← Chapters

အပိုင်း ၂၂၃-၂၂၅

Vol. 15 Ch. 223-225

အပိုင်း ၂၂၃-၂၂၅

Vol. 15 Ch. 223-225

အခန်း(၂၂၃) စစ်နယ်မြေ ၂

“ဒါဆို ဒီကိစ္စကို ဒီလိုပဲထားလိုက်ကြရအောင်။ နောက်မှ ခြေမအေးနဲ့နော် ကလေးမလိုချင်ဘူးတွေဘာတွေ လာမပြောနဲ့။

အခုခေတ် လူငယ်တွေက သူတို့ရဲ့ လွတ်လပ်မှုကို အသားပေးကြလို့ ဦးထုပ်လေးခဏလောက်ဖယ်လိုက်ဖို့ကို လက်လျှော့လိုက်ကြတယ်”

လင်းယန်ရှန်က ဝင်ပြောသည်။

“လူငယ်တွေဟာ လွတ်လပ်မှုကို နှစ်သက်ပြီး ကလေးမမွေးဖို့ ရွေးချယ်တာ မဟုတ်ဘူး၊ ဖိအားတွေက အရမ်းများမှာကို မခံနိုင်လို့ပဲ။ သူတို့မှာ ပိုက်ဆံရှိရင် ကလေးတွေနဲ့ ပြည့်နေတဲ့ အိမ်တစ်လုံးကို ဘယ်သူက မလိုချင်ဘဲနေမှာလဲ”

ကျန်းဝမ်ရှင်းက သူ့ကို အကဲခတ်ကြည့်လိုက်သည်။

"ကောင်းပြီ၊ ကျွန်မနားလည်ပါတယ်။ ရှင်က ဉာဏ်ကောင်းပါတယ် အခု ရှင့်ပါးစပ်ကို ပိတ်ထားလိုက် ရှင့်အသံကို ကျွန်မ နားထောင်ရုံနဲ့တင် စိတ်ရှုပ်ရတယ်”

သူ့မိဘများ၏ ငြင်းခုန်သံကို နားထောင်လျက် လင်းဇီချန်က မပြုံးနိုင်ဘဲ မနေနိုင်တော့ပေ။ သူ့မိဘများက ငယ်စဉ်ကတည်းကကဲ့သိုပပင် ရန်ဖြစ်နေကြဆဲဖြစ်၍ အနည်းငယ်မျှ ပြောင်းလဲခြင်းမရှိခဲ့ပေ။ ကောင်းကင်မှ ကောင်းချီးပေးထားသော စုံတွဲတစ်တွဲဟုပင်ခံစားရသည်။

တစ်နာရီကျော်ခန့်အကြာတွင် ကျန်းဝမ်ရှင်းကျေနပ်ပြီဖြစ်၍ ဆိုဖာပေါ်မှ ထလိုက်သည်။

ဤသည်ကိုမြင်သောအခါ လင်းယန်ရှန်က ချက်ချင်းထကာ ဆိုဖာပေါ် လှဲချ၍ ပြောလိုက်သည်။

“ရှောင်ချန် သားနှိပ်ရင် ခါးကို အဓိကအာရုံစိုက်ပြီး နှိပ်နော်။ သိပ်မကြညခင်က နည်းနည်းစနာလာတာ အခုဆို တည့်တည့်မတ်မတ်ရပ်ဖို့တောင် တော်တော်ခက်တယ်။"

“ဟုတ်”

လင်းဇီချန်က တုံ့ပြန်၍ လင်းယန်ရှန်၏ခါးကို အမြန်နှိပ်နယ်လိုက်သည်။ ထို့နောက် လင်းယန်ရှန်က ဇိမ်ခံလျက် သက်ပြင်းချကာပြောလိုက်၏။

“မင်း လူလတ်ပိုင်းအရွယ်ရောက်တဲ့အခါ မင်းရဲ့ ခန္ဓာကိုယ်က ယို့ယွင်းလာပြီး မင်းရဲ့ စွမ်းအင်တွေကလည်း အရင်လို ဟုတ်တော့မှာမဟုတ်ဘူး။ ငါ အခုချိန်ကစပြီး ကျန်းမာရေးကို ဂရုစိုက်ဖို့ အာရုံစိုက်ဖို့ လိုလိမ့်မယ်”

လင်းဇီချန်က မည်သည့်စကားမျှပြန်မပြောသော်လည်း ဖခင်ဖြစ်သူ၏စကားများကို နှလုံးသားထဲ၌ စွဲစွဲမြဲမဲမှတ်သားထားခဲ့သည်။

နှိပ်ပေးခြင်းအမှုသည်လည်း နောက်ထပ်တစ်နာရီအကြာခန့်တွင် ပြီးဆီးသွားသည်။

လင်းဇီချန်က သူ့ဖုန်းကိုထုတ်ကာ သူ့မိဘများအတွက် တန်ဖိုးကြီးသော ဖြည့်စွက်စာမျိုးစုံကို ဝယ်ခဲ့သည်။ အလှအပနှင့် အသားအရေထိန်းသိမ်းမှုအတွက် ဆေးဝါးများ၊

တက်ကြွမှုကို မြှင့်တင်ပေးသော အရာများ၊ ဦးနှောက်ကို တည်ငြိမ်စေ၍ ဦးနှောက်လုပ်ဆောင်ချက်ကို ကောင်းမွန်စေသော အရာများ အစရှိသမျှကို ဝယ်ယူခဲ့သည်။

သူ့မိဘများ၏ ကျန်းမာရေးအတွက် အကျိုးရှိသရွေ့ သူက မျက်စိစုံမှိတ် အော်ဒါတင်ကာ စျေးနှုန်းများကို လုံးလုံးလျားလျား လျစ်လျူရှု့ထားခဲ့သည်။ နောက်ဆုံးတွင်

ငွေရှင်းသည့်ပမာဏသည် ယွမ်တစ်သန်းနီးပါးရှိသည့် အမှတ် ၁၀၀ နီးပါးဖြစ်သည်။

သူ့မိဘများအတွက်ဖြစ်လျှင် ပိုက်ဆံမည်မျှကုန်နေစေကာမူ ထိုက်တန်သည်။ လင်းဇီချန်သည် မိဘများ နှေးကွေးစွာ အသက်ကြီးလာ၍ ထာဝရနုပျိုနေရန် မျှော်လင့်လျက်ရှိသည်။

ဤသည်မှာ ကောင်းနှင့် မြေကြီးမှ ရတနာမျိုးစုံ တည်ရှိသည့် ကမ္ဘာတစ်ခုဖြစ်သည်။ သူသာ ခိုင်မာအားကောင်းနေသရွေ့ သူ့မိဘများအတွက် ထာဝရအသက်ကို ပေးဆောင်ရန် နည်းလမ်းများ ရှိမည်မှာ သေချာသည်။

တစ်ခုတည်းသော မသေချာမှုမှာ သူ့မိဘများ ဤမျှကြာအောင် အသက်ရှင်နိုင်ပါ့မလားဆိုသည့်အချက်သာဖြစ်၏။

“ငါ မြန်မြန်တိုးတက်နိုင်မယ်လို့ မျှော်လင့်ပါတယ်…”

…

နောက်နေ့များတွင် ရှန်ချင်းဟန်၏အိမ်ကိုလည်ပတ်ခြင်းအပြင် လင်းဇီချန်သည် သူ့ခန္ဓာကိုယ်ကိုသန့်စင်ရန်အတွက် အိမ်တွင်းအောင်းနေခဲ့သည်။

ရှန်ချင်းဟန်အိမ်သို့ သူလာရောက်လည်ပတ်သည့်တိုင် ၎င်းတို့နှစ်ဦးသည် ခန္ဓာကိုယ်သန့်စင်ခြင်းကို အတူတကွ အခန်းတွင်း၌ လုပ်ဆောင်ခဲ့ကြသည်။

နေ့ရက်များ ဤနည်းဖြင့် ကုန်လွန်ခဲ့သည်။

၂၃ရက်ညတွင် လင်းဇီချန်သည် နောက်ဆုံးတွင် တတိယအဆင့် ခန္ဓာကိုယ် သန့်စင်မှု ပြီးစီးခဲ့၍ ၎င်း၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို နောက်တစ်ဆင့်သို့ မြှင့်တင်နိုင်ခဲ့သည်။

[အမည်- လင်းဇီချန်]

[အသက်- ၁၉]

[သွေးမျိုးဆက်စွမ်းအားအဆင့်- အခြေခံ (နဝမအဆင့်)]

[သွေးမျိုးဆက်စွမ်းအားများ- သုံးမလား အရှုံးခံမလား၊ နတ်လူသားဉာဏ်ပညာအမြစ်၊ အသန်မာဆုံးသော အောင်မြင်မှု၊ ပျော်ရည်၏ ကောင်းချီး၊ အံဝင်ခွင်ကျရှင်သန်ခြင်း၊ ကောင်းကင်မျက်လုံး၊ လူမှုရေးတိရစ္ဆာန်များ၊ သဘာဝဖုံးကွယ်နိုင်စွမ်း၊ အန္တရာယ်သတိပေးခြင်း၊ လျင်မြန်စွာကုသခြင်း၊ အဆိပ်တစ်ရာကို ခုခံနိုင်စွမ်း]

[ခန္ဓာကိုယ်သန့်စင်ခြင်း- အရေပြားသန့်စင်ခြင်း(၃ ကြိမ်)၊ အသားသန့်စင်ခြင်း (၃ ကြိမ်)၊ အရိုးသန့်စင်ခြင်း (၃ ကြိမ်)]

သူ၏ ဆောင်းရာသီအားလပ်ရက်တွင် တတိယအဆင့် ခန္ဓာကိုယ်သန့်စင်မှု ပြီးစီးနေပြီဖြစ်သည်။

ဤကဲ့သို့ ခန္ဓာကိုယ်သန့်စင်မှုတွင် ထိရောက်မှုနှင့်အတူ၊ အရင်းအမြစ်များ လုံလောက်သရွေ့၊ သူသည် ဒုတိယနှစ်၌ ကိုယ်ခန္ဓာသန့်စင်ခြင်းပဥ္စမအဆင့်အထိ ရောက်ရှိနိုင်မည်ဖြစ်သည်။

ပဉ္စမအဆင့် ခန္ဓာကိုယ် သန့်စင်မှု ပြီးဆုံးသည်နှင့် တစ်ပြိုင်နက်၊ သွေးကြောများကို စတင်ဖွင့်နိုင်သည်...

ဤသည်ကို တွေး၍ လင်းဇီချန်အနည်းငယ် ကြည်နူးသွားမိသည်။

…

နောက်နေ့။

ဇန်နဝါရီ ၂၄ ရက် နံနက် ၇ နာရီ။

နံနက်စာစားပြီးနောက် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် ကျောင်းဝင်းအတွင်းရှိ အုပ်ချုပ်ရေးအဆောက်အအုံအောက်တွင် စုဝေးရန် အတူတကွ ထွက်ခွာခဲ့ကြသည်။

၎င်းတို့ရောက်သောအခါ လီမော်ယွီ၊ မာရှိဝေနှင့် လော်ရုန်ကျန်းတို့ စောင့်နေပြီဖြစ်ကြောင်းတွေ့လိုက်ရသည်။

မာရှိဝေ၏နှာခေါင်း သက်သာသွားသည်ကို လင်းဇီချန်သတိပြုမိသည်၊ ၎င်းက အသစ်ကဲ့သို့ ကြည့်ကောင်းကာ လွန်ခဲ့သည့် ကိုးရက်ကပင် ကြေမွသွားသည်ဟု မည်သူမှ မှန်းဆနိုင်မည်မဟုတ်ပေ။ ဤကမ္ဘာကြီး၏ ဆေးပညာနယ်ပယ်သည် မယုံနိုင်လောက်အောင် တိုးတက်လာခဲ့သည်။

လူတစ်ဦးသည် မသေသေးသရွေ့ ငွေကြေးအလုံအလောက်ရှိသရွေ့ အပြင်းထန်ဆုံးသော ဒဏ်ရာများကိုပင် လျင်မြန်စွာ ပျောက်ကင်းစေနိုင်သည်။

"နောက်စာသင်နှစ်ရောက်ရင် ငါ နင့်ထက် သာလွန်ရမယ်" မာရှိဝေက ရှန်ချင်းဟန်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။

ရှန်ချင်းဟန်က မည်ကဲ့သို့ တုံ့ပြန်ရမည်ကို သေချာမစဉ်းစားနိုင်သဖြင့် ခေတ္တတုံ့ဆိုင်းနေပြီးနောက် “အမ်” ဟုပြော၍ ပျော့ပျောင်းစွာ ခေါင်းညိတ်လိုက်သည်။

မကြာခင်၌ပင် ယွမ်သုန်ကျီက အုပ်ချုပ်ရေးအဆောက်အအုံမှဆင်းလာသည်။

သူမသည် လှေကား သို့မဟုတ် ဓာတ်လှေကားဖြင့်ဆင်းမလာဘဲ ပြတင်းပေါက်ဆင်း၍ ပျံသန်းကာ လူငါးယောက်၏ အကြည့်အောက်တွင် မြေပြင်ပေါ်သို့ ညင်သာစွာ သက်ဆင်းလာသည်။

ငါးယောက်စလုံးသည် တစ်နေ့တွင် ယွမ်သုန်ကျီကဲ့သို့ လေထဲတွင် လွတ်လွတ်လပ်လပ် ပျံသန်းနိုင်စေရန် ဆန္ဒအပြည့်ဖြင့် ကြည့်နေကြသည်။ သို့သော် ထိုအရာသည် သူတို့နှင့် ဝေးကွာလွန်းသော အိပ်မက်တစ်ခုဖြစ်သည်။

၎င်းတို့ကသာ ပြောင်းပြန်လေ၀င်လေထွက် တွန်းကန်အား ကိရိယာများ တပ်ဆင်ထားခြင်း သို့မဟုတ် ဆန်းကြယ်သားရဲနှင့် မျိုးရိုးဗီဇပေါင်းစပ်ထားသော လူသားများမဟုတ်ပါက မဖြစ်နိုင်ပေ။

ထိုကဲ့သို့ပျံသန်းမှုမျိုးကို ထိန်းချုပ်နိုင်ရန် လူတစ်ယောက်၏ သွေးမျိုးဆက်အဆင့်က သခင်အဆင့်သို့ရောက်ရန် လိုအပ်သည်။

၎င်းတို့ငါးဦးသည် လက်ရှိတွင် အဆင့်မြင့်အဆင့်သို့ပင်မရောက်သေးသောကြောင့် သခင်အဆင့်သို့ တက်လှမ်းခြင်းက လက်လှမ်းမမှီဟုထင်ရသည်။

သခင်အဆင့်သို့ တက်လှမ်းခြင်းသည် အရည်အချင်းသာမက ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ အရင်းအမြစ်များစွာလည်း လိုအပ်သည်။ ဤမျှကြီးမားသော ဆင့်ကဲဖြစ်စဉ်အရင်းအမြစ်များကို ရယူရန်မှာ ကမ္ဘာပေါ်တွင် မဖြစ်နိုင်လုနီးပါးပင်ဖြစ်သဖြင့် အခွင့်အလမ်းတစ်ခုခုရရန် မူလမြေသို့ ဝင်ရောက်ရန် လိုအပ်သည်။

“နောက်လမှာ စစ်နယ်မြေမှာ သုံးဖို့ လိုအပ်တဲ့ အရာအားလုံးကို ထုပ်ပိုးပြီးပြီလား”

ယွမ်သုန်ကျီသည် ခရမ်းရောင်ချောင်ဆမ်နှင့် ဆယ်စင်တီမီတာရှိသော ဒေါက်ဖိနပ်ကို ဝတ်ဆင်ထားလျက် အေးစက်သောအကြည့်ဖြင့်ကြည့်၍ မေးလိုက်သည်။

ငါးယောက်စလုံးက ၎င်းတို့တွင် လိုအပ်သောအရာများပါကြောင်း အတည်ပြုလိုက်သောအခါ ယွမ်သုန်ကျီက ခေါင်းညိတ်ကာ စကားမပြောတော့ပေ။

မကြာခင်၌ပင် စစ်ရဟတ်ယာဉ်တစ်စင်း အုပ်ချုပ်ရေး အဆောက်အအုံ၏ ခေါင်မိုးပေါ်၌ ပေါ်လာသည်။

"ငါ မင်းတို့ကို အဲ့ကို ငါကိုယ်တိုင်ပို့ပေးမလို့ပဲ။ ဒါပေမယ့် ငါလာမယ်လို့ကြားတော့ သယ်ယူပို့ဆောင်ရေးအတွက် ရဟတ်ယာဉ်တစ်စင်း ပို့ပေးဖို့ စစ်နယ်မြေက မိတ်ဆွေယောက်က ပြောလို့”

ရှန်ချင်းဟန်သည် ယွမ်သုန်ကျီအား လေးစားမှုအပြည့်ဖြင့် ကြည့်နေသည်။

ကျန်လေးယောက်ကမူ တည်ငြိမ်နေ၏။

လီမော်ယွီ၊ မာရှိဝေနှင့် လော်ရုန်ကျန်းတို့သည် ချမ်းသာသောမိသားစုများမှဆင်းသက်လာသဖြင့် ဤကိစ္စများကို အသားကျနေကာ မအံ့ဩကြပေ။

လင်းဇီချန်အတွက်မူ သူ၏ တည်ငြိမ်သော အမူအရာသည် ပင်ကိုယ်စရိုက်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ထို့ကြောင့် မျက်နှာအမူအရာကို ပြင်ပစိတ်လှုပ်ရှားမှု သို့မဟုတ် ဝမ်းနည်းမှုတို့ကြောင့် မပြောင်းလဲစေနိုင်ပေ။

အခန်း(၂၂၄) စစ်နယ်မြေ ၃

"မင်းတို့ရဲ့ ခရီးဆောင်အိတ်ကို ယူလိုက်၊ ငါ မင်းတို့ကို လိုက်ပို့ပေးမယ်"

ယွမ်သုန်ကျီက ငါးယောက်ကို ပြောသည်။ ထိုစကားကိုကြားသောအခါ ၎င်းတို့ငါးယောက်က စိတ်အားထက်သန်စွာဖြင့် လေထုအလယ်တွင်ပျံသန်းရသည့် ခံစားချက်ကို မှန်းဆကာ ခရီးဆောင်အိတ်များကို ဆွဲယူလိုက်ကြသည်။ ဤသည်က မိမိကိုယ်တိုင် လေထုထိန်းချုပ်ပျံသန်းခြင်းမဟုတ်သော်လည်း အခြားသူတစ်ဦးက ပြုလုပ်ပေးမည်ကို တွေ့ကြုံခံစားလိုကြသေးသည်။

ယွမ်သုန်ကျီ၏ အတွေးတစ်ခုတည်းဖြင့် ခရီးဆောင်အိတ်များကို ကိုင်ဆောင်ထားသော လူငါးဦးသည် မြေပြင်မှ ချက်ချင်းပျံတက်လျက် လေထဲသို့ရောက်ရှိသွားကြသည်။ ထို့နောက် ရုတ်တရက် အလွန်လျင်မြန်သောအရှိန်ဖြင့် ခေါင်မိုးပေါ်သို့ ပျံတက်ကာ ရဟတ်ယာဥ်ခန်းထဲသို့ ဖြည်းညှင်းစွာ ဝင်သွား၏။

‘ပျံသန်းခြင်းရဲ့ ခံစားချက်က ဒီလိုလား’

ရှန်ချင်းဟန်၏ မျက်နှာထက်၌ လေးစားမှုအပြည့်ဖြင့် ဖြစ်နေသည်။

“ကျောင်းအုပ်ယွမ် အခြားသူတွေရှိသေးလား”

လေယာဥ်မှူးက‌ လေးစားမှုအပြည့်နှင့်‌မေးသည်။

“မရှိဘူး။ ဒါအကုန်ပဲ ထွက်ကြရအောင်”

“ကောင်းပါပြီ”

လေယာဥ်မှူးက တုံ့ပြန်ပြီးနောက် ချက်ချင်းပင် ရဟိတ်ယာဥ်ကို ချုပ်ထိန်းကာ စစ်အခြေစိုက်စခန်းဆီသို့ ပျံသန်းလာခဲ့သည်။

…

နှစ်နာရီခန့်အကြာတွင် ရဟတ်ယာဥ်သည် အခြေစိုက်စခန်းတစ်ခု၏ အထက်သို့ရောက်ရှိလာကာ အောက်ပြေးလမ်းပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့သည်။ ၎င်းသည် အထူးသတ္တုစပ်များဖြင့် တည်ဆောက်ထားသော ကြီးမားလှသည့် ခံတပ်တစ်ခုဖြစ်သည့် နန်ကျန်းပြည်နယ် စစ်နယ်မြေ၏ ဌာနချုပ်ဖြစ်သည်။ ပတ်ပတ်လည်ကိုကြည့်လိုက်လျှင် နာမည်ပင် မတပ်နိုင်လောက်သည့် အမျိုးစုံသော နည်းပညာမြင့်လက်နက်မျိုးစုံရှိသည်။

“ဘုရားရေ ချီး စက်ရုပ်တွေ”

လော်ရုန်ကျန်းက သူ့ညာဘက်သို့ လက်ညှိုးထိုးပြကာ အံ့သြစိတ်လှုပ်ရှားစွာဖြင့် ထအော်လိုက်သည်။ လင်းဇီချန်က သူ့လက်ညှိုးနောက်သို့လိုက်ကြည့်သောအခါ လူသားနှင့်တူသော ဧရာမ အမြင့် ဆယ်မီတာခန့်ရှိနိုင်သော စက်ရုပ်တစ်ရုပ်ကို တွေ့လိုက်ရသည်။ မီးခိုးရောင်နှင့် အပြာရောင်ရောစပ်ထားသော သတ္တုပြောင်ပြောင် ချပ်ဝတ်တန်ဆာကြီးဝတ်ဆင်ထားကာ ၎င်း၏ ခြေလက်နှင့် ရင်ဘတ်တွင် ကြီးမားသော လက်နက်များ တပ်ဆင်ထားသည်။ ယင်းက နံရံဘေး၌ တိတ်တဆိတ်ငြိမ်သက်စွာရပ်နေကာ တောင်ကဲ့သို့ တည်ငြိမ်သည်။ ဤကမ္ဘာတွင် မည်သည့်အရာကမျှ ၎င်းကို အနည်းငယ်မှ မနှောက်ယှက်နိုင်သည့်အလား ထင်ရ၏။

စက်ရုပ်ကို လူတိုင်းက အာရုံစိုက်နေကြောင်းတွေ့လိုက်ရသောအခါ ရဟတ်ယာဥ်မှူးက ပြောလိုက်သည်။

“ဒါက ရှန်ဟိုင်းမြို့ရဲ့ ကိုယ်စားပြုစက်ရုပ်၊ ရှန်ဟိုင်းပဲ။ သူ့တိုက်ခိုက်ရေးစွမ်းအားက သခင်အဆင့်သတ္တဝါနဲ့ နှိုင်းယှဥ်လို့ရတယ်”

‘ရှန်ဟိုင်းလား’

လင်းဇီချန်က သိချင်စွာဖြင့် ပြောလိုက်သည်။

“ဒါဆို ရှန့်ကျန်း၊ ချန်ကျိုး၊ နန့်ကွမ်တွေရောရှိလား”

“အင်း မြို့တိုင်းမှာ သက်ဆိုင်ရာ စက်တွေ ရှိတယ်”

"ဒီစက်ကို စမ်းသပ်ကြည့်လို့ရမလား" လင်းဇီချန်က မေးလိုက်သည်။

“အဲ့တာ ခွင့်မပြုဘူး”

အစပိုင်းတွင် ငြင်းဆန်ကာ ခေါင်းခါယမ်းပြီးနောက် လေယာဥ်မှူးကပြောလိုက်သည်။

“ခွင့်ပြုထားရင်တောင် မင်းက ဒါကို စမ်းသပ်နိုင်မှာမဟုတ်ဘူး။ ဒီစက်ကို စက်ရုပ်လူသားတွေအတွက် စိတ်တိုင်းကျထိန်းချုပ်လို့ရအောင်လုပ်ထားတာ၊ မပြုပြင်ထားတဲ့ ကိုင်တွယ်လို့မရနိုင်ဘူး”

"ဟုတ်လား…"

လင်းဇီချန်က အနည်းငယ် စိတ်ပျက်သွားသည့်အလား ခံစားလိုက်ရသည်။ ငယ်စဥ်က စာအုပ်များထဲ၌ တိုက်ခိုက်ရေးစက်ရုပ်များအကြောင်း မကြာခဏဖတ်ဖူးကာ လေယာဥ်မောင်းရသည့် ပျော်ရွှင်မှုကို အမြဲခံစားချင်ခဲ့သည်။ ယခုမူ ယင်းအိပ်မက်ကို အကောင်အထည်ဖော်ရန် အခွင့်အလမ်းမရှိတော့ဟု ထင်ရသည်။

“သုန်ကျီ ရောက်ပြီလား”

အလွန်ချိုမြိန်သော အမျိုးသမီးတစ်ယောက်၏ အသံထွက်ပေါ်လာရာ လင်းဇီချန်က အသံလာရာဘက်သို့ လှမ်းကြည့်လိုက်သောအခါ ထင်ရှားသော အမျိုးသမီးတစ်ဦးဝင်လာသည်ကို တွေ့လိုက်ရသည်။ အမျိုးသမီးက စစ်ယူနီဖောင်းကို ဝတ်ဆင်လျက် ဆံပင်ကို ဘိုကေညှပ်ထားကာ ပုံမှန်အတိုင်းချို့ယွင်းချက်မရှိသော အမျိုးသမီး တစ်ယောက်၏ အရှိန်အဝါမျိုးထွက်နေသည်။ သူသည် သူမ၏ သွေးမျိုးဆက်စွမ်းအားအဆင့်ကို ခံစားနိုင်ရန် ကြိုးစားခဲ့သည်။ သို့သော် သူ မည်သည်ကိုမျှ မခံစားနိုင်ခဲ့ပေ။ သွေးမျိုးဆက်စွမ်းအားအဆင့်ကွာဟမှုက အလွန်ကြီးမားလွန်းလှသဖြင့် အတိုင်းအတာတစ်ခုကို ကျော်လွန်သွားခဲ့သည်။

"သုန်ကျီလာ၊ ငါ့ရုံးခန်းမှာ ထိုင်ရအောင်"

စစ်ဝတ်စုံဝတ်ထားသော အမျိုးသမီးက ယွမ်သုန်ကျီထံသို့ လှမ်းလာကာ နွေးထွေးစွာပြုံးပြလိုက်သည်။

“မနေ့က မူလမြေက မူလအရင်းအမြစ်တချို့ကို ငါထုတ်ယူလာခဲ့တယ်။ အတူတူစမ်းကြည့်ကြရအောင်”

“ကောင်းပြီ ဒါဆို သွားကြရအောင်”

စကား‌ပြောပြီးနောက် ယွမ်သုန်ကျီက ယူနီဖောင်းဝတ်အမျိုးသမီးနှင့်အတူ ထွက်ခွာသွားခဲ့သည်။ ၎င်းတို့နှစ်ယောက် လမ်းလျှောက်သွားသည်ကိုကြည့်ပြီးနောက် လီမော်ယွီက ကြောင်အစွာပြောလိုက်သည်။

“ဘာလဲဟ သူတို့က ငါတို့ကို ဒီမှာပဲထားခဲ့တာလား”

သူ၏ စောဒကတက်မှု မဆုံးလိုက်ခင်၌ပင် ယူနီဖောင်းဝတ်ယောက်ျားတစ်ယောက်ရောက်လာ၏။ ဤလူငယ်က အားမာန်အပြည့်ရှိကာ ရင်ကိုကော့၍ ဂုဏ်ယူစွာလျှောက်လာသည်။

“ငါ့နောက်ကလိုက်ခဲ့ အဆောင်တွေဆီလိုက်ပို့မယ်”

ယူနီဖောင်းဝတ် လူငယ်သည် လူငါးဦးရှေ့တွင် ရပ်ကာ အားသွန်ခွန်စိုက် ပြောလိုက်သည်။ သူစကားပြောနေစဉ်တွင် သူ၏အကြည့်များသည် ရှန်ချင်းဟန်နှင့် မာရှိဝေ၏မျက်နှာများကို မသိမသာ လွှမ်းမိုးသွားသည်။ မိန်းကလေးနှစ်ယောက်သည် အလွန်လှပလွန်းလှကာ ယောက်ျားအများစုနေရာယူထားသည့် စစ်မြေပြင်၌ ထင်ရှားပေါ်လွင်လျက်ရှိသည်။ ခဏအကြာတွင် ၎င်းတို့ ငါးယောက်က ယူနီဖောင်းဝတ်လူငယ်၏ အိပ်ဆောင်ကို လိုက်သွားကြသည်။

“ဒီနှစ် မြို့တော်တက္ကသိုလ်ကနေ အသစ်ဝင်လာတဲ့ စက်နတ်ဘုရားအဖွဲ့ဝင်တွေအားလုံးရောက်လာပြီ။ သူတို့က ငါတို့ရဲ့ ပြိုင်ဘက်တွေပဲ”

“ဒါပေမယ့် အဖွဲ့နှစ်ဖွဲ့လုံးက ငါတို့နဲ့ ယှဥ်လို့မရဘူးလို့ ခံစားရတယ်”

“ငါတို့ရဲ့ ပြိုင်ဘက် အစစ်အမှန်တွေက စစ်နယ်မြေက ရွယ်တူတွေပဲ”

“စစ်နယ်မြေ မျိုးဆက်သစ်လူငယ်တွေက မူလမြေမှာ လေ့ကျင့်သင်ကြားနေတယ်လို့ကြားတယ်။ သူတို့ ဘယ်လောက်သန်မာလဲဆိုတာတော့မသိဘူး”

“ငါ အခု အချီတွေအများကြီး တိုက်ကြည့်ချင်နေတယ်”

လမ်းတွင် လီမော်ယွီက အခြားလေးယောက်နှင့် စကားပြောမရပ်ပေ။ သူ့စကားတွင်၊ သူသည် စစ်တပ်နယ်မြေ၏ မျိုးဆက်သစ်လူငယ်များကို ထုတ်ဖော်ပြသရန် စိတ်အားထက်သန်မှုနှင့် လူထုကို အံ့အားသင့်အောင် လုပ်ဆောင်ရန် စိတ်အားထက်သန်မှုကို ထုတ်ဖော်ပြသနေသည်။

လင်းဇီချန်းက တိတ်တိတ်ဆိတ်ဆိတ်သာနေလိုက်သည်။ မူလမြေတွင် လေ့ကျင့်သင်ကြားခဲ့သော စစ်နယ်မြေမှ မျိုးဆက်သစ်လူငယ်များသည် ဤအထူးလေ့ကျင့်ရေးတွင်ပါဝင်မည်ဖြစ်ကြောင်းသိလိုက်ရသောအခါ သူ၏ စိတ်ပါဝင်စားမှုက ချက်ချင်းလှုပ်ရှားသွားသည်။

မူလမြေကို ရောက်ဖူးသူတိုင်းသည် ကြောက်မက်ဖွယ်ကောင်းသူများဖြစ်ရမည်။ ဤကဲ့သို့ သန်မာသောသူများကို မည်ကဲ့သို့ တွန်းလှန်မည်ကို သူသိချင်နေခဲ့သည်။

အခြား တစ်ဖက်သတ်တိုက်ခိုက်မှုမျိုးများ ရှိနိုင်မလား။

လင်းဇီချန်က အလွန်စူးစမ်းလိုစိတ်ပြင်းပျလျက်ရှိသည်။

အခန်း(၂၂၅) ကျန်းခိုင်နှင့် ထပ်မံတွေ့ဆုံခြင်း

အိပ်ဆောင်သို့သွားသည့်လမ်းတွင် ယူနီဖောင်းဝတ်ထားသော စစ်သားတစ်ယောက်က လမ်းလျှောက်လာ၍ လမ်းတစ်လျှောက်အဆောက်အဦများကို စတင်မိတ်ဆက်ပေးသည်။ လင်းဇီချန်သည် သူကိုယ်တိုင်လည်း ပတ်ဝန်းကျင်သို့လှည့်ကြည့်ကာ နားထောင်နေသည်။ အချိန်အများစုတွင် သူ့အကြည့်များက ကောင်းကင်ယံသို့ ရောက်နေသည်။

အကြောင်းမှာ စက်ရုပ်လူသားများက ရံဖန်ရံခါ အရှိန်ပြင်းပြင်းဖြင့် ကောင်းကင်ကို ဖြတ်ကျော်၍ ရှည်လျား‌သော မြူမှုန်များ ချန်ရစ်ထားခဲ့ကြသောကြောင့်ဖြစ်သည်။ ၎င်းမှာ လေဝင်လေထွက် တွန်းကန်အား ဆန့်ကျင်သည့် ကိရိယာများ၏ ဖိအားမြင့်အိတ်ဇောများဖြစ်ကာ လေထဲတွင် အခိုးအငွေ့များအဖြစ်ကျန်နေခဲ့ခြင်းဖြစ်သည်။

“ငါဒီကိုဝင်လာကတည်းက စက်ရုပ်လူသားတွေနဲ့ သက်ဆိုင်နေပုံရတာ။ ဒါ့ကြောင့် ဒီအခြေစိုက်စခန်းရဲ့ အဓိက တိုက်ခိုက်ရေးအဖွဲ့က စက်ရုပ်လူသားတွေကို အာရုံစိုက်ထားတာလား”

လင်းဇီချန်က စိတ်ထဲမှ တွေးလိုက်သည်။ သို့သော် သူ ဤအတွေးကို လျင်မြန်စွာဖြင့်ပင် ပယ်ချလိုက်သည်။ နန်ကျန်းပြည်နယ်ရှိ စစ်ဌာနချုပ်သည် မူလမြေအမှတ် ၃၆ကို နှိမ်နင်းရန် တာဝန်ရှိသည်ဟူသော ယွမ်သုန်ကျီ၏ ပြောစကားကို သတိရမိသည်။ မူလမြေသည် အီလက်ထရွန်းနစ်ထုတ်ကုန်များအားလုံး အသုံဂမဝင်သည့် အထူးနေရာတစ်ခုဖြစ်သည်။ အလွန် များပြားသော ဓာတုတုံ့ပြန်မှုများစွာပင် ဤနေရာတွင် မဖြစ်ပေါ်နိုင်ပေ။ ထိုသို့သော အလွန် တင်းကြပ်သောအခြေအနေအောက်၌ နည်းပညာမြင့် သတ္တုစပ်များကို တပ်ဆင်ထားသော စက်ရုပ်လူသားများအတွက် ကျိန်းသေပေါက်ပင် သေမင်း ထောက်ချောက်တစ်ခုဖြစ်နေပေလိမ့်မည်ဖြစ်သည်။

ယင်းထဲသို့ဝင်ရောက်ခြင်းက သတ္တုပုံကြီးတစ်ခုသို့ ဖြစ်လာခြင်းကို ဆိုလိုသည်။ ဤသည်ကိုတွေး၍ စစ်အခြေစိုက်စခန်းမှ သွေးမျိုးစပ်များအားလုံး မူလမြေသို့ သွားနေပုံပေါ်သည်။ မူလမြေထဲသို့ မဝင်နိုင်ကြသော စက်ရုပ်လူသားများကသာ အခြေစိုက်စခန်းကို ကာကွယ်ရန် ကျန်ရစ်ခဲ့ကြခြင်းဖြစ်နိုင်သည်။ ထို့ကြောင့် အခြေစိုက်စခန်းကို စက်ရုပ်လူသားများနှင့်ပြည့်နေသည်ဟု ခံစားရခြင်းဖြစ်သည်။

ငါးမိနစ်ခန့်ကြာသောအခါ လူငယ်စစ်သားက ၎င်းတို့ကို ညစ်ပတ်သော အိပ်ဆောင်တစ်ခုသို့ ခေါ်သွားကာ အဆောင်နံပါတ်ကဒ်ပြားများကို လူတစ်ဦးစီကို ဝေပေးခဲ့သည်။

“ကဒ်မှာ မင်းတို့ရဲ့ အိပ်ဆောင်နံပါတ်ပါရှိတယ်။ မင်းအပေါ်ထပ်ရောက်တာနဲ့ မင်းတို့နဲ့ သက်ဆိုင်ရာ အဆောင်တွေကို မင်းတွေ့နိုင်တယ်”

“အပြင်က တည်းခိုခန်းတွေနဲ့အတူတူပဲ။ တံခါးဖွင့်ဖို့ ထိလိုက်ပြီး မီးနဲ့ရေသုံးဖို့တော့ ကဒ်ကို စက်ထဲထည့်လိုက်ပါ”

“နောက်ပြီး စားသောက်ခန်းမှာ စားဖို့လည်း ဒီကဒ်ကို သုံးလို့ရတယ်”

ထို့နောက် စစ်သားလူငယ်က ငါးယောက်လုံးကို မေးလိုက်သည်။

“မင်းတို့မှာ မေးစရာရှိသေးလား”

ငါးယောက်လုံးက ခေါင်းယမ်းကာ ‘မရှိပါဘူး’ဟုပြောလိုက်သည်။ စစ်သားလူငယ်က ခေါင်းညိတ်ကာ ရှေ့ရှိ မဝေးလှသော စစ်ရေးပြကွင်းကို ညွှန်ပြလိုက်သည်။

“မနက်ဖြန် မနက် ၆ နာရီ ချီတက်ပွဲ မှာ စုဝေးကြပါ။”

“အဲ့အချိန်ထိ မင်းတို့ အားလပ်ချိန်ရတယ်။ မင်းတို့ စည်းမျဥ်းတွေ မချိုးဖျက်သရွေ့ လုပ်ချင်တာ လုပ်လို့ရပါတယ်”

“အခု အချိန်ရတုန်း လှည့်ပတ်ကြည့်ဖို့ အကြံပေးချင်တယ်။ အထူးစစ်လေ့ကျင့်ရေးကို ပါဝင်ခွင့်ရဖို့ဆိုတာ မလွယ်ဘူး။ မင်းတို့ အခွင့်အရေးကောင်းကောင်းရထားတုန်း စစ်စခန်းပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ကြ”

“ဒါပေမယ့် သတိထားပါ။ ကန့်သတ်ထားတဲ့ နေရာတွေကို ချဉ်းကပ်လို့မရဘူး။ မဟုတ်ရင် နောက်ဆက်တွဲဆိုးကျိုးတွေအတွက် မင်းတို့ကိုယ်တိုင်ပဲ ခံရမယ်"

ဤညွှန်ကြားချက်များပြီးဆုံးသွားသောအခါ စစ်သားလူငယ်က အလွန် အလုပ်များနေသည့်ပုံရသည်။ သူထွက်သွားပြီးနောက် ၎င်းတို့ ငါးဦးက ခရီးဆောင်အိတ်များကို ကိုင်ဆောင်ကာ အိပ်ဆောင်ပေါ်သို့ အမြန်တက်၍ ကဒ်ပေါ်ရှိ နံပါတ်များအလိုက် ကိုယ်ပိုင်အခန်းဆောင်များကို အလွယ်တကူ ရှာတွေ့ကြသည်။

အဆောင်က ရိုးရိုးအခန်းတစ်ခန်းဖြစ်၍ အဝတ်လျှော်စက်၊ ဆံပင်အခြောက်ခံစက်၊ အပူပေးစက်များမရှိပေ။ အားလုံးတွင် သစ်သားပျဉ်ခင်း အိပ်ရာ၊ အိမ်သာနှင့် ရေချိုးခန်း ပေါင်းစပ်ထားသော ကျဉ်းမြောင်းသော ရေချိုးခန်းနှင့် အဝတ်အခြောက်ခံရန် ချိတ်ဆွဲနိုင်သည့် ပြတင်းပေါက်ငယ်တစ်ခု ရှိသည်။

အဆောင်ကို ခေတ္တစစ်ဆေးပြီးနောက် လင်းဇီချန်သည် သူ၏ ခရီးဆောင်အိတ်ကိုဖွင့်ကာ နေရာထိုင်ခင်းကို စတင်ပြင်ဆင်ခဲ့သည်။ သူပြင်ပြီး မကြာမီ၌ပင် ဘေးခန်းမှ ရှန်ချင်းဟန်က ဝင်လာသည်။

"ရှောင်ချန်၊ အဆောင်ကုတင်က အရမ်းကျဉ်းတယ်၊ လူနှစ်ယောက် အိပ်လို့မရဘူး"

လူတိုင်းတွင် အခန်းတစ်ခန်းရှိသော်လည်း သူမသည် တစ်ယောက်တည်းမနေချင်ဘဲ လင်းဇီချန်နှင့် အတူနေချင်နေ၏။ ပထမနှစ် ပထမနှစ်ဝက်တွင် သူမသည် လင်းဇီချန်အနားတွင် ညတိုင်း အိပ်လေ့ရှိသည်။

ရုတ်တရက် တစ်ယောက်တည်း အိပ်ရခြင်းက စိတ်မသက်မသာဖြစ်ရသည်။

“မင်း ဒီလို အမြဲတမ်း ကပ်တွယ်နေတာလား”

လင်းဇီချန်က ပါးပြင်ကို ညင်သာစွာဖွဖွပုတ်ကာ ပြောလိုက်သည်။

"တကယ်တော့ သီးခြားအခန်းတွေမှာ ခဏခဏအိပ်တာက တော်တော်ကောင်းပါတယ်။ အဲ့တာက လူကို လန်းဆန်းနေစေတယ်။ အထူးလေ့ကျင့်မှုအပြီး ကျောင်းပြန်ရောက်တဲ့အခါ အတူတူပြန်အိပ်လို့ရပါတယ်။ ပြီးတော့ 'ခွဲနေရရင် နှလုံးသားက ပိုတွယ်ညိလာတယ်' ဆိုတဲ့ စကားကိုလည်း နားလည်လာမှာပါ”

"ဒါပေမယ့် အထူးသင်တန်းက တစ်လကြာမှာဆိုတော့ နည်းနည်းတော့ကြာတယ်"

"ကြာလေလေ၊ ပိုအံ့သြဖို့ကောင်းလေလေပဲလေ"

"ဒါက တကယ် အံ့သြဖို့ ကောင်းလို့လား”

“တကယ်”

"ဒါဆို ငါသည်းခံပါ့မယ်။ တစ်လလောက်ကြာရင် 'ခွဲနေရရင် နှလုံးသားက ပိုတွယ်ညိလာတယ်' ဆိုတဲ့စကားရဲ့ အနှစ်သာရကိုလည်း ခံစားချင်သေးတယ်”

ရှန်ချင်းဟန်၏မျက်နှာပေါ်တွင် မျှော်လင့်ခြင်းအရိပ်အမြွက်ပေါ်လာသည်။ နှစ်ယောက်သား အိပ်ဆောင်ထဲ၌ ခဏမျှ စကားစမြည်ပြောပြီးနောက် အပြင်ကိုကြည့်ရန် အမြန်ထွက်သွားကြသည်။ အိပ်‌ဆောင်မှ ထွက်လာစဥ် စင်္ကြံတွင် လေညှင်းခံနေသော လော်ရုန်ကျန်းနှင့် ထိပ်တိုက်တွေ့သည်။

သူ လေညှင်းခံနေခြင်းက အတန်ငယ်ထူးခြားလှသည်။ အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ လက်နှစ်ဖက်ကို ဖြန့်၍ မတ်တပ်ရပ်နေသည်ကို မြင်လိုက်ကြရသည်။ မိန်းကလေးအများစု၏ ဆံနွယ်များထက် ပိုမိုရှည်လျားသော သူ၏ဆံပင်များက လေထဲတွင် ညင်သာစွာ ရွေ့လျားနေသည်။

"ချစ်ငှက်တွေ ဘယ်ကို ဦးတည်နေတာလဲ"

နှစ်ယောက်အတူ လမ်းလျှောက်နေသည်ကိုမြင်သောအခါ လော်ရုန်ကျန်းက စူးစမ်းချင်စိတ်ဖြင့်မေးလိုက်သည်။

“ဘယ်မှ ထူးထူးခြားခြားသွားဖို့မဟုတ်ဘူး။ ပတ်ဝန်းကျင်နဲ့ ရင်းနှီးဖို့ အပြင်မှာ လမ်းလျှောက်ထွက်မလို့ စိတ်ကူးထားတယ်”

ဤသည်ကိုကြားသောအခါ လော်ရုန်ကျန်းက ချက်ချင်းနံရံပေါ်မှ ခုန်ဆင်းလာသည်။

"ငါလည်း အဲ့လို အကြံတစ်ခုရှိတယ်။ ငါ လီမော်ယွီနဲ့ မာရှိဝေကို ခေါ်လိုက်ရင်ရော ဘယ်လိုလဲ။ ပြီးရင် ငါးယောက်အတူတူ လမ်းလျှောက်ထွက်လို့ရတာပေါ့”

ရှန်ချင်းဟန်က မတုံ့ပြန်ဘဲ သူ့အနားရှိ လင်းဇီချန်ကို ပြတ်ပြတ်သားသား ကြည့်ကာ ဆုံးဖြတ်ချက်ချခွင့်ပေးလိုက်သည်။ လော်ရုန်ကျန်းသည် မနာလိုစိတ်ဖြင့် ကြည့်နေ၏။ သူသည်လည်း သူ့ပတ်ဝန်းကျင်၌ နေ့တိုင်း ရစ်သီရစ်သီလုပ်နေသော နူးညံ့သိမ်မွေ့သည့် ရှန်ချင်းဟန်ကဲ့သို့ မိန်းကလေးတစ်ယောက်ကို ရည်းစားအဖြစ်လိုချင်သည်။

‘အဲ့လိုရည်းစားထားရတာ အရမ်းကောင်းတယ်’

လော်ရုန်ကျန်းက အတွေးထဲတွင် နစ်မျောနေစဥ် လင်းဇီချန်က ရိုးရှင်းစွာပြောသည်။

“ကောင်းပြီ အားလုံး အတူတူ အပြင်ထွက်ကြရအောင်”

"ကောင်းပြီ ငါသူတို့ကို ခေါ်လိုက်မယ်"

ဤသို့ဖြင့် လော်ရုန်ကျန်းသည် လီမော်ယွီ နှင့် မာရှိဝေတို့ကို ၎င်းတို့၏ အဆောင်များမှသွားခေါ်ခဲ့ရာ အချိန်တိုလေးအတွင်း၌ပင် နှစ်ယောက်လုံးကို ခေါ်လာခဲ့သည်။

မာရှိဝေထွက်လာသည်နှင့် သူမက ချက်ချင်းပင် အခြားသူများဆီသို့ ငြီးသွားပြလိုက်သည်။

“ဒီအိပ်ဆောင်က ဆိုးလိုက်တာ။ တော်တော်ကြောက်ဖို့ကောင်းတယ်။ ထောင်ထဲမှာ နေနေရသလိုပဲ။ သူတို့ နေစရာနေရာလေး ပိုကောင်းကောင်းကန်းကန်းလေးရအောင် မထားပေးနိုင်ဘူးလား”

All Chapters