← Chapters

အပိုင်း ၁၀၆-၁၀၈

Vol. 8 Ch. 106-108

အပိုင်း ၁၀၆-၁၀၈

Vol. 8 Ch. 106-108

အခန်း (၁၀၆) မူလမြေ၏လျှို့ဝှက်ချက်

ဘဝရဲ့ မူလအစဟုတ်လား။

“ဆန်းကြယ်သားရဲတွေက ဘယ်ကလာတာလဲ” လင်းဇီချန်သည် မယုံနိုင်လောက်သော လျှို့ဝှက်ချက်တစ်ခုကို ကြားလိုက်ရသကဲ့သို့ ခံစားလိုက်မိသည်။

ယင်းမတိုင်မီက လူသားများအတွက် ဆန်းကြယ်သားရဲများသည် လျှို့ဝှက်နက်နဲသောအကြောင်းအရာမျိုးဖြစ်၍ ၎င်းတို့အကြောင်း များစွာမသိကြပေ။ သို့သော် လျို့ချွမ်ဝူ၏အဖြေအရ လူသားများသည် ဆန်းကြယ်သားရဲများအကြောင်း သေချာနားလည်ထားပုံရသည်ဟု ထင်ရ၏။ အနည်းဆုံး ၎င်းတို့သည် ဆန်းကြယ်သားရဲများမှာ မူလမြေမှလာခြင်းဖြစ်ကြောင်းနှင့် မူလမြေထဲသို့ ဝင်နိုင်ကြောင်း သိထားကြသည်။ ရှန်ချင်းဟန်၏ ဆရာတူအစ်မ၌ မူလမြေအတွင်း ရိုက်ထားသော ဓာတ်ပုံရှိနေခြင်းသည် လူသားများ မူလမြေထဲသို့ အမှန်တကယ်ဝင်နိုင်ကြောင်း သက်သေပြနေခြင်းဖြစ်ဖြစ်သည်။

"စျေးကွက်ထဲမှာ ရောင်းနေတဲ့ ဆန်းကြယ်သားရဲ အသားတွေက မူလမြေက လာတာလား" လင်းဇီချန်က ရုတ်တရက် သတိရသွား၍ လျို့ချွမ်ဝူကို စူးစူးစိုက်စိုက်ကြည့်ကာ မေးလိုက်သည်။

"ဟုတ်တယ်၊ မူလမြေကလာတာပဲ။ ကမ္ဘာမြေပေါ်မှာ ရှိတဲ့ ဆန်းကြယ်သားရဲတွေက နည်းလို့ အထက်တန်းလွှာတွေအတွက်တောင် မလုံလောက်နိုင်ဘူး၊ သာမန်ပြည်သူတွေကို ရောင်းဖို့ဆိုတာ ပိုလို့တောင် မဖြစ်နိုင်ဘူး"

‘သာမန်ပြည်သူတွေကို ရောင်းတယ်ဟုတ်လား’

‘စျေးအသက်သာဆုံး အနုမြူကင်းမွန်အသားတောင် ၅၀၀ ဂရမ်ကို ၉၉၈ ယွမ် ၊ သာမန်ပြည်သူက ဘယ်လိုလုပ် ဝယ်နိုင်မှာလဲ’

‘ချမ်းသာသူတွေလောက်ပဲ ဝယ်နိုင်ကြမှာမလား…”

စဥ်းစားပြီးနောက် လင်းဇီချန် ထပ်မံမေးမြန်းသည်။

"မူလမြေကို ကျွန်တော် အရမ်းစိတ်ဝင်စားတယ်၊ နောက်ထပ်ကြည့်လို့ရတဲ့ ဗီဒီယိုတွေရှိလား"

"မရှိဘူး" လျို့ချွမ်ဝူ ခေါင်းခါလိုက်သည်။

“မူလမြေမှာဆိုရင် အီလက်ထရွန်းနစ် စက်ပစ္စည်းတိုင်းက ချွတ်ယွင်းသွားတာဆိုတော့ ဓာတုဗေဒ တုံ့ပြန်မှု အများအပြားကလည်း ပုံမှန်အတိုင်း မလုပ်ဆောင်နိုင်ဘူး”

"အဲ့နေရာက တကယ်ထူးဆန်းနေတာလား" လင်းဇီချန် မယုံနိုင်မကြည်နိုင်ဖြစ်လျက်ရှိသည်။

မကြာမီ၌ပင် သူသည် တစ်စုံတစ်ခု မူမမှန်ဖြစ်နေသည်ကို သတိပြုမိသွားသည်။ အီလက်ထရွန်းနစ် စက်ပစ္စည်းများ ချွတ်ယွင်း၍ ဓာတုတုံ့ပြန်မှုများ မဖြစ်ပေါ်နိုင်ပါက ရှန်ချင်းဟန်၏ ဆရာတူအစ်မသည် မူလမြေ၌ မည်ကဲ့သို့ ဓာတ်ပုံရိုက်နိုင်မည်နည်း။

ထိုအကြောင်းကို သတိရသွားလိုက်သည်နှင့် ထပ်မံမေးမြန်းလိုက်သည်။

"ဒါပေမယ့် မကြာခင်ကမှ သူငယ်ချင်းတစ်ယောက်က မူလမြေမှာ ရိုက်ထားတဲ့ သူ့ဓာတ်ပုံတစ်ပုံ လာပို့တယ်၊ အဲ့တာကကျ ဘယ်လိုဖြစ်တာလဲ"

လျို့ချွမ်ဝူ ရှင်းပြသည်။

"ဒီပုံတွေကို အများအားဖြင့် လက်နဲ့ ရေးဆွဲကြတယ်။ သဘာဝပတ်ဝန်းကျင်ကို ပန်းချီဆွဲတာ၊ မြေပုံတွေနဲ့ တခြားကိရိယာတွေ ရေးဆွဲဖို့ မူလမြေမှာ ပန်းချီဆရာတွေအများကြီးရှိတယ်”

"ဒီပန်းချီဆရာတွေရဲ့ အရည်အချင်းတွေက မယုံနိုင်လောက်အောင်ကို တော်ကြတာပဲ။ ဓာတ်ပုံတွေနဲ့တူတဲ့ ပန်းချီကားတွေကို ဖန်တီးနိုင်တယ်။"

"မင်းသူတို့ကို ပိုက်ဆံပေးလိုက်တာနဲ့ မင်းလိုချင်သမျှ ပန်းချီကားကို သူတို့ ဆွဲပေးနိုင်ပါတယ်။" လျို့ချွမ်ဝူ ပြုံးလျက် ပြောသည်။

"တချို့ကတော့ သူတို့ချစ်သူရဲ့ ဓာတ်ပုံကို ယူသွားပြီး မူလမြေထဲက ပန်းချီဆရာတွေကို ပြပြီးတော့ သူတို့ရဲ့ စိတ်ကူးယဥ်ပုံတွေဆွဲခိုင်းကြတယ်”

ရှန်ချင်းဟန်သည် နားထောင်လျက် အနည်းငယ် ရှက်သွားသည်။ လင်းဇီချန်က ယင်းကို စစ်ကြည့်ချင်သောကြောင့် WeChat ကို အမြန်ဖွင့်ကာ ရှန်ချင်းဟန် ပို့ခဲ့သော ဓာတ်ပုံကို ပြန်ရှာလိုက်သည်။ ဓာတ်ပုံကို ချဲ့ကြည့်လိုက်သည်နှင့် အမှန်တကယ်ပင် ပန်းချီဖြစ်နေကြောင်း သတိထားမိသည်။ ပန်းချီကားသည် အမှန်ပင် လက်ရာမြောက်လွန်းသည်။ အနီးကပ်စစ်ဆေးခြင်းမရှိပါက ပန်းချီကားတစ်ချပ်ဟုပင် တပ်အပ် ပြောနိုင်မည်မဟုတ်ပေ။

"စကားမစပ်၊ မူလမြေက ဘယ်မှာလဲ" လင်းဇီချန် မော့ကြည့်လိုက်၍ လျို့ချွမ်ဝူကို မေးလိုက်သည်။

လျို့ချွမ်ဝူ ခေါင်းယမ်းလိုက်သည်။

"ငါ့မှာ ဒီမေးခွန်းအတွက် တိတိကျကျ အဖြေမရှိဘူး။ လူသားတွေ မူလမြေထဲကို ဝင်ရောက်နိုင်တဲ့နည်းလမ်းက ခရီးသွားစည်းချိပ်တွေကို အသုံးပြုပြီးတော့ ရောက်သွားတာ ဖြစ်နိုင်တယ်"

“အခုအချိန်အထိ မူလမြေက ကမ္ဘာမြေပေါ်မှာ ရှိမရှိ မသေချာသေးဘူး” လျို့ချွမ်ဝူ ဆက်လက်ပြောသည်။

"ဒါပေမယ့် အာဏာရှိသူတွေက တည်နေရာကို သိပြီးသားဖြစ်နိုင်တယ်။ သာမန်လူတွေ မသိအောင် ဖုံးကွယ်ထားတာ ဖြစ်နိုင်တယ်”

လင်းဇီချန်သည် ဤစကားများကို ကြားလိုက်သည်နှင့် တစ်စုံတစ်ခုကို စဥ်းစားလိုက်မိသော်လည်း ထိုအချိန်တွင်ပင် ဖုန်းမြည်လာသည်။ ဟယ့်ယွီထံမှ ဖုန်းခေါ်ဆိုမှုပင်ဖြစ်၏။

ဖုန်းကိုင်လိုက်သည်နှင့် ဟယ့်ယွီ၏ အသံကို ကြားလိုက်ရသည်။

"ချောမောတဲ့ အကိုနဲ့ လှပတဲ့ အမရေ၊ သိုင်းပညာရဲ့ ပြပွဲစတော့မယ်။ နင်တို့ ဘယ်တော့လာမှာလဲ"

"ငါတို့ အခုလာနေပြီ"

"ဒါဆို မြန်မြန်လုပ်"

"အိုကေ၊ ငါတို့အဲ့ကိုဆယ်မိနစ်အတွင်းရောက်မယ်"

လင်းဇီချန်သည် ဖုန်းချပြီးသည်နှင့်တစ်ပြိုင်နက် လျို့ချွမ်ဝူကို ပြောလိုက်သည်။

"ကျွန်တော်သွားရတော့မယ်၊ အခု WeChat အပ်လိုက်ရအောင်၊ ကျွန်တော်တို့ အချိန်ရရင် ပြန်ဆက်ပြောကြမယ်"

လျို့ချွမ်ဝူက လင်းဇီချန်၏ WeChat ကို စကန်ဖတ်၍ အပ်လိုက်ပြီးနောက် လင်းဇီချန် ထွက်ခွာခါနီးတွင် စာအုပ်အသစ်စက်စက်တစ်အုပ်ကို ထုတ်၍ ပေးလိုက်သည်။

"ဒါက သွေးသန့်စင်ခြင်းနည်းပညာရဲ့ ဘာသာပြန်ဗားရှင်းပဲ အသေးစိတ် လေ့ကျင့်မှုနည်းလမ်းတွေ ပါဝင်တယ်"

"ဒါပေမယ့်၊ ဒါကိုလေ့ကျင့်ဖို့ သတ်မှတ်ထားတဲ့ အဆင့်တစ်ခု ရှိတယ်၊ ဒါကို မလေ့ကျင့်ခင် မင်းန္ဓာကိုယ်အတွင်း လုံလောက်တဲ့ သွေးစွမ်းအား ရှိရမယ်။ ပျမ်းမျှ သွေးမျိုးဆက်အဆင့် စတုတ္ထအဆင့် ရောက်ဖို့လဲ လိုအပ်တယ်”

"ဒီနွေရာသီပိတ်ရက်အတွင်း အားရင် အဲဒါကို ကြိုပြီးလေ့လာကြည့်လို့ရတယ်။ မင်းရဲ့ပထမနှစ်စာသင်နှစ်စပြီး မင်းရဲ့သွေးမျိုးဆက်အဆင့်က ပျမ်းမျှစတုတ္ထအဆင့်အထိ တိုးတက်လာတာနဲ့ မင်းချက်ချင်းပဲ စတင် လေ့ကျင့်နိုင်မယ်"

ပျမ်းမျှ စတုတ္ထအဆင့်အတွက် စံနှုန်းများသည် အောက်ပါအတိုင်းဖြစ်သည်။

အလေးချိန် ၁၀၀၀ ကီလိုဂရမ်ကို လက်တစ်ဖက်ဖြင့် မခြင်း။

၅ စက္ကန့်အတွင်း မီတာ ၁၀၀ ပြေးခြင်း။

၅ မီတာအထိ အမြင့်ခုန်ခြင်း ။

လျို့ချွမ်ဝူသည် လင်းဇီချန်၏ စစ်ဆေးမှု အချက်အလက်ကို ကြည့်ရှုခဲ့ပြီးဖြစ်ကာ ပျမ်းမျှ စတုတ္ထအဆင့် သတ်မှတ်ချက်များနှင့် အလွန်နီးစပ်သည်။

လင်းဇီချန်သည် နွေရာသီအားလပ်ရက်တစ်လျှောက်လုံး လုံ့လစိုက်ထုတ်၍ ပြင်းထန်သောလေ့ကျင့်မှုကို စတင်ပါက သူ၏သွေးမျိုးဆက်အဆင့်သည် တက္ကသိုလ်ပထမနှစ်စတင်ချိန်တွင် ပျမ်းမျှစတုတ္ထအဆင့်သို့ ကျိန်းသေပေါက် ရောက်နိုင်မည်ဖြစ်သည်။

"အိုကေ အားရင် လုပ်ကြည့်လိုက်ပါ့မယ်" လင်းဇီချန် ပြန်ဖြေလိုက်သည်။

လင်းဇီချန်သည် စာအုပ်ကို ယူကာ ရှန်ချင်းဟန်၏ အိတ်ထဲသို့ ပေါ့ပေါ့ပါးပါး ထည့်လိုက်သည်။

‘စတုတ္ထအဆင့်ရောက်ရုံနဲ့ လေ့ကျင့်လို့ရပြီလား’

‘ငါက ဆဌမအဆင့် ရောက်နေပြီလေ’

“ဟယ့်ယွီရဲ့ သိုင်းအလေ့အကျင့်ကျောင်း ပြပွဲတက်ပြီးရင် ညစာစားမယ် အိမ်မှာရေချိုးပြီးတာနဲ့ ငါသွေးသန့်စင်ခြင်းဆိုတာကို လေ့ကျင့်နိုင်မလား စမ်းကြည့်မယ်"

ဟယ့်ယွီ၏ သိုင်းကျောင်း၊ ဧည့်ကြိုခန်းမရှေ့

လင်းဇီချန်နှင့် ရှန်ချင်းဟန် ဝင်လာသောအခါ ဟယ့်ယွီနှင့် လီချူရှင်းတို့က လက်ဖက်ရည်သောက်ကာ စကားစမြည်ပြောနေကြသည်ကို တွေ့လိုက်ရသည်။ လီချူရှင်းသည် ခါးတိုအင်္ကျီနှင့် ဂျင်းစကတ်တစ်ထည် ဝတ်ထား၍ သူမ၏သွယ်လျသော ခြေထောက်များတွင် အနက်ရောင်စတော်ကင်ကို ဖက်ရှင်ကျကျဝတ်ဆင်ထားရာ အမျိုးသားတစ်ဦး၏ အကြည့်ကို အလွယ်တကူ ဖမ်းစားနိုင်မည့်အနေအထားတွင်ရှိနေသည်။

လင်းဇီချန်သည် သူမကို ရုတ်တရက် လှမ်းကြည့်ကာ ဆွဲဆောင်မှုရှိသည်ဟု သတိထားမိသော်လည်း အထူးတလည်စိတ်မဝင်စားခဲ့ပေ။ ရွယ်တူများကြားထဲတွင် ရှန်ချင်းဟန်ကဲ့သို့ လှပသော ကိုယ်ခန္ဓာမျိုးမရှိလျှင် သူ့ကို ဆွဲဆောင်နိုင်လိမ့်မည်မဟုတ်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် ဟယ့်ယွီကမူ ချေးများနေခြင်းမရှိ၊ လီချူရှင်း၏ အနက်ရောင်စတော်ကင်ဝတ်ထားသော ခြေထောက်များကို မသိမသာကြည့်နေ၏။ တိတ်တဆိတ် ငေးကြည့်နေချိန်တွင် ဟယ့်ယွီက အာရုံလွှဲ၍ ကျန်နှစ်ဦးကို ကြည့်လိုက်သည်။

"နင်တို့နှစ်ယောက် ရောက်လာပြီလား၊ ငါတို့ စောင့်နေတာကြာပြီ"

လင်းဇီချန်က ပြုံး၍ ပြန်ပြောသည်။

"တောင်းပန်ပါတယ် ကိစ္စတခုရှိလို့ နောက်ကျသွားခဲ့တာပါ"

"ဇီချန်၊ ဟန်ဟန် ၊ နင်တို့နှစ်ယောက်က တကယ်ကိုအရမ်းလိုက်ဖက်နေတဲ့ စုံတွဲပဲ။ ပြောရရင် တက္ကသိုလ်ပြီးတာနဲ့ တန်းလက်ထပ်ဖို့ အကြံပေးပါရစေ။ ငါကတော့ နင်တို့ရဲ့လက်ထပ်ပွဲမှာ သတို့သမီးအရံ လာလုပ်မယ်”။

ရှန်ချင်းဟန်သည် ထိုစကားကိုကြားသောအခါ အနည်းငယ် ရှက်သွားသော်လည်း သူမ၏ နှလုံးသားသည် ချိုမြိန်မှုများဖြင့် ပြည့်နှက်နေသည်။ တစ်ချိန်တည်း၌ပင် သူမသည် လင်းဇီချန်နှင့်အတူ လှပသော ခန်းမထဲကို လျှောက်လှမ်းကာ လက်ထပ်နေသော အနာဂတ်ကို စိတ်ကူးယဉ်လိုက်သည်။

"အားလုံး ရောက်ပြီဆိုတော့ ပွဲ စလိုက်ရအောင်"

သူတို့အားလုံး စကားစမြည်ပြောကာ ရယ်မောနေကြစဉ် ဟယ့်ယွီ၏ ဖခင်ဖြစ်သူသည် သိုင်းညာကျောင်းအတွင်းမှ ထွက်လာ၍ လူတိုင်းအား ပြောခဲ့သည်။

သူ့ဘေး၌ မတ်တပ်ရပ်နေသော ဟယ့်ယွီ၏မိခင်သည် သူ့ကို တစ်ချက်ကြည့်၍ ဆူပူလိုက်၏။

"ဘာတွေ ဒီလောက် တက်တက်ကြွကြွလုပ်နေတာလဲ။ ဇီချန်နဲ့ ဟန်ဟန်က အခုမှ ရောက်တာလေ။ ခဏလောက် ထိုင်ပြီးတော့ နားခိုင်းလိုက်ပါဦး”

ခင်ပွန်းကို ဆူပူကြိမ်းမောင်းပြီးနောက် သူမသည် စားပွဲ၌ရှိနေသူများဆီသို့ မျက်နှာပြုကာ နွေးထွေးမှုနှင့် ပြုံး၍ ဧည့်ခံလိုက်သည်။

"အန်တီ ရပါတယ်၊ ကျွန်တော်တို့ အခု တော်တော်နောက်ကျနေပါပြီ အခုပဲ ပွဲ စလိုက်ကြရအောင်"

လင်းဇီချန်သည် ကိုယ့်ကြောင့် နှောင့်နှေးကြန့်ကြာခြင်းသည် မသင့်လျော်ဟု ခံစားမိသော်လည်း အိမ်ရှင်သည် ထိုသို့ ဧည့်ခံမှု ပြုနေခြင်းကြောင့် အချိန်ထပ်မဆွဲသင့်တော့ပေ။ သို့သော်လည်း ဟယ့်ယွီ၏မိခင်သည် ပြုံးရွှင်လျက်ပြောလိုက်၏။

"ရပါတယ် အလျင်စလိုလုပ်စရာမလိုပါဘူး။ ထိုင်ပြီး အနားယူပါ၊ အမောပြေဖို့ ဖရဲသီးနည်းနည်းစားလိုက်ပါဦး"

ထိုသို့ပြောပြီးနောက် သူမသည် ပွဲဘက်သို့ လှည့်ထွက်သွားခဲ့သည်။ ဟယ့်ယွီ၏ အမေ ထွက်သွားသောအခါ လင်းဇီချန် စိတ်အေးလက်အေးဖြစ်သွားသည်။ ဟယ့်ယွီဖခင်သည် သူ့အမေကဲ့သို့ လူမှုဆက်ဆံရေးတွင် မတော်သော်လည်း ရိုးသားသည်။ ပွဲ မစသေးသည်ကို မြင်လိုက်ရသဖြင့် တိတ်တဆိတ်ထိုင်၍ သူ့ဖုန်းကို ကြည့်လိုက်သည်။ လင်းဇီချန်သည် ဟယ့်ယွီ၏ဖခင် ဆဌမအဆင့် သိုင်းပညာရှင်တစ်ဦးဖြစ်ကြောင်း သတိရသောကြောင့် ကောင်းကင်လူသားအဖွဲ့အစည်းအကြောင်း စကားစမြည်ပြောရန်စကားဝိုင်းထဲသို့ ဝင်လိုက်သည်။

ခဏကြာစကားပြောပြီးနောက် ဟယ့်ယွီ၏ဖခင်သည် အမှန်တကယ် ကောင်းကင်လူသားအဖွဲ့အစည်း၏ အဖွဲ့ဝင်ဖြစ်ကြောင်း သိရှိလိုက်ရသည်။ သို့သော် သူသည် ပြင်ပအဖွဲ့ဝင်တစ်ဦးသာဖြစ်သည်။ စကားဆက်ကြပြီးနောက် သူ၏ဖခင်သည် ကောင်းကင်လူသားအဖွဲ့အစည်းနှင့်ပတ်သက်၍ ခံစားချက်မရှိလှကြောင်း လင်းဇီချန် သိရှိခဲ့ရသည်။ သူသည် သွေးမျိုးစပ်အပြင် စက်ရုပ်လူသားလည်းမဟုတ်သောကြောင့် အခြားရွေးချယ်စရာမရှိ၍ ကောင်းကင်လူသားအဖွဲ့အစည်း၌ ပါဝင်ခဲ့ရခြင်းဖြစ်သည်။

“သွေးသန့်သော လူသားများသည် အနာဂတ်ဖြစ်သည်" ကဲ့သို့သော စကားစုများသည် သွေးမျိုးစပ်များကို မျက်နှာသာမပေးသောကြောင့် သူ၏ဖခင်သည် အဓိပ္ပါယ်မရှိဟု ယူဆခဲ့သည်။

ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင် သွေးမျိုးစပ်ခြင်းသည် ပင်မရေစီးကြောင်းဖြစ်၍ သွေးမျိုးစပ် ဖြစ်လာမှသာလျှင် ထိပ်တန်းအဆင့်သို့ မြင့်တက်နိုင်သည်။ သို့မဟုတ်လျှင် သိုင်းပညာကောလိပ်တစ်ခုသာဖွင့်ကာ ကျောင်းသားများကို သင်ကြားခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပညာကို တတ်နိုင်သမျှ ဝင်ငွေရှာနိုင်သည့် သတိမပြုမိသော သိုင်းပညာရှင်တစ်ဦးသာသာဖြစ်မည်။

အခန်း (၁၀၇) သူ့ကို မျက်နှာပျက်အောင်လုပ်စမ်းပါ

ညနေခင်းအချိန်တွင် အခန်းထဲ၌။

လင်းဇီချန်သည် နံရံကို ကျောပေးလျက် ကုတင်ပေါ်တွင် ထိုင်ကာ လျို့ချွမ်ဝူပေးသော သွေးသန့်စင်ခြင်း ကျင့်စဥ်စာအုပ်ကို စိတ်ဝင်စားစွာဖတ်နေသည်။ စာအုပ်သည် ရှေးဟောင်းမူရင်းမဟုတ်သော်လည်း ခေတ်သစ်စာသားဖြင့်ဘာသာပြန်ထားသော စာအုပ်တစ်အုပ်ဖြစ်၍ မှတ်စုများဖြည့်စွက်ထားသည်။

"ကောင်းကင်လူသားအဖွဲ့အစည်း၏ ဉာဏ်ပညာအရင်းအမြစ်" အကျိုးသက်ရောက်မှုအကြောင်း

လင်းဇီချန်သည် တစ်ချက်ကြည့်လျှင် စာကြောင်း ဆယ်ကြောင်းနှုန်းဖြင့် အမြန်ဖတ်နိုင်သည်။

နာရီဝက်မပြည့်မီတွင် သူသည် သွေးသန့်စင်ခြင်း ကျင့်စဥ်စာအုပ်အထူတစ်အုပ်လုံးကို ဖတ်ပြီးသွားခဲ့သည်။

သွေးသန့်စင်ခြင်း ကျင့်စဥ်ကို အဆင့်သုံးဆင့် ခွဲထားကြောင်း လေ့လာသိရှိခဲ့သည်။

ပထမအဆင့်။ သွေးစွမ်းအား ရှိကြောင်း သတိပြုပြီး ထိန်းချုပ်ရန် ကြိုးစားပါ။

ဒုတိယအဆင့်။ သွေးသန့်စင်ခြင်းကို လုပ်ဆောင်ရန် သွေးစွမ်းအားကို စတင်အသုံးပြုပြီးနောက် ခန္ဓာကိုယ်နှင့်အရိုးအထိ ထိန်းချုပ်ပါ။

ခန္ဓာကိုယ်သည် အင်အားနည်းသည်ဖြစ်စေ မနည်းသည်ဖြစ်စေ လုံလောက်သော သွေးစွမ်းအားများရှိနေသရွေ့ အောင်မြင်နိုင်ချေရှိကာ အချိန်အတိုင်းအတာတစ်ခုသာ လိုသည်။ ခက်ခဲသောအပိုင်းမှာ အရိုးအထိ ထိန်းချုပ်ခြင်းဖြစ်သည်။ လုံလောက်သောအရည်အချင်းမရှိလျှင် သွေးစွမ်းအင်ကို ထိန်းချုပ်၍ အရိုးများကို သန့်စင်ရန် မဖြစ်နိုင်ပေ။

အရိုးများကို ထိန်းညှိပေးသည့် သွေးစွမ်းအားနှင့်ပင်လျှင် လူတိုင်းသည် ၎င်းနှင့်အတူပါလာသော ပြင်းထန်သောနာကျင်မှုကို ခံနိုင်ရည်မရှိကြပေ။ သို့သော် စွမ်းဆောင်မှု ပိုခက်ခဲလေ၊ ပြီးမြောက်သောအခါ၌ အကျိုးကျေးဇူးများ မြင့်မားလေဖြစ်သည်။ သွေး၊ ကိုယ်ခန္ဓာနှင့် အရိုးများ အားလုံး ချုပ်ငြိမ်းသွားသည်နှင့် သိုင်းပညာအဆင့်သည် အခြေခံအဆင့် နဝမအဆင့်သို့ ရောက်ရှိသွားနိုင်သည်။

အကယ်၍ လူတစ်ဦးသည် ဒုတိယကျင့်စဉ်ကို ခံနိုင်ရည်ရှိပါက သူ၏သိုင်းပညာသည် သွေးမျိုးစပ်တစ်ယောက်နှင့်ယှဉ်ပြိုင်နိုင်သည်။ ၎င်းထက် ပိုမို ထူးခြားသည်မှာ တတိယအဆင့် ကျင့်စဉ်ဖြစ်၍၊ ၎င်းသည် အဆင့်မြင့်အဆင့် ပထမအဆင့် သွေးမျိုးစပ်တစ်ယောက်ထက် ပိုမိုအစွမ်းထက်လာနိုင်သည်။ ရှေးခေတ် မှတ်တမ်းများအရ လူတစ်ဦး ခန္ဓာကိုယ်သန့်စင်ခြင်း အကြိမ်ရေသည် ငါးကြိမ်အထိ ရှိနိုင်သည်။

သို့သော် ဆယ်စုနှစ်များစွာ အားထုတ်လေ့ကျင့်ပြီးနောက် ယခုအချိန်အထိ လျို့ချွမ်ဝူသာလျှင် တတိယအဆင့်ထိ အားထုတ်နိုင်သည်။ တတိယအဆင့်ဖြင့် နောက်တစ်ဆင့်တိုး၍ စတုတ္ထအဆင့်လေ့ကျင့်ပါက အဆင့်မြင့် သွေးမျိုးစပ်များကိုပင် ယှဉ်ပြိုင်နိုင်မည်ဟု မျှော်မှန်းခဲ့သည်။

တတိယအဆင့်။ ။ ခန္ဓာကိုယ်သန့်စင်ခြင်း ပြီးဆုံးပါက ခန္ဓာကိုယ်၏ သွေးကြောကိုဖွင့်ရန် သွေးစွမ်းအားကို ထိန်းချုပ်ပါ။

စုစုပေါင်း သွေးကြော ၃၆၆မျိုး ရှိ၍ သွေးကြောတစ်ခုစီဖွင့်ခြင်းမှရရှိသောစွမ်းအားသည် သွေးမျိုးစပ်ခြင်းတစ်ကြိမ်ပြုလုပ်ခြင်းဖြင့် နှိုင်းယှဉ်နိုင်သည်။ သွေးကြောအားလုံးကို ဖွင့်ပြီးသည်နှင့် သွေးသန့်စင်ခြင်းကျင့်စဉ်ကို အောင်မြင်နိုင်မည်ဖြစ်သည်။ စာအုပ်ထဲမှ မှတ်ချက်များကို အဆင့်တစ်ဆင့်ကို ကျင့်ကြံနိုင်ရုံဖြင့် သာမန်လူသားထက် သာလွန်သော အဆင့်မြင့် သွေးသန့်လူသားအဖြစ် တိုးတက်ပြောင်းလဲလာမည်ဟု ယူဆ၍ရသည်။

သွေးသန့်စင်ခြင်းကျင့်စဉ်ကို နားလည်ပြီးနောက် လင်းဇီချန်သည် သွေးစွမ်းအားကို အာရုံခံသည့် ပထမအဆင့်ကို စတင်ကြိုးစားခဲ့သည်။ မျက်လုံးကိုမှိတ်ထား၍ စိတ်ကို ငြိမ်သက်စေကာ အာရုံစူးစိုက်မှုပြုသည်။

စာအုပ်ပါ လမ်းညွှန်ချက်အတိုင်း သူ၏ ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော သွေးစွမ်းအားများကို သိရှိရန် သူ၏ ဝိညာဉ်စွမ်းအားကို အသုံးပြုခဲ့သည်။

သုံးစက္ကန့်အတွင်း၌ပင် သွေးစွမ်းအားကို အောင်မြင်စွာ ခံစားသိရှိနိုင်ခဲ့သည်။ ဤအရာက သူထင်ထားသည်ထက် များစွာလွယ်ကူနေ၏။

သွေးစွမ်းအားကို အာရုံခံပြီးနောက် နောက်တစ်ဆင့်မှာ ၎င်းကို ထိန်းချုပ်ရန် ကြိုးစားခြင်းဖြစ်သည်။

ဤအဆင့်သည် အနည်းငယ် စိန်ခေါ်မှုဖြစ်ခဲ့သည်။

လင်းဇီချန်သည် နာရီဝက်ကြာကြိုးစားပြီးနောက်တွင် သူ၏ခန္ဓာကိုယ်ရှိ သွေးစွမ်းအားကို ထိန်းချုပ်နိုင်ခဲ့သည်။ သွေးစွမ်းအားကို ထိန်းချုပ်နိုင်ခြင်းကြောင့် ခန္ဓာကိုယ်သန့်စင်ခြင်းကို လုပ်ဆောင်နိုင်တော့မည်။

လင်းဇီချန်က ထပ်မစောင့်တော့ဘဲ ချက်ချင်းဆိုသကဲ့သို့ပင် ခန္ဓာကိုယ်ပြန်လည်သန့်စင်ခြင်းကို စတင်လိုက်သည်။

ပထမဆုံးသည် သူ၏ညာဘက်လက်တစ်ခုလုံးရှိ အရေပြားဖြစ်သည်။

သန့်စင်ခြင်းလုပ်ငန်းစဉ်တွင် အရေပြားသည် အနည်းငယ် နာကျင်သည့်အပြင် ပူလောင်သော ခံစားချက်ကို ခံစားရသည်။

[သင်သည် သွေးစွမ်းအားကို အသုံးပြု၍ အရေပြားကို တောင့်တင်းအောင်ပြုလုပ်နေသည်၊ အရေပြား တောင့်တင်းမှု +၁၊ သွေးသန့်စင်ခြင်း ကျွမ်းကျင်မှု +၁...]

နာရီဝက်ခန့်ကြာပြီးနောက် သွေးသန့်စင်ခြင်း ပြီးဆုံးသွားသည်။

သူ၏ ညာလက်တစ်ခုလုံးရှိ အရေပြားသည် တစ်ချက်ကြည့်ရုံမျှဖြင့် ပြောင်းလဲမှုမရှိသော်လည်း ယခင်ကထက် သိသိသာသာ တောင့်တင်းလာသည်ကို ခံစားမိသည်။

ထိုအချိန်တွင် သူ့ခန္ဓာကိုယ်၏ သွေးစွမ်းအား ၁% ခန့်သာ အသုံးပြုရသေးသည်။

"အခု ငါ့ညာလက်ရဲ့ အရေပြား ဘယ်လောက်တောင် တောင့်တင်းလာပြီလဲ သိချင်လိုက်တာ၊ ဓားနဲ့ ထိုးကြည့်ရမယ်"

ထိုသို့တွေးပြီးနောက် လင်းဇီချန်သည် အောက်ထပ်ကို အမြန်ဆင်းကာ မီးဖိုချောင်ရှိ သစ်သီးဓားတစ်ချောင်းကိုယူ၍ ညာလက်ကို ထိုးကြည့်ခဲ့သည်။ ထို့နောက် သူ့လက်ပေါ်တွင် ခြစ်ရာအမှတ်အသားမှလွဲ၍ မည်သို့မျှမဖြစ်သည်ကို မြင်လိုက်ရ၏။

"တစ်ဆင့်ပဲ ကျင့်ကြံရသေးတာကို ဓားနဲ့ထိုးတာတောင် မထိခိုက်နိုင်ဘူး။ သုံးဆင့်အထိ သွေးသန့်စင်ပြီးတော့ လျို့ချွမ်ဝူက ဝူထျန်ချန်ရဲ့ အမွှေးအတောင်တွေကို ခံနိုင်ရည်ရှိနိုင်တယ်ဆိုတာ အံ့ဩစရာမရှိတော့ဘူး။ သွေးသန့်လူသားတွေပဲ ကျင့်ကြံလို့ရတဲ့ ဒီသွေးသန့်စင်တဲ့ ကျင့်စဉ်က တကယ်ကို ထူးခြားပါတယ်။ သွေးသန့်စင်ခြင်း ငါးကြိမ်လုပ်ပြီးရင် ခန္ဓာကိုယ်က ဘယ်လောက်တောင် တောင့်တင်းသွားမလဲ"

ထိုအတွေးကြောင့် လင်းဇီချန်သည် စိတ်အားထက်သန်လာ၍ သူ့အသားအရည်ကို ဆက်လက်တောင့်တင်းစေရန် အပေါ်ထပ်အခန်းသို့ ချက်ချင်းပြန်သွားခဲ့သည်။

ရှန်ဟိုင်းတက္ကသိုလ်။

သိုင်းပညာကောလိပ်၏ လေ့ကျင့်ရေးကွင်း။

သိုင်းဝတ်စုံကို ၀တ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် သူမ၏ဆံပင်ကို ခပ်မြင့်မြင့် စည်းထားကာ ကျက်သရေရှိရှိဖြင့် အပြင်းအထန် လေ့ကျင့်နေသည်။ သူမ စိတ်အားထက်သန်စွာ လေ့ကျင့်နေသောကြောင့် ချွေးများထွက်နေသည်။ ထိုအချိန်တွင် လျို့ချွမ်ဝူက ပျော်ရွှင်မှုအပြည့်ဖြင့် အပြင်ဘက်မှ လမ်းလျှောက်ဝင်လာခဲ့သည်။

"ပါမောက္ခကြီး၊ ဘာကြောင့် အဲ့လောက်ပျော်နေရတာလဲ"

အမျိုးသမီးသည် လေ့ကျင့်မှုကို ခေတ္တရပ်လိုက်၍ နဖူးမှ ချွေးများကို သုတ်ကာ စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်သည်။

လျို့ချွမ်ဝူက ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်

"ငါ့ရဲ့ စွမ်းအောင်မှုအောက်မှာ နန်ကျန်းပြည်နယ်ရဲ့ ကောလိပ်ဝင်ခွင့်စာမေးပွဲ ထိပ်တန်းအောင်မြင်သူနဲ့ ဒုတိယနေရာရတဲ့သူနှစ်ယောက် ငါတို့ရဲ့ ကောင်းကင်လူသားအဖွဲ့အစည်းကို ဝင်လာတော့မယ်”

"တကယ်လား"

ထိုအမျိုးသမီး၏ မျက်နှာသည် မယုံနိုင်လောက်အောင် ဖြစ်နေသည်။

လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း ကောင်းကင်လူသားအဖွဲ့အစည်းသည် လူမုန်းများနေသည်ကို သူမကောင်းကောင်းနားလည်သည်။ ထို့ကြောင့် ပထနေရာဖြင့် ကောလိပ်ဝင်ခွင့်စာမေးပွဲအောင်မြင်သည့် သူများသည် ကောင်းကင်လူသားအဖွဲ့အစည်းကို ပါဝင်၍ သွေးမျိုးစပ်ခြင်းလမ်းကြောင်းကို စွန့်လွှတ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

"ငါနဲ့ Wechat မှာတောင် အပ်ထားပြီးသွားပြီ” လျို့ချွမ်ဝူသည် ၎င်း၏ ဖုန်းစခရင်ကို ဖွင့်ကာ WeChat သူငယ်ချင်းစာရင်းကို ထိုအမျိုးသမီးအား ပြလိုက်သည်။

လင်းဇီချန်၏နာမည်ကို မြင်လိုက်ရသောအခါ ထိုအမျိုးသမီး မျက်လုံးပြူးသွားရသည်။ ကျောင်းအုပ်ကြီးက ဒုတိယအဆင့်ဖြင့်အောင်မြင်သူကို အမှန်တကယ် ဆွဲဆောင်နိုင်သည်မှာ အံ့ဩဖွယ်ကောင်းလှသည်။

"ကျောင်းအုပ်ကြီး၊ ဘယ်လိုများလုပ်လိုက်တာလဲ"

"ဒါက ငါ့ရဲ့ စွမ်းရည်ဘဲလေ"

"ဟားးး ကြွားမနေပါတော့နဲ့၊ အမှန်အတိုင်းပြောပါ"

အမျိုးသမီးသည် သူ၏ဝါကြွားခြင်းကို စိတ်မရှည်တော့ဘဲ ဖြစ်ရပ်မှန်ကိုသာ သိချင်လျက်ရှိသည်။

လျို့ချွမ်ဝူက အမှန်အတိုင်းပြော၏။

"ငါဘာမှ သိပ်မလုပ်ပါဘူး၊ ကောလိပ်က သူ့ကိုပေးနိုင်မယ့် အကျိုးကျေးဇူးတွေထက် ငါတို့ကောင်းကင်လူသားအဖွဲ့အစည်းက သုံးဆပေးမယ်လို့ ပြောလိုက်တာပဲ"

"သုံးဆ" အမျိုးသမီးက ခဏတာ ထိတ်လန့်သွား၍ စိုးရိမ်နေသည်။

"ကျောင်းအုပ်ကြီး၊ ကျွန်မတို့အဖွဲ့အစည်းရဲ့ ရန်ပုံငွေတွေ ကုန်လုနီးပါး ဖြစ်နေပြီ။ အခု အကြွေးတွေတောင် တင်နေတာကို။ အကျိုးအမြတ် သုံးဆပေးဖို့အတွက် ပိုက်ဆံ ဘယ်ကနေရမှာလဲ"

လျို့ချွမ်ဝူ ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

"စိတ်မပူပါနဲ့ ငါ့မှာ အစီအစဉ်ရှိပြီးသားပါ"

"ယွီယန်၊ သွေးသန့်စင်ခြင်းကျင့်စဉ်စာအုပ်ကို မင်းလက်ထဲရောက်ပြီး သွေးစွမ်းအားကို ခံစားနိုင်ဖို့ အချိန်ဘယ်လောက်ကြာခဲ့လဲ”

“အဲ့တာ လွန်ခဲ့တဲ့ ဆယ်နှစ်ကလေ။ ဒါပေမယ့် ကျွန်မမှတ်မိတာ မမှားရင် သွေးစွမ်းအားကို ခံစားနိုင်ဖို့ တစ်ပတ်လောက် ကြာခဲ့မယ်ထင်တယ်" အတိတ်ကိုပြန်သတိရပြီးနောက် စုန်ယွီယန်က ပြော၏။

"အဲ့တာကို ထိန်းချုပ်နိုင်ဖို့ရော ဘယ်လောက်ကြာလဲ"

"သွေးစွမ်းအားကို ထိန်းချုပ်နိုင်တာလား” စုန်ယွီယန်က သေချာမှုအပြည့်ဖြင့် ဖြေလိုက်သည်။

“ကျွန်မမှတ်မိသလောက် နှစ်လတိတိကြာခဲ့တာပဲ”

လျို့ချွမ်ဝူသည် သက်ပြင်းချလိုက်သည်။

"သွေးစွမ်းအားကို ထိန်းချုပ်နိုင်ဖို့ တစ်ပတ်နဲ့ နှစ်လလောက် ကြာတယ်။ ဟိုတုန်းက ကောလိပ်ဝင်ခွင့် စာမေးပွဲမှာ ဒုတိယဆုရခဲ့တဲ့ မင်းရဲ့ အရည်အချင်းတွေက ထူးထူးခြားခြားပဲ။ မင်းတောင် တစ်လကျော်ကျော်လောက် ကြာခဲ့တယ်ဆိုတော့”

"ကျောင်းအုပ်ကြီး၊ ကျေးဇူးပြုပြီး ကျွန်မရှေ့မှာ 'ဒုတိယဆု' ဆိုတဲ့ စကားလုံးကို မသုံးပါနဲ့" စုန်ယွီယန် တောင်းဆိုလိုက်သည် ။

"ကောင်းကင်လူသားအဖွဲ့အစည်းထဲဝင်ပြီး သွေးသန့်လူသားကျင့်စဉ်ကိုလေ့လာဖို့ သွေးမျိုးစပ်လမ်းကြောင်းကို ကျွန်မစွန့်လွှတ်ပြီးကတည်းက အလှောင်ခံခဲ့ရတာ တကယ်လည်း အဆင့်မြင့်သတ္တဝါအဖြစ် မပြောင်းလဲနိုင်တော့ဘူး" စုန်ယွီယန်က ညည်းညူသည်။

လျို့ချွမ်ဝူက အေးအေးဆေးဆေး ပြန်ပြောသည်။

"သူတို့ ဟာသလုပ်ချင် လုပ်ပါစေ ဘာဂရုစိုက်စရာရှိလို့လဲ"

"ငါတို့ နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ပြီးတော့ အခုထိ ကြံ့ခိုင်ဆဲပဲ မဟုတ်လား"

"ငါတို့လုပ်နေတဲ့အရာက အနာဂတ်အောင်မြင်မှုအတွက် အခက်အခဲတွေကို ကြံ့ကြံ့ခံပြီး ခံနိုင်ရည်ရှိဖို့ပါပဲ။ အခုချိန်မှာ ပိုခံစားလာရလေလေ၊ နောက်ပိုင်းမှာ ကျွန်တော်တို့ရဲ့ အောင်မြင်မှုတွေက ပိုပြီးတော့ ကြည်နူးစရာတွေ ဖြစ်လာမှာပါ။"

လျို့ချွမ်ဝူ ဆက်ပြောသည်။

“နောက်နှစ်နည်းနည်းလောက် ထပ်စောင့်လိုက်ပါ။ သွေးသန့်လူသားအခြေနေကနေ အဆင့်မြင့်သတ္တဝါအနေနဲ့ ဆင့်ကဲပြောင်းလဲလာတာနဲ့ မင်းက စိတ်လှုပ်ရှားဖွယ်ရာ အောင်မြင်မှုတစ်ခုကိုဖန်တီးနိုင်လိမ့်မယ်။ ဒါဆိုရင် မင်းရဲ့ သွေးမျိုးစပ်ပြိုင်ဘက်တွေကို အလွယ်တကူ ဆွဲချပြီး အနိုင်ယူနိုင်တယ်”

"နှစ်အနည်းငယ်အတွင်း ဟုတ်လား" စုန်ယွီယန်သည် ဟားတိုက်ရယ်ကာ ပြောလိုက်သည်။

"ဆယ်နှစ်လောက် အချိန်ယူရတာတောင် မဖြစ်လာနိုင်သေးဘူးလို့ ခံစားရတယ်"

သွေးကြောဖွင့်ခြင်းသည် မယုံနိုင်လောက်အောင် ခက်ခဲသည်။ လွန်ခဲ့သော ငါးနှစ်ခန့်က သူမ၏ ပထမဆုံးသွေးသန့်စင်ခြင်းပြီးနောက်၊ စုန်ယွီယန်သည် သွေးကြောကိုဖွင့်ရန် စတင်ကြိုးစားခဲ့သည်။ သို့သော် သွေးကြောတစ်ခုမျှ မဖွင့်ရသေးပေ။ ရိုးသားစွာပြောရလျှင် သွေးကြောဖွင့်ခြင်းကို “တစ်သက်တာရည်မှန်းချက်အဖြစ်”ပင် သတ်မှတ်နိုင်လိမ့်မည်ဟု သူမ ခံစားခဲ့ရသည်။

အသက်ငါးဆယ်ကျော်မှ တစ်လုံးဖွင့်နိုင်ခဲ့လျှင် အောင်မြင်သည်ဟု မှတ်ယူနိုင်မည်။ ထိုသို့တွေး၍ စုန်ယွီယန်က ရုတ်တရက် မေးလိုက်သည်။

"စကားမစပ် ကျောင်းအုပ်၊ ရှင် လင်းဇီချန်ကို ဘာသာပြန်ထားတဲ့ သွေးသန့်စင်ခြင်း နည်းလမ်းစာအုပ်ကို ပေးခဲ့တာလား။"

“ဟုတ်တယ်၊ ငါ သူ့ကို ပေးလိုက်တယ်။ ဒီလောက်အရေးကြီးတဲ့ကိစ္စကို မေ့ထားမှာမဟုတ်ဘူးလေ”

"ကျောင်းမစခင် သူ သွေးစွမ်းအားကို ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းချုပ်နိုင်ဖို့ မျှော်လင့်မိတယ်။ ပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ်အဆင့်ကို အခြေခံ စတုတ္ထအဆင့်အထိ မြှင့်တင်ပေးပြီး သူ့ရဲ့ သွေးကို ချက်ခြင်း သန့်စင်လို့ရမှာ”

"ကျောင်းအုပ်ကြီး၊ သွေးစွမ်းအားကို အောင်အောင်မြင်မြင် ခံစားနိုင်ဖို့ ဘယ်လောက်ကြာမယ်ထင်လဲ"

"အဲတာကို နားလည်ဖို့ သူ့အတွက် ၁၀ ရက်လောက် အချိန်ယူရလိမ့်မယ်လို့ ငါ ခန့်မှန်းထားတယ်" လျို့ချွမ်ဝူမှ ဖြေကြားပြီးနောက် ဆက်လက်ရှင်းပြ၏။

“အဲ့ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုဒေတာက မင်းအထက်တန်းကျောင်းဆင်းပွဲတုန်းက ဒေတာနဲ့ တန်းတူနီးပါး ကောင်းတယ်"

“ကောင်းကင်လူသားအဖွဲ့အစည်းမှာ ပါရမီရှင်တွေ ကင်းမဲ့နေတာကြာပြီမို့လို့ သူက အရည်အချင်းအမြင့်မားဆုံးရှိသူဖြစ်လာမယ်လို့ ကျွန်မထင်တယ်။ ကျောင်းစတက်တာနဲ့ ပိုပြီး အရည်အချင်းရှိ လှပတဲ့ စီနီယာကို မြင်လိုက်ရရင် အရမ်းအံ့သြသွားလောက်မယ်မလား”

စုန်ယွီယန်၏ စိတ်အားထက်သန်သောအမူအရာကိုကြည့်၍ လျို့ချွမ်ဝူသည် ဤအမျိုးသမီးက ကြောင်သူတော်ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ သူ့ကိုယ်သူ လွန်ကဲစွာ ကြွားဝါနေခြင်းသာဖြစ်သည်။

လျို့ချွမ်ဝူသည် လင်းဇီချန်မှ ပိုမိုကောင်းမွန်စွာ စွမ်းဆောင်နိုင်၍ သူမအား ထိုက်ထိုက်တန်တန် အရှက်ရစေနိုင်လိမ့်မည်ဟု မျှော်လင့်နေမိ၏။

အခန်း(၁၀၈) ပထမအနမ်း

အခန်းတွင်း၌ လင်းဇီချန်သည် သူ၏အရေပြားကို သန့်စင်နေဆဲဖြစ်သည်။ လက်နှစ်ဖက်လုံးရှိ အရေပြားကို သန့်စင်ရန် သုံးနာရီပင် မကြာလိုက်ပေ။ တန်ကြေးအနေဖြင့် သူ၏ ချီစွမ်းအင် သုံးပုံတစ်ပုံခန့်ဆုံးရှုံးရကာ ခန္ဓာကိုယ်အားနည်း၍ အားအင်များလျော့နည်းလျက် အနည်းငယ်မူးဝေလာသည်။

သို့သော် ၎င်းသည် ရုပ်ပိုင်းဆိုင်ရာ မသက်မသာဖြစ်မှုမျှသာ ဖြစ်၍ သူ့စိတ်ခံစားချက်သည်မူ ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုများမှတပါး အခြားမရှိပေ။ လက်နှစ်ဖက်လုံးရှိ အရည်ပြား၏ မျက်နှာပြင်ဧရိယာသည် ခန္ဓာကိုယ်တစ်ကိုယ်လုံး၏ ၁၈ရာခိုင်နှုန်းခန့်ရှိသည်။

…

ဤနှုန်းဖြင့် သူသည် တစ်ပတ်မပြည့်မီတွင် သူ့တစ်ကိုယ်လုံးရှိ အရေပြားကို သန့်စင်နိုင်မည်ဖြစ်ရာ ထိုအချိန်ရောက်ပါက သူ့ခန္ဓာကိုယ်သည် ဓားပြီးလှံပြီးဖြစ်သွားပေလိမ့်မည်။

ဤသည်ကို တွေးကြည့်ရုံဖြင့် လင်းဇီချန်က ပို၍ စိတ်ပျော်ရွှင်လာသည်။ ထိုအချိန်၌ သူ့ဘေးနားရှိ ဖုန်းထံမှ အကြောင်းကြားစာ ထွက်ပေါ်လာသည်။ ၎င်းသည် We Chat မှ မက်ဆေ့ချ်ဝင်လာကြောင်း သတိပေးချက်ဖြစ်သည်။

ဖုန်းကို ကောက်ကိုင်လိုက်ပြီးနောက် We Chat ကို ဖွင့်လိုက်သောအခါ ရှန်ချင်းဟန်ထံမှ မက်ဆေ့ချ်တစ်ခုကို မြင်လိုက်ရသည်။

[ဟန်ဟန်: ရှောင်ချန် နင်အိပ်ပြီလား]

[ဇီချန်: မဖြစ်သေးပါဘူး။]

[ဟန်ဟန်: နင့်အတွက် အံ့သြစရာတစ်ခု ပြင်ဆင်ထားတယ်။ ငါ့အခန်းထဲလာကြည့်မလား၊]

[ဇီချန်: ဘာအံ့သြစရာလဲ]

[ဟန်ဟန်: ငါနင့်ကိုပြောရင် အံ့သြစရာမဟုတ်တော့ဘူး။]

[ဇီချန်: ကောင်းပြီ ငါ အခုလာခဲ့မယ်။]

စကားဝိုင်းကိုအဆုံးသတ်ပြီးနောက် လင်းဇီချန်သည် အချိန်ကို စစ်ဆေးကြည့်လိုက်ရာ ညသန်းခေါင်ကျော်နေပြီဖြစ်သည်။ ညဥ့်နက်မှ တွေ့ရန် ခေါ်လိုက်ခြင်းဖြစ်သဖြင့် မည်သို့သော အံ့သြစရာမျိုးဖြစ်မည်ကို သိချင်နေမိသည်။ ဤသည်ကိုတွေး၍ ကုတင်ပေါ်မှ အမြန်ထကာ အခန်းထဲက ထွက်၍ ရှန်ချင်းဟန်၏ အိမ်တံခါးနားသို့ရောက်သွားကာ သူ့တွင်ရှိသော သော့ပိုတစ်ချောင်းကို ထုတ်လိုက်သည်။ ဤသည်ကား ရွှီမင်က သူအလွယ်တကူဝင်ရောက်နိုင်စေရန် သော့တစ်ချောင်း အပိုပေးထားခြင်းဖြစ်သည်။

ထို့အတူ ရှန်ချင်းဟန်၌လည်း ၎င်းတို့အိမ်၏ သော့ပိုတစ်ချောင်းရှိသည်။ ၎င်းတို့မိသားစုသည် အိမ်ထောင်ရေးအရ မပတ်သက်ကြသေးသော်လည်း ယောက္ခမများထက် ရင်းနှီးနေကြပြီးဖြစ်သည်။

"ရှောင်ချန် သား ဟန်ဟန့်ကို ရှာနေတာလား"

"ဟုတ်တယ် အန်တီ သူက ကျွန်တော့်ဖို့ စပရိုက်စ်ရှိတယ်ဆိုပြီး We Chat က စာပို့လို့လာခဲ့တာ”

"ဒါဆို သူစိတ်မပူအောင် သား သူ့ဆီ မြန်မြန်သွားလိုက်တာ ပိုကောင်းတယ်"

ရွှီမင်က ဧည့်ခန်းထဲ၌ ထိုင်လျက် ပြုံး၍ပြောလိုက်သည်။

မကြာခင်၌ပင် လင်းဇီချန်က ရှန်ချင်းဟန်၏ တံခါးရှေ့သို့ရောက်လာကာ တံခါးကို စေ့ရုံသာစေ့ထားသည်ကို မြင်လိုက်ရသည်။

“ဟန်ဟန် ငါဒီမှာ”

အတိတ်က အတွေ့အကြုံများမှ သင်ခန်းစာယူ၍ တံခါးကို မတွန်းဖွင့်လိုက်ဘဲ ခေါက်ရုံသာ ခေါက်ကာ ပြောလိုက်သည်။

"ဟန်ဟန် ငါ ရောက်ပြီ”

"အထဲဝင်လာခဲ့”

လင်းဇီချန်က တံခါးကို တွန်းဖွင့်ဝင်လိုက်ပြီးနောက် ပြန်ပိတ်လိုက်သည်။ ထို့နောက်ရှန်ချင်းဟန်သည် ကုတင်ပေါ်တွင် စောင်ဖြင့် ပတ်လျက် ထိုင်နေသည်ကို မြင်လိုက်ရ၏။ သူမကိုယ်ကို စောင်ဖြင့်လုံလုံခြုံခြုံ ပတ်ထားရာ ကောက်ညှင်းထုပ်လေးကဲ့သို့ ခေါင်းသာမြင်နေရသည်။

“နင်ဘာလုပ်နေတာလဲ”

လင်းဇီချန် အနည်းငယ်အံ့သြသွားသည်။

ရှန်ချင်းဟန်က နီမြန်းနေတဲ့ မျက်နှာလေးဖြင့် ပြော၏။

"ဘာမှမဟုတ်ပါဘူး နင့်အတွက် အံ့သြစရာတစ်ခု ပြင်ဆင်ထားရုံပဲ"

"ဘယ်လိုအံ့သြစရာမျိုးက ကိုယ့်ကိုကိုယ် စောင်နဲ့ထုပ်ရမှာလဲ"

“လာကြည့်ါဦး”

ရှန်ချင်းဟန်က စောင်ထောင့်ကို လှစ်ဟပစ်လိုက်သည်။ သူမ၏ လှပသော မျက်နှာလေးက နီရဲ၍ ပိုမို ပူပြင်းလာသည်။ သူမ၏ မျက်နှာနီရဲလုသော ရှက်နေပုံကို မြင်လိုက်ရသောအခါ လင်းဇီချန်သည် ကလေးနှင့်မလိုက်ဖက်သော မြင်ကွင်းအချို့ကို တွေးလိုက်မိ၏။

စောင်အောက်မှာ ဘာမှမဝတ်ထားတာများလား။

သူ့ကိုယ်သူများထိုးပေးပြီး စပရိုက်စ်တိုက်တာလား။

ထိုအတွေးများဖြင့် လင်းဇီချန်သည် သူ့ခန္ဓာကိုယ် အနည်းငယ် ပူလာသကဲ့သို့ ခံစားလိုက်ရသည်။

သို့သော်လည်း သူက အပြင်ဘက်တွင်မူ တည်ကြည်စွာပြုံး၍ ပြော၏။

" ခန့်မှန်းကြည့်ရအောင်၊ နင် ငါ့ကို အမှောင်ထဲလင်းတဲ့ နာရီပြမလို့လား"

"ငါ အဲ့လောက် ပျင်းစရာမကောင်းပါဘူး" ရှန်ချင်းဟန်က ငြင်းဆန်ကာ နှင်းဆီရောင်တောက်နေသော နှုတ်ခမ်းများကိုစူလိုက်သည်။

လင်းဇီချန်သည် သူမ၏ နူးညံ့တောက်ပြောင်သော ချယ်ရီနှုတ်ခမ်းများကို ကြည့်ကာ ယောက်ျားတစ်ယောက်၏ ဗီဇကြောင့် နှုတ်ခမ်းသား၏ နူးညံ့မှုကို ခံစားချင်လာမိသည်။ သူ့စိတ်ခံစားချက်များကို အနည်းငယ် တည်ငြိမ်အောင် ထိန်းပြီးနောက် ခန့်မှန်းခြင်းကိုရပ်၍ ဖိနပ်ကိုချွတ်ကာ ကုတင်ပေါ်တက်လိုက်သည်။

“ဘာလို့ စောင်ကို မဖယ်ကြည့်တာလဲ”

ရှန်ချင်းဟန်သည် သူမ၏ ဆွဲဆောင်မှုရှိသော ပန်းနုရောင် နှုတ်ခမ်းများကိုစူ၍ ရှက်ရွံ့စွာပြောသည်။

လင်းဇီချန်က တံတွေးမျိုချ၍ စောင်ထောင့်တစ်နေရာသို့ လှမ်းကာ ဖြည်းညှင်းစွာ ဖယ်လိုက်သည်။

သူစောင်ကို ဖယ်လိုက်သည်နှင့် လှပဖြူဖွေး၍ ပိုးသားကဲ့သို့ နူးညံ့ကာ လက်တစ်ဖက်တည်းနှင့် ကိုင်နိုင်လောက်သည့် ခြေဖဝါးတစ်စုံကို မြင်လိုက်ရသည်။

ထို့နောက် သွယ်လျဖြူဖွေးသော ခြေထောက်များ၊ အတန်ငယ် အိစက်နေပုံပေါ်သော ပေါင်တစ်စုံကို မြင်လိုက်ရသည်။

နောက်ဆုံးတွင် အဖြူနှင့်အပြာရောင်ရောနေသည့် ချောင်ဆမ်တစ်ထည်ကို မြင်လိုက်ရကာ ၎င်းသည် စစ်ဆေးပွဲနေ့၌ ယွမ်တုန်ဇီဝတ်ဆင်ခဲ့သည့်ပုံစံနှင့် အလွန်ဆင်တူသည်။

ပိုးထည်ဖြူနှင့် ချောင်ဆမ်… လင်းဇီချန်သည် ပို၍ပူလာကာ မကြာမီ၌ပင် ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုကို ခံစားလိုက်ရ၍ ခြေထောက်များကို ဖုံးရန် စောင်ကို အမြန်ပြန်အုပ်လိုက်သည်။

"ငါ ကြည့်ကောင်းလား"

ရှန်ချင်းဟန်သည် ရှက်စိတ်ဖြင့် လင်းဇီချန်၏ အကြည့်ကို မတွေ့လိုက်ဘဲ ဖြူဖွေးသော ခြေထောက်များကို ငုံ့ကြည့်ကာ မျှော်လင့်တကြီး မေးလိုက်သည်။

“အင်း ကြည့်ကောင်းပါတယ်”

ရှန်ချင်းဟန်က နှုတ်ခမ်းကို ကိုက်ကာ နောက်သို့ကျနေသော ဆံပင်များကို ဖွ၍ ရှက်ကိုးရှက်ကန်းပြောလိုက်သည်။

"အမ်... အနက်ရောင် ပိုးအသားကပ်ခြေအိတ်ကိုလည်း ဝယ်ထားတယ်၊ ဝတ်ထားတာ ကြည့်ချင်လား"

“အင်း ဝတ်ကြည့်”

“ပိုးသားအသားကပ်ခြေအိတ်” ဟူသော စကားကိုကြားသောအခါ လင်းဇီချန်သည် ပို၍ပင် ပူလောင်လာသော်လည်း တည်ငြိမ်အောင် ကြိုးစားခဲ့သည်။ လင်းဇီချန်က ၎င်းကိုမြင်ချင်လာသည်ကိုတွေ့လိုက်ရသည်နှင့် ရှန်ချင်းဟန်သည် သူမ၏ခြေထောက်များမှ ပိုးသားအသားကပ်ခြေအိတ်အဖြူရောင်ကို ရှက်ရွံ့စွာချွတ်လိုက်သည်။

အဖြူရောင်အသားကပ်ခြေအိတ်ကို ညင်သာစွာချွတ်ပြီးနောက် ရှန်ချင်းဟန်လှည့်၍ သူမ၏နောက်ကွယ်မှ မွှေးကြိုင်သော အမည်းရောင်အသားကပ်ခြေအိတ်တစ်စုံကို ယူကာ ဖြည်းညှင်းစွာ ဝတ်လိုက်သည်။ လင်းဇီချန်သည် သူမ၏ အသားကပ်ခြေအိတ်လဲခြင်း လုပ်ငန်းစဉ်တစ်ခုလုံးကို ကြည့်ရှုခဲ့ကာ ၎င်းကို နှစ်သက်ကြောင်း ဝန်ခံခဲ့သည်။

ရှန်ချင်းဟန်သည် အနည်းငယ် နီမြန်းနေသော မျက်နှာကိုမော့၍ ခပ်တိုးတိုးမေးလိုက်သည်။

"ကြည့်ကောင်းလား"

"အင်း ကြည့်ကောင်းတယ်။ နင်နဲ့ တကယ်လိုက်တယ်”

လင်းဇီချန်၏ အသက်ရှုသံများ ပိုမိုပြင်းထန်လာသော်လည်း ၎င်းကို အလွန်အကျွံမသိသာစေခဲ့ပေ။

All Chapters