အခန်း ၂၀၂-၂၀၄
Vol. 14 Ch. 202-204
အခန်း (၂၀၂) လူသစ်များပြိုင်ပွဲ (၃)
''ချင်းဟန် အခု ထိုးတော့မယ်နော်။''
''အင်း''
အတိုချုံးရှင်းပြပြီးနောက်တွင် ယွမ်သုန်ကျီက သံချပ်ကာမြေကြီးနဂါးအရည်ကို ရှန်ချင်းဟန်၏နှလုံးထဲသို့ ကျွမ်းကျင်စွာထိုးသွင်းပေးလိုက်သည်။ ဖြည်းဖြည်းချင်းဖြင့် အထဲမှ ရွှေရောင်အရည်များက အထဲဝင်သွားသည်။ ထိုးသွင်းခြင်းလုပ်ငန်းစဉ်ပြီးနောက်တွင် သူမက ဝိညာဉ်စွမ်းအားကို ဆက်လက်ထုတ်လွှင့်ပေးကာ ရှန်ချင်းဟန်၏ခန္ဓာကိုယ်အခြေအနေကို စစ်ဆေးကြည့်လိုက်၏။
ထို့နောက်တင် မယုံနိုင်စရာကောင်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။
သံချပ်ကာမြေကြီးနဂါးမျိုးစိတ်သည် ရှန်ချင်းဟန်၏မျိုးရိုးဗီဇကို အားဖြည့်ရမည့်အစား အစာအာဟာရအဖြစ် ပျော်ဝင်သွားကာ စုပ်ယူခြင်းခံလိုက်ရသည်။
''ဘယ်လိုခံစားရလဲ။''
''အဆင်ပြေပါတယ်။''
ရှန်ချင်းဟန်တွင် တန်ပြန်သက်ရောက်အား မရှိသည်ကို မြင်လိုက်ရသောကြောင့် ယွမ်သုန်ကျီက အမြန်ပင် ငရဲမီးဖွတ်မျိုးစိတ်အရည်ကို ကောက်ယူကာ နှလုံးထဲသို့ ဖြည်းဖြည်းချင်း ထိုးသွင်းပေးလိုက်သည်။ ရလဒ်က အတူတူပင်ဖြစ်သည်။ ငရဲမီးဖွတ်မျိုးစိတ်သည်လည်း စုပ်ယူခြင်းခံလိုက်ရသည်။
ကျန်သေးသောမျိုးစိတ်များကိုလည်း ဆက်လက်ထိုးသွင်းလိုက်ပြီး ရလဒ်ကအားလုံးအတူတူပင်ဖြစ်၏။ ရှန်ချင်းဟန်၏မျိုးရိုးဗီဇထံတွင် စုပ်ယူခြင်းခံလိုက်ကြရသည်။
နောက်ဆုံးထိုးသွင်းလိုက်သည့်မသေဆေးပက်ကျိတစ်မျိုးသည်သာ အသက်ရှင်၍ မျိုးရိုးဗီဇကျွန်ပြုခြင်းလုပ်ခံလိုက်ရသည်။
''ရေဓာတ် ဆန်းကြယ်သားရဲမျိုးစိတ်ကိုပဲ ကျွန်ပြုလို့ရတာလား။''
ယွမ်သုန်ကျီက သူမဘာသာ ပြောလိုက်မိသည်။ ထို့နောက်တွင် ရှန်ချင်းဟန်ကို ပြောပြ၏။
''ငါ စမ်းသပ်ဖို့ ရေဓာတ်ဆန်းကြယ်သားရဲမျိုးစိတ်တွေကို သွားယူလိုက်ဦးမယ်။ မကြာခင် ပြန်လာခဲ့မယ်။''
ပြော၍မဆုံးခင်တွင်ပင် သူမသည် အစအနမရှိပျောက်ကွယ်သွားသည်။
''ရှောင်ချန် တကယ်ကို နင်ပြောသလိုပဲ။ ငါက ရေနဲ့ဆက်စပ်တဲ့ဟာတွေနဲ့ဆို အရမ်းအဆင်ပြေတယ်။''
အိပ်ရာပေါ်တွင် လဲလျောင်းနေသောရှန်ချင်းဟန်က ဘေးတွင်ထိုင်နေသောလင်းဇီချန်ဘေးသို့လှည့်ကာ ပြောလိုက်သည်။ လင်းဇီချန်က ပြုံးလိုက်မိသည်။
''အမှန်ပဲ။''
မကြာခင်တွင်ပင် ယွမ်သုန်ကျီသည် ရေဓာတ်ဆန်းကြယ်သားရဲမျိုးစိတ်သုံးမျိုးကိုကိုင်ကာ ပြန်ရောက်လာ၍ ရှန်ချင်းဟန်ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းပေးလိုက်သည်။
ယခုတစ်ခေါက်တွင်မူ ရလဒ်များက မမျှော်လင့်ထားသည်များ ဖြစ်လာသည်။
ထိုမျိုးစိတ်သုံးခုကို နှလုံးထဲသို့ ထိုးပေးလိုက်သောအခါတွင် ရှန်ချင်းဟန်၏မျိုးရိုးဗီဇကြောင့် ကျွန်ပြုခြင်းမခံလိုက်ရပေ။ ထို့အစား စုပ်ယူခြင်းခံလိုက်ရသည်။
ထိုးသွင်းပြီးနောက်တွင် ရှန်ချင်းဟန်သည် အတန်ငယ်မသက်မသာခံစားလာရကာ ပြည့်နေသောခံစားချက်မျိုး ရနေသည်။
ယွမ်သုန်ကျီက ဖြစ်စဉ်တစ်ရပ်လုံးကို နိဂုံးချုပ်လိုက်နိုင်သည်။
ရှန်ချင်းဟန်၏မျိုးရိုးဗီဇကျွန်ပြုခြင်းက အကန့်အသတ်ရှိသည်။
ရေဓာတ်စွမ်းအားဆန်းကြယ်သားရဲမျိုးစိတ်ကိုသာ ကျွန်ပြုနိုင်သည်။ ထို့အပြင် အများဆုံး ရေဓာတ်ဆန်းကြယ်မျိုးစိတ်နှစ်ခုကိုသာ ဆက်တိုက်ထိုးသွင်းနိုင်သည်။
သို့သော် အကန့်အသတ်က နှစ်မျိုးမကဟု ယုံကြည်မိသည်။
ရှန်ချင်းဟန်၏ ခန္ဓာကိုယ်စွမ်းအားနှင့် ဝိညာဉ်စွမ်းအားကနည်းနေသောကြောင့်သာ တစ်ပြိုင်နက်တည်းဖြင့် ရေဓာတ်စွမ်းအားနှစ်မျိုးကို ကျွန်ပြုနိုင်ခြင်းဖြစ်ပေမည်။ နောင်တွင် သူမ၏အင်အားတိုးတက်လာသည့်အခါ၌ ပို၍များသောမျိုးစိတ်များကို ကျွန်ပြုနိုင်မည်ဖြစ်သည်။ ထိုအကြောင်းကို နားလည်သွားသောကြောင့် ယွမ်သုန်ကျီ ရှင်ချင်းဟန်ကို အချက်အလက်ကျကျရှင်းပြလိုက်သည်။
''ခုနကမင်းကျွန်ပြုလိုက်တဲ့ မသေမျိုးပက်ကျိက မင်းကိုအရိအချွဲတစ်မျိုး စိမ့်ထွက်စေလိမ့်မယ်။''
''အဲ့အရိအချွဲက ပြန်လည်ကုသနိုင်စွမ်းကို တိုးတက်စေယုံမကဘူး အရမ်းကောင်းတဲ့ချောဆီတစ်မျိုးပဲ။''
''နောင်ကျ မင်းနဲ့လင်းဇီချန်တို့ အဆောင်မှာ အဲ့တာကိုလိုအပ်တဲ့အခါကျရင် ထုတ်သုံးလို့ရတာပေါ့။''
''ဟုတ် ကျွန်မနားလည်ပါပြီ ဆရာ။''
ရှန်ချင်းဟန်က ပြန်ဖြေလိုက်သော်လည်း ရှက်သွားသောအမူအရာကို ပြသနေသည်။ အချိန်ကုန်ပြီဖြစ်သောကြောင့် ယွမ်သုန်ကျီက ၎င်းတို့နှစ်ဦးကို နားရန် ပြန်လွှတ်လိုက်သည်။ နှစ်ဦးသား သူမ၏ရုံးခန်းမှ ပြန်ရန်ပြင်လိုက်ကြစဉ်တွင် ယွမ်သုန်ကျီက ပြောလိုက်လေသည်။
''ဒါနဲ့ ဒီနှစ် လူသစ်ပြိုင်ပွဲရက်ကို ပြောင်းလိုက်ပြီနော်။ ဒီစာသင်နှစ်ဝက်အဆုံး ဇန်နဝါရီလလယ်ကို ပြောင်းလိုက်ပြီ။''
''ချင်းဟန် မင်းရဲ့သွေးမျိုးဆက်အဆင့်စွမ်းအားကလည်း အခြေခံအဆင့် အဆင့်ခြောက်ရောက်နေပြီ။ မင်းကိုအများကြီးမျှော်လင့်ထားတယ်။''
''ထိပ်တန်းငါးယောက်ထဲပါလုပ်ပြီး ဆောင်းတွင်းလေ့ကျင့်ရေးစခန်းမှာ လေ့ကျင့်နိုင်မဲ့အခွင့်အရေးရဖို့ မျှော်လင့်ပါတယ်။''
''အင်း ကျွန်မနားလည်ပါပြိ ဆရာ။ ကြိုးစားမှာမလို့ ဆရာ့ကို စိတ်မပျက်စေရပါဘူး။''
ရှန်ချင်းဟန်က စိတ်အားထက်သန်စွာဖြင့် စံပြကျောင်းသားတစ်ယောက်ပုံစံကဲ့သို့ ခေါင်းညိတ်ပြလိုက်သည်။
လူသစ်ပြိုင်ပွဲကို ရှေ့တိုးလိုက်သည်လား။
လင်းဇီချန်က မျက်ခုံးပင့်မိလိုက်မိသည်။ လူသစ်ပြိုင်ပွဲပြီး၍ လူသစ်စာရင်းတွင် ပါနိုင်လျှင် ထိပ်တန်းစာရင်းထဲရောက်အောင်အထိ စိန်ခေါ်နိုင်ပြီဖြစ်သည်။
သာမန်အားဖြင့် နောက်စာသင်နှစ်ဝက်လယ်အထိ ပွဲကိုမကျင်းကြသေးပေ။
ယခုတွင်မူ စောစောကျင်းပသောကြောင့် စာသင်နှစ်ဝက်အကုန်တွင်ပင် စနိုင်ပေသည်။ ထိပ်တန်းစာရင်းတွင် စောစောစီးစီးပါလျှင် ပို၍ခရက်ဒစ်မှတ်များစောရမည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။
အခန်း (၂၀၃) အတန်းကြီးများကစည်းကမ်းလိုက်နာသင့်သည်
နောက်တစ်နေ့ မွန်းလွဲ (၁၂) နာရီတွင် ဖြစ်သည်။ လင်းဇီချန်က မီးဖိုချောင်မှနေ၍ ဟင်းလေးပွဲနှင့် စွပ်ပြုတ်တစ်ခွက်ကို တစ်ခုပြီးတစ်ခု ယူလာပေးသည်။ ညစာစားပွဲပေါ်တွင် သေသပ်စွာချလိုက်ပြီး ရှန်ချင်းဟန်နှင့်လီချူရှင်းတို့ အတန်းပြီး၍ နေ့လည်စာစားချိန် ပြန်လာမည်ကို စောင့်နေပေသည်။
မှန်ပေသည်။ လီချူရှင်းပါ ပါသည်။
လွန်ခဲ့သောနာရီဝက်ခန့်က ရှန်ချင်းဟန်က လင်းဇီချန်ကို ဝီချက်တွင် မက်ဆေ့ချ်ပို့၍ လီချူရှင်းကပါ နေ့လည်စာစားချင်ကြောင်းပြောကာ အဆင်ပြေမပြေကို လှမ်းမေးသည်။ လင်းဇီချန်က ဝမ်းပန်းတသာဖြင့် သဘောတူလိုက်ကာ ဟင်းလေးပွဲနှင့်စွပ်ပြုတ်ကို ပြင်ဆင်လိုက်ခြင်းဖြစ်သည်။
“ကျွီ…”
အချိန်က နေ့လည် (၁၂း၀၈)ပင် ရှိပြီဖြစ်သည်။ အဆောင်အခန်းတံခါးက ပွင့်လာသည်။ ရှန်ချင်းဟန်နှင့်လီချူရှင်းတို့ အပြင်မှ ဝင်လာကြသည်။ လီချူရှင်း၏ခေါင်းထက်တွင်အမွှေးဖွာဖွာ ခရမ်းရောင်သားရဲနားတစ်စုံရှိနေပြီဖြစ်ကာ အတန်ငယ်ချစ်စရာကောင်း၏။
လွန်ခဲ့သောလဝက်ကပင် သူမသည် အခြေခံအဆင့်အရိပ်ညကြောင်မျိုးစိတ်ဖြင့် အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့ကာ ယခုတွင် သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲသူတစ်ဦး ဖြစ်နေပြီဖြစ်သည်။
ကြောင်မိန်းကလေးသည် ချစ်စရာကောင်းသည်ဟု တွေးမိသောကြောင့် သူမအပြင်သွားတိုင်း ကိုယ်တွင်းမှ အရိပ်ညကြောင်မျိုးစိတ်ကို အသက်သွင်းကာ ခေါင်းထက်တွင် အမွှေးဖွာဖွာနားရွက်တစ်စုံထွက်လာစေသည်။
''မင်းတို့လက်ထဲမှာ ဘာလို့အိတ်အများကြီး ပါလာတာလဲ။''
လင်းဇီချန်သည် လက်ထဲတွင် အိတ်အပြည့်ပါလာသည်ကို မြင်လိုက်ရသောကြောင့် စပ်စုစွာဖြင့် မေးလိုက်သည်။
ရှန်ချင်းဟန်က ပြန်ဖြေလိုက်၏။
''ဝယ်လာတာမဟုတ်ပါဘူး။ ချူရှင်းက သူ့အိမ်ကနေပြီး ငါတို့နှစ်ယောက်အတွက် ဝယ်လာပေးတဲ့လက်ဆောင်တွေ။''
“လက်ဆောင်တွေဟုတ်လား”
လီချူရှင်းက ပြုံးကာ ပြောလိုက်သည်။
''အိမ်က အင်္ကျီဆိုင်က လွန်ခဲ့တဲ့ရက်ပိုင်းကမှ အင်္ကျီဒီဇိုင်းအသစ်တွေထုတ်ာ။ စုံတွဲဝတ်စုံတွေ တွေ့လိုက်လို့ နင်နဲ့ဟန်ဟန်နဲ့လိုက်မယ်ထင်လို့။ ငါလက်ဆောင်အဖြစ် ယူလာပေးတာ။''
''ချူရှင်း နင်ကယဉ်ကျေးလွန်းနေပါပြီ။''
''ဘာကို ယဉ်ကျေးတာလဲ။ နင်တို့နှစ်ယောက်က ငါ့ရဲ့သူငယ်ချင်းကောင်းတွေ။ လက်ဆောင်ပေးရမှာပေါ့။''
ထိုသို့ပြောပြီးနောက်တွင် လီချူရှင်းက ထပ်ပြုံးလိုက်ကာ ပြောလိုက်သည်။
''အဲ့တာအပြင် ငါက ဒီကို အလကားလာစားတာလေ။ ဘယ်လိုလုပ် လက်ဆောင်မယူဘဲနေရမှာလဲ။''
''အမှန်ပဲ။''
လင်းဇီချန်က ပြုံးကာ ပြန်ပြောလိုက်သည်။ လီချူရှင်းက အဝတ်များထုတ်ယူ၍ ပြောလိုက်သည်။
''အဝတ်တွေအကုန်လုံးက လျှော်ပြီးသားတွေ။ နင်တို့နှစ်ယောက် ကိုက်မကိုက် စမ်းဝတ်ကြည့်။''
အဝတ်များကိုပါ လျှော်ပေးထားသည်။ မည်မျှစဉ်းစားပေးတတ်ပါသနည်း။
သူမသည် ညီမလေးနှင့်တူကာ ဟန်ဟန်ကမူ ကံကောင်းလွန်းလှသည်။
လင်းဇီချန်က မိမိဘာသာ တွေးမိနေခြင်းဖြစ်သည်။
ထို့နောက်တွင် ရှန်ချင်းဟန်ဖြင့်အတူတူ အဝတ်များ စမ်းဝတ်ကြည့်သည်။
''လာ နင်တို့နှစ်ယောက် ပို့စ်ပေးလိုက်။ ငါပုံရိုက်ပေးမယ်။ ငါ့အွန်လိုင်းစတိုးမှာ နင်တို့နှစ်ယောက်ကို မော်ဒလ်အဖြစ်သုံးပြီးတင်လိုက်ရင် အတော်ရောင်းရမှာ။''
လီချူရှင်းက ကျောင်းလွယ်အိတ်ထဲမှ ကင်မရာထုတ်ယူကာ ပြုံး၍ ပြောလိုက်သည်။
ရှန်ချင်းဟန်က စလိုက်လေသည်။
''ဪ အစ်မရယ်။ ဒါက ရှင့်ရဲ့အစီအစဉ်ကြီးကိုး။ ဘာလို့ ငါနဲ့ဇီချန်ကိုလက်ဆောင်တွေ ပေးနေရတာလဲလို့ မအံ့ဩတော့ပါဘူး။''
''လက်လံပါတယ် လက်လံပါပေတယ်''
လီချူရှင်းက လက်ထဲတွင် ကင်မရာကိုကိုင်ကာ ပြောလိုက်သည်။
''အဝတ်အစားလက်ဆောင်ပေးတာက အဓိကပါ။ ဓာတ်ပုံရိုက်တာက ဒီအတိုင်း တိုက်ဆိုင်သွားတာပါ။''
ပြောပြီးနောက်တွင် ပြုံးရင်းဖြင့် ထပ်ပြောလိုက်ပြန်သည်။
''ပြီးတော့ နင့်ရဲ့ဇီချန်လုပ်တဲ့အစားအသောက်တွေက အရမ်းအရသာရှိတာလေ။ တစ်နပ်လောက်လာစားချင်တာပေါ့။''
ရှန်ချင်းဟန် ပြန်နောက်လိုက်သည်။
''ဒါပေမဲ့ ငါလုပ်တဲ့အစားအသောက်ကလည်း အရသာရှိပါတယ်။ ဘာလို့ ငါလုပ်တာကို လာမစားရတာလဲ။ ညီမလေး တကယ်မတရားတာပဲနော်။''
''ဘယ်သူက လာမစားဘူးလို့ပြောလို့လဲ။ အခုကစပြီး နင်ချက်တဲ့ဟင်းတွေကို နေ့တိုင်းလာစားမယ်။ အများကြီးစားလည်း ကိစ္စမရှိဘူးမဟုတ်လား။''
''သေချာပေါက်ကိစ္စမရှိဘူးပေါ့။ နင်ကို ဝက်ကြီးလိုဝသွားအောင်ကို လက်စွမ်းပြဦးမှာ။''
''နင်က မကောင်းဆိုးဝါးပဲ။ ညီအစ်မအတု။ နင့်ကို မခေါ်တော့ဘူး။''
အချင်းချင်းစနောက်နေကြကာ ညီအစ်မအတုဟုခေါ်နေသော်လည်း အမှန်တွင်လွန်စွာရင်းနှီးသောသူငယ်ချင်းများ ဖြစ်ကြသည်။
မိနစ်ပိုင်းမျှ ဓာတ်ပုံရိုက်ပြီးနောက်တွင် မကြာခင်ပင် အတူတူစားကြရန် စားပွဲတွင် ထိုင်လိုက်ကြသည်။ စားနေစဉ်တွင် ရှန်ချင်းဟန်က လင်းဇီချန်ကို စောဒကတက်လိုက်သည်။
''ရှောင်ချန် လီချူရှင်းနဲ့ငါ အဆောင်ကိုပြန်လာတော့ တော်တော်ဆိုးတဲ့စီနီယာအစ်မတစ်ယောက်နဲ့ တိုးခဲ့တယ်။''
''အဲ့စီနီယာအစ်မက သူက အတန်းကြီးဆိုတာကိုအားကိုးပြီး ကျောင်းသားသစ်တွေထက် အားကောင်းတာကို ဗန်းပြီး လီချူရှင်းနဲ့ငါ သယ်လာတဲ့အိတ်တွေကို လုဖို့လုပ်တယ်လေ။ တကယ်ကို အနိုင်ကျင့်လွန်းကြတယ်။''
''တစ်ယောက်ယောက်ကသာ ငါ့ကို နင့်ရည်းစားဆိုတာ မမှတ်မိဘူးဆိုရင် သူတကယ် ငါတို့ကို ဓားပြတိုက်လောက်တယ်။''
''အဲ့လောက်တောင်လား။''
လင်းဇီချန် အံ့အားသင့်သွားသည်။
ကျောင်းတွင် အသန်မာဆုံးအောင်မြင်မှုရှိသည်ကို သိသော်လည်း ထိုမျှရဲကြလိမ့်မည်ဟု ထင်မထားမိပေ။ အကြီးတန်းများ နေ့ခင်းကြောင်တောင်တွင်ပင် အငယ်များဆီမှ လုရဲကြသည်။ ကျောင်းပရဝုဏ်က လူသစ်များအတွက် ကောင်းသည်မှာ သေချာပါရဲ့လား။
လက်ခံနိုင်စရာအကြောင်းမရှိပါပေ။
လင်းဇီချန်အံ့ဩသွားသည့်အမူအရာကိုကြည့်ကာ လီချူရှင်းက ရှင်းပြလိုက်သည်။
''တကယ်တော့ နင်ချဲ့ကားပြီးစဉ်းစားနေသလိုတော့မဟုတ်ပါဘူး။ အတန်းကြီးတိုင်းက လူသစ်ကို ဓားပြတိုက်ရဲတာမှမဟုတ်တာ။''
''အတန်းကြီးတွေက ငါ့ကို ပစ်မှတ်ထားနေကြတာ။ ငါ့ကို လွယ်တဲ့ပစ်မှတ်လို့သဘောထားပြီးအနိုင်ကျင့်ကြတယ်။ ငါ့ကြောင့်သာ ဟန်ဟန်က ဒီကိစ္စထဲ ပါလာရတာ။''
''အရင်တုန်းက ပြောခဲ့သားပဲ။ အတန်းကြီးတွေက ငါ့မိတ်ကပ်ကိုဌားပြီး ပြန်မပေးကြတော့ဘူး။''
လီချူရှင်းက ဆက်ပြောလိုက်သည်။
''ဇီချန် နင်ယုံမှာတော့မဟုတ်ဘူး။ ဒါပေမဲ့ လူသစ်တွေကိုရွေးပြီးအနိုင်ကျင့်တဲ့သူတွေက ကျောင်းသားအဖွဲ့အစည်းထဲမှာလည်းပါတယ်။ အထူးသဖြင့် အခန်းတွေကိုစောင့်ကြည့်ဖို့ တာန်ရှိတဲ့သူတွေလေ။''
''ကျောင်းသားအဖွဲ့အစည်းရဲ့အဖွဲ့ဝင်ဆိုရင်တော့ နည်းနည်းလွန်လွန်းသွားပြီ။''
လီချူရှင်းက ထူးဆန်းစွာပြုံးလိုက်ပြီး
''ပိုပြီးရဲတာက သူတို့က သူတို့အပြုအမူတွေကို မှန်တယ်ဆိုပြီးပြောပိုင်ခွင့်ရှိနေကြတယ်။ သူတို့က လူသစ်တွေကို လေ့ကျင့်ပေးနေတာတဲ့လေ။ ငါတို့သာမန်အတန်းကလူသစ်တွေက အခုဆို အနိုင်ကျင့်ခံတွေအဖြစ် ပြောင်းလဲသွားပြီ။''
ကျောင်းတွင်လူသစ်များ၏ဘဝက ထိုမျှပင် ခက်ခဲပါသည်လော။
လင်းဇီချန်အတန်ငယ်အံ့ဩသင့်သွားရသည်။
သူသည် အဆောင် သို့မဟုတ် အားကစားခန်းမတွင်သာနေတတ်ကာ ရံဖန်ရံခါမှသာ ကျောင်းကိစ္စများကို အာရုံစိုက်တတ်သည်။
ယခုတွင်မူ လီချူရှင်းပြောသည်ကို နားထောင်ကာ ရုတ်တရက်ပင် ကျောင်း၏အခြေအနေက အနည်းငယ်မျှဖရိုဖရဲဖြစ်နေသည်ဟု ထင်လိုက်သည်။
''အရင်က နင့်မိတ်ကပ်တွေကိုဌားသွားတဲ့အကြီးတန်းကလေ နောက်ဆုံးကျ သူပြန်ပေးလား။''
လင်းဇီချန်က လီချူရှင်းကို မေးလိုက်သည်။
''ဘာကိုပြန်ပေးမှာလဲ။ ပြန်မပေးယုံတင်မဟုတ်ဘူး။ အရင်လကပါ အဆောင်ကိုလိုက်လာပြီး နောက်ထပ်မိတ်ကပ်တွေဌားသွားသေးတယ်။ ငါ့အခန်းကို သူ့မိတ်ကပ်ကောင်တာလိုမျိုးကို လုပ်နေတာ။''
''အဲ့အကြီးတန်းက တော်တော်များသွားပြီ။''
လင်းဇီချန်က ထပ်ပြောလိုက်သည်။
''ကောင်းပြီ။ ဒီလိုလုပ်ကြမယ်။ ညနေကျရင် အဲ့တစ်ယောက်ကိုရှာပြီး နင့်အတွက် တရားမျှတအောင်လုပ်ပေးမယ်။''
လီချူရှင်းက ခေါင်းခါလိုက်သည်။
''ထားလိုက်တော့။ သူက ကျောင်းသားအဖွဲ့အစည်းကပဲ။ သွားရန်ရှာလို့ကောင်းတာမဟုတ်ဘူး။''
အစပိုင်းတွင် လင်းဇီချန်ကို သူမအတွက် ရပ်တည်ခိုင်းမည်ဟု တွေးထားခဲ့သည်။
သို့သော် တစ်ဖက်သူက ကျောင်းသားအဖွဲ့အစည်းကဆိုသည်ကို သိလိုက်ရကာ ကျောင်းသားအဖွဲ့အစည်းမှ နာမည်ရှိသောကောင်လေးနှင့်ပင် ရည်းစားဖြစ်နေလိုက်သေးသည်။ ထို့ကြောင့် ထိုအကြံကို မေ့လိုက်ခြင်းဖြစ်သည်။
လင်းဇီချန်ကမူ အားသန်သော်လည်း မည်မျှပင်အားသန်ပါစေ လူသစ်ဖြစ်သောကြောင့် အင်အားက အကန့်အသတ်ရှိသည်။ လူသစ်ဖြစ်သောလင်းဇီချန်က ထိုကျောင်းသားအဖွဲ့အစည်းမှသူများနှင့် ယှဉ်နိုင်လိမ့်မည်ဟု မယုံကြည်ပေ။
သို့သော်လည်း လင်းဇီချန်သည် သူမစိတ်ကူးထားသည်ပင် ယုံကြည်ချက်ခိုင်မာနေသည်။ တည့်တိုးပင် ပြောလိုက်လေ၏။
''မပူနဲ့။ သူတို့ကို သွားစရမှာပဲ။ ကျောင်းသားအဖွဲ့အစည်းတစ်ခုလုံးကို ရန်သွားစရမယ်ဆိုရင်တောင်မှ တစ်ခုခုဖြစ်လိမ့်မယ်လို့တော့ ငါမထင်ဘူး။''
''အဲ့အကြီးတန်းတွေက လူသစ်တွေကို အနိုင်ကျင့်လွန်းတယ်ထင်တယ်။ သူတို့နဲ့ရင်ဆိုင်ရမဲ့အချိန်ပဲ။''
''ဘာပဲဖြစ်ဖြစ် မင်းအတွက် ဒီကိစ္စကို ဖြေရှင်းပေးမယ်။ အချိန်ကျလာတဲ့အခါကျ လမ်းပဲလိုက်ပြပေး။''
ကျောင်းသားအဖွဲ့အစည်းကို ရန်သွားစမှာလား။
လင်းဇီချန်သည် ယခုတွင်မူ ထိုကိစ္စကို စိတ်မပူသေးပေ။
ဒုတိယအကြိမ်ခန္ဓာကိုယ်သန့်စင်ခြင်းပြီးသွားကာ သူသည် လက်ရှိတွင် ရှန်ဟိုင်းတက္ကသိုလ်၏နံပါတ်တစ်ထိပ်တန်းကျောင်းသားဖြစ်နေမည်ဟု ယုံကြည်ထားသည်။
ထိုအင်အားဖြင့်ပင် မိမိကိုယ်ကို ထုတ်ဖော်ရန် အချိန်ကျလေပြီ။ ကွေ့ဝိုက်နေရန် မလိုတော့ပေ။
ယခုတွင်မူ သူငယ်ချင်းက အနိုင်ကျင့်ခံရပြီဖြစ်ကာ လှုပ်ရှားချိန်တန်လေပြီ။
''ဇီချန် ဒီတိုင်းထားလိုက်သင့်တယ်လို့ ငါတော့ထင်တယ်။ သူမိတ်ကပ်လိမ်းချင်ရင် သူ့ဘာသာလိမ်းပါစေ။ ပြဿနာဖြစ်မှာကို ရှောင်ရအောင်ပါ။ ကိစ္စကြီးဖြစ်အောင်လုပ်ဖို့မှမလိုတာ။''
လီချူရှင်းကမူ လန့်နေသောကြောင့် ကိစ္စကို မကြီးစေလိုပေ။ လင်းဇီချန်က အခြေအနေကို ကောင်းကောင်းမကိုင်တွယ်နိုင်လျှင် သူ၏ကောင်းမွန်သောရည်ရွယ်ချက် အလဟဿဖြစ်သွားပြီး အတန်းကြီးများက မိမိကို ပို၍အနိုင်ကျင့်ရန်အကြောင်းဖြစ်သွားမည်ကို ကြောက်နေမိခြင်းဖြစ်သည်။
သူမနှင့်နှိုင်းစာလျှင် တည်ငြိမ်သောရှန်ချင်းဟန်ကလည်း ယခုတွင် သတ္တိရှိနေလေပြီ။ လီချူရှင်းလက်ကို ကိုင်ကာ စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။
''ရှောင်ချန်ရဲ့အင်အားကို ယုံထားလိုက်။ သူက ဒီကိစ္စကို အဆင်ပြေပြေချောချောမွေ့မွေ့ဖြစ်အောင် ကူညီပေးလိမ့်မယ်။''
လင်းဇီချန်မည်မျှအားကောင်းသည်ကို သိသောကြောင့် ကျောင်းသားအဖွဲ့အစည်းမျှလောက်ဖြင့် ၎င်းကိုနိုင်နိုင်ရန် အခွင့်အလမ်းမရှိပေ။
လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့က ဖြောင်းဖျနေသောကြောင့် တဖြည်းဖြည်းဖြင့် လီချူရှင်းက သဘောတူလာသည်။
''အဲ့လိုဆိုလည်း ကောင်းပြီလေ။ ညနေလေးနာရီကျရင် သူ့ကိုသွားရှာဖို့ နင်တို့ကို လာခေါ်လိုက်မယ်။''
အခန်း (၂၀၄) ကန်ချက်တစ်ချက်
‘လုပ်လိုက်စမ်းပါ’
ညနေ ၄ နာရီတွင် လင်းဇီချန်သည် လီချူရှင်းအား ထိုစီနီယာကိုရှာရန် ခေါ်သွားခိုင်းခဲ့သည်။ ၎င်းတို့က အကြီးတန်းဆောင်သို့ ဦးစွာသွားခဲ့သော်လည်း မည်သူမျှ မရှိပေ။ သူမသည် အတန်းထဲတွင် ဖြစ်ကောင်းဖြစ်နိုင်သည်။ အကြီးတန်း၏ အတန်းချိန်ဇယားကို စစ်ဆေးပြီးနောက် သူမသည် လက်ရှိ သိုင်းပညာအတန်းအတွက် အားကစားခန်းမ၌ ရှိနေကြောင်း သိရှိခဲ့ရသည်။
ဆင့်ကဲပြောင်းလဲခြင်းသိပ္ပံ သို့မဟုတ် စက်မှုသိပ္ပံကျောင်းသားများဖြစ်စေ လူတိုင်းသည် တက္ကသိုလ်တွင် သိုင်းပညာလေ့ကျင့်ရန်၊ ၎င်းတို့၏ ခြေထောက်ကန်ချက်ကို သန်မာစေရန်၊ တိုက်ခိုက်ရေးစွမ်းရည်များကို မြှင့်တင်ရန် လိုအပ်သည်။ မကြာခင်၌ပင် လင်းဇီချန်နှင့် အခြားသူများက အားကစားခန်းမဆီသို့ရောက်လာကြသည်။
ထိုအချိန်တွင် Gym ၌ အတန်းများစွာရှိနေကာ ဒုတိယနှစ်အတန်းများအားလုံးရှိနေ၏။
“ဇီချန် ဆံပင် အနီရောင်ဆိုးထားတဲ့ ကောင်မလေးပဲ။ သူ့နာမည်က ကျစ်ချီ”
လီချူရှင်းက လှည့်ပတ်ကြည့်ရှုကာ သူမအား အနိုင်ကျင့်သော စီနီယာကို လျင်မြန်စွာတွေ့လိုက်ရသဖြင့် လင်းဇီချန်ကို ပြလိုက်သည်။ သူမ၏ လက်အဆုံး၌ အလွန်လှပသော မိန်းကလေးတစ်ယောက်ကို လင်းဇီချန်တွေ့လိုက်ရသည်။ သူမသည် ဆံပင်ကို ဝိုင်နီရောင်ဆိုးထားကာ ကောက်ကွေးသော ဆံပင်လေးများကြား၌ သူမ၏ အသားအရည်က ဖြူဖွေးချောမွေ့နေသည်။ ကိုယ်ခန္ဓာသည်လည်း ယေဘုယျအားဖြင့် အလွန် ဆက်ဆီကျသောအငွေ့အသက်မျိုးရှိသည်။
ရှန်ချင်းဟန်သည် အမှတ် ၁၀မှတ်အပြည့်ရ၍ လီချူရှင်းက ခုနှစ်မှတ်ဆိုလျှင် ဤလှပသော စီနီယာအစ်မသည် ကိုးမှတ်ရပေလိမ့်မည်။ သူမသည် ဖန်သားပြင်ထက်မှ အမျိုးသမီးများကို အရှုံးပေးရန်လိုဘဲ လူအုပ်ကြားတွင် အလွန်သိသာထင်ရှားသူဖြစ်ပေလိမ့်မည်။
"သွားကြစို့၊ သွားကြစို့"
စကားပြောပြီးနောက် လင်ဇီချန်သည် ဆံပင်အနီရောင်ဆိုးထားသော အကြီးတန်းဆီသို့ လျှောက်သွားလိုက်သည်။ ရှန်ချင်းဟန်နှင့် လီချူရှင်းတို့က နောက်ကလိုက်ကြသည်။
"အဲ့တာ ဒီနှစ်လူသစ်ဘုရင်မလား။ နာမည်က လင်းဆိုလားချန်ဆိုလားလေ"
"အမှန်ပဲ အဲ့တာ လင်းဇီချန်ပဲ”
"သူ Gym မှာ ဘာလုပ်နေတာလဲ၊ ရန်ဖြစ်ဖို့လာတာကျနေတာပဲ"
"ဆင့်ကဲပြောင်းလဲခြင်းအတန်း ၂ကို သွားနေတာ”
"သူ့နောက်က ကောင်မလေးက အရမ်းလှတာပဲ"
အားကစားခန်းမတွင် ဆွေးနွေးသံများ ထွက်ပေါ်လာပြီးနောက် လင်းဇီချန်တို့သုံးဦးကို လူအနည်းငယ်က သတိထားမိလာသည်။ လင်းဇီချန်က ထိုအသံများကို လျစ်လျူရှု့ထားသည်။ လူအများ၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် သူသည် ဆံပင်နီနှင့် စီနီယာဆီသို့ လျှောက်သွားကာပြောလိုက်သည်။
“ကျစ်ချီ ခဏလောက်ထွက်လာပေးနိုင်မလား”
ဆံပင်နီနှင့် အကြီးတန်းကျောင်းသူက မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် အခန်းဖော်နှင့်အတူ အတန်းထဲမှ ထွက်လာခဲ့သည်။
“နင် ဘာလိုချင်လို့လဲ"
ကျစ်ချီက မသိနားမလည်သည့်အလား ဟန်ဆောင်၏။ လီချူရှင်းကို သူမမြင်ပြီးနောက် လင်းဇီချန်က သူမကို အဘယ်ကြောင့် ရှာနေသည်ကို ချက်ချင်းနားလည်လိုက်သည်။
လင်းဇီချန်က စကားအပိုမပြောဘဲ တိုက်ရိုက်ပြောလိုက်၏။
“ငါ့သူငယ်ချင်းက မင်းသူ့ဆီကနေ မိတ်ကပ်ပစ္စည်းနှစ်ခု ချေးပြီး ပြန်မပေးသေးဘူးလို့ ပြောနေတာ အမှန်ပဲလား”
"ကျေးဇူးပြုပြီး စကားအပြောအဆို သတိထားပါ။ ချေးပြီးပြန်မပေးဘူးဆိုတာ ဘာကိုဆိုလိုတာလဲ။ မသိရင် ခိုးသွားသလိုပဲ။ သုံးပြီးရင် ပြန်ပေးမှာပါ"
ဆံပင်အနီရောင်ဆိုးထားသော စီနီယာက မကျေမနပ်ဖြင့် ပြောလိုက်သည်။
“နောက်ပြီး ငါ သူ့ဟာ အလကား သုံးတာမဟုတ်ဘူး အလဲအလှယ်အနေနဲ့သုံးတာ။"
သူမက လူသစ်ဘုရင် လင်းဇီချန်ကို အနည်းငယ်ကြောက်သည်။
သို့သော် အနည်းငယ်သာဖြစ်သည်။ သူမသည် အတန်းတစ်ခုလုံးရှေ့တွင် စိန်ခေါ်ခြင်းကို ခံစားခဲ့ရကာ ကြောက်နေသော်လည်း အားနည်းမှုကို မပြမိစေရန် ခက်ခက်ခဲခဲ ကြိုးစားရမည်ဖြစ်သည်။
မဟုတ်လျှင် အနာဂတ်၌ မျက်နှာထားစရာ နေရာရှိတော့မည်မဟုတ်ပေ။
"ဒါပေမယ့် ငါ့ဟာက အသစ်လေ နင်ပေးခဲ့တာတွေက ကုန်ခါနီးတွေဟာကို..."
လီချူရှင်း ရေရွတ်လိုက်သည်။ ဤသည်ကိုကြားသောအခါ ဆံပင်နီဖြင့်စီနီယာက လီချူရှင်းက ယုတ္တိမတန်ဟုမြင်၍ အလွန်စိတ်တိုသွားသည်။ သူမက လီချူရှင်းကို စိုက်ကြည့်လိုက်သည်။
"မိတ်ကပ် ငှားရုံပဲ မဟုတ်လား ဘာတွေ ဇယားရှုပ်နေတာလဲ။ ကပ်သီးကပ်သပ်နဲ့”
ကျောင်းသားသစ်ကို အနိုင်ကျင့်ပြီး ကျောင်းသားသစ်တွေက ကပ်သီးကပ်သပ်နိုင်တယ်လို့ စွပ်စွဲနေတာလား။
ဒါ ဒေါသထွက်စရာပဲ။
လင်းဇီချန်က ဆံပင်နီနှင့် စီနီယာအကြောင်း မပြောချင်သောကြောင့် ဖြေရှင်းချက်တစ်ခု တိုက်ရိုက် ကမ်းလှမ်းလိုက်သည်။
“မင်း ငါ့သူငယ်ချင်းဆီပြန်မပေးဘူးဆိုရင် အဲ့တာကို ဝယ်တယ်လို့သဘောထားပြီး သူ့ကို တန်ရာတန်ကြေးပေးလိုက်ပါ”
“ကောင်းပြီ ဒါပေမယ့် ငါ့အတန်းဖော်ကလည်း နင့်သူငယ်ချင်းကို မိတ်ကပ်ပေးလိုက်တယ်လေ။ ဒါ့ကြောင့် တူတူပဲ နင့်သူငယ်ချင်းလည်း ငါ့အတန်းဖော်ကို ပြန်လျော်ပေးရမယ်”
ဆံပင်နီနှင့် စီနီယာ၏ အတန်းဖော်ကကြားဖြတ်ပြောလိုက်သည်။
လီချူရှင်းသည် သူမ၏ လက်ကိုင်အိတ်သေးသေးလေးထဲမှ မိတ်ကပ်ပစ္စည်းနှစ်ခုကိုယူကာ ဆံပင်နီနှင့် စီနီယာကို ပေးလိုက်သည်။
"အမ်…စီနီယာ ဒီက နင်ပေးခဲ့တဲ့ မိတ်ကပ်ကို မသုံးရသေးဘူး၊ အခုပြန်ပေးပါ့မယ်”
ဆံပင်နီနှင့် စီနီယာက ၎င်းတို့ကို ယူ၍ တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်ကာ ပြန်ပြော၏။
"ဂျူနီယာ၊ ဒီမျက်နှာသစ်ဆေးနဲ့ အစိုဓာတ်ထိန်းဆေးတွေပေးလိုက်တုန်းက အပြည့်နီးပါးပဲ။ အခု ဗလာနီးပါးဖြစ်နေပြီ။ မင်းက မသုံးရသေးဘူးလို့ပြောနေတာ။ အရမ်းများနေပြီမဟုတ်ဘူးလား”
“မဟုတ်ဘူး။ အဲ့တာအမှန်ပဲ။ ငါ လုံးဝ မသုံးရသေးဘူး။ နင် ငါ့ကို ပေးတည်းက ဒီလိုပုံစံပဲ”
"သက်သေက ဘယ်မှာလဲ"
"စီနီယာ ဒါက ကျိုးကြောင်းမဆီလျော်ဘူး။ နင် ငါ့ကို ပေးကတည်းက ဒီလို ကုန်လုနီးပါးဖြစ်နေမှန်း နင်ကောင်းကောင်းသိပါတဘ်။ ဒါတောင် ဒီလို လုပ်နေတယ်ပေါ့”
လီချူရှင်းက အတန်ငယ်ဒေါသထွက်နေသဖြင့် သိသိသာသာ အသံမြင့်လာသည်။ ဆံပင်နီဖြင့် စီနီယာက ရှေ့ဆက်တိုးရန် စိတ်ပိုင်းဖြတ်ထား၏။
“ဘာပေးဖြစ်ဖြစ် ငါမင်းကို လျော်ကြေးပေးနိုင်တယ်။ အဲ့လိုပဲ မင်းလည်း ငါ့ကို လျော်ကြေးပေးရမယ် မဟုတ်ရင် ငါမပေးဘူး”
သူမက လင်းဇီချန်ကို အနည်းငယ်သတိထားမိသည်။ သို့သော် သတိဖြင့် ရှောင်၍ ယနေ့ ဤကျောင်းသားသစ်သုံးယောက်နှင့် မျက်နှာမပျက်ရစေရန် စီနီယာတစ်ယောက်အနေဖြင့် ဂုဏ်သိက္ခာကို စောင့်ထိန်းရသည်။ သူမတွင် ကျောင်းသားကောင်စီ၌ အရေးပါသော ရာထူးရထားသည့် ရည်စားတစ်ယောက် ကျောထောက်နောက်ခံအနေဖြင့်ရှိသည်။ ထို့ကြောင့် ထို လူသစ်ဘုရင်၏ရှေ့၌ အလွန်အမင်း ယဥ်ကျေးပြနေရန် မလိုအပ်ပေ။
အခြားတစ်ဖက်က ပူးပေါင်းဆောင်ရွက်ခြင်းမရှိသည်ကို မြင်သောအခါ လင်းဇီချန်က စေ့စပ်ညှိနှိုင်း၍ အချိန်မဖြုန်းချင်တော့ပေ။ ဆံပင်အနီရောင်နှင့် စီနီယာ၏ ထိပ်ပြောင်ပြောင် သိုင်းပညာအတန်းပိုင်ဆရာကိုကြည့်ကာ ယဥ်ကျေးစွာမေးလိုက်သည်။
"ဆရာ၊ ကျွန်တော် မှတ်မိတာမှန်ရင် ကျောင်းက အသန်မာဆုံးသော အောင်မြင်မှုနိယာမကို ထောက်ခံပါတယ်။ ဒီမူကို ဘယ်လို အဓိပ္ပါယ်ဖွင့်ထားပါသလဲ။ သန်မာတဲ့လူတွေက အားနည်းတဲ့လူတွေကို အနိုင်ကျင့်မယ်လို့ ဆိုလိုတာလား”
“မဟုတ်ပါဘူး။ အသန်မာဆုံးသော အောင်မြင်မှုဆိုတာထက် အသန်မာဆုံးသော ရှင်သန်မှုဆိုရင် ပိုပြီးတိကျလိမ့်မယ်”
“ကျောင်းသားတွေကြား ပြိုင်ဆိုင်မှုကို အားပေးဖို့၊ လှုပ်ရှားမှုတွေကို စကားလုံးတွေထက် ပိုကျယ်ကျယ်ပြောဖို့၊ ဖြစ်နိုင်ရင် စကားပြောနေမယ့်အစား လက်သီးနဲ့ထိုးဖို့ပါပဲ”
"အခုရင်ဆိုင်နေရတဲ့ ပဋိပက္ခတစ်ခုအတွက်၊ စကားဝိုင်းကတစ်ဆင့် မဖြေရှင်းနိုင်ရင် သိုင်းဇာတ်ခုံမှာ ဖြေရှင်းဖို့ ရွေးချယ်နိုင်ပြီး၊ မင်းရဲ့လက်သီးတွေကို စကားပြောခွင့်ပြုလိုက်ပါ"