← Chapters

အပိုင်း ၁၂၄-၁၂၆

Vol. 9 Ch. 124-126

အပိုင်း ၁၂၄-၁၂၆

Vol. 9 Ch. 124-126

အခန်း (၁၂၄) - ညစ်ပတ်သောရှန်ချင်းဟန်လေး

''ဘာဖြစ်တာလဲ''

ရှန်ချင်းဟန် ပုံမှန်မဟုတ်သည်ကို သတိထားမိကာ လင်းဇီချန်က ချက်ချင်းပင် စိုးရိမ်ကြောင်း ဖော်ပြလိုက်သည်။ ရှန်ချင်းဟန်က ဖျာပေါ်တွင် မတ်တပ်ရပ်၍ ရှုပ်ထွေးနေသောအမူအရာဖြင့် ၎င်း၏နားနားလေးသို့ကပ်ကာ ပြောလိုက်သည်။

''ရှောင်ချန် အဲ့အသံကို ထပ်ကြားရပြန်ပြီ''

ထိုအသံလော။

ပင်လယ်မှလာသည့်အသံ ဖြစ်နိုင်သည်လော။ ထိုအကြောင်းကို စဉ်းစားမိကာ လင်းဇီချန်သည် အနည်းငယ်မျှပင် ပျာယာခတ်သွားသည်။ အမြန်ပင် သွားရန် အကြောင်းပြချက်ရှကာ ရှန်ချင်းဟန်ကို ခေါ်ပြီး မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

...

''ပင်လယ်ကအသံလား''

''အင်း။ ပင်လယ်ကလာတဲ့အသံ''

ရှန်ချင်းဟန်သည် အကောင်းဆုံးကြိုးစား၍ တည်ငြိမ်အောင်လုပ်ပြီး ဆက်ပြောလိုက်သည်။

''ဒီတစ်ခေါက် အသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်တာ။ တစ်ပိုင်းတစ်စနဲ့။ အချို့စကားလုံးတွေကို ရှင်းရှင်းလင်းလင်း ကြားလိုက်တယ်။ မြင့်မြတ်လှတဲ့နတ်ဘုရား မူလမြေမှာ ပြန်လည်ရှင်သန်ပါတဲ့လေ။ အဲ့လိုမျိုးပဲ၊ အသံက အရင်တုန်းကလိုမျိုးပဲ။ ငါရင်တောင် တုန်သွားတာ''

လင်းဇီချန်က မေးလိုက်သည်။

''အခုကော အဲ့အသံကို ကြားရသေးလား''

''အခုတော့ မကြားရတော့ဘူး''

ရှန်ချင်းဟန်က ခေါင်းခါပြကာ လန့်နေဟန်ဖြင့် ပြန်ဖြေလိုက်သည်။ အသံထွက်ပေါ်လာစဉ်က သူမသည် နှလုံးခုန်သံများ မြန်နေကာ ရုတ်တရက်ပင် တစ်ကိုယ်လုံး၌ ရှင်းမပြတတ်သောအကြောက်တရားက ဖုံးလွှမ်းသွားကာ ရင်ဘတ်ထဲ၌ တင်းကြပ်လာသည်ဟု ခံစားရသည်။

ယခုတွင်မူ အသံက ပျောက်ကွယ်သွားပြီဖြစ်သောကြောင့် သူမစိတ်သည်လည်း ဖြည်းဖြည်းချင်းတည်ငြိမ်လာသည်။ ရှန်ချင်းဟန်၏စကားကို ကြားပြီးနောက်တွင် လင်းဇီချန်တစ်ယောက် အတွေးနက်နေမိသည်။

မြင့်မြတ်လှတဲ့နတ်ဘုရား မူလမြေမှာ ပြန်လည်ရှင်သန်ရမည်လော။ သူမ၏ထူးဆန်းသောခန္ဓာကိုယ်က မူလမြေနှင့် တစ်ခုခုဆက်စပ်နေသည်လော။ ခေတ္တမျှစဉ်းစားပြီးနောက်တွင် လင်းဇီချန်က ရှန်ချင်းဟန်ကို ပြောလိုက်သည်။

''ငါတို့ဗဟုသုတက အကန့်အသတ်နဲ့ပဲလေ။ ဒီလောက်လေးသိတာနဲ့ များများစားစား ဖော်ထုတ်နိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ နောင်ကျရင် မူလမြေနဲ့ပက်သက်ပြီး နားလည်သွားတဲ့အခါကျရင် ဘာလဲဆိုတာ သိရမှာပေါ့''

''မဟုတ်လည်း တက္ကသိုလ်တက်ပြီးတဲ့အခါကျရင် မင်းဆရာတွေနဲ့ ရင်းနှီးသွားတဲ့အခါကျ မူလမြေနဲ့ပက်သက်ပြီး သူ့ကို မေးကြည့်ပေါ့။ သူက ပင်လယ်ရဲ့ မူလမြေနဲ့ပက်သက်ပြီး ဘာများသိနေမလဲလို့ပေါ့''

''မင်းလုံခြုံရေးကတော့ မသေချာပေမဲ့လို့ နောင်ကျရင် ငါတို့ ပင်လယ်ကမ်းခြေကို မကြာခဏလာကြမယ်လေ။ မကြားရသေးတဲ့အကြောင်များနေမလားလို့လေ''

ပင်လယ်ဆီမှအသံကို ရှန်ချင်းဟန် နားမလည်နိုင်ခင်တွင်ပင် လင်းဇီချန်က ရှန်ချင်းဟန်ကို ပင်လယ်နားသို့ မသွားခိုင်းရဲပေ။ သို့သော် ယခုတွင် ရှန်ချင်းဟန်က ပင်လယ်ဆီမှအသံကို နားလည်သောကြောင့် နောင်တွင် လျှို့ဝှက်ချက်များဖော်ထုတ်ရန် သူမကို ပင်လယ်နားသို့ ခေါ်သွားသည်က သင့်တော်သည်ဟု ခံစားမိသည်။

ရေထဲသို့ မဆင်းဘဲ ကမ်းခြေတွင်နေနေလျှင်လည်း အသံများကို ကြားနိုင်သောကြောင့် ပို၍အသုံးဝင်သောအချက်အလက်များကို တူးဖော်နိုင်ကာ ရှန်ချင်းဟန်၏ ထူးခြားသည့်ကိုယ်နှင့်ပက်သက်ပြီး လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်ပေမည်။

နှစ်ဦးသား အတွေးများ ဖလှယ်နေကြကာ မကြာခင်ပင် ဟယ့်ယွီနှင့် လီချူရှင်းတို့ ပြန်လာကြသည်။

နေပူဆာလှုံပြီးနောက်တွင် အားလုံးသည် နေ့လည်စာအသားကင်စားရန် လူစုကြသည်။ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့က အသားကင်စားချင်စိတ်မရှိဘဲ စိတ်ထဲတွင် ပင်လယ်မှအသံနှင့်ပက်သက်၍သာ နေရာယူနေသည်။

ကမ်းခြေတွင်နေလျှင်ထိုအသံကို ထပ်ကြားနိုင်မည်လောဟု စဉ်းစားနေမိသည်။ သို့သော်လည်း ဘက်ရောက်သောအခါတွင်မူ ပြန်ရန် အချိန်ကျပြီကာ ရှန်ချင်းဟန်သည် ထိုအသံကို နောက်ထပ် ထပ်မကြားရတော့ပေ။

ညဘက် အခန်းထဲတွင် ဖြစ်၏။

လင်းဇီချန်နှင့် ရှန်ချင်းဟန်သည် ဖုန်းများကြည့်နေကြရင်းဖြင့် နေ့ခင်းအချိန်က ပင်လယ်ဆီမှအသံနှင့်ပက်သက်ပြီး စကားစမြည်ပြောနေကြသည်။ အတော်ကြာဆွေးနွေးပြီးသော်လည်း နိဂုံးသို့မရောက်ဘဲရှိကာ မကြာခင်ပင် ရပ်လိုက်ကြ၏။

၎င်းတို့သည် လုပ်စရာရှိသည်များကို ဆက်လုပ်နေကြကာ လပ်ထပ်ပြီးသားဇနီးမောင်နှံကဲ့သို့ပင် ဖြစ်သည်။ လင်းဇီချန်က ဖုန်းကိုချ၍ အိပ်ရာမှထထွက်သွားကာ စားပွဲဆီသို့သွား၍ လှန်လှောကြည့်ပြီး အရိုးသန့်စင်ခြင်းကျင့်စဉ်ကို အလေးအနက်လေ့လာနေသည်။

ရှန်ချင်းဟန်က စားပွဲပေါ်တွင် လှဲလျောင်းကာ လင်းဇီချန်၏ဖုန်းကိုသုံး၍ ပညာပေးဗီဒီယိုများကို ကြည့်နေပြန်သည်။ မျက်နှာကမူ နားကြပ်မှလာသည့်အသံများကြောင့် နီမြန်းနေသည်။ ထိုအချိန်တွင် နှစ်ဦးသား သိလိုသည်များကို စိတ်ဝင်တစားလေ့လာနေကြကာ လေ့လာသည့်ခေါင်းစဉ်ကမူကွဲပြားပေသည်။

ညအချိန် (၁၀)နာရီထိုးခါးနီး ဖြစ်သွား၏။

လင်းဇီချန်သည် အောင်အောင်မြင်မြင်ဖြင့် အရိုးသန့်စင်ခြင်းကျင့်စဉ်ကို ရသွားကာ အချိန်တစ်စက်မျှပင် မဖြုန်းဘဲ အရိုးသန့်စင်ခြင်းပထမအပိုင်းကို စတင်လေ့ကျင့်သည်။ အရွယ်ရောက်ပြီးသားလူတစ်ဦး၏အရိုးများကို အဓိကအပိုင်းသုံးပိုင်း ခွဲထားသည်။

ဦးခေါင်းခွံရိုး(၂၉)ခု၊ လူကိုယ်ပိုင်းအရိုး(၅၁)ခုနှင့် ခြေလက်အရိုး(၁၂၆) ခုရှိသည်။ ခေါင်းသည် အရေးကြီးဆုံးအပိုင်းဖြစ်ကာ အထိခိုက်အလွယ်ဆုံးဖြစ်၏။ ထို့ကြောင့် သူသည် ဦးခေါင်းခွံရိုးကို အဓိကထားပြီး ခေါင်း၏ခုခံအားကောင်းစေရန် ဖြစ်သည်။

(သင်သည် သွေးစွမ်းအင်ကိုသုံး၍ အရိုးများသန့်စင်နေပါသည်။ အား ၁+၊ သွေးသန့်ခြင်းကျင့်စဉ်ကျွမ်းကျင်မှု ၁+)

အရိုးသန့်စင်ခြင်းသည် အရေပြားသန့်စင်ခြင်း သို့မဟုတ် အသားသန့်စင်ခြင်းထက် ပို၍ခက်သည်။ လုပ်ငန်းစဉ်က ပြောမပြတတ်အောင် နာကျင်လှသည်။

ဦးစွာ အရိုးများထဲသို့ ထိုးဖောက်ရန် သွေးစွမ်းအင်ကိုထိန်းချုပ်ရမည်ဖြစ်၍ ထို သွေးစွမ်းအင်များကို အထဲတွင်ပင် ရှေ့သွားနောက်ပြန်စီးအောင်လုပ်ကာ ခံရက်နိုင်စရာမရှိသည့် နာကျင်မှုမျိုးကို ဖန်တီးရသည်။ နာရီဝက်နီးပါး သန့်စင်ပြီးနောက်တွင် လင်းဇီချန်တစ်ယောက် ချွေးသီးချွေးပါက်များ ပြန်လာကာ နာကျင်မှုကြောင့် ဖျော့တော့လာသည်။ ဦးခေါင်းခွံကို သံအပ်များဖြင့် ထိုးဖောက်နေကာ အရိုးအဆစ်များက နာကျင်မှုကို ပြတ်တောင်းပြတ်တောင်းခံစားနေရသည်ဟု ထင်မိသည်။ ပြင်းထန်သောဝေဒနာကို ခံစားပြီးနောက်တွင် ၎င်းသည် ဦးခေါင်းခွံအရိုး၏ အငယ်ဆုံးအပိုင်းကိုသာ သန့်စင်ပြီးဖြစ်ကာ နောက်ထပ် (၂၈)ခု သန့်စင်ရန် လိုသေးသည်။

''အရိုးသန့်စင်တာက တကယ်ကို နှိပ်စက်နေတာပဲ''

လင်းဇီချန်သည် ၎င်းဘာသာ ညီးတွား၍ နာကျင်မှုကိုသည်းခံကာ ကျန်သောဦးခေါင်းခွံအရိုးများကို ဆက်လက်သန့်စင်သည်။

၎င်းဘာသာ ပန်းတိုင်လေးချမှတ်ပြီး ငါးရက်အတွင်း ဦးခေါင်းခွံရိုး(၂၉)ခု သန့်စင်ပြီးဖြစ်ရမည်ဖြစ်ကာ မဖျက်ဆီးနိုင်သောခေါင်းကို ဖန်တီးမည်ဖြစ်သောကြောင့် ငါးဖမ်းသွားလျှင်ပင် ဦးထုပ်ဆောင်းစရာလိုတော့မည်မဟုတ်ပေ။

သန်းခေါင်ယံအချိန်ပင် နီးကပ်လာလေသည်။

လင်းဇီချန်သည် ဦးခေါင်းခွံရိုးများကို အမောတကောဖြင့် သန့်စင်နေသည်။ ထိုအချိန်တွင် အဝတ်များက ချွေးဖြင့် စိုရွှဲနေကာ အသက်ရှုသံကလည်း မြန်နေပြီး ဆက်၍သန့်စင်ရန်ပင် မဖြစ်နိုင်တော့ပေ။

နားရတော့မည်ဖြစ်ကာ ခေါင်းက သတိလွတ်သွားမတတ် နာကျင်လာ၏။

''ရှောင်ချန် ဘာလို့ အဲ့လောက်ချွေးပြန်နေရတာလဲ''

ပညာပေးဗီဒီယိုကို ကြည့်ပြီးနောက်တွင် ရှန်ချင်းဟန်သည် လင်းဇီချန်တစ်ယောက် ချွေးပြန်နေသည်ကို သတိထားမိကာ အတော်လေးတွေဝေသွားမိသည်။ အသက်မနည်းရှုကာ လင်းဇီချန် ရှင်းပြလိုက်သည်။

''သွေးစွမ်းအင်သုံးပြီး အရိုးသန့်စင်နေတာ။ နာတာက အတော်လေးဆိုးတယ်။ ချွေးတောင်ပြန်တယ်''

''ချဲ့ကားပြောနေတာလား''

ရှန်ချင်းဟန် အတန်ငယ်အံ့ဩသွားမိသည်။ အသိပြန်ဝင်လာသောအခါတွင် အမြန်ပင် အိပ်ရာမှထကာ လင်းဇီချန်ကို တစ်ရှုးယူပေးလိုက်ပြီး မျက်နှာမှချွေးများကို သုတ်ပေးလိုက်၏။

အခန်း (၁၂၅) ညစ်ပတ်သောရှန်ချင်းဟန်လေး

လင်းဇီချန်တစ်ယောက် တစ်ခေါင်းလုံး ချွေးပြန်နေသည်ကို မြင်သောအခါတွင် သူမသည် စောနကကြည့်ထားသည့်ဗီဒီယိုထဲမှမြင်ကွင်းကို တွေးလိုက်မိသည်။ အမျိုးသားဇာတ်လိုက်သည်လည်း အမျိုးသမီးနှင့် ဇာတ်လိုက်ဖြင့် တိုက်ပွဲဖြစ်ပြီးနောက်တွင် ထိုသို့ပင် ချွေးပြန်နေသည်။ ထိုမြင်ကွင်းကို တွေးမိကာ တိုက်ပွဲပုံရိပ်များက သူမစိတ်ထဲတွင် ပေါ်လာပြီး ရပ်တန့်၍မရတော့ပေ။ စဉ်းစားနေရင်းဖြင့် ရှန်ချင်းဟန်၏ခန္ဓာကိုယ်သည် ပူလာသည်ဟု ခံစားရကာ ပါးများပင်နီရဲလာသည်။

''နင့်မျက်နှာက ဘာလို့နီနေတာလဲ''

လင်းဇီချန်သည် ရှန်ချင်းဟန်၏ထူးခြားသောအမူအရာကို သတိထားမိသဖြင့် မမေးဘဲမနေနိုင်ပေ။ နီရဲနေသောပါးနှစ်ဖက်နှင့်အတူ ရှန်ချင်းဟန်က ပြောလိုက်သည်။

''စောနက ဗီဒီယိုထဲကဇာတ်လိုက်ကလည်း ချွေးပြန်နေတာ။ နင့်လိုပဲ''

...

လင်းဇီချန်တစ်ယောက် ပြောစရာစကားကင်းမဲ့သွားကာ ပြောလိုက်မိသည်။

''နောင်ကျရင် အဲ့လိုဟာမျိုးတွေ နည်းနည်းပဲကြည့်သင့်တယ်။ ကြည့်လေ။ အခုကို မင်းအတွေးတွေက မရိုးသားတော့ဘူး။ အနှေးနဲ့အမြန် ရှန်ဝူဟန်လိုမျိုး ဖြစ်သွားမှာပဲ''

''ငါ(၁၈)နှစ်ပြည့်ပြီးပြီ။ ညစ်ပတ်လို့ရတာပဲ''

''နင် (၁၈)နှစ်ပြည့်တာက ညစ်ပတ်ရမယ်လို့ ဆိုလိုတာမှမဟုတ်တာ။ ဘာလို့ မဖြူစင်ရတော့မှာလဲ''

''မဟုတ်ဘူး။ (၁၈)နှစ်ပြည့်သွားတဲ့အခါကျ ဘာကိုမှနားမလည်ဘူးဆိုရင် အဲ့တာကို ဖြူစင်တယ်လို့ခေါ်တာမဟုတ်ဘဲ တုံးတယ်လို့ခေါ်တာ''

ထိုသို့ပြောပြီးနောက်တွင် ရှန်ချင်းဟန်သည် အတော်ကြာတွန့်ဆုတ်နေမိကာ ပါးများက ပို၍ရဲသထက်ရဲလာသည်။ သူမက မေးလိုက်သည်။

''ရှောင်ချန် ဒီလိုမျိုးကိစ္စတွေက ဗီဒီယိုထဲမှာလိုမျိုး သက်တောင့်သက်သာရှိမယ်လို့ထင်လား''

သူမသည် စပ်စုချင်နေကာ လင်းဇီချန်ဖြင့် စမ်းကြည့်ချင်သော်လည်း မည်သို့ပြောရမည်မသိဖြစ်နေသောကြောင့် ထိုအစား စကားဦးသန်းလိုက်ခြင်းဖြစ်သည်။

''ဖြစ်နိုင်ပါတယ်''

လင်းဇီချန်က မယုတ်မလွန်ဖြေလိုက်သည်။ ထိုခေါင်းစဉ်ကို ဆက်၍မပြောချင်ပေ။ ယောင်္ကျားနှင့်မိန်းမနှစ်ဦးတည်း အတူရှိနေလျှင် ထိုကိစ္စမျိုးဖြစ်ရန် လွယ်ကူပေသည်။ သို့သော်လည်း ရှန်ချင်းဟန်၏အတွေးကမူ ဆန့်ကျင့်ဘက်ပင် ဖြစ်သည်။ သူသည် ထိုကိစ္စကို ရှောင်ပုံပေါ်သော်လည်း သူမကမူ သတ္တိမွေး၍ တည့်တိုးပင် ပြောလိုက်လေသည်။

''ရှောင်ချန် ငါနင်နဲ့ အဲ့ကိစ္စစမ်းကြည့်ချင်တယ်''

ထိုစကားကြောင့် အံံဩတုန်လှုပ်သွားကာ လင်းဇီချန်တစ်ယောက် ငြိမ်ကျသွားသည်။ ရှန်ချင်းဟန်က ထိုမျှတည့်တိုးဆန်လိမ့်မည်ဟု မျှော်လင့်မထားမိပေ။

ခေတ္တမျှတိတ်ဆိတ်နေပြီးနောက်တွင် ပြန်ဖြေလိုက်သည်။

''အဲ့လိုဖြစ်ဖို့က နည်းနည်းလေးစောလွန်းနေတယ်။ ကျောင်းတက်တဲ့အခါကျမှ ပြောကြတာပေါ့''

၎င်းတို့၏ပထမအနမ်းသည်ပင် ရက်ပိုင်းမျှသာရှိသေးကာ ၎င်းတို့ပက်သက်ဆက်ဆံရေးကို ဘွဲ့ရပြီးသောအခါမှသာ သေချာချင်ကာ မင်္ဂလာဆောင်ရန် အလျင်မလိုလိုပေ။ ထိုခေါင်းစဉ်ကို ပြန်မပြောခင်တွင် အနည်းဆုံးနှစ်လခန့် ကုန်ဆုံးသင့်ပေသည်။ မင်္ဂလာဆောင်ရသည့်ဂုဏ်ကျက်သရေက လှပ၍ မြင်ကွင်းသည်လည်း နှစ်လိုဖွယ်ရှိကာ ထိုအပိုင်းကို ကျော်မသွားချင်ပေ။ လင်းဇီချန်က ငြင်းလိုက်သည်ကို မြင်သောအခါတွင် ရှန်ချင်းဟန်တစ်ယောက် အတန်ငယ် စိတ်ပျက်သွားရသဖြင့် နှုတ်ခမ်းလေးကိုဆူကာ ပြောလိုက်သည်။

''ရှောင်ချန် လေ့ကျင့်ခန်းလုပ်ပြီးရင် နင်ကငါ့ကို နှိပ်ပေးနေကျလေ။ အကြေလျော့ပြီး သက်တောင့်သက်သာရှိအောင်လုပ်ပေးနေကျ။ နင့်ကိုလည်း သက်တောင့်သက်သာရှိအောင် ပြန်လုပ်ပေးချင်တယ်''

''ဪ နင်က ငါ့ကို နှိပ်ပေးချင်တာလား''

လင်းဇီချန်က ရယ်ကာ ပြောလိုက်သည်။

''ဒါပေမဲ့ မင်းရဲ့အားက အကန့်အသတ်ရှိတယ်လေ။ ငါ့ခန္ဓာကိုယ်ကို မကိုင်တွယ်နိုင်မှာပဲစိုးမိတယ်''

ကျီစယ်သည့်စကားအစား ရှန်ချင်းဟန်က ရှက်နေသောလေသံဖြင့် ပြန်ဖြေလိုက်သည်။

''မျက်လုံးမှိတ်ပြီး ပြန်မဖွင့်ကြည့်နဲ့။ ထိုင်နေ မလှုပ်နဲ့။ ငါနင့်ကို စိတ်မပျက်စေရဘူး''

နှိပ်ပေးသည်က မျက်လုံးမှိတ်ထားရန် လိုအပ်ကာ ထိုင်နေရမည်ဖြစ်ပြီး မလှုပ်ရသည်လော။

လင်းဇီချန်ကြောင်သွားသော်လည်း မငြင်းတော့ဘဲ နာခံရန်သာ ရွေးလိုက်ပြီး မျက်လုံးမှိတ်ထားကာ သူမကို ဦးဆောင်စေသည်။

မကြာခင်ပင် သူမ၏လက်ဖဝါးမှ နူးညံ့သောနွေးထွေးမှုက မမျှော်လင့်ထားသော သက်တောင့်သက်သာရှိမှုကို ပေးစွမ်းကာ အနည်းငယ်မျှတုန်ယင်နေသည်။

ထိုနှိပ်နှယ်ပေးခြင်းက အမှန်ပင် သက်တောင့်သက်သာရှိလွန်းလှည်။

နောက်တစ်နေ့ မနက်ကိုးနာရီဖြစ်၏။

နှစ်ဦးသား အိပ်ရာထဲတွင် လှဲလျောင်းပြီး စကားပြောနေကာ ထရန်ရည်ရွယ်ချက်ရှိဟန်မပေါ်ပေ။ မနက်စောစောတွင် လေထုသည်လည်း နေထိုင်ကောင်းသောကြောင့် စောင်ထဲတွင် ကွေးနေကြသည်။

''ကိုးနာရီထိုးပြီ။ မင်းတို့နှစ်ယောက် မနက်စာထမစားကြတော့ဘူးလား''

အပေါ်ထပ်တွင် သန့်ရှင်းရေးလုပ်နေသောကျန်းဝမ်ရှင်က အခန်းထဲမှစကားပြောသံကြားသောအခါတွင် လင်းဇီချန်နှင့်ရှန်ချင်းဟန်နိုးနေပြီကို သိပေသဖြင့် တံခါးလာခေါက်၍ ထလာရန် ပြောလိုက်သည်။ နှစ်ဦးသား အိပ်ရာမှ မထချင်သော်လည်း ကျန်းဝမ်ရှင်းက တံခါးလာခေါက်သည့်အတွက် ရွေးချယ်စရာမရှိဘဲ ထလာကြကာ အဝတ်အစားလဲ၍ အောက်ထပ်သို့ မနက်စာစားရန် ဆင်းလာကြသည်။ မနက်စာတွင် ဆန်းဒဝှချ်နှင့်ပဲနို့ပါဝင်ကာ ကျွမ်းကျင်သူကျန်းဝမ်ရှင်းမှ လုပ်ထားခြင်းဖြစ်သည်။

''ဟန်ဟန် ပဲနို့သောက်ပြီး အချိုတော်ပြီလား ပြောပါဦး''

ကျန်းဝမ်ရှင်းက အပေါ်ထပ်ကို သန့်ရှင်းရေးလုပ်ပြီးနောက်တွင် အောက်ထပ်တွင် ရှန်ချင်းဟန်က ပဲနို့မြည်းမည်ကို စောင့်နေသည်။ စောနမှပင် သင်ယူထားသောမီနူးသစ်ဖြစ်ကာ ရှန်ချင်းဟန်ကမူ မြည်းမကြည့်ရသေးပေ။

''သမီးမြည်းကြည့်မယ်''

ရှန်ချင်းဟန်က ချိုသာစွာပြုံးကာ ပဲနို့ဖန်ခွက်ကို ကောက်ယူလိုက်ပြီး သောက်လိုက်သည်။

သို့သော် တစ်ကျိုသောက်ပြီးသောအခါတွင် ပဲနို့ခွက်ကို သဘောကျသောအမူအရာဖြင့်ကြည့်လိုက်ပြီး မနေ့ညကရှက်စရာကောင်းသည့်အချိန်ကို ပြန်တွေးမိသွားပြန်သည်။ သူမသည် စိတ်ခံစားချက်များကို ထိန်းချုပ်ကာ စဉ်းစားနေသည်ကို ရပ်လိုက်သည်။

နောက်ထပ်တစ်ကျိုက်သောက်လိုက်၏။

''ချိုလား''

ကျန်းဝမ်ရှင်းက မေးလိုက်သည်။

သူမကိုယ်တိုင် မြည်းကြည့်သောအခါတွင် ချိုသည်ကို သိသော်လည်း သားနှင့်ချွေးမဆီမှ ဝေဖန်ချက်ကို လိုချင်မိသေးသည်။

''အရမ်းချိုတယ်။ အရမ်းအရသာရှိတယ်'’

အခန်း (၁၂၆) - တက္ကသိုလ်ဖွင့်လေပြီ (၁)

နှစ်ရက်ခန့်ကြာပြီးနောက် စက်တာဘာလ(၉)ရက်နေ့မနက်ခင်းတွင် ဖြစ်၏။ ရှန်ဟိုင်းတက္ကသိုလ်ဖွင့်သည့်နေ့ပင် ဖြစ်၏။ အိမ်မှမထွက်ခွာခင်တွင် ဘွဲ့မရခင်တွင် ၎င်းနှင့်ရှန်ချင်းဟန်တို့ မိဘဖြစ်လာမည်ကို တားဆီးရန် ကျန်းဝမ်ရှင်းသည် လင်းဇီချန်၏အိတ်ထဲသို့ သဘာဝရော်ဘာသားဖြင့် လုပ်ထားသည့်ကွန်ဒုံးများကို တိတ်တဆိတ်ထည့်ပေးလိုက်သည်။

တစ်ဖက်တွင်မူ ရွှယ်မုန့်သည်လည်း ရှန်ချင်းဟန်အိတ်ထဲသို့ ထိုသို့ကွန်ဒုံးများ ထည့်ပေးနေပြီး လေးနက်စွာဖြင့် အကြံပေးသည်။

''ဟန်ဟန် သွေးမျိုးမစပ်ခင်တောအတွင်း မင်းနဲ့ရှောင်ချန်တို့ ဘေးကင်းအောင်နေကြပါ။ နားလည်လား''

''သမီးနားလည်ပါတယ် အမေ''

...

ရှန်ချင်းဟန်တစ်ယောက် နီရဲနေသောမျက်နှာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ရွှယ်မုန့်က သူမကို အိတ်များကူစစ်ပေးကာ အားလုံးသေချာအောင်လိုက်စစ်ကြည့်ပြီးနောက်မှ လင်းဇီချန်အိမ်သို့ ခေါ်သွားသည်။ ထိုအတွဲသည် ညနေခင်းအတန်းချိန်များသွားရမည်ဖြစ်ကာ ရှန်ချင်းဟန်စာရင်းသွင်းမည်ကို လိုက်မသွားနိုင်ပေ။ ထို့ကြောင့် လင်းယန်ရှန်းနှင့် ကျန်းဝမ်ရှင်းကိုသာ အကူအညီတောင်းထားခဲ့သည်။

မကြာမီတွင်ပင် ရှန်ချင်းဟန်က အိတ်ဆွဲ၍ ရောက်လာကာ လင်းယန်ရှန်းကားထဲသို့ ဝင်သွားပြီး ထိုင်နေကျနောက်ခုံတွင် လင်းဇီချန်နှင့်အတူ ထိုင်လိုက်သည်။

''ရှောင်ချန် ငါ့အမေက ငါ့ကို ဒါတွေပေးလိုက်တယ်''

ပန်းရောင်သမ်းနေသောပါးပြင်လေးနှင့်အတူ ရှန်ချင်းဟန်သည် ကျောပိုးအိတ်လေးကိုအသာဖွင့်ကာ အထဲမှ ရော်ဘာသားကွန်ဒုံးများကို ထုတ်ပြလိုက်သည်။ လင်းဇီချန်က ထိုအရာများကိုကြည့်ကာ နှုတ်ခမ်းထောင့်က အသာကွေးတက်သွားမိသည်။ ထို့နောက်တွင် ဖုန်းယူပြီး ဝီချက်မှ ရှန်ချင်းဟန်ဆီသို့ စာပို့လိုက်သည်။

လင်းဇီချန် - ဒီလိုဟာတွထည့်လာတာကို မပြသင့်ဘူး။ အခုတော့ နင်အဲ့အကြောင်းကိုပဲနေ့တိုင်းစဉ်းစားနေတော့မှာ။

စာမြင်သောအခါတွင် ရှန်ချင်းဟန်က ချက်ချင်းပင် စာပြန်လိုက်သည်။

ချင်းဟန် - ညစ်ပတ်တဲ့သူက နင်၊ ငါမဟုတ်ဘူး။ ငါက ငါ့အမေထည့်ပေးလိုက်တာပြရုံတင်။ နင်ကမှစိတ်ကူးတွေက ညစ်ပတ်နေတာ။

လင်းဇီချန် - ညစ်ပတ်နေတာကနင်လေ။ သူခိုးက သူခိုးကို ပြန်တားနေသလိုမျိုးပဲမဟုတ်လား။

ချင်းဟန် -မဟုတ်ဘူး။ ငါမဟုတ်ဘူး။ နင်င့ါကို လျှောက်ပြောနေပြန်ပြီ။

နှစ်ဦးသား လမ်းတစ်လျှောက်တွင် အပြန်အလှန်စာပို့နေကြကာ တစ်နာရီခန့် ကုန်ဆုံးသွားသည်။

နောက်ဆုံးတွင် ခရီးပန်းတိုင်ဆီသို့ ရောက်သွားကြသည်။ ရှန်ဟိုင်းတက္ကသိုလ်ပင် ဖြစ်၏။

ရှန်ဟိုင်းတက္ကသိုလ်သည် ရှန်ဟိုင်းမြို့ အစွန်အဖျားတွင်တည်ရှိကာ အိမ်မှ ငါးဆယ်ကီလိုမီတာသာဝေးသောကြောင့် မဝေးလှဟုဆိုနိုင်ပေသည်။ လင်းဇီချန်နှင့်ရှန်ချင်းဟန်သည်အိမ်မှ ကျောင်းတက်နိုင်သည်ဟုပင် ဆိုနိုင်ပေမည်။ စောသော်လည်း ကားထိုးရန် နေရာရှာမတွေ့ပေ။ ယခုတွင် ကားများစွာ ရောက်နှင့်နေကာ ကားရပ်ရန်ပင် နေရာမလောက်တော့ပေ။

''မောင်းရတာ အဆင်မပြေလိုက်တာ''

ကားထိုးရန်နေရာကို ဆယ်မိနစ်ခန့် ကြိုးကြိုးစားစားရှာပြီးနောက်တွင် လင်းယန်ရှန်းက ကားရပ်ရင်းဖြင့် စောဒကတက်လိုက်သည်။

ထို့နောက်တွင် လေးဦးသား ကားထဲမှအိတ်များဆွဲ၍ ဆင်းလာကြကာ တက္ကသိုလ်ဝင်ပေါက်ဆီသို့ လျှောက်သွားကြသည်။ လင်းဇီချန် ကျောင်းတံခါးကိုကြည့်ကာ လေးဆယ်မီတာရှည်၍ ရှစ်ဆယ်မီတာကျယ်မည်ဟု စိိတ်ထဲတွင် တွက်ချက်လိုက်သည်။ ရှန်ဟိုင်းမြို့တွင် နေထိုင်သူဖြစ်သော်လည်း ရှန်ဟိုင်းတက္ကသိုလ်သို့ လာလည်ခြင်းက ပထမဆုံးအကြိမ်မဟုတ်ပေ။ ကြီးမားလှသည့်ကျောင်းဝင်တံခါးကိုမြင်ဖူးကာ စိတ်ထဲတွင်အထင်ကြီးမိနေဆဲ ဖြစ်သည်။ ရှန်ဟိုင်းတက္ကသိုလ်နှင့်ပက်သက်သည့် နွေရာသီပိတ်ရက်က အချက်အလက်များကို ရှာကြည့်ထားခဲ့သည်။ ထိပ်တန်းကျောင်းဖြစ်၍ ထိပ်တန်းကျောင်းနှစ်ကျောင်းထဲမှ တစ်ကျောင်းဖြစ်ပြီး စတုန်းမီတာ(၅၅၀၀၀)ဧကကျယ်ဝန်းကာ ၎င်း၏အရင်ကမ္ဘာမှ သာမန်တက္ကသိုလ်ထက် သုံးဆမက ကြီးမားသည်။

စုစုပေါင်းလူဦးရေနှစ်သောင်းနီးပါးရှိကာ တွက်ကြည့်လိုက်လျှင် လူတစ်ဦးချင်းစီအတွက် စတုရန်းမီတာနှစ်ထောင်ခန့်ကျယ်ဝန်းသည်ဟု ဆိုလိုသောကြောင့် အတော်လေးအံ့အားသင့်သွားမိသည်။ လင်းဇီချန်၏ဘဘောထားကမူ သန္ဓေပြောင်းကမ္ဘာမှ သန္ဓေပြောင်းတက္ကသိုလ်ဖြစ်ပြီး လူကျိုးတိုးကျဲတဲအတွက် နေရာများက ပြန့်ကျဲနေခြင်းသာ ဖြစ်၏။

ဈေးဝယ်စင်တာများ၊ ဆေးရုံများ၊ စားသောက်ဆိုင်လမ်းများ၊ ဟိုတယ်များ၊ တည်းခိုခန်းများနှင့် လိုအပ်သည့်အရာအားလုံးရှိသည်။ ဆေးရုံသည်လညး သာမန်ဆေးရုံလေးမဟုတ်ဘဲ ကိရိယာအစုံအလင်ဖြင့် ဆေးရုံကြီးဖြစ်သည်။

တက္ကသိုလ်တစ်ခုလုံးသည် မြို့ငယ်လေးနှင့်တူကာ လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးနိုင်သည်။

''ရှောင်ချန် ကြည့်ဦး။ ဟိုမှာရေခဲမုန့်ဆိုင်ရှိတယ်''

စားသောက်ဆိုင်လမ်းသို့ ရောက်သောအခါတွင် ရှန်ချင်းဟန်က ရေခဲမုန့်ဆိုင်ကို လက်ညှိုးထိုးပြလိုက်ပြီး မျက်နှာက ပျော်ရွှင်မှုအပြည့်ဖြင့် ဖြစ်သည်။ ကလေးဘဝကကဲ့သို့ပင် မိဘများက တက္ကသိုလ်ထဲတွင် လျှောက်လည်ရန် ခေါ်သွားသည်နှင့်တူလှသည်။ လာလည်သည့်အခေါက်တိုင်းက သူမသည် ထိုဆိုင်မှ ရေခဲမုန့်ကို နှစ်ချိုက်စွာစားသုံးတတ်သည်။

''ရေခဲမုန့်သွားစားရအောင်။ ငါတို့အချိန်တွေအများကြီးရှိသေးတာပဲ။ နောက်မှစာရင်းသွင်းလည်း နောက်မကျပါဘူး''

ကျန်းဝမ်ရှင်းက ပြုံး၍ အကြံပေးလိုက်သည်။

ကျန်းဝမ်ရှင်းသည် အမေရင်းမဟုတ်သော်လည်း ရှန်ချင်းဟန်က သူမအတွက် သမီးရင်းကဲ့သို့ပင် ဖြစ်သည်။ ရှန်ချင်းဟန်ရေခဲမုန့်စားချင်နေသည်ကို မြင်သောအခါတွင် နှစ်ခါပင်မစဉ်းစားဘဲ ရေခဲမုန့်ဝယ်စားရန် ပြောလိုက်သည်။ လေးဦးသား ဆိုင်ထဲသို့ ဝင်သွားကြကာ မှာစရာရှိသည်ကို မှာပြီး နေရာရှာ၍ ထိုင်သည်။

ထိုအချိန်တွင် ကျောင်းသားများစွာက ၎င်းတို့စားပွဲဝိုင်းကို ကြည့်လိုက်ကြသည်။ ၎င်းတို့လေးဦးလုံးက ရုပ်ရည်ကြည့်ကောင်းသောကြောင့်ပင် ဖြစ်၏။

တစ်ဦးသည် ချောမော၍ ယောင်္ကျားဆန်သောဦးလေးဖြစ်သည်။ တစ်ဦးသည် ကျက်သရေရှိရှိဖြင့် လှပသောဒေါ်လေးဖြစ်သည်။ လူငယ်နှစ်ဦးက ပို၍ပင်ထင်ရှားသည်။ ကျောင်းသားကျောင်း၏နှလုံးသားကို ဖမ်းစားနိုင်သည်။ ငယ်စဉ်ကတည်းကပင် သွားသည့်နေရာတိုင်းတွင် ဓာတ်ပုံချောင်းရိုက်ခံရကာ ဝီချက်အပ်ရန် မေးခံရသည်မဟုတ်ပါလော။

လေးယောက်သား အတူတူထိုင်လိုက်သည်က အံ့ဖွယ်မြင်ကွင်းမျိုးဖြစ်နေကာ အားလုံးကို မကြာခဏလှည့်ကြည့်စေမိသည်။

''ရှောင်ချန် ဒါက နို့စတော်ဘယ်ရီအရသာ။ အရမ်းအရသာရှိတယ်။ မြည်းကြည့်''

ရှန်ချင်းဟန်က သူမပန်းကန်ထဲမှ ရေခဲမုန့်ကို တစ်ဇွန်းစာကော်ကာ လင်းဇီချန်၏ပါးစပ်နားသို့ တေ့ပေးလိုက်သည်။ လင်းဇီချန်က စားလိုက်ပြီး အမှန်ပင်အရသာရှိသည်ကို တွေ့သွားသည်။

ထိုအချိန်တွင်ပင် အပြင်၌ ကျယ်ကျယ်လောင်လောင်ရယ်မောနေကြသော ယောင်္ကျားနှင့်မိန်းမအုပ်စု၏အသံများကို ကြားလိုက်ရသည်။

''ဝင်ခဲ့။ ထပ်သောက်ကြမယ်''

''ကျားရှင်း မင်းဒီနေ့ဝတ်ထားတဲ့စကတ်က ရှည်လွန်းနေတယ်။ ငါကိုင်ဖို့ ခက်နေပြီ''

''နင်အထဲဝင်ကိုင်လို့ရတာပဲ။ ကိစ္စမရှိဘူး''

''ယုံကော ကောင်မလေးတွေနဲ့ကစားတာတော်ပါတော့။ အံစာခေါက်တာခန့်မှန်းရအောင်''

''ဟားဟား မင်းရှုံးပြီ။ သောက်လိုက်တော့''

လင်းဇီချန်သည် အသံလာရာသို့ကြည့်လိုက်သောအခါတွင် လမ်းတစ်ဖက်မှ ဘားလေးထဲမှဖြစ်ပြီး ကျောင်းသားအချို့သည် အံစာကစားနေကြကာ ကျောင်းသူများက သောက်နေကြသည်ကို တွေ့လိုက်ရသည်။

All Chapters