← Chapters

အပိုင်း ၁၈၄-၁၈၆

Vol. 13 Ch. 184-186

အပိုင်း ၁၈၄-၁၈၆

Vol. 13 Ch. 184-186

အခန်း (၁၈၄) ရှန်ချင်းဟန်၏သွေးမျိုးစပ်ခြင်းကျရှုံးခန်း (၃)

သူမသည် ထိုစကားများကို နားထောင်နေရင်းဖြင့်ပင် မျက်ဝန်းထဲ၌ အကြောက်တရား၊ စိုးရိမ်မှုတို့ဖြင့် ပြည့်နှက်လာကာ အတန်ငယ်စိတ်မသက်မသာဖြစ်လာမိသည်။ အပ်အကြီးကြီးက သူမနှလုံးသားထဲသို့ ထိုးဖောက်ဝင်ရောက်သွားသောအခါတွင် မနာကျင်ဘဲနေမည်လား။

ထိုအပ်ဖြင့်ထိုးခံရသည့်ခံစားချက်သည် တစ်စုံတစ်ယောက်ကို သေအောင်ထိ ထိုးလိုက်သောခံစားချက်မျိုးပင် ဖြစ်သည်။

ရှန်ချင်းဟန်ကို လုပ်ဆောင်ရမည်များကို ရိုးရှင်းစွာရှင်းပြပြီးနောက်တွင် ယွမ်သုန်ကျီက လိုအပ်သောကိရိယာများကို ယူလိုက်ပြီး ရှန်ချင်းဟန်ထဲသို့ မိုးပြာဂျယ်လီငါးဘုရင်ကို ထိုးသွင်းပြန် ပြင်ဆင်နေသည်။

မထိုးသွင်းခင်တွင် သူမရှေ့မှ လင်းဇီချန်ကိုကြည့်ကာ ပြောလိုက်သည်။

''ထိုးဖို့အတွက် အဝတ်အစားတွေချွတ်ရမယ်။ မင်းအခန်းထဲကနေ ရှောင်ပေးသင့်တယ်။''

နှစ်ဦးသည် မှောက်မှားပြီးဖြစ်သောကြောင့် အားနာနေရန် မလိုပေ။ ရှန်ချင်းဟန်က သူမဘာသာစဉ်းစားလိုက်ကာ ပါးလေးပင် အနည်းငယ်မျှနီရဲလာပြီး တိတ်တဆိတ်ပြောလိုက်သည်။

''ဆရာ ကျွန်မတို့က အတူတူနေပြီးပါပြီ။''

အတူတူနေကြတာလား။

ယွမ်သုန်ကျီတစ်ယောက် အတန်ငယ်အံ့ဩသွားသော်လည်း အာရုံမထားလိုက်ပေ။ တည်ငြိမ်စွာဖြင့်သာ ပြောလိုက်သည်။

''မင်းတို့နှစ်ယောက်က အတူတူနေကြတယ်ဆိုမှတော့ အချင်းချင်းရှောင်ပေးနေဖို့မလိုတော့ဘူးပေါ့။''

ထိုသို့ပြောပြီးနောက်တွင် သူမက ရှန်ချင်းဟန်၏အင်္ကျီကို ဆွဲမကာ အရက်ဖြင့်စိမ်ထားသည့်အဝတ်ပိုင်းကိုယူ၍ ပိုးသတ်ရန်အတွက် ရင်ဘတ်ကို သုတ်ပေးလိုက်သည်။

ပိုးသတ်ပြီးနောက်တွင် အပ်ချွန်ချွန်ဖြင့် ရှန်ချင်းဟန်၏ရင်ဘတ်ကို ချိန်ကာ ပြောလိုက်သည်။

''ချင်းဟန် အခုထိုးတော့မယ်နော်။''

''အင်း။''

ရှန်ချင်းဟန်က ပြန်ပြောလိုက်ကာ ကြောက်ကြောက်လန့်လန့်ဖြင့် မျက်စိစုံမှိတ်ထားလိုက်၏။

သူမအဆင်သင့်ဖြစ်နေသည်ကိုမြင်သောကြောင့် ယွမ်သုန်ကျီသည် ထုံကျင်သွားစေရန်အတွက် ရှန်ချင်းဟန်၏အာရုံကြောများထဲသို့ ဝိညာဉ်စွမ်းအားလွှတ်လိုက်သည်။

ထို့နောက်တွင် အသာအယာတွန်းလိုက်ပြီး သူမနှလုံးသားထဲသို့ ထိုးဖောက်လိုက်ကာ ဖြည်းဖြည်းချင်းဖြင့် ဆေးထိုးအပ်ထဲမှ မိုးပြာဂျယ်လီငါးဘုရင်မျိုးစိတ်ကို ထိုးသွင်းလိုက်သည်။ လင်းဇီချန်က မြင်ကွင်းကို သက်သေခံပေးကာ မယုံကြည်နိုင်ဖွယ်ပင်။

သူသည် လူသားများသွေးမျိုးဆက်ခြင်းဖြစ်စဉ်ကို လေ့လာခဲ့ပြီးဖြစ်ကာ သက်ဆိုင်သောဗီဒီယိုများကို ကြည့်ရှုခဲ့သည်။

ထိုအရာများမှတစ်ဆင့် သွေးမျိုးဆက်ခြင်းအတောအတွင်းတွင် အမျိုးမျိုးသောကိရိယာများလိုအပ်ကာ ခန္ဓာကိုယ်ထဲရှိအချက်အလက်များပြောင်းလဲသည်ကို စောင့်ကြည့်နိုင်ရန် ဖြစ်သည်။ သို့သော်လည်း ယွမ်သုန်ကျီကမူ ထိုအချိန်တွင် မည်သည့်စောင့်ကြည့်ကိရိယာမှမလိုအပ်ပေ။

သူမတွင် လွန်စွာစွမ်းအားကြီးသော ဝိညာဉ်စွမ်းအားရှိခြင်းကြောင့်ဖြစ်ကာ ထိုစွမ်းအားကပင် ရှန်ချင်းဟန်ခန္ဓာကိုယ်ထဲမှ ပြောင်းလဲမှုများကို လေ့လာနိုင်သည့်ကိရိယာပင် ဖြစ်သည်။

မကြာခင်ပင် မိုးပြာဂျယ်လီငါးဘုရင်မျိုးစိတ်ကို အပြည့်အဝထိုးသွင်းပြီးဖြစ်သည်။

ယွမ်သုန်ကျီသည် ရှန်ချင်းဟန်နှလုံးသားထဲမှအပ်ကို ဖယ်လိုက်ပြီး ထူးဆန်းသောအဖြူရောင်လိမ်းဆေးတစ်မျိုးကိုယူကာ ခန္ဓာကိုယ်ပေါ်တွင် ကျန်ရှိနေသောအပ်ပေါက်ရာပေါ်တွင် သုတ်လိမ်းပေးလိုက်သည်။

ဆေးလိမ်းပြီးလျှင် လိမ်းပြီးချင်းပင် ရှန်ချင်းဟန်ခန္ဓာကိုယ်ပေါ်မှ အပ်ပေါက်ရာက လုံးဝပျောက်ကင်းသွားကာ အကောင်းပကတိပြန်ဖြစ်သွားသည်။

''သွေးမျိုးစပ်တာ စပြီဆိုတာနဲ့ ပြင်းထန်တဲ့နာကျင်မှုကို ခံစားရလိမ့်မယ်။ အဲ့တာကြောင့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားဖို့လိုတယ်။''

ယွမ်သုန်ကျီက ရှန်ချင်းဟန်ကို သတိပေးလိုက်သည်။

ရှန်ချင်းဟန်က အင်းဟုသာ ပြန်ဖြေလိုက်ပြီး မျက်လုံးကို တင်းတင်းကြပ်ကြပ်မှိတ်ထားပြီးအောက်နှုတ်ခမ်းကို ကိုက်ထားပြီး နာကျင်မှုကို ခံရန် အသင့်ဖြစ်နေလေသည်။

သို့သော်လည်း

တစ်စက္ကန့်ကုန်သွားသည်။

နှစ်စက္ကန့်ကုန်သွားသည်။

သုံးစက္ကန့်ကုန်သွားသည်။

ငါးစက္ကန့်၊ ခြောက်စက္ကန့်၊ ခုနှစ်စက္ကန့်နှင့် ဆယ်စက္ကန့်ထိသာ ကုန်ဆုံးသွားကာ ရှန်ချင်းဟန်ကမူ မည်သည့်နာကျင်မှုကိုမှ မခံစားရပေ။

ယွမ်သုန်ကျီပြောသမျှနှင့် လုံးဝမတူပေ။

ထိုသို့အခြေအနေမျိုးကို ရင်ဆိုင်လိုက်ရပြီး ရှန်ချင်းဟန်မှာ မသက်မသာဖြစ်လာမိကာ အားအင်ဖျော့တော့စွာဖြင့် အကူအညီတောင်းဆိုလိုက်သည်။

''ဆရာ ထူးဆန်းလိုက်တာ။ ဘာနာတာကိုမှ မခံစားရဘူး။ တစ်ခုခုများ မှားနေတာလား။''

ယွမ်သုန်ကျီက ပြန်မဖြေပေ။

သူမသည် ရှန်ချင်းဟန်ပြောသည်ကို မကြားသောကြောင့်မဟုတ်ပေ။

သူမနားထိုင်းနေ၍လည်းမဟုတ်ပေ။

မိုးပြာဂျယ်လီငါးဘုရင်မျိုးစိတ်ကို ရှန်ချင်းဟန်နှလုံးသားထဲသို့ ထိုးသွင်းပြီးဖြစ်သော်လည်း ငြင်းဆန်သည့်တုံ့ပြန်မှုမျိုး မဖြစ်ခဲ့ပေ။ ဖြစ်စဉ်က ချောချောမွေ့မွေ့ပင်ဖြစ်သည်။

သို့သော် ထူးဆန်းစွာဖြင့် မိုးပြာဂျယ်လီငါးဘုရင်မျိုးစိတ်က ရှန်ချင်းဟန်၏မျိုးစိတ်ဖြင့် ပေါင်းမသွားပေ။

ထို့အစား ထိန်းချုပ်ခံထားရသည်။

မိုးပြာဂျယ်လီငါးဘုရင်မျိုးစိတ်ကို ရှန်ချင်းဟန်၏မျိုးရိုးဗီဇက ထိန်းချုပ်ထားခြင်းဖြစ်သည်။

လုံးဝမပေါင်းစပ်နိုင်ရှာပေ။

အခန်း (၁၈၅) မျိုးရိုးဗီဇကျွန်ပြုခြင်း

'ဆရာ''

ရှန်ချင်းဟန်တစ်ယောက် မျက်လုံးပွင့်လာကာ ယွမ်သုန်ကျီက ဘေးတွင် ကြောင်အမ်းသောအမူအရာဖြင့် ရပ်နေသည်ကို တွေ့လိုက်ရပြီး သူမပြောသည်ကို ပြန်မပြောဘဲနေနေ၍ သံသယဝင်မိကာ မသက်မသာဖြစ်လာမိသည်။

လင်းဇီချန်က အသာမျက်မှောင်ကြုတ်လိုက်ပြီးနောက် ခေတ္တမျှတွန့်ဆုတ်နေမိကာ ရှေ့သို့ထွက်လာကာ မေးလိုက်လေ၏။

''ကျောင်းအုပ်ယွမ် ဟန်ဟန်ရဲ့ သွေးမျိုးစပ်နိုင်စွမ်းက ပြဿနာတစ်ခုခု ရှိလို့များလား။''

လူနှစ်ဦး၏အသံကို ကြားနေရကာ ယွမ်သုန်ကျီတစ်ယောက် အသိပြန်ဝင်လာလေသည်။

သူမက စိတ်ခံစားချက်ကို ပုံမှန်ဖြစ်အောင်လုပ်၍ မသေချာမရေရာဖြင့် ပြောလိုက်သည်။

''ချင်းဟန်ရဲ့ သွေးမျိုးစပ်တာက ကျရှုံးတယ်။ သူက မိုးပြာဂျယ်လီငါးဘုရင်မျိုးစိပ်နဲ့ အောင်အောင်မြင်မြင် မပေါင်းစပ်နိုင်ဘူး။ ဒါပေမဲ့လို့ အဆုံးသတ်ကျရှုံးသွားတာလို့လည်း ပြောလို့မရနိုင်ဘူး။''

''ဘာကိုဆိုလိုတာလဲ။''

လင်းဇီချန်က ပို၍ပင် မျက်မှောင်ကြုတ်မိလာသည်။

အောင်မြင်သည်လည်း အောင်မြင်သည်၊ မဟုတ်လျှင်လည်း ကျရှုံးသည်လည်း ကျရှုံးသည်။ အဆုံးသတ်ကျရှုံးသွားခြင်းမဟုတ်သည်မှာ မည်သည်ကိုဆိုလိုသနည်း။

ပေါင်းစပ်ခြင်းက တစ်ဝက်တစ်ပျက်ဖြစ်သွားသည်လား

လင်းဇီချန်သည် ထိုကိစ္စကို စိုးရိမ်မိကာ ရှန်ချင်းဟန်၏ခန္ဓာကိုယ်တွင် ပြဿနာများ ပေါ်လာမည်ကို စိုးမိသည်။ ထူးခြားသောအခြေအနေက မသက်မသာဖြစ်မှုကို ရန်စတတ်ပေ၏။

ယွမ်သုန်ကျီသည် တပည့်ငယ်၏ရည်းစားအား အခြေအနေမှန်ကို ဖုံးကွယ်မထားဘဲ အမှန်တရားကို ပြောပြလိုက်သည်။

''သာမန်အခြေအနေမှာဆိုရင် ဆန်းကြယ်သားရဲမျိုးစိပ်ကို နှလုံးထဲကို ထိုးသွင်းလိုက်တာနဲ့ ငြင်းဆန်တဲ့တုံ့ပြန်မှုအများကြီးကို မဖြစ်စေဘူး။ အဲ့လိုဆိုရင် အောင်မြင်တဲ့သွေးမျိုးစပ်ခြင်းလို့ စဉ်းစားလို့ရပြီ။''

''သွေးမျိုးဆက်တာမှာ အကြီးမားဆုံးအခက်အခဲက ငြင်းဆန်တဲ့တုံ့ပြန်ချက်ပဲ။''

''ငြင်းဆန်တဲ့တုံ့ပြန်မှုမရှိတာနဲ့ မျိုးရိုးဗီဇဓာတ်စမ်းပစ္စည်းမှာပါတဲ့ ဆေးအမျိုးမျိုးအကူအညီနဲ့ လူရဲ့မျိုးစိပ်က သူ့ဘာသာ ဆန်းကြယ်သားရဲမျိုးစိပ်နဲ့ ပေါင်းစပ်သွားရမှာ။ ပြီးမှ ဆန်းကြယ်သားရဲမျိုးစိပ်ကို ဖော်ပြဖို့ အခွင့်ထူးခံရတာ။ အဲ့တာမှသာ ဆန်းကြယ်သားရဲရဲ့စွမ်းအားတွေရမှာ။''

''ဒါပေမဲ့လို့ ချင်းဟန်ရဲ့အခြေအနေက ထူးဆန်းတယ်။ မိုးပြာဂျယ်လီငါးဘုရင်မျိုးစိပ်ကို သူ့ခန္ဓာကိုယ်ထဲ ထိုးသွင်းလိုက်ပေမဲ့လို့ ငြင်းဆန်တဲ့တုံ့ပြန်မှုနည်းနည်းလေးတောင် မတွေ့ရဘူး။ ပေါင်းလည်းပေါင်းစပ်မသွားဘူး။ အဲ့အစား ထိန်းချုပ်ခံလိုက်ရတယ်။''

''မိုးပြာဂျယ်လီငါးဘုရင်ရဲ့မျိုးရိုးဗီဇအားလုံးကို သူ့ရဲ့မျိုးရိုးဗီဇက ထိန်းချုပ်သွားတာ။''

ပြောနေရင်းဖြင့် မယုံကြည်နိုင်မှုက ယွမ်သုန်ကျီမျက်နှာပေါ်တွင် အထင်းသားပေါ်နေကာ အစစ်အမှန်မဟုတ်ဟု ခံစားနေရသည်။

ရာစုနှစ်တစ်စုစာမျှ ရှင်သန်နေထိုင်ပြီးဖြစ်ကာ မူကြမ်းမှ သွေးမျိုးဆက်ခြင်းနည်းပညာတိုးတက်မှုများအထိ အဆင့်ဆင့်တိုးတက်ပြောင်းလဲမှုကို မြင်ခဲ့ရကာ သွေးမျိုးဆက်ခြင်းခွဲစိတ်မှုထောင်သောင်းချီတွင် ပါဝင်လုပ်ဆာင်ခဲ့သည်။ သို့သော်လည်း ရှန်ချင်းဟန်ကဲ့သို့သောဖြစ်စဉ်မျိုးကိုမူ မမြင်ဖူးခဲ့ပေ။

သူမသည် ထိုသို့ကိစ္စမျိုးကို မမြင်ဖူးခဲ့ကာ ကြားလည်းမကြားဖူးပေ။ သူမ၏ယခင်သွေးမျိုးဆက်ခြင်းအသိပညာက လုံးဝပင်ကြေမွသွားကာ ကြောင်နေမိသည်။

မိုးပြာဂျယ်လီငါးဘုရင်မျိုးရိုးဗီဇကို ဟန်ဟန်၏ မျိုးရိုးဗီဇက ထိန်းချုပ်ထားသည်လား

လင်းဇီချန်တစ်ယောက် လွန်စွာပဟေဠိဖြစ်နေမိကာ ယွမ်သုန်ကျီကိုကြည့်၍ မေးလိုက်သည်။

''ကျောင်းအုပ်ယွမ် တိတိကျကျဆိုရင် ဘာဖြစ်နေတာလဲ။''

''ငါလည်း ဘာဖြစ်နေလဲဆိုတာကို အတိအကျကြီး မပြောနိုင်ဘူး။''

ယွမ်သုန်ကျီက သူမ၏ မသေချာသောအကြောင်းကို ဝန်ခံလိုက်သည်။

''အခု ငါရှင်းရှင်းလင်းလင်းသိတဲ့အကြောင်းကတော့ ငါ့ဝိညာဉ်စွမ်းအားအောက်မှာရှန်ချင်းဟန်ရဲ့ မျိုးဗီဇက သူ့ဘာသာပဲရှိနေပြီး ကျူးကျော်လာတဲ့ မိုးပြာဂျယ်လီငါးဘုရင်ဗီဇနဲ့ ဝန်းရံထားပြီး လွတ်လွပ်လပ်လပ်သွားမှာကိုပဲ ထိန်းချုပ်ထားတယ်။''

''ဖြစ်စဉ်အတွင်းမှာ အချို့သောဂျယ်လီငါးမျိုးစိပ်က ပေါင်းစပ်ဖို့ကြိုးစားနေတယ်။ ချင်းဟန်ရဲ့မျိုးစိပ်က အဲ့မျိုးစိတ်ကို သတ်ပစ်လိုက်တယ်။ ပြီးတော့ အပိုင်းအစတွေပုံသွားပြီး အာဟာရအဖြစ် စုပ်ယူပစ်လိုက်တာ။''

''လက်ရှိအခြေနေကတော့ ကျန်နေတဲ့ဂျယ်လီငါးမျိုးစိပ်တွေက ကန့်သတ်ခံထားရတယ်။ ကြည့်ရတာက အိမ်ထဲကိုခိုးဝင်လာတဲ့သူခိုးလိုမျိုး အိမ်ပိုင်ရှင်က ဖမ်းထာတာ။ ငါတစ်ခါမှမတွေ့ဖူးတဲ့အခြေအနေမျိုးပဲ။''

ဝန်းရံခံထားရသလား

ထိန်းချုပ်ခံထားရသလား

ဖမ်းခံထားရသလား

ထိုစကားလုံးများကိုကြားကာ လင်းဇီချန်တစ်ယောက် မယုံနိုင်ဖြစ်နေရှာသည်။

ထိုမျိုးရိုးဗီဇများက တစ်ခုခုလုပ်နိုင်ကြသလား

အခြေအနေက ထူးဆန်းလွန်းသောကြောင့် ယွမ်သုန်ကျီလိမ်နေသည်ဟုပင် သံသယဝင်မိသည်။ ကံမကောင်းစွာဖြင့် သူ၏ဝိညာဉ်စွမ်းအားသည် အားကောင်းအောင်မလုံလောက်ပေ။ မဟုတ်လျှင်မိမိကိုယ်တိုင် ရှန်ချင်းဟန်၏ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်စွမ်းအားလွှတ်၍ စုံစမ်းစစ်ဆေးမည်ဖြစ်သည်။

နှစ်ဦးသား စကားပြောနေစဉ်တွင် ရှန်ချင်းဟန်သည် အိပ်ရာထက်တွင် လှဲလျောင်းနေကာ ဝင်မပြောဘဲ တစ်ချိန်လုံး တိတ်တဆိတ်နားထောင်နေသည်။

ရုတ်တရက်ပင် ဆံပင်များအရောင်ပြောင်းလာသည်ကို သတိထားမိ၏။

မြင်နိုင်သောအတိုင်းအတာဖြင့် အပြာရောင်ပြောင်းသွားကာ သမုဒ္ဒရာ၏အပြာရောင်မျိုး ဖြစ်သည်။ တစ်ချိန်တည်းတွင်ပင် ပို၍ ပျော့ပျောင်းကာ တောက်ပလာပြီးရေကဲ့သို့ ကြင်လင်လာသည်။

''ရှောင်ချန် ဆရာ ငါ့ဆံပင်တွေ အရောင်ပြောင်းနေပြီ။''

ရှန်ချင်းဟန်တစ်ယောက် ပျာယာခတ်သွားပြီး စကားပြောနေသောထိုနှစ်ဦးဘက်သို့လှည့်၍ ချက်ချင်းပြောလိုက်သည်။ သူမသတိပေးရန်ပင် မလိုပေ။ လင်းဇီချန်နှင့် ယွမ်သုန်ကျီက သတိထားမိပြီးဖြစ်သည်။

တစ်စက္ကန့်ပင်မကြာလိုက်ပေ။

''ဘာဖြစ်တာလဲ။''

ယွမ်သုန်ကျီတစ်ယောက် စိတ်ရှုပ်သွားပြန်ကာ ပဟေဠိဖြစ်သွားသောအမူအရာဖြင့် မေးလိုက်သည်။

ယွမ်သုန်ကျီသည် ထပ်မံဝေခွဲမရဖြစ်နေကာ တွေဝေသောအမူအရာမျိုးဖြင့် မေးလိုက်သည်။

''ဘာလို့ မိုးပြာဂျယ်လီငါးဘုရင်ရဲ့မျိုးရိုးဗီဇ ပေါင်းစပ်တာကျရှုံးသွားတယ်လို့ ရှင်းရှင်းလင်းလင်းကြီး ပြနေရတာလဲ။''

ဆံပင်များ အပြာရောင်ပြောင်းသွားသည်မှာ ဝိညာဉ်ပြာဂျယ်လီငါး၏မျိုးရိုးဗီဇကို ဖော်ပြနေခြင်းပင် ဖြစ်သည်။

ရှန်ချင်းဟန်ထံတွင် ထိုသို့မဖြစ်သင့်ပေ။

ယွမ်သုန်ကျီသည် အိပ်ရာဘေးတွင် ထိုင်လိုက်ပြီး ရှန်ချင်းဟန်၏အပြာရောင်ဆံပင်များကို အနီးကပ်လေ့လာကြည့်နေပြီး သူမကို မေးလိုက်လေသည်။

''ချင်းဟန် မင်းခန္ဓာကိုယ်မှာ ပုံမှန်မဟုတ်တဲ့ပြောင်းလဲမှုတွေကို ခံစားမိသေးလား။''

ရှန်ချင်းဟန်က စိတ်ခံစားချက်ကို တည်ငြိမ်အောင်လုပ်ကာ တိတ်တဆိတ်အာရုံစိုက်ကြည့်လိုက်ပြီး တစ်ခုခုကိုသတိထားမိသွားသောကြောင့် မသေချာမရေရာဖြင့် ပြောလိုက်သည်။

''ကျွန်မကိုယ်တွင်းမှာ တစ်ခုခုအပိုဖြစ်နေတာလိုမျိုး ခံစားရတယ်။ အာရုံခံလို့ရတယ်။ ကြည့်ရတာ အဲ့တာကို ထိန်းချုပ်လို့ရပုံပဲ။''

ကိုယ်တွင်း၌ တစ်ခုခုအပိုဖြစ်နေသလား

အာရုံခံ၍ရသလား

ထိန်းချုပ်၍ရသလား

သွေးမျိုးဆက်သူပင် မဟုတ်ပါလော။

ယွမ်သုန်ကျီတစ်ယောက် စိတ်သက်သာရာရသွားပေသည်။

ခေတ္တမျှတွေးကြည့်ပြီးနောက်တွင် သူမ၏ဝိညာဉ်စွမ်းအားကသာ ပြဿနာဖြစ်နေသည်ကို သဘောပေါက်သွားသည်။ အမှန်တွင် ရှန်ချင်းဟန်သည် မိုးပြာဂျယ်လီငါးမျိုးစိပ်ဖြင့် အောင်မြင်စွာပူးပေါင်းပြီးဖြစ်ကာ သူမ၏ဝိညာဉ်စွမ်းအားအမြင်တွင်မူ ထိုအရာကို သဘောပေါက်ခြင်းမှ တားဆီးခံထားရသောအားနည်းချက်ရှိနေခြင်းဖြစ်သည်။

စဉ်းစားရင်းဖြင့် ချက်ချင်းပင် ဝိညာဉ်စွမ်းအားကို ပြန်ရုပ်သိမ်းလိုက်သည်။ ခေတ္တမျှနားလိုက်ပြီး ဦးနှောက်ကိုလည်း အနားပေးလိုက်သည်။

ထို့နောက်တွင် ဝိညာဉ်စွမ်းအားကို တစ်ဖန်ပြန်ထုတ်လိုက်ပြီး ရှန်ချင်းဟန်၏ခန္ဓာကိုယ်ထဲသို့ သွင်း၍ အထဲမှ မိုးပြာဂျယ်လီငါးဘုရင်မျိုးရိုးဗီဇကို သတိထား၍ စစ်ဆေးကြည့်သည်။ သူမ၏ရှာဖွေ့တွေ့ရှိချက်မှာ မိုးပြာဂျယ်လီငါးဘုရင်မျိုးစိတ်များကို ရှန်ချင်းဟန်မျိုးရိုးဗီဇက အောင်မြင်စွာဖြင့် ထိန်းချုပ်ထားဆဲ ဖြစ်သည်။ အပြန်အလှန်ပေါင်းစပ်သွားခြင်း လုံးဝရှိမနေပေ။

အခန်း (၁၈၆) ရှန်ချင်းဟန်၏မျိုးရိုးဗီဇကျွန်ပြုနိုင်စွမ်း (၂)

သို့သော် ယခုတစ်ခေါက်တွင် ယခင်တစ်ခေါက်ဖြင့် ခြားနားသည်မှာ မိုးပြာဂျယ်လီငါးဘုရင်၏မျိုးစိပ်သည် ၎င်းဘာသာ ကြိုးစား၍ ဖော်ပြနေခြင်းဖြစ်သည်။ ရှန်ချင်းဟန်၏ မျိုးရိုးဗီဇထံမှ ခြိမ်းခြောက်ခံထားရသည်နှင့်တူကာ ၎င်းရှိကြောင်းမဖော်ပြလျှင် အသတ်ခံရတော့မည့်နှယ်ဖြစ်သည်။

ဘာများဖြစ်နေသနည်း။

ယွမ်သုန်ကျီတစ်ယောက် တုန်လှုပ်သွားရကာ တိုင်းတာမိသည်ထက် ပို၍လွန်နေပြီဖြစ်ကြောင်း ဝေခွဲမရဖြစ်နေရှာသည်။

သို့သော် သေချာသောအရာတစ်ခု ရှိသည်။ ရှန်ချင်းဟန်သည် ဆန်းကြယ်သားရဲမျိုးစိတ်ဖြင့် ပူးပေါင်းရန် မလိုအပ်ပေ။ ဆန်းကြယ်သားရဲမျိုးစိတ်ကို ထိန်းချုပ်ရန်သာလိုအပ်ပြီး ထိုသို့ဖြင့် ဆန်းကြယ်သားရဲ၏စွမ်းအားများကို ရယူနိုင်ပေသည်။

မကောင်းသည့်လူယုတ်မာကဲ့သို့နှယ်ပင် ကုတင်ပေါ်ကကိစ္စကိုသာ ကြိုက်၍ လက်ထပ်ရန်တာဝန်မယူကာ အိမ်ထောင်ကွဲခြင်းကိစ္စကိုလည်း စိတ်ပူစရာမလိုသည့်သဘောပင် ဖြစ်၏။

သွေးမျိုးစပ်ခြင်းပိုင်နက်တွင် ဆန်းကြယ်သားရဲမျိုးစိပ်၏ တုံ့ပြန်ချက်များကို မည်သည့်အခါမှ စိုးရိမ်စရာမလိုတော့ပေ။

မဖြစ်သေးပေ။ ထိုသို့ဖော်ပြလျှင်လည်း မထင်ရှားမသိသာသေးပေ။

မကောင်းသည့်သူနှင့်ဒိတ်လျှင် အဆင့်အတန်းချင်းညီမျှရန် လိုသည်။ ရှန်ချင်းဟန်၏ခန္ဓာကိုယ်တွင်းမှ အခြေအနေသည် သခင်နှင့်ကျွန်၏ဆက်ဆံရေးပုံစံမျိုး ဖြစ်နေသည်။

ရှန်ချင်းဟန်၏မျိုးစိတ်သည် ပြင်ပမှဝင်လာသော မိုးပြာဂျယ်လီငါးဘုရင်၏မျိုးစိတ်များအားလုံးကို ကျွန်ပြုလိုက်ကာ ၎င်းအတွက် အလုပ်လုပ်စေခြင်းမျိုး ဖြစ်သည်။

နာခံလျှင် ပေါင်းစပ်၍ အကျဉ်းချထားသည်။ မနာခံလျှင် သတ်ပစ်သည်။

မှန်ပေသည်။ ထိုသို့ပင် ဖြစ်၏။

ကျွန်ပြုသည့်ဆက်ဆံရေးမျိုး ဖြစ်သည်။

မျိုးရိုးဗီဇကျွန်ပြုခြင်းပင်။

ယွမ်သုန်ကျီက ရှန်ချင်းဟန်ခန္ဓာကိုယ်ထဲမှ အခြေအနေကို သုံးသပ်လိုက်ပြီး မျိုးရိုးဗီဇကျွန်ပြုခြင်းဟု ကင်ပွန်းတပ်လိုက်သည်။

သူမ၏မှန်းဆချက်များက အခြေခံကာ သိပ္ပံနည်းကျသည်ဟု ခံစားမိသည်။ အံ့ဩမသင့်ဘဲဖြင့် အမှန်တရားက ထိုသို့ဖြစ်သင့်သည်ဟု ထင်မိသည်။

ကိစ္စများကို သဘောပေါက်သွားသောအခါတွင် ယွမ်သုန်ကျီသည် ရှန်ချင်းဟန်ကို ကြည့်လိုက်ကာ ပြောလိုက်သည်။

''ချင်းဟန် မင်းခန္ဓာကိုယ်ထဲမှာ အာရုံခံမိတဲ့အရာတွေက ငါစောနကထိုးသွင်းလိုက်တဲ့ မိုးပြာဂှယ်လီငါးဘုရင်မျိုးစိတ်ဖြစ်နိုင်တယ်။''

''အခုတော့ မင်းခန္ဓာကိုယ်ထဲမှာရှိတဲ့ မိုးပြာဂျယ်လီငါးဘုရင်မျိုးစိတ်က လှုပ်ရှားနေတဲ့အဆင့်မှာပဲရှိတယ်။ မင်းစိတ်ကို ငြိမ်အောင်ထားပြီး ဝိညာဉ်စွမ်းအားနဲ့ ထိန်းချုပ်ကြည့်။ ပြီးရင် ငြိမ်သွားအောင်လုပ်လိုက်။''

''အင်း စမ်းကြည့်ပါ့မယ်။''

ရှန်ချင်းဟန်က သိမ်မွေ့သောအသံဖြင့် ပြန်ဖြေလိုက်သည်။

ထို့နောက်တွင် အာရုံစိုက်ပြီး ယွမ်သုန်ကျီပြောသည့်အတိုင်း လုပ်ကြည့်လိုက်ကာ ဝိညာဉ်စွမ်းအားကိုသုံး၍ ခန္ဓာကိုယ်တွင်းမှ မိုးပြာဂျယ်လီငါးဘုရင်မျိုးစိတ်ကို ထိန်းချုပ်ကြည့်သည်။

စမ်းတဝါးဝါးလုပ်နေခြင်းသာ ဖြစ်သည်။

မကြာခင်တွင် ရှန်ချင်းဟန်သည် ကိုယ်တွင်းမှ မိုးပြာဂျယ်လီငါးဘုရင်မျိုးစိတ်အားလုံးကို အောင်မြင်စွာထိန်းချုပ်နိုင်ခဲ့ပေသည်။

ထို့နောက်တွင် စဉ်းစားကြည့်ရင်းဖြင့် ထိုမျိုးရိုးဗီဇများကို ငြိမ်အောင် လုပ်လိုက်သည်။

တစ်ချိန်တည်းတွင်ပင် ဆံပင်က ပင်လယ်ပြာရောင်ကဲ့သို့ ပြာနေခြင်းက တဖြည်းဖြည်းပျောက်သွားကာ မူလအနက်ရောင်အဖြစ်သို့ ပြန်ပြောင်းသွားသည်။ ထိုမြင်ကွင်းကို ကြည့်၍ ယွမ်သုန်ကျီက စိတ်လှုပ်ရှားနေမိသည်။

ရှန်ချင်းဟန်သည် သူမကိုယ်တွင်းမှ မိုးပြာဂျယ်လီငါးဘုရင်မျိုးစိတ်ကို ထိန်းချုပ်နိုင်ပေသည်။

သူမ၏ခန့်မှန်းချက် မှန်သွားပေသည်။

စိတ်ခံစားချက်များကို တည်ငြိမ်အောင်လုပ်ပြီးနောက်တွင် ယွမ်သုန်ကျီသည် ရှန်ချင်းဟန်ကို ကြည့်ကာ ပြောလိုက်သည်။

''ချင်းဟန် အခု မိုးပြာဂျယ်လီငါးဘုရင်မျိုးစိတ်ကို အသက်ပြန်သွင်းဖို့ ကြိုးစားကြည့်ပါ။''

''ကောင်းပြီ။''

ပြောပြီးနောက်တွင် ရှန်ချင်းဟန်စဉ်းစားလိုက်ယုံဖြင့် မိုးပြာဂျယ်လီငါးဘုရင်မျိုးစိတ်ကို ပြန်အသက်သွင်းလိုက်သည်။ နောက်တွင်မူ ဆံပင်သည် တောက်ပလာပြီး ထပ်မံအပြာရောင်တောက်လာကာ လှပလွန်းလှပေသည်။

ဆံပင်များ အပြာရောင်ပြန်ပြောင်းသွားသည်ကို မြင်သောအခါတွင် ယွမ်သုန်ကျီသည် စိတ်လှုပ်ရှားမှုကို ဖုံးဖိထား၍ မရတော့ပေ။

သူမသည် အားကောင်းသန်မာလွန်းလှပေသည်။

ရှန်ချင်းဟန်၏ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံသည် လွန်စွာအားကောင်းလှသည်။

ထိပ်တန်းသွေးမျိုးဆက်ဆင့်ကဲပြောင်းလဲသူများဖြစ်သော လီမော့ယွီ၊ မာရှိဝေနှင့် ကျောင်းသားကောင်စီဥက္ကဌကျုံးရွှယ်ဟုန်သည်ပင် ဆန်းကြယ်သားရဲမျိုးစိတ်ဖြင့် အောင်မြင်စွာပေါင်းစပ်ပြီးနောက်၌ အသားကျရန် သုံးရက်ခန့် အချိန်ယူရကာ ဆန်းကြယ်သားရဲမျိုးစိတ်ကို စိတ်ဆန္ဒအတိုင်း ငြိမ်သက်အောင် လုပ်နိုင်ခဲ့ကြသည်။

သို့သော် စောနမှပင် နှလုံးထဲသို့ ဆန်းကြယ်သားရဲမျိုးစိတ်ကို ထိုးလိုက်သော ရှန်ချင်းဟန်ကမူ ဆန်းကြယ်သားရဲမျိုးစိတ်ကို အောင်မြင်စွာ ထိန်းချုပ်နိုင်ပေသည်။

သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲသူထက်ပင် ပို၍များစွာအားကောင်းပေသည်။

သူမရှေ့တွင် သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲသူသည် စိတ်ပိုင်းဆိုင်ရာစိန်ခေါ်မှုရှိသောကလေးတစ်ယောက်သာသာ သာဖြစ်သည်။

ကျွမ်းကျင်ရန် သုံးရက်အချိန်လိုသည့် အရည်အချင်းတစ်ခုကို ချက်ချင်းပင် ကျွမ်းကျင်သွားသည်။

မြို့တော်၏ထိပ်တန်းတက္ကသိုလ်မှ ပါရမီရှင်ပေလော။

အရှုံးမရှိသောသွေးမျိုးဆက်ပေါင်းစပ်ခြင်းပါရမီပေလော။

အားလုံးသည် ရှန်ချင်းဟန်၏မျိုးရိုးဗီဇကျွန်ပြုနိုင်စွမ်းဖြင့် နှိုင်းယှဉ်ရန်ပင် မထိုက်တန်ပေ။

ယွမ်သုန်ကျီက ထိုအကြောင်းကို ပို၍စဉ်းစားမိလေလေ ပို၍ စိတ်လှုပ်ရှားလာလေလေပင် ဖြစ်သည်။ သူမ၏တပည့်အသစ်လေးသည် သူမစိတ်ကူးထားသည်ထက်ပို၍ အလားအလာကောင်းလွန်းလှပေသည်။

သွေးမျိုးဆက်နိုင်ခြင်း (၂၁) ရာခိုင်နှုန်းရှိခြင်းသည် မျိုးရိုးဗီဇကျွန်ပြုခြင်းနှင့် မနှိုင်းစာနိုင်ပေ။

ပုံမှန်အားဖြင့် အေးစက်စက်နိုင်ကာ တိတ်ဆိတ်နေတတ်သောယွမ်သုန်ကျီတစ်ယောက် ရုတ်တရက်ပင် စိတ်လှုပ်ရှားသွားကာ ဟန်ပင်မထိန်းနိုင်သောကြောင့် လင်းဇီချန်က ချက်ချင်းမေးလိုက်သည်။

''ကျောင်းအုပ်ယွမ် အခု ဟန်ဟန်ရဲ့အခြေအနေက ဘယ်လိုလဲ။''

ယွမ်သုန်ကျီက ပြုံးလိုက်ပြီး ပြောလိုက်သည်။

''သတင်းကောင်းလည်းရှိတယ်၊ သတင်းဆိုးလည်းရှိတယ်။ ဘယ်ဟာအရင်နားထောင်ချင်လဲ။''

လင်းဇီချန်က ပြန်မဖြေဘဲ အိပ်ရာထက်မှ ရှန်ချင်းဟန်ကို တိတ်တဆိတ်ကြည့်နေကာ သူမကို ဆုံးဖြတ်ချက်ချရန် ခွင့်ပြုထားသည်။

ရှန်ချင်းဟန်က ခေတ္တမျှ တိတ်ဆိတ်နေကာ ခံစားချက်က မသက်မသာရှိလှသည်။

''အမ်။''

''ကောင်းပြီ။ သတင်းဆိုးကို အရင်နားထောင်ကြည့်မယ်။''

''သတင်းဆိုးကတော့ မင်းက ဘယ်တော့မှ သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲသူ မဖြစ်နိုင်ဘူး။''

''ဟမ်။''

ရှန်ချင်းဟန်တစ်ယောက် ခေတ္တမျှကြောင်အမ်းနေမိသည်။ ထို့နောက်တွင် သူမ၏ကမ္ဘာတစ်ခုလုံး လဲပြိုသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမသည် သွေးမျိုးဆက်ခြင်း (၂၁) ရာခိုင်နှုန်းအထိပင် ရှိခဲ့သည်မဟုတ်လော။

သာမန်လူမှ ထိပ်တန်းကျောင်းသားပင် ဖြစ်လာခဲ့သည်။ လင်းဇီချန်နှင့်အတူ ထိပ်တန်းတွင်ရောက်ကာ ဂုဏ်ယူမှုနှစ်ဆ ဖြစ်ခဲ့သည်မဟုတ်ပါလော။

သို့သော် နှစ်ဝက်အတွင်းတွင်ပင် သာမညဘဝသို့ ပြန်ရောက်သွားရတော့မည်လော။

နှလုံးကြေကွဲကာ စိတ်ဓာတ်ကျသွားပြီး စိတ်အားငယ်လာမိသည်။

ရှန်ချင်းဟန်သည် မကောင်းသည့်စိတ်ခံစားချက်တို့ဖြင့် လွှမ်းမိုးသွားကာ ကမ္ဘာကြီးက မှောင်မိုက်သွားသည်ဟု ခံစားလိုက်ရသည်။ သို့သော် မကြာမီတွင်ပင် တစ်ခုခုလွဲနေပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

သူမသည် သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲသူ မဖြစ်လာနိုင်လျှင် စောနက အဘယ့်ကြောင့် ခန္ဓာကိုယ်တွင်းမှ မိုးပြာဂျယ်လီငါးဘုရင်မျိုးစိတ်ကို လွတ်လွတ်လပ်လပ်ထိန်းချုပ်နိုင်ရပါသနည်း။

သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲသူများသာ လုပ်နိုင်သောအရာမဟုတ်ပါလော။

စိတ်ထဲတွင် ထိုအတွေးများဖြင့် ရှန်ချင်းဟန်တစ်ယောက် တွေဝေနေမိသည်။

''ဆရာ အဲ့လိုဆို စောနက ခန္ဓာကိုယ်ထဲက မိုးပြာဂျယ်လီငါးဘုရင်မျိုးစိတ်ကို ဘာလို့ ထိန်းချုပ်နိုင်ရတာလဲ။ သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲသူတွေပဲ လုပ်နိုင်တဲ့အရာမဟုတ်လား။''

ယွမ်သုန်ကျီက ပြုံးကာ ပြောလိုက်သည်။

''အဲ့တာက ငါမင်းကို ပြောပြမဲ့သတင်းကောင်းပဲ။''

''ဆရာ ကျွန်မသတင်းကောင်းကို နားထောင်ချင်တယ်။''

ရှန်ချင်းဟန်တစ်ယောက် မစောင့်နိုင်တော့ပေ။ စိတ်မအေးနေခြင်းကို နှစ်သိမ့်ရန်အတွက် သတင်းကောင်းကြားရန် လိုအပ်ပေ၏။

All Chapters