← Chapters

အပိုင်း ၂၁၄-၂၁၆

Vol. 15 Ch. 214-216

အပိုင်း ၂၁၄-၂၁၆

Vol. 15 Ch. 214-216

အခန်း (၂၁၄) လောကကြီးအပြင်ဘက်ထွက်ရင်အားကောင်းဖို့လိုတယ်

''ဟွမ်ကျားရွှေရောက်ပြီဟေ့။''

''ပြီးတော့လူနှစ်ယောက်ပါ ခေါ်လာသေးတယ်။ ဒီလူသစ်ဘုရင်လင်းဇီချန်တော့ အခုဒုက္ခရောက်ပြီ။''

''ကျောင်းသားကောင်စီ ပြင်ပရေးရာဌာနရဲ့ကျောင်းသားတွေပဲ။''

ဗလတောင့်တောင့်လူငယ်သုံးယောက်က သင်ကြားရေးအဆောက်အဦးတွင် ထွက်ပေါ်လာပြီး တီးတိုးပြောဆိုသံများ ချက်ချင်းထွက်ပေါ်လာတော့၏။

ဟွမ်ကျားမင်သည် အစ်ကိုဖြစ်သူ ဟွမ်ကျားရွှေရောက်လာသည်ကိုမြင်လိုက်သည်။ လူများပင်ခေါ်လာကာ မျက်နှာကချက်ချင်းပင် ဝမ်းသာသွားဟန်ပေါက်သည်။ သူ၏မျက်လုံးထောင့်များက နီရဲနေကာ ဟွမ်ကျားရွှေရှိရာသို့ကြည့်၍ အငြှိုးတကြီးလေသံဖြင့် ပြောလိုက်သည်။

''အစ်ကို ကျွန်မက သူ့ကို ရန်မစဘူး။ ဒါပေမဲ့ သူကဘာမှမပြောဘဲ ထွက်လာပြီး ကျွန်မကို ရိုက်ချင်နေတာလေ။ ကျွန်ကို အရမ်းအနိုင်ကျင့်တယ်။''

သူဆိုသည်မှာ လင်းဇီချန်ကို ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။ ညီအစ်မဖြစ်သူ၏စကားကို ကြားသောအခါတွင် ဟွမ်ကျားရွှေက မျက်ခုံးအသာကြုတ်လိုက်သည်။

ထို့နောက်တွင် မိမိရှေ့မှ လင်းဇီချန်ကိုကြည့်ကာ မကျေမနပ်ဖြင့် ပြောလိုက်သည်။

''လင်းဇီချန် နှစ်တိုင်းလူသစ်ဘုရင်ဆိုတာက ရှိတာပဲ။ ဒါပေမဲ့ မင်းလိုဘဝင်လွတ်နေတဲ့သူကို ပထမဆုံးမြင်ဖူးတာ။ မင်းက လူအများကြီးကို စော်ကားခဲ့တာပဲ။ ညဘက်လမ်းလျှောက်ရင် သတိထား။ ချောင်းရိုက်ခံနေရဦးမယ်။''

အကူတစ်ယောက်ကလည်း ဝင်ပြောသည်။

''ဒီနေ့ဖြစ်တာကို အတည်မယူတော့ဘူး။ ဒါပေမဲ့လို့ နောက်တစ်ခေါက်ကျရင်တော့ ငါတို့အညှာအတာမရှိရင် အပြစ်မတင်နဲ့။''

သုံးဦးလုံးသည် ခြိမ်းခြောက်သောလေသံဖြင့် ပြောနေသော်လည်း လေသံက တည်တည်ငြိမ်ငြိမ်ပင်ဖြစ်ကာ ရန်လိုသောအသံမျိုး မပေါက်ပေ။

လင်းဇီချန်သည် ကျောင်းသမိုင်းတွင် အားအကောင်းဆုံးလူသစ်ဖြစ်နေသောကြောင့်ဖြစ်ကာ တောက်ပသောအနာဂတ်ရှိသူလည်းဖြစ်သည်။ ထို့ကြောင့် ချက်ချင်းပင် ရန်မစရဲကြပေ။ သာမန်လူဆိုလျှင်ပင် လေကုန်ခံနေမည်မဟုတ်ကြပေ။

''ကျောင်းသားကောင်းစီကသူတွေက ဘာလို့ကျိုးကြောင်းစီလျော်တာတွေ ပြောနေတာလဲ။''

''သူတို့က အားနည်းတဲ့သူကျ အနိုင်ကျင့်ပြီး အားကောင်းတဲ့သူကိုကျ ကြောက်ကြတယ်။ ကျောင်းသမိုင်းမှာ အားအကောင်းဆုံးလူသစ်ဘုရင်ကို စော်ကားဖို့ကျ ကြောက်နေကြတယ်။ ဟိုက ပိုအားကောင်းလာရင် သူတို့ကို ပြန်လက်စားချေမှာကို ကြောက်နေကြတာပဲ။''

''ရန်ပွဲကြည့်ရတော့မယ်ထင်တာ။ ပျင်းဖို့ကောင်းသွားပြီ။''

လာကြည့်သောလူအုပ်က တီးတိုးပြောဆိုနေကြရင်းဖြင့် စိတ်ဝင်စားမှုက ကျဆင်းလာသည်။ ရန်မဖြစ်တော့ဟုသာ ထင်ခဲ့မိကြသည်။ လူလည်ခေါင်တွင်ဖြစ်သောကြောင့် ရှန်ချင်းဟန်လည်း ရန်မဖြစ်တော့ဟု ထင်ထားပေသည်။ ခေတ္တမျှတွန့်ဆုတ်နေပြီးနောက်တွင် သူမသည် ဟွမ်ကျားမင်ဆီ ဆက်မသွားတော့ဘဲ လင်းဇီချန်ဘက်သို့သာ ပြန်လာခဲ့၏။ရန်ပွဲလည်း အဆုံးသတ်သွားပြီဟု အားလုံးထင်နေကြသော်လည်း လင်းဇီချန်က ရှန်ချင်းဟန်ပြန်လျှောက်လာသည်ကိုကြည့်၍ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။

''ဟန်ဟန် ဆက်လုပ်''

''ဆက်လုပ်ရမှာလား''

ရှန်ချင်းဟန်က အံ့ဩသွားရသည်။ သို့သော် လျင်မြန်စွာဖြင့် လင်းဇီချန်၏အမူအရာကိုကြည့်ပြီး တုံ့ပြန်လိုက်သည်။

''ကောင်းပြီ။''

ချက်ချင်းပင် သူမသည် ဟွမ်ကျားမင်ရှိရာနေရာသို့ ပြေးတက်သွားပြီး ရိုက်ရန်အဆင်သင့်ဖြစ်နေလေပြီ။ ပြေးလာသည်ကို မြင်သောအခါတွင် ဟွမ်ကျားမင်တစ်ယောက် ပျာယာခတ်သွားကာ အစ်ကိုဖြစ်သူ ဟွမ်ကျားရွှေဆီသို့ ပြေးသွားတော့၏။ ရှန်ချင်းဟန်က ဇီချီကို မည်သို့အနိုင်ပိုင်းထားသည်ကို ကြားဖူးထားသည်။

ဇီချီ၏သွေးမျိုးဆက်စွမ်းအားအဆင့်က သာမန်ထိပ်တန်းပဥ္ဇမအဆင့်ဖြစ်ပြီး သူမ၏အဆင့်ကမူ စတုတ္ထအဆင့်သာဖြစ်သည်။ ရှန်ချင်းဟန်ဖြင့် ရင်ဆိုင်လိုက်ရသောအခါတွင် သူမသည် ဖူးယောင်နေသောမျက်နှာဖြင့် အဆုံးသတ်မည်မှာ သေချာသောကြောင့် လှည့်သာပြေးရတော့၏။

ကံမကောင်းစွာဖြင့် မြက်ခင်းအစိမ်းလိုင်းကို မကျော်နိုင်ခင်တွင်ပင် သူမ၏ချီသွေးများ ဖရိုဖရဲဖြစ်သွားသည်ကို ခံစားမိသည်။ ခြေထောက်များက ထုံကျင်လာကာ ခေါင်းလည်း မူးဝေလာ၏။ သူမသည် မြေကြီးပေါ်သို့ ဘုန်းကနဲလဲကျသွားသည်။

''အစ်ကို''

ဟွမ်ကျားမင်က ရှိသမျှအားလေးဖြင့် ဟွမ်ကျားရွှေကို အော်ခေါ်လိုက်သည်။

ညီမဖြစ်သူ၏အကူအညီတောင်းသံကို ကြားသောအခါ၌ ဟွမ်ကျားရွှေ၏မျက်လုံးများက ချက်ချင်းပင် အေးစက်သွားသည်။ ချက်ချင်းပင် ခြေသလုံးကိုအားထည့်၍ ရှန်ချင်းဟန်ဆီ အပြေးသွားရန် ကြံလိုက်သည်။ ဟွမ်ကျားရွှေပြေးခါနီးတွင်ပင် တစ်ခြားတစ်ဖက်၌ လင်းဇီချန်၏အတွေးများက လှုပ်ရှားလာသည်။ အဆင့်မြင့်အဆင့်သက်ရှိကိုပင် ယှဉ်နိုင်သော သွေးမျိုးဆက်စွမ်းအားအဆင့် ကြောက်စရာကောင်းသောအားတစ်ခုကို လွှတ်ထုတ်လိုက်သည်။

မီတာနှစ်ဆယ်အကွာအဝေးတွင်ရှိသော ဟွမ်ကျားရွှေကို ပစ်မှတ်ထားလိုက်၏။ နောက်တွင်မူ မြန်နှုန်းမြင့်ဖြင့်ပြေးနေသောဟွမ်ကျားရွှေပေါ်သို့ အပေါ်မှ ကြီးမားလှသောအားတစ်ခုကိုထုတ်သုံးလိုက်တော့သည်။ ဘုန်းကနဲမြည်သံက ပဲ့တင်သံထပ်သွားသည်။

ဖြစ်နေသည်များကို ဟွမ်ကျားရွှေနားမလည်နိုင်ခင်တွင်ပင် တစ်ကိုယ်လုံးသည် မြေကြီးထဲတွင် ဝင်သွားသည်။ မျက်နှာကအရင်မြေကြီးဖြင့် မိတ်ဆက်သွားသည်။ ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းများပေါ်လာပြီး ကြောင်၍သာ ကြည့်နေရတော့၏။

တစ်ချိန်တည်းတွင်ပင် ရှန်ချင်းဟန်ကလည်း ဟွမ်ကျားမင်ဆီသို့ရောက်သွားပြီး ခြေထောက်ဖြင့် မျက်နှာတည့်တည့်ကို ကန်ချပစ်လိုက်သည်။

ဟွမ်ကျားမင်သည် ခြေထောက်ဖြင့် အကန်ခံလိုက်ရသောကြောင့် ဘယ်ဘက်ပါးသို့ အရှိန်ပြင်းသောအားတစ်ခုသက်ဆင်းလာပြီး ဝက်ခေါင်းကဲ့သို့ပင် ပုံစံပြောင်းသွားတော့သည်။ သို့သောလည်း ဒဏ်ရာက မပြင်းလှပေ။ ဖူးယောင်သွားယုံသာဖြစ်ပြီး အကျိုးဆက်မရှိပေ။ ရှန်ချင်းဟန်က ကြင်နာတတ်သူဖြစ်သောကြောင့် စည်းကမ်းရှိအောင် နည်းနည်းသင်ကြားပေးယုံသာဖြစ်ကာ အန္တရာယ်ပေးရန် မရည်ရွယ်ထားပေ။

''ဘာဖြစ်တာလဲ။''

''ပြီးသွားပြီလား။''

''စောနက ဘာဖြစ်တာလဲ။''

စက္ကန့်ပိုင်းအတွင်းပင် အမြင်၌ အားသာနေဟန်ရှိသော ဟွမ်မောင်နှမသည် ရုတ်တရက် မြေကြီးဖြင့် ရိုက်ချခံလိုက်ရပြီး မထနိုင်ကြတော့။ အစ်ကိုဖြစ်သူ၏မျက်နှာက မြေကြီးထဲတွင် ရောက်နေသည်။ ညီမဖြစ်သူက ကျောဖြင့် လှဲနေရသည်။

အခြေအနေပြောင်းလဲပုံက မြန်လွန်းသောကြောင့် ကြည့်သူများပင် ကြောင်နေကြသည်။ စောနကဖြစ်သွားသည်ကို နားမလည်ကြပေ။

''အားရွှေ ဘာဖြစ်သွားတာလဲ။''

ဟွမ်ကျားရွှေကိုလာကူညီသူနှစ်ဦးက အသိပြန်ဝင်လာကြပြီး ချက်ချင်းပင် သူ့ကို လာစစ်ဆေးကြည့်ကြ၏။

သူငယ်ချင်းဖြစ်သူသည် အာဖြင့် မြေကြီးပေါ်တွင် ဖိချခံထားရသည်ကို မြင်နေရကာ လှုပ်ပင်မလှုပ်နိုင်ရှာပေ။ တွေဝေနေပြီး ပျာယာခတ်သွားသောအမူအရာတို့က မျက်နှာပေါ်တွင် အထင်းသားပေါ်လာသည်။ ဟွမ်ကျားရွှေကိုဖိထားသောမမြင်နိုင်သည့်အားမှာ သွေးမျိုးဆက်စွမ်းအားဖြစ်သည်ကို သဘောပေါက်သွားကြသည်။

အဆင့်မြင့်အဆင့်သက်ရှိ၏အားပင်မဟုတ်ပါလော။

ဘာကိုဆိုလိုနေသနည်း။

အဆင့်မြင့်အဆင့်တိုက်ခိုက်ရေးသမားတစ်ယောက် ဝင်လာပြီး လင်းဇီချန်ကို ဝင်ကူနေခြင်းသာ ဖြစ်မည်။

ထိုမျှအတင့်ရဲနေသည်မှာ အံ့ဩစရာမရှိပေ။ ထို့ကြောင့် သူသည် အကြောက်အလန့်မရှိခြင်းဖြစ်ပေမည်။ သူသည် နောက်ခံရှိနေခြင်းကြောင့်သာ ဖြစ်၏။ ထိုအကြောင်းကို စဉ်းစားရင်းဖြင့် နှလုံးခုန်မြန်သွားကြကာ မိမိတို့မှာ ချက်ချင်းမလှုပ်ရှားလိုက်သည်က မှန်သွားကြောင့် သိလိုက်ကြသည်။

မဟုတ်လျှင်နောက်ဆက်တွဲမှာ မတွေးဝံ့စရာပင်။

နှစ်ဦးသား စိတ်ကူးနေကြစဉ်ပင် တစ်ခြားတစ်ဖက်၌မူ လင်းဇီချန်က ဖောက်သည်ကို အဖော်ပြုပေးကာ ဟွမ်ကျားမင်ရှေ့တွင် ရပ်လိုက်သည်။ ထို့နောက်တွင် မြေကြီးတွင် ဝမ်းနည်းနေသည့်ဟန်ဖြင့် လဲလျောင်းနေသောသူမကိုကြည့်ကာ မေးလိုက်၏။

''မင်းက ဒီဖောက်သည်ဆီကနေ အဝတ်အစားတွေ၊ အိတ်တွေကို အများကြီးလုယူထားတယ်ကြားတယ်။''

''ဟုတ်ပါတယ်။ ကျွန်မတောင်းပန်ပါတယ်။ အခုပဲ ပြန်ပေးပါ့မယ်။''

ဟွမ်ကျားမင်က ဖူးယောင်နေသည့်ဘယ်ဘက်ပါးကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ တုန်ယင်နေသောလေသံဖြင့် တောင်းပန်လိုက်သည်။ သူမအသိတရားရသွားသည်ကိုမြင်သောကြောင့် လင်းဇီချန်သည် ထပ်၍ မဆုံးမတော့ပေ။ ဖောက်သည်ကိုကြည့်၍ ပြောလိုက်သည်။

''ပြဿနာဖြေရှင်းပြီးပြီ။ မင်းကို ထပ်ပြီးအနိုင်ကျင့်ရဲတယ်ဆိုရင် ငါ့ကို အချိန်မရွေးလာရှာ။ မင်းကို နှစ်ဆယ်ရာခိုင်နှုန်း လျှော့ဈေးပေးမယ်။''

''အင်းပါ ကျေးဇူးတင်ပါတယ် အစ်ကိုချန်။''

ဖောက်သည်က ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။ ထို့နောက်တွင် သူမပြောထားသည့်အတိုင်းပင် ကျောင်းအမှတ် (၁၁) မှတ်ကို လွှဲပေးလိုက်၏။ လင်းဇီချန်က လက်ခံရကြောင်းပြေစာကိုကြည့်၍ အာရုံသိပ်မထားပေ။ ဖုန်းကိုပြန်သိမ်းကာ လူအုပ်ကိုကြည့်၍ ကြေညာလိုက်သည်။

''ဒီက အတန်းကြီးအားလုံးပဲ။''

''အစားထိုးတိုက်ခိုက်သူရှာနေရင် ကျွန်တာ့်ကိုလာရှာပါ။ ဈေးညှိပြီးလုပ်ဆောင်ပေးပါတယ်။''

''ပစ်မှတ်က ကျောင်းထဲက ကျောင်းသားဖြစ်နေသမျှ လုပ်ပေးပါတယ်။''

ထိုသို့ပြောကာ လီချူရှင်းဘေးသို့ လျှောက်သွားပြီး သူမကိုပါလူအုပ်ကိုသိအောင် ကြေညာပေးလိုက်သည်။

''ဒီမိန်းမလှလေးက ကျွန််တော့်ရဲ့ကိုယ်စားလှယ် လီချူရှင်းပါ။''

''အားလုံး သူ့ဝီချက်ကို အပ်ထားကြပါ။ ကျွန်တော်ဝင်ပါဖို့လိုရင် သူ့ကို ဆက်သွယ်လိုက်ပါ။''

သူသည် အဆင့်အတန်းမြင့်မားသောပုံစံဖြင့် ကြေညာနေလေသည်။ လုပ်စရာမရှိတော့သောကြောင့် ရှန်ချင်းဟန်နှင့်အတူ ထွက်သွားကာ လီချူရှင်းကိုမူ ဝီချက်အပ်ရန် ထားခဲ့သည်။

ဖောက်သည် ဟူယင်းလီကမူ ယခုတွင် တာဝန်ပြီးသွားပြီးဖြစ်သောကြောင့် ထပ်၍စိတ်ပူစရာမလိုတော့ပေ။

…

ညနေခင်း ကျောင်းသားကောင်စီဥက္ကဌရုံးခန်းတွင် ဖြစ်၏။ ဟွမ်ကျားရွေနှင့်အခြားသူများက ယနေ့ကြုံခဲ့ရသောကိစ္စကို ကျိုးရွှယ်ဟုန်ကို ပြန်ပြောပြနေကြသည်။ အမည်မသိသောအဆင့်မြင့်အဆင့်တိုက်ခိုက်ရေးသမား၏အားဖြင့် ဖိနှိပ်ခံရကြောင်း၊ လင်းဇီချန်နောက်တွင် တစ်ယောက်ယောက်ရှိမည်ဖြစ်ကြောင်း ပြောကြသည်။ နားထောင်ပြီးနောက်တွင် ကျိုးရွှယ်ဟုန်က အတွေးဝင်လာသည်။ ဟွမ်ကျားရွှေ၏ခန့်မှန်းချက်က ကြောင်းကျိုးသင့်လျော်သည်ဟု ထင်မိသည်။ လင်းဇီချန်တွင် နောက်ခံရှိနေသောကြောင့် ထိုမျှရဲတင်းနေခြင်းဖြစ်မည်။

သို့သော် မေးစရာရှိသည်မှာ သူ၏နောက်တွင် မည်သူရှိနေပါသနည်း။

ကျောင်းအုပ်ယွမ်ပေလော။ ခေတ္တမျှစဉ်းစားပြီးနောက်တွင် ကျိုးရွှယ်ဟုန်သည် ယွမ်သုန်ကျီကိုသာ စဉ်းစားမိလေသည်။လင်းဇီချန်က အစားထိုးတိုက်ခိုက်ပေးကြောင်း ကြေညာသည့်နေ့က ကျောင်းကလည်း စိန်ခေါ်သည့်အရေအတွက်ို တိုးပေးခဲ့သည်။

သာမန်တိုက်ဆိုင်မှုမျိုး မဖြစ်နိုင်ပေ။

အစီအစဉ်တကျဖြစ်နေသည်။ ထို့ကြောင့် လင်းဇီချန်နှင့်ယွမ်သုန်ကျီက မည်သို့ပက်သက်နေသနည်း။ ကျိုးရွှယ်ဟုန်က ပဟေဠိဖြစ်နေရာမှ စဉ်းစား၍မရတော့ပေ။ ခေတ္တမျှကြာပြီးနောက်တွင် အဖြေထွက်မလာသောကြောင့် ဟွမ်ကျားရွှေနှင့် အခြားသူများကို ပြောလိုက်ရသည်။

''အချိန်အတိုင်းအတာတစ်ခုအထိတော့ လင်းဇီချန်ကို အားလုံးရှောင်လိုက်ကြပါ။ အခြေအနေကို စောင့်ကြည့်ကြ။''

''သူနဲ့မတော်မဆရင်ဆိုင်ရရင် သူဘယ်လိုမျိုးတုံ့ပြန်သလဲကိုကြည့်ပြီးပဲ သတိပေးပါ။''

''ဘာပဲဖြစ်ဖြစ် သူနဲ့ရန်ဖြစ်ဖို့ကို ရှောင်ကြပါ။''

…

တစ်ချိန်တည်းတွင် စီမံခန့်ခွဲရေးအဆောက်အဦး၏ ကျောင်းအုပ်ရုံးခန်း၌ ဖြစ်သည်။ မားကျန်းဟယ်က ယွမ်သုန်ကျီထံတွင် လင်းဇီချန်၏အကြောင်းများကို အစီရင်ခံနေသည်။

''ကျောင်းအုပ်ယွမ် လင်းဇီချန်က အခုအစားထိုးတိုက်ပေးတဲ့ဝန်ဆောင်မှုလုပ်နေပြီ။ အတွင်းကျောင်းဝန်းထဲမှာတော့ ကိစ္စလေးတွေဖြစ်သွားတယ်။ ဒါက ကျောင်းအုပ်ရဲ့ရည်ရွယ်ချက်လား။''

''မဟုတ်ဘူး။''

ယွမ်သုန်ကျီက ငြင်းလိုက်၏။ ထိုသို့ပြောပြီးနောက်တွင် ရေနွေးတစ်ကျိုက်သောက်လိုက်ကာ အေးစက်သောလေသံဖြင့်ပင် ဆက်ပြောနေသည်။

''ဒါပေမဲ့ အရိုးသားဆုံးပြောရရင် လင်းဇီချန်လုပ်နေတာကို အတော်လေးသဘောကျတယ်။ ကျောင်းသားကောင်စီက ကျောင်းသားတွေကို ဖိနှိပ်နေတာကြာပြီ။ ဝါစဉ်လိုက်ပြီးလည်း အနိုင်ကျင့်လွန်းတယ်။ ကျောင်းရဲ့ ရေရှည်တိုးတက်မှုအတွက် မကောင်းဘူး။ ဒီပုံစံခွက်ကို ဖျက်ဆီးရမဲ့အချိန်တန်ပြီလို့ ထင်တယ်။''

အခန်း (၂၁၅) အမြီးကိုးချောင်းမြေခွေးနတ်ဆိုး

ပထမဆုံးအကြိမ် လူရိုက်သည့်ပရိုမိုးရှင်းနှင့်အတူ လင်းဇီချန်၏ လူဌားရိုက်သည့်ဝန်ဆောင်မှုက မျက်နှာပန်းပွင့်လာသည်။ နောင်တွင်မူ တစ်နေ့တွင် လူဌားရိုက်သည့်ဝန်ဆောင်မှုဆယ်ခုထက်မက ရရှိသည်။ အစပိုင်းတွင်သာ မိမိဘာသာကိစ္စများကို ဖြေရှင်းရန်လိုအပ်ကာ လူများကို ရိုက်ခဲ့ရသည်။ နောက်တွင်မူ အနိုင်ကျင့်သူများက နေရာတွင်ပင် ဒူးထောက်ပြီး အပြစ်ကိုဝန်ခံကြတော့သည်။ အပြစ်လုပ်ထားသူများကို အမြန်ပင် တောင်းပန်ကာ အားလုံးမှာ မိမိတို့၏အမှားများဖြစ်ကြောင်း ဝန်ခံသည်။

လင်းဇီချန်သာဆိုလျှင် ထိုသို့ထပ်မလုပ်ရဲကြတော့ပေ။ ထို့ကြောင့် လဝက်ခန့်ကုန်သွားပြီးနောက်တွင် လင်းဇီချန်၏ဂုဏ်သတင်းက မိုးယံထိပင် မြင့်တက်လာသည်။ လူများစွာက ကျောင်းတွင် လင်းဇီချန်ကို ဖြောင့်မတ်မှန်ကန်မှုအလင်းရောင်လေးဟု ခေါ်ကြပြီး ကျောင်း၏ဆိုးဝါးသောအပြုအမူများကို ဖယ်ရှားပေးကာ ကျောင်း၏အခြေအနေကို ဟန်ချက်ညီလာစေသည်။ အချို့သူများကမူ သူနှင့်ပက်သက်၍ မကောင်းပြောကြသည်။ သူသည် ကျောင်းအမှတ်များရှာသည့် စီးပွားရေးသမားသက်သက်သာဖြစ်ကာ ဖြောင့်မတ်မှန်ကန်မှုအလင်းရောင်ဟု မခေါ်ထိုက်ကြောင်း ဝေဖန်ကြသည်။

ကြားရသည့်စကားများက ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ လင်းဇီချန်က နည်းနည်းလေးပင် ဂရုမစိုက်ပေ။ သူဂရုစိုက်သည်မှာ ကျောင်းအမှတ်များသာ ဖြစ်၏။

…

ထိုနေ့ ညနေပိုင်းတွင် လီချူရှင်းက နေ့လည်စာလာစားသည်။ စားသောက်ပြီးနောက်တွင် ဧည့်ခန်းထဲတွင်ထိုင်ကာ အလုပ်အကြောင်းပြောနေပြီး လင်းဇီချန်ကို အချက်အလက်များ တင်ပြနေ၏။ လဝအတွင်းတွင် လင်းဇီချန်သည် လူရိုက်သည့်ဆားဗစ် (၂၃၃) ခု လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ အနိုင်ကျင့်သူများသည် အားအကောင်းဆုံး အခြေခံအဆင့် သတ္တမအဆင့်မှ အားအနည်းဆုံးအဆင့် တတိယအဆင့်အထိ ရှိကြသည်။ ပျမ်းမျှအားဖြင့် အခြေခံအဆင့် စတုတ္ထအဆင့်မျှသာဖြစ်သည်။ အားလုံးခြုံကြည့်ရလျှင် မည်သူမှအားမကောင်းကြပေ။ ထို့အပြင် အနိုင်ကျင့်သူများတွင် တူညီသောအချက်တစ်ချက်ရှိသည်။ အားလုံးသည် ကျောင်းသားကောင်စီတွင် ရာထူးရှိသူများ ဖြစ်ကြသည်။

''အာဏာနည်းနည်းလေးရှိတာနဲ့ သူများကို အနိုင်ကျင့်ရတာ ကြိုက်ကြတာပဲ။ အားနည်းတဲ့သူကို အနိုင်ကျင့်ပြီး အားကောင်းတဲ့သူကိုကျကြောက်တယ်ဆိုတာ တကယ်မှန်တာပဲ။''

လီချူရှင်းက အချက်အလက်များ ပြော၍မပြီးခင်တွင်ပင် ကျိန်ဆဲလိုက်သည်။ လင်းဇီချန်က တုံ့ပြန်ခြင်းမရှိဘဲ ရယ်သာရယ်နေလိုက်၏။

အားနည်းသူကို အနိုင်ကျင့်ကာ အားကောင်းသူကို ကြောက်ရခြင်းက လူ့သဘာဝသာ ဖြစ်သည်။ သာမန်ထက်မပိုပေ။

''ဇီချန် ငါတောင် လတ်တလော ကျောင်းသားကောင်စီက အဖွဲ့ဝင်တွေရဲ့ခြိမ်းခြောက်တာခံနေရတယ်။ အချို့ကတော့ အခြေခံအဆင့်နဝမအဆင့်ရှိတယ်။ ငါသာ ဒီစီးပွားရေးကို ဆက်လုပ်နေမယ်ဆိုရင် ပြန်သွားရင်တောင် ချောင်းခံရလောက်တယ်။''

လီချူရှင်းက မသက်မသာလေသံမျိုးဖြင့် ပြောလိုက်သည်။

''ဒီရက်ပိုင်း နင့်ရဲ့စီမံမှုအောက်မှာ ကျောင်းမှာအနိုင်ကျင့်တဲ့သူတွေ ပျောက်သွားပြီ။''

''ကိစ္စတွေ သိပ်မကျန်တော့ဘူးဆိုရင် ဒီဆားဗစ်ကို ရပ်လိုက်ကြမလား။''

''ငါတို့တွေ ကျောင်းသားကောင်စီနဲ့ ရန်သူဖြစ်အောင် လုပ်ဖို့မှမလိုတာ။''

လီချူရှင်းက ခြိမ်းခြောက်ခံရမှုများကို ကြောက်သောကြောင့် ဆက်၍စီးပွားရေးမလုပ်ချင်တော့ပေ။ သူမသည် စီးပွားရေးလုပ်၍ ကျောင်းအမှတ်ရှာနေသော်လည်း သုံးရန် အခွင့်အရေးမရှိမည်ကိုပင် စိုးမိသည်။ အကောင်းဆုံးက အချိန်မီနောက်ဆုံးလိုက်ခြင်းပင်။ လင်းဇီချန်ကမူ သဘောမတူပေ။

''မင်းဘာသာမင်း အဲ့လောက်ကြီး ဖိအားမပေးနဲ့။ ကျောင်းသားကောင်စီကလူတွေက မင်းကို စကားနဲ့ခြိမ်းခြောက်ယုံတင်ပါ။''

''သူတို့ထပ်ပြီး လှုပ်ရှားရဲရင် အခုလောက်ဆို လှုပ်ရှားနေလောက်ရောပေါ့။ အပြောနဲ့တင် နှောင့်ယှက်နေတာ။''

လင်းဇီချန်က ဆက်ပြောလိုက်သည်။

''ဒါပေမဲ့ တကယ်စိုးရိမ်တယ်ဆိုရင် ဆက်မလုပ်နဲ့တော့။ မင်းဘာသာမင်း တစ်နေကုန်စိုးရိမ်ရအောင် လုပ်မထားသင့်ဘူး။ မင်းဘဝကို သက်ရောက်လိမ့်မယ်။''

ထိုစကားကို ကြားသောအခါတွင် လီချူရှင်း စဉ်းစားသွားသည်။ သူမသာ ဆက်လုပ်လျှင် အရေခွံဆုတ်ခံရနိုင်သည်။ မိနစ်အတော်ကြာစဉ်းစားပြီးနောက်တွင် သူမက စိတ်ပိုင်းဖြတ်လိုက်ပြီး လင်းဇီချန်ကို မော့ကြည့်လိုက်၏။

''ထားတော့။ ဆက်လုပ်ကြတာပေါ့။ စီးပွားရေးလုပ်တယ်ဆိုတာ လွယ်တာမှမဟုတ်တာ။ အဲ့လောက်နဲ့အလွယ်လေး လက်မလျော့နိုင်ဘူး။ သနားစရာကောင်းသွားပြီ။''

…

မကြာခင်တွင်ပင် ညနေနှစ်နာရီထိုးပြီဖြစ်သည်။ လင်းဇီချန်က သုတေသနတက္ကသိုလ်သို့ ထွက်ခွာသွားသည်။ ရှန်ချင်းဟန်နှင့် လင်းဇီချန်တို့ကမူ လမ်းကြောင်းတူသောကြောင့် အတန်းတက်ရန်အတွက် ဆင့်ကဲပြောင်းလဲခြင်းကောလိပ်သို့အတူတူသွားကြသည်။

ပါရမီရှင်အတန်း ဆင့်ကဲပြောင်းလဲခြင်းအခန်း (၁) တွင်ဖြစ်၏။ ရှန်ချင်းဟန်က စာသင်ခန်းထဲသို့ ဝင်လာလျှင် ဝင်လာချင်းပင် အင်္ကျီအဖြူဝတ်ကာ ဓားရှည်ကိုလွယ်ထားပြီး နောက်တွင်ဆံပင်များ လွင့်မျောနေသည့် ဝက်ခေါင်းပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ သေချာကြည့်လိုက်သောအခါမှ ထိုဝက်ခေါင်းမှာ လော်ရုန်ကျန်းဖြစ်နေသည်ကို သိလိုက်သည်။ သူမက စပ်စုစွာဖြင့် မေးလိုက်၏။

''အားကျန့် အရိုက်ခံလာရတာလား။''

လော်ရုန်ကျန်းက ပြန်ဖြေလိုက်သည်။

''လမ်းလျှောက်နေရင်းချော်လဲတာ''

ဘေးခုံမှ မာရှိဝေ ကမူ အာရုံမထားပေ။

''အဲ့အရူးက မင်းရဲ့သတို့သားလောင်းလိုမျိုး လူဌားရိုက်တဲ့သူဖြစ်အောင် အတုခိုးလိုက်တာလေ။ ဒါပေမဲ့ ကျောင်းသားကောင်စီကသူတွေဆီကနေ အရိုက်ခံလာရတာ။''

သနားစရာကောင်းလှပေ၏။

ရှန်ချင်းဟန်က ရယ်ချင်သော်လည်း မရယ်ရဲပေ။ လော်ရုန်ကျန်း၏သိက္ခာကို ထိခိုက်မည်စိုးသောကြောင့် ဖြစ်သည်။ လူဌားရိုက်ပေးခြင်းက လူတိုင်းတတ်နိုင်သောကိစ္စ မဟုတ်ပေ။ ရှောင်ချန်သာ တတ်နိုင်သောကိစ္စဖြစ်သည်။ မာရှိဝေ က ပဲစေ့ကို အခွံနွှာပြီး လော်ရုန်ကျန်းကို ပစ်ပေါက်ကာ ကျိန်ဆဲလိုက်သည်။

''သေစမ်း။ ဒီကျောင်းသားကောင်စီက လင်းဇီချန်ကို ရိုက်ရမဲ့အစား င့ါကို လာရိုက်နေတယ်။''

''အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးတဲ့သူကျ ကြောက်တယ်။ သူတို့က ဘာများကောင်းနေလို့လဲ။''

''ငါအားကြီးလာရင် သူတို့တစ်ယောက်ကိုမှ အလွတ်ပေးမှာမဟုတ်ဘူး။ သူတို့အားလုံးနဲ့ စာရင်းရှင်းမယ်။''

''ဪ အတော်နာသွားတဲ့ပုံပဲ။''

လော်ရုန်ကျန်းသည် အပြောကောင််းပြီး မတော်မဆနှုတ်ခမ်းမှဒဏ်ရာကို ကိုက်လိုက်မိကာ နာသဖြင့် အော်လိုက်မိ၏။ မာရှိဝေ ၏စကားလုံးများက အဆိပ်ပြင်းလှသည်။

''နင်ပြောနေပုံက နင်တစ်ယောက်တည်းပဲ အားကြီးလာမဲ့ပုံပဲ။ နင်က အားကြီးလာမှတော့ ကျောင်းသားကောင်စီကလူတွေလည်း အားကြီးလာပြီပေါ့။ အရေးကြီးဆုံးက နင့်ပါရမီက သူတို့ထက်မသာတာပဲ။ အဲ့တာကြောင့် နင်တစ်သက်လုံး သူတို့နဲ့ စာရင်းရှင်းနိုင်မှာမဟုတ်ဘူး။ လက်လျော့လိုက်တာပိုကောင်းမယ်။''

''နင်....''

လော်ရုန်ကျန်းသည် ပြန်ပက်ချင်သော်လည်း မငြင်းချင်တော့ပေ။ သို့သော် မာရှိဝေ ပြောသည်က မှန်သည်။ သူ၏ပါရမီက အခြားသူများထက် မသာပေ။ ထို့ကြောင့် သူအားကောင်းလာလျှင် ထိုကျောင်းသားကောင်စီဖြင့် စာရင်းရှင်းနိုင်မည်မဟုတ်ပေ။

ထိုသို့ဆိုလျှင် ကျောင်းသားကောင်စီကို မည်သို့ပြန်ပေးဆပ်ခိုင်းရမည်နည်း။

ထိုသို့နေနေ၍တော့ မဖြစ်ပေ။ လော်ရုန်ကျန်းက အတွေးတွင် နစ်မြောနေသည်။ စဉ်းစားပြီးနောက်တွင် မျက်လုံးက အရောင်လက်သွားကာ မာရှိဝေ ဘက်သို့လှည့်၍ ပြောလိုက်သည်။

''ကောင်းပြီ အလွယ်လေးပဲကိုး။ ကျောင်းသားကောင်စီကို ငါက ပြန်မတိုက်နိုင်ပေမဲ့လို့ ဇီချန်က ပြန်တိုက်နိုင်တာပဲ။ အဲ့လိုသာဆိုရင် ငါက လင်းဇီချန်ကိုဌားပြီး ကျောင်းသားကောင်စီကကောင်တွေကို သွားချခိုင်းလို့ရတာပဲ။''

အခန်း (၂၁၆) အမြီးကိုးချောင်းမြေခွေးနတ်ဆိုး (၂)

''နင်က လင်းဇီချန်ကို လူစားထိုးပြီးချဖို့ တောင်းဆိုမလို့လား။''

မာရှိဝေ က ပြုံး၍ လော်ရုန်ကျန်းကို အရူးတစ်ယောက်နှယ် ကြည့်လိုက်သည်။

''လင်းဇီချန်ကသာ နောင်ကျ သွေးမျိုးဆက်တာဘက်ကို မပြောင်းလာဘူးဆိုရင် နောင်ကျ သူ့ကိုယ်သူကာကွယ်ဖို့ ခက်ခဲလိမ့်မယ်။ ကျောင်းသားကောင်းစီက နောင်ကျရင် သူနဲ့စာရင်းရှင်းမှာပဲ။ ပြီးတော့ နင်ကရော။ နင်က သူ့ကို အစားထိုးတိုက်ပေးဖို့ တောင်းဆိုရင် လူရယ်စရာဖြစ်နေမှာပေါ့။''

မာရှိဝေ ပြောသည်ကို ကြားသောအခါတွင် ရှန်ချင်းဟန်တစ်ယောက် အတန်ငယ်မပျော်တော့ပေ။ လင်းဇီချန်သည် သွေးမျိုးဆက်ခြင်း မလုပ်ဘဲဖြင့်ပင် ကျောင်းသားကောင်စီကို အနိုင်ပိုင်းနိုင်သည်ဟု ပြောပြချင်မိသည်။ ကံမကောင်းစွာဖြင့် မပြောနိုင်သောကြောင့်နှုတ်ပိတ်ကာသာ နေရသည်။

ရှောင်ချန်သည်အမြန်ပင် သွေးသန့်စင်လူသားခန္ဓာကိုယ်ဖြင့် မကြာခင်ပင် အဆင့်မြင့်အဆင့်သက်ရှိဖြစ်နိုင်ရန် မျှော်လင့်နေမိကာ ထိုမှသာ အားလုံးကို အံ့အားသင့်သွားစေမည်။ ရှန်ချင်းဟန်တစ်ယောက် သူမဘာသာ တွေးနေမိခြင်းသာ ဖြစ်ပေသည်။

…

သွေးသန့်လူသားသုတေသနတက္ကသိုလ်တွင်မူ -

လင်းဇီချန် ဝင်လာလျှင် ဝင်လာချင်းပင် စုန်ယွီယန်က စ၍စောဒကတက်တော့သည်။

''အစ်ကိုကြီးဇီချန် တက္ကသိုလ်ထဲကိုတောင် မလာတာအတော်ကြာပြီနော်။''

''လတ်တလော နည်းနည်းလေး အလုပ်များနေလို့ပါ။''

''လူစားထိုးချပေတဲ့ဆားဗစ်ကြောင့် အလုပ်များနေတာလား။''

''ဟုတ်တယ်။''

''လဝက်လောက်တောင်ရှိပြီထင်တယ်။ ခုကော ကျောင်းအမှတ်ဘယ်လောက်လောက်ရပြီလဲ။''

''သုံးထောင်အောက်ထစ်တော့ရှိပြီ။''

''အဲ့လောက်တောင် များတယ်လား။''

စုန်ယွီယန်တစ်ယောက် အံ့အားသင့်သွားရသည်။ ထို့နောက်တွင် မနာလိိုစွာဖြင့် ပြောလိုက်လေသည်။

''စဉ်းစားကြည့်လိုက်ရင် တကယ်အကျိုးအမြတ်ရှိတာပဲ။ ငါသာအဲ့လိုမှန်းသိရင် လူစားထိုးတိုက်ခိုက်တာကို လုပ်ပါတယ်။ ငါ ကျောင်းအမှတ်သုံးထောင်လွတ်သွားတာပဲ။''

ထို့နောက်တွင် လျို့ချွမ်ဝူက သုတေသနအခန်းတစ်ခန်းထဲမှ ထွက်လာပြီး စိတ်ပျက်ပျက်ဖြင့် ပြောလိုက်သည်။

''လာခဲ့ကြတော့။ မင်းက ဆရာနော်။ ဘယ်လိုလုပ်ပြီး အစားထိုးတိုက်ခိုက်သူ လုပ်လို့ရမှာလဲ။''

''ဟုတ်သားပဲ။''

စုန်ယွီယန်တစ်ယောက် အသိဝင်သွား၏။

လျို့ချွမ်ဝူက လင်းဇီချန်ရှေ့တွင်ရပ်ကာ ပြောလိုက်သည်။

''ဇီချန် အစားထိုးတိုက်ခိုက်တာက အမှတ်တွေ အများကြီးရှာနိုင်သားပဲ။ ဒါပေမဲ့လို့ ရေရှည်ဆိုရင်အဆင်မပြေဘူး။ မင်းအစပိုင်းလောက်မှာပဲ ရှာနိုင်မှာ။''

''ပုံမှန်အခြေခိုင်ခိုင်နဲ့တည်တည်ငြိမ်ငြိမ်မျိုးနဲ့ ကျောင်းအမှတ်တွေရချင်တယ်ဆိုရင် နည်းလမ်းတစ်ခုက ထိပ်တန်းစာရင်းထဲရောက်ဖို့ ရည်မှန်းချက်ထား။ နောက်ထပ်တစ်ခုကတော့ ကျောင်းသားကောင်စီဥက္ကဌဖြစ်လာဖို့ပဲ။''

''အဲ့နှစ်ခုကပဲ မင်းကို ကျောင်းအမှတ်အများကြီး ပုံမှန်ရစေမှာ။''

လျို့ချွမ်ဝူက ထပ်ပြောလိုက်သည်။

''ဪ ကျောင်းပြင်ပမစ်ရှင်တွေကိုလည်း လုပ်လို့ရတယ်။ ဒါပေမဲ့ နေ့တိုင်းတော့ သင့်တော်တဲ့မစ်ရှင်တွေ ရမှာမဟုတ်ဘူး။''

ကျောင်းသားကောင်စီဥက္ကဌဖြစ်လာလျှင် အချိန်ကြာသည်အထိ ကျောင်းအမှတ်များ ရနိုင်သည်လော။ လင်းဇီချန်က အမြန်ပင် ထိုအချက်ကို သတိထားမိသွားကာ မေးလိုက်သည်။

''ကျောင်းအုပ် ကျောင်းသားကောင်စီဥက္ကဌဖြစ်လာရမယ်ဆိုတဲ့အချက်ကရော။''

လျို့ချွမ်ဝူက ဖြေလိုက်သည်။

''ကျောင်းသားကောင်စီဥက္ကဌက လတိုင်း လစာရတယ်။ မင်းတစ်လကို ကျောင်းအမှတ်ငါးရာရမယ်။''

''ကျောင်းအမှတ်ငါးရာ။''

လင်းဇီချန်ပင် မျက်လုံးပြူးကျယ်သွားသည်။ ကျောင်းသားကောင်စီဥက္ကဌက အဘယ့်ကြောင့် ထိုမျှအမှတ်များစွာရရသည်ကို နားမလည်နိုင်ပေ။ လျို့ချွမ်ဝူက သူတွေဝေနေသည်ကို သတိထားမိသောကြောင့် ပြုံး၍ ရှင်းပြလိုက်သည်။

'ကျောင်းသားကောင်စီဥက္ကဌဖြစ်ရတာက မင်းထင်ထားသလောက် မလွယ်ဘူး။ ရုံးခန်းထဲမှာပဲထိုင်ပြီး လက်ဖက်ရည်လေးသောက် သတင်းစာလေးဖတ်ယုံတင်မဟုတ်ဘူး။''

''ကျောင်းသားကောင်စီဥက္ကဌရဲ့အဓိကတာဝန်က မူလယ်နယ်မြေမှာ အများဆုံးလုပ်ရတာမျိုး။ အရမ်းအန္တရာယ်များတယ်။''

''အဲ့လောက်ကြေးမြင့်မြင့်ပေးထားတာက ပုံမှန်လောက်ပဲ။''

ထိုသို့ပြောပြီးနောက်တွင်လျို့ချွမ်ဝူက ဆက်ပြောလိုက်သည်။

''မင်းက သွေးသန့်လူသားခန္ဓာကိုယ်နဲ့ အဆင့်မြင့်အဆင့်သက်ရှိဖြစ်သွားပြီဆိုရင် မင်းကိုကာကွယ်ဖို့ အားကောင်းတဲ့နောက်ခံရှိလာမယ်။ စိုးရိမ်စရာမလိုဘဲ မင်းရဲ့အားကို ပြလို့ရပြီ။ အဲ့လိုဆို မင်းကျောင်းသားကောင်စီဥက္ကဌနေရာကို ယူလို့ရပြီ။ အဲ့လိုဆို လေ့ကျင့်ပြီးသားလည်းဖြစ်သလိုကြေးမြင့်မြင့်လည်းရမယ်။ နှစ်ခုလုံးအကောင်းဆုံးကို ရပြီပေါ့။''

လင်းဇီချန်က မေးလိုက်၏။

''ကျောင်းအုပ် မူလနယ်မြေမှာ ကျောင်းသားဥက္ကဌက ဘာလုပ်ရတာလဲ။''

လျို့ချွမ်ဝူက ပြန်ဖြေလိုက်သည်။

''မင်းက ငါမသိတာကို မေးလိုက်တာပဲ။ ငါလည်း အခြေခံနဝမအဆင့် လူအိုကြီးလေ။ ငါသိထားတာ အဲ့လောက်မများဘူး။''

သူဖြေသည်ကို ကြည့်၍ လင်းဇီချန်လည်း ထပ်မမေးတော့ပေ။ နောက်မှသာ ရှန်ချင်းဟန်ကိုယွမ်သုန်ကျီအား မေးခိုင်းလိုက်မည်ဟု ကြံလိုက်သည်။

…

ရှန်ဟိုင်းမြို့အောက်ဘက် မီတာနှစ်သိန်းအနက်တွင်ဖြစ်သည်။ ကျယ်ပြောလှသောမြေအောက်နန်းတော်အတွင်းတွင် မျက်နှာဖုံးစွပ်အကြီးအကဲများ၏အားထုတ်မှုဖြင့် အရင်းအမြစ်နယ်မြေအမှတ် (၃၆)သို့ သက်ရှိသယ်ယူပို့ဆောင်ရေးလမ်းကြောင်းက တည်ငြိမ်သွားကာ ထိုနေရာမှဆန်းကြယ်သားရဲများကို စတင်ပို့ဆောင်လေသည်။ သို့သော်လည်း ယခုအတွက်မူ အဆင့်မြင့်အဆင့်သက်ရှိများကိုမပို့ဆောင်နိုင်သေးပေ။ ပို့ဆောင်ရေးဥမင်က အသစ်ဖြစ်သောကြောင့် အားဖြည့်ပေးခြင်းနည်းနေသေးကာ ခံနိုင်ရည်က မမြင့်လှသေးပေ။

အဆင့်မြင့်အဆင့်သက်ရှိများကို သယ်ယူပို့ဆောင်ရသည်က ဥမင်လမ်းကြောင်းကို မြန်မြန်ပင် ပျ်စီးသွားစနိုင်သည်။ အားကောင်းသောလမ်းကြောင်းတည်ဆောက်နိုင်ရန်မှာ ဆယ်စုနှစ်ခန့်အချိန်ယူ၍ အားဖြည့်ပေးရမည်ဖြစ်သည်။

''သက်ရှိသယ်ယူပေးဥမင်က အခုမှစလုပ်တာ။ အားလုံးအဆင်သင့်ပြင်ထားကြ။''

မျက်နှာဖုံးစွပ်အကြီးအကဲတစ်ယောက်က မျက်လုံးသုံးလုံးဘီလူးကြီးနှင့် ကြွက်ဘုရင်ကို သတိပေးလိုက်သည်။ ထိုစကားများကြောင့် ဘီလူးကြီးနှင့်ကြွက်ဘုရင်က ချက်ချင်းပင်သတိကပ်သွားကြ၏။

ယနေ့သည် ပထမဆုံးအကြိမ် ပို့ဆောင်ရေးဥမင်ကို အသုံးပြုခြင်းဖြစ်ပြီး ကျရှုံးရန်လည်း အန္တရာယ်များလှကာ အပြည့်အဝအာရုံစိုက်ထားရန် လိုသည်။ မဟုတ်လျှင် အမှားသေးသေးလေးဖြစ်လျှပင်ဥမင်က ပျက်စီးသွားမည်ဖြစ်၏။ မျက်လုံးသုံးလုံးဘီလူးကြီးနှင့် ကြွက်ဘုရင်တို့ အဆင်သင့်ဖြစ်နေသည်ကို မြင်သောအခါတွင် ထိုသူက ထူးဆန်းသောသစ်ခက်တစ်ခက်ကို ယူလိုက်ပြီး လမ်းကြောင်းထဲသို့ ဖြည်းဖြည်းချင်းထည့်ပေးလိုက်သည်။

ထို့နောက်တွင် -

အသက်အရွယ်ရနေပြီဖြစ်သောမျက်လုံးများကို မှိတ်ထားလိုက်ကာ ပါးစပ်မှ ထူးဆန်းသောမန္တာန်များကို ရွတ်နေသည်။

လမ်းကြောင်းထဲသို့ လတ်ဆတ်သောသွေးကို ပက်လိုက်သည်။ ဘေးပတ်လည်တွင် မှော်စာများ ရေးလိုက်၏။ ထူးဆန်းသောအပြုအမူကို လုပ်ဆောင်ပြီးနောက်တွင် အကြီးအကဲက ရပ်သွားကာ မျက်လုံးပြန်ဖွင့်လာပြီး ကျယ်လောင်စွာ အော်ပြောလိုက်၏။

''င့ါအတွက်ဖွင့်ပေးစမ်း။''

ပြောပြီးသောအခါတွင် သူ၏ရှေ့၌ ကွဲရာတစ်ခု ချက်ချင်းပေါ်လာပြီး လမ်းကြောင်းကို နှစ်ပိုင်းကွဲသွားစေသည်။ ဖျက်ကနဲပင် အထဲမှ အားပြင်းသောသက်ဝင်လှုပ်ရှားမှုက မြင့်တက်လာပြီး မြေအောက်နန်းတော်ထောင့်တိုင်းသို့ပင် သက်ရောက်သွားစေသည်။

တစ်ချိန်တည်းတွင်ပင် ကျောချမ်းစေသည့်အသံများက လမ်းကြောင်းထဲမှ ထွက်ပေါ်လာသည်။ မိစ္ဆာမျက်လုံးလူဝံအော်သံ၊ ကြမ်းတမ်းလင်းယုန်ကြီးအော်သံ၊ သရဲဝိညာဉ်မြွေ၏တရှဲရှဲမြည်သံတို့ကို ကြားလာရသည်။ ထိုအသံများက နီးလာပြီး မကြာခင်ပင် အမျိုးမျိုးသော ဆန်းကြယ်သားရဲများသည် လမ်းကြောင်းထဲမှ ထွက်လာကြသည်။ ထိုသားရဲများ၏အင်အားက မမြင့်ပေ။ သာမန်အဆင့် သက်ရှိများသာဖြစ်သည်။ ထွက်လာလျှင်ထွက်လာချင်းတွင်ပင် မျက်လုံးသုံးလုံးဘီလူးနှင့် ကြွက်ဘုရင်တို့က ထိန်းချုပ်လိုက်ကြသဖြင့် နာခံစွာဖြင့် ၎င်းတို့၏အမိန့်ကို စောင့်နေသည်။

ထိုသို့သယ်ယူသည် ညလုံးပေါက်ကြသွားသည်။ စုစုပေါင်း သာမန်ဆန်းကြယ်သားရဲသုံးရာကျော်ကို သယ်ပို့သည်။ သယ်ပို့ရင်းဖြင့် ငါးဆယ်ခန့်သေသွားသည်။ လမ်းကြောင်းကို ငြိမ်အောင်လုပ်ထားသည်မှာ ရက်ပိုင်းမျှသာ ရှိသေးသောကြောင့် ကူးပြောင်းသည့်နှုန်းက လွန်စွာနိမ့်သည်ဟု စဉ်းစားနိုင်သည်။ လမ်းကြာင်းကမူ အောင်မြင်စွာ ဆက်သွယ်နိုင်ခဲ့သည်။

''ငါ့အတွက်ပိတ်ပေးစမ်း။''

လမ်းကြောင်းမတည်ငြိမ်သည်ကို မြင်ရသောအခါတွင်မူ အကြီးအကဲက ချက်ချင်းပင် လမ်းကြောင်းကို ပိတ်ပစ်လိုက်သည်။

တည်ငြိမ်အောင် စောင့်နေပြီးနောက်မှ နောက်ထပ်သယ်ယူမည်ဖြစ်သည်။ အကြီးအကဲ၏ထိန်းချုပ်မှုအောက်တွင် မကြာခင်ပင် လမ်းကြောင်းက ဖြည်းဖြည်းချင်းပိတ်သွားသည်။ ကွဲကြောင်းကလည်း လုံးဝပင် စေ့သွားခါနီးတွင် အထဲမှနေ၍ နူးညံ့သောကျောက်စိမ်းကဲ့သို့ဖြူဖွေးသည့်လက်တစ်စုံက ထွက်ပေါ်လာကာ ပိတ်ခါနီးလမ်းကြောင်းကို ဖွင့်လိုက်သည်။

''နတ်မန်နေဂျာ ဘာဖြစ်နေတာလဲ။''

မျက်လုံးသုံးလုံးဘီလူကြီးက အထူးအဆန်းဖြင့် အကြီးအကဲကိုကြည့်ကာ မေးလိုက်သည်။

အကြီးအကဲဖြစ်သူလည်း တွေဝေနေဟန်ရှိသည်။ သူသည် လမ်းကြောင်းဆယ်ခုထက်မနည်း ဖွင့်ဖူးသော်လည်း ထိုသို့အခြေအနေမျိုးကို မကြုံဖူးပေ။ ခေတ္တမျှကြာပြီးနောက်တွင်မူ သဘောပေါက်သွားကာ ထိုသူနှစ်ယောက်ကို သတိပေးလိုက်သည်။

''မင်းတို့နှစ်ယောက်ချီသွေးအားဖြည့်ပြီး တိုက်ဖို့ပြင်ကြ။''

ထိုစကားကိုကြားသောအခါတွင် ထိုနှစ်ဦးက ချက်ချင်းပင် တိုက်ခိုက်ရန် ပြင်လိုက်သည်။ ထိုအချိန်တွင် ပိုးဝတ်စုံကိုဝတ်ထားသည့် ခေါင်းပေါ်တွင် သားရဲနားရွက်နှင့် အမြီးကိုးချောင်းရှိသောမိန်းကလေးတစ်ဦးက လမ်းကြောင်းထဲမှ ဖြည်းဖြည်းချင်းထွက်လာသည်။

မိန်းကလေးသည် လှပသောခန္ဓာကိုယ်ကောက်ကြောင်းရှိကာ လွန်စွာလှပသောမျက်နှာလေးလည်းရှိသည်။ မက်မွန်ပွင့်သဖွယ်မျက်လုံးလေးက ဆွဲဆောင်မှုရှိသောအငွေ့အသက်ကို ထုတ်လွှတ်နေပြီး ဝိညာဉ်ကိုပင် အေးချမ်းသွားစေနိုင်သည်။ အကြည့်တစ်ချက်ဖြင့်ပင် သူမ၏ထောင်ချောက်ထဲသို့ ကျအောင်လုပ်နိုင်ကာ ရုန်းထွက်နိုင်မည်မဟုတ်ပေ။

''အဲ့လိုဆို ဒါက ဒဏ္ဍာရီလာကမ္ဘာကြီးပေါ့''

မိန်းကလေးက အပြစ်ကင်းဟန်ပေါ်သော်လည်း မျက်လုံးများက မြေအောက်နန်းတော်မှ အရာရာကိုလေ့လာနေရင်းဖြင့် ညင်သာသောလေသံဖြင့် ပြောလိုက်သည်။

သူမပြောလိုက်သောအခါတွင် အကြီးအကဲ၊ ဘီလူးကြီးနှင့် ကြွက်ဘုရင်တို့သည် မျက်လုံးအပြူးသားဖြင့် မယုံနိုင်ဖွယ်ဖြစ်နေရှာသည်။

အမြီးကိုးချောင်းမြေခွေးနတ်ဆိုးလေ။

သူမသည် ဒဏ္ဍာရီလာ အမြီးကိုးချောင်းမြေခွေးနတ်ဆိုးပင်ဖြစ်၏။ ထိုသို့အားပြင်းသောသက်ရှိက အဘယ့်ကြောင့် ထွက်လာရသနည်း။ အသစ်ဖွင့်လိုက်သောလမ်းကြောင်း ထိုမျှအားကောင်းသောနတ်ကိုပင် ဆင့်ခေါ်နိုင်သည်လော။

ဘာတွေဖြစ်နေတာလဲ။

၎င်းတို့၏တွေဝေသောအကြည့်များကို ကြည့်၍ မိန်းကလေးက ရှင်းပြလိုက်သည်။

''ဒါက ငါ့ရဲ့ကိုယ်ပွားသက်သက်ပါပဲ။ မင်းတို့လမ်းကြောင်းအသစ်ကို ပျက်စီးမသွားစေပါဘူး။''

All Chapters