← Chapters

အပိုင်း ၁၉၀-၁၉၂

Vol. 13 Ch. 190-192

အပိုင်း ၁၉၀-၁၉၂

Vol. 13 Ch. 190-192

အခန်း (၁၉၀) - အခြားသူ၏ချီသွေးကိုအဝေးမှထိန်းချုပ်ခြင်း (၃)

'ကောင်းလိုက်တာ။ ဒီလိုမျိုးကောင်မလေးဆီမှာ ပျော်စရာတွေအများကြီးရှိတယ်လေ။''

ထိုသို့ပြောကာ ရှန်ချင်းဟန်က ခေတ္တမျှရယ်လိုက်ပြီး ဆက်ပြောလိုက်သည်။

''ငါကစတာပါ။ တကယ်တော့ ပိုပြီးအံ့ဩစရာကောင်းတာက အကွာအဝေးတစ်ခုမှာရှိတဲ့ အခြားသူရဲ့ချီသွေးကိုပါ ထိန်းချုပ်နိုင်မယ်တဲ့''

''တကယ်လား။ မင်းက အခြားသူရဲ့ချီသွေးကိုပါ ထိန်းချုပ်နိုင်မှာပေါ့လေ။''

လင်းဇီချန်သည် ယခုတစ်ခေါက်တွင် အံ့ဩသွားခြင်းမဟုတ်ဘဲ တုန်လှုပ်သွားခြင်းဖြစ်ကာ မျက်နှာတွင် မယုံကြည်နိုင်မှုအပြည့်ဖြင့် ဖြစ်သည်။

''အမှန်ပဲပေါ့။''

ရှန်ချင်းဟန်က စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။

''လာ။ အခု ခပ်လှမ်းလှမ်းက ချီသွေးကို ဘယ်လိုထိန်းချုပ်သလဲဆိုတာ ပြမယ်။''

လင်းဇီချန်က ဘာမှမပြောဘဲ သူမထိန်းချုပ်ပြမည်ကိုသာ စောင့်နေသည်။

သုံးစက္ကန့်ကြာသွားသည်။

ခြောက်စက္ကန့်ကြာသွားသည်။

ကိုးစက္ကန့်ကြာသွားသည်။

လင်းဇီချန်သည် သူ၏ ချီသွေးထိန်းချုပ်ခံရသည်ဟု မခံစားရသောကြောင့် မေးလိုက်မိသည်။

''အလုပ်မဖြစ်သေးဘူးလား။''

''မဟုတ်ဘူး။ မလုပ်နိုင်သေးဘူး။''

ရှန်ချင်းဟန်က စိတ်တိုသောပုံစံလေးဖြင့် ပြောလိုက်သည်။

''နင့်ရဲ့ချီသွေးပြင်းအားက အရမ်းမြင့်လွန်းတယ်။ ငါ့ဝိညာဉ်စွမ်းအားကလည်း မကောင်းသေးဘူး။ အဲ့တော့ ထိန်းချုပ်လို့မရသေးဘူး''

''အဲ့လိုလား။''

လင်းဇီချန်က ပြောပြီးနောက်တွင် သူ၏အတွေးများက ပြောင်းသွားသည်။ ချီသွေးပြင်းအားကို လျော့လိုက်ပြီး ရှန်ချင်းဟန်ကို ပြောလိုက်၏။

''အခုပဲ ငါ့ရဲ့ချီသွေးပြင်းအားကို လျော့လိုက်ပြီ။ အခုထပ်စမ်းကြည့်။''

''ငါစမ်းကြည့်မယ်။''

ရှန်ချင်းဟန်က ချက်ချင်းပင် ဖြေပြီး ဝိညာဉ်စွမ်းအားကို ဖြန့်ကျက်လိုက်ကာ လင်းဇီချန်၏ချီသွေးကို ထိန်းချုပ်ကြည့်သည်။ ထို့နောက်တွင် သူမသည် အံ့ဩဝမ်းသာသွားသောအမူအရာဖြစ်သွားသည်။ သူမသည် အမှန်ပင် ချီသွေးကို ထိန်းချုပ်နိုင်ခြင်း ဖြစ်သည်။

''အင်း ငါခံစာမိပြီ။''

လင်းဇီချန်က ခေါင်းညိတ်ပြလိုက်ပြီး ချီသွေးကို ဝိညာဉ်စွမ်းအားခပ်ဖျော့ဖျော့ပင် ထိန်းချုပ်ထားသည်ကို ခံစားမိလေသည်။ ရှန်ချင်းဟန်က သူ၏ချီသွေးတစ်စိတ်တစ်ပိုင်းကို ဂရုတစိုက်ဖြင့် ထိန်းချုပ်ထားကာ ခန္ဓာကိုယ်ထဲတွင် စိတ်တိုင်းကျစီးဆင်းစေသည်မှာ ပျော်စရာကောင်းလှပေသည်။

ထိန်းချုပ်နေရင်းဖြင့် မဟုတ်ဟုတ်ကအကြံတစ်ခု ရသွားသည်။ သူမသည် ချီသွေးကို မရှိသင့်သည့်နေရာသို့ စီးဆင်းသွားစေသည်။

''ရှန့်ဝူဟန် မင်းကတော့ တစ်နေ့တစ်ခြား ညစ်ပတ်လာပြီ။''

ကိုယ်ထဲမှ ချီသွေးဆင်းနေသည့်အပိုင်းကို အာရုံခံမိသောကြောင့် လင်းဇီချန်က ချက်ချင်းပင် သူမ၏အတွေးကို သဘောပေါက်သွားကာ ပြောစရာစကားပင် ပျောက်ဆုံးသွားရသည်။

သူမကမူ ထူးဆန်းသောမျက်နှာဖြင့် ပြောလိုက်သည်။

''ဟင့်အင်း။ မညစ်ပတ်ပါဘူး။ ဆွဲဆောင်မှုရှိတာ။''

''ဒါပေါ့။ ဆွဲဆောင်မှုရှိတာ။''

လင်းဇီချန်က သူမကို အလိုလိုက်ထားသောကြောင့် သူမစိတ်တိုင်းကျ ကစားစေသည်။ ထို့နောက်တွင် ညစ်ပတ်သောကောင်မလေးသည် အိမ်တွင်သာ နောက်ပြောင်တတ်ပြီး ဆိုးဝါးသည့်ကိစ္စမျိုး မဟုတ်ပေ။ သူမကို စိတ်တိုင်းကျနောက်ပြောင်ခွင့်ပေးထားခြင်းက ဆွဲဆောင်မှုရှိလှသည်ကို ဝန်ခံရပေမည်။

ခေတ္တမျှကစားပြီးနောက်တွင်မူ ရှန်ချင်းဟန်တစ်ယောက် ကစား၍ဝသွားသည်။

အမြန်ပင် ဝိညာဉ်စွမ်းအားကို ပြန်ရုပ်သိမ်းလိုက်ပြီး ဂုဏ်ယူနေသောမျက်နှာဖြင့် ပြောလိုက်သည်။

''ရှောင်ချန် ငါက ရေနဲ့ကစားတာ တော်တယ်မလား။''

''ဒါပေါ့။ မင်းက အံ့ဩဖို့အကောင်းဆုံးပဲ။ ပြိုင်ဘက်ကင်းပဲ။''

ရှန်ချင်းဟန်တစ်ယောက် ပျော်ရွှင်စွာ နားထောင်နေမိသည်။

သို့သော် လင်းဇီချန်က ပြုံး၍ သူမကို ကျီစားလိုက်သည်။

''မဟုတ်မှ မင်းက သေးပေါက်တာလည်း ပြိုင်ဘက်ကင်းပဲလေ။''

''နင်က စိတ်ပျက်ဖို့ကောင်းအောင် ပြောပြန်ပြီ။''

ရှန်ချင်းဟန်က ပန်းရောင်နှုတ်ခမ်းလေးကို ဆူပုတ်ပြီး လင်းဇီချန်ကို မကျေနပ်သောအကြည့်ဖြင့်ကြည့်၍ ရိုက်လိုက်သည်။

လင်းဇီချန်ကမူ ဆက်၍ကျီစယ်နေသည်။

''ငါက မင်းသေးပေါက်တာ ကျွမ်းတယ်ထင်တာ။ စဉ်းစားကြည့်မှ မင်းက သူများရဲ့ချီသွေးကို ထိန်းချုပ်နိုင်တယ်ဆိုတော့ ထပ်ချဲ့စဉ်းစားရရင် အခြားသူရဲ့သေးကိုလည်း ထိန်းချုပ်နိုင်မှာပဲ။ နောင်ကျ ရန်သူတွေနဲ့ တိုက်ပွဲဖြစ်ရင် မင်းက ရန်သူတွေကို ဘောင်းဘီထဲသေးပေါက်ချအောင် လုပ်လို့ရတာပဲ။ အဲ့လိုဆို လူသတ်ဖို့ အပြည့်အဝ လှုပ်ရှားလို့ရပြီမဟုတ်လား။''

''စိတ်ပျက်ဖို့ကောင်းလိုက်တာ။ သေးပေါက်တဲ့အကြောင်းပြောတာ တော်ပါတော့။ မဟုတ်ရင် ငါစိတ်တိုလာတော့မယ်နော်။''

ရှန်ချင်းဟန်က မကျေမနပ်ဖြင့် ပါးလေးကို ပုတ်လိုက်သည်။

''ငါ့မျက်နှာကို အဲ့လိုမျိုးအရင်လုပ်တာက မင်းပဲလေ။ ပြီးမှ မင်းက သေးပေါက်တာဆိုပြီးပြောတော့---။''

လင်းဇီချန်က ၎င်းဘာသာစဉ်းစားမိပြီး အဆက်မပြတ်ခေါင်းညိတ်ပြ၍ ပြောလိုက်သည်။

''ကောင်းပြီ ကောင်းပြီ။ ငါထပ်မပြောတော့ဘူး။''

အခန်း (၁၉၁) - သွေးသန့်လူသားလမ်းစဥ်! နောက်ထပ်အားကောင်းတဲ့လက်ရွေးစင်တစ်ယောက်တိုးလာပြီ!

ရေချိုးခန်းထဲမှ ထွက်လာပြီးနောက်တွင် လင်းဇီချန်နှင့်ရှန်ချင်းဟန်တို့က ဆံပင်ကို ခြောက်အောက်သုတ်၍ အိပ်ရာဝင်ကြသည်။ အိပ်မပျော်ခင်တွင် နှစ်ဦသား စကားပြောနေကြသေးသည်။

ယွမ်သုန်ကျီသည် မိုးပြာဂျယ်လီငါးဘုရင်မျိုးစိတ်နှင့် ဆင့်ကဲပြောင်းလဲကာ အခြားသူကိုယ်တွင်းမှ ချီသွေးကို ထိန်းချုပ်နိုင်ရန် တစ်နှစ်ခန့်အချိန်ယူခဲ့ရကြောင်းပြောပြသည်ကို ရှန်ချင်းဟန်က ပြန်ပြောပြနေသည်။ တစ်ဖက်တွင်မူ သူမက ထိုသို့ကျွမ်းကျင်ရန် လဝက်သာအချိန်ယူရကြောင်း၊ ယွမ်သုန်ကျီထက် သာကြောင်း ပြောပြသည်။

သူမသည် အသစ်ရှာတွေ့ထားသောချီသွေးထိန်းချုပ်ခြင်းကို လျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းထားမည်ဖြစ်သည်။ သူမ၏ဝှက်ဖဲကို ရင်ဘတ်ထဲတွင် ထည့်သိမ်းထားရန် လင်းဇီချန်ထံမှ သင်ယူထားခြင်းပင် ဖြစ်သည်။

သူမသည် စွမ်းအားများကို ပို၍ကျွမ်းကျင်လာကာ ပို၍အားကောင်းလာသောအခါမှ ချီသွေးကို ထိန်းချုပ်နိုင်ကြောင်းကို ပြသပေမည်။

ထိုသို့ဆိုလျှင် သူမသည် ပါရမီအလွန်ထူးပြီး လိုအပ်သည့်မည်သည့်အရင်းအမြစ်ကိုမဆို လက်ခံနိုင်ကြောင်းကို သက်သေပြပြီးသားပင် ဖြစ်သည်။ ယခုတွင်မူ သူမ၏အင်အားကို ထုတ်ပြရန် မလိုပေ။

သူမ၏ဝှက်ဖဲကို ဖွက်ထားခြင်းက အကောင်းဆုံးရွေးချယ်မှု ဖြစ်ပေမည်။

ရှန်ချင်းဟန်၏အစီအစဉ်များကိုနားထောင်ကာ လင်းဇီချန်ကပြုံးလိုက်မိပြီး ပြောလိုက်လေသည်။

''ကောင်းပြီ။ ငါတို့က တကယ့်အဓိကကို သင်ယူနေကြတာပဲ။''

နှစ်ဦးသား သာမန်ကာလျှံကာပင် စကားဆက်ပြောနေကြသည်။

ထိုသို့ဖြင့် ည (၁၁) နာရီထိုးသွားကာ လင်းဇီချန်က တစ်ခုခုတွေးလိုက်မိသည်။

ရှန်ချင်းဟန်ဘက်သို့လှည့်ကာ ပြောလိုက်သည်။

''မင်းလည်း သွေးသန့်လူသားလို့ ငါတစ်ခါပြောဖူးတယ်လေ။ မင်းလည်း သွေးသန့်လူသားလမ်းစဉ်ကို လိုက်လို့ရမလားလို့ မင်းဆရာကို ငါတို့မေးခဲ့တာပဲ။ သူက မရဘူးလို့ပြောတယ်။ ချီသွေးက အားနည်းလို့လို့ ပြောတာလေ။''

''ဒါပေမဲ့ စဉ်းစားကြည့်လိုက်တော့ မင်းက အခြားသူရဲ့ချီသွေးကို ထိန်းချုပ်ရတယ်ဆိုရင် မင်းဘာသာမင်းလည်း ထိန်းချုပ်ပြီး ခန္ဓာကိုယ်သန့်စင်တာကို မလုပ်နိုင်စရာအကြောင်းမှမရှိတာ။''

''ပိုပြီးအရေးကြီးတာက မင်းလည်း ငါ့လိုမျိုး ထူးခြားတဲ့သက်ရှိပဲ။ သာမန်သူတွေ မလုပ်နိုင်တာကို ငါတို့လုပ်နိုင်တာပဲ။''

ပြောရင်းဖြင့် လင်းဇီချန်က ထထိုင်လိုက်ပြီး ဘေးတွင် လှဲလျောင်းနေသောရှန်ချင်းဟန်ကို ကြည့်၍ စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။

''အခု ခန္ဓာကိုယ်သန့်စင်ခြင်းမှာ ချီသွေးကို ဘယ်လိုသုံးရသလဲဆိုတာကို သင်ပေးမယ်။ စမ်းကြည့်လိုက်။''

၎င်းတို့သည် ထူးခြားသောသက်ရှိများ ဖြစ်ကြသည်။ ရှန်ချင်းဟန်ကမူ လူပျိုလှည့်ပြီး လောကကြီးကို ဆန့်ကျင်ကာ ချစ်ရသောသူဆီမှ အဖြေရသွားသကဲ့သို့ပင် ခံစားနေမိသည်။

သို့သော်လည်း မရှက်ပေ။ ထို့အစား အံ့အားသင့်နေမိသည်။

''ဟန်ဟန်။''

ရှန်ချင်းဟန်အတွေးလွန်နေသည်ကို မြင်သောအခါတွင် လင်းဇီချန်ကနာမည်ခေါ်လိုက်ပြီး ပဟေဠိဖြစ်သွားပေသည်။

ရှန်ချင်းဟန်တစ်ယောက် အသိပြန်ဝင်လာကာ အမြန်ပင် ထထိုင်လိုက်သည်။ သူမက ပြောလိုက်၏။

''နင်မှန်တယ်။ ငါတို့ကထူးခြားတယ်။ ချီသွေးကိုသုံးပြီး င့ါခန္ဓာကိုယ်ကို သန့်စင်ရမယ်။''

…

နောက်တွင်မူ ညဉ့်နက်လာကာ တိတ်ဆိတ်နေသည်။

လင်းဇီချန်က စိတ်ရှည်စွာဖြင့် ရှန်ချင်းဟန်ကို ညွှန်ကြားပေးသည်။ နှစ်နာရီခွဲကြာသွားပြီးနောက် မနက်တစ်နာရီခွဲတွင် ဖြစ်၏။ ရှန်ချင်းဟန်က စိတ်လှုပ်ရှားစွာဖြင့် အော်လိုက်လေသည်။

''ငါလုပ်နိုင်ပြီ။ ရှောင်ချန် ငါလုပ်နိုင်ပြီ။''

သူမသည် သွေးသန့်စင်ခြင်းကျင့်စဉ်ကို တတ်မြောက်သွားလေပြီ။

ဝိညာဉ်စွမ်းအားကိုသုံး၍ ချီသွေးကို ထိန်းချုပ်ကာ ခန္ဓာကိုယ်ကို ထိန်းချုပ်ခြင်း ဖြစ်သည်။

သူမသည်လည်း လင်းဇီချန်ကဲ့သို့ သွေးသန့်လူသားလမ်းစဉ်ကို လိုက်နိုင်လေပြီ။ ရှန်ချင်းဟန်အောင်မြင်သွားသည်ကိုမြင်ကာ လင်းဇီချန်လည်း အတန်ငယ်အံ့အားသင့်မိသည်။

နှစ်နာရီခွဲခန့်ကြာပြီးနောက်တွင် သူမကို စမ်းကြည့်လိုက်သော်လည်း မျှော်လင့်ချက်ထားမထားပေ။

သွေးသန့်စင်ခြင်းကျင့်စဉ်က လိုအပ်ချက်များရှိသည်။

လျို့ချွမ်ဝူပြောသည်အရဆိုလျှင် ချီသွေးကိုသုံးပြီး ခန္ဓာကိုယ်ကိုသန့်စင်ရန် အနည်းဆုံး အသက်ဓာတ်လိုအပ်ကာ လေးခုမြောက်ညာဉ်စဉ်၏သွေးအားကိုလည်း လိုအပ်ပေသည်။

သို့သော်လည်း ရှန်ချင်းဟန်၏လက်ရှိ သွေးမျိုးဆက်စွမ်းအားအဆင့်သည် ဒုတိယမြောက်ညာဉ်စဉ်တွင်သာရှိသေးသော်လည်း သွေးသန့်စင်ခြင်းကျင့်စဉ်ကို ကျွမ်းကျင်ခဲ့သည်။

ချီသွေးကိုသုံး၍ ခန္ဓာကိုယ်ကို သန့်စင်နိုင်ခဲ့သည်။ စံကူးပြောင်းခြင်းအနည်းငယ်မျှသာ ဖြစ်သည်။

''ရှောင်ချန် ငါက ဆန်းကြယ်သားရဲမျိုးစိတ်ကိုကျွန်ပြုပြီး သူတို့စွမ်းအားကို ယူလို့ရတယ်။ နင်ကကျ ဆန်းကြယ်သားရဲအသားကနေ သူတို့အစွမ်းတွေကို စုပ်ယူလို့ရတယ်။ အခု နှစ်ယောက်လုံး သွေးသန့်လူသားလမ်းစဉ်ကို လိုက်ကြပြီဆိုတော့ ငါတို့က တကယ့်ကို ပြောစမှတ်တွင်မဲ့စုံတွဲပဲ။''

ရှန်ချင်းဟန်က စိတ်လှုပ်ရှားစွာဖြင့် လင်းဇီချန်ကို ဖက်လိုက်ပြီး လှပသောမျက်နှာလေးက စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေသည်။

လင်းဇီချန်ကပြုံး၍ ပြောလိုက်သည်။

''ငါတို့က အဲ့လိုပဲဖြစ်သင့်တယ်။''

ရှန်ချင်းဟန်အတွက် ဝမ်းသာမိကာ စိတ်လှုပ်ရှားသော်လည်း သူမကဲ့သို့ ပွင့်လင်းစွာ ထုတ်ဖော်မပြပေ။

ထိုသည်မှာ သူ၏သဘာဝသာ ဖြစ်သည်။

ရှန်ချင်းဟန်သည်မူ စိတ်ခံစားချက်ကို ပွင့်ပွင့်လင်းလင်းပြသတတ်သောသူမျိုးဖြစ်ကာ ၎င်းကမူ တစ်ချိန်လုံးပုံသေနေတတ်သူမျိုး ဖြစ်သည်။

…

နောက်ရက်များတွင် ရှန်ချင်းဟန်သည် အဆောင်တွင် ရှိနေစဉ်၌ လင်းဇီချန်နှင့်အတူ သွေးသန့်စင်ခြင်းကျင့်စဉ်လုပ်ဆောင်ကာ ချီသွေးကိုသုံး၍ ခန္ဓာကိုယ်ကို သန့်စင်သည်။ ခန္ဓာကိုယ်သန့်စင်ခြင်းကျွမ်းကျင်သူဖြစ်သောလင်းဇီချန်က သူမဘေးတွင် ရှိနေသောကြောင့် ရှန်ချင်းဟန်စိတ်ပူစရာမလိုပေ။

သူမ၏ခန္ဓာကိုယ်သန့်စင်ခြင်းဖြစ်စဉ်ကလည်း အရှိန်မြန်ပေသည်။

လဝက်အတွင်းပင် ရှန်ချင်းဟန်က အရေပြားသန့်စင်ခြင်းကို တတ်မြောက်သွားသည်။

သူမ၏သွေးမျိုးဆက်စွမ်းအားအဆင့်သည်လည်း ဒုတိယဉာဉ်စဉ်မှ တတိယဉာဉ်စဉ်သို့ ဆင့်ကဲပြောင်းလဲသွားသည်။ လင်းဇီချန်လောက် အားမကောင်းသော်လည်း လျို့ချွမ်ဝူနှင့် စုန်ယွီယန်တို့ထက် သာပေသည်။

ထို့အပြင် အံ့ဩစရာကောင်းသည့်အရာတစ်ခု ရှိသေးသည်။

ရှန်ချင်းဟန်သည် အရေပြားသန့်စင်ခြင်းကို ကျွမ်းကျင်သွားကာ အရေပြားကို ပို၍အားကောင်းအောင် လုပ်နိုင်ပြီဖြစ်သော်လည်း အရေပြားကမူ ယခင်ကကဲ့သို့ပင် မပြောင်းလဲဘဲ နူးညံ့နေဆဲဖြစ်သည်။

သစ်သီးလှီးဓားဖြင့် အားသုံးကာ လက်ကို ဖြတ်ကြည့်ခြင်းကြောင့်သာမဟုတ်လျှင် လင်းဇီချန်သည် သူမအရေပြားက သန့်စင်ထားခြင်းဟုတ်ပါသလောဟု သံသယဝင်နေပေလိမ့်မည်။

…

ရက်အနည်းငယ်ခန့်ကြာပြီးနောက် နေသာသောမနက်ခင်း၌ ဖြစ်၏။

ရှန်ချင်းဟန်တွင် မနက်ပိုင်းအတန်းချိန်မရှိသောကြောင့် စောင်ခြုံထဲတွင် ကွေးကာ အိပ်နေသည်။ လင်းဇီချန်က စောစောထသော်လည်း အလျင်မလိုပေ။ အိပ်ရာထက်တွင် မှီ၍ ဖုန်းထဲရှိကျောင်းအက်ပ်မှ တာဝန်များကို လိုက်ရှာနေသည်။ ကျောင်းအမှတ်ရရန်အတွက် ကျောင်းဝန်းပြင်ပမှ တာဝန်များကို ရွေးရန် စဉ်းစားနေလေသည်။

ခေတ္တမျှ ရှာကြည့်ပြီးနောက်တွင် ရှန်ချင်းဟန်က သူမလာစေရန် သူမ၏တိုက်ပွဲစွမ်းအားကို စမ်းသပ်လိုကြောင်း ပြောခဲ့သည်ကို အမှတ်ရသွားသည်။

ထို့ကြောင့် နာရီဝက်ခန့် ဂရုတစိုက်ရွေးချယ်ပြီးနောက်တွင် မြို့ထဲရှိ ဆေးရောင်းဝယ်သူတစ်ယောက်ကို ဖမ်းရမည့်တာဝန်ကို ရွေးလိုက်သည်။

တာဝန် - ဆေးရောင်ဝယ်သူများကို ဖမ်းရန်။ (၂၁) ယောက်အဖွဲ့ဖြစ်ကာ မီးလက်မောင်းများ တပ်ထားပြီး စက်ပြုပြင်လူသားများမဟုတ်ပေ၊ သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲသူများမပါပေ။ တည်နေရာမှာ ရှန်ဟိုင်းမြို့အစွန်းအဖျား ဖြစ်သည်။

ဆုကြေး - ကျောင်းကျောင်းအမှတ် (၅၀)။

ဆုကြေးသည် ကျောင်းအမှတ်ငါးဆယ်သာဖြစ်သောကြောင့် မခက်ခဲကြောင်း ဖော်ပြနေသည်။ ရှန်ချင်းဟန်ကိုခေါ်၍ တိုက်ပွဲစွမ်းအားစမ်းသပ်ရန် သင့်လျော်ပေသည်။

မှန်ပေသည်။ ထိုတာဝန်ကို ရွေးရမည်။

စဉ်းစားရင်းဖြင့် လင်းဇီချန်က ထိုတာဝန်ကို ရွေးချယ်လိုက်ကာ တာဝန်အချက်အလက်များကို ဖွင့်ကြည့်လိုက်သည်။

တာဝန်သည် နောက်တစ်နေ့ နေ့လည် (၁၁) နာရီတွင် စမည်ဖြစ်သည်။ နှစ်နာရီစော၍ ရှန်ဟိုင်းလုံခြုံရေးဌာနချုပ်သို့ သတင်းပို့ရမည်ဖြစ်ကာ ဆေးရောင်းဝယ်သူများကိုဖမ်းရန် လုံခြုံရေးအရာရှိများဖြင့် တပ်ကူအဖြစ် ပူးပေါင်းရမည်။

အခန်း (၁၉၂) - သွေးသန့်လူသားလမ်းစဥ်! နောက်ထပ်အားကောင်းတဲ့လက်ရွေးစင်တစ်ယောက်တိုးလာပြီ! (၂)

ရိုးရှင်းစွာဆိုရလျှင် လူမိုက်များသာ ဖြစ်သည်။

လင်းဇီချန်သည် လုံခြုံရေးဌာနမှတပ်ကူဟုခေါ်သော စက်ပြုပြင်လူသားများကို ကလေးများအဖြစ်သာ မြင်မိသည်။

''ရှောင်ချန် ဘယ်အချိန်ကတည်းက နိုးနေတာလဲ။''

ရှန်ချင်းဟန်က အိပ်ချင်မူးတူးဖြင့် နိုးလာကာ လင်းဇီချန်ကို မေးလိုက်ပြီး မျက်လုံးများက အိပ်မှုံစဝါးဖြစ်နေဆဲဖြစ်သည်။

''နိုးနေတာ တစ်နာရီလောက်ရှိပြီ။''

လင်းဇီချန်က ဆက်ပြောလိုက်သည်။

''ကျောင်းပြင်မှာ ဆေးမှောင်ခိုရောင်းတဲ့သူတွေကိုဖမ်းတဲ့ ကျောင်းအက်ပ်ကတာဝန်တစ်ခုကို လက်ခံထားလိုက်တယ်။ မနက်ဖြန်ညကိုးနာရီစမှာ။ စစ်ဆင်ရေးမှာပါဖို့ လုံခြုံရေးဌာနကို သွားရမယ်။ မင်းလည်းလိုက်ခဲ့လေ။ မင်းတိုက်တာကို ကြည့်ရအောင်။''

''ရတယ်လေ။''

ရှန်ချင်းဟန်က နှစ်ခါပြန်မတွေးဘဲ သဘောတူလိုက်သည်။

လင်းဇီချန်က သူမကို ဖုန်းပေးလိုက်ပြီး သိမ်မွေ့စွာဖြင့် ပြောလိုက်သည်။

''အဲ့လိုဆို သဘောတူပြီနော်။ တာဝန်ရဲ့အချက်အလက်တွေကို ကြည့်ကြည့်။ ငါမနက်စာသွားပြင်လိုက်ဦးမယ်။''

''အင်း။''

ရှန်ချင်းဟန်က ပြန်ပြောလိုက်ပြီး လင်းဇီချန်က ဖုန်းကို သူမကို ပေးခဲ့သည်။ လင်းဇီချန်က အခန်းထဲတွင် ကြာကြာမနေပေ။ အမြန်ပင် အိပ်ရာမှထင ဖိနပ်စီးကာ ရေခဲသေတ္တာရှိရာသို့ သွားသည်။

ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်တွင် လူခေါ်ခေါင်းလောင်းသံ မြည်လာသည်။

''ဒင်း-ဒေါင်။''

လူခေါ်ခေါင်းလောင်းသံကြားသောကြောင့် လင်းဇီချန်က ချက်ချင်းပင် မနက်စာစောတွင် မည်သူခေါ်သည်ကို ကြည့်လိုက်သည်။ အပြင်ဘက်တွင် ရပ်နေသူမှာ လီမော့ယွီဖြစ်ကြောင်း အာရုံခံမိသည်။

ဘာအတွက် ရောက်လာရပါသနည်း။

လင်းဇီချန်တွေဝေသွား၏။

သို့သော် ထပ်မစဉ်းစားနေဘဲ အမြန်ပင် တံခါးဖွင့်ပေးလိုက်သည်။

''ကျွီ-''

တံခါးပွင့်လာသည်။

လင်းဇီချန်ကို ကြည့်ကာ လီမော့ယွီက အမောတကောဖြင့် ပြောလိုက်သည်။

''လင်းဇီချန် ငါမနေ့ညက အခြေခံအဆင့်ခုနှစ် ရေမကောင်းဆိုးဝါးကို သတ်ဖို့ တာဝန်တစ်ခုကို လက်ခံထားလိုက်တယ်။ ငါတစ်ယောက်တည်းသွားဖို့ကျ စွန့်စားလွန်းရာကျတယ်။ ငါနဲ့အတူလိုက်ခဲ့ပါ့လား။''

''ဆုကြေးက ကျောင်းအမှတ်တစ်ရာပဲ။ လုပ်ပြီးတာနဲ့ ငါးဆယ် ငါးဆယ်ခွဲကြမယ်။ တစ်ယောက်ကို ငါးဆယ်စီယူမယ်။ မကောင်းဆိုးဝါးရဲ့ခန္ဓာကိုယ်ကိုတော့ တူတူလုပ်ကြမယ်။''

''ငါးဆယ်ငါးဆယ်ခွဲကတာက မင်းကို အခွင့်ကောင်းယူတာမဟုတ်ဘူး။ အရင်အပတ်က အိမ်ပြန်တော့ ငါ့အဖေစီစဉ်မှုအောက်မှာ မိစ္ဆာမျက်လုံးမျောက်ဝံကြီးမျိုးစိပ်နဲ့ ပေါင်းစပ်လိုက်ရတယ်။ အခု ငါ့ရဲ့ပုံမှန်အခြေအနေက အခြေခံအဆင့်ခြောက်ပဲရှိတာ။ မိစ္ဆာမျက်လုံးမျောက်ဝံကြီးမျိုးစိတ်က အပြည့်အဝအသက်ဝင်လာရင် အားက အခြေခံအဆင့်ခုနှစ်အထိ တက်နိုင်တယ်။''

''အဲ့အဆင့်အစွမ်းဆို မင်းထက်တော့ အားမနည်းပါဘူး။ ငါက ပိုအားကောင်းလောက်မှာပါ။''

လီမော့ယွီက ထိုသို့ပြောကာ ထပ်မံမေးလိုက်သည်။

''အဲ့တာဆို မင်းက အဖွဲ့ဖွဲ့ရအောင်လို့ ပြောချင်တာလား။''

လင်းဇီချန်က ငြင်းလိုက်လေသည်။

''ကျေးဇူးတင်ပါတယ်။ ငါက တာဝန်တွေကို တစ်ယောက်တည်းလုပ်ရတာပဲကြိုက်တယ်။ အဲ့တာက ပိုပြီးလွတ်လပ်တယ်။''

တာဝန်ကို မိမိတစ်ယောက်တည်းပြီးမြောက်နိုင်ကာ ကျောင်းအမှတ်များကိုလည်း တစ်ယောက်တည်း သိမ်းထားနိုင်ပေသည်။ အခြားအဖွဲ့ဝင်တစ်ဦးဖြင့် မျှနေရန် မလိုပေ။

အဖွဲ့ဝင်က ရှန်ချင်းဟန်ဖြစ်လျှင်မူ ချွင်းချက်ဖြစ်သည်။

ချွင်းချက်အနေဖြင့် ခက်ခဲသောတာဝန်များက တစ်ဦးတည်းပြီးမြောက်ရန် မဖြစ်နိုင်သောကြောင့် အဖွဲ့ဖွဲ့ရန်လိုသည်။ ထို့ကြောင့် အောင်မြင်နိုင်ခြေ ရာခိုင်နှုန်းပြည့်မသေချာသည့်တာဝန်များကို လက်မခံတတ်ပေ။

လီမော့ယွီကမူ သဘောမတူပေ။

''လင်းဇီချန် တာဝန်တွေကို ဘယ်လိုလုပ် မင်းတစ်ယောက်တည်း လုပ်နိုင်တာလဲ။''

''မင်းအားနဲ့ဆိုရင် မင်းအဆင့်နဲ့ဆိုရင် သေချာပေါက်မူလနယ်မြေနဲ့ပက်သက်ပြီး သိရမှာလေ။''

''မူလနယ်မြေက ဆန်းကြယ်သားရဲတွေ ကျက်စားရာနယ်မြေ။ နေရာတိုင်းမှာ သူတို့နဲ့ပြည့်နေတာ။ အဖွဲ့မဖွဲ့ဘဲ လူသားတစ်ယောက်က အဲ့ထဲကို ခြေချဖို့ဆိုတာ မဖြစ်နိုင်ဘူး။''

''လူသားမျိုးနွယ်ရဲ့ အနာဂတ်ကြယ်ပွင့်အနေနဲ့ ငါတို့က မူလနယ်မြေကို အနှေးနဲ့အမြန် ဝင်ရမှာပဲ။ ပြီးတော့ ငါတို့အားတွေက တူပြီး ငါတို့ကအတန်းဖော်တွေဖြစ်ကျတာမလို့ တဖြည်းဖြည်းအဖွဲ့ဝင်အဖြစ်နဲ့ အဆုံးသတ်ကြမှာပဲလေ။''

''အဲ့တာကြောင့် တက္ကသိုလ်လေးနှစ်က ငါတို့အတွေ အဖွဲ့အဖြစ်ပူးပေါင်းဖို့ အကောင်းဆုံးအချိန်မဟုတ်လား။ ငါကတော့ စိတ်ထဲမှာ ဒီလိုမျိုးတွေးထားတာကို မင်းကတော့ ငါနဲ့မစ်ရှင်အတူသွားဖို့ ငြင်းနိုင်တယ်ပေါ့လေ။''

''နောက်မူလနယ်မြေကို သွားတဲ့အခါကျ ငါတို့က အတန်းဖော်တွေမဟုတ်ကြဘူးဆိုရင်တောင် အခုတော့ ငါတို့အဖွဲ့ဖွဲ့တာကို မရပ်လိုက်သင့်ဘူးလေ။''

''ငါတို့နှစ်ယောက်လုံးက အားတူတယ်။ အဖွဲ့ဖွဲ့တာက အတူတူလေ့ကျင့်လို့လည်းရတယ်။ အဖွဲ့အနေနဲ့ အတွေ့အကြုံလည်း ပိုရတယ်။ နောက်ကျမူလနယ်မြေကိုဝင်ဖို့ အတူတူပြင်ဆင်လို့ရတာပေါ့။ သဘောမတူဘူးလား။''

'အရိုးသားဆုံးပြောရရင် ကျောင်းလေးနှစ်တက်တဲ့အတွင်း အခြားသူတွေနဲ့ အဖွဲ့ဖွဲ့တာကို မလေ့ကျင့်ထားဘဲ တစ်ကောင်တည်းဝံပုလွေပဲ လုပ်ဖို့ဆုံးဖြတ်ထားတယ်ဆိုရင် မင်းသေချာပေါက်နောင်တရလိမ့်မယ်။''

''နောင်တရဖို့ အခွင့်အရေးတောင် ရလိုက်မှာမဟုတ်ဘူး။ မူလနယ်မြေကိုဆင်းသွားတာနဲ့ ကြမ္မာဆိုးတဲ့တွေ့မှာပဲ။''

လီမော့ယွီက စကားများလွန်းကာ မရပ်မနားပြောနေပြီး လင်းဇီချန်ကို မိနစ်ဝက်ခန့်ကြာအောင် အကြောင်းပြချက်များ ပေးနေသည်။ ထွက်လာသောစကားလုံးတိုင်းက မြန်လွန်းသောကြောင့် လျှာလိမ်သွားသည်ဟုပင် ထင်ရသည်။

နားထောင်ပြီးနောက်တွင် လင်းဇီချန်က ခေါင်းညိတ်ပြကာ သဘောတူလိုက်သည်။

''မင်းမှန်တယ်။ ဒီတက္ကသိုလ်လေးနှစ်တက်တဲ့အတွင်းမှာ မစ်ရှင်တွေအတွက် အဖွဲ့ဖွဲ့ပြီး အဖွဲ့လိုက်လှုပ်ရှားတတ်ဖို့ လေ့ကျင့်ထားရဖို့က အရေးကြီးတယ်။''

လီမော့ယွီက ပြောသည်က များစွာအဓိပ္ပာယ်ရှိသည်။ သူသည် အထီးကျန်ဝံပုလွေဖြစ်ပေတော့မည်။ အခြားသူများနှင့် အဖွဲ့ဖွဲ့သည်ကို သင်ယူထားရန် လိုအပ်၏။

သို့သော် အဖွဲ့ဝင်များက အင်အားချင်းတူရပေမည်။

ထိုအကြောင်းကိုစဉ်းစားကြည့်လိုက်လျှင် သင့်လျော်သောအဖွဲ့ဝင်မှာ စုန်ယွီယန်နှင့် လျို့ချွမ်ဝူသာ ဖြစ်သည်။

အားလုံးသည် အခြေခံအဆင့် အဆင့်ကိုးဖြစ်ကြကာ အားကလည်း ကွာခြားမှုသိပ်မရှိပေ။

သို့သော်လည်း လျို့ချွမ်ဝူက ဌာနမှူးဖြစ်ကာ အရေးကြီးသောတာဝန်များဖြင့် အလုပ်များနေသောကြောင့် မစ်ရှင်အတူတူလုပ်ရန် အချိန်ရှိမည်မဟုတ်ပေ။ ထို့ထက်အရေးကြီးသည်မှာ ၎င်းတွင် ပြိုင်စံရှားငွေရှာနည်းအမျိုးမျိုးရှိသောကြောင့် တာဝန်များမှ ကျောင်းအမှတ်များကို မလိုအပ်ပေ။ ၎င်းကိုဖယ်လိုက်လျှင် ကျန်သောသူမှာ အစ်မစုန်ယွီယန် ဖြစ်သည်။

သူ၏အားသည် အစ်မစုန်ယွီယန်၏အားကို မသာသေးသော်လည်း သူမကို မစ်ရှင်လုပ်ရန် ခေါ်ကြည့်ရမည်။

လင်းဇီချန်က မိမိဘာသာ တိတ်တဆိတ်တွေးနေမိသည်။ တစ်ဖက်တွင်မူ လင်းဇီချန်သဘောတူသည်ကို ကြည့်ကာ သူနှင့်အဖွဲ့ဝင်ဖြစ်ရန် သဘောတူလိုက်ပြီဟု ထင်သောကြောင့် ကျေကျေနပ်နပ်ဖြင့်ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်လေသည်။

''မဆိုးဘူး။ သင်လွယ်တတ်လွယ်သားပဲ။''

လင်းဇီချန်နှင့်အဖွဲ့ဖွဲ့ရန် အသေးစိတ်အချက်အလက်များကို ပြောရန် ပြင်နေစဉ်တွင်ပင် လင်းဇီချန်က ဦးအောင်ပြောလိုက်သည်။

''ခုနက မင်းမူလနယ်မြေအကြောင်း ပြောလိုက်တယ်နော်။ အဲ့တာနဲ့ပက်သက်ပြီး ဘာသိထားသေးလဲ။ ငါ့ကို များများလေးပြောပြပေးလို့ရမလား။''

''မင်းက မူလနယ်မြေနဲ့ပက်သက်ပြီး အများကြီးမသိထားဘူးလား။''

လီမော့ယွီက ထိုစကားကြောင့် အတန်ငယ်တွေဝေသွားသည်။

ကျောင်းစဖွင့်စဉ်ကတည်းက လင်းဇီချန်၏အင်အားကို ပြသပြီးဖြစ်ကာ မိသားစုနောက်ခံသည်လည်း သေချာပေါက်အားကောင်းရပေမည်။ မဟုတ်လျှင် ထိုသို့ပါရမီထူးအောင် မည်သို့ကျင့်ကြံနိုင်မည်နည်း။

အားကောင်းသောမိသားစုနောက်ခံနှင့်သူသည်သာ မူလနယ်မြေသို့ မကြာခဏသွားနိုင်သောသူမားဖြစ်ကြပေသည်။ ထို့ကြောင့် သူသည် ထိုကိစ္စနှင့်ပက်သက်ပြီး မသိသည်မှာ အဓိပ္ပာယ်မရှိပေ။

All Chapters