← Chapters

အပိုင်း ၁၂၁-၁၂၃

Vol. 9 Ch. 121-123

အပိုင်း ၁၂၁-၁၂၃

Vol. 9 Ch. 121-123

အခန်း (၁၂၁) - ပင်လယ်နတ်ဘုရားသက်ဝင်နိုးထလာခြင်း (၂)

''ဒီလောကကြီးထဲမှာ စွမ်းအားရှိတဲ့သူတွေ တကယ်များရှိရင် သူတို့ပါရမီက ငါနဲ့ယှဉ်လို့ရမလား သိချင်လိုက်တာ''

သို့သော်လည်း လေးလေးနက်နက်မတွေးမိဘဲ ပြင်ဆင်ထားသော အစားအသောက်များကိုအမြန်စားလိုက်ရာ ထိုအစားအသောက်များသည် အသားသန့်စင်ခြင်းတွင် သုံးထားရသောချီဓာတ်ကို ပြန်လည်အားဖြည့်ရန်အတွက် ဖြစ်သည်။ သွေးစွမ်းအား ပြန်လည်အားကောင်းလာသည်နှင့် ကျုံ့၍ဆန့်၍ရသောသတ္ထုပပ်ဖြင့် အထူးလုပ်ထားသည့်လက်က ပို၍အားကောင်းလာကာ အားအင်အမြင့်ဆုံးအခြေအနေသို့ပင် ရောက်သွားသည်။

ထို့နောက်တွင် ညာဘက်လက်ကို ဆုပ်ကြည့်လိုက်ကာ လက်မောင်း၏လက်ရှိအားကို ခံစားနိုငနိုင်ပေသည်။

စမ်းသပ်ပြီးနောက်တွင် ညာဘက်လက်အားက သိသိသာသာတိုးမြင့်လာ၏။

…

အနည်းဆုံး (၅၀)ရာခိုင်နှုန်းခန့် အားအင် တိုးမြင့်လာခြင်းသာဖြစ်သည်။ အင်အားအပြင် ခုခံခြင်း၊ ခံနိုင်ရည်ရှိခြင်းနှင့် အခြားသောနေရာများတွင်လည်း ပြန်လည်ကောင်းမွန်လာသည်။ ခန္ဓာကိုယ်သန့်စင်ခြင်းအာနိသင်သည် ချဲ့ကားပြောရလျှင် သန့်စင်ခြင်းငါးကြိမ်က အင်အားကို အဆပေါင်းများစွာ တိုးတက်သွားစေသည်။

မဟုတ်ပေ။ ဆယ်ဆမက တိုးလာခြင်းဖြစ်သည်။ ယခုတွင် လက်မောင်းကြွက်သားများကို တစ်ကြိမ်သန့်စင်လိုက်ကာ ညဘက်လက်၏အားက (၅၀)ရာခိုင်နှုန်းအထိ တိုးတက်လာည်။ တစ်ကိုယ်လုံးကကြွက်သားများကိုသာ သန့်စင်လိုက်လျှင် ကြွက်သားအားလုံး တိုးတက်လာမည်ဖြစ်ကာ ညာဘက်လက်အားတိုးတက်လာခြေသည်လည်း ငါးဆယ်ရာခိုင်နှုန်းထက်များပေမည်။

ဆုပ်နိုင်အားသည် လက်မောင်းမှကြွက်သားများကို လွှမ်းမိုးမှုရှိရုံသာမက အခြားသောခန္ဓာကိုယ်အစိတ်အပိုင်းများကိုလည်း အားကောင်းစေသည်။ ထိုအတွေးဖြင့် လင်းဇီချန်တစ်ယောက် ဝမ်းသာသွားကာ အသားကိုသန့်စင်ရန် အားအင်တက်ကြွသွား၏။ ညနေခင်း ညစာစားပြီးနောက်တွင် သူသည် အစာကြေရန် ခေတ္တမျှထိုင်နေကာ သွေးစွမ်းအင်က များစွာပေါကြွယ်ဝလာသည်ကို ခံစားမိသည်။ အောက်ထပ်တွင် ကြာကြာမနေတော့ဘဲ အခန်းထဲသို့ ပြန်တက်သွားကာ အသားသန့်စင်ခြင်းကို ဆက်လုပ်သည်။ တစ်ကိုယ်လုံးမှကြွက်သားများကို ဤလဝက်အတွင်း သန့်စင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

တစ်ညတာနီးပါးကုန်ဆုံးသွားသည်။ ဘယ်ဘက်လက်မောင်းတစ်ခုလုံးမှ ကြွက်သားများအားလုံးကို သန့်စင်ခြင်းပြီးမြောက်သွားလေသည်။

လက်နှစ်ဖက်လုံးမှ အားကို ခံစားမိကာ ၎င်းဘာသာ သံမဏိလက်ဟု နာမည်ပြောင်ပေးနေလေသည်။

''ရှောင်ချန် ငါနင့်ကို လာတွေ့တာ။ မြန်မြန်တံခါးဖွင့်''

''လာပြီ''

ရှန်ချင်းဟန်၏အသံကို ကြားလိုက်သဖြင့် လင်းဇီချန်က ပြန်ဖြေလိုက်၍ တံခါးကို ဖွင့်လိုက်သည်။ တံခါးဖွင့်ပေးလိုက်သောအခါတွင် ရှန်ချင်းဟန်က သူမကိုင်ထားသော ဖိနပ်ဘူးကိုပေးကာ ပြောလိုက်သည်။

''ဒီနေ့ ချူရှင်းနဲ့ ဈေးဝယ်ထွက်တုန်းက ဝယ်လာတဲ့အပြေးဖိနပ်။ ကိုက်လားစမ်းကြည့်''

''စမ်းကြည့်လိုက်မယ်''

လင်းဇီချန်က ဖိနပ်ဘူးကိုဖွင့်ကြည့်လိုက်ရာ အထဲတွင် မီးခိုးရောင်အပြေးဖိနပ်တစ်ရံပင်ကို မြင်လိုက်ရသည်။ ထိုဖိနပ်များကို စမ်းကြည့်လိုက်သောအခါတွင် ကွက်တိဖြစ်ကာ သက်တောင့်သက်သာရှိလှသည်။

''င့ါမှာဖိနပ်တွေရှိတာနင်သိပါတယ်။ အိမ်မှာ ပန်းနုရောင်တစ်ရံလည်းရှိတယ်။ နောက်အပြေးလေ့ကျင့်ခန်းသွားလုပ်ဖို့ ဒါကိုဝတ်ခဲ့လေ''

ရှန်ချင်းဟန်က ပြေးကာ စလစ်ပါးဖိနပ်ကို ချွတ်လိုက်ပြီး အိပ်ရာပေါ်တွင် ဝင်ထိုင်လိုက်သည်။ သူမ၏အသံက ချိုမြနေသည်။ ဖိနပ်များက သက်တောင့်သက်သာရှိလှသည်ကို လင်းဇီချန်တွေ့သောအခါတွင် ဈေးနည်းမည်မဟုတ်ဟု ခန့်မှန်းလိုက်မိသည်။

''ဒါဘယ်လောက်ကျလဲ''

''အတူတူပဲ။ နှစ်ရံလုံး ယွမ်တစ်ထောင်စီ''

''အတော်လေးဈေးကြီးတာပဲ''

''ဒါပေမဲ့ သက်တောင့်သက်သာရှိလို့ တန်တယ်လေ။ အကြမ်းလည်းခံတယ်။ ဈေးပေါတာတွေဝယ်ရင် နည်းနည်းလောက်ပြေးပြီးတာနဲ့ အောက်ခံပြားက ပါးကုန်ရော''

''အဲ့တာတော့ အမှန်ပဲ''

တစ်နာရီခန့်စကားပြောပြီးနောက်တွင် နှစ်ဦးသား အိပ်ရာထက်တွင် လှဲလျောင်းမိကြသည်။ စကားပြောနေသောရှန်ချင်းဟန်က ခေတ္တမျှရှက်သွားကာ ပြောလိုက်သည်။

''အဲ့တာလေ ဒုတိယရှုထောင့်ကိုလေ့လာတဲ့ဗီဒီယိုတွေလေ။ အရင်တစ်ခေါက်က ကြည့်လို့မပြီးသေးဘူး။ ဆက်ကြည့်ချင်တယ်''

''စွဲနေပြီလား''

လင်းဇီချန်က သူမကို မစဘဲမနေနိုင်ပေ။

''နင်က ဒီလိုမျိုး နှာဘူးမလေးဖြစ်နေမယ်လို့ လုံးဝထင်မထားခဲ့ဘူး''

''မဟုတ်ဘူး။ ငါက အဲ့တာတွေကို စွဲလမ်းနေတာမဟုတ်ဘူး။ စပ်စုချင်ရုံတင်''

ရှန်ချင်းဟန်က နှုတ်ခမ်းလေးစူပုတ်ကာ ပြန်ပက်လိုက်သည်။

''နင်ပဲ။ နင်သာ အဲ့ဗီဒီယိုတွေ ဒေါင်းလုတ်ဆွဲပြီး သိမ်းထားတာ။ နင်ကမှ တကယ့်နှာဘူး။ င့ါကို ဒီလိုမျိုး လာပြောနေသေးတယ်''

''ယောင်္ကျားလေးသဘာဝပဲလေ။ ငါက သဘာဝအတိုင်း နှာဘူးပဲကိုး''

လင်းဇီချန်ကမူ မရှက်မကြောက်ဖြင့်ပင် မျက်နှာပြောင်တိုက်ကာ ဝန်ခံလိုက်သည်။ ၎င်းကို မည်သို့ကိုင်တွယ်ရမည်ကို ရှန်ချင်းဟန်မသိသောကြောင့် ရှက်စရာမဟုတ်ဟုသာ တွေးလိုက်မိသည်။

''နင်က င့ါကို ဟာသလုပ်နေတာပဲ။ နင့်ကို အပြစ်ပေးရမယ်။ ဒီနေ့ညအတွက် ဘာအနမ်းမှမရဘူး''

ရှန်ချင်းဟန်က ပါးလေးကိုပုတ်၍ စိတ်ဆိုးချင်ဟန်ဆောင်ကာ လှည့်ထွက်သွားသည်။ လင်းဇီချန်က သူမ၏ပြစ်ဒဏ်ကိုလျစ်လျူရှုကာ လက်ဖြင့် သူမကို ဆွဲလှည့်လိုက်ပြီး ဖက်ထားကာ နမ်းလိုက်၏။ ရှန်ချင်းဟန်က ရုန်းကန်သည့်အမူအရာပြသော်လည်း မကြာမီပင် လက်သင့်ခံကာ လင်းဇီချန်း၏အနမ်းကို ပြန်တုံ့ပြန်လိုက်၏။

နောက်တစ်နေ့ မနက်တွင် ဖြစ်သည်။

ကျန်းဝမ်ရှင်းပြင်ပေးသောမနက်စာ စားပြီးနောက်တွင် နှစ်ဦးသား လီချူရှင်းဖြင့်တွေ့ရန် ဆေးရုံသို့ ထွက်လာကြသည်။ ခွဲစိတ်သည်ကို အချိန်မမီလိုက်သဖြင့် ၎င်းတို့ရောက်သောအခါ လီချူရှင်းသည် မျိုးဥထုတ်ခြင်းလုပ်ငန်းစဉ်က ပြီးသွားပြီဖြစ်သည်။

အသေးစားခွဲစိတ်မှုဖြစ်သောကြောင့် ဆယ်မိနစ်အတွင်းပင် ပြီးသွားသည်။

''ဘယ်လိုနေလဲ''

လီချူရှင်းတစ်ယောက် ခွဲစိတ်ခန်းထဲမှ ထွက်လာသည်ကို မြင်သောအခါတွင် ရှန်ချင်းဟန်က ချက်ချင်းပင် မေးလိုက်သည်။

လီချူရှင်းက ပြန်ဖြေလိုက်သည်။

''ဘာမှသိပ်မခံစားရဘူး။ ငါက အဲ့မှာလှဲပြီး ဖုန်းကြည့်နေတာနဲ့ ပြီးသွားတာ။ နာတဲ့အပိုင်းကတော့ မျိုးဥထုတ်ဖို့အတွက် အပ်သုံးတာပဲ။ အတော်လေးလန့်စရာကောင်းတယ်''

ထိုသို့ပြောကာ ရှန်ချင်းဟန်ကိုလက်ဖြင့် အတိုင်းအတာပြ၍ ပြောလိုက်သည်။

''အပ်က ဒီလောက်ရှည်တယ်။ ဒီလောက်လည်းထူတယ်။ ငါ့ရဲ့ဗိုက်အောက်ပိုင်းကို ထိုးတာ။ ထုံဆေးကြောင့်သာမဟုတ်ရင် သေလောက်အောင်နာမှာ''

''င့ါကို ခြောက်မနေနဲ့''

ရှန်ချင်းဟန်သည် လီချူရှင်းကိုမေးမိသည်ကို နောင်တရမိသည်။ သူမသည် မျိုးဥထုတ်သည့်ခွဲစိတ်မှုကို မကြောက်သော်လည်း လီချူရှင်းဆီမှ အပ်အကြောင်းကြားပြီးသောအခါတွင် ကြောက်နေမိသည်။

''နောက်တစ်ယာက် ဝင်လာခဲ့ပါ''

ခွဲစိတ်ခန်းထဲမှ အမျိုးသမီးဆရာဝန်အသံ ထွက်ပေါ်လာသည်။ ခေါ်သံကြားလိုက်သောအခါတွင် ရှန်ချင်းဟန်က အမြန်ပင် အထဲသို့ ဝင်သွားသည်။ ထို့နောက်တွင် ဆယ်မိနစ်ခန့်ကြာပြီးသည့်နောက် ခွဲစိတ်ခန်းထဲမှ ထွက်လာသည်။ ခန္ဓာကိုယ်သည် မသက်မသာရှိဟန်မပေါ်ပေ။ အပ်ဖြင့်ထိုးခံရသည့်ပုံပင် မပေါ်ပေ။

ထိုလောက၏ ဇီဝပိုင်းဆိုင်ရာနည်းပညာနှင့် ဆေးပညာများသည် အတန်ငယ်တိုးတက်နေပြီဖြစ်ကာ အသေးစားခွဲစိတ်မှုသည် ဒဏ်ရာမဖြစ်စေဘဲ အားပျော့သောထုံဆေးအာနိသင်မျှသာရှိသည်။

''ဒါနဲ့ ငါတို့ နွေရာသီကျောင်းပိတ်တာက ဒီလောက်ကြာပြီ။ ငါတို့လေးယောက် ခုထိ အပြင်ကို တူတူမသွားရသေးဘူး။ တစ်နေ့လောက်ရွေးပြီး အပြင်အတူတူသွားကြမလား''

လီချူရှင်းက အကြံပေးလိုက်ကာ ၎င်းတို့နှစ်ဦးကို ကြည့်လိုက်သည်။

ပထဆုံးသဘောတူသူမှာ ရှန်ချင်းဟန်ပင် ဖြစ်သည်။

''အကြံကောင်းပဲ။ ငါတို့လေးယောက် အပြင်သွားပြီး ပျော်ကြရအောင်'’

အခန်း (၁၂၂) - ပင်လယ်နတ်ဘုရားသက်ဝင်နိုးထလာခြင်း (၃)

လင်းဇီချန်က တိတ်ဆဆိတ်နေဆဲဖြစ်သည်။ ရှန်ချင်းဟန်သာ သွားမည်ဆိုလျှင် ၎င်းလည်း သေချာပေါက်သွားရမည်ဖြစ်သည်။ နှစ်ဦးသားမှာ တစ်ပူးပူးတစ်တွဲတွဲပင် ဖြစ်သည်။

လီချူရှင်းက ပြုံးကာ ပြောလိုက်သည်။

''ကောင်းပြီ။ အခုအဲ့တာဆို သဘောတူပြီထားလိုက်မယ်။ ပြန်ရောက်တော့မှာ ဂရုချက်ထဲမှာ ဘယ်လိုသွားရင် ပျော်စရာကောင်းမလဲ တိုင်ပင်ကြမယ်''

သုံးဦးသား ဆေးရုံထဲတွင် ခေတ္တမျှ စကားစမြည်ပြောဆိုနေသည်။ မကြာမီပင် ကားအသီးသီးဖြင့် အိမ်ပြန်လမ်းအသီးသီးဆီသို့ မောင်းနှင်သွားသည်။

...

အိမ်ပြန်ရောက်သောအခါတွင် လင်းဇီချန်သည် ခန္ဓာကိုယ်ကြွက်သားများသန့်စင်ခြင်းကို တစ်နေကုန်လုပ်သည်။ ခြေထောက်မှကြွက်သားများကို သန့်စင်နေခြင်းဖြစ်သည်။ ခြေထောက်ကကြွက်သားများက လက်မောင်းကြွက်သားများထက် ပို၍များသည်။ တစ်နေကုန်နီးပါး သန့်စင်ပြီးသောအခါမှ ညာဘက်ခြေထောက်တစ်ဖက် ပြီးသွားသည်။ ကျန်နေသောဘယ်ဘက်ခြေထောက်ကိုမူ သန့်စင်ပြီးရန် နောက်တစ်နေ့ အချိန်ယူလိုက်ရသည်။

ည(၁၁)နာရီတွင် ရှန်ချင်းဟန်တစ်ယောက် ညအိပ်ဝမ်းဆက်ဖြင့်ရောက်လာကာ လင်းဇီချန်နှင့် အိပ်ရန် လာခဲ့သည်။ ၎င်းတို့သည် ဘွဲ့ရလျှင် လက်ထပ်မည်ဟု ဆုံးဖြတ်လိုက်စဉ်ကတည်းကပင် နှစ်ဦးသား မကြာခဏပင် အတူတူအိပ်ကြသည်။ အဓိကမှာ ရှန်ချင်းဟန်သည် တွယ်ကပ်နေတတ်ကာ လင်းဇီချန်နှင့်အိပ်ရသည်ကို နှစ်သက်သော‌ေကြာင့် ဖြစ်သည်။ ဆယ်ရက်တွင် အနည်းဆုံးသုံးရက်ခန့် ၎င်းနှင့်အတူ အိပ်ချင်ကာ ထိုသို့မှမဟုတ်လျှင် အိပ်မပျော်ဟု ခံစားရသည်။

''ရှောင်ချန် မြန်မြန်ဂရုချက်ထဲကို ကြည့်လိုက်။ ချူရှင်းနဲ့ဟယ့်ယွီတို့က ဘယ်ကိုသွားကြမလဲဆိုတာ တိုင်ပင်နေပြီ''

ရှန်ချင်းဟန်က ပြောပြောဆိုဆိုဖြင့် အိပ်ရာထက်တွင် ထိုင်လိုက်သည်။ လင်းဇီချန်သည် ဂရုချက်ကို ဖွင့်ကြည့်လိုက်ကာ မက်ဆေ့ချ်ပေါင်း(၉၉)စောင်မက တွေ့လိုက်ရသည်။ ပြောထားသည်ကို ကြည့်လိုက်သောအခါ အချို့က တောင်တက်ကာ နေဝင်ချိန်ကြည့်ရန် အကြံပြုထား၍ အချို့က မြင်းစီးကာရေဥယျာဉ်များဆီသို့ လျှောက်လည်ရန် တောင်းဆိုထားသည်။ မဟုတ်လျှင်လည်း ကမ်းခြေသို့ သွားကြမည်။ အကြံပြုထားသည်များစွာရှိသော်လည်း လီချူရှင်းနှင့် ဟယ့်ယွီက သဘောမတူသောကြောင့် မည်သည့်နေရာသို့ သွားရမည်ကို မဆုံးဖြတ်နိုင်သေးပေ။ နှစ်ဦးသား ရှန်ချင်းဟန်စီကို စာပို့နေကြကာ သူမမည်သည့်နေရာသို့ သွားချင်သည်ကို မေးနေသည်။

ရှန်ချင်းဟန်က အကြိုက်မတွေ့သေးကာ မည်သည့်နေရာသို့ သွားရမည်ကို စဉ်းစားနေမိသောကြောင့် ၎င်းတို့ဆုံးဖြတ်ရန်သာ ပြန်ဖြေလိုက်သည်။ လင်းဇီချန်ကိုမူ တစ်ယောက်မှ မမေးကြပေ။ သုံးနှစ်တာ အတန်းဖော်ဖြစ်ပြီးနောက်တွင် မေးလျှင်လည်း ဟန်ဟန်လုပ်ချင်တာလုပ်ဟုဖြေမည်ကို သိထားကြပေသည်။ ဆွေးနွေးနေသည်မှာ နာရီဝက်ခန့်ကုန်ဆုံးသွားသည်။ လီချူရှင်းနှင့် ဟယ့်ယွီတို့သည် နောက်ဆုံးတွင် ကမ်းခြေသို့ သွားကြမည်ဟု ဆုံးဖြတ်လိုက်ကြသည်။

ရှန်ချင်းဟန်က ကမ်းခြေသို့သွားမည်ဟုသောဆုံးဖြတ်ချက်ကို မြင်လျှင်မြင်ချင်းပင် ဒုက္ခရောက်ပြီဟု ခံစားလိုက်မိသည်။ သူမသည် ပင်လယ်သို့ သွား၍မရပေ။ ရေထဲသို့ ဆင်းသည်နှင့် ပင်လယ်နက်ထဲမှ အော်သံများကို ကြားနေရကာ ခံစားချက်မကောင်းလှပေ။

''ရှောင်ချန် ဘယ်လိုလုပ်ကြမလဲ''

ရှန်ချင်းဟန်တစ်ယောက် အတန်ငယ်စိတ်ရှုပ်သွားကာ လင်းဇီချန်ဘက်လှည့်ကာ အကူအညီတောင်းလိုက်သည်။ လီချူရှင်းနှင့် ဟယ့်ယွီက သူမသဘောထားကို မေးသော်လည်း အဆင်ပြေသည်ဟုသာ ဖြေခဲ့မိကာ ၎င်းတို့ကို ဆုံးဖြတ်စေခဲ့မိသည်။ ယခုတွင်မူ နာရီဝက်ကြာ ငြင်းခုံပြီးနောက်တွင် ကမ်းခြေသို့သွားမည်ကို သဘောတူလိုက်ကြသည်။ သူမက မသွားနိုင်ဟုပြောလျှင် စိတ်ပျက်သွားပေလိမ့်မည်။

''နင်ဒဏ်ရာရလို့ ပင်လယ်ရေနဲ့ ထိလို့မရဘူးလို့ပြောလိုက်။ အဲ့တာကြောင့် ပင်လယ်ကတော့ သွားလို့မရဘူးလို့''

လင်းဇီချန်က စဉ်းစားကာ အကြံပေးလိုက်သည်။

ရှန်ချင်းဟန်က ခေတ္တမျှတွန့်ဆုတ်နေမိသည်။ သို့သော်လည်း အသာခေါင်းခါပြကာ

''ထားတော့။ သူတို့က ဒီလောက်အားထုတ်ပြီးမှ ဆုံးဖြတ်ထားတာ။ အခုမှ ငါငြင်းလိုက်ရင် သင့်တော်မှာမဟုတ်ဘူး''

''အဲ့တာဆိုလည်း ကမ်းခြေပဲ သွားကြတာပေါ့။ အဆိုးဆုံးဖြစ်လည်း ငါရေထဲမဆင်းရုံပေါ့။ နေပူဆာလှုံပြီး ကမ်းခြေမှာပဲ အသားကင်စားကြတာပေါ့''

''ကောင်းပြီ။ အဲ့လိုဆုံးဖြတ်လိုက်ပြီ''

စိတ်ပိုင်းဖြတ်ပြီးနောက်တွင် ရှန်ချင်းဟန်က ဂရုချက်ထဲ၌ သဘောတူကြောင်း စာပြန်လိုက်သည်။ ထိုစာကို မြင်သောအခါတွင် သူမမည်သို့ဖြစ်မည်နည်းကို လင်းဇီချန်တွေးနေမိသည်။ သူမသည် ပင်လယ်ထဲသို့ မဆင်းလျှင် ပြဿနာရှိဟု ထင်မိသည်။ ကမ်းခြေတွင်သာ အခြေချင်နေလျှင်လည်း ပြဿနာရှိမည်မဟုတ်ပေ။

လေးဦးသား ဆွေးနွေးပြီးကြသောအခါတွင် ဆယ်ရက်အတွင်း မြို့ထဲရှိ ရွှမ်းယိပင်လယ်အော်ဆီသို့ မနက်(၇)နာရီတွင် သွားကြရန် သဘောတူလိုက်ကြသည်။

ကမ်းခြေသို့ ခရီးထွက်မည့်ရက်များကို စောင့်ဆိုင်းရင်းဖြင့် လင်းဇီချန်သည် အိမ်တွင်သာ နေနေသည်။ ရှန်ချင်းဟန်ဖြင့် ပုံမှန်လေ့ကျင့်ခန်းလုပ်သည်ကလွဲ၍ အချိန်အများစုကို အခန်းထဲတွင်သာ ကုန်ဆုံးကာ ကြွက်သားများကို သန့်စင်နေသည်။

ကိုးရက်လုံးလုံး ကြွက်သားများ သန့်စင်နေ၏။ ကံကြမ္မာက မျက်နှာသာပေးသောအခါတွင် ကြွက်သားများအားလုံးကို သန့်စင်ခြင်းပြီးမြောက်သွားလေပြီ။ ကြွက်သားသန့်စင်ခြင်း ပြီးမြောက်သောအခါတွင် လေဟာနယ်ထဲ၌ စာတန်းတစ်ခု ထွက်ပေါ်လာသည်။

(သင်၏သွေးမျိုးဆက် စွမ်းအားအဆင့်သည် အခြေခံအဌမအဆင့်သို့ တိုးမြင့်သွားပါပြီ)

အခြေခံအဌမအဆင့်သို့ ရောက်သွားသည်ကို စဉ်းစားမိကာ လင်းဇီချန်တစ်ယောက် အတော်အတန် မယုံနိုင်ဖြစ်နေမိသည်။ သွေးသန့်ကျင့်စဉ်ကို မလေ့ကျင့်ခင်တွင် သွေးမျိုးဆက်စွမ်းအားအဆင့် တစ်ခု တိုးတက်ရန်မှာ သုံးနှစ်မှလေးနှစ်အထိ ကြာသည်။ သာသွေးသန့်ကျင့်စဉ် လေ့ကျင့်ပြီးသောအခါတွင်မူ နွေရာသီတစ်ဝက်မကျိုးခင်တွင်ပင် အခြေခံဆဌမအဆင့်မှ အဌမအဆင့်အထိ အံ့ဩဖွယ်ကောင်းသောအမြန်နှုန်းဖြင့် တိုးမြင့်သွားသည်။

''အရင်တစ်ခေါက်က အရေပြားသန့်စင်ပြီးတော့ သွေးမျိုးဆက်စွမ်းအားအဆင့်က အခြေခံသတ္တမအဆင့်ကနေ ဆင့်ကဲပြောင်းလဲသွားတာ။ ဒီတစ်ခေါက် အသားသန့်စင်ပြီးတော့ အဌမအဆင့်ဖြစ်သွားပြီ။ အဲ့တာဆို နောက်တစ်ခေါက် အရိုးသန့်စင်ပြီးရင် သေချာပေါက် နဝမအဆင့်ဖြစ်မှာပဲ''

''အခြေခံနဝမအဆင့်ဆိုတော့ အဲ့ထက်မြင့်တာက အဆင့်မြင့်အဆင့်ပဲမလား”

''ကြည့်ရတာက ကောင်းကင်လူသားအဖွဲ့အစည်းနဲ့ပေါင်းလိုက်တာ မှန်သွားပြီပဲ။ သွေးသန့်ကျင့်စဉ်က င့ါရဲ့ခန္ဓာကိုယ်ပါရမီနဲ့ကိုက်သွားပြီး ဆင့်ကဲပြောင်းလဲတာက သိသိသာသာ မြန်လာတာပဲ''

လင်းဇီချန်သည် ၎င်းဘာသာ တီးတိုးပြောနေမိကာ စိတ်လှုပ်ရှားနေ၏။

နောက်တစ်နေ့ မနက်ခုနှစ်နာရီတွင် ဖြစ်သည်။

မိုးသောက်ချိန်အဖွဲ့၏ အဖွဲ့ဝင်လေးယောက်သည် ရှန်ဟိုင်းအထက်တန်းကျောင်းတံခါးဝတွင် ကမ်းခြေသို့သွားရန်ပင် စုဝေးနေကြသည်။ သွားမည့်ယာဉ်က ကားဖြစ်ကာ မောင်းသူမှာ ဟယ့်ယွီပင် ဖြစ်၏။ ကားထဲတွင် လီချူရှုင်းသည် ခရီးသည်ခုံတွင်ထိုင်ကာ စပ်စုစွာဖြင့် မေးနေသည်။

နွေရာသီအားလပ်ရက်သည် တစ်လခန့်သာဖြစ်ကာ သူမသည် ကားမောင်းလိုင်စင်ရပြီးဖြစ်သောကြောင့် အတော်အတန် မယုံနိုင်ဖြစ်နေသည်။

လက်တစ်ဖက်တည်းဖြင့် စတီယာတိုင်ကို လှည့်လိုက်သော ဟယ့်ယွီက ဖြေလိုက်သည်။

''လိုင်စင်ကို လွန်ခဲ့တဲ့သုံးပတ်လောက်တုန်းကရတာ။ ခရီးသွားဖို့ ဆယ်ရက်အတွင်း ရသွားတာပဲ''

''ဆောင်းတွင်းပိတ်ရက်တုန်းက ကားမောင်းလေ့ကျင့်ခဲ့တာလား''

ပြော၍ဆုံးသွားသောအခါတွင် လီချူရှင်းက သူမ၏မေးခွန်းကို ပြန်ဖြေလိုက်သည်။

''မဟုတ်သေးဘူး။ မမှန်သေးဘူး။ နောက်စာသင်နှစ်ဝက်တစ်ဖြတ်ဆိုရင် နင့်ရဲ့ (၁၈)နှစ်ပြည့်မွေးနေ့ပဲ။ ဆေးတွင်းတုန်းက ငယ်သေးတာပဲ။ ဘယ်လိုလုပ်ဖြစ်သွားတာလဲ''

''ငါကျွမ်းကျင်အတန်းတက်လိုက်တာ။ လိုင်စင်ရဖို့ ဆယ်ရက်ပဲကြာတယ်''

''ကျွမ်းကျင်အတန်းလို့ ရှိသေးတယ်လား''

လီချူရှင်းက ပဟေဠိဖြစ်နေဟန်ဖြင့် ပြောလိုက်သည်။

''ငါရှန်ဟိုင်းမှာနေတာ ဒီလောက်နှစ်တွေကြာလှပြီ။ ဘယ်လိုလုပ် အဲ့အတန်းကို တစ်ခါမှမကြားဖူးရတာလဲ။''

ဟယ့်ယွီက အရှိန်မြှင့်ကာ

''ငါ့အဖေက ငါ့အတွက် အဆက်အသွယ်တွေ ရှာထားတာလေ။ တကယ်တော့ ငါလည်း မကြားဖူးဘူး''

အခန်း (၁၂၃) - ပင်လယ်နတ်ဘုရားသက်ဝင်နိုးထလာခြင်း (၃)

ပြောပြီးနောက်တွင် ဟယ့်ယွီက ထပ်ပြောလိုက်သည်။

''မင်းတို့ ဒီကျွမ်းကျင်အတန်းမှာ စာရင်းသွင်းချင်ရင် ပြန်ရောက်တဲ့အခါကျ ငါ့အဖေကို ပြောပေးမယ်။ အဲ့တာဆိုပြီးပြီ။ နင်စာရင်းသွင်းချင်ကြလား''

''ဒါပေါ့။ ဟယ့်ယွီ ငါ့ကိုစာရင်းသွင်းပေးဦး''

ယခုတွင် မျက်နှာသာပေးမှုကို လက်ခံပြီးနောက် လီချူရှင်းသည် အကြွေးတင်နေသည်ဟု ခံစားရကာ ၎င်းကို ဟယ့်ယွီဟု ခေါ်လိုက်ခြင်းက ပို၍သက်တောင့်သက်သာချည်းကပ်နိုင်ရန်အတွက် ရည်ရွယ်ခြင်းပင် ဖြစ်သည်။

နောက်ခုံတွင် ထိုင်နေသော လင်းဇီချန်ကလည်း ဝင်ပြောလိုက်သည်။

''ဟယ့်ယွီ ဟန်ဟန်နဲ့ ငါ့ကိုလည်း စာရင်းသွင်းပေးပါဦး''

ဟယ့်ယွီတစ်ယောက် ဟယ့်ယွီဆိုသောနာမည်ကို ကြားလိုက်ရသောအခါတွင် စိတ်ထဲ၌ ကျေနပ်မိပေသည်။

...

ကားသည်နောက်ဆုံးပန်းတိုင် ရွှမ်းယိပင်လယ်အော်ဆီသို့ ရောက်လာသည်။ နွေရာသီဖြစ်သောကြောင့် ကမ်းခြေတွင် လူများနေသည်။ ကားထဲမှ ဆင်းလျှင်ဆင်းချင်းပင် ဟယ့်ယွီ၏အကြည့်များက ချက်ချင်းပင် လူအုပ်ထဲမှ ရေကူးဝတ်စုံဝတ်ထားသောမိန်းကလေးများဆီသို့ ရောက်သွားသည်။ အကြည့်များက ရဲတင်းလှကာ စိတ်ဆန္ဒအပြည့်ဖြင့်ဖြစ်သည်။ ဆန့်ကျင့်ဘက်အနေဖြင့် လင်းဇီချန်ကမူ ပို၍တည်ငြိမ်နေဟန်ပေါက်သည်။

ရေကူးဝတ်စုံအလှလေးရှန်ချင်းဟန်မဟုတ်လျှင် ၎င်းသည် တစ်ချက်ပင် လှည့်ကြည့်မည်မဟုတ်ပေ။ စိတ်မဝင်စားခြင်းသာဖြစ်သည်။

''ဟယ့်ယွီ အဲ့လောက်အကျင့်မပျက်လို့မရဘူးလား။ ဇီချန်ကို ကြည့်ပါဦး။ ဘယ်လောက်လူကြီးလူကောင်းဆန်လိုက်လဲ။ သူ့မျက်လုံးက နှာဘူးအကြည့်မျိုး တစ်ချက်တောင်မကြည့်ဘူး''

လီချူရှင်းက ဟယ့်ယွီကို မကျေမနပ်ဖြင့် ပြောလိုက်သည်။ ဟယ့်ယွီကမူ သဘောမတူပေ။

''ဟာသပဲ။ ဇီချန်ကို ချင်းဟန်က အလိုလိုက်ထားလို့လေ။ ဘယ်လိုလုပ် နှာဘူးမထဘဲနေမှာလဲ''

''အဲ့လိုဆို ယောင်္ကျားတွေအားလုံးက နှာဘူးထကြတာလား။ အဲ့လိုလား''

ဟယ့်ယွီက ဆက်ပြောလိုက်သည်။

''အဲ့တာအပြင် ကမ်းခြေကိုလာမှတော့ ဘီကနီဝတ်ထားတဲ့အလှလေးတွေကို ကြည့်ဖို့ပဲမဟုတ်လား။ ဘာလို့ ကမ်းခြေကိုလာတာလဲ''

လီချူရှင်းတစ်ယောက် ပြန်ပက်စရာစကားမရှိတော့ပေ။ သူမသည် ရှန်ချင်းဟန်၏ လက်ကိုသာဆွဲ၍ ထွက်သွားသည်။

''သွားကြမယ် ဟန်ဟန်။ ငါတို့လည်း ဟိုနားမှာ ဘီကနီသွားလဲကြမယ်။ သူ့ကိုလျစ်လျူရှုထားလိုက်''

လင်းဇီချန်က ဟယ့်ယွီကိုကြည့်ကာ ပြောလိုက်သည်။

''သွားလဲကြရအောင်''

''သွားကြမယ်။ ဒိုင်ဗင်ထိုးဖို့ မစောင့်နိုင်တော့ဘူး''

ထိုသို့ပြောပြီးနောက်တွင် ဟယ့်ယွီသည် စိတ်လှုပ်ရှားစွာဖြင့် လင်းဇီချန်နှင့်အတူ အဝတ်လဲခန်းဆီသို့ ထွက်လာခဲ့သည်။

အဝတ်လဲခန်းသို့ သွားရာလမ်းတွင် လင်းဇီချန်ကို လူများစွာက နန်ကျန်းပြည်နယ်စု၏ ဒုတိယအဆင့်အောင်မြင်သူကျောင်းသားဟု မှတ်မိကြသည်။ ထိုသူများက ၎င်းကို လက်ညှိုးထိုးကာ ၎င်းတို့ဘာသာ တီးတိုးပြောနေကြသည်။ ၎င်းသည် ကောင်းကင်လူသားအဖွဲ့အစည်းသို့ဝင်သွားကာ ဖရိုဖရဲဖြစ်ပြီး ဦးနှောက်ဆေးခံလိုက်ရပြီဟု ပြောနေကြသည်။ စူးရှသောအာရုံရှိသည့် လင်းဇီချန်က မကောင်းသည့်မှတ်ချက်တိုင်းကို ၎င်းနားနားတွင် ကပ်ပြောနေသကဲ့သို့ပင် ကြားနေရသည်။

ထိုဝေဖန်ချက်များကြောင့် အနှောင့်အယှက်မဖြစ်သော်လည်း ထိုပြဿနာနောက်ကွယ်မှ လက်ပိုင်ရှင်ကို မှတ်ထားလိုက်သည်။ ၎င်းအားကြီးလာသည်နှင့် ထိုတရားခံဖြင့် စာရင်းရှင်းမည်ဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရခြင်းအတွက် ဆယ်ဆမက အလျော်တောင်းမည်ဖြစ်သည်။

''မင်းတို့ကိုယ်မင်းတို့ ဘာထင်နေလဲ။ နန်ကျန်းပြည်နယ်က ထိပ်တန်းအဆင့်ကျောင်းသားကို ဝေဖန်ရဲကြတယ်ပေါ့လေ''

၎င်းနှင့်အတူလျှောက်နေသော ဟယ့်ယွီက လင်းဇီချန်အကြောင်း ပါးစပ်သရမ်းနေသည်ကို ကြားမိကာ ချက်ချင်းပင် ဒေါသတကြီးဖြင့် ရင်ဆိုင်လိုက်သည်။

တစ်ဦးချင်းစီသည် ပုခုံးတွန့်၍ အခွံထဲသို့ ဝင်ပုန်းသွားသောလိပ်ကဲ့သို့ပင် ငြိမ်ကျသွားကာ မည်သူမှပြန်မပြောရဲပေ။ ၎င်းတို့သည် ဒုတိယအဆင့်ထိပ်တန်းကျောင်းသားကို နောက်ကွယ်တွင်လှောင်ရယ်ရဲကြသော်လည်း စော်ကားရဲသည်ဟု မဆိုလိုပေ။ နန်ကျန်းပြည်နယ်ကျောင်းသားသည် သွေးသန့်လူသားလမ်းစဉ်လိုက်၍ သာမန်ပင်ဖြစ်လျှင်ပင် သာန်သူများ စော်ကားနိုင်သူမျိုး မဟုတ်ပေ။

ထိပ်တန်းကျောင်းသားတစ်ယောက် မည်သည့်အချိန်တွင်မဆို မေဂျာပြောင်းနိုင်ကာ သွေးမျိုးစပ်လမ်းစဉ်ကို ပြန်လိုက်နိုင်သည်မှာ ပြောစရာပင် မလိုပေ။

''ဇီချန် မင်းတကယ်သည်းခံနိုင်တာပဲ။ ငါ့ကိုသာ အဲ့လိုမျိုးပြောရင် သူတို့ကို ဆွဲထိုးပြီးနေလောက်ပြီ''

ဟယ့်ယွီက စိတ်ဆိုးမာန်ဆိုးအမူအရာဖြင့် ပြောလိုက်သည်။ လင်းဇီချန်က ရယ်၍ ပြန်ဖြေလိုက်သည်။

''စိတ်ရှည်တာက ဆွေမျိုးလိုပဲ။ ငါအဲ့ကိစ္စတွေကို အရေးမစိုက်ဘူး။ ငါဂရုစိုက်တဲ့ဟာကို ထိလာရင်တော့ သေချာပေါက်ပြန်တုံ့ပြန်မှာပေါ့''

ဟယ့်ယွီက စပ်စုစွာဖြင့် မေးလိုက်သည်။

''အဲ့လိုဆို မင်းက ဘာကိုဂရုစိုက်တာလဲ''

၎င်းပါးစပ်မှ အဖြေထွက်မလာခင်တွင်ပင် လီချူရှင်းသည် ရေကူးဝတ်စုံလဲပြီးဖြစ်ကာ ပြုံး၍ လင်းဇီချန်အစား ဖြေပေးလိုက်သည်။

''မေးဖို့လိုသေးလို့လား။ ဇီချန်ဂရုအစိုက်ဆုံးက သေချာပေါက် ဟန်ဟန်ပဲပေါ့''

''အင်းပေါ့။ ငါ့မေးခွန်းကိုက တုံးလွန်းသွားတာ''

ဟယ့်ယွီက ရှက်ရှက်ဖြင့် ပြုံး၍ ပြောလိုက်သည်။ ရယ်ရင်းဖြင့် အကြည့်များက လီချူရှင်းဆီသို့ ရောက်သွားသည်။ လီချူရှင်းသည် ဖော်လွန်းသောရေကူးဝတ်စုံကို ဝတ်ထားကာ သေးသွယ်သောခါးကာပေါ်နေပြီး ဆွဲဆောင်မှုရှိလွန်းလှသည်။

သူမဘေးက ရှန်ချင်းဟန်ကမူ ပို၍ရှေးဆန်သည့်ပုံပေါ်သည်။ သူမသည် သေးသွယ်သောခြေတံနှစ်ဖက်နှင့် ခြေဖမိုးသာပေါ်သော ကွက်တိကိုက်သောရေကူးဝတ်စုံမျိုးကို ဝတ်ထားသည်။

ထို့အရာမှလွဲ၍ ဘာမှမြင်ရပေ။ မကြာခင်ပင် လင်းဇီချန်နှင့် ဟယ့်ယွီတို့ အဝတ်လဲခန်းသို့ ဝင်သွားကာ ရေကူးသည့်ဘောင်းဘီတိုကို ပြောင်းဝတ်ကြသည်။ နှစ်ဦးသား ဘောင်းဘီတို့ဖြင့် ပြန်ထွက်လာကြသည်။ လီချူရှင်းနှင့် ရှန်ချင်းဟန်တို့သည် ကမ်းခြေတွင် နေရာတစ်ခု ရှာတွေ့ပြီးဖြစ်ကာ ထိုနေရာတွင် ဖျာနှင့်နေကာထီးကို ချပြီးဖြစ်သည်။

နေပြင်းသည်ကို မြင်သောအခါတွင် လင်းဇီချန်က ရှန်ချင်းဟန်ဆီသို့သွားကာ ၎င်းအိတ်ထဲမှ နေလောင်ခံခရင်ဘူးထုတ်ယူလိုက်ပြီး သူမကို လိမ်းပေးသည်။

ရှန်ချင်းဟန်သည် အနည်းငယ်မျှ ရှက်မိသော်လည်း ငြင်းရန်အကြောင်းမရှိသောကြောင့် သဘောတူလိုက်သည်။

''ချူရှင်း ငါလည်း မင်းကိုကူပြီး လိမ်းပေးမယ်''

(၁၈)နှစ်မိန်းကလေး၏ နူးညံံ့သောအသားအရေကို ထိရန်စိတ်စောနေသည့်ဟယ့်ယွီက လီချူရှင်းအတွက် လုပ်အားပေးချင်နေသည်။ လီချူရှင်းကမူ ၎င်းကို မျက်စောင်းထိုးလိုက်ကာ

''ငါ့ကိုအသားယူဖို့ ဆန္ဒရှိနေတာပဲ။ နောက်မှ ဟန်ဟန်ကို လိမ်းခိုင်းလိုက်မယ်။ နှာဘူးမကောင်းဆိုးဝါး ငါနဲ့သာ ဝေးဝေးနေ''

ဟယ့်ယွီတစ်ယောက် နောင်တရသွားမိသည်။ ထိုစဉ်တွင် လင်းဇီချန်ကမူ ရှန်ချင်းဟန်ကို ဖျာပေါ်တွင် လှဲခိုင်းကာ နေလောင်ခံခရင်လူးပေးနေသည်။ သူမသည် တင်းတင်းကြပ်ကြပ်ဝတ်ဆင်ထားကာ မျက်နှာ၊ လည်ပင်း၊ လက်မောင်း၊ ခြေသလုံးနှင့် ခြေဖမိုးသာ ပေါ်သည်။ ထိုနေရာများသာ နေလာင်ခံခရင်လိမ်းရန်လိုသည်။ ခြေဖမိုးကမူ လိမ်းရန်မလိုပေ။

သို့သော်လည်း လင်းဇီချန်က မည်သည့်နေရာကိုမှ ကျော်မသွားဘဲ လိမ်းပေးသည်။ လုံလုံခြုံခြုံဝတ်စားထားလျှင်ပင် ထိုနေရာများကို လိမ်းပေးရသောအခါ၌ မြန်မြန်လိမ်းပေးသည်။

နေလောင်ခံခရင်လိမ်းပေးနေခြင်းပေလော။မဟုတ်လျှင်လည်း အသားယူနေခြင်းပေလော။

ရှန်ချင်းဟန်သည် ဖြစ်နေသည်များကို တိတိကျကျသိသော်လည်း လင်းဇီချန်က သူမကို အသားယူသည်ကို လွှတ်ထားပေးသည်။ အဘယ့်ကြောင့်ဆိုသော သူမသည် ကိုယ်ခန္ဓာအထိအတွေ့ကို နှစ်သက်မိသောကြောင့် လင်းဇီချန်ဖြင့် ထိတွေ့နေရသည်မှာ အတော်လေးစွဲလမ်းစရာကောင်းသည်ဟု ထင်သောကြောင့် ဖြစ်သည်။

သူမသည် တိတ်တဆိတ်ဖြင့် လင်းဇီချန်၏လက်အထိအတွေ့တွင် သာယာနေကာ ‌ေခြထောက်နှစ်ဖက်ကိုပင် တင်းတင်းဆုပ်လိုက်မိပြီး သာယာမှုကြောင့် မျက်နှာနှစ်ဖက်က နီမြန်းသွားသည်။ ထိုအချိန်တွင် ထူးဆန်းကာ ရှေးကျသော သာယာနာပျော်ဖွယ်ကောင်းသောအသံတစ်သံသည် သူမနားနားတွင် ရုတ်တရက် ကြားလိုက်ရသည်။

''ကြီးမြတ်လှတဲ့နတ်ဘုရား---''

''ပင်လယ်ရဲ့မူလမြေမှာ---''

''ပြန်လည်အသက်ဝင်ရှင်သန်ပါ''

ထိုတီးတိုးသံကို ကြားမိသောအခါတွင် ရှန်ချင်းဟန်တစ်ယောက် ရုတ်တရက် မျက်လုံးပြူးကျယ်သွားသည်။

ထိုထူးဆန်းသောတီးတိုးသံသည် ပင်လယ်မှလာခြင်းသာ ဖြစ်၏။

All Chapters