တစ်ကိုယ်လုံး စစ်ဆေးပေးဖို့အတွက် ဝိညာဉ်စွမ်းအားကို အသုံးပြုခဲ့တယ်။ နောက်ဆုံးရလဒ်ကတော့ သာမန်လူတစ်ယောက်နဲ့တူတူပဲ။ ငါ့ခန္ဓာကိုယ်မှာ ထူးထူးခြားခြား ဘာမှမရှိဘူး။ ငါ့ရဲ့ ခန္ဓာကိုယ်ကနေ ရေတွေထွက်နေတာ သူ ရှာမတွေ့ခဲ့ဘူး"
ရှန်ချင်းဟန်စကားကို နားထောင်ပြီးနောက် လင်းဇီချန် အလွန် အံ့သြသွားသည်။
ပင်လယ်ပြင်တွင် မီတာများစွာ လှိုင်းလုံးကြီးများကို ထိန်းချုပ်နိုင်သူ ယွမ်တုန်ဇီသည် ရှန်ချင်းဟန်၏ ခန္ဓာကိုယ် လျှို့ဝှက်ချက်များကို မသိနိုင်သည်မှာ ဖြစ်နိုင်ပါသလား။ ရှန်ချင်းဟန်၏ ခန္ဓာကိုယ်သည် ထင်ထားသည်ထက် ပို၍ လျှို့ဝှက်ဆန်းကြယ်နေပုံရသည်။
ထိုသို့တွေးနေချိန် လင်းဇီချိန်သည် ရှန်ချင်းဟန်ကို လေးနက်တည်ကြည်စွာ ပြောလိုက်သည်။
“နင်ရဲ့ ခန္ဓာကိုယ်က ရေတွေ စိမ့်ထွက်နေပြီး ရေနဲ့ ထိတွေ့မှု အရမ်းမြင့်နေတဲ့ အကြောင်းကို နင့်ဆရာကို လောလောဆယ် မသိစေနဲ့ဦး။ အခြေအနေ စောင့်ကြည့်ကြရအောင်။"
"ငါတို့ရဲ့ ဒီကမ္ဘာကြီးကို သေချာသိရှိနားလည်ဖို့က မဖြစ်နိုင်သေးဘူး။ ငါတို့ သိထားတဲ့အရာတွေက ငါတို့ရှေ့မှာပဲဖြစ်တယ်။ တကယ်လို့ ပြောရမယ်ဆိုရင် ငါတို့ ဘာမှ မသိသေးပါဘူး။"
“တချို့အရာတွေက ဖော်ထုတ်ပြီးရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာနိုင်မယ်။ အကောင်းလား အဆိုးလား မဆုံးဖြတ်နိုင်ဘူး။ ဒါကြောင့် အခုအချိန်မှာ တည်ငြိမ်တာကိုပဲ ဦးစားပေးလိုက်ကြရအောင်။”
"နင့် ခန္ဓာကိုယ်က ရေတွေစိမ့်ထွက်လာတာမျိုးဖြစ်ဖြစ်၊ ရေနဲ့အရမ်း ပေါင်းစပ်လွယ်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် သမုဒ္ဒရာထဲက ထူးဆန်းတဲ့ အသံတွေပဲဖြစ်ဖြစ်၊ ငါတို့ ပိုအားကောင်းပြီး အသိပညာ တိုးပွားလာတာနဲ့အမျှ အဲဒါတွေကို ဖြည်းဖြည်းချင်း သုတေသန လုပ်မယ်။ အလျင်စလိုလုပ်ဖို့ မလိုဘူး"
"ကောင်းပြီ ငါနားလည်ပါပြီ နင့်စကားနားထောင်ပါ့မယ်” ရှန်ချင်းဟန်က နူးညံ့စွာ ပြန်ဖြေသည်။
"အယ် ငါနင့်ကိုပြောဖို့မေ့နေတယ်"
"အခြေစိုက်စခန်းမှာတုန်းက ငါ့ဆရာက ငါ့မှာ ဆရာတူအစ်မတစ်ယောက်ရှိတယ်လို့ပြောတယ်၊ သူ့ဓာတ်ပုံကိုမြင်တော့ ပိုင်ရွှယ်နဲ့ တော်တော်တူတာကို တွေ့ခဲ့တယ်”
"နင် ပိုင်ရွှယ်ကို မှတ်မိတယ် မဟုတ်လား။ နှစ်တန်းတုန်းက ဆံပင်ဖြူဖြူ ကောင်မလေးက ငါတို့နဲ့ သူငယ်ချင်းဖြစ်နေတုန်းမှာပဲ ကျောင်းပြောင်းပြီးတော့ ရုတ်တရတ် ထွက်သွားတာလေ။"
"ငါ့မှာ သူ့ဓာတ်ပုံရှိတယ်။ နင်ကြည့်ဖို့ ငါပို့ပေးမယ်။"
ရှန်ချင်းဟန်သည် သူမ၏ ဖုန်းကို ထုတ်ကာ WeChat မှတစ်ဆင့် လင်းဇီချန်ဆီသို့ ဓာတ်ပုံ ပေးပို့ခဲ့သည်။
“ပိုင်ရွှယ်” ဤနာမည်ကို ပြောလိုက်ချိန်တွင် လင်းဇီချန်၏မျက်ခုံးများ တွန့်သွား၍ အမှတ်တရများသည် သူ့ကို ပြန်လည် အမှတ်ရလာစေသည်။
လျင်မြန်စွာ သူ့ဖုန်းကို ထုတ်လိုက်၍ WeChat ကိုဖွင့်ကာ ရှန်ချင်းဟန် ပေးပို့သည့် ဓာတ်ပုံကို နှိပ်လိုက်သည်။ သူမြင်လိုက်ရသည်မှာ မျက်နှာလှလှ ဆံပင်ဖြူလေးနှင့် ရုပ်ရည်ချောမောသော မိန်းကလေးဖြစ်သည်။
တကယ်ပင် သူမသည် ပိုင်ရွှယ်နှင့် အလွန်တူနေသည်ထင်ရ၏။ သို့သော် မျက်လုံးများသည် ထက်မြက်လွန်းသည်၊ အရောင်အဝါ ခံ့ညားလွန်းသည်။ သူ၏ အတိတ်မှတ်ဉာဏ်ထဲမှ ပိုင်ရွှယ်ကဲ့သို့ လုံးဝမဟုတ်သည့်အတွက် လူချင်းတူသလားဆိုသည်မှာ အတည်ပြုရခက်သည်။
သို့သော်လည်း လင်းဇီချန်သည် ဤဆံပင်ဖြူမိန်းကလေးမှာ ပိုင်ရွှယ် ဟုတ်မဟုတ်ကို ဂရုမစိုက်လှပေ။
ရှန်ချင်းဟန်နှင့်မတူဘဲ သူ့စိတ်ထဲတွင် ပိုင်ရွှယ်သည် သူမူလတန်းကျောင်းတက်စဉ်ကာလက အတန်းဖော်တစ်ဦးမျှသာဖြစ်၍ သူမနှင့် အထူးအချိတ်အဆက်မရှိခဲ့ပေ။ ဤအခိုက်အတန့်တွင် သူ့ကို စွဲဆောင်နေသောအရာမှာ ဂြိုလ်သားမျိုးစိတ်များကဲ့သို့ပင် အလွန်ထူးခြားသောအပင်များဖြင့် ဓာတ်ပုံထဲမှ နောက်ခံပုံဖြစ်သည်။
လင်းဇီချန် စိတ်ဝင်စားစွာ မေးလိုက်သည်။
"ဒီဓာတ်ပုံရဲ့ နောက်ခံက ဘယ်မှာလဲဆိုတာ နင်သိလား။"
"မသိဘူး."
"နင် WeChat မှာ နင့်ဆရာကို ဘာလို့ မမေးတာလဲ။" လင်းဇီချန် တိုက်တွန်းသည်။
"အိုကေ အခုမေးလိုက်မယ်" ရှန်ချင်းဟန်သည် ယွမ်တုန်ဇီကို ဆက်သွယ်ရန် အနည်းငယ် ကြောက်ရွံ့နေသော်လည်း လင်းဇီချန်၏ ဓာတ်ပုံနောက်ခံအကြောင်း သိလိုသော ဆန္ဒကြောင့် သူမသည် မေးမြန်းခဲ့သည်။
WeChat တွင် စာပို့ပြီးချိန်၌၊ ယွမ်တုန်ဇီသည် ချက်ချင်း အကြောင်းမပြန်ပေ။
။ “သူ ဖုန်းအနားမှာ မရှိလို့နေမှာ”
လင်းဇီချန်သည် အလျင်စလိုမဖြစ်ဘဲ ရှန်ချင်းဟန်ထံမှ ယွမ်တုန်ဇီ၏ WeChat ကိုဖွင့်ကာ ဤဆရာဆိုသူသည် မည်သို့လူအမျိုးအစားဖြစ်မည်ကို သိချင်ခဲ့သည်။ ကံမကောင်းစွာဖြင့်၊ ၎င်းတို့မြင်နိုင်သည့် တစ်ခုတည်းသောအရာမှာ WeChat ပရိုဖိုင်ပုံဖြစ်၍ ရေပေါ်တွင် ပေါက်နေသော ကြာပန်းတစ်ပွင့်ဖြစ်သည်။
ဆယ်မိနစ်လောက်ကြာပြီးနောက် ယွမ်တုန်ဇီသည် ပြန်ဖြေသည်။ အတိုချုံးစကားလုံးနှစ်လုံးသာဖြစ်၏။
မူလမြေ
အခန်း (၁၀၂) အိပ်ယာနှင့်ခေါင်းအုံးကို အတူတူသုံးသောည
"မူလမြေ"
"ဒါက ဘယ်နေရာလဲ"
လင်းဇီချန်သည်လည်း မကြားဖူးသောကြောင့် ဘရောက်ဆာကိုဖွင့်ကာ ချန်းတုပိုင်ခယ့်ထံမှ အကူအညီရယူရန် ရွေးချယ်ခဲ့သည်။ သို့သော် ရှာဖွေသည့်အခါ မူလမြေဟုခေါ်သော နေရာအတွက် ရလဒ်တစ်ခုမျှ မတွေ့ခဲ့ရပေ။
အဖြေကို အွန်လိုင်းတွင် ရှာမတွေ့ပါက တစ်ခုတည်းသော ရွေးချယ်ခွင့်မှာ ယွမ်တုန်ဇီကို မေးရန်ဖြစ်သည်။
ထိုသို့တွေး၍ လင်းဇီချန်သည် ရှန်ချင်းဟန်ကိုပြောလိုက်၏။
"မူလမြေက ဘာလဲလို့ သူ့ကိုမေးကြည့်လိုက်"
ရှန်ချင်းဟန်သည်လည်း လက်ခံ၍ ချက်ချင်းမေးလိုက်သည်။
ယခုတစ်ခါတွင် ယွမ်တုန်ဇီသည် အလျင်အမြန် ပြန်လည်ဖြေခဲ့သည်။ သို့သော် ဖြေကြားသည့် အကြောင်းအရာမှာ ကျေနပ်ဖွယ်မရှိပေ။
“နင် တက္ကသိုလ်စတက်ပြီး ခွန်အားတွေ တိုးလာတာနဲ့ မူလမြေအကြောင်း သဘာဝအတိုင်း သိလာမှာ။ အခုတော့ သိစရာ မလိုသေးဘူး”
လင်းဇီချန်သည် အလွန်သိနေသဖြင့် လက်မလျှော့ဘဲ ရှန်ချင်းဟန်ကို ဆက်လက်မေးခွန်းထုတ်စေချင်ခဲ့သည်။
သို့သော် သေချာစဉ်းစားကြည့်သည့်အခါတွင် ထိုသို့ပြုလုပ်ခြင်းသည် ယွမ်တုန်ဇီကို စိတ်ဆိုးစေနိုင်သဖြင့် ရှန်ချင်းဟန်အတွက် အဆင်မပြေဖြစ်နိုင်သောကြောင့် ဆက်မေးခွန်းထုတ်ရန် မတောင်းဆိုတော့ပေ။
မူလမြေအကြောင်းပြောဆိုမှုကို ရပ်လိုက်ပြီးနောက် နှစ်ဦးသား ကုတင်ပေါ်တွင် ထိုင်ကာ အသီးသီး ဖုန်းကြည့်နေကြသည်။ သိပ်မကြာခင်၌ပင် ရှန်ချင်းဟန်သည် တခဏတာ တုံ့ဆိုင်းသွား၍ ဖုန်းကိုချကာ လင်းဇီချန်ကို မေးလိုက်သည်။
"ဇီချန်၊ ရိုးရာဝတ်စုံ ၀တ်ထားတဲ့ အမျိုးသမီးတွေကို ယောက်ျားတိုင်းက ကြိုက်ကြတာလား"
"လူပေါ်မှာပဲမူတည်တယ်။" လင်းဇီချန် တည်ငြိမ်စွာဖြေသည်။ သို့သော် သူ့နှလုံးသားထဲတွင် ချောက်ချားနေမိ၍ အနည်းငယ် ရှက်ရွံ့သွားသကဲ့သို့ ခံစားလိုက်ရသည်။
ယွမ်တုန်ဇီ၏ တင်ပါးနှင့် ခြေထောက်များကို ကန်တင်းသို့သွားရာလမ်းတွင် ခိုးကြောင်ခိုးဝှက် ချောင်းကြည့်နေသည်ကို သူမသတိပြုမိသွားသည်ကို သူသိသည်။
"နင်ရော ရိုးရာဝတ်စုံ ဝတ်ထားရင် ကြိုက်လား"
ရှန်ချင်းဟန်သည် မည်သည့်တိမ်းရှောင်မှုကိုမျှ ခွင့်မပြုဘဲ လင်းဇီချန်အား ဤမေးခွန်းကို ဖြေရန် လိုက်မေးနေခဲ့သည်။
လင်း ဇီချန်က တိတိကျကျဖြေသည်။
“ ငါ ကြိုက်တယ်။"
ရှန်ချင်းဟန်သည် တုံ့ပြန်မှုမရှိဘဲ ခေါင်းညိတ်ပြပြီးနောက် စျေးဝယ်ဝက်ဘ်ဆိုက်တစ်ခုကို တိတ်တဆိတ်ဖွင့်ကာ "အပြာနုနှင့် အဖြူရောင် ရိုးရာဝတ်စုံ" ဟု ရှာဖွေလိုက်၍ ချက်ချင်းမှာလိုက်သည်။
[ရိုးရာဝတ်စုံ ဝယ်သူများ၏ ၈၁% သည် ပိုးခြေအိတ်များလည်း ဝယ်ကြသည်။]
သူမအော်ဒါတင်ပြီးချိန်တွင် ရှန်ချင်းဟန်သည် ပိုးသားခြေအိတ်များကို အောက်ခြေရှိ ကုန်ပစ္စည်းအကြံပြုချက်အပိုင်းကို သတိပြုမိခဲ့သည်။
အနက်ရောင်၊ အဖြူ၊ အသားရောင်၊ နှင့် အခြားအမျိုးအစားများပါ ရရှိနိုင်သည့် စတိုင်များစွာရှိသည်။
ယောက်ျားလေးတိုင်းသည် ပိုးသားခြေအိတ်ကို ကြိုက်ကြသည် မဟုတ်လား။ ထိုသို့တွေးတောကာ၊ ရှန်ချင်းဟန်၏ မျက်နှာသည် အနည်းငယ်နီသွားကာ "... ပိုးသားခြေအိတ်တွေကော"
"ဒါလည်း ကြိုက်တယ်။" လင်းဇီချန်သည် ယခင်ကဲ့သို့ တည်ငြိမ်စွာ ဖြေသည်။
‘အဲတာတွေကို သူတကယ်ကြိုက်တယ်ပေါ့…’
ပစ္စည်းများကို အဆက်မပြတ်ကြည့်ရှုကာ၊ ရှန်ချင်းဟန်သည် နီရဲနေသော ပါးပြင်များကို မသိကျိုးနွံပြု၍ မေးလိုက်သည်။
"အနက်ရောင်၊ အဖြူ၊ အသားရောင်လိုမျိုး ပိုးခြေအိတ်တွေ အများကြီးရှိတယ်၊ ဘယ်ဟာကို ပိုကြိုက်လဲ"
"ခုနထဲက နင်ဘာလို့ ထူးထူးဆန်းဆန်းမေးခွန်းတွေ အများကြီးမေးနေတာလဲ" လင်းဇီချန်သည် တစ်စုံတစ်ရာ မူမမှန်သည်ကို ခံစားလိုက်ရ၍ ရှန်ချင်းဟန်ကို မော့ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
"ဘာမှမဟုတ်ပါဘူး၊ ဒီတိုင်း၊ ရုတ်တရက် သိချင်လာလို့ မေးလိုက်တာလေ။" ထိုသို့ပြောပြီးနောက် ရှန်ချင်းဟန် ထပ်မေးလိုက်သည်။ "ဒါဆို ပိုးသားခြေအိတ်ဘယ်အရောင်ကို ပိုကြိုက်လဲ"
လင်းဇီချန် ဖြေလိုက်သည်။
"အဖြူနဲ့ အနက်လို့ ထင်တာပဲ"
ထိုသို့ကြားလိုက်သည်နှင့်တပြိုင်နက် ရှန်ချင်းဟန်သည် အနက်ရောင်နှင့် အဖြူခြေအိတ် နှစ်စုံ မှာလိုက်သည်။
ထိုအချိန်တွင် အခန်းတံခါးကို ခေါက်သံကြားလိုက်ရ၍ ကျန်းဝမ်ရှင်း၏ အသံသည် အပြင်ဘက်မှ ထွက်ပေါ်လာသည်။
"ဟန်ဟန်၊ သမီးအမေက သမီးရဲ့ တစ်ကိုယ်ရေ အသုံးအဆောင်ပစ္စည်းတွေ ယူလာတယ်၊ တံခါးဖွင့်ပြီး လာယူဦး"
"ဟုတ်" ရှန်ချင်းဟန် ခေတ္တ လန့်သွားသည်။ ဖြစ်ပျက်နေသည်ကို သဘောပေါက်၍ တံခါးကိုဖွင့်ရန် ကုတင်ပေါ်မှ အမြန်ထလိုက်သည်။
အပြင်ဘက်တွင် ကျန်းဝမ်ရှင်းသည် ရှန်ချင်းဟန်ကို သွားတိုက်ဆေး၊ သွားပွတ်တံ၊ မျက်နှာသုတ်ပုဝါ၊ အဝတ်အစားများနှင့် အနှီးများပါသည့် အိတ်ကို ပေးကာ ပြုံးနေသည်။
"သမီးတို့ နှစ်ယောက် ကောလိပ်ဝင်ခွင့် စာမေးပွဲတွေ ပြီးပြီဆိုတော့ နောက်ကျမှ ထလဲရတယ်လေ။ သမီးတို့ပြောစရာရှိရင် ဒီည ပြောကြလေ။ အိုခေ၊ အန်တီ သမီးတို့နှစ်ယောက်ကို မနှောင့်ယှက်တော့ဘူး"
ထိုကဲ့သို့ ပြော၍ အဓိပ္ပါယ်ရှိသောအကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ရှန်ချင်းဟန်သည် တံခါးကို အမြန်ပိတ်လိုက်သည်။
"အင်း... အမေ့ကို ဒါတွေ ယူလာခိုင်းတာ မဟုတ်ဘူး၊ သူ့ဘာသာသူ ထည့်ပေးလိုက်တာ" ရှန်ချင်းဟန်သည် အိတ်ကို ကိုင်ထားကာ လင်းဇီချန်ကို ရှင်းပြလိုက်သည်။
လင်းဇီချန် ပြန်ဖြေလိုက်သည်။
" ယူလာပြီးသားဆိုတော့ ဒီည ဒီမှာပဲ အိပ်လိုက်ပါတော့။"
"အွန်း"
ရှန်ချင်းဟန်က ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။ ထို့နောက်တွင်၊ အရေးကြီးဆုံးသော ဒိုက်ဘာများရှိမရှိ စစ်ဆေးရန် အိတ်ကိုဖွင့်လိုက်သည်။ာသူမ၏ခန္ဓာကိုယ်သည် ယခုအချိန်တွင် ပုံမှန်ဖြစ်လာသော်လည်း လင်းဇီချန်၏ အိပ်ရာကို မစိုစွတ်စေချင်သောကြောင့် အနှီးကို ၀တ်ထားရမည်ဖြစ်သည်။
သူမသည် ငယ်စဉ်ကတည်းက လင်းဇီချန်၏ အိပ်ရာထဲ၌ ဆီးသွားခဲ့ဖူးသော်လည်း ယခု သူမ ကြီးပြင်းလာသောအခါတွင် ထိုသို့ မဖြစ်စေချင်တော့ပေ။
"ဟင် ဒါက ဘာလဲ"
ရှန်ချင်းဟန်သည် သရေစာတစ်မျိုးနှင့်တူသည့် သူမ၏အိတ်ထဲမှ ပန်းရောင်အထုပ်ငယ်လေးကို ရုတ်တရက် ဆွဲထုတ်လိုက်သည်။ လင်းဇီချန်သည် တစ်ချက်ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် သူ၏မျက်နှာအမူအရာ ပြောင်းသွားသည်။
ထိုအချိန်တွင် ရှန်ချင်းဟန်က ထိုအထုပ်ပေါ်မှ စာကို ဖတ်လိုက်သည်။
“အလွန်ပါးလွှသော Latex Rubber XX Sleeves (ကွန်ဒုံး)” ချက်ချင်းပင် သူမ၏ မျက်နှာတစ်ခုလုံး ချက်ချင်းနီမြန်းလာကာ အိတ်ထဲသို့ အမြန်ပြန်ထည့်လိုက်သည်။
ထို့နောက် အခန်းထဲတွင် တိတ်ဆိတ်ငြိမ်သက်သွားကာ နှစ်ဦးစလုံး ဘာမှမဖြစ်သကဲ့သို့ ပြုမူကြသည်။
"ငါ ဒိုက်ဘာ ဝတ်လိုက်ဦးမယ်။"
တိတ်ဆိတ်မှုကို မခံနိုင်တော့ဘဲ ရှန်ချင်းဟန်သည် အနှီးကို ကောက်ယူ၍ အခန်းပြင်ထွက်သွားသည်။
ဆယ်မိနစ်ခန့်ကြာသောအခါ သူမသည် ဒိက်ဘာဝတ်၍ ပြန်လာသည်။
"၁၁ နာရီလောက် ရှိပြီ၊ နင်ဒီနေ့ သွေးတွေ အများကြီးထုတ်ထားတာ၊၊ နင့်ရဲ့ ခန္ဓာကိုယ် ပြန်ကောင်းလာဖို့၊ စောစောအိပ်ပြီး အနားယူဖို့ လိုတယ်"
"အိုခေ"
နှစ်ဦးစလုံး စကားစမြည်ပြောကြပြီးနောက် မီးများအမြန်ပိတ်ကာ အခန်းထဲရှိ တိတ်ဆိတ်မှုကို ရှောင်ရှားရန် အိပ်ရာဝင်ခဲ့ကြသည်။ လင်းဇီချန် အိပ်ပျော်သွားသော်လည်း ရှန်ချင်းဟန် အိပ်မရသေးပေ။
ဤအခိုက်အတန့်တွင် သူမ၏ စိတ်ထဲတွင် အိတ်ထဲရှိ အထုပ်သေးသေးလေးအကြောင်း တွေးမိနေ၍ ဂနာမငြိမ်ဖြစ်ကာ အိပ်မပျော်နိုင်ပေ။ သူမသည် ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက်ဖြင့် နောက်ဆုံးတွင် သူ့ဘေးတွင် အိပ်နေသောလင်းဇီချန်နှင့် မျက်နှာချင်းဆိုင်မိကာ တိတ်တဆိတ် နမ်းချင်စိတ် ပေါ်လာသည်။
သို့သော် သူမ စဉ်းစားမိလိုက်သည်နှင့် ချက်ချင်းပင် အတွေးများကို အမြန်ဖယ်ရှားလိုက်သည်။ တစ်ဖက်သတ် ခိုးနမ်းခြင်းထက် နှစ်ဦးစလုံး ဆန္ဒရှိမှ အပြန်အလှန် အနမ်းပေးရခြင်သည် ပိုကောင်းမည်ဖြစ်သည်။
ရက်အနည်းငယ်ကြာသောအခါ၊ ကောလိပ်ဝင်ခွင့် စာမေးပွဲ အောင်စာရင်း ထုတ်ပြန်ခဲ့သည်။ စာရင်းတွင် ဖြေဆိုသူများ၏စံနှုန်းများနှင့် ထိပ်တန်း တက္ကသိုလ်များသို့ ဝင်နိုင်သူ အရေအတွက်ကိုသာ ဖော်ပြခဲ့သည်။
ခါတိုင်းကဲ့သို့၊ ပြည်နယ်တွင်းရှိ ထိပ်တန်းဆယ်ယောက်၏ ရမှတ်များကို ဖုံးကွယ်ထားသည်။၊ ပထမနေရာနှင့် ဒုတိယနေရာအပြင် တတိယနေရာကို ရရှိသူများကိုလည်း မသိနိုင်ခဲ့ပေ။
သို့သော် တက္ကသိုလ်အသီးသီးမှ ဝင်ခွင့်ရုံးဝန်ထမ်းများသည် ခြွင်းချက်အနေဖြင့် ထိုအချက်များကို သိရှိနေကြသည်။
ရလဒ်ထွက်ပြီးနောက် နောက်ထပ်တစ်ရက်အကြာတွင်...ကျိုတိုတက္ကသိုလ်နှင့် ရှန်ဟိုင်းတက္ကသိုလ်တို့မှ လူသစ်စုဆောင်းရေးအရာရှိများသည် လင်းဇီချန်၏နေအိမ်သို့ အလှည့်ကျသွားရောက်ခဲ့၍ ၎င်းတို့၏ကျောင်းများတွင် စာရင်းသွင်းစေရန် အကျိုးကျေးဇူးများစွာကို ကမ်းလှမ်းခဲ့ကြသည်။
ရှန်ချင်းဟန်သည် ရှန်ဟိုင်းတက္ကသိုလ်တွင် ပညာသင်ကြားရန် ဆုံးဖြတ်ထားပြီးဖြစ်သောကြောင့် လင်းဇီချန်က နှစ်ခါမစဉ်းစားဘဲ ရှန်ဟိုင်းတက္ကသိုလ်ကို ချက်ချင်းရွေးချယ်ခဲ့သည်။ အကြောင်းမှာ ဤတက္ကသိုလ်သည် အိမ်နှင့်နီးကြောင့်လည်းကောင်း၊၊ သူ့၏ ငယ်သူငယ်ချင်းချစ်သူ ရှိသောကြောင့်လည်းကောင်း၊ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ရှန်ဟိုင်းတက္ကသိုလ်မှ လူသစ်စုဆောင်းရေးအရာရှိကို နှုတ်ဆက်ပြီးနောက် လင်းဇီချန်သည် အိမ်မှ သူ့စက်ဘီးကို ထုတ်ယူကာ ရှန်ချင်းဟန်ကို ဟယ့်ယွီ၏ သိုင်းပညာ အားကစားရုံသို့ ခေါ်ဆောင်သွားရန် ပြင်ဆင်ခဲ့သည်။
သူတို့နှစ်ဦးစလုံးသည် ဟယ့်ယွီ၏ ကုမ္ပဏီနှင့် ထောက်ခံမှုစာချုပ်များ ချုပ်ဆိုခဲ့ကြကာ ယနေ့တွင် ပရိုမိုးရှင်းပွဲတစ်ခုကျင်းပရန် သွားခဲ့ကြသည်။ ထိပ်တန်းကျောင်းသားဖြစ်ကြောင်း အသုံးချ၍ မကြော်ငြာဟု ဆုံးဖြတ်ခဲ့ကြသည်။ ထိုကဲ့သို့ပြုလုပ်မည်ဆိုလျှင် အလွန်အမင်း အန္တရာယ်များသွားနိုင်သည်။
၎င်းတို့အပြင် ထိပ်တန်းတက္ကသိုလ်သို့ ဝင်ခွင့်ရထားသော လီချူရှင်းသည်လည်း ဟယ့်ယွီ ခန်းမနှင့် စာချုပ်ချုပ်ဆိုထားသည်။ ၎င်းတို့အားလုံးသည် အဖွဲ့၀င်များကို မျက်နှာသာပေးရန်အတွက် ချုပ်ဆိုခဲ့ကြသည်။
"ဟေ့၊ ငါစက်ဘီးစီးတော့မယ်၊ နင်ဖုန်းမကြည့်နဲ့တော့ မြဲမြဲကိုင်ထား"
ရှန်ချင်းဟန်က စက်ဘီးနောက်ခုံ၌ ဖုန်းကို ကိုင်ကာ စာရိုက်နေသည်ကို မြင်သောအခါ လင်းဇီချန် သတိပေးလိုက်သည်။ သူ့စကားကြားပြီးနောက် ရှန်ချင်းဟန်သည် ဖုန်းကို အိတ်ထဲထည့်လိုက်ကာ လင်းဇီချန်၏ခါးကို သိုင်းဖက်၍ ပြောသည်။
"ငါ သေချာ ကိုင်ထားပြီးပြီ၊ သွားရအောင်"
လင်းဇီချန်သည် စက်ဘီးလက်ကိုင်ကို သေချာကိုင်၍ ခြေနင်းကိုနင်းကာ အမြန်နှုန်းနဲ့ ရွေ့လျားသွားသည်။ သို့သော် မသွားရသေးခင်၌ပင် တိုက်တိုက်ဆိုင်ဆိုင် လူအုပ်ကြီးတစ်စုသည် ၎င်းတို့၏ တားဆီးလိုက်သည်။
၎င်းတို့အနက်မှ တစ်ဦးသည် တာအိုခရစ်ယာန် ဘုန်းကြီးဆံပင်ပုံစံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ယဉ်ကျေးသော အပြုံးဖြင့် သူ့ထံသို့ ချဉ်းကပ်လာ၍ မေးလိုက်သည်။
"မင်္ဂလာပါ မင်းက လင်းဇီချန်လား"
"ဟုတ်တယ်၊ ဒါပေမယ့် ခင်ဗျားကကော ဘယ်သူလဲ"
သက်လတ်ပိုင်းအရွယ် အမျိုးသားသည် ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြန်ပြောလိုက်သည်
"ငါ့ကိုယ်ငါမိတ်ဆက်ပါရစေ။ ရှန်ဟိုင်းတက္ကသိုလ်က သိုင်းပညာကောလိပ်ရဲ့ ဌာနမှူး လျို့ချွမ်ဝူပါ။ ကျောင်းအပ်ဖို့ကိစ္စ ဆွေးနွေးဖို့ ဒီကို လာခဲ့တာပါ"
“သိုင်းပညာကောလိပ်” လင်းဇီချန်အနည်းငယ် စိတ်ရှုပ်သွားသည်။ "အခုနကမှ ရှန်ဟိုင်းတက္ကသိုလ်ကဆိုပြီး လာစုံစမ်းတယ်။ ခင်ဗျားရဲ့ ဆင့်ကဲကောလိပ်ကိုတက်ဖို့ ဆုံးဖြတ်ထားပြီးသားပါ။"
"ငါက အခု ရှန်ဟိုင်းတက္ကသိုလ်ရဲ့ ကိုယ်စားအနေနဲ့လာခဲ့တာ မဟုတ်ဘူး၊ ကောင်းကင်လူသားအစည်းအရုံးမှာ ငါနဲ့အတူတူ ပူးပေါင်းဖို့ လာခေါ်တာပါ”
“ကောင်းကင်လူသားအစည်းအရုံး” လင်းဇီချန်သည် တစ်နေရာရာတွင် ရင်းရင်းနှီးနှီး ကြားဖူးသကဲ့သို့ ခံစားနေရသည်။ ခဏလောက်တွေးပြီးနောက်၌ပင် လျှင်မြန်စွာ ပြန်လည်သတိရလာသည်။
ကောင်းကင်လူသားအစည်းအရုံးသည် ရှေးရိုးစွဲအဖွဲ့အစည်းတစ်ခုဖြစ်ကာ သတင်းများတွင် မကြာခဏဖော်ပြလေ့ရှိသည်။
မျိုးဗီဇပေါင်းစပ်မှုကို ဆန့်ကျင်နေသော အဖွဲ့အစည်းတစ်ခုဖြစ်၏။