အပိုင်း ၂၃၂-၂၃၄
Vol. 16 Ch. 232-234
အခန်း (၂၃၂) ခရီးလမ်းအစပျိုးခြင်း
ညနေခင်းတွင် လင်းဇီချန်သည် အိပ်ရာထက်၌ တင်ပုလ္လင်ခွေထိုင်ပြီး စတုတ္ထအကြိမ်မြောက် သန့်စင်ခြင်းကို လုပ်ဆောင်နေသည်။ အကြီးတန်းနှစ်မတိုင်ခင် သန့်စင်ခြင်းငါးကြိမ်လုပ်ဆောင်ရန် ရည်ရွယ်ထားကာ အားလပ်ချိန်ရှိသည်နှင့် ခန္ဓာကိုယ်သန့်စင်ခြင်းကို လုပ်ဆောင်သည်။ အချိန်ခဏမျှကြာပြီးနောက်တွင် လင်းဇီချန်က ဖြည်းဖြည်းချင်း မျက်လုံးဖွင့်ကြည့်လိုက်ပြီး အသက်ပြင်းပြင်းရှုလိုက်သည်။ ထို့နောက်တွင် စစ်ဆေးကြည့်ရန် ခန္ဓာကိုယ်သန့်စင်ထားသည့်ဖြစ်စဉ်ဘားတန်းကို ဆင့်ခေါ်လိုက်၏။
[စတုတ္ထအကြိမ်မြောက် အရေပြားသန့်စင်ခြင်း : (၁၂)%]
(၁၂) ရာခိုင်နှုန်းသာ ရှိသေးသည်…
တတိယအခေါက်နှင့်နှိုင်းစာလျှင် သန့်စင်နိုင်စွမ်းက အတော်လေးနည်းသွားသည်။ သို့သော်လည်း နှေးသွားသည်က မသိသာလှပေ။ လက်ခံ၍ရသေး၏။
''ရှောင်ချန် ငါဝင်လာလို့ရလား။''
ရှန်ချင်းဟန်၏ချိုသာသောအသံလေးက အဆောင်တံခါးအပြင်ဘက်မှ ထွက်ပေါ်လာသည်။ လင်းဇီချန်သည် ရှန်ချင်းဟန်ဝင်လာသည်ကို ကြည့်ကာ သူမ၏ဆံပင်များစိုနေသည်ကို သတိထားမိသည်။
ရှန်ချင်းဟန်က ဖိနပ်ပါးကိုချွတ်ပြီး အိပ်ရာပေါ်တွင် ဝင်ထိုင်လိုက်သည်။
''ငါဆံပင်အခြောက်ခံချင်လို့။ အဆောင်မှာက ဆံပင်အခြောက်ခံစက်မရှိဘူး။ ငါလုပ်ချင်တာတောင် လုပ်လို့မရဘူး။''
သူမပြောသောအခါမှ အခန်းထဲ၌ ဆံပင်အခြောက်ခံစက်မရှိသည်ကို သတိထားမိသည်။ အခန်းကျဉ်းလေးတွင်ရှိသောလျှပ်စစ်ပစ္စည်းများက လွန်စွာနည်းပါးလှသည်။
''အဲ့လိုဆို ငါ့ရဲ့ချီသွေးကိုသုံးပြီး မင်းဆံပင်ကို ခြောက်အောင်လုပ်ပေးမယ်။''
လင်းဇီချန်က သူမ၏ဆံပင်ပေါ်တွင် လက်တင်လိုက်ပြီး အတွေးဖြင့် နွေးထွေးချီသွေးစွမ်းအားကို ထုတ်လွှတ်လိုက်သည်။ ဖြည်းဖြည်းချင်းဖြင့် ဆံပင်များမျ အစိုစွတ်ကို အငွေ့ပျံစေသည်။ နှစ်မိနစ်ခန့်ကြာပြီးနောက်တွင်မူ ဆံပင်၏အစိုဓာတ်က လုံးဝပျောက်ကွယ်သွားသည်။ ဆံပင်သည် စိုစွတ်စေးကပ်နေခြင်းမျိုး မရှိတော့ပေ။
ထို့အစား ဆံကေသာ တောက်ပြောင်ချောမွေ့နေပြီး မျက်စိပဒဿဖြစ်စေသည်။
''နင်က င့ါကို ဆံပင်ခြောက်အောင်လုပ်ပေးတာဆိုတော့ ဆုချတဲ့အနေနဲ့ နင့်ကိုလည်း ခံစားကောင်းအောင် လုပ်ပေးမယ်။''
ရှန်ချင်းဟန်က ကျီစယ်သောအပြုံးလေး ပြုံးပြလိုက်သည်။ ထိုသို့ပြောပြီးနောက်တွင် သူမသည် လင်းဇီချန်ကို အသာတွန်းလှဲချလိုက်ပြီး ရှေ့တွင်ကျနေသောဆံစလေးများကို နားနောက်သို့သပ်လိုက်သည်။ ထို့နောက်တွင်မူ ရေကဲ့သို့သောနူးညံ့ညင်သာမှုမျိုးဖြင့် လင်းဇီချန်ကို ဝန်ဆောင်မှုပေးတော့၏။ လင်းဇီချန်ကမူ ဘာမှမပြောပေ။ မျက်လုံးမှိတ်ထားကာ အတော်လေးကောင်းနေသည်။
နာရီဝက်ခန့်ကြာပြီးနောက်တွင် ရှန်ချင်းဟန်၏ဝန်ဆောင်မှုလုပ်ငန်းက ပြီးဆုံးသွားသောကြောင့် လဲလျောင်းနေသောလင်းဇီချန်ပေါ်သို့ တက်လိုက်ပြီး ပြောလိုက်သည်။
''အခုခံစားလို့ကောင်းသွားပြီလား။''
''ကောင်းတယ်။''
လင်းဇီချန်က ကျေနပ်သောအမူအရာမျိုးဖြင့် ပြန်ဖြေလိုက်သည်။
ရှန်ချင်းဟန်က နားနောက်မှလျှောကျလာသောဆံစများကို သပ်လိုက်ပြီး နူးညံ့သောအသံဖြင့် ပြောလိုက်သည်။
''ငါက နင့်ကို ပျော်အောင်လုပ်ပေးရတယ်။ ငါ့ကို ဆုချသင့်တယ်လို့မထင်ဘူးလား။''
လင်းဇီချန်က သူမ၏ပါးပြင်လေးကို ထိလိုက်ပြီး ပြုံး၍ ပြောလိုက်သည်။
''စောနက ပျော်ရွှင်မှုက မင်းဆံပင်ကို အခြောက်ခံပေးလို့ ပြန်ပေးတာလေ။ ငါက ဘာလို့ နင့်ကို ဆုချရမှာလဲ။''
''ငါလိုချင်လို့လေ။''
ရှန်ချင်းဟန်က ချွဲပျစ်သောလေသံဖြင့် ပြောလိုက်သည်။
လင်းဇီချန်က သူမ၏တင်ပါးလေးကို ဖျစ်ညှစ်၍ ဟက်ကနဲရယ်ကာ ပြောလိုက်သည်။
''အဲ့လိုဆို မင်းကိုဆုချမယ်။''
''တကယ်လား။''
ရှန်ချင်းဟန်က ထထိုင်လိုက်ပြီး အံ့အားသင့်သွားသည်။ လင်းဇီချန်ကလည်းထလိုက်ပြီး အိပ်ရာဘေးမှ ကျောပိုးအိတ်ကိုယူ၍ ထိုထဲမှဆေးပုလင်းလေးကို ထုတ်ယူကာ သူမကို ပေးလိုက်သည်။
''ရော့ ဒီမှာဆု။''
''ဒါက ဒီနေ့ နင်နိုင်လာတဲ့ အဆင့်မြင့်ချီသွေးဆေးလုံးဆယ်လုံးမလား။''
''ဟုတ်တယ်လေ။ အကုန်လုံး မင်းအတွက်ပဲ။''
''မလုပ်နဲ့။ ကိုယ့်ဘာသာသိမ်းထား။ ဘာလို့ ငါ့ကို လာပေးနေရတာလဲ။''
ရှန်ချင်းဟန်က သူမကိုပေးသောဆေးပုလင်းကို မယူပေ။ သူမသည် လင်းဇီချန်ဆီမှ အနမ်းကိုသာ ဆုအဖြစ်လိုချင်သာ ထိုမျှတန်ဖိုးကြီးသောပစ္စည်းမျိုးကို လက်ခံရလိမ့်မည်ဟု ထင်မထားခဲ့ပေ။
သူမနှင့် လင်းဇီချန်သည် သူစိမ်းမဟုတ်ကြသော်လည်း ယွမ်တစ်သန်းနီးပါးတန်သည့် အဆင့်မြင့်ချီသွေးဆေးလုံးကိုမူ အလွယ်မလက်ခံနိုင်ပေ။ အများဆုံးတွင် ဆေးလုံးတစ်လုံးလောက်ကိုသာ လက်ခံနိုင်ပြီး ကျန်ဆေးလုံးများက လင်းဇီချန်၏နေ့စဉ်ဘဝတွင် သုံးရဦးမည်ဖြစ်၏။ မည်ိသို့ပင်ဖြစ်စေ ဘာမှပြန်မပေးနိုင်ဘဲဖြင့် လင်းဇီချန်ထံမှ ထိုပစ္စည်းကို မယူနိုင်ပေ။ အလဲအလှယ်က ညီမျှနေမှဖြစ်မည်။ လင်းဇီချန်စဉ်းစားနေသည်ကို လင်းဇီချန်က သိသောကြောင့် သိမ်မွေ့သောလေသံဖြင့် ပြောလိုက်သည်။
''ငါက ဒီအဆင့်မြင့်ချီသွေးဆေးလုံးတွေကို မလိုဘူး။ နည်းနည်းလောက်လေ့ကျင့်လိုက်ရင် ငါ့ချီသွေးက ဒီဆေးလုံးတွေသုံးတာလောက်နဲ့ ညီတယ်။ င့ါကိုပေးလိုက်ရင် ဖြုန်းတီးရာကျမှာပေါ့။''
''ဒါပေမဲ့လို့ အန်တီရှင်းနဲ့ ဦးလေးရှန်းကို ပေးလို့ရတာပဲလေ။''
''င့ါမိဘတွေက သာမန်လူတွေလေ။ ဒီအဆင့်မြင့်ချီသွေးဆေးလုံးရဲ့အာနိသင်ကို လက်ခံနိုင်မှာမဟုတ်ဘူး။''
ထိုသို့ပြောပြီး လင်းဇီချန်က ပုလင်းလေးကို ရှန်ချင်းဟန်လက်ထဲသို့ ထည့်ပေးကာ သူမ၏မျက်ဝန်းများကိုကြည့်၍ အလေးအနက်ဖြင့် ပြောလိုက်သည်။
''င့ါကို အကြွေးတင်နေတာမျိုးကို စိတ်မပူပါနဲ့။ ငါတို့က မိသားစုတွေပဲလေ။ မင်းပိုင်ဆိုင်မှုကလည်း င့ါပိုင်ဆိုင်မှုပဲ။ နားလည်လား။''
လင်းဇီချန်က စိတ်အားထက်သန်စွာပြောနေသောကြောင့် သူမလည်း တွန့်ဆုတ်နေစရာအကြောင်းမရှိတော့ဘဲ ဆေးပုလင်းကို ယူလိုက်သည်။ နောင်တွင် အခြားနည်းလမ်းဖြင့် လင်းဇီချန်ကို ပြန်ပေးဆပ်မည်ဟု တွေးနေမိသည်။
လင်းဇီချန်က လင်းဇီချန်၏ပါးပြင်လေးကို ဖွဖွလေးနမ်းလိုက်ပြီး လှပေသာမျက်လုံးများ ကွေးသွားသည်အထိ ရယ်ပြလိုက်သည်။
''ကျေးဇူးတင်ပါတယ် ရှုးဂါးဒယ်ဒီ။ အခုကစပြီး ဟန်ဟန်က ပိုပြီးကြိုးကြိုးစားစား ခစားပါ့မယ်။''
လင်းဇီချန်က သူမ၏နှုတ်ခမ်းလေးကို ဖျစ်ညှစ်လိုက်ပြီး ရယ်ကာမောကာဖြင့်ကျီစယ်လိုက်သည်။
လင်းဇီချန်ကို ထပ်ပြီး တွန်းလှဲလိုက်ကာ အပေါ်တွင် တက်ထိုင်လိုက်ပြီး ချစ်စိတ်ပြင်းပြသောမျက်ဝန်းမျိုးဖြင့်ကြည့်၍ နူးညံ့သောလေသံဖြင့် မေးလိုက်သည်။
''ကြိုက်လား မကြိုက်ဘူးလား။''
''ကြိုက်တယ်။''
လင်းဇီချန်က စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ရှန်ချင်းဟန်က ပြုံးပြီး လင်းဇီချန်နားနားလေးသို့ကပ်၍ တီးတိုးပြောလိုက်သည်။
''ဒယ်ဒီ ဟန်ဟန်က ဒီထက်တောင်ပိုပြီး မြှူဆွယ်တတ်သေးတယ်။''
ထိုသို့ပြောပြီးနောက်တွင် လင်းဇီချန်ကို ကုန်းနမ်းလိုက်ကာ သူမ၏နူးညံ့သောနှုတ်ခမ်းလေးဖြင့် ကျေနပ်သွားစေသည်။
သူမလုပ်နိုင်သောတစ်ခုတည်းသောအရာမှာ ကလေးဘဝချစ်သူမှ စေ့စပ်ထားသည့်သူများအဖြစ် ကို စိတ်ပိုင်းဆိုင်ရာထောက်ပံ့ပေးရန်သာဖြစ်သည်။ တစ်ခါတစ်ရံတွင် သူမသည် မကျွမ်းကျင်သောဝန်ဆောင်မှုပေးသည့်အရည်အချင်းဖြင့် ၎င်းကို သက်တောင့်သက်သာရှိအောင် လုပ်ပေးတတ်သည်။
…
နောက်တစ်နေ့မနက်ငါးနာရီတွင် အပြင်၌ မည်းမှောင်နေဆဲဖြစ်သည်။ လင်းဇီချန်က ထ၍ မျက်နှာသစ်ပြီး ဘေးအခန်းမှ ရှန်ချင်းဟန်ကို သွားနှိုးလေသည်။
အခန်း (၂၃၃) ခရီးလမ်းအစပျိုးခြင်း (၂)
သူမ မျက်နှာသစ်ဆေးကြောပြီးနောက်တွင် ကန်တင်းသို့သွားကာ မနက်စာစားကြသည်။ ထို့နောက်တွင် တန်းစီရန် စစ်ရေးပြကွင်းပြင်သို့ သွားကြလေသည်။ နှစ်ဦးသား စစ်ရေးပြကွင်းပြင်သို့ ရောက်သောအခါ၌ ထိုနေရာ၌ လူမများသေးပေ။ ခုနှစ်ယောက်သာ ရှိသည်။
မာရှိဝေနှင့် စစ်တပ်နယ်မြေမှ ငါးယောက်၊ ကျိုတိုတက္ကသိုလ်မှ ကျောင်းသူအလှလေးတို့ပင်ဖြစ်သည်။ စက်မှုအကယ်ဒမီမှ ငါးယောက်ကမူ တစ်ယောက်မှ ပေါ်မလာသေးပေ။ ထိုအချိန်တွင် စစ်တပ်နယ်မြေမှ ငါးယောက်ကမူ လှလွန်းသည့်မိန်းကလေးနှစ်ဦးဖြင့် စိတ်အားထက်သန်စွာ စကားပြောနေကြသည်။
မာရှိဝေကမူ အဖတ်မလုပ်ဘဲ ထိုငါးယောက်ကို အာရုံမထားပေ။ ဆန့်ကျင်ဘက်အနေဖြင့် မြို့တော်တက္ကသိုလ်မှ ကောင်မလေးကမူ စိတ်အားထက်သန်နေပုံပေါ်ကာ ထိုငါးယောက်ဖြင့် ရယ်ကာမောကာစကားပြောနေလေသည်။
''မောနင်း။''
အသားအရေညိုမှောင်သောလူငယ်က လင်းဇီချန်တို့လာသည်ကို မြင်သောအခါတွင် ပြုံး၍ နှုတ်ဆက်လိုက်သည်။ ထိုလူငယ်သည် မနေ့တစ်နေ့က လင်းဇီချန်ကို စိန်ခေါ်ချင်ခဲ့သောသူဖြစ်ကာ အမည်မှာ ကျောက်ယွမ်ကျုံးဖြစ်၏။
''မောနင်း။''
လင်းဇီချန်က ယဉ်ကျေးစွာဖြင့် ပြန်နှုတ်ဆက်လိုက်သည်။
ကျောက်ယွမ်ကျုံးသည် အတော်လေးဖော်ရွေတတ်ကာ လင်းဇီချန်တို့ဆီလာပြီး စကားလာပြောသည်။
''မင်းတို့နှစ်ယောက်က အမြဲတတွဲတွဲနဲ့။ မောင်နှမတွေလား မဟုတ်ရင် အတွဲလား။''
ထိုမေးခွန်းကိုမေးလိုက်သောအခါတွင် စစ်တပ်နယ်မြေမှကျန်လေးယောက်နှင့် မြို့တော်တက္ကသိုလ်မှကောင်မလေးတို့က ခေါင်းလှည့်ကြည့်လိုက်ကြသည်။ ထိုလူများသည်လည်း လင်းဇီချန်နှင့်ရှန်ချင်းဟန်တို့၏ဆက်ဆံရေးကို စိတ်ဝင်စားပေသည်။ လင်းဇီချန်နှင့်ရှန်ချင်းဟန် ပြန်မဖြေခင်တွင်ပင် မာရှိဝေက ဝင်ပြောလိုက်သည်။
''အဲ့နှစ်ယောက်က စေ့စပ်ထားတဲ့အတွဲ။ မျှော်လင့်ချက်မထားတာ ပိုကောင်းလိမ့်မယ်။''
ထိုစကားကြောင့် အားလုံးစိတ်ပျက်သွားရသည်။ စစ်တပ်နယ်မြေမှ လူငယ်ငါးဦးသည် ရှန်ချင်းဟန်မှာ ပိုင်ရှင်ရှိသည်ကို သိလိုက်ရသောအခါတွင် စိတ်ပျက်သွားကြသည်။ မြို့တော်တက္ကသိုလ်မှ မိန်းကလေးကလည်း လင်းဇီချန်က ရောင်းထွက်ပြီးသားဖြစ်သည်ကို သိလိုက်ရသောအခါတွင် ဝမ်းနည်းသွား၏။
ကျောက်ယွမ်ကျုံးက လင်းဇီချန်ကိုကြည့်ပြီး ထူးဆန်းစွာ ပြုံးပြလိုက်သည်။
''င့ါကို တစ်မျိုးမထင်ပါနဲ့။ ငါက အဲ့လိုဆိုလိုတာမဟုတ်ပါဘူး။ ဒီတိုင်း စပ်စုချင်ယုံတင်ပါ။''
''ငါသိပါတယ်။''
လူငယ်အချင်းချင်း နားလည်ပေသည်။ အားလုံးက အလှလေးကို မြင်သောအခါတွင် သိကျွမ်းချင်ကြ၏။ စိတ်ထဲမှအတွေးလေးများက မှန်ကဲ့သို့ ထိုးဖောက်မြင်နေရသဖြင့် တစ်ချက်ကြည့်ယုံဖြင့်ပင် သိမြင်နိုင်လေသည်။
''စစ်တပ်နယ်မြေရဲ့ လူငယ်မျိုးဆက်က မူလနယ်မြေထဲသွားပြီး လေ့ကျင့်ရေးဆင်းရတယ်လို့ ငါကြားဖူးတယ်။''
အခြေအနေက အနည်းငယ်မျှ ထူးဆန်းနေသောကြောင့် လင်းဇီချန်က ခေါင်းစဉ်ကိုပြောင်း၍ မေးလိုက်သည်။ သူသည် မူလနယ်မြေနှင့်ပက်သက်ပြီးလည်း စပ်စုချင်ကာ ယခုတွင် အခွင့်အရေးရှိပြီဖြစ်သောကြောင့် မေးကြည့်လိုက်၏။
ကျောက်ယွမ်ကျုံး : “ငါ့ခန့်မှန်းမိသလောက်တော့ အဲ့မှာ အမျိုးမျိုးရှိတယ်။”
“အမျိုးမျိုးရှိတာလား။”
လင်းဇီချန်ပဟေဠိဖြစ်သွားရသည်။
ရောက်ဖူးလျှင်လည်း ရောက်ဖူးသည် မရောက်ဖူးလျှင်လည်း မရောက်ဖူးဘူးပေါ့။ ဘာကို အမျိုးမျိုးရှိတာလဲ။
ကျောက်ယွမ်ကျုံးက ရှင်းပြလိုက်၏။
''မူလနယ်မြေထဲမှာ စစ်တပ်နယ်မြေရဲ့ ကင်းစခန်းရှိတယ်။ အခြေခံဆင့်သွေးမျိုးဆက်စွမ်းအားရှိတဲ့လူငယ်စစ်သည်လေးအချို့ကတော့ အဲ့မှာထူးဆန်းတဲ့အလုပ်တွေလုပ်ရတယ်။ ဒါပေမဲ့လို့ ကင်းစခန်းကနေ ထွက်သွားလို့မရဘူး။''
''ကင်းစခန်းထဲမှာနေတာက မူလနယ်မြေမှာနေတယ်လို့ စဉ်းစားလို့ရပေမဲ့လို့ အဲ့ကထွက်သွားဖို့အရည်အချင်းမရှိဘဲနဲ့ အပြင်က ကြမ်းတမ်းတဲ့ပြိုင်ပွဲတွေကို မကြုံဖူးဘူးဆိုရင်တော့ အဲ့ထဲကို လုံးဝမရောက်ဖူးတာနဲ့ အတူတူလောက်ပဲ။''
''မူလနယ်မြေထဲကို ဝင်ဖို့ဆိုရင် သွေးမျိုးဆက်စွမ်းအားအဆင့်မြင့်နေမှဖြစ်မယ်။ မဟုတ်ရင်တော့ မဖြစ်နိုင်ဘူး။''
''အခြေခံအဆင့်သွေးမျိုးဆက်စွမ်းအားရှိတဲ့သူတွေက နယ်စပ်မျဉ်းအားရဲ့ ငြင်းတာကို ခံနိုင်ရည်မရှိကြဘူး။''
''အဲ့တာကြောင့် ကင်းစခန်းထဲမှာပဲ နေလို့ရမယ်။ အကာအကွယ်အောက်မှာပဲ နေရတာပေါ့။''
နယ်စပ်မျဉ်းအားငြင်းပယ်ခြင်းလော။
ထိုအသုံးအနှုန်းကို ပထမဆုံးကြားဖူးခြင်းဖြစ်သည့်အတွက် အမြန်ပင် မေးလိုက်၏။
''နယ်စပ်မျဉ်းအားငြင်းပယ်ခြင်းဆိုတာ ဘာလဲ။''
ကျောက်ယွမ်ကျုံးက ဆက်၍ ရှင်းပြသည်။
''မူလနယ်မြေကို မြင်တဲ့အခါကျရင် ကမ္ဘာမြေက လူတွေပေါ် သက်ရောက်နေတဲ့ မမြင်နိုင်တဲ့အားပဲ။ အရမ်းတော့ အားမပြင်းဘူး။ ဒါပေမဲ့လို့ အထက်တန်းအဆင့်ထက်နိမ့်တဲ့သွေးမျိုးဆက်စွမ်းအားအဆင့်ရှိတဲ့သူတွေကိုတော့ သက်ရောက်မှုရှိတယ်။''
ထိုသို့ပြောပြီးနောက်တွင် ရယ်လိုက်၏။
''ကမ္ဘာမြေပေါ်က ဆန်းကြယ်သားရဲတွေကရော နယ်စပ်မျဉ်းအားငြင်းဆန်တာကိုခံရလားလို့ မေးချင်နေတာကို ငါသိတယ်။''
''အဖြေကတော့ ဟုတ်တယ်။ သူတို့ဆိုရင် ပိုပြီးပြင်းတဲ့အားနဲ့ ငြင်းဆန်တာခံရတယ်။''
''တကယ်တော့ ကမ္ဘာမြေပေါ်က ဆန်းကြယ်သားရဲတော်တော်များများရဲ့စွမ်းအားက အဲ့နယ်စပ်မျဉ်းအားကြောင့် အားနည်းသွားကြတာ။''
''မူလနယ်မြေမှာဆို သူတို့က ပိုတောင်အားကောင်းသေးတယ်။''
ကျောက်ယွမ်ကျုံးက ထပ်ပြောလိုက်သည်။
''မဟုတ်ရင် ကမ္ဘာပေါ်မှာ သွေးမျိုးစပ်ဆင့်ကဲပြောင်းလဲသူတွေက ဆန်းကြယ်သားရဲတွေကို နှိမ်နင်းနိုင်မယ်ထင်လား။ သူတို့တွေက သွေးမျိုးဆက်စွမ်းအားအဆင့် အတူတူပဲလို့ ထင်တာလား။''
''ငါသိပြီ။''
လင်းဇီချန်က ခေါင်းညိတ်ပြလိုက်ပြီး အသုံးဝင်သောအချက်အလက်ကြောင့် ဉာဏ်အလင်းပွင့်သွားသည်။ ထိုကိစ္စများကို စာအုပ်များထဲမှ မလေ့လာနိုင်ပေ။ လင်းဇီချန် သဘောပေါက်သွားသည်ကို ကြည့်ကာ ကျောက်ယွမ်ကျုံးက မေးလိုက်မိ၏။
''မင်းမိသားစုထဲက လူကြီးတွေက ပြောမပြဘူးလား။''
''ဟင့်အင်း။''
လင်းဇီချန်က ခေါင်းခါပြလိုက်သည်။
မိဘများက သာမန်သူများသာဖြစ်သည်ကို ကျောက်ယွမ်ကျုံးက မသိသေးပေ။ သာမန်လူများသည် ထိုကိစ္စများကို သိရန်မဆိုထားနှင့်၊ မူလနယ်မြေရှိသည်ကိုပင် သိချင်မှသိကြပေမည်။ ထို့ကြောင့် ခေတ္တမျှကြာအောင် စကားစမြည်ပြောနေကြသည်။
အချိန်က ဖြည်းဖြည်းချင်းကုန်နေပြီး ကျန်သောသူများလည်း တစ်ယောက်ပြီးတစ်ယောက် စစ်ရေးပြကွင်းသို့ ရောက်လာကြသည်။ စစ်ရေးပြကွင်းတွင် စုစုပေါင်းလူနှစ်ဆယ်ရှိသည်။ စစ်တပ်နယ်မြေ၊ ရှန်ဟိုင်းတက္ကသိုလ်၊ မြို့တော်တက္ကသိုလ်နှင့် စက်မှုအကယ်ဒမီတို့ဖြစ်ကာ တစ်အုပ်စုလျှင် လူငါးယောက်ရှိ၏။
အချိန်က မနက်ခုနှစ်နာရီထိုးသွားပြီဖြစ်သည်။ လူတစ်သည် ရှေ့ရှိအဆောက်အဦး၏ ခေါင်မိုးပေါ်မှ ခုန်ဆင်းလာပြီး မြေကြီးပေါ်သို့ ဘုတ်ကနဲပြုတ်ကျသွားကာ အားလုံးရှေ့၌ပင် ဖုန်လုံးကြီးထသွား၏။
ဖုန်မှုန့်များ ပျောက်သွားသည့်အခါတွင် အားလုံး၏မြင်ကွင်းထဲသို့ ရောက်လာသည်မှာ အသက်သုံးဆယ်ကျော်ခန့်ရှိပြီဖြစ်သော သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်ကာ ပျောက်ကျားယူနီဖောင်းကို ဝတ်ဆင်ထားသည်။ လင်းဇီချန်က အတွေးပေါက်သွားပြီး ထိုသူ၏ သွေးမျိုးဆက်စွမ်းအားအဆင့်ကို အာရုံခံကြည့်သည်။
သွေးမျိုးဆက်စွမ်းအားအဆင့်က မြင့်လှသည်။ အဆင့်မြင့်အဆင့်ဆဌမအဆင့်ပင် ဖြစ်သည်။ ထိုအင်အားဖြင့်ဆိုလျှင် ဆင့်ကဲပြောင်းလဲခြင်းကောလိပ်နှင့် စက်မှုအကယ်ဒမီမှ ဌာနမှူးအဆင့်ရှိသည်။ မဟုတ်ပေ။ ဌာနမှူးထက်ပင် သာပေဦးမည်။
''အားလုံး ရောက်ပြီလား။''
ထိုသူက ပြန့်ကျဲနေသောလူအုပ်ကိုကြည့်ပြီး အကျယ်ကြီးမေးလိုက်သည်။ ကျောက်ယွမ်ကျုံးကအစီရင်ခံလိုက်သည်။
''ဆရာကို အစီရင်ခံပါတယ်။ အားလုံးရှိပါတယ်။''
ကျောက်ယွမ်ကျုံးသည် စစ်တပ်နယ်မြေမှ လူငါးဦး၏ခေါင်းဆောင်ဖြစ်သည်။ သို့သော်လည်း အားအကောင်းဆုးမဟုတ်ဘဲ အတက်ကြွဆုံးဖြစ်သောကြောင့်ဖြစ်သည်။
ကျောက်ယွမ်ကျုံးဖြေလိုက်သည်ကို ကြားသောအခါ၌ ထိုသူက ခေါင်းညိတ်ပြပြီး မိမိကိုယ်ကို မိတ်ဆက်ပေးလိုက်သည်။
''င့ါနာမည်က လုထျန်းရုန်။ အထူးလေ့ကျင့်ရေးမှာ မင်းတို့ရဲ့ညွှန်ကြားသူပေါ့။ ငါ့ကို ဆရာလုလို့ ခေါ်လို့ရတယ်။''
အတိုချုံးရှင်းပြီးနောက်တွင် လူများကို စတင်အမိန့်ပေးတော့သည်။
''အခုကစပြီး စစ်တပ်နယ်မြေကငါးယောက်စလို့ ကိုယ့်ဘာသာကို အစဉ်လိုက်မိတ်ဆက်ကြ။''
ပြောပြီးသောအခါတွင် စစ်တပ်နယ်မြေမှ ငါးယောက်တွင် အရှေ့ဆုံးဖြစ်သည့် ကျောက်ယွမ်ကျုံးက ချက်ချင်းပင် မိမိဘာသာ မိတ်ဆက်လိုက်သည်။ နောက်မှလေးဦးကလည်း အစဉ်လိုက်အစီရင်ခံသည်။
“စစ်တပ်နယ်မြေ ဟယ်ယန်ချောင်း။”
“စစ်တပ်နယ်မြေ လျိုရွှေ့ဟယ်။”
“…”
စစ်တပ်နယ်မြေမှ လူများ ပြီးသွားသောအခါတွင် အခြားသူများက မိမိတို့ဘာသာ မိတ်ဆက်ကြသည်။
“စက်နတ်ဘုရားအုပ်စု မော့ရန်ဝေ့။”
“စက်နတ်ဘုရားအုပ်စု ကျန်းခိုင်။”
“စက်နတ်ဘုရားအုပ်စု ကျူရှီးရှီး။”
“…”
“မြို့တော်တက္ကသိုလ် ချင်ချွမ်း။”
“မြို့တော်တက္ကသိုလ် ကောင်းမု။”
“မြို့တော်တက္ကသိုလ် ရှန်ကွမ်းယွဲ့ယင်း။”
“…”
“ရှန်ဟိုင်းတက္ကသိုလ် လင်းဇီချန်။”
“ရှန်ဟိုင်းတက္ကသိုလ် လီမော်ယွီ။”
“ရှန်ဟိုင်းတက္ကသိုလ် ရှန်ချင်းဟန်။”
“…”
အားလုံး၏ကျယ်လောင်သောအသံပြီးသွားသောအခါတွင် ညွှန်ကြားသူလုထျန်းရုန်ကလူတစ်ဦးချင်း၏ပုံစံနှင့်နာမည်ကို တွဲမှတ်ပြီးဖြစ်သည်။ နာမည်ခေါ်ပြီးနောက်တွင် လုထျန်းရုန်က အားလုံးကို ပြောလိုက်သည်။
''ငါက အဓိပ္ပာယ်မရှိတာတွေ မပြောတတ်ဘူး။ မင်းတို့အားလုံး မင်းတို့ဘာသာတိုးတက်ဖို့ ဒီကို အထူးလေ့ကျင့်ရေးလာဆင်းကြတာ။''
''အခု ငါက ယာယီအဖွဲ့ခွဲပေးမယ်။ စုစုပေါင်းလေးဖွဲ့ရှိမယ်။ အဖွဲ့ခွဲပြီးတာနဲ့ ဝင်ခွင့်စစ်ဆေးတာ ချက်ချင်းစမယ်။''
''ဝင်ခွင့်စာမေးပွဲပြီးရင် တကယ်လက်တွေ့လေ့ကျင့်ရေးနဲ့ တွေ့မယ်။''
ပြောပြီးသောအခါတွင် လုထျန်းရုန်က အချိန်မဖြုန်းဘဲ ချက်ချင်းပင် အားလုံးကို အဖွဲ့များ ခွဲပေးလိုက်သည်။
''ရှန်ဟိုင်းတက္ကသိုလ်က လော်ရုန်ကျန်း စက်နတ်ဘုရားအုပ်စုကိုသွားပါ။''
''မြို့တော်တက္ကသိုလ်က ရှန်ကွမ်းယွဲ့ယင်း ရှန်ဟိုင်းတက္ကသိုလ်ဘက်ကို သွားပါ။''
''စစ်တပ်နယ်မြေမှ ဟယ်ယန်ချောင်း မြို့တော်တက္ကသိုလ်ကို သွားပေးပါ။''
''စက်နတ်ဘုရားအုပ်စုက ကျန်းခိုင်။ ရှန်ဟိုင်းတက္ကသိုလ်ကို သွားပေးပါ။''
''စစ်တပ်နယ်မြေမှ ကျောက်ယွမ်ကျုံး ရှန်ဟိုင်းတက္ကသိုလ်ဘက်သွားပါ။''
“…”
လုထျန်းရုံသည် အဖွဲ့လေးဖွဲ့ခွဲရန် နှစ်မိနစ်ခန့်ကြာလိုက်သည်။ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ကမူ ကံကောင်းပေသည်။ မည်သည့်အဖွဲ့ကိုမှ မသွားရဘဲ ရှန်ဟိုင်းတက္ကသိုလ်အဖွဲ့ထဲ၌သာ နေရသည်။
သို့သော် မူလအဖွဲ့ဝင်သုံးယောက်ကမူ အကုန်ပြောင်းသွားကြသည်။ ထို့အစား မြို့တော်တက္ကသိုလ်မှ ရှန်ကွမ်းယွဲ့ယင်း၊ စက်နတ်ဘုရားအုပ်စုမှ ကျန်းခိုင်နှင့် စစ်တပ်နယ်မြေမှ ကျောက်ယွမ်ကျုံးတို့ ရောက်လာသည်။ လင်းဇီချန်က ညွှန်ကြားသူလုထျန်းရုန်ချပေးထားသော အဖွဲ့လိုက်စစ်ဆေးမှုပုံစံကို မြင်သည်။ အဖွဲ့များကို သေချာရောလိုက်ခြင်းဖြစ်ပြီး တစ်ဖွဲ့စီမှ တစ်ယောက်စီပါသည်။
ဖြစ်ကတတ်ဆန်းစီထားခြင်းမျိုးမဟုတ်ဘဲ အကြောင်းရင်းကျိန်းသေရှိပမည်။ သို့သော် ထိုအကြေင်းရင်းကိုမူ ယခုထိ မသိရသေးပေ။ ထိုအကြောင်းရင်းသည် ပူးပေါင်းဆောင်ရွက်ခြင်း၊ သူစိမ်းများဖြင့် ယှဉ်တွဲတတ်ခြင်း၊ အဖွဲ့ဖြင့်လုပ်ဆောင်နိုင်စွမ်းတို့အတွက် ဖြစ်မည်ဟု ကောက်ချက်ချလိုက်ပေ၏။
အခန်း (၂၃၄) ဉာဏ်စမ်းအဟန့်အတား
လေးဖွဲ့လုံးကို လူပြန်ခွဲပေးသည်။ ညွှန်ကြားလုထျန်းရုန်သည် အားလုံးကို ပုံမှန်အဆောက်အဦးတစ်ခုဆီသို့် ခေါ်သွားကာ ရပ်လိုက်သည်။ ပုံမှန်အဆောက်အဦးဟု ခေါ်ရခြင်းမှာ အလျား၊ အနံ၊အမြင့်တူသည့် စတုရန်းပုံစံဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
''ဒီအဆောက်အဦးမှာ အထပ်သုံးထပ်ရှိတယ်။ တစ်ထပ်ချင်းစီမှာ စိန်ခေါ်ပွဲတွေ ပြင်ထားတယ်။ စိန်ခေါ်တာအားလုံးကိုရှင်းပြီး သုံးနာရီအတွင်း အမိုးထိ တက်နိုင်မယ်ဆိုရင် စာမေးပွဲအောင်ပြီ။''
ထိုသူက ရှင်းပြလိုက်သည်။
''အခုက မနက်ခုနှစ်နာရီခွဲ။ နောက်ခုနှစ်မိနစ်အတွင်း စာမေးပွဲစမယ်။''
''ပထမထပ်က နံရံလေးဖက်ရဲ့အလယ်မှာ တံခါးတွေရှိတယ်။ စာမေးပွဲစတာနဲ့ တံခါးတွေက အလိုလိုပွင့်လာလိမ့်မယ်။''
''အချိန်ကျလာရင် တံခါးတွေကနေ ဝင်သွားပြီး အဖွဲ့အဖြစ် လုပ်ဆောင်ကြပါ။''
''ငါပြောချင်တာ ဒါအကုန်ပဲ။ မင်းတို့အဖွဲ့လေးဖွဲ့လုံး အဆင်ပြေပြေချောချောမွေ့မွေ့နဲ့ပဲ စိန်ခေါ်တာတွေကို ရှင်းနိုင်ဖို့ မျှော်လင့်ပါတယ်။''
ညွှန်ကြားပေးပြီးနောက်တွင် လုထျန်းရုန်က အဆောက်အဦးခေါင်မိုးပေါ်သို့ ခုန်တက်သွားပြီး အားလုံး၏မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။ ထွက်သွားပြီးနောက်တွင် စစ်တပ်နယ်မြေမှ စစ်သားလေးတစ်ယောက်က အခြားအဖွဲ့သုံးဖွဲ့ကို ပြောလိုက်သည်။
''ငါတို့အဖွဲ့က တံခါးအေကနေ ဝင်မယ်။ မင်းတို့တွေ အခြားတံခါးကနေ ဝင်ကြ။''
ထိုစစ်သားလေးသည် သူများထက်သာနေသောအနေအထားမျိုးဖြင့် ပြောနေခြင်းဖြစ်သည်။ အခြားအဖွဲ့မှ အဖွဲ့ဝင်များသည် ထိုစကားကို ကြားသောအခါတွင် ချက်ချင်းပင် စိတ်တိုသွားကြသည်။ စက်နတ်ဘုရားအုပ်စုမှ လူငယ်များထဲကတစ်ယောက်က ပြောလိုက်သည်။
''ဘာလို့ ငါတို့က မင်းပြောတဲ့အတိုင်း လုပ်ရမှာလဲ။ မင်းတို့အဖွဲ့ကကျ ဘာလို့ အခြားတံခါးက မသွားတာလဲ။''
''ဘာလို့လဲ။''
စစ်သားလေးက ရယ်လိုက်ပြီး မျက်လုံးထဲတွင် မာန်မာနအပြည့်ဖြင့် ဖြစ်သည်။
''ဘာလို့လဲဆိုတော့ ငါက အားအကောင်းဆုံးမလို့။ အားကြီးတဲ့သူက စည်းမျဉ်းလုပ်ပေးရမှာပေါ့။ မင်းသဘောမတူဘူးဆိုရင် ငါတို့ အခုချက်ချင်း စာရင်းရှင်းလို့ရတယ်။''
''ဘယ်သူက ကြောက်တယ် ပြောလို့လဲ။ လာစမ်းပါ။''
''ငါရောပဲ။ အားအကောင်းဆုံးသူက အရင်ဆုံးတံခါးကို ရွေးကြတာပေါ့။''
''ငါ မော့ရန်ဝေ့ကလည်း ဘယ်သူ့ကိုမှ မကြောက်ဘူး။''
“…”
လင်းဇီချန်တို့အဖွဲ့မှလွဲ၍ အခြားအဖွဲ့များက စတင်ငြင်းခုန်နေကြသည်။ အားလုံးသည် ယှဉ်ပြိုင်လိုစိတ်ပြင်းပြပြီး မည်သူမှ နောက်မဆုတ်လိုကြပေ။
''တံခါးဒီကို သွားကြတာပေါ့။''
ကျောက်ယွမ်ကျုံးနှင့် ကျန်းခိုင်တို့ကလည်း အကြံပေးလိုက်ကြသည်။ နှစ်ယောက်လုံးသည် စစ်တပ်နယ်မြေနှင့် စစ်နတ်ဘုရားအုပ်၏အဖွဲ့ဝင်ငါးယောက်ထဲ၌ အားအနည်းဆုံးဖြစ်ကြသောကြောင့် အခြားအဖွဲ့များနှင့်ယှဉ်သည်က အတော်လေးလက်တွေ့မကျပေ။
အင်အားမရှိသောကြောင့် အဖွဲ့ထဲမှမိန်းကလေးနှစ်ဦးကလည်း ချုပ်တည်းထားရသည်။ အခြားအဖွဲ့သုံးဖွဲ့နှင့်တိုက်လျှင် သေချာပေါက်နိုင်မည်မဟုတ်ပေ။ လင်းဇီချန်သည် ၎င်းတို့အကြံပေးသည်ကို မငြင်းဘဲ ပြောလိုက်သည်။
''အဲ့လိုဆိုလည်း တံခါးဒီကိုပဲ ရွေးကြတာပေါ့။''
မိန်းကလေးနှစ်ဦးကလည်း မငြင်းကြဘဲ ယောက်ျားလေးသုံးဦးနောက်မှလိုက်ပြီး တံခါးထဲသို့ဝင်သွားကြလေသည်။
တံခါးဒီသို့ ရောက်ပြီးနောက်တွင်မူ ကျောက်ယွမ်ကျုံးက အဖွဲ့လေးဦးဘက်သို့လှည့်၍ ပြောလိုက်သည်။
''အခု ငါတို့က အဖွဲ့ဖြစ်ပြီဆိုတော့ အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့က အဖွဲ့ခေါင်းဆောင်ရှိရမယ်။ အဲ့တာကြောင့် ငါတို့တွေ အဖွဲ့ခေါင်းဆောင်ရွေးသင့်တယ်။ ဘယ်လိုထင်လဲ။''
''အကြံကောင်းလို့ ထင်တာပဲ။''
ကျန်းခိုင်ကလည်း ထောက်ခံသောအမူအရာဖြင့် မေးလိုက်သည်။
''မေးခွန်းက အဖွဲ့ခေါင်းဆောင်ကို ဘယ်လိုရွေးကြမလဲ။''
ကျောက်ယွမ်ကျုံးကမူ မိမိဘာသာ ထောက်ခံလိုက်၏။
''ငါက အဖွဲ့ခေါင်းဆောင်အဖြစ်နဲ့ နှစ်ပေါင်းများစွာအတွေ့အကြုံရှိထားတယ်။ ငါ့ရဲ့သွေးမျိုးဆက်စွမ်းအားအဆင့်ကလည်း အခြေခံအဌမအဆင့်ရှိတယ်။ ငါက အဖွဲ့ခေါင်းဆောင်လုပ်မယ်ဆိုရင်ရော ဘယ်လိုလဲ။''
''ငါလည်း ကန့်ကွက်စရာမရှိဘူး။''
လင်းဇီချန်က ပြောလိုက်သည်။ ရှန်ချင်းဟန်နှင့် ရှန်ကွမ်းယွဲ့ယင်းကလည်း တစ်ယောက်ပြီးတစ်ယောက် ပြောလိုက်သည်။
''ငါရောပဲ။''
''ငါရော။''
မိန်ကလေးနှစ်ယောက်လုံးသည်လည်း သွေးမျိုးဆက်စွမ်းအားဆဌမအဆင့်ဖြစ်သောကြောင့် အခြေခံအဆင့်အဌမအဆင့်ကို ခေါင်းဆောင်လုပ်ခိုင်းရန် ဆန္ဒရှိပေသည်။ မထောက်ခံနိုင်စရာ အကြောင်းမရှိပေ။
ရှန်ချင်းဟန်သည် အစက လင်းဇီချန်ကို ထောက်ခံပေးချင်သော်လည်း လင်းဇီချန်ကမူ ခေါင်းဆောင်လုပ်ရန် ဆန္ဒမရှိပေ။
''ငါကန့်ကွက်တယ်။''
သုံးယောက်က သဘောတူသော်လည်း ကျန်းခိုင်ကမူ ကန့်ကွက်လိုက်သည်။ ကျောက်ယွမ်ကျုံးကိုကြည့်၍ ပြောလိုက်သည်။
''ငါက စစ်နတ်ဘုရားအုပ်စုမှာ လူအယောက်တစ်ရာအဖွဲ့ကို ဦးဆောင်ခဲ့တာ။ ငါ့ခေါင်းဆောင်နိုင်စွမ်းက ပိုကောင်းတယ်။''
''အဲ့တာအပြင် ငါ့အားကလည်း အရမ်းခံနိုင်ရည်ရှိတယ်။ လွန်ခဲ့တဲ့နှစ်ပတ်ကပဲ အခြေခံအဌမအဆင့်ဆန်းကြယ်သားရဲကို ငါ့ဘာသာ အနိုင်ပိုင်းလိုက်တာ။''
''ဒါတွေအားလုံးပေါ်မူတည်ပြီး ငါက အဖွဲ့ခေါင်းဆောင်နေရာအတွက် ပိုပြီးသင့်တော်တယ်။''
အခြေအနေက ထူးဆန်းသွားသည်။ အားလုံးသည် ထိုနှစ်ယောက်က အဖွဲ့ခေါင်းဆောင်နေရာအတွက် ပြိုင်ဆိုင်ကြတော့မည်ကို သိကြသည်။
ကျောက်ယွမ်ကျုံးက ပြောလိုက်၏။
''အဲ့လိုဆို ငါတို့ ချမယ်ဆိုရင်ရော ဘယ်လိုလဲ။ အားအကောင်းဆုံးသူက ခေါင်းဆောင်လုပ်ပေါ့။''
''လုပ်ကြတာပေါ့။''
ကျန်းခိုင်က တိုက်ခိုက်ရန် အသင့်ဖြစ်နေလေပြီ။ ရှန်ကွမ်းယွဲ့ယင်းကမူ တိုက်သည်က အကြံကောင်းမဟုတ်ဟု ထင်သောကြောင့် အမြန်ပင် ဖျန်ဖြေပေးလိုက်သည်။
''မတိုက်ကြနဲ့။ တစ်ယောက်ယောက် ထိခိုက်သွားရင် ဝင်ခွင့်စာမေးပွဲကိို သက်ရောက်မှုရှိနေမယ်။''
ပြောပြီးနောက်တွင် သူမက အကြံပေးလိုက်၏။
''အဲ့အစား မဲပေးမယ်ဆိုရင်ရော ဘယ်လိုလဲ။ လင်းဇီချန်၊ ရှန်ချင်းဟန်နဲ့ ငါတို့က မဲပေးမယ်။ မဲများတဲ့သူက ခေါင်းဆောင်လုပ်ပါ့။''
''မဆိုးဘူး။''
''ငါလည်းမငြင်းဘူး။''
ကျောက်ယွမ်ကျုံးနှင့်ကျန်းခိုင်ကလည်း ပြောလိုက်သည်။
ပြောပြီးနောက်တွင် ကျန်းခိုင်က ချက်ချင်းပင် လင်းဇီချန်နှင့် ရှန်ချင်းဟန်ဘက်သို့ လှည့်၍ ပြောလိုက်သည်။
''ဇီချန် ရှောင်ရှန် ငါတို့က သိလာတာကြာပြီ။ င့ါကိုပဲ မဲပေးကြနော်။''
ထိုစကားကို ကြားသောအခါတွင် ကျောက်ယွမ်ကျုံးက ချက်ချင်းပင် ကန့်ကွက်လိုက်တော့၏။
''မဖြစ်ဘူး။ အဲ့လိုဆို မမျှတဘူး။ သူ့မှာ အသိနှစ်ယောက်တောင်ရှိတယ်။ မဲပေးမယ်ဆိုရင် ငါရှုံးမှာပဲ။''
''မျှတသွားအောင်လို့ ပြိုင်ပွဲလုပ်ကြမယ်။ အပြေးပြိုင်ပွဲလုပ်မယ်။ ဟိုးဘက်က မီတာရာချီဝေးတဲ့ ညောင်ပင်အိုကြီးအထိ ပြေးကြမယ်။ အရင်ရောက်တဲ့သူက အဖွဲ့ခေါင်းဆောင်ဖြစ်မယ်။''
ကျောက်ယွမ်ကျုံးသည် အတော်လေးဝေးသည့်နေရာတွင်ရှိသော နှစ်တစ်ရာသက်တမ်းရှိ ညောင်ပင်ကြီးကို လက်ညှိုးထိုးပြပြီး ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်သည်။
ကျန်းခိုင်က ပြောလိုက်၏။
''ကောင်းပြီ။ အဲ့လိုလုပ်ကြတာပေါ့။''
ကျောက်ယွမ်ကျုံးက လင်းဇီချန်ဘက်သို့လှည့်၍ ပြောလိုက်သည်။
''လင်းဇီချန် မင်းအကဲဖြတ်ပေးနိုင်မလား။''
''ရပါတယ်။''
လင်းဇီချန်က ခေါင်းညိတ်ပြလိုက်သည်။
ယောက်ျားနှစ်ဦးလုံးသည် နေရာယူပြီးသည်နှင့် စရန် ပြင်လိုက်ပြီး အော်ပြောလိုက်၏။
''ပြေး။''
ပြောလိုက်လျှင် ပြောလိုက်ချင်းပင် ကျောက်ယွမ်ကျုံးနှင့် ကျန်းခိုင်တို့က ချက်ချင်းပင် ပြေးထွက်သွားသည်။ နှစ်ဦးလုံးက မြန်လွန်းသောကြောင့် ခန္ဓာကိုယ်က ပုံရိပ်မျှသာထင်ကျန်ကာ လေထုထဲတွင်ဖြတ်သွားသောအခါ၌ ဝှီးခနဲအသံကိုသာ ကြားလိုက်ရသည်။
''မြန်လိုက်တာ။''
ရှန်ကွမ်းယွဲ့ယင်းက လန့်ဖျပ်သွား၏။ မြို့တော်တက္ကသိုလ်တွင် သူမသည် ကျောင်းသားသစ်များကြား၌ စတုတ္ထအဆင့်ပါရမီရှင်ဖြစ်ပြီး ခံနိုင်အားမြင့်သည်ဟု သတ်မှတ်၍ရပေသည်။
ယခုတွင်မူ ကျောက်ယွမ်ကျုံးနှင့် ကျန်းခိုင်တို့၏အရှိန်ကို မြင်ပြီးနောက်တွင် အတော်လေးစိတ်ဓာတ်ကျသွားမိသည်။ အလျင်က မြို့တော်တက္ကသိုလ်၌ အားအကောင်းဆုံးဖြစ်သည့် ချင်ချွမ်းထက် သာသည်။ ထို့အပြင် ကွာခြားချက်ကလည်း အဆင့်တစ်ဆင့်နီးပါး ကွာခြားနေသောကြောင့် သိသာထင်ရှားပေသည်။