← Chapters

အပိုင်း ၁၆၀-၁၆၂

Vol. 11 Ch. 160-162

အပိုင်း ၁၆၀-၁၆၂

Vol. 11 Ch. 160-162

အခန်း(၁၆၀) အခြားသူများထက် မိမိကိုယ်ကိုယ် အားကိုးခြင်း

အားကစားရုံ၏ ခေါင်မိုးပေါ်မှ ဆင်းကာ အိပ်ဆောင်သို့ ပြန်လာခဲ့သည်။ လင်းဇီချန်ဝင်လာပြီးသည်နှင့် လေ့ကျင့်ခန်းထဲ၌ ရှန်ချင်းဟန် လေ့ကျင့်ခန်းလုပ်နေသည်ကို သူတွေ့လိုက်ရသည်။

လေအေးပေးစက်မဖွင့်ထားသဖြင့် ချွေးများဖြင့်စိုရွှဲနေသည်။

အဆင်ပြေပြေ သက်တောင့်သက်သာရှိစေရန်အတွက် ရှန်ချင်းဟန်သည် လေ့ကျင့်နေစဉ်အတွင်း အတွင်းခံမ၀တ်ထားပေ။ စိုရွှဲနေသောအဝတ်အစားများက သူမခန္ဓာကိုယ်၌ တင်းတင်းကြပ်ကြပ် ကပ်နေရာ ဆွဲဆောင်မှုရှိသောပုံစံဖြင့် သူမ၏ချောမောလှပသောအသွင်ကို အပြည့်အဝပြသထားသည်။

ဤမြင်ကွင်းကိုမြင်တွေ့လိုက်ရသော လင်းဇီချန်က အနည်းငယ် စိတ်ကူးလိုက်မိသည်။

အိပ်ယာပေါ်တွင် ဆီးသွားမိ၍ ရှက်ရွံ့နေတတ်သော ကလေးမလေးသည် ပြီးပြည့်စုံသော ရုပ်ရည်နှင့် ပုံပန်းသဏ္ဍာန်ရှိသော မိန်းမပျိုလေးအဖြစ် မသိလိုက်ခင်၌ ကြီးပြင်းလာကာ လူထောင်ပေါင်းများစွာ၏ အသည်းနှလုံးကို တုန်လှုပ်စေခဲ့သည်။ ယခု ပြန်ကြည့်လိုက်သောအခါ မျက်လုံးတစ်မှိတ်အတွင်း၌ပင် ရုတ်တရက်ကြီးပြင်းလာသည့်အလားထင်ရသည်။

များမကြာမီတွင် လင်းဇီချန်သည် ဆိုဖာပေါ်ထိုင်ချလိုက်ကာ ကျောင်းစျေးဝယ်အက်ပ်အဖြစ် စီနီယာများက မကြာခဏခေါ်လေ့ရှိသော ကျောင်းအပလီကေးရှင်း၏ကုန်တိုက်ကို ရှာဖွေရန် သူ့ဖုန်းကို ထုတ်လိုက်သည်။

သွေးမျိုးစပ်သည့် ဓာတ်ပစ္စည်းများ၊ သတ္တုစပ်ပစ္စည်းများနှင့် နည်းပညာမြင့် ကိရိယာများနှင့် အခြားအရာများပါဝင်သည်။ သူသည် ၎င်းတို့ကို ခဏတာ စိုက်ကြည့်ရုံမျှသာကြည့်၍ ဆန်းကြယ်သားရဲအသားများကို အာရုံပြုလိုက်သည်။

သူ နာရီဝက်နီးပါး လိုက်ကြည့်သည်။

နောက်ဆုံးတွင် လင်းဇီချန်၏အကြည့်သည် မသေမျိုးပက်ကျိ အသားပုံသို့ ရောက်သွားသည်။

ကောလိပ်ဝင်ခွင့်စာမေးပွဲမစမီက ကုန်တိုက်တစ်ခုတွင် ဤ ဆန်းကြယ်သားရဲအသားအမျိုးအစားကို ယွမ်တစ်သိန်းဖြင့် ရောင်းချခဲ့သည်။

ယခု ကျောင်း၏ စျေးဝယ်အက်ပ်တွင်မူ တစ်ပေါင်လျှင် ကျောင်းအမှတ် ၈ ခုသာ ကုန်ကျသောကြောင့် ၂၀ % လျှော့စျေးရခြင်းနှင့်တူသဖြင့် စျေးသက်သာသည်။

ဤသည်မှာ ရှန်ဟိုင်းတက္ကသိုလ်ကျောင်းသားများအတွက်သာ ရနိုင်သော အထူးစျေးနှုန်းဖြစ်မည်မှာ သေချာလှသည်။ ယခု သူသည် စုစုပေါင်း ကျောင်းအမှတ် ၇၆၉မှတ် ရှိသည်။

တစ်ပေါင်လျှင် ၈မှတ်ဖြင့် ၉၆ ပေါင် ဝယ်နိုင်သည်။ ကျန်သော လေးပေါင်ကို ပြင်ပက ဈေးဆိုင်မှ ပိုက်ဆံဖြင့် ဝယ်၍ ရသည်။ ဤနည်းအားဖြင့် သူသည် မသေမျိုးပက်ကျိစွမ်းအားကို ဖွင့်နိုင်သည်။

သူရရှိနိုင်မည့် သွေးမျိုးဆက်စွမ်းအားများအကြောင်း သူသိချင်သဖြင့် လင်းဇီချန်သည် မသေမျိုးပက်ကျိ အသား ၉၆ ပေါင်ကို ဈေးဝယ်စင်တာမှ အော်ဒါမှာယူတော့မည်ဖြစ်သည်။ အမှာပြုလုပ်တော့မည့်အချိန်တွင် ဤသို့လုပ်ခြင်းက မမှန်ဟု ခံစားရ၍ ဒုတိယတစ်ကြိမ်ပြန်လည်စဥ်းစားမိသည်။

မသေမျိုးပက်ကျိအသားတွင် ကျောင်းအမှတ် ၇၀၀ ကျော်ကို ရုတ်တရက် သုံးစွဲခဲ့သော လူငယ်တစ်ဦး … ဤအပြုအမူသည် ပုံမှန်မဟုတ်သည့်ပုံပေါက်နေမည်ဖြစ်ကာ အခြားသူများ၏ အာရုံစိုက်မှုကို ခံရမည်မှာ သေချာလှသည်။ မလိုလားအပ်သော ပြဿနာများကို ရှောင်ရှားရန် ဖြည်းဖြည်းချင်းဝယ်ယူချင်းက ပို၍ သင့်တော်မည်ဖြစ်သည်။ ထို့ကြောင့် လောလောဆယ် ၁၀ ပေါင်သာ ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။

ထိုဆုံးဖြတ်ချက်ကြောင့် လင်းဇီချန်သည်မသေမျိုးပက်ကျိအသား ၁၀ပေါင်ကို မှာယူရန်အတွက် ကျောင်းအမှတ် ၈၀ကို အသုံးပြုခဲ့သည်။ သူ့ဝယ်ယူမှုပြီးသောအခါ လျို့ချွမ်ဝူပေးသော သွေးစွမ်းအင်ဆေးလုံးများကို ထုတ်ယူလိုက်သည်။

စုစုပေါင်းဆယ်လုံးခန့်ရှိ၏။ တစ်ခုစီသည် ပဲပိစပ် အရွယ်အစားရှိသော အနီရောင်တောက်တောက် အလုံးများဖြစ်ကာ မွှေးကြိုင်သော အနံ့မျိုး ထွက်ပေါ်လျက်ရှိသည်။

လင်းဇီချန်က ၎င်းကို သူ့ပါးစပ်ထဲကို ထိုးထည့်လိုက်သည်။ ဝင်သွားသောအခါ အရည်ပျော်သွားကာ နွေးထွေးသော စမ်းချောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွား၍ သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားသကဲ့သို့ နွေးထွေးမှုတို့ကို ခံစားရစေသည်။

တစ်ချိန်တည်းတွင် လေဟာနယ်၌ ဒစ်ဂျစ်တယ်အချက်ပြမှုတစ်ခု ပေါ်လာသည်။

[သွေးစွမ်းအင် +၁၀၈]

‘သွေးစွမ်းအင် ဒီလောက်ပဲတက်တာလား’

၎င်း၏ သွေးစွမ်းအင်ကို ပိုမိုတိုးတက်စေမည့် သူ၏သွေးမျိုးဆက်စွမ်းအား ‘ "ခုန်ပျံခြင်းခွန်အား" ဖြင့် ကီလိုမီတာအနည်းငယ် ပြေးခြင်းထက် အကျိုးသက်ရောက်မှုက အထင်ကြီးလောက်စရာအလွန်နည်းပါးလှသည်။

‘ဟန်ဟန့်ကိုပေးလိုက်တာပိုကောင်းတယ်’

‘သူ့သွေးမျိုးဆက်စွမ်းအားအဆင့်က နိမ့်တယ် သူ့အပေါ်ဆို ပိုအကျိုးသက်ရောက်မယ်ထင်တယ်’

လင်းဇီချန်က ဤအကြောင်းကိုတွေးနေချိန်၌ ရှန်ချင်းဟန်သည် လေ့ကျင့်ရေးခန်းထဲမှ ထွက်လာသည်။ သူမက သီချင်းဖွင့်နေစဥ် သစ်သီးပုံသဏ္ဍာန်နားကြပ်တစ်စုံကို ကိုင်ထား၍ လင်းဇီချန်အနား၌ ရပ်လိုက်သည်။

“ဘယ်တုန်းက ပြန်ရောက်နေတာလဲ”

"လွန်ခဲ့တဲ့ နာရီဝက်လောက်က ပြန်လာခဲ့တာ"

လင်းဇီချန်က သူမကို သွေးစွမ်းအင်ဆေးတစ်လုံး ပေးလိုက်သည်။

"ဒီ သွေးစွမ်းအင်ဆေးကို စမ်းသောက်ကြည့်ကြည့် ဘယ်လိုအလုပ်လုပ်လဲကြည့်ရအောင်”

ရှန်ချင်းဟန်က မဆိုင်းမတွ လက်ခံကာ ချက်ချင်းသောက်ချလိုက်သည်။ စက္ကန့်အနည်းငယ်ခန့်ကြာသောအခါ သူမတစ်ကိုယ်လုံး ချွေးများတစ်စိမ့်စိမ့်ထွက်ကျ၍ သူမ၏ ပါးပြင်များက နှင်းဆီပန်းများသဖွယ်နီရဲလာ၍ အပူလွန်နေသည့်အလားထင်လိုက်ရသည်။

"ဘယ်လိုခံစားရလဲ"

လင်းဇီချန်က ရှန်ချင်းဟန်ကိုကြည့်လျက်မေးလိုက်သည်။ ရှန်ချင်းဟန်က အံ့အားသင့်စွာဖြင့် ပြော၏။

“ငါ့ခန္ဓာကိုယ်က အရမ်းပူလာပြီး သွေးစွမ်းအင်တွေပိုပြည့်လာသလိုပဲ။ ရှောင်ချန် ဒီသွေးစွမ်းအင်ဆေးက တကယ်အရမ်းကောင်းတယ်”

"ကောင်းပြီ ကျန်တဲ့ ရှစ်လုံးကို ယူပြီး တစ်နေ့ကို တစ်လုံးထက် ပိုမစားနဲ့"

"နင်တစ်လုံးမသောက်ဘူးလား"

"ငါ့တစ်လုံးသောက်ပြီးပေမယ့် သိပ်ပြီး ထိရောက်မှုမရှိဘူး။ အလဟဿဖြစ်သွားလိမ့်မယ်”

“အင်း..ငါသိပြီ”

ရှန်ချင်းဟန်က ခေါင်းညိတ်လိုက်ပြီးနောက် လင်းဇီချန်ပေးလာသော ပုလင်းလေးကို ယူလိုက်သည်။ ပုလင်းထဲမှ သွေးစွမ်းအင်ဆေးလုံးရှစ်လုံးကိုကြည့်၍ သူမက ချိုသာစွာပြောလိုက်၏။

“ကျောင်းအမှတ်နဲ့ သွေးစွမ်းအင်ဆေးတွေရတော့ ငါ့ကို သကြားဖေဖေက စပွန်ဆာပေးနေသလိုတောင် ခံစားရတယ်”

လင်းဇီချန်က အားပါးတရရယ်လိုက်သည်။

“စပွန်ဆာပေးတယ်လို့ပြောရင် ငါက နင့်အခန်းမှာနေနေတာလေ”

"ဒါဆို ငါတို့ တစ်ယောက်ကို တစ်ယောက် စပွန်ဆာပေးနေကြတာပဲပေါ့" ရှန်ချင်းဟန်က ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောသည်။ "ဒီည ညစာ ဘာစားချင်လဲ၊ ငါနင့်အတွက် ချက်ပေးမယ်။"

လင်းဇီချန်ခဏမျှ စဥ်းစားလိုက်သည်။

"ပုံမှန်အစားအစာတွေစားရတာ နည်းနည်းပျင်းလာပြီ ဟင်းချိုခေါက်ဆွဲနဲ့ သခွားသီးသုပ်တစ်ပန်းကန်လောက် စားရအောင်။ ဘယ်လိုလဲ”

“အိုကေ ငါ နာရီဝက်အတွင်း ညစာအဆင်သင့်ဖြစ်အောင်ချက်ပေးမယ်”

ရှန်ချင်းဟန်က သူမ၏ ရင်ဘက်ပေါ်သို့ လက်သီးတင်ကာ အာမခံလိုက်သည်။ ထို့နောက် ရေချိုးခန်းသို့သွားကာ အဝတ်အစားများကို ချွတ်ချလိုက်သည်။

လေ့ကျင့်ခန်းလုပ်နေချိန်၌ ချွေးများ အလွန်ထွက်ခဲ့သဖြင့် ရေချိုးရန်လိုအပ်သောကြောင့် မီးဖိုချောင်သွား၍ မချက်ပြုတ်မီ သန့်ရှင်းသောအဝတ်အစားများကို ပြောင်းဝတ်ရန် လိုအပ်သည်။ ညစာစားပြီးနောက် နှစ်ယောက်သား ဆိုဖာပေါ်တွင် ထိုင်ကာ ရှုပ်ထွေးသော ဆင့်ကဲ အသိပညာမျိုးစုံကို လေ့လာရန် စာအုပ်များကို စူးစမ်းလေ့လာကြသည်။ အကြမ်းဖျင်းအားဖြင့် နှစ်နာရီကြာပြီးနောက် သူတို့စားခဲ့သော အစားအစာအများစုသည် ကြေညက်သွားပြီဖြစ်သဖြင့် လေ့ကျင့်ခန်းလုပ်ရန် လေ့ကျင့်ရေးခန်းထဲသို့ ဝင်ခဲ့ကြသည်။

ရှန်ချင်းဟန်က ခွန်အားလေ့ကျင့်မှုလုပ်နေသည်။ လင်းဇီချန်သည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ သူ၏ဒုတိယမြောက် အရေပြားသန့်စင်ခြင်းကျင့်စဥ်ကို ဆောင်ရွက်နေသည်။

ည ၁၁ နာရီခန့်ဝန်းကျင်တွင် နှစ်ယောက်သား လေ့ကျင့်မှုပြီးသွားပြီဖြစ်၍ အတူတူရေချိုး၍ အခန်းထဲဝင်အိပ်ကြသည်။ သို့သော် ၎င်းတို့ကတန်းမအိပ်ဘဲ ထိုနေရာတွင်လှဲလျောင်းကာ စကားစမြည်ပြောကြသည်။

"ရှောင်ချန်၊ ဒီနေ့ကျောင်းအစမ်းပြိုင်ပွဲမှာ နင့်စွမ်းအားတွေကကြောက်ခမန်းလိလိပဲ၊ ငါ့အတန်းထဲက ဉာဏ်ရည်ထက်မြက်တဲ့ပါရမီရှင်လို့ ခေါ်တဲ့ လူတွေအားလုံး ရှက်ကုန်ကြပြီ။ သူတို့ ဘဝတွေကို မေးခွန်းထုတ်နေကြတုန်းပဲထင်တယ် ဟိဟိ"

"အဲလောက်လည်းမဟုတ်ပါဘူး"

"ဟုတ်ပါတယ်”

ရှန်ချင်းဟန်၏လက်များက မငြိမ်မသက်ဖြစ်ကာ လင်းဇီချန်၏ ခန္ဓာကိုယ်ကို ကျွမ်းကျင်စွာ နှိပ်နယ်ပေးလျက်ရှိသည်။

“ငါ ကျောင်းဖိုရမ်ကိုကြည့်တာတော့ အားလုံးက နင့်အကြောင်း ဆွေးနွေးနေကြတာ။ နင့်ကြောင့် လူတော်တော်များများ စိတ်ဓာတ်ကျနေကြတယ်"

"လူငယ်တွေတင်မကဘဲ အကြီးအကဲတွေ စီနီယာတွေတောင် နင့်ကို လူ့အရေခြုံထားတဲ့ ဆန်းကြယ်သားရဲလို့ထင်နေကြတာ”

"ဒါ့အပြင် ဖိုရမ်မှာ တစ်ယောက်ယောက်က အဖွဲ့ဖွဲ့နေတာတွေ့တယ်၊ အဲဒီအဖွဲ့ရဲ့ နာမည်က 'နတ်ဘုရားချန်ကို အားပေးတဲ့အဖွဲ့' ဆိုတော့၊ နင့်မှာ ဖန်ကလပ်နောက်တစ်ခုရှိနေပြီ"

"သူငယ်တန်းကနေ တက္ကသိုလ်အထိ နင့်ကို ပံ့ပိုးပေးတဲ့ ပရိတ်သတ်ထုကြီး အမြဲတမ်းရှိခဲ့တယ်။ လူတွေအာရုံစိုက်ခံရတာ တော်တော်ကောင်းတာပဲ”

"တကယ်တော့ ပရိသတ် များလွန်းရင် တစ်ခါတလေ ဒုက္ခပေးနိုင်တာပဲ"

"ဒါကို အများကြီး ကြုံပြီးရင်တော့ နင်က ပြဿနာလို့ပဲထင်မှာပေါ့။ အဲ့လိုမျိုးတစ်ခါမှ အားပေးတာမခံရဖူးတဲ့လူတစ်ယောက်အတွက်တော့ နင့်လို လူတွေအာရုံစိုက်ခံရတာ အံ့သြဖို့ကောင်းတယ်လို့ ခံစားရမှာအသေအချာပဲ”

"နင့် သွေးမျိုးစပ်နိုင်စွမ်း ၂၁% နဲ့ဆို နင်လည်း အားပေးခံရမယ့်တစ်ရက်ကိုရောက်လာမှာပါ"

"ငါလည်း ဒီလိုပဲထင်တယ်၊ အဲဒီနေ့ မြန်မြန်လာမယ်လို့ မျှော်လင့်တယ်”

စကားပြောနေစဉ် ရှန်ချင်းဟန်သည် သူမ၏လက်များ နာကျင်လာသည်ကို ခံစားလိုက်ရသဖြင့် နှိပ်နေရာမှ ရပ်လိုက်သည်။

“နင်သိလား… နင့်ဖုန်းထဲမှာ ကောင်မလေးက ကောင်လေးကို ခြေထောက်နဲ့နှိပ်ပေးတာမြင် ငါတွေ့လိုက်ရတယ်။ အဲ့တာ တော်တော် သက်တောင့်သက်သာရှိမယ့်ပုံပဲ စမ်းကြည့်ချင်လား”

“ဒါပေါ့”

လင်းဇီချန်က မဆိုင်းမတွ သဘောတူလိုက်သည်။

နောက်ဆုံးတွင်မူ သူက အနှိပ်ခံရသူပင်ဖြသဖြင့် မျက်စိမှိတ်ကာ ပေါ့ပေါ့ပါးပါး အိပ်ရာထဲ၌ အိပ်နေရုံမျှဖြစ်သဖြင့် ငြင်းဆိုရန် အကြောင်းအရင်းမရှိနိုင်ပေ။ မကြာမီ၌ပင် ရှန်ချင်းဟန်သည် လင်းဇီချန်ကို စတင်၍ ခြေဖဝါးဖြင့်အဆင်မပြေစွာ နှိပ်နှယ်ပေးခဲ့သည်။

ဤသည်က သူ့အတွက်စဥ်းစား၍ လုပ်ပေးခြင်းဖြစ်သည်။ နောက်ဆုံးတွင်မူ ယနေ့ လင်းဇီချန်ထံမှ ကျောင်းအမှတ် ၉၀နှင့် သွေးစွမ်းအင်ဆေးလုံးကိုးလုံးကို ရရှိခဲ့သည်ဖြစ်ရာ လင်းဇီချန်ကို အလျော်မပေးပါက သူမသည်သူ့ဆီမှသာ ယူနေရသကဲ့သို့ ခံစားရမည်ဖြစ်သည်။

ဤကဲ့သို့ မမျှတသော ဆက်ဆံရေးမျိုးကို သူမ မကြိုက်ပေ။ နှစ်ဦးနှစ်ဘက် ပါဝင်ကူညီသည့် ဆက်ဆံရေးကိုသာ နှစ်သက်သည်။

အချိန်က တဖြည်းဖြည်းကုန်ဆုံးသွား၍ နာရီမျှအကြာတွင် ရှန်ချင်းဟန်သည် သူမ၏ ခြေဖဝါးနှိပ်နယ်မှုများကို ရပ်တန့်လိုက်သည်။

စက်တင်ဘာလလယ် ပူပြင်းသောရာသီဥတုကြောင့် သဘာဝအတိုင်း ချွေးစေးများထွက်နေသော သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ချွေးများဖြင့် စိုရွှဲလျက်ရှိသည်။ အထူးသဖြင့် သူမ၏ နူးညံ့သိမ်မွေ့သော ခြေဖဝါးလေးများသည် ယခုအခါ စေးကပ်နေပြီဖြစ်သည်။

"ငါ ချွေးအရမ်းထွက်နေပြီ အတူတူ ရေချိုးချင်လား"

ရှန်ချင်းဟန်က တစ်သျှူးအချို့ကို ထုတ်၍ သူမကိုယ်သူမ သုတ်လိုက်ပြီးနောက် လင်းဇီချန်ကို ရေချိုးရန်အကြံပေးလိုက်သည်။ ဤသည်ကိုကြားသော လင်းဇီချန်က ကုတင်ပေါ်မှ ချက်ချင်းထထိုင်ကာ သူ့လက်နှစ်ဖက်ကို ဆွဲ၍ ကုတင်ပေါ်မှထကာ ရေချိုးခန်းဆီ လျှောက်သွား၍ ရယ်မောလိုက်သည်။

"နင် ငါ့ကို နှိပ်ပေးလိုက်တာဆိုတော့ ငါတို့ ရေချိုးရင် နင့်ကျောကို ချေးတွန်းပေးမယ်"

နောက်နေ့တွင် လင်းဇီချန်က မနက်စာပြင်ရန် စောစောထသည်။

ပေါင်မုန့်တစ်ချပ်၊ ဝက်အူချောင်းကင်၊ ကြက်ဥတစ်လုံး၊ နွားနို့တစ်ခွက်။

မကြာခင်၌ပင် ရှန်ချင်းဟန်က မျက်လုံးများကိုပွတ်၍ အခန်းထဲမှ ထွက်လာသည်။ ရေချိုး၍ နံနက်စာစားပြီးနောက် အိမ်မှ အတူတူထွက်ကာ အောက်ထပ်သို့ဆင်း၍ လမ်းခွဲသွားလိုက်ကြသည်။

ထို့နောက် သွေးသန့်လူသား သုတေသနဌာနသို့ရောက်လာခဲ့ကြသည်။ လင်းဇီချန်က အပန်းဖြေရာနေရာသို့ ဝင်ခဲ့ရာ ယခင်ကဲ့သို့ပင် ယောဂကျင့်စဉ်ကျ့င်နေသော စုန်ယွီယန်ကို တွေ့လိုက်ရသည်။

"မင်္ဂလာနံနက်ခင်းပါ လူသစ်ဘုရင်”

လင်းဇီချန်ရောက်ရှိလာသည်ကို သူမမြင်သည်နှင့်တပြိုင်နက် စုန်ယွီယန်သည် သူမ၏ ယောဂကို ရပ်လိုက်ကာ ဖျာပေါ်တွင် တင်ပျဥ်ခွေထိုင်၍ သူ့ကို ရွှင်လန်းစွာ နှုတ်ဆက်လိုက်သည်။

“မင်္ဂလာနံနက်ခင်းပါ အစ်မယန်”

"လာပါ အစ်မယန်နဲ့ ဒီမှာလာထိုင်ပါဦး။ အစ်မ မင်းနဲ့ ပြောစရာရှိတယ်”

စုန်ယွီယန်က ပြုံး၍ သူမဘေးကနေရာကို လက်ညိုးထိုးကာ လင်းဇီချန်ကို ဘေး၌ ဝင်ထိုင်ခိုင်းလိုက်သည်။

လင်းဇီချန်က အနားသို့လျှောက်လာကာ ထိုင်လိုက်သည်။ စုန်ယွီယန်ပြောချင်သောစကားကို သူသိသည်။ ၎င်းသည် ယခင်နေ့မှ ပြိုင်ပွဲအကြောင်းဖြစ်ကြောင်း သံသယဖြစ်နေရန်မလိုပေ။

“ငါ ဆရာ့ဆီက ကြားလိုက်တယ်။ မင်းရဲ့ သွေးမျိုးဆက်စွမ်းအားအဆင့်ဟာ တကယ်တော့ အခြေခံဆဌမအဆင့်တဲ့။ မင်း အသားသန့်စင်တာလည်းပြီးသွားပြီလား”

စုန်ယွီယန်က တောက်ပသော မျက်လုံးများဖြင့် မေးလိုက်သည်။

လင်းဇီချန်က ခေါင်းညိတ်ပြလိုက်၏။ သူ့အဖြေကိုကြားသောအခါ စုန်ယွီယန်၏ မျက်နှာထက်၌ မယုံကြည်နိုင်မှုများနှင့်ပြည့်နေသည်။

"နတ်ဘုရားဇီချန် မင်းက တကယ့်ကို ပါရမီရှင်ပဲ။ နင်နဲ့ယှဥ်ရင် မြို့တော်ရဲ့ ဒုတိယနေရာက အလကားပဲလို့ ခံစားရတယ်”

သူမက ဆက်လက်၍ ပြော၏။

"မင်းပါလာတော့ သွေးသန့်လူသားလမ်းစဥ်က ကျိန်းသေပေါက် အောင်မြင်လိမ့်မယ်။ ကောင်းကင်လူသားအဖွဲ့အစည်းက ငါတို့က ကမ္ဘာကြီးကို တုန်လှုပ်သွားအောင်လုပ်ပြီး လူအများရဲ့ အမြင်ကို ပြောင်းလဲပစ်နိုင်လိမ့်မယ်”

“ကောင်းပြီ၊ အတူတူ ကြိုးစားကြရအောင်”

စုန်ယွီယန်၏ ၀တ်စုံသည် အလွန်လည်ပင်းဟိုက်နေလှလွန်းသောကြောင့် လင်းဇီချန်က ပြော၍ အကြည့်လွှဲလိုက်သည်။ စကားအနည်းငယ်ပြောပြီးနောက် မကြာမီ၌ပင် လင်းဇီချန်က ထ၍ အပန်းဖြေနေရာမှ သုတေသနဧရိယာသို့တည့်တည့်သွားလိုက်သည်။

ထိုနေရာသို့ သုတေသနပြုလပ်ရန်သွားခြင်းမဟုတ် သွေးသန့်စင်ခြင်းကျင့်စဥ်မှ စာသားကို လေ့လာရန်ဖြစ်သည်။ လျို့ချွမ်ဝူနှင့် စုန်ယွီယန်တို့သည် ကျင့်စဥ်တွင်ပါသော အကြောင်းအရာများကို နားမလည်နိုင်ကြသဖြင့် နှစ်ပေါင်းများစွာ သုတေသနပြုခဲ့ကြသည်။

လင်းဇီချန်က ၎င်းတို့ကို အားကိုး၍ မရနိုင်ဟု ခံစားရသဖြင့် သူ့ကိုယ်သူအားကိုးရန်သာ စဥ်းစားလိုက်သည်။ သွေးသန့်စင်ခြင်းကျင့်စဥ်စာအုပ်ထဲမှ စာအကြောင်းအရာများကို သူလေ့လာပြီးသည်နှင့် လျို့ချွမ်ဝူနှင့် စုန်ယွီယန်တို့ တတ်နိုင်သမျှ သုတေသနရလဒ်များကို မြန်မြန်ဆန်ဆန် ရရှိမည်မှာ သေချာသည်။

နောက်ဆုံးတွင် သွေးမျိုးဆက်စွမ်းအားမှ “ကောင်းကင်ဘုံဉာဏ်ရည်ဉာဏ်သွေး” ၏အကျိုးသက်ရောက်မှုက ဟာသမဟုတ်ပေ။ ထိုသို့သော သုတေသနလုပ်ငန်းများတွင် အားစိုက်ထုတ်မှုနည်းနည်းဖြင့် အောင်မြင်နိုင်မည်မှာသေချာသည်။

မဟုတ် ပို၍ပင် အားဆိုင်ထုတ်မှု နည်းနည်းဖြင့် အောင်မြင်နိုင်မည်ဖြစ်ရာ ရှင်းရှင်းလင်းလင်းပြောရလျှင် အားစိုက်ထုတ်မှုထက်ဝက်လောက်ဖြင့် အဆတစ်ရာ ပိုရပေလိမ့်မည်ဖြစ်သည်။

အခန်း(၁၆၁) ကျောင်းသားကောင်စီ၏ အထင်အမြင်သေးမှု

ရီ : သွေးစွမ်းအင်

ရွှမ် : ချီအနှစ်သာရ

ချောင်: သွေးကြောအမှတ်

လျန်: အပေါ်ပိုင်း ခြေလက်များ

ကျဲ : အောက်ပိုင်း ခြေလက်များ

လင်းဇီချန်သည် သွေးသန့်စင်ခြင်း ကျင့်စဉ်စာအုပ်မှ စာသားကို လေ့လာကာ စာကြောင်း ဆယ်ကြောင်းကို အလျင်အမြန်ဖတ်လိုက်သည်။

အချိန်အတော်ကြာ လေ့လာပြီးနောက် ယခင်ယဉ်ကျေးမှုအတန်းမှ ဂန္ထဝင်တရုတ်ဘာသာစကားကို သင်ယူနေရသည့်အလား ထင်လာရသည်။

၎င်းသည် ဂန္တဝင်တရုတ်ဘာသာထက် ပို၍ ရှင်းရှင်းလင်းလင်းနှင့် ပိုတိကျသည်။

ဒီစာတွေက ဘယ်ခေတ်ကလဲ။

လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက

ဒါမှမဟုတ် ... လွန်ခဲ့တဲ့ ထောင်သောင်းချီကလား။

လင်းဇီချန်သည် ဤအရာကို အလွန်သိချင်နေလျက်ရှိသည်။

သွေးသန့်စင်ခြင်း ကျင့်စဉ်က အရမ်းအစွမ်းထက်တာကို ဘာလို့ တိမ်မြုပ်သွားခဲ့ရတာလဲ။

လင်းဇီချန်က ဤအရာများကို တွေးတောနေစဉ်

ယောဂအဝတ်အစားနှင့် သိုင်းဝတ်စုံကို ၀တ်ဆင်ထားသော စုန်ယွီယန်သည် အပြင်ဘက်မှ ဝင်လာ၍ ပြော၏။

"ဇီချန် ကျောင်းသားကောင်စီက လူတစ်ယောက်က မင်းကို ရှာနေတာ။ သူတို့က အခုပဲ အဆောင်အဝင်ဝမှာ စောင့်နေကြတယ်"

"ကျွန်တော့်ကိာ ရှာနေတာလား"

လင်းဇီချန်အနည်းငယ် အံ့ဩသွားသည်။

"ကျောင်းသားကောင်စီမှာ ပါဝင်ဖို့ ဖိတ်ခေါ်ဖို့ ရောက်လာတာ ထင်တယ်။ မနေ့က ပြိုင်ပွဲမှာ မင်းက ထူးထူးခြားခြား ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့တယ်။ ကျောင်းမှာ အပြင်းထန်ဆုံး ကျောင်းသားအဖွဲ့အစည်းတစ်ခုအနေနဲ့ သူတို့က မင်းကို သေချာပေါက် ပါဝင်စေချင်ကြမှာပေါ့"

သူမပြောသည်ကိုကြားသော လင်းဇီချန်က ကျောင်းသားကောင်စီဥက္ကဌက သူ့ကိုရှာနေရသည့်အကြောင်းက ဤအချက်သာ ဖြစ်ကောင်းဖြစ်နိုင်သည်ဟု တွေးလိုက်သည်။

သို့သော် ကျောင်းသားကောင်စီကို စိတ်မဝင်စားသဖြင့် မည်သည့်ရာထူး၊ နေရာကိုမျှ မလိုချင်ပေ။

သူစိတ်မဝင်စားသည်ကို မြင်သော စုန်ယွီယန်က ဆက်ပြောသည်။

"ကျောင်းသားကောင်စီအဖွဲ့ဝင်တွေဟာ လစဉ် ကျောင်းအမှတ်ထောက်ပံ့ကြေးတွေရကြပြီး ပုံမှန်လုပ်စရာအများကြီးမရှိပါဘူး။ အသင်းဝင်တာက အမြတ်ရသလိုပါပဲ။ ပါဖို့ အကြံပေးချင်တယ်"

လင်းဇီချန်က မျက်ခုံးပင့်လိုက်သည်။

‘ ကျောင်းအမှတ် ထောက်ပံ့ကြေး ရှိတာလား’

‘အဲ့တာဆိုရင်တော့ ငါ့အရည်အချင်းတွေကို ကျောင်းသားကောင်စီကို ပြရမှာပေါ့’

ထိုအတွေးဖြင့် လင်းဇီချန်သည် ကျောင်းသားကောင်စီမှလူများကို အချိန်အတန်ကြ မစောင့်ဆိုင်းမိစေရန် ကျောင်းဝင်ပေါက်ဆီသို့ အမြန်ပြေးသွားခဲ့သည်။

အဝင်ဝသို့ ရောက်သောအခါ သူနှင့် မျက်လုံးချင်းဆုံမိသည်မှာ ကြောက်ခမန်းလိလိ ရောင်ဝါများဖြာထွက်နေသည့် အမျိုးသားတစ်ဦးပင်ဖြစ်သည်။

၎င်းတို့အားလုံးက အတန်းမြင့်များဖြစ်ကြကာ ၎င်းတို့ဆီမှ ထွက်လာသော သွေးမျိုးဆက် စွမ်းအားအရ ၎င်းတို့အနက် အနိမ့်ဆုံးက အခြေခံ သတ္တမမြောက် အဆင့်၌ရှိနေ၏။

၎င်းတို့ထဲတွင် အမြင့်ဆုံး ကျောင်းသားကောင်စီ ဥက္ကဌ ကျိုးရွှယ်ဟုန်ဆီသို့ သူ့အကြည့်များကို ရပ်လိုက်သည်။ သူ့ဆီမှ ဖြာထွက်နေသော သွေးမျိုရဆက် စွမ်းအားများသည် အခြေခံအဆင့်ကို ဖြတ်ကျော်သွားကာ အဆင့်မြင့်အဆင့်သို့ ရောက်နေပြီဖြစ်သည်။

သူသည် စစ်မှန်သောအဆင့်မြင့်သတ္တဝါဖြစ်သည်။

လင်းဇီချန်ထွက်လာသည်ကို မြင်သောအခါ ကျိုးရွှယ်ဟုန်က ပြောလိုက်၏။

“ဟယ်လို၊ ငါက ကျောင်းသားကောင်စီဥက္ကဌ ကျိုးရွှယ်ဟုန်ပါ”

ယမန်နေ့က ကျောင်းသားသစ်များရှေ့၌ သူ့ကိုယ်သူ မိတ်ဆက်ပြီးသော်လည်း လင်းဇီချန်ရှေ့တွင် ယဉ်ကျေးသိမ်မွေ့စွာဖြင့် မိတ်ဆက်စကား အတိုချုံး ပြောလိုက်သေးသည်။

"ဥက္ကဌကျိုး မင်္ဂလာပါ။"

လင်းဇီချန်ကလည်း ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

ကျိုးရွှယ်ဟုန်သည် အချိန်ဖြုန်းခြင်းကို မကြိုက်သောကြောင့် အပိုစကားတစ်ခွန်းမျှမပြောဘဲ တည့်တိုးပြောလိုက်သည်။

“မနေ့က စတင်စမ်းသပ်မှုမှာ မင်းက ကျောင်းသားကောင်စီရဲ့ စုဆောင်းမှုလိုအပ်ချက်တွေကို ပြည့်မီအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။”

“ဒီနေ့ ငါလာရတဲ့အကြောင်းက ကျောင်းသား ကောင်စီမှာ ပါဝင်ဖို့နဲ့ အနာဂတ် ကျောင်းသား ကောင်စီ ဥက္ကဌ ရဲ့ အခန်းကဏ္ဍ အတွက် အကျိုးဆောင်ဖို့ ဥက္ကဠ အမျိုးအနွယ် ဖြစ်လာဖို့ ဖိတ်ခေါ် ဖို့ပါပဲ”

“ကျောင်းသားကောင်စီမှာ ပါဝင်ရခြင်းရဲ့ အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်၊ ဥပမာ အထူးအခွင့်အရေးတွေ သာမာန်ကျောင်းသားတွေ မရရှိနိုင်တဲ့ အခွင့်ထူးတွေပေါ့”

"ဥပမာ တစ်နေ့ကို အစားအစာသုံးကြိမ်အတွက် အထူးစီမံပေးတာ ကျောင်းရဲ့ အဓိကနှင့် အသေးစား ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်နဲ့ကျောင်းအမှတ်ထောက်ပံ့တာတို့ပဲ"

ဤအကျိုးခံစားခွင့်များကို ရှင်းပြပြီးနောက် ကျိုးရွှယ်ဟုန်က "ကျောင်းသားကောင်စီဝင်ဖို့ စိတ်ဝင်စားလား" ဟု မေးခဲ့သည်။

“စိတ်ဝင်စားပါတယ်"

ကျိုးရွှယ်ဟုန်က ခေါင်းညိတ်လိုက်သည်။

"မင်းပါလို့ရတယ်၊ ဒါပေမယ့် အခြေအနေတစ်ခုရှိတယ်၊ မင်းဟာ သွေးသန့်လူသားလမ်းစဉ်ကို စွန့်လွှတ်ပြီး သွေးမျိုးစပ်တဲ့လမ်းကို ရွေးရမယ်"

"ဘာလို့လဲ"

လင်းဇီချန်၏ မျက်ခုံးများ အနည်းငယ် မှုန်ကုပ်ကုပ် ဖြစ်သွားသည်။

"ကျောင်းသားကောင်စီက အနာဂတ်မှာ အောင်မြင်မယ့် ပါရမီရှင်တွေကိုပဲ လက်ခံပါတယ်။ မင်းက အခု အရမ်းထက်မြက်တယ် ဒါပေမယ့် မင်းမျိုးရိုးဗီဇပေါင်းစပ်တဲ့လမ်းကို မရွေးချယ်ဘူးဆိုရင် မင်းဘယ်လောက်ပဲ အရည်အချင်းရှိပါစေ တခြားသူတွေလို အလယ်အလတ်တန်းစား ဖြစ်သွားလိမ့်မယ်။"

"ကျုပ်ကတော့ သွေးသန့်လူသားလမ်းစဥ်မှာ အနာဂတ်ရှိပြီး အလယ်အလတ်ဖြစ်မလာဘူးလို့ ယုံကြည်ပါတယ်"

“သွေးသန့်လူသားလမ်းစဉ်က အနာဂတ်မရှိဘူး” ကျိုးရွှယ်ဟုန်က ပြတ်ပြတ်သားသားပြောခဲ့သည်။

“သွေးသန့်လူသားလမ်းစဉ်မှာ အနာဂတ်ရှိရင် ဥက္ကဌလျို့နဲ့ နည်းပြဆရာစုန်တို့လည်း အခုလို ဝမ်းနည်စရာ အခြေအနေမှာ ရှိနေမှာမဟုတ်ဘးး”

"ဥက္ကဌကျိုး ကျောင်းသားကောင်စီဝင်ဖို့ မျိုးရိုးဗီဇပေါင်းစပ်တဲ့လမ်းကို ရွေးရမှာလား"

“အင်း”

"ဒါဆို မေ့လိုက်ပါ၊ ကျွန်တော် မပါဝင်တော့ဘူး"

ထိုစကားကို ပြောပြီးနောက် လင်းဇီချန်လှည့်၍ အတွင်းခန်းထဲသို့ ပြန်ဝင်သွားသည်။

ကျောင်းသားကောင်စီတွင်ပါဝင်ခြင်း၏အကျိုးကျေးဇူးများသည် ကောင်းကင်လူသားအဖွဲ့အစည်းမှပေးသော အကျိုးကျေးဇူးများကဲ့သို့ မည်သို့ရှိနိုင်မည်နည်း။

အကယ်၍ သူပါဝင်ရန်သာ သွေးသန့်လူသားလမ်းစဥ်ကို စွန့်လွှတ်ရမည်ဆိုလျှင် ကျောင်းသားကောင်စီဝင်ရန်ကိစ္စမရှိတော့ပေ။

လင်းဇီချန်လှည့်၍ မဆွေးနွေးဘဲ ထွက်သွားသည်ကို မြင်သောအခါ ကျိုးရွှယ်ဟုန်အံ့အားသင့်သွားသည်။

လင်းဇီချန်သည် ဤမျှ ပြတ်ပြတ်သားသား ဖြစ်နေလိမ််မည်ဟု သူ မမျှော်လင့်ထားပေ။ သူ့ပတ်ဝန်းကျင်ရှိ အခြားကျောင်းသားကောင်စီဝင်များကလည်း အံ့အားသင့်နေကြသည်။ ၎င်းတို့ အခြေအနေကို သဘောပေါက်သွားသောအခါ တယောက်ပြီးတယောက် ကျိန်ဆဲလိုက်ကြသည်။

"ဒီလူသစ်ဘုရင်က သွေးသန့်လူသားလမ်းစဥ်ကို လိုက်လျှောက်ဖို့ တွန်းအားပေးနေတဲ့ လူအိုကြီးကြောင့် တကယ်ကို လွတ်ထွက်သွားပြီပဲ သူ့ဦးနှောက်တွေဆေးခံထားရပြီထင်တယ်”"

“လူသစ် ဘုရင်ဘွဲ့ ရပြီး မိုက်မဲလိုက်တာ”

"ဒီလို မိုက်မဲတဲ့ လူငယ်လေး၊ နောက်မှ နောင်တရလိမ့်မယ်"

“အဲ့အချိန်ကျရင် သူ့အသိစိတ်နဲ့သူ ကျောင်းသားကောင်စီဝင်ချင်တယ်ဆိုရင် လွယ်မှာမဟုတ်ဘူး။”

"ဥက္ကဌ ကျွန်တော်ပြောသားပဲ။ ကောင်းကင်လူသားအဖွဲ့အစည်းရဲ့ဦးနှောက်ဆေးကြောမှုက ပြင်းလွန်းပါတယ်လို့။ သူ့ကိုခေါ်ဖို့ အချိန်ဖြုန်းနေစရာမလိုဘူး။"

ကျိုးရွှယ်ဟုန်က စကားတစ်ခွန်းမှ မပြောဘဲ ခေါင်းကို ခါယမ်းကာ အခြား ပါရမီရှင်များကို စုဆောင်းရန်အတွက် သုတေသနဌာန၍ ဝင်ပေါက်မှ အခြားသူများကို အမြန်ခေါ်သွားခဲ့သည်။

အနာဂတ်မရှိသော အရည်အချင်းရှိခြင်းသည် ပါရမီရှင်ဖြစ်ခြင်းမဟုတ်ပေ။

အမှိုက်ဟုသာ ခေါ်ရပေမည်။

လင်းဇီချန်က သွေးသန့်လူသားလမ်းစဉ်ကို စွန့်လွှတ်ရန် ဆန္ဒမရှိသောကြောင့် သူ့ကို ခေါ်ယူရန် မလိုအပ်တော့ပေ။

သူ့အပေါ်ကို အများအပြား မျှော်လင့်ထားခြင်းမရှိပေ။ စွဲဆောင်နိုင်မည်လားကို စမ်းသပ်ချင်ရုံမျှသာဖြစ်သည်။ ရလဒ်အနေဖြင့် လင်းဇီချန်က ၎င်းတို့ကို အခွင့်အရေးမပေးခဲ့ပေ။ စကားတစ်ခွန်းမျှ မပြောဘဲ လှည့်ထွက်သွား၏။

ကောင်းကင်လူသားအဖွဲ့အစည်း၏ ဦးနှောက်ဆေးကြောခြင်းသည် အစွမ်းထက်လွန်းသည်ဟုသာ ပြောနိုင်သည်။

ပထမ စုန်ယွီယန်၊ ယခု လင်းဇီချန်၊ ၎င်းတို့၏ ဦးနှောက်များကို သေချာစွာ ဆေးကြောပစ်လိုက်သည်။

တစ်ဖက်တွင်

လင်းဇီချန် သုတေသနဌာနထဲသို့ ပြန်ရောက်သည်နှင့် တပြိုင်နက် စုန်ယွီယန်သည် ကျောင်းသားကောင်စီတွင် ပါဝင်ခဲ့သလားဟု မေးသည်။

လင်းဇီချန်က အကြောင်းစုံပြန်ပြောပြသဖြင့် သူမ ဒေါသထွက်ကာ ကျောင်းသားကောင်စီတစ်ခုလုံးကို ကျိန်ဆဲခဲ့သည်။ ၎င်းတို့ အားလုံးသည် အသက်နှစ်ဆယ်ဝန်းကျင်ရှိသော်လည်း ၎င်းတို့၏ အတွေးအမြင်များမှာ အလွန်ခေတ်နောက်ကျနေကာ မျှော်လင့်ချက် ကင်းမဲ့နေခဲ့သည်။

နံနက် ၁၁ နာရီထိုးခါနီးတွင် တစ်မနက်လုံး မမြင်ရသော လျို့ချွမ်ဝူသည် သုတေသနဌာနသို့ နောက်ဆုံးတွင် ပေါ်လာသည်။

သူ့မျက်လုံးအောက်၌ ညိုမည်းနေသော စက်ဝိုင်းများရှိနေသည်။ သူ့ပုံစံကိုမြင်လိုက်ရသောအခါ စုန်ယွီယန်က အနည်းငယ် စိတ်ခံစားသွားရသည်။

“ဥက္ကဌ ရှင် တကယ်တော်တယ်။ သွေးသန့်လူသားလမ်းကို မြှင့်တင်ဖို့အတွက် ရှင့်ခန္ဓာကိုယ်ကို နေ့ရောညပါ ရင်းနှီးမြုပ်နှံပြီး ရောင်းထားတာပဲ။ သွေးသန့်လူသားလမ်းက အနာဂတ်မှာ အောင်မြင်မှုတစ်ခုရရင် ရှင့်နာမည်က သမိုင်းမှာ ကျန်ခဲ့လိမ့်မယ်"

လျို့ချွမ်ဝူ၏ ပါးစပ်က အနည်းငယ် တုန်ခါသွားသည်။

‘ ကောင်းကောင်း မချီးကျူးနိုင်ဘူးလား။ ‘ခန္ဓာကိုယ်ကို ရောင်းတယ်’ ဆိုတဲ့ စကားလုံးကို ချန်ထားရင် သေမှာမို့လို့လား’

‘အဲ့စကာလုံးကြောင့်နဲ့ ‘သမိုင်းတွင်တော့မှာပဲ’ဆိုတဲ့စကားစုကတောင် အဓိပ္ပါယ်နောက်တစ်မျိုးထွက်နေပြီ’

‘အဲ့စကားလုံးတွေပေါင်းလိုက်ရင် ပြည့်တန်ဆာသဘောမျိုးတောင်ဖြစ်နေပြီဟ’

စိတ်ထဲမှ ညည်းညူကျိန်ဆဲ၍ လျို့ချွမ်ဝူက လင်းဇီချန်ဘက်သို့ လှည့်လာ၏။

"ဇီချန် မှတ်ထား မိန်းကလေးတွေက ဆင့်ကဲပြောင်းလဲခြင်းလမ်းကြောင်းပေါ်က အတားအဆီးတွေပဲ သူတို့က မင်းရဲ့ အရိုးတွေကို ချိုးပြီး ခြင်ဆီကို စုပ်ပစ်လိမ့်မယ်။ သူတို့ကို ရှောင်ပါ”

လင်းဇီချန်က ပြုံး၍ မည်သည့်စကားမျှမပြောတော့ပေ။

သူ မိန်းမများကို ရှောင်၍ မရပေ။ ယောက်ျားနှင့်မိန်းမကြား ရင်းနှီးမှုသည် လူ့သဘာဝဖြစ်သည်။

အကျယ်ချုပ်ပြောရလျှင် ၎င်းသည် ဇီဝဗေဒသဘောဖြစ်သည်။ ဇီဝသဘာဝကို ဖိနှိပ်ခြင်းသည် ဆင့်ကဲဖြစ်စဉ်ကို ထိခိုက်စေမည်မှာ အသေအချာပင်ဖြစ်သည်။

သူနှင့် ရှန်ချင်းဟန်တို့သည် အနာဂတ်၌ နောက်ဆုံးအဆင့်ကို ဖြတ်ကျော်ပြီးသည်နှင့် တစ်ညပြီးတစ်ည အချိန်ကုန်ရန် စီစဉ်ထားသည်။ သူသည် ရှန်ချင်းဟန်၏ အထူးဖွဲ့စည်းပုံနှင့် သူ၏ ကာယခွန်အားကို အပြည့်အဝ ပေါင်းစပ်အသုံးချ၍ ပျော်ရွှင်မှုတိုင်းကို ခံစားသွားမည်ဖြစ်သည်။

"စကားမစပ် ဇီချန် ကျောင်းက ပါရမီရှင်တွေရဲ့ မိသားစုတွေအတွက် အိမ်ရာတွေ စီစဉ်ပေးပြီး ကျောင်းတွင်းမှာတောင် အလုပ်တွေ စီစဉ်ပေးနိုင်ပါတယ်။ မင်းမိဘတွေကို‌ ဒီခေါ်ထားချင်လား။"

"မင်းလို အရည်အချင်းရှိတဲ့ကျောင်းသားတွေကို ဂိုဏ်းတွေက အနာဂတ်မှာ ပစ်မှတ်ထားလာလိမ့်မယ်၊ မင်းရဲ့မိသားစုလည်း ငြိတွယ်သွားနိုင်တယ်။ မင်းရဲ့မိဘတွေကို ကျောင်းမှာ အမြန်ဆုံးနေထိုင်ခိုင်းဖို့ ငါအကြံပေးတယ်"

"နားလည်ပါတယ် ဥက္ကဌ ဒီအပတ် ပိတ်ရက်မှာ အိမ်ပြန်ပြီး မိဘတွေနဲ့ ဆွေးနွေးပါ့မယ်"

လျို့ချွမ်ဝူက ခေါင်းညိတ်လိုက်ပြီးနောက် ဆက်ပြောသည်။

“ငါ့ကို ဖုန်းပေးပါ၊ ကျောင်းတာဝန်တွေကို လက်ခံဖို့ ခွင့်ပြုချက်တွေ လုပ်ပေးမယ်”

လင်းဇီချန်က အံ့ဩသွားရ၏။

"ပထမနှစ်ရဲ့ ဒုတိယစာသင်နှစ်မှာမှ စသုံးနိုင်မှာမလား"

သူသည် ကျောင်းသားလက်စွဲစာအုပ်ကို ဖတ်ကာ ကျောင်းအလုပ်များကို မည်သို့လုပ်ဆောင်သည်ကို သိခဲ့ရပြီးဖြစ်သည်။ နေ့စဥ်နေ့တိုင်း ကျောင်း၏ ကျောင်းသားအက်ပ်တွင် အလုပ်တာဝန်မျိုးစုံကို တင်ပေးသည်။ ကျောင်းဝင်းအတွင်းဆရာများကို ၎င်းတို့၏ လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ ကူညီဆောင်ရွက်ပေးရန်၊ ကျောင်းဝင်းပြင်ပတွင် ရာဇ၀တ်ကောင်များကို ဖမ်းမိရန် လုံခြုံရေးဌာနနှင့် ကူညီဆောင်ရွက်ပေးရန် သို့မဟုတ် မျိုးဆက်သစ်ဂိုဏ်း သို့မဟုတ် ဆန်းကြယ်သားရဲ ပြင်ပဌာနများကို ဖယ်ရှားပစ်ရန် အစရှိသဖြင့် တာဝန်များဖြစ်သည်။

အလုပ်များပြီးမြောက်ပါက ကျောင်းအမှတ်များရရှိမည်ဖြစ်သည်။ ထို့အပြင် ဤကျောင်းတာဝန်များကို ပထမစာသင်နှစ်ကျောင်းသားများက လုပ်၍ ရမည်မဟုတ်ပေ။ ဒုတိယစာသင်နှစ်အထိ စောင့်ဆိုင်းရမည်ဖြစ်သည်။

"အခု မင်းရဲ့ ခွန်အားတွေ အရမ်းသန်မာနေတော့ တခြားသူတွေလို လူသစ်တန်း ဒုတိယနှစ်ဝက်အထိ စောင့်စရာ မလိုတော့ဘူး၊ အလုပ်တွေကို အခုတည်းက စလက်ခံလို့ရပြီ။ မင်း စလုပ်တာမြန်လေလေ မင်း‌ ကျောင်းအမှတ်တွေ အမြန်ရလေလေပဲ။ မင်းရဲ့အချိန်ကိုမဖြုန်းဘဲ ပိုပြီး အားကောင်းလာအောင်လုပ်ပါ”

လျို့ချွမ်ဝူက ဤသို့ပြော၍ လင်းဇီချန်၏ဖုန်းတွင် အလုပ်လက်ခံခြင်းခွင့်ပြုချက်များကို ဖွင့်လိုက်သည်။

နှစ်မိနစ်ခန့်အကြာတွင် သူသည် ဖုန်းအား လင်းဇီချန်ထံသို့ပြန်ပေးလိုက်၏။

“မင်း စပြီး သုံးလို့ရပြီ။ ကျောင်းအက်ပ်ရဲ့ ပင်မစာမျက်နှာရဲ့ ညာဘက်ထောင့်မှာ အလုပ်စာမျက်နှာလို့ ရိုက်ထည့်လိုက်”

"မင်းရဲ့ အစ်မယန်က ကျောင်းကျောင်းအမှတ်တွေရဖို့အတွက် အပတ်တိုင်း အလုပ်တွေလုပ်ဖို့ ကျောင်းပြင်ထွက်ရတယ်။ နောင်မှာ ငါနဲ့ပူးပေါင်းနိုင်တယ်၊ လုပ်ငန်းစဉ်တွေနဲ့ ရင်းနှီးပြီး အလုပ်တွေပြီးမြောက်အောင် အတွေ့အကြုံတွေ ရယူနိုင်မှာပါ" စုန်ယွီယန်က ပြေု၏

"ဒါဆို အချိန်ကျရင် အစ်မယန်ကိုပဲ ဒုက္ခပေးရပါဦးမယ်”

“ပြောနေစရာမလိုပါဘူး သိပ်ပြီး တလေးတစားဆက်ဆံစရာမလိုဘူး စီနီယာတွေက ဂျူနီယာတွေပို ပြုစုစောင့်ရှောက်ဖို့က သင့်တော်ပါတယ်။ သိပ်မကြာခင်မှာ ဆန်းကြယ်သားရဲတွေကို ဖယ်ရှားပစ်ဖို့ တာဝန်တစ်ခုကို လက်ခံလိုက်ပြီး မင်းရဲ့ အမြင်တွေကို ချဲ့ထွင်ဖို့ ငါခေါ်သွားမယ်။"

စုန်ယွီယန်က ပြုံးလိုက်သည်။

"မင်းရဲ့အစ်မယန်က ထိပ်တန်းအဆင့် ပါရမီရှင်တွေနဲ့ယှဉ်ရင် သာမန်ဖြစ်နိုင်ပေမယ့် သာမာန်လူနဲ့ ယှဉ်ရင် မင်းရဲ့ညီမ Yan က အရမ်းသန်မာဆဲပါ။ သာမာန် ဆန်းကြယ်သားရဲမှန်သမျှကို ဖမ်းပြီးသတ်ပစ်နိုင်တယ်”

"ဟုတ်ကဲ့ပါ" လင်းဇီချန်က ပြော၏။

အခန်း(၁၆၂) ထိပ်တန်းစာရင်း ပြိုင်ပွဲ

၎င်းတို့ သုံးယောက် စကားစမြည်ပြောကြသည်။ မကြာခင်၌ လျို့ချွမ်ဝူက သူ့၏ဓာတ်ခွဲခန်းထဲ၌ အိပ်ပျော်သွားခဲ့သည်။

တစ်ညလုံး မနားမနေ တိုက်ပွဲဝင်ခဲ့ပြီးနောက် အိပ်မပျော်လျှင် လဲကျလုနီးပါး ခံစားရသည်။

သာမာန်အားဖြင့် အဆင့်မြင့်သတ္တဝါနှင့် ယှဉ်နိုင်သော ကာယခွန်အားဖြင့် သူသည် ပင်ပန်းမှုမရှိဘဲ တစ်ပတ်ပတ်လုံး သွားနိုင်သည်။ သို့သော် ယွမ်သုန်ကျီက ယမန်နေ့ညက သူ့ကို အမှန်တကယ်ပင် တစ်မျိုးပြီးတစ်မျိုး နှောင့်ယှက်ခဲ့သည်။

သွေးမျိုးဆက်စွမ်းအားအဆင့်တွင် အလွန်အမင်း အဆင့်အတန်း နိမ့်နေသဖြင့် လိုက်မမှီနိုင်ခဲ့ပေ။

နဂါးအမျိုးသမီးသည် အပြင်ပန်းမှကြည့်လျှင် သပ်သပ်ရပ်ရပ်ရှိပုံရသော်လည်း ဆန်ကျင်ဘက်အနေဖြင့် မျက်ကွယ်ရာတွင် ခြောက်ပစ်ကင်းသဲလဲစင်နေခြင်းမဟုတ်၊ မည်သူမဆိုထက် ပိုပါးနပ်သည်။

လျို့ချွမ်ဝူထွက်သွားပြီးနောက် လင်းဇီချန်သည် အနီးနားရှိ ဆိုဖာပေါ်တွင် ထိုင်ကာ ကျောင်းအက်ပ်ရှိ အလုပ်များကို စတင်စစ်ဆေးခဲ့သည်။ အလုပ်သုံးမျိုးရှိသည်။

ကျောင်းမှ ပေးသောအလုပ်။

ကျောင်းသားများမှ ပေးသောအလုပ်နှင့်

ပြင်ပအဖွဲ့အစည်းများမှပေးသော အလုပ်ဟူ၍ ဖြစ်သည်။

၎င်းတို့အထဲတွင် ပြည်သူ့လုံခြုံရေးကဲ့သို့သော တရားဝင်ဌာနများမှ ပြင်ပအဖွဲ့အစည်းများမှ ပေးကမ်းထားသည့် လုပ်ငန်းတာဝန်များမှာ အများဆုံးပင်ဖြစ်သည်။ လင်းဇီချန်သည် ကျောင်းမှထုတ်ဝေသည့်အလုပ်များကို ဦးစွာဖွင့်ကြည့်ခဲ့သည်။

အကျဉ်းချုံးကြည့်ပြီးနောက်တွင် အလုပ်များစွာမရှိကြောင်းနှင့် ၎င်းတို့အားလုံးက အသေးအဖွဲကိစ္စများဖြစ်ကြောင်း သူတွေ့ရှိခဲ့သည်။

ဥပမာအားဖြင့် ကျောင်းအုပ်ကို အလုပ်တစ်ခုခုဖြငိ့ ကူညီပေးရခြင်း သို့မဟုတ် ပညာရေးဆိုင်ရာရုံးကို ကူညီပေးရခြင်းတို့ဖြစ်သည်။ လုပ်ဆောင်စရာများအတွက် ဆုလာဘ်မှာ အများအားဖြင့် ကျောင်းအမှတ် 1မှတ်ဖြစ်ကာ အချို့က ကျောင်းအမှတ် 2မှတ် ပေးကြသည်။

ကျောင်းအမှတ်အနည်းငယ်သာရှိသော်လည်း အလုပ်များသည် မခက်ခဲဘဲ အလွန်အမင်းရှာဖွေရခက်သဖြင့် ၎င်းတို့ကို တင်သည့်အချိန်၌ လုယူခံရလေ့ရှိသည်။

လင်းဇီချန်သည် ဤနိမ့်ပါးသောအလုပ်များကို စိတ်မဝင်စားပေ။

အမြန်ကြည့်ပြီးနောက် ထိုစာမျက်နှာမှ ထွက်သွားသည်။

နောက်တစ်ခုဖြစ်သည့် ကျောင်းသားများပေးအပ်သော အလုပ်များကို နှိပ်လိုက်သည်။

လုပ်ငန်းတာဝန်- အသားဖြူဖြူ ခြေတံသွယ်သွယ်နီင့် သားရဲနားရွက်အလှကို ဦးစားပေးလိုသည့် အမျိုးသမီးငယ် သွေးမျိုးစပ်တစ်ဦးကို ရှာဖွေနေပါသည်။

ဆုလာဘ်- တစ်လလျှင် ကျောင်းအမှတ် ၅မှတ်

သူဝင်လိုက်သည်နှင့် လင်းဇီချန်သည် အလေးအနက်ထားရန် ခက်ခဲသော ဤတာဝန်ကို မြင်လိုက်ရသည်။

‘ဒါဟာ တကယ်ပဲ လေ့ကျင့်ဖို့လက်တွဲဖော်ကို ရှာတာနဲ့ဆိုင်လို့လား’

‘ဟား၊ ငါ မင်းရဲ့အတွေးတွေကို လိုက်တောင်မမှီနိုင်တော့ဘူး’

ဆက်လက်၍ အောက်သို့ ရွှေ့ကြည့်လိုက်ရာ အလုပ်အများစုသည် အနည်းနှင့်အများ အတူတူပင်ဖြစ်သည်။ အများစုမှာ မိတ်ဆွေဖွဲ့ရန် ရည်ရွယ်ထားသောကြောင့် အနည်းငယ်ထူးဆန်းသည်။

ကျောင်းသားများကမ်းလှမ်းသည့် အလုပ်များ စာမျက်နှာမှ ထွက်ကာ ပြင်ပမှပေးထားသော လုပ်ဆောင်စရာများ စာမျက်နှာသို့ ဝင်သွားသည်။

လုပ်ဆောင်စရာ- ချန်ကျန့်မြို့၏ဆင်ခြေဖုံးရပ်ကွက် အနီးရှိ လက်နက်ကိုင်ဆောင်ထားသော ဓားပြဂိုဏ်းတစ်ဂိုဏ်းက ဆန်းကြယ်သားရဲအသားတွေ သယ်ယူပို့ဆောင်နေပါတယ်။ လူ ၇ ဦးပါ ဓားပြတစ်ဖွဲ့ကို ဖမ်းဆီးလိုက်ပါ။

ဆုကြေး- ကျောင်းအမှတ် ၃၀။

လုပ်ဆောင်စရာ - အောက်ပါ ဆန်းကြယ်သားရဲကိုဖမ်းပါ။ ချန်ကျိုးစီးတီး၏ ကျင်းဟိုင်ပင်လယ်အော်တွင် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သော သွေးဆာနေသော ငါးနဂါး၊ အခြေခံနဝမအဆင့်။

ဆုကြေး- ကျောင်းအမှတ် ၂၀၀

လုပ်ဆောင်စရာ- ရိုင်းစိုင်းတဲ့ သွေးမျိုးစပ်ကို ဖမ်းပါ။ ယောက်ျားများစွာကို ဖမ်းဆီးနှိပ်စက်၍

ရှန်ဟိုင်းမြို့၏ မီးနီရပ်ကွက်များတွင် အဓိကအားဖြင့် လှုပ်ရှားနေသော ကြောင်မိမယ် အခြေခံ ဆဠမအဆင့်

ဆုကြေး- ကျောင်းအမှတ် ၅၀

လုပ်ဆောင်စရာ- ရှန်ဟိုင်းမြို့ တွင် အဓိကအားဖြင့် တက်ကြွသော ကောလိပ်ကျောင်းသားများကို သွေးထိုးလှုံ့ဆော်ခြင်း သို့မဟုတ် အတင်းအကျပ် သွေးဆောင်သော အခြေခံအဋ္ဌမအဆင့်ရှိ နတ်ဆေးပင်ဂိုဏ်းရဲ့ အဖွဲ့ဝင်များကို ဖမ်းဆီးပါ။

ဆုကြေး- 100 ကျောင်းအမှတ်။

ပြင်ပမှ ထုတ်ဝေသည့် အလုပ်များသည် များပြားကာ ကျောင်းအမှတ်ဆုလာဘ်များ မြင့်မားသည်။ လင်းဇီချန်သည် ဤအရာကိုကြည့်၍ စိတ်လှုပ်ရှားမိသွားသည်။

ပြင်ပအလုပ်များ ရရှိနိုင်သဖြင့် ဝင်ငွေအတွက် စိတ်ပူရန် မလိုတော့ပေ။ အလုပ်များကိုစစ်ဆေးပြီးနောက် နောက်တစ်ဆင့်မှာ တစ်ခုကိုလက်ခံရန်ဖြစ်သည်။ အဝေးရှိအလုပ်များကို မစဉ်းစားဘဲ အနီးဆုံးအလုပ်များကို အာရုံစိုက်ခဲ့သည်။ ကြောင်မိမယ်သည် ရှန်ဟိုင်းမြို့တွင်ရှိခြင်းကြောင့် သူ ထိုအလုပ်ကို လက်ခံနိုင်သည်။

နတ်သစ်ပင်ဂိုဏ်းသားများ ဖမ်းဆီးခြင်းအလုပ်ကိုမူ လွယ်ကူစွာ ပြီးမြောက်နိုင်သော်လည်း လက်ခံရန် မလိုအပ်ပေ။ အဓိကမှာ လက်တုံ့ပြန်ခြင်းခံရမည်ကို စိုးသောကြောင့် ဖြစ်သည်။

စင်စစ်သော်ကား ၎င်းသည် အဖွဲ့အစည်းတစ်ခုဖြစ်၍ ၎င်းကို လုံးလုံးလျားလျား ချေမှုန်းနိုင်ခြင်းမရှိပါက ၎င်း၏အဖွဲ့ဝင်တစ်ဦးတည်းကိုသာ ဖမ်းဆီးခြင်းသည် လက်စားချေရန် ပစ်မှတ်ထားခံရမည်မှာ သေချာသည်။

အငယ်တန်း အထက်တန်းကျောင်းက ကြွက်နတ်ဘုရားဂိုဏ်းကို စော်ကားခဲ့သည့် လုံခြုံရေးအဖွဲ့ကပ္ပတိန်က သွေးထွက်သံယို ဥပမာတစ်ခုပင်ဖြစ်သည်။ လင်းဇီချန်သည် မိမိကိုယ်ကို ကာကွယ်ရန် တိကျသေချာသော စွမ်းရည်ရှိ၍ ပစ်မှတ်ထားခံရမည်ကို မကြောက်သော်လည်း သာမန်လူများဖြစ်သည့် ၎င်း၏ မိသားစုဝင်များနှင့် ကွဲပြားသည်။ သူ၏မိဘများသည် ရှန်ဟိုင်းတက္ကသိုလ်အနီးတွင် နေထိုင်ရန် မပြောင်းရွှေ့မီအထိ ထိုဂိုဏ်းဝင်များကို ဖမ်းဆီးခြင်းကဲ့သို့သော လုပ်ငန်းများကို ရွှေ့ဆိုင်းထားမည်ဖြစ်သည်။

ချိန်ဆတွေးခေါ်ပြီးနောက်ဆုံးတွင် လင်းဇီချန်သည် ကြောင်မိမယ်ကို ဖမ်းရန်တာဝန်ကိုလက်ခံခဲ့သည်။

၎င်းကို ကိုင်တွယ်ရန် ပိတ်ရက်များ၌ အိမ်ပြန်ရန် စီစဉ်ထားသော်လည်း နှစ်ရက်ဖြင့် လုံလောက်မည် မလုံလောက်မည်မှာ မသေချာပေ။

နောက်ဆုံးတွင် သူမကို ရှာရပေဦးမည်ဖြစ်ရာ ကံကောင်းလျှင်

ပထမနေ့၌ သူမကို ရှာတွေ့နိုင်သည်။ သို့သော် သူကံမကောင်းခဲ့ပါက တစ်လလုံးလုံး သူမကို ရှာမတွေ့နိုင်ခြင်းမျိုးလည်းဖြစ်နိုင်သည်။

ဤကျောင်းအမှတ် ၅၀ ကို ရရှိရန် မလွယ်ကူပေ။

မဟုတ်ပါက ဤအလုပ်ကို ပြီးမြောက်ပြီးမည်မှာ ကြာနှင့်လောက်ပြီဖြစ်ရာ အလုပ်စာမျက်နှာတွင် စာရင်းသွင်းထားဦးမည်မဟုတ်ပေ။

"မင်းက အဲ့ကြောင်မိမယ်တာဝန်ကို လက်ခံလိုက်တာလား"

စုန်ယွီယန်အံ့အားသင့်သွားသည်။

"ဒါ မင်းရဲ့ပထမဆုံးအလုပ်ပဲ၊ မင်း အခြေခံ ဆဌမအဆင့် တာဝန်တစ်ခုကို ရွေးလိုက်တာ အရမ်းအန္တရာယ်များလွန်းတယ်။ ငါအတူလိုက်ခဲ့ရမလား"

စကားပြောပြီးနောက် သူမကဆက်ပြောသည်။

“ငါ ကျောင်းအမှတ်တွေကို မင်းနဲ့ မခွဲပါဘူး။

ပြီးရင် ထမင်းလိုက်ကျွေးလေ"

လင်းဇီချန်က ယဉ်ယဉ်ကျေးကျေး ငြင်းဆိုခဲ့သည်။

"ဒါကအစ်မယန်ရဲ့ အချိန်ကို ဖြုန်းတီးမိမှာပါ မလိုအပ်ပါဘူး"

အကယ်၍ သူ၏သွေးမျိုးဆက်စွမ်းအားအဆင့်က အမှန်တကယ်ပင် အခြေခံဆဠမအဆင့်ဖြစ်ခဲ့ပါက သူသည် စုန်ယွီယန်၏ကမ်းလှမ်းမှုကို ငြင်းပယ်လိမ့်မည်မဟုတ်ပေ။

သို့သော် သူ့သွေးမျိုးဆက်စွမ်းအားအဆင့်သည် အခြေခံနဝမအဆင့်၌ရှိနေသဖြင့် အခြေခံဆဠမအဆင့် ကြောင်မိမယ်နှင့် ရင်ဆိုင်ရသည်မှာ အခြေခံအားဖြင့် အခွံမာသီးတစ်လုံးကို ကွဲရန် တူကိုအသုံးပြုသကဲ့သို့ လွယ်ကူစွာ ကိုင်တွယ်နိုင်မည်ဖြစ်သည်။

“ကောင်းပြီ၊ ဒါဆို မင်းကိုယ်တိုင် သတိထားပါ။ မင်းရဲ့ စွမ်းဆောင်နိုင်ရည် အတိုင်း လုပ်ဆောင်ဖို့ မမေ့ပါနဲ့” သူမက အကြံပေးသည်။

"ဟုတ် စိုးရိမ်ပေးလို့ ကျေးဇူးပါပဲ အစ်မယန်” ရှောင်ချန် က ပြန်ဖြေသည်။

ထိုသို့ပြောပြီးနောက် လင်းဇီချန်က စိတ်ရှုပ်ထွေးမှုအချို့ကို ဖော်ပြလိုက်၏။

"စကားမစပ် အစ်မယန် ကျွန်တော် ကြောင်မိမယ်တာဝန်ကို ယူလိုက်တာ ဘယ်လိုသိတာလဲ"

"အလုပ်စာမျက်နှာမှာ တာဝန်ကို လက်ခံထားရင် ပေါ်တယ်လေ”

ဤသည်ကိုကြားသည်နှင့် လင်းဇီချန်က ကြောင်မိမယ်နှင့် ပတ်သက်သော တာဝန်ကို ဖွင့်ကြည့်လိုက်သည်။

မှန်သည် အလုပ်တာဝန်ကို မည်သူက လက်ခံခဲ့ကြောင်း ပြထားသည်မှာ အမှန်ပင်ဖြစ်သည်။

စုစုပေါင်း လူ ၂၈ ဦးက ကြောင်မိမယ်တာဝန်ကို လက်ခံခဲ့သည်။

၎င်းတို့အနက် ၂၆ ဦးသည် စီနီယာများဖြစ်၍ ၂ ဦးသာ ပထမနှစ်ကျောင်းသားသစ်များဖြစ်သည်။

‘ငါ့အပြင် ကြောင်မိမယ်တာဝန်ကို ထမ်းဆောင်ခဲ့တဲ့ နောက်ထပ် ကျောင်းသားသစ် ရှိသေးတာလား’

လင်းဇီချန်က အနည်းငယ် အံ့အားသင့်သွားသည်။

ထို့နောက် သူက ထိုအလုပ်ကို တာဝန်ယူခဲ့သော အခြားကျောင်းသားသစ်၏ အချက်အလက်ကို စစ်ဆေးကြည့်ရာ ၎င်းမှာ အထူးတန်းမှ မာရှိဝေဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

မာရှိဝေ

သူမ၏ ခွန်အားသည် အခြေခံပဥ္စမအဆင့်က အများဆုံးဖြစ်သည်။

‘ဒီကြောင်မိမယ်တာဝန်ကို ဘာလို့လုပ်ရဲတာလဲ။ သူ့မှာ အကူအညီရှိရမယ်’

အမှန်စင်စစ်တွင် ဆင့်ကဲပြောင်းလဲခြင်းကောလိပ်၏ဥက္ကဌ၏သမီးဖြစ်သောကြောင့် သူမသည် အလွန်မြင့်မြတ်သောအဆင့်အတန်းကို ခံယူထားသဖြငိ့ ကောလိပ်ရှိ အထက်တန်းစားများစွာက သူမကို ပိုးပမ်းလိုကြသည်။ သူက ဤကိစ္စများကို အချိန်အတော်ကြာ စဉ်းစားနေမိသည်။

ထို့နောက် လင်းဇီချန်င ကျောင်းဝင်းအက်ပ်တွင် အလုပ်များကို ဆက်လက်ရှာဖွေသည်။ ကြည့်နေသော်လည်း တစ်ခုကိုမျှ လက်မခံခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သင်သည် တစ်ကြိမ်လျှင် အလုပ်တစ်ခုသာ လက်ခံနိုင်၍ အများအပြားကို တစ်ပြိုင်နက်တည်း လက်ခံ၍မရနိုင်သောကြောင့် ဖြစ်သည်။

နာရီဝက်မျှကြာအောင ရှာကြည့်ပြီးနောက် သူ့ဖုန်းက ရုတ်တရက် တုန်ခါသွားသည်။

ယမန်နေ့ညက သူမှာယူထားသော မသေမျိုးပက်ကျိအသား ၁၀ ပေါင် ရောက်လာကြောင်း ကျောင်းအက်ပ်က အကြောင်းကြားခြင်းပင်ဖြစ်သည်။

လင်းဇီချန်က ထိုအချိန်ကို ကြည့်လိုက်သည်၊။ မွန်းတည့်ချိန်နီးပြီဖြစ်၏။

သူက ထမင်းချက်ရန် အဆောင်သို့ပြန်ရမည်ဖြစ်ကြောင်း စုန်ယွီယန်ကို ပြော၍ သုတေသနဌာနမှ ပြန်ထွက်လာခဲ့သည်။

လမ်းတစ်လျှောက်၌ မလိုလားအပ်သော ဧည့်သည်တစ်ဦးနှင့် ကြုံလိုက်ရ၏။

အတန်ငယ်ချောမောသော သူစိမ်းတစ်ယောက်ဖြစ်သည်။

"အန္တရာယ်ကြိုသိမြင်နိုင်စွမ်း" ကိုအသုံးပြု၍ အခြေခံ သတတ္မအဆင့်ရှိ လူငယ်လေးထံမှထွက်လာသော သွေးမျိုးဆက်စွမ်းအားကို သူခံစားမိခဲ့သည်။

လူငယ်သည် သစ်ပင်အောက်တွင် ပျင်းရိစွာ ဖုန်းဆော့နေသော်လည်း လင်းဇီချန်က တက္ကသိုလ်မှ ထွက်လာသည်ကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် ဖုန်းကို အိတ်ထဲထည့်ကာ သူ့ဆီသို့ အမြန် လှမ်းလာခဲ့သည်။

ခြေလှမ်းနှစ်လှမ်းမျှလှမ်းပြီးနောက် သူက လင်းဇီချန်၏ရှေ့တွင် ရပ်လိုက်၏။

"လင်းဇီချန်၊ ဝေဝေကို ဒီလိုဖြစ်အောင် မင်း ဒီလိုမျိုး ပစ်မှတ်ထားနေလောက်အောင် မင်းကို ဘာလုပ်လို့လဲ"

"အဖွင့်ပြိုင်ပွဲမှာ မင်းက သူ့မျက်နှာကို ရောင်ရမ်းအောင်လုပ်ရုံတင် အားမရလို့ တင်ပါးကို ကန်လိုက်သေးတယ်။ အခု ကျောင်းဝင်းထဲက အလုပ်ကိုတောင် မင်းသူနဲ့ ပြိုင်နေတာပဲ။ လျို့ချွမ်ဝူက ဒီလိုလုပ်ဖို့ မင်းကို ပြောခဲ့တာလား။"

"မိန်းကလေးတစ်ယောက်ကို မညှာမတာနဲ့ ပစ်မှတ်ထားနေတယ်။ မင်းဘာရမှာမို့လို့လဲ။ မင်း ငါ့ကို တိုက်ခိုက်ရဲလား"

လူငယ်၏လေသံ၌ ဒေါသပိုတိုးလာကာ ကျောင်းဝင်းစည်းမျဥ်းစည်းကမ်းကြောင့် မဟုတ်ပါက ထိုနေရာ၌ လင်းဇီချန်ကို အနိုင်ယူရန် အဆင်သင့်ဖြစ်နေပေလိမ့်မည်။

ဒါ မာရှိဝေရဲ့ လက်ဆွဲခွေးလား။

ဒါမှမဟုတ် မာကျန်းဟယ်ရဲ့ မိန်းမစိုးလား။

ဤသည်ကိုတွေး၍ လင်းဇီချန်ကပြောလိုက်သည်။ "မာရှိဝေမင်းကို လွှတ်လိုက်တာလား ဒါမှမဟုတ် ဥက္ကဌမာလား"

“တစ်ယောက်မှ မဟုတ်ဘူး”

လူငယ်က ငြင်းဆိုလိုက်သည်။

“မင်းကို သည်းမခံနိုင်လို့ ငါကိုယ်တိုင်လာခဲ့တာ”

"ဒါဆို အခုဘာလုပ်မှာလဲ"

“မင်းငါ့ကို တိုက်ရဲလား”

လင်းဇီချန်သည် လူငယ်ကို လျစ်လျူရှု၍ သူ့လမ်းသူ ဆက်လျှောက်သွားသည်။ ကောလိပ်တွင် ထိုသို့သော မိုက်မဲသော ခွေးရူးများကို တွေ့လေ့ရှိသဖြင့် ၎င်းသည် သာမန်သာဖြစ်သည်။

"အဲမှာ ရပ်လိုက်စမ်း”

လင်းဇီချန်က သူ့ကို လုံးလုံးလျားလျား လျစ်လျူရှု့ထားသည်ကို မြင်သောအခါ လူငယ်က ဒေါသတကြီးဖြင့် သူ့ပခုံးကို ဆွဲကိုင်လိုက်သည်။

လင်းဇီချန်က သူဆန္ဒအတိုင်း ရပ်လိုက်သည်။

ထို့နောက် စကားလုံးအနည်းငယ်ပြောကာ ကြမ်းတမ်းသောအမူအရာဖြင့် လှည့်ကြည့်၍ ခပ်ချောချောမျက်နှာကို ချိန်ရွယ်ကာ လက်သီးချက်ထိုးလိုက်သည်။

“ဘမ်း”

ထိုအသံတစ်ခုသာ ပဲ့တင်ထပ်သွားသည်။ လျပ်တစ်ပြတ်လက်သီးချက်ကြောင့် လူငယ်သည် မြေပြင်ပေါ်သို့ လဲကျသွားပြီးနောက် မျက်နှာက သိသိသာသာ ရောင်ကိုင်းလာသည်။

လင်းဇီချန်သည် နောက်ပြန်လှည့်မကြည့်ဘဲ အိပ်ဆောင်ဆီသို့ ဆက်သွားခဲ့သည်။

ကျုံးယွမ် အဆောက်အဦ အမှတ် ၈၊ အိပ်ဆောင် ၆၀၃

လင်းဇီချန်တံခါးကိုဖွင့်၍ ဝင်လိုက်သောအခါ ရှန်ချင်းဟန်သည် မီးဖိုချောင်တွင် ချက်ပြုတ်နေပြီဖြစ်သည်။ မီးဖိုချောင်ထဲကို လှမ်းကြည့်လိုက်ပြီးနောက် ဟင်းနှစ်ပွဲ ပြင်ထားပြီးသားကို တွေ့သောအခါ သူက စမေးလိုက်သည်။

"ဒီနေ့ ကျောင်းက စောလွှတ်လိုက်တာလား"

"ငါ ဒီမနက် အတန်း နှစ်ခုပဲ ရှိလို့ ၁၀ နာရီလောက်မှာ ပြန်လာပြီး အားကစားခန်းမမှာ တစ်နာရီလောက် လေ့ကျင့်ပြီး ရေချိုးပြီး ဟင်းချက်နေတာ" ရှန်ချင်းဟန်က နောက်ဆုံး ဟင်းကို ဆက်မွှေလျက် သူမ လုပ်ခဲ့သမျှကို အစီရင်ခံသည်။

မကြာခင် နောက်ဆုံး ဟင်းလျာက အဆင်သင့်ဖြစ်ပြီဖြစ်သည်။

နှစ်ယောက်သား ထမင်းစားရန် ဧည့်ခန်း၌ထိုင်၍ စကားစမြည်ပြောကြသည်။

"ရှောင်ချန်၊ မနေ့ညက အကြွေးဝယ်ကုန်တိုက်ကနေ နင်ဝယ်ခဲ့တဲ့ မသေမျိုး ပက်ကျိအသား ၁၀ ပေါင်ကို လာပို့သွားပြီ။ အဲ့တာတွေကို ရေခဲသေတ္တာထဲမှာ ထည့်ထားလိုက်ပြီ"

"ရှောင်ချန်၊ ဒီနေ့ ညနေ ၃ နာရီမှာ အားကစားရုံမှာ တိုက်ပွဲဖြစ်မယ်လို့ အတန်းထဲမှာ ငါတို့ရဲ့နည်းပြဆရာကပြောလိုက်တယ်။ အခြေခံအထွတ်အထိပ်အဆင့် စက်ရုပ်လူသားက သွေးမျိုးစပ်ကို စိန်ခေါ်တာမို့ တန်ဖိုးရှိတဲ့ အထွတ်အထိပ်တိုက်ပွဲလို့ ပြောလို့ရတယ်။ သူက အတန်းထဲကလူတိုင်းကို သွားကြည့်ဖို့ အကြံပေးထားတယ်။ နင်လာချင်လား” သူမက မေး၏။

"အတူတူသွားကြည့်ရအောင်"

"သြော်၊ ဒီမနက် တက္ကသိုလ်မှာ ကျောင်းအုပ်လျိုက ကျောင်းက မိသားစု ပြန်လည်နေရာချထားရေး အိမ်ရာတွေ ပေးထားတယ်လို့ပြောတယ်။ အရည်အချင်းပြည့်မီတဲ့ ပါရမီရှင်တွေက မိဘတွေကို ပြောင်းရွှေ့ခိုင်းပြီး သူတို့အတွက် အလုပ်အကိုင်တွေ စီစဉ်ပေးနိုင်တယ်တဲ့။ ငါတော့ အဖေရောအမေရောကို ဒီကို ခေါ်လာဖို့ စီစဉ်နေတယ်။ နင်ရော ခေါ်ထားချင်လား”

"ဒီလောက်ကောင်းတဲ့ စာချုပ်ရှိလား"

ရှန်ချင်းဟန်၏ မျက်လုံးများသည် မယုံကြည်နိုင်စွာ ပြူးကျယ်သွားသည်။ ထို့နောက် သူမ၏ နူးညံ့သိမ်မွေ့သော မျက်ခုံးမွှေးများကို ကျုံ့လိုက်၏။

"ငါက ချန်ပီယံတစ်ယောက်မှမဟုတ်တာ။ မိသားစု ပြန်လည်နေရာချထားရေး အိမ်ရာရဲ့ အကျိုးကျေးဇူးကို ငါခံစားခွင့်ရှိလို့လား”

“နင်က သွေးမျိုးစပ်နိုင်စွမ်း ၂၁% တောင်ရထားတာလေ။ အဲ့တာကို နည်းပြကို ပြောပြီး စီစဉ်ခိုင်းသင့်တယ်"

“အင်း” ရှန်ချင်းဟန်က ခေါင်းညိတ်လိုက်သည်။

"ငါ့ဆရာကို ချက်ချင်းမေးလိုက်မယ်။ အိမ်ပြန်ဖြစ်ရင် မေမေတို့ကို ဒီကို ပြောင်းလာ ခိုင်းလိုက်မယ်"

ရှန်ချင်းဟန်က စိတ်လှုပ်ရှားစွာ ခေါင်းညိတ်ပြ လိုက်သည်။

သူမသည် အလွန်အိမ်လွမ်းနေပြီဖြစ်ကာ လွန်ခဲ့သည့် ရက်အနည်းငယ်ကမှ အိမ်မှ ထွက်လာခဲ့ခြင်းဖြစ်သော်လည်း သူမ၏ မိဘများကို လွမ်းဆွတ်နေပြီဖြစ်သည်။ ထို့ကြောင့် မိဘများကပါ ကျောင်း၌နေခြင်းက သူမအတွက် ပိုပြီးပြည့်စုံ၏။

လင်းဇီချန်က ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

"ဒါဆို ဒီအပတ် ပိတ်ရက်မှာ ငါတို့ မိဘတွေကို ပြောပြဖို့ အိမ်ပြန်ကြရအောင်"

ရှန်ချင်းဟန်က ချိုသာစွာ ပြုံးလိုက်၏။

"ကောင်းပြီ၊ ငါတို့ ဒီအပတ် ပြန်ကြမယ်"

All Chapters