အပိုင်း ၁၆၆-၁၆၈
Vol. 12 Ch. 166-168
အခန်း (၁၆၆) အဆင့်လွန်သတ်ဖြတ်နိုင်စွမ်း
လင်းဇီချန်က လမ်းကြားလေးရှိရာသို့ ပေါ့ပေါးပါးပါးပင် လျှောက်လာသည်။ ခေါင်းပေါ်တွင် သားရဲနားရွက်ပါကာ မျက်နှာပေါ်တွင် ကြောင်နှုတ်ခမ်းမွေးများပါသည့် ကြောင်မိန်းကလေးကို တွေ့လိုက်ရသောအခါတွင် မျက်လုံးများက အရောင်တောက်သွားသည်။
အမှန်ပင် ကြောင်မိမယ်ဖြစ်သည်။
အိတ်ထဲမှ ကျောင်းအမှတ်ငါးဆယ်ပင် ဖြစ်၏။
''တီ''
…
ကျောင်းအမှတ်ငါးဆယ်အကြောင်းကို စဉ်းစားနေစဉ်တွင်ပင် ၎င်းရှေ့မှ နားကွဲမတတ်ဆူညံသံက ပေါက်ကွဲထွက်လာသည်။ အခြေခံနဝမအဆင့်သို့ ရောက်သွားသောကြောင်မိန်းကလေးင လှုပ်ရှားနေခြင်းပင် ဖြစ်၏။ မျက်လုံးဖြင့် မြင်နိုင်ရန်ခဲယဉ်းလှသောအရှိန်တစ်ခုဖြင့် သူမသည် မိုးကြိုးသဖွယ် လင်းဇီချန်ရှိရာသို့ ပြေးဝင်လာသည်။
သူမ၏အရှိန်က မြန်လွန်းသောကြောင့် ခန္ဓာကိုယ်က လေကိုတိုးဝင်သွားသောအသံပင် ထွက်လာသည်။
သူမဖြတ်သွားသောလမ်းတစ်လျှောက်တွင် ချက်ချင်းပင် ဖုန်များထသွား၏။
ပြိုင်စံရှားအဆင့်ကြောင်မိန်းကလေးဖြင့်ရင်ဆိုင်လိုက်ရခြင်းကို လင်းဇီချန်ကမကြောက်ပေ။ ချက်ချင်းပင် သွေးစွမ်းအားကို မြှင့်တင်ကာ သူမနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
''သူက ဘယ်လိုလုပ် ငါ့ထက်မြန်နေရတာလဲ''
လင်းဇီချန်ကို တိုက်ခိုက်လာသော ကြောင်မိန်းကလေးသည် သူမထက်မြန်နှုန်းမြင့်သောသူကို တွေ့လိုက်ရသောအခါတွင် ကြောင်သွား၏။ ထူးဆန်းနေသောအခိုက်အတန့်တွင်ပင် စောနလေးကပင် မီတာတစ်ရာအကွာအဝေးတွင်ရှိသည့် လင်းဇီချန်သည် ယခုတွင် သူမရှေ့၌ ပေါ်လာကာ သူမ၏အပြစ်ကင်းသောကျောင်းသားမျက်နှာလေးကို အားဖြင့် ထိုးလိုက်သည်။
ဘုန်းကနဲကျယ်လောင်သောအသံတစ်သံကို ကြားလိုက်ရသည်။
လက်သီးချက်ကို ခံယူလိုက်ရသောကြောင်မိန်းကလေးသည် ချက်ချင်းပင် နောက်သို့ပျံဝဲသွားကာ မြေကြီးဖြင့် ပြင်းထန်စွာဆောင့်မိပြီး လမ်းကြားလေးထဲသို့ ပြန်ရောက်သွားသည်။
မကြာခင်ပင် ဘုန်းဆိုသောနောက်ထပ်အသံတစ်သံ ထွက်ပေါ်လာသည်။
စွမ်းအားများပါသော လင်းဇီချန်၏ခြေသလုံးများသည် ခြေထောက်အောက်မှမြေကြီးကိုပင် ကြေမွသွားစေကာ ချက်ချင်းပင် လမ်းကြားလေးထဲသို့ ပြေးဝင်လာသည်။ လမ်းကြားလေးထဲသို့ ရောက်သောအခါတွင် ကြောင်မိန်းကလေးက မြေကြီးမှထလာပြီးဖြစ်သည်။
မျက်နှာတစ်ခြမ်းကလက်သီးချက်ကြောင့် ပွင့်နေ၏။ သို့သော်လည်း မျက်နှာအတု၏အပေါ်ယံအလွှာသာဖြစ်ကာ ထိုအောက်တွင်မူ အသက်လေးဆယ်အရွယ် မိန်းမတစ်ယောက်၏မျက်နှာက ပေါ်နေသည်။
ရုပ်မဆိုးလှဘဲ ဆွဲဆောင်မှုရှိသော်လည်း ယစ်မူးစေနိုင်သောအသွင်အပြင်မျိုး မဟုတ်ပေ။
''မျက်နှာအရေပြားလေးစုတ်ပြတ်သွားရုံပဲကို”
လင်းဇီချန်က ထိုမိန်းမကို ကြည့်ကာ ခေါင်းက ပေါက်ကွဲထွက်မသွားသည်ကိုပင် အံ့ဩနေမိသည်။ ကလေးဘဝကတည်းကပင် ၎င်း၏စွမ်းအား၏တစ်ဝက်ကို ခံနိုင်ရည်ရှိသောပြိုင်ဘက်မျိုးကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။ ၎င်းအံ့ဩနေစဉ်တွင်ပင် ကြောင်မိန်းကလေး၏စိတ်သည်လည်း လွန်စွာပင် တုန်လှုပ်ခြောက်ခြားနေ၏။
ထိုလူငယ်သည် ငယ်ရွယ်သည့်ပုံပေါက်ကာ အထက်တန်းကျောင်းသားမဟုတ်လျှင် တက္ကသိုလ်စတတ်သူတစ်ဦးပုံပေါက်သည်။ သို့သော်လည်း အဘယ့်ကြောင့် ထိုမျှအားကောင်းနေရပါသနည်း။
ပြီးနောက်တွင် ခန္ဓာကိုယ်ပေါ်၌ သွေးမျိုးစပ်ထားသူတစ်ဦး၏လက္ခဏာမျိုး မတွေ့ရပေ။ ထုတ်လွှတ်လိုက်သောလက်သီးချက်က ခန္ဓာကိုယ်ကြံ့ခိုင်မှုမှ ထွက်လာခြင်းသက်သက်သာ ဖြစ်၏။ သို့သော်လည်း မည်သို့ဖြစ်နိုင်မည်နည်း။ ခဏအတွင်းပင် အဆုံးမသတ်နိုင်သောအတွေးများက ကြောင်မိန်းကလေးစိတ်ထဲတွင် နေရာယူလာကာ မျက်နှာကမူ လန့်ဖျပ်နေပြီး ယနေ့တွင် ကျရှုံးမှုနှင့်ရင်ဆိုင်ရတော့မည်ကို သဘောပေါက်သွားသည်။ ထိုအတွေးဖြင့် တွ့န်ဆုတ်ခြင်းမရှိဘဲ ခြေထောက်ကိုအားထည့်၍ နောက်သို့ဆုတ်ကာ ထွက်ပြေးရန် ကြံစည်တော့၏။ သူမသည် မဟူရာကြောင်နက်မျိုးစိတ်အဖြင့် ပြောင်းလဲထားကာ အမြန်နှုန်းက သာမန်အဆင့်တူသက်ရှိများထက် သာပြီး ကျွမ်းကျင်အဆင့်သက်ရှိများဖြင့်ပင် နှိုင်းယှဉ်နိုင်သည်။
သူမသည် မိမိဘာသာသတ်သေခြင်း မဟုတ်လျှင် ပို၍အားကောင်းသည့် ကျွမ်းကျင်အဆင့်သက်ရှိဖြင့်မတွေ့လျှင် အမြဲနိုင်တတ်ကာ မနိုင်သောတိုက်ပွဲဆိုလျှင် ထွက်ပြေးတတ်သည်။ သို့သော်လည်း သူမနောက်တွင်ရှိသောလင်းဇီချန်က သူမထက် ပို၍မနှေးပေ။ ၎င်းက ပို၍ပင် မြန်သေးသည်။
စက္ကန့်ပိုင်းအတွင်းပင် သူမကိုအမှီလိုက်နိုင်၍ လေထဲသို့ ခုန်လိုက်ကာ သူမခေါင်းကို အားဖြင့် ကန်လိုက်သည်။ ထိုကန်ချက်သည် ၎င်း၏အားတစ်ရာရာခိုင်နှုန်းအပြည်ကို သုံးထားခြင်း ဖြစ်သည်။
''ဘုန်း''
တစ်ချက်တည်းပင် ဖြစ်၏။
ထွက်ပြေးသွားသောကြောင်မိန်းကလေးသည် လေထဲတွင်လွင့်သွားကာ နံရံဖြင့်ဆောင်မိပြီး ခန္ဓာကိုယ်က နံရံထဲသို့ရောက်သွားကာ မြင်ကွင်းတွင်ပင်မမြင်ရတော့ပေ။
စက္ကန့်ပိုင်းမျှကုန်ဆုံးသွားသည်။ အပျက်အစီးများပြုတ်ကျလာသောအသံများနှင့်အတူ နံရံထဲသို့ အကန်ခံလိုက်ရသောကြောင်မိန်းကလေးသည် ပြန်ထလာကာ အတန်ငယ်စုတ်ပြတ်နေပြီဖြစ်သည်။ ထိုအချိန်တွင်လည်ပင်းကကျိုးနေကာ ခေါင်းသည်လည်း အတန်ငယ်မြင်မကောင်းရှုမကောင်းဖြစ်နေ၏။
လင်းဇီချန်ကမူ သူမကို အသက်ရှုခွင့်ပင် မပေးပေ။ ချက်ချင်းပင် ပြေးဝင်သွားကာ ထပ်ကန်လိုက်ပြီး ဘုန်းဟုသောအသံနှင့်အတူ နံရံထဲသို့ ပြနရောက်သွားပြန်ပြီး စောနကပင့်ကူအိမ်ကွက်ပုံစံပေါ်ကာ ပြိုကျလုနီးပါးဖြစ်နေသောနံရံသည် အုတ်များတစ်ချပ်ချင်းစီ ကျိုးကြေပျက်စီးသွားသည်။
ထိုအချိန်တွင် နံရံဆီမှ အတော်ကြာလှုပ်ရှားမှုမရှိတော့ကာ ကြောင်မိန်းကလေးလည်း အထဲတွင် သေသွားဟန်တူသည်။ သို့သော သူမ မသေသေးမှန်းကို ၎င်းကသိ၏။ အဘယ့်ကြောင့်ဆိုသော် သူမခန္ဓာကိုယ်မှထွက်လာသည့် သွေးမျိုးဆက်စွမ်းအားအဆင့်ကို အာရုံခံနိုင်သေးသောကြောင့် ဖြစ်သည်။ သို့သော်လည်း အားက နည်းသထက် နည်းလာပြီဖြစ်သည်။ ငြိမ်းသက်သွားတော့မည့်ဖယောင်းတိုင်မီးစာလေးကဲ့သို့ပင် မီးငြိမ်းတော့မည်ဖြစ်သည်။
လင်းဇီချန်က အုတ်ခဲတစ်ချပ်ကို ကောက်ယူပြီး နံရံဆီသို့ပစ်လိုက်ကာ ကြောင်မိန်းကလေးကို လက်စသတ်ရန်ဖြစ်သည်။ အားနည်းလာသောကြောင်မိန်းကလေးဆီမှ သွေးမျိုးဆက်စွမ်းအားသည် ရုတ်တရက်ပင် မီးထဲသို့ လောင်စာဆီထည့်လိုက်သကဲ့သို့နှယ် မီးတောက်များအဖြင့် ကူးပြောင်းသွားသည်။
ပို၍အားကောင်းလာ၏။
ပို၍အားကောင်းလာကာ မျက်စိတစ်မှိတ်အတွင်းတွင်ပင် ငြိမ်းသက်တော့မည့် သူမခန္ဓာကိုယ်ထဲမှ သွေးမျိုးဆက်စွမ်းအားအဆင့်သည် အခြေခံအဆင့် ထိပ်ဆုံးအဆင့်အဆင့်ကိုးဆီသို့ ကူးပြောင်းသွားသည်။
ထိုသို့ပင် ဖြစ်သွား၏။
အခြေခံသက်ရှိများ၏ကန့်သတ်ခြင်းကို ချိုးဖျက်ကာ အဆင့်မြင့်အဆင့်သက်ရှိအဖြစ်သို့ ကူးပြောင်းခါစအဆင့်ပင် ရှိသေးသောကြောင့် ဖြည်းဖြည်းချင်းမှ တည်ငြိမ်လာသည်။
''ဘုန်း''
နံရံသည် ရုတ်တရက်ပင် အက်ကွဲရာများဖြင့် ပေါက်ကွဲသွားကာ ကျောက်တုံးများက လမ်းကြားလေးထဲတွင် ပြန့်ကျဲသွားပြီး နေရာတိုင်း၌ ဖုန်များထလာသည်။
ထို့နောက်တွင် ကြွက်သားများဖြင့် တောင့်တင်းခိုင်မာစွာတည်ဆောက်ထားသောပုံရိပ်က လင်းဇီချန်၏မြင်ကွင်းရှေ့တွင် ပေါ်လာသည်။
ကြောင်မိန်းကလေးပင် ဖြစ်၏။
သို့သော် သူမ၏ပုံပန်းသွင်ပြင်မှာ အတန်ငယ်ပြောင်းလဲသွားသည်။ လည်ပင်ရိုးလည်း ကျိုးမနေတော့ပေ။ ခန္ဓာကိုယ်ကလည်း ၎င်းဘာသာ ပြန်ကောင်းသွားသည်။ ခန္ဓာကိုယ်က ကြွက်သားများဖြင့် ဖောင်းနေကာ အင်အားကို ပြသနေသည်။ မျက်လုံးများက အရိုင်းဆန်လှကာ ဖျက်ဆီးမည့်အရိပ်အယောင်ကို ပြသနေ၏။
သေခြင်းရှင်ခြင်းကို ရှင်ဆိုင်လိုက်ရသောအခါတွင် ကြောင်မိန်းကလေးသည် ခန္ဓာကိုယ်ထဲရှိ အရိပ်ညကြောင်မျိုးစိတ်ကို အပြည့်အဝအသက်ဝင်ရန် ဖိအားပေးကာ ပို၍ကောင်းသောအားကို ရရန် ပြောင်းလဲခြင်းအဆင့်ကို လှမ်းလိုက်သည်။
အဖိုးအခသည်မူ သူမ၏လူသားအသိစိတ်များ ပို၍ဆုံးရှုံးသွားခြင်းပင်ဖြစ်ကာ အရိုင်းဆန်သောသားရဲသဘာဝက အားကောင်းလာပြီး ဆင်ခြင်တုံတရားက ပျောက်ကွယ်သွားသည်။ သူမအတွက်မူ ထိုတန်ရာတန်ကြေးက ထာဝရပင် ဖြစ်၏။
သွေးမျိုးစပ်နိုင်စွမ်း နိမ့်သောကြောင့် ဆန်းကြယ်သားရဲမျိုးစိတ်၏မကောင်းသည့်ဒဏ်ကို ခံရပေသည်။
ထို့ကြောင့်ပင် သူမသည် ကြောင်မိန်းကလေးဖြစ်လာခြင်းဖြစ်၏။
''မင်းက ဘယ်သူလဲ''
ကြောင်မိန်းကလေးက သွားကြိတ်ကာ အကြည့်တို့က လင်းဇီချန်စီတွင်သာရှိပြီး သူမတွင်ရှိခဲ့သည့် အပြစ်ကင်းသောကျောင်းသားအသွင်ကလည်း လုံးဝပျောက်ကွယ်သွားသည်။ ထိုအချိန်တွင် သူမ၏ တိရစ္ဆာန်အသိစိတ်သည် လူသားဆင်ခြင်တုံတရားကို အနိုင်ယူသွားပြီဖြစ်၏။
သို့သော်လည်း ခန္ဓာကိုယ်မှ ပြင်းထန်သောဝေဒနာက သူမကို ဆင်ခြံတုံတရားကင်းမဲ့သွားစေခြင်းက တားဆီးထားကာ လင်းဇီချန်ကိုသာ မဲ၍တိုက်ခိုက်နေ၏။ လင်းဇီချန်ကမူ ကြောင်မိန်းကလေး၏မေးခွန်းကို မဖြေပေ။ သူမ၏ သွေးမျိုးဆက်ခြင်းအဆင့်သည် ရုတ်တရက်ပင် အဆင့်မြင့်အဆင့်သို့ ကူးပြောင်းသွားကာ အသေအကြေအတိုက်ခိုက်နေပြီး သူမကို ရင်ဆိုင်ရသည်က အဆင့်မြင့်လွန်းသည်ဟု ခံစားမိ၏။
ထို့ကြောင့် ၎င်းက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
''တောင်းပန်ပါတယ်။ လူမှားသွားတာ''
ထိုသို့ပြောပြီးနောက်တွင် ၎င်းသည် မျက်စိတစ်မှိတ်အတွင်းတွင် ပျောက်ကွယ်သွားကာ လမ်းကြားလေး၏ဝင်ပေါက်စီသို့ ရောက်သွားသည်။
လင်းဇီချန်၏စွမ်းအားကို သေချာမသိသော ကြောင်မိန်းကလေးက ၎င်းထွက်သွားသည်ကို ကြည့်ရန် ရွေးလိုက်ကာ ဆက်မတိုက်တော့ပေ။
''သူက ဘယ်သူများလဲ''
''ဘာလို့ သူ့ရဲ့ကိုယ်ခံအားက အဲ့လောက်ကောင်းနေရတာလဲ''
''မယုံနိုင်စရာပဲ''
ကြောင်မိန်းကလေးသည် ၎င်းဘာသာ ပြောနေမိသည်။ ထို့နောက်တွင် မလိုအပ်သောပြဿနာများကို ရှောင်ရှားရန်အတွက် တိုက်ခိုက်သည့်နေရာမှ အမြန်ပင် ပျောက်ကွယ်သွားသည်။
သူမသည် လမ်းကြားလေးမှ ထွက်ခွာစပင် ရှိသေးသည်။ ရုတ်တရက်ပင် ကြက်အရိုးနီးပါး ထူးသော စတီးပိုက်တစ်ချောင်းသည် ဘေးမှ ပြင်းထန်စွာ ထိုးဖောက်ဝင်ရောက်လာကာ ခွပ်ကနဲအသံနှင့်အတူ ခေါင်းကို ရိုက်လိုက်ကာ ခေါင်းက နံရံနှင့် ဆောင့်သွားသည်။ သူမ ချောင်းမြောင်းတိုက်ခံရလေပြီ။ သို့သော်လည်း မိမိဘာသာ ပြန်လည်မခုခံနိုင်ခင်တွင် နောက်ထပ်စတီးပိုက်တစ်ချောင်းက သူမကို ပြင်းထန်စွာ ထိုးလာကာ နှလုံးနေရာသို့ ဖောက်ဝင်လာသည်။ ဒုတိယစတီးပိုက် ဖောက်ဝင်လျှင် ဖောက်ဝင်ချင်းပင် ချက်ချင်းပိုက်ကို ပြန်ဆွဲနှုတ်လိုက်ပြီး နောက်ထပ်အားပြင်းပြင်းဖြင့် ထပ်ထိုးသည်။
''အွတ်''
''အွတ်''
''အွတ်''
လျင်မြန်စွာဖြင့် မရပ်မနားပင် အချက်ပေါင်းရာချီ ပြင်းထန်စွာ ထိုးခံရသည်။ ထိုးချက်များက သွေးစွမ်းအားဖြင့် ပြည့်နေကာ ကြောင်မိန်းကလေး၏ကြွက်သားများ၊ အရိုးများနှင့် တစ်ရှုးများကို ဖျက်ဆီးပစ်ပြီး လမ်းကြားလေးဝင်ပေါက်မှ နံရံကိုမှီကာ အသက်ရှင်ရန် မနည်းရုန်းကန်နေရသည်။
ကြောင်မိန်းကလေးသေသွားသည်ကို တွေ့သောအခါမှသာ သူမ၏ခန္ဓာကိုယ်တွင်းမှ သွေးမျိုးဆက်ခြင်းဆိုင်ရာခြိမ်းခြောက်မှုအားလုံးက လုံးဝပျောက်ကွယ်သွားကာ လင်းဇီချန်မှာ နောက်ဆုံးတွင် စတီးပိုက်ကို ဆုပ်ကိုင်ထားသည်ကို ဖြေလျော့၍ မြေကြီးပေါ်သို့ ပစ်လိုက်သည်။
တိုက်ပွဲ၌ အနိုင်ရကာ သူမကို သတ်နိုင်ခဲ့သည်။ အဆင့်မြင့်သွေးမျိုးစပ်သူတစ်ဦးအား အနိုင်ရကာ သတ်နိုင်ခဲ့ခြင်းဖြစ်၏။
ခြုံခိုတိုက်ခိုက်ခြင်းဖြစ်သော်လည်း သူသည် အမှန်ပင် အဆင့်မြင့် မဟူရာကြောင်နက်သွေးမျိုးစပ်သူကို အခြေခံနဝမအဆင့်ဖြင့် သတ်ပစ်နိုင်ခဲ့ခြင်းဖြစ်သည်။
သဘာဝအလျောက် ကိုယ်ရောင်ဖျောက်ခြင်းက လွန်စွာအားကောင်းလှသည်။ နံရံနောက်တွင် တည်ရှိမှုကို ဖုံးကွယ်လိုက်ကာ အဆင့်မြင့်မဟူရာကြောင်နက်မျိုးစိတ်သွေးမျိုးစပ်သူသည်ပင် ၎င်း၏တည်ရှိမှုကို မထောက်လှမ်းနိုင်ပေ။
အသန်မာဆုံးအောင်မြင်မှုက တိုက်ခိုက်မှုစွမ်းအားတိုးမြင့်ခြင်းပါသည်။
သူ ထိုအရာများကို တွေးနေမိ၏။
လင်းဇီချန်၏ခန္ဓာကိုယ်မှ အက်ဒရီနလင်များထုတ်လွှတ်လိုက်ကာ မကြာခင်ပင် ပျောက်ကွယ်သွားသည်။
အက်ဒရီနလင်အကူအညီမပါဘဲဖြင့် ယခုတွင် အပေါက်များဖြစ်ကာ သွေးထွက်သံယိုဖြစ်နေသောကြောင်မိန်းကလေးခန္ဓာကိုယ်ကိုကြည့်၍ ရုတ်တရက် မသက်မသာခံစားမိလာ၏။ သို့သော် မပြင်းထန်လှပေ။ ကြွက်လူသားများကိုလည်း သတ်ပစ်ခဲ့သည်မှာ ကြာပြီဖြစ်ကာ ထိုသို့မသက်မသာရှိခြင်းကို ခံနိင်ရည်ရှိနေပြီဖြစ်သည်။
''တစ်ခါကိုက်ခံလိုက်ရတာက နှစ်ခါရှက်စရာကောင်းတယ်။ တစ်နေ့ကျ ရှန့်ဝူဟန်လေးကို သူ့ရဲ့ရှက်တတ်တဲ့အကျင့်လေးကို မာရေကြောရေရှိလာအောင် သွေးကို ကြည့်ခိုင်းရဦးမယ်''
လင်းဇီချန်က စိတ်ထဲမှ စဉ်းစားနေမိသည်။
ရှန့်ချင်းဟန်သည် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်လိုက်နေခြင်းဖြစ်ကာ ထိုသို့တိုက်ပွဲမျိုးဖြင့် ရင်ဆိုင်ရမည်မှာ မလွဲမသေပင် ဖြစ်၏။ သွေးကို စောစောစီးစီး မြင်ခိုင်းထားကာ အသန်မာဆုံးအောင်မြင်မှု၏ရက်စက်ကြမ်းကြုတ်မှုကို အတွေ့အကြုံယူထားစေခြင်းက နောင်တွင် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၍ အကူအညီဖြစ်ပေလိမ့်မည်။
လင်းဇီချန်သည် ထိုကိစ္စကို အတိုချုံးစဉ်းစားလိုက်သည်။
လက်ဖြင့် မျက်နှာပေါ်မှ သွေးများကို သုတ်လိုက်ပြီး လက်ကိုသန့်ရှင်းကာ ဖုန်းထုတ်၍ သေသွားသောကြောင်မိန်းကလေး၏ပုံကို ပုံရိုက်ထားလိုက်သည်။ ထိုပုံကို ကျောင်းအက်ပ်၏ တာဝန်စနစ်တွင် တင်လိုက်ပြီး ကြောင်မိန်းကလေးကို ရှင်းပြီးကြောင်း သက်သေပြရန် ဖြစ်၏။
ထို့နောက်တွင် လုံခြုံရေးဌာနကိုခေါ်ကာ လာရှင်းခိုင်းသည်။
ထိုကိစ္စများ ပြီးသောအခါတွင် ၎င်းရှေ့မှ ထိုအလောင်းကို စမ်းကာ သူမခန္ဓာကိုယ်ထဲမှ မဟူရာကြောင်နက်မျိုးစိတ်ကို စတင်စားသုံးသည်။
သင်သည် မဟူရာကြောင်နက်၏အသက်ဝိညာဉ်ပမာဏများကို စားသုံးပြီးဖြစ်ပါသည်။
မဟူရာကြောင်နက်မြေပုံစာအုပ် - ၃၆ရာခိုင်နှုန်း
၃၆ ရာခိုင်နှုန်းတည်းလား။
လင်းဇီချန်တစ်ယောက် ခေတ္တမျှကြောင်သွားသည်။ အဆင့်မြင့်ညမဟူရာကြောင်နက်သွေးမျိုးစပ်တစ်ဦး၏မျိုးစိတ်ကို စားသုံးခြင်းက မြေပုံစာအုပ်လုပ်ငန်းစဉ်ကို ထိုမျှတိုးတက်စေမည်ဟု မျှော်လင့်မထားမိပေ။ ထိုအကြောင်းကို စဉ်းစားရင်းဖြင့် သူမခန္ဓာကိုယ်ထဲတွင် မဟူရာကြောင်နက်အစွမ်းများ များနေသောကြောင့် ထိုသို့ မျိုးစိတ်ပမာဏမြင့်နေရသည်ကို သဘောပေါက်သွားသည်။ ခံစားချက်သက်သက်သာ ဖြစ်သောကြောင့် များများစားစားစဉ်းစားမနေတော့ပေ။
နောက်မိနစ်ဝက်အတွင်းတွင် လင်းဇီချန်က နံရံပေါ်မှ ကြောင်မိန်းကလေး၏အလောင်းကို ဂရုတစိုက်ဖြင့် ကိုင်တွယ်ကာ ၎င်းစားသုံးထားသည့်သဲလွန်စကို ဖုံးထားလိုက်သည်။ ထို့နောက်တွင်လုံခြုံရေးဌာန ရောက်လာမည်ကို မစောင့်တော့ဘဲ လမ်းကြားလေးထဲမှ ထွက်လာကာ ရေချိုးသန့်စင်ရန် အိမ်သို့ပြန်လာခဲ့သည်။
ကျောင်းအက်ပ်၏တာဝန်စနစ်တွင် ပြီးမြောက်ရန် ကျန်ရှိနေသည့် လိုအပ်သောပစ္စည်းတစ်ခု ရှိပေသည်။ ထိုပစ္စည်းသည် တရားဝင်ထုတ်ပြန်ချက်အဖြစ် စွမ်းဆောင်နိုင်သည်။ ကျောင်းသည် နောက်ပိုင်းတွင်လုံခြုံရေးဌာနှင့်ပူးပေါင်းထားသောကြောင့် ဖြစ်ခဲ့သည်များကို ဖော်ပြရန် လုံခြုံရေးဌာနသို့ သွားစရာမလိုတော့ပေ။
လမ်းကြားလေး၏အဝေးတစ်နေရာ မိုင်ပေါင်းထောင်ချီဝေးသောလမ်းမတစ်ခုပေါ်တွင်ဖြစ်၏။
မာရှိဝေသည် မာကျန်းဟယ်ဆီသို့ ဖုန်းခေါ်ကာ စိတ်ဆိုးမာန်ဆိုးဖြင့် တင်ပြနေ၏။
''အဖေ သမီးယူထားတဲ့ ကြောင်မိန်းကလေးတာဝန် အချက်အလက်က မှားနေတယ်။ ကြောင်မိန်းကလေးရဲ့ သွေးမျိုးဆက်စွမ်းအားအဆင့်က အခြေခံဆဌမအဆင့်မဟုတ်ဘူး။ တကယ်တော့ အခြေခံနဝမအဆင့်ပဲ။ လန့်လို့သေတော့မှာပဲ''
''ဘာ''
အံ့ဩသွားသောအသံက ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာသည်။
ထို့နောက်တွင် မာကျန်းဟယ်၏အသံသည် စိတ်ဆိုးမာန်ဆိုးလေသံအဖြစ် ပြောင်းသွားသည်။
''ဝေဝေ ဖြစ်ခဲ့တဲ့အသေးစိတ်ကို ပြောပြ။ နောက်ကျရင် အဖေက တာဝန်စနစ်ကို တာဝန်ယူထားတဲ့ ဒါရိုက်တာဟယ်ဆီသွားပြီး သွားပြောလိုက်မယ်''
''အဖေ ဖြစ်ခဲ့တာကတော့---''
မာရှိဝေက စိတ်ခံစားချက်ပုံမှန်ဖြင့် မာကျန်းဟယ်ကို ကြောင်မိန်းကလေးနောက်လိုက်သည့်ဖြစ်စဉ် အစအဆုံးကို ပြောပြသည်။
အခြေအနေကို နားလည်ပြီးနောက်တွင် မာကျန်းဟယ်က ဒါရိုက်တာဆီသို့ ထိုအကြောင်းကို ပြောပြမည်ဖြစ်ကာ မာရှိဝေကို ဘာမှလုပ်စရာမရှိလျှင် ရှန်ဟိုင်းတက္ကသိုလ်သို့ ပြန်လာရန် ကြောင်မိန်းကလေးလက်စားချေမည်မှကာကွယ်ရန်အတွက် အပြင်သို့ မထွက်ရန် မှာနေသည်။
မိဘစကားအမြဲနားထောင်သော မာရှိဝေသည် ချက်ချင်းပင်ဖုန်းချပြီးနောက် ကားဖြင့်ရောက်လာကာ သူမ၏စီနီယာများနှင့်အတူ ရှန်ဟိုင်းတက္ကသိုလ်စီသို့ ပြန်လာခဲ့သည်။ ကားထဲသို့ ဝင်သောအခါတွင် နောက်ခုံတွင်ထိုင်နေသောစီနီယာက မာရှိဝေကို အံ့ဩစွာဖြင့် မေးလိုက်သည်။
''ဘာဖြစ်တာလဲ။ လင်းဇီချန်က ဘယ်လိုလုပ် ကြောင်မိန်းကလေးတာဝန်ကို ပြီးသွားတာလဲ''
''ဘာပြောလိုက်တယ်''
မာရှိဝေမှာ နားကြားမှားသည်ဟု ထင်သောကြောင့် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။
''ကြောင်မိန်းကလေးရဲ့ သွေးမျိုးဆက်စွမ်းအားအဆင့်က အခြေခံနဝမအဆင့်တောင်ရှိတယ်။ သူက ဘယ်လိုလုပ် အဲ့တာဝန်ကို ပြီးမှာတဲ့လဲ''
''တကယ်လား။ မင်းတို့နှစ်ယောက်မြန်မြန်တာဝန်ကို စစ်ကြည့်ဦး။ လွန်ခဲ့တဲ့တစ်မိနစ်ကမှ လင်းဇီချန်က အဲ့တာဝန်ကိုပြီးသွားကြောင်း ပြနေတယ်''
မာရှိဝေက ဖုန်းမထုတ်တော့ဘဲ စီနီယာ၏ဖုန်းကိုသာ ကြည့်လိုက်သည်။
ကြောင်မိန်းကလေးတာဝန်ကို လင်းဇီချန်က ပြီးမြောက်သွားသည်ကို မြင်လိုက်ရသောအခါတွင် မယုံကြည်နိုင်အောင် ဖြစ်နေမိသည်။
မဖြစ်နိုင်ပေ။
ထိုကြောင်မိန်းကလေးသည် အဆင့်မြင့်အခြေခံနဝမအဆင့် မဟူရာကြောင်နက်မျိုးစိတ်သွေးမျိုးစပ်ထားသူ ဖြစ်သည်။
လင်းဇီချန်က လူသစ်လေးတစ်ယောက်သာ ဖြစ်၏။ သူသည် ထိုတာဝန်ကို ပြီးမြောက်သည်မှာ မည်သို့ဖြစ်နိုင်မည်နည်း။
အခန်း (၁၆၇) မသေမျိုး ပက်ကျိအစွမ်း
တနင်္ဂနွေနေ့ညနေခင်းတွင် ဖြစ်သည်။ အိမ်တွင် ညစာစားပြီးနောက်တွင် လင်းဇီချန်သည် ရှန်ချင်းဟန်ဖြင့်အတူ ရှန်ဟိုင်းတက္ကသိုလ်သို့ ပြန်လာကြသည်။ မိဘများက ကားမောင်း၍ လိုက်ပို့မည်ပြောသော်လည်း ၎င်းတို့က ငြင်းလိုက်ကြကာ လက်ပြ၍နှုတ်ဆက်လိုက်ကြသည်။ လင်းဇီချန်က ၎င်းတို့ကို ကားမောင်းပို့လျှင် ပြန်လိုက်သွားလိုက်ဖြင့် အချိန်ကုန်သည်ဟု ခံစားရသောကြောင့် တက္ကစီဖြင့်သွားရသည်ကသာ ပို၍အဆင်ပြေသည်ဟု ထင်မိသည်။
အဆောင်သို့ ပြန်ရောက်သောအခါတွင် ကျောင်းအက်ပ်မှ ကျောင်းအမှတ်သုံးရာရောက်လာကြောင်း အသိပေးစာဝင်လာသည်။ ကြောင်မိန်းကလေးမစ်ရှင်မှအမှတ်များပင် ဖြစ်၏။
...
အစတွင် ဆုကြေးသည် ကျောင်းအမှတ်ငါးဆယ်သာဖြစ်သော်လည်း တာဝန်စနစ်ကို တာဝန်ယူလုပ်ကိုင်သော ဒါရိုက်တာဟယ်က ကြောင်မိန်းကလေးသည် အခြေခံဆဌမအဆင့်မဟုတ်ဘဲ အခြေခံနဝမအဆင့်ရှိသည်ကို တွေ့သွားသောကြောင့် အမှတ်ကို မြှင့်ပေးလိုက်ခြင်းဖြစ်သည်။ အမှတ်သုံးရာတွင် နှစ်ရာက အခြေခံနဝမအဆင့်၏ အခြေခံဆုဖြစ်သည်။ အပိုအမှတ်တစ်ရာက လင်းဇီချန်အတွက် နစ်နာကြေးပင် ဖြစ်၏။
''ကျောင်းရဲ့တာဝန်စနစ်က တကယ်ကို ယုံလို့မရဘူး။ နင်အားကောင်းနေတာ ကံကောင်းတာပဲ။ မဟုတ်ရင် ကြောင်မိန်းကလေးတာဝန်ကပဲ နင့်ကို သတ်သွားလောက်ပြီ''
လင်းဇီချန်ဖုန်းမှကျောင်းအမှတ်ရောက်လာကြောင်းကို ကြည့်၍ ရှန်ချင်းဟန်က စောဒကတက်လိုက်သည်။
လင်းဇီချန်က သဘောတူပေသည်။
''တကယ်ပဲ နောင်ကျရင် တာဝန်တွေလက်ခံတဲ့အခါကျ ဂရုစိုက်ရမယ်''
''တစ်ခုတည်းကိုပဲသတိကပ်နေတာနဲ့ မလုံလောက်သေးဘူး။ ငါတို့ ကိုးဆယ့်ကိုးခါ သတိကပ်ဖို့လိုတာ''
လင်းဇီချန်က ရယ်လိုက်ကာ
''ဟုတ်ပါပြီ''
ထို့နောက်တွင် ၎င်းက ထပ်ပြောလိုက်သည်။
''ဒါနဲ့ နောင်ကျရင် နင့်အတွက် သင့်တော်တဲ့တာဝန်တွေယူပေးမယ်။ အဲ့လိုဆို လုပ်ပုံကိုင်ပုံကြည့်ပြီး စိတ်မာလား ကြည့်ရတာပေါ့''
''ဒါပေ့ါ''
ရှန်ချင်းဟန်က တွန့်ဆုတ်ခြင်းမရှိ သဘောတူလိုက်သည်။
လင်းဇီချန်၏သဘောထားသာဆိုလျှင် သူမက ထောက်ခံအားပေးစမြဲသာဖြစ်၏။ ထို့နောက်တွင် နှစ်ဦးသား ဆိုဖာပေါ်တွင်ထိုင်ကာ ဖုန်းထဲတွင် ဈာန်ဝင်နေကြသည်။ လင်းဇီချန်က သတင်းများကို ရှာကြည့်သော်လည်း အမြန်ပင် ကျောင်းအက်ပ်မှအမှတ်များကို လက်ခံ၍ မသေမျိုး ပက်ကျိအသားပေါင်ကိုးဆယ်ကို အော်ဒါမှာလိုက်သည်။ နောက်တစ်နေ့မနက်တွင် မသေမျိုး ပက်ကျိအစွမ်းကို ဖွင့်ရန်ပင် ဖြစ်၏။
တစ်ခါတည်းဖြင့် ဆန်းကြယ်သားရဲအသားများစွာကို ဝယ်လိုက်ခြင်းက ထူးဆန်းကာ မလိုအပ်သောအာရုံစိုက်မှုများကို ဆွဲဆောင်နေမည်ကို စိုးမိသသောကြောင့် တစ်ကြိမ်လျှင် ဆယ်ပေါင်သာမှာကာ ဖြည်းဖြည်းချင်းဖြင့် ဆယ်ခါမှာ၍ ပေါင်တစ်ရာမှာလိုက်သည်။
သို့သော် ထိုသို့လုပ်လိုက်သည်က ဒုက္ခများကာ မလိုအပ်သည်ကို သဘောပေါက်သွား၏။ ဆန်းကြယ်သားရဲအသားပေါင်တစ်ရာမှာခြင်းက ပုံမှန်မဟုတ်သောကိစ္စမျိုးမဟုတ်ပေ။ မည်သူမှဂရုစိုက်မနေပေ။
ဘာမျှစိုးရိမ်စရာမရှိသည်ကိုစိုးရိမ်မိကာ မလိုအပ်သောဖိအားများ ဖြစ်နေမိသည်။
''မင်းဆန်းကြယ်သားရဲအသားစားမလား။ ငါအော်ဒါမှာထားတယ်''
မသေမျိုး ပက်ကျိအသားဝယ်ပြီးနောက်တွင် လင်းဇီချန်က ရှန်ချင်းဟန်ဘက်သို့လှည့်ကာ မေးလိုက်သည်။
ဆန်းကြယ်သားရဲအသားသည် အာဟာရဖြစ်လှကာ ဆင့်ကဲပြောင်းလဲခြင်းအတွက် အကူအညီဖြစ်သောကြောင့် ရှန်ချင်းဟန်မှာ ခန္ဓာကိုယ်က အားနည်းလှကာ သူမစားရန်များများဝယ်သင့်သည်ဟု တွေးမိပေသည်။
''ကြည့်ကြည့်ရအောင်''
ရှန်ချင်းဟန်က သူမဖုန်းက အမှတ်ဆိုင်ကို ဖွင့်ကာ ခေတ္တမျှရှာကြည့်ပြီးနောက်တွင် ပြောလိုက်သည်။
''ကြမ်းတမ်းလင်းယုန်ကြီးအသားမှာရအောင်(နာမည်တွေနဲ့တင်မစားချင်တော့ပါဘူး)။ အမှတ်တစ်မှတ်ကို ခြောက်ပေါင်ဆိုတော့ ရေခဲသေတ္တာထဲမှာထားရင်တော့် တော်တော်ခံမှာ''
သူမသည် အမှတ်များကို ဖြုန်းရန် တွန့်ဆုတ်နေမိကာ ဈေးအပေါဆုံးအသားကို ရွေးလိုက်ခြင်းဖြစ်သည်။
''ကောင်းပြီလေ။ ကြမ်းတမ်းလင်းယုန်ကြီးအသားမှာလိုက်မယ်''
''မဟုတ်ဘူး။ နင်မမှာနဲ့။ ငါမှာလိုက်မယ်။ ငါ့မှာ နင်ပေးထားတဲ့ ကျောင်းအမှတ်ကိုးဆယ်ရှိတယ်''
သူမက ထိုသို့ပြောကာ ချက်ချင်းပင် အော်ဒါတင်လိုက်သည်။
လင်းဇီချန်က သူမစိတ်တိုင်းကြိုက် လုပ်ခွင့်ပြုထားသည်။ မင်းတို့သည် တစ်မိုးအောက်တည်းတွင် နေနေကြသောမိသားစုကဲ့သို့ ဖြစ်နေပြီဖြစ်ကာ မည်သူ၏ကျောင်းအမှတ်ကိုသုံးသည်က စိုးရိမ်စရာမရှိပေ။
''ဒင်း-ဒေါင်''
ရုတ်တရက်ပင် လူခေါ်ခေါင်းလောင်းက အသံမြည်လာသည်။ အသံကြားသောအခါတွင် လင်းဇီချန်က မည်သူရောက်လာသည်ကိုကြည့်ရန် တံခါးစီသို့ ချက်ချင်းထသွားသည်။ အပြင်တွင်ရပ်နေသူမှာ မာရှိဝေပင် ဖြစ်သည်။
သူမက အဘယ့်ကြောင့် ရောက်လာသနည်း။
ကြောင်မိန်းကလေးတာဝန်ကြောင့်ပေလော။
စိတ်ထဲမှမေးခွန်းနှင့်အတူ လင်းဇီချန်သည် ခုံမှထကာ တံခါးထဖွင့်ပေးသည်။ ရှန်ချင်းဟန်က နောက်မှလိုက်လာသည်။ ကျွီကနဲမြည်သံနှင့်အတူ တံခါးပွင့်လာသည်။ တံခါးတွင် ရပ်နေသောမာရှိဝေက ၎င်းတို့နှစ်ဦးကို ယဉ်ကျေးစွာဖြင့်နှုတ်ဆက်လိုက်သည်။
''နောက်ကျမှနှောင့်ယှက်ရလို့ အားနာလိုက်တာ''
''ဘာလုပ်ပေးရမလဲ''
လင်းဇီချန်က တည်ငြိမ်သောလေသံဖြင့် မေးလိုက်သည်။
''တကယ်တော့ ကြောင်မိန်းကလေးတာဝန်ဘယ်လိုပြီးသွားလဲဆိုတာ သိချင်လို့။ နင်ပြန်ပြီးပြောပြပေးလို့ရမလား''
''အဲ့လိုက သိပ်တော့အဆင်မပြေဘူး''
''ဪ အဲ့လိုဆို ငါမနှောင့်ယှက်တော့ပါဘူး''
မာရှိဝေက ပြောလိုက်ကာ ထူးဆန်းသောအခြေအနေမျိုးမလုပ်တော့ဘဲ လှည့်ထွက်သွား၏။ ရှန်ချင်းဟန်က ခေတ္တမျှတွန့်ဆုတ်နေကာ သူမကို အော်ခေါ်လိုက်သည်။
''ရှိဝေ အထဲဝင်ပြီး လက်ဖက်ရည်သောက်သွားပါဦးလား။ အိမ်မှာ လက်ဖက်ရွက်ရှိတယ်။ အမေနှပ်ပေးလိုက်တာ''
''နောက်တော့ကျမှပဲ။ အခုက လုပ်စရာလေးတွေရှိသေးလို့''
ထိုသို့ပြောကာ မာရှိဝေသည် လှေကားမှ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
သူမသည် မိဘများဖြင့်အတူမနေဘဲ အောက်ထပ်မှအခန်း (၅၀၁)တွင်နေသည်။ မိဘများနှင့်အတူနေရခြင်းက အနည်းငယ်မျှစိတ်အနှောင့်အယှက်ဖြစ်သည်ဟုထင်ကာ သူမဘာသာတစ်ဦးတည်း လွတ်လပ်စွာနေသည်။
''ရှောင်ချန် ငါတော့ ရှိဝေက လူကောင်းလို့ထင်တာပဲ။ နောင်ကျရင်လည်း သူနဲ့ဆက်ဆံရမှာပဲလေ''
လင်းဇီချန်ကို အကြံပေးလိုက်၏။ သူမသည် မာရှိဝေကို အကောင်းထင်ကာ ကျောင်းအုပ်၏သမီးဖြင့် ဆက်ဆံရေးကောင်းချင်သည်။
တစ်ညတွင် မာရှိဝေသည် သူမကို ဝီချက်တွင်စာပို့ကာ ကြောင်မိန်းကလေးတာဝန်နှင့်ပက်သက်သည့်အချက်အလက်များ အမှန်အတိုင်းပြောပြကာ လင်းဇီချန်ကို အမှန်ပြင်ပေးသောကြောင့်ပင် ဖြစ်သည်။ ထိုအပြုအမူကြောင့်ပင် မာရှိဝေကို များစွာနှစ်သက်သွားခြင်းဖြစ်၏။ လင်းဇီချန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
''ကောင်းပါတယ်။ မင်းဆန္ဒရှိရင် သူ့ကို ငါတို့နေရာကို အလည်ခေါ်ပေါ့။ သူလည်း အောက်ထပ်မှာနေတာပဲ''
ထိုသို့ပြောကာ နှစ်ဦးသား အခန်းထဲသို့ ပြန်ဝင်သွားကြသည်။
အချိန်ကျလာပြီကို တွေ့သောအခါတွင် နှစ်ဦးသား လေ့ကျင့်ခန်းလုပ်ရန် လေ့ကျင့်ရေးအခန်းစီသို့ ပြန်သွားကြသည်။ တစ်ဦးက အားကောင်းရန်လေ့ကျင့်ကာ အခြားတစ်ဦးက ဒုတိယအကြိမ်မြောက်အရေပြားသန့်စင်ခြင်းကို လုပ်နေသည်။ လေ့ကျင့်ခန်းလုပ်ပြီးနောက်တွင် ရေချိုးကြကာ နှစ်ဦးသား ဗိုက်ဆာလာသောကြောင့် မီးဖိုချောင်ဝင်၍ ခေါက်ဆွဲချက်ကြသည်။
နေ့တိုင်း လေ့ကျင့်ခန်းများစွာလုပ်ကြသောကြောင့် အလွယ်တကူဗိုက်ဆာတတ်ကြကာ အားပြန်ပြည့်ရန် များစွာစားပေးရန် လို၏။ မကြာခင်တွင်ပင် ခေါက်ဆွဲများ အသင့်ဖြစ်ပြီဖြစ်၏။ ထမင်းစားစားပွဲတွင် မျက်နှာချင်းဆိုင်ထိုင်ကာ ခေါက်ဆွဲစားကြသည်။
စားနေရင်းဖြင့် ရှန်ချင်းဟန်က လင်းဇီချန်ရှိရာသို့ ခြေထောက်ဆန့်ကာ လှုပ်ရှားမှုများဖြင့် ကျီစယ်နေသည်။
''ဘာလုပ်တာလဲ''
လင်းဇီချန်က ရှန်ချင်းဟန်၏ ထူးဆန်းစွာပြုမူနေသောခြေထောက်လေးကို ဆွဲလိုက်ပြီး မော့ကြည့်၍ မေးလိုက်သည်။ သူမက မျက်လုံးလေးကွေးသွားသည်အထိ ပြုံးကာ
''ဘာမှမလုပ်ပါဘူး။ နင်နဲ့ကစားချင်လို့လေ။ ပညာပေးဗီဒီယိုတွေထဲမှာ မိန်းကလေးတွေက ယောင်္ကျားလေးတွေပျော်အောင် အဲ့လိုတစ်ချိန်လုံးလုပ်နေကြတာ''
''မင်းဘယ်လိုလုပ် ဆိုးသထက်ဆိုးလာရတာလဲ''
''ဆိုးတာမဟုတ်ပါဘူး။ ချစ်စရာကောင်းတာလို့ခေါ်တယ်။ နင်ကြိုက်လား မကြိုက်ဘူးလားသာ ပြောလိုက်''
''ငါကြိုက်ပါတယ်''
လင်းဇီချန် ကိုင်ထားသောခြေထောက်လေးကို လွှတ်ပေးလိုက်ပြီး ရိုးသားစွာ ဝန်ခံလိုက်သည်။ ၎င်း၏အဖြေကို ကြားသောအခါတွင် ရှန်ချင်းဟန်ပြုံးလိုက်ကာ ခြေထောက်ဖြင့် ဆက်၍ကျီစယ်နေသည်။
''ပညာပေးဗီဒီယိုတွေထဲမှာ ဇာတ်လိုက်မိန်းကလေးက စားပွဲအောက်ဝင်ပြီး ကောင်လေးနဲ့ကစားကြတာလေ။ ငါစိတ်ကောင်းဝင်တဲ့တစ်နေ့ စားပွဲအောက်ဝင်ပြီး နင့်ကို ဇာတ်လိုက်ကောင်လေးလို ခံစားချက်မျိုးရအောင်ပေးဦးမယ်''
လင်းဇီချန်က ဘာမှမပြောပေ။ မထူးခြားသည့်ပုံစံသာဟန်ဆောင်လိုက်ပြီး စိတ်ထဲတွင်မူ မျှော်လင့်နေမိ၏။ ထူးဆန်းသောမိန်းကလေးရှန်ချင်းဟန်ကမူ ၎င်း၏နှလုံးသားကို အပိုင်သိမ်းနိုင်လိုက်ပြီဖြစ်၏။
နောက်တစ်နေ့မနက်တွင် မနက်စာစားကြပြီးနောက် ရှန်ချင်းဟန်က အတန်းတက်ရန် အကယ်ဒမီအဆောက်အဦးများဘက်သို့ ထွက်သွားသည်။ လင်းဇီချန်ကမူ အိမ်တွင်သာနေကာ မနေ့ညက မှာထားသည့်လာပို့ပေးမည့် မသေမျိုး ပက်ကျိသားပေါင်ကိုးဆယ်ကို စောင့်နေသည်။
ကျောင်းအက်ပ်မှ ပို့မည့်စာရင်းတင်လိုက်ကာ မနက်ကိုးနာရီဝန်းကျင်တွင်လာပို့မည်ဖြစ်သည်။ ထို့ကြောင့် မသေမျိုး ပက်ကျိစွမ်းအားကို ဖွင့်ပြီးနောက်တွင် ၎င်း၏သွေးမျိုးစပ်စွမ်းအားများက မည်သည့်အရာရနိုင်သည်ကို လေ့လာကာ သုတေသနကောလိပ်သို့မသွားခင်တွင် သွေးသန့်စင်ကျင့်စဉ်အညွှန်းကို လေ့လာမည်ဖြစ်၏။
မနက်(၈:၄၃)တွင်ဖြစ်သည်။ မသေမျိုး ပက်ကျိသားပေါင်ကိုးဆယ်ကို လာပို့ပေးသည်။ ရှန်ချင်းဟန်မှာလိုက်သော ကြမ်းကြုတ်လင်းယုန်ကြီးသားခြောက်ပေါင်လည်းပါသည်။ လင်းယုန်သားကို ရေခဲသေတ္တာထဲတွင် ထည့်ထားလိုက်သည်။
လင်းဇီချန်သည် မသေမျိုး ပက်ကျိသားဘူးကို ဖွင့်ရန် မစောင့်နိုင်တော့ကာ ဘာမျှမတွေးဘဲဖြင့်ချက်ချင်းပင် ဝါးမျိုလိုက်သည်။
(သင်သည် မသေမျိုး ပက်ကျိအသက်ဓာတ်ပမာဏများစွာကို စားသုံးလိုက်ပါသည်)
(မသေမျိုး ပက်ကျိစွမ်းအား - တစ်ရာရာခိုင်နှုန်း)
အချက်အလက်ပေါ်လာသောအခါတွင် လေဟာနယ်ထဲ၌ ဒဏ်ရာရနေသောပက်ကျိသည် မြေကြီးပေါ်တွင်လှကာ အသက်မနည်းရှုနေရာမှ ချက်ချင်းပြန်ကောင်းသွားသည်။ ကြမ်းတမ်းလင်းယုန်ကြီး၏လက်သည်းများကြောင့် အပိုင်းပိုင်းဖြစ်နေသောခန္ဓာကိုယ်ကလည်း ပြန်သက်သာသွားသည်။
သေရန်စောင့်နေသည်ကို အချိန်မှီကယ်လိုက်ခြင်းပင် ဖြစ်၏။
သို့သော်လည်း ငါးမိနစ်အတွင်းပင်
ထိုပက်ကျိသည် အပိုင်းပိုင်းဖြစ်သွားကာ စတင်ပြန်လည်ဖွဲ့စည်း၍ ခန္ဓာကိုယ်က ပကတိပြန်ကောင်းသွားပြီး အမြန်နှုန်းကို မျက်စိဖြင့် တစ်ခုချင်းမြင်နိုင်သည်။ အသစ်အတိုင်းပြန်ကောင်းသွားကာ အသက်ပြန်ဝင်လာသကဲ့သို့ပင် ဖြစ်၏။ တစ်ချိန်တည်းတွင်ပင် အကြောင်းကြာစာနှစ်ကြောင်းက လေထဲတွင် ပေါ်လာပြန်သည်။
(သင်သည် အောင်အောင်မြင်မြင်ဖြင့် မသေမျိုး ပက်ကျိအစွမ်းကို ဖွင့်နိုင်ခဲ့ပြီး သွေးမျိုးဆက်စွမ်းအား - လျင်မြန်ကုသနိုင်စွမ်းကို ရရှိပါသည်)
(လျင်မြန်ကုသနိုင်စွမ်း - သင်၏ကုသနိုင်စွမ်းက တိုးမြင့်သွားပါသည်။ နေရာတွင်ချက်ချင်းမသေသည်နှင့် လုံလောက်သောစွမ်းအင်ရှိလျှင် မည်မျှပင်ဒဏ်ရာရသော်လည်းကိစ္စမရှိပေ။ သင့်ဘာသာ ပြန်လည်ကုစားနိုင်မည်)
ထိုကုသနိုင်စွမ်းက အနှိုင်းမဲ့ပင် ဖြစ်၏။
အချက်အလက်ဘောင်ကွက်ကိုကြည့်ကာ လင်းဇီချန်တစ်ယောက် ပီတိဖြာနေသည်။ ထို့နောက်တွင်လက်ကို နာအောင်လုပ်ကာ ကုသနိုင်စွမ်းကိုစမ်းသပ်ရန် ဖြစ်သည်။ ညာဘက်လက်မအောက်မှအသားကို အကွင်းရာပေါ်အောင်ကိုက်ပစ်ကာ သွေးများပန်းထွက်လာစေသည်။ သို့သော်လည်း လျင်မြန်ကုသနိုင်စွမ်း၏အာနိသင်ကြောင့် စက္ကန့်ပိုင်းအတွင်းပင် သွေးတိတ်သွားသည်။
နောက်ထပ်စက္ကန့်အနည်းငယ်မျှကြာပြီးနောက်တွင် နာကျင်မှုလည်း ပျောက်ကွယ်သွားကာ ယားယံသောခံစားမှုမျိုးသာ ကျန်ခဲ့သည်။
လင်းဇီချန်က မီးဖိုချောင်ထဲသို့သွား၍ လက်မှသွေးများကို ဆေးကြောကာ ဒဏ်ရာကို စစ်ဆေးကြည့်သည်။ လက်မှဒဏ်ရာက ပျောက်ကွယ်သွားပြီဖြစ်၏။ လုံးဝပင် အကောင်းပကတိပြန်ဖြစ်သွား၏။ ဒဏ်ရာရထားသည့် အရိပ်အယောင်မျှပင်မတွေ့ရပေ။ သေချာစေရန်အတွက် အကြိမ်ပေါင်းများစွာထပ်စမ်းကြည့်သည်။ စမ်းသပ်လိုက်တိုင်း ရလဒ်ကအတူတူပင်ဖြစ်သည်။ ဒဏ်ရာအားလုံးသည် ဘာမျှမဖြစ်သကဲ့သို့ ပြန်သက်သာသွားသည်။
လင်းဇီချန်တစ်ယောက် အတန်ငယ်ဝမ်းသာသွားမိသည်။ လျင်မြန်သောကုသနိုင်စွမ်းဖြင့်အတူ အသက်တစ်မျှင်မျှပင်ကျန်ကာ လုံလောက်သောအားရှိပါလျှင် ချက်ချင်းပင် ပြန်လည်ကောင်းနိုင်မည်ဖြစ်၏။
မိမိဘာသာ အနိုင်မခံအရှုံးမပေးနေကြာပန်းလက်စွဲအစိတ်အပိုင်းအဖြစ် ညှင်းဆဲကာ လေ့ကျင့်လျှင်ပင် အချိန်မရွေးပြန်လည်ကြီးထွားနိုင်မည်ဖြစ်သည်။
အခန်း(၁၆၈) အပြင်လူ
လျင်မြန်စွာကုသနိုင်စွမ်း၏ အကျိုးသက်ရောက်မှုကို စမ်းသပ်ပြီးနောက် လင်းဇီချန်သည် သူ၏ အလွန် အရဲတင်းသော အကြံအစည်ကို အတည်ပြုနိုင်ရန် ဓားကိုအသုံးပြခဲ့ခြင်းမရှိပေ။
သူက သွေးသန့်စင်ခြင်းကျင့်စဥ်၏ ဖော်ညွှန်းချက်များကို လေ့လာရနရန် လေ့လာရေးဌာနသို့ ထွက်လာခဲ့သည်။ လင်းဇီချန်က သုတေသနဌာနသို့ ရောက်လာပြီး မကြာမီ၌ပင် စုန်ယွီယန်နှင့် လျို့ချွမ်ဝူတို့က သူ့အနားသို့ ချဥ်းကပ်၍ ကြောင်မိမယ်နှင့်ပတ်သက်သည့် မစ်ရှင်အကြောင်း မေးမြန်းခဲ့ကြသည်။
စနေနေ့ညတွင် လျို့ချွမ်ဝူသည် မစ်ရှင်စနစ်ကို စီမန်ခန့်ခွဲသည့် ဒါရိုက်တာဟယ်ကို ရှာဖွေရန်သွားနေသည့် မာကျန်းဟယ်ကို တွေ့ခဲ့သည်။
နှစ်ယောက်သား စကားများရန်ဖြစ်နေသည်ကို မြင်လိုက်ရပြီးနောက် မကြာမီ၌ပင် စတင်၍ ထိုးနှက်လာကြသည်။ ဤအဖြစ်အပျက်ကြောင့် သူအလွန်အမင်း တုန်လှုပ်ခဲ့ရသေးသည်။
ရုန်းရင်းဆန်ခတ်ဖြစ်ရသည့်အကြောင်းရင်းမှာ မာကျန်းဟယ်၏သမီးဖြစ်သူမှ တာဝန်ယူထားသော ကြောင်မိမယ်နှင့် ပတ်သက်သည့် မစ်ရှင်အချက်အလက်များ၌ ဆိုးရွားသော မှားယွင်းမှုတစ်ခု ရှိနေသောကြောင့်ဖြစ်သည်။
ကြောင်မိမယ်၏ စစ်မှန်သော ခွန်အားမှာ အခြေခံနဝမအဆင့်ဖြစ်သော်လည်း မစ်ရှင်၌ သူမကို အခြေခံဆဌမအဆင့်အဖြစ်ပြသထားသဖြင့် အဆင့်သုံးဆင့်စာကွာဟနေခြင်းကြောင့် မာကျန်းဟယ်၏ သမီး သေလုနီးပါးဖြစ်ခဲ့ရသည်။ မာကျန်းဟယ်က အလွန် ဒေါသတကြီးဖြင့် ဒါရိုက်တာဟယ်ဆိုသူနှင့် စာရင်းရှင်းရန်သွားခဲ့သည်။
ဒါရိုက်တာဟယ်ကလည်း မစ်ရှင်၌ ကွဲလွဲမှုများရှိနေသည်မှာ ပုံမှန်သာဖြစ်သည်ဟု ပြော၍ မာကျန်းဟယ်က တောင်ကို အသေးအဖွဲကိစ္စကို အကျယ်ချဲ့နေကြောင့် ဒေါသထွက်ခဲ့ရသည်။ ထို့ကြောင့် ၎င်းတို့၏ ရန်ပွဲက ပြင်းထန်သည်ထက် ပြင်းထန်လာသည်။
ထို့နောက် လျို့ချွမ်ဝူသည် ဌာနသို့ပြန်လာ၍ ဤထူးဆန်းလှသော အဖြစ်အပျက်ကို စုန်ယွီယန်နှင့် မျှဝေခဲ့သည်။ ထို့နောက် လင်းဇီချန်သည်လည်း အလားတူမစ်ရှင်ကို တာဝန်ယူခဲ့ကြောင်း စုန်ယွီယန်ထံမှ ပြန်လည်ကြားသိကာ ၎င်းတို့၏စူးစမ်းလိုစိတ်များ အလွန်ပြင်းထန်လာခဲ့သည်။
"ဇီချန်၊ အဲဒီကြောင်မိန်းမရဲ့ သွေးမျိုးဆက်စွမ်းအားအဆင့်က အခြေခံ နဝမအဆင့်ထိရှိတယ်ဆို။ မင်းက အခြေခံ ဆဌမအဆင့်မှာပဲရှိတာလေ။ ဘယ်လိုလုပ်ပြီးအောင်လုပ်နိုင်ခဲ့တာလဲ” လျို့ချွမ်ဝူက နားမလည်နိုင်စွာပြောသည်။
ထိုအချိန်က စုန်ယွီယန်သည် မစ်ရှင်တွင် လင်းဇီချန်ကို အခမဲ့ လိုက်ပါပေးမည်ဖြစ်ကြောင်းနှင့် အမှတ်များခွဲပေးရန်မလိုကြောင်း ကမ်းလှမ်းခဲ့ဖူးသော်လည်း လင်းဇီချန်က ငြင်းဆိုခဲ့ကြောင်းကို သူမပြန်လည်သတိရသွားကာ မေးလိုက်သည်။
"ဇီချန်၊ ကြောင်မိမယ်မစ်ရှင်အတွက် မင်းမိသားစုထဲက စွမ်းအားကြီးတဲ့တစ်ယောက်ယောက်များ လိုက်လာသေးလား။ အဲ့တာကြောင့် နဝမအဆင့်သတ္တဝါကို သတ်နိုင်ခဲ့တာလား”
“ကျွန်တော့်ကို ဘယ်သူမှ မကူညီပါဘူး။ ကြောင်မကို ကျွန်တော်ကိုယ်တိုင် သတ်ခဲ့တာပါ”
“မင်းရဲ့ သွေးမျိုးဆက်စွမ်းအားအဆင့်က အခြေခံဆဌမအဆင့်ပဲရှိတာလေ။ နဝမအဆင့်ကကြောင်မိမယ်ကို မင်းဘယ်လိုလုပ်သတ်လို့ရမှာလဲ။ မင်း နောက်နေတာတော့မဟုတ်ပါဘူးနော်”
လျို့ချွမ်ဝူက မယုံကြည်နိုင်စွာဖြင့်လင်းဇီချန်က နောက်ပြောင်နေသည်ဟုထင်လျက်ကြည့်နေသည်။ သို့သော် လေးလေးနက်နက်တွေးကြည့်ပြီးသည့်နောက် လင်းဇီချန်သည် နောက်နေသည့်ပုံစံမပေါ်သောကြောင့် ပို၍ပင် ပဟေဠိဖြစ်ခဲ့ရသည်။
“မင်း ထောင်ချောက်တစ်ခု ဒါမှမဟုတ် တစ်ခုခုများလုပ်လိုက်တာလား”
စုန်ယွီယန်က ခဏတာမျှစဥ်းစားပြီးနောက် လင်းဇီချန်က နောက်ပြောင်နေခြင်းမဟုတ်လျှင် ထို အဆင့်မြင့်သော ပြိုင်ဘက်ကို အနိုင်ယူရန် ထောက်ချောက်တစ်ခုခုသုံးထားသည်ဟု ထင်မိသည်။
သို့သော် လင်းဇီချန်၏ အဖြေက သူမကို အံ့အားသင့်သွားစေ၏။
“မဟုတ်ပါဘူး။ တစ်ယောက်ချင်းတိုက်ခဲ့တာပါ။ သူ့ကို ကျွန်တော့် ကိုယ်ခံစွမ်းအားသန့်သန့်နဲ့ သတ်နိုင်ခဲ့တာ”
သူဤသို့ တည်ငြိမ်စွာပြောသော်လည်း နားထောင်သူ နှစ်ယောက်က တည်ငြိမ်သည်လွဲသော အခြားအရာများဖြစ်နေသည်။
‘ကိုယ်ခံအားသန့်သန့်နဲ့ ကြောင်မိမယ်ကို သတ်နိုင်တာလား’
‘ဘာကိုဆိုလိုတာလဲ’
‘မင်းရဲ့စစ်မှန်တဲ့ ခွန်အားကို ဖုံးကွယ်ထားတာများလား’
လျို့ချွမ်ဝူက ရုတ်တရက် ဤဖြစ်နိုင်ချေကိုတွေး၍ အသက်ပြင်းပြင်းရှုလျက် မေးလိုက်သည်။
“ဇီချန် မင်းက မင်းရဲ့ ခွန်အားအစစ်ကို မဖုံးထားဘူးလို့ ငါ့ကို ပြောခဲ့တယ်မဟုတ်ဘူးလား”
“အင်း ကျွန်တော် ဖုံးထားတာ။ တကယ်တော့ ကျွန်တော့အဆင့်က အခြေခံ နဝမအဆင့်ပါ”
ဤစကားလုံးများထွက်ပေါ်လာသည်နှင့် လင်းဇီချန်၏ မျက်လုံးများက စူးရှလာကာ အခြေခံနဝမအဆင့် အဆင့်မြင့်သတ္တဝါ၏ စွမ်းအားကို ချက်ချင်း ထုတ်လွှတ်လိုက်သောအခါ သူ့ရှေ့မှ လူနှစ်ယောက်၏ ဆံပင်များ အနည်းငယ် ယိမ်းခါသွားသည်။
‘ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ’
လင်းဇီချန်ထံမှ ပြင်းထန်သော ဖိအားများထွက်လာသည်ကို ခံစားလိုက်ရသည်။ လျို့ချွမ်ဝူနှင့် စုန်ယွီယန်တို့ နှစ်ယောက်လုံး အံ့သြသွားပြီးနောက် သစ်သားကြက်များကဲ့သို့ ပါးစပ်အဟောင်းသားငေးကြည့်နေကြသည်။
လင်းဇီချန်၏ သွေမျိုးဆက်စွမ်းအားအဆင့်က အခြေခံ နဝမအဆင့်၌ အမှန်တကယ်ပင်ရှိနေ၏။
‘သူက ကျောင်းအခုမှစတက်တဲ့ ကျောင်းသားသစ်လေ’
‘ဒါလုံးဝ သိပ္ပံနည်းမကျဘူး’
နှစ်ယောက်သား ကြက်သေသေလျက် တုန်လှုပ်သွားသည်ကို မြင်လိုက်ရသဖြင့် လင်းဇီချန်က ပြောလိုက်၏။
“တကယ်တော့ နွေကျောင်းပိတ်ရက်မှာ ကျွန်တော်က ခန္ဓာကိုယ်သန့်စင်ခြင်းကျင့်စဥ်ကို တစ်ခါ အောင်မြင်ခဲ့ပြီး အခု အရေပြားသန့်စင်ခြင်း ဒုတိယအဆင့်ကို ရောက်နေပြီ”
လျို့ချွမ်ဝူနှင့် စုန်ယွီယန်တို့၏ရှေ့တွင် ကိုယ်ခန္ဓာသန့်စင်ခြင်း၌ သူ၏ တိုးတက်မှုကို ဖုံးကွယ်ထားရန် မလိုအပ်ဟု သူခံစားမိသည်။ နောက်ဆုံးတွင်မူ ဤသည်က သူ့လက်ထဲမှ ဝှက်ဖဲများအနက် တစ်ခုသာဖြစ်ကာ အထူးတလည်ထူးခြားသောအရာမဟုတ်ပေ။
အကယ်၍ ဤဝှက်ဖဲကို ပြသခြင်းက ထိခိုက်မှုထက် ကောင်းကျိုးကို ပိုစေမည်ဆိုပါက ၎င်းအကျိုးအမြတ်များကို ရရှိနိုင်ရန် ထုတ်ဖော်ပြသခြင်းက တန်ဖိုးရှိသော လဲလှယ်မှုတစ်ခုဖြစ်လိမ့်မည်ဖြစ်သည်။ လျို့ချွမ်ဝူနှင့် စုန်ယွီယန်တို့ အချိန်အတော်ကြာ ကုန်ဆုံးပြီးနောက် ၎င်းတို့သည် ယုံကြည်၍ရသည်ဟု ခံစားမိကာ ၎င်းတို့အတွက် ခန္ဓာကိုယ်သန့်စင်ခြင်းရှိ တိုးတက်မှုကို ထုတ်ပြခြင်းက အန္တရာယ်ကင်းလိမ့်မည်ဟု ကောက်ချက်ချခဲ့သည်။
အားသာချက် ။ ။ အနာဂတ်တွင်၊ လျို့ချွမ်ဝူနှင့် စုန်ယွီယန်သည် ၎င်း၏ သွေးကြောဖွင့်ခြင်းဆိုင်ရာ သုတေသနကို အပြည့်အဝ ထောက်ပံ့ပေးနိုင်ခြင်း
အန္တရာယ်ကင်းမှု။ ။ သူသေချာသည်မှာ လျို့ချွမ်ဝူနှင့် စုန်ယွီယန်တို့က သူ၏ ခန္ဓာကိုယ်သန့်င်ခြင်းဆိုင်ရာ လျို့ဝှက်ချက်ကို ဝှက်ထားနိုင်မည်ဖြစ်ကြောင်း ယုံကြည်ခြင်း။
ယေဘုယျအားဖြင့် ယနေ့ ဖော်ပြမှုသည် လင်းဇီချန်၏ တစ်ပါတ်တာကြာ တွေးခေါ်သုံးသပ်ပြီးမှ ဖြစ်လာသော ရလဒ်ဖြစ်သည်။
“မင်းရဲ့ ခန္ဓာကိုယ်သန့်စင်ကို ပထမဆုံးအကြိမ်ကြိုးစားကြည့်ပြီး အောင်မြင်သွားတာလား”
လင်းဇီချန်၏ ရိုးသားသော ဖွင့်ဟချက်ကို ကြားလိုက်ရသောအခါ လျို့ချွမ်ဝူက လုံးဝ အံ့ဩသွားသည်။
အနည်းငယ် ခေါင်းရှုပ်သွားခြင်းမှ ပြန်လည်အသိဝင်လာသောအခါ အလွန်ပျော်မြူးသွား၏။
“ဟားဟား၊ ဝီရိယကို ကောင်းကင်က ဆုချတယ်၊ ဝီရိယကို တကယ်ပဲ ကောင်းကင်က ဆုချတယ်”
"ငါ လျို့ချွမ်ဝူက နှစ်ပေါင်းများစွာဇွဲကောင်းကောင်းနဲ့ အာရုံစိုက်ထားခဲ့တာ နောက်ဆုံးတော့ အောင်မြင်ပြီ”
"ဇီချန် ၊ မင်းနဲ့အတူ ဒီမှာရှိတဲ့သွေးသန့်လူသားလမ်းစဥ်က ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ရလာမှာသေချာတယ်။ အချိန်တန်ရင် မင်းနာမည်နဲ့အတူ ကောင်းကင်လူသားအဖွဲ့အစည်းက ကမ္ဘာတစ်ခုလုံးကို အံ့အားသင့်စေမှာသေချာတယ်”
ထိုအချိန်တွင် လျို့ချွမ်ဝူက အိမ်မက်မက်နေသည့်အလားခံစားလိုက်ရသည်။ သူ့မိသားစုကို စွန့်လွှတ်ခွဲခွာခဲ့စေသည့် သွေးသန့်လူသားလမ်းစဥ်ကို နှစ်ပေါင်းများစွာ စူးစူးစိုက်စိုက်သုတေသနပြုပြီးနောက် သိသာထင်ရှားသော တိုးတက်မှု တစ်စုံတစ်ရာမျှ မရှိခဲ့ပေ။
သို့သော် နောက်ဆုံးတွင် နှစ်ပေါင်းများစွာကြာပြီးနောက် ဤနေ့တွင် သူသည် သွေးသန့်လူသားလမ်းစဥ်အတွက် လုံးလုံးလျားလျားသင့်လျော်သော ပါရမီရှင်တစ်ဦးနှင့် ကြုံတွေ့ခဲ့ရသည်။
ထိုကဲ့သို့ ရှားပါးသော ပါရမီရှင်တစ်ဦးကို လမ်းခင်းပေးခြင်းဖြင့် သွေးသန့်လူသားလမ်းစဥ်သည် ကမ္ဘာမြေကြီးပေါ်တွင် တောက်ပလာမည်ဖြစ်ကာ လူသားမျိုးနွယ်တစ်ခုလုံးကို ကယ်တင်နိုင်မည့် စွမ်းအားကြီးလက်နက်တစ်ခုဖြစ်လာနိုင်သည်။
ဤသည်မှာ လုံ့လဝီရိယ၏ ဆုလာဘ်ဖြစ်သည်။
ခဏတာငြိမ်သက်သွားပြီးနောက် လျို့ချွမ်ဝူက လင်းဇီချန်ကို ပြုံးရွှင်ကာ ကြည့်လိုက်သည်။
“ဇီချန် မင်းရဲ့ ကိုယ်ရည်ကိုယ်သွေးက တကယ့်ကို အံ့သြစရာပဲ။ မင်းခန္ဓာကိုယ်ထဲမှာ မူလစွမ်းအားမရှိနေတာကြောင့်သာမဟုတ်ရင် ငါမင်းကို မူလမြေက တိုင်းတပါးသားလို့ထင်မိလိမ့်မယ်”
“မူလမြေက တိုင်းတပါးသားဟုတ်လား”
လင်းဇီချန်သည် အလွန်အရေးကြီးသော အချက်အလက်တချို့ကို ကြားလိုက်ရသည်ဟု ခံစားလိုက်မိသည်။
"ဒီကမ္ဘာမှာ ဆန်းကြယ်သားရဲတွေရှိတဲ့အတွက် ဆန်းကြယ်သတ္တဝါတွေဆိုတာလည်းရှိမှာပဲလေ။ ဒါပေမယ့် ဆန်းကြယ်သတ္တဝါအများစုက ကမ္ဘာပေါ်မှာမဟုတ်ဘဲ မူလမြေမှာနေတာကြောင့် သူတို့ကို တစ်ခါမှ မတွေ့နိုင်ဘူးၑ
“အမ်”
သူ့ဘေး၌ ရပ်နေသော စုန်ယွီယန်က အံ့အားသင့်သွား၏။
“တကယ် ဆန်းကြယ်သတ္တဝါတွေရှိလား”
သူမသည် ယခု ကောင်းကင်လူသားအဖွဲ့အစည်းသို့ ဝင်လာခဲ့သည်မှာ ဆယ်နှစ်ကျော်ကြာခဲ့ပြီဖြစ်သော်လည်း လျို့ချွမ်ဝူက သူမကို ဤအကြောင်း တစ်ခါမျှ မပြောခဲ့ဖူးပေ။
ခဏတာမျှ သူမ ခွဲခြားဆက်ဆံခြင်းခံရသည်ဟု ခံစားလိုက်ရသည်။
‘လင်းဇီချန်က အခုမှရောက်လာတာတောင် ဒီလျို့ဝှက်ချက်ကို ပြောပြခဲ့ပေမယ့် ငါ ဆယ်နှစ်လောက် ဒီဌာနမှာ အလုပ်လုပ်ခဲ့တာကို ငါ့ကို တစ်ခါမှ မပြောပြခဲ့ဘူး။ ဒါလုံးဝမတရားတာပဲ”
“ဒါရိုက်တာ မူလစွမ်းအားဆိုတာဘာလဲ”
လင်းဇီချန်က စူးစမ်းလိုစိတ်အပြည့်ဖြင့် အဓိကစကားလုံးကို မေးလိုက်သည်။
လျို့ချွမ်ဝူက သူ့မုတ်ဆိတ်မွေးကို ဖွလျက် ပြော၏။
“မူလစွမ်းအားဆိုတာ သွေးစွမ်းအင်၊ ဝိညဥ်စွမ်းအင်တို့နဲ့ဆင်တူပြီး မူလမြေက သတ္တဝါတွေမှာပဲရှိတဲ့ ထူးခြားတဲ့ စွမ်းအင်ပဲ”
‘သွေးစွမ်းအင် ဝိညဥ်စွမ်းအင်တွေနဲ့တူတယ်ဟုတ်လား’
“ဒါဆို မူလစွမ်းအားကို ဘယ်လိုလုပ်ရင်သုံးနိုင်မလဲ။ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလဲ”
“အဲ့တာနဲ့ ပတ်သက်ပြီးတော့ ငါ မင်းကို အဖြေမပေးနိုင်သေးဘူးကွ၊ ငါ နှစ်တွေအကြာကြီးအသက်ရှင်လာခဲ့တာတောင် ဆန်းကြယ်သတ္တဝါနှစ်ယောက်ပဲတွေ့ခဲ့ရတယ်”
စုန်ယွီယန်က စိတ်ရှုပ်ထွေးစွာဖြင့် ပြောသည်။
"ဒါရိုက်တာ၊ ဒီ ဆန်းကြယ်သတ္တဝါများတွေကို ဘယ်မှာများတွေ့ခဲ့တာလဲ။ ရှင်က အခြေခံနဝမအဆင့်ပဲရှိသေးတာမို့လို့ မူလမြေကို မဝင်နိုင်သေးဘူးမလား”
“အစ်မယန် မူလမြေကို ဝင်ဖို့ လိုအပ်ချက်တွေရှိတာလား”
“အင်း အာဏာပိုင်တွေက သတ်မှတ်ထားတဲ့ စံနှုန်းတွေအရ မူလမြေကို ဝင်ချင်တယ်ဆိုရင် သွေးမျိုးဆက်စွမ်းအား အဆင့်မြင့်အဆင့်မှာရှိနေရမယ်။ မဟုတ်ရင် ဝင်တာက အမြောက်စာပဲဖြစ်လိမ့်မယ်”
“အာ သိပြီ”
လင်းဇီချန်က ဗဟုသုတအသစ်တစ်ခုကို ရရှိသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
စုန်ယွီယန်က လျို့ချွမ်ဝူကို ကြည့်၏။
“ဒါရိုက်တာ ရှင် အဲ့ဆန်းကြယ်သတ္တဝါတွေကို ဘယ်မှာတွေ့လဲဆိုတာ မပြောရသေးဘူး”
လျို့ချွမ်ဝူက ပြန်ဖြေ၏။
“သူတို့ကို ဒီကမ္ဘာမှာ တွေ့ဖူးတာ။ တစ်ယောက်က လွန်ခဲ့တဲ့ ဆယ်နှစ်က ငါ့အရင်မိန်းမခေါ်သွားတဲ့ တပည့်မတစ်ယောက်ပဲ။ နောက်တစ်ယောက်ကတော့ အရမ်းလျို့ဝှက်ဆန်းကြယ်တဲ့ ရှေးဟောင်းမြို့ပျက်တစ်ခုထဲမှာ တွေ့ခဲ့ရတာပဲ”
“ရှင် သူတို့ကို မြို့ပျက်ထဲတွေ့ခဲ့တာဟုတ်လား။ ဒါဆို သေနေပြီမဟုတ်ဘူးလား”
“အင်း အဲ့တာက သေနေတာ”
ထိုသို့ပြော၍ လျို့ချွမ်ဝူက ၎င်းတို့နှစ်ယောက်လုံးကို လေးနက်စွာ သတိပေးလိုက်သ်ည။
“ဒီနေ့ ငါပြောခဲ့တဲ့ လျို့ဝှက်ချက်တွေကို လုံးဝ မပေါက်ကြားစေနဲ့။ သူတို့ကို ကောင်းကောင်း လျို့ဝှက်ထားရမယ်သိလား”
စုန်ယွီယန်က ရင်ဘတ်ကို ပုတ်ပြကာ ကတိပေးလိုက်သည်။
“စိတ်မပူပါနဲ့ ဒါရိုက်တာ။ ကျွန်မက အရမ်းစည်းကမ်းရှိပါတယ်။ ဒီလိုမျိုး လျို့ဝှက်ချက်တွေကို တစ်ခုမှ မထုတ်ဖော်တတ်ပါဘူး”
“အင်း ငါမင်းကို ယုံတယ်”
လျို့ချွမ်ဝူက ခေါင်းညိတ်လိုက်ပြီးနောက် လင်းဇီချန်ဘက်သို့ လှည့်လိုက်သည်။
"ဇီချန် ၊ မင်းရဲ့ ခွန်အားနဲ့ ပတ်သက်ပြီး ဒီအဆင့်မှာ မင်းဟာ အလွန်အကျွံ မပြရဘူး၊ သာမန်လူတွေ နားလည်နိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်လွန်းတယ်၊ မဟုတ်ရင် မင်းကို မလိုလားအပ်တဲ့ အန္တရာယ်တွေ ဆွဲဆောင်မိပြီး အစွန်းရောက်ဂိုဏ်းရဲ့ ပစ်မှတ်ထားတာခံရလိမ့်မယ်”
“ကျောင်းမှာတောင် အန္တရာယ်များတယ်”
“အစွန်းရောက်ဂိုဏ်းတွေက အခု နေရာအနှံ့မှာ ပျံ့နေတာ ရာထူးကြီးတဲ့ လူသားတွေကြားမှာတောင် ဂိုဏ်းဝင်တွေရှိမရှိ မသေချာဘူး”
လျိုချွမ်ဝူက ဆက်ပြော၏။
“လွန်ခဲ့တဲ့ အနှစ်လေးဆယ်လောက်က မြို့တော်တက္ကသိုလ်မှာ ဒုအဓိပတိတစ်ယောက်က တကယ်ကို အစွန်းရောက်တစ်ယောက်ဖြစ်နေခဲ့တယ်။ သူက အကြံအစည်တစ်ခုကို သေချာရေးဆွဲပြီးတော့ သူတို့ မူလမြေကို ဝင်တဲ့အခါ အကုန်လုံးကို သတ်ဖို့လုပ်ခဲ့တယ်။ အဲ့မှာ မြို့တော်တက္ကသိုလ်ကို လူအားလုံးနီးပါးသေခဲ့ရပြီး တက္ကသိုလ် ပြန်လည်ထူထောင်ဖို့ ဆယ်စုနှစ်တစ်ခုကြာခဲ့တယ်”
“ ကျွန်မက မြို့တော်မှာ မွေးလာတဲ့ ဒေသခံတစ်ယောက်ပါ။ မြို့တော်တက္ကသိုလ်မှာ ဒီလို ကြီးမားတဲ့ကိစ္စမျိုးဖြစ်ခဲ့တာ ကျွန်မဘာမှမသိထားခဲ့ဘူး”
“မင်းမသိတာ သာမန်ပဲ။ အဲ့တုန်းက အဖြစ်အပျက်တွေကို ပြင်းပြင်းထန်ထန် ဖိနှပ်ဖုံးကွယ်ထားခဲ့တာ။ သတင်းအချက်အလက်အဆက်အသွယ်တွေမရှိရင် သိဖို့ မဖြစ်နိုင်ဘူး”
ပြီးသွားသောအခါ လျို့ချွမ်ဝူက လင်းဇီချန်ဘက်သို့ တစ်ဖန်လှည့်လာသည်။
“ဇီချန် နောင်မှာ အမှတ်တွေအများကြီးရဖို့ မင်းရဲ့ခွန်အားနဲ့ကိုက်ညီတဲ့မစ်ရှင်တွေလိုချင်ရင် မင်း အစ်မယန်ရဲ့ အကောင့်ကိုသုံးလိုက်”
“မင်းအစ်မရဲ့ သွေးမျိုးဆက်အဆင့်က အခြေခံနဝမအဆင့်ပဲ။ မစ်ရှင်တွေကို လက်ခံဖို့ သူ့အကောင့်ကိုသုံးမယ်ဆိုရင် မင်းရဲ့အရည်အချင်းအစစ်တွေ ပေါ်လာမှာ ဖုံးထားစရာမလိုဘဲ မင်း ခွန်အားကို အပြည့်အဝ ထုတ်သုံးလို့ရတယ်”
“သွေးသန့်လူသားလမ်းကြောင်းနဲ့ အခြေခံအဆင့်အကြား ကန့်သတ်ချက်တွေကို ချိုးဖြတ်ပြီး အဆင့်မြင့်အဆင့်သတ္တဝါအဖြစ်ဖော်ပြလိုက်တာနဲ့ မင်းကိုကာကွယ်ပေးနိုင်မယ့် စွမ်းအားကြီးတဲ့ ကျောထောက်နောက်ခံကို ငါရှာတွေ့လိမ့်မယ်။ အဲ့ကျရင် မင်းရဲ့ အစွမ်းအစကို အပြည့်အဝထုတ်ပြပြီး ကမ္ဘာကြီးတစ်ခုလုံးကို အံ့သြသွားစေလိမ့်မယ်”
“ဟုတ် ကျွန်တော် နားလည်ပါပြီ”
“ဒါရိုက်တာ ရှင် ဒီအားကောင်းတဲ့ ကျောထောက်နောက်ခံဆိုပြီး အကြိမ်ကြိမ်ပြောနေတာ သူတို့က ဘယ်သူတွေလဲ”
“အခု ပြောပြဖို့က အဆင်မပြေသေးဘူး။ ဒါပေမယ့် ဇီချန်က သာမာန်အဆင့်သတ်မှတ်ချက်တွေကို သန့်စင်တဲ့လူသားခန္ဓာကိုယ်နဲ့ ချိုးဖျက်လိုက်တဲ့အခါ မင်းသဘာဝကျကျ သိလာလိမ့်မယ်။"
၎င်းတို့နှစ်ဦးကြားရှိ စကားဝိုင်းကို နားထောင်ပြီးနောက် လင်းဇီချန်က လျို့ချွမ်ဝူကိုကြည့်လိုက်သည်။
“ဒါရိုက်တာ ခင်ဗျားမှာ မူလမြေနဲ့ပတ်သက်တဲ့ ပစ္စည်းတွေများရှိလား။ ကျွန်တော် လေ့လာကြည့်ချင်လို့”
ဆန်းကြယ်သားရဲများ၊ ဆန်းကြယ်သတ္တဝါများ သို့မဟုတ် အစွန်းရောက်ဂိုဏ်းများ အစရှိသမျှသည် မူလမြေနှင့် ခွဲခြား၍ မရနိုင်ပေ။ ဤအချက်က သူ၏ စူးစမ်းချင်စိတ်ကို ပိုမိုဖြစ်ပေါ်လာစေသည်။
လျို့ချွမ်ဝူက ခေါင်းခါလိုက်သည်။
“ငါ့မှာ အဲ့လိုပစ္စည်းတွေမရှိဘူး။ မူလမြေနဲ့ပတ်သက်တဲ့အာအားလုံးကို အမြဲတမ်း ပိုင်းခြားထားတယ်”
“လောလောဆယ်တော့ ငါသိထားသမျှက မူလမြေအကြောင်းက ငါ့အရင်မိန်းမနဲ့ အပျက်အဆီးတွေဆီကပဲ”
“ဒါပေမယ့် မင်းဒါတွေကို နားလည်ဖို့ လောစရာမလိုသေးဘူး။ မင်းရဲ့ သွေးမျိုးဆက်စွမ်းအားအဆင့်က
အဆင့်မြင့်အဆင့်ဆီမရောက်ခင် မူလမြေအကြောင်းသိထားလည်း အသုံးမဝင်ဘူး”
“မင်း မူလမြေကို မဝင်နိုင်သေးတာကြောင့် အဲ့တာနဲ့ပတ်သက်ပြီး မင်းလေ့လာထားတာတွေက အသုံးမဝင်ဘူး”
“အခု လောလောဆယ်တော့ မင်းဒီလောက်ပဲ သိထားရင်ရပြီ။ ငါတို့အတွက်ကတော့ မူလမြေပြင်မှရှိတဲ့ သက်ရှိ အများစုက ကမ္ဘာမြေကို ကျူးကျော်ဝင်ရောက်လာဖို့ တတ်နိုင်သမျှ နည်းမျိုးစုံနဲ့ ကြိုးပမ်းခဲ့ကြတဲ့ ရန်သူတွေပဲ။ ဘာလို့ ကမ္ဘာမြေကို ကျူးကျော်ချင်ကြတာလဲ။ အချို့ သန်မာတဲ့လူတွေက ကမ္ဘာပေါ်ကို ဒီလိုသတ္တဝါတွေကျူးကျော်ချင်နေတာ သူတို့ လိုချင်တဲ့ဆန္ဒတစ်ခုခုရှိလို့လို့ ယူဆကြတယ်”
လျို့ချွမ်ဝူက နောက်ဆုံးစကားကို အဆုံးသတ်ပြီးသောအခါ သူ့အိတ်ကပ်ထဲမှ ဆဲလ်ဖုန်းမြည်လာသည်။ သူဖုန်းကိုင်လိုက်သည်နှင့် တစ်ဖက်မှ ရင့်ကျက်သော အမျိုးသမီးတစ်ဦး၏ အသံထွက်ပေါ်လာသည်။
သူမသည် အသက်လေးဆယ်ကျော်ခန့်ရှိပုံရကာ လျို့ချွမ်ဝူသည် အမျိုးသမီးနှင့် ဖုန်းပြောလျက် ရယ်မောကာ တစ်ဖက်သို့လျှောက်သွားသည်။
အချိန်အတန်ကြာပြီးသည့်နောက်မှ ဖုန်းကို ချ၍ လင်းဇီချန်နှင့် စုန်ယွီယန်တို့ဘက်သို့ ပြန်လျှောက်လာသည်။
"နှစ်ပေါင်းများစွာကြာပြီဖြစ်တဲ့ အရင်မိန်းမက ညစာစားဖို့ခေါ်နေလို့ သုတေသနဌာနမှာ ကြာကြာမနေတော့ဘူးနော် လိုအပ်ရင် WeChat နဲ့ ဆက်သွယ်လိုက်ပါ"
ဤသို့ပြော၍ ဌာနထဲမှ လျင်မြန်စွာထွက်သွားသည်။
"ဒါရိုက်တာက တကယ်ကို အလုပ်ကြိုးစားတယ်၊ ကောင်းကင်လူသားအဖွဲ့အစည်းအတွက် ရင်းနှီးမြှုပ်နှံမှုတွေ ထပ်ပြီးရအောင်သွားတော့မှာပဲ" စုန်ယွီယန်က လျို့ချွမ်ဝူ၏ နောက်ကျောကိုကြည့်၍ မှတ်ချက်ချလိုက်သည်။
လင်းဇီချန်က မည်သည့်မှတ်ချက်မှ ထပ်မပေးသော်လည်း ရှေ့ရှိ ဆိုဖာပေါ်သို့ တိတ်တဆိတ်ဝင်ထိုင်လိုက်ကာ အတွေးထဲ၌ မျောနေ၏။
ဆန်းကြယ်သားရဲများ၊ ဆန်းကြယ်သတ္တဝါများ၊ အစွန်းရောက်ဂိုဏ်း၊ မူလစွမ်းအင်…
ဤအရာများအားလုံးကို မူလမြေနှင့် ခွဲခြား၍ မရနိုင်ပေ ။
မူလမြေဆိုတာ တိတိကျကျ ဘာများလဲ။