← Chapters

အပိုင်း ၁၉၉-၂၀၁

Vol. 14 Ch. 199-201

အပိုင်း ၁၉၉-၂၀၁

Vol. 14 Ch. 199-201

အခန်း (၁၉၉) ကြွက်ဂိုဏ်းနှင့်ဂမ္ဘီရသစ်ပင်ဂိုဏ်းကြားမှပက်သက်ဆက်နွယ်မှု (၃)

သစ်ပင်ဝါးမျိုကုအစေ့သည် လွန်စွာရှာပါးသောမျိုးစေ့ဖြစ်ဟန်ရှိသည်။

ရှန်ချင်းဟန်ကိုဘေးတွင်ထား၍ ခေတ္တမျှစဉ်းစားနေမိသည်။ မကြာမီပင် ရှန်ချင်းဟန်နှင့် လင်းဇီချန်တို့သည် စက်ရုံထဲမှ ထွက်လာကာ အမျိုးသမီးအရာရှိကို ကျောင်းသို့ ပြန်ပို့ခိုင်းလိုက်သည်။ ဂမ္ဘီရသစ်ပင်ဂိုဏ်းနှင့်ပက်သက်ပြီး သိချင်မိသော်လည်း ထိုအရာများနှင့်ဆက်စပ်ရန် ဆန္ဒမရှိပေ။

လုံခြုံရေးအတွက် မည်သည့်မိစ္ဆာဒိဌိဂိုဏ်းကိုမဆို ရှောင်ရှားရန်လိုသည်။ မိမိကိုယ်တိုင်အတွက် မလိုလားအပ်သည့်ပြဿနာများကို မဖန်တီးချင်ပေ။

သေခြင်းတရားဟုသောအန္တရာယ်ကို မဖိတ်ခေါ်သည်နှင့်အမျှ သေနိုင်မည်မဟုတ်ပေ။

…

ကျောင်းသို့အပြန်လမ်းတွင် အမျိုးသမီးအရာရှိက နောက်ခုံတွင်ထိုင်နေသူနှစ်ဦးကို ရံဖန်ရံခါ၌ စစကားလှမ်းစတတ်သည်။ မျက်နှာချိုသွေးရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။ ၎င်းတို့ကို ဝီချက်အကောင့်အပ်နိုင်ပါလျှင် အနည်းငယ်မျှသိကျွမ်းနိုင်မည်ဖြစ်၏။

လင်းဇီချန်ကမူ တစ်လမ်းလုံး နှုတ်ဆိတ်နေသောကြောင့် ရှန်ချင်းဟန်ဖြင့်သာ စကားပြောနေ၏။ အမျိုးသမီးအရာရှိက စကားပြောရန်အတွက် ခေါင်းစဉ်ရှာရာ၌ တော်သည်။

သူမသည် ရှန်ချင်းဟန်၏လှပသောမျက်နှာလေးနှင့် ချစ်စရာကောင်းသောအသွင်အပြင်အကြောင်းကို ချီးကျူးကာ အကောင်းမြင်ခံရအောင်လုပ်နိုင်လိုက်သည်။ ထို့နောက်တွင် အစ်မကြီးလေသံဖမ်းကာ ရှန်ချင်းဟန်နှင့်လင်းဇီချန်တို့၏ဆက်ဆံရေးအကြောင်းကို ဦးတည်သွားသည်။

''တက္ကသိုလ်စာသင်နှစ်ဝက်က ခုမှစတာကိုး။ မင်းတို့နှစ်ယောက်က အတွဲတွေဖြစ်နေပြီ။ အရင်ကတည်းက အချင်းချင်းသိကြတာလား။''

''ဟုတ်တယ်။ ကလေးဘဝကတည်းက ချစ်သူတွေပါ။''

''ကလေးဘဝကတည်းက အချစ်ဇာတ်လမ်းရှိတာပဲ။ အားကျလိုက်တာ။ အစ်မမှာလည်း ကလေးဘဝကတည်းက သဘောကျရတဲ့သူရှိတယ်။ အစ်မက သူ့ကို သဘောကျပေမဲ့လို့ ခုထိ သူငယ်ချင်းအဆင့်ပဲရှိသေးတယ်။ သူနဲ့ပက်သက်ပြီးခံစားချက်ကို ဘယ်လိုထုတ်ပြောရမလဲ မသေချာဘူးလေ။ ဝီချက်အပ်ပြီး ကလေးဘဝက သဘောကျရတဲ့သူကို ဘယ်လိုရအောင်ယူရမလဲဆိုတာ အကြံပေးလို့ရမလား။''

''ရတာပေါ့။''

ရှန်ချင်းဟန်က တွန့်ဆုတ်ခြင်းမရှိဘဲ သဘောတူလိုက်သည်။ အမျိုးသမီးအရာရှိသည် ထိုစကားကို ကြားသောအခါတွင် အတန်ငယ်ဝမ်းသာသွားကာ အမြန်ပင် ဖုန်းကိုပေးကာ ရှန်ချင်းဟန်ကို ဝီချက်အကောင့်အပ်ခိုင်းလိုက်သည်။

လင်းဇီချန်ကမူ စကားပြောနေသည်ကို နားထောင်ကာ အမျိုးသမီးအရာရှိက ရင်းနှီးရန် ကြိုးစားနေသည်ကို နားလည်သည်။

သို့သော်လည်း ဝီချက်အပ်ပေးခြင်း ဆိုးဝါးသည့်ကိစ္စမဟုတ်ပေ။ ထို့ကြောင့် ရှန်ချင်းဟန်ကို မတားလိုက်ခြင်းသာဖြစ်သည်။

''အင်း။''

လုံခြုံရေးကားသည် မြို့စွန်မြို့ဖျားမှ ထွက်ခွာလာခါနီးတွင် လင်းဇီချန်က မျက်ခုံးအသာကြုတ်လိုက်သည်။ ကားပြတင်းပေါက်မှတစ်ဆင့် လမ်းတစ်ဖက် မလှမ်းမကမ်းတွင် ပုံမှန်မဟုတ်သည့်ကြွက်အကြီးကြီးတစ်ကောင်ကို သတိထားမိသွားသည်။

ထိုကြွက်သည် လမ်းတစ်ဖက်မှ အမှိုက်များကြားတွင် တွင်းတူးနေကာ ခဏချင်းအတွင်းပင် ဂရုတစိုက်ဖြင့် ထိုတွင်းကို မြေပြန်မြုပ်သည်။ တစ်ခုခုကို စိုက်နေဟန်ပေါ်သည်။

လင်းဇီချန်အတွက်မူ ထိုမြင်ကွင်းက ကျောချမ်းစေလောက်သည့်ခန့်မှန်းသုံးသပ်ချက်မျိုးကို ရသွားစေသည်။

ကြွက်တစ်ကောင်က ဂမ္ဘီရသစ်ပင်ဂိုဏ်းအတွက် အပင်မျိုးစေ့များ လိုက်စိုက်ပေးနေလျှင် သာမာန်ကြွက်မျိုး မဟုတ်နိုင်တော့ပေ။

သာမန်မဟုတ်လျှင် ပထမဆုံးစိတ်ထဲတွင်တွေးမိလိုက်သည်မှာ ကြွက်နတ်ဘုရားဂိုဏ်းသာ ဖြစ်မည်။ ကြွက်နတ်ဘုရားဂိုဏ်းကို အမြစ်ပြတ်မသုတ်သင်နိုင်ခဲ့ပါသည်လော။ မဟုတ်လျှင် ဂမ္ဘီရသစ်ပင်ဂိုဏ်းဖြင့် ပူးပေါင်းသွားသည်လော။

မိစ္ဆာဒိဌိဂိုဏ်းနှစ်ခုလုံးတွင် ထူးဆန်းသောနာမည်မျိုးရှိသည်။ အဖွဲ့အစည်းတစ်ခုအောက်မှ ဂိုဏ်းခွဲများပင်လော။

ခဏချင်းအတွင်းပင် လင်းဇီချန်က ဖြစ်နိုင်ချေများစွာကို တွေးလိုက်မိသည်။

ထို့ကြောင့် ကားမောင်းနေသောအမျိုးသမီးအရာရှိကို တောင်းဆိုလိုက်၏။

''တစ်ဆိတ်လောက်ပါ။ ခေါင်းဆောင်ဖန်းကို ဆက်သွယ်ပေးလို့ရမလား။''

''အခုလား။''

''ဟုတ်ကဲ့။''

''ဆက်သွယ်လိုက်ပြီ။''

အမျိုးသမီးအရာရှိက ဝေါ်ကီတော်ကီဖြင့်ခေါ်ကာ လင်းဇီချန်ကို ပေးလိုက်သည်။ လင်းဇီချန်က ဝေါ်ကီတော်ကီကိုယူလိုက်ပြီး စောနကမြင်ခဲ့သောမြင်ကွင်းနှင့် မိမိ၏သံသယများကို ပြောပြလိုက်သည်။

ပြောပြီးနောက်တွင်မူ သူ၏တာဝန်ပြီးမြောက်သွားပြီဟု ခံစားလိုက်ရသည်။

ထို့နောက်တွင် ရှန်ချင်းဟန်ဘက်သို့လှည့်ကာ ဖြစ်ပျက်သမျှကိုပြောပြပြီး ယွမ်သုန်ကျီကို ဝီချက်မှတစ်ဆင့်ပြောရန် တောင်းဆိုသည်။

မိမိကိုယ်တိုင် အဆင့်မြင့်အဆင့်သက်ရှိမဟုတ်သောကြာင့် မိမိလုံခြုံရေးကို ဦးစားပေးကာ လုပ်နိုင်သည့်အတိုင်းအတာအထိသာ လုပ်သည်။ လမ်းဘေးတွင် မြင်ခဲ့သောကြွက်ကြီးသည် သွားလည်းမတိုက်ချင်သကဲသို့ ထိလည်းမထိရဲပေ။

ယခုအဆင့်တွင် မိမိသည် အသက် (၁၈) နှစ် ပြည့်ပြီးသောလူသစ်တစ်ယောက်သာဖြစ်ကာ မိစ္ဆာဒိဌိဂိုဏ်းကဲ့သို့သော် အုပ်စုကြီးအတွက် ပြိုင်ဘက်မဟုတ်သေးပေ။ ထိုသို့အရာမျိုးကို ရန်သွားမစသည်ကသာ ပိုကောင်းပေသည်။

လုပ်နိုင်သောတစ်ခုတည်းသောအရာမှာ မြင်လိုက်ရသောရင်ထိတ်ဖွယ်မြင်ကွင်းကို သက်ဆိုင်သူအား အကြောင်းကြားခြင်းသာဖြစ်ပြီး မိမိ၏ထင်မြင်ချက်နှင့် အသေးစိတ်အချက်အလက်များကို ပြောပြမှသာ ၎င်းတို့ရင်ဆိုင်ကိုင်တွယ်နိုင်မည်ဖြစ်သည်။

…

အချိန်ကုန်သည်က မြန်ဆန်လှသည်။ မျက်စိတစ်မှိတ်အတွင်းတွင်ပင် လဝက်ခန့် ကုန်သွားသည်။ လင်းဇီချန်က လက်နက်ကိုင်မှောင်ခိုသမားများကို ဖမ်းမည့်မစ်ရှင်ကိုယူပြီး ရှန်ချင်းဟန်နှင့်အတူ လုပ်ဆောင်သည်။ ထိုလက်နက်ကိုင်မှောင်ခိုသမားများအားလုံးက ရက်စက်ကြမ်းကြုတ်သောစရိုက်ရှိကြသည်။

၎င်းတို့ကို လာဖမ်းမည့်သူ ရောက်လာသည်ကို သိလျှင်သိချင်းပင် နှစ်ခွန်းပြောမနေဘြ စက်သေနတ်များဖြင့် ပစ်ခတ်သည်။ ယခင်တစ်ခေါက်က တွေ့ခဲ့သည့်စက်ရုံအပျက်ထဲမှ ဆေးမှောင်ခိုသမားများကဲ့သို့ပင် ဖြစ်သည်။

ယခုတစ်ခေါက်တွင် လင်းဇီချန်က ဦးဆောင်သည်။

သူသည် အကြင်နာကင်းမဲ့ပြီး စကားနည်းသောသူတစ်ဦးဖြစ်သည်။ တစ်ဟုန်ထိုးအရှိန်ဖြင့် ရှေ့တက်ပြီး ရန်သူများ၏အဓိကအားကို ချေမွေဖျက်ဆီးပစ်သည်။ ရှန်ချင်းဟန်လေ့ကျင့်ရန်အတွက် အနည်းငယ်ချန်ထားပေးသည်။

ယခင်တစ်ခေါက်နှင့်နှိုင်းစာလျှင် ရှန်ချင်းဟန်သည် ပို၍ကောင်းစွာ လုပ်ဆောင်နိုင်လာသည်။ ယခင်ကထက် ပို၍ဆိုးသောသွေးထွက်သံယိုမြင်ကွင်းများဖြင့် ရင်ဆိုင်ရသည်ကိုပင် ပါးစပ်ကိုအုပ်၍ မပျို့အန်တော့ပေ။ သူမ၏စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်က များစွာတိုးတက်လာသည်။

ထို့ကြောင့်ပင် လင်းဇီချန်တစ်ယောက် စိတ်ချသွားသည်။

…

သုံးရက်ခန့်ကြာပြီးနောက်တွင် အဖွဲ့ကိုဦးဆောင်နိုင်စွမ်းကို လေ့ကျင့်ရန် ရည်ရွယ်ချက်ဖြင့် လင်းဇီချန်က စုန်ယွီယန်ကို ဖိတ်ခေါ်ကာ ခရက်ဒစ်မှတ်များတူတူရနိုင်မည့်မစ်ရှင်များကို လုပ်ဆောင်ကြသည်။ စုန်ယွီယန်ကလည်း သဘောတူပေသည်။

ထိုကိစ္စကို ဆွေးနွေးပြီးနောက်တွင် စုန်ယွီယန်က သူမအကြံပေး၏အကြံဉာဏ်ကိုယူပြီး စက်ပြုပြင်လူသားတစ်ယောက်ကို သုတ်သင်ရမည့်မစ်ရှင်ကို ရွေးလိုက်သည်။

ထိုစက်ပြုပြင်လူသားသည် ဘဏ်များစွာကို ဓားပြတိုက်ပြီး လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့် ဆိုးသွမ်းလှသောရာဇဝတ်သားတစ်ယောက် ဖြစ်သည်။ သူ၏အင်အားက ကျွမ်းကျင်အဆင့်ပထမအဆင့်ဖြစ်သည်။

သို့သော်လည်း သူသည် ခန္ဓာကိုယ်သန့်စင်ခြင်းပထမအဆင့်ကို အောင်မြင်ထားပြီးဖြစ်ကာ ကျန်တစ်ယောက်က ခန္ဓာကိုယ်သန့်စင်ခြင်းဒုတိယအဆင့်ကို ပြီးမြောက်ထားသူဖြစ်သည်။ နှစ်ဦးလုံးက ခန္ဓာကိုယ်ပိုင်းဆိုင်ရာတွင် လွန်စွာကြံ့ခိုင်ကြပေသည်။

ပြင်ဆင်မှုအပြည့်အဝဖြင့် အဆင့်မြင့်အဆင့်ပထမအဆင့်စက်ပြုပြင်လူသားကို တိုက်ခိုက်လျှင် အနည်းဆုံး နိုင်နိုင်ခြေ (၈၀) ရာခိုင်နှုန်းရှိသည်။ မနိုင်နိုင်လျှင်လည်း လွယ်လင့်တကူပင် ပြန်ဆုတ်နိုင်သည်။

မစ်ရှင်ကိုလက်ခံပြီး နောက်တစ်နေ့တွင် လင်းဇီချန်နှင့်စုန်ယွီယန်တို့သည် မစ်ရှင်လုပ်ရမည့်နေရာသို့ ထွက်ခွာသွားကြသည်။ ထို့နောက်တွင် သုံးရက်မျှရှာဖွေပြီးနောက်၌ ပစ်မှတ်ကို ရှာတွေ့သွားကြကာ လွယ်လွယ်ကူကူပင် ဖြေရှင်းလိုက်နိုင်သည်။

ဆုကြေးကို တစ်ဝက်စီခွဲယူကြသည်။

လင်းဇီချန်က ခရက်ဒစ်မှတ် (၅၀၀) ရလိုက်သည်။

…

နှစ်ပတ်ခန့်ကြာပြီးနောက်တွင် အဆင်ပြေချောမွေ့ခဲ့သည့်အဖွဲ့ဖြင့်ပူးပေါင်းလုပ်ဆောင်ခြင်းအတွေ့အကြုံကြောင့် စုန်ယွီယန်ကပင် ဦးစွာလင်းဇီချန်ကို မစ်ရှင်လုပ်ရန်စခေါ်သည််။ အဖွဲ့ဖွဲ့၍ မစ်ရှင်လုပ်ကာ ခရက်ဒစ်မှတ်များယူရန်ဖြစ်သည်။

သူမသည် ဂမ္ဘီရသစ်ပင်ဂိုဏ်းမှအဖွဲ့ဝင်တစ်ဦးကို သတ်ရမည့်မစ်ရှင်ကို မျက်စိကျနေသည်။ ပစ်မှတ်သည် ဂမ္ဘီရသစ်ပင်ဂိုဏ်း၏အကြီးအကဲတစ်ဦးဖြစ်ကာ အဆင့်မြင့်အဆင့်ပထမအဆင့်ကို ဆင့်ကဲပြောင်းလဲထားသော သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲသူတစ်ဦးဖြစ်သည်။

နှစ်ဦးပေါင်းပြီး ထိုသူကို အလွယ်တကူပင် တိုက်ခိုက်နိုင်မည်။

ထိုတာဝန်က စက်ပြုပြင်လူသားကို တိုက်ခိုက်ရသည့်မစ်ရှင်ထက် ပို၍လွယ်ကူပေမည်။ သို့သော်လည်း ပစ်မှတ်သည် ဂမ္ဘီရသစ်ပင်ဂိုဏ်း၏အကြီးအကဲဖြစ်သည်ဟု လင်းဇီချန်ကြားလိုက်သောအခါတွင် နှစ်ခါမစဉ်းစားဘဲဖြင့်ပင် ငြင်းလိုက်သည်။

ယခုအဆင့်၌ မိစ္ဆာဒိဌိဂိုဏ်းနှင့်ပက်သက်သည့် မစ်ရှင်များကို မစဉ်းစားသေးပေ။ ထိုသူများနှင့်ပက်သက်ရန် ကြောက်မိသောကြောင့်သာ ဖြစ်သည်။

မိသားစုက ယခုတွင်မှ ရှန်ဟိုင်းတက္ကသိုလ််တွင် အခြေကျစဖြစ်ကာ ကျောင်း၏အကာအကွယ်အောက်တွင် ရောက်ခါစသာရှိသေးသည်။ ပြဿနာမှာ ထိုမိစ္ဆာဒိဌိများက နေရာအနှံ့အပြားတွင် ရှိကြသည်။ ရှန်ဟိုင်းတက္ကသိုလ်ထဲတွင်လည်း ဂမ္ဘီရသစ်ပင်ဂိုဏ်း၏မိစ္ဆာဒိဌိများမရှိနိုင်ဟု မည်သူပြောရဲမည်နည်း။

လင်းဇီချန်က ထိုသို့ထင်မိသောကြောင့်သာ ဖြစ်သည်။

ထို့အပြင် လုကန်းနှင့်ဝမ်ရှုကျဲတို့၏ မတော်မဆမှုကို မနေ့တစ်နေ့ကကဲ့သို့ပင် မှတ်မိနေသေးကာ တစ်ချိန်လုံးစိတ်ထဲတွင် စွဲထင်ကျန်နေလေ၏။

အခန်း (၂၀၀) လူသစ်များ၏ပြိုင်ပွဲ

အချိန်က လျင်မြန်စွာ ကုန်ဆုံးနေသည်။ သတိမထားမိလိုက်ခင်တွင်ပင် လူသစ်များ၏ ပထမစာသင်နှစ်ဝက်ပင် ပြီးဆုံးခါနီးလေပြီ။

ဒီဇင်ဘာလကုန်ခါနီးတွင် ရာသီဥတုက ပိုအေးလာသည်။ ထိုနေ့က လင်းဇီချန်သည် သုတေသနတက္ကသိုလ်သို့ ထက်မသွားတော့ဘဲ အဆောင်တွင်နေပြီး ခန္ဓာကိုယ်ကို သန့်စင်သည်။ ထိုသို့ဖြ့် ညနေလေးနာရီထိုးသွား၏။ ခန္ဓာကိုယ်သန့်စင်ခြင်းလည်း ပြီးမြောက်သွားသည်။

လင်းဇီချန်က ဖြည်းဖြည်းချင်း မျက်လုံးဖွင့်ကာ နှုတ်ခမ်းလေးကို ကွေး၍ လှပသောအပြုံးလေးကို ထုတ်ဖော်လိုက်သည်။

ဒုတိယအဆင့်ခန္ဓာကိုယ်သန့်စင်ခြင်း ပြီးမြောက်သွားခြင်းပင် ဖြစ်၏။

သွေးမျိုးဆက်စွမ်းအားများမရှိဘဲဖြင့် ကြံ့ခိုင်သောခန္ဓာကိုယ်ဖြင့် အဆင့်မြင့်အဆင့်ပထမတန်းစားအားသန်သောသူကိုပင် ယှဉ််နိုင်လေပြီ။

အသန်မာဆုံးအောင်မြင်မှု၊ လူမှုရေးသတ္တဝါ၊ လျင်မြန်စွာကုစားခြင်းတို့ကဲ့သို့သောသွေးမျိုးဆက်စွမ်းအားများပါ ပေါင်းထည့်လိုက်လျှင် လင်းဇီချန်၏အင်အားသည် အနည်းဆုံးတွင် ကျွမ်းကျင်အဆင့်ဒုတိယအဆင့်သမားကိုပင် ယှဉ်နိုင်လေသည်။

''ရှောင်ချန် ငါခန္ဓာကိုယ်သန့်စင်ခြင်းကို တစ်ခါတည်းနဲ့ အောင်မြင်သွားပြီ။''

အနားတွင်ရှိသောရှန်ချင်းဟန်က ရုတ်တရက်ပင် စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည်။ လှပသောမျက်နှာလေးက ပျော်ရွှင်မှုကြောင့် ဝင်းလက်နေသည်။ လင်းဇီချန်က သူမကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်ပြီး အနည်းငယ်မျှအံ့ဩစရာကောင်းသည်ဟု ထင်မိသည်။

သူမသည် သွေးသန့်စင်ခြင်းကျင့်စဉ်ကို ကျင့်သည်က ဘယ်လောက်ကြာသေးသနည်း။

သုံးလလောက်ပင် မရှိသေးပေ။

ခန္ဓာကိုယ်သန့်စင်ခြင်းကို အောင်မြင်သွားပြီလား။

ပြောလျှင်လည်း ချဲ့ကားလွန်းရာကျမည်။ ခေတ္တမျှအံ့ဩနေမိရင်းဖြင့် လင်းဇီချန်က ခံစားချက်များကို ပုံမှန်ဖြစ်အောင် ထိန်းချုပ်လိုက်ပြီး ပျော်ရွှင်စွာဖြင့် ရှန်ချင်းဟန်ကို ပြောလိုက်သည်။

''မင်းရဲ့ထူးခြားတဲ့ခန္ဓာကိုယ်က ငါထင်ထားတာထက်တောင်မှ ပိုပြီးအစွမ်းကြီးနေသေးတယ်။ ရေနဲ့ နည်းနည်းလေးပဲဖြစ်ဖြစ် ဆက်စပ်နေရင် သာမန်သူတွေပိုကောင်းတာကို မင်းကိုလုပ်ပြနိုင်တာပဲ။ မင်းမှာ တောက်ပတဲ့အနာဂတ်ရှိနေပြီ။''

''ဒါတွေအားလုံးက ငါကလေးဘဝတုန်းက ဘောင်းဘီစိုပြီး လှောင်ပြောင်ခံရတာတွေကြောင့်ပဲ။ ခုတော့ သေချာပေါက် အထင်ကြီးစရာဖြစ်လာပြီ။''

ရှန်ချင်းဟန်က ရယ်မောရင်းဖြင့် ပြောလိုက်သည်။ သို့သော် ပြော၍မဆုံးခင်တွင်ပင် မျက်မှောင်အသာကြုတ်ကာ ဆိုလိုက်၏။

''ရှောင်ချန် ပထမအဆင့်ခန္ဓာကိုယ်သန့်စင်တာပြီးမြောက်တာနဲ့ သွေးမျိုးဆက်အဆင့်က အခြေခံအဆင့်နဝမအဆင့်အထိ ဆင့်ကဲပြောင်းလဲမယ်လို့ ပြောခဲ့တယ်မဟုတ်လား။ ငါက ဘာလို့ အခြေခံဆဌမအဆင့်မှာပဲ ရှိရသေးတာလဲ။''

ထိုမေးခွန်းက လင်းဇီချန်ကို နေရာတွင်ပင် အမှောင်ကျကာ စုံလုံးကန်းသွားစေသည်။

မိမိ၊ စုန်ယွီယန်နှင့် လျို့ချွမ်ဝူသုံးကီးသည်သာ ပထမဆင့်ခန္ဓာကိုယ်သန့်စင်ခြင်းပြီးနောက် အခြေခံအဆင့်အဆင့်ကိုးသို့ ဆင့်ကဲပြောင်းလဲခြင်း ဖြစ်သည်။

ရှေ့တွင် ဥပမာသုံးခုရှိနေသောကြောင့် ပထမအဆင့်ခန္ဓာကိုယ်သန့်စင်ခြင်းပြီးမြောက်လျှင် သွေးမျိုးဆက်စွမ်းအားအဆင့် အခြေခံအဆင့်အဆင့်ကိုးထိ ဆင့်ကဲပြောင်းလဲရန် အင်အားကောင်းသောခန္ဓာကိုယ်လိုအပ်သည်။

သို့သော် ရှန်ချင်းဟန်၏ အခြေအနေကို ခန့်မှန်းကြည့်ကာ ထိုဥပဒေသက မှားနေသည်ကို သိလိုက်ရသည်။ ခေတ္တမျှစဉ်းစားပြီးနောက်တွင် လင်းဇီချန်က စဉ်းစားလိုက်သည်။ မကြာခင်တွင်ပင် အဖြေတစ်ခုကို စဉ်းစားမိသွားသည်။

ရှန်ချင်းဟန်ကို ရှင်းပြလိုက်လေသည်။

''ဘာဖြစ်သွားလဲဆိုတာ ငါသိပြီ။''

''ပုံမှန်ဆိုရင် သွေးသန့်စင်ခြင်းကျင့်စဉ်ကို ကျင့်တဲ့သူတွေက ချီသွေးဓာတ်မြင့်တဲ့သူတွေလေ။ ဆိုလိုတာက သူတို့ရဲ့ခန္ဓာကိုယ်အားက မွေးရာပါစွမ်းအားမြင့်တယ်လို့ ဆိုလိုတာပဲ။''

''ခန္ဓာကိုယ်ပါရမီမြင့်မားတဲ့သူတွေက သွေးသန့်စင်ခြင်းကျင့်စဉ်ကို လေ့ကျင့်တဲ့အခါမှာ အောင်မြင်မှုကြီးကြီးမားမားရကြတယ်။''

''အပြန်အလှန်အနေနဲ့ ခန္ဓာကိုယ်ပါရမီစွမ်းအားနည်းတဲ့သူတွေကတော့ သွေးသန့်စင်ခြင်းကျင့်စဉ်ကျင့်ရင် အကျိုးကျေးဇူးနည်းနည်းပဲရမယ်။''

''မင်းကကျ ခန္ဓာကိုယ်ပါရမီစွမ်းအားက နည်းတယ်လေ။ သွေးသန့်စင်ခြင်းကျင့်စဉ်ကို ဘာလို့ လေ့ကျင့်နိုင်ပြီး ကောင်းကောင်းလုပ်နိုင်တာလဲဆိုတော့ သွေးထိန်းချုပ်နိုင်စွမ်း မြင့်နေလို့ကြောင့်ပဲ။''

''အရှင်းဆုံးပြောရရင် မင်းရဲ့သွေးထိန်းချုပ်နိုင်စွမ်းက အရမ်းကောင်းတယ်။ င့ါထက်တောင်မှ သာတယ်။ ဒါပေမဲ့ ချီသွေးအားကကျ မကောင်းဘူး။ အဲ့တာကြောင့် သန့်စင်လိုက်တဲ့ခန္ဓာကိုယ်င်အားကလည်း သိပ်မကောင်းဘူး။''

ရှင်းပြချက်က ကျိုးကြောင်းဆီလျော်ပြီး လက်ခံနိုင်ဖွယ်ရှိသည်။

ထိုရှင်းပြချက်ကို ကြားသောအခါတွင် ရှန်ချင်းဟန်တစ်ယောက် အတန်ငယ်စိတ်ဓာတ်ကျသွားမိသည်။

''နင်ပြောသလိုဆို ငါက နင့်ကို ဘယ်တော့မှာ မမှီနိုင်ဘူးလို့ ဆိုလိုတာပေါ့။''

တစ်စုံတစ်ယောက်က မိမိကို အမှီလိုက်နိုင်ပါလျှင် မည်သို့ အဓိပ္ပာယ်သက်ရောက်သွားမည်နည်း။

လင်းဇီချန်က သူမကို နှစ်သိမ့်ပေးလိုက်သည်။

''မင်းက ငါ့ထက် ခန္ဓာကိုယ်ကြံ့ခိုင်အား နည်းနည်းပဲနည်းတာပါ။ အခြားဟာတွေမှာ မင်းအမှီလိုက်နိုင်တာပဲ။ ဥပမာပြောရရင် မင်းရဲ့ထူးဆန်းတဲ့စူပါစွမ်းအားကို ရှာဖွေနေတုန်းပဲလေ။''

''အမှန်ပဲ။ ငါကိုက စိတ်မရှည်ဖြစ်နေတာ။''

ရှန်ချင်းဟန်က ချိုသာစွာပြုံးပြပြီး စိတ်အခြေအနေပြန်လည်ကောင်းမွန်သွားပေသည်။

…

နောက်တစ်နေ့တွင် လင်းဇီချန်သည် မနက်စောစောထပြီး မရောက်တာကြာပြီဖြစ်သော သုတေသနတက္ကသိုလ်သို့ သွားသည်။ စုန်ယွီယန်နှင့်အတူ အတွင်းကြောအမှတ်များကို အသက်သွင်းရန်အတွက် သွားခြင်းဖြစ်၏။

တစ်မနက်ခင်းလုံး သုတေသနလုပ်ကြသော်လည်း ရလဒ်ထွက်မလာပေ။ တိတိကျကျဆိုရပါလျှင် ကောင်းကင်လူသားအဖွဲ့အစည်းထဲသို့ ဝင်လိုက်သည့်အချိန်မှစ၍ ယခုအချိန်အထိ ရလဒ်မထွက်သေးပေ။

''ဘယ်လိုလုပ်မှ အတွင်းကြောအမှတ်တွေကို အသက်သွင်းလို့ရမှာလဲ။''

စုန်ယွီယန်က အတန်ငယ်စိတ်ပျက်နေမိကာ မျက်နှာက စိုးရိမ်ပူပန်မှုဖြင့် ပြည့်နှက်နေသည်။ သူမ၏သုတေသနအတွက် စိတ်အားထက်သန်မှုကလည်း မြေကြီးထဲသို့ပင် ဝင်နေပြီဖြစ်သည်။

ခေတ္တမျှစဉ်းစားလိုက်ပြီးနောက်တွင် လင်းဇီချန်က ပြောလိုက်သည်။

''ခန္ဓာကိုယ်သန့်စင်ခြင်းငါးကြိမ်လောက်ပြီးမှ အတွင်းကြောအမှတ်တွေကို ဖွင့်နိုင်မယ်ထင်လား။''

စုန်ယွီယန်က ခေါင်းခါပြလိုက်မိသည်။

''မဖြစ်နိုင်ဘူး။ ခန္ဓာကိုယ်သန့်စင်ခြင်းငါးကြိမ်ပြီးမှသာ အတွင်းကြောအမှတ်ကို ဖွင့်နိုင်မယ်ဆိုရင် သွေးသန့်စင်ခြင်းကျင့်စဉ်ပြန့်နှံ့သွားဖို့က အတန်ငယ်ကို အားနည်းသွားပြီ။''

လင်းဇီချန်က ခေါင်းညိတ်ပြလိုက်ကာ အဓိပ္ပာယ်ရှိသည်ဟု ထင်မိသည်။

အတွင်းကြောအမှတ်များဖွင့်မည့်အကြောင်းကို ခေတ္တမျှဆွေးနွေးပြီးနောက်တွင် ထိုအကြောင်းကိုရပ်၍ အခြားအကြောင်းများကို ပြောဆိုနေကြသည်။ စုန်ယွီယန်ပြောသည်များကို လင်းဇီချန်က နားထောင်သည်က များသည်။

ဆွေးနွေးနေသည်က ခေါင်းဆောင်အချို့၏စုတ်ချာလွန်းသည့်ကိုယ်ပိုင်ဘဝများအကြောင်းသို့ ရောက်သွားသည်။ လက်ထပ်ပြီးသားဖြစ်သော်လည်း ကျောင်းထဲတွင် ခိုးကြောင်ဝှက်ကြောင်ဖြင့် ဖောက်ပြန်နေကြကြောင်းမှနေ၍ မိမိ၏စိတ်ဝင်စားမှုကိုရရန် အပြင်းအထန်ကြိုးစားနေကြသောဆရာများက နေ့တိုင်းပင် လက်ဆောင်များလာပေးတတ်ကြောင်း၊ သူမ ဘယ်နှကြိမ်ကြိမ်ငြင်းငြင်းအရေးမလုပ်ကြောင်းအထိ ပြောမိကြသည်။

လင်းဇီချန်က ထိုကိစ္စများကို စိတ်မဝင်စားပေ။

ယဉ်ကျေးမှုအရ ခေတ္တမျှနားထောင်နေပြီးနောက်တွင် မေးလိုက်လေသည်။

''ဒါပနဲ့ အစ်မရန် အခု အစ်မဆီမှ ခရက်ဒစ်မှတ် ဘယ်လောက်လောက် သိမ်းထားတာရှိလဲ။''

သူသည် လူသစ်သာဖြစ်သောကြောင့် ခရက်ဒစ်များများပေးသည့်အဆင့်မြင့်တာဝန်များကို မလုပ်ဆောင်နိုင်သေးသည်ကို စဉ်းစားမိသွားခြင်းဖြစ်သည်။ အဆင့်မြင့်တာဝန်များကို စုန်ယွီယန်၏အကောင့်ဖြင့်ယူ၍ အတူလုပ်ဆောင်ပါလျှင် ခရက်ဒစ်မှတ်များကို တစ်ယောက်တစ်ဝက်ခွဲနိုင်မည်ဖြစ်သည်။

''မင်းဘာသာမင်းရော ရေဖူးလား။''

စုန်ယွီယန် တအံ့တဩဖြင့် မေးလိုက်သည်။

''ဟင့်အင်း။''

''ငါ့ကိုယုံတာလား။ ငါအကုန်ဖြတ်လုသွားမှာမကြောက်ဘူးလား။''

''အစ်မရန်က အဲ့လိုလူစားမှမဟုတ်တာ။''

''ဟားဟား ငါ့ကိုယုံပေးလို့ ကျေးဇူးတင်ပါတယ်။ ယုံကြည်ခံရတာ ကောင်းသားပဲ။''

စုန်ယွီယန်က ပြုံးပြလိုက်ပြီး ထပ်ပြောလိုက်သည်။

''င့ါရဲ့နည်းပြအကောင့်ထဲမှာတော့ သိမ်းထားတဲ့ခရက်ဒစ်မှတ် (၂၄၀၀) ရှိတယ်။''

ခရက်ဒစ်မှတ် (၂၄၀၀) လော။

မျောက်လွှဲကျော်လူဝံသားသည်ပင် တစ်ကီလိုဂရမ်လျှင် အမှတ်နှစ်ဆယ်ကျကာ (၉၉) ကီလိုဂရမ်လျှင် စာရင်းဖွင့်ရန် လုံလောက်လေပြီ။

စဉ်းစားရင်းဖြင့် လင်းဇီချန်က ပြောလိုက်သည်။

''အစ်မရန် ကျွန်တော် မျောက်လွှဲကျော်လူဝံသား (၉၉)ကီလိုဂရမ်လောက်ဝယ်ချင်တယ်။ ခရက်ဒစ်ဆိုင်ကနေမှာပြီး သုတေသနတက္ကသိုလ်ကို ပို့ခိုင်းလို့ရမလား။''

''ဘာလို့ အဲ့လောက်များတဲ့ မျောက်လွှဲကျော်လူဝံသားကို ဝယ်တာလဲ။''

''ပြောပြဖို့က အတော်လေးအဆင်မပြေလို့ပါ။'’

အခန်း (၂၀၁) လူသစ်များ၏ပြိုင်ပွဲ

''ဝယ်ချင်တာ သေချာလို့လား။ သေချာရင် ငါအော်ဒါတင်လိုက်တော့မယ်။''

''လုပ်လိုက်တော့''

''အဲ့လိုဆို အခုတင်လိုက်ပြီနော်။''

စုန်ယွီယန်က အမှတ်ဆိုင်ကိုဖွင့်၍ မျောက်လွှဲကျော်လူဝံကြီးသား (၉၉) ပေါင်ကိုအော်ဒါတင်ကာ အမှတ် (၁၉၈၀) မှတ်ကျသင့်ပေသည်။

…

မွန်းလွဲပိုင်း လေးနာရီခွဲဝန်းကျင်တွင် မျောက်လွှဲကျော်လူဝံသား ရောက်လာသည်။ လင်းဇီချန်က အသားကို ကောက်ယူပြီး သုတေတနတက္ကသိုလ်မှနေ၍ အဆောင်သို့ ပြန်လာခဲ့သည်။

အဆောင်တံခါးကို ပိတ်ပြီးပြီးချင်းပင် လာပို့်သည့်ဘူးထဲမှ မျောက်လွှဲကျော်လူဝံကြီးသားကို ထိရန် မစောင့်နိုင်တော့ပေ။ အတွေးတစ်ခုဖြင့် ဝါးမျိုခြင်းစွမ်းအားကို ထုတ်သုံးလိုက်သည်။

(သင်သည် အဆိပ်တစ်သောင်းလူဝံကြီး၏ အသက်ဓာတ်ကို ရရှိပါပြီ။)

(အဆိပ်တစ်သောင်းလူဝံကြီးသား အောင်မြင်ခြင်း - ၁၀၀ရာခိုင်နှုန်း။)

အချက်အလက်ပေါ်လာသောအခါတွင် မည်းနက်နေသောလူဝံကြီးက မြက်တောထဲမှ အရောင်စုံဆန်းကြယ်မြွေတစ်ကောင်ကို အမဲလိုက်နေသောပုံမျိုးကိုပါ မြင်လိုက်ရသည်။

ထိုထူးဆန်းသောမြွေက အဆိပ်ပြင်းလှကာ ဂလန်းအိတ်များထဲတွင်လည်း ကြောက်စရာကောင်းသောအဆိပ်များဖြင့် ပြည့်နေသည်။ အဆိပ်တစ်စက်ကပင် ထောင်ချီသောဆင်ကြီးများကို သေစေနိုင်သည်။

သို့သော်လည်း အဆိပ်ပြင်းလှသောမြွေကြီးသည် တိုက်ခိုက်နေစဉ်၌ လူဝံကြီးကို ဆယ်ကြိမ်မကကိုက်သော်လည်း လဲကျအောင်မစွမ်းဆောင်နိုင်ပေ။ အဆုံးသတ်တွင်မူ လူဝံကြီးက မြွေကို အရသာရှိသောအစပ်ချောင်းနှယ် ဝါးစားပစ်လိုက်သည်။

ထို့နောက်တွင် အချက်အလက်နှစ်ခုက လေဟာနယ်ထဲတွင် ဖြည်းဖြည်းချင်းပေါ်လာသည်။

(သင်သည် အဆိပ်တစ်သောင်းမျောက်လွှဲကျော်စွမ်းအားကို အောင်မြင်သွားကာ အဆိပ်တစ်ရာခံနိုင်အားဟုသော သွေးမျိုးဆက်စွမ်းအားတစ်ခုကို ရရှိပါသည်။)

(အဆိပ်တစ်ရာခံနိုင်စွမ်းအား - သင်၏အဆိပ်ဒဏ်ခံနိုင်မှုသည် သိသိသာသာ တိုးမြင့်လာပါပြီ။)

စွမ်းအားဖော်ပြချက်ကို စာလုံးရေအနည်းငယ်ဖြင့်သာ ရေးပြထားကာ ရိုးရှင်းပြီး ရက်စက်သည်။ စကားလုံးပို၍နည်းလေလေ ဖော်ပြသောအကြောင်းအရာက ပို၍ထင်ရှားလေလေ ဖြစ်သည်။ ဖော်ပြချက်နည်းလျှင် စွမ်းအား၏လုပ်နိုင်စွမ်း ပိုအားကောင်းလေလေဖြစ်သည်။

မကြာခင်တွင်ပင် လင်းဇီချန်က ကျောင်း၏ဧည့်ခန်းနေရာသို့သွားပြီး ဟွားရှီစစ်သည်အစပ် အသားတစ်ဆက်ကို ဝယ်လိုက်သည်။

ယခင်ဘဝတွင် ထိုမျှအစပ်ကို စားလျှင် ဝမ်းလျှောမည်သာ ဖြစ်သည်။ ယခုဘဝတွင်လည်း အတူတူပင်ဖြစ်ကာ တစ်ခါစားလျှင် တစ်ခါဝမ်းလျှောသည်။

ယခုတွင်မူ အဆိပ်တစ်ရာခံနိုင်စွမ်းအားရှိသောကြောင့် စားပြီးလျှင် ဝမ်းလျှောမည်လားဆိုသည်ကို စမ်းကြည့်ချင်သည်။ အသားတစ်ဆက်စာအတွက် ငွေပေးပြီးနောက်တွင် လင်းဇီချန်က ဆေးခန်းသို့သွားကာ မေ့ဆေးတစ်ဘူးကိုပါ ဝယ်သည်။

မေ့ဆေးဟုရေးထားသော်လည်း အမှန်တွင် ဇီဝဆိုင်ရာအဆိပ်တစ်မျိုးသာ ဖြစ်၏။ အဆိပ်တစ်ရာခံနိုင်စွမ်းအားက ထိုအဆိပ်ကို ခံနိုင်မခံနိုင် စမ်းသပ်ချင်ယုံသာဖြစ်သည်။

ထို့နောက်တွင် အဆောင်သို့ ပြန်လာခဲ့သည်။

လင်းဇီချန်သည် ရေတစ်ခွက်သောက်ပြီး ထိုင်လိုက်သည်။ ဦးစွာ မေ့ဆေးအာနိသင်ဖြင့်အဆိပ်ကို သောက်လိုက်သည်။ သောက်ပြီးသွားသော်လည်း ဘာမှမဖြစ်ပေ။ ထို့ကြောင့် ဝယ်လာသောအသားဆက်ကို စားသည်။ ညဘက်အိပ်ရာဝင်ချိန်ထိ ထိုင်စောင့်နေသော်လည်း ဗိုက်အောင့်သည့်လက္ခဏာမျိုး မပြပေ။

အဆိပ်နှစ်မျိုးလုံးကို အောင်မြင်စွာဖြင့် စွမ်းအားကိုသုံး၍ ဓာတ်ပြယ်အောင် လုပ်နိုင်လိုက်ပေသည်။

…

နေ့ပေါင်းများစွာကြာပြီးနောက် တစ်ခုသောညနေခင်းတွင်ဖြစ်သည်။

စီမံခန့်ခွဲရေးအဆောက်အဦး ကျောင်းအုပ်ရုံးခန်း၌ ဖြစ်သည်။

လင်းဇီချန်က ဒုတိယအကြိမ်ဆန်းကြယ်သားရဲမျိုးစိတ်ပေါင်းစပ်ခြင်းလုပ်မည့် ရှန်ချင်းဟန်ကို အဖော်ပြုနေခြင်းသာဖြစ်သည်။ မထိုးသွင်းခင်တွင် ယွမ်သုန်ကျီက ရှန်ချင်းဟန်၏ခန္ဓာကိုယ်သည် မိုးပြာဂျယ်လီငါးဘုရင်မျိုးစိတ်နှင့် မည်မျှထိ လိုက်လျောညီထွေဖြစ်သည်ကို စစ်ဆေးကာ ဒုတိယအကြိမ်ဆန်းကြယ်သားရဲမျိုးစိတ်ထိုးသွင်းရန် အဆင်ပြေမပြေကို ဆုံးဖြတ်သည်။

သို့သော်လည်း ကနဦးစစ်ဆေးမှုပြုပြီးနောက်တွင် ယွမ်သုန်ကျီတစ်ယောက် ကြောင်အမ်းသွားရှာသည်။ ရှန်ချင်းဟန်၏ သွေးမျိုးဆက်ဆိုင်ရာအဆင့်သည် အခြေခံအဆင့် အဆင့်ခြောက်ပင် ရောက်နေပြီလော။

ဘယ်လိုဖြစ်သွားရတာလဲ

မိုးပြာဂျယ်လီငါးဘုရင်မျိုးစိတ်နှင့်ပူးပေါင်းခဲ့စဉ်က သူမသည် အခြေခံဒုတိယအဆင့်တွင်သာ ရှိသေးသည်မဟုတ်ပါလော။

အချိန်တိုအတွင်းတွင် အခြေခံဆဌမအဆင့်ထိ မည်သို့တိုးတက်သွားရပါသနည်း။ ယွမ်သုန်ကျီက စိတ်ငြိမ်အောင်ကြိုးစားလိုက်သည်။ သံသယအပြည့်ဖြင့်သာ ရှန်ချင်းဟန်ကို မေးလိုက်သည်။

''ချင်းဟန် သွေးမျိုးဆက်စွမ်းအားအဆင့်က အခြေခံဆဌမအဆင့်ထိ ဘယ်လိုရောက်သွားရတာလဲ။''

''ဪ သမီး သွေးသန့်စင်ခြင်းကျမ်းကို လေ့ကျင့်ခဲ့လို့ပါ။ လွန်ခဲ့တဲ့ရက်ပိုင်းကပဲ ခန္ဓာကိုယ်သန့်စင်ခြင်းအောင်မြင်သွားလို့ သွေးမျိုးဆက်စွမ်းအားအဆင့် အခြေခံဆဌမအဆင့်ထိ ရောက်သွားတာ။''

ရှန်ချင်းဟန်က အသံခပ်တိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။ သူမသည် သွေးသန့်စင်ခြင်းကျမ်းကျင့်နေသည့်အကြောင်းကို ယွမ်သုန်ကျီကို တစ်ခါမှမပြောပြဖူးပေ။ ဖုံးကွယ်ထားမိသည့်အတွက် ယွမ်သုန်ကျီဆူမည်ကို စိတ်ပူနေမိ၏။ ရှန်ချင်းဟန်က သွေးသန့်စင်ခြင်းကျင့်စဉ်ကို ကျင့်သည်ဆိုသောအကြောင်းကို ကြားလိုက်ရသောအခါတွင် ယွမ်သုန်ကျီတစ်ယောက် ရှော့်ခ်ရသွားတော့သည်။ သူမ ပြောစရာစကားပင် ပျောက်ဆုံးသွားရှာ၏။

မျက်နှာကလည်း မယုံကြည်နိုင်မှုတို့ကို အတိုင်းသားပြနေသည်။

ရှန်ချင်းဟန်သည် သူမ၏အားနည်းသောချီသွေးဖြင့် မည်သို့ သွေးသန့်စင်ခြင်းကျမ်းကို ကျင့်လိုက်ရသည်ကို နားမလည်နိုင်ဖြစ်နေသည်။ ထို့အပြင် ပထမအကြိမ်ခန္ဓာကိုယ်သန့်စင်ခြင်းပြီးမြောက်သွားလျှင် အခြေခံနဝမအဆင့်အထိ ဆင့်ကဲပြောင်းလဲသင့်သည်မဟုတ်ပါလော။

သူမ၏တပည့်က အဘယ့်ကြောင့် အခြေခံဆဌမအဆင့်၌သာ တံ့နေရသနည်း။ တစ်စက္ကန့်အတွင်းပင် ယွမ်သုန်ကျီတစ်ယောက် အတွေးများစွာ တွေးမိသွားသည်။ ရှန်ချင်းဟန်ကိုကြည့်၍ ပဟေဠိဆန်စွာဖြင့် မေးလိုက်သည်။

''မင်းဘယ်လိုလုပ်လိုက်တာလဲ။''

ရှန်ချင်းဟန်က ရှင်းပြသည်။

''မိုးပြာဂျယ်လီငါးဘုရင်ရဲ့ ရေထိန်းချုပ်နိုင်စွမ်းကိုသုံးပြီး ခန္ဓာကိုယ်ထဲကချီသွေးကို ကိုယ့်ဘာသာသန့်စင်လိုက်တာ။ ပြီးတော့ အဲ့လိုဖြစ်သွားတာ။''

''အဲ့တာပဲလား။''

''ဟုတ်ကဲ့။ အဲ့လိုပါပဲ။''

''မယုံနိုင်စရာပဲ။''

ယွမ်သုန်ကျီတစ်ယောက်ကမူ အိပ်မက်မက်နေသည်ဟုထင်ကာ အမှန်မဟုတ်ဟုသာ တွေးနေမိသည်။ ခေတ္တမျှတွေးပြီးနောက်တွင် သူမက အဆုံးသတ်ကို ပြောလိုက်သည်။

''ဘာကိစ္စမှမဖြစ်ဘူးဆိုရင် မင်းရဲ့ ထူးခြားတဲ့ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံကြောင့်ပဲ ဖြစ်လိမ့်မယ်။''

''သွေးမျိုးဆက်နိုင်စွမ်းက (၂၁) ရာခိုင်နှုန်းအထိရှိတာပဲဖြစ်ဖြစ်၊ မျိုးရိုးဗီဇကျွန်ပြုနိုင်စွမ်းကို ပိုင်ဆိုင်ထားတာပဲဖြစ်ဖြစ်၊ သွေးသန့်စင်ခြင်းကျင့်စဉ်ကို ကျင့်နိုင်တာပဲဖြစ်ဖြစ် အားလုံးက မင်းရဲ့ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံနဲ့ပဲ ဆက်စပ်နေရမယ်။''

''မင်းရဲ့ဖွဲ့စည်းတည်ဆောက်ပုံက အားကောင်းလွန်းတယ်။ နောင်ကျရင် သေချာပေါက်လူသားမျိုးနွယ်စုရဲ့ ပြိုင်ဘက်ကင်းတိုက်ပွဲစွမ်းအားဖြစ်လာမှာကျိန်းသေပဲ။''

လူသားမျိုးနွယ်စု၏ ပြိုင်ဘက်ကင်းတိုက်ပွဲစွမ်းအားလား။

ရှန်ချင်းဟန်ကမူ တွေဝေနေသောအမူအရာလေးဖြင့် နားထောင်နေမိကာ တစ်နေ့နေ့တစ်ချိန်ချိန်တွင် သူမသည် ထိုမျှစွမ်းအားကြီးလာမည်ကို မယုံနိုင်ဖြစ်နေရှာသည်။

ယွမ်သုန်ကျီကမူ ရှန်ချင်းဟန်ကိုကြည့်ကာ အတန်ငယ်မဖြစ်နိုင်ဟုသာ တွေးနေမိသည်။

ရှန်ချင်းဟန်သည်သာ သူမကိုယ်တွင်းမှ မူလအားတစ်ခု လပ်နေခြင်းမဟုတ်ပါလျှင် ရှန်ချင်းဟန်ကို မတူညီသောအခြားသက်ရှိမျိုးစိတ်အဖြစ် ထင်မိပေလိမ့်မည်။ သူမ၏တပည့်ကြီး လော့ချန်ရွှယ်သည်လည်း ထိုသို့ပင် လွန်စွာထူးဆန်းသည့် ခန္ဓာကိုယ်ဖွဲ့စည်းပုံမျိုးရှိကာ ရှန်ချင်းဟန်ဖြင့်အတန်ငယ်ဆင်တူသည်။

ဆယ်မိနစ်ခန့်ကြာပြီးနောက်တွင် ယွမ်သုန်ကျီသည် ရှန်ချင်းဟန်၏ထူးဆန်းသောဖွဲ့စည်းတည်ဆောက်ပုံအကြောင်းစဉ်းစားနေသည်ကို ရပ်လိုက်ပြီး သူမကိုယ်ထဲသို့ ဆန်းကြယ်သားရဲမျိုးစိတ်ကို စတင်ထိုးပေးသည်။

ဆန်းကြယ်သားရဲမျိုးစိတ်ငါးမျိုးပင် ဖြစ်၏။

တစ်ခုသည် ရွှေဓာတ် ရွှေရောင်တောင်ပံမိစ္ဆာလိပ်ပြာဖြစ်ကာ စိတ်ခြောက်ခြားနိုင်စေသောစွမ်းအားကို ပိုင်ဆိုင်ထားသည်။ တစ်ခုသည် သစ်သားဓာတ် ကမ်းခြေပန်းပွင့်ပိုးကောင်မျိုးစိတ်ဖြစ်၍ အင်အားကောင်းသောကိုယ်ယောင်ဖျာက်နိုင်စွမ်းကို ပိုင်ဆိုင်သည်။ နောက်တစ်ခုသည်ရေဓာတ် မသေမျိုးပက်ကျိမျိုးစိတ်ဖြစ်ကာ မိမိဘာသာပြန်လည်ကုသနိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။

တစ်ခုမှာ မီးဓာတ် ငရဲမီးဖွတ်မျိုးစိတ်ဖြစ်သဖြင့် အားကောင်းသောလောင်ကျွမ်းနိုင်စွမ်းရှိသည်။

နောက်ဆုံးတစ်ခုသည် မြေဓာတ် သံချပ်ကာမြေကြီးနဂါးမျိုးစိတ်ဖြစ်ပြီး တိုးမပေါက်သောခုခံနိုင်စွမ်းကြောင့် နာမည်ကြီးသည်။

ယွမ်သုန်ကျီသည် ရှန်ချင်းဟန်၏ မျိုးရိုးဗီဇကျွန်ပြုနိုင်စွမ်းကို စမ်းသပ်ချင်ကာ ဆန်းကြယ်သားရဲမျိုးစိတ်ငါးမျိုးကို တစ်ပြိုင်နက်တည်း ကျွန်ပြုနိုင်စွမ်းရှိမလားဆိုသည်ကိုလည်း သိချင်သည်။ သူမသည် မတူညီသောဆန်းကြယ်သားရဲများ၏ စွမ်းအားများကို တစ်ပြိုင်နက်တည်း ရမလားကိုလည်း စမ်းကြည့်ချင်၍သာ ဖြစ်သည်။

All Chapters