← Chapters

အပိုင်း ၁၅၇-၁၅၉

Vol. 11 Ch. 157-159

အပိုင်း ၁၅၇-၁၅၉

Vol. 11 Ch. 157-159

အခန်း(၁၅၇) လူသစ်ဘုရင် မွေးဖွားခြင်း

၎င်းသည် လူ့ဇီဝကမ္မဖွဲ့စည်းပုံနှင့် မကိုက်ညီေပ။

ယွမ်သုန်ကျီသည် ဤကိစ္စနှင့်ပတ်သက်၍ အတန်ငယ်စိတ်ရှုပ်သွားသဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။ ခဏမျှတွေးတောပြီးသည့်တိုင် သူမ မည်သည့်ရှင်းပြချက်မျှ မထုတ်နိုင်သဖြင့် သိုင်းစင်မြင့်ထက်မှ ဆင်း၍ ဒုတိယထပ်စင်္ကြံဆီသို့ ပြန်သွားခဲ့သည်။

သူမရောက်သည်နှင့် တခြားကျောင်းခေါင်းဆောင်များက အောက်၌ မည်သို့မည်ပုံဖြစ်ခဲ့သည်ကို မေးလျက်ရှိကြသည်။

သူမ ခပ်များများမပြောခဲ့ပေ။

လီမော်ယွီ၏ ညာလက်က ကျိုးသွားခဲ့ကြောင်း လင်းဇီချန်၏ သွေးမျိုးဆက်စွမ်းအားအဆင့်သည် အခြေခံဆဌမအဆင့်၌သာရှိနေကြောင်း လင်းဇီချန်၏ မျက်နှာအရိုးများနှင့် ကြွက်သားများသည် သဘာဝကျစွာပင် ပြင်းထန်သောခွန်အားရှိနေကြောင်း ပြောခဲ့သည်။ သူမသည် သိုင်းစင်မြင့်ထက်၌ ဖြစ်ပျက်ခဲ့သော ထူးဆန်းသည့်အဖြစ်အပျက်ကို ရှင်းပြရန် ဤအဓိကအချက်သုံးခုကို ထောက်ပြခဲ့သည်။

လင်းဇီချန်ကသွေးသန့်စင်ခြင်းကျင့်စဥ်မှ အရေပြားသန့်စင်ခြင်းအဆင့်တစ်ခုလုံး ပြီးမြောက်ခဲ့သည့်အချက်ကိုမူ သူမ ဖုံးကွယ်ထားလိုက်သည်။ အခြားကျောင်းခေါင်းဆောင်များက သူမပြောသည်ကိုကြားသောအခါ မယုံမကြည်နိုင်ဖြစ်နေကြသည်။

‘သွေးမျိုးဆက်စွမ်းအားအခြေခံအဆင့်ထက် ပိုမြင့်နေတာလား

သို့သော်သွေးမျိုးစပ်ခြင်း သို့မဟုတ် စက်ရုပ်လူသား ပြုပြင်မွမ်းမံမှုမပြုလုပ်ထားဘဲ ကျောင်းစတက်သော ကျောင်းသားအသစ်သည် မည်ကဲ့သို့ သွေးမျိုးဆက်စွမ်းအား အခြေခံဆဌမအဆင့်သို့ရောက်နိုင်မည်နည်း။

‘အဲ့တာ လူ့အရေပြားထဲရှိနေတဲ့ ဆန်းကြယ်သားရဲဖြစ်ရမယ်’

ကျောင်းခေါင်းဆောင်များက ဤအကြောင်းကို တွေးလေလေ အဓိပ္ပါယ်မရှိသည့်အလား ပို၍ ထင်ရလေလေဖြစ်နေသည်။ လျို့ချွမ်ဝူသည်လည်း အနည်းငယ်ထူးဆန်းသည်ဟုထင်ခဲ့သည့်တိုင် ဣန္ဒြေရှိချင်ယောင်ဆောင်၍ ပြောလိုက်သည်။

“ဒါက သွေးသန့်လူသားလမ်းစဥ်ရဲ့ စွမ်းအားပဲ။ သွေးသန်စင်ခြင်း ကျင့်စဥ်ကစွမ်းအားပဲ”

ထိုစကားကိုကြားသောအခါ အခြားသူများက အနည်းငယ်မသိမသာ လှောင်ပြုံးပြုံးလိုက်မိကြသည်။

လျို့ချွမ်ဝူ… အရှုံးပေးလိုက်စမ်းပါ။ မင်း ရှုံးတော့မှာ ကြောက်လို့ သိသိသာသာ ပြာနှမ်းနေပြီကို အခု သွေးသန့်လူသားလမ်းစဥ်အတွက် အမှတ်ဝင်ယူချင်နေတာလား’

အနားမှ ယွမ်သုန်ကျီသည် သိုင်းစင်မြင့်ထက်မှ လင်းဇီချန်ကိုတိတ်တဆိတ်လှမ်းကြည့်ကာ တွေးတောလျက်ရှိသည်။

‘ဒီလင်းဇီချန်… သူ ချန်ရွှယ်နဲ့ တူတဲ့လူများလား’

‘မဟုတ်ဘူး မဖြစ်နိုင်ဘူး’

ရွယ်တူချင်းများထက် ပို၍ သန်မာသော ကိုယ်ခန္ဓာခွန်အားကို ပိုင်ဆိုင်ထားသည့်အပြင် ၎င်းတို့နှင့် လုံးလုံးလျားလျား တူညီသောအရာလည်းမရှိပေ။

သိုင်းစင်မြင့်၌ ယွမ်သုန်ကျီထွက်သွားသည်ကိုမြင်သော လင်းဇီချန်က သူ၏ သွေးမျိုးဆက်စွမ်းအားထဲမှ သဘာဝဖုံးကွယ်ခြင်းစွမ်းအား၏ အကျိုးသက်ရောက်မှုက ရှန်ဟိုင်းတက္ကသိုလ်ရဲ့ ဒုတိယဥက္ကဌဖြစ်သော သူမကို အောင်မြင်စွာလှည့်စားနိုင်ခဲ့ကြောင်းသိလိုက်ရသည်။

ဤအကြောင်းကိုတွေးကာ သူ့ရင်ထဲမှအနည်းငယ်ပျော်ရွှင်သွားရသည်။

သွေးမျိုးဆက်စွမ်းအားအဆင့်၏ အကျိုးသက်ရောက်မှုသည် သူထင်ထားသည်ထက် များစွာပို၍ ကောင်းမွန်လှသည်ဖြစ်ရာ ထိုအချိန်၌ ညာလက်ကျိုးသွားသည့် လီမော်ယွီက အပြည့်အဝ ပြန်လည်ကောင်းမွန်နေပြီဖြစ်သည်။

ဉာလက်ကို ဆုပ်ကိုင်ကြည့်လိုက်ပြီးနောက် အသစ်အတိုင်းပြန်လည်ကောင်းမွန်နေပြီဖြစ်ကြောင်း မြင်လိုက်ရသဖြင့် ၎င်းတို့က အလွန်ပြင်းထန်စွာ တုန်လှုပ်သွားကြသည်။

‘ယွမ်သုန်ကျီ ငါ့ကို တိုက်လိုက်တဲ့ ဆေးက ဘယ်လို ဆေးမျိုးလဲ။ သူ့အနာကျက်နိုင်စွမ်းက ဒီလောက်ပြင်းလား”

လီမော်ယွီသည် ၎င်းကို အလွန်အမင်း မစဉ်းစားဘဲ လင်းဇိချန်ထံ အမြန်လှမ်းကြည့်လိုက်သည်။ လင်းဇီချန်၏ မျက်နှာကို တစ်ချက် ထိုးလိုက်သည့် လက်ချက်ကြောင့် ညာလက်သည် ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားကာ သူ့အကြောများအားလုံးပြတ်ထွက်သွားသည့်အလား ခံစားခဲ့ရသည်။

သူ၏ အာရုံကြောများ တုန်လှုပ်သွားသကဲ့သို့ ခံစားရသည့်အထိပြင်းထန်သော ထိုလက်ချက်သည် သည်းမခံနိုင်လောက်အောင် နာကျင်လှသည်။ သူ့ခံစားချက်ကို အနည်းငယ် တည်ငြိမ်အောင် ထိန်းပြီးနောက် လီမော်ယွီက လင်းဇီချန်ကို နတ်ဆိုးတစ်ကောင်ကိုကြည့်နေသည့်အလားကြည့်၍ ပြောလိုက်သည်။

“မင်းရဲ့ ခွန်အားက ဘယ်လောက်လဲ”

လင်းဇီချန်က ပြန်မဖြေဘဲ မေး၏။

"မင်းလက်က အဆင်ပြေရဲ့လား"

"ကောင်းပါတယ်၊ အသစ်အတိုင်းပါပဲ။"

လီမော်ယွီသည် သက်သာသွားကြောင်း သက်သေပြရန် ညာလက်ကို ဆန့်ထုတ်လိုက်သည်။

"ဒါဆို ကောင်းပြီ"

ထိုသို့ပြော၍ လင်းဇီချန်က ရှေ့သို့ခြေတစ်လှမ်းလှမ်း၍ လီမော်ယွီဆီသို့သွားကာ ဝမ်းဗိုက်ကို ကန်ကျောက်လျက် သိုင်းစင်မြင့်မှ လွင့်ထွက်သွားစေခဲ့သည်။

လေထုအလယ်၌ ရှိနေသော လီမော်ယွီသည် မေးခွန်းအပြည့်ဖြစ်နေသော မျက်နှာဖြင့် ကြည့်နေ၏။

‘မင်း ငါ့ကို စင်ပေါ်က ကန်ချရင် အပြစ်မကင်းဖြစ်နေမှာစိုးလို့ လက်နာနေသေးလားလို့ မေးတာလား’

[တစ်စက္ကန့်]

[နှစ်စက္ကန့်]

[သုံးစက္ကန့်]

[လေးစက္ကန့်…]

စင်ပေါ်မှ လီမော်ယွီ လွင့်ထွက်သွားချိန်တွင် အချိန်မှတ်နာရီက ချက်ချင်းပြန်ပေါ်လာကာ စတင်ရေတွက်၏။ အချိန်တိုင်းနာရီက ဆယ်စက္ကန့်ပြည့်သောအခါ လီမော်ယွီသည် မြေပြင်မှထ၍ စင်ပေါ်ရှိ လင်းဇီချန်ကို လှမ်းအော်ပြောလိုက်သည်။

"လင်းဇီချန်၊ ငါ့ရဲ့ သွေးမျိုးစပ်ထားတာ ပိုပြီး ကောင်းလာရင် မင်းကို စိန်ခေါ်ဖို့ ငါပြန်လာပြီး သေချာပေါက်အနိုင်ယူပြမယ်”

ဟယ့်ယွီက ဝင်ပြော၏။

"မင်းတစ်ယောက်တည်း သွေးမျိုးစပ်လို့ရတာလား လင်းဇီချန်လည်း သွေးမျိုးစပ်ပြီး သူ့တစ်ဘဝလုံး မင်းခေါင်းပေါ် ချီးတက်ပါနေလို့ရတာပဲလေ”

"သွေးမျိုးစပ်တာအတွက် ငါ့ရဲ့ မျိုးစပ်နိုင်စွမ်းက ၁၆ ရာခိုင်နှုန်းအထိ မြင့်နေတာကြောင့် အဖွဲ့အစည်းအများစုက ငါ့ကို ပျိုးထောင်ပေးချင်ကြတယ်ကွ။ သွေးမျိုးစပ်တဲ့လမ်းကြောင်းမှာ ငါ့အစ်ကို လီရီကျင်းကလွဲလို့ ဘယ်သူမှ ငါ့ထက်ပိုမသန်မာနိုင်ဘူး”ၑ

“ဟာသပဲ”

အခြားသော ပုံမှန်အတန်းမှ ကျောင်းသားသစ်အချို့က သရော်လှောင်ပြောင်ရယ်မောလိုက်ကြသည်။

"ကောင်းလိုက်တာ၊ ငါဒီလောက်ကြာအောင် နေခဲ့ရတာ ဒီလိုပြောင်ပြောင်တင်းတင်း စိတ်ကြီးဝင်ပြီး ရှုံးတဲ့သူကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ"

အထူးတန်းမှ လူငယ်တစ်ယောက်က ဝင်ပြောသည်။

"မင်းဘာအတွက် ဟန်ဆောင်နေတာလဲဆိုတာ ငါမသိဘူး၊ လင်းဇီချန်ကို လီမော်ယွီရှုံးတာက မင်းကိုရှုံးတာနဲ့ မတူဘူးကွ"

"အဟက် ငါက ပုံမှန်တန်းရဲ့ ကျောင်းသားဖြစ်ပြီး လင်းဇီချန်က ပုံမှန်တန်းမှာပဲရှိနေသရွေ့ မင်းတို့ အထူးတန်းကို ငါဆက်လှောင်နေလို့ရတယ်ကွ”

"အရှုံးသမား မင်းမှာ ဝင်ရယ်ဖို့ ဘာအခွင့်အရေးရှိလို့လဲကွ”

အားမာန်အပြည့်ရှိသော လူငယ်များက အလွယ်တကူ စတင်ငြင်းခုံကြသည်။

စစ်မြေပြင်သို့ လူများ များလာလေလေ ၎င်းသည် သာမန်ကျောင်းသားနှင့် ပါရမီရှင်အတန်းအကြားရှိ စကားအပြောအဆိုများအဖြစ်သို့ တဖြည်းဖြည်းပြောင်းလဲသွားသည်။

သိုင်းစင်မြင့်တွင်

လင်းဇီချန်သည် ငြိမ်သက်စွာ တစ်ကိုယ်တည်း ရပ်ကာ အချိန်မှတ်နာရီကို တစ်မိနစ်ထိ စောင့်၍ လူသစ်ဘုရင်ဘွဲ့ကို အရယူတော့မည်ဖြစ်သည်။

ထိုအချိန်တွင် စင်မြင့်ပေါ်၌ သူ့ကို စိန်ခေါ်ဝံ့သူ တစ်ယောက်မျှ မရှိတော့ပေ။

လူတိုင်းသည် လူသစ်ဘုရင်မွေးဖွားခြင်းကို စောင့်ဆိုင်းလျက် ဖန်သားပြင်ထက်မှ အချိန်မှတ်နာရီကို တိတ်တဆိတ်စောင့်ကြည့်၍ ငြင်းခုန်နေကြသည်။

[၅၇ စက္ကန့်]

[၅၈ စက္ကန့်]

[၅၉ စက္ကန့်]

[၆၀ စက္ကန့်]

အချိန်မှတ်နာရီက [၆၀ စက္ကန့်] သို့ရောက်သည်နှင့်အမျှ ဖန်သားပြင်ကြီးမှ အလင်းတန်းတစ်ခုထွက်လာကာ လင်းဇီချန်၏ မျက်နှာသို့ ထိုးလိုက်သည်။ ထို့နောက် လင်းဇီချန်၏ မျက်နှာပုံက စခရင်ပေါ်၌ ပေါ်လာ၏။ ဓာတ်ပုံအထက်တွင် အလွန်ထင်ရှားသော ဂုဏ်ပြုစာတစ်စောင်ပါရှိသည်။

[သိုင်းပညာအတန်း ၁ မှ လင်းဇီချန်အား ယခုနှစ်၏ လူသစ်ဘုရင် ဖြစ်လာသည့်အတွက် ဂုဏ်ယူပါတယ်]

သူက အတန်းမတက်သော်လည်း ကျောင်းသားစာရင်းတွင် သိုင်းပညာ အတန်း ၁ ဟု ရှိနေသေးသည်။

ထို့နောက် ချက်ခြင်းပင် အားကစားရုံ၏ ထုတ်လွှင့်မှုစနစ်မှ ဂုဏ်ပြုကြောင်း လွှင့်တင်ခဲ့သည်။

[ယခုနှစ်ရဲ့ လူသစ်ဘုရင်ဖြစ်လာတဲ့အတွက် သိုင်းပညာအတန်း ၁ မှ လင်းဇီချန်ကို ဂုဏ်ပြုပါတယ်]

ထိုအချိန်တွင် အားကစားရုံတစ်ခုလုံး တိတ်ဆိတ်သွားသည်။

လူသစ်ဘုရင်နေရာကို ပုံမှန်တန်းမှ ကျောင်းသားတစ်ဦးက အရယူနိုင်ခဲ့သည်။ ရှန်ဟိုင်းတက္ကသိုလ်ကို စတင်တည်ထောင်ချိန်မှစ၍ နှစ်ပေါင်းများစွာအတွင်း ပါရမီရှင်မဟုတ်သော ပုံမှန်တန်းမှ ကျောင်းသားသစ်တစ်ယောက်သည် လူသစ်ဘုရင်ဖြစ်လာကာ ပါရမီရှင်အတန်းမှ ကျောင်းသားတစ်ဦးကို အနိုင်ယူနိုင်ခဲ့သည်။

ဤသည်က ကျောင်းသမိုင်းကို ချိုးဖောက်ပစ်ခဲ့ခြင်းဖြစ်၏။ ဤအခိုက်အတန့်တွင် လူတိုင်းသည် ဤမယုံကြည်နိုင်လောက်သော အခိုက်အတန့်ကို မြင်တွေ့နေရသည်။

မကြာခင်၌ ခန်းမတစ်ခုလုံး ပွက်ပွက်ဆူလာသည်။

"ဇီချန်အရမ်းကောင်းတယ်"

"လင်းဇီချန်က လူသစ်ဘုရင်ဘွဲ့ကို တကယ်ယူခဲ့တာ မယုံနိုင်လောက်အောင်ပါပဲ"

"ဇီချန် သာမန်တန်းရဲ့ ကျက်သရေဆောင်"

ပုံမှန်တန်းမှ ကျောင်းသားသစ်အများအပြားသည် လင်းဇီချန်နှင့် ပုံမှန်တန်းမှ ကျောင်းသားများကို အားပေးကြသည်။ ထိုအချိန်တွင် အထူးတန်းမှ ကျောင်းသားများက ပွဲတစ်ခုလုံးကိုကြည့်လျက် အနည်းငယ် ရှက်ရွံ့လျက်ရှိကြသည်။

သိုင်းစင်မြင့်တွင် လင်းဇီချန်သည် အောက်မှ အားပေးသံများကို လုံးလုံးလျားလျားဂရုမစိုက်ပေ။ သူ၏ သွေးမျိုးဆက်စွမ်းအား ‘ကောင်းကင်မျက်စိ’ကို အသုံးပြု၍ အောက်ရှိ လူအုပ်ထဲမှ ရှန်ချင်းဟန်ကို လျင်မြန်စွာရှာနိုင်ခဲ့သည်။

ထို့နောက် သူသည် ရှန်ချင်းဟန်၏ နံဘေးသို့ ခုန်တက်ကာ သူမ၏ခါးကို လက်တစ်ဖက်ဖြင့် ပတ်လျက် သိုင်းစင်မြင့်ထက်သို့ ပြန်ခေါ်သွားခဲ့သည်။ ဤမြင်ကွင်းကြောင့် ပရိတ်သတ်များစွာက အလွန်အမင်းအံ့သြသွားကြသည်။

ရှန်ချင်းဟန်နှင့် သူ၏ဆက်ဆံရေးကို လူသိရှင်ကြားကြေညာရန် လင်းဇီချန်သည် သူ၏ လူသစ်ဘုရင်ဘွဲ့ကိုအသုံးပြုနေခြင်းဟု အချို့က တွေးကြသည်။

ရှန်ချင်းဟန်လည်း ထိုကဲ့သို့ တွေးလိုက်သည်၊ သူမ၏ လှပသော မျက်နှာက ပူထူလာကာ မျှော်လင့်ချက်ဖြင့် နှလုံးများအဆက်မပြတ်ခုန်နေသည်။ သူမ၏ ခြေထောက်နှစ်ဖက်ကို ကပ်၍ ကျုံ့ထားရုံမျှတပါး အခြားရွေးချယ်စရာမရှိတော့ပေ။

သိုင်းစင်မြင့်ထက်သို့ လူတိုင်း၏မျက်လုံးများက အာရုံစိုက်နေချိန်တွင် လင်းဇီချန်သည် စင်ပေါ်မှ မထင်မှတ်ဘဲ ခုန်ဆင်းသွားကာ ရှန်ချင်းဟန်တစ်ယောက်တည်းကို ချန်ထားခဲ့သည်။

တစ်ချိန်တည်းတွင် ကြီးမားသောစခရင်သည် ထုံးစံအတိုင်းပင် အချိန်ကိုက်နာရီကို ချက်ချင်းစတင်ခဲ့သည်။

[၁ စက္ကန့်]

[၂ စက္ကန့်]

[၃ စက္ကန့်]

[၄ စက္ကန့်…]

ချိန်ကိုက်နာရီ စတင်လာသည်နှင့်အမျှ လင်းဇီချန်က အထူးတန်း၏ ကျောင်းသားများကို ပြောလိုက်သည်။

"ဒုတိယကနေ ဆယ်နေရာမြောက်အထိ ငါအကုန်ယူမယ်”

ထိုစကားကြောင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။

လူတိုင်း တုန်လှုပ်သွားကြသည်။

‘လူသစ်ဘုရင်ဖြစ်လာတာတင် မကျေနပ်သေးဘဲ ဒုတိယနဲ့ ဒဿမနေရာအထိ လိုချင်နေတာလား’

‘ဘယ်လောက်တောင် လောဘကြီးလိုက်သလဲ’

"လင်းဇီချန်၊ မင်းအရမ်းလွန်သွားပြီ။ အထူးတန်းကလူတွေစုပြီး သူ့ကို ဝိုင်းဖြုတ်ပစ်လိုက်ကြရအောင်”

"သေစမ်း သူ့ကိုတိုက်ကြ"

"ငါတို့ ဒီနေ့ သူ့ကို အနိုင်မယူနိုင်ရင် ငါ့နာမည်ကို နောက်ပြန်ရေးမယ်"

"ပြီးတော့ စင်ပေါ်က သစ္စာဖောက်ရှန်ချင်းဟန်ကိုလည်း ရိုက်ပစ်ကြစမ်း”

"သူ့ကို သိုင်းစင်မြင့်ကနေ ဆွဲချပြီး ရိုက်ကြ”

ဤအခိုက်အတန့်တွင် အထူးအတန်းမှ ကျောင်းသားသစ်များ အားလုံးနီးပါးသည် နောက်ဆုံးအကောင်ကြီးကို သတ်ရန် စည်းလုံးလိုက်ကြသည့် ဂိမ်းကစားသမားများအလား လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ဆီသို့ ဝိုင်းလာကြသည်။

အစုလိုက်အပြုံလိုက် ရန်ပွဲများတွင် မမျှတမှုဆိုင်ရာ အယူအဆများနှင့်ပတ်သက်၍ ၎င်းတို့က လုံးလုံးလျားလျား ဂရုမစိုက်ကြပေ။

၎င်းတို့သည် အလွန်မာန်တက်နေသည့် လင်းဇိချန်နှင့် အထူးတန်း၏ သစ္စာဖောက် ရှန်ချင်းဟန်တို့ကို သတ်ပစ်ရန် ရည်ရွယ်ချက်တစ်ခုသာရှိတော့သည်။

အခန်း(၁၅၈) လူတစ်ဦးတည်းက အထူးတန်းတစ်တန်းလုံးကို ရှင်းပစ်ခြင်း

"ငါ ရှေ့တန်းကို တက်မယ် မင်းတို့ ဘယ်ညာနေရာယူကြ”

"ငါ ဘေးမှာရှိတယ်"

"ငါပြောက်ကျားနဲ့ ခိုးဝင်တိုက်မယ်၊ မင်းကို ကာပေးထားမယ်”

အထူးတန်း၏ ကျောင်းသားသစ်များသည် မိမိတို့၏ တာဝန်များကို ရှင်းလင်းတိကျစွာခွဲယူကာ လင်းဇီချန်ကို ၎င်းတို့၏ အရေအတွက်အသာဖြင့် လွှမ်းမိုးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ချက်ချင်း ပူးပေါင်းဆောင်ရွက်လာကြသည်။ အဘက်ဘက်မှ ရောက်ရှိလာသော ပါရမီရှင်ကျောင်းသားသစ်များကို ရင်ဆိုင်လျက် လင်းဇီချန်သည် ၎င်းတို့နှင့် ကစားနေရန် စိတ်မဝင်စားဘဲ ချက်ချင်းပင် လျှပ်တပြတ် ခုန်ထွက်လာသည်။

သူက အခြေခံသတ္တမအဆင့်စွမ်းအား၏ အရှိန်အဟုန်ဖြင့် ချီတက်လာကာ သူ့ကို တိုက်ခိုက်ရန်လာနေသော အထူးတန်းကျောင်းသားအသီးသီး၏ ရှေ့သို့ တက်ကြွစွာ ပြေးသွားသည်။

ယောက်ျားလေးဖြစ်စေ မိန်းကလေးဖြစ်စေ ၎င်းတို့အားလုံးကို လက်သီးဖြင့် ထိုးသတ်ပစ်လိုက်သည်။

“ဘမ်း”

“ဘမ်း… ဘမ်း… ဘမ်း…”

“ဘမ်း… ဘမ်း…”

လျင်မြန်သော လက်သီးသံများကို ဆက်တိုက်ကြားနေရသည်။ မကြာသေးမီကပင် ချီတက်လာကြသည့် အထူးတန်း၏ကျောင်းသားသစ်များက လင်းဇီချန်၏ အနီးနား၌ ရှိနေကြခဲ့ရာ နောက်ထပ်တစ်စက္ကန့်၌ တစ်ယောက်ပြီးတစ်ယောက်လွင့်ထွက်သွားကြသည်။

ထို့နောက် ၎င်းတို့အားလုံး မြေပြင်ပေါ်သို့ လဲကျကာ နာကျင်စွာ ကွေးကောက်၍ ပြန်မထနိုင်တော့ပေ။

လင်းဇီချန်သည် အထူးတန်း၏ ကျောင်းသားသစ်များအကြားမှ ပြင်းထန်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

မာရှိဝေက စတင်လှုပ်ရှားလိုက်သည်။

လင်းဇီချန်၏အာရုံပျံ့လွင့်မှုကို အခွင့်ကောင်းယူ၍ သူမသည် စင်မြင့်ပေါ်ရှိ ရှန်ချင်းဟန်ကို တိုက်ရိုက်ပစ်မှတ်ထားကာ ဝက်ခေါင်းမျက်နှာဖြင့် ပျံသန်းသွားလျက် လူအုပ်ကြားမှထွက်လာသည်။

လင်းဇီချန်သည် သူမ၏မျက်နှာကို ရောင်ရမ်းကာ အမြင်ဆိုးစေခဲ့သည့်အတွက် ရှန်ချင်းဟန်ကို ထပ်တူညီစွာ တုံ့ပြန်ရန်စီစဥ်ထားခြင်းဖြစ်သည်။ သူ၏ လှပသော စေ့စပ်ထားသူ၏ မျက်နှာက ဝက်ခေါင်းအဖြစ်သို့ ဖောင်းကားလာသည်ကို မြင်လိုက်ရလျှင် မည်သို့ဖြစ်သွားမည်ကို မာရှိဝေက သိချင်နေသည်။

"သစ္စာဖောက်၊ နင်သေဖို့ပြင်ထား"

မာရှိဝေသည် သူမ၏ ခြေသလုံးကြွက်သားများကို သုံးကာ သိုင်းစင်မြင့်၏ မီတာနှစ်ဆယ်ကျော် အကွာအဝေးသို့ ပြေးလာ၍ ခုန်ကာ စင်မြင့်ပေါ်သို့ ပြီးပြည့်စုံစွာ တက်လာခါနီးတွင် လင်းဇီချန်က ချက်ချင်းပင် သူမနောက်သို့ ခုန်၍ သူမ၏ တင်ပါးများကို ပြင်းပြင်းထန်ထန် ကန်ထုတ်လိုက်သည်။

ထို့နောက် ‘ပေါက်ကွဲသံ’ တစ်ခု ထွက်ပေါ်လာသည်။

လေထုအလယ်၌ မာရှိဝေသည် သူမ၏ တင်ပါးများ ကွဲထွက်တော့မည်ဟု ခံစားလိုက်ရသည်။

နောက်တစက္ကန့်တွင် သူမ၏ တင်ပါးသို့ ကျရောက်လာသော ပြင်းထန်လှသည့် အင်အားကြောင့် သူမလွင့်ထွက်သွားကာ လူအုပ်ကြားထဲသို့ပြုတ်ကျ၍ ပြန်ထရန်ပင် အလွန်အမင်းနာကျင်လျက်ရှိသည်။

ဤသည်ကို မြင်သောအခါ ဒုတိယထပ် စင်္ကြံ၌ ကျောင်းအုပ်မာက လူအုပ်ထဲသို့ ချက်ချင်းခုန်ဆင်း၍ သမီး၏ ဒဏ်ရာများကို စိုးရိမ်တကြီးစစ်ဆေးလိုက်သည်။

ကံကောင်းထောက်မစွာဖြင့် ဒဏ်ရာက မပြင်းထန်လှဘဲ တင်ပါးများ ရောင်နေရုံမျှသာဖြစ်သည်။

သိုင်းစင်မြင့်အကျော် လီမော်ယွီ၏ ဦးဆောင်မှုအောက်တွင် အထူးတန်းမှ ကျောင်းသားသစ်များသည်လည်း ဒုတိယအကျော့တိုက်ခိုက်မှုကို လျင်မြန်စွာ စတင်ခဲ့ကြသည်။ ဤတိုက်ခိုက်မှုက ပထမတစ်ကြိမ်ထက်ပင် ပို၍ ပြင်းထန်လှသည်။

သို့သော်လည်း ၎င်းတို့သည် လင်းဇီချန်၏ လက်သီးချက်နှင့် ကန်ချက်များကို မခံနိုင်ဘဲ ချက်ချင်းပင် လွင့်ထွက်ကုန်ကြသည်။ ဤမြင်ကွင်းကြောင့် လာသမျှ လူများအားလုံး အံ့အားသင့်သွားကြရသည်။ မလူက လူတိုင်းသည် စာသင်နှစ်အစမ်းပြိုင်ပွဲစတင်ချိန်၌ ပုံမှန်တန်းမှ ကျောင်းသားသစ်များက စုပေါင်း၍ အထူးတန်း၏ ကျောင်းသားသစ်များကိုတိုက်ခိုက်ကာ ထိပ်တန်း ဆယ်နေရာကို အရယူရန် ကြိုးစားလိမ့်မည်ဟု ထင်ခဲ့ကြသည်။

ယခုမူကား လုံးလုံးလျားလျား ပြောင်းလဲသွားပြီဖြစ်သည်။

လင်းဇီချန်က အလွန်သန်မာလှသောကြောင့် ထိပ်တန်း ဆယ်နေရာကို သူတစ်ယောက်တည်း လက်ဝါးကြီးအုပ်ခြင်းမှ တားဆီးရန် အထူးတန်းကျောင်းသားသစ်များအားလုံးက ဝိုင်းအုံတိုက်ိခုက်ရသည့် အခြေအနေသို ပြောင်းလဲသွားသည်။ လူအများကို ထိတ်လန်စေသောအရာမှာ အထူးတန်း၏ ကျောင်းသားသစ်များက အားလုံး စုပေါင်းတိုက်ခိုက်နေခြင်းဖြစ်သော်လည်း လင်းဇီချန်ကို အနိုင်မယူနိုင်ခဲ့ပေ။

၎င်းတို့အနက် မြို့တော်၏ ထိပ်တန်းကျွမ်းကျင်သူ လီမော်ယွီ အခြေခံ စတုတ္ထအဆင့်ရှိ မာရှိဝေနှင့် ပြည်နယ်အသီးသီးမှ အခြားသော ပါရမီရှင်များပါဝင်သည်။

ဤကဲ့သို့ ကြီးမားလှသော အင်အားမျိုးရှိသော်လည်း ၎င်းတို့သည် ယခု လင်းဇီချန်နှင့် ရင်ဆိုင်ရာတွင် အားကိုးရာမဲ့လျက်ရှိသည်။

ဤအဖြစ်အပျက်မျိုးက အမှန်တကယ်ပင် မကြုံစဖူးဖြစ်ရာ မိနစ်ဝက်ခန့်အကြာတွင် ‘သစ္စာဖောက်’ ရှန်ချင်းဟန်မှလွဲ၍ ကျန်သော အထူးတန်းမှ ကျောင်းသားသစ်များသည် လင်းဇီချန်ကြောင့် မြေပြင်ပေါ်၌ လဲကျကာ နာကျင်စွာဖြင့် မြေပြင်ပေါ်တွင် ခွေခွေလေး လဲနေကြသည်။

ခေါင်းဆောင် လီမော်ယွီက အဆိုးဆုံး အရိုက်ခံခဲ့ရကာ သူ၏မျက်နှာက ဝက်ခေါင်းကဲ့သို့ ရောင်ကိုင်းနေလျက် ယခင်က မာရှိဝေထက်ပင် ပိုမိုပြင်းထန်သည်။

ထိုအချိန်တွင်၊ မျက်နှာပြင်ကြီးရှိ အချိန်မှတ်နာရီက တစ်မိနစ်နီးပါးဖြစ်သွားသည်။

[၅၇ စက္ကန့်]

[၅၈ စက္ကန့်]

[၅၉ စက္ကန့်]

[၆၀ စက္ကန့်]

အချိန်မှတ် နာရီက [၆၀ စက္ကန့်] သို့ ရောက်သောအခါ ယခင်ကကဲ့သို့ ကြီးမားသော ဖန်သားပြင်သည် သိုင်းစင်မြင့်ထက်မှ လူ၏ မျက်နှာကို စတင်မှတ်တမ်းတင်လိုက်သည်။

ထို့နောက် ပြီးပြီးချင်းတွင် ရှန်ချင်းဟန်၏ ကျောင်းသားဓာတ်ပုံက မျက်နှာပြင်ကြီးတွင် ပေါ်လာကာ ကျောင်းအစမ်းပြိုင်ပွဲ၌ အနိုင်ရရှိသည့်အတွက် ဂုဏ်ယူပါသည်ဟူသော စာတန်းလည်း ထွက်ပေါ်လာသည်။

ဒုတိယနေရာကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်ကို မြင်လိုက်ရသဖြင့် လင်းဇီချန်သည် သိုင်းစင်မြင့်ပေါ်သို့ ပြန်လည်ခုန်တက်လိုက်သည်။

"ကျောင်းအစမ်းပြိုင်ပွဲမှာ ဘယ်သူတတိယဖြစ်ချင်လဲ။ ဒီအဆင့်က မင်းအတွက်ပဲ။ ဒါပေမယ့် အမှတ်တွေကတော့ ငါဟာ"

"ငါ ငါ ငါ"

"ဇီချန် ငါ့ကို တတိယဖြစ်ခွင့်ပေး"

"ဇီချန် ငါ "

တခဏချင်း၌ပင် ပုံမှန်တန်းမှ ကျောင်းသားများအားလုံးက အတန်းသားလေးများ အားလုံးက စိတ်အားထက်သန်စွာ လက်မြှောက်လိုက်ကြသည်။

လင်းဇီချန်သည် လူစုလူဝေးကို လှမ်းကြည့်၍ နောက်ဆုံးတွင် ဆက်တိုက် အော်နေသော လီချူရှင်းကို ရွေးချယ်ကာ သူမကို အော်ပြောလိုက်သည်။

"ချူးရှင်း လာခဲ့ တက်"

"လာပြီ"

လီချူရှင်းသည် အလွန်စိတ်လှုပ်ရှားနေသဖြင့် လူအုပ်ထဲမှ အမြန်ရုန်းထွက်ကာ သိုင်းစင်မြင့်ထက်သို့ အားသွန်ခွန်စိုက် ခုန်တက်လိုက်သည်။ သူမ စင်ပေါ်တက်ပြီးချိန်၌ လင်းဇီချန်သည် ရှန်ချင်းဟန်နှင့်အတူ ပြန်ဆင်းလာခဲ့သည်။

ထို့နောက်တွင် ပုံမှန်အတိုင်းပင် ကြီးမားလှသော ဆက်ခရင်ကြီးပေါ်၌ အချိန်မှတ်နာရီပြန်ပေါ်လာသည်။

တစ်စက္ကန့်မှ စက္ကန့် ခြောက်ဆယ်အထိ သူမကို မည်သူမျှ မနှောင့်ယှက်ဝံ့ဘဲ လီချူရှင်းက တတိယနေရာကို ရယူသွားသည်အထိ အောက်မှ စောင့်ကြည့်နေခဲ့ကြသည်။

တတိယနေရာအတွက် အမှတ် ၈၀ ကို အလွယ်တကူ ရယူနိုင်သွား၏။

လင်းဇီချန်သည် အချိန်မဖြုန်းဘဲ ပုံမှန်တန်းမှ ကျောင်းသားသစ်တစ်ယောက်ကို ကျပန်း လျင်မြန်စွာရွေးချယ်ကာ စတုတ္ထနေရာပေး၍ သူ့အတွက် အမှတ် ၇၀ ကို သိမ်းပိုက်လိုက်သည်။

တစ်ချိန်တည်း၌ပင် ဒုတိယထပ် စင်္ကြံရှိ ဆင့်ကဲပြောင်းလဲခြင်းကောလိပ်မှ အရည်အချင်းရှိသော ကျောင်းသားသစ်များ မည်သည့်နေရာမျှမရခဲ့သည်ကို ကြည့်ကာ မာကျန်းဟယ်က ယွမ်သုန်ကျီဘက်လှည့်ကာ ပြောလိုက်သည်။

"ကျောင်းအုပ်ကြီးယွမ် လင်းဇီချန်လုပ်နေတာက စည်းမျဉ်းတွေနဲ့ နည်းနည်းဆန့်ကျင့်နေပုံရတယ်။ သူက ထိပ်တန်းကျောင်းသားတွေထဲ လူသစ်ဘုရင်ဘွဲ့ကို ရထားပြီးပြီ အဲ့တာတောင် သူက ရုပ်သေးရုပ်တွေကို ရှာပြီး ထိပ်ပိုင်း ၁၀ ယောက်အတွက် အမှတ်တွေကို လက်ဝါးကြီးအုပ်ဖို့ ကြိုးစားနေတယ်"

"ဒါက စည်းကမ်းကို ဘယ်လိုဆန့်ကျင်တာလဲ"

လျို့ချွမ်ဝူသည် စတင်ဆန့်ကျင်ရန် ပထမဦးဆုံးထွက်လာသူဖြစ်ကာ ပြတ်ပြတ်သားသားပြန်ပြောလိုက်သည်။

"လာစမ်းပါ ကျောင်းအုပ်မာ မင်းပြောကြည့် ထိပ်တန်း ၁၀ ယောက်နေရာကို တွန်းအားပေးပြီး ရအောင်မယူနိုင်ဘူးလို့ ဘယ်ကျောင်းက သတ်မှတ်ထားတာလဲ”

"တကယ်တော့၊ အဲ့တာကို ဆန့်ကျင်တယ်ရယ်လို့ တိကျတဲ့ စည်းမျဉ်း မရှိဘူး။ ဒါပေမယ့် သူလုပ်နေတာတွေက တရားမျှတယ်လို့ မဆိုလိုဘူးလေ။ သူက ကျောင်းရဲ့ စည်းမျဥ်းတွေက ဟာကွက်တွေကို သုံးပြီး လုပ်နေတာမို့လို့ အဲ့တာကို ရပ်သင့်တယ်”

အတိတ်တွင် ထိပ်တန်းလူသစ်သည် အထူးတန်း၏ ပါရမီရှင်ကျောင်းသားများကြား၌ သေလုမျောပါးတိုက်ပွဲများကို တိုက်ခိုက်ပြီးမှသာ အောင်မြင်နိုင်ခဲ့သည်။ ထို့ကြောင့် ထိပ်တန်းလူသစ်နေရာကို ရပြီးလျှင် ၎င်းတို့သည်လည်း ပင်ပန်းလုနီးပါးဖြစ်နေကြပြီဖြစ်သည်။

သို့သော် ယခုနှစ်တွင် လင်းဇီချန်က ခြွင်းချက်ဖြစ်သည်။

သူ၏ ခွန်အားသည် အခြားကျောင်းသားဟောင်းများထက် အဆပေါင်းများစွာ သာလွန်ကာ အထူးတန်းတစ်ခုလုံးကို လက်တစ်ကမ်းတည်းဖြင့် ဖြိုခွဲပစ်လိုက်သည်။

ထို့နောက်တွင် သူသည် တွန်းအားပေးသူအဖြစ် ဆောင်ရွက်ကာ ထိပ်တန်း၁၀ နေရာကို ရယူနိုင်သည့် ခွန်အားများစွာ ကျန်နေသေးသည်။

“ကျောင်းအုပ်မာ ပြောတာမှန်တယ် ဒီဟာက စည်းမျဥ်းတွေရဲ့ ဟာကွက်တွေပဲ”

ထိုသို့ပြောပြီးနောက် စက်မှုအကယ်ဒမီမှ ကျောင်းဥက္ကဌက ဆက်ပြောသည်။

"ဒါပေမယ့် လင်းဇီချန်အတွက် မတရားလောက်ဘူးဆိုတော့ အခုမဟုတ်ဘဲ နောက်နှစ်မှပြန်ပြင်လို့ရမှာပါ”

အခြားကျောင်း ခေါင်းဆောင်များကလည်း ဝင်ပြောသည်။

"တကယ်တော့ အစမ်းပြိုင်ပွဲက စပြီးနေပြီလေ။ အခုမှ စည်းမျဉ်းတွေကို ပြောင်းလဲဖို့ မသင့်တော်ဘူး။ ပြင်ဆင်မှုလုပ်ဖို့ နောက်နှစ်အထိ စောင့်ရဦးမယ်"

ဤကျောင်းအာဏာပိုင်များသည် လျို့ချွမ်ဝူသို့မဟုတ် ကောင်းကင်လူသားအဖွဲ့အစည်းကို မကြိုက်သော်လည်း ၎င်းတို့သည် ကျိုးကြောင်းဆီလျော်သော လူများဖြစ်နေဆဲဖြစ်သည်။

မှန်သည်။ အဓိက အကြောင်းရင်းမှာ ၎င်းတို့က လက်ရှိအခြေအနေမှ အကျိုးကို ခံစား၍ရနေသောကြောင့်ဖြစ်သည်။ လင်းဇီချန်ကြောင့်င့် ထိပ်တန်း ၁၀နေရာကို ရခဲ့သော ပုံမှန်တန်းမှ ကျောင်းသားတိုင်းအတွက် ပုံမှန်တန်းမှ ကျောင်းသားအားလုံးသည် အမှတ်တစ်မှတ်စီရရှိကြပေလိမ့်မည်ဖြစ်သည်။

ဤအရာများသည် အခမဲ့အရင်းအမြစ်များဖြစ်ရာ အဘယ်ကြောင့် ၎င်းတို့ကို မယူဘဲနေကြလိမ့်မည်နည်း။

အခြားကျောင်းခေါင်းဆောင်များအားလုံး၏ ပြောစကားများကို ကြားသောအခါ မာကျန်းဟယ်သည် အခြားသောကျောင်းများ၏ အကျိုးစီးပွားကိုထိသွားမည်ဖြစ်ကြောင်း သိလိုက်၍ လိမ္မာပါးနပ်စွာ နှုတ်ဆိတ်သွားသည်။

သို့သော် သူအမူအရာက အလွန်အမင်း ဒေါသဖြစ်နေကြောင်း သိသာသည်။

ယွမ်သုန်ကျီက သူ့ကို တစ်ချက်ကြည့်လိုက်သည်။

“ကျောင်းအုပ်မာ ရှင် လတ်တလော သိပ်ပြီး စိတ်မတည်မငြိမ်ဖြစ်နေပုံပေါက်တယ်။ ရှင့်ပုံမှန်ဘဝကို အကျိုးသက်ရောက်တာ နည်းအောင်လို့ ရှင့်ရဲ့ မီးသိမ်းငှက်မျိုးဗီဇပေါင်းစပ်တာကို ဖြည်းဖြည်းချင်းလုပ်တာကောင်းလိမ့်မယ်။”

“နားလည်ပါပြီ ကျောင်းအုပ်ကြီး ယွမ်”

ဤသို့ပြန်ဖြေ၍ မာကျန်းဟယ်၏ အမူအရာက ပြောင်းလဲသွားသည်။

အခန်း(၁၅၉) လင်းဇီချန်၏ လျှို့ဝှက်ချက်

နာရီဝက်ခန့်အကြာတွင် ကျောင်းစမ်းသပ်ပြိုင်ပွဲက နောက်ဆုံး၌ ပြီးဆုံးသွားသည်။ ဒုတိယရခဲ့သည့် ချန်ရှင်းဟန်မှလွဲ၍ ကျန်ထိပ်တန်းဆယ်ယောက်လုံးကို ပုံမှန်တန်းမှ ခေါ်သွားခြင်းဖြစ်သည်။

ရလဒ်အနေဖြင့် အတွင်းကျောင်းခွဲများ၏ ပုံမှန်အတန်းများမှ ကျောင်းသားအသစ်တိုင်းသည် တစ်ဦးစီအတွက် အမှတ်ကိုးခုစီ ရခဲ့ကြသည်ဖြစ်ရာ အခြေခံအားဖြင့် ယွမ် ကိုးသောင်းကို အလကားရလိုက်သကဲ့သို့ပင်ဖြစ်သည်။

လူချမ်းသာ နောက်ခံနည်းပါးသော ပုံမှန်အတန်းမှ ကျောင်းသားအသစ်အချို့သည် စိတ်လှုပ်ရှားစွာ ပျော်မြူးလျက်ရှိကြသည်။ ယွမ် 90,000 ၏သက်ရောက်မှုအောက်တွင် ၎င်းတို့သည် လင်းဇီချန်အား ကြည်ညိုလေးစားစွာဖြင့် ကြည့်၍ ၎င်း၏သစ္စာအရှိဆုံးပရိသတ်များဖြစ်လာခဲ့သည်။

သူတို့ ပို၍ အစွန်းရောက်လေလေ သခင်ချန် ဟုခေါ်ရန်ထိ စိတ်အားထက်သန်စွာဖြင့် ဒူးထောက်ကာ ပြောလျက်ရှိကြသည်။ လင်းဇီချန်သည် ပတ်ဝန်းကျင်ရှိ ပျော်ရွှင်နေမှုများကို ဂရုမစိုက်ပေ။ လောလောဆယ်တွင် သူသည် ကျောင်းပြိုင်ပွဲ၌ ပါဝင်ခြင်းမှ ရရှိသော အကျိုးကျေးဇူးများကိုသာ တွေးတောလျက်ရှိကြသည်။

ထိပ်တန်းအမှတ် ၁၀ ခုပေါင်းလျှင် အမှတ်ပေါင်း ၅၅၀ ရှိသည်။ ပုံမှန်အတန်းမှ ကျောာင်းသားအသစ်ဖြစ်ခြင်းကြောင့် ရရှိမည့် အမှတ် ကိုးခုကို ထပ်မံထည့်ပေါင်းလျှင် အမှတ်စုစုပေါင်း ၅၅၉မှတ်ရရှိမည်ဖြစ်ရာ လျို့ချွမ်ဝူထံမှ ချီစွမ်းအင်ဆေးလုံး ဆယ်လုံးလည်းရရှိမည်ဖြစ်သည်။

အမှတ်တစ်မှတ်ကို ယွမ်တစ်သောင်းဖြင့်လဲပြောင်းအသုံးပြုနိုင်မည်ဖြစ်၍ အမှတ်ပေါင်း ၅၅၉မှတ်သည့် ယွမ် ၅.၅၉သန်းနှင့် ညီမျှသည်။

ဤပွဲက သူ့ကို ချက်ချင်းချမ်းသာသွားစေနိုခဲ့သည်။

နောက်ထပ်အခိုက်အတန့်တွင်

ကျောင်းအစမ်းပြိုင်ပွဲမှ ထိပ်တန်းဆယ်ယောက်သည် ဂုဏ်ပြုဆုများရယူကာ ကျောင်းခေါင်းဆောင်များနှင့် ဓာတ်ပုံရိုက်ရန် စင်မြင့်ပေါ်သို့ တက်သွားကြသည်။ လင်းဇိချန်သည် လူသစ်ဘုရင်အဖြစ် အမှတ် ၁၀၀ ကို ထပ်မံရရှိသည်မျှမက ချန်ပီယံဆုကိုလည်းရခဲ့သည်။ ဆုဖလားကို အထူးသတ္တုစပ်ဖြင့် ပြုလုပ်ထားကာ လေးလံ၍ လက်ရာမြောက်သည်။

သို့သော် အမှတ်တရအနေဖြင့်သာကြည့်ကောင်း၍ မည်သည့်တန်ဖိုးမျှ မရှိပေ။

ဓာတ်ပုံများ ရိုက်ပြီးသည်နှင့် အခြားထိပ်တန်းကျောင်းသားသစ်ဆယ်ဦးက ကျောင်း၏အက်ပ်မှတစ်ဆင့် ၎င်းတို့၏အမှတ်များကို သူ့ထံလွှဲပြောင်းပေးခဲ့သည်။ ရှန်ချင်းဟန်က အမှတ်များလွှဲပြောင်းရန်အတွက်လည်း အက်ပ်ကိုဖွင့်ထားသော်လည်း လင်းဇီချန်က သူမ လွှဲရန်မလိုကြောင်းပြော၍ သူမ ဒုတိယရရှိသည့်အတွက် ရသော အမှတ် ၉၀ကို မိမိဘာသာ သိမ်းထားစေခဲ့သည်။

လင်းဇီချန်က ဤသို့ပြောသည်ကို မြင်သောအခါ ရှန်ချင်းဟန်သည်လည်း စိတ်ရှုပ်မခံနေတော့ဘဲ သူမ၏ ကိုယ်ရေးကိုယ်တာကိစ္စများအတွက် သုံးရန် ချန်ထားလိုက်သည်။

သူမသည် ထိုအမှတ်၉၀ ကို တစ်စုံတစ်ရာပြန်ပေးခြင်းမရှိဘဲ ယူလိုက်ရုံမျှသာ လုပ်လိမ့်မည်မဟုတ်သဖြင့် နောင်တွင်အခြားနည်းဖြင့် ပြန်လည်း လျော်ကြေးပေးမည်ဖြစ်သည်။

မဝေးလှသော နေရာရှိ လျို့ချွမ်ဝူသည် အခြားသူများထံမှ အမှတ်များလွှဲပြောင်း စုဆောင်းနေသည့် လင်းဇီချန်ကိုတွေ့သောအခါ သူ့လုပ်ဖော်ကိုင်ဖက်များနှင့် လောင်းကြေးထပ်ထားသည့်အကြောင်းကို ပြန် သတိရမိသွားသည်။

သူက အခြားကျောင်းခေါင်းဆောင်များကို လှမ်းကြည့်လိုူက်၏။

"ကျုပ်တို့လောင်းကြေးကို မမေ့ကြနဲ့နော်။ လူတိုင်းပဲ လင်းဇီချန်က လူသစ်ဘုရင်ဘွဲ့ကို‌ရပြီမို့လို့ ခင်ဗျာတို့ ပေးဖို့ရှိတဲ့ အမှတ်တွေကို ကျောင်းအပ်ပ်ကနေ ကျုပ်ဆီ ပြောင်းပေးလို့ရပါပြီ”

"စိတ်ချပါ ၊ မင်းကို လွှဲပေးမှာပါ"

"ဒါကအမှတ်တစ်ရာတည်း၊ ငါ အခု ခင်ဗျားဆီလွှဲပေးနေပြီ"

လူတိုင်းသည် ၎င်းတို့၏လောင်းကြေးအတိုင်း သဘောတူထားသောအမှတ်များကို လျို့ချွမ်ဝူဆီသို့ အချိန်မဆိုင်းဘဲ လွှဲပြောင်းပေးကြသည်။

သူ့အကောင့်ထဲသို့အမှတ်ပေါင်း ၁၉၀၀ ဝင်လာသည်ကို မြင်လိုက်ရသဖြင့် လျို့ချွမ်ဝူမပြုံးဘဲမနေနိုင်တော့ပေ။ ဤများပြားလှသော အမှတ်များဖြင့် လင်းဇီချန်ကို အချိန်အတော်ကြာ အကျိုးသုံးဆပေးရန် စိတ်ပူနေရန်မလိုတော့ပေ။

သူ၏ပြိုင်ဘက်ဖြစ်သူက ရွှင်မြူးစွာ ပြုံးနေသည်ကို သတိပြုမိလိုက်သော မာကျန်းဟယ်သည် မကျေမနပ်ဖြစ်ကာ သည်းမခံနိုင်တော့ဘဲပြောလိုက်သည်။

"ဥက္ကဌလျို့ ခင်ဗျား အရမ်း မိုက်မဲမနေဖို့ အကြံပေးချင်ပါတယ်”

"ကျောင်းစမ်းသပ်မှုမှာ လူသစ်ဘုရင်ဖြစ်လာတာက ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ရှိတယ်လို့ ဆိုလိုတယ်။ အခြားသူတွေက သူတို့ရဲ့ သွေးမျိုးစပ်ခြင်းနဲ့ စက်ရုပ်လူသား ပြောင်းလဲတာတွေကို ပိုမြှင့်တင်ပြီးရင် စွမ်းအားဖွဲ့စည်းပုံမှာ ကြီးမားတဲ့ အပြောင်းအလဲကို ကြုံတွေ့ရလိမ့်မယ်"

"နောက်နှစ် semester ရဲ့ လူသစ်ပြိုင်ပွဲမှာ လီမော်ယွီ ဒါမှမဟုတ် ဝေဝေ ပဲဖြစ်ဖြစ် လင်းဇီချန်ဟာ သွေးသန့်လူသားလမ်းစဥ်ကို ဆက်နေသရွေ့ သူ့ကို အလွယ်တကူ ချေမှုန်းနိုင်ကြလိမ့်မယ်"

"စုန်ယွီယန်က ဥပမာတစ်ခုပဲ လင်းဇီချန်က သူ့ကို အဆင့်မြှင့်ထားတဲ့ဗားရှင်းတစ်ခုက လွဲလို့ ဘာမှမဟုတ်ဘူး”

စုန်ယွီယန်ကို အပျက်သဘောဆောင်သည့် ဥပမာတစ်ခုအဖြစ် အဆက်မပြတ်အသုံးပြုနေသည်ကို မြင်သောအခါ ဥက္ကဌလျို့သည် အနည်းငယ် မျက်မှောင်ကြုတ်ကာ မကျေမနပ်ဖြစ်နေသည်။ သို့သော် သူရခဲ့သော အမှတ် 1,900 ကို သတိရသောအခါတွင် သူ၏ စိတ်ခံစားချက်များ အလွန်ကောင်းမွန်လာကာ မာကျန်းဟယ်နှင့် ရန်ဖြစ်ရန် စိတ်မ၀င်စားတော့ပေ။

မကြာခင်၌ပင် လျို့ချွမ်ဝူက လင်းဇီချန်ဆီသို့သွား၍ ၎င်းတို့ ယခင်က ဆွေးနွေးခဲ့သော သွေးစွမ်းအင်ဆေးလုံးဆယ်လုံးကို ပေးကာ စာသင်နှစ်တစ်ခုလုံးအတွက် အကျိုးခံစားခွင့်သုံးဆလုံးကို တစ်ကြိမ်တည်းပေးမည်ဟု ဆုံးဖြတ်လိုက်သည်။

အကျိုးခံစားခွင့်များတွင်အမှတ်များ၊ ဆန်းကြယ်သားရဲအသား၊ ပညာသင်ဆုများနှင့် အခြားအရာများ ပါဝင်သည်။

အဆင်ပြေစေရန် လျို့ချွမ်ဝူသည် ဤအကျိုးခံစားခွင့်များကို အမှတ်များအဖြစ်သို့ ပြောင်းလဲကာ အမှတ် သုံးရာကို လင်းဇီချန်ဆီသို့ လွှဲပြောင်းပေးခဲ့သည်။ ဤ ကျောင်းအမှတ်သုံးရာနှင့်အတူ လင်းဇီချန်၏ကျောင်းသားအကောင့်သည် ယခုအခါ စုစုပေါင်း အမှတ် ၇၆၉မှတ်ရှိသွားပြီဖြစ်သည်။

ယခု သူ့တွင် ကျောင်းအမှတ်များစွာရှိသဖြင့် လင်းဇီချန်သည် သူ မည်သည့်အရာများ ဝယ်နိုင်သည်ကိုကြည့်ရန် ကျောင်း၏အက်ပ်မောလ်ကို ချက်ချင်းဖွင့်လိုက်သည်။

သို့သော် သူကြည့်ရန် အခွင့်အရေးမရခင်၌ လျို့ချွမ်ဝူသည် တစ်စုံတစ်ခုကို ဆွေးနွေးချင်နေဟန်ဖြင့် သီးသန့်စကားတစ်ခွန်းပြောရန် တောင်းဆိုခဲ့သည်။

အနီးနားက နေရာကို ရွေးကာ စကားပြောရန် အားကစားခန်းမ၏ ‌ခေါင်မိုးထက်သို့တက်သွားသည်။ ရှန်ချင်းဟန်ကို ဦးစွာ ပြန်ခိုင်းပြီးနောက် လင်းဇီချန်သည် လျို့ချွမ်ဝူနှင့်အတူ ခေါင်မိုးထက်သို့ အလျင်အမြန်တက်သွားသည်။

၎င်းတို့ရောက်သည်နှင့်တစ်ပြိုင်နက် သိချင်စိတ်အပြည့်ဖြစ်နေသော လျို့ချွမ်ဝူက မစောင့်နိုင်တော့ဘဲ မေးလိုက်သည်။

“ဇီချန် မင်း စာသင်နှစ်စပြိုင်ပွဲမှာ အရမ်းသန်မာလွန်းတယ်။ မင်း ခွန်အားဘယ်လောက် ဖုံးကွယ်ထားလဲ"

“ကျွန်တော် နည်းနည်းဖုံးထားပါတယ်”

"မင်းရဲ့ တကယ့်အဆင့်ကဘာလဲ"

"အခြေခံဆဌမအဆင့် အရေပြားသန့်စင်ခြင်းတစ်ဆင့်ပြီးပြီးတော့ မျက်နှာကြွက်သားတွေက တောင့်တင်းပြီး အရိုးတွေလည်း မာကြောနေပါပြီ"

"မင်းတကယ်ပဲ အသားသန့်စင်တာသင်ယူပြီးပြီလား"

လျို့ချွမ်ဝူတုန်လှုပ်သွားပြီးနောက် သူ၏ အသက်ရှူသံများ ရုတ်တရက် မြန်လာကာ မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားသွားသည်။

ကျောင်းစပြီးပြီးချင်းတွင် အသားသန့်စင်ခြင်းကို လေ့လာပြီးခြင်းကိုကြည့်လျှင် လင်းဇီခန်၏ သွေးသန့်စင်ခြင်းကျင့်စဥ်နှင့် လိုက်လျောညီထွေဖြစ်မှုက မယုံနိုင်လောက်အောင် မြင့်မားလွန်းလှသည်။

သွေးသန့်လူသားလမ်းစဥ် အောင်မြင်ရန် တကယ်မျှော်လင့်ချက်ထားနိုင်လောက်တယ်။

မဟုတ်ဘူး

သေချာပေါက်အောင်မြင်လိမ့်မယ်

သွေးသန့်လူသားလမ်းစဥ်ကို စူးစမ်းလေ့လာရန် ဘဝကို မြှုပ်နှံထားသည့် လျို့ချွမ်ဝူသည် ယနေ့ကဲ့သို့ တစ်ကြိမ်မျှ စိတ်လှုပ်ရှားခြင်းမရှိခဲ့ပေ။ သူ၏စိတ်ခံစားမှုများကို အနည်းငယ်တည်ငြိမ်စေပြီးနောက်တွင် သူက လင်းဇီချန်ကို ပြောလိုက်သည်။

"ဒီနေ့မရောက်ခင် မင်းက သွေးသန့်လူသားခန္ဓာကိုယ်နဲ့ အဆင့်မြင့်သတ္တဝါဖြစ်လာနိုင်တဲ့အလားအလာအများကြီးရှိမယ်လို့ ငါပြောခဲ့တယ်နော်”

"ဒါပေမယ့် အခု မင်း သွေးသန့်လူသားခန္ဓာကိုယ်နဲ့ တက္ကသိုလ်ကနေ မဘွဲ့ရခင် အဆင့်မြင့် သတ္တဝါအဖြစ် ပြောင်းလဲသွားနိုင်တယ်ဆိုတာ ငါ သေချာပေါက် ပြောနိုင်ပြီ"

“သွေးသန့်လူသားလမ်းစဥ်ကို လျှောက်လှမ်းရမယ်၊ နောင်အနာဂတ်မှာ မင်း ကြီးကျယ်တဲ့ အရာတွေကို သေချာပေါက် အောင်မြင်လာလိမ့်မယ်။”

“စိတ်မပူပါနဲ့ ဥက္ကဌ၊ ကျွန်တော် လုပ်မှာပါ” လင်းဇီချန်က ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောလိုက်သည်။

တိုတိုတုတ်တုတ်စကားပြောခဲ့ကြပြီးနောက် မကြာမီ၌ပင် လင်းဇီချန်က ခေါင်မိုးထပ်မှ ဆင်းကာ ရှန်ချင်းဟန်၏ အိပ်ဆောင်ကို ပြန်လာခဲ့သည်။

သူချက်ချင်းလုပ်ချင်သောတစ်ခုတည်းသောအရာမှာ ကျောင်း၏ စျေးဝယ်အက်ပ်၌ စျေးဝယ်ရန်သာဖြစ်သည်။

သူထွက်သွားသည်နှင့်ပင် ယွမ်သုန်ကျီသည် သူ့နောက်မှ အိမ်ခေါင်မိုးပေါ်တွင် ပေါ်လာသည်။

"ရှင့်ရဲ့ကျောင်းသားသစ် လင်းဇီချန်က လျှို့ဝှက်ချက်တွေ အများကြီးကို ဖုံးကွယ်ထားတယ်။ သူ့ရဲ့ အစွမ်းသတ္တိက ပြိုင်ပွဲမှာ ပြသခဲ့တာထက် အများကြီး ကြီးမားနိုင်တယ်" ယွမ်သုန်ကျီက လျို့ချွမ်ဝူထံ လျှောက်လာကာ ပြောခဲ့သည်။

လျို့ချွမ်ဝူက အားပါးတရရယ်လိုက်၏။

"လျှို့ဝှက်ချက်ဆိုတာ ဘာလဲ၊ မြို့တော်က လီမော်ယွီမှာ ရှိတယ်၊ မာကျန်းဟယ်ရဲ့သမီးမှာလည်း လျို့ဝှက်ချက် ရှိတယ်၊ မင်းရဲ့ အသစ်လက်ခံထားတဲ့ အပေါစားတပည့်မှာလည်း ရှိတယ်။ အဲ့တာ ဘာထူးဆန်းလို့လဲ”

"မှန်ပါတယ်"

လျို့ချွမ်ဝူက နောက်ကျောတွင် လက်နှစ်ဖက်ယှက်၍ ပြောသည်။

"ဆင့်ကဲဖြစ်စဉ်လမ်းကြောင်းမှာ အောင်မြင်နိုင်သူတွေဟာ သူတို့ရဲ့ကိုယ်ပိုင်လမ်းစဉ်မှာ ရှုပ်ထွေးနေပြီး လျှို့ဝှက်ချက်မရှိတဲ့သူတွေကတော့ ကြီးထွားနိုင်မှာမဟုတ်ဘူး"

"စောစောက သိုင်းစင်မြင့်ပေါ်မှာ လင်းဇီချန်ရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးဖို့ ဝိညာဉ်စွမ်းအားကို ရှောင်တခင်သုံးတာက အရမ်းရိုင်းစိုင်းတဲ့လုပ်ရပ်ပဲ။ အတိတ်မှာသာဆိုရင် သေတဲ့အထိ တိုက်ခိုက်လိုက်ရမှာပဲ”

ယွမ်သုန်ကျီအံ့သြသွားသဖြင့် မျက်ခုံးပင့်လိုက်သည်။

"ရှင် ကျွန်မ သူ့ကို စုံစမ်းဖို့ ဝိညာဉ်စွမ်းအားတွေ သုံးနေတာကို ပြောနိုင်တယ်ပေါ့”

လျို့ချွမ်ဝူက မရှင်းပြဘဲ အေးစက်စွာ အော်ဟစ်လိုက်သည်။

"ယွမ်သုန်ကျီ၊ မင်းကို အကြံတစ်ခု ပေးပါရစေ။ သိပ်ပြီး ရန်လိုမနေပါနဲ့၊ မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ ဘေးဥပဒ်က ကျရောက်တော့မှာပဲ"

ယွမ်သုန်ကျီက အကြံဉာဏ်ကို လျစ်လျူရှုလိုက်သည်။

"ဒီည ဆုံကြမယ်"

“အရမ်းအလုပ်များတယ်”

“ပိုက်ဆံရှိတယ််”

"မင်းရဲ့နေရာ ဒါမှမဟုတ် ငါ့နေရာမှာလား”

လျို့ချွမ်ဝူသည် ပြုံးလျက် ချက်ချင်းမေးလိုက်သည်။

ကျောင်းရဲ့ အိပ်ဆောင်တစ်ခုတွင် လုကန်နှင့် ဝမ်ရှု့ကျယ်တို့သည် အတူနေ၍ လီမော်ယွီက ထိုအဆင့်မြင့် နတ်ဆိုးမျိုးစေ့ကို စားသွားမည့်နည်းကို ဆွေးနွေးနေကြသည်။ ၎င်းတို့နှစ်ယောက်က အချိန်အတော်ကြာသည်အထိ ဦးနှောက်များကို အသုံးပြုခဲ့ကြသော်လည်း ကောင်းမွန်သော အစီအစဉ်ကို မချမှတ်နိုင်ခဲ့ကြပေ။

အင်အားက ရွေးချယ်စရာမဟုတ်သည်မှာ သေချာသည်။

၎င်းတို့က လီမော်ယွီကို အလွယ်တကူတိုက်ခိုက်နိုင်ကြမည်မဟုတ်ပေ။

သွေးဆောင်မှုနှင့်ပတ်သက်၍မူ… လီမော်ယွီသည် ကျင်းသုလီမိသားစု၏ သခင်လေးဖြစ်သည်။ သူ့၌ သူလိုချင်သည့်အရာမှန်သမျှ အကုန်ရထားပြီးဖြစ်၍ ကြိုးစား၍ပင်မရနိုင်ပေ။

နှစ်ယောက်သား ဦးနှောက်ခွန်စိုက်ကာ စဉ်းစားနေချိန်

၎င်းတို့၏ အထူးနာရီများထက်၌ စာတစ်စောင်ပေါ်လာသည်။

[အစီအစဉ်ပြောင်းပါ၊ လီမော်ယွီကို မေ့လိုက်ပါ၊ အဲ့အစား လင်းဇီချန်ကို ပစ်မှတ်ထားပါ။ လင်းဇီချန်က အဲ့အဆင့်မြင့် နတ်ဆိုးမျိုးစေ့ကို စားပြီး သူ့ကို အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်ဖြစ်အောင်လုပ်ဖို့ နည်းလမ်းရှာပါ]

All Chapters