← Chapters

အပိုင်း ၂၂၀-၂၂၂

Vol. 15 Ch. 220-222

အပိုင်း ၂၂၀-၂၂၂

Vol. 15 Ch. 220-222

အခန်း(၂၂၀) စစ်နယ်မြေ အထူးလေ့ကျင့်ရေး ၂

တစ်ချိန်တည်း၌ပင် သူမသည် အတွေးတစ်ခုဖြင့် မာရှိဝေ၏ ခန္ဓာကိုယ်ထဲမှ ချီစွမ်းအင်ကို လှည့်စားကာ အလွန်ပြင်းထန်သော အတွင်းအားစီးဆင်းမှုကိုဖြစ်ပေါ်စေလိုက်သည်။ အရှိန်ပြင်းစွာ ပြေးလာနေသည့် မာရှိဝေ၏ ခြေလက်များ ရုတ်တရက် အားနည်းလာကာ မူးဝေလာသည်။

တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း သိလိုက်ရသောအခါ သူမက ရှန်ချင်းဟန်ဆီသို့ ချီတက်နေခြင်းကို ရပ်တန့်ကာ မူလအနေအထားသို့ ပြန်လည် ဆုတ်ခွာလိုက်သည်။

‘ငါ့အတွင်းအားကို ခြယ်လှယ်နေတာလား”

‘ရှန်ချင်းဟန်က အဲ့လိုလုပ်နိုင်ပါ့မလား’

‘ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ’

မာရှိဝေသည် ရှန်ချင်းကို မယုံမကြည်နိုင်စွာဖြင့် ကြည့်၍ မျက်စိရှေ့တည့်တည့်မှ အဖြစ်မှန်ကို လက်ခံနိုင်ခြင်းမရှိပေ။

‘ဘမ်း’

စူးရှသောအသံတစ်ခုက လေထုအလယ်၌ ပေါက်ကွဲသွားသည်။ ရှန်ချင်းဟန်သည် မာရှိဝေ၏ အတွင်းပိုင်းမှ ချီစွမ်းအင်များ ဖရိုဖရဲဖြစ်နေသောအချိန်ကို အခွင့်ကောင်းယူကာ ခေါင်းကို ပြင်းပြင်းထန်ထန် ကန်ကျောက်လိုက်သည်။

မာရှိဝေက အလျင်အမြန် တုံ့ပြန်၍ သူမ၏ ဖရိုဖရဲဖြစ်နေသော သွေးစွမ်းအင်များကို တောင့်ခံကာ လက်မောင်းကို မြှောက်၍ ရှန်ချင်းဟန်၏ ကန်ချက်ကို ကာလိုက်သည်။

သို့သော် ကန်ချက်တစ်ချက်တည်းကို တားဆီးနိုင်ခြင်းက လုံလောက်ရန် များစွာ လိုအပ်နေသေး၏။

ရှန်ချင်းဟန်က မာရှိဝေကို အသက်ရှူရန်အခွင့်အလမ်းပင်မပေးဘဲ သူမ၏ ကန်ချက်ကို ကာလိုက်သည်ကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် မာရှိဝေ၏ လည်ပင်းသို့ လက်သီးတစ်ချက် ထိုးချလိုက်သည်။ မာရှိဝေက ခန္ဓာကိုယ်ကို အနည်းငယ် ယိမ်းကာ လက်သီးချက်ကို ရှောင်တိမ်းလိုက်သော်လည်း ကံမကောင်းစွာဖြင့် ရှောင်လိုက်သောအခိုက်အတန့်၌ပင် အခြားဘက်မှလာသော ဒူးတိုက်ချက်နှင့် ထိပ်တိုက်တွေ့သွားရသည်။

ဘမ်း

ရှန်ချင်းဟန်၏ ဒူးက မာရှိဝေ၏ ဝမ်းဗိုက်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားကာ ချက်ချင်းဆိုသကဲ့သို့ပင် ထွက်ပေါ်လာသော ပြင်းထန်သည့် သက်ရောက်မှုကြောင့် မာရှိဝေ၏ အစာအိမ်က တုန်လှုပ်လျက် လည်ချောင်းတစ်လျောက် ခပ်ချိုချိုအရသာတစ်ခုကို ရ၍ သွေးတစ်ပွက် အန်ထုတ်လိုက်သည်။

ရှန်ချင်းဟန်သည် သူမ၏ ထိုးစစ်ကို မရပ်တန့်ဘဲ မာရှိဝေကို ဆက်လက်၍ အပြင်းအထန် တိုက်ခိုက်ခဲ့သည်။

သူမသည် မာရှိဝေ၏ ဦးခေါင်းကို လက်နှစ်ဖက်ဖြင့် ပိတ်ကာ ဒူးခေါင်းကို မြှောက်၍ အကြိမ်ပေါင်းများစွာမျက်နှာကို တိုက်ချပစ်ခဲ့ရာ နောက်ဆုံး သိုင်းကွက်တိုင်းက ရှေ့သိုင်းကွက်ထက် ပိုမို ပြင်းထန်၏။

“ဘမ်း ဘမ်း ဘမ်း…”

အလွန်ကျယ်လောင်သော ပေါက်ကွဲသံများထွက်ပေါ်လာသည်။

မာရှိဝေ၏ မျက်လုံးများက ဖြူဖျော့လျက် အားပျော့ကာ နောက်ဆုံးတွင် သတိလစ်၍ မူးလဲသွားသည်။

“ရပ်”

"ပြိုင်ဘက်က တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးသွားပြီ"

"မင်း အခု ရပ်လို့ရပြီ"

မာရှိဝေ သတိလစ်သွားသည်ကို မြင်လိုက်ရသဖြင့် စင်အောက်ရှိ ဒိုင်လူကြီးက တိုက်ခိုက်နေဆဲရှန်ချင်းဟန်ကို အော်ဟစ်ကာ တားလိုက်သည်။ ဤစကားကိုကြားသောအခါ ရှန်ချင်းဟန်သည် ချက်ချင်း တိုက်ခိုက်မှုကို ရပ်တန့်၍ သူမရှေ့မှ မာရှိဝေကို လွှတ်ပေးလိုက်သည်။

မာရှိဝေက မူးနေကာ နှာခေါင်းမှ သွေးများစီးကျလျက် မျက်နှာတစ်ခုလုံး သွေးများဖြင့် လွှမ်းနေသည်ကို သူမမြင်လိုက်ရသည်။

“ငါ… ငါ နိုင်သွားပြီ”

အရှုံး၊ သို့မဟုန် ခက်ခက်ခဲခဲ ရုန်းကန်ရသော အောင်ပွဲတစ်ခု စသည်ဖြင့် အကုန်လုံးကို မှန်းဆထားခဲ့သော်လည်း လွယ်ကူစွာဖြင့် အနိုင်ရလိမ့်မည်ဟု တစ်ခါမျှ စိတ်ကူးမယဥ်ခဲ့ဖူးပေ။

၎င်းသည်ကား မာရှိဝေဖြစ်သည်။

ကျောင်းသက်တမ်းမစတင်မီ၌ သွေးမျိုးစပ်ခြင်းကို ပြုလုပ်ခဲ့သည့် ထိပ်တန်းပါရမီရှင်။

၁၀ စက္ကန့်ပင်မကြာလိုက်ဘဲ ထိုကဲ့သို့သော ပါရမီရှင်ကို သူမ အနိုင်ယူနိုင်ခဲ့သည်။

‘ငါတကယ်ပဲ အဲ့လောက်သန်မာတာလား’

ရှန်ချင်းဟန်က ဤအကြောင်းပိုတွေးလေလေ၊ အစစ်အမှန်မဟုတ်သောပုံပေါ်လေလေဟုထင်ကာ သူမကိုယ်သူမ အိပ်မက်မက်နေသည်ဟုပင် တွေးမိလာသည်။ သို့သော် သူ၏ ဒူးခေါင်းမှ နာကျင်မှုကမူ ဤအရာများအားလုံးက အစစ်အမှန်များဖြစ်ကြောင်း အမြဲတစေ သတိပေးနေသည်။

သူမသည် အမှန်ပင် လွှမ်းမိုးနိုင်စွမ်းပြင်းသော မာရှိဝေကို အကြွင်းမဲ့ လွှမ်းမိုးနိုင်ခဲ့သည်။

…

တစ်ချိန်တည်း၌ပင်

ပြိုင်ပွဲဝင်ထိုင်ခုံများ၊ ခေါင်းဆောင်ထိုင်ခုံများနှင့် ပြိုင်ပွဲဝင်များ၏ စောင့်ဆိုင်းနေသည့်နေရာများတွင် ရှိနေသောလူတိုင်း အံ့အားသင့်သွားကာ ၎င်းတို့၏မျက်နှာများသည်လည်း မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။ အထူးသဖြင့် စောင့်ဆိုင်းနေရာတွင်ဖြစ်ကာ အလွန်ကျယ်လောင်သော အံ့သြနေသော အော်သံများဖြင့် ပြည့်နှက်နေသည်။

"မာရှိဝေတကယ် ရှုံးသွားပြီလား"

"နောက်ပြန်တိုက်ဖို့ အင်အားမရှိလို့လား"

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

" ရှန်ချင်းဟန်က ပန်းအိုးပဲလို့ ပြောခဲ့တာမဟုတ်ဘူးလား"

"ဒါက ပန်းအိုးမဟုတ်ဘူး၊ ဒါက စိန်တွေပါတဲ့ ပန်းအိုးပဲ"

"တစ်ချက်တည်းနဲ့ လူတစ်ယောက်ကို သတ်နိုင်တယ်”

စောင့်ဆိုင်းနေသည့်နေရာရှိ လီမော်ယွီသည် လုံးလုံးလျားလျားအံ့သြလျက် မသိစိတ်ထဲမှ အာမေဋိတ်များထုတ်လွှင့်ကာ သူ၏ စကားပြောကောင်းသည့် ပင်ကိုယ်စရိုက်ကို အပြည့်အဝ ဖော်ပြလျက်ရှိသည်။

သူ့ဘေးတွင် လော်ရုန်ကျန်းက ငေးငိုင်လျက် ဆွံ့အကာ အချိန်အတန်ကြာထိ လက်သီးများကို တင်းတင်းဆုပ်၍ ပါးစပ်အဟောင်းသားဖြစ်နေသည်။

လော်ရုန်ကျန်းက သူသည် အတန်းထဲတွင် တတိယမြောက် ပါရမီရှင်ဟု ထင်ခဲ့သော်လည်း ယခုအခါ စတုတ္ထမြောက် ဖြစ်လာခဲ့ပြီဖြစ်သည်။

“လေး လေး လေး” ဟူသောအသံသည် “သေ သေ သေ” ဟူသော အသံနှင့်တူနေသဖြင့် ကြားရသည်မှာ မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင် စိတ်ချမ်းမြေ့ဖွယ်မကောင်းပေ။

…

တစ်ဖက်တွင်လည်း ခေါင်းဆောင်များထိုင်သည့်နေရာတွင် ကျောင်းခေါင်းဆောင်များနှင့် ကျောင်းသား ကောင်စီဝင်များ အားလုံး မျက်လုံးများ ပြူးကျယ်ကာ လုံးဝ ထိတ်လန့်သွားကြသည်။ ရှန်ချင်းဟန်ပြသခဲ့သော တိုက်ခိုက်ရေးစွမ်းအားအဆင့်သည် ၎င်းတို့အားလုံးကို အံ့အားသင့်စေခဲ့သည်။

"ရှိဝေ…"

စိတ်အားထက်သန်သောဖခင်ဖြစ်သူ မာကျန်းဟယ်သည် သမီးဖြစ်သူက သတိလစ်မေ့မြောသွားသည်ကိုမြင်သဖြင့် စိုးရိမ်တကြီးအော်ဟစ်ကာ သူမ၏ဒဏ်ရာများကို စစ်ဆေးရန် သိုင်းစင်မြင့်ဆီသို့ ချက်ချင်းပြေးသွားခဲ့သည်။ လျို့ချွမ်ဝူသည်လည် မယုံမကြည်နိုင်ဖြစ်နေသည်။

“ဒီ ငယ်သူငယ်ချင်းချစ်သူစုံတွဲရဲ့ ဆက်ဆံရေးကဘယ်လိုလဲ။ သူတို့မိသားစုနောက်ခံက သာမန်လို့ထင်ရပေမယ့် သူတို့နှစ်ယောက်လုံးက ဘယ်လောက်တောင် အရည်အချင်းရှိကြတာလဲ”

ကျောင်းသားကောင်စီဥက္ကဌ ကျိုးရွှယ်ဟုန်သည်စင်မြင့်ပေါ်မှ ရှန်ချင်းဟန်ကိုကြည့်၍ သူ့ဘေးမှ ဒုဥက္ကဌကို ပြောလိုက်သည်။

“ရှန်ချင်းဟန်မှာ အလားအလာကြီးတစ်ခုရှိတယ်။ ငါတို့ သူ့ကို ကျောင်းကောင်စီကိုခေါ်ပြီး ဥက္ကဌလောင်းအဖြစ်လေ့ကျင့်ပေးရင်ရော”

ဒုဥက္ကဌက မျက်မှောင်ကြုတ်လိုက်သည်။

“ရှန်ချင်းဟန်က လင်းဇီချန်နဲ့ စေ့စပ်ထားတာ မကြာသေးခင်ကမှ လင်းဇီချန်နဲ့ လက်တွဲပြီး ကျွန်တော်တို့ကို ဆန့်ကျင်နေတာကြောင့် သူ့ကို ခေါ်ယူဖို့ မဖြစ်နိုင်ပါဘူး”

"ဒီကမ္ဘာမှာ အမြဲတမ်းရန်သူဆိုတာ မရှိဘူး၊ အမြဲတမ်း အကျိုးစီးပွားတွေပဲ ရှိတယ်။ လုံလောက်တဲ့ အကျိုးအမြတ်တွေ ပေးနိုင်သရွေ့ ငါတို့ ခေါ်လို့ မရနိုင်တဲ့သူ မရှိဘူး"

…

ဆယ်မိနစ်ကျော်ခန့်အကြာတွင် ပဉ္စမအကျော့ပွဲစဉ် နှစ်ပွဲလည်း ပြီးဆုံးသွားခဲ့သည်။ ထို့နောက် လေးပွဲစလုံးအတွက် ရလဒ်များကို အဆုံးအဖြတ်ပေးခဲ့သည်။ အဆင့်တက်သွားသူ လေးဦးမှာ လင်းဇီချန်၊ ရှန်ချင်းဟန်၊ လီမော်ယွီနှင့် လော်ရုန်ကျန်းတို့ဖြစ်သည်။

မကြာမီ၌ပင် သိုင်းစင်မြင့်အထက်ရှိ ဆက်ခရင်၌ ကျပန်းရွေးချယ်ခြင်းတစ်ခုပေါ်လာကာ စက္ကန့်အနည်းငယ်အကြာတွင် ပြိုင်ဘက်များကို ပြသခဲ့သည်။

လင်းဇီချန်နှင့် ရှန်ချင်းဟန်

လီမော်ယွီ နှင့် လော်ရုန်ကျန်း

မိမိ၏ ပြိုင်ဘက်က လင်းဇီချန်ဖြစ်ကြောင်း မြင်လိုက်ရသောအခါ ရှန်ချင်းဟန်က အလွန်စိတ်လှုပ်ရှား၍ သူမ၏ လှပသော မျက်နှာက နီရဲသွားသည်။

"ရှောင်ချန်၊ ငါတို့ အတူတူ စင်ပေါ်မှာ ပြိုင်ကြတော့မယ်၊ ငါတို့ တစ်ယောက်နဲ့တစ်ယောက် သိပြီးတဲ့နောက် တိုက်ရမှာ ဒါပထမဆုံးအကြိမ်ပဲ"

“အရမ်းကို စိတ်လှုပ်ရှားဖို့ ထိုက်တန်ရဲ့လား"

“ဒါပေါ့… အရမ်းတန်တယ်"

"မင်းသာ လော်ရုန်ကျန်းနဲ့ ပြိုင်ရမှာဆိုရင် ကိုတို့ နောက်ဆုံးအဆင့်မှာ ယှဉ်ပြိုင်နိုင်မှာ"

အခန်း(၂၂၁) စစ်နယ်မြေအထူးလေ့ကျင့်ရေး ၃

"ငါ ဆီမီးဖိုင်နယ်ကို တက်ခွင့်ရလို့တင် အရမ်းကျေနပ်နေပါပြီ။ ဖိုင်နယ်ထိ နေရာမရချင်ပါဘူး။ လီမော်ယွီ နဲ့ မပြိုင်ရလို့ အရမ်းကံကောင်းတယ်"

…

မကြာခင်၌ပင် ဆီမီးဖိုင်နယ် စတင်ခဲ့သည်။ ပထမဆုံး စင်ပေါ်တက်ခဲ့သည်မှာ လီမော်ယွီ နှင့် လော်ရုန်ကျန်းတို့ ဖြစ်ကြသည်။

တိုက်ပွဲက တစ်မိနစ်ကျော်ကြာသွားသည်။ နောက်ဆုံးတွင်

လီမော်ယွီသည် အနိုင်ရရန် ကြိုးပမ်းနိုင်ခဲ့ကာ ဖိုင်နယ်သို့ တက်လှမ်းခဲ့သည်။

များမကြာမီ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့က စင်မြင့်ပေါ်သို့ တက်လာကြသည်။ ၎င်းတို့နှစ်ယောက်က ကိုယ့်နေရာကိုယ်ယူကာ ခဏတာအတွင်း၌ပင် ဒိုင်လူကြီး၏ လမ်းညွှန်မှုအောက်၌စတင်တိုက်ခိုက်ခဲ့ကြသည်။

"ငါ အခုမှ မကန်သင့်ဘူး၊ ငါမှားရွေးမိပြီး အထိုးခံရတာ"

"ဒီလက်သီးရဲ့ထောင့်က ဆိုးတယ်၊ ရန်သူက တန်ပြန်တိုက်ခိုက်နိုင်တဲ့ ချို့ယွင်းချက်တစ်ခုကို အလွယ်တကူ ဖော်ထုတ်နိုင်တယ်"

"မင်းခြေထောက်တွေကို မြေကြီးမှာ တင်းတင်းကုပ်ထားပြီး ကားလိုက်"

လင်းဇီချန်သည် ရှန်ချင်းဟန်၏ အဆင့်နှင့် ကိုက်ညီရန် သူ၏ ခွန်အားကို ထိန်းထားကာ သူမ၏ အားနည်းချက်များကို စိတ်ရှည်လက်ရှည် ထောက်ပြသည်။ ပြိုင်ဆိုင်မှုပြင်းထန်သော ဆီမီးဖိုင်နယ်ကို သင်ကြားရေးပွဲအဖြစ် ပြောင်းလဲခဲ့သည်။

ကောင်လေးက သူ့ကောင်မလေးကို သင်ပေးနေသည့်မြင်ကွင်းသည် ပွဲကြည့်အမျိုးသမီးပရိသတ် အများအပြားကို မနာလိုဖြစ်စေခဲ့သဖြင့် ၎င်းတို့လည်း နည်းပြနိုင်သည့် ရည်းစားရှိချင်ကြောင်း ပြောခဲ့ကြသည်။

ပြိုင်ပွဲသည် သုံးမိနစ်ခန့်ကြာမြင့်သည်။

အဆုံးတွင် ရှန်ချင်းဟန်၏ဆန္ဒအလျောက် အရှုံးပေရမှုနှင့် အဆုံးသတ်ခဲ့သည်။

ရှန်ချင်းဟန်သည် လင်းဇီချန်ကို အနိုင်ယူ၍မရနိုင်ကြောင်း သူမနှင့် ပရိသတ်အားလုံး သိထားသောကြောင့် အရှုံးပေးခြင်းက ရှက်စဖွယ်ကောင်းသည်ဟု မထင်ခဲ့ပေ။

အရေးအကြီးဆုံးမှာ လင်းဇီချန်သည် သူမနှင့် စေ့စပ်ထားသူဖြစ်သည်။

“ချစ်သူဆီရှုံးတာ ဘာလို့ရှက်ရမှာလဲ”

…

နာရီဝက်ကြာသောအခါ ကျောင်းသားသစ်ပြိုင်ပွဲ ချန်ပီယံပြိုင်ပွဲသို့ နောက်ဆုံး၌ရောက်လာသည်။

ပြိုင်ပွဲဝင်နှစ်ဦးမှာ လင်းဇီချန်နှင့် လီမော်ယွီတို့ ဖြစ်ကြသည်။

စင်ပေါ်တက်ပြီးသည်နှင့် လီမော်ယွိက လင်းဇီချန်ကို ပမာမခန့်ပြောသည်။

"လင်းဇီချန် ငါ့ခွန်အားက အခုမင်းနဲ့မယှဉ်နိုင်ပေမယ့် မင်းငါ့ကို လွယ်လွယ်နဲ့အနိုင်ယူနိုင်မယ်မထင်နဲ့။ သရေကျဖို့ သွားနဲ့ လက်သည်းတွေကိုထုတ်ပြီး ငါတိုက်မယ်"

ထို့ကြောင့် လီမော်ယွီ သည် သူ့အတွင်း၌ နတ်ဆိုးမျက်လုံး ဧရာမလူဝံ၏ ဗီဇကို အသက်သွင်း၍ ကြွက်သားများပြည့်နေသော ဧရာမ အကောင်ကြီးအဖြစ် ပြောင်းလဲသွားသည်။ အစပိုင်းက ကျောင်းအစမ်းပြိုင်ပွဲနှင့် နှိုင်းယှဉ်ပါက အနည်းဆုံး ၅၀%ခန့် ပိုသန်မာလာပုံရသည်။

လင်းဇီချန်က တိတ်ဆိတ်နေခဲ့သည်။

ထိုအခိုက်တွင် ဒိုင်လူကြီးက “ပွဲစပါ” ဟု ကြွေးကြော်လိုက်သည်နှင့် လင်းဇီချန်သည် မြှားတစ်စင်းကဲ့သို့ လျင်မြန်သော ခြေလှမ်းဖြင့် ရှေ့သို့ တိုးကာ သိုင်းစင်မြင့်မှ လီမော်ယွီကို ကန်ထုတ်၍ ပြိုင်ပွဲကို အလွယ်တကူ အနိုင်ရခဲ့သည်။

ချက်ချင်းပင် ပွဲရုံသည် တစ်ခဏမျှ တိတ်ဆိတ်သွားသည်။

ထို့နောက် ဆူညံသော စကားသံများ ထွက်ပေါ်လာသည်။ အထူးသဖြင့် လင်းဇီချန် ကာယအားကို ချီးမွမ်းနေသည့် ကျောင်းခေါင်းဆောင်များဖြစ်သည်။

"သူက တစ်ချက်တည်းကန်ပြီး ဘယ်သူကိုမဆို အနိုင်ယူနိုင်တယ်။ သူ့ရဲ့ ကြံ့ခိုင်မှုက ရယ်စရာပဒ"

"သူ့ရဲ့ မယုံကြည်နိုင်လောက်တဲ့ ကာယစွမ်းရည်နဲ့ သန့်စင်လူသားလမ်းရဲ့ နာမည် အဖက်ဆယ်နိုင်မယိလို့ထင်လား”

"သေချာပေါက် ဖြစ်နိုင်တယ်။"

ကျောင်းခေါင်းဆောင်များက ခပ်တိုးတိုးပြော၍ အလှည့်ကျ အားလုံးက လင်းဇီချန်ကို ပြန်လည်အကဲဖြတ်ကြသည်။

လင်းဇီချန်သည် သွေးသန့်လူသားလမ်းကို ရွေးချယ်သောကြောင့် ဘက်မလိုက်ကြတော့ပေ။

…

ကျောင်းသားသစ်ပြိုင်ပွဲ ပြီးဆုံးပြီးနောက် ယွမ်သုန်ကျီက ထိပ်တန်းရှစ်ယောက်အဆင့်ထိ အောင်ခဲ့သော ကျောင်းသားများအား ဆုများ ပေးအပ်သည်။ ဆုလာဘ်များသည် ရိုးရှင်းပြီးရင်း ရိုးရှင်းလှသည်။

ကျောင်းအမှတ်များပင်ဖြစ်သည်။

ချန်ပီယံဖြစ်သော လင်းဇီချန်ကို ကျောင်းအမှတ်ငါးရာပေးအပ်ခဲ့ကာ လော်ရုန်ကျန်းကို အနိုင်ရခဲ့သော ရှန်ချင်းဟန်သည် အမှတ်လေးရာကို ပျော်ရွှင်စွာ ရရှိခဲ့၍ တတိယဆုရှင် ဖြစ်လာခဲ့သည်။

ဆုပေးပွဲနှင့် အဖွဲ့လိုက် ဓာတ်ပုံများရိုက်ရန် အချိန်အနည်းငယ်ကြာပြီးနောက် ယွမ်သုန်ကျီသည် ထိပ်တန်းငါးဦးကို ရွေးချယ်ကာ ဆောင်းရာသီလေ့ကျင့်ရေးစခန်းတွင် ပါဝင်ရန် တောင်းဆိုခဲ့သည်။

၎င်းတို့ငါးယောက်မှာ လင်းဇီချန်၊ ရှန်ချင်းဟန်၊ လီမော်ယွီ၊ မာရှိဝေနှင့် လော်ရုန်ကျန်းတို့ဖြစ်သည်။

"ဒီဆောင်းရာသီလေ့ကျင့်ရေးစခန်းက မူလ မြေအမှတ် ၃၆ ကို နှိမ်နင်းဖို့ တာဝန်ရှိတဲ့ နန်ကျန်းပြည်နယ်က စစ်ခရိုင်ဌာနချုပ်မှာ ပြုလုပ်မယ်”

"မူလမြေအကြောင်း အသေးစိတ်မပြောတော့ပါဘူး။ မင်းတို့အားလုံးက မိသားစုနောက်ခံရှိတဲ့ ပါရမီရှင်တွေမို့လို့ မင်းတို့အိမ်က လူကြီးတွေဆီကနေ နည်းနည်းလောက် ကြားဖူးမယ်ထင်တယ်။ ပြီးတော့ မရင်းနှီးရင်တောင်မှ စခန်းမှာ မူလမြေ အထူးပြုသင်တန်းတွေရှိမှာမို့ ကိစ္စမရှိပါဘူး။"

“ဒီလ ၂၅ ရက်နေ့မှာ လေ့ကျင့်ရေးစခန်းကို စမှာပါ”

“၂၄ ရက်နေ့ မနက် ၇ နာရီမှာ အားလုံးကို အုပ်ချုပ်ရေးမှူးရုံးအောက်မှာ စုဝေးစေချင်တယ်”

စကားကို အဆုံးသတ်ပြီးနောက် ယွမ်သုန်ကျီအမြန်ထွက်သွားသည်။ သူမ သွားပြီးသည်နှင့်

လီမော်ယွီက လင်းဇီချန်ကို ယုံကြည်မှုအပြည့်ဖြင့် ကြည့်ကာပြောလိုက်သည်။

"ဒီဆောင်းရာသီမှာ ပိုမြင့်တဲ့ ဆန်းကြယ်သားရဲဗီဇနဲ့ ပေါင်းစပ်ဖို့ အိမ်ပြန်တော့မယ်"

"ငါတို့ လေ့ကျင့်ရေးစခန်းအတွက် စစ်ဘက်ခရိုင်ကို ရောက်သွားတဲ့အခါ မင်းထက် ပိုအားကောင်းနေပြီး မင်းကို ဖိနှိပ်မယ်"

"လင်းဇီချန်၊ စောင့်ကြည့်နေလိုက်"

လင်းဇီချန်၏ ကန်ချက် တစ်ချက်တည်းဖြင့် ကန်ထုတ်ခံရသည့်တိုင် လီမော်ယွီသည် ယုံကြည်မှုအပြည့်ဖြင့် တောက်လောင်နေဆဲဖြစ်သည်။ ဤသည်မှာ သူ၏ ပြင်းထန်သော မျိုးရိုးဗီဇ ပေါင်းစပ်စွမ်းရည်နှင့် သူ၏ သြဇာကြီးသော မိသားစု၏ ပံ့ပိုးကူညီမှုမှ ရရှိလာသည့် အာမခံချက်ဖြစ်သည်။

လီမော်ယွီ ထံမှ ရဲရင့်သောစကားများကိုကြားသောအခါ လင်းဇီချန်သည် ပြုံးရုံသာပြုံးကာ မည်သည့်စကားမျှမပြောဘဲ ရှန်ချင်းဟန်၏လက်ကို ကိုင်၍ ဆုပေးပွဲစင်မြင့်မှ အမြန်ထွက်ခွာသွားခဲ့သည်။

အခန်း(၂၂၂) စစ်နယ်မြေ

လူသစ်ပြိုင်ပွဲပြီးဆုံးပြီးနောက် ပထမနှစ်ကျောင်းသားများအားလုံး၏ ဆောင်းရာသီအားလပ်ရက်ကို စတင်ခဲ့သည်။

ရှောင်ချန်နှင့် ရှန်ချင်းဟန်တို့သည် အိမ်ပြန်ရန် အလျင်လိုခြင်းမရှိဘဲ မပြန်ခင် အဆောင်ထဲတွင် နောက်ထပ်တစ်ရက်နေရန် စီစဉ်ခဲ့သည်။

"ရှောင်ချန်၊ ဒီအမှတ် ၄၀၀ ကျော်နဲ့ ဘာဝယ်သင့်တယ်လို့ ထင်လဲ"

ဧည့်ခန်းထဲတွင် ရှန်ချင်းဟန်သည် ကျောင်းအက်ပ်တွင် ပြသထားသည့် ရာနှင့်ချီသော အမှတ်များကို ကြည့်ကာ မသေချာမရေရာဖြစ်လျက် သူ့ဘေးနားရှိ ရှောင်ချန်ကို မေးလိုက်သည်။ ခဏတာမျှ စဉ်းစားပြီးနောက် ရှောင်ချန်ကပြောလိုက်သည်။

"စွမ်းအင်ဖြည့်တင်းဆေးတွေဝယ်ဖို့ သုံးမလား။ သူတို့က ခန္ဓာကိုယ်သန့်စင်ခြင်းရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်တယ်။ နောက်ပြီး မင်းမိဘတွေအတွက် လက်ဆောင်တွေဝယ်လို့ရတယ်လေ။"

"ဒါဆို ငါ စွမ်းအင်ဖြည့်တင်းဆေးတွေ ဝယ်လိုက်မယ်။ ကျန်တဲ့ အမှတ်တွေနဲ့ ငါ့မိဘတွေအတွက် လက်ဆောင်တွေဝယ်မယ်၊ အန်တီရှင်းနဲ့ ဦးလေးရှန် အတွက်လည်း လက်ဆောင်ပေးမယ်"

ရှန်ချင်းဟန်သည် ရှောင်ချန်၏ အကြံပြုချက်ကို လက်ခံ၍ ကျောင်းစျေးဝယ်အက်ပ်ထဲ၌ အမှာစာများ စတင်ခဲ့သည်။ ရှောင်ချန်သည်လည်း တူညီသောပစ္စည်းများကို မှာယူခဲ့သည်။

သို့သော် သူသည် အဆင့်မြင့်စွမ်းအားဖြည့်ဆေးကိုပါ မှာယူခဲ့ရာ ယင်း၏ အာနိသင်သည် သာမန်ဆေးများထက် ဆယ်ဆ ပိုများသည်။

စျေးနှုန်းအရ ပိုစျေးကြီးသော်လည်း လက်ခံနိုင်လောက်သည့် အတိုင်းအတာအတွင်း ရှိနေသေးသည်။ ရှောင်ချန်သည် လာမည့် ဆောင်းရာသီ အားလပ်ချိန်တွင် မိမိ၏ ခန္ဓာကိုယ် သန့်စင်မှု လုပ်ငန်းစဉ်ကို တတိယအဆင့်ထိပြီးစီးရန် စီစဉ်ထားသည်။

ဆောင်းရာသီအားလပ်ရက်တစ်လကျော်အတွင်း ယင်းကိုအောင်မြင်ရန် ငွေကြေးသုံးစွဲမှုက မရှိမဖြစ်လိုအပ်၏။

"ဒင်ဒေါင်”

အခန်းပြင်မှ တံခါးဘဲလ်က မြည်လာသဖြင့် ရှန်ချင်းဟန်က တံခါးကိုဖွင့်လိုက်သောအခါ အရပ်မြင့်မြင့် သွယ်လျသော မိန်းကလေးတစ်ယောက် သူမရှေ့၌ ရပ်နေသည်ကို တွေ့လိုက်ရသည်။ ရှန်ချင်းဟန်အား ကောင်စီဝင်ရန် ဖိတ်ကြားကာ အလားအလာရှိသော အနာဂတ်ဥက္ကဌအဖြစ် ပြုစုပျိုးထောင်ပေးမည်ဟု ကတိပြုလျက် ကျောင်းသားကောင်စီ၏ ဒုတိယဥက္ကဌအဖြစ် သူမကိုယ်သူမမိတ်ဆက်သည်။

ထို့အပြင် ပါ၀င်ပါက ရမည့် အကျိုးကျေးဇူးများစွာ ရှိသည်။

ဥပမာအားဖြင့် သူမသည် တစ်ပတ်လျှင် အနည်းဆုံးတစ်ကြိမ် လက်ရှိဥက္ကဌထံမှ ကိုယ်တိုင် လမ်းညွှန်မှုကို ရရှိနိုင်၍ သူမ၏ ခေါင်းဆောင်မှုစွမ်းရည်ကို မြှင့်တင်ရန် ဌာနတစ်ခု၏ တာဝန်ခံမှု လစဉ် အကြွေးထောက်ပံ့မှု ပမာဏအချို့လည်းရှိသည်။

ရှန်ချင်းဟန်သည်လည်း ကျောင်းသားကောင်စီကို မကြိုက်သဖြင့် ကမ်းလှမ်းချက်ကို စိတ်ရှည်စွာ နားထောင်ပြီးနောက် ယဉ်ကျေးစွာ ပြုံးပြုံးရွှင်ရွှင် ငြင်းဆိုခဲ့ကာ လက်ရှိတွင် မည်သည့်အဖွဲ့အစည်းတွင်မျှ ပါဝင်ရန် မစီစဉ်ထားကြောင်း ပြောကြားခဲ့သည်။

"ကျောင်းသားရှန် ဒီလောက် မြန်မြန်ငြင်းဖို့ မလိုပါဘူး၊ ဒီဆောင်းရာသီ အားလပ်ရက်မှာ စဉ်းစားပြီး နောက်နှစ်စာသင်နှစ်မှာ ဆုံးဖြတ်ချက်ချနိုင်ပါတယ်"

"အင်း စဉ်းစားကြည့်လိုက်ပါ့မယ်"

ရှန်ချင်းဟန်က ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။

ဒုဥက္ကဌက ထွက်သွားပြီးနောက် သူမက ရှောင်ချန်ကို ချက်ချင်းသွားပြောလိုက်သည်။

"ဒီကျောင်းသားကောင်စီက တအားမာန်တက်နေတာပဲ။ မသိရင် ငါ့ကို ခေါ်တာနဲ့ပါရမယ့်အတိုင်း။ မပါရင် ကိုယ်ကပဲ ရှုံးနေသလိုလို”

"ဒီလိုပါပဲ၊ ကျောင်းသားကောင်စီက ကျောင်းခေါင်းဆောင်တွေလိုပဲ။ နည်းနည်းမာနထောင်လွှားနေတာက ပုံမှန်ပါပဲ။"

ရှန်ချင်းဟန်သည် ခဏမျှတုံ့ဆိုင်းသွားပြီးနောက် ရဲတင်းသော အကြံတစ်ခုကို ထုတ်ပြလိုက်သည်။

"ရှောင်ချန်၊ ကျောင်းတွင်းက အငွေ့အသက်တွေက အရမ်းသနားစရာကောင်းနေပြီ။ နင် အရမ်းသန်မာတာပဲဟာ ဘာလို့ ဥက္ကဠနေရာကို မယူတာလဲ”

"အချိန်တန်ရင် ငါက ဒုဥက္ကဌဖြစ်နိုင်ပြီး ငါတို့ကျောင်းကို အတူတူ စီမံခန့်ခွဲနိုင်တယ်"

“ဒါအပြင် ဥက္ကဌဖြစ်ရင် တစ်လကို အမှတ် ငါးရာရမှာ။ ဒုဥက္ကဌဖြစ်လာရင် တစ်လကို အမှတ်တစ်ရာထပ်ရလိမ့်မယ်။ အဲ့တာဆိုရင် အမှတ်အတွက် လုံးဝ စိတ်ပူစရာမလိုတော့ဘဲ စိုးရိမ်ဖို့ မလိုတော့ဘူး”

ရှန်ချင်းဟန်က တောက်ပသောအနာဂတ်ကို မြင်ယောင်လျက် စိတ်လှုပ်ရှားနေသည်။

ရှောင်ချန်က ပြုံးလိုက်၏။

“ဒီအကြံမဆိုးဘူး။ ငါလည်းစဥ်းစားဖူးတယ်။ ဒါပေမယ့် စောင့်ကြည့်ရအောင်”

…

နောက်နေ့မနက်အစော၌ ၎င်းတို့နှစ်ဦးသည် ခရီးဆောင်အိတ်ဆွဲယူ၍ မိဘများနှင့်အတူနေရန် ကျောင်းဝင်ပေါက်သို့ ထွက်သွားကြသည်။ ထိုညနေပိုင်းတွင် မိသားစုနှစ်ခုစလုံးသည် ပြင်ပကျောင်းဝင်းဧရိယာအနီးနားရှိ ဟိုတယ်တစ်ခုတွင် စုဝေးကာ ညစာအတွက် သီးသန့် ညစာစားပွဲကို စီစဥ်ထားခဲ့သည်။

ထမင်းစားနေစဉ်တွင် မိဘများက ရှောင်ချန်နှင့် ရှန်ချင်းဟန်ကို ရယ်မောကာ ဘွဲ့ရပြီးနောက် ကလေးယူ၍ မိမိတို့ကို အဘိုးအဘွားများဖြစ်လာစေရန် အကြံပေးသည်။

ရှောင်ချန်က ပြုံးရုံသာပြုံး၍ မည်သည့်မှတ်ချက်မျှ မပေးပေ။ ရှန်ချင်းဟန်သည်မူ နူးညံ့ပါးလွှာသော အသားအရည်ရှိ‌သဖြင့် ရှက်ရွံ့ကာ ထမင်းစားချိန်တစ်လျှောက်လုံး မျက်နှာက နီမြန်းနေသည်။

ထမင်းစားပြီးနောက် မိသားစုနှစ်ခုက ကိုယ့်အိမ်ကိုယ်ပြန်ကြသည်။ အိမ်ထဲဝင်ပြီးသည်နှင့် ကျန်းဝမ်ရှင်းက စိုးရိမ်တကြီးမျက်နှာနှင့် သူမ၏ ပခုံးများကို ပွတ်သပ်ကာ ပြောလိုက်သည်။

“ကျွန်မလည်းလေ အသက်ကြီးလာတာနဲ့ ခန္ဓာကိုယ်ကြီးကလေးလာပြီး ပခုံးတွေ ပို တောင့်တင်းလာတယ်။ တကယ်ကို ရက်စက်လိုက်တာ”

ဤသည်ကိုကြားသောအခါ လင်းဇီချန်က ချက်ချင်းပင်ပြောလိုက်သည်။

“မေမေ ဆိုဖာပေါ်မှာသွားအိပ်ချေလေ၊ သား ပခုံးတွေ နှိပ်ပေးမယ်”

ကျန်းဝမ်ရှင်းက ဤစကားကို ကြားသောအခါ ချက်ချင်းပင် ပြုံး၍ ပြောလိုက်သည်။

“သားလေး သား အဲ့လိုပြောမယ့်အချိန်ကို မေမေစောင့်နေတာ”

ထို့နောက် လင်းယန်ရှန်က အနားသို့ရောက်လာသည်။

“မင်းအမေကို နှိပ်ပေးပြီးရင် ဖေဖေ့ကိုလည်း နှိပ်ပေးလို့ရလား”

“ရတာပေါ့” လင်းဇီချန်က ပြုံး၍ ပြောလိုက်သည်။

“ဆောင်းရာသီပိတ်ရက်မှာ သားမေမေတို့ကို နေ့တိုင်း နှိပ်ပေးလို့ရတယ် နေ့လား ညလား နေ့လယ်လား ကြိုက်တဲ့အချိန်ပြောလိုက် ဆရာလင်းက အမေတို့ကို ပြုစုဖို့ အဆင်သင့်ပဲ”

“ဟားဟား ဒါ ငါတို့ သားကြီးကွ”

လင်းယန်ရှန်က ဝမ်းသာအားရဖြင့် အတိတ်ဘဝက နဂါးငွေ့တန်းကြီးကို ကယ်တင်ခဲ့သောကြောင့် ဤမျှထိ ဉာဏ်ကောင်း ထက်မြက်လိမ္မာသော သားလေးရခဲ့ခြင်းဖြစ်မည်ဟုတွေးကာ အားပါးတရရယ်လိုက်သည်။

သားအဖနှစ်ယောက် စကားစမြည်ပြောနေကြစဉ် ကျန်းဝမ်ရှင်းသည် ဖိနပ်ကို ချွတ်ထားလျက် ဆိုဖာပေါ်တွင် လဲလျောင်းနေကာ လက်နှစ်ဖက်ကို ခေါင်းအုံပေါ်သို့ တင်ထားလိုက်သည်။ ဤသည်ကို မြင်သောအခါ လင်းဇိချန်က ချက်ချင်းပင် ကျန်းဝမ်ရှင်း၏ ပခုံးများကို ကျွမ်းကျင်စွာ နှိပ်နယ်ပေးလိုက်သည်။

အနှိပ်ခန်းအတွင်း၌ နှစ်ယောက်သားက မရပ်မနားစကားပြောကြရာ အများစုမှာ ကျန်းဝမ်ရှင်းက ပြောနေခြင်းဖြစ်သည်။

"အင်း၊ အချိန်က ဘယ်သူ့ကိုမှ မညှာတာပေးဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အရမ်းအသက်ကြီးလာသလို ခံစားရတယ်။ ရယ်လိုက်ရင် မျက်လုံးထောင့်က အရေးအကြောင်းတွေက အရမ်းသိသာတယ်”

“မေမေက အသက်ကြီးတယ်လို့ မထင်ရပါဘူး။ သုံးဆယ်ကျော်ကျော်လောက်လို့ပဲထင်ရတယ်။ မိန်းမငယ်ငယ်လေးနဲ့ ဘာမှမကွာခြားဘူး။ အပြင်ထွက်သွားရင် မေမေက သားအစ်မလို့ပြောရင်တောင် ဘယ်သူမှ သံသယဖြစ်မှာမဟုတ်ဘူး”

“ငါ့သားက မင်းအဖေထက် သူ့အမေကို ဘယ်လိုပျော်အောင်လုပ်ရမလဲဆိုတာ ကောင်းကောင်းသိတာပဲ။ မင်းအဖေထက် ပိုတော်တယ်”

ဤသို့ပြောပြီးနောက် ကျန်းဝမ်ရှင်းက ဆက်ပြောသည်။

“ဒါပေမယ့် မေမေက အသက်လေးဆယ်ကျော်နေပြီ။ အဖွားဖြစ်ဖို့ သင့်တော်တဲ့ အရွယ်ကို ရောက်နေပြီလေ မြေးချီဖို့ စောင့်နေတာ။ သားနဲ့ ဟန်ဟန်နဲ့ ဘွဲ့ရပြီးပြီးချင်းလက်ထပ်ပြီး ကလေးယူနိုင်မယ်လို့ မျှော်လင့်ပါတယ်”

“မဟုတ်ရင် အိမ်မှာကလေးမရှိတော့ မပြည့်မစုံ တက်ကြွမှုမရှိသလို ခံစားရတယ်”

“တစ်ယောက်တည်းနဲ့မလုံလောက်ဘူး။ နှစ်ယောက် သုံးယောက်လောက်ဆိုပိုကောင်းသေး။ သားတို့အစား မေမေဂရုစိုက်ပေးပါ့မယ်”

“အွန်း သားကြိုးစားပြီး မေမေတို့ကို ဘွဲ့ရပြီးတာနဲ့ မြေးချီနိုင်အောင် လုပ်ပေးပါ့မယ်”

All Chapters