← Chapters

အပိုင်း ၁၄၂-၁၄၄

Vol. 10 Ch. 142-144

အပိုင်း ၁၄၂-၁၄၄

Vol. 10 Ch. 142-144

အခန်း (၁၄၂) မျိုးဆက်သစ်များထဲမှ တစ်ဦးတည်းသော သွေးမျိုးစပ်

"ကျောင်းရဲ့ အထင်ကြီးစရာကောင်းတဲ့ ပါရမီရှင်ဟာ အထူးတန်းမှာ လုံးဝမဟုတ်ဘဲ ကောင်းကင်လူသားအဖွဲ့အစည်းမှာ ရှိနေလိမ့်မယ်လို့ သူတို့ ဘယ်တုန်းကမှတွေးမိကြမှာမဟုတ်ဘူး”

"နောက်ပိုင်းနင်တို့တွေတိုက်ရတော့မှာကို ကြည့်နေမယ်။ အဲ့အထူးတန်းကလူတွေအားလုံး အံ့သြကုန်ကြပြီး သူတို့ ဆုံးဖြတ်ချက်တွေကို မေးခွန်းပြန်ထုတ်လာကြလိမ့်မယ်”

ဤသို့ပြော၍ ရှန်ချင်းဟန်သည် သူမ၏ ရင်ဘတ်ကို အနည်းငယ် ဖိထားကာ လှပသော မျက်နှာထက်၌ ဂုဏ်ယူမှု အပြည့်ဖြင့် တောက်ပနေသည်။ ဤအရာသည် နှစ်အတော်ကြာသည်အထိ မြဲမြံနေခဲ့သော အကျင့်တစ်ခုဖြစ်ကာ လင်းဇီချန်က လူကြားထဲ၌ ထူးချွန်လာသည့်အခါတိုင်း သူ၏ ငယ်သူငယ်ချင်းဖြစ်သည့် သူမက သူ့အတွက် ဂုဏ်ယူလျက်ရှိသည်။

လင်းဇီချန်က သူမပေးသော စပျစ်သီးကို စား၍ ပြုံးလိုက်သည်။

"နင်ရဲ့ သွေးမျိုးစပ်နိုင်စွမ်းက ၂၁% ရှိပြီးတော့ နင့်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတစ်ခုလည်း ရှိတယ်။ နင်ကသာ တကယ့် အထူးချွန်ဆုံး ပါရမီရှင်ဖြစ်နိုင်ခြေရှိတယ်လို့ မထင်ဘူးလား"

"ငါကမဖြစ်နိုင်ပါဘူး။ နင်ကသာ ငါ့ထက် ပိုသေချာတယ်"

"ဘယ်လိုသေချာနိုင်မှာလဲ"

"အကြမ်းဖျင်းပဲ၊ ဒါပေမယ့် နင်က အသန်မာဆုံးလို့ ငါအမြဲတမ်း ခံစားခဲ့ရတယ်။"

ရှန်ချင်းဟန်သည် လင်းဇီချန်အပေါ် ယုံကြည်မှုအပြည့်ရှိ၍ မယိမ်းယိုင်သော ခံယူချက်ဖြင့် ပြောဆိုခဲ့သည်။

ငယ်စဉ်ကတည်းကပင် လင်းဇီချန်သည် သူမ၏နှလုံးသားထဲတွင် ဖျောက်ဖျက်၍မရသော အခြားကမ္ဘာတစ်ခုအဖြစ် အမြဲရှိနေခဲ့သည်။

"ဒီမှာ စပျစ်သီးနောက်တစ်လုံး" ရှန်ချင်းဟန်သည် ခပ်ကြီးကြီး စပျစ်သီးလုံးကို ကောက်ယူလိုက်၍ လင်းဇီချန်၏ ပါးစပ်ထဲသို့ နူးညံ့စွာ ထည့်ပေးလိုက်ပြန်သည်။

လင်းဇီချန်သည် သူ၏ပါးစပ်ကိုဖွင့်၍ စပျစ်သီးများကို စုပ်လျက် အရသာခံနေလိုက်သည်။

ရှန်ချင်းဟန်က ပါးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ထောက်ကာ နူးညံ့စွာကြည့်လျက် ပြုံး၍ပြောလိုက်သည်။

"ငါဝယ်ထားတဲ့ စပျစ်သီးက အရသာရှိလို့လား"

“အရမ်းအရသာရှိတယ်”

"ဒါဆို နင်မနေ့ညက ရေချိုးခန်းထဲမှာ စားခဲ့တဲ့ စပျစ်သီးတွေနဲ့ ယှဉ်ရင် ဘယ်ဟာက ပိုအရသာရှိတယ် ထင်လဲ"

"နှစ်ခုလုံး အရသာရှိတယ်"

"မရဘူး တစ်ခုပဲရွေး"

“ဒါဆို မနေ့ညက စပျစ်သီးက ပိုကောင်းတယ်”

"အရသာရှိရင် များများစားသင့်တယ်"

ရှန်ချင်းဟန်က မျက်လုံးများ ကွေးညွတ်သွားသည်အထိ ပြုံးလိုက်သည်။

မွန်းတည့် တစ်နာရီခွဲ နေ့လည်စာစားပြီးသောအခါတွင် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် အခန်းထဲတွင် တစ်ရေးတစ်မော အိပ်နေကြ၍ ၎င်းတို့၏ ဖုန်းများမှ နှိုးစက်သံများ ထွက်ပေါ်လာသောကြောင့် နိုးလာခဲ့သည်။ နှစ်ယောက်သား အိပ်ယာမှထကာ ရေအမြန်ချိုးပြီးနောက် အဝတ်အစားလဲ၍ ကျောင်းအားကစားရုံသို့ ထွက်ခွာခဲ့ကြသည်။

မွန်းလွဲ ၂ နာရီတွင် အားကစားရုံ၌ ကျောင်းသားသစ်များအတွက် အစည်းဝေးပွဲတစ်ခု စီစဉ်ထား၍ ကျောင်းသားသစ်များအနေဖြင့် ၎င်းတို့နှစ်ဦးစလုံး တက်ရောက်ရမည်ဖြစ်သည်။ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် ကျောင်းကားဖြင့် အားကစားရုံသို့ ၁၀ မိနစ်မပြည့်မီအတွင်း ရောက်ရှိခဲ့သည်။

နှစ်ယောက်သား ဝင်သွားသောအခါတွင် လူသစ်များဖြင့် ပြည့်နေပြီဖြစ်သည်။

ကျောင်းသားသစ်များအတွက် ထိုင်ခုံများကို အပိုင်းသုံးပိုင်းခွဲထားသည်။

ကျောင်းမှတန်ဖိုးအရှိဆုံးဖြစ်သော ဆင့်ကဲပြောင်းလဲခြင်းကောလိပ်သည် စင်မြင့်ကိုမျက်နှာမူသည့် ဗဟိုနေရာတွင်စီစဉ်ထားသည်။

စက်မှုအကယ်ဒမီနှင့် သိုင်းပညာကောလိပ်တို့ကို ဆင့်ကဲပြောင်းလဲခြင်းကောလိပ်၏ တစ်ဖက်တစ်ချက်တွင် စီစဉ်ပေးထားသည်။ သူ၏ကိုယ်ပိုင်အတန်းမရှိသဖြင့် လင်းဇီချန်သည် ရှန်ချင်းဟန်နှင့်အတူ အတူတူထိုင်ရန် သူမ၏အထူးတန်းသို့ လိုက်သွားခဲ့သည်။ အတန်းထဲတွင် အခြားမည်သူ့ကိုမျှ မနှောင့်ယှက်စေရန် နှစ်ဦးစလုံးသည် ထိုင်ခုံများကို ကောက်ကိုင်ကာ နောက်ဘက်သို့ တိတ်တဆိတ် လျှောက်သွားကြသည်။

လင်းဇီချန်သည် ပြင်ပလူတစ်ဦးဖြစ်၍ ကန့်ကွက်မှုများကြုံရနိုင်သောကြောင့် အခြားအတန်းတစ်ခုနှင့်ထိုင်ရန် မသင့်လျော်ပေ။ နှစ်ဦးသား အနောက်တွင်ထိုင်ပြီးနောက် အထူးတန်းထဲမှ လူများစွာက လင်းဇီချန်ဘက်ကို လှည့်ကြည့်လိုက်ကြသည်။

အတန်းထဲမှ လူတိုင်းနီးပါက သူသည် နန်ကျန်းပြည်နယ်မှ ဒုတိယထိပ်တန်းပုဂ္ဂိုလ်ဖြစ်ကြောင်းသိကြသည်။

နွေရာသီအားလပ်ရက်အတွင်း ကောင်းကင်လူသားအဖွဲ့အစည်းသို့ သူဝင်ရောက်သွားခဲ့ခြင်းက နိုင်ငံရေးသတင်းများသဖွယ်ဖြစ်လာခဲ့သည်။ သို့သော် ၎င်းတို့သည် သူ့ကို တခဏမျှ စူးစူးဝါးဝါး စိုက်ကြည့်ရုံမျှသာကြည့်၍ အထူးစိုးရိမ်ခြင်းမရှိဘဲ အခြားနေရာသို့ အကြည့်ပြန်လွှဲသွားကြသည်။

၎င်းသည် ကောင်းကင်လူသားအဖွဲ့အစည်းသို့ မမျှော်လင့်ဘဲ ဝင်ရောက်သွားသော ထိပ်တန်းပညာရှင်တစ်ဦးမျှသာဖြစ်၍ ၎င်းတို့နှင့် မသက်ဆိုင်ဟုတွေးမိကြသည်။ လင်းဇီချန်သည် ကောင်းကင်လူသားအဖွဲ့အစည်းသို့ အဘယ်ကြောင့် ပါဝင်နေသည်ကို စိုးရိမ်မည့်အစား အထူးတန်းကျောင်းသားများက လင်းဇီချန်နှင့်ရှန်ချင်းဟန်တို့အကြားရှိ ဆက်ဆံရေးကို ပို၍ စိတ်ဝင်စားကြသည်။

အထူးသဖြင့် အတန်းတွင်းရှိ ယောက်ျားလေးများဖြစ်ကြသည်။ ရှန်ချင်းဟန်သည် လှပလွန်းလှကာ သူ့အရွယ် ယောက်ျားလေးနီးပါးတိုင်း၌ သူမနှင့်ပတ်သက်သောခံစားချက်များရှိကြ၍ သူမ၌ သက်ဆိုင်သူရှိမရှိ သိချင်ကြသည်။

“ဟေး လင်းဇီချန် ငါ့ကို မှတ်မိလား”

အဝါရောင်ဆိုးထားသောဆံပင်နှင့် အမျိုးသားတစ်ဦးသည် ကုလားထိုင်ကိုဆွဲလျက် လင်းဇီချန်အနားသို့ဝင်ထိုင်လိုက်သည်။

လင်းဇီချန်က ‘မှတ်မိတယ်’ ဟု ပုံမှန်ကျသော အသံဖြင့် ပြန်ဖြေ၏။

"မင်းတို့နှစ်ယောက်ကြားကဆက်ဆံရေးကဘာလဲ"

ဆံပင်အဝါရောင်ဆိုးထားသောကောင်လေးက လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့အကြားမှ ဆက်ဆံရေးကို သိချင်စိတ်ဖြင့်မေးလိုက်သည်။

“ငါတို့က ငယ်သူငယ်ချင်းတွေ အတူတူ ကြီးပြင်းလာခဲ့ကြတာ”

လင်းဇီချန်က ဤသို့ဖြေ၍ ခဏတာရပ်လိုက်ပြီးနောက်မှ ဆက်ပြောသည်။

“အတိအကျပြောရရင် ငါတို့က စေ့စပ်ထားတဲ့ ငယ်သူငယ်ချင်းတွေပါ။ ငါတို့ ဘွဲ့ရပြီးရင် လက်ထပ်ကြတော့မှာ”

ရှန်ချင်းဟန်က အလွန်လှပလွန်းလှသဖြင့် အနာဂတ်တွင် သူ့ကို ပိုးပမ်းသူများရှိလာလိမ့်မည်မှာ သေချာသည်။ ထို့ကြောင့် လင်းဇီချန်က သူနှင့် ရှန်ချင်းဟန်အကြားရှိ ဆက်ဆံရေးကို အများသိအောင် ချပြထားချင်မိသည်။ ဤသို့ဖြင့် ပိုးပန်းသူများရန်မှကာကွယ်နိုင်မည်သာမက အနာဂတ်တွင်ကျုံလာနိုင်မည့် ပြဿနာအချို့ဆီမှလည်း ကာကွယ်နိုင်မည်ဖြစ်သည်။

ပိုးပမ်းသူများစွာရှိလာလျှင် လူတစ်ယောက်၏ နေ့စဥ်ဘဝကို အနှောက်အယှက်ပြုနိုင်သည်မဟုတ်သလော။

လင်းဇီချန်က ၎င်းတို့၏ ဆက်ဆံရေးကို ချပြလိုက်သည်နှင့် ရှန်ချင်းဟန်သည်လည်း မျက်နှာများနီမြန်းလာကာ စိတ်အားထက်သန်စွာဖြင့် လင်းဇီချန်၏ လက်မောင်းကိုချိတ်လျက် ၎င်းတို့၏ ဆက်ဆံရေးကို အတန်းဖော်များအားချပြလိုက်သည်။ ရှန်ချင်းဟန်တွင် ပိုင်သူရှိကြောင်း သိလိုက်ရသောအခါ အထူးတန်း၏ ကျောင်းသားများအားလုံးက ၎င်းတို့၏ စိတ်ပျက်မှုကို မဖုံးကွယ်နိုင်ကြတော့ပေ။ အများစုသည် ရှန်ချင်းဟန်ကို ပိုးပမ်းရန် စီစဥ်နေခဲ့ကြပြီးဖြစ်ရာ ၎င်းတို့ မစတင်ရသေးခင်၌ပင် အရာအားလုံးက အဆုံးသတ်သွားပြီဖြစ်၏။

“ဆိုတော့ မင်းသမီးလေးက ပိုင်သူရှိနေပြီပေါ့။ ငါက မင်းကို ငါ့အစ်မနဲ့မိတ်ဆက်ပေးဖို့စဥ်းစားနေတာ” ဆံပင်အဝါရောင်ဆိုးထားသော လူက ခေါင်းကို ခါလိုက်သည်။

“ငါ့အစ်မကလည်း သွေးသန့်လူသားလမ်းစဥ်လျှောက်လှမ်းတဲ့လူပါ။ နွေရာသီအတွင်း သူ မင်းရဲ့သတင်းတွေမြင်လိုက်ရပြီး မင်းဓာတ်ပုံလည်းတွေ့လိုက်ရတယ်။ သူ မင်းအကြောင်း ပိုသိချင်နေတာ.. နှမျောစရာပဲ”

လင်း ပြုံးရုံမျှသာပြုံးလိုက်သည်။

‘ဒါ မရှိတဲ့အစ်မကို အရှိလုပ်ပြီး ဖန်တီးလိုက်တာမဟုတ်ဘူးလား’

အခန်း(၁၄၃) ကျောင်းသားသစ်များကြိုဆိုပွဲ စတင်ခြင်း

ရှန်ချင်းဟန်အကြောင်းကို သိလိုက်ရသောအခါ ရွှေရောင်ဆံပင်ရှိ ကျောင်းသားသည် ကုလားထိုင်ကို ချက်ချင်းဆွဲယူကာ မူလနေရာသို့ ပြန်သွားခဲ့သည်။ ထိုနေရာက မဝေးလှဘဲ ခုံတန်းနှစ်တန်းသာ ခြားသည်။

ရွှေရောင်ဆံပင် ကျောင်းသားထွက်သွားပြီးနောက် လင်းဇီချန်သည် အားကစားရုံအတွင်းရှိ ကျောင်းသားသစ်များကို ဝေ့ဝိုက်၍ ကြည့်လိုက်သည်။ သိုင်းပညာကောလိပ်မှကျောင်းသားသစ်များက ဆင့်ကဲပြောင်းလဲခြင်းကောလိပ်နှင့် စက်မှုအကယ်ဒမီမှ ကျောင်းသားသစ်များပေါင်းအရေအတွက်ထက် အများဆုံးဖြစ်သည်။

သိုင်းပညာကောလိပ်တွင် ကျောင်းသားသစ် ၁,၈၉၆ ဦး၊

စက်မှုအကယ်ဒမီတွင် ကျောင်းသားသစ် ၆၅၄ ဦး၊

ဆင့်ကဲပြောင်းလဲခြင်းကောလိပ်တွင် ကျောင်းသားအသစ် ၄၈၉ ဦးရှိသည်။

ဤကိန်းဂဏန်းများသည် လင်းဇီချန် နွေရာသီအားလပ်ရက်၌ တက္ကသိုလ်ဝဘ်ဆိုဒ်တွင် မြင်တွေ့ခဲ့ရသော အရာများဖြစ်သည်။ ရှန်ဟိုင်းတက္ကသိုလ်သာမက ကမ္ဘာတစ်ဝှမ်းရှိ တက္ကသိုလ်များတွင် ဆင့်ကဲဖြစ်စဉ်နှင့် စက်ပြုပြင်ကကျောင်းသားများနှင့် နှိုင်းယှဉ်ပါက သိုင်းပညာကျောင်းသားဦးရေက သိသိသာသာ ပိုများသည်။

ဤဖြစ်စဉ်အတွက် အဓိကအကြောင်းရင်းမှာ ဆင့်ကဲပြောင်းလဲခြင်းကောလိပ်နှင့် စက်မှုအကယ်ဒမီတို့အတွက် သတ်မှတ်ချက်များ မြင့်မားလွန်းခြင်းကြောင့်ဖြစ်ကာ ကောလိပ်ဝင်ခွင့် စာမေးပွဲများကို ဖြေဆိုသော ကျောင်းသား အနည်းစုသာ ဝင်ရောက်နိုင်သောကြောင့် ဖြစ်သည်။

ဝင်ခွင့်စာမေးပွဲများတွင် နေရာမရရှိသော်လည်း စိတ်ပိုင်းဖြတ်ထားသည့် ကျောင်းသားအများအပြားသည် ယင်းအစား သိုင်းပညာကောလိပ်ကို ရွေးချယ်ကြမည်ဖြစ်သည်။ ဆင့်ကဲပြောင်းလဲခြင်း ကောလိပ် သို့မဟုတ် စက်မူ အကယ်ဒမီသို့ မပြောင်းမီ ၎င်းတို့၏ သွေးမျိုးစပ်နိုင်စွမ်းနှင့် စက်ပိုင်းဆိုင်ရာ ပေါင်းစပ်နိုင်စွမ်းတို့တိုးတက်စေရန်အတွက် ၎င်းတို့၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုကို မြှင့်တင်ရန် တက္ကသိုလ်၌ လေးနှစ်တာကာလအတွင်း အဆက်မပြတ်လေ့ကျင့်ရန် ရည်ရွယ်ထားကြသည်။

သို့သော် ဤလမ်းသည် အလွန်အမင်း အန္တရာယ်များလှသည်။ သိုင်းပညာကျောင်းသား ဆယ်ယောက်တွင် တစ်ယောက်သာ အောင်မြင်နိုင်သည်။ မအောင်မြင်သော အခြားကိုးယောက်သည် ဘွဲ့ရပြီးသည့်နောက် လူသားများနှင့် အနုပညာကျောင်းသားများထက်ပို၍ ဆိုးရွားသွားနိုင်ဖွယ်ရှိသည်။ လင်းဇီချန်က သူ့ပတ်ဝန်းကျင်ရှိ ကျောင်းသားသစ်များကို ဆက်လက်၍ လေ့လာကြည့်ခဲ့သည်။ မကြာခင်၌ပင် သူ့အကြည့်များက အထူးတန်းမှ မိန်းကလေးတစ်ယောက်ဆီသို့ ရောက်သွားသည်။

ဤမိန်းကလေးသည် ပြင်းထန်သော လေ့ကျင့်ခန်းများအတွက် ပေါ့ပါးသော အားကစားဝတ်စုံကို ဝတ်ဆင်ထားကာ ပခုံးမကျော်သော ဆံပင်မျိုးညှပ်ထားသည်။ လှပသည့် အသွင်အပြင်မျိုးရှိသော်လည်း ဆွဲဆောင်မှုအရှိဆုံးမှာ မိန်းကလေး၏ လှပသော မျက်နှာမဟုတ်ဘဲ သူမ၏ခေါင်းပေါ်ရှိ သားရဲနားရွက်တစ်စုံသာဖြစ်သည်။ ၎င်းတို့သည် လက်တစ်ဖက်ခန့်အရွယ်ရှိသော ခရမ်းရောင်သားရဲနားရွက်များဖြစ်ကာ လူအုပ်ကြား၌ အလွန်ထင်ရှားလှသည်။

လင်းဇီချန်က နေ့လည်စာစားနေစဥ်၌ ရှန်ချင်းဟန်ပြောခဲ့သော ဆင့်ကဲပြောင်းလဲခြင်းကောလိပ်ဥက္ကဌ၏ သမီးဖြစ်ကြောင်း နှင့် ကျောင်းသားသစ်များအားလုံးအနက် တစ်ဦးတည်းသော သွေးမျိုးစပ်ဖြစ်ကြောင်း သိလိုက်သည်။

သူသည် မိန်းကလေး၏ ဦးခေါင်းပေါ်ရှိ ခရမ်းရောင်သားရဲနားရွက်၏ လက္ခဏာများကို ဂရုတစိုက်လေ့လာကာ သူမပေါင်းစပ်ထားသော ဆန်းကြယ်သားရဲမျိုးဗီဇကို အမြန်ခန့်မှန်းနိုင်ခဲ့သည်။

၎င်းသည် ပေကျင်းတက္ကသိုလ်မှ မဟူရာကြောင်နက်ဗီဇဖြစ်သည်။

မဟူရာကြောင်နက်ဗီဇ၏ ပြီးပြည့်စုံသောပေါင်းစပ်မှုသည် လူတစ်ဦး၏ တက်ကြွမှု၊ တုံ့ပြန်မှုအမြန်နှုန်း၊ ပြတ်သားသောအမြင်အာရုံ၊ ညမြင်ကွင်း၊ ခံယူချက်နှင့် အခြားစွမ်းရည်များကို တိုးမြှင့်ပေးနိုင်သည်။

၎င်းသည် စွမ်းရည်များစွာကို မြှင့်တင်ပေးခြင်းဖြင့် အလွန်အစွမ်းထက်ပုံပေါက်သော်လည်း ၎င်းသည် မဟူရာကြောင်နက်ဗီဇ အပြည့်အဝပြောင်းလဲနိုင်စွမ်းပေါ်၌ မူတည်နေသည်။ ပေါင်းစပ်ခြင်းဖြစ်စဥ်တစ်ခုလုံးသည် အလွန်အမင်း ကြာမြင့်မည်ဖြစ်သည်။ အတိုဆုံးအနေဖြင့် နှစ်အနည်းငယ် ကြာနိုင်ကာ အများဆုံး ဆယ်စုနှစ်တစ်ခုစာကြာနိုင်သည်။ တက္ကသိုလ်မှ ဘွဲ့မရခင်၌ ဆန်းကြယ်သားရဲမျိုးဗီဇလေးမျိုးကို အောင်မြင်စွာပေါင်းစပ်နိုင်ခဲ့သော ပေကျင်းတက္ကသိုလ်မှလူတစ်ယောက်အတွက် ၎င်းသည် အလွန်ရှားပါးသော ကိစ္စတစ်ခုပင်ဖြစ်သည်။

သွေးမျိုးနိုင်စွမ်းမြင့်မားခြင်းတစ်ခုတည်းဖြင့်မလုံလောက်ပေ။ အချို့သော ထူးခြားသည့် ခန္ဓာကိုယ်မျိုးကိုလည်း ပိုင်ဆိုင်ထားကြရမည်ဖြစ်သည်။

ဥပမာအားဖြင့် သွေးမျိုးစပ်ခြင်းကျရှုံးမှုကို ခံနိုင်ရည်ရှိသော၊ အမျိုးမျိုးသော သီးခြားမျိုးဗီဇများကို အတူ ပူးတွဲထားနိုင်သော၊ သွေးမျိုးစပ်ခြင်းကို လွယ်ကူချောမွေ့စေနိုင်သော စသည့် ခန္ဓာကိုယ်မျိုးဖြစ်သည်။

နိုင်ငံတစ်ဝှမ်းတွင် သွေးမျိုးစပ်နိုင်စွမ်းမြင့်သော ပါရမီရှင် များစွာရှိသော်လည်း အထူးခန္ဓာကိုယ်မျိုးရှိသူများသည်မူ ယခုအခါတွင် အများအားဖြင့် ပေကျင်းတက္ကသိုလ်မှသာဖြစ်သည်။ လင်းဇီချန်သည် မဟူရာကြောင်နက်မျိုးဗီဇနှင့် သူမ၏ ပေါင်းစပ်နိုင်စွမ်းအတိုင်းအတာကို အတည်ပြုရန်ကြိုးစားကာ မိန်းကလေး၏ ဦးခေါင်းပေါ်ရှိ သားရဲနားရွက်များကို ဆက်လက်၍ စောင့်ကြည့်ခဲ့သည်။

တစ်ဖက်တွင်မူ မိန်းကလေးသည် သူမအားစောင့်ကြည့်နေသည့် လူတစ်ယောက်ကို သတိပြုမိကာ

မြင်ကွင်းမျဉ်းအတိုင်း ချက်ချင်းလှည့်ကြည့်လိုက်ပြီးနောက် လင်းဇီချန်၏ မျက်လုံးများနှင့် အကြည့်ချင်းဆုံသွားသည်။ ထိုမျက်လုံးချင်းဆုံလိုက်သည့်အခိုက်တွင် လင်းဇီချန်သည် ကြောင်နက်တစ်ကောင်၏ စိုက်ကြည့်ခြင်းခံနေရသည့်အလား ခံစားလိုက်ရသည်။ မိန်းကလေး၏ မျက်လုံးများသည် မဟူရာကြောင်နက်၏ စရိုက်လက္ခဏာများပေါ်လွင်နေသည်။ နှစ်စက္ကန့်မျှသာ ကြည့်လိုက်ပြီးနောက် ကောင်မလေးက တစ်ဖက်သို့ပြန်လှည့်သွားသည်။

‘နည်းနည်း မာနကြီးတာပဲ…’

လင်းဇီချန်က ကောင်မလေးဆီမှ အကြည့်လွှဲလိုက်ပြီးနောက် ကျောင်းသားသစ်များကို ဆက်ကြည့်လိုက်သည်။ ထို့နောက်တွင် ရှေ့တွင်ထိုင်နေသော ရွှေရောင်ဆံပင်နှင့် ကျောင်းသားလေက အလိုအလျာက်ပင် သူ့အာရုံကို ဆွဲဆောင်သွားသည်။ ရွှေရောင်ဆံပင်နှင့် ကျောင်းသားသည် အမှန်ပင်စကားပြောတတ်ကာ သူ့ပတ်ဝန်းကျင်မှလူများနှင့် ပျော်ရွှင်စွာ စကားစမြည်ပြော၍ ချဲ့ကားသော အမူအရာများဖြင့် တုံ့ပြန်နေသဖြင့် အနီးနားမှလူများက လျစ်လျူရှု့ထားရန် ခက်ခဲသည်။

စကားဝိုင်း၌ ပါဝင်သောလူများ၏ မျက်နှာထက်တွင် အလွန် ယဥ်ကျေးသော အပြုံးများရှိနေကြသော်လည်း စိတ်ထဲ၌မူ အလွန်အမင်း စိတ်အနှောက်အယှက်ဖြစ်လျက်ရှိသည်။

‘တကယ့်လေအိုးပဲ…”

မကြာခင်၌ပင် အချိန်က နေ့လည်နှစ်နာရီခန့်သို့ရောက်ရှိလာသည်။

ကျောင်းသားသစ်များစုံညီပွဲ စတင်၏။

တွေ့ဆုံပွဲကို ကျောင်း၏ ဒုအဓိပတိ ယွမ်သုန်ကျီက ကြေညာသူအဖြစ်ဆောင်ရွက်ခဲ့သည်။ လင်းဇီချန်က ဤသည်ကို ထူးဆန်းသည်ဟုထင်မိသည်။

တကယ်ဆိုလျှင် အဓိပတိကိုယ်တိုင်က ဤသို့သော ပွဲမျိုးကို လက်ခံကျင်းပခြင်းမျိုးဖြစ်သင့်သည်။ အဘယ်ကြောင့် ဒုအဓိပတိက ဆောင်ရွက်ပေးနေရခြင်းဖြစ်သနည်း။

‘အဓိပတိချုပ်က ဘယ်ရောက်သွားလဲ’

စင်ပေါ်မှ ယွမ်သုန်ကျီ၏ မိန့်ခွန်းသည် အလွန်တိုတောင်းလှကာ ဆယ်မိနစ်မျှသာ ကြာပြီးနောက် တက္ကသိုလ်၏ အခြားခေါင်းဆောင်များဆီသို့ မိုက်ခရိုဖုန်းကို လွှဲပေးလိုက်သည်။ အခြားခေါင်းဆောင်များသည်လည်း အလားတူ တိုတိုတုတ်တုတ်ပြော၍ သုံးမိနစ်အောက်သာ မိန့်ခွန်းပြောခဲ့ကြသည်။

တက္ကသိုလ်ခေါင်းဆောင်များပြောပြီးနောက် ကျောင်းသားများ စင်မြင့်တက်ရန် အချိန်ရောက်သည်။

ကျောင်းသား မိန့်ခွန်းကို အပိုင်းနှစ်ပိုင်း ခွဲထားကာ ပထမဦးစွာ ကျောင်းသားသစ်ကိုယ်စားလှယ်က ပြောမည်ဖြစ်၍ ထို့နောက် ကျောင်းသားကောင်စီဥက္ကဌက ပြောမည်ဖြစ်သည်။

"ကျေးဇူးပြု၍ လက်ခုပ်သံများဖြင့် ကျောင်းသားသစ်များအတွက် ကိုယ်စားလှယ်ဖြစ်တဲ့ အထူးတန်းရဲ့ လီမော်ယွီကို ကြိုဆိုပေးကြပါ”

စင်မြင့်ပေါ်ရှိ ခေါင်းဆောင်တစ်ဦးမှ မိုက်ခရိုဖုန်းကို လှမ်းကိုင်ကာ အထူးတန်း၏ တစ်နေရာရာကို ငုံ့ကြည့်၍ ပြောလိုက်သည်။ ကျောင်းသားသစ်များက လက်ခုပ်တီး၍ လီမော်ယွီက မည်သူမည်ဝါဖြစ်သည်ကို စူးစမ်းလိုစိတ်ဖြင့် အထူးတန်းဆီသို့ ကြည့်လိုက်ကြသည်။

ထိုအချိန်တွင် အထူးတန်းမှ ကျောင်းသားသစ်များအားလုံးက ရွှေရောင်ဆံပင်ဖြင့် ကျောင်းသားကို အံ့သြစွာကြည့်နေကြပြီဖြစ်သည်။

အခန်း(၁၄၄) ကျောင်းဖွင့်ပွဲ တိုက်ပွဲ (၂)

"လီမော်ယွီ မင်းက တကယ် ကျောင်းသားကိုယ်စားလှယ်အသစ်လား"

"မာရှီဝေက ကျောင်းသားသစ်တွေကြားထဲမှာ ထိပ်တန်းပဲလို့ အမြဲတမ်းထင်ခဲ့တယ်၊ သူက ကိုယ်စားလှယ်ဖြစ်လိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး”

" ဆံပင်ရွှေရောင်ဆိုးထားတဲ့ လီမော်ယွီက ပါရမီရှင်ရဲ့ အရိပ်အယောင် မရှိဘူး၊ ဒါပေမယ့် သူ့ ခွန်အားက ကျောင်းသားသစ်တွေကြားထဲမှာ အသန်မာဆုံးပဲ။ ဒါက စာအုပ်တစ်အုပ်ကို စာအုပ်အဖုံးနဲ့ အဆုံးအဖြတ်ပေးလိုက်တာပဲ..."

ဤအခိုက်အတန့်တွင် အထူးအတန်းမှ ကျောင်းသားသစ်များက မယုံမကြည်နိုင်ဖြစ်လျက်ရှိကြသည်။ ကျောင်းသား ကိုယ်စားလှယ်အသစ်ကို ကျောင်းခေါင်းဆောင်များက အသန်ဆုံးဟု ထင်မြင်သည့်အပေါ် အခြေခံ၍ ဆန္ဒမဲဖြင့် ရွေးချယ်ခဲ့ကြသည်။

ဆံပင်ရွှေရောင်နှင့်ကလေးက ကိုယ်စားလှယ်ဖြစ်လာရခြင်း၏ အဓိပ္ပါယ်မှာ ကျောင်းခေါင်းဆောင်အများစုက သူ့ကို ကျောင်းသားသစ်များကြားတွင် အသန်မာဆုံးဟု ယူဆကြသောကြောင့်ဖြစ်သည်။ ယင်းနှင့် ပတ်သက်၍ ပုံမှန်တန်းမှ ကျောင်းသားများက အနည်းငယ် မယုံကြည်နိုင် ဖြစ်နေကြသည်။

မကြာမီတွင် ဆရာများနှင့် ကျောင်းသားများ အားလုံး၏ အာရုံစူးစိုက်မှုအောက်၌ ဆံပင်ရွှေရောင်နှင့် ကောင်လေးသည် ယခင် ပြုံးပြုံးရွှင်ရွှင် ဖြစ်နေသော အမူအရာမှ တည်ငြိမ်သော လူတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။

သူသည် ထိုင်ခုံမှ ဖြည်းညှင်းစွာထကာ အိတ်ကပ်ထဲသို့ လက်များကို ပေါ့ပါးစွာထည့်၍ ခြေလှမ်းကြဲကြီးများဖြင့် စင်မြင့်ဆီသို့ လျှောက်လာသည်။ သူ၏ ကောလိပ်ဝင်ခွင့် အမှတ်များထွက်လာခဲ့စဉ်ကတည်းက ယနေ့ကဲ့သို့ ထုတ်ဖော်ပြသ ကြွားဝါနိုင်ရန် မျှော်လင့်လျက်ရှိသည်။

နှစ်လကျော်ခန့် စောင့်ခဲ့ရပြီး နောက်ဆုံးတွင် ထိုအချိန်သို့ ရောက်လာပြီဖြစ်ရာ ယခင်က သူ့ဆံပင်ကို အဝါရောင်ဆိုးခြင်းဖြစ်စေ အခြားသူများနှင့် အရူးကဲ့သို့ စကားပြောသည်ဖြစ်စေ ၎င်းတို့အားလုံးသည် ‘ပေါ့ပေါ့လျော့လျော့နေပုံပေါက်ပေမယ့် တကယ့်ကိုပညာရှင်ပဲ’ ဟူသော စကားလုံးများကြားရရန်နှင့် ကြွားဝါရန်သာရည်ရွယ်ထားခြင်းဖြစ်သည်။

စာကြောင်းတစ်ကြောင်းတည်းဖြင့် အကျဉ်းချုပ်ပြောရလျှင် ဤသို့သာဖြစ်သည်။

‘ဆံပင်ရွှေရောင်ဆိုးထားတဲ့ ခပ်မိုက်မိုက် ယောက်ျားလေး တစ်ယောက်ဖြစ်တဲ့ငါက တကယ်ပဲ ကျောင်းသားသစ်တွေကြားက အတောက်ပဆုံး စူပါပါရမီရှင်ဖြစ်နေမယ်လို့ တွေးကြည့်ဖူးလား။ အံ့ဩဖို့ကောင်းတယ်မလား၊ မမျှော်လင့်ထားဘူးမလား’

"လီမော်ယွီက သူ့ကိုယ်သူ ကောင်းကောင်း ဖုံးကွယ်ထားတာပဲ။ အဝါရောင်ဆိုးထားတဲ့ သူ့ဆံပင်ကိုကြည့်ပြီး သူ့ကို ဘိတ်ချေးတန်းကလို့တောင် ထင်ခဲ့တာ”

ရှန်ချင်းဟန်က အလွန်အံ့ဩသွားသည်။

အနီးအနားတွင် ရပ်နေသော လင်းဇီချန်သည်လည်း ပေါ့ပေါ့တန်တန်အသွင်မျိုးဖြင့် ဆံပင်ရွှေရောင်ရှိသော ကောင်လေးက အထူးတန်း၏ နံပါတ်တစ် ဖြစ်လာမည်ဟု မထင်ထားသဖြင့် အံ့ဩလျက်ရှိသည်။ ယေဘုယျအားဖြင့် ပါရမီရှင်များသည် အများနှင့်ခပ်ကင်းကင်းနေတတ်သည်ဟု ယူဆထားကြသည်မဟုတ်သလော။

စင်ပေါ်တွင်

လီမော်ယွီသည် ကျောင်းခေါင်းဆောင်များ ပေးလာသော မိုက်ခရိုဖုန်းကိုယူ၍ စကားတန်းမပြောဘဲ နားထောင်နေသူများ၏ မျက်နှာများကို ဦးစွာကြည့်လိုက်သည်။

မျက်နှာများစွာတွင် အံ့ဩရိပ်များ မြင်လိုက်ရသောအခါ အလွန်ကျေနပ်လျက် အထူးပင် ပီတိဖြစ်ရသည်။

သူ့စိတ်ခံစားမှုကို အနည်းငယ်တည်ငြိမ်စေရန် ထိန်းပြီးနောက် သူက လူတိုင်းကိုကြည့်၍ပြော၏

"လီရီကျင်းအကြောင်း လူတိုင်းကြားဖူးကြလား"

“ကျိုတိုတက္ကသိုလ်က ပါရမီရှင်ကို ဘယ်သူက မသိဘဲနေမလဲ” ပရိသတ်ထဲက လူငယ်တစ်ယောက်က ကျယ်ကျယ်လောင်လောင် တုံ့ပြန်သည်။

လီမော်ယွီက မျက်ခုံးပင့်၍ မျက်နှာသည်လည်း ပို၍ အေးစက်လာသည်။

"ဟုတ်တယ် လူတိုင်းသိပါတယ်၊ ဒါပေမယ့် မင်းတို့သေချာမသိတာက လီရီကျင်းမှာ ပါရမီချင်းတူတဲ့ ညီတစ်ယောက်ရှိတယ်ဆိုတာပါပဲ”

"သူ့ညီက ဒီနှစ် မြို့တော်က ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ အမှတ်အများဆုံးပဲ"

“သွေးမျိုးစပ်နိုင်စွမ်း ၁၆ ရာခိုင်နှုန်းနဲ့ နန်ကျန်းပြည်နယ်တစ်ခုလုံးမှာ အမှတ်အများဆုံး”

“ရုပ်ခန္ဓာရမှတ်ကလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပထမနေရာမှာရှိတယ်”

“ပြီးတော့ မင်းတို့ရှေ့မှာ အခုရပ်နေတဲ့ ငါက ဒီပါရမီရှင် ညီ လီမော်ယွီပဲ”

နောက်ဆုံးစာကြောင်းကို ပြောသောအခါတွင် လီမော်ယွီ၏ အသံက အာဏာနှင့် ပဲ့တင်ထပ်နေသည်။

အောက်ရှိ ကျောင်းသားများ အားလုံး အံ့ဩသွားကြသည်။

‘ဒီဆံပင်အဝါရောင်နဲ့ကောင်လေးက ကျိုတိုတက္ကသိုလ်ရဲ့ ပါရမီရှင်ရဲ့ညီဟုတ်လား’

‘နောက်ပြီး မြို့တော်က အမှတ်အများဆုံးသူလား’

‘နေပါဦး မြို့တော်ရဲ့ အမှတ်အများဆုံးက ကျိုတိုတက္ကသိုလ်ကို မသွားဘဲနဲ့ ဘာလို့ ရှန်ဟိုင်းတက္ကသိုလ်ကို ရောက်လာတာလဲ’

အားလုံးက ပဟေဋ္ဌိဖြစ်နေကြစဉ် လီမော်ယွီကဆက်ပြောသည်။

“မြို့တော်ရဲ့ အမှတ်အများဆုံးအဖြစ် ဂုဏ်ပြုခံရပြီး ကျိုတိုတက္ကသိုလ်ကို မတက်ဘဲ ရှန်ဟိုင်းတက္ကသိုလ်ကို ရွေးချယ်ခဲ့တာ ဘာကြောင့်လဲဆိုတာကို အားလုံးက သိချင်နေမှာ သေချာပါတယ်”

“ရှန်ဟိုင်းတက္ကသိုလ် ကျောင်းသားခေါ်ယူရေးအဖွဲ့က ငါ့ကိုခေါ်ဖို့ တစ်ခုခုပေးထားတယ်လို့ထင်ကြလိမ့်မယ်”

“ဒါပေမယ့် အဲတာ မမှန်ဘူး။”

"ငါ ဒီလိုပြောတာက မယုံနိုင်စရာဆိုပေမယ့် ရှန်ဟိုင်းတက္ကသိုလ်ကို ရွေးချယ်တာက ငါ့ ဆုံးဖြတ်ချက်ပါ။"

"ငါ အလယ်တန်းကျောင်းတက်တုန်းက အစ်ကိုနဲ့ သဘောတူညီချက်တစ်ခုထားခဲ့တယ်။ သူက ကျိုတိုတက္ကသိုလ်မှာ စံချိန်တွေချိုးပြီး ငါက ဒီ ရှန်ဟိုင်းတက္ကသိုလ်မှာ စံချိန်တွေချိူးမယ်လို့ပေါ့။ ဒီထိပ်တန်းတက္ကသိုလ်နှစ်ခုရဲ့ အနာဂတ်မှတ်တမ်းတွေကို ကျင်းသုလီမိသားစုရဲ့ လီညီအစ်ကိုတွေက လွှမ်းမိုးသွားမှာပါ"

သွေးမျိုးဆက်စွမ်းအား အခြေခံပဥ္စမအဆင့် ဖိအားကိုထုတ်လွှတ်၍ ရွယ်တူချင်းများကြားတွင် သူ၏ ပြိုင်ဘက်ကင်းသော အစွမ်းသတ္တိကို ထုတ်ဖော်ပြသလိုက်သည်။ စင်မြင့်အနီးရှိ အထူးတန်း ကျောင်းသားသစ်များသည် ပြင်းထန်သော ဖိအားကို ခံစားခဲ့ကြရကာ တစ်ဦးစီက ၎င်းတို့၏ လောကအမြင်ကို စိန်ခေါ်လိုက်သည့်အလား ခံစားလိုက်ရသည်။

ရှန်ဟိုင်းတက္ကသိုလ်၏ ကျောင်းသားအများစုသည် အခြေခံတတိယအဆင့်၌သာ ရှိကြ၍ အချို့မှာ အခြေခံဒုတိယအဆင့်၌ပင်လျှင် ရှိကြသည်။ ၎င်းတို့အားလုံးသည် ၎င်းတို့၏ သွေးမျိုးစပ်နိုင်စွမ်းပေါ်တွင် အားကိုးကြသည်။

သို့သော် စင်ပေါ်တွင် လီမော်ယွီ၏ သွေးမျိုးဆက်စွမ်းအားအဆင့်က အခြေခံပဥ္စမအဆင့်တမျှ မြင့်မားလှ၏ ။

ကွာဟချက်က အလွန်ကြီးမားလွန်းလှသည်။ ကြီးမားလွန်းလှသောကြောင့် အများစုက စိတ်ပျက်အားငယ်မိကြသည်။ တစ်ဖက်တွင်မူ စင်မြင့်ပေါ်ရှိ ကျောင်းခေါင်းဆောင်များက နှုတ်ခမ်းများလှုပ်သွားရုံမျှ မသိမသာ ပြုံးလိုက်မိကြ၏။

လီမော်ယွီကို ကျောင်းသားသစ် ကိုယ်စားလှယ်အဖြစ် စံနမူနာပြရန် လာမည့် လေးနှစ်တာ တက္ကသိုလ်ကျောင်းသားဘအတွင် ရှေးရှု့၍ ရွေးချယ်ခဲ့ကြသော်လည်း ‘ဒီကောင်က ကြွားဖို့ပဲစိတ်ဝင်စားနေတယ်’ ဟု တွေးမိလာကြသည်။

"ငါက လီမော်ယွီပဲ ငါ့နာမည်ကို မှတ်ထား"

သွေးမျိုးဆက်စွမ်းအားကို ထုတ်ပြပြီးနောက် သူ၏ ပွဲဦးထွက် အခိုက်အတန့်ကို အဆုံးသတ်ကာ ဘေးနားရှိ ကျောင်းခေါင်းဆောင်တစ်ဦးဆီသို့ မိုက်ခရိုဖုန်းကိုပေး၍

သူ့လက်များကို အိတ်ကပ်ထဲသို့ အမြန်ထည့်ကာ စင်ပေါ်မှဆင်းလာသည်။

ကြွားဝါမှုသည် လျင်မြန်မှု၊ တိကျမှုနှင့် အကြင်နာကင်းမှုတို့လိုအပ်သည်ဖြစ်ရာ စင်ပေါ၌ အချိန်တိုတိုနေလေလေ ပို၍ ဟိတ်ဟန်ထုတ်နိုင်လေလေပင်ဖြစ်သည်။

"ရှောင်ချန်၊ လီမော််ယွီက အရမ်းတုံးတာပဲ။ အခြေခံပဥ္စမအဆင့်လောက်ကို ပြိုင်ဘက်ကင်းပြီလို့ထင်နေတာ၊ နင်သူ့ကို လက်ဖျောက်တစ်ချက်တီးရုံနဲ့ လွယ်လွယ်လေး အနိုင်ယူနိုင်လောက်တယ်”

ရှန်ချင်းဟန်က လင်းဇီချန်၏ နားနားသို့ တိုးကပ်၍ ခပ်တိုးတိုးပြောလိုက်သည်။

All Chapters