← Chapters

အပိုင်း ၁၃၀-၁၃၂

Vol. 9 Ch. 130-132

အပိုင်း ၁၃၀-၁၃၂

Vol. 9 Ch. 130-132

အခန်း (၁၃၀) အတူနေဘဝ(၂)

စံချိန်ချိုးဖျက်သည်ဟုသောစကားကို ကြားမိသောအခါတွင် လင်းဇီချန် စပ်စပ်စုစုဖြင့် မေးလိုက်သည်။

''စီနီယာအစ်မ သိုင်းပညာကျောင်းသားတွေရဲ့စံချိန်က ဘယ်လောက်လဲ''

''ထိပ်တန်းအဆင့် နံပါတ်ခြောက်''

ဖြေပြီးနောက်တွင် စီနီယာအစ်မက ထပ်ပေါင်းပြောလိုက်သည်။

''ဒီစံချိန်ကို စုန်ယွီယန်လို့ခေါ်တဲ့စီနီယာအစ်မတစ်ယောက်က ရထားတာ။ စီနီယာနှစ်စတုန်းက ရထားတာ''

''ဒါပေမဲ့ စာသင်နှစ်ဝက်စလို့ နှစ်လလောက်ကြာတော့ အဆင့်ခြောက်ကနေ အဆင့်နှစ်ဆယ်နောက်ကျသွားတယ်''

''ဘာလို့လဲဆိုတော့ သူ့ရဲ့သွေးသန့်လူသားကျင့်စဉ်က ထိပ်ဆုံးနီးပါးရောက်သွားပြီး အခြားသူတွေကတော့ သွေးမျိုးစပ်တာတွေနဲ့ စက်ပိုင်းအထူးပြုတာတွေက ဆက်တိုးတက်နေပြီး သူ့နေရာကို အခြားသူက ယူသွားတာ''

စီနီယာအစ်မက ဆက်ပြောလိုက်သည်။

''အခုတော့ အဲ့စီနီယာအစ်မက ငါတို့သိုင်းပညာကောလိပ်မှာ ဆရာဖြစ်နေပြီ။ ကောင်းကင်လူသားအဖွဲ့အစည်းရဲ့ ကျွမ်းကျင်သုတေသနပညာရှင်လေ။ ကျောင်းအုပ်လျို့ရဲ့ အဖိုးမဖြတ်နိုင်တဲ့လက်ထောက်လေးပေါ့''

''ထိပ်တန်းအဆင့်မှာနံပါတ်ခြောက်''

လင်းဇီချန်က ထိုစံချိန်ကြောင့် အံ့အားသင့်သွားသည်။ မျက်နှာပေါ်မှ အံ့အားသင့်နေမှုကို မြင်သောကြောင့် စီနီယာအစ်မက ပြုံး၍ ရှင်းပြလိုက်သည်။

''ဆရာမစုန်နံပါတ်ခြောက်ထိ ရောက်နိုင်တဲ့အကြောင်းက သူ့မှာ အရမ်းအားကောင်းတဲ့ပါရမီရှိပြီး မြို့တော်ကောလိပ်ဝင်ခွင့်စာမေးပွဲရဲ့ အောင်နိုင်သူလေ''

ထိုအချက်ကို ပြောရင်းဖြင့် သူမက နောင်တရသွားဟန်ဖြင့် ပြောလိုက်သည်။

''ဒါပေမဲ့ ဆရာမစုန်လို ပါရမီပါတဲ့သူတစ်ယောက်အနေနဲ့ သွေးသန့်လူသားလမ်းစဉ်ကို လိုက်ခဲ့တာကြောင့် အခုဆယ်နှစ်နီးပါးရှိတာတောင်မှ အခြေခံအဆင့် အဆင့်ကိုးမှာပဲ ရပ်နေတယ်''

''အဲ့လိုနဲ့ပဲ သူက ပါရမီရှင်တွေ အချည်းနှီးဖြစ်တာရဲ့ ဥပမာဖြစ်လာတယ်။ တစ်ခါတစ်လေ မလုပ်ဖို့တားရင်တောင် ဥပမာအနေနဲ့သုံးကြတယ်''

''ဆရာမစုန်ကို မကောင်းတဲ့ဥပမာအဖြစ်သုံးတာကို ကြားမိရင် အတော်လေးဒေါသဖြစ်ရတယ်''

''အဲ့လူတွေက ဆရာမစုန် ဘယ်လောက်စွန့်လွှတ်ထားလဲဆိုတာကို နားလည်ကြမှာမဟုတ်ဘူး''

''တစ်နေ့မှာ သွေးသန့်လူသားလမ်းစဉ်ကသာ တောက်ပလာရင် ဆရာမစုန်က ရှေ့ဆောင်လမ်းပြဖြစ်မှာပဲ။ အဲ့ဒီသာမညတွေက ဘယ်လိုလုပ် သူ့ကို ပြောနိုင်တော့မှာလဲ''

သူမသည် ပြောရင်းဖြင့် လင်းဇီချန်ကို ပြန်၍ဆွဲဆောင်သောစကားမျိုးကိုသာ ပြန်ပြောသည်။

''ဇီချန် မင်းသာ ကောင်းကင်လူသားအဖွဲ့အစည်းကို ဝင်ရင် သွေးသန့်လူသားကျင့်စဉ်လမ်းက တစ်နေ့မှာတောက်ပမှာပဲ''

ထိုသို့ပြောကာ သူမသည် လင်းဇီချန်ကို ဝမ်းသာသွားမည်ဟု မျှော်လင့်မိပြီး မေတ္တာသက်ဝင်နေသောစကားမျိုးကို ပြောလိုက်သည်။

''သွေးသန့်လူသားကျင့်စဉ်ကို အဲ့လောက်သဘောကျမယ်လို့ထင်မထားဘူး။ မင်းငါ့ကိုနားလည်မှာပါ။ ငါတို့တွေ နောင်ကျတွေ့ကြတာပေါ့''

သို့သော်လည်း လင်းဇီချန်ကမူ သာမန်ကာလျှံကာသာ ပြန်ဖြေသည်။

''စီနီယာအစ်မပြောတာ နားထောင်ကြည့်ရတာတော့ ဆရာမစုန်က အတော်လေးတော်တဲ့ပုံပဲ''

လင်းဇီချန်၏အဖြေကိုကြားကာ စီနီယာက စိတ်ပျက်သွားမိသည်။ ထို့နောက်တွင် နှစ်ဦးသား ဆန်းရိုက်စ်ပလာဇာမှ ထွက်လာကြပြီး ကျောင်းသားအဆောင်အဆောက်အဦးဆီသို့ ဦးတည်လာကြသည်။ စီနီယာအစ်မက လမ်းပြပေးကာ လင်းဇီချန်က အမြန်ပင် ကောလိပ်အဆောင်သို့ ရောက်သွားသည်။

အိပ်ခန်းတစ်ခန်း၊ ရေချိုးခန်းတစ်ခန်းနှင့် ဝရံတာတစ်ခုပါသည့် အခန်းငယ်တစ်ခန်းပင် ဖြစ်သည်။ ထိုအရာများမှလွဲ၍ နေရာလွတ်မရှိပေ။

''ဝိုး ဒါက သိုင်းပညာကောလိပ်ရဲ့ အကောင်းဆုံးအခန်းမဟုတ်လား''

''ကောလိပ်ဝင်ခွင့်မှာထိပ်ဆုံးရထားတာကောင်းလိုက်တာ။ တစ်ဆောင်လုံးတော့ မင်းကို မနာလိုဖြစ်တော့မှာပဲ''

''ဒီမှာနေရတာက ကောင်မလေးရရင် ဟိုတယ်သွားဖို့တောင် မလိုဘူး။ သူ့ကို အခန်းဆီခေါ်လာရုံပဲ။ ပိုက်ဆံကုန်သက်သာမှာပဲ''

စီနီယာအစ်မက အခန်းကို လှည့်ပတ်ကြည့်ရင်းဖြင့် မနာလိုကြောင်း ဖော်ပြနေသည်။ သူမသည် ပြောရင်းဖြင့် အင်္ကျီလည်ပင်းပေါက်ကို အောက်ချကာ ဖြူဖွေးသောရင်ဘတ်ကို ဖော်ပြလိုက်ပြီး အချက်ပြလိုက်သည်။

''ဇီချန် စောနက အပြင်မှာလမ်းလျှောက်ရတာ ပူလိုက်တာ။ ဒီမှာရေချိုးသွားလို့ရမလား''

သူမဆိုလိုသည်ကို လင်းဇီချန်က သိသော်လည်း ပြုံးပြ၍ ပြောလိုက်သည်။

''စီနီယာအစ်မ ပင်ပန်းသွားပြီ။ အဆောင်နားမှာ နို့လက်ဖက်ရည်ဆိုင်ရှိတာပဲ။ ကျေးဇူးတင်တဲ့အနေနဲ့ ကျွန်တော်ဝယ်တိုက်ပါ့မယ်''

''ကောင်းပြီလေ''

စီနီယာအစ်မကလည်း တုံးအသူမဟုတ်ပေ။ လင်းဇီချန်ကို မဆွဲဆောင်နိုင်သည်ကို သိသောကြောင့် လက်လျော့လိုက်ပြီး အောက်ထပ်မှအချိုရည်ဆိုင်စီသို့သာ ထွက်သွားကြသည်။

မရမကတင်းခံနေခြင်းက လင်းဇီချန်ကို လန့်ပြေးသွားစေပေလိမ့်မည်။ သူမသည် ချစ်ကြောင်းပြနေခြင်းဖြစ်ကာ အလွန်အကျွံပြုမူခြင်းက မလုံလောက်ဟုသောစည်းမျဉ်းကို နားလည်ပေသည်။ အချိုရည်ဆိုင်သို့ ရောက်သောအခါတွင် လင်းဇီချန်သည် သူမအတွက် နို့လက်ဖက်ရည်တစ်ခွက်ဝယ်တိုက်ကာ ယွမ်သုံးဆယ်ခန့်ကျသည်။ လမ်းပြခြင်းကို ပြန်လည်ကျေးဇူးဆပ်ပြီးနောက်တွင် အမြန်ပင် ၎င်း၏နို့လက်ဖက်ရည်ကိုသောက်၍ စီနီယာက ဆိုင်တွင် ဆက်ထိုင်စေရန်ကြိုးစားနေသည်ကို ငြင်းကာ အဆောင်သို့ ပြန်လာခဲ့သည်။

အဆောင်သို့ ပြန်ရောက်လျှင် ပြန်ရောက်ချင်းပင် We Chat မက်ဆေချ့်မှ ရှန်ချင်းဟန်၏ စာကိုရသည်။ ဖွင့်ကြည့်လိုက်သောအခါတွင် ရှန်ချင်းဟန်၏အဆောင်ပုံဖြစ်ကာ သူမအတွက် ယွမ်သုန်ကျီက ပြင်ပေးထားသော တစ်ယောက်ခန်းဖြစ်သည်ဟု ဆိုသည်။ ပုံများကို ကြည့်လိုက်ပြီးနောက် မိမိ၏ တစ်ယောက်ခန်းကို အနည်းငယ်မျှသိမ်ငယ်သွားစေသည်ဟု ထင်မိသည်။ ရှန်ချင်းဟန်၏အခန်းတွင် လေ့ကျင့်သည့်အခန်းတစ်ခန်း၊ ဧည့်ခန်းကြီးတစ်ခန်း၊ ကြီးမားသောလသာဆောင်နှင့် အပိုရေချိုးခန်းကြီးတစ်ခုနှင့် ထိုရေချိုးခန်းထဲတွင် ရေစိမ်ဇလုံပါ ပါသည်။ ဇိမ်ခံတိုက်ခန်းမျိုးပင် ဖြစ်၏။

ထိုဇိမ်ခံတိုက်ခန်းနှင့် နှိုင်းစာလျှင် မိမိ၏သေးငယ်သောအခန်းလေးသည် ခွေးတစ်ကောင်ပင် မဆံ့သည့်နေရာအဖြစ်သို့ လျော့ကျသွားရှာသည်။

ဟန်ဟန် - ရှောင်ချန် နင်ရော အဆောင်ရောက်ပြီလား။

လင်းဇီချန် - ရောက်ပြီ။

ဟန်ဟန်- မြန်မြန် မြန်မြန်နင့်အဆောင်ပုံပို့လိုက်။

လင်းဇီချန် -

လင်းဇီချန်သည် ၎င်း၏အခန်းငယ်လေးကို ဗီဒီယိုရိုက်ကာ အတွင်းနှင့်အပြင်နှစ်ခုလုံးရိုက်ပြပြီး ရှန်ချင်းဟန်ကြည့်ရန် ပို့ပေးလိုက်သည်။

ထိုအခန်းကျဉ်လေးသည် သူမ၏ဇိမ်ခံတိုက်ခန်းဖြင့် နှိုင်းစာလျှင် ဗလာကျင်းနေသည်။

နန်းတော်ကြီးနှင့် တဲစုတ်လေး နှိုင်းယှဉ်ခံရသည်ဟု ခံစားမိသည်။

ဟန်ဟန် - နင့်အခန်းက ကျဉ်းလိုက်တာ။ ဘာလို့ ငါနဲ့ပြောင်းလာမနေတာလဲ။ ဒီကအိပ်ရာက နင့်အခန်းက အိပ်ကအိပ်ရာထက်တောင်ပိုကြီးသေးတယ်။

လင်းဇီချန် -ပြောင်းလာရမှာလား။ သေချာပေါက်လာမှာပေါ့။

ဟန်ဟန် - နင့်အဆောင်က ဘယ်မှာလဲ။ နင့်အိတ်တွေကူသယ်ပေးဖို့ လာခဲ့မယ်။

လင်းဇီချန် - ငါ့မှာအိတ်တွေအများကြီးမရှိဘူး။ ငါ့ဘာသာသယ်လိုက်မယ်။ မင်းရဲ့အဆောင်လိပ်စာပေး။

ဟန်ဟန် - အဲ့လိုဆိုလည်း ကောင်းပြီလေ။

အခန်း (၁၃၁) - အတူနေဘဝ (၃)

ဟန်ဟန် - ငါ့အခန်းက အတွင်းကျောင်းဝန်းရဲ့ဝင်ပေါက်နားမှာ။ ကျုံးယွမ်အဆောက်အဦး နံပါတ်(၈)၊ အခန်းနံပါတ်(၆၀၃)။

စာပြန်ပြီးနောက်တွင် လင်းဇီချန်သည် ခေတ္တမျှပင် တွန့်ဆုတ်မနေဘဲ အမြန်ပင် အိတ်များကောက်ကာ ထွက်သွားသည်။

ဇီချန် - ကောင်းပြီ။ ငါလာပြီ။

တစ်စုံတစ်ယောက်သည်သာ ဇိမ်ခံတိုက်ခန်းတွင်နေရန် မရွေးချယ်မိလျှင် စိတ်ထဲတွင် နောင်တရနေပေလိမ့်မည်။ ကျုံးယွမ်အဆောက်အဦး နံပါတ်(၈) သည် အဆင့်မြင့်ဇိမ်ခံအဆောက်အဦးဖြစ်ကာ ဆင့်ကဲပြောင်းလဲခြင်းကောလိပ်က ကိုယ်ပိုင်ငွေဖြင့် ဆောက်ထားခြင်းဖြစ်၍ ပြည်နယ်ပေါင်းစုံမှ ပါရမီရှင်များကို ဆွဲဆောင်ရန် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်သည်။

အဆောက်အဦးဝင်ပေါက်တွင် လူတစ်ရပ်စာခန့်မြင့်သည့် ရုပ်ထုနှစ်ရုပ်ရှိနေသည်။

...

ဘယ်ဘက်မှအရုပ်သည် နဂါးတစ်ကောင်က တိမ်ထဲတွင် တိုးဝင်သွားပုံဖြစ်ကာ ညာဘက်မှအရုပ်သည် ဇာမဏီငှက်တစ်ကောင် ပျော်ရွှင်စွာ ကခုန်မြူတူးနေဟန်ဖြစ်သည်။ နဂါးနှင့်ဇာမဏီပေါင်းစပ်လိုက်ခြင်းက ထူးဆန်းသောအငွေ့အသက်မျိုးကို ဖော်ဆောင်သည်။ လင်းဇီချန်တစ်ယောက် အဆောင်ထဲသို့ ဝင်လာသောအခါတွင် ဝင်ပေါက်မှ နဂါးနှင့်ဇာမဏီရုပ်ထုက စိတ်ထဲတွင် စိုးရိမ်စရာကောင်းသောအခြေအနေကို ပေးစွမ်းနေသည်။ ဆင့်ကဲပြောင်းလဲခြင်းကောလိပ်မှအဆောင်ကို ၎င်း၏တစ်ယောက်ခန်းလေးဖြင့် နှိုင်းယှဉ်လိုက်လျှင် ၎င်း၏အခန်းသည် ခွေးတိုးပေါက်သာသာ သာဖြစ်၏။

ခွေးတိုးပေါက်ဆိုသောအသုံးသည် သိုင်းပညာကောလိပ်မှ အကောင်းဆုံးအဆောင်ဖြစ်နေသည်။ ထိုကိစ္စကြောင့်ပင် သိုင်းပညာကောလိပ်မှ ကမ်းလှမ်းထားသည့် အကျိုးအမြတ်၏သုံးဆကို ဖြည့်စွမ်းပေးမည်ဟုသော ကျောင်းအုပ်လျို့ချွမ်ဝူ၏ကမ်းလှမ်းချက်ကို မေးခွန်းထုတ်မိလာသည်။

၎င်းတို့ဆွေးနွေးခဲ့သောအကျိုးအမြတ်သုံးဆသည် အထူးသဖြင့် ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်များကို ရည်ညွှန်းခြင်းဖြစ်ကာ ထူးခြားသောသားရဲအသားများ၊ ထူးခြားသော ပန်းနှင့်အသီးများနှင့် ချီသွေးဓာတ်ကို မြှင့်တင်ပေးနိုင်သည့် ဆေးလုံးများပင် ဖြစ်သည်။ သို့သော်လည်း နေရာထိုင်ခင်းနှင့်ပက်သက်၍ အကဲခတ်ကြည့်လိုက်လျှင်မူ လျှို့ချွမ်ဝူသည် ထိုသုံးဆကို ပေးနိုင်လိမ့်မည်မဟုတ်သည်ကို စိုးရိမ်လာမိသည်။

ခေါင်းခါရင်းဖြင့်ပင် ထိုအကြောင်းကို ဆက်မစဉ်းစားချင်တော့ပေ။

လင်းဇီချန်သည် ဓာတ်လှေကားဖြင့် ရှန်ချင်းဟန်ရှိရာသို့ ရောက်လာကာ သူမကို ၎င်းရောက်ပြီဖြစ်ကြောင်း စာပို့လိုက်ကာ အခန်းပြင်တွင် စောင့်နေသည်။ စာပို့ပြီး တစ်စက္ကန့်မကြာခင်တွင်ပင် အခန်းတံခါးပွင့်လာသည်။ ဂါဝန်ဝတ်ထားသော ရှန်ချင်းဟန်သည် ဝင်ပေါက်တွင်ရပ်ကာ ပြောလိုက်သည်။

''ရှောင်ချန် ဝင်လာခဲ့။ ဧည့်ခန်းထဲမှာ အဲကွန်းဖွင့်ထားတယ်။ အရမ်းအေးတာပဲ''

လင်းဇီချန်က အိတ်ကိုဆွဲကာ စပ်စုစွာဖြင့် အခန်းအပြင်အဆင်ကို ကြည့်လိုက်သည်။

ကြီးမားကာ ကျယ်ဝန်းလှသည်။ ကြမ်းပြင်နှင့်မျက်နှာကျက်များသည် အစွန်းအထင်းတစ်စက်မှရိကာ ဖုံတစ်မြူမျှပင် ကပ်မနေပေ။ ထိုနေရာကို သန့်ရှင်းရေးလုပ်ထားသူမှာ ရှန်ချင်းဟန်မဟုတ်သည်မှာ သေချာကာ သူမပြောင်းမလာခင်ကပင် သန့်ရှင်းပြီးသားဖြစ်သည်။

''အခန်းက ကျယ်ပြီးသန့်ရှင်းနေတာပဲ။ ကြည့်ရတာနင့်ဆရာက နင့်ကိုတော်တော်ဂရုစိုက်တဲ့ပုံပဲ။ နင်ကတော့ ဆရာကိုတောင် သေချာမမှတ်မိဘူး''

''ငါလည်းအဲ့လိုထင်တယ်။ ဆရာက ငါ့အပေါ်တကယ်ကောင်းတယ်''

ရှန်ချင်းဟန်က ပြုံးကာ မျက်လုံးလေးများက လခြမ်းပုံပေါက်သည်အထိ ကွေးသွားသည်။ စကားအနည်းငယ်ပြောပြီးနောက်တွင် နှစ်ဦးသား အမြန်ပင် အိတ်များကိုဖွင့်ကာ အခန်းကို စတင်မွမ်းမံသည်။ နာရီဝက်ခန့်ကြာပြီးနောက်တွင် အားလုံးနေရာချပြီးသွား၏။

တဘတ်များ၊ သွားတိုက်တံများ၊ ဖိနပ်ပါးများနှင့် အခြားနေ့စဉ်အသုံးအဆောင်ပစ္စည်းများကို သပ်ရပ်စွာစီထားကာ အမြင်တင့်တယ်လှသည်။

''ရှောင်ချန် အခုကစပြီး ဒါက ငါတို့အိမ်လေးပဲ။ မိဘတွေမရှိဘဲ ငါတို့ကိုယ်လုံးတီးလည်းပတ်ပြေးလို့ရပြီ။ ဘယ်သူ့မှဂရုစိုက်စရာမလိုတော့ဘူး''

ရှန်ချင်းဟန်က ကြမ်းပြင်ပေါ်တွင်ထိုင်ကာ ပြုံး၍ ပြောလိုက်လျက် လင်းဇီချန်နှင့်အတူနေရမည့်ဘဝကို စိတ်ကူးကြည့်နေမိသည်။

လင်းဇီချန်ကမူ အံ့အားသင့်သွား၏။

''အဝတ်ဗလာနဲ့ပတ်ပြေးမယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ အဲ့လောက်လည်း အဝေးကြီးစဉ်းစားမနေနဲ့''

''ဪလာစမ်းပါ။ လွတ်လပ်တယ်ဆိုတာကိုချဲ့ကားပြီးတင်စားလိုက်တာပဲ''

ရှန်ချင်းဟန်က ပြန်ပက်လိုက်ပြီး ပြောစရာစကားပျောက်ဆုံးသွားသည်။

''စောနက လမ်းလျှောက်ထားရတာ အတော်လေးချွေးထွက်နေပြီ။ အခု ချွေးခြောက်သွားပြီ။ ကပ်စေးကပ်စေးနဲ့မလို့ ရေချိုးလိုက်ဦးမယ်'' သူမသည် ရေချိုးခန်းရှိရာသို့ဦးတည်သွားကာ ပြောလိုက်သည်။

သူမက ရေချိုးခန်းထဲသို့ လက်ဗလာဖြင့် ဝင်သွားသည်ကို တွေ့လိုက်ရသောအခါတွင် လင်းဇီချန်က အသိပေးလိုက်သည်။

''မင်းအဝတ်တွေယူမသွားဘူးလား။ အဝတ်ဗလာနဲ့ ပြန်ထွက်လာဖို့ စီစဉ်နေတာလား''

''ရေချိုးခန်းထဲ ဝင်ပြီးနေပြီ။ အပြင်ထွက်ပြီး ယူရမှာပျင်းတယ်။ င့ါအတွက်ယူပေးပါ့လား''

ယခုတွင် သူမသည် လင်းဇီချန်ကို ခင်ပွန်းအဖြစ် ဆက်ဆံနေကာ လက်ထပ်ပြီးသားဇနီးမောင်နှံကဲ့သို့ အတူတူနေရန် စီစဉ်နေ၏။ ၎င်းတို့သည် အတူတကွအရွယ်ရောက်လာသောကြောင့် ပြောစရာမလိုအောင် ရင်းနှီးကြကာ အချင်းချင်းကို ကောင်းစွားနားလည်နိုင်ကြသည်။ လက်ထပ်ပြီးသားဇနီးမောင်နှံနှင့် မခြားပေ။

မကြာခင်ပင် ရေချိုးခန်းထဲမှ ရှန်ချင်းဟန်၏သီချင်းဆိုသံများကို ကြားနိုင်ကာ စိတ်အေးလက်အေးအသံဖြင့် ဆိုနေခြင်းဖြစ်သည်။

လင်းဇီချန်က ဆိုဖာပေါ်တွင်ထိုင်ကာ စာရင်းသွင်းစဉ်က ပေးလိုက်သည့်ကျောင်းသားလက်စွဲစာအုပ်ကို ထုတ်ယူလိုက်ပြီး အပျင်းပြေရန် ဖတ်ကြည့်နေသည်။ မာတိကာကို နှစ်ပိုင်းခွဲထားသည်။ တစ်ခုသည် ကျောင်း၏အားသာချက်များဖြင့် မိတ်ဆက်ပေးထားကာ အခြားတစ်ခုသည် ကျောင်းစည်းကမ်းများကို အချက်အလက်ကျကျရှင်းထားခြင်းဖြစ်သည်။

လင်းဇီချန်က အမြန်ပင် စာမျက်နှာတစ်ရွက်ကို လှန်ကြည့်လိုက်သော်လည်း ခရက်ဒစ်မှတ်ဆိုသည့်အပိုင်းကို တွေ့လိုက်ရကာ ချက်ချင်းပင် စိတ်ဝင်စားသွားသည်။ ရှန်ဟိုင်းတက္ကသိုလ်တွင် ခရက်ဒစ်အမှတ်သည် ကျင့်စဉ်သိုင်းဝတ္တုများထဲမှ အမှတ်များဖြင့် ဆင်တူကာ ကျောင်းတွင် ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်အမျိုးမျိုးဖြင့် လဲလှယ်နိုင်ပေသည်။

အသေးစိတ်အတွက် ကျောင်းအက်ပ်ကို ဒေါင်းလုတ်လုပ်နိုင်သည်။ ကျောင်းအက်ပ်ထဲတွင် ကျောင်းသာများက ခရက်ဒစ်မှတ်သုံးကာ ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်အမျိုးမျိုးကို လဲ၍ရနိုင်သည့် ဆိုင်နေရာအပိုင်းမျိုး ပါသည်။ ကျောင်းသားလက်စွဲစာအုပ်အတိုင်း လိုက်နာကာ လင်းဇီချန်က ရှန်ဟိုင်းတက္ကသိုလ်အက်ပ်ကို ဒေါင်းလုတ်လုပ်လိုက်သည်။

ထို့နောက်တွင် ကျောင်းသားအကောင့်ဖွင့်၍ ဝင်ကာ ဈေးဆိုင်နေရာကို ကြည့်လိုက်ပြီး ဖွင့်ကြည့်လိုက်၏။ ဝက်ဆိုဒ်စာမျက်နှာက အမြန်ပင် ပွင့်လာကာ ဈေးဆိုင်နေရာကို ပြသနေသည်။

လင်းဇီချန်၏အာရုံကို ဖမ်းစားသွားသည်များမှာ ငွေဖြင့်ဝယ်၍မရနိုင်သည့် ဆင်းကဲပြောင်းလဲခြင်းအရင်းအမြစ်မျိုးစုံပင် ဖြစ်၏။

တစ်ခါမှ မမြင်ဖူးသည့် ဆန်းကြယ်အသားများလည်းရှိသည်။ ဆန်းကြယ်သားရဲမျိုးစိတ်ဓာတ်စမ်းပစ္စည်းများလည်းရှိသည်။ ဆန်းကြယ်ပန်းနှင့်အသီးများလည်းပါသည်။ စက်ပိုင်းအထူးပြုသည့်အစိတ်အပိုင်းများလည်း ရှိ၏။

အကာအရံပါသည့် အဆင့်မြင့်လက်နက်များနှင့်ပစ္စည်းများလည်းရှိကာ အခြားသောပစ္စည်းများစွာလည်းရှိသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် အပြင်တွင် ငွေဖြင့်ဝယ်၍မရသည့် ရှားပါးအရင်းအမြစ်များဖြစ်ကာ ကျောင်တွင်သာရနိုင်သောအရာများ ဖြစ်သည်။

''အံ့ဩဖို့ကောင်းတာတွေချည်းပဲ''

လင်းဇီချန်က မှတ်ချက်ဆိုကာ ပစ္စည်းများကို ကြည့်နေမိသည်။ ကံမကောင်းစွာဖြင့် ခရက်ဒစ်မှတ်မရှိသေးသည့်ကျောင်းသားသစ်တစ်ယောက်အနေဖြင့် ထိုပစ္စည်းများကို ကြည့်သာကြည့်နိုင်ကာ ဝယ်ရန်မှာ မဖြစ်နိုင်သေးပေ။

ယခုတွင် မည်သို့ခရက်ဒစ်မှတ်ရနိုင်မည်နည်း။

ထိုအကြောင်းကိုစဉ်းစားကာ ကျောင်းသားလက်စွဲစာအုပ်ကို ပြန်ကိုင်လိုက်ပြီး ခရက်ဒစ်အမှတ်အကြောင်းကို ဆက်ဖတ်ကြည့်သည်။ ခေတ္တမျှဖတ်ပြီးနောက်တွင် ခရက်ဒစ်မှတ်ရရန် နည်းလမ်းသုံးမျိုးရှိသည်ကို သိသွားသည်။ ပထမတစ်ခုမှာ ထိပ်တန်းအဆင့်သို့ တက်လှမ်းရန် ဖြစ်သည်။ ထိပ်တန်းစာရင်းတွင် ပါလာသောကျောင်းသားများသည် လစဉ်ဆုများ ရကြပေသည်။

အခန်း (၁၃၂) -အတူနေဘဝ (၄)

ဒုတိယတစ်မျိုးမှာ ကျောင်းမှပေးသောတာဝန်များကို လက်ခံပြီး ပြီးမြောက်သွားသောအခါတွင် အမှတ်ရခြင်းပင်ဖြစ်သည်။ နံပါတ်သုံးကမူ ကျောင်းတွင်းပြိုင်ပွဲများတွင် ပါဝင်ခြင်းဖြစ်ကာ ထူးချွန်သောရလဒ်များရလျှင် အမှတ်များရခြင်းဖြစ်သည်။

ယခင်က တက္ကသိုလ်တွင် ဆန်းကြယ်သားရဲအသားဝယ်ရန် မည်သို့ငွေရှာရမည်ကို စဉ်းစားနေခဲ့ကာ ယခုတွင်မူ စိုးရိမ်စရာမလိုတော့ပေ။ အမှတ်မည်သို့ရနိုင်မည်ကိုသာ စဉ်းစားရန်လိုသည်။ လင်းဇီချန်က ထိုအကြောင်းကို စဉ်းစားနေရင်းဖြင့် ရေချိုးခန်းထဲမှ ခေါ်သံကို ကြားလိုက်မိသည်။

''ရှောင်ချန် ငါချိုးလို့ပြီးပြီ။ အဝတ်ယူပေးပါဦး။ ဘာအင်္ကျီဖြစ်ဖြစ် ယူလာခဲ့။ အတွင်းခံမလိုဘူး''

ရှန်ချင်းဟန်သည် ရေချိုးပြီးလျှင် အတွင်းခံမဝတ်တတ်ပေ။ ခန္ဓာကိုယ်က စိုနေသောကြောင့် အတွင်းခံမဝတ်ခင်တွင် အခြောက်ခံရန်လိုသည်။

''ကောင်းပြီ။ လာပြီ''

လင်းဇီချန်က ပြန်ထူးလိုက်ပြီး အခန်းထဲမှ အဝတ်များကို ယူလာသည်။ သူမပြောသည့်အတိုင်း ဂါဝန်တစ်ထည်ယူလာပေး၏။

''ကျွီ''

လင်းဇီချန်က ရေချိုးခန်းတံခါးကို ဖွင့်လိုက်သောအခါတွင် ရှန်ချင်းဟန်သည် ရေချိုးဇလုံထဲတွင်စိမ်နေကာ နူးညံ့သောပုခုံးသည်သာ ရေမျက်နှာပြင်တွင် ပေါ်နေကာ အတော်အတန်ဆွဲဆောင်မှုရှိလှသည်။ အထူးသဖြင့် သူမ၏ပါးပြင်နှစ်ဖက်က ရေနွေးကြောင့် နီမြန်းနေသည်ဖြစ်ရာ လှပသောကြာပန်းလေးက ရေတွင် ပွင့်လန်းနေသကဲ့သို့ပင် ဖြစ်၏။ လင်းဇီချန်က မကြည့်တော့ဘဲ အင်္ကျီကိုသာ နံရံတွင်ချိတ်ခဲ့ကာ သွားရန် ပြင်လိုက်သည်။

''ရှောင်ချန် ရေချိုးဇလုံထဲမှာ စိမ်နေရတာ ဇိမ်ရှိလိုက်တာ။ အထဲဝင်ပြီး အတူစိမ်ချင်လား''

လင်းဇီချန်က မိမိဖြင့် ရေအတူမစိမ်မည်ကို စိုးမိသော်လည်း ရှန်ချင်းဟန်က ထပ်ပြောလိုက်သည်။

''ဒီလောက်ကြီးတဲ့ ရေချိုးဇလုံကြီးကိုး။ ငါတစ်ယောက်တည်းသုံးပြီးတာနဲ့ အခြောက်ခံထားရင် ဖြုန်းတီးရာကျမှာပေါ့''

ရှန်ချင်းဟန်က မိန်းကလေးတစ်ယောက်ဖြစ်လျက်ပင် ထိုမျှဖိတ်ခေါ်နေကာ ငြင်းလိုက်လျှင် မယဉ်ကျေးရာကျပေမည်။

''အဲ့လိုဆိုလည်း စိမ်ကြတာပေါ့''

ထိုသို့ပြောကာ လင်းဇီချန်က သူမရှေ့တွင်ပင် အဝတ်များချွတ်လိုက်သည်။ ထို့နောက်တွင် ခန္ဓာကိုယ်ကို ရေဖြင့်ဆေးကာ သန့်ရှင်းပြီးမှ ရေချိုးဇလုံထဲသို့ ဝင်လာ၏။ ရှန်ချင်းဟန်ရှေ့တွင် တည့်တိုးဆန်လှသော်လည်း ထိုနေ့ညက အခန်းထဲတွင်အားလုံးမြင်ပြီးဖြစ်သောကြောင့် ရှက်နေစရာမလိုတော့ပေ။

အမြန်ပင် ဆေးကြောကာ လင်းဇီချန်က သူမဘေးတွင် ဝင်ထိုင်လိုက်သည်။ ခေတ္တမျှစိမ်ပြီးနောက်တွင် မိမိရှေ့မှ ရှန်ချင်းဟန်ကို ကြည့်ကာ မေးလိုက်သည်။

''ဒါနဲ့ ငါနောက်ကျောဂျီးတွန်းတဲ့ဗီဒီယိုတွေကို လိုင်းပေါ်ကကြည့်ထားတယ်။ နင်စမ်းကြည့်ချင်လား''

''ဒါပေါ့''

ရှန်ချင်းဟန်က ခေါင်းညိတ်ပြလိုက်ကာ ရှက်သောလေသံဖြင့် ပြန်ဖြေလိုက်သည်။ ပြောပြီးနောက်တွင် သူမက လင်းဇီချန်ဘက်သို့ ကျောပေးလိုက်ကာ သူမကျောပြင်ကို တိုက်စေသည်။ ၎င်း၏ကျွမ်းကျင်မှုက အံ့ဩဖွယ်ကောင်းလှကာ နှစ်ပေါင်းများစွာ အလုပ်လုပ်လာသည့် ကျွမ်းကျင်ရေချိုးလုပ်သားများကဲ့သို့ပင် ဖြစ်၏။

(ရှန်ချင်းဟန်၏ ကျောပြင်ကို တိုက်ရာတွင် ကူညီနေပါသည်။ လက်၏လုပ်နိုင်စွမ်း ၁+၊ နောက်ကျောဂျေးတွန်းကျွမ်းကျင်မှု ၁+)

''ထူးဆန်းလိုက်တာ။ ဗီဒီယိုထဲမှာဆို နည်းနည်းလောက်တိုက်တာနဲ့ ဂျီးတွေအများကြီးထွက်လာတာ။ ဒါပေမဲ့ ငါတိုက်တာ ဒီလောက်ကြာပြီ။ ဘာလို့ ထွက်မလာရသေးတာလဲ''

လင်းဇီချန်က ရှန်ချင်းဟန်၏ သန့်ရှင်းကာ ဖြူဖွေးနေသောကျောပြင်လေးကို တိုက်ပေးရင်းဖြင့် ဂျီးထွက်မလာသောကြောင့် အတော်လေးထူးဆန်းနေ၏။

ရှန်ချင်းဟန်ကမူ ဂုဏ်ယူနေသောလေသံဖြင့် ပြောလိုက်၏။

''ငါက သန့်ရှင်းလို့လေ''

''ဘယ်လောက်သန့်ရှင်းရှင်း ဂျီးမရှိတာက မဖြစ်နိုင်ဘူး။ နည်းလမ်းမကျဘူး''

''ရေဓာတ်စွမ်းအားရှိလို့ ခန္ဓာကိုယ်က သန့်ရှင်းနေတာဖြစ်မယ်''

''ဟုတ်မယ်''

ရှန်ချင်းဟန်က ခေါင်းညိတ်ပြလိုက်သည်။ သူမသည် ငယ်စဉ်ဘဝကတည်းကပင် ရေချိုးလျှင် တစ်ခါမှပင် ဂျီးမတွန်းဖူးကာ သူမခန္ဓာကိုယ်၏သန့်ရှင်းမှုကို သတိထားမိသည်။ ရေစွမ်းအားကြောင့်ဖြစ်မည်ဟု တစ်ခါမှမစဉ်းစားဖူးပေ။ လင်းဇီချန်က ပို၍တိုက်လေလေ ပို၍အံ့ဩစရာကောင်းသည်ကို တွေ့ရသောကြောင့် မနာလိုသဖြင့် ပြောလိုက်မိသည်။

''နင့်မှာ တကယ်ကိုနတ်ခန္ဓာကိုယ်ရှိနေတာပဲ။ ခန္ဓာကိုယ်က ညစ်လည်းမညစ်ပတ်ဘူး။ ချွေးကတောင် အနံ့အသက်ကောင်းတယ်။ ပြောစရာကိုမရှိဘူး''

''မနာလိုနေတာလား''

သူမက ရယ်ကာ ၎င်းဘက်သို့ မျက်နှာလှည့်၍ ပြောလိုက်သည်။

''ရှောင်လင်း နင်ငါ့ကျောကို တိုက်ပေးတာကြာလှပြီ။ အခု ရှောင်ရှန်လေးပြန်တိုက်ပေးရမဲ့အလှည့်ရောက်ပြီ''

''ကောင်းပြီ။ ရှောင်ရှန်လေးရဲ့ ဂျီးတွန်းတဲ့စကေးကို ကြည့်ရသေးတာပေါ့''

လင်းဇီချန်က ပြုံးကာ လှည့်လိုက်ပြီး ရှန်ချင်းဟန်၏လက်အထိအတွေ့ကိုခံစားရန်အသင့်ဖြစ်နေသည်။ သို့သော်လည်း သူမက ပြောလိုက်လေသည်။

''လှည့်စရာမလိုဘူး''

လင်းဇီချန်က ရှန်ချင်းဟန်သည် မိမိ၏ကျောပြင်ကို ဂျီးတွန်းပေးမည်ဟု ထင်လိုက်သော်လည်း ထိုသို့ဟုတ်မနေပေ။

All Chapters