← Chapters

အပိုင်း ၂၁၁-၂၁၃

Vol. 15 Ch. 211-213

အပိုင်း ၂၁၁-၂၁၃

Vol. 15 Ch. 211-213

အခန်း (၂၁၁) ပထမဆုံးသောကိုယ်စားလှယ်အဆင့်စီးပွားရေး (၂)

ဝတ်စုံပြည့်ဝတ်ထားပြီး ဒေါက်ဖိနပ်စီးကာ ပိုနီတေးဆံပင်ပုံစံမျိုးစည်းထားသည့်မိန်းကလေးသည် ထိပ်ဆုံးထိုင်ခုံတွင် ထိုင်နေသည့် ကျိုးရွှယ်ဟုန်ကို ကြည့်ကာ မေးလိုက်သည်။ ကျိုးရွှယ်ဟုန်သည် တည်ငြိမ်သောအမူအရာဖြင့်ပင် ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

''ကလေးတွေ အကြောက်အလန့်မရှိယုံသက်သက်ပါ။ အားကောင်းတဲ့ပြိုင်ဘက်နဲ့တွေ့ပြီး တစ်ခါလောက်ခံလိုက်ရတာနဲ့ ဒီလောက်မာနကြီးမှာမဟုတ်တော့ပါဘူး။''

ကျောင်းသားကောင်စီဥက္ကဌကမူ လင်းဇီချန်ကို အဖက်မလုပ်ပေ။

သူ၏မျက်လုံးထဲတွင် လင်းဇီချန်သည် အခြားသူများထက် ပို၍ခန္ဓာကိုယ်ကြံ့ခိုင်ယုံသက်သက်မျှသာဖြစ်ပြီး ပါရမီကမူ သာမန်မျှသာဖြစ်သည်ဟု ထင်မိသည်။

ဥပမာအားဖြင့် သွေးမျိုးစပ်နိုင်စွမ်းကို ပြောရလျှင် လင်းဇီချန်၏အကြောင်းကို သိရန်လိုသေးသည်။

သူ၏သွေးမျိုးစပ်နိုင်စွမ်းက (၁၅) ရာခိုင်နှုန်းသာဖြစ်သည်။ အများစုအတွက်မူ ထိုသို့ သွေးမျိုးစပ်နိုင်စွမ်းက ထိပ်တန်းပါရမီဖြစ်သည်ကို ညွှန်ပြနေသည်။ ထို့ကြောင့် လင်းဇီချန်နှင့်ပက်သက်၍ အနှစ်ချုပ်ရပါလျှင် လွန်စွာသာမန်မျှသာဖြစ်၏။

သာမန်ဟုသောအခြေအနေအောင်တွင်မျှသာ ရှိသည်။

အစောပိုင်းအဆင့်တွင် အားလုံး၏သွေးမျိုးဆက်စွမ်းအားအဆင့်က မမြင့်ကြပေ။ လင်းဇီချန်သည် သူ၏အားကောင်းသောခန္ဓာကိုယ်ကြံ့ခိုင်မှုကြောင့်သာ ထူးချွန်နေကာ အထင်ကြီးချင်စရာကောင်းနေပုံပေါ်သည်။ သို့သော် အားလုံး၏ သွေးမျိုးဆက်စွမ်းအားအဆင့်သည် သွေးမျိုးစပ်နိုင်ခြင်းပေါ်မူတည်၍ တိုးလာကာ လင်းဇီချန်၏ သွေးမျိုးစပ်နိုင်စွမ်းက (၁၅) ရာခိုင်နှုန်းသာရှိသောကြောင့် သူ၏အားသာချက်သာမရှိလျှင် ပြောနေစရာပင် မလိုပေ။

ကျိုးရွှယ်ဟုန်သည် ယခုနှစ်လူသစ်များကြားတွင် မာရှိဝေ နှင့် လီမော့ယွီကို အထင်အကြီးဆုံးဖြစ်သည်။

အထူးသဖြင့် လီမော့ယွီကိုပင်ဖြစ်သည်။

လုံလောက်သောအချိန်တစ်ခုပေးလျှင် မြို့တော်၏ထိပ်တန်းကျောင်းသားသည် နောင်တွင် ရှန်ဟိုင်းတက္ကသိုလ်၏မှတ်တမ်းအမျိုးမျိုးကို ချိုးဖျက်နိုင်မည်မှာ ချဲ့ကားပြောနေခြင်းမဟုတ်ဟု ထင်မိသည်။ လင်းဇီချန်သည်မူ ထိပ်တန်းငါးယောက်တွင်ပါယုံမျှသာဖြစ်မည်။

ထို့အပြင် လင်းဇီချန်သည်သာ သွေးသန့်လူသားလမ်းစဉ်ကို လက်လျော့၍ သွေးမျိုးဆက်ခြင်းလမ်းစဉ်ကို လျှောက်လှမ်းလာနိုင်သည်ကလည်း ဖြစ်နိုင်ချေရှိသည်။ လင်းဇီချန်သည် သွေးသန့်လူသားလမ်းစဉ်ကိုသာ ဆက်လျှောက်ပါလျှင် ကံမကောင်းစွာဖြင့် နောင်တွင် အတန်းထဲ၌ ထိပ်တန်းဆယ်ယောက်ထဲပါလျှင်ပင် ကံကောင်းသည်ဟု ဆိုနိုင်မည်။

…

နောက်တစ်နေ့ မနက်အရုဏ်တက်ချိန်တွင်ဖြစ်၏။ လင်းဇီချန်တစ်ယောက် စောစောစီးစီးနိုးလာသည်။ ရှန်ချင်းဟန်ကို စောင်သေချာခြုံပေးလိုက်ပြီးနောက်တွင် လေ့ကျင့်ရန် လသာဆောင်ဘက်သို့ ထွက်လာ၏။

ခန္ဓာကိုယ်သန့်စင်ခြင်းကို ကျင့်ကြံနေခြင်းဖြစ်၏။ တတိယအဆင့်ခန္ဓာကိုယ်သန့်စင်ခြင်း၏အခက်အခဲသည် ဒုတိယအဆင့်ထက် ပို၍မြင့်သည်။ အခြေခံအားဖြင့်ဆိုလျှင် ခံစားရသောနာကျင်မှုဒဏ်ပင် ဖြစ်၏။

သန့်စင်နေစဉ်အတွင်းတွင် နာကျင်မှုက ပြင်းထန်သောကြောင့် မျက်နှာပင် ရှုံ့မဲ့သွားမိသည်။ သို့သော်လည်း သတင်းကောင်းမှာ သန့်စင်ခြင်း၏အကျိုးအာနိသင်ကို လုပ်ပြီးလျှင်လုပ်ပြီးချင်းလက်ခံယူ၍ရသည်။ သို့သော်လည်း ဒုတိယအဆင့်သန့်စင်ခြင်းထက် အနည်းငယ်မျှနှေး၏။

နှစ်နာရီခန့်ကြာပြီးနောက်တွင် လင်းဇီချန်တစ်ယောက် သန့်စင်ခြင်းပြီးသွားကာ မီးဖိုချောင်သို့သွား၍ မနက်စာချက်သည်။ ရှန်ချင်းဟန်က မနက်စာစားပြီး အတန်းသွားသောအခါတွင် လင်းဇီချန်က လသာဆောင်သို့ပြန်၍ ဆက်လက်လေ့ကျင့်သည်။

မနက်ဆယ်နာရီဝန်းကျင်အထိ သန့်စင်ခြင်းလုပ်ဆောင်သည်။

ထို့နောက်တွင် ယောဂဖျာကို သိမ်းလိုက်၏။

ရေချိုးခန်းသို့သွား၍ ရေအေးအေးလေးချိုးသည်။ ထို့နောက် ဆိုဖာပေါ်တွင်လှဲကာ ဖုန်းကြည့်နေပြီး ခရက်ဒစ်ဆိုင်ကိုဖွင့်ပြီး စားသုံးမည့်ဆန်းကြယ်သားရဲအသားများ လိုက်ရှာကြည့်သည်။ စတိုးကို နာရီဝက်ခန့်ရှာကြည့်နေသည်။ တဖြည်းဖြည်းဖြင့် ကိုးမျိုးလှည့်ဝိညာဉ်ပိုးကောင်သားဟုသောအသားတစ်မျိုးက လင်းဇီချန်၏အာရုံကို ဖမ်းစားသွားသည်။

ကိုးမျိုးလှည့်ဝိညာဉ်ပိုးကောင်လား။

ဘယ်လိုဆန်းကြယ်သားရဲကြီးလဲ

လင်းဇီချန်သည် ၎င်းမသိသောသားရဲတစ်ကောင်ကို မြင်လိုက်ရသောအခါတွင် အတန်ငယ်အံ့အားသင့်နေမိသည်။ ပစ္စည်းအချက်အလက်ကိုနှိပ်လိုက်ပြီး အချက်အလက်များကို ဖတ်ကြည့်၏။ ထို့နောက်တွင် ကိုးမျိုးလှည့်ဝိညာဉ်ပိုးကောင်ကိုရှာတွေ့သွား၏။ ဝိညာဉ်စွမ်းအားအလွန်ကြီးသည်ဟု ရေးထားသည်။ တယ်လီပသီစွမ်းအားဖြင့် အလေးချိန်၏ဆယ်ဆ၊ အဆရာတစ်ရာရှီသည့်ပစ္စည်းများကို ထိန်းချုပ်နိုင်ခြင်းပင်ဖြစ်သည်။

လွန်စွာအားကောင်းသောဝိညာဉ်စွမ်းအားမဟုတ်ပါလော။

စွမ်းအားပွင့်သွားလျှင် ဝိညာဉ်စွမ်းအားကိုအားကောင်းစေမည့်သွေးမျိုးဆက်စွမ်းအားတစ်ခုကိုလည်း ရရှိပေမည်။ နှစ်ပေါင်းများစွာကြာအောင်ချီသွေးကို အားဖြည့်ပြီးနောက်တွင် ဝိညာဉ်စွမ်းအားတိုးတက်အောင် လုပ်ဆောင်ရတော့မည့်အချိန်ပင်ဖြစ်သည်။

ထို့ကြောင့် ထိုဆန်းကြယ်သားရဲသားကို စားမည်ဟု ဆုံးဖြတ်ချက်ချလိုက်လေသည်။ ဈေးနှုန်းကမူ ကြောက်ခမန်းလိလိပင်ဖြစ်သည်။

တစ်ပေါင်လျှင် ကျောင်းအမှတ်ငါးဆယ်ကျသင့်ပေမည်။

အသစ်ရှာတွေ့ထားသောဆန်းကြယ်သားရဲသားသည် အကန့်အသတ်ထုတ်ကုန်ဖြစ်ကာ ရှားပါးမှုကြောင့် တန်ဖိုးရှိလှသည်။ အချိန်ပေး၍ ထုတ်လုပ်ခြင်းကိုတိုးမြှင့်လျှင် ဈေးလည်းသိသိသာသာကျသွားမည်ဖြစ်သည်။

တွေးမိပြီးနောက်တွင် လင်းဇီချန်သည် ကျောင်းအမှတ်ငါးဆယ်ဖြင့် ထိုဆန်းကြယ်သားရဲသားကို အော်ဒါတင်လိုက်သည်။ စွမ်းအားဖြစ်စဉ်ဘားတန်းကို ဦးစွာစဖွင့်မည်ဟု တွေးလိုက်မိ၏။

ညနေသုံးနာရီဝန်းကျင်ခန့်တွင် ပစ္စည်းပို့သမားရောက်လာသည်။

လင်းဇီချန်က ဘူးကိုဖွင့်ကာ ကိုးမျိုးလှည့်ဝိညာဉ်ပိုးကောင်သားကိုထုတ်ယူလိုက်၏။ ကြည့်ရသည်မှာ ခူကောင်ပုံစံမျိုးနှင့်ဆင်သည်။ အရောင်ကအမည်းရောင်ဖြစ်ပြီး အတန်ငယ်အဆိပ်ပြင်းမည့်ပုံပေါ်သည်။ များများစားစားမစဉ်းစားတော့ဘဲ ထိကြည့်ကာ စတင်စုပ်ယူလိုက်၏။

(သင်သည် ကိုးမျိုးလှည့်ဝိညာဉ်ပိုးကောင်သားအသက်ဓာတ်တစ်မျှင်ကို စားသုံးလိုက်ပါပြီ။)

(ကိုးမျိုးလှည့်ဝိညာဉ်ပိုးကောင်စွမ်းအား - ၁ရာခိုင်နှုန်း။)

လင်းဇီချန်က လေထဲတွင်ပေါ်နေသောအချက်အလက်နှစ်ခုကိုကြည့်ကာ အာရုံမစိုက်ပေ။ အမြန်ပင် စာတန်းများကိုဖျောက်လိုက်ပြီး ခန္ဓာကိုယ်သန့်စင်ရန် လသာဆောင်သို့သွားသည်။ အချိန်က ညနေလေးနာရီခွဲရှိပြီဖြစ်သည်။

ယောဂဖျာပေါ်မှဖုန်းက ရုတ်တရက်မြည်လာသည်။

စစ်ဆေးကြည့်လိုက်သောအခါတွင် ကျောင်းသားရေးရာဌာနက ကျောင်းအက်ပ်မှတစ်ဆင့်ပို့လိုက်သောစာပင်ဖြစ်သည်။ အကြောင်းအရာမှာ - ရှန်ဟိုင်းတက္ကသိုလ်သည် ယနေ့၏စိန်ခေါ်နိုင်ခြင်းအရေအတွက်ကန့်သတ်ချက်ကို တိုးမြှင့်လိုက်ပါပြီ။ အားလုံးတွင် အကန့်အသတ်မဲ့စိန်ခေါ်နိုင်ခွင့်ရှိပါပြီ။

''သူတို့က မြန်မြန်လှုပ်ရှားလိုက်တာပဲ။''

လင်းဇီချန်က ပြုံး၍ ယွမ်သုန်ကျီကို စိတ်ထဲတွင် လက်မထောင်ပြနေမိသည်။ ရှန်ချင်းဟန်၏ဆရာသည် သူမအပေါ်တွင် အမှားတစ်ခုပင် လုပ်မည်မဟုတ်သည်ကို ဝန်ခံရပေမည်။

ကိစ္စများကို ဖြေရှင်ပေးရန် တောင်းဆိုလျှင် သေချာပေါက်ဖြေရှင်းပေးသည်သာပင်။ ထို့နောက်တွင် ခယနေစရာမလိုဘဲ လုပ်ပေးခြင်းသာဖြစ်၏။

…

နှစ်ရက်ခန့်ကြာပြီးနောက် တနင်္ဂနွေ့နေ့ မနက် (၁၁) နာရီဝန်းကျင်တွင် ဖြစ်သည်။ လီချူရှင်းက ထမင်းလာစားပြန်သည်။ သေချာပြောရလျှင်မူ အလကားလာစားခြင်းမဟုတ်ပေ။ ပစ္စည်းများဝယ်လာပေးကာ ရှန်ချင်းဟန်နှင့်အတူတူ မီးဖိုချောင်၌ ချက်ပြုတ်ကြခြင်းပင်ဖြစ်၏။

ဟင်းချက်နေကြဖြစ်သောလင်းဇီချန်ကမူ ဧည့်ခန်းထဲတွင်ထိုင်ကာ ဖုန်းကြည့်နေသည်။ တစ်နာရီခန့်ကြာပြီးနောက်တွင် ဟင်းလေးပွဲနှင့်စွတ်ပြုတ်တစ်ပန်းကန်ကို ချက်ပြုတ်ပြင်ဆင်ပြီးသွားပြီဖြစ်သည်။ သုံးဦးသား အတူတူထိုင်ကာ စားသောက်ကြလေ၏။ စားနေစဉ်တွင် လီချူရှင်းက လင်းဇီချန်ကို သတင်းကောင်းအချို့ယူလာပေးကာ ပြုံး၍ ပြောပြလိုက်သည်။

''ဇီချန် အစားထိုးကစားသမားလုပ်ပေးရမဲ့ နင့်အကူအညီလိုတဲ့ဖောက်သည်တစ်ယောက်ရှာတွေ့ထားတယ်။''

''အဲ့ဖောက်သည်က ငါတို့အတန်းထဲက ချမ်းသာတဲ့ကောင်မလေးပဲ။ သူတို့မိသားစုက အတော်လေးကိုချမ်းသာတယ်။'’

အခန်း (၂၁၂) ပထမဆုံးသောကိုယ်စားလှယ်အဆင့်စီးပွားရေး (၃)

''နေ့တိုင်း အင်္ကျီအသစ်တွေဝတ်ပြီး ဈေးကြီးတဲ့အိတ်တွေအမျိုးမျိုး လဲကိုင်နေတော့ ဒုတိယနှစ်က အကြီးတန်းတစ်ယောက် မနာလိုတာခံရပြီး နေ့တိုင်းပစ်မှတ်ထားခံနေရတယ်လေ။''

''နင့်အတွက် အဲ့စီနီယာအစ်မနဲ့ပက်သက်တဲ့အချက်အလက်တွေ စုထားတယ်။''

''သူက အားတော့သိပ်မကောင်းပါဘူး။ သူ့ရဲ့သွေးမျိုးဆက်စွမ်းအားအဆင့်က အခြေခံအဆင့် စတုတ္ထအဆင့်ပဲရှိတယ်။''

''ဒါပေမဲ့လို့ သူက ကျောင်းသားကောင်စီမှာ နေရာတစ်နေရာရထားတဲ့အစ်ကိုတစ်ယောက်ရှိတယ်။ သူ့အစ်ကို သွေးမျိုးဆက်စွမ်းအား သတ္တမအဆင့်။ ကျင်းမင်ယွိနဲ့အတူတူပဲ။''

ပြောပြီးနောက်တွင် လီချူရှင်းက မေးလိုက်၏။

''ကော်မရှင်ခအတွက် ကျောင်းအမှတ်ဘယ်လောက်လိုချင်လဲ။''

လင်းဇီချန်က ဖြေရန် အလောမကြီးပေ။ စဉ်းစားတွေးတောရန်လိုသည်။ ထိုကိစ္စအတွက် ကျောင်းအမှတ်မည်မျှတန်သည်ကို ရှုထောင့်အမျိုးမျိုးမှ စဉ်းစားကြည့်သည်။ ပြဿနာကိုဖြေရှင်းပေးခြင်းအတွက် ကျသင့်ငွေရှိရပေမည်။ လုပ်အားခအတွက်လည်း ကျသင့်ငွေရှိမည်။

ခံစစ်အဖြစ်လုပ်ဆောင်လျှင် လူများစွာကို ခုခံရမည်။ ပက်သက်ဆက်နွယ်မှုဖြတ်တောက်ကြေးအတွက်ကမူ ကျိုးကြောင်းမသင့်လျော်ပေ။ စဉ်းစားပြီးနောက်တွင် ကျသင့်ငွေနှင့်ပက်သက်၍ ရှုထောင့်နှစ်ခုသာ ကျန်တော့သည်။ ထို့ကြောင့် လင်းဇီချန်က လီချူရှင်းကို ပြောလိုက်သည်။

''အကုန်လုံးကို တွက်ချက်ပြီးတော့ ကော်မရှင်ခကို ကျောင်းအမှတ် (၁၁) မှတ်ကျမယ်။''

''ကောင်းပြီ။ အခုချက်ချင်းလွှဲပေးလိုက်မယ်။''

လီချူရှင်းက ဝီချက်ကို ဖွင့်၍ အတန်းထဲမှ မိန်းကလေးနှင့်ဆက်သွယ်သည်။ နှစ်မိနစ်အတွင်းပင် မိန်းကလေးက ပြန်ပြောပြီး ကျသင့်ငွေကို လွှဲပေးမည်ဖြစ်ကြောင်း ပြောသည်။ ထို့နောက်တွင် လင်းဇီချန်၏ဖုန်းက မြည်လာသည်။ ဖုန်းကိုကြည့်လိုက်သောအခါ၌ ကျောင်းအက်ပ်မှ စာတစ်စောင်ကို ရလိုက်ကာ ထိုမိန်းကလေးမှ အမှတ်လွှဲပေးခြင်း ဖြစ်သည်။

ကျောင်းအမှတ် (၁၁)မှတ် ဆိုသည်က နည်းလည်းမနည်း၊ များလည်းမများပေ။

''လွှဲတာမြန်တာပဲ။''

လင်းဇီချန်က ပြုံး၍ ပြောလိုက်သည်။

ရှန်ဟိုင်းတက္ကသိုလ်အက်ပ်သည် ကိစ္စများကို ကိုင်တွယ်ရာ၌ လွန်စွာအဆင်ပြေသည်။ စိန်ခေါ်မှုအတွက်ဖြစ်စေ မဟုတ်လျှင် လွှဲပြောင်းခအတွက်ဖြစ်စေ၊ လူနာမည်ကိုရိုက်ရှာလိုက်ယုံဖြင့် အချက်အလက်အချို့ကို အတည်ပြုပြီးဖြစ်ကာ စိတ်တိုင်းကျလုပ်ဆောင်နိုင်သည်။

မကြာမီပင် လင်းဇီချန်က ကျောင်းအမှတ် (၁) မှတ်ကို လီချူရှင်းဆီသို့ ပို့ပေးလိုက်ပြီး ပြောလိုက်သည်။

''ချူရှင်း နင်င့ါကိုကူညီပြီး ဖောက်သည်ရှာပေးလို့ အမှတ်တစ်မှတ် လွှဲပေးလိုက်ပြီ။''

''အာ''

လီချူရှင်းက အံ့အားသင့်သွားကာ ပြောလိုက်သည်။

''ဒါတော့မကောင်းဘူးနော်။ ဒီလိုမျိုးမျက်နှာသာပေးတာက သူစိမ်းဆန်လွန်းတယ်။''

လင်းဇီချန်က အလေးအနက်ဖြင့် ပြန်ပြောလိုက်သည်။

''သွေးသောက်ညီအစ်ကိုဆိုရင်တောင်မှ ငွေစာရင်းကို သေချာရှင်းသင့်တယ်။ နင့်ကို အလကားအလုပ်မလုပ်ခိုင်းပါဘူး''

''အဲ့လိုဆို နင်က အဲ့လိုပြောပြီဆိုမှတော့ ငါလည်းမယဉ်ကျေးနေတော့ဘူး။''

တွေဝေခြင်းမရှိဘဲ လီချူရှင်းက ကျောင်းအမှတ်တစ်မှတ်ကို လက်ခံလိုက်ရသည်။ ထို့နောက်တွင် သူမသည် လင်းဇီချန်ကို စတင်ကူညီပေးပြီး ဖောက်သည်များ ကူရှာပေးသည်။ တစ်မိနစ် နှစ်မိနစ်ခန့် ဆွေးနွေးပြီးနောက်တွင် မနက်ဖြန်အတန်းပြီးနောက် ထိုစီနီယာအစ်မဖြင့် ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။

ကိစ္စများကို ရှင်းလင်းပြီးနောက်တွင် လီချူရှင်းက လင်းဇီချန်ကိုကြည့်ကာ မေးလိုက်သည်။

''ဇီချန် တကယ်တိုက်ဆိုင်တာမဟုတ်လား။ နင်င့ါကို အားကစားခန်းမမှာ အစားတိုက်ခိုက်ပေးမဲ့သူကိစ္စပြောပြီး ကျောင်းက စိန်ခေါ်လို့ရတဲ့အရေအတွက်ကန့်သတ်ချက်ကို ပယ်ဖျက်လိုက်တယ်လေ။ မသိနိုင်တဲ့အပေးအယူတွေများ ရှိလို့လား။''

''ဘာအပေးအယူမှမရှိပါဘူး”

လင်းဇီချန် လိမ်ပြောလိုက်လေသည်။

''ကျောင်းစည်းမျဉ်းတွေပြောင်းတော့မယ်ဆိုတာကို ကြိုသိထားလို့ပါ။ အဲ့တာကြောင့် အဲ့နေက အစားထိုးတိုက်ခိုက်သူအကြောင်းကို ပြောလိုက်တာ။''

လီချူရှင်းက တလေးတစားဖြင့် ပြောလိုက်သည်။

''ပါရမီရှင်ဖြစ်တာက မတူဘူးပဲ။ ကျောင်းစည်းမျဉ်းအပြောင်းအလဲကိုတောင် ကြိုသိထားတယ်။''

ပြောပြီးနောက်တွင် သူမက ထပ်ပြောလိုက်၏။

''ဒါနဲ့ ဒီနေ့ ညနေလေးနာရီကျရင် အားကစားခန်းမမှာ ထိပ်တန်းစာရင်းထွက်လာမှာ။ အခြေခံအဆင့် နဝမအဆင့်စီနီယာတွေပါ။ နင်သွားကြည့်ဦးမလား။''

လွန်ခဲ့သောသုံးရက်က စိန်ခေါ်သည့်အရေအတွက်ကန့်သတ်ခြင်း ပယ်ချလိုက်သောကြောင့် နေ့တိုင်းပင် အားကစားခန်းမ၌ ထိပ်တန်းစာရင်းထုတ်ပေးတော့သည်။ မနက်ခင်း၊ နေ့လည်ခင်းနှ၍့် ညနေခင်းများပင်ဖြစ်ကာ အမြဲပင် ပြိုင်ပွဲများရှိသည်။

အတန်ငယ်စည်ကားသည်ဟု ဆိုရပေမည်။ လင်းဇီချန်က ခေါင်းခါမိကာ

''ငါစိတ်မဝင်စားဘူး။ အဲ့တာကြောင့်မလို့ မသွားတော့ဘူး။''

၎င်းစိတ်မဝင်စားသည်ကို တွေ့သောကြောင့် လီချူရှင်းက ရှန်ချင်းဟန်ဘက်သို့လှည့်ကြည့်ပြီး မေးလိုက်သည်။

''နင်ရော ဟန်ဟန်။''

သူမသည် ရှန်ချင်းဟန်ကို သူမနှင့်အတူ လိုက်ကြည့်စေချင်မိသည်။ ထိုသည်ကို မြင်သောအခါွင် ရှန်ချင်းဟန်က သဘောတူလိုက်သည်။

''ငါတော့ အတော်လေးစိတ်ဝင်စားတယ်။''

လီချူရှင်းက ပြုံး၍ ပြောလိုက်သည်။

''ဒါဆို ညနေလေးနာရီကျရင် အတူတူသွားကြည့်ရအောင်။''

…

မကြာခင်ပင် နောက်တစ်နေ့ တနင်္လာနေ့မနက်သို့ ရောက်လာသည်။ လီချူရှင်း၏ စီစဉ်ညွှန်ကြားပေးမှုအောက်တွင် လင်းဇီချန်က မစ်ခ်တီးဆိုင်၌ ဖောက်သည်နှင့်တွေ့သည်။ ဖောက်သည်သည် သာမန်ပုံစံပေါက်သည့် မိန်းကလေးတစ်ဦးဖြစ်သည်။ သို့သော်လည်း သူမက လွန်စွာချမ်းသာသည်။ ခေါင်းအစခြေအဆုံး ဒီဇိုင်နာထုတ်များကိုသာ ဝတ်ဆင်ထားသည်။

''အား''

''အစ်ကိုချန် တကယ်အစ်ကိုချန်ပဲ။''

''အစ်ကိုချန် ကျွန်မက ရှင့်ရဲ့ပရိတ်သတ်ပါ။''

လင်းဇီချန်ကို မြင်သောအခါ၌ ဖောက်သည်မှာ စိတ်လှုပ်ရှားသွားကာ ထခုန်မိမတတ်ဖြစ်သည်။ သူ၏ပရိတ်သတ်တစ်ဦးဖြစ်နေခြင်းဖြစ်သည်။ နောက်တွင် တောင်းဆိုသည်မှာ ဓာတ်ပုံအတူတူရိုက်ရန်နှင့် လက်မှတ်ထိုးပေးရန် ဖြစ်၏။ မသိသောသူတစ်ယောက်သာ မြင်လျှင် စူပါစတားတစ်ယောက်က ပရိတ်သတ်တွေ့ဆုံပွဲလုပ်နေသည်ဟု ထင်မိပေမည်။

''တောင်းပန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က တိုက်ခိုက်ရေးသမားအတွက်ပဲ ဌားထားတာဆိုတော့။ အခြားဆားဗစ်ကို လုပ်မပေးပါဘူးဗျ။''

လင်းဇီချန်က ငြင်းလိုက်သည်။ သူသည် ပရိတ်သတ်များကို မတွေ့ဆုံချင်ပေ။ ရိုးရိုးခံစစ်သမားတစ်ယောက်သာ ဖြစ်လိုသည်။ ထို့ကြောင့်ပင်လျှင် ထိုဖောက်သည်၏ ဝီချက်ကိုပင် မအပ်ပေးပေ။ အားလုံးကို လီချူရှင်းဆီမှသာ လုပ်ဆောင်စေ၏။

ရှင်းလင်းပြီးနောက်တွင် လင်းဇီချန်က ကော်မရှင်ခနှင့်ပက်သက်ပြီး စကားပြန်ပြောကြကာ ဖောက်သည်ကို မေးလိုက်သည်။

''မင်းရဲ့ စီနီယာအစ်မက ဘယ်လိုမျိုးအနိုင်ကျင့်လဲဆိုတာကို အသေးစိတ်ပြောပြပါ။ ဘာမှချဲ့ကားပြီးမပြောပါနဲ့။''

စီနီယာ၏အနိုင်ကျင့်သည့် အဆင့်ပေါ်တွင်မူတည်ပြီး ဆားဗစ်ပေးမည်ဖြစ်သည်။

လင်းဇီချ်နက ထိုသို့ပြောလိုက်သောအခါတွင် ဖောက်သည်က ချက်ချင်းပင် အငြှိုးများအကြောင်းကို အိတ်သွန်ဖာမှောက်ပြောပြသည်။

အဝတ်အစားများကိုယူသည်။ အိတ်များကို လုသည်။ စုစုပေါင်းဆိုရလျှင် ဆုံးရှုံးမှုက မီလီယံချီသည်။ သို့သော်လည်း ပစ္စည်းများက အရေးမကြီးပေ။ အရေးကြီးသည်က သူမခံစားခဲ့ရသည့် စော်ကားမှုများနှင့် ကိုယ်ရေးကိုယ်တာတိုက်ခိုက်မှုများပင် ဖြစ်သည်။ သူမသည် ရုပ်ဆိုးလွန်းသောကြောင့် အဝတ်အစားကောင်းများနှင့်မတန်ဟု ပြောခံရသည်။

''တော်တော်ဆိုးတာပဲ။''

ဖောက်သည်၏ပြောပြချက်များကို နားထောင်ပြီးနောက်တွင် ရှန်ချင်းဟန်က ဒေါသတကြီးဖြင့် ဖောက်သည်အစား လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။ ဆန့်ကျင်ဘက်အနေဖြင့် လင်းဇီချန်က စိတ်ခံစားချက်ကို ထိန်းသိမ်းလိုက်ပြီး ပြောလိုက်၏။

''စိတ်မပူပါနဲ့။ ဒီလောက်ဆိုရပြီ။ ဒီနေ့ပြီး နောက်တစ်နေ့ဆိုရင် မင်းကို အနိုင်ကျင့်ရဲမှာမဟုတ်တော့ဘူး။''

''အစ်ကိုချန်ရဲ့စကားအတိုင်း ကျွန်မစိတ်ချလိုက်ပြီ။''

ဖောက်သည်က ပြုံး၍ ပြောလိုက်သည်။

''ဒီကိစ္စအားလုံးဖြေရှင်းပြီးသွားရင် အစ်ကိုချန်ရဲ့ ခံစစ်လုပ်ငန်းကို ပံ့ပိုးပေးတဲ့အနေနဲ့ အပိုအမှတ် (၁၁) မှတ် ထပ်လွှဲပေးလိုက်ပါ့မယ်။''

နောက်ထပ် ကျောင်းအမှတ် (၁၁) မှတ်ပေးမည်လော။ လင်းဇီချန်၏မျက်လုံးများ အရောင်တောက်သွားပြီး မတ်တပ်ရပ်ကာ ဖောက်သည်ကိုပြုံး၍ ပြောလိုက်သည်။

''ငါတို့ကျောင်းစည်းကမ်းက ဒီလိုမျိုးပြောင်းသွားလိမ့်မယ်လို့ မထင်မိဘူး။ ငါတို့တွေ ဒီအခိုက်အတန့်ကို ပုံရိုက်ပြီး မှတ်တမ်းတင်ထားသင့်တယ်။''

အခန်း (၂၁၃) ကျောင်းသားကောင်စီနှင့်ရင်ဆိုင်ခြင်း

မနက် (၁၁:၁၅)

ဆင့်ကဲပြောင်းလဲခြင်းကောလိပ်၊ အဆောက်အဦးနံပါတ်သုံးတွင်ဖြစ်သည်။

လင်းဇီချန်၊ ရှန်ချင်းဟန်၊ လီချူရှင်းနှင့် အခြားသောကော်မရှင်နာများသည် သင်ကြားရေးအဆောက်ဦး၏ပထမထပ်တွင် အတန်းဆင်းသည့်အခါ၌ ပစ်မှတ်ပေါ်လာမည်ကို စောင့်နေကြပေသည်။

ငါးမိနစ်ကြာပြီးနောက်တွင် အတန်းဆင်းသည့်ခေါင်းလောင်းမြည်လာသည်။

တိတ်ဆိတ်နေသောအဆောက်အဦးသည် ချက်ချင်းပင် ဆူညံသွား၏။ စာသင်ခန်းများထဲမှ ကျောင်းသားများ ထွက်လာကြပြီး အုပ်စုလိုက်အုပ်စုလိုက်ဖြင့် လူသွားလမ်းစင်္ကြံတွင် ပြည့်သွားသည်။ ကျောင်းသားအများစုသည် အချိန်ကုန်သက်သာရန်အတွက် အပေါ်ထပ်မှနေ၍ ဘုန်းကနဲမြည်သံဖြင့် ခုန်ချတတ်ကြသည်။ ထို့နောက်တွင်မူ ဘာမှမဖြစ်သလိုပင် ထ၍ ထွက်သွားကြ၏။

''အဲ့တာ လင်းဇီချန်မဟုတ်လား”'

''စာသင်တဲ့နေရာက အတန်းကြီးတွေအတွက်ပဲကိုး။ သူက ဘာလာလုပ်တာလဲ။''

''သူက ဖြတ်သွားတဲ့သူတိုင်းကို ကြည့်နေတယ်။ ဒီမှာ လူစားထိုးတိုက်ခိုက်ရေးသမားအဖြစ် လာတာများလား။''

''တကယ်ပဲ လူလာရှာတာဖြစ်လောက်တယ်။ ဘယ်သူများကံဆိုးမလဲမသိဘူး။''

''အဲ့နေ့တုန်းက အားကစားခန်းမမှာ အဲ့လိုမျိုး လူထွက်ပြလိမ့်မယ်လို့ မထင်ခဲ့ဘူး။''

လူများစွာက လင်းဇီချန်ကို ငေးကြည့်၍ တီးတိုးပြောနေကြသည်ကို သိသည်။ လင်းဇီချန်ကမူ ထိုအသံများကို လျစ်လျူရှု၍ တိတ်ဆိတ်နေဆဲဖြစ်သည်။

ပစ်မှတ်ရောက်လာမည်ကို စောင့်နေခြင်းဖြစ်၏။

သို့သော်လည်း အတော်ကြာစောင့်နေပြီးနောက်တွင် ပစ်မှတ်ကပေါ်မလာသေးပေ။

''ထူးဆန်းလိုက်တာ။ ဟွမ်ကျားမင်ကို ဘာလို့မတွေ့တာလဲ။ သူဒီနေ့ ခွင့်တိုင်ထားတာများလား။''

ကော်မရှင်နာက တွေဝေသောအမူအရာဖြင့် ပြောလိုက်သည်။

လင်းဇီချန်ကမူ ပြောလိုက်သည်။

''သူဒီနေ့ခွင့်မယူဘူး။ စာသင်ခန်းအပြင်ကို ထွက်မလာသေးတာ။''

''ဘယ်လိုလုပ်သိတာလဲ။''

ကော်မရှင်နာက စပ်စုစွာဖြင့် မေးလိုက်သည်။

လင်းဇီချန်ကမူ ရှင်းပြလိုက်၏။

''စိတ်ကသိနေတာ။''

စိတ်ကသိနေတာလား။

စိတ်ကသိနေခြင်းမဟုတ်ဘဲ ကြိုတင်သိမြင်ခြင်းသာဖြစ်၏။

အန္တရာယ်ကို ကြိုတင်သိမြင်နိုင်စွမ်းအားသည် သူ၏အာရုခံနိုင်စွမ်းကို သိသိသာသာ တိုးတက်လာစေသည် အန္တရာယ်က မီတာတစ်ရာကျော်လောက်ဝေးလျှင်ပင် သိနိုင်ပေသည်။

''လင်းဇီချန် စောင့်မနေနဲ့။ ဟွမ်ကျားမင်ဆင်းလာမှာမဟုတ်ဘူး''

''နင်သူ့ကို လာရှာတာသိလို့ အတန်းထဲမှာ ကြောက်လို့ထွက်မလာဘူး။ သူ့အစ်ကိုကို အကူအညီတောင်းနေပြီ။''

''အပေါ်ထပ်ပဲ တက်သွားဖို့ အကြံပေးလိုက်မယ်။''

မြင်ကွင်းကို ဝမ်းပန်းတသာစောင့်ကြည့်နသောလူငယ်လေးက လင်းဇီချန်ကို အော်ပြောလိုက်သည်။ ပြောပြီးလျှင် ပြောပြီးချင်းပင် လူအုပ်ထဲမှမိန်းကလေးက မျက်မှောင်ကြုတ်ကာ ကျိန်ဆဲလိုက်သည်။

''ယန်လျောင် နင်ဘာလုပ်နေတာလဲ။ ဝင်ပါမနေနဲ့။''

''သေစမ်း။ အဲ့မိန်းမက ဖောက်ပြန်သွားတာ။ သေသွားပါဆိုလို့ ဆုတောင်းတယ်။ ငါလာပြီး ကန်ထည့်လိုက်ရ။''

လူငယ်လေးက မိန်းကလေးကို ကျိန်ဆဲလိုက်၏။

သူသည် ဟွမ်ကျားမင်၏အတန်းဖော်ဖြစ်သကဲ့သို့ ရည်းစားဟောင်းလည်း ဖြစ်သည်။

လွန်ခဲ့သောနွေရာသီ၌ ဟွမ်ကျားမင်ဖောက်ပြန်ခဲ့ကာ ထို့ကြောင့် ယခုတွင် သူမသေပါစေဟု ဆုတောင်းနေခြင်းသာဖြစ်သည်။

ဖောက်ပြန်သွားသည်လော။

ရှန်ချင်းဟန် အံ့အားသင့်သွားသည်။

ဘေးတွင်ရှိနေသောလီချူရှင်းက တအံ့တဩဖြင့် ပြောလိုက်သည်။

''မြတ်စွာဘုရား အဲ့မိန်းမကအတော်ဆိုးတာပဲ။ ဖောက်ပြန်ရဲတယ်ဆိုတော့ အတော်အတင့်ရဲတာပဲ။''

ကော်မရှင်နာက စိတ်ပူစွာဖြင့် ရှင်းပြလိုက်သည်။

''ဟွမ်ကျားမင်ရဲ့အစ်ကိုက အရမ်းအစွမ်းကြီးတာ။ သူ့ရဲ့ သွေးမျိုးဆက်စွမ်းအားက သတ္တမအဆင့်မှာရှိတာ။ ကျောင်းသားကောင်စီမှာ အတော်လေးနာမည်ကြီးတယ်ပြောတဘ်။ ဒီနေ့ ကော်မရှင်ခကကို လျော်လိုက်မှာမလို့ ထားလိုက်ပါတော့။''

ပြောပြီးနောက်တွင် ထပ်ပြောလိုက်၏။

''စာချုပ်ကိုဖျက်တာက ငါ့ဘက်ကဆိုတော့ အဲ့ကျောင်းအမှတ်ကိုလည်း ယူထားလိုက်ပါ။''

''ဟူရင်းလီ သတ္တိမကြောင်စမ်းနဲ့။''

လီချူရှင်းကအားပေးလိုက်သည်။

''ဇီချန်က နင်ထင်ထားတာထက် ပိုအားကြီးတယ်။ ဟိုနေ့က အားကစားခန်းမမှာ ပြောခဲ့သလိုပဲ။ သူက စည်းကမ်းထိန်းသိမ်းရေးအရာရှိကိုတောင် အနိုင်ချနိုင်တယ်။ ဟွမ်ကျားမင်အစ်ကိုကလည်း အဲ့အဆင့်လောက်ပဲရှိတာ။ ရင်ဆိုင်ဖို့လွယ်ပါတယ်။ ''

ကော်မရှင်နာက စိုးရိမ်သောလေသံဖြင့် ထပ်ပြောလိုက်သည်။

''ငါက ဇစ်ချန်ကို မယုံလို့မဟုတ်ဘူး။ ဒါပေမဲ့ ဟွမ်ကျားမင်ရဲ့အစ်ကိုက သူငယ်ချင်းများတယ်။ သူက အဆက်အသွယ်လည်းကောင်းတယ်။ ငါတို့ထက် အရေအတွက်များပြီး ဇီချန်ရှုံးမှာစိုးတာ။''

မနေ့က ဟွမ်ကျားမင်ထံမှ အနိုင်ကျင့်ခံရပြီးနောက်တွင် လင်းဇီချန်ကိုဌား၍ ပညာပေးမည်ဟု ဆုံးဖြတ်ခဲ့သည်။ ယခုတွင်မူ စိတ်ကငြိမ်သွားပြီဖြစ်သောကြောင့် မလုပ်ချင်တော့ပေ။

ဟွမ်ကျားမင်၏အစ်ကိုသည် သွားရှုပ်၍ရသည့်သူမျိုး မဟုတ်ပေ။ ၎င်းကိုစော်ကားမိသည်က တက္ကသိုလ်တွင်နေထိုင်ရသည်မှာ ခက်ခဲသွားစေနိုင်သည်။

''ငါက ရှုံးမှာလား။''

လင်းဇီချန်က ပြုံးကာ ကော်မရှင်နာကို ယုံကြည်ချက်ရှိစွာဖြင့် ပြောလိုက်သည်။

''စိတ်မပူနဲ့။ သူတို့ဘက်က ပုရွက်ဆိတ်ဘယ်လောက်ပါပါကိစ္စမရှိဘူး။ ပုရွက်ဆိတ်လောက်နဲ့ ဆင်ကြီးကို ကိုက်လို့မရဘူး။''

''ငါက ကော်မရှင်ခ ယူရဲတယ်ဆိုမှတော့ မင်းအတွက် ပြဿနာကို ဖြေရှင်းနိုင်ပါတယ်။''

''အပေါ်ထပ်တက်ပြီး ဟွမ်ကျားမင်ကို သွားရှာရအောင်။''

ထိုသို့ပြောကာ လင်းဇီချန်က ဟွမ်ကျားမင်ရှိသည့် အပေါ်ထပ်သို့ ခုန်တက်သွားသည်။

တတိယထပ်ဖြစ်သောကြောင့် မမြင့်လှပေ။ တတိယထပ်လျှောက်လမ်းအထိ ကိုးမီတာခန့်သာ မြင့်သည်။ သတ္တအဆင့်စွမ်းအားရှိသူပင်အလွယ်လေး ခုန်တက်နိုင်သည်။ သို့သော်လည်း ထိုသူက ပထမနှစ်ဖြစ်နေသောကြောင့် ရုတ်တရက်ထိုသို့လုပ်နိုင်ခြင်းက လွန်စွာသာလွန်နေကာ အံ့ဩစရာကောင်းလှသည်။ ထိုအချိန်တွင် ဘေးနားက ကြည့်နေကြသူများသည်ပင် အံ့ဩသွားကြသည်။

''မြတ်စွာဘုရား သူက တတိယကို တစ်ချက်တည်းနဲ့ ခုန်တက်လိုက်တာလား။ သူက လူသစ်မဟုတ်လား။''

''သူ့ရဲ့ကိုယ်ခံအားက ငါမြင်ဖူးသမျှထဲမှာ အကောင်းဆုံးပဲ။''

''လူသစ်ဘုရင်က အတော်တော်တာပဲ။ ငါက အတန်းကြီးဖြစ်ပြီး ဆန်းကြယ်သားရဲမျိုးစိတ်နဲ့ပေါင်းထားတဲ့ ဆင့်ကဲပြောင်းလဲသူပေမဲ့လို့ အဲ့လိုမျိုး တတိယထပ်ထိ ခုန်မတက်နိုင်ဘူး။''

''သူက အားကောင်းလွန်းတယ်။ သူ့ဘေးမှာသာနေရရင် င့ါဘာသာကို ဘာမှမတတ်ဘူးလို့ ခံစားရမှာ။''

လူများစွာသည် လင်းဇီချန်ခုန်သည်ကို ကြည့်ကာ မိမိတို့၏ဘဝကို သံသယဝင်သွားကြသည်။ ရှန်ဟိုင်းတက္ကသိုလ်သို့ စရောက်သောကျောင်းသားများသည် အထက်တန်းကျောင်းကတည်းက ထိပ်တန်းပညာသင်များပါကာ အားလုံးက အားကျကြသည်။

ထိုထိပ်တန်းကျောင်းသားများသည်မူ လင်းဇီချန်ရှေ့၌ သာမန်ပင်ဖြစ်သွားကြကာ လမ်းဘေးမှ ကျောက်တုံးလေးသာသာ သာဖြစ်၏။

အမှန်တွင် တစ်စုံတစ်ယောက်ဖြင့် မိမိဘာသာ နှိုင်းယှဉ်မိလျှင် စိတ်အားငယ်တတ်ကြသည်။ ပို၍နှိုင်းလေလေ ပို၍ကြိုးစားချင်စိတ်ပျောက်ဆုံးလေလေပင် ဖြစ်၏။ လူအုပ်သည် မိမိတို့ဘာသာ မေးခွန်းထုတ်နေကြလေပြီ။ စိတ်လှုပ်ရှားနေသောမိန်းကလေးတစ်ဦးက တတိယထပ်စာသင်ခန်းမှနေ၍ ရုတ်တရက်ထွက်လာသည်။

''ငါ့အစ်ကိုက ကျောင်းသားကောင်စီရဲ့အဖွဲ့ဝင်နော်။ နေရာတိုင်းမှာ သူ့သူငယ်ချင်းတွေချည်းပဲ။ ငါ့အပေါ်ကို လက်မရွယ်ခင် သေချာစဉ်းစား။ မဟုတ်ရင် ကိုယ့်သေတွင်းကို တူးသလိုဖြစ်နေမယ်။''

''မလာနဲ့ မလာခဲ့နဲ့။''

''ငါတောင်းပန်ပါတယ်။ ငါ့ကို မရိုက်ပါနဲ့။ ရိုက်ရင်တောင်မှ င့ါမျက်နှာကို မရိုက်ပါနဲ့''

ဟွမ်ကျားမင်၏အော်သံပင်ဖြစ်သည်။ သူမ၏အော်သံက ဝက်တစ်ကောင်ကိုသတ်ခါနီးတွင် အော်သည့်အသံနှင့်ဆင်တူသည်။ လင်းဇီချန်သည် မိန်းကလေးများကြားတွင်နာမည်ကြီးသောကြောင့် သူ၏အကျင့်စရိုက်ကို တော်တော်များများက သိကြသည်။ လင်းဇီချန်က သူမမျက်နှာကို ဝက်ခေါင်းကဲ့သို့ ရိုက်မည်စိုးသောကြောင့် ဟွမ်ကျားမင်တစ်ယောက် ကြောက်လန့်နေရှာသည်။

''လူသစ်ဘုရင်က မိန်းကလေးတွေမျက်နှာကို ရိုက်ရတာကြိုက်တယ် ကြားထးတယ်။ သူတော့ အခက်တွေ့ပြီပဲ။ ဟွမ်ကျားမင်တော့ လချီအောင်မျက်နှာပြရဲမှာမဟုတ်တော့ဘူး။''

''အဲ့စုန်းမက သေတာနဲ့ပဲ တန်တယ်။ တစ်သက်လုံးပုံပျက်သွားရင်တော့ အကောင်းဆုံးပဲ။''

''အပေါ်ထပ်ကို သွားကြမယ်။ သွားကြည့်ရအောင်။''

အုတ်အုတ်ကျက်ကျက်အသံထွက်လာပြီးနောက်တွင် ကြည့်ရှုသူများသည် အမြန်ပင် တတိယထပ်သို့တက်သွားကြကာ လင်းဇီချန်က ဟွမ်ကျားမင်ကို ချမည်ကို ကြည့်လိုကြသောကြောင့် ဖြစ်သည်။ သို့သော်လည်း အပေါ်ထပ်သို့ မတက်ခင်တွင်ပင် တတိယထပ်မှ ပုံရိပ်တစ်ခုက ပျံထွက်ပေါ်လာသည်။ ပျံထွက်လာသည်ဟုဆိုလျှင်မတိကျသေးပေ။ တိတိကျကျဆိုရလျှင် လွင့်ထွက်လာခြင်းဖြစ်သည်။ လွင့်ထွက်လာသူမှာ ဟွမ်ကျားမင်ပင်ဖြစ်ကာ မြေပြင်မှအစိမ်းရောင်လိုင်းအစင်းပေါ်သို့ ပြုတ်ကျသွား၏။

ကံကောင်းသွားသည်မှာ သူမသည် သစ်ပင်များပေါ်သို့ ကျသွားသောကြောင့် အန္တရာယ်မရှိပေ။ နောက်တွင် လင်းဇီချန်က တတိယထပ် လူသွားလမ်းတွင် ပေါ်လာသည်။ အားလုံး၏အကြည့်အောက်တွင် မြေကြီးပေါ်သို့ ခုန်ဆင်းလိုက်ပြီး တိတ်ဆိတ်စွာဖြင့် ဆက်းသက်လာခြင်းဖြစ်၏။

''သူခုန်တာက ဆယ်မီတာအမြင့်ရှိတာကို ဘာသံမှမထွက်ဘူး။ သူ့ရဲ့ထိန်းချုပ်နိုင်စွမ်းက ဘယ်လောက်တောင်ကောင်းလိုက်လဲ။''

အုပ်စုထဲမှကောင်လေးက မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်သည်။ ထိုစကားကို ကြားသောအခါတွင် အခြားသူများသည် လင်းဇီချန်၏ခုန်ချက်ကို အထင်ကြီးသွားကြကာ ချက်ချင်းပင် အံ့ဩသွားကြသည်။

အပေါ်ထပ်သို့ မတက်ရသေးသောရှန်ချင်းဟန်ကို တည်ငြိမ်စွာဖြင့် ကြည့်လိုက်သည်။

''ဟန်ဟန် ဟွမ်ကျားမင်ကို မင်းကိုစိန်ခေါ်ဖို့ထားလိုက်မယ်။ မင်းရဲ့အားကို ထိန်းချုပ်ထားပြီး သူ့ကိုရိုက်။''

အပေါ်ထပ်တွင်ရှိစဉ်ကတည်းကပင် ဟွမ်ကျားမင်ကို တစ်ချက်မချရသေးပေ။ လူအများရှေ့တွင် အပြစ်ပေးရန် ဆုံးဖြတ်ထားပေသည်။ အပြစ်ပေးသူက ရှန်ချင်းဟန်ပင် ဖြစ်သည်။

''ကောင်းပြီ။ ငါသိပြီ။''

ရှန်ချင်းဟန်က ပြန်ဖြေကာ ချက်ချင်းပင် ဖုန်းကိုထုတ်ယူပြီး ကျောင်းအက်ပ်ကို ဖွင့်ကာ လင်းဇီချန်ညွှန်ကြားထားသည့် ဟွမ်ကျားမင်ကိုစိန်ခေါ်မည့်တာဝန်ကို ယူလိုက်သည်။

သူမသည် လူသစ်စာရင်း ထိပ်တန်း၌ မရှိသေးသောကြောင့် စီနီယာများကို စိန်ခေါ်နိုင်သည်။ ရှန်ချင်းဟန်တစ်ယောက် အချိန်မဖြုန်းနတော့ပေ။ ခြေထောက်ကြွကာ ဟွမ်ကျားမင်ဆီသို့ သွားတော့သည်။

''ရပ်စမ်း အခုရပ်လိုက်စမ်း။''

''နင်င့ါကို ရိုက်လို့မရဘူး''

''ငါ့ရဲ့ဆံပင်တစ်ချောင်းကို ထိရဲရင် င့ါအစ်ကိုက နင့်ကို ဒီအတိုင်းထားမှာမဟုတ်ဘူး။''

ဟွမ်ကျားမင်သည် မြက်ခင်းစိမ်းပေါ်မှထကာ ရှန်ချင်းဟန်ချည်းကပ်လာသည်ကို တွေ့လိုက်ရသဖြင့် အလန့်တကြားဖြင့် အော်ဟစ်နေခြင်းဖြစ်သည်။

ရှန်ချင်းဟန်ကမူ သူမကို လျစ်လျူရှု၍ ခပ်သွက်သွက်ပင် လျှောက်လာသည်။ ဟွမ်ကျားမင်နှင့် ဆယ်မီတာအကွာတွင် ဖြစ်သည်။ ရုတ်တရက်ပင် နောက်မှ အော်သံတစ်သံ ထွက်လာသည်။

''ဘယ်သူ င့ါညီမကို ထိရဲလဲ။''

အော်သံ ကျယ်သောကြောင့် လူများ၏နားစည်ထဲအထိပင် ချီသွေးစွမ်းအားက ရောက်သွားသည်။ ရှန်ချင်းဟန်က လမ်းတွင်ပင် တံ့သွားပြီး အသံလာရာသို့ လှည့်ကြည့်လိုက်သည်။ ထို့နောက်တွင်မူ ဗလတောင့်တောင့်ယောကျ်ားသုံးယောက်ကို တွေ့လိုက်ရ၏။ ခေါင်းဆောင်သည် ဟွမ်ကျားမင်၏အစ်ကို ဟွမ်ကျားရွှေဖြစ်ကာ သွေးမျိုးဆက်စွမ်းအားအဆင့် သတ္တမအဆင့်ရှိသူဖြစ်သည်။

ဘေးတွင်ပါလာသော လူငယ်နှစ်ဦးသည်မူ ကျောင်းသားကောင်စီ၏ အပြင်ရေးရာဌာနမှဖြစ်ပြီး သွေးမျိုးဆက်စွမ်းအားအဆင့် သတ္တမအဆင့်ရှိသူများဖြစ်ကြသည်။

All Chapters