အပိုင်း ၁၁၂-၁၁၄
Vol. 8 Ch. 112-114
အခန်း (၁၁၂) အနမ်းဘုရင် (၂)
“ဒါဆို ဆက်ကြရအောင်”
နောက်တစ်နာရီ သို့မဟုတ် ထို့ထက်ကြာသောအခါတွင် ၎င်းတို့နှစ်ဦးသည် စမ်းသပ်မှု ကိုးခုကို ဆက်တိုက်ပြုလုပ်ခဲ့ကာ ဒိုက်ဘာငါးထုပ်ကို ဖြုန်းတီးပစ်လိုက်သည်။
စမ်းသပ်မှု၏ ရလဒ်များသည် အားလုံး တသမတ်တည်း ဖြစ်နေသည်။ ဝိညာဉ်ရေးစွမ်းအား၌ ထင်ရှားသိသာသော ပြောင်းလဲမှုမျိုးရှိသည့်အခါတိုင်း ရှန်ချင်းဟန်၏ ဘောင်းဘီများ စိုစွတ်ကုန်သည်။ တစ်ခါတစ်ရံတွင် ဝိညာဉ်ရေးစွမ်းအား၏ အတက်အကျက အလွန်ကြီးမားသဖြင့် သူမ၏တစ်ကိုယ်လုံး ချွေးထွက်များကာ ရေပိုက်ခေါင်းကဲ့သို့ အဆက်မပြတ် ချွေးများထွက်နေတတ်သည်။
စုစုပေါင်း စမ်းသပ်မှု (၁၂)ကြိမ် ပြုလုပ်ပြီးနောက် အကြိမ်တိုင်း၏ ရလဒ်များက တူညီနေသည်။
...
ရှန်ချင်းဟန်၏ သဘာဝလွန်စွမ်းအားသည် ဝိဉာဥ်ရေးစွမ်းအင်များမှ အစပျိုးလာခြင်းဖြစ်သည့်အချက်ကို အတည်ပြုနိုင်ပြီဖြစ်သည်။
"ချွေးတွေအရမ်းထွက်နေတယ် ရေချိုးလိုက်အုံးမယ်"
ခေတ္တအနားယူပြီးနောက် ရှန်ချင်းဟန်သည် လင်းဇီချန်၏ ခြေထောက်များပေါ်မှထွက်ကာ အခန်းထဲမှ ထွက်သွား၍ ရေချိုးခန်းဆီသို့ အမြန်လမ်းလျှောက်သွားခဲ့သည်။
ဆယ်မိနစ်ခန့်အကြာတွင် ရေချိုးခန်းထဲက သူမ၏ ပြတ်သားသော အသံထွက်လာသည်။
"ရှောင်ချန် ငါ့အဝတ်အစားတွေ ယူလာဖို့ မေ့နေတယ်၊ နင် ငါ့ကို ညဝတ်အင်္ကျီတစ်ထည်ယူလာပေးပါဦး"
သူမ၏အသံသည် တိုးညှင်း၍ နူးညံ့သော်လည်း ညဉ့်နက်နေပြီဖြစ်သည်က တစ်ကြောင်း ရေချိုးခန်းက အခန်းနှင့်နီးသောကြောင့်တစ်ကြောင်း လင်းဇီချန်က သူမ၏ အသံကို အလွန်ရှင်းလင်းစွာကြားလိုက်ရသည်။
"အိုကေ ငါယူပေးမယ်”
ဤသို့ပြော၍ လင်းဇီချန်က အိပ်ရာမှ ထကာ အခန်းထဲရှိ ဗီရိုဆီသို့ လျှောက်သွားသည်။
ဗီရိုကို ဖွင့်လိုက်သောအခါ အရောင်အသွေးစုံလင်သော အဝတ်အစားများကို တွေ့ရ၏။ အချို့ကို ချိတ်ဖြင့် ချိန်ထားကာ အချို့ကိုမူ ခေါက်ထားကြသည်။
လင်ဇီချန်၏ အကြည့်သည် ထောင့်စွန်းတွင် ခေါက်ထားသော အတွင်းအဝတ်များဆီသို့ ချက်ချင်းရောက်သွားသည်။ စူးစမ်းလိုစိတ်ကြောင့် သို့မဟုတ် ယောက်ျားဗီဇဖြစ်ကောင်းဖြစ်နိုင်သောကြောင့် အပေါ်မှ အတွင်းခံဘောင်းဘီကို လှမ်းယူကြည့်လိုက်သည်။ ပန်းရောင်ဖျော့ဖျော့အရောင်ဖြင့် ရိုးရှင်းကာ အလွန်ဖြူစင်၍ ချစ်ဖွယ်ကောင်းသော အတွင်းခံဘောင်းဘီလေးသာဖြစ်သည်။ ခဏတာကြည့်ပြီးသည့်နောက် ဤအပြုအမူက အနည်းငယ် စိတ်ဖောက်ပြန်နေသကဲ့သို့ ရုတ်တရက် သဘောပေါက်လိုက်ရသဖြင့် အတွင်းခံဘောင်းဘီကို အမြန်ခေါက်ကာ ရှန်ချင်းဟန်အတွက်ယူလာပေးရန် ညဝတ်အင်္ကျီတစ်ထည်ကို ခေါက်လိုက်သည်။
ညဝတ်အင်္ကျီမျှသာ ဖြစ်၍ အတွင်းခံမပါပေ။ အတွင်းခံအိပ်ဝတ်ရခြင်းသည်လည်းအဆင်မပြေလှပေ။ ထို့အပြင် ရှန်ချင်းဟန်သည် ညဘက်ဝတ်အိပ်ရန် အတွင်းခံလည်းမဝတ်ထားဘဲ ဒိုက်ဘာတစ်ထည်သာ ဝတ်ထား၏။
မကြာခင်၌ပင် ရှန်ချင်းဟန်က အဝတ်အစားများကိုလဲ၍ ရေချိုးခံထဲမှထွက်လာခဲ့သည်။ သူမထွက်သွားသည်ကို မြင်၍ လင်းဇီချန်က ကိုယ့်အဝတ်အစားကိုယ်ယူကာ ရေချိုးရန် ရေချိုးခန်းထဲသို့ဝင်သွားသည်။
နမ်းသောအခါတွင် သူက ချွေးမထွက်သော်လည်း သူ့အဝတ်များသည် ရှန်ချင်းဟန်၏ချွေးများဖြင့် စိုရွှဲနေသောကြောင့် ၎င်းတို့ကို လျှော်ရမည်ဖြစ်သည်။
ငါးမိနစ်ခန့်အကြာတွင် လင်းဇီချန်ရေချိုး၍ ထွက်လာခဲ့သည်။
အခန်းမီးကိုပိတ်လိုက်ပြီးနောက် အိပ်ရာထဲသို့ဝင်၍ ရှန်ချင်းဟန်နှင့်အတူ အိပ်လိုက်၏။ ခဏကြာ စကားစမြည်ပြောကြသော်လည်း နောက်ကျနေပြီဟု မြင်သဖြင့် မကြာမီ၌ပင် ငြိမ်သက်စွာ အိပ်ပျော်သွားကြသည်။
သို့သော် အတန်ကြာတိတ်ဆိတ်သွားပြီးနောက် ရှန်ချင်းဟန်က သူ့ဘက်သို့ လှည့်လာ၍ ပြောလိုက်သည်။
“အင်း… ငါတွေးနေတာက ငါတို့ နမ်းတာ ၁၂ ကြိမ်ရှိတာ နမ်းတဲ့အကြိမ်တိုင်းက နင်ပဲနမ်းနေတာ အဆင်မပြေဘူးလို့ ခံစားရတယ်"
"အဲ့တာကြောင့် ငါနင့်ကို စိတ်လိုလက်ရ နမ်းချင်တယ်"
စကားပြောပြီးနောက် ရှန်ချင်းဟန်သည် မတ်တပ်ထရပ်၍ လင်းဇီချန်၏ မျက်နှာနားသို့ တိုးကပ်ကာ နှုတ်ခမ်းဖျားများကို နမ်းလိုက်သည်။ ဤသည်က ခပ်ပါးပါးအနမ်းမျှသာဖြစ်၍ ဝိညာဉ်ရေးစွမ်းအားကို သိသိသာသာ ပြောင်းလဲမှုမရှိပေ။
မည်သို့ပင်ဆိုစေကာမူ ချိုမြိန်သောခံစားမှုက သူမနှလုံးသားကို အလွန် ချိုမြိန်သွားစေသည်။
“ဒါ နင့်အတွက် ညခင်းအနမ်းပဲ။ ကောင်းသော ညပါ”
“အမ်.. ဂွတ်နိုက်”
အချင်းချင်းနှုတ်ဆက်ပြီးသောအခါ တစ်ဖန်ပြန်လည်ငြိမသ်က်သွားကြ၍ မျက်စိမှိတ်ကာ အိပ်လိုက်ကြသည်။ လင်းဇီချန်နှင့် ရှန်ခြင်းဟန်တို့သည် စောင်တစ်ထည်တည်းအောက်၌ ရှိနေကြခြင်းဖြစ်ကာ ခေါင်းအုံးတစ်လုံးတည်းတွင် အိပ်နေကြသော်လည်း သူတို့အိပ်သောနေရာများသည် အတန်ငယ်ကွာဝေးသည်။
အဓိကအားဖြင့် ရှန်ချင်းဟန်သည် အလွန်အကဲဆတ်လွန်းသောကြောင့်ဖြစ်သည်။
တိတ်ဆိတ်သောညတွင် လင်းဇီချန်နှင့် အလွန်နီးကပ်စွာရှိနေခြင်းက သူမစိတ်များကို ဝေဝါးစေသည်။ မသင့်လျော်သောပုံများကို တွေးလိုက်ရုံဖြင့် အိပ်ရာတစ်ခုလုံးကို စိုရွှဲသွားစေနိုင်မည်ဖြစ်သည်။
နောက်တစ်နေ့တွင် လင်းဇီချန်က ခပ်စောစောနိုးလာသည်။ သူ အိပ်ပျော်နေစဥ် ရှန်ချင်းဟန်ကို တစ်ချက်ကြည့်၍ ခါတိုင်းကဲ့သို့ သူမအိပ်ရေးဝနေသည်ကို သတိထားမိကာ ပြုံး၍ သူမ၏ နှုတ်ခမ်းထောင့်မှ သွားရည်များကို သုံးပေးလိုက်သည်။
ထို့နောက် တိတ်တိတ်ဆိတ်ဆိတ် အိပ်ရာမှထကာ ဖိနပ်ကိုစီး၍ ထွက်ခွာသွားခဲ့သည်။
ပထမထပ် ဧည့်ခန်းထဲရောက်သောအခါ မနက်ပိုင်းသတင်းများကိုကြည့်နေသော ရှန်ကျန်းယဲ့ကို မြင်လိုက်ရသည်။
လင်းဇီချန်က ပြုံး၍ နှုတ်ဆက်လိုက်၏။
"မင်္ဂလာနံနက်ခင်းပါ ဦးလေးကျန်းယဲ့"
"မင်း အစောကြီးနိုးနေတာလား”
"ဟုတ်တယ် ဒီအချိန်ထရတာ သားအကျင့်ပါနေပြီ”
"ဟန်ဟန်နိုးပြီလား"
"မနိုးသေးဘူး"
"ဟူး ဟန်ဟန်ကိုလည်း မင်းလိုပဲ စည်းကမ်းရှိစေချင်တယ်။ ကောင်မလေးက ကျောင်းပိတ်ရက်ဆို နေဖင်ထိုးတဲ့အထိ အိပ်တာ မင်းအဒေါ် မင် ခေါ်မှပဲထတော့တယ်”
ရှန်ကျန်းယဲ့ခေါင်းယမ်း၍ သက်ပြင်းချလိုက်သည်။
လင်းဇီချန်က ရယ်မောလိုက်၏။
“ဟန်ဟန်က ဦးလေ့းတို့ဖို့ ပြည်နယ် ထိပ်တန်းကျောင်းသား ဂုဏ်ကို ယူလာပေးခဲ့တာလေ။ အားလပ်ရက်တွေမှာ အိပ်တာလောက်က မဆိုးလှပါဘူး”
“မှန်ပါတယ်”
ရှန်ကျန်းယဲ့က ခေါင်းညိတ်သဘောတူလိုက်သည်၊ သူ့သမီးက ထိပ်တန်းပညာတော်သင်အဆင့်ကို ရောက်သွားသည်ဟု သူတွေးလိုက်တိုင်း သူ့မျက်နှာပေါ်တွင်ဂုဏ်ယူစိတ်များထင်ဟပ်လာသည်။
ထိုအချိန်တွင် ရွှီမင်မီးဖိုချောင်မှထွက်လာသည်။
လင်းဇီချန်က နေ့စဥ်သုံးပစ္စည်းများထည့်ထားသည့် အိတ်ကိုကိုင်ထားသည်ကို မြင်လိုက်ရသောအခါ အနားသို့ ကပ်လာ၍ ပြောလိုက်သည်။
“ရှောင်ချန်၊ မနက်စာအဆင်သင့်ဖြစ်ပြီ။ မပြန်ခင်စားသွားပါလား”
“ဟုတ် သားမပြန်ခင်စားသွားလိုက်မယ်”
လင်းဇီချန်က ပြုံး၍ သူ၏ အနာဂတ်ယောက္ခမဖြစ်သူ၏ အံ့ဖွယ်အချက်အပြုတ်စွမ်းရည်ကို မြည်းစမ်းရန် စိတ်အားထက်သန်လျက်ရှိသည်။
မနက်စာသည် ဝက်သားထမင်းဖြစ်ကာ အလွန်အနံ့မွှေးကြိုင်လှသဖြင့် လင်းဇီချန်က အိမ်သို့မပြန်ခင် နှစ်ပန်းကန်စားသွားခဲ့သည်။ သူထွက်သွားသောအခါ ရွှီမင်က ရှန်ကျန်းယဲ့ဘက်သို့လှည့်၍ ပြောလိုက်
၏။
“မနေ့ညက ကိုနိုးတော့ အိမ်သာသွားသုံးတာ အပေါ်ထက်မှာ ရေချိုးနေတဲ့အသံကြားလိုက်ရတယ်။ ကိုတို့ သမီးက သူနဲ့ အတူတူ အိပ်ခဲ့တယ်လို့ မင်းထင်လား”
“အခုမှ ရှင်က ဒီလိုသတင်းကြီးကို လာပြောနေတာလား”
“ခြေတစ်လှမ်းထက်တိုးလာတာပဲ။ ဒီသတင်းကောင်းကို ဝမ်ရှင်းဆီပြောပြရမယ်”
ရွှီမင်၏ မျက်နှာက အရောင်တောက်လာပြီးနောက် ပြုံးကာ သူမ၏ ဖုန်းကို ထုတ်ယူ၍ ကျန်းဝမ်ရှင်းဆီသို့ စာအစောင်ပေါင်းများစွာကို We Chat မှ ပို့လိုက်သည်။
ခဏအကြာ လင်းဇီချန်အိမ်ပြန်ရောက်သောအခါ သူ၏ ညစ်ပတ်နေသော အဝတ်များကို အဝတ်လျှော်စက်ထဲသို့ ထည့်လိုက်၏။ ထို့နောက် ကြမ်းပြင်ပေါ်မှ ဆပ်ပြာရည်ဗူးကို ယူ၍ အဝတ်လျှောက်စက်ထဲလောင်းထည့်ကာ စတင်လျှော်လိုက်သည်။ သူ ကိစ္စအားလုံးအပြီးသတ်ပြီးသောအခါ မနက်ပိုင်းလေ့ကျင့်ခန်းလုပ်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
ကျန်းဝမ်ရှင်းက အလွန်အမင်း ပီတိဖြာနေသော မျက်နှာဖြင့် အနားသို့လာကာ သူ့ကို နွေးထွေးစွာ ချီးကျူးလိုက်သည်။
အခန်း (၁၁၃) အနမ်းဘုရင် (၃)
''သားလေး မင်းက လုပ်နိုင်ကိုင်နိုင်စွမ်းရှိတာပဲ''
''ဘာကိုလဲ''
လင်းဇီချန်တစ်ယောက် အတော်အတန်ပဟေဠိဖြစ်သွားသည်။ သူက အဝတ်လျှော်စက်ဖြင့် အဝတ်လျှော်နေခြင်းဖြစ်သာဖြစ်ရာ လုပ်နိုင်ကိုင်နိုင်စွမ်းရှိခြင်းဖြင့် မည်သို့ဆက်စပ်နေပါသနည်း။ ကျန်းဝမ်ရှင်းက ရှင်းမပြဘဲ ကျေကျေနပ်နပ်ဖြင့်သာ ပြုံး၍ ပြောလိုက်သည်။
''ဘာမှမဟုတ်ပါဘူး။ အမေက မင်းလုပ်နိုင်ကိုင်နိုင်စွမ်းရှိတာကို တွေးမိပြီး ချီးကျူးချင်လို့ပါ''
လင်းဇီချန်ကမူ မိခင်ဖြစ်သူ ပြောသည်ကို နားမလည်နိုင်ပေ။ သို့သော်လည်း ထိုအကြောင်းကို မတွေးနေတော့ဘဲ မကြာခင်၌ပင် မနက်ပိုင်းလေ့ကျင့်ခန်းလုပ်ရန် ထွက်သွား၏။
...
မနက်ခင်းလေ့ကျင့်ခန်းလုပ်ပြီးနောက်တွင် ရေချိုးရန် အိမ်ပြန်လာသည်။ ထို့နောက်တွင် အပေါ်ထပ်သို့တက်၍ ခန္ဓာကိုယ်အရေပြားကို သန့်စင်ရန် အခန်းထဲသို့ သွားသည်။ ညနေဘက်သို့ ရောက်သောအခါတွင် သူမ၏ နှုတ်ခမ်းဖူးဖူးကို အနမ်းပေးရန်နှင့် သူမ၏ စွမ်းအားများကို လေ့လာရန် ရှန်ချင်းဟန်၏ အခန်းသို့သွားပေလိမ့်မည်။ ထိုသို့ဖြင့် နှစ်ရက်ခွဲခန့် အချိန်ကုန်သွားလေသည်။ စွမ်းအားများကို ရှာသည်နှင့်ပက်သက်၍ မည်သည့်တိုးတက်ပြောင်းလဲခြင်းမှ မရှိသေးပေ။ သို့သော် အနမ်းပေးခြင်းအရေးကိစ္စတွင်မူ အကျိုးအမြတ်များစွာရလိုက်သည်။
အသုံးပြုခြင်း သို့မဟုတ် ဆုံးရှုံးခြင်းနှင့် နတ်ဉာဏ်သစ်မြစ်တို့၏ပေါင်းစပ်အစွမ်းအောက်တွင် လင်းဇီချန်၏အနမ်းကျွမ်းကျင်မှုသည် လောကကြီး၏အထွတ်အထိပ်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။ သူမကို နမ်းလိုက်သည့်အခါတိုင်းပင် ရှန်ချင်းဟန်တစ်ကိုယ်လုံး စက္ကန့်ပိုင်းမျှ အားအင်ဖျော့တော့သွားကာ မူးဝေသွား၍ တောင်လားမြောက်လားဆိုသည်ကိုပင် မပြောနိုင်ဖြစ်သွားရသည်။
ထို့အပြင် ၎င်း၏ ကိုယ်ခန္ဓာသန့်စင်ခြင်းကျင့်စဥ်သည်လည်း ထင်ရှားပေသည်။ နှစ်ရက်ခွဲခန့် ကြိုးစားအားထုတ်ပြီးနောက်တွင် ယခု၌ ခြေနှစ်ဖက်၊ လက်နှစ်ဖက်နှင့် တင်ပါးကိုပင် သန့်စင်ပြီးသွားပြီဖြစ်သည်။
အရေပြားဧရိယာ၏ (၄၇)ရာခိုင်နှုန်းခန့်ကို သန့်စင်ပြီးစီးပြီဖြစ်ရာ သုံးရက်အတွင်း အများဆုံး လေးရက်အတွင်း ခန္ဓာကိုယ်တစ်ခုလုံးမှ အရေပြားများအားလုံးကို သန့်စင်နိုင်မည်ဖြစ်သည်။ ထိုအချိန်တွင် ခန္ဓာကိုယ်သည် ထိပ်တန်းအဆင့်ကျည်ကာဝတ်ဆင်ထားရသကဲ့သို့ပင် ဓားများ၊ သေနတ်များ ထိုးဖောက်နိုင်တော့မည်မဟုတ်ပေ။
ရှန်ဟိုင်းတက္ကသိုလ် သိုင်းပညာကောလိပ်၏ လေ့ကျင့်ရေးကွင်းတွင်ဖြစ်သည်။ လျို့ချွမ်ဝူသည် လေ့ကျင့်ရေးကွင်းထဲ၌ ခြေထောက်လေ့ကျင့်ခန်းလုပ်နေသည်။ လက်သီးချက်တိုင်းနှင့် ကန်ချက်တိုင်းသည် စူးရှကထွက်မြက်လှကာ ပေါက်ကွဲအားအပြည့်ဖြင့် ဖြစ်၍ လေထဲတွင်ပင် ဘုန်းကနဲမြည်သံများ ဆက်တိုက်ထွက်ပေါ်နေ၏။
၎င်းသည် လေ့ကျင့်ရေးတွင် နစ်မြောနေလျက်ရှိကာ ရုတ်တရက်ပင် အပြင်မှ ခန္ဓာကိုယ်တောင့်တင်းခိုင်မာသော သက်လတ်ပိုင်းအရွယ်ယောင်္ကျားများ ဝင်လာကြသည်။ မျက်နှာများက ဖော်ရွေမှုမရှိဘဲ အမြန်ပင် ၎င်းဆီသို့ ဦးတည်လာကြသည်။ ၎င်းတို့ကို ဦးဆောင်လာသောယောင်္ကျားက ဒေါသတကြီးဖြင့် အော်ပြောလိုက်သည်။
''လျို့ချွမ်ဝူ လင်းဇီချန်ကိစ္စက မင်းနဲ့ဘာဆိုင်လို့လဲ။ မင်းငါ့ကို ရှင်းပြဖို့လိုပြီ''
''ဘာကို လင်းဇီချန်ကိစ္စလဲ။ မင်းပြောနေတာကို နားမလည်ဘူး''
လျို့ချွမ်ဝူသည် လေ့ကျင့်နေသည်ကိုရပ်လိုက်၍ ထိုသူကိုကြည့်ကာ မသိကျိုးကျွံပြုလိုက်သည်။ ထိုသူက လေကုန်မခံနေဘဲ တိုက်ရိုက်ပင် ကျိန်ဆဲလိုက်၏။
''လင်းဇီချန်က ငါ့ရဲ့ ဆင့်ကဲပြောင်းလဲခြင်းကောလိပ်မှာ စာရင်းသွင်းထားပြီးသား။ မင်းက ငါ့နောက်ကွယ်မှာ အစီအစဉ်ဆွဲပြီး မင်းရဲ့သိုင်းပညာကောလိပ်အတွက် သူ့ကိုလုယူသွားတာလေ။ မင်းအရှက်မရှိဘူးလား''
''မင်းနောက်ကွယ်မှာ အစီအစဉ်ဆွဲတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ'' လျို့ချွမ်ဝူက မေးလိုက်သည်။
''မင်းတို့ ဆင့်ကဲပြောင်းလဲခြင်းကောလိပ်ပဲ ကျောင်းသားတွေ ခေါ်လို့ရပြီး ငါတို့သိုင်းပညာကောလိပ်ကျ ခေါ်လို့မရဘူးတဲ့လား''
ထိုသို့ပြောကာ အသံနေအသံထားက ထေ့ငေါ့သောလေသံသို့ ပြောင်းလာသည်။
''ကျောင်းအုပ်မာ ခင်ဗျားမှာ ဘာအခွင့်အာဏာတွေများ ရှိနေလို့လဲ'' မာကျန်းဟယ်က စိန်ခေါ်လိုက်၏။
''အရင်လာတဲ့သူကို အရင်ဦးစားပေးရမယ်ကွ။ မင်းနေတာ ဒီလောက်ကြာပြီ။ ဒီစည်းကမ်းကို နားမလည်သေးဘူးလား''
''အရင်လာသူ အရင်ဦးစားပေးရမယ်ဆိုတဲ့ဟာမျိုးတွေကို ငါဂရုမစိုက်ဘူး။ ကျောင်းက မဖွင့်သေးဘူးဆိုတော့ သူက မင်းတို့ဆင့်ကဲပြောင်းလဲခြင်းကျောင်းရဲ့ ကျောင်းသားမဟုတ်သေးဘူးဆိုတာကိုတော့ ငါသိတယ်။ ငါလည်း သူ့ကို ခေါ်ခွင့်ရှိတယ်။ ကျောင်းစည်းကမ်းနဲ့ ဆန့်ကျင်နေတာမှမဟုတ်တာ''
''ကောင်းပြီ။ ကျောင်းစည်းကမ်းကတော့ ဒီလိုမျိုး ထုတ်မထားဘူး။ ဒါပေမဲ့ မင်းက ကျောင်းအုပ်တွေကြားမှာထားတဲ့ မရေးထားတဲ့စည်းကမ်းကို ချိုးဖောက်လိုက်တာပဲ''
''ရယ်ရတာပဲ။ အဲ့တာ မင်းတို့ရဲ့ တရားမဝင်စည်းကမ်းလေ။ ငါက ဘာလုပ်ရမှာလဲ''
လျို့ချွမ်ဝူက ဆက်ပြောလိုက်သည်။
''ဘာပဲဖြစ်ဖြစ် ငါလူခေါ်တာက တရားမျှတတဲ့ပြိုင်ပွဲလေ။ မင်းဝမ်းမသာဘူးဆိုရင် မင်းလည်း လင်းဇီချန်ကို သွားရှာပြီး မင်းတို့ဆင့်ကဲပြောင်းလဲခြင်းကောလိပ်ကို ပြန်ခေါ်လိုက်ပေါ့''
မာကျန်းဟယ်သည် ၎င်း၏ဒေါသကို ဘေးဖယ်ကာ လှောင်ပြောင်လိုက်သည်။
''ဟားဟား လက်တစ်လုံးခြားဗျူဟာတွေသုံးပြီး အကောက်ကြံတတ်တဲ့မင်းလိုမျိုးသူက မျှတဲ့ပြိုင်ပွဲအကြောင်း လာပြောနေသေးတယ်ပေါ့လေ''
''မင်းသတ္တိရှိနေရင် စင်ပေါ်တက်ပြီး ငါနဲ့ လာချလှည့်လေ။ တစ်ပွဲချပြီး ဘယ်သူက သာသလဲဆိုတာ ဆုံးဖြတ်လိုက်ကြတာပေါ့''
''ဒါက ငါပြောတဲ့ မျှတတဲ့ပြိုင်ပွဲပဲ''
''မင်းလိုမျိုး အမြဲချောင်းမြောင်းနေပြီး လှည့်ကွက်သုံးတတ်တဲ့သူမျိုး မဟုတ်ဘူးကွ။ ရှင်းလား''
မာကျန်းဟယ်တစ်ယောက် အကြောင်းပြချက်များအားလုံး ပျောက်ဆုံးသွားသောကြောင့် အတော်လေးဒေါသထွက်နေကာ ပုံမှန်တည်ငြိမ်သောပုံကိုပင် ကြာကြာထိန်းမထားနိုင်တော့ပေ။ ယခုတွင် ကျောလိပ်ဝင်ခွင့်စာမေးပွဲ၌ ဒုတိယရသည့်ကျောင်းသားနှင့်ပက်သက်ပြီး ပြဿနာဖြစ်နေသည်လားကိုပင် နားမလည်နိုင်တော့ပေ။ မဟုတ်လျှင် လျို့ချွမ်ဝူ၏ အပြောချိုချိုလေးများသည် အဆင့်သစ်တစ်ခုထိသို့ပင် ရောက်နိုင်ပေသည်။
ထိုသို့မည်သို့ အဖြစ်ခံနိုင်မည်နည်း။ယခင်က လျို့ချွမ်ဝူသည် ကျောင်းသားများကို အခွင့်မရှိဘဲအတင်းဝင်ဖမ်းတတ်သည်ကို မကြားဖူးခြင်းမဟုတ်ပါလော။
သို့သော် ယခုတွင်မူ ကျောင်းသားများက သာမန်အဆင့်များပင်ဖြစ်ကာ ၎င်းတို့ကြောင့် လျို့ချွမ်ဝူဖြင့် ကတောက်ကဆ မဖြစ်လိုပေ။ သို့သော် ထိုနှစ်၏ ကောလိပ်ဝင်ခွင့်မှ ဒုတိယရသောကျောင်းသားသည် မတူညီသောဇာတ်လမ်းမျိုးရှိနေသည်။ ၎င်းသည် လုံးဝသည်းခံနိုင်မည် မဟုတ်ပေ။
''အပေါ်တက်ပြီး ချရမှာလား။ ငါ့ကို ငတုံးများ ထင်နေလား''
လျို့ချွမ်ဝူက မာကျန်းဟယ်ကို ကျပ်မပြည့်သောသူတစ်ဦးနှယ် ကြည့်လိုက်ကာ သရော်လိုက်၏။
''မင်းလို အဆင့်မြင့်ပဥ္စမအဆင့်သိုင်းသမားက ငါ့လို အခြေခံနဝမအဆင့်ကို လာအနိုင်ကျင့်နေတယ်။ ပြီးတော့ တရားတဲ့အကြောင်းကို လာပြောနေသေးတယ်။ မင်းအရှက်တွေ ဘယ်ရောက်ကုန်ပြီလဲ''
''ဒီနှစ်ဆို ငါက (၄၈)နှစ်ပဲရှိေသေးတာ မင်းက (၉၅)နှစ်လေ။ ဘယ်လိုလုပ် အနိုင်ကျင့်တာ ဖြစ်မှာလဲ''
''အဲ့လိုဆို မင်းက အကြီးကို အနိုင်ကျင့်နေတာပေါ့''
''မင်း…''
မာကျန်းဟယ်သည် သွေးအန်မတတ် ဒေါသထွက်မိသည်။ လျို့ချွမ်ဝူ၏ပါးစပ်သည် လူများကို ရန်စခြင်း၌ အထူးပင်ကျွမ်းကျင်လှကာ နှုတ်ရေးတိုက်ပွဲဆရာတစ်ဆူပင် ဖြစ်သည်။ အကြီးတစ်ယောက်၏ လေယူလေသိမ်းမျိုး ဖမ်းကာ လျို့ချွမ်ဝူက ပြောလိုက်ပြန်သည်။
''လူလေး မင်းက ငါ့ကို စိန်ခေါ်ချင်နေတာလား။ ကောင်းပြီလေ''
''သွေးသန့်လူသားတစ်ယောက်အနေနဲ့ အခြေခံအဆင့်က အတားအဆီးတွေက လွတ်သွားပြီး အဆင့်မြင့်အဆင့်ကိုရောက်သွားရင် ငါမင်းကို ပထဆုံး စာရှင်းလာရှင်းလှည့်မယ်'' လျို့ချွမ်ဝူက ယုံကြည်ချက်ခိုင်မာစွာဖြင့် ကြေညာလိုက်သည်။
''အဲ့အချိန်ကျရင် င့ါရဲ့ အဆင့်မြင့်ပထမအဆင့် အင်အားကို အမြင့်ဆုံးထိသုံးပြီး မင်းလို အဆင့်မြင့်ပဥ္စမအဆင့် မျိုးစပ်တစ်ယောက်ကို သတ်တာကို တစ်နိုင်ငံလုံးကို တိုက်ရိုက်ထုတ်လွှင့်ပြမယ်'' မာကျန်းဟယ်က လှောင်ပြောင်ရယ်မောလိုက်၏။
''အင်းပါ။ ဆက်ပြောနေလိုက်ဦး မစ္စတာလေကြီးလေကျယ်''
''လျို့ချွမ်ဝူင့ါစကားကိုမှတ်ထား။ မင်းက သွေးမျိုးစပ်တာကို ငြင်းဆန်နေသမျှ ကာလပတ်လုံး သာမန်အဆင့်ကိုးအဆင့် အားနည်းသူလေးပဲ ဖြစ်နေမှာပဲ''
''ညံ့ဖျင်းလွန်းတဲ့သာမန်သတ္တဝါ မင်းရဲ့ သွေးသန့်လူသားတွေနဲ့ပဲ အဓိပ္ပာယ်မရှိ လျှောက်လုပ်နေလိုက်''
ထိုသို့နှုတ်ဆက်စကားဆိုကာ မာကျန်းဟယ်သည် လေ့ကျင့်ရေးကွင်းမှ ထွက်လာခဲ့သည်။ လျို့ချွမ်ဝူဖြင့် ကြာကြာငြင်းခုံနေရသည်မှာ လွန်စွာစိတ်ပျက်ဖွယ်ကောင်းလှ၏။
သို့သော်လည်း ထိပ်တန်းကျောင်းသားကို ခိုးယူသွားသည့်ကိစ္စကိုမူ မထားလိုက်နိုင်ပေ။ အမြန်ပင် ယွမ်တုန်ဇီကို စောဒကတက်ရန် ကျောင်းအုပ်ရုံးခန်းဘက်သို့ ထွက်လာခဲ့ကာ လျို့ချွမ်ဝူသည် သိုင်းပညာကို လေးစားမှုမရှိကြောင်း၊ လက်တစ်လုံးခြားဗျူဟာများသုံးကာ ဆင့်ကဲပြောင်းလဲခြင်းကောလိပ်၏ စာမေးပွဲထိပ်တန်းအဆင့်ရသူကို ခိုးယူသွားကြောင်း ပြောပြသည်။ ၎င်း၏မကျေနပ်ချက်များကို တုံ့ပြန်သည့်အနေဖြင့် ယွမ်တုန်ဇီ က ၎င်းကို နှစ်သိမ့်ပေးလိုက်သည်။
''စိတ်မပူပါနဲ့ ကျောင်းအုပ်မာ ကျောင်းရဲ့နှစ်စဉ်လုပ်ငန်းတွေကို စောင့်ကြည့်ပါဦး။ လင်းဇီချန်က သူ့လောက်မတော်တဲ့ အရင်အောင်မြင်သူတွေကို မြင်ပြီး သွေးမျိုးစပ်ပြီးတော့ မဟုတ်ရင်လည်း စက်ပိုင်းဆိုင်ရာတိုးတက်မှုကြောင့် တစ်ယောက်ပြီးတစ်ယောက် သူ့ကို ကျော်သွားကြမယ်ဆိုရင် မေဂျာပြောင်းလောက်မှာပါ''
မာကျန်းဟယ်က ပြောလိုက်သည်။
''ကျောင်းအုပ်ယွမ် အဲ့တာကို ဆိုလိုတာမဟုတ်ဘူး။ လျို့ချွမ်ဝူက စည်းကမ်းချိုးဖောက်လို့ပါ။ သူ့ကိုအပြစ်ပေးဖို့ လိုနေပြီ''
ယွမ်တုန်ဇီသည် စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို ကောက်ယူကာ တစ်ကျိုက်သောက်၍ ပြောလိုက်၏။
''ရှင်ဒေါသထွက်နေတယ်ဆိုရင် သူ့ဆေးအရသာကို သူ့ဘာသာမြည်းခိုင်းကြည့်ပြီး ထိပ်တန်းကျောင်းသားကို ပြန်နိုင်အောင် လုပ်ကြည့်ပေါ့''
''အဲ့လိုဆို ကျောင်းအုပ်ယွမ် အကြံပေးတဲ့အတိုင်း လုပ်ပါ့မယ်''
ယွမ်တုန်ဇီက လျို့ချွမ်ဝူကို စည်းကမ်းမတင်းကျပ်သည်ကို သိသောကြောင့် မာကျန်းဟယ်တစ်ယောက် မကျေမနပ်ဖြစ်ကာ ဘာမှထက်မပြောတော့ပေ။ သို့သော်လည်း မျက်နှာတွင်မူ ရိုသေသောအမူအရာမျိုးကိုသာ ထိန်းသိမ်းထားဆဲဖြစ်၏။
၎င်းတို့သည် စကားအနည်းငယ်ခန့် ပြောဆိုကြသည်။ မကြာမီပင် မာကျန်းဟယ်သည် ၎င်း၏ကိုယ်ပိုင်ကိစ္စများကို ဆောင်ရွက်ရန် ရုံးခန်းထဲမှ ထွက်သွားသည်။ ၎င်းထွက်သွားပြီးနောက်တွင် ယွမ်တုန်ဇီက သူမဘာသာ ညီးတွားလိုက်မိ၏။
''မာကျန်းဟယ်က များသောအားဖြင့် တည်ကြည်တဲ့ပုံပါပဲ။ ဒါပေမဲ့ နောက်လိုက်လျိုနဲ့ ရင်ဆိုင်လာရတိုင်း ဘာလို့သူ့ရဲ့ပုံစံ ပျောက်သွားရတာလဲ''
''ဒီလောက်နှစ်တွေအများကြီး ဖြတ်သန်းပြီးပြီပဲ။ ကောင်လေးလျို့ကလည်း နည်းနည်းမှ ပြောင်းလဲမသွားဘူး။ သူ့ပါးစပ်က အရင်လိုမျိုး ထက်နေတုန်းပဲ''
သူမ အသာသက်ပြင်းချလိုက်မိသည်။
''သူငယ်ငယ်တုန်းကသာ လမ်းမှားမလိုက်ခဲ့ဘူးဆိုရင် သူ့စကားလုံးတွေလိုမျိုး အားကလည်း အထင်ကြီးစရာကောင်းမှာပဲ။ မဟုတ်ရင် အခုလောက်ဆို ကျောင်းအုပ်တောင် ဖြစ်နေလောက်ပြီ'’
အခန်း (၁၁၄) -သတို့သမီးလောင်း(၁)
ညနေခင်းတွင် နေရောင်က မပြင်းကာ သိမ်မွေ့သောလေပြေညင်းက မျက်နှာကို ပွတ်တိုက် တိုက်ခတ်သွား၍ လေဆတ်အေးမြသောလေကို ဆောင်ယူလာသည်။ လွန်စွာသက်တောင့်သက်သာရှိသည်ဟု ခံစားရစေသည်။
မြို့အစွန်းအဖျားရှိ လမ်းမတစ်ခုထက်တွင် ဖြစ်သည်။
လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် အပြေးလေ့ကျင့်နေကြ၏။ အဓိကလေ့ကျင့်နေသူမှာ ရှန်ချင်းဟန်ဖြစ်သည်။ လင်းဇီချန်ကမူ နည်းပြအဖြစ်၊ လေ့ကျင့်ဖော်အဖြစ် ပါဝင်ပေးနေကာ သူမ၏ လေ့ကျင့်ရေးအား တိုးတက်အောင် ကူညီပေးနေခြင်းဖြစ်သည်။
ရှန်ချင်းဟန်သည် သွေးမျိုးစပ်ရန် ဆုံးဖြတ်ထားကာ သားရဲမျိုးစိတ်ဖြင့် ပေါင်းစပ်ကာ သူမ၏အင်အားကို ကောင်းစေမည်ဖြစ်သည်။ သို့သော်လည်း ကိုယ်ခန္ဓာလေ့ကျင့်ရေးကမူ လိုအပ်နေဆဲဖြစ်၏။
ခန္ဓာကိုယ်က ပို၍အားကောင်းလေလေ သွေးမျိုးစပ်ခြင်းအတွက် ပို၍အကျိုးရှိလေလေပင် ဖြစ်၏။
''မသွားနိုင်တော့ဘူး။ ဆက်မပြေးနိုင်တော့ဘူး''
ရှန်ချင်းဟန်သည် လမ်းဘေးတွင် ရပ်လိုက်ကာ ဒူးနှစ်ဖက်ပေါ်တွင် လက်တင်လျက် ခန္ဓာကိုယ်ကို ကိုင်းကာ အသက်ရှုနေသည်။ ချွေးသီးချွေးပေါက်များက နီရဲနေသောပါးပြင်ထက်သို့ အဆက်မပြတ်ကျဆင်းနေကာ မြေကြီးပေါ်တွင် ချောင်းစီးမတတ်ပင် ဖြစ်၏။ အဝတ်များလည်း ချွေးများဖြင့် ရွှဲနစ်နေကာ ချွေးများကြောင့် အဝတ်က ခန္ဓာကိုယ်ဖြင့် အတော်လေးကပ်နေပြီး လှပသောသူမ၏ကောက်ကြောင်းကို ထုတ်ဖော်ပြနေသည်မှာ စွဲမက်စရာကောင်းလှသည်။
''ရော့ ရေသောက်လိုက်''
လင်းဇီချန်သည် အားကစားသမားများအတွက် အထူးထုတ်လုပ်ထားသော ဓာတ်အားဖြည့်ရေပါသည့် ရေဘူးကို ကျောပိုးအိတ်ထဲမှ ထုတ်ယူလိုက်ကာ အဖုံးဖွင့်ပေး၍ သူမကို ပေးလိုက်သည်။ ချွေးထွက်လွန်နေသောကြောင့် ခန္ဓာကိုယ်သည် များပြားသောရေဓာတ်ကို ဆုံးရှုံးရုံသာမက ခန္ဓာကိုယ်မှ ဓာတုပစ္စည်းများကိုလည်း ဆုံးရှုံးထားသည်။ ထိုအချိန် တွင် ဓာတ်အားဖြည့်ရေသောက်ခြင်းက ရေသန့်သောက်ခြင်းထက် ပို၍အကျိုးရှိသည်။
ရှန်ချင်းဟန်က ဓာတ်အားဖြည့်ရေကို ယူလိုက်သည်။ သူမသည် လွန်စွာမှ ရေဆာနေသော်လည်း အလျင်မလိုဘဲ နည်းနည်းချင်းစီသာ သောက်သည်။
ယခင်က ရေမြန်မြန်သောက်ခြင်းကြောင့် အကြိမ်ပေါင်းများစွာ သီးဖူးကာ လင်းဇီချန်က သူမကို ဆူပြီးနောက်တွင် သင်ခန်းစာရပြီဖြစ်သောကြောင့်ပင်ဖြစ်သည်။ ရှန်ချင်းဟန် ရေသောက်၍ဝသွားသည်ကို မြင်သောအခါတွင် လင်းဇီချန်က သူမကို မေးလိုက်သည်။
''ဒီနေ့လေ့ကျင့်တာကိုလက်စသတ်ရအောင်။ ဟိုနားက ခုံတန်းအထိသွားပြီးရင် အကြောလျော့ကြမယ်''
ပါးစပ်ထဲတွင် ရေအပြည့်ရှိသောရှန်ချင်းဟန်က အင်းဟုသာ ပြန်ဖြေနိုင်သည်။ မကြာမီပင် နှစ်ဦးသား ခုံတန်းနားသို့ ရောက်သွားကြသည်။ ရှန်ချင်းဟန်သည် ရေဘူးကို ချထားကာ ခုံတန်းပေါ်တွင် လှဲလိုက်လေသည်။
လင်းဇစ်ချန်က သူမဘေးတွင်ထိုင်ကာ တင်ပါးကို အသာပုတ်လိုက်ပြီး ပြောလိုက်သည်။
''နင့် ခြေထောက်ကို နှိပ်ပေးမယ်။ ဖိနပ်နဲ့ ခြေအိတ်တွေ ချွတ်လိုက်ဦး''
''ငါ မထနိုင်တော့ဘူး။ ကူပြီးချွတ်ပေးပါဦး''
ရှန်ချင်းဟန်က ခေါင်းလှည့်ကာ လင်းဇီချန်ကို ကြည့်လိုက်သည်။ မက်မွန်ပွင့်သဏ္ဍာန်တောက်ပသောမျက်ဝန်းများနှင့်အတူ ထိုတီးတိုးဆိုသံက မိမိကို ချွဲနေသည်နှင့်တူသည်။ ချွေးတိတ်သွားပြီဖြစ်သောကြောင့် လင်းဇီချန်က သူမကို ကူ၍ ဖိနပ်နှင့်ခြေအိတ်များကို ချွတ်ပေးလိုက်သည်။ ဖိနပ်ကြိုးများက တင်းတင်းမချည်ထားသောကြောင့် ကြိုးဖြည်ရန်ပင်မလိုဘဲ အသာချွတ်၍ရသည်။
ပန်းရောင်အားကစားဖိနပ်များကို ချွတ်လိုက်သောအခါတွင် နုနယ်လှသော ခြေအိတ်စွပ်ထားသည့် ခြေထောက်နှစ်ဖက် ထွက်ပေါ်လာသည်။ ခြေအိတ်များက ချွေးများဖြင့် စိုနေသော်လည်း မည်သည့်အနံ့အသက်မှမရှိပေ။ အမှန်တွင် လတ်ဆတ်သောအနံ့မျိုးပင် ရနေသည်။ ရှန်ချင်းဟန်၏ကိုယ်လုံးကိုယ်ပေါက်သည် စွဲမက်စရာကောင်းလှသည် လင်းဇီချန်တစ်ယောက် တွေးနေမိကာ ရှေးခတ်တွင်သာဆိုလျှင် သူမသည် ခေတ်အဆက်ဆက်နာမည်ကြီးမည့် နာမည်ကြီးအလှပဂေးတစ်ယောက်ဖြစ်ပေလိမ့်မည်။
သူသည် အကြောင်းမဲ့ထိုကိစ္စများကို စဉ်းစားနေမိသည်။ မကြာမီ၌ပင် လင်းဇီချန်သည် ရှန်ချင်းဟန်၏ခြေထောက်ကို စနှိပ်ပေးသည်။ လတ်တစ်အက်စစ်ပျောက်ပျယ်သွားသည့်အာနိသင်ကို စဉ်းစားမိကာ လင်းဇီချန်သည် အားဖြင့်နှိပ်ပေးလျက် ရှန်ချင်းဟန်သည် အချိန်နှင့်အမျှ ညီးညူနေမိသည်။ ခြေထောက်သည် တင်းနေသောကြောင့် အားနည်းနည်းပိုသုံးလိုက်လျှင် သူမက မကျေမနပ်ပြောသည်။
ခြေထောက်ကို နှိပ်ပေးပြီးနောက်တွင် ခြေသလုံးဆီသို့ အလှည့်ကျလာသည်။ ရှန်ချင်းဟန်၏ခြေသလုံးများသည် သွယ်စင်းကာ နူးညံ့လှသည်။ နှိပ်နေစဉ်တွင်ပင် နူးညံ့မှုကို ခံစားမိသည်။ ထိတွေ့ရသည်ကပင် ကျေနပ်စရာကောင်းလှကာ လက်လွှတ်ရန် ခဲယဉ်းလှကာ သူမ၏ရေဓာတ်စွမ်းအား၏ပင်ကိုယ်လက္ခဏာများကို ပြီးပြည့်စုံစွာ ထုတ်ဖော်ပြသနေသည်။
လင်းဇီချန်က ပြီးပြည့်စုံစွာဖွဲ့စည်းထားသော ခြေသလုံးများကို နှိပ်ပေးနေရင်းဖြင့် အံ့ဩစွာဖြင့် မေးလိုက်မိသည်။
''နင့် ခန္ဓာကိုယ်က တကယ်အံ့ဩစရာကောင်းတာပဲ။ နှစ်တွေအကြာပြီး လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် လုပ်ထားခဲ့ပေမဲ့လို့ ကြွက်သားတွေ မကြီးလာဘူး။ ထိလိုက်ရင်ကို နူးညံံ့နေတယ်။ ရေနဲ့လုပ်ထားသလိုမျိုးပဲ။ သိုင်းပညာလေ့ကျင့်တဲ့ အခြားမိန်းကလေးတွေတော့ မနာလိုဖြစ်တော့မှာပဲ''
''ဘာကို မနာလိုစရာရှိလို့လဲ''
ရှန်ချင်းဟန်က နှိမ့်ချစွာ ပြောလိုက်သည်။
''ဒီထူးဆန်းတဲ့ ရေဓာတ်စွမ်းအား ခန္ဓာကိုယ်ကြောင့် အခုဆို ဒိုက်ဘာတောင် ဝတ်နေရပြီ။ ကလေးတုန်းကလည်း အဲ့တာကြောင့်ပဲ အခြားအတန်းဖော်တွေဆီက လှောင်ပြောင်တာခံခဲ့ရတယ်။ တကယ်စိတ်ပျက်စရာကောင်းတယ်''
လင်းဇီချန်ကသာ သူမဘေးတွင် တစ်ချိန်လုံး ရှိနေပေးကာ ကာကွယ်ပေးနေခြင်းကြောင့်သာသာ မဟုတ်လျှင် သူမ ကျောင်းကဆွဲထုတ်ခံကာ ကျောင်းထွက်လိုက်ရသည်မှာ ကြာပြီဖြစ်မည်ဟု စဉ်းစားလိုက်မိသည်။
''ရှောင်ချန် ငါနင့်ကို တကယ်ကျေးဇူးတင်တယ်''
''ဘာလို့ ရုတ်တရက်ကြီး ကျေးဇူးတင်နေရတာလဲ''
''ရှင်ကျွန်မကို အမြဲတမ်းကာကွယ်ပေးနေတာကြောင့်သာ မဟုတ်ရင် ကျောင်းမှာတုန်းက ငါ့ရဲ့ ကလေးဘဝက တော်တော်အားငယ်ဖို့ကောင်းလောက်မယ်''
''ငါတို့ရဲ့ပက်သက်မှုနဲ့ ကျေးဇူးတင်စကားပြောနေတာက အပေါ်ယံဆန်လွန်းတယ်''
လင်းဇီချန်က ရှန်ချင်းဟန်၏ခြေသလုံးကို နှိပ်ပေးနေခြင်းကို ရပ်လိုက်၍ လက်သည် ပေါင်ဆီသို့ ရွေ့သွားကာ အားနည်းနည်းတိုး၍ နှိပ်နှယ်ပေးသည်။ ပေါင်တွင် အသားပိုများသောကြောင့် အားမသုံးဘဲဖြင့် တင်းမာနေသောကြွက်သားများကို ဖြေလျော့ရန် ခက်သည်။
''ဒါနဲ့ တိတိကျကျဆို ငါတို့က ဘာတွေလဲ''
သူက မေးလိုက်သည်။
''သူငယ်ချင်းတွေလား။ ကလေးဘဝအချစ်ဦးလား။ မဟုတ်ရင် ရည်းစားလား' 'ရှန်ချင်းဟန်က သူမ၏ဆံစလေးများကို လက်ချောင်းလေးဖြင့်လိမ်နေကာ သိချင်ဇောဖြင့် မေးလိုက်သည်။
''မိသားစု''
လင်းဇီချန်က ပြန်ဖြေလိုက်သည်။
မိသားစုဟုသောစကားလုံးဖြင့် ဆက်ဆံရေးကို သတ်မှတ်လိုက်ခြင်းက ကျယ်ပြန့်လှကာ ဇနီးလည်းဖြစ်နိုင်သကဲ့သို့ ညီမလည်း ဖြစ်နိုင်သည်။ ရှန်ချင်းဟန်တစ်ယောက်ကမူ ထိုအဖြေဖြင့် မကျေနပ်နိုင်သေးသောကြောင့် နှုတ်ခမ်းလေးစူကာ ပို၍ဆွပေးလိုက်သည်။
''မိသားစုဆိုရင် ဘယ်လိုမျိုး မိသားစုလဲ''
လင်းဇီချန်က ပြုံးကာ မေးခွန်းကို ပြန်ဖြေလိုက်၏။
''မင်းက ဘယ်လိုမိသားစုမျိုး လိုချင်တာလဲ''
ရှန်ချင်းဟန်က ခေတ္တမျှတွန့်ဆုတ်နေပြီး သူမ၏ပါးပြင်လေးက ရှက်သွေးဖြာ၍ ရဲလာသည်။
''အဲ့လိုဆို ဇနီးလောင်း''
''အင်း ဇနီးလောင်း''
လင်းဇီချန်က အတည်ပြုလိုက်သည်။
ထိုအဖြေကြောင့် ရှန်ချင်းဟန်၏နှလုံးသားသည် ပျော်ရွှင်မှုဖြင့် လှိုက်ခုန်သွားကာ မျက်နှာက နီရဲလာလေသည်။
''အဲ့လိုဆို ကျောင်းကနေ ဘွဲ့ရပြီးရင် လက်ထပ်ကြမလား''
လင်းဇီချန်က ပြန်ဖြေလိုက်သည်။
''ကောင်းပြီ''
အဖြေကို ကြားလိုက်ရသောအခါတွင် ရှန်ချင်းဟန်တစ်ယောက် အပျော်လွန်သွားလေ၏။ ထို့နောက်တွင် သူမသည် ခုံရှည်မှထကာ စိတ်လှုပ်ရှားစွာဖြင့် လက်သန်းလေးထုတ်ကာ လင်းဇီချန်ကို ထိုးပေးလိုက်ပြီး ပြောလိုက်သည်။
''ရှောင်ချန် ငယ်ငယ်တုန်းကလိုမျိုး မပြောင်းလဲဘဲ နှစ်ရာချီအတူရှိသွားဖို့အတွက် လက်သန်းချင်းချိတ်ပြီး ကတိလုပ်ရအောင်။ ကျောင်းကဘွဲ့ရပြီးရင် လက်ထပ်ကြမယ်''
''လုပ်ကြတာပေါ့''
လင်းဇီချန်က ပြုံးကာ သူ၏လက်သန်းကို ထုတ်ပေးလိုက်ပြီး ရှန်ချင်းဟန်၏လက်သန်းနှင့်အတူ ချိတ်လိုက်သည်။