အပိုင်း ၂၁၇-၂၁၉
Vol. 15 Ch. 217-219
အခန်း(၂၁၇) မြေခွေးနတ်ဆိုး၏ ပစ်မှတ်ထားခြင်း ခံရခြင်း
ဇန်န၀ါရီလ ၁၄ ရက်၊ ညနေပိုင်း။
ကျုံးယွမ် အဆောက်အဦ အမှတ် ၈၊ အိပ်ဆောင် ၆၀၃။
ဧည့်ခန်းထဲတွင် လင်းဇီချန်သည် ဆိုဖာပေါ်၌ ထိုင်ကာ သူ၏ စမတ်ဖုန်းမှ သတင်းများကို ကြည့်နေသည်။
သတင်းဆယ်ခုအနက် ရှစ်ခုသည် ဆန်းကြယ်သားရဲများနှင့်သက်ဆိုင်သည်။ မကြာမီရက်များအတွင်း၌ အမည်မသိ အကြောင်းအရင်းများကြောင့် ရှန်ဟိုင်းမြို့တွင် ဆန်းကြယ်သားရဲအရေအတွက်များပြားလာခဲ့ကာ ဒါဇင်နှင့်ချီ၍ ဒဏ်ရာရသူများရှိခဲ့သည်။
မကြာသေးမီက မြို့တစ်ဝိုက်တွင် ထူးဆန်းသောအပင်များ ရုတ်တရက် ထွက်ပေါ်လာခြင်းနှင့်ပတ်သက်၍ ပြည်သူများအားလုံး ထိတ်လန့်ခဲ့ကြရသည်။
ဤမျိုးကွဲများ ရှန်ဟိုင်းမြို့၌ အဘယ်ကြောင့် ပေါ်ပေါက်လာကြသနည်း။
ရှန်ဟိုင်းမြို့တွင် အမှန်တကယ် မည်သည့်အရာများ ဖြစ်ပျက်နေသနည်း။
အကြောင်းအရင်းကို မရှာဘဲ အစိုးရက စုံစမ်းနေသည်မှာ ကြာခဲ့ပြီလော။
လင်းဇီချန်၏ မျက်ခုံးများက အနည်းငယ် လှုပ်ယမ်းကာ ကျုံ့နေသည်။
အတွေးများထဲ၌ နစ်မျောနေစဥ် သူ့ဘေး၌ စာအုပ်ဖတ်နေသော ရှန်ချင်းဟန်က စာအုပ်ကိုချ၍ သူ့ကို ကြည့်ကာ ပြောလိုက်သည်။
“ရှောင်ချန် မနက်ဖြန် ကျောင်းသားသစ်ပြိုင်ပွဲပဲ။ ဒီလို တရားဝင်ပြိုင်ပွဲမှာ ငါပြိုင်မှာ ပထမဆုံးအကြိမ်ဆိုတော့ နည်းနည်းတော့ စိတ်လှုပ်ရှားမိသားပဲ”
သူမ၏ ပြဿနာဟောင်းတစ်ခု ပြန်လည်ပေါ်လာသည်။
‘လွယ်လွယ်နှင့် စိုးရိမ်ပူပန်တတ်ခြင်း’
ဤသည်က မိမိကိုယ်မိမိ ယုံကြည်မှုကင်းမဲ့သော လက္ခဏာတစ်ခုပင်ဖြစ်သည်။ ဤကိစ္စနှင့်ပတ်သက်၍ သူမမလုပ်နိုင်သောအရာ မည်သည်မျှမရှိပေ။ ယခု သူမက ထိပ်တန်း ပါရမီရှင်တစ်ယောက်ဖြစ်လာသော်လည်း ယခင်က သိမ်ငယ်စိတ်မျိုးကို ခံစားနေရဆဲဖြစ်သည်။
လင်းဇီချန်က သူမ၏ နူးညံ့သော ခြေဖဝါးလေးပေါ်သို့ လက်ကိုတင်ကာ ခပ်ဖွဖွ နှိပ်ပေးလျက် ပြောလိုက်သည်။
“အချိန်တွေက ပြောင်းလဲသွားပြီလေ”
“နင်က အခုကျောင်းက ထိပ်တန်းပါရမီရှင်တွေထဲက တစ်ယောက်ပဲ။ နင့် ခွန်အားက အတန်းဖော်တွေထက် အများကြီးသာတယ်”
“နင် အခု မနက်ဖြန် ပြိုင်ပွဲအတွက် စိတ်လှုပ်ရှားနေသင့်တာ စိုးရိမ်မနေသင့်ဘူး”
“နင့်အတွက်တော့ ပြောလို့လွယ်တာပေါ့ ရှောင်ချန်ရာ ငါတော့ နည်းနည်း စိုးရိမ်သေးတယ်” ရှန်ချင်းဟန်က အတန်ငယ် ခါးသက်သက်ပြုံး၍ ပြောသည်။
လင်းဇီချန်က သူမကို ဖြောင်းဖျ၏။
“စိတ်မပူပါနဲ့။ ပြိုင်ပွဲတွေ များများပါပြီး သိုင်းစင်မြင့်မှာ များများနိုင်တာနဲ့ နင် စိုးရိမ်နေတာတွေ လျော့ကျသွားလိမ့်မယ်”
“ရှောင်ချန် ငါတို့ ပြိုင်ဘက်တွေဖြစ်လာနိုင်တယ်လို့ နင်ထင်လား”
“ဖြစ်နိုင်တယ်၊ ဖြစ်နိုင်ခြေလည်း များတယ်”
“ဖြစ်နိုင်ခြေများတယ်ဟုတ်လား”
“အင်း ဖြစ်နိုင်ခြေများတယ်”
ဤသို့ပြောပြီးနောက် လင်းဇီချန်က ဆက်လက်ရှင်းပြသည်။
“နင့်ခွန်အားက ငါနဲ့ လီမော်ယွီတို့ထက် နည်းနည်းပဲနိမ့်တာ။ နင် လီမော်ယွီနဲ့ အစောကြီး ထိပ်တိုက်မတွေ့သရွေ့ ချောချောမွေ့မွေ့အဆင့်တက်နိုင်လိမ့်မယ်။ နင်ငါနဲ့ တွေ့ဖို့ ၁၀၀ ရာခိုင်နှုန်းပဲ။ ငါတို့ နောက်ဆုံးပြိုင်ပွဲတွေမှာ တွေ့ရနိုင်ခြေတောင်ရှိတယ်”
“မာရှိဝေကရော” ရှန်ချင်းဟန်က ယုံကြည်မှု အနည်းငယ်ဖြင့် ပြောသည်။
“သူက အရမ်းစွမ်းအားကြီးတယ်။ ငါသူနဲ့ယှဥ်နိုင်မယ်လို့ မထင်ဘူး”
လင်းဇီချန်ကမူ သဘောမတူခဲ့ပေ။
“သူက နင်နဲ့ မယှဥ်နိုင်ဘူး”
“ငါက တကယ်ပဲ အဲ့လောက် စွမ်းအားကြီးလို့လား”
“အင်း ကြီးတယ်”
ဤသို့ပြောပြီးနောက် လင်းဇီချန်က ဆက်ပြောသည်။
“မာရှိဝေတင်မကဘူး လီမော်ယွီတောင် နင့်ထက် မသာရင်မသာလောက်ဘူး”
ရှန်ချင်းဟန်က ခေါင်းခါလိုက်သည်။
“နင် အရမ်းအပိုပြောနေတာ။ ငါလီမော်ယွီနဲ့ ယှဥ်နိုင်စရာအကြောင်းမရှိဘူး”
“နင် ယှဥ်လို့ရတယ် ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်တော့ လျှော့မတွက်နဲ့”
“…”
၎င်းတို့နှစ်ဦးက လာမည့် ကျောင်းသားသစ်ပြိုင်ပွဲများအကြောင်း အားပါးတရပြောနေကြပြီးနောက်
ရှန်ချင်းဟန်သည် လင်းဇီချန်၏လက်ထဲမှ မိမိ ခြေထောက်ကို ဆွဲထုတ်၍ မတ်တပ်ထရပ်ကာ ပေါင်ပေါ်သို့ တက်ထိုင်လျက် လည်ပင်းကို သိုင်းဖက်၍ ပြုံးလိုက်သည်။
“ငါ ရုတ်တရက် နည်းနည်း ဆာလာသလိုပဲ။ နင့်ကို မြည်းကြည့်ချင်တယ်”
ထိုသို့ပြောပြီးနောက် သူမက လင်းဇီချန်ကို ငုံ့၍ စိတ်အားထက်သန်စွာ နမ်းရှိုက်လိုက်သည်။
လင်းဇီချန်သည်လည်း သူမ၏ခါးကို ဖက်လိုက်ကာ သူမအား စိတ်အားထက်သန်စွာ တုံ့ပြန်ခဲ့သည်။
[တစ်စုံတစ်ဦးကို သင်နမ်းနေသည်၊ ချီစွမ်းအင် +၁၊ အနမ်းစွမ်းရည် +၁၊ ပျော့ပြောင်းနိုင်စွမ်း +၁]
မည်မျှကြာသည်မသိ၊ နှစ်ယောက်သား၏ အသက်ရှုသံများ အနည်းငယ်ချွတ်ယွင်းလာသောအခါမှသာ ကိုယ်ချင်းခွာ၍ ၎င်းတို့၏ အနမ်းမှ အံ့ဖွယ်ခံစားချက်တစ်ခုကို အရသာခံနေကြသည်။
"ဒိုက်ဘာမဝတ်ရတော့တာ အရမ်းကောင်းတယ်"
ရှန်ချင်းဟန်သည် သူမ၏ နှုတ်ခမ်းဖျားများကို လျှာဖြင့် သပ်လိုက်ပြီးနောက် ခန္ဓာကိုယ်အောက်ပိုင်းမှ ပေါ့ပါးမှုကို ခံစားရသဖြင့် မှတ်ချက်ချလိုက်သည်။
သူမသည် မိုးပြာရောင်ဂျယ်လီငါးဘုရင်၏ မျိုးဗီဇကို ကျွန်ပြု၍ ရေထိန်းချုပ်နိုင်စွမ်းမြင့်လာစဥ်ကတည်းက သူမ၏ ဘောင်းဘီကို စိုသွားစေမည်ကို မစိုးရိမ်တော့ပေ။ ဆီးသွားချင်စိတ်ကို ခံစားနေရဆဲဖြစ်သော်လည်း သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ရေများ၏ လှုပ်ရှားမှုကို ထိန်းထားနိုင်ကာ ခြေထောက်များကို ယခင်ကကဲ့သို့ ညှပ်မထားရတော့ပေ။
“နင် ဘောင်းဘီထဲ ရှုးပေါက်ချမိတာက အပြစ်တစ်ခုမဟုတ်ဘူးလို့ ငါထင်တယ်”
“ရိုးရိုးသားသားပြောရရင် ဘောင်းဘီထဲ သေးပေါက်ချတတ်တဲ့ နင့်ကို ငါလွမ်းတယ်”
“နင်တော်တော် အကျင့်ပျက်နေတာပဲ”
“နင်က ညစ်ပတ်တဲ့ ကောင်မလေး။ ငါက အကျင့်ပျက်တဲ့ကောင်ကြီး။ ကဲ… ငါတို့ကို ကောင်းကင်က ဖူးစာဖက်ထားတာပဲ”
“ညစ်ပတ်တဲ့ကောင်မလေးနဲ့ အကျင့်ပျက်တဲ့ကောင်ကြီး သိပ်လည်း မဆိုးပါဘူး။ မသိရင် ‘ထူးခြားတဲ့စုံတွဲ’ လိုလို ခံစားချက်မျိုး ဟိဟိ”
ရှန်ချင်းဟန်က ခပ်ပါးပါးပြုံး၍ ပြောပြီးနောက် လင်းဇီချန်၏ မျက်လုံးများကို ကြည့်ကာ ဆက်ပြောလိုက်သည်။
“ရှောင်ချန် ငါ ရေခဲချောင်းတစ်ချောင်းစားချင်”
“ဒါဆို ထ ငါ သွားယူပေးမယ်” လင်းဇီချန်က စကားပြောလျက် ရှန်ချင်းဟန်၏ တင်သားလုံးလုံးလေးကို ဆွဲညှစ်လိုက်သည်။
ရှန်ချင်းဟန်သည် ငယ်စဥ်ကတည်းက အေးသော မုန့်များကို နှစ်သက်ခဲ့ကာ ဆောင်းရာသီ၏ အေးခဲနေသော နေ့ရက်များ၌ပင် မကြာမကြာ စားချင်လေ့ရှိသည်။ မိဘများက ငယ်စဥ်က တင်းကြပ်သဖြင့် ခွင့်မပြုခဲ့သော်လည်း ယခုအချိန်တွင်မူ မိမိကိုယ်ပိုင်နေနေပြီဖြစ်၍ ရေခဲသေတ္တာထဲ၌ ဝယ်ထည့်ထားခဲ့ကြသည်။ ထို့ကြောင့် သူမ စားချင်လာတိုင်း စား၍ ရသည်။
“ရေခဲသေတ္တာထဲကဟာတွေ မလိုချင်ဘူး။ အဲ့တာတွေ လုံလုံလောက်လောက်စားပြီးပြီ။ အခြားအရသာလေး စမ်းကြည့်ချင်တယ်” ရှန်ချင်းဟန်က မထဘဲ လင်းဇီချန်၏ ပေါက်ပေါ်၌ ဆက်ထိုင်ကာ နားနားသို့ တိုးကပ်၍ ခပ်တိုးတိုးပြောလိုက်သည်။
လင်းဇီချန်က မျက်ခုံးပင့်လိုက်သည်။
“နို့အရသာ ရေခဲချောင်း စားချင်တာလား…ဟမ်”
“မိန်းမတစ်ယောက်ကို သူ့ ဒယ်ဒီထက် ဘယ်သူမှ ပိုသိမှာမဟုတ်ဘူး” ရှန်ချင်းဟန်က ချိုမြိန်စွာပြုံး၍ ပြောလိုက်၏။
…
နောက်နေ့မနက်။
လင်းဇီချန်က အိပ်ရာမှ ခပ်စောစောထလာသည်။ ရှန်ချင်းဟန်သည် သူ့ဘေးတွင်နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲဖြစ်ကာ သူမ၏ ခြေထောက်များက ဖက်လုံးကို တင်းတင်းကြပ်ကြပ်ခွထားသည်။ နှုတ်ခမ်းထောင့်တွင်မူ သွားရည်အနည်းငယ် ယိုကျနေသည်။
သူက သူမ၏ ပါးစပ်ထောင့်မှ စီးကြောင်းကို သုတ်ပေးလိုက်သည်။
သူမ၏ ခြေထောက်များကြားမှ ခေါင်းအုံးကို ကြည့်၍ လင်းဇီချန်က မပြုံးဘဲ မနေနိုင်တော့ပေ။ ဤရက်များထဲတွင် ရှန်ချင်းဟန်က သူ့ခေါင်းကို မကြာခဏခွထားတတ်သည်။ ထို့ကြောင့် ခေါင်းအုံးကိုခွထားသည်ကိုမြင်သောအခါ သူ့အတွေ့အကြုံများကို ပြန်လည်သတိရ၍ ရယ်လိုက်မိသည်။
များမကြာမီ၌ ရှန်ချင်းဟန် နိုးထလာသည်။
အိပ်ငိုက်နေသော မျက်လုံးများကို ဖွင့်လိုက်ပြီးနောက် လင်းဇီချန်ကို အိပ်ချင်မူးတူးဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ရှောင်ချန် ငါနင့်ကို အိပ်မက်မက်တယ်”
“အိပ်မက်ထဲမှာ ကိုဘာလုပ်နေလဲ”
လင်းဇီချန်းက စူးစမ်းလိုစိတ်ဖြင့် မေးသည်။
ရှန်ချင်းဟန်က သူ့ကို အလျင်စလို ပြောခြင်းမပြုဘဲ သူ၏ လက်နှစ်ဖက်ကြားထဲသို့ ခိုဝင်ကာ ခပ်တိုးတိုးရယ်လျက် ပြောလိုက်သည်။
“ငါ့ကို နမ်းရင် ပြောပြမယ်”
လင်းဇီချန်က ခါးကိုင်းလျက် နှင်းဆီရောင်တောက်နေသော နှုတ်ခမ်းများကို နမ်းလိုက်သည်။
“ကောင်းပြီ အခု ကို့ကိုပြောတော့”
အခန်း(၂၁၈) မြေခွေးနတ်ဆိုးမှ ပစ်မှတ်ထားခံရခြင်း ၂
ရှန်ချင်းဟန်က သူမနှုတ်ခမ်းကို လျှာဖြင့်သပ်၍ ကျေနပ်မှုအပြည့်ဖြင့်ကြည့်ကာ ပြုံးပြသည်။
“နင်မယုံလောက်ပေမယ့် အိပ်မက်ထဲမှာ ငါတို့ တက္ကသိုလ်ဘွဲ့ရပြီးတဲ့နောက် ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ရတယ်။ ငါတို့ သမီးလေးရဲ့ နာမည်ပေးမလို့လုပ်နေတုန်း သဘောမတူကြလို့ ကွာရှင်းဖို့ ငြင်းခုန်နေကြတာ”
“မင်းအိပ်မက်က ရက်စက်လွန်းပါတယ်ကွာ”
လင်းဇီချန်က သူမကို နားထောင်လျက် ဆွံ့အသွားရသည်။
“တကယ်ကို ရက်စက်တာ ငါက အရင်ကွာဖို့ပြောခဲ့တာ။ နောက်ပြီး အိမ်မှာ မျက်ရည်တွေနဲ့ချည်းနေခဲ့ရပေမယ့် အရမ်းခေါင်းမာပြီး အလျော့မပေးခဲ့ဘူး။ တကယ်တော့ လက်တွေ့မှာ ငါက အဲ့လိုလူမဟုတ်ပါဘူး”
“အိမ်မက်တွေက ဒီလိုပါပဲ။ အိပ်မက်ထဲက ဇာတ်လမ်းတွေက လက်တွေ့လောကနဲ့ ဘာမှမဆိုင်ဘူး”
ရှန်ချင်းဟန်က ကုတင်ပေါ်ထိုင်ကာ လင်းဇီချန်၏ လက်မောင်းကို ဆွဲ၍ ပြောလိုက်သည်။
“အမှန်ပဲ ယုတ္တိမရှိဘူး။ လက်တွေ့ဘဝမှာတော့ နင်နဲ့ကွာရှင်းဖို့ ဘယ်တော့မှာ ငြင်းခုံမှာမဟုတ်ဘူး။ ငါတို့ သမီးလေးနာမည်ကို နင်ဆုံးဖြတ်ခွင့်ပေးမယ်”
“ကိုတစ်ယောက်တည်း ဆုံးဖြတ်ပေးရမှာကတော့… နည်းနည်းများတယ်”
လင်းဇီချန်က သူမ၏ ဆံပင်ကို ဖြီး၍ ငြင်သာစွာပြောလိုက်သည်။
“ကိုယ်တို့ ကလေးနာမည်ပေးဖို့ဆို အတူတူဆုံးဖြတ်ဆွေးနွေးဖို့လိုမှာအသေအချာပဲ”
ဤသို့ဖြင့် ၎င်းတို့နှစ်ယောက်က ကုတင်ပေါ်၌ ခဏထိုင်ကာ စကားများပြောကြသည်။ ခဏအကြာတွင် နှစ်ယောက်သား အိပ်ရာမှထကာ ရေချိုး၍ မနက်စာစားရန် မီးဖိုချောင်သို့သွားကြသည်။ နံနက်စာစားပြီးသည်နှင့်အတူ အိမ်မှထွက်၍ ကျောင်းသားသစ်ပြိုင်ပွဲတွင်ပါဝင်ယှဥ်ပြိုင်ရန်
အားကစားခန်းမသို့ သွားကြသည်။
…
အားကစားခန်းမ။
ပထမထပ်။
လင်းဇီချန်နှင့် ရှန်ချင်းဟန်ရောက်ရှိလာသောအခါတွင် မြင်နိုင်သော နေရာတိုင်း၌ လူများဖြင့် ပြည့်ကျပ်နေပြီဖြစ်သည်။ ပွဲကြည့်သူနေရာရှိ ထိုင်ခုံများအားလုံးနီးပါးက ပြည့်လုနီးပါးဖြစ်နေသည်။ ပြောရမည်ဆိုလျှင် ဤကျောင်းသားသစ်ပြိုင်ပွဲက အတန်ငယ် ရေပန်းစား၍ အများ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။ လင်းဇီချန်က လှည့်ပတ်ကြည့်ရှု့ပြီးနောက် မကြာမီတွင် ပြိုင်ဘက်များစောင့်ဆိုင်းနေသည့်နေရာ ရှေ့သို့ ရှန်ချင်းဟန်ကို ခေါ်သွားခဲ့သည်။
၎င်းတို့နှစ်ဦးစလုံးသည် ပြိုင်ဘက်များဖြစ်ကြ၍ မှတ်ပုံတင်ရန်နှင့် လက်မှတ်ထိုးဝင်ရန် ထိုနေရာသို့ သွားရန် လိုအပ်သည်။
“အခြားလူတိုင်းက စာရင်းသွင်းပြီးပြီ။ မင်းတို့နှစ်ယောက်ပဲ ကျန်တော့တယ်။ လာခဲ့၊ လက်မှတ်ထိုး။"
ပြိုင်ဖက်များ စောင့်ဆိုင်းရာနေရာသို့ ရောက်ရှိလာသည်နှင့် တပြိုင်နက် မှတ်ပုံတင်ခြင်းအတွက် တာဝန်ရှိသော ကျောင်းသားကောင်စီအဖွဲ့ဝင်တစ်ဦးက ၎င်းတို့အား အနည်းငယ်အေးစက်သော အသံဖြင့် ပြောဆိုခဲ့သည်။
လင်းဇီချန်၏ မကြာသေးမီက ဝန်ဆောင်မှုလုပ်ငန်းသည် ကျောင်းသားကောင်စီကို လုံးဝနီးပါး စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ကာ ယင်းကြောင့် ကောင်စီဝင်အများအပြားက သူ့ကို ဖော်ဖော်ရွေရွေ ဆက်ဆံရန် ဝန်လေးနေကြပြီဖြစ်သည်။ ဤနေရာတွင် “အများအပြား”သည် ကျောင်းသားကောင်စီဝင် အမျိုးသားအဖွဲ့ဝင်များကိုသာ ကန့်သတ်ထားသည်။
အမျိုးသမီးအဖွဲ့ဝင်များကမူ ၎င်းတို့၏ ရပ်တည်ချက်များက တစ်ယောက်နှင့်တစ်ယောက် အမြဲဆန့်ကျင်နေကြသောကြောင့် ဝေဖန်သူများအဖြစ်ပြောင်းလဲသွားခြင်းမရှိဘဲ လင်းဇီချန်ကို လေးစားသူများအဖြစ်ရှိနေကြဆဲဖြစ်သည်။ စာရင်းပေးသွင်းပြီးနောက် ရှန်ချင်းဟန်၏ လက်ကိုဆုပ်ကိုင်ထားလျက်ပင် လင်းဇီချန်က ပြိုင်ပွဲစတင်ရန် စောင့်ဆိုင်းနေစဥ် ထိုင်ရန် နေရာလွတ်တစ်ခုကို ရှာတွေ့ခဲ့သည်။
အတန်ကြာထိ စကားမပြောဖြစ်ခဲ့ကြပေ။
များမကြာမီ၌ တစ်ယောက်က ဖုန်းဖြင့်ကစားနေကာ ကျန်တစ်ယောက်က အနီးနားရှိ ပြိုင်ဘက်များကို စူးစိုက်ကြည့်နေသည်။ ဖုန်းကြည့်နေသော တစ်ယောက်က လင်းဇီချန်ဖြစ်ကာ သတင်းကိုသာ ပြူးကြည့်နေသည်။ ပြိုင်ဘက်များကို လျှောက်ကြည့်နေသူမှာ ရှန်ချင်းဟန်ဖြစ်၍ အလားအလာရှိသော ပြိုင်ဘက်တိုင်းကို အကဲဖြတ်ရန် သူမ၏ အမြင်ကိုအသုံးပြု၍ စေ့စေ့စပ်စပ်ပြင်ဆင်လိုခြင်းဖြစ်သည်။
လင်းဇီချန်က သူမအပေါ် အလွန်အကောင်းမြင်၍ ကျောင်းသားသစ်များကြားတွင် ထိပ်ဆုံးသုံးယောက်၌ ရပ်တည်နိုင်သည်အထိ ခွန်အားရှိသည်ဟုပြောသော်လည်း သူမကိုယ်တိုင်ကမူ မိမိကိုယ်မိမိ ယုံကြည်မှုမရှိလှပေ။
မထင်မှတ်ထားဘဲတစ်စုံတစ်ခုဖြစ်ခဲ့ပါက သိုင်းစင်မြင့်၌ မိမိကိုယ်မိမိ အရူးလုပ်မိမည်ကို သူမကြောက်သည်။
သူမ အထူးတလှယ်သတိထားရပေလိမ့်မည်ဖြစ်သည်။ မည်သည့်ပြိုင်ဘက်ကိုမျှ လျှော့မတွက်မိရန် အရေးကြီးသည်။ မိနစ်အနည်းငယ်မျှ အချိန်ပေးပြီးနောက် ရှန်ချင်းဟန်သည် အောက်ပါအချက်အလက်များကို စုဆောင်းနိုင်ခဲ့သည်။
စုစုပေါင်း ပြိုင်ပွဲဝင် ၁၂၈ ဦး။
ဆင့်ကဲပြောင်းလဲခြင်းကောလိပ်မှ ၉၉ယောက်၊ စက်နတ်ဘုရားအတန်းမှ ၂၈ယောက်၊ သိုင်းပညာတန်းမှ ၁ ယောက်။
တစ်ဦးတည်းသောသိုင်းပညာရှင်မှာ လင်းဇီချန်ဖြစ်သည်။
လင်းဇီချန်နှင့် ဆင့်ကဲပြောင်းလဲခြင်အတန်းတစ်ခုလုံးသည် စမ်းသပ်မှုများမှ ကင်းလွတ်ခွင့်ရကာ တိုက်ရိုက်ယှဥ်ပြိုင်ရန် အရည်အချင်းပြည့်မှီသည်။ ကျန်သော ပြိုင်ဘက် ဒါဇင်ပေါင်းများစွာသည် ၎င်းတို့ကိုယ်၎င်းတို့ စာရင်းသွင်းပြီးနောက် ပဏာမ ခြေစစ်ပွဲများစွာ၌ ကန်ချက်များ လက်သီးချက်များကို ပြသကာ စစ်ဆေးချက်များပြုလုပ်ခဲ့ရသည်။ ရှန်ချင်းဟန်သည် စက်နတ်ဘုရားအတန်းမှ ကျောင်းသား ၂၈ ယောက်ကို အထူးအာရုံစိုက်လျက်ရှိသည်။ ၎င်းတို့အားလုံးသည် ထိုအတန်းများထဲမှ ကျောင်းသားများဖြစ်သည်။
၎င်းတို့၏ ခန္ဓာကိုယ်အား စက်နက်ဘုရားအဖွဲ့အစည်းမှ ပံ့ပိုးပေးထားသော သတ္ထုစပ်ပစ္စည်းအမျိုးမျိုးဖြင့် တပ်ဆင်ထားသည်ကိုကြည့်လျှင် တိုက်ခိုက်ရေးစွမ်းအားအလွန်ပြင်းထန်ပုံရသည်။ ရှန်ချင်းဟန်သည် သိုင်းစင်မြင့်ထက်မှ မမျှော်လင့်ထားဘဲ ရှုံးနိမ့်လျှင် စက်နတ်ဘုရားအတန်းမှ ကျောင်းသား၏ လက်ထဲတွင်ဖြစ်နိုင်သည်ဟု ရှန်ချင်းဟန်က ခံဏားမိသည်။
…
နာရီဝက်ခန့်ကြာသောအခါ ကျောင်းသားသစ်ပြိုင်ပွဲစတင်ခဲ့သည်။ ပထမအချိီမှာ ၁၂၈မှ ၆၄အထိဖြစ်၍ ပြိုင်ပွဲဝင်တစ်ဝက်ကျော်ကို ဖယ်ထုတ်မည်ဖြစ်သည်။ လင်းဇီချန်က ဆင့်ကဲပြောင်းလဲခြင်းကောလိပ်မှ သာမန်ကျောင်းသားတစ်ဦးနှင့် ယှဥ်ပြိုင်ရသည်။ ထိုယောက်ျားကျောင်းသားက သူ့ပြိုင်ဘက်မှာ လင်းဇီချန်ဖြစ်ကြောင်း မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် မျက်နှာက သိသိသာသာ ပြောင်းလဲသွားသည်။
‘စစချင်းမှာ သခင်ကြီးနဲ့ တွေ့တာ ဘယ်လိုလုပ်ရမလဲ’
များမကြာမီ၌ပင် ပြိုင်ပွဲစတင်သည်။ လင်းဇီချန်က အချိန်မဖြုန်းဘဲ ကျောင်းသားကို တစ်ချက်ကန်ကျောက်၍ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
တစ်ဖက်တွင်မူ
ရှန်ချင်းဟန်သည် သူမ၏ အတန်းမှ ကျောင်းသားတစ်ဦးနှင့်တွဲကျကာ အလွယ်တကူ အနိုင်ရ၍ ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
…
ဒုတိယအချီ။
၆၄မှ ၃၂ အထိဖြစ်ကာ ပြိုင်ပွဲဝင် ထက်ဝက်ခန့်ကို ဖယ်ထုတ်လိုက်ပြန်သည်။ ဤတစ်ကြိမ်၌ လင်းဇီချန်သည် အထူးတန်းမှ မိန်းကလေးတစ်ဦးနှင့် တွဲကျခဲ့သည်။
သူမ၏ ပြိုင်ဘက်သည် ‘မျက်နှာထိုး အတန်းဖော်’ လင်းဇီချန်ကို တွေ့သောအခါ ဝက်ခေါင်းအဖြစ်သို့ ပြောင်းလဲသွားမည့် မျက်နှာကို ကာကွယ်ရန်အတွက် စင်မြင့်ပေါ်သို့ မတက်ရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့သည်။
မိန်းကလေးက အရှုံးပေးလိုက်ရခြင်းအကြောင်းကို သတိပြုမိသွားသောအခါ လင်းဇီချန်က နှုတ်ခမ်းထောင့်၌ လှုပ်သွားရုံမျှ ပြုံးလိုက်သည်။
အခြားတစ်နေရာ၌ ရှန်ချင်းဟန်သည်မူ ပုံမှန်အတန်းမှ ကျောင်းသားတစ်ယောက်နှင့် ပြိုင်ရသည်။ သူမ၏ ဆန်းကြယ်သားရဲမျိုးဗီဇကို အသက်သွင်းရန် မလိုအပ်ဘဲ ပြိုင်ဘက်ကို သူမ၏ ကိုယ်ကာယခွန်အားဖြင့်တိုက်ထုတ်ရုံဖြင့် လွယ်ကူစွာ အနိုင်ရခဲ့သည်။
…
တတိယအချီ
၃၂ မှ ၁၆ အထိ။
လင်းဇီချန်သည် အထူးတန်းမှ ထိပ်တန်းကျောင်းသားတစ်ယောက်နှင့် ယှဥ်ပြိုင်ခဲ့ရကာ တစ်ချက်တည်းကန်ရုံဖြင့် အပြီးသတ်အနိုင်ယူနိုင်ခဲ့သည်။ ရှန်ချင်းဟန်သည်မူ တတိယနေရာမှ ပြိုင်ပွဲဝင်တစ်ဦးနှင့် ယှဉ်ပြိုင်ခဲ့ကာ လွယ်ကူစွာ အနိုင်ရခဲ့သည်။
ရှန်ချင်းဟန်၏ စွမ်းဆောင်မှုကြောင့် လူအများ အံ့အားသင့်ခဲ့ကြသည်။
ယခင်က လူတိုင်းက သူမကို ပါရမီရှင်အတန်းမှ ပျော့ညံ့သော ပန်းအိုးလေးဟု ထင်ခဲ့ကြသည်။ အတန်ငယ် အသုံးမဝင်လိမ့်မည်ဟု ထင်ထားကြသော်လည်း မထင်မှတ်ထားစွာဖြင့် သူမ၏ ခွန်အားက အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ ပြိုင်ပွဲသုံးကြိမ်၌ ပွဲစဥ်တိုင်းကို မြန်ဆန်စွာ အဆုံးသတ်နိုင်ခဲ့ကာ ပြင်ပသွင်ပြင်လက္ခဏာများဖြင့် လူတစ်ယောက်ကို အဆုံးအဖြတ်ပေး၍ မရနိုင်ကြောင်းသက်သေပြနေခဲ့သည်။
…
စတုတ္ထအချီ ဖြစ်သည်။
၁၆ မှ ၈ အထိ။
လင်းဇီချန်က စက်နက်ဘုရားအတန်းမှ ကောင်လေးတစ်ယောက်နှင့် ပြိုင်ပွဲဝင်ရသည်။ ပြိုင်ဘက်၏ လက်များကို စက်ပိုင်းဆိုင်ရာပြင်ဆင်ထားကာ သတ္ထုစပ်သံမဏိလက်များအဖြစ်ပြောင်းလဲထားသည်။ အတွင်းတွင် သေနတ်များ၊ ချွန်ထက်သော ဓားများနှင့် ပြင်းထန်စွာ ပျက်ဆီးစေတတ်သော နည်းပညာမြင့်ပစ္စည်းအများအပြားပါဝင်သည်။
ယှဥ်ပြိုင်မှုတွင် လင်းဇီချန်သည် ထို စက်ရုပ်လူသားကို အပြီးသတ်ရန် အလျင်စလိုမလုပ်ခဲ့ပေ။ ယင်းအစား သူက မတ်တပ်ထရပ်၍ စက်နတ်ဘုရားအဖွဲ့မှ ပေးအပ်သော စက်ပိုင်းဆိုင်ရာ အဆင့်တိုးမြှင့်မှုကို ခံစားသိမြင်ခွင့်ရရန် ထိုသူ့အား သူ၏ စက်ပစ္စည်းများကို အသက်သွင်းခွင့်ပြုလိုက်သည်။
လင်းဇီချန်က မလှုပ်မယှက်ရပ်နေသည်ကို မြင်သောအခါ စက်ရုပ်လူသားက အခွင့်အရေးကို မဖြုန်းတီးဘဲ သူ၏ သေနတ်များကို လင်းဇီချန်၏ ခန္ဓာကိုယ်ရှိ အရေးကြီးသော အချက်များကို ချိန်ရွယ်၍ ပြင်းထန်စွာ ပစ်ခတ်လိုက်သည်။ သို့သော်လည်း ခဲယမ်းအားလုံးကို အကုန်အကျခံပြီးသည့်တိုင် လင်းဇီချန်က ဒဏ်ရာကင်းစင်နေဆဲဖြစ်ကာ ပြိုင်ဘက်က အရှုံးပေးခဲ့သည်။
တစ်ဖက်တွင် ရှန်ချင်းဟန်သည်လည်း စက်ရုပ်လူသားနှင့် ယှဥ်ပြိုင်နေရသည်။ သူမသည် လင်းဇီချန်ကဲ့သို့ ကျည်ဆန်များကို ခံနိုင်ရည်မရှိသဖြင့် ၎င်းတို့ကို ရှောင်တိမ်းရသော်လည်း အကြိမ်ပေါင်းများစွာ ပစ်ခတ်ခံရ၍ သွေးများချက်ချင်း ထွက်ကျလာသည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် သူမ၏ မသေမျိုးပက်ကျိဗီဇ၏ အကူအညီဖြင့် အမြန်သက်သာလာကာ ပြင်းပြင်းထန်ထန် ထိခိုက်မှုမရှိခဲ့ပေ။
နောက်ဆုံးတွင်မူ သူမသည် အားစိုက်ထုတ်၍ ပြိုင်ဘက်ကို ချေမှုန်းကာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
….
ယခုအချိန်တွင် နာရီက ၁၂နာရီတိတိသို့ ထိုးခဲ့ပြီဖြစ်ကာ မနက်ပိုင်းပွဲမျာ ပြီးဆုံးသွားပြီဖြစ်သည်။ ကျန်သုံးကြိမ်ကို နေ့လယ်ပိုင်း၌ ကျင်းပပေလိမ့်မည်။ သို့သော် နောက်တစ်ဆင့်အတွက် ယှဥ်ပြိုင်ရမည့်လူစာရင်းက ထွက်နေပြီဖြစ်သည်။ လင်းဇီချန်သည် ကျောင်းဖွင့်ပွဲ အစမ်းပြိုင်ပွဲ၌ မိမိထံရှုံးနိမ့်ခဲ့သော ယွင်ထျန်းပြည်နယ်၏ ထိပ်တန်းကျောင်းသား လုချီကျီနှင့် ယှဥ်ပြိုင်ရမည်ဖြစ်သည်။
လုချီကျီသည် ပြိုင်ဘက်က လင်းဇီချန်ဖြစ်သည်ကို မြင်လိုက်ရသည်နှင့် ချက်ချင်းပင် ဖြူဖပ်ဖြူလျော်ဖြစ်သွားကာ သူ၏ နှလုံးသားတစ်ခုလုံး အေးစက်သွားသည်။
မူလက ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ရန် မျှော်လင့်ထားခဲ့သည်။ ယခုမူ မျှော်လင့်ချက်များကို လက်လွှတ်လိုက်ရကာ ထိပ်ဆုံး ရှစ်သင်းစာရင်းထဲသို့သာ ဝင်နိုင်ခဲ့သည်။ တစ်ဖက်တွင် ရှန်ချင်းဟန်သည်မူ မာရှိဝေနှင့် အတူကျ၍ ဖိအားများစွာ ခံစားရလျက်ရှိသည်။
၎င်းတို့နှစ်ဦးလုံး၏ သွေးမျိုးဆက်စွမ်းအားအဆင့်သည် အခြေခံ ဆဌမအဆင့်ဖြစ်ကာ လိုက်ဖက်ညီသော ပြိုင်ဘက်များဖြစ်ကြသည်။
မည်သူက အနိုင်ရ၍ မည်သူက ရှုံးနိမ့်မည်မှာမသေချာပေ။ ယုံကြည်မှုလျော့နည်းနေသော ရှန်ချင်းဟန်သည် အနိုင်ရနိုင်ခြေနည်းနေသည်ဟု ခံစားနေရသည်။
…
ထိုအချိန်၌ ရှန်ဟိုင်းမြို့ စျေးဝယ်စင်တာတစ်ခု၏ ခေါင်မိုးထက်တွင် မြေခွေးနတ်ဆိုးမိန်းကလေးက ခြံစည်းရိုးအစွန်း၌ ရပ်နေလျက် ပတ်ဝန်းကျင်ရှိ မိုးမျှော်တိုက်များကို စူးစမ်းလိုစိတ်ပြည့်နေသော မျက်လုံးများဖြင့် မယုံကြည်နိုင်စွာ ကြည့်နေသည်။
ကမ္ဘာမြေပေါ်ရှိ ပတ်ဝန်းကျင်သည် မူလမြေနှင့် အလွန် ကွဲပြားသည်။ ၎င်းတို့က အလွန် ခြားနားလှသော ကမ္ဘာနှစ်ခုဖြစ်၍ မျက်လုံးများပြူးကာ အံ့သြနေသည်။
“စကားမစပ် ဆရာ့ရဲ့ နတ်ဆေးပင်ဂိုဏ်းက ကမ္ဘာမြေပေါ်မှာ အမြစ်တွယ်နေတာ ကြာပြီဆိုတော့ ချောမောတဲ့ ယောက်ျားတွေ အများကြီးကို တွေ့ဖူးတာဖြစ်မယ်။ ဆရာ့မှာ အကြံဉာဏ်ကောင်းတွေများရှိလား”
မြေခွေးနတ်ဆိုးမိန်းကလေးက ဘေးရှိ မျက်နှာဖုံးစွပ်ထားသော အသက်ကြီးကြီးယောက်ျားကို မေးလိုက်သည်။ သူမသည် ကမ္ဘာပေါ်သို့ ကမ္ဘာမြေကုတင်အဖော်ရှာရန် လာခဲ့ခြင်းဖြစ်ရာ မျက်နှာဖုံးတပ်ထားသည့် အသက်ကြီးကြီး ယောက်ျားသည်လည်း ကောင်းစွာ ပြင်ဆင်ထားပြီးဖြစ်၍ ၎င်း၏ ရင်ခွင်ထဲမှ ဓာတ်ပုံတစ်ပုံကို ချက်ချင်းဆွဲထုတ်ကာ မြေခွေးနတ်ဆိုးမိန်းကလေးကို လေးစားစွာဖြင့် တင်ပြလိုက်သည်။
“အရှင်မ ဒီလူငယ်က အရှင့်ရဲ့ စံနှုန်းနဲ့ ကိုက်ညီမှာသေချာပါတယ်။ သူက ချောမောရုံတင်မဟုတ်ဘဲ ခန္ဓာကိုယ်ကလည်း အရမ်းသန်မာတယ်။ ကျေးဇူးပြုပြီး ကြည့်လိုက်ပါ”
မြေခွေးနတ်ဆိုးမိန်းကလေးက ဓာတ်ပုံကို ယူရန် လက်ကမ်းလိုက်ပြီးနောက် လင်းဇီချန်၏ ပုံကို မြင်လိုက်ရသည်နှင့် မျက်လုံးများ တောက်ပလာကာ စိတ်အားထက်သန်စွာဖြင့် ‘သူ့အကြောင်း နည်းနည်း ပိုပြောပြပါလား’ ဟု ပြောလိုက်သည်။
အခန်း(၂၁၉) စစ်နယ်မြေ အထူးလေ့ကျင့်ရေး
ညနေ တစ်နာရီ ခွဲ။
အချိန်ကား ပဥ္စမအချီ မစတင်မီ နာရီဝက်အလိုဖြစ်သည်။ ဤအချိန်၌ နံနက်ခင်းထက်ပင် ပိုမိုစည်ကားနေသဖြင့် ပရိတ်သတ်များဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ ၎င်းတို့အနက် ကျောင်းသားကောင်စီဝင်များ၊ ကျောင်းအသီးသီးမှ နည်းပြဆရာများနှင့် ကျောင်းခေါင်းဆောင်များ အများအပြားပါဝင်သည်။ ပြိုင်ပွဲ၏ ပထမလေးချီသည် သွေးပူစေရန်သာဖြစ်ကာ နေ့လယ်သုံးကြိမ်၊ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ်ပွဲများသည်သာ အဓိကပွဲတော်များဖြစ်သည်။
“ဘယ်သူ ပထမဖြစ်မယ်ထင်လဲ”
“လင်းဇီချန်”
“လင်းဇီချန်အပြင် ဘယ်သူရှိသေးလဲ”
“လင်းဇီချန်ရဲ့ ခန္ဓာကိုယ်က အရမ်းသန်မာလွန်းပြီး သူ့ရွယ်တူတွေကို အနိုင်ယူထားတယ်။ လီမော်ယွီ၊ မာရှိဝေနဲ့ လော်ရုန်ကျန်းတို့က နောက်နှစ်ဝက်ပြီးလို့ မျုးဗီဇပေါင်းစပ်ပြီးရင် သူ့ကို ကျော်တက်နိုင်မယ့်အခွင့်အရေးရှိတယ်”
ပရိတ်သတ်ထဲတွင် ဤ ကျောင်းသားသစ်ပြိုင်ပွဲ၌ မည်သူက အနိုင်ရမည်ကို ဆွေးနွေးနေကြပြီဖြစ်သည်။ သာမန်ကျောင်းသားဖြစ်စေ၊ ကျောင်းသားကောင်စီဝင်များဖြစ်စေ၊ ကျောင်းခေါင်းဆောင်များဖြစ်စေ လင်းဇီချန်သာ ပထမရမည်ဟု အားလုံးက ယုံကြည်လျက်ရှိသည်။ အကြောင်းမှာ လင်းဇီချန်က ကျောင်းဖွင့်ပွဲအတွင်း၌ ကောင်းစွာ လုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ထို့အပြင် လင်းဇီချန်၏ မကြာသေးမီက တိုက်ပွဲဖြစ်ရပ်တစ်ခုနှင့်အတူ လှုပ်လှုပ်ရွရွဖြစ်စေခဲ့ကာ ပိုမို အားကောင်းသန်မာသည့် စွမ်းရည်များကို ပြသခဲ့သည်။ ခြုံငုံကြည့်လျှင် သူက ကျောင်းသားသစ်များကြား၌ အငြင်းပွားဖွယ်မရှိသော နံပါတ် တစ်ဖြစ်သည်။
မကြာခင်၌ နေ့လည် ၂ နာရီထိုးသွားသည့်အခါ ကွာတားဖိုင်နယ်ကို တရားဝင်စတင်သည်။ လင်းဇီချန်က ပထမဆုံးပေါ်လာကာ ၎င်း၏ ပြိုင်ဘက်သည်ကား ယွင်ထျန်းပြည်နယ်သမိုင်းတွင် စွမ်းအားအကြီးဆုံး ထိပ်တန်းကျောင်းသား လုချီကျီဖြစ်သည်။
"ပြိုင်ဘက်နှစ်ယောက် အဆင်သင့်ဖြစ်ပြီလား"
“အဆင်သင့်ဖြစ်ပြီ” ဟု နှစ်ယောက်စလုံးက ပြောသည်။
"တိုက်ပွဲကိုစလိုက်ရအောင်"
ဒိုင်လူကြီး၏ အသံနှင့်အတူ ကွာတားဖိုင်နယ် ပထမပွဲ စတင်ခဲ့သည်။ လုချီကျီ၏ နောက်ကျောမှ မြူခိုးများ ထူထပ်စွာ ထွက်ကျလာကာ အနက်ရောင်မြူခိုးများက သိုင်းစင်မြင့်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
သူသည် အဆိပ်ပြင်းဆတ်ခလောက် ဆန်းကြယ်သားရဲမျိုးဗီဇနှင့် ပေါင်းစပ်ထား၍ သူထုတ်လွှတ်လိုက်သော အနက်ရောင်မြူသည် အလွန်အဆိပ်ပြင်းသဖြင့် ဆင်တစ်ကောင်ကို ဖိနှိပ်လိုက်ရန် လုံလောက်သည်။
လင်းဇီချန်သည် ထိုကဲ့သို့ ပြင်းထန်သော အဆိပ်ကြောင့် အနည်းငယ်မျှ ထိခိုက်ခြင်းမရှိခဲ့ပေ။
‘အဆိပ်တစ်ရာ ခုခံအား’ စွမ်းရည်ကြောင့် သူသည် အဆိပ်မြူ၏ တိုက်ခိုက်မှုကို ခုခံနိုင်စွမ်းရှိသည်။ စင်မြင့်တစ်ဝိုက်သို့ အဆိပ်ငွေ့များ ပျံ့လွင့်လာ၍ အပြင်မှ ပရိတ်သတ်များကို မတော်တဆ ထိခိုက်မှုများကို ကာကွယ်ရန် အကာအကွယ်တစ်ခု ထွက်ပေါ်လာသည်။ ၊
လင်းဇီချန်သည် အလွန် လျင်မြန်စွာပျံ၍ လုချီကျီကို သိုင်းစင်မြင့်မှကုန်ထုတ်လိုက်သည်။ ကျယ်လောင်သော "ပေါက်ကွဲသံ" နှင့်အတူ လုချီကျီသည် အကာအကွယ်အတားအဆီးကိုထိမှန်ကာ ဒဏ်ရာရသွားသဖြင့် လျင်မြန်စွာဖြင့်ပင် လင်းဇီချန် အနိုင်ရသွားသည်။
နှစ်ဘက်ပြိုင်ပွဲအဆုံးသတ်သွားပြီဖြစ်သည်။ စက်ရုပ်တစ်ရုပ်က အတားအဆီးထဲသို့ ပျံသန်းလာကာ အဆိပ်မြူများကို စုပ်ယူ၍ နောက်ပွဲအတွက် စစ်မြေပြင်ကို သန့်ရှင်းရေးလုပ်လိုက်သည်။
တိုက်ခိုက်ရေးစင်မြင့်ကို သန့်ရှင်းပြီးသည်နှင့် အောက်မှ ဒိုင်လူကြီးက ချက်ချင်းကျယ်လောင်စွာ အော်လိုက်သည်။
“အထူးတန်းက မာရှိဝေနဲ့ ရှန်ချင်းဟန်တို့ကို ပြိုင်ပွဲအတွက် ပြင်ဆင်ပြီး စင်မြင့်ပေါ်သို့ လာဖို့ ကြိုဆိုပါတယ်”
ဤစကားများထွက်ပေါ်လာပြီးမကြာမီ၌ပင် ရှန်ချင်းဟန်နှင့် မာရှိဝေတို့က စောင့်ဆိုင်းနေသည့် နေရာမှ တစ်ပြိုင်နက် ထွက်ပေါ်လာကာ သိုင်းစင်မြင့်၏ ဘယ်နှင့် ညာမှ တက်သွားခဲ့သည်။ ၎င်းတို့ နှစ်ဦးလုံး၏ အသွင်အပြင်က ကျောင်းသားသစ်များကြား၌ ဆွဲဆောင်မှုအရှိဆုံးဖြစ်ကာ ပုရိသများအားလုံး၏ အာရုံစိုက်မှုကို ခံကြရသည်။
“ရှန်ချင်းဟန်က ကွာတာဖိုင်နယ်ကို တက်နိုင်လိမ့်မယ်လို့ ငါဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။ ကျောင်းဖွင့်ပွဲတုန်းက သူ့စွမ်းဆောင်ရည်နဲ့ ယှဥ်ရန် အခု တိုးတက်မှုက အရမ်းကောင်းတယ်” စက်မှုအကယ်ဒမီမှ ဌာနမူးက အော်ပြောလိုက်သည်။
“တိုးတက်မှုက တကယ်ကို ကြီးမားတယ်ဗျ။ မယုံနိုင်လောက်အောင်ကို ကြီးမားပါတယ်။ ရှိဝေနဲ့ ရင်ဆိုင်ရမှာ သနားစရာပဲ။ မဟုတ်ရင် ဆီမီးဖိုင်နယ်အထိ ရောက်နိုင်ခြေရှိတာကို”
သူ့စကားကို ကြားသောအခါ ယွမ်သုန်ကျီက မည်သည့်စကားမျှ မပြောဘဲ ပြုံးလိုက်သည်။
‘ရှိဝေနဲ့ တွေ့လို့ သနားစရာပဲဟုတ်လား’
‘နင့်သမီးက ငါ့တပည့်လေးနဲ့ ယှဥ်နိုင်မှာမဟုတ်ဘူး’
‘စောင့်ကြည့်ကြရအောင်’
…
စင်မြင့်ထက်၌။
"ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့တာကို အံ့သြမိပါတယ်၊ ဒါပေမယ့် ဒါက နင်လုပ်နိုင်မှာအကုန်ပဲ”
မာရှိဝေက ရှန်ချင်းဟန်ကို ကြည့်၍ မိမိနှင့်ထိုက်တန်သော ပြိုင်ဘက်ဟု လုံးဝ မမှတ်ယူဘဲ နှိမ့်ချသော လေသံဖြင့် ပြောလိုက်သည်။ သူမရဲ့မျက်လုံးထဲမှာတွင် သူမ၏ စစ်မှန်သော ပြိုင်ဘက်များမှာ လင်းဇီချန်နှင့် လီမော်ယွီတို့သာဖြစ်သဖြင့် ဤထူးချွန်ကျောင်းသားနှစ်ယောက်မှလွဲ၍ မည်သူ့ကိုမျှ ဂရုမစိုက်ပေ။
“ငါ့ကို လျှော့မတွက်နဲ့ ငါက အားမနည်းဘူး” ရှန်ချင်းဟန်က မာရှိဝေ၏ မျက်လုံးများကို တည့်တည့်ကြည့်၍ တည်ငြိမ်သော အသံဖြင့်ပြောသည်။
ဤစကားကိုပြောလျက် စိတ်တည်ငြိမ်နိုင်ရန် ကြိုးစားနေသော်လည်း အနည်းငယ်မျှတော့ တုန်လှုပ်နေဆဲဖြစ်သည်။ မာရှိဝေကဲ့သို့ ပြိုင်ဘက်မျိုးနှင့်တစ်ခါမျှ မကြုံခဲ့ဖူးပေ။
ဒီစကားကို ပြောရင်း စိတ်တည်ငြိမ်အောင် ကြိုးစားပေမယ့် နည်းနည်းတော့ တုန်လှုပ်နေဆဲ၊
သို့သော် မကြာမီမှာပင် သူမ၏မျက်လုံးများသည် အနိုင်ယူရမည်ဟူသော ဆုံးဖြတ်ချက်များပြည့်နှက်လာသည်။ သူမသာ မာရှိဝေကို အနိုင်ယူ၍ ဆီမီးဖိုင်နယ်သို့တက်နိုင်ခဲ့ပါက လင်းဇီချန်ကို ရင်ဆိုင်ရန် အခွင့်အလမ်းများစွာရှိမည်ဖြစ်သည်။
သူမက လင်းဇီချန်ကို ပြိုင်ဘက်အဖြစ် ယှဥ်ပြိုင်ကြည့်ချင်သည်။
ရှုံးနိမ့်လိမ့်မည်ဖြစ်ကြောင်း သေချာနေသော်လည်း သူမသည် လင်းဇီချန်နှင့်အတူ စင်မြင့်ပေါ်တွင် ရပ်တည်နိုင်ရန် ဆန္ဒရှိသည်။ ဤသည်မှာ အနိုင်အရှုံးနှင့်မသက်ဆိုင်ဘဲ တစ်ခုတည်းသော စွဲလမ်းမှုတစ်ခုဖြစ်သည်။
လင်းဇီချန်၏ အကာအကွယ်အောက်တွင် ၁၉ နှစ်ကြာ နေထိုင်ခဲ့ပြီးဖြစ်၍
သူမသည် ယခုမှစ၍ ဤသဘောတရားကို ပြောင်းလဲချင်မိနေပြီဖြစ်ကာ လင်းဇီချန်ကို မှီခိုအားထားနေရသော မိန်းမတစ်ယောက်မဖြစ်ချင်တော့ပေ။ သို့သော် လင်းဇီချန်၏ စိုးရိမ်ပူပန်မှုများကို ဖြေလျှော့ကာ ပံ့ပိုးကူညီနိုင်မည့်သူတစ်ဦးဖြစ်လာချင်မိသည်။
"နှစ်ယောက်လုံး အဆင်သင့်ဖြစ်ပြီလား" ပြိုင်ပွဲဝင်နှစ်ဦးစလုံး စင်မြင့်ပေါ်၌ နေရာယူထားသည်ကို တွေ့ရသဖြင့် ဒိုင်လူကြီးက မေးသည်။
“အဆင်သင့်ပဲ” မာရှိဝေက ပြောသည်။
“ကျွန်မလည်း အဆင်သင့်ဖြစ်ပြီ”
ဤသည်ကို ကြားသောအခါ ဒိုင်လူကြီးက ညာလက်ကို ချက်ချင်းမြှောက်ကာ အော်လိုက်သည်။
“ပွဲစကြစို့”
သူ့အသံအဆုံး၌ စင်မြင့်ထက်မှ မိန်းကလေးနှစ်ယောက်လုံးက ၎င်းတို့၏ ကိုယ်တွင်းရှိ ဆန်းကြယ်သားရဲမျိုးဗီဇကို အတွေးတစ်ခုတည်းဖြင့် အသက်သွင်းလိုက်သည်။ တစ်ယောက်၏ ခေါင်းပေါ်၌ ခရမ်းရောင် သားရဲ နားရွက်တစ်စုံပေါက်လာကာ အခြားတစ်ယောက်၏ ဆံပင်များက အပြာရောင်တောက်သွားသည်။ ဤသို့ဖြင့် ၎င်းတို့ နှစ်ဦးလုံး စတင်တိုက်ခိုက်ကြတော့သည်။
ဘမ်း
ရုတ်တရက် လေထုကို ဆုတ်ဖြဲလိုက်သော အသံတစ်ခု ထွက်ပေါ်လာသည်။
မာရှိဝေက ရှန်ချင်းဟန်ကို ချေမှုန်းရာတွင် သူမ၏ ကိုယ်ခန္ဓာက သာမန်မျက်စိဖြင့် မမြင်နိုင်သော အမြန်နှုန်းဖြင့် ရွေ့လျားကာ ကိုယ်ခန္ဓာသည်လည်း ပထမဆုံး လှုပ်ရှားမှုကို စတင်ခဲ့သည်။
သူမက ရှန်ချင်းဟန်ကို ပြိုင်ဘက်အဖြစ် အလေးအနက်မထားခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ဤသည်က မာန်တက်ရူးသွပ်စွာဖြင့် ငြိမ်ငြိမ်သက်သက်မတ်တပ်ရပ်၍ အခြားတစ်ဖက်ကို စတင်တိုက်ခိုက်ခွင့်ပြုမည်ဟု ဆိုလိုခြင်းမဟုတ်ပေ။
သူမက သိုင်းစင်မြင့်ထက်တွင် ရပ်နေသရွေ့ သိုင်းကွက်တိုင်းကို အစွမ်းကုန်ဆုံး အင်အားသုံး၍ တိုက်ခိုက်မည်ဖြစ်သည်။
“မြန်လိုက်တာ”
မာရှိဝေ၏ အမြန်နှုန်းကို မြင်လိုက်ရသဖြင့် ရှန်ချင်းဟန် ထိတ်လန့်သွားသည်။