← Chapters

အပိုင်း ၁၇၂-၁၇၄

Vol. 12 Ch. 172-174

အပိုင်း ၁၇၂-၁၇၄

Vol. 12 Ch. 172-174

အခန်း (၁၇၂) သွေးမျိုးစပ်တော့မည့်ရှန်ချင်းဟန် (၁)

အနက်ရောင်အရွက်နှင့် သစ်ကိုင်းများပါသည့် အပင်များပါသည်။ သွေးကြောများဖြင့် အုပ်နေသည့်ပင်စည်များလည်းရှိသည်။ ပါးစပ်ပါသည့်ထူးဆန်းစွာဆွဲဆောင်နိုင်သောပန်းပွင့်များလည်း ရှိနေသည်။ ထူးဆန်း၍ အမည်မသိသောအပင်များအကြောင်းကို သတင်းထဲတွင် ဖော်ပြထားကာ ပုံများထဲမှ အပင်နှင့် မတူပုံပေါ်သော်လည်း ထူးဆန်းမှုကမူ လွန်စွာမှ ဆင်တူပေသည်။

ပတ်ဝန်းကျင်တစ်ခုတည်းတွင် ကြီးပြင်းလာကြသကဲ့သို့ပင် ဖြစ်၏> ရှန်ချင်းဟန်၏စီနီယာအစ်မဆီမှပုံတွင် နောက်ခံသည် မူလနယ်မြေပင် ဖြစ်သည်။

ဒါဆို အဲ့အပင်တွေက မူလနယ်မြေကများလား။

ဒါပေမယ့် မူလမြေရဲ့အပင်တွေက ကမ္ဘာပေါ်မှာ ဘာလို့ ရုတ်တရက်ကြီးပေါ်လာတာလဲ။

ဂမ္ဘီရအပင်ကျင့်စဉ် ဖြစ်နိုင်သည်လော။

လင်းဇီချန်တစ်ယောက် ရုတ်တရက်ပင် မိစ္ဆာဒိဌိဂိုဏ်းကို စဉ်းစားမိသွားသည်။ ၎င်းသည် ယခင်က စနစ်၏မစ်ရှင်တွင် ထိုဂိုဏ်းကိုမြင်ဖူးသည်။ ဂမ္ဘီရအပင်ကျင့်စဉ်ဆိုသောနာမည်တွင်ပါသော ဂမ္ဘီရအပင်သည် ထိုအပင်များနှင့် တစ်ခုခုပက်သက်သည်မှာ ထင်ရှားပေသည်။ မိစ္ဆာဒိဌိဂိုဏ်းများအားလုံးသည် မူလနယ်မြေဖြင့် ဆက်စပ်နေကြသည်။

ထိုနှစ်ခုကို ပေါင်းစပ်ကြည့်လျှင် ရှန်ဟိုင်းမြို့တွင် ပေါ်လာသော အပင်များသည် ထိုမိစ္ဆာဒိဌိဂိုဏ်း၏ ဂမ္ဘီရအပင်ကျင့်စဉ်ဖြင့် တစ်ခုခုဆက်စပ်နေရပေမည်။ ကြွက်နတ်ဘုရားကျင့်စဉ်ကို ဖျက်ဆီးပြီးခါစရှိပေသေးသည်။ ယခုတွင် ဂမ္ဘီရအပင်ကျင့်စဉ်က ပေါ်လာပြန်သည်။

မကောင်းသည့်သူများ၏အရင်းအမြစ်များက မဆုံးနိုင်အောင် ရှိနေသည်။

လင်းဇီချန်က ခေါင်းခါကာ သတင်းအက်ပ်မှ ထွက်လိုက်ပြီး မိဘများနှင့် အနာဂတ်ယောက္ခမများထံသို့ စာပို့သည်။ မြို့ထဲတွင်ပေါ်လာသော ထိုအပင်များနှင့်ပက်သက်၍ သတိပေးခြင်းဖြစ်ကာ ထိုအပင်များသည် မိစ္ဆာဒိဌိဂိုဏ်းများနှင့် ဆက်စပ်နေမည်ဖြစ်ကြောင်း၊ ထိုအပင်များကို တွေ့လျှင် ဝေးဝေးနေရန် အနားသို့မသွားရန် သတိပေးရသည်။

တတ်နိုင်သမျှမြန်မြန် ရှန်ဟိုင်းတက္ကသိုလ်သို့ ပြောင်းလာရန်လည်း တိုက်တွန်းသည်။ ထိုအချိန်တွင် ရှန်ချင်းဟန်က လှည့်လာပြီး ၎င်းနှင့်မျက်နှာချင်းဆိုင်ကာ ပြောလိုက်သည်။

''ရှောင်ချန် ငါအိပ်မပျော်ဘူး''

''ဘာဖြစ်လို့လဲ''

၎င်းက ဖုန်းကိုချလိုက်ပြီး စိတ်ပူစွာဖြင့် မေးလိုက်သည်။ ရှန်ချင်းဟန်က နှုတ်ခမ်းလေးဆူကာ ပြောလိုက်သည်။

''သွေးမျိုးစပ်တာကို စောစောလုပ်ပြီးသွားမဲ့အကြောင်း စဉ်းစားနေမိတာ။ စဉ်းစားတာရပ်လို့မရဘူး။ အိပ်လည်းမပျော်ဘူး''

''အဲ့တာပုံမှန်ပါပဲ။ မင်းအိပ်မပျော်ဘူးဆိုရင် ဇွတ်အိပ်ဖို့မလုပ်နဲ့။ ဖုန်းခဏကြည့်နေလိုက်''

လင်းဇီချန်က အကူအညီဖြစ်မည့်အကြံပေးချက်မျိုးကို ကမ်းလှမ်းလိုက်သည်။

ရှန်ချင်းဟန်၏အသံက နူးညံ့ပျော့ပျောင်းလှသည်။

''အဲ့လိုဆို ငါနင့်ဖုန်းကို ကြည့်ချင်တယ်''

ငါ့ဖုန်းကိုကြည့်မှာလား။

ထူးဆန်းသောတောင်းဆိုချက်ကြောင့် ကြောင်သွားမိသည်။

သို့သော် ဆိုလိုသည်ကို အမြန်ပင် သဘောပေါက်သွားကာ ပြုံးလိုက်မိပြီး

''နှာဘူးမလေး နင်က ပညာပေးဗီဒီယိုတွေ ထပ်ကြည့်ချင်ပြန်ပြီပေါ့။ ဟုတ်လား''

''မေးခွန်းတွေ အများကြီးမမေးနဲ့။ နင့်ဖုန်းကိုသာ ပေးလိုက်။ နင့်ဖုန်းပဲကြည့်ချင်တယ်''

''ယူ ယူ ယူ ဒီမှာရော့။ ကြည့်ကြည့်''

လင်းဇီချန်က ဖုန်းကို ပေးလိုက်သည်။ ရှန်ချင်းဟန်က ဖုန်းကိုယူလိုက်ပြီး ပျော်သွားဟန်ဖြင့် ပြောလိုက်သည်။

''နင့်ကို အရှုံးမရှိစေရပါဘူး။ နင်လည်း င့ါဖုန်းကို ကြည့်လေ''

လင်းဇီချန်က ဘာမှမပြောတော့ဘဲ သူမဖုန်းကို ယူလိုက်ပြီး သတင်းများကို ရှာကြည့်နေသည်။ ပထမသတင်းတစ်ပုဒ်မပြီးခင်တွင်ပင် ဘေးနားမှ ပညာပေးဗီဒီယို၏ ရှင်းလင်းသောအသံက ထွက်ပေါ်လာသည်။

ဗီဒီယိုထဲမှ အမျိုးသားနှင့်အမျိုးသမီးဇာတ််လိုက်နှစ်ယောက် အော်နေကြခြင်းဖြစ်ကာ အနည်းငယ်မျှဆူညံနေသည်။ လင်းဇီချန်က ရှန်ချင်းဟန်ကို ပြောစရာစကားကုန်နေသောအမူအရာမျိုးဖြင့်ကြည့်ကာ ပြောလိုက်သည်။

''ရှန့်ဝူဟန် နင်အဲ့တာတွေကြည့်တဲ့အခါကျရင်တော့ နားကြပ်တပ်ဖို့ ပြောချင်တယ်''

''ဪ ငါမေ့သွားတာ''

ရှန်ချင်းဟန်က အမြန်ပင် နားကြပ်ရှာကာ တပ်လိုက်သည်။

တစ်ဦးက တိတ်ဆိတ်စွာဖြင့် သတင်းများရှာနေကာ ကျန်တစ်ဦးက နားကြပ်တပ်၍ ဆာကူရာပင်လယ်မြို့တော်မှ အန်နမီပညာပေးဗီဒီယိုများကို ရှာကြည့်ကာ အခန်းက တိတ်ဆိတ်နေသည်။

ထိုသို့ဖြင့် မနက်တစ်နာရီခွဲသွားလေသည်။

ရှန်ချင်းဟန်က ဗီဒီယိုတစ်ပုဒ်ကြည့်ပြီးနောက်တွင် အတန်ငယ်ဗဟုသုတရသွားသည့်ပုံပေါ်သည်။ နားကြပ်ကိုချွတ်ကာ လင်းဇီချန်ကို ဖုန်းပြန်ပေးလိုက်ပြီး အသာပြုံး၍ ပြောလိုက်သည်။

''နင့်ဖုန်းကို ဌားလို့ ကျေးဇူးတင်တဲ့အနေနဲ့ နာရီဝက်လောက် ငါနင့်ကို နှိပ်ပေးမယ်ဆိုရင်ရော''

''ကောင်းပြီ။ စဉ်းစားတတ်သားပဲ''

လင်းဇီချန်က သူမကို လက်မထောင်ပြကာ ချက်ချင်းပင် အိပ်ရာပေါ်တွင် လှဲလိုက်ပြီး သူမ၏တိုးတက်လာသောအနှိပ်နည်းစနစ်ကို ခံယူရန် အသင့်ဖြစ်နေသည်။ ရှန်ချင်းဟန်က ၎င်းကို ချက်ချင်းစမနှိပ်သေးပေ။ အိပ်ရာမှထကာ အသားကပ်ခြေအိတ်နှစ်စုံယူလာကာ တစ်စုံကအဖြူဖြစ်၍ တစ်စုံက အမည်းဖြစ်သည်။

ထို့နောက်တွင် ထိုခြေအိတ်များကိုကိုင်၍ အိပ်ရာဘေးတွင်ထိုင်ကာ ပြောလိုက်သည်။

''ဒီတစ်ခေါက် ငါလက်မသုံးဘူး။ အသစ်အဆန်းလေးကို စမ်းကြည့်ရအောင်။ ခြေအိတ်ဝတ်ပြီး ခြေထောက်နဲ့နှိပ်ပေးမယ်။ စမ်းကြည့်ချင်လား''

''ကောင်းမဲ့ပုံပဲ''

လင်းဇီချန်က တွန့်ဆုတ်ခြင်းမရှိ ပြန်ဖြေလိုက်သည်။

ရှန်ချင်းဟန်က အဖြူရောင်ခြေအိတ်ကို ဘယ်ဘက်ခြေထောက်တွင် ဝတ်ကာ အမည်းရောင်ခြေအိတ်ကို ညာဘက်တွင်ဝတ်ပြီး ၎င်းကို ပြလိုက်သည်။

''အဖြူနဲ့အမည်း ဘယ်တစ်ခုဝတ်စေချင်လဲ''

''ဘယ်ဟာဖြစ်ဖြစ်အဆင်ပြေတယ်။ နှစ်ခုလုံးကြိုက်တယ်''

''အဲ့လိုဆို ဒါရော ဘယ်လိုလဲ။ တစ်ဖက်ကို အမည်းရောင်ဝတ်ပြီး တစ်ဖက်ကို အဖြူရောင်ဝတ်လိုက်မယ်။ အဲ့လိုဆို နှစ်ခုလုံးဝတ်ပြီးသားဖြစ်ပြီ''

ရှန်ချင်းဟန်သည် ဆန်းသစ်တီထွင်တတ်လိုစိတ်ဖြင့် ပြောလိုက်သည်။ လင်းဇီချန်ကမူ ထူးဆန်းသည်ဟု ထင်မိ၏။ သို့သော်လည်း ၎င်းက စမ်းချင်လိုစိတ်က ထက်သန်နေသည်။ ထို့ကြောင့် သဘောတူလိုက်၏။

''ကောင်းပြီ။ တစ်ဖက်ကအမည်း တစ်ဖက်ကအဖြူ''

''ကောင်းပြီ။ အဲ့လိုပဲထားလိုက်ပြီ''

ထိုသို့ပြောကာ ရှန်ချင်းဟန်က ခြေအိတ်များကိုစွပ်၍ တစ်ဖက်ကအဖြူ၊ တစ်ဖက်ကအမည်းဖြစ်၏။ ထိုခြေအိတ်များကို ဝတ်ပြီးသည်နှင့် ကျွမ်းကျင်စွာဖြင့် လင်းဇီချန်ကို ခြေထောက်ဖြင့် နှိပ်နှယ်ပေးကာ ဇိမ်ခံစေသည်။ ခေတ္တမျှနှိပ်ပြီးနောက်တွင် တိတ်ဆိတ်လွန်းနေသဖြင့် သူမက ပြောလိုက်သည်။

''အင်း ဇီချန် နင့်ငါ့ကိုကြည့်ရဲရင် ခေါင်းမော့ပြီးကြည့်လိုက်။ အဖြူနဲ့အမည်းမမြဲခြင်းသဘောနဲ့ နင့်ဝိညာဉ်ကိုဖယ်ပြီး ခေါင်းငုံ့ရအောင် လုပ်ပစ်မယ်။ ကြည့်ထားလိုက်''

လင်းဇီချန်တစ်ယောက် မရယ်ဘဲမနေနိုင်တော့ပေ။

ထိုမိန်းကလေးသည် အပြင်တွင် အရှက်အကြောက်ကြီးသည့်ပုံပေါ်သော်လည်း အိမ်တွင်မူ အဆော့မက်ကာ ဖျက်လက်တက်ကြွနေ၏။ သူမတွင် အမှန်ပင် ဆန့်ကျင့်ဘက်ခံစားချက်မျိုး ရှိပေ၏။

အခန်း (၁၇၃) သွေးမျိုးစပ်တော့မည့်ရှန်ချင်းဟန် (၂)

လင်းဇီချန်က ရှန်ချင်းဟန်ကို ကျီစယ်လိုက်သည်။ ရှန်ချင်းဟန်က ၎င်းကို မျက်လုံးလေးပင့်ကြည့်လိုက်သည်။

''နင့်ကိုလည်းကြည့်ဦး။ ငါ့ကိုကျ အမြဲညစ်ပတ်တဲ့ကောင်မလေးလို့ ခေါ်ပြီး တကယ်ကျ နင်ကမှ ညစ်ပတ်တာ။ အဲ့အကြောင်းမစဉ်းစားဘဲနဲ့ကို ဗီဒီယိုမကြည့်နိုင်ဘူး''

''ဖြီးမနေနဲ့ ရှန်ချင်းဟန်။ မင်းက ညစ်ပတ်တော့ ငါလည်း သတိမထားမိဘဲ အဲ့လိုဖြစ်သွားတာ''

''အမ် စိတ်ပျက်ဖို့ကောင်းလိုက်တာ''

လင်းဇီချန်ကို သူမက အသာရိုက်လိုက်ပြီး စိတ်ပျက်နေသောမျက်နှာထားဖြင့် ပြောလိုက်သည်။

''အဲ့အကြောင်းပြောတာတော်တော့။ ဒါကို ကြည့်ကြည့်။ ဝိညာဉ်ဂျယ်လီငါးထွက်လာတော့မယ်''

လင်းဇီချန်က သူမကို စနောက်နေသည်ကို ရပ်လိုက်ကာ ဖုန်းကို အာရုံစိုက်လိုက်သည်။

...

စက္ကန့်ပိုင်းမျှကြာပြီးနောက်တွင် ကင်မရာက လှည့်သွားကာ မြင်ကွင်းရှေ့တွင် ထူးဆန်းသော အပြာရောင်ဂျယ်လီငါးပေါ်လာသည်။ ခပ်လှမ်းလှမ်းမှကြည့်လျှင် ရေထဲတွင် မျောနေသော အပြာရောင်မီးတောက်နှင့်တူကာ လှပသောပန်းချီကားတစ်ချပ်ကို ရေးချယ်ထားသကဲ့သို့ပင်။ ဂျယ်လီငါးက ကြီးမားကာ အနည်းဆုံးအရှည်သုံးမီတာရှိမည်။ အမှန်ပင် ဝိညာဉ်ပြာဂျယ်လီငါးဖြစ်ပေ၏။

ဝိညာဉ်ပြာဂျယ်လီငါးသည် ပင်လယ်နက်တွင် နေထိုင်ကျက်စားကာ ပင်လယ်ရေအောက် မီတာထောင်သောင်းချီတွင်နေသည်။ ထိုမျှအားကောင်းလှသောရေဖိအားဒဏ်အောင်တွင် နေထိုင်ခြင်းက ဝိညာဉ်ပြာဂျယ်လီငါးက မည်မျှကိုယ်ခံအားကောင်းသည်ကို ပြသနေသည်။

''ဝိညာဉ်ပြာဂျယ်လီငါးတွေ မလှဘူးလား''

ရှန်ချင်းဟန်က လင်းဇီချန်ကို လှည့်ကြည့်ကာ နဖူးပေါ်မှ ဆံမြိတ်စလေးမှာ လှုပ်ခတ်သွားသည်က အတန်ငယ်ချစ်ဖွယ်ကောင်းလှသည်။ လင်းဇီချန်က သူမနဖူးမှဆံစလေးကို အသာပွတ်ပေးလိုက်ပြီး သူမကိုကြည့်၍ ပြောလိုက်မိသည်။

''သူတို့က လှပါတယ်။ ဒါပေမဲ့ မင်းလောက်တော့ မလှဘူး''

ရှန်ချင်းဟန်ကျေနပ်သွားကာ ချိုသာစွာ ပြုံးလိုက်မိ၏။

''အပြောချိုတာပဲ''

လင်းဇီချန်က သူမ၏ခါးလေးကို ဖက်ထားလိုက်ပြီး ပြုံးကာ မေးလိုက်သည်။

''မြည်းကြည့်ချင်လား''

''အဲ့လိုဆို မြည်းကြည့်ရတာပေါ့''

ရှန်ချင်းဟန်က မျက်နှာကိုမော့၍ လင်းဇီချန်၏နှုတ်ခမ်းလေးကို အနမ်းပေးလိုက်ပြီး သူမ၏နှုတ်ခမ်းကိုလျှာဖြင့်သပ်လိုက်၍ တောက်ပသောမျက်ဝန်းလေးများက ရယ်သွမ်းသွေးနေသည်။

''ရှောင်ချန်းရဲ့နှုတ်ခမ်းတွေက တကယ်ချိုတာပဲ''

ထိုသို့ပြောကာ မျက်တောင်လေးခတ်၍ မေးလိုက်သည်။

''ဒီဗီဒီယိုကို ဘယ်သူရိုက်ထားတယ်ထင်လဲ ခန့်မှန်းကြည့်''

''မင်းဆရာလား''

''အမှန်ပဲ''

ရှန်ချင်းဟန်၏လက်ချောင်းလေးကို တိတ်တဆိတ်ဆွဲလိုက်ပြီး မယုံကြည်နိုင်စွာဖြင့်ပြောလိုက်သည်။

''ဆရာ ပင်လယ်ရေအောက်မီတောင်ထောင်ချီအထိ ဘာကိရိယာမှမပါဘဲဆင်းသွားတာ။ သူ့ရဲ့ကိုယ်ခံအား ဘယ်လောက်ကောင်းလဲကြည့်''

''အနည်းဆုံးတော့ သခင်အဆင့်လောက်ရှိလောက်တယ်''

ရှန်ချင်းဟန်၏မျက်နှာလေး လင်းလက်သွားသည်။

''သခင်အဆင့်က မြင့်တာပဲလေ။ နောင်ကျရင် ငါလည်း အဲ့အဆင့်ထိရောက်အောင် ဆင့်ကဲပြောင်းလဲနိုင်ရမယ်''

''မင်းသေချာပေါက်လုပ်နိုင်မှာပါ။ သွေးမျိုးစပ်နိုင်စွမ်း(၂၁)ရာခိုင်နှုန်းထိတောင် မြင့်တာ။ သခင်အဆင့်မပြောနဲ့။ မြင့်မြတ်သူအဆင့်ထက်တောင်မှ ကျော်ဦးမှာ''

ရှန်ချင်းဟန်က စဉ်းစားလိုက်သည်။

''အဲ့လောက်လည်း မရိုးရှင်းဘူးလေ။ သွေးမျိုးစပ်နိုင်စွမ်းက အံ့ဩစရာကောင်းတဲ့စွမ်းအားတွေ ရမယ်လို့ အာမခံတာမှမဟုတ်တာ။ ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်နဲ့ ခန္ဓာကိုယ်အခြေအနေတွေပေါ်မှာ မူတည်သေးတယ်လေ''

''မင်းခန္ဓာကိုယ်တည်ဆောက်ပုံက ဒီလောက်ထူးခြားတာ။ မင်းက အရမ်းကောင်းတဲ့ အတိုင်းအဆမဲ့ရေဓာတ်စွမ်းအားနဲ့ မွေးလာတယ်။ ရေစွမ်းအားသွေးမျိုးစပ်တာကို လိုက်တာနဲ့ သေချာပေါက် ကိစ္စအကြီးကြီးတစ်ခု လုပ်နိုင်မှာပဲ။ မင်းဆရာထက်တောင်မှ သာဦးမယ်''

လင်းဇီချန်က သူမ၏ပါးလေးကို ဖျစ်ကာ ပြုံးလိုက်သည်။

''ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်ကတော့ မင်းစိတ်ပူစရာမလိုဘူး။ နောင်ကျရင် ငါကမင်းရဲ့ ရှုးဂါးဒယ်ဒီလုပ်ပေးမယ်။ မင်းလိုချင်တဲ့အရင်းအမြစ်မှန်သမျှကို ပေးမယ်''

သူမက ရယ်လိုက်ပြီး

''စတောင်မစရသေးဘူး။ ငါ့ရဲ့ ရှုးဂါးဒယ်ဒီလုပ်ချင်နေသေးတယ်။ နင်တို့ယောင်္ကျားလေးတွေ ဘာစဉ်းစားနေလဲ မသိဘူးမမှတ်နဲ့။ ငါ့ကို အခွင့်ကောင်းယူဖို့ချောင်းနေတာပဲ''

''စေတနာသန့်သန့်နဲ့ပါ''

''မယုံဘူး။ နင့်ကို အဖေလို့ခေါ်တာကို ကြားချင်နေတာပဲ''

''ကောင်းပြီ။ ကောင်းပြီ။ ငါဝန်ခံတယ်။ မင်းပျော်ပြီလား''

''အင်း ငါသိသားပဲ''

ရှန်ချင်းဟန်က အောင်နိုင်သူအပြုံးမျိုး ပြုံးလိုက်သည်။ လင်းဇီချန်သည် အဲကွန်းမှအအေးကို နှစ်ဒီဂရီလျော့ကာ ရှန်ချင်းဟန်နှင့်မိမိအပေါ်သို့ ခြုံပေးလိုက်ပြီး သူမကို ပြောလိုက်သည်။

''အိပ်တော့။ တစ်နာရီထိုးတော့မယ်။ အခုမအိပ်ရင် နေ့ခင်းကျအတန်းထဲမှာ ငိုက်နေမယ်''

''အင်း ငါအိပ်တော့မယ်''

ထိုသို့ပြောကာ ရှန်ချင်းဟန်က လင်းဇီချန်နားတွင် လှဲလျောင်း၍ အနည်းငယ်မျှတိုးလာပြီး သူကိုဖက်၍ အိပ်လိုက်သည်။ ထို့နောက်တွင် လင်းဇီချန်ပြောသည်ကို အခွင့်ကောင်းယူကာ ၎င်းနားနားတွင် တိုးတိုးလေးကပ်ပြောလိုက်၏။

''ဒယ်ဒီ''

ရှန်ချင်းဟန်က သိမ်မွေ့သောလေသံဖြင့် ၎င်းကို ခေါ်လိုက်သောအခါတွင် လင်းဇီချန်တစ်ယောက် တွန့်သွား၏။ ထိုမိန်းကလေးက အမှန်ပင် ရန်လာစနေခြင်းဖြစ်သည်။ စွဲဆောင်မှုမြောက်သောပြစ်မှုပင် ဖြစ်၏။ လင်းဇီချန်က မခံနိုင်တော့ဘဲ ရှန်ချင်းဟန်ဘက်သို့လှည့်ကာ သတိပေးလိုက်သည်။

''ရှန့်ဝူဟန် မင်းင့ါကို ဒီလိုမျိုးဆွဲဆောင်နေမယ်ဆိုရင် အခုအိပ်ဖို့ကို မစဉ်းစားနဲ့တော့''

''ဘာမှဆွဲဆောင်နေတာမဟုတ်ဘူး။ အိပ်တော့မယ်''

လင်းဇီချန်လင်းဇီချန်က စနောက်ကျီစယ်ပြီးနောက်တွင် ရှန်ချင်းဟန်က မျက်လုံးမှိတ်ကာ ကျေကျေနပ်နပ်ဖြင့် အိပ်သွားသည်။ လင်းဇီချန်က အိပ်မပျော်သောကြောင့်ဘေးတွင်လှဲ၍ ဖုန်းမှသတင်းများကို ကြည့်နေသည်။

ခန္ဓာကိုယ်ကြံ့ခိုင်မှုက ရှန်ချင်းဟန်ထက် များစွာအားကောင်းသောကြောင့် အိပ်စက်ခြင်းအပေါ်တွင် မှီခိုစရာမလိုသကဲ့သို့ တစ်ရေးအိပ်ကာ အနားယူရန် မလိုပေ။ ဖုန်းမှသတင်းများကို လျှောက်ကြည့်နေသည်။

မကြာမီပင် ၎င်း၏အာရုံကို ဖမ်းစားနိုင်သောသတင်းကို တွေ့လိုက်ရသည်။

(လတ်တလောတွင် ထူးဆန်း၍ အမျိုးအမည်မသိသောအပင်များကို ရှန်ဟိုင်းမြို့နေရာတော်တော်များတွင် ရှာဖွေတွေ့ရှိလာကာ ပုံသဏ္ဍာန်နှင့်အတူ အမျိုးအစားခွဲခြား၍မရသေးပေ။ များပြားလှသောရုက္ခဗေဒပညာရှင်များက ၎င်းကို အပြေးအလွှားလေ့လာနေကြသည်။ ထိုအပင်များ အန္တရာယ်ရှိသည် မရှိသည်မှာ မသေချာသောကြောင့် မလိုအပ်သောမတော်မဆမှုမျိုး၊ ဒဏ်ရာရသည်မျိုးကို ကာကွယ်ရန် အများပြည်သူများကို စပ်စုစိတ်ဖြင့် ထိုအပင်များကို မထိကြည့်ရန် ကြေညာထား၏။ )

သတင်းနှင့်အတူ ဓာတ်ပုံများစွာ တက်လာသည်။ ကြည့်လိုက်လျှင် အားလုံးသည် နွယ်ပင်များ ဖြစ်ကြသည်။ သို့သော်လည်း တစ်ခုမှ အမျိုးအစားမသိရသေးပေ။ ပုံထဲမှနွယ်ပင်များသည် ထူးဆန်းသောပုံပန်းအသွင်အပြင်ရှိကာ အမြစ်များက အတန်ငယ်ဖွံ့ဖြိုးပြီး ထူးဆန်းသောမှော်ကမ္ဘာမှအပင်များကဲ့သို့ပင် ဖြစ်၏။ လင်းဇီချန်က ခေတ္တျမျှအနီးကပ်ကြည့်လိုက်ပြီး ပုံထဲမှအပင်များကို ရင်းနှီးနေသည်ဟု ခံစားမိသည်။

ထိုအကြောင်းကိုစဉ်းစားရင်းဖြင့် ရှန်ချင်းဟန်ပြသောပုံထဲမှအပင်များနှင့် အတန်ငယ်တူသည်ကို မှတ်မိသွားသည်။ ယွမ်သုန်ကျီက ရှန်ချင်းဟန်ကို ဝီချက်မှတစ်ဆင့်ပို့လိုက်သောပုံများ ဖြစ်သည်။ တိတိကျကျ ပြောရမည်ဆိုလျှင် ပုံမဟုတ်ဘဲ လက်ဖြင့်ဆွဲထားသည့်ပုံသာ ဖြစ်၏။

ရှန်ချင်းဟန်၏စီနီယာအစ်မတစ်ယောက် ဆွဲထားခြင်းဖြစ်ကာ ပိုင်ရွှယ်ဟုသော ဆံပင်အဖြူရောင်ဖြင့် မိန်းကလေးဖြစ်ဟန်ရှိသည်။ သို့သော်လည်း ထိုဆံဖြူမိန်းကလေးက အဓိကမဟုတ်ပေ။ နောက်ခံသည် ထူးဆန်းသည့်မျိုးစိတ်များဖြစ်ဟန်ရှိသော ထူးဆန်းသည့်အပင်များအပြည့်ဖြင့် ဖြစ်နေခြင်းပင် ဖြစ်၏။

အခန်း (၁၇၄) လင်းဇီချန်! အန္တရာယ်!

''အဲကွန်းနဲ့တောင်မှ ငါ့ခြေထောက်က ချွေးပြန်တုန်းပဲ''

''ချွေးတော်တော်ပြန်နေတယ်။ ခြေအိတ်တောင်ကပ်နေပြီ။ အခုတော့ အိပ်ရာဝင်ဖို့ ခြေထောက်သွားဆေးရတော့မယ်''

''အော်ကြီးဟစ်ကျယ်နဲ့''

လင်းဇီချန်ကို သူမ၏ခြေထောက်ဖြင့် ဆယ်မိနစ်ခန့် နှိပ်ပေးပြီးနောက်တွင် ခြေထောက်များက ချွေးများဖြင့်စိုကပ်နေသည်ကို တွေ့ရသောကြောင့် အတန်ငယ်စိတ်ပျက်သွား၏။ ချွေးဖြင့်စိုကပ်နေသည်က သက်တောင့်သက်သာမဖြစ်စေသည်က မများလှသော်လည်း သူမ၏ခန္ဓာကိုယ်တည်ဆောက်ပုံကြောင့် အတန်ငယ်ကောင်းပေသည်။ ပြဿနာမှာ စိုနေသောခြေအိတ်များကညစ်ပတ်သွားပြီဖြစ်ကာ အော့အန်ချင်စရာပင် ကောင်းလှသည်။

...

ခေတ္တမျှစောဒကတက်ပြီးနောက်တွင် ရှန်ချင်းဟန်က ညစ်ပတ်နေသောခြေအိတ်များကိုချွတ်ကာ လင်းဇီချန်ရှိရာသို့ ပစ်လိုက်ပြီး ပြောလိုက်သည်။

''ဒီခြေအိတ်တွေက နင့်ကိုနှိပ်ပေးရလို့ ညစ်ပတ်သွားတာ။ အဲ့တာကြောင့် ဒါတွေကို လျှော်ဖို့ နင့်မှာတာဝန်ရှိတယ်''

လင်းဇီချန်က ခြေအိတ်များကိုယူလိုက်ပြီး ပြန်ပက်လိုက်သည်။

''စောနက မင်းပြောလိုက်တာက င့ါကို ခြေအိတ်လျှော်ခိုင်းဖို့ ဦးတည်နေတာမလား''

''မလျှော်ဘူးလား''

ရှန်ချင်းဟန်က နှုတ်ခမ်းလေးဆူကာ ပြောလိုက်သည်။

''နင့်ကြောင့်နဲ့ ညစ်ပတ်သွားတာလေ။ အဲ့တာကြောင့် နင်လျှော်ရမှာပေါ့။ မဟုတ်ရင် နောက်ဘယ်တော့မှ ခြေအိတ်ဝတ်ပြီး မနှိပ်ပေးတော့ဘူး''

''ငါမလျှော်ဘူးလို့ လုံးဝမပြောဘူးနော်''

လင်းဇီချန်က ဟက်ကနဲရယ်ကာ ရှန်ချင်းဟန်၏ပါးလေးကို ပုတ်လိုက်ပြီး ခြေအိတ်များလျှော်ရန် ရေချိုးခန်းရှိရာသို့ ဦးတည်သွားသည်။ အချိန်သိပ်မကြာလိုက်ပေ။ ငါးမိနစ်အတွင်းပင် လျှော်ပြီးသွား၏။ လသာဆောင်တွင်ခြေအိတ်များကို အခြောက်ခံလိုက်ပြီး လက်ဆေးကာ အခန်းထဲသို့ ပြန်ဝင်လာသည်။

အခန်းထဲသို့ ဝင်လာလျှင် ဝင်လာချင်းပင် ရှန်ချင်းဟန်တစ်ယောက် အိပ်ရာပေါ်တွင် ခြေဆင်းထိုင်ကာ လက်နှစ်ဖက်ဖြင့် ခြေထောက်များကို ထူးဆန်းသောအမူအရာဖြင့် စမ်းနေသည်။

''ဘာလုပ်နေတာလဲ''

''ငါက ခြေထောက်သုံးပြီး နှိပ်ပေးရတာဆိုတော့ ခြေထာက်မှာ အသားမာတက်လာပြီလို့ ခံစားရလို့''

ရှန်ချင်းဟန်က စိုးရိမ်နေသောမျက်နှာလေးဖြင့် ဆိုလိုက်သည်။

လင်းဇီချန်က ရယ်လိုက်သည်။

''ပြဿနာရှာနေတာတော်တော့။ အသားမာက ချက်ချင်းတက်ဖို့ မလွယ်ဘူး။ မင်းခေါင်းထဲမှာ ဖြစ်ချင်ဖြစ်မှာ''

ရှန်ချင်းဟန်ကမူ သဘောမတူပေ။ မျက်မှောင်အသာကြုတ်ကာ ပြောလိုက်သည်။

''စိတ်ကြောင့်ဖြစ်နေတာမဟုတ်ဘူး။ ခြေထောက်သုံးပြီးနှိပ်ရတော့ ပွတ်တိုက်တာတွေရှိတယ်လေ။ အဲ့လိုဆို အသားမာတက်မှာပေါ့''

ထိုသို့ပြောကာ နူးညံ့သောခြေထောက်လေးကို လင်းဇီချန်ကို ထိုးပြလိုက်ပြီး သက်သေပြနေသည်။

''အနီးကပ်ကြည့်ကြည့်။ ငါ့ခြေထောက်တွေက ဒီလောက်နူးညံ့တာ။ အသားမာဖြစ်နေတာကို အလွယ်ပြောလို့ရတယ်''

''နင်င့ါကို မယုံဘူးဆိုရင် ထိကြည့်လိုက်။ ဘာပြောင်းသွားတာ ရှိသလဲလို့။ အရင်ကလောက် နူးညံ့မနေတော့ဘူးလို့ အာမခံတယ်''

''ငါစမ်းကြည့်မယ်''

လင်းဇီချန်က ထိုင်လိုက်ပြီး ရှန်ချင်းဟန်၏ခြေဖဝါးကို စမ်းကြည့်သည်။ ခေတ္တမျှစမ်းကြည့်သော်လည်း မည်သည့်ပြောင်းလဲမှုမှမတွေ့ပေ။

ယခင်ကကဲ့သို့ပင်နူးညံ့နေဆဲဖြစ်၏။

''တော်ပြီတော်ပြီ။ င့ါကို ကလိထိုးနေတာပဲ။ ထပ်မထိနဲ့တော့''

ဆက်၍မခံနိုင်တော့သောကြောင့် ရှန်ချင်းဟန်က ခြေထောက်ကို ပြန်သိမ်းလိုက်ပြီး တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။

''နင်စမ်းကြည့်မိလား။ အရင်ကလောက် မနူးညံ့တော့ဘူးမလား''

''အရင်ကလိုပါပဲ။ ငါပြောသားပဲ။ အသားမာက မင်းခေါင်းထဲမှာတက်နေတာလို့။ မင်းကငါ့ကိုမယုံဘူး''

''တကယ်လား''

''တကယ်ပေါ့။ ငါ့ခွေးရဲ့အသက်နဲ့ ကျိန်တယ်''

''ကောင်းပြီလေ''

ရှန်ချင်းဟန်စိတ်အေးသွားမိသည်။

သူမ၏ချယ်ရီနှုတ်ခမ်းလေးကိုနမ်းရှိုက်ခြင်းအပြင် လင်းဇီချန် အကြိုက်ဆုံးအရာမှာ သူမ၏ခြေထောက်လေးများကို ထိရခြင်းပင်။ သူမသည် ကြမ်းတမ်းကာအသားမာတက်လာသည်ဟု ပြောလျှင်ပင် နူးညံ့၍ထိ၍ကောင်းနေဆဲဖြစ်၏။

''နှစ်နာရီထိုးတော့မယ်။ ထတော့။ အတန်းသွားဖို့ပြင်တော့။ မဟုတ်ရင်နောက်ကျနေမယ်''

လင်းဇီချန်က သူမ၏တင်ပါးမို့မို့လေးကိုပုတ်ကာ တိုက်တွန်းလိုက်၏။ ရှန်ချင်းဟန်က အချိန်မဆွဲပေ။ အိိပ်ရာမှ ချက်ချင်းထပြီး ဖိနပ်စီး၍ ရေချိုးခန်းစီသို့ သွားသည်။

အိမ်သာသုံးကာ မျက်နှာသစ်သန့်စင်ပြီးနောက်တွင် အတန်းသွားရန် ပြင်ဆင်သည်။

…

မကြာမီပင် ရှန်ချင်းဟန်တစ်ယောက် အတန်းတက်ရန် ထွက်သွားသည်။ လင်းဇီချန်ကမူ အပြင်မသွားပေ။ ခန္ဓာကိုယ်သန့်စင်ရန်အတွက် အဆောင်တွင်သာနေကာ ညနေခင်းတွင်ဌာနသို့ မသွားရပေ။ သုတေသနအဖွဲ့သို့သွားရခြင်းက အချိန်ပြည့်အတန်းတက်ရခြင်းမျိုး မဟုတ်ပေ။ ၎င်း၏ကိုယ်ပိုင်အချိန်ဇယားရှိကာ ၎င်းသွားမည်မသွားမည်ကို စိတ်ကြိုက်စီမံနိုင်သည်။

ဧည့်ခန်းထဲတွင်နေရာရှာကာ ထိုင်သည်။ လင်းဇီချန်က အတွေးတစ်ခုပေါက်သွားပြီး ဇာတ်ကောင်ဘောင်ကွက်ကိုနှိပ်၍ ၎င်း၏စွမ်းအားအမျိုးမျိုးကို စစ်ဆေးကြည့်သည်။

အမည် - လင်းဇီချန်

အသက် - (၁၈)နှစ်

သွေးမျိုးဆက်စွမ်းအားအဆင့် - အခြေခံအဆင့်(နဝမအဆင့်)

သွေးမျိုးဆက်စွမ်းအားများ - သုံးမလား အရှုံးခံမလား၊ ဉာဏ်မြင့်သစ်မြစ်ꩻ အသန်မာဆုံးအောင်မြင်မှု၊ ရေစည်းချက်ကောင်းချီး၊ သဘာဝအလျောက်ရွေးချယ်ခြင်း၊ ကောင်းကင်မျက်လုံး၊ လူမှုရေးတိရစ္ဆာန်၊ သဘာဝကိုယ်ယောင်ဖျောက်ခြင်း၊ အန္တရာယ်ခန့်မှန်းခြင်း၊ လျင်မြန်ကုသနိုင်စွမ်း။

ခန္ဓာကိုယ်သန့်စင်ခြင်း - အရေပြားသန့်စင်ခြင်း (တစ်ကြိမ်)၊ အသားသန့်စင်ခြင်း (တစ်ကြိမ်)၊ အရိုးသန့်စင်ခြင်း (တစ်ကြိမ်)

အခြေခံအဆင့် အဆင့်ကိုး၊ သွေးမျိုးဆက်စွမ်းအားဆယ်မျိုး၊ ခန္ဓာကိုယ်သန့်စင်ခြင်းပြီးမြောက်မှုတစ်ခု။

ထိုမျှချဲ့ကားသောအားဖြင့် ကြည့်နေစရာပင်မလိုတော့ပေ။ ၎င်းသည် သေချာပေါက်ပင် ပြိုင်ဘက်ကင်းဖြစ်လာပေသည်။ သို့သော်လည်း အလှမ်းဝေးနေဆဲပင်ရှိသေးကာ ထို့ထက်ပို၍ အားကောင်းလာရန် လိုသေး၏။

ထိုအတွေးဖြင့် လင်းဇီချန်က ဖုန်းကိုထုတ်ယူ၍ အမှတ်ဆိုင်ကိုဖွင့်ကြည့်ကာ ချီဓာတ်ကို အမြန်အားကောင်းစေသည့်ပစ္စည်းမျိုးကို ရှာကြည့်သည်။ ဒုတိယအကြိမ်ခန္ဓာကိုယ်သန့်စင်ခြင်းစပြီဖြစ်သောကြောင့် ချီဓာတ်မလောက်တော့သည်ကို သတိထားမိသည်။ ပြန်လည်သန့်စင်နေစဉ်အတွင်းတွင် လုပ်ငန်းစဉ်သည် မြန်ဆန်လွန်းသောကြောင် ချီဓာတ်လည်း အမြန်ပင်ကုန်သွားကာ ဆက်၍လည်းမဖြည့်နိုင်ပေ။ ထို့ကြောင့် သန့်စင်ခြင်းအကျိုးကို သက်ရောက်မှုရှိနေ၏။

ထိုအခြေအနေအတွက် ချီဓာတ်ပြန်လည်ရရန် ပြင်ပအကူအညီလိုအပ်ပေသည်။ စိတ်ထဲတွင် လင်းဇီချန်သည် ဆယ်မိနစ်ခန့်မျှ လျှောက်ရှာကြည့်နေသည်။ နောက်ဆုံးတွင်မူ ပြန်လည်သက်ဝင်ဆေးလုံးဆိုသောပစ္စည်းကို စိတ်ဝင်စားသွားသည်။ ပြန်လည်သက်ဝင်ဆေးလုံးသည် နာမည်အတိုင်းပင် ချီဓာတ်ပြန်လည်ဖြည့်ရန်သုံးရသောပစ္စည်း ဖြစ်သည်။

ပစ္စည်းဖော်ပြချက်ကို ဖတ်၍ နှစ်ရာချီသက်တမ်းရှိဆေးဝါးများနှင့် လုပ်ထားခြင်းဖြစ်ကြောင်း၊ ဝိညာဉ်စွမ်းအားအပင်များပင် ပါကာ အမြန်ပင်ချီဓာတ်ကို ထုတ်နိုင်ကြောင်းဖော်ပြထားသည်။ ထို့ထက်ပိုသည်မှာ ဆေးတစ်လုံးသောက်ခြင်း၏ အာနိသင်ကို ရေးထားသည်။

ပါဝင်သောသွေးမျိုးဆက်စွမ်းအားတစ်ခုချင်းစီ၏သက်ရောက်မှုကိုလည်း စာရင်းလုပ်ပြထားသည်။

အခြေခံနဝမအဆင့်အတွက်မူ ပြန်လည်သက်ဝင်ဆေးလုံးတစ်လုံးသောက်လိုက်လျှင် မိနစ်ဝက်အတွင်းပင် ချီဓာတ်ပြန်လည်ဖြည့်တင်းနိုင်မည် ဖြစ်၏။

All Chapters