အပိုင်း ၁၂၇-၁၂၉
Vol. 9 Ch. 127-129
အခန်း (၁၂၇) - တက္ကသိုလ်ဖွင့်လေပြီ (၂)
အမျိုးသမီးကျောင်းသူများသည် လှပသောမျက်နှာနှင့် ဆွဲဆောင်မှုရှိသောပုံပန်းသွင်ပြင်ရှိကြသည်။ အမျိုးသားကျောင်းသားနှစ်ယောက်သည်မူ ရုပ်ရည်အားဖြင့် သာမန်သာဖြစ်သော်လည်း တစ်ဦးသည် လက်နှစ်ဖက်တွင် အကြေးခွံများရှိနေပြီး ကျန်တစ်ဦးသည် ခေါင်းတွင် အမည်မသိဂျိုတစ်ခုပေါက်နေသည်။ ၎င်းတို့သည် သွေးမျိုးစပ်ထားသူများဆိုသည်မှာ ရှင်းလင်းနေသည်။
ထိုအချိန်တွင် အမျိုးသားကျောင်းသားနှစ်ဦးလုံးက ကောင်မလေးများကို အနီးကပ်၍ဖက်ထားကြကာ လက်များက ၎င်း၏လှပသောခန္ဓာကိုယ်တစ်ဝိုက်တွင် မနားမနေလှည့်လည်သွားနေပြီး အတော်လေးမသင့်လျော်သောမြင်ကွင်းမျိုး ဖြစ်နေသည်။
လင်းဇီချန်က ထိုမြင်ကွင်းကို တစ်ချက်ကြည့်ကာ အမြန်ပင် အကြည့်လွှဲလိုက်သည်။ ဆန့်ကျင်ဘက်အနေဖြင် ဘေးစားပွဲတွင် ထိုင်နေသောကျောင်းသားနှစ်ဦးကမူ အပြင်ဘက်မှ ထိုမြင်ကွင်းကို စပ်စုစွာဖြင့် ဝေဖန်နေကြသည်။
''အဲ့ဒီဟွမ်ကျားရှင်းက အနုပညာကောလိပ်မှာ နေ့တိုင်းဆိုသလို မြင့်မြတ်တဲ့နတ်ဘုရားမလိုမျိုး ပြုမူနေတာပဲ။ ယောင်္ကျားတွေရဲ့အမြင်ကို အနှောင့်အယှက်ပေးနေတာ။ ဒါမေဲ့ အခုသူ့ကို ကြည့်ပါဦး။ သူ့ဘာသာ ဆင့်ကဲပြောင်းလဲခြင်းကောလိပ်ကကောင်တွေဆီ ပစ်ဝင်သွားပြီး ဘယ်တစ်ဖက်ညာတစ်ဖက်နဲ့ ဟိုကောင်တွေလျှောက်စမ်းတာခံနေတယ်။ ကြောင်သူတော်လိုမျိုးပဲ''
...
''သူ့ကိုပဲအပြစ်တင်လို့မရဘူး။ ဆင့်ကဲပြောင်းလဲခြင်းကောလိပ်က အဲ့ကောင်တွေက အနာဂတ်ရှိတယ်လေ။ မင်းသာ မိန်းကလေးဆိုရင်လည်း အာရုံစိုက်ခံမှုရဖို့ မင်းဘာသာမင်း အဲ့ကောင်တွေဆီ ပစ်ဝင်မှာပဲ''
''အမှန်ပဲ။ ငါက ဆင့်ကဲပြောင်းလဲခြင်းကောလိပ်မှာ အတွင်းကျောင်းဝင်းထဲကဆိုရင် နေ့တိုင်း ဒီကိုလာပြီး ကြက်ကလေးတွေ လာရွေးနေမိမှာပဲ။ ငါ့လက်ချောင်းလေးလှုပ်လိုက်ရုံနဲ့ နတ်ဘုရားမလို့ခေါ်တဲ့အုပ်စုက ငါ့ဆီကို ပြေးဝင်လာမှာပဲ''
''သနားစရာကောင်းတဲ့လူရဲ့နတ်ဘုရားမပဲ။ ထက်မြက်တဲ့ယောင်္ကျားရဲ့ အစေခံသက်သက်ပဲ''
၎င်းတို့ပြောနေကြသည်ကို နားထောင်ရင်းဖြင့် လင်းဇီချန်၏အာရုံကို ဆွဲဆောင်လိုက်နိုင်သည်မှာ အတွင်းကျောင်းဝင်းဟုသော စကားလုံးပင် ဖြစ်သည်။
ရှန်ဟိုင်းတက္ကသိုလ်တွင် အတွင်းကျောင်းဝင်းနှင့်အပြင်ကျောင်းဝင်းရှိသည်။ အပြင်ကျောင်းဝင်းသည် စာပေကျောင်းသားများနှင့်အနုပညာကျောင်းသားများ စာလေ့လာရာနေရာဖြစ်သည်။ အတွင်းကျောင်းဝင်းသည်မူ ဆင့်ကဲပြောင်းလဲခြင်း၊ စက်မှုအင်ဂျင်နီယာနှင့် သိုင်းပညာလေ့လာသောကျောင်းသားများအတွက် ဖြစ်သည်။
အပြင်ကျောင်းဝင်းကို အများပြည်သူဝင်ရောက်ရန် ဖွင့်ပေးထားကာ ကလေးဘဝကတည်းကပင် အကြိမ်ပေါင်းမြောက်များစွာရောက်ဖူးသောကြောင့် ထိုနေရာဖြင့် ရင်းနှီးပေသည်။ သို့သော်လည်း အတွင်းကျောင်းဝင်းကမူ သွေးမျိုးစပ်ခြင်းနှင့် စက်ပိုင်းပြုပြင်ခြင်းများရှိသောကြောင့် အပြင်လူများ ဝင်၍မရဘဲ ကျောင်းသားများသာ ဝင်၍ရသည်။
ဝင်ခွင့်ကန့်သတ်ခြင်းက များသောကြောင့် တက္ကသိုလ်တစ်ခုတည်းမှ အပြင်ကျောင်းသားများသည်ပင် မဝင်နိုင်ကြပေ။ ချမ်းသောသောပြည်နယ်ဘေးတွင် ဆင်းရဲသောပြည်နယ်ရောက်နေသကဲ့သို့ပင် ဖြစ်၏။ ထို့ကြောင့်ပင်လျှင် လင်းဇီချန်သည် အတွင်းကျောင်းဝင်းနှင့်ပက်သက်၍ အမြဲစပ်စုချင်မိကာ ၎င်းဘာသာသွားကြည့်ချင်မိသည်။
''မင်းတို့နှစ်ယောက် အခု တက္ကသိုလ်ရောက်ပြီး လွတ်လပ်သွားပြီဆိုပြီး အဲ့လူတွေလိုမျိုး အပြင်မှသောက်စားနေလို့မရဘူးမလား။ မင်းတို့ ကြိုးကြိုးစားစားစာလုပ်ရဦမယ်။ နားလည်လား''
ကျန်းဝမ်ရှင်းက ထိုနှစ်ဦးကို သတိပေးလိုက်သည်။
သူမသည် လမ်းတစ်ဖက်မှ အော်ကာသောက်စားရင်း သွားလာနေကြသောအုပ်စုကို ကြည့်ရင်းဖြင့် စိတ်ထဲမှ စိတ်ပျက်သွားမိသည်။ သူမသည် သားဖြစ်သူနှင့် ချွေးမဖြစ်သူကို နောက်ဆုံးတွင် ထိုသို့မျိုးအဆုံးသတ်မသွားစေချင်ပေ။
လင်းယန်ရှန်းက ရယ်လိုက်သည်။
''မင်းက စိတ်အပူလွန်နေတာပဲ။ ရှောင်ချန်နဲ့ဟန်ဟန်က ငယ်ငယ်လေးကတည်းက အမြဲစည်းကမ်းရှိပြီး တော်ကြတဲ့ကလေးတွေ။ သူတို့ အဲ့လိုမျိုးပြောင်းသွားမှာမဟုတ်ဘူး''
ရေခဲမုန့်စားပြီးနောက်တွင် အချိန်ကျလာပြီကို မြင်သောကြောင့် မကြာမီပင် လေးဦးသား ထကာ ရေခဲမုန့်ဆိုင်မှ ထွက်သွားကြပြီး အတွင်းကျောင်းဝင်းတွင် စာရင်းသွင်းရန် ထွက်ခွာသွားကြသည်။
အတွင်းကျောင်းဝန်းသည် အပြင်လူဝင်ခြားကန့်သတ်ထားသောကြောင့် ကျန်းဝမ်ရှင်းနှင့် လင်းယန်ရှန်းတို့သည် ကလေးနှစ်ဦးကိုသာ ဝင်ပေါက်ဆီသို့ ပို့ကာ အိတ်များကို ချေပေးလိုက်ပြီး ဆုံးမစကားအချို့ပြော၍ ပြန်သွားကြသည်။
''ငါ့အိတ်က ကျောပိုးအိတ်နဲ့ လက်ဆွဲအိတ်လေးနဲ့ဆိုရင်ကို အကုန်ဆံံ့နေပြီ။ ဘယ်လိုလုပ် လက်ဆွဲအိတ်သုံးလုံးနဲ့ ကျောပိုးအိတ်တစ်လုံးဖြစ်သွားရတာလဲ''
ရှန်ချင်းဟန်က အိတ်များစွာ သယ်လာသည်ကို မြင်သောအခါတွင် လင်းဇီချန်က မကျီစယ်ဘဲမနေနိုင်ပေ။ ထို့နောက်တွင် သူမကို အိတ်များကူသယ်ပေးလိုက်သည်။
''မိန်းကလေးနဲ့ ယောင်္ကျားလေးက တူမှမတူတာ။ ငါတို့မိန်းကလေးတွေက ပစ္စည်းများများသယ်ဖို့လိုတယ်။ အဲ့တာပုံမှန်ပါပဲ''
ရှန်ချင်းဟန်က ပြောလိုက်ကာ အနည်းငယ်ထူးဆန်းနေသည်ဟု ခံစားမိသည်။
''ပုံမှန်မဟုတ်ဘူးလို့ ပြောနေတာမှမဟုတ်တာ။ မင်းကို စနောက်ရုံတင်ပါ။ ကောင်းပြီ။ မြန်မြန်စာရင်းသွင်းကြတာပေါ့''
''အွန်း''
ရှန်ချင်းဟန်သည် အသိအမှတ်ပြုလိုက်ပြီး နာခံစွာဖြင့် လင်းဇီချန်နောက်သို့ လိုက်သွားကာ သူနောက်တွင် အိတ်နှစ်လုံးဆွဲလာသည်။
အတွင်းကျောင်းဝင်းဝင်ပေါက် စစ်ဆေးသည့်နေရာတွင် အစောင့်တစ်ယောက်က လှမ်းအော်လိုက်သည်။
''မင်းတို့နှစ်ယောက် လက်ခံကြောင်းစာလွှာပြပေးပါ''
လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် အိတ်များဆွဲလာကြကာ လူသစ်များဖြစ်သည်မှာ ထင်ရှားပေသည်။ အဘိုးကြီးက ကောလိပ်၏လူသစ်များဟုတ်မဟုတ်ကို အတည်ပြုပေးရန် လိုအပ်သည်။
ယခင်နှစ်များတွင် ဦးတည်ရာမရှိလျှောက်သွားနေကြသော ကျောင်းသားများစွာရှိကာ စာပေကျောင်းသားနှင့် အနုပညာကျောင်းသားများ ဖြစ်ပြီး မတော်မဆ(မဟုတ်လျှင်လည်းတမင်တကာ)ပင် အတွင်းကျောင်းဝင်းထဲသို့ ရောက်လာတတ်ကြသည်။
လင်းဇီချန်နှင့် ရှန်ချင်းဟန်က အိတ်များကိုချ၍ စာကိုရှာရန်မှာ အဆင်မပြေသောကြောင့် အချင်းချင်းကျောပိုးအိတ်များဖွင့်ပေးပြီး စာကိုထုတ်ယူရန် ကူညီကြသည်။
လင်းဇီချန်က ရှန်ချင်းဟန်ကို စာအရင်ရှာရန် ကူညီပေးကာ အစောင့်ကို ပြလိုက်သည်။ ထို့နောက်တွင် ရှန်ချင်းဟန်ကူညီရမည့်အလှည့်ဖြစ်သည်။ သို့သော်လည်းကျောပိုးအိတ်ဖွင့်နေစဉ်တွင်ပင် အစောင့်က ပြောလာသည်။
''ကောင်းပြီ။ ပြဖို့မလိုတော့ဘူး။ မင်းက ကောင်းကင်လူသားအဖွဲ့အစည်းထဲဝင်တဲ့ ပြည်နယ်ကောလိပ်က ထိပ်တန်းကျောင်းသားပဲ။ ဝင်တော့''
ထိုစကားကို ကြားသောအခါတွင် လင်းဇီချန်တစ်ယောက် အနည်းငယ်မျှ အံ့ဩသွားမိသည်။ ကိုယ်ရေးကိုယ်တာအချက်အလက်များ ပေါက်ကြားသွားသော ထိုသတင်းများက အချိန်အတော်ကြာသည်အထိ ပျောက်ကွယ်သွားလိမ့်မည်ဟုမဟုတ်သည်ကို မမျှော်လင့်ထားမိကာ ၎င်းကို လူများက မှတ်မိနေကြဆဲဖြစ်သည်။ အစောင့်ကပင် ၎င်းကို မှတ်မိလျှင် အတွင်းမှ ကျောင်းသားနှင့်ဆရာများက ပို၍ပင် မှတ်မိနေကြပေမည်။ ထိုသို့ဆိုလျှင် နှစ်ကတည်းကပင် နာမည်ကြီးလာတော့မည်။ ယခုမှစ၍ ငြိမ်းချမ်းတိတ်ဆိတ်နေသော၎င်း၏ဘဝလေးသည် ခက်ခဲလာမည်ဖြစ်ကာ မည်သည့်နေရာသို့ သွားသွား လက်ညှိုးထိုးခံရ၍ ပြောခံရမည်ဖြစ်ပြီး အတင်းအဖျင်းများဖြင့် ရင်ဆိုင်ရတော့မည်။
လင်းဇီချန်သည် ခေါင်းခါလိုက်ကာ ထိုအကြောင်းကို ဆက်၍မစဉ်းစားတော့ဘဲ ရှန်ချင်းဟန်နှင့်အတူ အတွင်းကျောင်းဆောင်ထဲသို့ ဝင်သွားသည်။
မိနစ်အနည်းငယ်မျှ ဥမင်ပုံစံလူသွားလမ်းကို ဖြတ်လျှောက်ပြီးနောက်တွင် ထူးဆန်းသောအတွင်းကျောင်းဝင်းထဲသို့ ရောက်လာကြသည်။ ဝင်လိုက်လျှင် ဝင်လိုက်ချင်းပင် ၎င်းတို့ရှေ့မှ မြင်ကွင်းကြောင့် အံ့ဩသွားကြရသည်။ လူနေမှုတိုးတက်ကာ စိမ်းစိုနေသောပတ်ဝန်းကျင်ရှိသည်။ တစ်ခုတည်းသောခြားနားချက်က အတွင်းကျောင်းဝင်းသည် သွေးမျိုးစပ်သူများ၊ စက်ရုပ်လူသားများဖြင့် နေရာတိုင်းတွင် ပြည့်နှက်နေခြင်းပင် ဖြစ်သည်။ အမြီးရှိသည့်ကျောင်းသားများရှိသကဲ့သို့ ခေါင်းတွင်ဂျိုရှိသူများလည်းရှိပြီး တောင်ပံပါသူများလည်း ရှိ၏။
စက်ရုပ်လူသားများသည် သတ္တုစပ်ခြေထောက်၊ သတ္ထုစပ်လက်၊ သတ္ထုစပ်မျက်လုံးတို့ပါကာ တစ်ချက်ကြည့်လိုက်လျှင်ပင် လူအနည်းစုကသာ သာမန်လူသားပုံပေါက်သည်။
အခန်း (၁၂၈) - တက္ကသိုလ်ဖွင့်လေပြီ (၃)
၎င်းတို့သည် အခြားကမ္ဘာထဲသို့ ရောက်သွားသည်ဟု ခံစားမိသည်။
''ရှောင်ချန် အဲ့အကြီးတန်းရဲ့ခေါင်းပေါ်ကာ ကြောင်နားရွက်လေးက ချစ်စရာလေး''
''ပြီးတော့ ဟိုတစ်ယောက်နောက်က မြေခွေးမြီးလေးကို ကြည့်ပါဦး။ လမ်းလျှောက်ရင် ရှေ့ယိမ်းလိုက်နောက်ယိမ်းလိုက်နဲ့။ မိုက်တယ်''
''ရှောင်ချန် ကောင်းကင်ပေါ်ကို မြန်မြန်ကြည့်။ စက်ရုပ်လူသားတစ်ယောက် ပျံနေတယ်''
သွေးမျိုးစပ်သူများနှင့် စက်အထူးပြုလူများကိုကို ကြည့်ကာ ရှန်ချင်းဟန်တစ်ယောက် စိတ်လှုပ်ရှားနေပြီး မရပ်မနားပြောနေသည်။ ထိုအချိန်တွင် ဘေးနားမှဖြတ်သွားသူများက အဆင့်အတန်းမြင့်သည့်ထိုကလေးနှစ်ယောက်ကို သတိထားမိကြ၏။
...
အတော်အတန်ချောမောသည့်အကြီးတန်းအချို့က ရှန်ချင်းဟန်၏ဝီချက်အကောင့်ကို တောင်းချင်ကြသော်လည်း လင်းဇီချန်က အနားတွင်ကပ်နေသည်ကို မြင်သောအခါတွင် သူများအပိုင်ဖြစ်သောထိုအလှလေးကိုသာ ကြည့်နေကြရသည်။
ထို့အပြင် လူတော်တော်များများက ပြည်နယ်စုကောလိပ်၏ဒုတိယအဆင့်၊ ကောင်းကင်လူသားအဖွဲ့အစည်းကိုဝင်သွားသော ကျောင်းသား လင်းဇီချန်ကို မှတ်မိကြသော်လည်း ၎င်းတို့ကြားတွင်သာ တီးတိုးပြောဆိုနေကြကာ အာရုံမစိုက်ကြပေ။ ရှန်ဟိုင်းတက္ကသိုလ်သည် ၎င်းတို့ကဲသို့ သက်တူရွယ်တူများဖြင့် ပြည့်နှက်နေသည်။ ပါရမီရှင်များဖြစ်ကြကာ အားလုံးအလုပ်များနေကြပြီး အခြားသူများ၏အတင်းအဖျင်းများကိုပြောရန် အချိန်မရှိကြပေ။
''နင့်မှာ အိတ်တွေကအများကြီးပဲ။ အရင်ဆုံး ဆင့်ကဲပြောင်းလဲခြင်းကောလိပ်မှာ စာရင်းသွားသွင်းရအောင်။ ပြီးမှ သိုင်းပညာကောလိပ်မှာ စာရင်းသွင်းဖို့ ငါဘာသာသွားလိုက်မယ်''
''ကျေးဇူးပါ ရှောင်ချန်''
''ငါတို့က စေ့စပ်ပြီးသားပဲ။ အဲ့လောက်ယဉ်ကျေးနေစရာမလိုပါဘူး''
လင်းဇီချန်က ပြုံးလိုက်ပြီးနောက်တွင် လမ်းပေါ်မှ လမ်းပြဆိုင်းဘုတ်များအတိုင်းသွားကာ ရှန်ချင်းဟန်ကို ဆင့်ကဲပြောင်းလဲခြင်းကောလိပ်သို့ ခေါ်သွားသည်။ စာရင်းသွင်းသည့်နေရာမှအတန်းကြီးများသည် ဆွဲဆောင်မှုရှိလာသောထိုနှစ်ဦး ရောက်လာလျှင် ရောက်လာချင်းပင် ၎င်းတို့ကို မြင်လိုက်ကြသောအခါ၌ အံ့ဩသွားကြသည်။ ရှန်ချင်းဟန်က စာရွက်စာတမ်းများကို ဖြည့်ပြီးနောက်တွင် သူမကျသည့်အဆောင်သို့ ဦးတည်သွားရန် ပြင်လိုက်သည်။
အတန်းကြီးများက အချင်းချင်းကြည့်လိုက်ကြကာ သူမ၏အိတ်များကို သယ်ပေးမည်ဟု တောင်းဆိုကြသည်။ ရှန်ချင်းဟန်က သတိရှိသောကြောင့် အတန်းကြီးမိန်းကလေးတစ်ယောက်ကို အဆောင်သို့သွားရန် အိတ်များကူသယ်ခိုင်းကာ လင်းဇီချန်မှလွဲ၍ အခြားသောယောင်္ကျားလေးများနှင့် ခပ်ကင်းကင်းသာနေသည်။
''ရှောင်ချန် ညနေကျ တွေ့ကြမယ်''
''ကောင်းပြီ။ ညနေကျတွေ့မယ်''
လင်းဇီချန်က ရှန်ချင်းဟန်ထွက်သွားသည်ကို ကြည့်ကာ မိမိအိတ်ကိုဆွဲလျက် စာရင်းသွင်းရန် သိုင်းပညာကောလိပ်ရှိရာသို့ ထွက်လာခဲ့သည်။
ဆင့်ကဲပြောင်းလဲခြင်းကျောင်းက မြင်ကွင်းမျိုးဖြင့် မတူလှပေ။ သိုင်းပညာကောလိပ်၏ ကျောင်းသားသစ်စာရင်းသွင်းသည့်နေရာသို့ ရောက်သွားသောအခါတွင် ထိုနေရာတွင် ရှိသောအတန်းကြီးများ နန်ကျန်းပြည်နယ်မှ ဒုတိယအဆင့်ကျောင်းသား ရောက်လာသည်ကို မြင်လိုက်ရသောအခါ၌ စိတ်လှုပ်ရှားသွားကြသည်။
သိုင်းပညာကောလိပ်တွင် နှုတ်ခွန်းဆက်ခြင်းမပျက်မလပ်ရှိနေသော ဆင့်ကဲပြောင်းလဲခြင်းကောလိပ်ကဲ့သို့ ထိပ်တန်းကျောင်းသားများမရှိပေ။ သိုင်းပညာကောလိပ်တွင် ပြည်နယ်အဆင့်ထိပ်တန်းကျောင်းသားတစ်ယောက် ရောက်လာခြင်းမှာ လွန်စွာရှာပါးသောအဖြစ်အပျက်မျိုးပင် ဖြစ်၏။
ကောလိပ်ဝင်ခွင့်တွင် အမှတ်များများရသောသူများသည် ဆင့်ကဲပြောင်းလဲခြင်းကောလိပ်သို့ သွားရန် သေချာပေါက်ရွေးချယ်ကြပေမည်။
''ဇီချန် ချောလိုက်တာ''
''ဇီချန် ဝီချက်အပ်လို့ရလား''
''ဇီချန် ငါအိတ်သယ်ပေးမယ်''
အားလုံးက လင်းဇီချန်ကို ကူညီရင်းဖြင့် ဝီချက်အကောင့်အပ်ရန် စိတ်အားထက်သန်နေကြသည်။ အတန်းကြီးများ၏ထိုဆန္ဒက အတူတူပင် ဖြစ်သည်။ ထိုသူသည် ပြည်နယ်၏ ဂုဏ်ကျက်သရေရှိသော ဒုတိယအဆင့်ထိပ်တန်းကျောင်းသားပင် ဖြစ်သည်။
ထို့ပြင် ချောမောသောသူလည်း ဖြစ်သောကြောင့် အနာဂတ်အခွင့်အလမ်းများကလည်း တိုင်းတာ၍မရနိုင်ပေ။
လင်းဇီချန်သည် သိုင်းပညာကောလိပ်သို့ ဝင်ခဲ့သော်လည်း စာရင်းသွင်းသည့်နေရာမှအတန်းကြီးများကမူ ထိုနေရာတွင် ကြာကြာနေလောက်မည်မဟုတ်ဟု ခန့်မှန်းနေကြသည်။
မင်း သိပ်မကြာခင်မှာတင် ဆင့်ကဲပြောင်းလဲခြင်းကောလိပ်သို့ပြောင်းပြီး သွေးမျိုးစပ်လမ်းစဉ်ကိုလိုက်တဲ့ လက်ရွေးစင်တစ်ယောက် ဖြစ်လာလိမ့်မယ်။
ယခုတွင်မူ ထိုသို့အနာဂတ်လက်ရွေးစင်စစ်သည်တစ်ယောက်ဖြင့် တွေ့ဆုံရန် အခွင့်အရေးရသောကြောင့် စကားပြောရန် စိတ်အားထက်သန်နေကြကာ အခွင့်အရေးရှိစဉ်တွင်ပင် သူနှင့် ရင်းနှီးကျွမ်းဝင်နေချင်ကြ၏။
အခြားအရာများမဆိုထားနှင့် သူနှင့် ဝီချက်သူငယ်ချင်းဖြစ်သွားလျှင်ပင် နောင်တွင် အနာဂတ်လက်ရွေးစင်နှင့်ပက်သက်သည့်လမ်းကြောင်းများကို မေးမြန်းနိုင်ကြပေမည်။
အခန်း (၁၂၉) - အတူနေဘဝ (၁)
ကျောင်းသားသစ်စာရင်းသွင်းသည့်လုပ်ငန်းစဉ်များ လုပ်ပြီးနောက်တွင် လင်းဇီချန်၏နောက်ထပ်မှတ်တိုင်သည် ကျောင်းသားဆောင်ပင် ဖြစ်၏။ ဒုတိယနှစ်ကျောင်းသားများနှင့် ကျောင်းသားကြီးများက သူနှင့် ရင်းနှီးရန် လိုက်ပို့ချင်ကြသည်။ အဆုံးတွင်မူ ရွှေရောင်လှိုင်းကောက်ဆံပင်ဖြင့် သူများထက် ထူးနေသောစီနီယာတစ်ဦးက ၎င်းကို ကျောင်းသားဆောင်ဆီသို့ လိုက်ပို့ပေးသည်။ ထိုစီနီယာသည် စွဲဆောင်မှုရှိလှသောအသွင်အပြင်မျိုးရှိကာ အမှတ်ပေးရမည်ဆိုလျှင် ဆယ်မှတ်တွင်(၇)မှတ်ပင် ဖြစ်၏။ သူမ၏ထူးခြားသောအသွင်အပြင်က စွဲမက်ဖွယ်ကောင်းလှကာ ပြစ်မှုကျူးလွန်စေရန်အထိပင် ဆွဲဆောင်နိုင်လွန်းလှသည်။
လမ်းတစ်လျှောက်တွင် ထိုစီနီယာက လင်းဇီချန်ရှေ့၌ နှစ်လိုဖွယ်ကောင်းသောအမူအရာမျိုးလုပ်ကာ အာရုံစိုက်မှုရရန် ကြိုးစားနေသည်။ သို့သော်လည်း လင်းဇီချန်ကမူ လှည့်ပင်မကြည့်ဘဲ သူမ၏အပြုအမူကို သတိမထားမိရှာပေ။
''ဒါနဲ့ ရှေ့က ဆန်းရိုက်စ်ပလာဇာလေ။ အဲ့မှာ ကျောင်းသားတွေရဲ့စွမ်းအားအဆင့်တွေကို ပြထားတယ်။ သွားကြည့်ချင်လား''
တောအုပ်လမ်းလေးကို ဖြတ်လာကြကာ စီနီယာက ပြုံး၍ ရှေ့မှပလာဇာကို လက်ညှိုးညွှန်ပြလိုက်လျက် မေးလိုက်သည်။ လင်းဇီချန်က စွမ်းအားအဆင့်တွင် စိတ်ဝင်စားသောကြောင့် ပြုံးကာ တုန့်ပြန်လိုက်သည်။
''သေချာတာပေါ့။ သွားကြည့်ကြည့်ရအောင်။ လမ်းပြပေးလို့ ကျေးဇူးတင်ပါတယ် စီနီယာ''
''ပြဿနာမဟုတ်ပါဘူး။ ချောတဲ့ဂျူနီယာလေးကို လမ်းပြပေးရတာက ဝမ်းသာစရာပဲလေ''
သူမက ပြောလိုက်သည်။ သူမသည် နှိမ့်ချပြောဆိုလိုက်ကာ ပြုံးလိုက်သည့်အပြုံးတိုင်းနှင့် ပြောသောလေသံက လင်းဇီချန်ဖြင့် ရင်းနှီးရန် မျက်နှာချိုသွေးနေခြင်းမျိုးဖြစ်သည်။
ခေတ္တမျှလမ်းလျှောက်ပြီးနောက်တွင် နှစ်ဦးသား စွမ်းအားအဆင့်ဟုခေါ်သည့်ရှေ့တွင် ရပ်လိုက်ကြသည်။ စွမ်းအားအဆင့်နှစ်မျိုးရှိသည်။ လူသစ်များ၏အဆင့်နှင့် ထိပ်တန်းအဆင့်ပင် ဖြစ်၏။ ထိပ်တန်းအဆင့်သည် ကောလိပ်အားလုံးမှ ကျောင်းသားအားလုံးအတွက် ဖြစ်ကာ စုစုပေါင်းအဆင့်ငါးရာထိ ရှိသည်။
လူသစ်အဆင့်သည် ပထမနှစ်ကျောင်းသားများအတွက်သာဖြစ်ကာ အဆင့်တစ်ရာရှိသည်။ စာရင်းနှစ်ခုကို အကျဉ်းချုံးကြည့်လိုက်ကာ လင်းဇီချန်က ထိပ်တန်းအဆင့်မှ ကျောင်းသားငါးရာ၏နာမည်များကို ကြည့်လိုက်သည်။ လူသစ်များအတွက်မူ ဗလာပင် ဖြစ်နေသေးသည်။ ကျောင်းသားအသစ်များက လူပြည့်ရောက်မလာကြသေးသောကြောင့် အဆင့်မသတ်မှတ်ရသေးပေ။
ကောလိပ်စာမေးပွဲဝင်ခွင့်အဆင့်များကမူ ကောလိပ်တွင် မလိုအပ်ကာ ဝင်ခွင့်စာမေးပွဲသည် အတိတ်ဟုသာ သတ်မှတ်ထားကြသည်။ ယခုတွင် ကောလိပ်တွင် ရောက်နေပြီဖြစ်သောကြောင့် လက်ရှိအားအင်ဖြင့်သာ ပြောရန် အချိန်ဖြစ်သည်။
လင်းဇီချန်က အမြန်ပင် ထိပ်တန်းအဆင့်များကို ကြည့်လိုက်သည်။ ထိပ်တန်းသုံးယောက်သည် အဆင့်မြင့်စစ်သည်များဖြစ်ကာ ပထမနှင့်ဒုတိယအဆင့်များသည် ဆင့်ကဲပြောင်းလဲသူများဖြစ်ပြီး တတိယအဆင့်ကျောင်းသားသည် စက်ရုပ်ကျောင်းသားဖြစ်ကာ အားလုံးက စီနီယာများဖြစ်ကြသည်။
အဆင့်လေးမှ (၁၀၈)အထိ အခြေခံအဆင့်ကိုးကျောင်းသားများဖြစ်ကာ အားလုံးနီးပါးသည် ဆင့်ကဲပြောင်းလဲသူများနှင့် စက်ရုပ်လူသားများဖြစ်၏။
နီးပါးဟုသုံးရခြင်းမှာ ထိုစာရင်းတွင် သိုင်းပညာကျောင်းသားသုံးယောက်ပါနေသောကြောင့် ဖြစ်သည်။
ထိုစီနီယာကျောင်းသားသုံးယောက်သည် ထူးဆန်းစွာဖြင့် အဆင့်(၃၈၉)၊ (၄၅၃)နှင့် (၄၉၈)တို့ အသီးသီးရထားကြသည်။ ထိုကျောင်းသားသုံးယောက်သည် သွေးသန့်လူသားများအဖြစ် အဆင့်မြင့်ချိတ်နေရခြင်းသည် သိုင်းပညာကောလိပ်အတွက် ဂုဏ်ယူစရာပင် ဖြစ်၏။
ထိပ်တန်းအဆင့်ငါးရာတွင် သိုင်းပညာကျောင်းသားသုံးဦးသာပါကာ ကျောင်းသားဦးရေကွာခြားချက်က ကြီးမားလွန်းပေသည်။ သွေးသန့်လူသားဦးရေက သွေးမျိုးစပ်လူသားနှင့် စက်ရုပ်လူသားဦးရေထက် မသာသည်မှာ ထင်ရှားလွန်းပေသည်။
''ဇီချန် ထိပ်တန်းအဆင့်သိုင်းပညာကျောင်းသားသုံးယောက်ကလည်း မင်းလိုပဲ ကောင်းကင်လူသားအဖွဲ့အစည်းကပဲ''
စီနီယာက ပြောလိုက်သည်။
လင်းဇီချန်နှင့် ပြောစရာခေါင်းစဉ်ရှာရန် ကြိုးစားကာ ထိုစီနီယာက ထိပ်တန်းအဆင့်စာရင်းမှာ သိုင်းပညာကျောင်းသားသုံးယောက်ဖြင့် မိတ်ဆက်ပေးသည်။ သူမက ဆက်ပြောလိုက်၏။
''သူတို့သုံးယောက်က ကောလိပ်ဝင်ခွင့်စာမေးပွဲအမှတ်ပေါ်အခြေခံရင် ဆင့်ကဲပြောင်းလဲခြင်းကောလိပ်ကို သွားလို့ရပေမယ့်လို့ သွေးသန့်လူသားကျင့်စဉ်ကို ယုံလို့ ကျောင်းအုပ်လျို့ရဲ့ဖိတ်ကြားချက်အောက်မှာ ကောင်းကင်လူသားအဖွဲ့အစည်းကိုဝင်ကြတာ''
''သူတို့ရဲ့ခိုင်မာတဲ့ခံယူချက်မရှိဘဲ လက်ရှိအားမျိုးနဲ့ဆို နေ့ရောညပါ ခန္ဓာကိုယ်ကြံ့ခိုင်အောင် လေ့ကျင့်ကြိုးစားရတဲ့ ဒီသိုင်းပညာကောလိပ်မှာနေတာထက်စာရင် ဆင့်ကဲပြောင်းလဲခြင်းကောလိပ်ကိုပြောင်းသွားပြီး သွေးမျိုးစပ်လမ်းစဉ်လိုက်နေတာကြာလောက်ပြီ''
''သွေးမျိုးစပ်တာက မကြိုးစားရဘူးလား''
''သွေးမျိုးစပ်လမ်းစဉ်လိုက်တာက မင်းမှာ သားရဲမျိုးစိတ်ရှိတာနဲ့ ပိုအားကောင်းအောင် ရိုးရှင်းတဲ့ပေါင်းစပ်မှုတစ်ခုလုပ်ပြီးရင် စိုက်ထုတ်ရမဲ့အားက သွေးသန့်လူသားလမ်းစဉ်လိုက်တာထက်စာရင် ပိုနည်းနည်းပဲလိုတယ်''
''ငါ သူတို့ကို တကယ်အားကျတယ်''
သူမက ထပ်ပြောလိုက်သည်။
စိတ်ထဲတွင်မူ လုံးဝပင် အားမကျပေ။ ထိုသုံးယောက်က အနည်းငယ်မျှရူးနေသည်ဟုသာ ထင်မိသည်။ သူမသည် အားကျသည်ဟု ပြောလိုက်ခြင်းက လင်းဇီချန်မှ မျက်နှာသာပေးခံရမည့်မျှော်လင့်ချက်ဖြင့်သာဖြစ်သည်။ လင်းဇီချန်သည် ကောင်းကင်လူသားအဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးသာဖြစ်သည်။ သူမသာဆိုလျှင်လည်း တောက်ပသောအနာဂတ်ရှိသည့် သွေးမျိုးစပ်ပြောင်းလဲသူဖြစ်လာရန် ဆင့်ကဲပြောင်းလဲခြင်းကောလိပ်သို့ တွန့်ဆုတ်မနေဘဲ ကူးပြောင်းမိပေမည်။
သူမထိုသို့စဉ်းစားမိသည်ကလည်း အံ့ဩစရာမရှိပေ။ သိုင်းပညာကောလိပ်ကျောင်းသားများသည် ကျောင်းတွင် ခွဲခြားဆက်ဆံခံရကာ ခက်ခဲသောအချိန်မျိုး ရှိသည်ကို စဉ်းစားမိ၍ဖြစ်သည်။ သိုင်းပညာကျောင်းသားများသည် အတွင်းကျောင်းဝန်းထဲတွင် ရှိကာ ဆင့်ကဲပြောင်းလဲခြင်းနှင့်စက်မှုကျောင်းသားများနှင့် နေရာတစ်ခုတည်းကိုမျှသုံးနေကြရသော်လည်း သိုင်းပညာဘွဲ့ရကျောင်းသားအများစုသည် အပြင်ကျောင်းဝန်းမှ ယဉ်ကျေးမှုနှင့်အနုပညာလေ့လာနေသည့်ကျောင်းသားများထက် ပို၍ဆိုးဝါးတတ်သည်။
နောင်တွင်မှ ဆင့်ကဲပြောင်းလဲခြင်းကောလိပ်နှင့်စက်မှုအကယ်ဒမီဘက်သို့ ကူးပြောင်း၍ရကာ ဘဝပြောင်းလဲသွားစေနိုင်သည့်ကံကြမ္မာမျိုးကို လှန်ပစ်နိုင်ပေသည်။ သွေးမျိုးစပ်ခြင်းနှင့်စက်အထူးပြုခြင်း လိုအပ်ချက်များနှင့် ကိုက်ညီရန် နေ့မအားညမအား လေ့ကျင့်ရမည်ဖြစ်ကာ ထိုမှသာ ခန္ဓာကိုယ်က ပို၍သန်မာလာမည်ဖြစ်သည်။ သို့သော်လည်း တိုးတက်မှုက အကန့်အသတ်ရှိသည်။
ရိုးရှင်းစွာ ပြောရမည်ဆိုလျှင် အပိုင်းကိုးပိုင်းကကံစီမံရာဖြစ်ကာ တစ်ပိုင်းသည်သာ ရုန်းကန်ခြင်းအပေါ် အားကိုးရသည်။ သိုင်းပညာကောလိပ်ကျောင်းတစ်ခုလုံးတွင် ခန္ဓာကိုယ်ကြံ့ခိုင်စေရန် အဆက်မပြတ်လေ့ကျင့်လျှင် ကျောင်းသား(၁၀)ရာခိုင်နှုန်းခန့်ကသာ လေးနှစ်ပညာသင်ပြီးနောက် ဘွဲ့ရသည့်အခါတွင် ကံကြမ္မာကို အာခံနိုင်ကြကာ သွေးမျိုးစပ်ခြင်းနှင့် စက်အထူးပြုခြင်းလိုအပ်ချက်များဖြင့် ကိုက်ညီကြသည်။
ကျန်သောကိုးဆယ်ရာခိုင်နှုန်းကမူ ၎င်းတို့၏ကံကြမ္မာကို သိုင်းပညကောလိပ်တွင် မျှော်လင့်ထားရပြီး ၎င်းတို့ဘဝတွင် ဒုတိယကောလိပ်ဝင်ခွင့်ကဲ့သို့ပင် ဖြစ်သည်။
ကျန်သော(၁၀)ရာခိုင်နှုန်းကမူ ပညာရေးအပိုင်းတွင် ကောင်းစွာမလုပ်ဆောင်နိုင်ကြသော်လည်း ခန္ဓာကိုယ်စမ်းသပ်ချက်ကိုမှီခို၍ သိုင်းပညာကောလိပ်သို့ဝင်ကြခြင်းဖြစ်သည်။ မဟုတ်လျှင် လူအနည်းငယ်ကသာ သွေးသန့်လူသားလမ်းစဉ်ကို ယုံကြည်၍ ကောင်းကင်လူသားအဖွဲ့အစည်း၏ အဖွဲ့ဝင်များ ဖြစ်လာကြခြင်းဖြစ်သည်။
''ဇီချန် မင်းပါရမီနဲ့ဆို နောင်ကျရင် သေချာပေါက် ထိပ်တန်းအဆင့်ရောက်မှာပဲ။ သွေးသန့်လူသားတစ်ယောက်အနေနဲ့ သိုင်းပညာကောလိပ်ရဲ့စံချိန်တွေကို ချိုးပစ်ပြီး ထိပ်တန်းအဆင့်ငါးထိဝင်အောင်လုပ်လိုက်ပေါ့''
ထိပ်တန်းအဆင့်မှာ ထိုကျောင်းသားသုံးယောက်ကို မိတ်ဆက်ပေးပြီးနောက်တွင် စီနီယာသည် လင်းဇီချန်ဖြင့် စကားလှည့်ပြောကာ မျက်နှာချိုသွေး၍ မျက်နှာသာရရန် မျှော်လင့်နေမိသည်။