← Chapters

အပိုင်း ၂၀၅-၂၀၇

Vol. 14 Ch. 205-207

အပိုင်း ၂၀၅-၂၀၇

Vol. 14 Ch. 205-207

အခန်း(၂၀၅) တစ်ချက်တည်းနဲ့ ပွဲသိမ်း

“ရှန်ဟိုင်းတက္ကသိုလ်မှာ ကျောင်းသားတွေက တစ်ပတ်ကို စိန်ခေါ်မှုတစ်ခုရှိတယ်”

"အားနည်းတဲ့သူက ဘယ်လိုအခြေအနေမှမရှိဘဲ အားကောင်းသူကို စိန်ခေါ်နိုင်ပြီး အားကောင်းတဲ့သူက အားနည်းသူကို တိုက်ချင်ရင် အားနည်းတဲ့သူရဲ့ သဘောတူညီချက်ကို အရင်ရယူရမယ်"

“ဘယ်သူက အားနည်းသလဲ အားကောင်းသလား ဆိုတာကို အဆုံးအဖြတ်ပေးမယ့် နေရာမှာ ကြံ့ခိုင်မှု အဆင့်ကို ကြည့်တယ်၊ မဟုတ်ရင် ဘယ်သူက ပိုမြင့်သလဲ ဆိုတာကို တွက်ချက်ပါတယ်။”

"နောက်ပြီး စိန်ခေါ်မှုတွေက အများအားဖြင့် အမှတ်ပုံစံနဲ့ လောင်းကြေးတစ်ခုရှိရမယ်”

“ဘယ်လောက်လောင်းမလဲဆိုတာ နှစ်ဖက်စလုံးက ဆုံးဖြတ်လို့ရတယ်”

“အဖွဲ့နှစ်ဖွဲ့က သဘောမတူရင် ပုံသေလောင်းကြေးက အနည်းဆုံး အမှတ်တစ်မှတ်ပဲ”

“မင်းက လက်ရှိ လူသစ်တစ်ယောက်ဖြစ်ပြီး ကြံ့ခိုင်မှု ဇယားမှာမပါသေးဘူးဆိုတော့ အခြေအနေမရှိဘဲ စိန်ခေါ်ပိုင်ခွင့်ရှိတယ်”

လင်းဇီချန်က ခေါင်းညိတ်ပြလိုက်သည်။

“နားလည်ပါပြီ။ အခုလိုရှင်းပြပေးလို့ ကျေးဇူးတင်ပါတယ်ဆရာ”

တစ်ချိန်တည်း၌ပင် ဤနည်းပြဆရာက သူ့အတန်းသားများအပေါ် မျက်နှာသာမပေး ဘက်မလိုက်ဟု တွေးနေမိသည်။ အကြီးတန်းများက လူသစ်များကို အနိုင်ကျင့်သည်ကို မကြိုက်ခြင်းလည်းဖြစ်နိုင်သည်။ ဤသည်ကိုတွေး၍ လင်းဇီချန်သည် ဆံပင်နီနှင့် အမျိုးသမီးကို လှမ်းကြည့်၍ သူ၏ သွေးစွမ်းအားအဆင့်ကို ဖောက်ထွင်းကြည့်ရန် ကြိုးစားလိုက်သည်။

‘နည်းနည်းအားနည်းတယ် အခြေခံအဆင့်မှာပဲရှိတာ ရှန်ချင်းဟန်လောက်တောင် အဆင့်မမြင့်ဘူး’

သို့သော် ဒုတိယနှစ် ကျောင်းသားများ၏ ပုံမှန်အတန်းတွင် ထိုသို့သော ခွန်အားသည် အလွန်ကောင်းမွန်သည်ဟု ယူဆ၍ရဆဲပင်ဖြစ်သည်။

"ဘာလဲ"

"ခန္ဓာကိုယ်ခွန်အား အားသာချက်ရှိတဲ့ အမျိုးသားတစ်ယောက်အနေနဲ့ မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်ဖို့ စိတ်ကူးနေတာလား။"

"အဲ့အတွက် ဂုဏ်ယူနေတာလား"

လင်းဇီချန်၏ အကြည့်ကို ကြည့်၍ ဆံပင်အနီနှင့် စီနီယာက စိတ်ထဲမှ အနည်းငယ် ထိတ်လန်သွားသော်လည်း တည်ငြိမ်အောင်ကြိုးစားလိုက်သည်။ လိင်က လင်းဇီချန်ကို စိတ်လှုပ်ရှားသွားစေနိုင်မည်ဟု မျှော်လင့်ထားသောကြောင့် ထိတ်လန့်မှုမရှိလှပေ။

လီချူရှင်းက သူမ၏ မျက်လုံးများထဲမှ ထိတ်လန့်ကြောက်ရွံ့မှုကို မြင်လိုက်ရသဖြင့် မိမိတို့ဘက်မှ အသာစီးရနေသည်ကို သိလိုက်သည်။ ထို့ကြောင့် သူမက ပြတ်ပြတ်သားသားပြန်ပြောလိုက်သည်။

“အကြီးတန်းတစ်ယောက်ဖြစ်ပြီးတော့ နင်က ငါတို့ ကျောင်းသားသစ်တွေကို အနိုင်ကျင့်ရဲတယ်ပေါ့။ ဒါတောင် နင့်မှာ ဒီလိုပြောရဲတဲ့ မျက်နှာထားမျိုးရှိသေးတယ်ပေါ့”

ဆံပင်အနီနှင့်စီနီယာက လီချူရှင်းကို စိုက်ကြည့်နေသည်။

“ဟန်ဟန် နင် သူ့ကို စိန်ခေါ်လိုက်”

လင်းဇီချန်က သူ့ဘေးနားရှိ ရှန်ချင်းဟန်ကို လှည့်ကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။

အခြေခံပဥ္စမအဆင့်တွင်သာရှိ‌သောအားနည်းသူသည် သူ၏ကြိုးစားအားထုတ်မှုနှင့် မထိုက်တန်ပေ။

"ဟင်"

ရှန်ချင်းဟန်က လင်းဇီချန်သည် မိမိကိုယ် ထိုစီနီယာအား စိန်ခေါ်ခိုင်းလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ခဏတာ ထိတ်လန့်သွားသည်။ သို့သော် လျင်မြန်စွာဖြင့်ပင် သူမက ထိုအကြံကို လက်ခံလိုက်သည်။

“နားလည်ပါတယ်”

လီချူရှင်းလည်း အနည်းငယ် ထိတ်လန့်သွားသော်လည်း လင်းဇီချန်ကို ပြောလိုက်သည်။

“ဇီချန် သူက အကြံအစည်တွေနဲ့ နင့်ကို ရန်စဖို့ကြိုးစားနေတာ ဟန်ဟန့်ကို ရန်မဖြစ်ခိုင်းနဲ့”

သူမစိတ်ထဲတွင် ရှန်ချင်းဟန်သည် သူမနှင့်အတူ အတန်း၏ အောက်ခြေအဆင့်၌သာရှိနေသေးသည်။

သူမအပေါ် မယုံကြည်မှုများကို ရင်ဆိုင်လျက် ရှန်ချင်းဟန်က ပြောလိုက်သည်။

“ငါ အနိုင်ယူနိုင်ပါတယ်”

ထိုသို့ပြောပြီးနောက် သူမက ဖုန်းကို ထုတ်ကာ လင်းဇီချန်ကို ကိုင်ထားပေးရန် ပေးလိုက်သည်။ ထို့နောက် သူမသည် ၎င်းတို့နှင့် အနီးဆုံး သိုင်းစင်မြင့်ကို ရွေးကာ အပြေးအလွှား ပြေးသွားခဲ့သည်။ သူမသည် စင်မြင့်မှ ဆယ်မီတာကျော်အကွာသို့ရောက်သောအခါ လေထဲသို့ ခုန်တက်၍ စင်မြင့်ထက်သို့ ဆင်းသက်လိုက်သည်။

အောက်ရှိ ခေါင်းနီစီနီယာကို အမြင့်မှကြည့်ကာ သူမက အတတ်နိုင်ဆုံး အေးစက်စွာပြောရန်ကြိုးစားခဲ့သော်လည်း အသံမှာ အနည်းငယ် ချိုမြိန်နေသေးသည်။

“ဆင့်ကဲပြောင်းလဲခြင်း အတန်း (၂)က ဒုတိယနှစ်ကျောင်းသူ ကျစ်ချီကို ရှန်ချင်းဟန်ဆိုတဲ့ ကျွန်မက စိန်ခေါ်ပါတယ်”

သူမစကားပြောပြီးသည်နှင့် သူမ၏ အနက်ရောင်ဆံပင်များသည် ချက်ချင်းပင် အပြာရောင်တောက်ပြောင်ကာ ရင်သပ်ရှုမောဖွယ် လှပလာခဲ့သည်။ အောက်ရှိ ကောင်လေးအများစုက ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွားကြသည်။ စိန်ခေါ်ခံရသော ခေါင်းစီနီယာက အရှက်ကွဲသွားကာ သူမ၏ မျက်နှာအမူအရာသည်လည်း ချဥ်လာသည်။ သူမသည် ယခုနှစ် ကျောင်းသားအသစ် စမ်းသပ်မှု ဗီဒီယိုဖိုင်ကို မြင်တွေ့ခဲ့ရကာ မယုံနိုင်လောက်အောင် လှပလွန်းသည့် ရှန်ချင်းဟန်ကို သတိရမိသည်။

ဗီဒီယိုဖိုင်ထဲ၌ ရှန်ချင်းဟန်က ကြည့်ကောင်းသော်လည်း အသုံးမဝင်သော ပန်းအိုးတစ်ခုမျှသာဖြစ်သာ အရည်အချင်းအားနည်းသော ပုံမှန်အတန်း၏ မိန်းကလေးတစ်ယောက်၏ လိုက်လံရိုက်နှက်ခြင်းကို ခံခဲ့ရသည်။ အမြင်တစ်ခုတည်းဖြင့် တိုင်းတာလျှင်ရှန်ချင်းဟန်၏ သွေးစွမ်းအားအဆင့်သည် အခြေခံဒုတိယအဆင့်၌သာရှိသည်။ ထိုစမ်းသပ်မှုများသည် သုံးလကျော်မျှသာရှိသေးသည်။

ထိုစမ်းသပ်မှုများသည် သုံးလကျော်မျှသာရှိသည်။ အချိန်တိုအတွင်း၌ပင် ရှန်ချင်းဟန်၌ ကြီးမားသောအရည်အချင်းများရှိလာခဲ့ကာ လျင်မြန်စွာတိုးတက်နေသော်လည်း သူမ၏ သွေးစွမ်းအားအဆင့်သည် ယခုအချိန်တွင် အခြေခံ စတုတ္ထအဆင့်၌သာရှိနိုင်သည်။

‘အခြေခံစတုတ္ထအဆင့် အားနည်းတဲ့လူက ငါ့ကို အနိုင်ယူနိုင်မယ်လို့ ပြောရဲတဲ့ သတ္တိမျိုး ဘယ်ကရလာတာလဲ’

‘ဘယ်သူ့ကို လာအထင်သေးနေတာလဲ’

‘ကောင်းကင်ကြီးဘယ်လောက်မြင့်လဲ မြေကြီးဘယ်လောက်ထူလဲ မသိတဲ့လူကို သုံးစက္ကန့်အတွင်း နားလည်သွားအောင် ဖြေရှင်းပေးမယ်’

ထိုအတွေးဖြင့် ခေါင်းနီ စီနီယာ၏ ခြေသလုံးများသို့ အားထည့်ကာ နောက်ထပ်တစ်စက္ကန့်အတွင်း၌င် ရှေ့သို့ ခုန်ဆင်း၍ သိုင်းစင်မြင့်ထက်သို့ ဆင်းသက်လာခဲ့သည်။

“ဂျူနီယာ ကျောင်းအမှတ်ဘယ်လောက်လောင်းချင်လဲ”

ခေါင်းနီ စီနီယာက ရှန်ချင်းဟန်ကိုပြုံးပြုံးရွှင်ရွှင်ဖြင့်ကြည့်၍ အောင်ပွဲအတွက် သေချာသည်ဟု ခံစားရသည်။

ရှန်ချင်းဟန်က အဖြေပေးဖို့ အလျင်စလိုမလုပ်ဘဲ စင်အောက်က လီချူရှင်းကို လှမ်းကြည့်လိုက်သည်။

"ချူရှင်း၊ သူယူသွားတဲ့ မိတ်ကပ်ပစ္စည်းနှစ်ခုက စုစုပေါင်း ဘယ်လောက်တန်ဖိုးရှိလဲ"

“နှစ်ခုပေါင်း ငါးထောင်ကျော်"

ရှန်ချင်းဟန်က ခေါင်းညိတ်ပြ၍ ဆံပင်အနီဆိုးထားသော စီနီယာဘက်သို့လှည့်ကြည့်လိုက်သည်။

"ကျွန်မ အမှတ် တစ်မှတ်လောင်းမယ်"

"ကျောင်းအမှတ်တစ်မှတ်က အရမ်းနည်းလွန်းတယ်။ ငါ စိတ်မဝင်စားဘူး။ ငါတို့လောင်းမယ်ဆို အကြီးကြီးလုပ်ရအောင်၊ ကျောင်းအမှတ် ဆယ်မှတ်လောင်းမယ်။ နင် သတ္တိရှိလား”

ခေါင်းနီစီနီယာက ရှန်ချင်းဟန်ကို အနိုင်ယူနိုင်တော့မည်ဟု အခိုင်အမာယုံကြည်ထားသည်။ သူမဆီမှ အဆိုပြုချက်နှင့် ရင်ဆိုင်ရသောအခါ ရှန်ချင်းဟန်က ချက်ချင်းဆုံးဖြတ်ချက်မချဘဲ စင်အောက်မှ လင်းဇီချန်ကို ကြည့်လိုက်သည်။

ပြီးခဲ့သော စာသင်နှစ်ဝက်တွင် သူမ၏ ခွန်အားများ တိုးလာသော်လည်း သူမ၏ စရိုက်သည် လွတ်လွတ်လပ်လပ်မရှိသေးပေ။ လင်းဇီချန်က သူမအတွက် ဆုံးဖြတ်ချက်များ အကြိမ်ပေါင်းများစွာ ချပေးရန် လိုအပ်ခဲ့သည်။ လင်းဇီချန်ကမူ ဤအရာနှင့် အသားကျနေပြီဖြစ်၍ အလောင်းအစားလုပ်ရန် သင့်လျော်သော ပမာဏဖြစ်ကြောင်း သူမကို တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်သည်။

ဤအဖြေကိုရသောအခါ ရှန်ချင်းဟန်က ဆံပင်အနီရောင်ဆိုးထားသော အကြီးတန်းကျောင်းသူကို ပြန်လှည့်ကြည့်လိုက်သည်။

“အင်း ဒါဆို အမှတ် တစ်ဆယ်ကြေးလောင်းရအောင်”

“အဲ့လိုမျိုးကို ကြိုက်တာ”

စင်မြင့်ပေါ်သို့ တက်ရောက်လာသူ နှစ်ဦးစလုံး စင်မြင့်ပေါ်သို့ တက်သွားသည်ကို မြင်လိုက်ရသဖြင့် အောက်မှ ဆရာက ဒိုင်လူကြီး တာဝန်ကို ဆောင်ရွက်ခဲ့သည်။ သူသည် စင်မြင့်၏ ညာဘက်တွင် ရပ်နေသော ရှန်ချင်းဟန်ကို ကြည့်၍ သူမကို အော်ပြောလိုက်သည်။

"ကျောင်းသူ ကျောင်းအက်ပ်ကိုဖွင့်ပါ၊ အဲမှာ ပြိုင်ဆိုင်မှုဆိုတဲ့နေရာရှိတယ် အဲ့တာကိုနှိပ်ပါ ပြီးရင် စိန်ခေါ်ချင်တဲ့သူရဲ့အမည်ကိုရှာပါ၊ စိန်ခေါ်မယ်ကိုနှိပ်ပြီး အလောင်းအစားလုပ်ရမယ့်ကျောင်းအမှတ်အရေအတွက်ကိုအတည်ပြုပါ၊ ဒါဆို စိန်ခေါ်မှုကို တည်ဆောက်နိုင်ပြီ"

"ကောင်းပါပြီ ဆရာ၊ ကျေးဇူးတင်ပါတယ် ဆရာ"

ရှန်ချင်းဟန်က ယဉ်ကျေးစွာ ကျေးဇူးတင်စကားပြောလိုက်ပြီးနောက် လင်းဇီချန်လှမ်းပေးလာသော ဖုန်းကိုယူကာ ထိပ်ပြောင်ဆရာ၏ ညွှန်ကြားချက်အတိုင်း ဆံပင်အနီရောင် စီနီယာနှင့် စိန်ခေါ်မှုကို စတင်ခဲ့သည်။ စီနီယာသည်လည်း စိန်ခေါ်မှုကို အပြုံးဖြင့်လက်ခံကာ ဖုန်း အန္တရာယ်ကင်းစေရန်အတွက် အခန်းဖော်ဆီသို့ ဖုန်းကို လှမ်းပေးထားလိုက်သည်။ ထိပ်ပြောင်ဆရာက စင်ပေါ်ရှိ နှစ်ယောက်ကို ကြည့်ကာ မေးသည်။

"စိန်ခေါ်မှုကို အကောင်အထည်ဖော်ပြီးပြီလား၊ အဆင်သင့်ဖြစ်ပြီလား"

“အဆင်သင့်ဖြစ်ပါပြီ”

"ကျွန်မ အဆင်သင့်ဖြစ်ပြီ"

နှစ်ယောက်သား ပြိုင်တူနီးပါး တုံ့ပြန်ကြသည်။

ထိပ်ပြောင်ဆရာက ခေါင်းညိတ်လိုက်ပြီးနောက် ချက်ချင်းပြောလိုက်သည်။

“စိန်ခေါ်မှု စတင်”

စကားလုံးများထွက်ပေါ်လာသည်။ ရှန်ချင်းဟန်က ချက်ချင်းပင် ရှေ့သို့တိုး၍ ဆံပင်အနီရောင်စီနီယာဆီသို့ ဦးတည်သွားသည်။ တစ်ချိန်တည်း၌ပင် သူမသည် အတွေးတစ်ခုတည်းဖြင့် သူမ၏ ကိုယ်တွင်းရှိ ချီစွမ်းအင်ကို အဝေးမှ ထိန်းချုပ်ကာ ချီသွေးများကို ပရမ်းပတာဖြစ်စေခဲ့သည်။

‘ဘာဖြစ်နေတာလဲ အရမ်းမူးနေတယ်”

ဆံပင်အနီရောင် စီနီယာသည် ရှန်ချင်းဟန်၏ အရှိန်အဟုန်ကြောင့် အံ့သြကာ နောက်ထပ်တစ်စက္ကန့်တွင် ရုတ်တရက် မူးဝေလာကာ ခြေလက်များအာနည်းသွားသည်။ ဖြစ်ပျက်နေသည်များကို သူမ နားလည်ရန် အချိန်မရလိုက်ခင်၌ပင် ရှန်ချင်းဟန်က ခြေထောက်ကို မြှောက်ကာ သူမရှေ့သို့ရောက်နေပြီဖြစ်သည်။

ဘမ်း ဟူသော အသံတစ်ခုကို အမြန်ကြားလိုက်ရသည်။

ရှန်ချင်းဟန်က ဆံပင်နီ စီနီယာ၏ မျက်နှာကို ပြင်းထန်စွာ ထိုးနှက်ကာ သူမကို သိုင်းစင်မြင့်ထက်မှ တစ်ချက်တည်းဖြင့် ကန်ချလိုက်သည်။

‘ငါနိုင်သွားတာလား’

ရှန်ချင်းဟန် အံ့သြသွားသည်။

လင်းဇီချန်က သူမကို လေ့ကျင့်ပေးရန်အတွက် ကျစ်ချီကို စိန်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း သူမ အမြဲ တွေးခဲ့မိသည်။ ထို့ကြောင့် သူမ၏ ကိုယ်ပိုင် ခွန်အားက ထိုကျစ်ချီနှင့် အတန်ငယ်

လင်းဇီချန်သည် သူမအား လေ့ကျင့်သင်ကြားရန်အတွက် ဆံပင်နီရောင်ကျောင်းညီမကို စိန်ခေါ်ခဲ့ကြောင်း သူမ အမြဲတွေးခဲ့သည်။ ထို့ကြောင့် သူမ၏ ကိုယ်ပိုင် စွမ်းအားက ကျစ်ချီနှင့် ညီမျှလိမ့်မည်ဟုတွေးထားခဲသည်။ သို့သော် တကယ့်လက်တွေ့တွင်မူ ကန်ချက်တစ်ချက်တည်းဖြင့်အောင်ပွဲရခဲ့သည်။

အခန်း(၂၀၆) အသန်မာဆုံး လူသစ်ဘုရင်နှင့် အရူးမူးဆုံး လူသစ်ဘုရင်

“ကျစ်ချီ နင် အဆင်ပြေရဲ့လား”

ကျစ်ချီ၏ အတန်းဖော် ဆံပင်တိုတိုနှင့် သာမန်ကြည့်ကောင်းသော မိန်းကလေးသည် သူမ၏ ဒဏ်ရာကို စမ်းသပ်ရန်အတွက် အမြန်ပြေးလာသည်။ ကြည့်ရသလောက် အလွန်ဆိုးရွားသည့်ပုံပေါ်ကာ မျက်နှာတစ်ခြမ်းလုံးရောင်ကိုင်းနေသည်။ သူမ၏ အသိစိတ်က အနည်းငယ် ဝေဝါးနေသည်။

“ဒီမှာ နင့်ပါးစပ်ကို ဖွင့်ပြီး ဒီ အမြန်ကုသရေးဆေးပြားကို စားလိုက်ပါ”

ထိပ်ပြောင်ဆရာက ဆံပင် နီနီနှင့် စီနီယာ၏ နံဘေးသို့ အလျင်အမြန်ပြေးသွားကာ ဒူးထောက်၍ အနီရောင်တောက်တောက်ဆေးပြားကို ပါးစပ်ထဲသို့ ထိုးပေးလိုက်သည်။

ကျစ်ချီက အသိစိတ်ကပ်မနေသဖြင့် ပါးစပ်ကို ဖွင့်၍ ထိပ်ပြောင်ဆရာပေးသော ဆေးကို မြိုချလိုက်သည်။

“တောင်းပန်ပါတယ် ငါ မရည်ရွယ်ပါ…”

ရှန်ချင်းဟန်က သိုင်းစင်မြင့်ပေါ်မှ ခုန်ဆင်းကာ ကျစ်ချီဆီသို့ လျှောက်သွား၍ တောင်းပန်လိုက်သည်။

ဆံပင်တို အကြီးတန်းက ရှန်ချင်းဟန်ကို ဒေါသတရားများ ပြည့်နေသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ သို့သော် ရှန်ချင်းဟန်ကို မည်သည့်စကားမျှ မပြောဘဲ ဖုန်းခေါ်လိုက်သည်။

“ကျင်းမင်ယွီ နင့် ကျစ်ချီက ကန်ထုတ်ခံရပြီး သတိလစ်ပြီးလဲကျနေပြီ။ အားကစားခန်းမကို မြန်မြန်လာခဲ့"

"ငါ ချက်ချင်းလာခဲ့မယ်”

စိုးရိမ်သောကရောက်နေသော ယောက်ျားတစ်ယောက်၏ အသံက ဖုန်းထဲသို့ ဝင်လာသည်။ ရှန်ချင်းဟန်က အနားတွင် မတ်တပ်ရပ်ကာ အနည်းငယ် ဆုံးရှုံးသွားသည့်အလား ခံစားလိုက်ရသည်။ ဆံနီအကြီးတန်းက ဤမျှထိ နုနယ်နေလိမ့်မည်ဟု သူမ အမှန်တကယ်ပင် မမျှော်လင့်ထားပေ။ မိမိတို့က ခွန်အားညီမျှလိမ့်မည်ဟု သူမထင်ခဲ့သည် မဟုတ်လျှင် သူမသည် အစကတည်းက လုံးဝပင် စတင်ခဲ့လိမ့်မည်မဟုတ်ပေ။

“ကျောင်းသားချင်း၊ သိုင်းပညာမှာ မတော်တဆမှုတွေ ကြုံရတတ်တယ်၊ ပညာသင်အဆင့်မှာ ထိခိုက်ဒဏ်ရာရတာက ပုံမှန်ပါပဲ၊ ကိုယ့်ကိုကိုယ် အလွန်အကျွံ အပြစ်ပုံချစရာ မလိုပါဘူး” ဆရာက ရှန်ချင်းဟန်ကို နှစ်သိမ့်ခဲ့သည်။

ရှန်ချင်းဟန်သည် နှုတ်ဆိတ်နေကာ အထူးသဖြင့် အပြစ်ရှိသည့်အလား ခံစားရသဖြင့် ထိုနေရာတွင် တိတ်တဆိတ် မတ်တပ်ရပ်နေလိုက်သည်။ သူမကို ဤသို့မြင်လိုက်ရသောအခါ ထိပ်ပြောင်ဆရာင ဆက်လက်၍ မနှစ်သိမ့်တော့ပေ။

ဤသည်က ပထမဆုံးအကြိမ်ဖြစ်သည်။ အတွေ့အကြုံများ ပိုရလာသည့်အခါ သဘာဝအတိုင်း အသားကျလာပေလိမ့်မည်။

"ဟန်ဟန် နင် ဘယ်လောက်တောင် သန်မာလဲ"

လီချူရှင်းသည် ရှန်ချင်းဟန်၏ နံဘေးသို့ ပြေးသွား၍ မယုံကြည်နိုင်စွာကြည့်၍ သူစိမ်းတစ်ယောက်အလား ခံစားနေမိသည်။ အထက်တန်းကျောင်းတွင်ရှိခဲ့စဉ်က သူတို့အားလုံး အတန်း၏ အောက်ခြေ၌ ရှိနေခဲ့ကြသည်။

အချိန်မည်မျှ ကြာသွားခဲ့၍ သူမ၏ ခွန်အားက ဤမျဇ ကြောက်စရာကောင်းလာခဲ့သနည်း။

အလွန် ကြောက်မက်ဖွယ်ကောင်းလွန်းသောကြောင့် ၎င်းတို့သည် မတူညီသော ကမ္ဘာနှစ်ခုက လူများဟု ခံစားလာရသည်။ လီချူရှင်းက ဤအကြောင်းပိုတွေးလေလေ သူမ မယုံမကြည်နိုင်ဖြစ်လေလေဖြစ်နေ၏။

"မှန်၊ မှန်ရှိလား ငါ့မျက်နှာ ဘယ်လောက်ဆိုးနေလဲ ကြည့်ရမယ်"

ကျစ်ချီသည် အမြန်ကုသရေးဆေးကို သောက်၍ လျင်မြန်စွာ အသိပြန်ဝင်လာကာ ဆံပင်တို အခန်းဖော်ကို မှန်တစ်ချပ် တောင်းလိုက်သည်။ ဆံပင်တိုအတန်းဖော်က မှန်သေးသေးလေးကို ထုတ်ကာ ကျစ်ချီကို ပေးလိုက်သည်။

ကျစ်ချီက မိမိကိုယ်မိမိကြည့်ကာ မျက်နှာတစ်ခြမ်းလုံး ရောင်ရမ်းနေသည်ကို တွေ့လိုက်ရသဖြင့် ချက်ချင်းဆိုသလိုပင် သူမ၍ စိတ်ဓာတ်များ ပြိုလဲသွားသည်။

"ငါ့မျက်နှာ"

"ရုပ်ပျက်ဆင်းပျက်ဖြစ်ကုန်ပြီ ရုပ်ပျက်ဆင်းပျက်ဖြစ်ကုန်ပြီ"

"နင် ငါ့မျက်နှာကို ဘာလို့ ကန်တာလဲ ငါ့ကို ဘာလို့ ဒီလောက်ထိ ကန်ရတာလဲ"

ကျစ်ချီက ရှန်းကျင်းဟန်ကို ကျယ်လောင်စွာ အော်ဟစ် မေးခွန်းထုတ်၍ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားသည်။

ရှန်ချင်းဟန်က နှုတ်ခမ်းကို ကိုက်လိုက်သည်။

“တောင်းပန်ပါတယ်…”

"ဟန်ဟန် သွားရအောင်၊ သူ့ကိုစိတ်ထဲထည့်မနေနဲ့ သူက နင့်လောက်မတော်ဘူး၊ နင်ဘာအမှားမှမလုပ်ထားဘူး။ နင် သူ့ကိုတောင်းပန်စရာမလိုဘူး"

လီချူရှင်းသည် ရှန်ချင်းဟန်၏လက်ကိုဆွဲယူကာ အခင်းဖြစ်ပွားရာနေရာမှ ထွက်ခွာသွားစေရန် ရည်ရွယ်၍ ဆံပင်အနီရောင်စီနီယာကို တောင်းပန်သည်ကို မကြည့်လိုသဖြင့် ပြောလိုက်သည်။ ဆံပင်အနီရောင် အကြီးတန်းက ယင်းနှင့် ထိုက်တန်သည်ဟု သူမ ယုံကြည်သည်။

"ရပ်လိုက်၊ မလှုပ်နဲ့"

ဆံပင်တိုတို စီနီယာက အရှိန်အဟုန်ဖြင့် ပြေးလာကာ သူတို့၏ လမ်းကြောင်းကို တားလိုက်သည်။

လီချူရှင်းက မျက်မှောင်ကြုတ်လိုက်၏။

“နင် ငါတို့ကို တားဖို့ ဘာအခွင့်ရှိလို့လဲ”

"နင်တစ်ယောက်ယောက်ကို နာကျင်အောင်လုပ်ပြီး ထွက်ပြေးလို့ လွယ်မယ်ထင်နေလား”

"အရူး" လီချူရှင်းကျိန်ဆဲလိုက်သည်။

ကျိန်ဆဲပြီးနောက် ရှန်ချင်းဟန်ကို ဦးဆောင်၍ ထိုမိန်းမကို ရှောင်သွားလိုက်သည်။ ဆံပင်တိုဖြင့် စီနီယာအစ်မက ၎င်းတို့ကို တားရန် ကြိုးစားသော်လည်း လင်းဇီချန်က သူ့ရှေ့ကို လှမ်းလာ၍ ပြောလိုက်၏။

“စီနီယာအစ်မ မင်းတို့က လောင်းကြေးကို သဘောတူပြီးသားပဲ ရှုံးမဲမမဲနဲ့လေ”

"ဟုတ်တယ် မင်းသူငယ်ချင်းက အရမ်းသန်မာတယ်၊ ငါ့အခန်းဖော်က သူ့ကို အနိုင်ယူလို့မရဘူး"

ထိုသို့ပြောပြီးနောက် စီနီယာအစ်မကဆက်ပြော၏။

“ဒါပေမယ့် ငါ့အခန်းဖော်ရဲ့ ချောမောလှပတဲ့မျက်နှာကို အတိအကျ ချိန်ရွယ်ဖို့ ဒီလောက် အရမ်းရက်စက်ရစရာ လိုလို့လား”

လင်းဇီချန်က လုံးလုံးလျားလျား တည်ငြိမ်နေသည်။

"လူတစ်ယောက်ရဲ့ အရည်အချင်းက ဒီလောက်နိမ့်နေတာပဲလေ ပြောစရာမရှိတော့ပါဘူး။ မင်းငါ့တို့ကို ဆက်ပြီး နှောင့်ယှက်ရင် မင်းကို အရေးယူဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး"

"လာလေ၊ နင့်မှာ သတ္တိရှိရင် ငါ့ကိုရိုက်၊ နင် လူသစ်ဘုရင်လောက်ဖြစ်တာနဲ့ အကုန်နိုင်မယ်ထင်နေလား"

"ငါ့နာမည်က ဟွမ်ဖေးဖေး၊ ဟွမ်က အဝါရောင်၊ ဖေးဖေးက အမှန်နဲ့အမှားပဲ နင်သတ္တိရှိရင် ငါ့ကို အခုချက်ချင်းစိန်ခေါ်"

"နင်ငါ့ကို မစိန်ခေါ်ဘဲ ငါ့မျက်နှာကို ရောင်ကိုင်းအောင်မလုပ်နိုင်ရင် နင်က သူရဲဘောကြောင်တာပဲ"

ဆံပင်တိုဖြင့် စီနီအစ်မက အနည်းငယ် ရူးသွပ်ကာ ဒေါသကြီးသော အမျိုးသမီးတစ်ဦးဖြစ်ကြောင်း ထင်ရှားသည်။

လင်းဇီချန်က သူမကို စကားအများအပြားမပြောဘဲ သူ့ဖုန်းကိုထုတ်ကာ ကျောင်းအက်ပ်ကိုဖွင့်၍ သူမကို ချက်ချင်းစိန်ခေါ်လိုက်သည်။

ကျောင်းအမှတ်တစ်မှတ်ကြေး စိန်ခေါ်မှုသည် ချက်ချင်းအကျိုးသက်ရောက်ခဲ့သည်။

ထိုသို့လုပ်ပြီးနောက် လင်းဇီချန်သည် ဆံပင်တို အကြီးတန်းအစ်မကို မ၍ သိုင်းစင်မြင့်ထက်သို့ ပစ်တငိလိုက်သည်။ ပြီးသည်နှင့် သူကိုယ်တိုင် ခုန်၍ တက်သွား၏။

"ဘာလုပ်ဖို့ကြိုးစားနေတာလဲ"

ဆံပင်တို စီနီယာက သိုင်းစင်မြင့်မှထ၍ လင်းဇီချန်ကို ထိတ်လန့်စွာကြည့်ကာ မေးလိုက်သည်။

"ငါ နင်ပြောတဲ့ သူရဲဘောမဖြစ်ချင်ဘူး"

ထိုသို့ပြောပြီးနောက် ဆံပင်တို စီနီယာညီမ၏ မျက်နှာကို ခြေထောက်ဖြင့် ကန်လိုက်ကာ စင်အောက်သို့ လွင့်ကျသွားစေခဲ့သည်။

သူမသည် မြေပြင်ပေါ်တွင် အကြိမ်ပေါင်းများစွာ လှိမ့်နေခဲ့ရာ အဆုံး၌ လူအုပ်ထဲသို့ ဝင်သွားသည်။ ဆံပင်တို စီနီယာ အစ်မသည် နောက်ဆုံးတွင် မြေပြင်ပေါ်တွင် လဲလျောင်းရာမှ နာကျင်စွာ ညည်းညူ၍ ရပ်လိုက်သည်။

သူမ၏ မျက်နှာတစ်ဝက်ခန့်သည်လည်း ပြင်းထန်စွာ ရောင်ကိုင်းလာကာ သူမရှေ့က ကျစ်ချီထက်ပင် ပို၍ ဒဏ်ရာရသွားပုံပေါ်နေသည်။

"လင်းဇီချန် မင်းအရမ်းလွန်သွားပြီ။ မိန်းကလေးတစ်ယောက်ရဲ့မျက်နှာကို ဘယ်လို ရိုက်ရက်တာလဲ”

စင်အောက်နားတွင် ဒုတိယနှစ်ဆင့်ကဲပြောင်းလဲခြင်း အတန်း (၂) မှ အမျိုးသား ကျောင်းသားတစ်ဦးက ကျယ်လောင်စွာ ဝေဖန်ခဲ့သည်။

လူတစ်ယောက် စတင်ဝေဖန်လိုက်သည်နှင့် မကြာခင်တွင် နောက်တစ်ယောက် ဝင်လာသည်။

"မှန်ပါတယ်၊ အရမ်းလွန်လွန်းတယ်"

"မင်းမှာ လူစိတ် လုံးဝမရှိဘူး"

“ဒီလူက အိမ်တွင်းအကြမ်းဖက်မှုကို သေချာပေါက်ကျူးလွန်မယ့်လူပဲ”

ဒုတိယနှစ်ဆင့်ကဲပြောင်းလဲခြင်းကောလိပ်မှ ကျောင်းသားများသည် လင်းဇီချန်၏ ကိုယ်ကျင့်တရားစံနှုန်းများအပေါ် ပြင်းထန်စွာ ရှုတ်ချခဲ့ကြသည်။လင်းဇီချန်သည် စင်မြင့်အောက်ရှိ လူများကို စိုက်ကြည့်ကာ မပြောင်းလဲသောလေသံဖြင့်ပြောလိုက်၏။

"မင်းတို့အားလုံး ငါ့ကို သိပ်ကန့်ကွက်ချင်နေကြရင် ဒီကိုလာပြီး သင်ခန်းစာတစ်ခုသင်ပေး၊ လက်သီးနဲ့ လာထိုးကြ"

ထိုစကားကြောင့် စင်မြင့်အောက်က ဆူညံနေသော လူအုပ်ကြီး ရုတ်တရက် တိတ်ဆိတ်သွားသည်။ ဒုတိယနှစ် ဆင့်ကဲပြောင်းလဲခြင်း အတန်း(၂) မှ ကျောင်းသား ကျောင်းသူများ အားလုံး လန့်သွားကြသည်။

စိန်ခေါ်မှုကို မည်သူမျှ မခံယူဝံ့ကြပေ။

ကျောင်းဖွင့်ချိန်အစမ်းအတွင်း ပါရမီရှင်အတန်းတစ်ခုလုံးကို ဖောက်ခွဲဖျက်ဆီးလိုက်သည့် လင်းဇီချန်၏ တိုက်ခိုက်ရေးမှတ်တမ်းကို သူတို့အားလုံး သိကြသည်။

ယခု သုံးလကျော်ကြာပြီးနောက်၊ သူ၏ ခွန်အားသည် သာမာန် ဒုတိယနှစ် ကျောင်းသားများ နှိုးဆွနိုင်သည့် အရာမဟုတ်သည်မှာ သံသယရှိရန်မလိုပေ။

"လင်းဇီချန် မင်းက လူသစ်ဘုရင်ဖြစ်ရင်တောင် မာန်တက်မနေနဲ့။ ပိုကောင်းတဲ့သူတစ်ယောက်အမြဲရှိတယ်၊ ပိုမြင့်တဲ့ကောင်းကင်တစ်ခုအမြဲရှိတယ်၊ မင်းကို တစ်ယောက်ယောက်က ကိုင်တွယ်နိုင်လိမ့်မယ်"

ဒုတိယနှစ် ဆင့်ကဲပြောင်းလဲခြင်းအတန်း(၂)မှ လူတစ်ယောက်က လင်းဇီချန်ကို အော်ပြောလိုက်သည်။

လင်းဇီချန်က အသံထွက်လာသည့် လမ်းကြောင်းကို ကြည့်၍ အော်ပြောလိုက်သည်။

"ငါ့ကို ကိုင်တွယ်နိုင်တဲ့သူ ရှိတယ်၊ ဒါပေမယ့် သူက ရှန်ဟိုင်းတက္ကသိုလ်က ကျောင်းသားတော့ မဟုတ်ဘူး"

မာန။

‘တကယ့်ကို မာနကြီးတယ်’

‘သေစမ်း’

ဤအခိုက်အတန့်တွင် ဒုတိယနှစ် ဆင့်ကဲပြောင်းလဲခြင်း အတန်း(၂)မှ ကျောင်းသားများအားလုံးစိတ်ပျက်လက်ပျက်ဖြင့် ဒေါသဖြစ်နေကြသည်။ သို့သော် ၎င်းတို့၏ ခွန်အားမရှိမှုကြောင့် ယင်းကို ချုပ်ထိနိးထားရန်သာ တတ်နိုင်ကြသည်။

စင်ပေါ်သို့ မည်သူမျှ မတက်ဝံ့သည်ကို မြင်သောအခါ လင်းဇီချန်က အချိန်မဖြုန်းတော့ဘဲ သိုင်းစင်မြင့်ထက်မှ ခုန်ဆင်းရန် ဆုံးဖြတ်လိုက်သည်။

ထိုအချိန်တွင်ပင် လူအုပ်ထဲမှ လူတစ်ယောက်က ရုတ်တရက် အော်လိုက်သည်။

"လီကျစ်ထျီရဲ့ ချစ်သူ ရောက်လာပြီ"

အခန်း(၂၀၇) အခကြေးငွေပေး၍ အစားထိုးခြင်း

အားကစားရုံ၊ ဒုတိယထပ်။

အဆင့်မြင့်လေ့ကျင့်ရေးခန်း။

၎င်းတို့၏အိမ်တွင်းခန်းဆရာ၏ လမ်းညွှန်မှုအောက်တွင်၊ ပါရမီရှင် အတန်းသစ်မှ ကျောင်းသားများသည် ဆွဲငင်အားအခန်းများ၊ ဝိညာဥ်အခန်းများနှင့် တုံ့ပြန်မှုအခန်းများကဲ့သို့သော အလွန်ပြင်းထန်သောပြင်းထန်မှုအားကောင်းသည့် လေ့ကျင့်မှုအား ခံယူရန် နည်းပညာမြင့်လေ့ကျင့်ရေးကိရိယာအမျိုးမျိုးကို အသုံးပြုကြသည်။

"လီမော်ယွီက ခွန်အားကြီးလွန်းတယ်။ သူက သတ္တမမြောက် မြေဆွဲအားအခန်းရဲ့ စွမ်းအားကိုတောင် ခံနိုင်ရည်ရှိတယ်"

"မယုံနိုင်စရာပဲ၊ လော့ရုံကျန့်က ဝိညာဉ်ခန်းထဲမှာ တစ်မိနစ်နီးပါးရှိနေပြီ၊ သူ ဆက်နေနေတုန်းပဲ"

"မာရှိဝေက အရမ်းတော်တာပဲ သူ တုံ့ပြန်မှုခန်းမှာ S အဆင့် ရထားပြီးသား"

ပါရမီရှင်အတန်းတွင် လီမော်ယွီ၊ မာရှိဝေနှင့် လော့ရုံကျန့်တို့သည် အတန်းဖော်များထံမှ အာမေဋိတ်သံများကို ဆက်တိုက်ရယူကာ အဆင့်မြင့် လေ့ကျင့်ရေးခန်းများ၌ တောင့်ခံနိုင်ခဲ့ကြသည်။

စာသင်နှစ် တစ်ခုထက်အနည်းငယ်အတွင်း အသွင်အပြင်သုံးမျိုး လွန်စွာတိုးတက်လာသည်ကိုမြင်လျှင် လင်းဇီချန်ကို လူအများက တွေးတောမိကြသည်။ ကျောင်းသမိုင်းတွင် သြဇာအရှိဆုံးဟု ကြွေးကြော်ထားသော ဤလူသစ်ဘုရင်သည် စာရင်းသွင်းစမ်းသပ်မှုအတွင်း လွှမ်းမိုးခဲ့ကာ လီမော်ယွီ၊ မာရှိဝေနှင့် လော့ရုံကျန့်တို့ကို ချေမှုန်းခဲ့သည်။

ယခု စာသင်နှစ်တစ်နှစ်နီးပါးပြီးဆုံးသွားပြီးနောက် သူ၏ လက်ရှိ ကြံ့ခိုင်မှုက မည်မျှ တိုးတက်နေပြီကို မသိရသေးပေ။ အများစုကမူ တိုးတက်မှု ခပ်များများမရှိနိုင်လောက်သေးဟု ထင်ကြသည်။

နောက်ဆုံးတွင် သူသည် သွေးသန့်လူသား လမ်းကြောင်းကို လျှောက်လှမ်းကာ သွေးမျိုးစပ်ခြင်း မလုပ်ဆောင်ခဲ့ပေ။

ဤသည်ကိုတွေး၍ လူအများက ခေါင်းခါကြသည်။

"လင်းဇီချန်က ဒီနေ့အထိ သွေးမျိုးမစပ်ရသေးဘူး။ အဲ့သုံးယောက်နောက်မှာ ကျန်ခဲ့လောက်တယ်”

"အဲ့လူသစ်ဘုရင်က စိတိကြီးဝင်နေတာ။ သူ့မှာ သွေးမျိုးစပ်နိုင်စွမ်းမြင့်ပေမယ့် သွေးသန့်လူသားလမ်းကြောင်းကို လိုက်နာဖို့ အခိုင်အမာပြောနေတာ၊ ဒါ တုံးတာမဟုတ်ဘူးလား"

“အမှန်အတိုင်းပြောရရင် ဒီလိုလူအုပ်နဲ့ ပေါင်းရတာ နှမျောစရာပဲ”

ပါရမီရှင်အတန်းကလူများက လှောင်သူကလှောင် သနားသူက သနားကြသည်။ သို့သော် ခြွင်းချက်မရှိ၊ အားလုံးက လင်းဇီချန်မိုက်မဲသည်ဟု ထင်ကြသည်။

" ရှန်ချင်းဟန်တွေးနေတာကို ငါနားမလည်ဘူး။ ငါသာဆိုရင် လင်းဇီချန်က ဆင့်ကဲပြောင်းလဲခြင်းကောလိပ်ကိုပြောင်းပြီး သွေးသန့်လူသားလမ်းစဉ်ကို ရပ်လိုက်ဖို့ သေချာပေါက် ပြောမှာ။ ဒါဟာ အရည်အချင်းတွေ ဖြုန်းတီးနေတာပဲ"

ထိုအချိန်တွင် မာရှိဝေသည် တုံ့ပြန်မှုခန်းမှထွက်လာ၍ ဤမိန်းကလေး၏စကားကိုကြားသောအခါ အေးစက်သောအကြည့်ဖြင့် သူမကိုကြည့်လိုက်သည်။

"လူတွေမှာ ရည်မှန်းချက်တွေရှိကြတယ်။ တခြားသူတွေကို ပေါ့ပေါ့တန်တန် မဝေဖန်ပါနဲ့"

"မှန်ပါတယ်" ကောင်မလေးက ရှက်ရွံ့စွာ ရယ်သည်။

ကောလိပ်ဌာနမှူး၏သမီး မာရှိဝေကို သြဇာကြီးမားသော မိသားစုနောက်ခံရှိသူ အနည်းငယ်မှလွဲ၍ အတန်းဖော်အများစုမှာ အလွန်ကြောက်လန့်ကြသည်။ ၎င်းတို့က သူမကို စော်ကားမိမည်ကို စိုးရိမ်သောကြောင့် ပတ်ဝန်းကျင်တွင် အလွန်သိထားကြသည်။ နောက်ဆုံးတွင် ဌာနမှူး၏သမီးသည် ခပ်ခွါခွါနေဟန်ရှိ၍ ပေါင်းသင်းရန် မလွယ်ကူပေ။

"ဆရာ ဘာလို့ ရှန်ချင်းဟန်အတန်းထဲမှာ မရှိတာလဲ။"

မာရှိဝေက အတန်းပိုင်ဆရာကို မေးလိုက်သည်။

ရှန်ချင်းဟန်သည် ကျောင်းစတက်စဉ်မှစ၍ ဘယ်သောအခါမှ နောက်ကျလေ့မရှိသော စံပြကျောင်းသားတစ်ဦးဖြစ်သည်။

ယနေ့တွင် သူမသည် ထူးဆန်းစွာဖြင့် အဆင့်မြင့်လေ့ကျင့်ရေးခန်းတွင် ပထမအတန်းချိန်ကို ပျက်ကွက်ခဲ့သည်။

"ချင်းဟန်က သူ့မှာ အရေးတကြီးကိစ္စရှိလို့ ဒီနေ့ ခွင့်တိုင်ထားတယ်”

"ဟုတ်လား"

မာရှိဝေခေါင်းညိတ်ကာ ဆက်မမေးတော့ပေ။

မကြာလိုက်ပေ။

ဆွဲငင်အားအခန်းမှ လီမော််ယွီနှင့် ဝိညာဉ်ခန်းမှ လော့ရုံကျန့်တို့ နှစ်ဦးစလုံးသည် ၎င်းတို့၏ သက်ဆိုင်ရာအခန်းများမှ ထွက်လာကြကာ ၎င်းတို့၏လေ့ကျင့်မှုကို အဆုံးသတ်လိုက်ကြသည်။ နှစ်ယောက်စလုံး ချွေးများ ရွှဲ၍ အသက်ရှုမဝကြသဖြင့် ထိုင်၍ အနားယူရန် နေရာရှာကြ၏။

၎င်းတို့ လေ့ကျင့်ခဲ့သည့် ပြင်းထန်မှုက မြင့်မားလှသဖြင့် စွမ်းအင်အမြောက်အများကို သုံးခဲ့ရသည်။

အတန်းထဲတွင် အခြားမည်သူမျှ သင်တန်းမတက်တော့ဘဲ ခန်းမထဲတွင် စုရုံးနေကြသည်ကို တွေ့လိုက်ရသဖြင့် အိမ်ခန်းဆရာက လှမ်းပြောလိုက်သည်။

"ငါ ပညာရေးရေးရာရုံးက အကြောင်းကြားစာကို ရခဲ့တယ်။ မင်းတို့နှစ်အတွက်ကျောင်းသားအသစ်ပြိုင်ပွဲကို အခု စာသင်နှစ်ကုန်အထိ ရွှေ့ထားပြီး ဇန်နဝါရီ ၁၈ရက်အတွက် စီစဉ်ထားတယ်"

"ရုတ်တရက်ကြီးလား"

တစ်စုံတစ်ယောက်က သတိလစ်သွားသည့်အလား ခံစားလိုက်ရသည်။ တစ်ချိန်တည်း၌ပင် အခြားသူများလည်း စိတ်လှုပ်ရှားသွားကြသည်။

အလွန်အမင်း စိတ်လှုပ်ရှားနေသူမှ လီမော်ယွီမှလွဲ အခြားသူမဟုတ်ပေ။

"မြန်မြန်ပြိုင်ရရင် ပိုကောင်းတယ်"

"လင်းဇီချန်ကိုအနိုင်ယူဖို့ မစောင့်နိုင်တော့ဘူး"

အစမ်းပြိုင်ပွဲ၌ လင်းဇီချန်၏ ဖိနှပ်ခြင်းကို ခံခဲ့ရသော်လည်း ၎င်းမှာ လွန်ခဲ့သော လပေါင်းများစွာက ဖြစ်သည်။

ယခုအခါ သွေးမျိုးပေါင်းစပ်မှုများစွာကို ခံယူပြီးနောက် သူ၏ ခွန်အားသည် အခြေခံ ဆဌမ အဆင့်သို့ သိသိသာသာ တိုးတက်လာခဲ့၍ သတ္တမမြောက် အဆင့်သို့ ချဉ်းကပ်လာခဲ့သည်။

သွေးမျိုးမစပ်ထားရသေးသော လင်းဇီချန်က သူနှင့် ယှဉ်နိုင်မည်မဟုတ်ဟု သူယုံကြည်ထားသည်။

သွေးသန့်လူသားလမ်းစဉ်နှင်ပတ်သက်၍ တစ်ချိန်က မြို့တော်တစ်ခုလုံးအတိုင်းအတာဖြင့် ဒုတိယရခဲ့သည့် စုန်ယွီယန်သည် သင်ခန်းစာတစ်ခုဖြစ်သည်။

လီနော်ယွိသာမက မာရှိဝေလည်း ဤသို့တွေးသည်။ လင်းဇီချန်လမ်းလွဲသွားခြင်းအတွက် နှမျောဖွယ်ကောင်းသည်ဟု သူမခံစားမိသည်။ သွေးမျိုးစပ်ခြင်း သို့မဟုတ် စက်ပိုင်းဆိုင်ရာ ပြုပြင်မွမ်းမံခြင်းမပြုလုပ်ပါက သူသည် ဒုတိယစုန်ယွီယန် ဖြစ်လာနိုင်ပေသည်။

နှမျောဖွယ်ကောင်းသော်လည်း အခြားသူများ၏ ကံကြမ္မာကိုသာ အားကျနိုင်ကြလိမ့်မည်။

“သေစမ်း အောက်ထပ်မှာ ရန်ဖြစ်နေကြတာပဲ"

သန့်စင်ခန်းမှပြန်လာသော ကောင်လေးတစ်ယောက်သည် လူတိုင်းအား စိတ်အားထက်သန်စွာဖြင့်အော်ပြောလိုက်သည်။

"လင်းဇီချန်နဲ့ ရှန်ချင်းဟန်တို့ ပြဿနာ ရှာနေကြတယ်။ ဆင့်ကဲပြောင်းလဲခြင်းအတန်းက ဒုတိယနှစ်ကျောင်းသူနဲ့ တိုက်ကြတယ်ကွ”

"သူတို့က သူ့အခန်းဖော်ကိုတောင် ရိုက်လိုက်တာ မျက်နှာတွေ ဝက်ခေါင်းတွေလို ဖောင်းကားနေတာပဲ တကယ် ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီ"

"အခုတော့ အဲ့ကောင်မလေးရဲ့ချစ်သူက အမြန်ပြေးပြီး လင်းဇီချန်ကို လာတိုက်တယ"

‘သူတို့ ဒုတိယနှစ်ကျောင်းသူကို ရိုက်နှက်ကြတာလား’

‘ကျောင်းသားကောင်စီရဲ့ စည်းကမ်းထိန်းသိမ်းရေးအရာရှိနဲ့ ရင်ဆိုင်ရတာလား’

အဲ့တာ တကယ်မှန်လား။

လင်းဇီချန်က တကယ်အဲ့လောက် သတ္တိရှိလား’

ပါရမီရှင် အတန်းထဲရှိ လူတိုင်း၏ မျက်နှာများသည် တုန်လှုပ်ခြောက်ခြားမှုများဖြင့် ပြည့်နှက်လျက်ရှိသည်။

"သွားကြည့်ရအောင်၊ အောက်ဆင်းကြည့်"

လူတစ်ယောက်က အော်လိုက်သည်။

နောက်တစ်စက္ကန့်တွင် ပါရမီရှင်အတန်းတစ်တန်းလုံးသည် လေ့ကျင့်ရေးခန်းမှ အမြန်ထွက်၍ ဒရာမာကိုကြည့်ရန် အောက်ထပ်သို့ စိတ်အားထက်သန်စွာဆင်းလာကြသည်။ လီမော်ယွီ၊ မာရှိဝေ၊ လော်ရုံန်ကျန်းနှင့် အခြားသူများကလည်း လိုက်ကြည့်ရန် စင်္ကြံဆီသို့ သွားကြသည်။

…

ယခုအချိန်၌ အောက်ထပ်တွင် လင်းဇီချန်သည် သိုင်းစင်မြင့်တွင် ရပ်နေဆဲဖြစ်ကာ စင်အောက်ရှိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို တိတ်တဆိတ်ကြည့်ရှုနေသည်။

အမျိုးသမီးမှာ ဆံပင်နီနီဖြင့် စီနီယာ ကျစ်ချီဖြစ်သည်။ ထိုအမျိုးသားသည် ကျောင်းသားကောင်စီ စည်းကမ်းထိန်းသိမ်းရေးအရာရှိဖြစ်ကာ ကျစ်ချီ၏ ချစ်သူ ကျင်းမင်ယွီဖြစ်သည်။

ကျင်းမင်ယွီ လက်သီးများကို တင်းတင်းဆုပ်၍ အံကိုကြိတ်ကာ ကောလိပ်ပန်းပွင့်ကောင်မလေး၏ ရောင်ရမ်းနေသော မျက်နှာကို မြင်လိုက်ရသည်နှင့် ဒေါသပေါက်ကွဲသွားသည်။

"ငါ့အစား သူ့ကို ဂရုစိုက်ပေးထား”

All Chapters