အပိုင်း ၁၈၁-၁၈၃
Vol. 13 Ch. 181-183
အခန်း (၁၈၁) သံတိုင်များနောက်တွင်အဆုံးသတ်သွားသောပါရမီရှင်များ
စုန်ယွီယန်တစ်ယောက် ပြောစရာစကားပျောက်ဆုံးသွားကာ ကျီစယ်လိုက်သည်။
''မင်းအကြောင်းကို ပြောနေတာနော် မောင်လေးဇီချန်။ မင်းက အသက် (၁၈) နှစ်ပြည့်ပြီးတဲ့ကောင်လေးဖြစ်နေပြီ။ ငါ့လိုမျိုး အလှလေးဆီကနေ လျှို့ဝှက်ချက်မေးဖို့ အခွင့်အရေးရတာကိုး။ ဒီထက်ပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းမျိုး ငါ့ရဲ့စံချိန်စံညွှန်းတို့ အဲ့လိုတွေ မေးလို့မရဘူးလား။''
ထိုစကားကို ကြားမိသောအခါတွင် လင်းဇီချန်တစ်ယောက် ပို၍ပင် ပြောစရာစကားကုန်ဆုံးသွားသည်။
လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုပေလော။
ယောင်္ကျားနှင့်မိန်းမသည် အတူတူပင်ဖြစ်သည်။ ရုပ်ရည်ကြည့်ကောင်းသောတစ်စုံတစ်ဦးကို တွေ့ကြသောအခါတွင် ကလူမြူချင်ကြသည်။ ရုပ်ဆိုးသောသူများကမူ မိန်းကလေးများ မည်မျှထိတတ်နိုင်ကြသည်ကို သိနိုင်မည်မဟုတ်ပေ။
လင်းဇီချန်က ထိုစည်းမျဉ်းကို နားလည်ပေသည်။
''ဟားဟား အစ်မရန်က ကျွန်တော့်ကို စနေတာပါ။ နှလုံးသားဖြူစင်တဲ့ကောင်လေးကို အတည်မယူပါနဲ့။''
သူမက ဟားဟားဟုရယ်လိုက်ပြီး ပြောလိုက်သည်။
ထို့နောက်တွင် ရယ်သံကို ထိန်းကာ ပြောလိုက်သည်။
''ငါမင်းကိုပြောရင် မင်းယုံမှာမဟုတ်ဘူး။ တကယ်တော့ ငါက စွန့်ပစ်ခံခဲ့ရတဲ့ကလေးတစ်ယောက်ပဲ။ ငါ့မိဘအရင်းတွေက ဘယ်သူလဲဆိုတာကို မသိဘူး။''
''ဒါပေမဲ့လို့ မသနားပါနဲ့။ အရမ်းပျော်စရာကောင်းတဲ့ကလေးဘဝရှိခဲ့တယ်။''
''ငါ့မွေးစားမိဘတွေက ငါ့ကိုချစ်ယုံတင်မကဘူး။ သူတို့က အရမ်းလည်းချမ်းသာတယ်။ မြို့တော်မှာကို ကိုယ်ပိုင်သိုင်းကျောင်းတွေအများကြီးပိုင်တယ်။''
''သူတို့ကို ကျေးဇူးတင်ရမယ်။ ကြီးလာကတည်းက အစားအသောက်၊ အဝတ်အစားနဲ့ပက်သက်ပြီး ဘယ်တော့မှစိတ်မပူခဲ့ရဘူး။ နေ့တိုင်း သိုင်းပညာကျောင်းတွေမှာ လေ့ကျင့်ခဲ့တယ်။ လေ့ကျင့်ရင်းနဲ့ မြို့တော်ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ဒုတိယအမှတ်အမြင့်ဆုံးဖြစ်ခဲ့တယ်။''
''ကံမကောင်းစွာနဲ့ င့ါမွေးစားမိဘတွေက သူတို့လူငယ်ဘဝတုန်းက တိုက်ခိုက်ခဲ့ရတာတွေကြောင့် နာတာရှည်ရောဂါအများကြီးဖြစ်ခဲ့တယ်။ နှစ်ယောက်လုံး နေမကောင်းဖြစ်ပြီး ငါအထက်တန်းကျောင်းစီနီယာတန်းမှာတင် သူတို့တွေ ကွယ်လွန်သွားကြတယ်။ ငါဒုတိယအမှတ်များဆုံးဖြစ်တာကိုတောင် မမြင်ခဲ့ကြရဘူးလေ။''
''ဒီလိုပြောမှ ငါသွေးသန့်လူသားလမ်းစဉ်ကို လိုက်တဲ့ အဓိအကြောင်းရင်းက မွေးစားမိဘတွေရဲ့ လွှမ်းမိုးမှုကြောင့်ပဲ။''
''သူတို့နှစ်ယောက်လုံးက ကောင်းကင်လူသားအဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တွေလေ။ ဌာနမှူးရဲ့အချိန်အကြာကြီး သူငယ်ချင်းဖြစ်ခဲ့ကြတာ။ သွေးသန့်လူသားလမ်းစဉ်က လူသားမျိုးနွယ်ရဲ့ အနာဂတ်လို့ အမြဲယုံကြည်ထားကြတာ။ အဲ့တာကြောင့် သွေးသန့်လူသားလမ်းစဉ်ကို လိုက်တာကသာ သူတို့ဆန္ဒကို ဖြည့်ဆည်းပေးရာကျမယ်လို့ ငါယုံခဲ့တယ်။''
ထိုသို့ပြောပြီး သူမဘာသာ ရယ်လိုက်မိသည်။
''ငါက အသုံးမကျလွန်းတာတော့ သနားစရာပဲပေါ့။ သွေးသန့်လူသားလမ်းစဉ်ကို လိုက်တာ ဆယ်နှစ်လောက်ရှိပြီဆိုပေမဲ့ အောင်မြင်မှုမရခဲ့ဘူး။ ဘာမှမထူးခြားခဲ့လို့ အခြားသူတွေဆီက လှောင်ရယ်တာပဲခံခဲ့ရတယ်။''
လင်းဇီချန်က ဘာမှမပြောဘဲ စိတ်ဝင်တစားသာ နားထောင်ကာ ခေါင်းညိတ်ပြပြီး တုံ့ပြန်လိုက်သည်။
သူသည် စုန်ယွီယန်၏ဘဝအကြောင်းကို စိတ်ဝင်စားနေခြင်းမဟုတ်ပေ။
သာမန်ကာလျှံကာ မေးလိုက်ခြင်းမျှသာ ဖြစ်သည်။
သို့သော်လည်း သူမက စိတ်အားထက်သန်စွာ ပြောပြနေသောကြောင့် ယဉ်ကျေးစွာဖြင့် နားထောင်ပေးရန် လိုသည်။
''ဒါနဲ့ ဇီချန် မင်းက ပါရမီရှင်ဆိုတော့ မင်းမိဘတွေက ဘာလုပ်လဲ။''
သူမ၏ဇာတ်ကြောင်းကို ပြောပြီးနောက်တွင် စုန်ယွီယန်က စပ်စုစွာဖြင့် မေးလိုက်သည်။
လင်းဇီချန်က ပြုံးကာ သူမပြောသောစကားကိုပင် သုံး၍ ပြန်ပြောလိုက်သည်။
''အစ်မယုံရင်ယုံမှာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော့်မိဘနှစ်ပါးလုံးက သာမန်လူတွေ။ သူတို့က အွန်လိုင်းဝတ္ထုရေးကြတယ်။''
''မင်းမိဘတွေက သာမန်လူတွေလား။''
စုန်ယွီယန်တစ်ယောက်ကမူ မယုံနိုင်ဖြစ်နေသည်။
သာမန်လူနှစ်ယောက်က ထိုသို့ပါရမီရှင်သာလေးကို မည်သို့မွေးထုတ်ပေးထားသနည်း။
…
နောက်တစ်နေ့မနက်ခင်းတွင် ယွမ်သုန်ကျီသည် ကျောင်းသားသစ်များအားလုံးကို အစည်းအဝေးခေါ်လိုက်သည်။ ယခင်ဘဝမှ မီးအချက်ပြသံများကဲ့သို့ပင် သူမသည် အစည်းအဝေး၌ မိစ္ဆာဒိဌိဂိုဏ်းများအကြောင်းကို ပြောပြနေသည်။ ကျောင်းသားသစ်များကို ရည်ရွယ်ပြီး ပြောခြင်းဖြစ်ကာ မိစ္ဆာဒိဌိဂိုဏ်းများအကြောင်းကို သိပြီး အန္တရာယ်ကို နားလည်ရန် ဖြစ်သည်။
မိစ္ဆာဒိဌိများကို မည်သို့ခွဲခြားရန်အတွက် သင်ကြားပေးရန်နှင့် လိမ်လည်ခံရခြင်းမှ ရှောင်ရှားရန်အတွက် ဖြစ်သည်။ သူမက ပြောလိုက်သည်။
''မိစ္ဆာဒိဌိတွေဆီက အတင်းအကျပ်ဖိအားပေးခံရပြီဆိုရင် မင်းတို့အချိန်မရွေးအကူအညီတောင်းနိုင်တယ်။ သူတို့နဲ့ ဝင်မတိုက်မိစေနဲ့။''
''မဟုတ်ရင်တော့ မင်းတို့ လက်တွေ ချုပ်ခံရတာနဲ့ အကျပ်ကိုင်ခံရတဲ့ကျောင်းသားကို ကျောင်းသားအဖြစ် ဆက်ဆံတော့မှာမဟုတ်ဘူး။''
သို့သော် မိစ္ဆာဒိဌိတစ်ယောက်ထက် လူသားမျိုးနွယ်၏သစ္စာဖောက်တစ်ယောက်သာ ဖြစ်ပေမည်။
မည်သို့ရင်ဆိုင်သည်ပေါ်တွင် မူတည်၍ ဆုံးဖြတ်မည်ဖြစ်ကာ နောက်ပြန်လှည့်ရန် အကြောင်းမရှိတော့ပေ။
တစ်နာရီခန့်ကြာပြီးနောက်တွင် အစည်းအဝေးပြီးသွားသည်။
ယွမ်သုန်ကျီက လင်းဇီချန်ကို ရှာကာ လုကန်းနှင့်ဝမ်ရှုကျဲတို့ စုံစမ်းစစ်ဆေးသည့်ရလဒ်များကို ပြောပြသည်။
စုံစမ်းတွေ့ရှိထားသည်မှာ -
နှစ်ဦးလုံးကို ဂမ္ဘီရသစ်ပင်ဂိုဏ်း၏အဖွဲ့ဝင်များအဖြစ် သတ်မှတ်ကြောင်း၊
လေ့ကျင့်ရေးကောလိပ်ဝင်ခွင့်တွင် လုံခြုံရေးအရာရှိတစ်ယောက်သည် မိစ္ဆာ့စေ့စားရန် ဖိအားပေးခံရသည်။ ထို့နောက်တွင် ခြိမ်းခြောက်မှုအောက်၌ မိစ္ဆာသစ်ပင်ဂိုဏ်းသို့ ဝင်ခဲ့ရသည်။
ပြစ်ဒဏ်မှာ -
နှစ်ဦးလုံးကို ရှန်ဟိုင်းတက္ကသိုလ်မှ ထုတ်ပယ်ပြီး သက်ဆိုင်ရာပြစ်မှုများကို ခံရမည်။ ဘဝများလည်း ပျက်သွားပြီဖြစ်သည်။
ထို့အပြင် ယွမ်သုန်ကျီက နန်ကျန်းပြည်နယ်၏ပညာရေးဌာနက ထိုနှစ်လေ့ကျင့်ရေးစာမေးပွဲနှင့် သက်ဆိုင်ရာလုပ်ငန်းစဉ်များကို စုံစမ်းစစ်ဆေးနေကြောင်း၊ မကြာခင်ရလဒ်ထွက်လာမည်ဖြစ်ကြောင်း ပြောသွားသည်။
ထိုစကားများကို နားထောင်ပြီးနောက်တွင် လင်းဇီချန်တစ်ယောက် စိတ်ထိခိုက်မိသည်။
အထက်တန်းတွင် လုကန်းနှင့်ဝမ်ရှုကျဲတို့သည်လည်း နန်ကွမ်းမြို့၏ ပါရမီရှင်များဖြစ်ခဲ့ကာ ရှန်ဟိုင်းအထက်တန်းကျောင်းရှိ လက်ရွေးစင်အတန်းမှအားလုံးကို အထင်သေးခဲ့ပြီး ကို့ယိုးကားယားနိုင်လှကာ အနိုင်မခံအရှုံးမပေးဖြစ်ခဲ့သည်။
သို့တိုင် တိုတောင်းလှသောသုံးနှစ်တာကာလအတွင်းတွင်မူ နှစ်ဦးလုံးသည် သံတိုင်များနောက်သို့ ရောက်သွားကြပြီဖြစ်၏။
အခန်း (၁၈၂) ရှန်ချင်းဟန်၏သွေးမျိုးစပ်ခြင်းကျရှုံးခန်း
အချိန်ကကုန်ဆုံးနေကာ တစ်ပတ်ပင် ကုန်လွန်သွားပြီဖြစ်သည်။
ညနေခင်း၌ သက်ဝင်ဆေးလုံးအကူအညီဖြင့် လင်းဇီချန်သည် ဆန္ဒရှိသည့်အတိုင်း ဒုတိယအကြိမ်အရေပြားသန့်စင်မှုကို ပြီးသွားသည်။ ခန္ဓာကိုယ်က ဓားလှံများဖြင့် မထိုးဖောက်နိုင်တော့ဘဲ အေကေသေနတ်ကိုပင် ခံနိုင်ရည်ရှိကာ သိုင်းဝတ္ထုများထဲတွင် ဖော်ပြထားသော ရွှေခေါင်းလောင်းသံချပ်ကာကိုပင် ယှဉ်နိုင်ပြီဖြစ်သည်။
ထိုအချိန်တွင် လင်းဇီချန်သည် မိမိဘာသာ ကျေနပ်မနေဘဲ သန့်စင်ခြင်းကို ဆက်လက်အားထုတ်နေသည်။
နောက်တစ်နေ့တွင် ချက်ချင်းပင် ဒုတိယအဆင့်အသားသန့်စင်ခြင်းကို လုပ်ဆောင်သည်။ သုတေသနတက္ကသိုလ်သို့ မသွားဘဲ တစ်နေကုန်သာ ခန္ဓာကိုယ်သန့်စင်ခြင်းကို အခန်းထဲတွင် ကြိုးပမ်းဆောင်ရွက်နေသည်။ တစ်နေကုန် ခန္ဓာကိုယ်သန့်စင်နေလေ၏။
သက်ဝင်ဆေးလုံးလေးလုံး စားသုံးခဲ့သည်။
ဖြစ်စဉ်၏ (၅) ရာခိုင်နှုန်း ပြီးမြောက်သွားလေသည်။
တစ်နေ့တည်းဖြင့် (၅) ရာခိုင်နှုန်း ဖြစ်သည်။
သန့်စင်ခြင်းနှုန်းကို ထိန်းသိမ်းထားနိုင်သည်နှင့် ဒုတိယအစင့်အသားသန့်စင်ခြင်းပြီးရန် (၁၉) ရက်သာ အချိန်ကြာမည်ဖြစ်သည်။ ထို့နောက်တွင် ဒုတိယအဆင့်အရိုးသန့်စင်ခြင်းကို ဆက်လက်လုပ်ဆောင်မည်ဖြစ်သည်။
ထိုသို့ မြန်နှုန်းမြင့်ဖြင့် သန့်စင်လျှင် သေချာပေါက်ပင် စာသင်နှစ်ဝက်မကုန်ခင်တွင် ဒုတိယအဆင့်ခန္ဓာကိုယ်သန့်စင်ခြင်းအောင်မြင်မှု ပြီးမြောက်မည်ဖြစ်သည်။
ထိုအကြောင်းကို စဉ်းစားမိကာ လင်းဇီချန်တစ်ယောက် စိတ်ထဲတွင် ကြိတ်၍ဝမ်းသာနေပေသည်။
…
နောက်ထပ်ရက်သတ္တပတ် ကုန်ဆုံးသွားပြန်သည်။
မနက်ခင်း၌ လင်းဇီချန်၏ အသားသန့်စင်ခြင်းသည် စီစဉ်ထားသည့်အတိုင်း (၄၀)ရာခိုင်နှုန်းအထိ ရောက်သွားသည်။ နောက်ထပ် (၁၂) ရက်နေသောအခါတွင် ဒုတိယအဆင့်အသားသန့်စင်ခြင်းပြီးမြောက်မည်ဖြစ်ကာ ဒုတိယအဆင့်အရိုးသန့်စင်ခြင်ကို စတင်နိုင်မည်ဖြစ်သည်။
တစ်ညနေခင်းတည်းတွင်ပင်-
ထိုညနေခင်းတွင် နှစ်ဖက်မိဘများသည် ကားဖြင့် ကျောင်းသို့ ရောက်လာကြကာ အိမ်မှ သယ်နိုင်သမျှကို သယ်လာပြီး ရှန်ဟိုင်းတက္ကသိုလ်တွင် အခြေချရန် စီစဉ်နေကြခြင်းဖြစ်သည်။ ရှန်ချင်းဟန်က တစ်ညနေခင်းလုံးပင် လင်းဇီချန်နှင့်အတူ မိဘများ အိမ်ပြောင်းသည်ကို ဝိုင်းကူပေးသည်။
ကျောင်းကစီစဉ်ပေးသောအိမ်သည် အပြင်ကျောင်းဝန်းတွင် ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် အတွင်းကျောင်းဝန်းမှမဟုတ်သောကျောင်းသားများကို အထဲသို့ဝင်ရန် တားမြစ်ထားသောကြောင့် ဖြစ်သည်။
အတွင်းကျောင်းဝန်းမှ ကျောင်းသားမိဘများကိုလည်း အတွင်းကျောင်းဝန်းသို့ ဝင်ရန် တားမြစ်ထားသည်။ တင်းကြပ်သောစည်းကမ်းတစ်ခုပင် ဖြစ်၏။ လူသစ်ဘုရင်၏မိဘများသည်လည်း ခြွင်းချက်မဟုတ်ပေ။
မကြာခင်တွင်ပင် လင်းဇီချန်နှင့်ရှန်ချင်းဟန်တို့သည် မိဘများဖြင့်ဆုံကာ နေရမည့်အိမ်များဆီသို့ လမ်းပြပေးသည်။
လင်းဇီချန်က ကျောင်းအာဏာပိုင်များကို အကူအညီတောင်းခဲ့သည်ကို ကျေးဇူးတင်ရမည်ဖြစ်သည်။ မိဘများသည် ဘေးနားကပ်လျက်အိမ်များရကြကာ အိမ်နီးချင်းများ ဖြစ်နေကြဆဲဖြစ်သည်။ ခြားနားချက်မှာ သားသမီးများက ကျောင်းသားအဆောင်တွင် နေကြခြင်းဖြစ်ပြီး မိသားစုစုံစုံလင်လင်မဖြစ်ခြင်းတစ်ခုသာ ရှိသည်။
…
အိမ်သစ်တွင် နေရာချရင်းဖြင့် တစ်ညနေခင်းလုံး အချိန်ကုန်သွားသည်။ ညနေခင်း ငါးနာရီဝန်းကျင်တွင် မိသားစုနှစ်စုလုံးသည် အပြင်ကျောင်းဝန်း၏ စားသောက်ဆိုင်တစ်ခု၌ နေ့လည်စာစားရန် လူစုကြသည်။
စားသောက်ကာ စကားပြောနေစဉ်တွင် အခြေအနေက လိုက်ဖက်ညီလွန်းလှသည်။
''အလုပ်စီစဉ်ထားတာကို ကြည့်ပြီးပြီ။ အပြင်ဘက်ကျောင်းဝန်းရဲ့ အဆောက်အဦးနံပါတ်စီမှာ ယဉ်ကျေးမှုဆိုင်ရာစိတ်ကြိုက်ဘာသာကို သင်ဖို့ အစီရင်ခံစာတင်ထားတယ်။ အတွင်းကျောင်းဝန်းက ကျောင်းသားတွေကတော့ တစ်ပတ်မှာ အတန်းငါးတန်းပါတယ်။ အတော်လေးသက်သာတယ်။''
ရှန်ကျန်းယဲ့နှင့် ရွှီမုန့်ရွှီမုန့်က ပြုံး၍ ပြောလိုက်သည်။
''ဒီနေရာမှာ စာသင်ရတာက သက်သာတယ်ဆိုတာသာ သိခဲ့ရင် အစောကတည်းက ပြောင်းလာပြီပေါ့။''
လင်းယန်ရှန်းနှင့် ကျန်းဝမ်ရှင်းတို့ကမူ နားထောင်ရင်းဖြင့် အားကျနေမိ၏။
နှစ်ဦးလုံးက ဝတ္တုရေးသည့်စာရေးဆရာများဖြစ်ကာ တက္ကသိုလ်ဝင်းသို့ ပြောင်းလာရသော်လည်း အလုပ်တာဝန်က လျော့မသွားပေ။
သို့သော်လည်း ပျော်ရွှင်နေမိသည်။
''ဟန်ဟန် ရှောင်ချန်နဲ့အတူတူနေပြီး တစ်ခန်းတည်းသုံးရတော့ ဘယ်လိုခံစားရလဲ။''
ကျန်းဝမ်ရှင်းက ရှန်ချင်းဟန်ကို ကျီစယ်သောအပြုံးလေးဖြင့် မေးလိုက်သည်။
ရှန်ချင်းဟန်က ချိုသာစွာ ပြုံးကာ
''နေ့တိုင်းက ပျော်စရာကောင်းတယ်။ အိပ်မက်လိုပဲ။''
သူမသည် ပြောရင်းဖြင့် သိမ်မွေ့လှပသောမျက်နှာလေးက ရှက်သွားမဖြာနေပေ။ ယခင်ကကဲ့သို့လည်း ရှက်မနေတော့ပေ။
သူမသည် အရွယ်ရောက်လာပြီဖြစ်ကာ အရှက်အကြောက်လျော့သွားခြင်းဖြစ်ကြောင်း ပြသနေသည်။
ကျန်းဝမ်ရှင်းကမူ နောင်တရဟန်ဖြင့်
''အင်း ငါတို့မိဘတွေသာ အတွင်းကျောင်းဝန်းထဲဝင်ခွင့်ရမယ်ဆိုရင် မင်းတို့အခန်းက ဘယ်လိုနေမလဲကြည့်ချင်လိုက်တာ။ အချိန်ရှိရင် ကူရှင်းပေးလို့ရတာပေါ့။''
လင်းယန်ရှန်းက တွေဝေသွားသည်။
''ဟန်ဟန်က ဂရုချက်ထဲမှာ ဗီဒီယိုတွေအများကြီးတင်ထားပါတယ်။ အဲ့တာတွေ ကြည့်လို့ရတယ်မဟုတ်လား။''
ကျန်းဝမ်ရှင်းက မျက်လုံးပင့်ကြည့်ကာ
''ဖုန်းနဲ့ကြည့်တာနဲ့ လူကိုယ်တိုင်သွားကြည့်ရတာ တူမလား။''
…
ညဘက်ကိုးနာရီဝန်းကျင် ရှိသွားပြီဖြစ်သည်။ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် အဆောင်သို့ ပြန်ရတော့မည်ဖြစ်၏။ မပြန်ခင်တွင် ရွှီမုန့်က ရှန်ချင်းဟန်ကို ဘေးသို့ဆွဲခေါ်ကာ အိတ်တစ်အိတ်ကို တိုးတိတ်စွာ ပေးလိုက်သည်။
လက်ဆောင့်အချို့ဖြစ်မည်ဟု ရှန်ချင်းဟန်တွေးမိကာ မျှော်လင့်ချက်များစွာဖြင့် အိတ်ကို ဖွင့်ကြည့်လိုက်သည်။
သို့သော်လည်း အထဲတွင်မူ 'လွန်စွာပါးလွှာသည့်အိတ်ချ်အိတ်ချ်ကွန်ဒုံး'များကိုသာ တွေ့လိုက်ရကာ ပြောစရာစကားပျောက်ဆုံးသွားသည်။
''အမေ ဘာလို့ သမီးကို ဒါတွေအမြဲပေးနေရတာလဲ။''
ရှန်ချင်းဟန်က ဆူပုတ်ကာ လက်ဆောင်ကို မြင်သွားပြီး မပျော်မရွင်ဖြစ်နေသည်။
ရွှီမုန့်က ရှင်းပြလိုက်၏။
''အမေက မလောက်မှာကို စိုးရိမ်လို့ပါ။''
မလောက်မည်ကို စိုးရိမ်နေကြသလား။
မိမိတို့သည် ထိုအဆင့်ထိ မရောက်ကြသေးပေ။
ထိုအရာများကို လုံးဝမလိုအပ်ပေ။
သူမဘာသာ ညီးတွားမိကာ ရှန်ချင်းဟန်က တိတ်တဆိတ်ဖြင့် ပြောလိုက်သည်။
''အမေ ဒါမျိုးတွေ ထပ်မပေးပါနဲ့တော့။ လိုရင်လည်း သမီးတို့ဘာသာ ဝယ်လို့ရတာပဲ။''
''သမီးက အဲ့တာမျိုးတွေ ဝယ်ဖို့ ရှက်တတ်တယ်မဟုတ်လား။''
အမေဖြစ်သူက ပြန်ပြောလိုက်သည်။
''ဒီခေတ်ကြီးထဲမှာ အွန်လိုင်းပေါ်ကဝယ်ရတာက အဆင်ပြေနေတာပဲကိုး။''
''ရှန်ချင်းဟန် တက္ကသိုလ်စတက်ပြီဆိုကတည်းက မိဘတွေဂရုစိုက်မှုအောက်မှာ မရှိတော့လို့ ပြန်ခံပြောဖို့ တတ်နေပြီလား။''
ရွှီမုန့်က သမီးဖြစ်သူကို မကျေမနပ်ဖြင့်ကြည့်ကာ ပြောလိုက်သည်။
ရှန်ချင်းဟန်သည် ချက်ချင်းပင် ပျော့ပျောင်းသွားကာ ရွှီမုန့်ဖြင့် လက်ချင်းချိတ်လိုက်ပြီး သိမ်မွေ့စွာ ပြောလိုက်သည်။
''မဟုတ်ရပါဘူး။ သမီးက အမေ့စကားအမြဲနားထောင်တဲ့ သမီးလိမ္မာလေးပါ။''
ရွှီမုန့်က ပြုံးကာ ပါးလေးကိုဖျစ်၍ ပြောလိုက်သည်။
''အသက်ကြီးပြီကို ချွဲခံရတာက ကြိုက်တုန်းပေါ့လေ။ ရှောင်ချန်ကို ဒီလိုမျိုး အများကြီးလုပ်နေကျမဟုတ်လား။''
''အမေနဲ့မှ ဒီလိုမျိုးလုပ်တာပါ အမေကလည်း။''
''ကောင်းပြီ အမေသိပါတယ်။ ပြန်သွားတော့။ ရှောင်ချန်က အပြင်မှာစောင့်နေတယ်။''
''အမေ ဘိုင့်ဘိုင်။''
''အင်း ဘိုင့်ဘိုင်။''
သားအမိနှစ်ဦး အချင်းချင်းလက်ပြလိုက်ကြပြီး နှုတ်ဆက်စကားဆိုနေကြသည်။
ကျုံးယွမ်အဆောက်အဦး နံပါတ် (၈)၊ အခန်းနံပါတ် (၆၀၃) တွင် ဖြစ်သည်။
နှစ်ဦးသား ပြန်ရောက်သောအခါတွင် ညကိုးနာရီခွဲနေပြီဖြစ်သည်။ အဆောင်ထဲသို့ ဝင်လိုက်လျှင် ဝင်လိုက်ချင်းပင် ရှန်ချင်းဟန်က အရေးကြီးသောကိစ္စတစ်ခုကိုအမှတ်ရသွားပြီး လင်းဇီချန်ကို ပြောလိုက်သည်။
…
''ဇီချန် နင့်ကို ပြောဖို့မေ့နေတာ။ မနက်ဖြန်ညကိုးနာရီကျရင် ဆရာ့ရုံးခန်းထဲမှာ ငါ့ရဲ့သွေးမျိုးစပ်ခြင်းလုပ်မှာ။ နင်လာပြီး င့ါကို အဖော်လာလုပ်ပေးမလား။''
''ကောင်းပြီလေ။ ငါလိုက်ခဲ့မယ်။''
လင်းဇီချန်က တွန့်ဆုတ်ခြင်းမရှိ ပြန်ဖြေလိုက်သည်။
သွေးမျိုးစပ်ခြင်းသည် ကလေးမွေးသောကိစ္စကဲ့သို့ပင် ထူးခြားသောဖြစ်ရပ်ဖြစ်ကာ ရှန်ချင်းဟန်မတောင်းဆိုလျှင်ပင် လင်းဇီချန်က တစ်စိတ်တစ်ပိုင်းပါဝင်ပေးမည် ဖြစ်၏။
အခန်း (၁၈၃) ရှန်ချင်းဟန်၏သွေးမျိုးဆက်ကျရှုံးခန်း (၂)
'နောက်ကျနေပြီ။ ရေချိုးပြီး အိပ်ရာစောစောဝင်ရအောင်။''
''ကောင်းပြီ။ သွားကြမယ်။''
ထိုသို့ပြောကာ လင်းဇီချန်သည် ရှန်ချင်းဟန်ဖြင့်အတူ ရေချိုးခန်းရှေ့သို့ လျှောက်လာသည်။ နာရီဝက်ခန့်ကြာပြီးနောက်တွင် ရေချိုးပြီးနောက် ရေချိုးခန်းထဲမှ ထွက်လာကြ၏။
ရှန်ချင်းဟန်က ထွက်လာလျှင်ထွက်လာချင်းပင် ဗိုက်ဆာသည်ဟု ပြောကာ ညလယ်စာတစ်ခုခုစားချင်နေသည်။ လင်းဇီချန်က သူမကို အလိုလိုက်၍ ကြက်ဥနှင့်ထမင်းကြော်ပေးပြီး ဝိညာဉ်သီးကို အရည်ညှစ်၍ ဖျော်ရည်လုပ်ပေးသည်။ မိနစ်အနည်းငယ် စားသောက်ပြီးနောက်တွင် ဗိုက်ပြည့်သွားကြသည်။
ရှန်ချင်းဟန်က မအိပ်သေးဘဲ ခေတ္တနားနေပြီး လင်းဇီချန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
''ရှောင်ချန် (၁၁) နာရီတောင်မထိုးသေးဘူး။ အစောကြီးရှိသေးတယ်။ ငါအိပ်မပျော်ဘူး။ ဖုန်းကြည့်ချင်လို့ ခဏလောက် ဌားပါ့လား။''
''ငါပညာပေးဗီဒီယိုအသစ်တွေ ခုထိ ဒေါင်းလုတ်မဆွဲရသေးဘူး''
''ရတယ်။ ငါအဟောင်းတွေပဲ ကြည့်မယ်။''
''အဲ့တာဆိုလည်း ရော့''
လင်းဇီချန်က ဖုန်းကို ပေးကာပြောလိုက်သည်။
''နားကြပ်တပ်ဖို့ မမေ့နဲ့။ အသံအကျယ်ကြီးမထွက်စေနဲ့။''
''ငါသိပါတယ်။''
ရှန်ချင်းဟန်က ဖုန်းကိုယူကာ နားကြပ်တပ်လိုက်ပြီး ကျွမ်းကျင်စွာဖြင့် ဖုန်းထဲမှ ပညာပေးဗီဒီယိုများကို ဖွင့်ကာ တိတ်တဆိတ်ဖြင့် စောင်အောက်ထဲတွင် ကြည့်နေသည်။
နာရီဝက်ခန့်ကြာပြီးသောအခါတွင် ဗီဒီယိုများ ကုန်သွားသည်။
ရှန်ချင်းဟန်က နားကြပ်ချွတ်၍ လင်းဇီချန်ကို ဖုန်းပြန်ပေးလိုက်သည်။
လင်းဇီချန်က ဖုန်းကိုယူလိုက်ပြီး သူမက သိမ်မွေ့သောလေသံဖြင့် ပြောလိုက်သည်။
''ရှောင်ချန် ငါနွားနို့သောက်ချင်တယ်။''
''မင်းအတွက် ယူပေးမယ်။''
လင်းဇီချန်က ထိုသို့ပြောကာ အိပ်ရာမှထ၍ ဖိနပ်စီးလိုက်သည်။ သို့သော် သွားရန် အခွင့်အရေးမရခင်တွင်ပင် ရှန်ချင်းဟန်က မေတ္တာသက်ဝင်သောအကြည့်မျိုးဖြင့်ကြည့်၍ သူ၏လက်ကို ဆွဲကိုင်လိုက်ပြီး
''ဧည့်ခန်းထဲထိ သွားယူစရာမလိုဘူး။ အိပ်ရာပေါ်မှာပဲလှဲလိုက်''
…
နောက်တစ်နေ့မနက် ခုနှစ်နာရီခွဲတွင် ဖြစ်၏။
နှစ်ဦးသား မျက်နှာချင်းဆိုင်ထိုင်နေကြပြီး ထမင်းစားခန်းတွင် မနက်စာစားနေကြသည်။ လင်းဇီချန်ပြင်ပေးသော မနက်စာပင် ဖြစ်သည်။ မနက်စာက ရိုးရှင်းလှသည်။ ပြောင်းဖူးဖက်ထုပ်တစ်ပန်းကန်၊ ကြက်ဥပြုတ်တစ်ပန်းကန်နှင့် နွားနို့ပူပူတစ်ခွက် ဖြစ်၏။
ဖက်ထုပ်နှင့်ကြက်ဥကို စားပြီးနောက်တွင် ရှန်ချင်းဟန်က သူမရှေ့မှ နွားနို့ခွက်ကို ကိုင်ပြီး သောက်ရန်ပင် မစောင့်နိုင်တော့ပေ။
ကြက်ဥက ခြောက်ကပ်လွန်းသောကြောင့် ရေဆာလှပေသည်။
''ရှောင်ချန် နွားနို့က အရသာလည်းမရှိဘူး။ အကုန်လုံး အလိမ်အညာတွေချည်းပဲ။''
ခွက်ထဲမှ နွားနို့ကို သောက်ပြီးနောက်တွင် ရှန်ချင်းဟန်က ပါးစပ်ထောင့်မှ ပေကျံနေသည်များကို သုတ်လိုက်ပြီး နှုတ်ခမ်းလေးဆူပုတ်ကာဖြင့် စောဒကတက်နေသည်။ လင်းဇီချန်သည် သူမရှေ့မှ ခွက်လွတ်ကိုကြည့်ကာ တစ်ခွန်းမှမပြောဘဲ ရယ်လိုက်၏။
''ရှောင်ချန် ညကိုးနာရီကျရင် သွေးမျိုးဆက်တာက လုပ်မှာ။ ငါနည်းနည်းစိတ်လှုပ်ရှားနေတယ်။''
စိတ်မသက်မသာဖြစ်နေမှုက ရှန်ချင်းဟန်၏လှပသောမျက်နှာလေးထက်တွင် ပေါ်နေသည်။
လင်းဇီချန်က သိမ်မွေ့သောလေသံဖြင့် သူမကို ချော့မြူလိုက်သည်။
''ပထမဆုံးအကြိမ်ဆိုတော့ စိတ်ပူတာက သာမန်ပါပဲ။ အကြိမ်နည်းနည်းလောက်လုပ်ပြီး အသားကျသွားတာနဲ့ အဆင်ပြေသွားမှာပါ။''
''အမှန်ပဲ''
ရှန်ချင်းဟန်က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ထိုသို့ထိုင်ရင်း စကားခေတ္တမျှပြောနေကာ လျင်မြန်စွာဖြင့် ထမင်းစားစားပွဲကို အတူတကွသန့်ရှင်းရေးလုပ်ကြသည်။ ခေတ္တမျှကြာပြီးနောက်တွင် စားပွဲက သန့်ရှင်းသွားကာ ရှန်ချင်းဟန်က လင်းဇီချန်သူမအတွက်ပြင်ပေးထားသော ကျောပိုးအိတ်လေးကိုလွယ်ကာ စာသင်ခန်းဆီသို့ သွားသည်။
လင်းဇီချန်သည်မူ ယနေ့တွင် သုတေတနတက္ကသိုလ်သို့ မသွားဘဲ အိမ်မှာတွင်နေကာ ဒုတိယအကြိမ်အသားသန့်စင်ခြင်းကိုလုပ်ဆောင်သည်။
ထိုသန့်စင်ခြင်းက အမြန်ဆုံး အချိန်ဆယ်နာရီခန့် ယူရသည်။
သက်ဝင်ဆေးလုံးလေးလုံးအကူအညီဖြင့် ဒုတိယအကြိမ်အသားသန့်စင်ခြင်းသည် အောင်မြင်စွာဖြင့် (၄၅) ရာခိုင်နှုန်းအထိ တိုးမြင့်သွားသည်။ ညနေငါးနာရီခွဲရှိပြီဖြစ်သောကြောင့် လင်းဇီချန်က ယောဂဖျာကို သိမ်းကာ ရေခဲသေတ္တာထဲမှ ပါဝင်ပစ္စည်းအချို့ကို ယူပြီး ညစာချက်ရန် မီးဖိုချောင်သိ့သွားသည်။ ညနေနာရီထိုးခါနီးပြီဖြစ်ကာ ရှန်ချင်းဟန်က ကျောပိုးအိတ်လေးဖြင့် ပြန်လာသည်။ အိမ်ထဲသို့ ဝင်လိုက်လျှင် ဝင်လိုက်ချင်းပင် မီးဖိုချောင်ဆီမှ ဟင်းနံ့မွှေးမွေးများ ရလိုက်ကာ သွားရည်မျိုချမိလိုက်လေ၏။
လင်းဇီချန်ချက်ထားသောဟင်းများက အနံ့မွှေးလှသောကြောင့် စားရသည်မှာ ရိုးအီသွားခြင်းမျိုးမရှိပေ။ အနံ့တစ်ချက်ဖြင့်ပင် ဗိုက်ဆာစေသည်။ ညစာစားပြီးနောက်တွင် နှစ်ဦးသား ခုံတန်းရှည်ပေါ်တွင်ထိုင်၍ ခေတ္တမျှစာအုပ်ဖတ်နေကြသည်။ အတန်ငယ်အစာကြေသွားပြီဟု ခံစားရသောကြောင့် ရှန်ချင်းဟန်က မတ်တပ်ထပြီး ဧည့်ခန်းထဲမှ ထွက်သွားကာ ရေသွားချိုးသည်။ တစ်နာရီကျော်ကြာသောအခါတွင် သူမသည် သွေးမျိုးဆက်ရန်အတွက် ယွမ်သုန်ကျီ၏ဧည့်ခန်းဆီသို့ ဦးတည်သွားသည်။ ထို့မတိုင်ခင်တွင် ဦးစွာသန့်ရှင်းရန် လိုအပ်ပေသည်။
…
ညရှစ်နာရီခွဲတွင် ဖြစ်သည်။ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် အိမ်မှထွက်ခွာ၍ ယွမ်သုန်ကျီ၏ရုံးခန်းရှိရာသို့ ဦးတည်သွားကြသည်။ ဆယ်မိနစ်ကျော်ခန့် အေးအေးဆေးဆေးဖြင့် လမ်းလျှောက်သွားကြသည်။ စီမံခန့်ခွဲရေးဌာနသို့ ရောက်သောအခါတွင် အထဲသို့ ဝင်သွားကြသည်။
ဓာတ်လှေကားဖြင့် ငါးလွှာသို့ ဦးတည်သွားကြသည်။ နှစ်ဦးသား ကျောင်းအုပ်ရုံးခန်းဆီသို့ ဝင်သွားကြသောအခါတွင် အထဲတွင် ယွမ်သုန်ကျီစောင့်နေသည်မှာ အတော်ကြာပြီဖြစ်သည်။
ရှန်ချင်းဟန်ကို မြင်သောအခါတွင် ယွမ်သုန်ကျီသည် ရေနွေးတစ်ခွက်ကို သူမကို ပေးလိုက်ပြီး တစ်ကျိုက်တည်းသောက်စေသည်။ ထိုခွက်သောက်ပြီးသောအခါတွင် နောက်ထပ်တစ်ခွက် ထပ်ဌဲ့ပေးကာ ဆက်သောက်ခိုင်းသည်။ စုစုပေါင်း ရေငါးခွက်သောက်ရကာ ရေတစ်လီတာနီးပါးပင် ဖြစ်သည်။
ဝိညာဉ်ပြာဂျယ်လီငါးမျိုးစိတ်ဖြင့် မပေါင်းစပ်ခင် ကြိုတင်ပြင်ဆင်ခြင်းပင် ဖြစ်၏။
ဝိညာဉ်ပြာဂျယ်လီငါးသည် ရေဓာတ်စွမ်းအားရှိသည့်ဆန်းကြယ်သားရဲဖြစ်သည်။ ခန္ဓာကိုယ်ထဲတွင် ရေဓာတ်ပိုရှိလေလေ ၎င်း၏မျိုးစိပ်ဖြင့် ပေါင်းစပ်ရသည်က ပို၍လွယ်ကူလေလေပင် ဖြစ်သည်။
''ဆရာ ကျွန်မထပ်မသောက်နိုင်တော့ဘူး။''
ရှန်ချင်းဟန်က ရေခွက်ကို ချလိုက်ကာ ဖောင်းနေသောသူမဗိုက်လေးကို ထိလိုက်ပြီး မသက်မသာခံစားနေရသည်။
ယွမ်သုန်ကျီက ထူးခြားစွာဖြင့် ပြောလိုက်၏။
''ထပ်မသောက်နိုင်တော့ရင် အတင်းသောက်ဖို့မလိုဘူး။ အိပ်ရာပေါ်မှာ လာလှဲလိုက်။ မိုးပြာဂျယ်လီငါးဘုရင်ရဲ့မျိုးစပ်နဲ့ ပေါင်းစပ်ပေးမယ်။''
''ကျေးဇူးတင်ပါတယ် ဆရာ။''
ရှန်ချင်းဟန်က နာခံစွာဖြင့် အိပ်ရာထက်တွင် လှဲလိုက်ကာ ဝမ်းဗိုက်လေးက အနည်းငယ်မျှ ဖောင်းကားနေသည်။ လရင့်နေသေောကိုယ်ဝန်သည်ဗိုက်ကလေးနှင့်ပင် တူ၏။ ယွမ်သုန်ကျီက အပြာရောင်အရည်ပါသောဆေးထိုးအပ်ကို ယူလာပြီး ရှန်ချင်းဟန်ဘေးတွင် ထိုင်လိုက်ကာ သူမကို ပြောလိုက်၏။
''ငါကိုင်ထားတဲ့ ဆေးထိုးအပ်ထဲက အပြာရောင်အရည်က မိုးပြာဂျယ်လီငါးဘုရင်မျိုးစိပ်ပဲ။ ဒါကို ထိုးလိုက်တာနဲ့ မင်းနှလုံးသားထဲကို တိုက်ရိုက်ဝင်သွားလိမ့်မယ်။''
''ဒါပေမဲ့ စိတ်မပူပါနဲ့။ ထိုးတာက မနာပါဘူး။ ဝိညာဉ်စွမ်းအားသုံးပြီး မင်းအကြောတွေကို ထုံနေအောင်လုပ်ပေးမှာမလို့ ဘာနာကျင်တာကိုမှ ခံစားရမှာမဟုတ်ဘူး။''
''ဒါပေမဲ့လို့ သွေးမျိုးဆက်တဲ့ဖြစ်စဉ်အတွင်းမှာတော့ အာရုံကြောတွေက ထုံနေပေမဲ့လို့ နာတာကိုတော့ ခံစားရလိမ့်မယ်။''
''ဒါပေမဲ့ ဖြစ်စဉ်က သိပ်ကြာမှာမဟုတ်ပါဘူး။ မိနစ်ပိုင်းလောက်ပဲကြာမှာပါ။''
''ဒီအချိန်အတွင်းမှာ မင်းက နာတာကို မခံနိုင်တော့ဘူးဆိုရင် အကျယ်ကြီးအော်ပစ်လို့ရတယ်။ သည်းခံမထားနဲ့။ နားလည်လား။''
''ကျွန်မနားလည်ပါပြီ ဆရာ။''
ရှန်ချင်းဟန်က အသာခေါင်းညိတ်ပြလိုက်လေ၏။