← Chapters

အခန်း ၁၁၅-၁၁၇

Vol. 8 Ch. 115-117

အခန်း ၁၁၅-၁၁၇

Vol. 8 Ch. 115-117

အခန်း (၁၁၅) - သတို့သမီးလောင်း(၂)

ရှန်ချင်းဟန်က ချိတ်ထားသောလက်ချောင်းလေးများကို လှုပ်ယမ်းလိုက်လျက် ကတိပေးလိုက်သောအခါတွင် မျက်နှာ၌ ဝမ်းသာပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေသည်။

''ရှန်ချင်းဟန်နဲ့ လင်းဇီချန်က ဘွဲ့ရပြီးရင် လက်ထပ်ကြမယ်လို့ သဘောတူလိုက်ကြပြီ။ ငါတို့လက်ထပ်ကြမယ်''

လင်းဇီချန်ကလည်း လက်ချောင်းလေးကို လှုပ်ခါလိုက်၍ ပြုံးကာ ပြောလိုက်သည်။

''သဘောတူပါတယ်။ ငါတို့ဘွဲ့ရပြီးရင် လက်ထပ်ကြမယ်''

''ကတိ''

''လက်သန်းချင်းချိတ်မယ်''

''နှစ်ရာချီတိုင်အောင် ပြောင်းလဲဖို့ခွင့်မပြုဘူး''

ထိုအချိန်တွင် နှစ်ဦးသား ကတိတစ်ခု လုပ်လိုက်ကြကာ ငယ်စဉ်ကလေးဘဝကကဲ့သို့ပင် ဖြစ်၏။

...

အနည်းငယ်မျှ ကလေးဆန်သော်လည်း လွန်စွာအဓိပ္ပာယ်ရှိသည်ဟု ထင်မိသည်။

ညနေခင်းတွင် ဖြစ်၏။

ရေချိုးကာ ညစာစားပြီးနောက်တွင် လင်းဇီချန်းသည် ဧည့်ခန်းထဲ၌ မိဘများနှင့်အတူ တီဗီကြည့်နေကာ ရံဖန်ရံခါတွင် စကားပြောကြပြီး စည်းချက်ကျသောညနေခင်းကို ဖန်တီးနေကြသည်။

''ကျိုတိုတက္ကသိုလ်က ပါရမီရှင်က မီးတောက်နက်မြွေမျိုးစိတ်နဲ့ အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့ပြီး တက္ကသိုလ်သမိုင်းထဲက လေးကြိမ်မြောက် အငယ်ဆုံးသွေးမျိုးစပ်သူစံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါပြီ။ တစ်ချိန်တည်းမှာပဲ အဆင့်မြင့်သွေးမျိုးစပ်သူအဖြစ် ဆင့်ကဲပြောင်းလဲသွားခဲ့ပြီး ကျိုတိုတက္ကသိုလ်မှာ အသက်အငယ်ဆုံးအဆင့်မြင့်သွေးမျိုးစပ်သူအဖြစ် မှတ်တမ်းကိုချိုးဖျက်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်''

''စက်နတ်ဘုရားအဖွဲ့အစည်းက စက်ရုပ်ပါရမီရှင်မိန်းကလေးအတွက် တက်လှမ်းခြင်းအစီအစဉ်ကို စတင်လိုက်ပြီဖြစ်ပြီး သံမဏိတောင်ပံလူသားကို ဆယ်နှစ်အတွင်းဖန်တီးဖို့ ရည်ရွယ်ထားတယ်လို့ ကြေညာသွားပါတယ်။ ဒီဟာနဲ့သာဆိုရင် အဆင့်မြင့်တိုက်ခိုကသူကို အားချင်းယှဉ်နိုင်တော့မှာ ဖြစ်ပါတယ်''

ညနေခင်းသတင်း ထုတ်လွှင့်နေစဉ်တွင် မြို့တော်မှ ပါရမီရှင်များနှင့် စက်ရုပ်ပါရမီရှင်မိန်းကလေးနှင့် ပက်သက်သည့်သတင်းများ လာနေခြင်းပင် ဖြစ်သည်။ စက်ရုပ်မိန်းကလေးကို စက်နတ်ဘုရားအဖွဲ့အစည်းက အောင်မြင်စွာတီထွင်နိုင်ပြီးကတည်းကပင် ထိုကိစ္စသည် ပို၍ပင် အားကောင်းလာလေသည်။

မီဒီယာအများစုက သူမနှင့် မြို့တော်မှပါရမီရှင်ကို အတူတကွပေါင်းစပ်ပြီး လှုပ်လှုပ်ရှားရှားအသံထွက်လာစေရန် ပြိုင်စံရှားနှစ်ဦးဟုသောပုံရိပ်မျိုး သွင်းတတ်ကြသည်။ ၎င်းတို့ထဲမှတစ်ဦး၏ သတင်းပါလာသည့်အခါတိုင်း ကျန်သောသူနှင့် နှိုင်းယှဉ်ကာ အကြီးအကျယ်ထိပ်တိုင်ရင်ဆိုင်ပေးသည့် သတင်းခေါင်းစဉ်မျိုးကို တပ်ကာ မည်သူက ပို၍အားကောင်းသည်ဟုသောအကြောင်းမျိုးကို မှတ်ချက်တွင် အပြိုင်အဆိုင်ပြောဆိုဆွေးနွေးစေသည်။

''ကျိုတိုက ပါရမီရှင်က တစ်ခုခုတော့ တစ်ခုခုပဲမဟုတ်လား။ နှစ်ဆယ်ပြည့်ခါစကို လေးကြိမ်မြောက်သွေးမျိုးစပ်သူနဲ့ အဆင့်မြင့်တိုက်ခိုက်သူတန်းဖြစ်သွားတယ်။ သူ့ကြည့်ရတာက ကျိုတိုတက္ကသိုလ်မှတ်တမ်းတွေအားလုံးကို ပြန်ရေးတော့မဲ့ပုံပဲ''

''ပြီးတော့ ဒီစက်ရုပ်ပါရမီရှင်မိန်းကလေးက ကျိုတိုပါရမီရှင်ထက် နှစ်ဝက်လောက်ပဲငယ်မယ်။ အခု သူတို့က ဆယ်နှစ်အတွင်း သူ့ကို ရှားပါးအဆင့်စက်ရုပ်မွမ်းမံလူသားအဖြစ် ပြောင်းပေးမယ်လို့ ကြေညာနေကြပြီ။ အသက်သုံးဆယ်မပြည့်ခင် ရှားပါးအဆင့်စက်ရုပ်မွမ်းမံလူသားဖြစ်လာမှာပဲ။ အခြားဟာထက်တောင်မှ ပိုပြီးချဲ့ကားနေသေးတယ်''

လင်းယန်ရှန်ကလည်း တီဗီသတင်းကိုကြည့်ကာ မှတ်ချက်ပြုလိုက်သည်။ ကျန်းဝမ်ရှင်းက ၎င်းကို မျက်စောင်းထိုးကြည့်ကာပြော၏။

''ရှင်ဘာတွေသက်ပြင်းချနေလဲ မသိဘူးများထင်နေလား။ ကျွန်မတို့သားနဲ့ ဟန်ဟန်ကလည်း အထင်ကြီးစရာကောင်းပါတယ်။ ဘာလို့ သူတို့နဲ့ပက်သက်ပြီး မပြောရတာလဲ''

ထိုသို့ပြောကာ သူမက ဆက်ပြောလိုက်သည်။

''ကျွန်မတို့သားနဲ့ ဟန်ဟန်က နန်ကျန်းစီရင်စုရဲ့ ဒုတိယအတော်ဆုံးနဲ့ ထိပ်တန်းကျောင်းသား။ သူတို့ တက္ကသိုလ်ရောက်ရင် အဲ့နှစ်ယောက်ထက်တောင်မှ ပိုတော်ချင်တော်နေဦးမှာ။ ဘယ်သူသိမလဲ။ သူတို့တွေက အသက်နှစ်ဆယ်မပြည့်ခင် ငါးကြိမ်မြောက် သွေးမျိုးစပ်သူဖြစ်သွားပြီး ကမ္ဘာ့စံချိန်တောင်ချိုးလိုက်ဦးမယ်''

လင်းယန်ရှန်က အတန်ငယ်ကူရာကယ်ရာမဲ့ဖြစ်သွားသည်။

''ဝမ်ရှင်း မင်းက အတော်လေးချဲ့ကားပြောတတ်တာပဲ။ သိပ္ပံပညာကိုလျစ်လျူရှုပြီး ပြိုင်နေစရာမှမလိုတာ''

''သိပ္ပံနည်းမကျတော့ရော ဘာဖြစ်လဲ။ အဲ့လိုမဖြစ်ပါဘူးလို့ ဆိုလိုတာပဲမဟုတ်လား''

သူမပြော၍ မဆုံးခင်တွင်ပင် ကျန်းဝမ်ရှင်းက ပြန်ဖိလိုက်သည်။

''တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမတိုင်ခင် ဟန်ဟန်က နန်ကျန်းစီရင်စုမှာ ထိပ်တန်းကျောင်းသားဖြစ်လာမယ်လို့ စိတ်ကူးမိရဲ့လား''

''သေချာပေါက်မဟုတ်ဘူးပေါ့။ ဟုတ်တယ်မလား''

ကျန်းဝမ်ရှင်းက ၎င်းကို နှိပ်ကွက်လိုက်ပြန်သည်။

''သိပ္ပံနည်းကျတာတွေ မကျတာတွေ ပြောတာတော်ပါတော့။ ဒီလောကကြီးမှာ သိပ္ပံနည်းလမ်းနဲ့ ရှင်းမပြနိုင်တဲ့အံ့ဖွယ်တွေဆိုတာ ရှိတာပဲ။ ကျွန်မကတော့ ကျွန်မတို့သားနဲ့ ဟန်ဟန်က အံ့ဖွယ်ဖြစ်လာမယ်လို့ ယုံတယ်။ အဲ့လိုတောင် ခွင့်မပြုတာလား''

လင်းယန်ရှန်သည် ထိုပြန်လည်ချေပချက်ကြောင့် ပြောစရာစကားမဲ့သွားသည်။ လက်ထပ်ပြီးသည်မှာ နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် ငြင်းခုံရာ၌ ကျိုးကြောင်းဆင်ခြင်တတ်သောသူသည် မည်သည့်အခါမှ စိတ်ခံစားချက်ပြင်းထန်သောကျန်းဝမ်ရှင်းကို မည်သည့်အခါမှ မနိုင်ခဲ့ပေ။ မိဘနှစ်ပါး ငြင်းခုံသည်ကို နားထောင်ကာ လင်းဇီချန်သည် ကောင်းကင်လူသားအဖွဲ့အစည်းသို့ ပူးပေါင်းကာ သွေးသန့်လူသားမျိုးနွယ်လမ်းကိုသာ လိုက်မည့်ဆိုသည့်အကြောင်းကို ၎င်းတို့အား မပြောရသေးသည်ကို အမှတ်ရသွားသည်။

ထိုကိစ္စကို မည်သို့အစပျိုးကာ ပြောပြရမည်ကို စဉ်းစားနေစဉ်တွင်ပင် အိမ်မှလူခေါ်ခေါင်းလောင်းသံ မြည်လာသည်။

''ဒင်း ဒေါင်''

''လာပြီ''

တံခါးဖြင့် အနီးဆုံးဖြစ်သော လင်းယန်ရှန်က ပြန်ဖြေကာ အပြင်မှဧည့်သည်ကို တံခါးထဖွင့်ပေးလိုက်သည်။ မကြာခင်ပင် တံခါးအပြင်မှ စကားသံများ ထွက်ပေါ်လာသည်။

''ကျောင်းအုပ်မာ ဘာများဖြစ်လို့လဲဗျ” '

''ညနေဘက် နောက်ကျမှ နှောင့်ယှက်ရလို့ အားနာပါတယ်။ ဒီကို ကျောင်းရွေးတာနဲ့ပက်သက်ပြီး ဇီချန်နဲ့ပြောစရာရှိလို့ လာခဲ့တာ''

ကျောင်းအုပ်မာသည် ရည်ရွယ်ချက်ရှိရှိဖြင့် နောက်ကျမှသာ လာခဲ့ခြင်းဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ညဘက်တွင် စိတ်ခံစားချက်များက ပိုမိုပြင်းထန်ကာ ဆုံးဖြတ်ချက်ကို ပို၍ချတတ်ကြသည်။ ယနေ့ညတွင် လင်းဇီချန်ကို လျို့ချွမ်ဝူဆီမှ အနိုင်ပြန်သိမ်းရန် ဆုံးဖြတ်ထားပေသည်။

''ကျောင်းရွေးတာလား''

လင်းယန်ရှန်သည် အတန်ငယ်တွေဝေသွားမိသည်။ ကျောင်းရွေးပြီးသည်မှာ အချိန်အတော်အတန်ကြာပြီမဟုတ်လော။ အဘယ့်ကြောင့် ကျောင်းအုပ်မာ ရောက်လာ၍ ညဘက်နောက်ကျသောအခါမှ လာဆွေးနွေးရပါသနည်း။

''ဒါနဲ့ ဒီမှာ ရေခဲဖန်သားငါးနှစ်ကောင်ပါ။ အရသာက အရမ်းလတ်ဆတ်တယ်။ စိတ်ငြိမ်စေတယ်။ ဦးနှောက်ကို ပိုလှုံ့ဆော်ပေးတယ်။ အလှတရားကိုထိန်းသိမ်းပေးတယ်။ ကျန်းမာရေးကို ထိန်းသိမ်းပေးတယ်။ ကျောင်းပြီးသွားတဲ့တပည့်တစ်ယောက်ဆီကနေ လက်ဆောင်အများကြီးရထားလို့လေ။ မြည်းကြည့်ကြဖို့ ယူလာခဲ့တာ''

ကျောင်းအုပ်မာသည် ရေခဲတုံးကဲ့သို့ ငါးများကို ထွင်းဖောက်မြင်နေရသည့်အိတ်အကြည်ကို လင်းယန်ရှန်ကို ပေးလိုက်သည်။ လင်းယန်ရှန်က အိတ်ကိုယူကာ ပြုံး၍ ပြောလိုက်သည်။

''ကြင်နာလွန်းနေပါပြီ ကျောင်းအုပ်မာ''

''မဟုတ်တာ။ ဒီတိုင်း လက်ဆောင်လေးပါပဲ''

''ကျောင်းအုပ်မာ ရှောင်ချန် ဧည့်ခန်းထဲမှာပါ။ ထိုင်ပြီး စကားပြောကြပါ''

''အဲ့လိုဆို အားမနာတော့ဘူး''

အနည်းငယ်မျှစကားပြောဆိုပြီးနောက်တွင် နှစ်ဦးသား ဧည့်ခန်းထဲသို့ ဝင်လာကြသည်။

ဧည့်သည်ရောက်လာသည်ကို သတိထားမိသောကြောင့် အစောပိုင်းက လင်းယန်ရှန်ဖြင့် ငြင်းခုံနေခဲ့သော ကျန်းဝမ်ရှင်းသည် ချက်ချင်းပင် ပညာရှိကာရိုကျိုးသောဇနီးသည်အဖြစ် ပြောင်းသွားသည်။ သူမက လက်ဖက်ရည်သွားဖျော်ပေးသည်။ ခင်ပွန်းသည်ကို ဧည့်သည်ရှေ့တွင် ရိုသေလေးစားမှုများစွာ ပြသသည်။

ကျောင်းအုပ်မာသည် နေရာတွင် ထိုင်ပြီးသည်နှင့် လင်းဇီချန်နှင့် ကျောင်းရွေးသည့်ကိစ္စကို ဆွေးနွေးရန် အလျင်မလိုဘဲ မိဘနှစ်ဦးဖြင့်သာ စကားစမြည်ပြောသည်။

အခြေအနေကောင်းသည်ကို သိသောအခါတွင် လင်းဇီချန်ဘက်သို့လှည့်ကာ နောင်တရသောအကြည့်မျိုးဖြင့် ကြည့်လိုက်၏။

''ဇီချန်ရဲ့သွေးမျိုးစပ်နိုင်စွမ်းက (၁၅)ရာခိုင်နှုန်းလောက် မြင့်တယ်။ သွေးမျိုးစပ်လမ်းစဉ်ကိုသာ လိုက်မယ်ဆိုရင် တိုင်းတာလို့တောင်မရတဲ့အနာဂတ်မျိုးကို ပိုင်ဆိုင်နိုင်မှာပဲလို့ ညွှန်ပြနေတာ။ သွေးသန့်လူသားလမ်းစဉ်ကို လိုက်စရာမှမလိုတာ။ ပါရမီတွေကို ဖြုန်းတီးရာကျမှာပေါ့''

''ကောင်းကင်လူသားအဖွဲ့အစည်းမှာ ကောင်းတဲ့ရည်ရွယ်ချက်တွေရှိပေမဲ့လို့ သူတို့ရဲ့ သွေးသန့်လူသားသီအိုရီတွေကတော့ မည်မည်ရရလုပ်ငန်းမျိုးကို မပြနိုင်သေးဘူး။ အဲ့တာက ကပ်ဘေးအကြီးစားပဲ။ ဇီချန် မင်းသာ အဲ့ကပ်ဘေးထဲကို ခုန်ချလိုက်မယ်ဆိုရင် မင်းကိုပဲ အန္တရာယ်ဖြစ်စေလိမ့်မယ်''

၎င်းက လင်းဇီချန်ကို ကြည့်ကာ ဆက်ပြောသည်။

''စိတ်ဆန္ဒပြင်းပြတာက ကောင်းတဲ့ကိစ္စပါ။ ဒါပေမဲ့လို့ ခေါင်းမာလွန်းတာကတော့ ကောင်းတဲ့ကိစ္စမဟုတ်ဘူး ဇီချန်။ ငါ့အကြံကို နားထောင်ပါ။ သွေးသန့်လူသားလမ်းစဉ်ကို မလိုက်ပါနဲ့။ သာမညကိုပဲ ဦးတည်သွားလိမ့်မယ်။ အဲ့အစား ဆင့်ကဲပြောင်းလဲခြင်းကောလိပ်ကို ရွေးတာက ပိုကောင်းလိမ့်မယ်''

အခန်း (၁၁၆) - သတို့သမီးလောင်း (၃)

လင်းဇီချန် ပြန်၍မတုံ့ပြန်နိုင်ခင်တွင်ပင် ဘေးတွင်ရှိသောကျန်းဝမ်ရှင်းတစ်ယောက် တွေဝေသောအမူအရာဖြင့် ပြောလိုက်သည်။

''ကျောင်းအုပ်မာ ရှင်ပြောတာကို နားမလည်ဘူး။ ရှောင်ချန်က ဆင့်ကဲပြောင်းလဲခြင်းကောလိပ်မှာ စာရင်းသွင်းထားတာမဟုတ်လား''

ထိုစကားကို ကြားသောအခါတွင် မာကျန်းဟယ် အတန်ငယ်ကြောင်သွားလေသည်။

မည်သို့ဖြစ်နေပါသနည်း။

မိဘနှစ်ပါးသည် သားဖြစ်သူက ကောင်းကင်လူသားအဖွဲ့အစည်းဖြင့် ပူးပေါင်းကာ သိုင်းပညာကောလိပ်သို့ ပြောင်းသွားသည်ကို သိသည့်ပုံမပေါ်ပေ။ ထိုအချိန်တွင် လင်းဇီချန်သည် မိဘများကို ကြည့်ကာ ရှင်းပြလိုက်သည်။

''အမေနဲ့အဖေ သားပြောဖို့ မေ့နေလို့။ လွန်ခဲ့တဲ့ရက်ပိုင်းကပဲ ကောင်းကင်လူသားအဖွဲ့အစည်းနဲ့ ပူးပေါင်းလိုက်ပြီး အခု သွေးသန့်လူသားလမ်းစဉ်ကိုလိုက်ဖို့ သိုင်းပညာကောလိပ်ကို ပြောင်းထားတယ်''

ထိုရှင်းပြချက်ကို ကြားသောအခါတွင် မိဘနှစ်ဦးသည် အံ့ဩသင့်သွားလေသည်။

...

ချက်ချင်းပင်စိတ်ပူသွားကြကာ လန့်လည်းလန့်သွားကြ၍ သားဖြစ်သူက လမ်းမှားလိုက်မည်ကို စိုးရိမ်သွားကြသည်။ ကောင်းကင်လူသားအဖွဲ့အစည်းသည် မကောင်းသည့်ဂုဏ်သတင်းရှိကာ ပါရမီရှင်များစွာကို ဖျက်ဆီးတတ်သည်။

''ရှောင်ချန် ဘာတွေဖြစ်နေတာလဲ''

မိဘဖြစ်သူ၏မျက်နှာမှ စိုးရိမ်နေသောအကြည့်ကို မြင်သောအခါတွင် လင်းဇီချန်သည် ဇာတ်လမ်းရှည်ကြီးကိုဖြတ်ပြော၍ ကောင်းကင်လူသားအဖွဲ့အစည်းသို့ မည်သို့ဝင်သွားရသည့်အကြောင်းရှင်းပြခဲ့သည်။

ထို့နောက်တွင် သိုင်းပညာကောလိပ်၏ကျောင်းအုပ်က အကျိုးအမြတ်သုံးဆကမ်းလှမ်းထားက သွေးသန့်လူသားလမ်းစဉ်ကို စမ်းကြည့်ရန် ကောင်းကင်လူသားအဖွဲ့အစည်းဖြင့် နှစ်ဝက်သာပူးပေါင်းမည်ဟု သဘောတူထားခဲ့သည်။ နှစ်ဝက်အတွင်း မည်သည့်တိုးတက်မှုမှမရှိလျှင် ဆင့်ကဲပြောင်းလဲခြင်းကောလိပ်သို့ပြန်ကာ သွေးမျိုးစပ်လမ်းစဉ်ကို လိုက်မည်။ ထိုစကားကိုကြားသောအခါမှသာ လင်းယန်ရှန်းနှင့်ကျန်းဝမ်ရှင်းတို့ စိတ်အေးသွားကြသည်။

နှစ်ဝက်တာစမ်းသပ်ခြင်းမျှသာ ဖြစ်သည်။ သွေးသန့်လူသားလမ်းစဉ်ကိုသာ လိုက်မည်ဟု ကတိခံထားခြင်းမျိုးလည်း မဟုတ်ကာ နှစ်ဝက်မျှသာဖြစ်လျှင် သွေးမျိုးစပ်လမ်းစဉ်ကိုလည်း သက်ရောက်မှုကြီးကြီးမားမားရှိမည်မဟုတ်သောကြောင့် ၎င်းတို့ လက်ခံနိုင်ပေသည်။

တစ်ဖက်တွင်မူ လင်းဇီချန်၏ရှင်းပြချက်များကို နားထောင်ပြီးနောက်တွင် မာကျန်းဟယ်က မျက်မှောင်ကြုတ်လိုက်မိသည်။ ဒုတိယအဆင့်အတွက် ဆင့်ကဲပြောင်းလဲခြင်းကောလိပ်မှဆုသည်လည်း အတန်ငယ်ရက်ရောလှပြီဖြစ်ကာ ထို့ထက်များများကမ်းလှမ်းရန်ကိုမူ တွန့်ဆုတ်နေ၏။

မကြာခင်ပင် လင်းဇီချန်ကို အကြံပေးလိုက်သည်။

''ဇီချန် အကျိုးအမြတ်သုံးဆက တကယ်မက်လောက်စရာပါ။ မင်းကိစ္စကို သေချာကြည့်သင့်တယ်။ အသေးအဖွဲအကျိုးအမြတ်လေးတွေပဲမလို့ ကိစ္စကြီးကို လွဲချော်သွားဖို့က မတန်ဘူးလေ''

''နှစ်ဝက်စမ်းကြည့်ပြီး အလုပ်မဖြစ်ဘူးဆိုရင် သွေးမျိုးစပ်လမ်းစဉ်ကို ပြန်လာလို့ရနိုင်သေးပေမဲ့လို့ ခြောက်လဆိုတဲ့အချိန်က တန်ဖိုးရှိတဲ့ပညာတွေအများကြီးလွတ်သွားစေမှာ။ မင်းလုပ်ထားတဲ့အကျိုးအမြတ်သုံးဆထက်တောင်မှ ပိုသေးတယ်''

မကြာခင်တွင် လင်းဇီချန်ကို အကြံပေးလိုက်သည်။

''ငါရှန်ဟိုင်းတက္ကသိုလ်မှာ ရှိလာတာ နှစ်ပေါင်းများစွာရှိပြီ။ ဒီလိုအလားတူအဖြစ်တွေကို အများကြီးမြင်ဖူးတယ်။ ငါ့ကိုယုံ ငါမမှားဘူး။ နှစ်ဝက်အချိန်ဖြုန်းနေစရာမှမလိုတာ''

သို့သော် လက်တွေ့တွင်မူ နှစ်ဝက်ဆိုသောအချိန်တွင် ဖြုန်းတီးခြင်းမပါပေ။

သူမအဓိကစိုးရိမ်သည်မှာ လင်းဇီချန်တစ်ယောက် ကောင်းကင်လူသားအဖွဲ့အစည်းတွင် နှစ်ဝက်ခန့်နေကာ စိတ်ပြောင်းသွား၍ လျို့ချွမ်ဝူဦးနှောက်ဆေးသည်ကို ခံလိုက်ရကာ ယခင်နှစ်၏ ဒုတိယအဆင့်ထိပ်တန်းကျောင်းသားအဖြစ် အဆုံးသတ်သွား၍ သွေးသန့်လူသားလမ်းစဉ်တွင် နစ်မြောသွားလျက် မည်သည့်အခါမှ ပြန်မလာတော့မည်ကို စိုးရိမ်မိခြင်းဖြစ်သည်။

''အကြံပေးလို့ ကျေးဇူးတင်ပါတယ် ကျောင်းအုပ်မာ။ ဒါပေမဲ့လို့ ကောင်းကင်လူသားအဖွဲ့အစည်းရဲ့အကြံတွေကို ပိုပြီးအများကြီးအလေးသာတယ်။ မစမ်းကြည့်ဘူးဆိုရင် နောင်မှ အဲ့အကြောင်းကို စဉ်းစားမိပြီး စိတ်ထဲမှအခဲမကြေလို့ မကောင်းဆိုးဝါးတောင် ဖြစ်နေနိုင်တယ်''

လင်းဇီချန်က ခေါင်းမာမာဖြင့်ပင် ငြင်းဆန်လိုက်သည်။

အကြံကို ကြိုက်သည်လော။

မဟုတ်ပေ။ အကျိုးအမြတ်သုံးဆက ဆွဲဆောင်လွန်းနေခြင်းသာဖြစ်သည်။ မာကျန်းဟယ်တစ်ယောက် ဆက်လက်တိုက်တွန်းမိသည်။

ရှုထောင့်အမျိုးမျိုးမှ လင်းဇီချန်အတွက် ကောင်းကျိုးဆိုးကျိုးကို ခွဲခြမ်းစိတ်ဖြာကာ ၎င်းသည်မူ နှစ်ဝက်စမ်းကြည့်ရန်ကိုသာ ခုခံနေသည်။ ၎င်း၏ခေါင်းမာမှုကို မြင်သောအခါတွင် မာကျန်းဟယ်သည် ဆက်၍ မချော့ချင်တော့သောကြောင့် နှုတ်ဆက်စကားဆို၍ ပြန်လာခဲ့သည်။ နှစ်တိုင်း ထိပ်တန်းအောင်မြင်သူများ ရှိသည်။ ဆင့်ကဲပြောင်းလဲခြင်းကောလိပ်တွင် လူမရှားပေ။ ၎င်းကို သိမ်းသွင်းနိုင်လျှင် ကောင်းသည့်ကိစ္စဖြစ်သည်။ မစည်းရုံးနိုင်လျှင်လည်း လွှတ်ထားလိုက်ရမည်သာ ဖြစ်၏။

ထိပ်တန်စာမေးပွဲအောင်မြင်သူတစ်ယောက်သာဖြစ်ကာ ဂုဏ်ရှိသောကျောင်းအုပ်တစ်ယောက်မှ အဆင့်အတန်းကိုနှိမ့်ချ၍ လမ်းမှန်ကိုလိုက်ရန် အောက်ကျို့တောင်းပန်ရသည်မှာ မတန်ပေ။ မာကျန်းဟယ်ပြန်သွားပြီးနောက်တွင် လင်းယန်ရှန်းနှင့် ကျန်းဝမ်ရှင်းတို့သည် လင်းဇီချန်နှင့် နှစ်နာရီခန့် စကားပြောနေကြသည်။ ထျန်းယန်ပွဲ့ကြည့်စင်သို့ ရောက်သွားသည့်ကိစ္စကို အကြိတ်အနယ်ဆွေးနွေးကြသည်။ လင်းဇီချန်သည် နှစ်ဝက်သာစမ်းကြည့်ခြင်းဖြစ်သည်ဟု ရှင်းရှင်းလင်းလင်းဆိုသော်လည်း မိဘများက စိတ်ပူနေဆဲဖြစ်ကာ စိတ်ပြောင်း၍ပြန်မလာမည်ကို ပူပန်နေသည်။

သို့သော်လည်း အတော်ကြာပြောဆိုပြီးနောက်တွင် မိဘများက သားဖြစ်သူကို ယုံရန် ရွေးချယ်လိုက်ကြသည်။ မိဘများနှင့် စကားပြောပြီးသောအခါတွင် လင်းဇီချန်က အချိန်ကိုက်ဖြစ်သည်ကို သိလိုက်သောကြောင့် နေ့စဉ်အသုံးအဆောင်များကိုယူကာ ရှန်းချင်းဟန်၏အိမ်တွင် အိပ်ရန် ထွက်သွားသည်။ အိပ်သည်မှာ အသေးအဖွဲသာဖြစ်၍ အဓိကရည်ရွယ်ချက်မှာ ရှန်ချင်းဟန်၏ ရေဓာတ်အစွမ်းများကို လေ့လာရန် ဖြစ်သည်။ ရှန်ချင်းဟန်အခန်းရှိရာသို့ သွားလေသည်။

ရှန်ချင်းဟန်ဖြင့် ခေတ္တမျှစကားပြောပြီးနောက်တွင် အခြေအနေကောင်းသည်ကို ခံစားမိသောကြောင့် ရှောင်ချန်က သူမကို စတင်အနမ်းပေးကာ သူမ၏ထူးဆန်းသော ရေဓာတ်အခြေခံအစွမ်းများကို နက်နက်ရှိုင်းရှိုင်းရှာဖွေရန် ကြိုးစားကြည့်သည်။ တစ်နာရီမက ကြာသွားပေသည်။ ရှန်ချင်းဟန်သည် ဒိုင်ဘာလေးကြိမ် လဲပြီးဖြစ်ကာ ရေဓာတ်ကုန်ခမ်းနေပြီဟုပင် ခံစားနေရသည်။

ရှောင်ချန်က သူမအတွက် ရေတစ်ခွက်ငှဲ့ပေးကာ ရေဓာတ်ပြန်ဖြည့်စေသည်။ ထို့နောက်တွင် ရေသောက်နေစဉ်၌ပင် အကြံအချို့ပေးလိုက်၏။

''ငါတို့ ဒိုက်ဘာမလဲဘဲနေမယ်ဆိုရင်ရော ဘယ်လိုလဲ။ လဲနေရတာက အတော်လေးဒုက္ခများတယ်လေ။ တော်တော်လေးဖြုန်းတီးရာကျတယ်''

''ဒါပေမဲ့ ငါနင့်ပေါ် ရှုးမပေါက်ချချင်ဘူး''

ရှန်ချင်းဟန်၏မျက်နှာသည် ခက်ခဲကြောင်းပြနေသော်လည်း စိတ်ကမူ ဝမ်းသာနေလျက်ရှိကာ ယခင်ကကဲ့သို့ ဒိုက်ဘာဝတ်သည်နှင့်ပက်သက်၍ တွင်တွင်မငြင်းနေတော့ပေ။

''ရတယ်။ ငါက ကိစ္စမရှိဘူး''

ရှန်ချင်းဟန်သည် ခေတ္တမျှတွန့်ဆုတ်နေသော်လည်း တဖြည်းဖြည်း သဘောတူသွားသည်။

''အဲ့လိုဆိုကောင်းပြီလေ။ မဝတ်ဘဲနေကြရအောင်''

''လုပ်ကြမယ်။ ရေချိုးခန်းထဲမှာ ဆက်နမ်းကြမယ်''

ထိုသို့ဖြင့် ရှောင်ချန်သည် ရှန်ချင်းဟန်ကိုခေါ်ကာ အခန်းထဲမှ ထွက်သွားကြပြီး ရေချိုးခန်းရှိရာသို့ ဦးတည်သွားကြသည်။ ရေချိုးခန်းတွင် လှဲကာနမ်းရန်မှာ မဖြစ်နိုင်သော်လည်း သူမပေါက်ချမည့်နေရာကို ရှင်းရှင်းလင်းလင်းလုပ်လိုက်သည်က ပို၍အဆင်ပြေကာ အကျိုးများသည်။ ရှန်ချင်းဟန်သည် ပထမဆုံးအကြိမ်ပေါက်ချရန် အလွန်တင်းခံနေမိသော်လည်း လုပ်မိလိုက်သည့်အခါတွင်မူ လိုက်လျောညီထွေရှိလာကာ နမ်းရာတွင်ပင် နစ်ဝင်လာမိသည်။

နောက်တစ်နေ့တွင်မူ အရုဏ်တက်အချိန်ပင် ရောက်ပြီဖြစ်သည်။

ရှောင်ချန်းသည် အိပ်ရာထဲတွင် နိုးလာကာ ဘေးတွင် နှစ်ခြိုက်စွာ အိပ်မောကျနေသာ ရှန်ချင်းဟန်ကို ကြည့်လိုက်သည်။

သေချာပေသည်။ သူမ၏နှုတ်ခမ်းထောင့်တွင် သွားရေများပေနေသည်။ တစ်ရှုးယူကာ နှုတ်ခမ်းထောင့်မှသွားရေများကို သန့်ရှင်းပေးလိုက်သည်။ ထို့နောက်တွင် စောသေးသောကြောင့် ရှောင်ချန်သည် အလျင်စလိုမထဘဲ အိပ်ရာထဲတွင်သာ ဆက်လှဲကာ ဖုန်းဖြင့်သတင်းများကို ဖတ်နေသည်။

သတင်းအက်ပ်ကို ဖွင့်လိုက်လျှင်ပင် ထိပ်တန်းသတင်းတစ်ခုက ၎င်း၏အာရုံကို ဖမ်းစားသွားသည်။

''ရမ်းကားခြင်း။ ကောင်းကင်လူသားအဖွဲ့အစည်းက နန်ကျန်းစီရင်စုရဲ့ ဒုတိယအမှတ်အမြင့်ဆုံးကျောင်းသားကို သွေးမျိုးစပ်လမ်းစဉ်ကို လက်လျော့စေပြီး သွေးသန့်လူသားလမ်းစဉ်ကို လိုက်စေတယ်။ အရှုပ်အထွေးကြားကနေက ပါရမီရှင်တစ်ယောက်ကို လမ်းလွဲအောင်လုပ်နေပြီ''

ထိုခေါင်းစဉ်ကို မြင်သောအခါတွင် ရှောင်ချန်တစ်ယောက် ခေတ္တမျှအံ့ဩသွားသည်။ မည်သို့ဖြစ်နေပါသနည်း။ အတင်းအဖျင်းများက အိမ်တံခါးကို လာခေါက်နေသည်မဟုတ်ပါလော။

ရှောင်ချန်က မျက်မှောင်ကြုတ်ကာ အမြန်ပင် သတင်းကိုနှိပ်ကြည့်လိုက်သည်။ သတင်းအကြောင်းအရာက ရိုးရှင်းသည်။ စာပိုဒ်သုံးပိုဒ်သာ ပါသည်။

ပထမစာပိုဒ်သည် နန်ကျန်းစီရင်စု၏ဒုတိယအမှတ်အမြင့်ဆုံးကျောင်းသားလင်းဇီချန်က ကောင်းကင်လူသားအဖွဲ့အစည်းဖြင့် ပူးပေါင်းသွားကာ သွေးသန့်လူသားလမ်းစဉ်ကို လိုက်သွားသည့် အကြောင်းဖြစ်၍ ဒုတိယအပိုဒ်သည် ဒုတိယအဆင့်ကျောင်းသား၏ အလားအလာရှိသောအနာဂတ်ကို ဖြုန်းတီးလိုက်သည့်အတွက် ဝမ်းနည်းပူဆွေးပြခြင်းပင် ဖြစ်သည်။

တတိယစာပိုဒ်သည်မူ လွန်ခဲ့သောဆယ်နှစ်ကလည်း မြို့တော်မှ ဒုတိယအဆင့်ကျောင်းသားကို လုယူသွားကာ ထိုသူသည် အမျိုးသမီးပါရမီရှင်ဖြစ်ပြီး ကောင်းကင်လူသားအဖွဲ့အစည်းဖြင့် ပူးပေါင်းလိုက်သောအခါတွင် သာမန်ထက်ပင် ပိုတိုးတက်မလာကြောင်းရေးထားသည်။ သတင်းအကြောင်းအရာများကို ဖတ်ပြီးနောက်တွင် ရှောင်ချန်သည် ချက်ချင်းပင် မှတ်ချက်များကို ဖတ်ကြည့်သည်။ မျှောလင့်ထားသည့်အတိုင်း ပြည်သူများက တစ်ညီတစ်ညွတ်တည်းဖြစ်သည်။

လူငယ်လေးကို လမ်းလွဲစေပြီး ပါရမီရှင်များကို ဖျက်ဆီးသည့်အတွက် ကောင်းကင်လူသားအဖွဲ့အစည်းကို ကျိန်ဆဲထားကြသည်။ လင်းဇီချန်ကို တုံးသည်ဟု ပြောထားသည့် မှတ်ချက်များစွာလည်းရှိသည်။ ထိုမှတ်ချက်များကို ဖတ်ပြီးသောအခါတွင် လူတော်တော်များများသည် ငွေပေးထားသည့်သူများကဲ့သို့ပင် ကောင်းကင်လူသားအဖွဲ့အစည်းကို တိုက်ခိုက်သည့်အမြင်နှင့် သွေးသန့်လူသားလမ်းစဉ်ကိုသာ ဦးတည်နေကြသည်။

ရှောင်ချန်တစ်ယောက် မျက်မှောင်ကြုတ်လိုက်မိ၏။ ကောင်းကင်လူသားအဖွဲ့အစည်းက ပစ်မှတ်ထားခံနေရသည်ကို ဂရုမစိုက်ပေ။ ၎င်းဂရုစိုက်သည်မှာ ၎င်း၏ကိုယ်ရေးကိုယ်တာအချက်အလက် ပေါက်ကြားသွားရခြင်းပင် ဖြစ်သည်။ ယခုတွင်မူ တစ်တိုင်းပြည်လုံးက နန်ကျန်းစီရင်စု၏ ဒုတိယအဆင့်စာမေးပွဲအောင်သူသည် လင်းဇီချန်ဖြစ်ကာ ထိပ်တန်းကျောင်းသားက ကောင်းကင်လူသားအဖွဲ့အစည်းသို့ ပူးပေါင်းသွားသည်ဆိုသောအကြောင်းကို သိသွားကြသည်။ အွန်လိုင်းမုန်တိုင်း၏ မီးပွားကို စတင်လိုက်ခြင်းမျိုးပင် ဖြစ်သည်။

ကောင်းကင်လူသားအဖွဲ့အစည်းက လူငယ်များကို လမ်းမှားစေသည်ဆိုသော မီးပွားစပင် ဖြစ်သည်။ နန်ကျန်းစီရင်စု၏ ဒုတိယအဆင့်စာမေးပွဲအောင်သူလင်းဇီချန်ကို တုံးသည်ဟုသော အွန်လိုင်းတိုင်ခိုက်မှုစတင်လိုက်ခြင်းပင် ဖြစ်၏။

အခန်း (၁၁၇) - မိသားစုမျိုးရိုးကိုဆက်ခံခြင်း

သတင်းအချက်အလက်ကို ပေါက်ကြားစေသူမှာ မည်သူဖြစ်မည်နည်း။

မာကျန်းဟယ်လော။

မဟုတ်လျှင် ကောင်းကင်လူသားအဖွဲ့အစည်းကို ရန်လိုသောအုပ်စုများပင်လော။

လင်းဇီချန်၏အတွေးများက မရပ်မနားပြေးလွှားနေသည်။

ခေတ္တမျှစဉ်းစားပြီးနောက်တွင် ထိုကိစ္စမှာ အရေးမကြီးဟု ခံစားလိုက်မိသည်။

အရေးတကြီးလုပ်ရန် လိုအပ်သည်မှာ ထိုသတင်းများကို ဖယ်ရှားရန်ပင် ဖြစ်၏။

...

ထိုအကြောင်းကို စဉ်းစားကာ လင်းဇီချန်တစ်ယောက် သတင်းစာမျက်နှာအောက်ခြေထိ သွား၍ ထိုသတင်းဆောင်းပါးကို ရီပို့ထုရန် တင်ပြခြင်းလုပ်ဆောင်ချက်ကို လိုက်ရှာသည်။ ထိုဆောင်းပါးကို အကြမ်းဖက်စည်းမျဉ်းချိုးဖောက်ခြင်းနှင့် လူပုဂ္ဂိုလ်၏အတွင်းရေးချိုးဖောက်ခြင်းတို့ဖြင့် ရီပို့ထုခဲ့သည်။ ထို့နောက်တွင် သက်ဆိုင်ရာအင်တာနက်အာဏာပိုင်များဆီသို့ ဖုန်းဆက်ကာ အကြောင်းကြားသည်။ ထိုသို့ လုပ်ဆောင်ပြီးနောက်တွင်မူ စာဖြေသူ၏အချက်အလက်ကို ပေါက်ကြားစေသောသတင်းသည် မနက်ဆယ်နာရီ၌ တဖြည်းဖြည်းဖြင့် သတင်းအက်ပ်ထဲမှ ဖယ်ရှားလိုက်လေသည်။

သို့သော်လည်း နောက်ကျသွားလေပြီ။

ထိုသတင်းကို မဖျက်ခင် နာရီအနည်းငယ်အတွင်းတွင်ပင် အများပြည်သူသဘောထားက လှုပ်ခတ်သွားကာ ကိုယ်ပိုင်မီဒီယာသတင်းဆောင်းပါးများက အမျိုးမျိုးသောအင်တာနက်ပလက်ဖောင်းများပေါ်တွင် တင်လိုက်ကြသည်။

နန်ကျန်းစီရင်စုမှ အထက်တန်းဒုတိယအမှတ်အများဆုံးကျောင်းသားသည် ကောင်းကင်လူသားအဖွဲ့အစည်းဖြင့် ပူးပေါင်းကာ သွေးသန့်လူသားလမ်းစဉ်ကို ရွေးချယ်သွားသည်ဆိုသည့်အကြောင်းကို တစ်နိုင်ငံလုံး သိသွားကြသည်။

မရိုးဖြောင့်သောဘလော့ဂါအချို့က ၎င်းတို့နာမည်တက်ရေးအတွက် လုပ်ကြံသည့်သံသယသီအိုရီများကို ထုတ်ကြသည်။ လင်းဇီချန်တစ်ယောက် ကောင်းကင်လူသားအဖွဲ့အစည်းသို့ ပူးပေါင်းရသည်မှာ ကိုယ်ပိုင်သဘောဆန္ဒကြောင့်မဟုတ်ဘဲ ခြိမ်းခြောက်ခံခြင်းကြောင့်ဟု ပြောသည်။ မဟုတ်လျှင် နှစ်ဖက်ကြား၌ လူသိမခံသောအပေးအယူလုပ်ထားခြင်းကြောင့်ဟု ပြောသည်။

ထိုအချိန်တွင် အတန်းဖော်များနှင့် ဆရာများကလည်း လင်းဇီချန်ကို ဝီချက်မှ လာမေးကြသည်။ လင်းဇီချန်ကမူ များများစားစား ရှင်းမပြနေပေ။ ပြောပြရန်အဆင်မပြေဟုသာ ဖြေကာ ဝီချက်သူငယ်ချင်းများကို လျစ်လျူရှုထားလိုက်သည်။

ညနေခင်းတွင် ဖြစ်သည်။

အထက်တန်းကျောင်းအောင်နိုင်သူကိစ္စက အရှိန်မြင့်လာလေပြီ။

တစ်ယောက်ယောက်က လင်းဇီချန်၏ပုံကို ခိုးတင်လိုက်ပြီးနောက် ထိုသူက အထက်တန်းကျောင်း ဒုတိယအဆင့်အမှတ်အများဆုံးဟု တင်လိုက်သည်။ ၎င်းသည် ချောမောလွန်းသောကြောင့် အစပိုင်းတွင် အင်တာနက်အသုံးပြုသူများက အင်တာနက်ဆယ်လီတစ်ယောက် အာရုံစိုက်မှုရရန် လုပ်နေသည်ဟု ထင်ခဲ့မိသည်။

ထိုသူမှာ လင်းဇီချန်ဖြစ်သည်ဟု အတည်ပြုပြီးသောအခါတွင်မူ အများသဘောထားက ပြောင်းလဲသွားသည်။ အမျိုးသမီးအင်တာနက်အသုံးပြုသူအများစုက လင်းဇီချန်မည်မျှချောမောကြောင်း မြင်သောအခါတွင် ၎င်းကို ကွန်မန့်များ၌ လောင်ကုန်း(ယောင်္ကျား)ဟု ခေါ်ကြသည်။

အချို့ပိုသောသူများက ၎င်း၏ကလေးလေးပင် လိုချင်သည်ဟု ပြောကြသည်။ ကျွမ်းကျင်ဖန်ကလပ်ခေါင်းဆောင်အများစုက စီးပွားရေးအခွင့်အရေးအနံ့ခံကာ မှတ်ချက်မှ အမျိုးသမီးအင်တာနက်အသုံးပြုသူတစ်ယောက်ချင်းစီကို ၎င်းတို့ဖြင့် ဖန်အုပ်စုထောင်ရန် ဖိတ်ကြားစာပို့ကာ ပိုက်ဆံရှာရန်စီစဉ်နေကြသည်။ အများသဘောထားက ပို၍လှုပ်ခတ်လာသည်ကို မြင်ရသောအခါတွင် လင်းဇီချန်တစ်ယောက် မျက်မှောင်ကြုတ်လိုက်မိကာ ဒုက္ခရောက်ပြီဟု ခံစားလိုက်ရသည်။ ၎င်းသည် အများအမြင်တွင် ဖော်ထုတ်ခံရခြင်းမျိုးကိုလည်း မလိုချင်ပေ နာမည်လည်း မကြီးလိုပေ။ ၎င်း၏ကိုယ်ပိုင်ကမ္ဘာလေးတွင် ပါရမီရှင်တစ်ယောက်သာ ဖြစ်ချင်ကာ တိတ်တဆိတ်သာ ဆင့်ကဲပြောင်းလဲလိုခြင်းဖြစ်သည်။

လူများစွာစီမှ စောင့်ကြည့်ခံရခြင်းသည် ကောင်းသည့်ကိစ္စမဟုတ်ပေ။ အထူးသဖြင့် ၎င်းကဲ့သို့ လျှို့ဝှက်ချက်များပြည့်နေသည့်ခရီးသွားအတွက်ဖြစ်သည်။ လူများစွာစီမှ စောင့်ကြည့်ခံရခြင်းက အရွယ်မရောက်ခင်တွင်ပင် အန္တရာယ်များလှကာ မည်သည့်အချိန်တွင်မဆို မိစ္ဆာဒိဌိဂိုဏ်းများမှ တိုက်ခိုက်မှုများကို ဖိတ်ခေါ်နေသကဲ့သို့ပင် ဖြစ်သည်။

ညနေခင်းတွင် ဖြစ်၏။

နာမည်ကြီးအင်တာနက်ဆယ်လီများကို ပျိုးထောင်ပေးသောကုမ္ပဏီများက လင်းယန်ရှန်းနှင့် ကျန်းဝမ်ရှင်းဆီသို့ ဖုန်းများဖြင့် ဆက်သွယ်လာကြသည်။ ၎င်းတို့က လင်းဇီချန်ကို ချောမောကာစွမ်းဆောင်နိုင်သောပါရမီရှင်အမည်ဖြင့် အင်တာနက်ပရိတ်သတ်ဖန်တီး၍ နန်ကျန်းတက္ကသိုလ်မှပါရမီရှင် သို့မဟုတ် စက်ရုပ်ပါရမီရှင်မိန်းကလေးဖြင့် ပူးပေါင်းရန် ပြောလာကြသည်။

ထိုခေတ်တွင် အမျိုးသမီးအများစုသည် ငွေသုံးရန်ဆန္ဒရှိကြကာ ထိုခေါင်းစဉ်သည် နန်ကျန်းတက္ကသိုလ်ပါရမီရှင်နှင့် စက်ရုပ်ပါရမီရှင်မိန်းကလေးထက်ပင် ပို၍အကျိုးအမြတ်များမည် ဖြစ်သည်။

လင်းယန်ရှန်းနှင့် ကျန်းဝမ်ရှင်းတို့က လွန်စွာချင့်ချိန်စဉ်းစားတတ်ကာ ထိုအင်တာနက်ဆယ်လီပျိုးထောင်သောကုမ္ပဏီများကို ဒုတိယအကြိမ်မတွေးဘဲဖြင့် ငြင်းလိုက်သည်။ ငွေရှာခြင်းက ကိစ္စကောင်းပင် ဖြစ်သည်။ သို့သော်လည်း ထိုသို့ပုံစံဖြင့် ငွေရှာခြင်းသည် အများရှေ့တွင် မကြာခဏပေါ်လာရကာ ၎င်းတို့စာသင်ကြားသည်ကိုလည်း အနှောင့်အယှက်ဖြစ်စေလိမ့်မည်။

ညနေခင်းပြီးနောက်တွင်မူ ညစာစားချိန်သို့ ရောက်လာသည်။

မိသားစုနှစ်စုလုံး အတူတူထိုင်၍ လင်းဇီချန်၏အခြေအနေနှင့်ပက်သက်ပြီး မည်သို့ဖြေရှင်းရမည်ကို တိုင်ပင်ဆွေးနွေးကြသည်။ လင်းဇီချန်၏နာမည်ကြီးမှုက ယခုတွင် အမြင့်ဆုံးတွင် ရှိနေသောကြောင့် ၎င်း၏သာမန်ဘဝကို သက်ရောက်မှုရှိစေပေမည်။ နှစ်ဖက်မိဘများ အတော်ကြာဆွေးနွေးကြသော်လည်း အဖြေကောင်းတစ်ခု ထွက်မလာပေ။ သာမန်သူများအနေဖြင့် ၎င်းတို့သည် ထိုအခြေအနေကို ဖြေရှင်းရန် ငွေလည်းမရှိသကဲ့သို့ အရင်းအမြစ်လည်း မရှိပေ။

ဆွေးနွေးတိုင်ပင်ပြီးနောက်တွင် မိဘများသည် ထိုကိစ္စကို လျစ်လျူရှုရန်သာ ဆုံးဖြတ်လိုက်ကြသည်။

အင်တာနက်သည် လတ်ဆတ်သောသတင်းများဖြင့် ပြည့်နှက်နေကာ လူအများစုက ကိစ္စတစ်ခုကို ယာယီမျှသာစိတ်လှုပ်ရှား၍ စိတ်ဝင်စားတတ်သည်ကို တွေးမိကြသည်။ အခြေအနေတည်ငြိမ်သွားသည်နှင့် ထိုသတင်းကလည်း မီးသေသွားမည်ဖြစ်သည်။

ည(၁၁)နာရီ ဖြစ်၏။

လင်းဇီချန်သည် ရေချိုးပြီး ညအိပ်ဝတ်စုံဝတ်၍ ဖုန်းကြည့်ရင်းဖြင့် အိပ်ရာထက်တွင် လှဲနေကာ ၎င်းနှင့်ပက်သက်သည့်သတင်းများကို လိုက်ကြည့်နေသည်။ အများသဘောထားက ပို၍ပြင်းထန်လာသည်ကို မြင်မိသောအခါတွင် မျက်မှောင်ကြုတ်လိုက်မိသည်။ မကြာမီပင် အခန်းပြင်မှ ရှန်ချင်းဟန်၏အသံ ထွက်ပေါ်လာသည်။

''တံခါးပိတ်မထားဘူး။ ဝင်ခဲ့လေ''

''ကျွီ--''

တံခါးဖွင့်သံနှင့်အတူ ရှန်ချင်းဟန်သည် ညအိပ်ဂါဝန်လေးကို ဝတ်ဆင်ထားကာ ပစ္စည်းပစ္စယာများထည့်ထားသည့်အိတ်ကိုလွယ်၍ ပျော်ရွှင်စွာဖြင့် အခန်းထဲသို့ ဝင်လာသည်။ ထိုအချိန်တွင် သူမဆီမှ လတ်ဆတ်သောရေချိုးဆပ်ပြာအဆီနံ့သင်းနေကာ ရေချိုးပြီးကာစဖြစ်သည်။ အိတ်ကို စားပွဲပေါ်တွင် တင်ထားလိုက်သည်။ ထို့နောက်တွင် ဖိနပ်ပါးကို ချွတ်လိုက်သည်။

ရှန်ချင်းဟန်သည် အိပ်ရာပေါ်တက်လာကာ လင်းဇီချန်ဘေးတွင် ပုခုံးချင်းယှဉ်ကာ ထိုင်လိုက်၍ ၎င်းကိုမှီ၍ ဖုန်းကို ကြည့်လိုက်သည်။ လင်းဇီချန်က ကောင်းကင်လူသားအဖွဲ့အစည်းနှင့်ပူးပေါင်းသွားသည့် ၎င်းနှင့်ပက်သက်သည့်သတင်းများကို ရှာနေကာ သူမက မပြောဘဲမနေနိုင်တော့ပေ။

''အဲ့လူတွေက ရိုးသားတဲ့စာမေးပွဲဖြေသူလေးကို ဓားစာခံအဖြစ် အသုံးချပြီး စည်းမရှိကမ်းမရှိ လုပ်နေကြတာပဲ''

''ဒါက ဘယ်လိုမျိုးရုန်းကန်ပြီးအလုပ်လုပ်ရသလဲဆိုတာပဲလေ။ ကျင့်ဝတ်ရှိတာက အကျိုးအမြတ်မရှိစေဘူး။ ကျင့်ဝတ်မရှိတာက အစွန်းတစ်ဖက်ကို ရောက်စေမယ်'' လင်းဇီချန်က ထူးခြားစွာ ပြောလိုက်သည်။

ရှန်ချင်းဟန်က ရုတ်တရက်ပင် သူမ၏အမည်ခံဆရာကို စဉ်းစားမိသွားသည်။ သူမ၏အမည်ခံဆရာ ယွမ်တုန်ဇီသည် ရှန်ဟိုင်းတက္ကသိုလ်၏ ဒုတိယအကြီးအကဲအုပ်ချုပ်သူ၊ ပညာရေးဌာန၏ဌာနမှူးနှင့် ယွမ်မိသားစု၏ သခင်မလေးလည်း ဖြစ်သည်။

ထိုဂုဏ်ပုဒ်များက လွန်စွာမှလွှမ်းမိုးမှုရှိဟန်ပေါ်သည်။

သူမသည် အမည်ခံဆရာကို အကူအညီတောင်းကြည့်လျှင် ရှောင်ချန်နှင့်ပက်သက်သည့်သတင်းများအားလုံးကို ဖယ်ရှားနိုင်မည်လော။

ထိုအကြောင်းကို စဉ်းစားကာ ရှန်ချင်းဟန်က လင်းဇီချန်ကို ပြောလိုက်သည်။

''ရှောင်ချန် ငါ့ရဲ့အမည်ခံဆရာက အတော်လေးဩဇာလွှမ်းတဲ့ပုံပဲ။ သူ့ကို အကူအညီတောင်းကြည့်မယ်ဆိုရင်ရော။ နင်နဲ့ပက်သက်တဲ့သတင်းတွေကို ဖျက်ဆီးပစ်ဖို့လေ''

''အဲ့လိုမျိုးက မဖြစ်ဘူး'' လင်းဇီချန်က ခေါင်းခါကာ ရှင်းပြလိုက်သည်။

''အဲ့လိုဆို အုပ်စုတွေအားပြိုင်တာဖြစ်ကုန်မယ်။ မမျှော်လင့်တာတွေ ဖြစ်လာရင် သွေးမျိုးစပ်အုပ်စုက သွေးသန့်လူသားအုပ်စုကို ဖိအားပေးလိမ့်မယ်။ နင့်ရဲ့အမည်ခံဆရာကလည်း သွေးမျိုးစပ်အုပ်စုရဲ့တစ်စိတ်တစ်ပိုင်းပဲလေ။ အဲ့တာကြောင့် သူကူညီပေးဖို့ အကြောင်းရင်းမရှိဘူး''

All Chapters