← Chapters

အပိုင်း ၁၅၄-၁၅၆

Vol. 11 Ch. 154-156

အပိုင်း ၁၅၄-၁၅၆

Vol. 11 Ch. 154-156

အခန်း(၁၅၄) နောက်ဆုံးရလဒ်

အပေါ်ထပ်စင်္ကြံရှိ လျို့ချွမ်ဝူသည် လီမော်ယွီကို သေခါနီးအလောင်းကောင်တစ်ကောင်ကဲ့သို့ ဖြူဖျော့စွာဖြ်င့ ငုံ့ကြည့်နေသည်။ လီမော်ယွီ၏မျက်လုံးများတွင် နီရဲတောက်ပနေသော အနီရောင်တောက်တောက်များကိုမြင်ရသဖြင့် နတ်ဆိုးမျက်လုံးဧရာမမျောက်ဝံသွေးမျိုးစပ်ဖြစ်ကြောင်း သိရှိလိုက်ရသောအခါ လျို့ချွမ်ဝူသည် မိမိ၏ မျက်လုံးရှေ့၌ အမှောင်ထုကို ခံစားလိုက်ရကာ နှလုံးသားတစ်ခုလုံးတုန်လှုပ်သွားသည်။

ကျောင်းအမှတ် ၁၉၀၀။

ယွမ် ၁၉ သန်း။

ဤမျှလောက်သောငွေကို ချက်ချင်းပေးချေရမည်ဆိုပါက သူ့ကျောက်ကပ်သည်တစ်ခုလုံး သေချာပေါက် ပျောက်ဆုံးသွားရပေလိမ့်မည်။ သို့သော် လျို့ချွမ်ဝူနှင့်ခြားနားစွာဖြင့် အခြားကျောင်းခေါင်းဆောင်များအားလုံးသည် ယခုအချိန်တွင် သက်ပြင်းချလျက် ပြုံးဝေနေကြသည်။ လင်းဇီချန်က မာရှိဝေကို လက်သီးတစ်ချက်ဖြင့် ချေမှုန်းလိုက်ကြောင်း မြင်လိုက်ရသဖြင့် လျို့ချွမ်ဝူက ထိုလောင်းကြေးများအားလုံးကို အရယူနိုင်မည်ဟု အားလုံးက ထင်ခဲ့ကြသည်။

မမျှော်လင့်ဘဲ ပို၍ပင် ထက်မြက်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သော လီမော်ယွီသည် ပွဲလယ်သို့ထွက်ပေါ်လာကာ အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်လိုက်နိုင်သည်။ ကျင်းသုလီမိသားစု၏ ညီအစ်ကိုများသည်

အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသည်ဟု ဆိုနိုင်သည်။

သွေးမျိုးစပ်ခြင်းတွင် ၎င်းတို့၏ စွမ်းရည်သည် ၎င်းတို့၏ ရွယ်တူချင်းများထက် သာလွန်သွားခဲ့ပြီဖြစ်ရာ ၎င်းတို့၏ ခြေဖျားကိုပင် မှီကြပေလိမ့်မည်မဟုတ်ပေ။

"နတ်ဆိုးမျက်လုံး ဧရာမမျောက်ဝံ မျိုးဗီဇ … ဟမ်"

ကျောင်းသားသမဂ္ဂ ဥက္ကဌ ကျိုးရွှယ်ဟုန်သည် စင်မြင့်ပေါ်ရှိ လီမော်ယွီကို အံ့အားသင့်စွာဖြင့် ကြည့်နေသည်။ လီမော်ယွီသည် သာမန်လူတစ်ဦးမဟုတ်ကြောင်း သူအမြဲ ခံစားမိခဲ့သည်။ နောက်ဆုံးတွင်မူ အစ်ကိုဖြစ်သူက ကျင်းတက္ကသိုလ်၏ ပါရမီရှင် လီရီကျင်းဖြစ်ရာ လီမော်ယွီသည်လည်း သူ့ထက် ညံ့လိမ့်မည်မဟုတ်ပေ။

သို့သော်လည်း ကျိုးရွှယ်ဟုန်သည် လီမော်ယွီက နတ်ဆိုးမျက်လုံးဧရာမမျောက်ဝံမျိုးဗီဇကို ပေါင်းစပ်နိုင်မည်ဟု မထင်ခဲ့ပေ။ လီမော်ယွီ၏ သွေးမျိုးဆက်စွမ်းအားအဆင့်သည် သာမန်မျှသာဖြစ်သော်လည်း နတ်ဆိုးမျက်လုံးဧရာမမျောက်ဝံ၏ တုံ့ပြန်မှုကို သူ ခံနိုင်ရည်ရှိသည်။

သူ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံက အမှန်ပင် ကောင်းမွန်တောင့်ခိုင်လှသည်။

အစ်ကိုဖြစ်သူ လီရီကျင်းသည် သွေးမျိုးဆက်စွမ်းအားအခြေခံအဆင့်၌ရှိနေခဲ့သည့်တိုင် အမျိုးမျိုးသော ဆန်းကြယ်သားရဲဗီဇများဖြင့် မျိုးစပ်နိုင်သည့်အရည်အချင်းရှိသည်။ ဤသို့ဖြင့် ညီတစ်ယောက်ဖြစ်သည့် လီမော်ယွီ၏ စွမ်းရည်သည် အလွန်မြင့်မားသောအဆင့်ရှိ ဆန်းကြယ်သားရဲမျိုးဗီဇများနှင့် ပေါင်းစပ်နိုင်ခြင်းပင်ဖြစ်သည်။

ညီအကိုနှစ်ယောက်၏ မျိုးရိုးဗီဇပေါင်းစပ်မှုစွမ်းရည်များအနက် တစ်ခုသည် အရေအတွက်အပေါ်အခြေခံ၍ တစ်မျိုးမှာ အရည်အသွေးပေါ် မူတည်၍ မတူညီသော စွမ်းအားမျိုးပင်ဖြစ်သည်။ သို့သော် ၎င်းတို့နှစ်ယောက်၏ တူညီသောအချက်သည် နှစ်ယောက်စလုံးက မယုံနိုင်လောက်အောင် စွမ်းအားကြီးသောကြောင့် သက်တူရွယ်တူများကြား၌ ၎င်းတို့ကို ယှဥ်နိုင်သောလူမရှိပေ။

“ဒီညီအကိုနှစ်ယောက်က ပိုအရည်အချင်းရှိလေလေ ပိုကောင်းလေလေပဲ”

"သူတို့ရဲ့ အရည်အချင်းတွေ ပိုကြီးလေလေ နောင်ကျ သူတို့ကို‌နင်းချေတဲ့အခါ ငါ အောင်မြင်မှုတွေပိုရလေလေဖြစ်မှာပဲ…”

ဤသို့တွေး၍ ကျိုးရွှယ်ဟုန်က ခပ်တိုးတိုးပြုံးလိုက်သည်။

ယခုနှစ်အစတွင် သူ၏ ညံ့ဖျင်းမှုကြောင့် အမျိုးသားကောလိပ်ကျောင်းသားများအဖွဲ့ချုပ်တွင် လီရီကျင်းဆီ၌ ရှုံးနိမ့်ခဲ့သည်။ နောက်နှစ်တွင် သူသည် လီရီကျင်းကို တူညီသော သိုင်းစင်မြင့်၌ ချေမှုန်းကာ နိုင်ငံတွင်းရှိ ထိပ်တန်းကောလိပ်ကျောင်းသားဘွဲ့ကို ရယူရန် စီစဉ်ထားသည်။

သူလူပ်နိုင်လိမ့်မည်ဟုလည်း အပြည့်အဝယုံကြည်ချက်ရှိသည်။

သိုင်းစင်မြင့်အောက်တွင်

အချစ်ဆုံးသူငယ်ချင်း နှစ်ယောက်ဖြစ်သည့် ရှန်ချင်းဟန်နှင့် လီချူရှင်းတို့သည် လူအုပ်ကြားတွင် တစ်နည်းနည်းဖြင့် စုရုံးကာ စကားစမြည်ပြော၍ ရယ်မောနေကြသည်။

သွေးမျိုးဆက်စွမ်းအား အခြေခံဆဌမအဆင့် လီမော်ယွီကို စင်ပေါ်၌ မြင်လိုက်ရသောအခါ လီချူရှင်း၏အမူအရာက ရုတ်တရက် ပြောင်းလဲကာ လုံးလုံးလျားလျား အံ့အားသင့်သွားသည်။

တကယ်တမ်းတွင် သူမသည် ထိုကဲ့သို့သန်မာသော ရွယ်တူချင်းကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ သူမမျက်မြင်တွေ့ခဲ့ရသော စွမ်းအားအကြီးဆုံးလူမှာ သူမ၏ အချစ်ဆုံးသူငယ်ချင်း၏ ငယ်သူငယ်ချင်း လင်းဇီချန်ပင်ဖြစ်သည်။

ယခုမူ လီမော်ယွီပေါ်လာသောအခါ သူမ၏ အမြင်များကို ပြောင်းလဲသွားစေသည်။

အထူးသဖြင့် ဤရွယ်တူချင်းသည် ဆံပင်အဝါရောင်ဆိုးထားကာ မသင့်လျော်သောပုံပေါက်သောကြောင့် ၎င်း၏ လက်ရှိစွမ်းအားမျိုးရှိနေခြင်းနှင့်ဆန့်ကျင်ဘက်ဖြစ်နေသည်။

"ဟန်ဟန်၊ နင့်အတန်းထဲက ဒီဆံပင်ရွှေရောင်နဲ့က ဘယ်ပြည်နယ်ရဲ့ ထိပ်တန်းကျောင်းသားမို့လို့ ဒီလောက်တောင် သန်မာနေရတာလဲ” လီချူရှင်းသည် စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိပြီးနောက် ရှန်ချင်းဟန်နှင့် လက်နှစ်ဖက်ကို ချိတ်ဆက်ကာ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“ဟမ် နင်ပြောတဲ့ ဆံပင်ရွှေရောင်လေးဆိုတာ ခုဏကလေးတင် ကျောင်းသားကိုယ်စားလှယ်ဆိုပြီး မိတ်ဆက်သွားတာလေ နင်မမှတ်မိဘူးလား”

"စင်ပေါ်မှာ ကျောင်းခေါင်းဆောင်တွေရဲ့ငပေါစကားတွေကို ငါနားမထောင်ချင်လို့ နားကြပ်တပ်ပြီး ဂိမ်းဆော့နေတာလေ”

"ငါသိသားပဲ"

"ဒါဆို အဲ့ ဆံပင်ရွှေရောင်နဲ့ကောင်က ဘယ်ပြည်နယ်ရဲ့ ထိပ်တန်းကျောင်းသားလဲ"

"သူက မြို့တော်ရဲ့ ထိပ်တန်းကျောင်းသား"

"မြို့တော်က ထိပ်တန်ကျောင်းသားဟုတ်လား" လီချူရှင်း၏ မျက်လုံးများက ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားသည်။

‘ဒီဆံပင်ရွှေရောင်နဲ့ကောင်က ထိပ်တန်းကျောင်းသားလား’

‘ဘာလဲဟ’

ပို၍ ခိုင်မာကာ နာမည်ပိုကောင်းသော အနီးနားရှိ ကျင်းတက္ကသိုလ်ကို တက်ရမည့်အစား ရှန်ဟိုင်းတက္ကသိုလ်တွင် တက်ရောက်ရန် အဘယ်ကြောင့်ရွေးချယ်ခဲ့သနည်း။

လီချူရှင်းအံ့သြသွားသော်လည်း အချိန်ကြာကြာတွေးမနေခဲ့ပေ။ မကြာမီ၌ပင် သူမက သက်ပြင်းတစ်ချက်ချလိုက်သည်။

"အိုး ဇီချန်တော့ သွားပြီ။ ဒီမြို့တော်ရဲ့ ထိပ်တန်း ပညာရှင်က ကျင်းတက္ကသိုလ်မှာ ရှိသင့်တယ်၊ ဒါပေမယ့် သူ ရှန်ဟိုင်းတက္ကသိုလ်ရောက်လာတယ်။ မဟုတ်ရင် ဇီချန်က ရှန်ဟိုင်းတက္ကသိုလ်ရဲ့ ကျောင်းသားသစ်တွေကြား လူသစ်ဘုရင်ဖြစ်လာမှာ။ နှမျောစရာပဲ”

ရှန်ချင်းဟန်က ပြုံးရွှင်လျက် နားထောင်ကာ စကားတစ်ခွန်းမျှ မပြောဘဲ စိတ်လှုပ်ရှားစွာဖြင့် နှလုံးတစ်ဒိတ်ဒိတ်ခုန်လျက်ရှိသည်။

‘စောင့်နေလိုက်၊ ရှောင်ချန်က မြို့တော်ရဲ့ ထိပ်တန်းကျောင်းသားကို လက်သီးတစ်ချက်တည်းနဲ့ သတ်ပြီး မေးရိုးပြုတ်သွားတဲ့အထိ သတ်ပစ်ရင် အကုန်အံ့သြကုန်လိမ့်မယ်’

သိုင်းစင်မြင့်အောက် လူအနည်းငယ်ခန့်သာရှိသောနေရာတွင် လုကန်နှင့် ဝမ်ရှု့ကျယ်နှစ်ယောက်သည် ၎င်းတို့၏ နာရီများကို ငုံ့ကြည့်နေကြသည်။ နာရီ၏ကျဉ်းမြောင်းသောစခရင်ပေါ်တွင် အသစ်ပေါ်လာသောစာသားအချို့သည် ထူထပ်စွာတွဲလျက်ရှိနေသဖြင့် ဖတ်ရန် အတန်ငယ်သေးလွန်းလှသည်။

သာမာန်လူတစ်ယောက်အတွက် ထိုစကားလုံးများကို ဖတ်ရန် မှန်ဘီလူးတစ်စုံလိုအပ်ပေလိမ့်မည်။

သို့သော် လုကန်နှင့် ဝမ်ရှု့ကျယ်နှစ်ဦးစလုံးသည် နွေရာသီတွင် ၎င်းတို့၏ အမြင်အာရုံစွမ်းအားကို မြှင့်တင်ခဲ့ကြသောကြောင့် စာသားသည် သဲစေ့များကဲ့သို့ သေးငယ်သော်လည်း အကြောင်းအရာကို ရှင်းရှင်းလင်းလင်း မြင်နိုင်ကြသေးသည်။

[ငါ အရင်ကလို ကျောင်းအပြင်ဘက် ပန်းခြံတစ်ခုမှာ အဆင့်မြင့်မှော်မျိုးစေ့ တစ်ခုကိုထားခဲ့တယ်။ မင်းတို့ သေချာပေါက် ထွက်ပြီးသွားယူဖို့ မမေ့နဲ့။ အခွင့်အရေးရရင် လီမော်ယွီက ဒီမှော်မျိုးစေ့ကို စားတာမြင်ရလိမ့်မယ်]

စာကိုဖတ်ပြီးနောက် လုကန်နှင့် ဝမ်ရှု့ကျယ်နှစ်ဦးစလုံး၏ အမူအရာများ ပြောင်းလဲသွားသည်။

လုကန်က တစ်ဖက်လူကို ပြန်ဖြေလိုက်သည်။

[လီမော်ယွီက ကျင်းသုလီမိသားစုရဲ့ သခင်လေးပဲ။ မှောမျိုးစေ့ကို စားလိုက်ရင် အန္တရာယ်မများလွန်းဘူးလား]

ကျင်းသုလီမိသားစု၏ သခင်လေးတစ်ယောက် အနေဖြင့် လီမော်ယွီက မှော်မျိုးစေ့ကို စားသုံးလျှင်ပင် အဖွဲ့အစည်းကို အလွယ်တကူဝန်ခံလိမ့်မည်မဟုတ်ကြောင်း သူခံစားမိသည်။

ထိုသို့ဖြစ်သောအခါ သူနှင့် ဝမ်ရှု့ကျယ်တို့သည် ကျင်းသုလီမိသားစုမှ ဖော်ထုတ်ခြင်းခံရ၍ လက်တုံ့ပြန်ခံရမည်မှာလည်း အသေအချာပင်ဖြစ်သည်။

အခန်း(၁၅၅) နောက်ဆုံးရလဒ်

အချိန်အနည်းငယ်သာကြာပြီးနောက် ပြန်စာရောက်လာသည်။

"အဖွဲ့အစည်းရဲ့ နောက်ခံက မင်းထင်ထားတာထက် ပိုအားကောင်းတယ်ကွ။ ကျင်းသုလီမိသားစုက ဘာမှမဟုတ်ဘူး၊ လက်နဲ့ညှစ်ရင်တောင် လွယ်လွယ်ကြေသွားနိုင်တယ်"

“အဖွဲ့အစည်းရဲ့ နောက်ခံက ဘာလဲ”

“နည်းနည်းမေး၊ များများလုပ်ပါ”

စာကိုဖတ်ပြီးနောက် လုကန်သည် ဝမ်ရှု့ကျယ်ကို မော့ကြည့်ကာ အသံမထွက်ဘဲ နှုတ်ခမ်းလှုပ်ရုံမျှဖြင့် မေးလိုက်သည်။

"ရှု့ကျယ် ဒါငါတို့လုပ်မှာလား"

"ငါတို့မှာ ရွေးချယ်စရာရှိတယ်လို့ ထင်လား"

“ငါတို့… ကျောင်းအုပ်ယွမ်ကို အကူအညီတောင်းရင်ရော ဘယ်လိုလဲ။ သူ့မှာ ဖြေရှင်းဖို့ နည်းလမ်းရှိကောင်းရှိနိုင်တယ်"

"သူ့မှာ ဖြေရှင်းဖို့ နည်းလမ်းရှိမှာ သေချာပါတယ်၊ ဒါပေမယ့် ပြီးရင် အသက်ရှင်နိုင်မလားဆိုတာကတော့ တခြားကိစ္စပဲ"

"ဒါ့အပြင်၊ အဖွဲ့အစည်းနဲ့ ပူးပေါင်းတာဟာ မကောင်းဘူးလို့ငါမထင်ဘူး။ အနည်းဆုံးတော့ ငါတို့က အရင်ကထက် အများကြီး ပိုသန်မာပြီး အလားအလာ ပိုရှိပါတယ်"

ဝမ်ရှု့ကျယ်က "အရေးကြီးဆုံးကတော့ အဖွဲ့အစည်းရဲ့ အတွေးအခေါ်ကို ကျွန်တော်သဘောတူပါတယ်။ လူသားတွေ အနေနဲ့ ကမ္ဘာမြေပေါ်က လူတွေကို ကယ်တင်နိုင်မှာ မဟုတ်ပါဘူး။"

"ဒါအမှန်ပဲ"

အတိုချုံး အသံမထွက်ဘဲ ပြောပြီးနောက် နှစ်ဦးသား အဖွဲ့အစည်း၏ အစီအစဉ်အတိုင်း လိုက်နာရန် ဆုံးဖြတ်ခဲ့ကြသည်။

နတ်ဆိုးမျက်လုံးဧရာမမျောက်ဝံ၏ ဆန်းကြယ်သားရဲမျိုးဗီဇ

သိုင်းစင်မြင့်တွင် လင်းဇီချန်သည် သူ့ရှေ့မှ လီမော်ယွီအား စိတ်ဝင်စားမှုအပြည့်ဖြင့်ကြည့်ကာ မျက်ခုံးပင့်လိုက်သည်။ ဒုတိယထပ် စင်္ကြံရှိ ကျောင်းခေါင်းဆောင်များ၏ အသံကို သူကြားရပြီးနောက် ဆန်းကြယ်သားရဲသွေးမျိုးစပ် လီမော်ယွီသည် နတ်ဆိုးမျက်လုံးဧရာမမျောက်ဝံဖြစ်သည်ကို သိလိုက်ရသည်။

လင်းဇီချန်ငယ်ငယ်က စာအုပ်များ၌ ဆန်းကြယ်သားရဲအကြောင်းကို ဖတ်ဖူးသည်ကို မှတ်မိသည်။

၎င်းသည် ခွန်အားနှင့် ခုခံမှုကို မြှင့်တင်နိုင်သော သားရဲတစ်မျိုးဖြစ်သော်လည်း အရှိန်အဟုန်အားဖြင့် အနည်းငယ်နှေးကွေးသည်။

အရွယ်ရောက်ပြီးသူများ၏ သွေးမျိုးဆက်စွမ်းအားအဆင့်သည် ပျမ်းမျှအားဖြင့် မြင့်မားသည်။

စွမ်းအားကြီးသူ အနည်းငယ်သည် ရှားပါးအဆင့်သို့ ရောက်ရှိနိုင်သည်။

အားလုံးကို ခြုံငုံကြည့်လျှင် ၎င်းသည် အလွန်စွမ်းအားကြီး၍ ကြောက်မက်ဖွယ်ကောင်းသော ဆန်းကြယ်သားရဲတစ်ကောင်ဖြစ်ကာ ဧရာမမျိုးကွဲကြွက်များကို သရေစာအဖြစ်စားသုံးနိုင်စွမ်းရှိသည်။

သွေးမျိုးဆက်စွမ်းအားအခြေခံအဆင့်၌ရှိနေသော်လည်း လီမော်ယွီသည် သူ့ခန္ဓာကိုယ်အတွင်းသို့ ရှားပါးအဆင့်အမြင့်ဆုံးအထိရောက်နိုင်ခြေရှိသော ဆန်းကြယ်သားရဲဗီဇကို မှတ်သားထိုက်ဖွယ်ပေါင်းစပ်နိုင်စွမ်းရှိသည်။ ဤသို့တွေး၍ လင်းဇီချန်သည် သူ့ရှေ့ရှိ လီမော်ယွီကို ဂရုတစိုက်ကြည့်နေသည်။

ထိုအချိန်တွင် လီမော်ယွီသည် သူ့အတွင်းမှ နတ်ဆိုးမျက်လုံးဧရာမမျောက်ဝံမျိုးဗီဇကို လုံးလုံးလျားလျား အသက်သွင်းလိုက်သည်။ ထို့နောက် သူ၏အရွယ်အစားသည် ယခင်ကထက် ငါးဆယ်ရာခိုင်နှုန်းအတိအကျ တုးလာသည်။

သူ၏ ကြွက်သားများ အားလုံးမှာ ထင်ရှားစွာ ဖောင်းကားနေသည်။ ကြွက်သားလိုင်းများနှင့် အချိုးအစားများကို Hulk နှင့်ပင် နှိုင်းယှဉ်နိုင်မည်ဖြစ်ရာ ခန္ဓာကိုယ်တစ်ခုလုံးမှ ပေါက်ကွဲဖွယ်စွမ်းအားများ ဖြာထွက်လျက်ရှိသည်။

လင်းဇီချန်က အခြားအရာတစ်ခုကိုလည်း သတိပြုမိသည်။ သိုင်းစင်မြင့်ထက်၌ လီမော်ယွီက သူ၏ သွေးမျိုးစပ်ဗီဇကို အသက်သွင်းနေသည့် အမြန်နှုန်းကို မာရှိဝေအားကြည့်ခဲ့စဥ်ကသကဲ့သို့ ကြည့်နေသည်။ မျက်စိတစ်မှိတ်အတွင်း၌ပင် လီမော်ယွီက နတ်ဆိုးမျက်လုံးဧရာမမျောက်ဝံမျိုးဗီဇကို သူ့ခန္ဓာကိုယ်ထဲ၌ အသက်သွင်းလိုက်သည်။

ထို့နောက် သူသည် အလွန်ပြင်းထန်သောပေါက်ကွဲဖွယ် ကြွက်သားများရှိ၍ အခြေခံဆဌမအဆင့်ရှိသော ဖြစ်တည်မှုတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ယင်းကြောင့် လီမော်ယွီ၏ စွမ်းရည်များသည် မာရှိဝေထက် များစွာ ပိုကြောင်း ထင်ရှားသည်။

နတ်ဆိုးမျက်လုံးဧရာမမျောက်ဝံမျိုးဗီဇနှင့် ပေါင်းစပ်ခဲ့သော လီမော်ယွီသည် အချက်အလက်စုဆောင်းရန် ထိုက်တန်သည်။

"လင်းဇီချန်"

အသွင်ပြောင်း လီမော်ယွီက စတင်ပြော၏။

သူက လက်ပိုက်လျက် အသစ်ရရှိလာသော နှစ်မီတာကျော် အရပ်အမြင့်ဖြင့် မတ်မတ်ရပ်ကာ လင်းဇီချန်ကို ငုံ့ကြည့်လိုက်သည်။

“မာရှိဝေက သန်မာပြီး ငါနဲ့အတူတူ ရှန်ဟိုင်းတက္ကသိုလ်ကြားမှာ တုနှိုင်းမဲ့ကျောင်းသားသစ်အဖြစ် ချီးကျူးခံရတယ်”

“ဒါပေမယ့် လက်တွေ့မှာတော့ သူနဲ့ငါ့ကြားက ကွာဟမှုက ကောင်းကင်နဲ့မြေကြီးလိုပါပဲ”

"မင်းအခု သူ့ကို လက်သီးတစ်ချက်နဲ့ ထိုးနိုင်သလို ငါလည်း လုပ်နိုင်တယ်။ မင်းထက်တောင် ပိုပြီး အားစိုက်ထုတ်စရာမလိုဘဲလုပ်နိုင်လိမ့်မယ်"

“မင်း ငါနဲ့ ရင်ဆိုင်ရတဲ့အခါကျရင်ရော အဲ့လိုမျိုး အားစိုက်ထုတ်စရာသိပ်မလိုဘဲ လုပ်နိုင်ဦးမလား ကြည့်ချင်သေးတယ်”

"ငါတော့ မဖြစ်နိုင်ဘူးလို့ထင်တယ်"

“ဘာလို့လဲဆိုတော့…အခု ပိုပြီးလွယ်ကူနေမယ့်လူက ငါ.. လီမော်ယွီပဲမို့လို့လေ”

လီမော်ယွီစကားမဆုံးခင်တွင် သူ့ရှေ့၌ စူးရှသော ကွဲအက်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

လင်းဇီချန်က စတင်၍ လှုပ်ရှားလိုက်သည်။

သူသည် လီမော်ယွီ၏ အဆက်မပြတ်ပြောနေသည့် စကားများကို နားမထောင်ဘဲ ရှေ့သို့ အမြန်လှမ်းကာ အဆက်မပြတ် စကားများနေသည့် ပါးစပ်ကို လက်သီးဖြင့် ထိုး၍ ပိတ်လိုက်သည်။

“ငါလိုးတဲ့မှ”

လင်းဇီချန်၏ ရုတ်တရတ် လျှပ်တပြတ်တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရပြီးနောက် လီမော်ယွီက ကျယ်လောင်စွာ ကျိန်ဆဲလိုက်ကာ ဝင်လာသော လက်သီးကို ရှောင်ရန် အမြန်နောက်ဆုတ်လိုက်သည်။

‘အခြေခံဆဌမအဆင့် အမြန်နှုန်းမှာ ထိန်းထားတဲ့ ငါ့လက်သီးကို ရှောင်လိုက်တယ်ပေါ့…”

ဤသို့တွေး၍ လင်းဇီချန်က လီမော်ယွီကို နောက်ထပ် လက်သီးတစ်ချက် ထိုးလိုက်သည်။ ယခုအချိန်တွင် လီမော်ယွီသည် ပထမလက်ချက်ကို ရှောင်တိမ်းနေဆဲဖြစ်၍ လင်းဇီချန်၏ ဒုတိယလက်သီးချက်ကို တုံ့ပြန်ရန် အချိန်မရှိလိုက်ပေ။

‘ဘမ်း’ဟူသော အသံတစ်ခုကိုသာ ကြားလိုက်နိုင်သည်။

လင်းဇီချန်၏ လက်သီးသည် လီမော်ယွီ၏ မျက်နှာကို ပြင်းပြင်းထန်ထန် ထိမှန်ကာ ချက်ခြင်းဆိုသကဲ့သို့ပင် သိသာပြတ်သားသော အနီကွက်ကြီးတစ်ခု ပေါ်လာသည်။ ဤလက်သီးက ပြင်းထန်လွန်းလှသည်မဟုတ်သော်လည်း မာရှိဝေကို ထိုးခဲ့သော လက်သီးအားဖြင့် ထိုးလိုက်ခြင်းသာဖြစ်သည်။ ထို့ကြောင့် လီမော်ယွီက နောက်သို့ လွင့်ထွက်မသွားခဲ့ဘဲ ခြေနှစ်လှမ်းမျှသာ နောက်ဆုတ်သွားသည်။

တစ်ချိန်တည်း၌ပင် သူ့မျက်နှာက ဖောင်းကားလာခြင်းမရှိသော်လည်း နာကျင်လွန်းသဖြင့် လက်တစ်ဖက်ဖြင့် အုပ်ကာ နာကျင်စွာ ရှုံ့တွနေသည်။

‘ခိုင်မာတဲ့ ခုခံမှုစနစ်ပဲ… အခြေခံဆဌမအဆင့်အတွက် အတော်လေးမြင့်တဲ့အဆင့်မှာရှိတယ်’

လင်းဇီချန်က မျက်နှာကို နာကျင်စွာကိုင်ထားသည့် လီမော်ယွီကို ကြည့်၍ တိတ်တဆိတ်အကဲဖြတ်လိုက်သည်။

“ခိုးကြောင်ခိုးဝှက်တိုက်ခိုက်နေတာ… မင်းမှာ သိုင်းပညာ ကျင့်ဝတ်မရှိဘူးလား” လီမော်ယွီက လင်းဇီချန်ကို ကြည့်ကာ မျက်နှာတစ်တက်ကို လက်ဖြင့်အုပ်လျက်ပြောလိုက်သည်။

လင်းဇီချန်က လက်သီးတစ်ချက် ရုတ်တရက် ထိုးလိုက်သောကြောင့်အရှက်ရကာ အနည်းငယ်ဒေါသထွက်သွားရသည်။ သို့သော်လည်း မကြာမီ၌ပင် သူက ပြုံးကာ ပြောလိုက်၏။

"ကဲ၊ ငါ မင်းကို အပြည့်အဝ အာရုံစိုက်နေပြီ၊ မင်းရဲ့ လက်သီးတွေက ငါ့ကို ထိဖို့ ခက်လိမ့်မယ်"

လင်းဇီချန်က စကားဖြင့် မတုံ့ပြန်သော်လည်း လီမော်ယွီကို နောက်တစ်ချက်ထပ်ထိုး၍ တုံ့ပြန်မှုအရှိန်ကို စမ်းသပ်လိုက်သည်။

ယခုတစ်ကြိမ် ကြိုတင်ပြင်ဆင်ထားသည့် လီမော်ယွီသည် အမှန်တကယ်ပင် ပိုမိုမြန်ဆန်စွာ တုံ့ပြန်ခဲ့သည်။

အခြေခံသတ္တမအဆင့်အမြန်နှုန်းဖြင့် လင်းဇီချန်သည် တိုတောင်းသော ဆယ်စက္ကန့် အတွင်း လက်သီး ၅၂ချက် ထိုးပစ်ခဲ့သော်လည်း ၉ ကြိမ်သာထိမှန်၍ လီမော်ယွီ၏ နှုတ်ခမ်းထောင့်၌ ပွန်းရှဒဏ်ရာများဖြစ်ပေါ်လာသည်။

ဒုတိယထပ် စင်္ကြံတွင် ကျောင်းခေါင်းဆောင်များ အားလုံးသည် သိုင်းစင်မြင့်တွင် တိုက်ပွဲကို စေ့စေ့ကြည့်နေကြသည်။

လင်းဇီချန်၏ တစ်စက္ကန့်လျှင် လက်သီးငါးချက်အမြန်နှုန်းကို မြင်သောအခါ လူတိုင်း၏အမူအရာက အံ့အားသင့်မှုအဖြစ် ပြောင်းလဲသွားသည်။

"လင်းဇီချန်ရဲ့ အမြန်နှုန်းက ချဲ့ကားလွန်းတယ်၊ မဟူရာကြောင်နက်မျိုးဗီဇနဲ့ ပေါင်းစပ်ထားတဲ့ မာရှိဝေထက်တောင် ပိုမြန်ပုံရတယ်။ သူဒီလိုဖြစ်အောင် ဘယ်လို လေ့ကျင့်ထားလဲမသိဘူး။"

"ဒါက မြန်ပါတယ် ဒါပေမယ့် ကံမကောင်းစွာပဲ၊ ဒါဟာ လီမော်ယွီအတွက် အများကြီး ထိခိုက်မှု မရှိဘူး။ သူတို့ တိုက်ပွဲရလဒ်ကို ဆုံးဖြတ်လို့ရပြီ”

"တကယ်တော့ လီမော်ယွီက ပိုနှေးနိုင်ပေမယ့် သူ့မှာ တောင့်တင်းတဲ့ အသားအရေ၊ အရမ်းမြင့်တဲ့ ခံစစ်စွမ်းရည်ရှိပြီး သူ့လက်သီးတွေကို ခံနိုင်ရည်ရှိတယ်။ တစ်ဖက်ကပြောရရင် သူသာ လီမော်ယွီရဲ့ လက်သီးကို ခံရရင် ချက်ချင်းအဲ့နေရာကနေ ပြုတ်ကျသွားမှာအသေအချာပဲ”

"ဟုတ်တယ်၊ သူတို့နှစ်ယောက်ကြားက ကွာဟချက်က အရမ်းကြီးတယ်။ ဒီနှစ်ရဲ့ လူသစ်ဘုရင်က လီမော်ယွီဖြစ်လာတော့မယ်ထင်တယ်”

အချင်းချင်း ဆွေးနွေးကြပြီးနောက် ကျောင်းခေါင်းဆောင်များ အားလုံးသည် တိုက်ပွဲအဆုံး၌ လီမော်ယွီက လူသစ်ဘုရင်ဖြစ်လာမည်ဟု ခံစားမိခဲ့ကြသည်။

၎င်းတို့အနက်မှ မာကျန်းဟယ်သည် သူ့ဘေးနားရှိ ကျောင်းအုပ် လျို့ချွမ်ဝူကို ဦးစွာကြည့်လိုက်သည်။

"ကျောင်းအုပ်လျို့ ဒီတစ်ခါ ခင်ဗျား ရှုံးပြီထင်တယ်”

လျို့ချွမ်ဝူက သူ့ကို မတုံ့ပြန်ဘဲ မျက်မှောင်ကျုံ့လျက် လင်းဇီချန်က လီမော်ယွီနှင့် ထိပ်တိုက်မတိုက်ဘဲ စစ်မြေပြင်၌ လှည့်စားသည့်နည်းကိုသုံးကာ တိုက်ခိုက်ရန် မျှော်လင့်လျက်ရှိသည်။

ထိုသို့ဖြင့် လင်းဇီချန် အနိုင်ရနိုင်ခြေအနည်းငယ်ရှိနိုင်သည်။

အခန်း(၁၅၆) လူသစ်ဘုရင် မွေးဖွားခြင်း

သိုင်းစင်မြင့်ထက်တွင်။

လီမော်ယွီ၏တုံ့ပြန်မှုအရှိန်ကို ထပ်မံစမ်းသပ်ပြီးနောက်

လင်းဇီချန်သည် နောက်သို့ ပေါ့ပါးစွာ ခုန်ဆင်းကာ လီမော်ယွီနှင့်အကြား၌ အကွာအဝေးတစ်ခုကို ဖန်တီးလိုက်သည်။ ထို့နောက် လီမော်ယွီ၏ နောက်ဆုံးခွန်အားကို စမ်းသပ်ရန် ကြိုးစားခဲ့သည်။

လီမော်ယွီသည် လင်းဇီချန်၏အတွေးကို မသိဘဲ လင်းဇီချန်၏တိုက်ခိုက်မှုများသည် ထိရောက်မှုမရှိကြောင်း သက်သေပြခဲ့ပြီးဖြစ်၍ ရပ်တန့်ကာ နောက်ပြန်ဆုတ်သွားခြင်းဖြစ်သည်ဟုထင်ခဲ့သည်။

ဤသည်ကို တွေး၍ သူက ရယ်လိုက်၏။

"လင်းဇီချန်၊ မင်းရဲ့အရှိန်ကို ငါလျှော့တွက်ခဲ့တယ်"

"ဒါပေမယ့် ဖြစ်ချင်တော့ မင်းရဲ့အင်အားက နည်းလွန်းတယ်။ မင်းငါ့ကို ထိဖို့အထိ မြန်တယ်ဆိုရင်တောင် မင်း ကြီးကြီးမားမား ထိခိုက်မှုတစ်ခုမှ မလုပ်နိုင်ဘူး။ ဒီတိုက်ပွဲက မင်းအရှုံးပဲ။"

"ကဲ ငါ့အလှည့်ပဲ"

ထိုသို့ပြော၍ လီမော်ယွီက သူ၏ ခြေသလုံးကြွက်သားများကိုသုံးကာ မြေပြင်သို့ ခြေဆောင့်၍ ဒုံးကျည်တစ်စင်းကဲ့သို့ ပျံတက်လျက် လင်းဇီချန်၏ မျက်နှာကို ခုန်၍ ထိုးလိုက်သည်။

လင်းဇီချန်ကက လူများ၏ မျက်နှာကို ထိုးရန်ဝါသနာပါနေသောကြောင့် လင်းဇီချန်၏ မျက်နှာသို့ ပြင်းပြင်းထန်ထန်ရည်ရွယ်ကာ ထိုးပစ်ခဲ့ခြင်းဖြစ်သည်။

လီမော်ယွီ၏ မြန်နှုန်းမြင့်ချီတက်မှုကို ရင်ဆိုင်ရသော်လည်း လင်းဇီချန်က ရှောင်ရန် ရည်ရွယ်ချက်မရှိ တစ်လက်မမျှ မရွေ့ဘဲ ထိုနေရာတွင် ရပ်နေခဲ့သည်။

သူသည် လီမော်ယွီ၏ ခွန်အားကိုစမ်းသပ်ရန်အတွက် ထိပ်တိုက်အထိုးခံရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

"လင်းဇီချန်၊ ရှောင်တော့"

စင်မြင့်အောက်က သာမာန်တန်း၏ ကျောင်းသားများက ထိုနေရာ၌ မလှုပ်မရှားဘဲ ရပ်နေသည်ကို မြင်သောအခါ ထိတ်လန့်တကြားအော်လိုက်ကြသည်။

အခြားတစ်ဖက်တွင် ဒုတိယထပ်စင်္ကြံရှိ ကျောင်းခေါင်းဆောင်များအားလုံးသည် ကျောင်းအမှတ်တစ်ရာ ရရှိမည့် အလားအလာကို မြင်သဖြင့် ဝမ်းမြောက်စွာ ပြုံးနေကြသည်။

အထူးသဖြင့် ပုံမှန်အားဖြင့် ပြုံးခဲသော မာကျန်းဟယ်သည် လျို့ချွမ်ဝူကို လှောင်ပြောင်ရန် လုံးလုံးလျားလျား ပြင်ဆင်ထားသည်။ သိုင်းစင်မြင့်တွင် လီမော်ယွီသည် လက်သီးကို ပြင်းပြင်းလွှဲ၍ လင်းဇီချန်၏ မျက်နှာကို ထိုးလိုက်သည်။ ၎င်းတိုက်ခိုက်မှုတွင် အလွန်ပြင်းထန်သော ကြောက်မက်ဖွယ်အင်အားနှင့် အလွန်မြန်ဆန်သော အမြန်နှုန်းတို့ ပါဝင်သောကြောင် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

ဤလက်သီးချက်က လင်းဇီချန်၏ မျက်နှာပေါ်ရောက်သွားလျှင် လင်းဇီချန် ရှုံးနိမ့်မည်မှာသေချာကြောင်း လူတိုင်းသိကြသည်။

သို့သော် တိုက်ပွဲက ပြီးဆုံးတော့မည်ဟု လူတိုင်းက ထင်နေသော အခိုက်အတန့်တွင်

မယုံနိုင်စဖွယ်မြင်ကွင်းတစ်ခုဖြစ်ပေါ်လာသည်။

ကျယ်လောင်သော "ပေါက်ကွဲသံ" နှင့်အတူ လီမော်ယွီ၏ စွမ်းအားအပြည့်ပါသော လက်သီးသည် လင်းဇီချန်၏ မျက်နှာပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။ ထို့နောက်တွင် လင်းဇီချန်၏ ခန္ဓာကိုယ်က လှုပ်ခါသွားခြင်းမရှိသည့်အပြင် စင်ပေါ်မှလည်း လွင့်ထွက်သွားခြင်းမရှိပေ။

ဆန့်ကျင်ဘက်အနေဖြင့် လီမော်ယွီ၏ အမူအရာက ရုတ်တရက် သိသိသာသာ ပြောင်းလဲသွားကာ ‘အား’ဟု နာကျင်စွာအော်ဟစ်လိုက်သည်။

"ငါ့လက်… ငါ့လက်ကွဲသွားပြီ"

လီမော်ယွီသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ သူ၏ညာလက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။ သူကခါးကိုင်းလျက် မြေပြင်နှင့်နှဖူးထိကာ အလွန်အမင်းနာကျင်မှုကြောင့် အော်သံများစွာထွက်လာသည်။

သူ၏ ညာလက်၊ လက်ကောက်ဝတ်နှင့် လက်တစ်ချောင်းလုံး ကျိုးကြေသွားပြီဖြစ်သည်။

ကျိုးသွားရသည့်အကြောင်းအရင်းမှာ သူ၏ လက်က လင်းဇီချန်၏ မျက်နှာတမျှ မမာသောကြောင့်ဖြစ်ကာ လက်သီးက မျက်နှာနှင့်ထိလိုက်သည်နှင့် အရိုးများ ချက်ချင်းကျိုးကြေသွားသည်။ တစ်ခဏအတွင်း၌ပင် ပြင်းထန်သော ဝေဒနာက သူ့ခန္ဓာကိုယ်အနှံ့သို့ ပျံ့နှံ့သွားကာ ကြောက်လန့်တကြား ရှုံ့မဲ့၍ ကျယ်လောင်စွာ အော်ဟစ်လျက် တံတွေးနှင့် ချွဲများ ထိန်းမနိုင်သိမ်းမရ ယိုကျလာသည်။

"ဘာတွေဖြစ်နေတာလဲ"

"လီမော်ယွီဘာဖြစ်သွားတာလဲ၊ ကမ္ဘာပေါ်မှာ ဘာဖြစ်နေတာလဲ"

"လင်းဇီချန် နိုင်သွားတာလား"

ထိုအချိန်တွင် ကွင်းတစ်ခုလုံး ဆူညံသွားသည်။ သိုင်းစင်မြင့်တွင် ဖြစ်ပျက်နေသည့် မြင်ကွင်းကို လူတိုင်း နားမလည်နိုင်ဘဲ တုန်လှုပ်ခြောက်ခြားသွားကြသည်။ လီမော်ယွီက လင်းဇီချန်၏ မျက်နှာကို ထိုးနှက်လိုက်ခြင်းဖြစ်ကာ အဘယ်ကြောင့် လီမော်ယွီက အော်ဟစ်နေသနည်း။

‘ဒီမြင်ကွင်းက ထူးဆန်းလွန်းတယ်…’

သိုင်းစင်မြင့်ထက်မှ လင်းဇီချန်သည် မြေပြင်ပေါ်တွင် ဒူးထောက်ထိုင်နေသော လီမော်ယွီကို တိတ်တဆိတ် အကဲဖြတ်လျက်ရှိသည်။ နတ်ဆိုးမျက်လုံးဧရာမမျောက်ဝံ သွေးမျိုးစပ်သည် သူ့လက်သူ ဖြိုခွဲရန်အထိ ခွန်အားလုံလုံလောက်လောက်ရှိရာ ခွန်အားက ခုခံအားထက် ပိုမိုကြီးမား၏။

ထို့နောက် သူက စင်မြင့်အောက်ရှိ ဆေးဘက်ဆိုင်ရာဝန်ထမ်းများဆီသို့ လှမ်းအော်လိုက်သည်။

"လီမော်ယွီရဲ့ ညာလက်က ကြေမွသွားပြီထင်တယ်။ မြန်မြန်ထပြီး အရေးပေါ် ကုသမှုပေးဖို့ လာခဲ့ကြပါ”

လီမော်ယွီသည် သူ၏ညာလက်တစ်ချောင်းလုံး ကျိုးကြေသွားခဲ့သည်။ လင်းဇီချန်၏ စကားကို ကြားသောအခါ ဆေးဝန်ထမ်းများ၏ မျက်နှာထက်၌ အံ့သြမှုများ ဖြတ်ပြေးသွားသည်။ ထို့နောက်တွင် ၎င်းတို့အားလုံးသည် သိုင်းဇာတ်ခုံပေါ်သို့ အမြန်ပြေးတက်ကာ လီမော်ယွီ၏ ညာလက်မှ ဒဏ်ရာကို စတင်စစ်ဆေးခဲ့ကြသည်။

လီမော်ယွီ၏ ညာလက်တစ်ခုလုံး ပုံပျက်သွားသည်ကို တွေ့လိုက်သောအခါ အားလုံးက တုန်လှုပ်စွာဖြင့် မြင်လိုက်သမျှကို မယုံနိုင်ဖြစ်သွားကြသည်။

“လမ်းဖယ်ပေးကြပါ”

ဤအခိုက်အတန့်တွင် အေးစက်သော အမျိုးသမီးအသံတစ်ခုက သိုင်းဇာတ်ခုံပေါ်တွင် ပဲ့တင်ထပ်လာသည်။

ယင်းကား ယွမ်သုန်ကျီဖြစ်သည်။

သူမက ဒုတိယထပ်စင်္ကြံမှ သိုင်းဇာတ်ခုံသို့ တိတ်တဆိတ်ဆင်းလာခဲ့ရာ သူမကို မြင်သောအခါ ဆေးဘက်ဆိုင်ရာဝန်ထမ်းများက အမြန်နေရာဖယ်ပေးလိုက်ကြသည်။ ယွမ်သုန်ကျီသည် လီမော်ယွီဆီသို့ လှမ်းလာကာ ညာလက်ကို ကိုင်လျက် သူမ၏ ဝိညာဉ်စွမ်းအားဖြင့် ဒဏ်ရာကို စစ်ဆေးလိုက်သည်။

ညာလက်တစ်ဘက်လုံး၊ လက်ကောက်ဝတ်နှင့် လက်မောင်းတစ်ပိုင်းလုံး ကျိုးကြေသွားသည်ကို တွေ့ရှိသောအခါ ယွမ်သုန်ကျီ၏ စိတ်ထဲမှ အလွန်တုန်လှုပ်သွားရသည်။

ဒီဒဏ်ရာက ဘယ်လိုဖြစ်သွားတာလဲ။

‘သူ့လက်က လင်းဇီချန်ရဲ့ မျက်နှာကို ထိမိပြီး သူ့ကိုယ်ထဲက ခွန်အားတွေ ပြန်ကန်ထွက်လာလို့လား’

‘လင်းဇီချန်ရဲ့ မျက်နှာက ဘယ်လောက်တောင် မာလို့လဲ’

ဤသို့စဥ်းစားနေလျက် ယွမ်သုန်ကျီသည် နှင်းဖြူဆေးပြားကို ထုတ်ကာ လီမော်ယွီ၏ ပါးစပ်ထဲသို့ လက်ချောင်းဖြင့် တိကျစွာထည့်တိုက်၍ သူ့လက်ဒဏ်ရာကို အမြန်ပျောက်ကင်းအောင် ကူညီပေးခဲ့သည်။

တစ်ချိန်တည်း၌ပင် သူမသည် သူမ၏ ဝိညာဉ်စွမ်းအားကို မသိမသာ လွှတ်ပေးကာ လင်းဇီချန်၏ ခန္ဓာကိုယ်ကို စုံစမ်းရန် ကြိုးစားလိုက်သည်။ လင်းဇီချန်၏အာရုံများသည် အလွန်ထက်မြက်လွန်းလှသဖြင့် ယွမ်သုန်ကျီက ထိုဖြစ်ပျက်ခဲ့သည့်အရာများကို စုံစမ်းရန် ဝိညာဉ်စွမ်းအားကိုအသုံးပြုနေကြောင်း သတိထားမိလိုက်သည်။

သို့သော် သတိမထားမိသည့်ဟန်ဖြင့် ယွမ်သုန်ကျီကိုသာ ဆက်လက်စစ်ဆေးစေခဲ့သည်။ သူ၏ သဘာဝ ဖုံးကွယ်ခြင်းစွမ်းအားဖြင့် ယွမ်သုန်ကျီ၏ စစ်ဆေးမှုကို လှည့်စားနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။

သေသေချာချာ စစ်ဆေးပြီးနောက် လင်းဇီချန်၏သွေးမျိုးဆက်စွမ်းအားအဆင့်သည် အခြေခံဆဋ္ဌမအဆင့်တစ်ခုဖြစ်ကာ အရေပြားကြံ့ခိုင်မှုမှာ အခြားအဆင့်များထက် အဆမတန်များပြား၍ သူ၏မျက်နှာအရိုးများနှင့် ကြွက်သားများ၏ ကြံ့ခိုင်မှုမှာ အဓိပ္ပါယ်မဲ့စွာမြင့်မားနေကြောင်း ယွမ်သုန်ကျီ သိရှိခဲ့သည်။

ဤအရာများမှလွဲ၍ မည်သည့်သာမန်မဟုတ်သောအရာကိုမျှ မတွေ့ခဲ့ရပေ။

သို့သော် ၎င်းက ထူးဆန်းသည်။

မျက်နှာအရိုးများနှင့် ကြွက်သားများသည် အဘယ်ကြောင့် အဓိပ္ပါယ်မဲ့စွာ သန်မာနေသနည်း။

အဘယ်ကြောင့် အခြားအစိတ်အပိုင်းများက သာမန်ဟုထင်ရသနည်း။

All Chapters