← Chapters

အပိုင်း ၂၃၅-၂၃၇

Vol. 16 Ch. 235-237

အပိုင်း ၂၃၅-၂၃၇

Vol. 16 Ch. 235-237

အခန်း (၂၃၅) ဉာဏ်စမ်းအဟန့်အတား (၂)

''မြို့တော်တက္ကသိုလ်က ကျောင်းသားတွေကိုပဲ အားအကောင်းဆုံးလို့ ထင်ခဲ့တာ။ စစ်တပ်နယ်မြေနဲ့ စက်နတ်ဘုရားအုပ်စုကမှ တကယ့်ကို စွမ်းအားကြီးတွေ ထွက်လာတာပဲ။ ငါတို့က ရေတွင်းအောက်ခြေက မြူသာသာပဲ။''

ရှန်ကွမ်းယွဲ့ယင်းက ခေါင်းခါပြီး အသာရယ်လိုက်မိသည်။ ဘေးတွင်ရှိနေသော ရှန်ချင်းဟန်က ဝင်ပြောချင်မိသည်။

'စစ်တပ်နယ်မြေနဲ့ စက်နတ်ဘုရားအုပ်စုလူတွေက မြို့တော်တက္ကသိုလ်က လူတွေထက် အားကောင်းတယ်ဆိုပေမဲ့လို့ အားအကောင်းဆုံးတော့မဟုတ်ဘူး။ အားကောင်းဆုံး နင့်ဘေးမှာ ရပ်နေတဲ့ လင်းဇီချန်ပဲ။'

မကြာခင်ပင် အပြေးပြိုင်ပွဲပြီးသွားသည်။ ကျောက်ယွမ်ကျုံးက တစ်ဖက်သူထက် အနည်းငယ်စော၍ ညောင်ပင်ကြီးအောက်သို့ ရောက်သွားသဖြင့် အပြေးပြိုင်ပွဲတွင် နိုင်သွားသည်။ ကျန်းခိုင်ကမူ စိတ်ပျက်နေလေ၏။

''မင်းက ငါ့ထက်မြန်တယ်လို့ မတွေးနဲ့။ ငါက အစကတည်းက နှေးနှေးပဲပြေးတာ။ သူများရဲ့ဂိမ်းဖစ်နေလေလို့လေ။''

ကျောက်ယွမ်ကျုံးက ရယ်လိုက်သည်။

''ပြေးတယ်ဆိုတာကိုက ပြိုင်ပွဲရဲ့အဓိကအကြောင်း၊ တစ်စုံတစ်ယောက်ရဲ့လုပ်နိုင်စွမ်းပဲလေ။ မင်းရှုံးရင် ရှုံးတယ်ပေါ့။ ဘာလို့ ဆင်ခြင်တွေပေးနေတာလဲ။''

ကျန်းခိုင်က ထပ်မပြောတော့ပေ။ မဟုတ်လျှင် မိမိသည့် သနားစရာကောင်းသောအရှုံးသမားပုံစံ ပေါက်နေမည်။ ထိုသို့ဖြင့် ကျောက်ယွမ်ကျုံးက အဖွဲ့ခေါင်းဆောင်ဖြစ်လာသည်။

''ခေါင်းဆောင် ရှင်က စစ်တပ်နယ်မြေကဆိုတော့ ဒီအဆောက်အဦးနဲ့ ရင်းနှီးမှာပါ။ အထဲမှာရှိတဲ့စိန်ခေါ်ပွဲအကြောင်းကို ပြောပြပါဦး။''

ရှန်ကွမ်းယွဲ့ယင်းက ကျောက်ယွမ်ကျုံးကို ပြောလိုက်လေသည်။

ကျောက်ယွမ်ကျုံးက ခေါင်းခါပြလိုက်ပြီး

''မင်းအတွေးများနေပြီ။ ငါလည်း အထူးလေ့ကျင့်ရေးအတွက် ဒီကို ရောက်လာတာ။ အထဲမှာရှိတဲ့စိန်ခေါ်ပွဲတွေကို သေချာမသိဘူး။ မဟုတ်ရင် ဘယ်လိုလုပ် လေ့ကျင့်တာဖြစ်တော့မလဲ။''

''အဲ့လိုလား။''

ရှန်ကွမ်းယွဲ့ယင်းက သနားစရာကောင်းသည်ဟု ခံစားမိသည်။

မကြာခင်ပင် မနက်ခုနှစ်နာရီခွဲသွားလေပြီ။

လူငါးယောက်ရှေ့မှ ဂိတ်ဒီတံခါးက ဖြည်းဖြည်းချင်း ပွင့်လာသည်။

''သွားကြမယ်။ အထဲဝင်ကြတာပေါ့။''

ကျောက်ယွမ်ကျုံးက ဦးစွာ ဝင်သွားသည်။ လင်းဇီချန်ကမူ အလျင်မလိုပေ။ အေးအေးဆေးဆေးဖြင့်သာ လိုက်ဝင်သွား၏။ အထဲသို့ဝင်သွားသောအခါတွင် သံမဏီအခန်းတစ်ခန်းက မိမိတို့ကို စောင့်ကြိုနေသည်။

ကြမ်းပြင်ကလည်း သံမဏီပင်ဖြစ်သည်။ နံရံကလည်း သံမဏီပင်ဖြစ်သည်။ ကြည့်လိုက်သည့်နေရာတိုင်းက သံမဏိများပင် ဖြစ်၏။

လင်းဇီချန်သည် ဘေးဘီသို့ကြည့်ပြီး နံရံများတွင် ယူနီဖောင်းအရွယ်အစားကျယ်ဝန်းသောနေရာလပ်၌ ဇကာပေါက်များရှိသည်ကို တွေ့လိုက်ရသည်။ သေချာကြည့်လျှင် သေနတ်ပြောင်းဝများဖြင့်တူကာ အချိန်မရွေး ပစ်ရန်အဆင်သင့်ဖြစ်နေသည်။ အခြားသူများသည်လည်း ထိုအပေါက်ကို သတိထားမိကြ၏။

ရှန်ကွမ်းယွဲ့ယင်းက ပြောလိုက်သည်။

''အဲ့တာတွေက သေနတ်ပြောင်းဝတွေမဟုတ်လား။''

ကျန်းခိုင်က ပြန်ဖြေပေး၏။

''တော်တော်လေးတူတယ်။''

ကျောက်ယွမ်ကျုံးက ဘာမှမပြောပေ။ ထို့အစား ခန္ဓာကိုယ်တွင်းမှ ဆန်းကြယ်သားရဲမျိုးစိတ်ကို အသက်သွင်းလိုက်ပြီး ချက်ချင်းပင် ခန္ဓာကိုယ်ပေါ်၌ အကြေးခွံတစ်လွှာဖြင့် ဖုံးအုပ်လိုက်သည်။ မျက်လုံးများကလည်း ကြမ်းတမ်းခက်ထန်သွားဟန်ပေါက်ကာ လောကကြီးရှိအရာအားလုံးကို ထိုးဖောက်တော့မည်ဟန်ပေါ်သည်။

ဒုတိယအဆင့်ရှိ သွေးမျိုးစပ်ဆင့်ကဲပြောင်းလဲသူသည် သံချပ်ကာမြေနဂါးမျိုးစိတ်နှင့် ကြမ်းတမ်းလင်းယုန်ကြီးမျိုးစိတ်တို့ကို ပေါင်းစပ်ထားသည်။ ကျောက်ယွမ်ကျုံးက လင်းဇီချန်ကို ကြည့်၍ ပြောလိုက်သည်။

''ငါအရင်တက်မယ်။ ငါ့နောက်ကလိုက်ခဲ့။''

ထိုသို့ပြောပြီးနောက်တွင် ကျောက်ယွမ်ကျုံးက အမြန်ပင်ခြေလှမ်း၍ ရှေ့မှသံတံခါးဆီသို့ ပြေးဝင်သွားတော့သည်။

အလင်း၏အလျင်ဖြင့် ဖြတ်သန်းသွားသောအခါတွင် ဘေးနံရံကအပေါက်များထဲမှချက်ချင်းပင် ကျည်ဆံများထွက်လာပြီး ယမ်းငွေ့များဖုံးလွှမ်းသွားသည်။

''ဒက် ဒက် ဒက် ဒက် ဒက်---''

စက်သေနတ်ပစ်သည့်အသံက လေထဲတွင် ပဲ့တင်ထပ်သွားသည်။ ကျောက်ယွမ်ကျုံး၏ခန္ဓာကိုယ်ပေါ်မှအကြေးခွံများသည်ပင် အလွယ်တကူကြေမွသွားပြီး ကျည်ပေါက်ရာများ ထင်သွား၏။ ခန္ဓာကိုယ်တွင် အပေါက်များဖြစ်သွားသည်။

ဆက်၍ တောင့်မခံနိုင်တော့ပေ။ ဆက်၍ခေါင်းမမာနေတော့ဘဲ ကျောက်ယွမ်ကျုံးသည် လုံခြုံသောနေရာသို့ ပြန်ဆုတ်သွားသည်။

''သံချပ်ကာကိုတောင်ဖောက်တယ်။ ငါဆက်ပြီးမခံနိုင်တော့ဘူး။''

ထိုသူက ခန္ဓာကိုယ်ပေါ်မှအပေါက်များကို စစ်ဆေးကြည့်ရင်းဖြင့် ပြောလိုက်သည်။ တစ်ချိန်တည်းတွင်ပင် အကြေးခွံက ထူနေသောကြောင့်သာ တော်သေးသည်။ မဟုတ်လျှင် ကြာခွက်ကဲ့သို့ အပေါက်လေးများဖြစ်နေပေလိမ့်မည်။

''ငါစမ်းကြည့်မယ်။''

ကျန်းခိုင်က လက်မြှောက်ပြီး အနက်ရောင်သေနတ်ပြောင်းများကို ထုတ်ပြလိုက်သည်။ သူသည် ကျည်ဖြည့်ကာ ထိုအပေါက်နံရံများဆီသို့ သွား၏။ လက်မောင်းမှကျည်များကလည်း နံရံမှထွက်လာသည့် ကျည်များကဲ့သို့ အားပြင်းလှသည်။ မိနစ်ဝက်အတွင်းပင် နံရံပေါ်မှအပေါက်အများစုကို ပိတ်လိုက်နိုင်ပြီး သေနတ်များက နံရံထဲသို့ ဝင်သွားသည်။

''ကောင်းပြီ။ အခုပြေးကြတာပေါ့။''

ကျန်းခိုင်သည် လက်မောင်းမှ သေနတ်များကိုသိမ်းပြီး အမြန်ပင် သံမဏီတံခါးရှေ့သို့ ပြေးဝင်သွားသည်။ အခြားသူများလည်း နောက်မှလိုက်လာသည်။ လင်းဇီချန်တစ်ယောက်သည်မူ ရှန်ချင်းဟန်ကို နောက်တွင်ထား၍ ဖြည်းဖြည်းချင်သာလိုက်ပါလာသည်။ သူမကို ကျည်မမှန်အောင် တစ်လမ်းလုံးကာထားပေးသည်။

“ဒက် ဒက် ဒက် ဒက် ဒက်…”

နံရံပေါ်မှ ကျန်ရှိသောအပေါက်များက ကျည်ဆံများ ဆက်လက်ထွက်လာသည်။ ကံမကောင်းစွာဖြင့် ကျည်နည်းနည်းသာကျန်သောကြောင့် ၎င်းတို့အုပ်စုသည် လုံခြုံသို့နေရာသို့ ရောက်သွားကြသည်။ လွယ်ကူစွာရှောင်ရှားပြီး သံတံခါးရှေ့သို့ ရောက်သွားကြသည်။

''လက်ကိုင်လည်းမရှိဘူး။ သော့ပေါက်လည်းမရှိဘူး။ ကုဒ်လည်းမရှိဘူး။ ငါတို့ ဒီတံခါးကို ဘယ်လိုဖွင့်ရမှာလဲ။''

ရှန်ကွမ်းယွဲ့ယင်းက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

ကျောက်ယွမ်ကျုံးက ဖြေလိုက်၏။

''အားနဲ့ဖွင့်ရမှာများလား။''

ပြောပြီးနောက်တွင် ခြေထောက်မကာ အားပြင်းပြင်းဖြင့် ကန်ချပစ်သည်။ ဘုန်းကနဲမြည်သံထွက်လာ၏။ သံတံခါးကမူ တုတ်တုတ်ပင်မလှုပ်ပေ။ ကန်ဖွင့်မရသကဲ့သို့ လွန်စွာခိုင်မာလှသည်။

''ငါစမ်းကြည့်မယ်။''

ကျန်းခိုင်သည် လက်မောင်းမှ ပစ္စည်းများကို အသက်သွင်းပြီး သံတံခါးကို လက်သီးဖြင့်ထိုးလိုက်သည်။ ဘုန်းကနဲအသံထွက်ပေါ်လာပြန်သည်။

ယခုတစ်ခေါက်တွင်မူ သံတံခါးက ရွေ့သွားသည်။ ထိုပေါ်၌ လက်သီးရာထင်ကျန်ခဲ့ကာ တံခါးသည်ထိသွားပြီဖြစ်ကြောင်း ပြနေသည်။

“အလုပ်ဖြစ်တယ်။”

ရှန်ကွမ်းယွဲ့ယင်း၏မျက်နှာက ပျော်ရွှင်မှုဖြင့် ဝင်းလက်သွားသည်။

ကျန်းခိုင်သည် နောက်တစ်ခေါက် ဘုန်းဟုသောအသံမြည်အောင် ဝင်တိုက်ပြန်သည်။ ယခင်နေရာကို ဝင်တိုက်လိုက်ခြင်းဖြစ်သည်။ ချက်ချင်းပင် သံတံခါးက ချိုင့်ဝင်သွားပြီး တံခါးကိုဖျက်ဆီးနိုင်မည့်နောက်တစ်ဆင့်ကို နီးကပ်လာသည်။

''ဘုန်း ဘုန်း ဘုန်း---''

ကျန်းခိုင်က တစ်ချက်ပြီးတစ်ချက် တံခါးကို ထိုးသည်။

ဆယ်ချက်၊ အချက်နှစ်ဆယ်၊ အချက်သုံးဆယ်၊....

(၃၅) ချက်ထိုးပြီးနောက်တွင် တံခါးက တော်တော်လေးချိုင့်နေပြီဖြစ်သည်။ သို့သော် ကျန်းခိုင်က ဆက်၍မထိုးနိုင်တော့ပေ။ လက်မှလက်နက်များ ပျက်စီးတော့မည်ဖြစ်သောကြောင့် ရပ်လိုက်၏။ ကံကောင်းစွာဖြင့် တံခါးသည် ချို့ဝင်နေပြီဖြစ်သည်။ ကျောက်ယွမ်ကျုံးက ကျန်းခိုင်နေရာကို ဝင်ယူပြီး ခြေထောက်ဖြင့်ကန်သည်။

ကန်ရသည်မှာ ပင်ပန်းသွားသောအခါ၌ နားကာ အခြားတစ်ယောက်ကို ဆက်လုပ်ခိုင်းသည်။ လင်းဇီချန်က ခြေထောက်ဖြင့် ပိတ်ကန်ပစ်သော်လည်း အားအပြည့်မသုံးပေ။ ထို့အစား အခြေခံအဌမအဆင့်အားကိုသာ သုံး၍ ဖြည်းဖြည်းမှန်မှန်သာ ကန်၏။ အားကိုထိန်းထားသည်မှာ ရှန်ချင်းဟန်ကိုပါ ပါဝင်လုပ်ဆောင်စေလိုသောကြောင့် ဖြစ်သည်။

မဟုတ်လျှင် တစ်ချက်တည်းဖြင့်ကန်၍ ရှင်းထုတ်နိုင်သော်လည်း သူမအတွက် ဝင်ခွင့်စာမေးပွဲက အဓိပ္ပာယ်ရှိတော့မည်မဟုတ်ပေ။ အချိန်ဖြုန်းခြင်းသက်သက်သာ ဖြစ်သွားပေမည်။ တစ်မိနစ်ခန့်ကန်ပြီးနောက်တွင် လင်းဇီချန်သည် မောသွားဟန်ဆောင်ကာ ဘေးသို့ ဖယ်ပေးလိုက်၏။ ရှန်ချင်းဟန်က အမြန်ပင် ဝင်၍နေရာယူကာ သူမ၏ရှိသမျှအားဖြင့် တံခါးကို ကန်လိုက်သည်။

“ဘုန်း ဘုန်း ဘုန်း…”

ခြေထောက်များ ထုံလာသောအခါမှ ရပ်လိုက်ပြီး ဘေးဖယ်ပေးကာ ရှန်ကွမ်းယွဲ့ယင်းက နေရာဝင်ယူသည်။ တစ်ယောက်တစ်လှည့်ဖြင့် ထိုသို့အတူတကွ လုပ်ဆောင်ကြလေသည်။ နာရီဝက်ခန့်ကြာပြီးနောက်တွင် ဘုန်းဟုသောအသံအကျယ်ကြီးကို ကြားလိုက်ရသည်။နောက်ဆုံးတွင် တံခါးကို ကန်၍ ဖွင့်နိုင်ခဲ့သည်။

နောက်ဆုံးလုပ်လိုက်သောသူမှာ ကျောက်ယွမ်ကျုံးပင် ဖြစ်၏။ ညာဘက်ခြေထောက်ကို ပွတ်၍ စိတ်ပျက်သောအကြည့်ဖြင့်ကြည့်ကာ ပြောလိုက်သည်။

''ထုံလိုက်တာ။ ပထမတစ်ခုကတောင် ဒီလောက်ကြမ်းနေရင်နောက်အဆင့်တွေကို ဘယ်လိုဖြတ်ကျမလဲ။''

ကျန်းခိုင်က ပြောလိုက်၏။

''ရောက်ပြီးပြီဆိုမှတော့ ဖြတ်ရတော့မှာပဲ။''

ထိုသို့ပြောပြီးနောက်တွင် ပွင့်သွားသောတံခါးထဲသို့ဝင်၍ အမြန်ပင် ဒုတိယထပ်ဆီသို့ တက်သွားသည်။ အခြားသူများကလည်း နောက်မှ လိုက်သွားကြ၏။

လင်းဇီချန်သည် အဖွဲ့၏နောက်ဆုံးမှ လျှောက်လာပြီး ရှန်ချင်းဟန်လုံခြုံစေရန်ဖြစ်သည်။ ဒုတိယထပ်သို့ ရောက်သောအခါ၌ ဝင်လိုက်လျှင်ဝင်လိုက်ချင်းပင် နံရံပေါ်မှ မှန်မျက်နှာပြင်တစ်ခုကို တွေ့လိုက်ရသည်။ အခြားအဖွဲ့လေးဖွဲ့က စိန်ခေါ်ခြင်းများကို ရှင်းလင်းနေသည်ကို ပြသထားသည်။ အနီးကပ်ကြည့်လိုက်သောအခါ၌ အဖွဲ့ အေ၊ဘီ၊စီတို့က တတိယစိန်ခေါ်ခြင်းသို့ပင် ရောက်ရှိနေပြီဖြစ်သည်။

မိမိတို့အဖွဲ့ဒီတစ်ခုတည်းကသာ ပထမစိန်ခေါ်ခြင်းပြီး၍ ဒုတိယထပ်သို့ ရောက်ခါစသာဖြစ်ကာ အနှေးဆုံးဖြစ်နေသည်။

''သေစမ်း။ အဲ့ကောင်တွေက ဘာလို့အဲ့လောက်မြန်မြန် ရှင်းလိုက်နိုင်တာလဲ။ ငါတို့က ခုမှဒုတိယတစ်ခုပဲရှိသေးတယ်။ သူတို့က တတိယတစ်ဆင့်တောင်ရောက်နေပြီ။ ငကြောက်ကောင်တွေ။''

ပြသထားသည်ကိုကြည့်၍ ကျန်းခိုင်သည် အတော်လေးစိတ်ဓာတ်ကျသွားသည်။ ကျောက်ယွမ်ကျုံးကလည်း စိတ်ပူသွားကာ ထိုလေးဦးကို တိုက်တွန်းလိုက်သည်။

''ကြည့်နေတာတော်တော့။ ဆက်လုပ်ကြမယ်။ အချိန်ဆွဲမနေနဲ့။''

မိမိတို့အဖွဲ့ကနောက်ဆုံးဖြစ်နေသည်ကို သိသော်လည်း အရှက်မရလိုပေ။ ပို၍မြန်လေလေ ပို၍မျက်နှာရလေလေ ဖြစ်သည်။ အားလုံးသည် ဒုတိယအထပ်သို့ ဝင်လာကြသည်။ နောက်ထပ် သံအခန်းတစ်ခန်းပင် ဖြစ်၏။

သို့သော် ပထမတစ်ခန်းနှင့်မတူသည်မှာ ပတ်ချာလည်တွင် သေနတ်ပြောင်းအပေါက်များ မရှိတော့ဘဲ မိမိတို့ရှေ့ရှိနံရံတွင်သာ ဖန်သားမျက်နှာပြင်ကို တပ်ဆင်ထား၏။ တံခါးအပေါ်တွင် ဉာဏ်ပညာဟုရေးထွင်းထားသည်။ ထို့ကြောင့် ဉာဏ်ကိုစမ်းသပ်သည့် စိန်ခေါ်ခြင်းလော။

စဉ်းစားမိသောကြောင့် လင်းဇီချန်က တံခါးရှေ့သို့သွားကာ တိုက်ခိုက်မှုလုပ်မလုပ်ကို စမ်းသပ်ကြည့်သည်။ ထိုသည်ကိုမြင်သောအခါတွင် ရှန်ချင်းဟန်က နောက်မှလိုက်သွား၏။

“သတိထား!”

ရှန်ကွမ်းယွဲ့ယင်းကလည်း ထိုနှစ်ဦးကို သတိပေးလိုက်သည်။ သို့သော်လည်း လျှောက်သွားသောအခါ၌ မည်သည့်တိုက်ခိုက်မှုမှ ထွက်မလာပေ။

မျှော်လင့်ထားသည့်အတိုင်းပင် ထိုအထပ်သည် ဉာဏ်ပညာကိုစမ်းသပ်ခြင်းဖြစ်ပြီး ပထမထပ်ကဲ့သို့ ရုတ်တရက်သေနတ်များဖြင့်တိုက်ခိုက်ခြင်းမျိုး မရှိပေ။ လင်းဇီချန်ဘာသာ တွေးလိုက်မိခြင်းဖြစ်သည်။ နောက်တွင် ကျောက်ယွမ်ကျုံး၊ ကျန်းခိုင်နှင့် ရှန်ကွမ်းယွဲ့ယင်းတို့က လုံခြုံသည်ကိုမြင်သောအခါတွင် ချက်ချင်းပင် နောက်မှလိုက်လာကြသည်။ လင်းဇီချန်က တံခါးရှေ့တွင် ရပ်လိုက်ပြီး ပြထားသည့်ဖန်သားမျက်နှာပြင်ပေါ်ကို ကြည့်လိုက်သည်။

ဖန်သားမျက်နှာပြင်ပေါ်တွင် ကျောက်တုံး-စက္ကူ-ကတ်ကြေး ကစားနသောပုံလေးပေါ်လာသည်။

ထိုပုံ၏ဘေးတွင် စာတန်းများရှိသည်။

တစ်ခါနိုင်လျှင် သံတံခါးက နှစ်စင်တီမီတာပွင့်မည်။

တစ်ခါသရေကျလျှင် သံတံခါးက တစ်စင်တီမီတာပွင့်မည်။

တစ်ခါရှုံးလျှင် သံတံခါးက သုံးစင်တီမီတာ ပြန်ကျပြီး ကြမ်းတမ်းသောတိုက်ခိုက်မှုကို လုပ်ဆောင်မည်။

အခန်း (၂၃၆) အဖွဲ့အေ၊ဘီ၊စီသုံးဖွဲ့လုံးပြုတ်သွားပြီ

ကျောက်တုံး-စက္ကူ-ကတ်ကြေးလော။

လင်းဇီချန်သည် ဖန်သားမျက်နှာပြင်ပေါ်တွင် ပေါ်လာသောစာတန်းကြောင့် အနည်းငယ်မျှကြောင်သွားသည်။ ကျောက်တုံး-စက္ကူ-ကတ်ကြေးက ဉာဏ်စမ်းသည့်စမ်းသပ်ခြင်းဟုခေါ်သလော။

တစ်ခုခုမှားနေပြီမဟုတ်လား။

မြင်ရသည့်အတိုင်း မရိုးရှင်းနိုင်ပေ။ ဖုံးကွယ်ထားသည့် စက်ပစ္စည်းများရှိပေဦးမည်။

စိတ်ထဲတွင် ထိုသို့တွေးပြီး လင်းဇီချန်သည် တစ်ခုခုများထူးခြားနေမည်လားဟု ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သေးသည်။ အားလုံးက သတ္ထုဖြင့် လုပ်ထားခြင်းသာဖြစ်သည်။

မျက်နှာကြက်တွင် အလင်းရောင်ဖြာကျစေသောမီးလုံးလေးတစ်လုံးရှိသည်။ နံရံညာဘက်တွင် ပြတင်းပေါက်တစ်ပေါက်ရှိသည်။ ပြတင်းပေါက်ပေါ်က မှန်၍ ထူပြီးအလင်းပိတ်ထားသည်။ မှန်တစ်ခုသက်သက်သာဖြစ်၏။ ဘယ်ဘက်နံရံပေါ်တွင် လေစုပ်ပန်ကာရှိပြီး တဝှီဝှီမြည်နေကာ အထဲနှင့်အပြင်မှလေကို လည်ပတ်စေသည်။ ထိုအရာများမှလွဲ၍ အခန်းထဲတွင် ဘာမှမရှိပေ။

အခန်းကို ရိုးရှင်းစွာကြည့်ပြီးနောက်တွင် ထိုအဆင့်ကိုရှင်းနိုင်မည့်နည်းလမ်းသုံးမျိုးက စိတ်ထဲတွင် ဖျက်ကနဲပေါ်လာသည်။ အလုပ်ဖြစ်မဖြစ်သေချာရန်မှာမူ စမ်းကြည့်မှသိပေမည်။ သို့သော်လည်း အလျင်စလိုဖြင့် စမ်းစရာမလိုပေ။

ရှန်ချင်းဟန်ကို ဦးစွာလုပ်ခိုင်းရန် ဆုံးဖြတ်လိုက်သည်။ တစ်ချိန်တည်းတွင်ပင် နောက်မှလူလေးဦးသည် ထိုစာတန်းကိုဖတ်၍ ပဟေဠိဖြစ်သွားကြသည်။

''ကျောက်တုံး-စက္ကူ-ကတ်ကြေးလား။''

ရှန်ကွမ်းယွဲ့ယင်းက တွေဝေစွာဖြင့် ပြောလိုက်သည်။

''ဒါက ဘယ်လိုလုပ် ဉာဏ်စမ်းတာဖြစ်မှာလဲ။''

ကျောက်ယွမ်ကျုံးက ခေါင်းကုတ်ကာ အတော်လေးနုံချာဟန်ပေါက်ပေသည်။

''နည်းနည်းတော့ ဉာဏ်စမ်းတာနဲ့ဆိုင်မယ်ထင်တယ်။ စိတ်ပိုင်းဆိုင်ရာဂိမ်းမျိုး ဖြစ်လောက်တယ်။''

ကျန်းခိုင်ကမူ မထောက်ခံပေ။

''ငါတို့က ဒီထဲကပုံနဲ့ဆော့ရမှာ။ ခံစားချက်မရှိတဲ့ ကွန်ပျူတာပရိုဂရမ်လေ။ ဘယ်လိုလုပ် စိတ်ပိုင်းဆိုင်ရာဂိမ်းဖြစ်မှာလဲ။''

ရှန်ချင်းဟန်ကမူ ဘာမှမပြောပေ။ လှပသေးသွယ်သောမျက်ခုံးလေးကိုသာ အသာကြုတ်၍ စဉ်းစားနေဟန်ပေါ်သည်။

ကျန်းခိုင်က လင်းဇီချန်ဘက်သို့လှည့်ပြီး မေးလိုက်သည်။

''ဇီချန် နင်က အထက်တန်းကျောင်းတုန်းက မြို့အဆင့်ပြိုင်ပွဲတွေမှာတောင် ဆုရတယ်မလား။ နင်စဉ်းစားမိတာရှိလား။''

''မရှိဘူး။''

လင်းဇီချန်က လိမ်ပြောလိုက်ပေသည်။

ကျန်းခိုင်သည် အတော်လေးစိတ်ပျက်သွားကာ ရှန်ချင်းဟန်ဘက် လှည့်သွားပြန်သည်။

''ရှောင်ရှန် မင်းလည်း အဆင့်တွေအတော်လေးကောင်းတာကို ငါမှတ်မိတယ်။ မင်းရော ထင်တာရှိလား။''

''ပုံစံမှတ်မိခြင်းပြဿနာမျိုးလား။''

ကျန်းခိုင် တွေဝေသွားသည်။

သူသည် ကလေးဘဝက ပညာရေးပိုင်းတွင် အမြဲရုန်းကန်ခဲ့ရသည်။ အထက်တန်းကျောင်းပြီးနောက်တွင် လမ်းပေါ်က တေလေဂျပိုးပင် ဖြစ်သွားခဲ့ဖူးသည်။ ရှန်ချင်းဟန်ပြောသည်ကိုနားမလည်ပေ။

ကျောက်ယွမ်ကျုံးကလည်း နားမလည်ပေ။ အလယ်တန်းကျောင်းထွက်ကာ သိုင်းပညာကျောင်း၌ ကျောင်းသားဖြစ်လာသည်။ ကိုယ်ခံအားကောင်းသောကြောင့် ဆရာဖြစ်သူက စစ်တပ်ထဲသို့ ထည့်ပေးခဲ့ခြင်းဖြစ်သည်။ ထိုယောက်ျားလေးနှစ်ယောက်နှင့် မတူသည်မှာ ရှန်ကွမ်းယွဲ့ယင်းသည်သာ ထိပ်တန်းကျောင်းသားဖြစ်သည်။

သူမကမူ ရှန်ချင်းဟန်၏စကားကိုနားလည်သည်။

''ဂိမ်းကစားမဲ့ ဖုန်းမျက်နှာပြင်ပေါ်က ပုံလေးက အဲ့လိုလုပ်ဖို့ ပုံစံရှိတယ်လား။''

မိန်းကလေးနှစ်ဦးပြောသည်ကို နားထောင်ကြည့်သော်လည်း ကျောက်ယွမ်ကျုံးက ဝင်ပြောလိုက်သည်။

''ငါက မင်းတို့လောက် ဉာဏ်မကောင်းဘူး။ အဲ့လိုဆို ငါက အဲ့ပုံစံကို ခွဲခြားဖို့အချက်အလက်ပေးဖို့ ဒီပုံလေးနဲ့ ဆော့ရမဲ့ ငတုံးပေါ့။''

ကျန်းခိုင်က ပြောလိုက်သည်။

''ငါရောပဲ။''

ယောက်ျားလေးနှစ်ဦးလုံး ပြောနေသောကြောင့် လင်းဇီချန်ကလည်း ဝင်ပြောလိုက်သည်။

''ငါရောပဲ။''

''ငါအရင်စမ်းကြည့်မယ်။ ဆက်ပြီးမလုပ်နိုင်ဘူးဆိုရင် မင်းတို့နှစ်ယောက်လာလုပ်။''

ကျောက်ယွမ်ကျုံးသည် ရှန်ကွမ်းယွဲ့ယင်း အထင်ကြီးအောင် လုပ်ပြချင်နေသည်။ သူမနှင့်ဆက်ဆံရေးကို တိုးတက်စေရန်အတွက် ယောက်ျားအားကို ထုတ်ဖော်ပြသချင်နေသည်။ မကြာခင်တွင်ပင် ဖန်သားမျက်နှာပြင်ရှိရာသို့သွားကာ ထိုထဲမှရုပ်ပုံနှင့် မျက်နှာချင်းဆိုင် ရပ်လိုက်ပြီး ကျောက်တုံး-စက္ကူ-ကတ်ကြေးလုပ်ရန် ဟန်ပြင်လိုက်၏။

လက်မြှောက်လိုက်သောအခါတွင် ဖန်သားမျက်နှာပြင်ပေါ်မှရုပ်ပုံကလည်း လက်မြှောက်ကာ ကျောက်တုံး-စက္ကူ-ကတ်ကြေးလုပ်သည့်ဟန်ပန်လုပ်လိုက်သည်။

''အခု စကစားတော့မယ်။ မင်းတို့အားလုံးနောက်ဆုတ်နေကြ။ တကယ်လို့ ငါရှုံးသွားရင် တိုက်ခိုက်မှာစိုးလို့။ မင်းတို့ကို မထိခိုက်စေချင်ဘူး။''

ကျောက်ယွမ်ကျုံးက မိန်းကလေးနှစ်ယောက်အတွက် စဉ်းစားကာ ပြောလိုက်ခြင်းဖြစ်သည်။ မိန်းကလေးများကလည်း ချက်ချင်းပင် နောက်သို့ခြေလှမ်းဆုတ်သွားကြသည်။ သို့သော် အကြည့်များကမူ ထိုဖန်သားမျက်နှာပြင်ပေါ်တွင်ရှိကာ ထိုပုံ၏လှုပ်ရှားမှုများကို မှတ်သားရန် အဆင်သင့်ပြင်နေသည်။

မိန်းကလေးများ နောက်ဆုတ်သွားသည်ကိုမြင်သောကြောင့် ကျောက်ယွမ်ကျုံးလည်း အချိန်မဖြုန်းတော့ဘဲ ချက်ချင်းပင်ကျောက်တုံး-စက္ကူ-ကတ်ကြေးကို စကစားတော့သည်။ အချို့သောအကြောင်းရင်းများကြောင့် အစကောင်း၍ ၎င်းကနိုင်သွားသည်။ သူက ကျောက်တုံးလုပ်၍ ရုပ်ပုံက ကတ်ကြေးလုပ်သည်။

[ဂုဏ်ယူပါတယ်။ သင်နိုင်ပါပြီ။]

ထိုစကားလုံးများက မျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။ နောက်တွင် သံတံခါးက အလိုအလျောက် ပင် နှစ်စင်တီမီတာပွင့်လာကာ အောက်ခြေ၌ အပေါက်သေးသေးလေးစာ ဟသွားသည်။

"မဆိုးဘူး။ ကံကောင်းသားပဲ။"

ကျောက်ယွမ်ကျုံးက ပြုံး၍ ပြောလိုက်သည်။

ပြုံးလိုက်ရင်းဖြင့်ပင် မျက်နှာပြင်ပေါ်မှ အချိန်ဆယ်စက္ကန့်ရေသည့်စာတန်းပေါ်လာပြန်သည်။

၁၀

၉

၈

....

၃

၂

၁

နောက်ထပ်ကစားပွဲအသစ်စတင်ပါပြီ။

စက္ကန့်ရေခြင်းပြီးဆုံးသွားသည့်အခါတွင် ပုံရိပ်သည်ချက်ချင်းပင် လက်မြှောက်ကာ ထပ်ကစားပြန်သည်။ ရုတ်တရက်ဆန်သောအပြုအမူကြောင့် ကျောက်ယွမ်ကျုံးလည်း မတုံ့ပြန်လိုက်နိုင်ပေ။ ထိုရုပ်ပုံက ကတ်ကြေးလုပ်သည်။ ကျောက်ယွမ်ကျုံးကမူ အချိန်မီမတုံ့ပြန်လိုက်နိုင်သောကြောင့်ဘာမှမလုပ်လိုက်ရပေ။

[ကံမကောင်းစွာနဲ့ သင်ရှုံးသွားပါပြီ။]

ထိုစာတန်းပေါ်လာပြီးနောက်တွင် နှစ်စင်တီမီတာပွင့်နေသောသံတံခါးက အောက်သို့ပြုတ်ကျသွားကာ ပိတ်သွားသည်။ တစ်ချိန်တည်းတွင်ပင် လင်းဇီချန်မှလွဲ၍ ကျန်သောသူအားလုံးသည် မျက်နှာအမူအရာပျက်၍ နာသဖြင့် အော်လိုက်မိကြသည်။ ဂိမ်းရှုံးသည့်အတွက် အပြစ်ဒဏ်က တစ်ခန်းလုံးကို လျှပ်စစ်ရှော့တိုက်လိုက်ခြင်းပင် ဖြစ်သည်။ လျှပ်စစ်ပြင်းအားက အတော်လေးမြင့်သည်။

အခြေခံအဌမအဆင့်သာရှိသော ရှန်ချင်းဟန်နှင့် ရှန်ကွမ်းယွဲ့ယင်းတို့သည် ကြမ်းပြင်ပေါ်သို့ ပုံလဲသွားကာ မျက်နှာက အတော်လေးရှုံ့မဲ့သွားကြသည်။ ကျောက်ယွမ်ကျုံးကမူ အနည်းငယ်မျှတော်သေးသည်။ သံတံခါးအကူအညီဖြင့် မတ်တတ်ရပ်နိုင်သေးသည်။ ကျန်းခိုင်ကအဆိုးဆုံးဖြစ်၏။ ခန္ဓာကိုယ်တွင် အီလက်ထရောနစ်အစိတ်အပိုင်းများစွာ ပါသောကြောင့် လျှပ်စစ်ရှော့တိုက်ခံလိုက်ရသောအခါတွင် တစ်ခြမ်းက အကြောသေသွားသည်။

ထိုလေးဦးဖြင့်နှိုင်းစာလျှင် လင်းဇီချန်က အတော်လေးအခြေအနေကောင်းသည်။ သူသည် ခန္ဓာကိုယ်သန့်စင်ခြင်းတတိယအဆင့်အောင်မြင်ထားပြီးဖြစ်သောကြောင့် ခန္ဓာကိုယ်ကြံ့ခံနိုင်စွမ်းက အဆင့်မြင့်အဆင့်ဒုတိယအဆင့် သက်ရှိဖြင့်ပင် ယှဉ်နိုင်လေ၏။

အခန်း (၂၃၇) အဖွဲ့အေ၊ဘီ၊စီသုံးဖွဲ့လုံးပြုတ်သွားပြီ (၂)

လင်းဇီချန်သည်မူ ခန္ဓာကိုယ် အနည်းငယ်ထုံသွားသည်ကလွဲ၍ အခြားဘာမှမဖြစ်ပေ။ မျက်စိရှေ့တွင် အချက်အလက်တစ်ခု ပေါ်လာသည်။

(သင်သည် စွမ်းအားဖြင့်လျှပ်စစ်ရှော့ခ်တိုက်ခိုက်ခြင်းခံခဲ့ရပါသည်။ လျှစ်စစ်ခံနိုင်စွမ်း ၁+ ၁+ ၁+ ၁+ ၁+---)

ပို၍ဓာတ်လိုက်ခံရလေလေ လျှပ်စစ်ခံနိုင်စွမ်း ပို၍မြင့်လေလေပင် ဖြစ်သည်။

…

ဆယ်စက္ကန့်ခန့်ကြာပြီးနောက်တွင် လျှပ်စစ်ရှော့ခ်တိုက်ခြင်း ရပ်သွားသည်။ မိန်းကလေးများက ဆိုးဆိုးဝါးဝါးရှော့ခ်တိုက်ခံရကာ မြေကြီးပေါ်တွင် ထိုင်ချပစ်ကြပြီး ခြေထောက်များက အားနည်းသွားသောကြောင့် မတ်တတ်ပင်မရနိုင်ကြတော့ပေ။ ကျန်းခိုင်က ပိုဆိုးသည်။ သူ၏အီလက်ထရောနစ်အစိတ်အပိုင်းတော်တော်များများ ပျက်စီးသွားပြီး နေရာတွင်ပင် မသန်စွမ်းလူအဖြစ်ပြောင်းသွားကာ လက်ပင် မမြှောက်နိုင်တော့ပေ။

ခန္ဓာကိုယ်ကြံ့ခိုင်သောကျောက်ယွမ်ကျုံးသည်သာ မတ်တတ်ရပ်နိုင်ပေသည်။

''လင်းဇီချန် မင်က ဘာလို့ ဘာမှမဖြစ်တာလဲ။''

လင်းဇီချန်သည် ဘာမှမဖြစ်သကဲ့သို့ ရပ်နေသည်ကို မြင်လိုက်ရသောအခါတွင် ကျောက်ယွမ်ကျုံးက တွေဝေသွားကာ ချက်ချင်းပင် မေးလိုက်သည်။ လင်းဇီချန်က ရှင်းပြလိုက်၏။

''ငါငယ်ငယ်လေးကတည်းက ဓာတ်လိုက်တာကို လုံးဝမကြောက်ဘူး။ ငါ့ရဲ့လျှပ်စစ်ခံနိုင်စွမ်းက သာမန်သူတွေထက် မြင့်တယ်။''

ကျောက်ယွမ်ကျုံး မျက်လုံးပြူးကျယ်သွားသည်။

''တကယ်လား။ အဲ့လိုမျိုး ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံမျိုး ရှိတယ်ပေါ့။''

၁၀

၉

....

ရေတွက်ခြင်းက တစ်ဖန် ပြန်ပေါ်လာပြန်သည်။ ရှန်ကွမ်းယွဲ့ယင်းက သတိထားမိသောကြောင့် ချက်ချင်းပင် ကျောက်ယွမ်ကျုံးကို လှမ်းအော်၍ သတိပေးလိုက်သည်။

''ခေါင်းဆောင် နောက်ထပ်ဂိမ်းပွဲက စနေပြီ။''

သူမပြောသောအခါမှ ကျောက်ယွမ်ကျုံးက အာရုံစိုက်မိသွားပြီး အမြန်ပင် ဖန်သားမျက်နှာပြင်ဖြင့် မျက်နှာချင်းဆိုင်၌ ရပ်နေကာ ဂိမ်းဆော့ရန် အဆင်သင့်ပြင်လိုက်သည်။ စတင်ရေတွက်ခြင်း ပြီးဆုံးသည်နှင့် ထိုရုပ်ပုံနှင့် ကျောက်တုံး-စက္ကူ-ကတ်ကြေးကို ချက်ချင်းတန်းဆော့၏။

နှစ်ဦးလုံးက စက္ကူကို ရွေးလိုက်ကြသည်။ သရေပင်ဖြစ်သည်။

(မဆိုးပါဘူး။ သရေကျပါတယ်။)

ထိုစာသားပေါ်လာပြီးနောက်တွင် တင်းကျပ်စွာစေ့ထားသောသံတံခါးက အပေါ်သို့ တစ်စင်တီမီတာခန့် အလိုအလျောက်တက်သွားသည်။ ထို့နောက်တွင် ရေတွက်ခြင်း ထပ်မံပေါ်လာပြန်သည်။

၁၀

၉

၈

၇

....

''သေစမ်း။ ထပ်စနေပြီလား။''

ရေတွက်နေသည်ကိုကြည့်ပြီး ကျောက်ယွမ်ကျုံးက မွေးညင်းပေါက်အထိပင် ထုံကျင်သွားသည်ဟု ခံစားလိုက်ရသည်။ လင်းဇီချန်က အကြံပေးလိုက်လေသည်။

''ဂိမ်းကို စဆော့မိပြီဆိုတာနဲ့ ဒီအဆင့်ကိုမနိုင်မချင်း မရပ်လောက်ဘူး။''

ထိုစကားကို ကြားသောအခါတွင် ကျောက်ယွမ်ကျုံးသည် သွေးအန်မိပြီဟုပင် ခံစားရပေသည်။

''င့ါကိုနားခိုင်းပါဦး။ ဘယ်လိုမျိုး မကောင်းလိုက်တဲ့အဆင့်ကြီးလဲ။''

အမြန်ပင် ရေတွက်ခြင်းက ပြီးဆုံးသွားသည်။ ကျောက်ယွမ်ကျုံးနှင့် ထိုရုပ်ပုံလေးတို့က ဂိမ်းကို ထပ်ကစားကြပြန်သည်။ လူက စက္ကူကိုရွေးပြီး ရုပ်ပုံက ကတ်ကြေးကိုရွေးလိုက်သည်။

(ကံမကောင်းစွာဘဲ သင်ရှုံးသွားပါပြီ။)

“အား”

အော်သံကြီးနှင့်အတူ လင်းဇီချန်မှလွဲ၍ ကျန်လူလေးဦးသည် ထပ်မံ၍ ရှော့ခ်တိုက်ခံလိုက်ရပြန်သည်။ တစ်စင်တီမီတာပွင့်နေသောသံတံခါးကလည်း ထပ်မံ၍ ပိတ်သွား၏။ ဆယ်စက္ကန့်ခန့်ကြာပြီးနောက်တွင် လျှပ်စစ်ရှော့ခ်တိုက်ခြင်းလည်း ပြီးဆုံးသွားသည်။

ရှန်ချင်းဟန်နှင့် ရှန်ကွမ်းယွဲ့ယင်းတို့သည် နံရံကိုသာအားပြုနေကြရကာ ထပင်မထနိုင်တော့ပေ။ ကျောက်ယွမ်ကျုံးကမူ မြေကြီးပေါ်တွင် ဒူးထောက်လျက်သားဖြင့် တုန်လှုပ်နေသည်။ ကျန်းခိုင်က အဆိုးဆုံးဖြစ်သည်။ မျက်နှာသည်ပင် ဖျော့တော့နေရှာ၏။ လင်းဇီချန်တစ်ယောက်သာ ဘာမှမဖြစ်သည့်ပုံပေါက်သည်။

၁၀

၉

....

ရေတွက်ခြင်း စတင်ပြန်လေပြီ။

ခံနိုင်ရည်မရှိတော့သောကြောင့် ကျောက်ယွမ်ကျုံးသည် ဘေးဖယ်ပေးကာ လင်းဇီချန်ကို ပြောလိုက်သည်။

''ငါတော့ ထုံနေပြီ။ ထပ်ပြီးမရပ်နိုင်တော့ဘူး။ မင်းက လျှပ်စစ်မကြောက်ဘူးမလား။ မင်းအလှည့်ပဲ။''

''ကောင်းပြီ။''

လင်းဇီချန်က ပြန်ဖြေကာ ဖန်သားမျက်နှာပြင်ရှေ့သို့ လျှောက်သွားသည်။

၂

၁

နောက်ထပ်ဂိမ်းစတင်လေပြန်သည်။ ရေတွက်ခြင်းဆုံးသွားသည့်အခါ၌ ရုပ်ပုံနှင့်လင်းဇီချန်တို့ စတင်ကစားကြလေသည်။ သူသည် ကတ်ကြေးရွေးပြီး ရုပ်ပုံက ကျောက်တုံးကိုရွေးသည်။

(ကံမကောင်းစွာနဲ့ဘဲ သင်ရှုံးနိမ့်သွားပါပြီ။)

စာတန်းပေါ်လာသောအခါ၌ သံတံခါးက ချက်ချင်းပင် ရှော့ခ်တိုက်လိုက်ပြန်သည်။

''အား!''

ရှန်ချင်းဟန်နှင့်အခြားသူများသည်လည်း ထပ်မံ၍ ထုံကျင်သွားရပြန်သည်။ လင်းဇီချန်ကမူ ဆက်ကစားသည်။ (၆)ကြိမ်ကစားသည်တွင် တစ်ကြိမ်နိုင်၍ တစ်ကြိမ်သရေကျသည်။ လေးကြိမ်ရှုံးသည်။

''လင်းဇီချန် နင် ကျောက်တုံး-စက္ကူ-ကတ်ကြေးကို ဘယ်လိုကစားရမလဲဆိုတာရော သိလား။ ခြောက်ခါမှာ လေးခါရှုံးတယ်။ ငါတို့ကို ဓာတ်လိုက်ပြီးသေအောင်လုပ်နေတာလား။''

ကျောက်ယွမ်ကျုံးက စောဒကတက်လိုက်လေသည်။

မြေကြီးပေါ်တွင် အကြေသေနေပြီဖြစ်သောကျန်းခိုင်ကမူ မနည်းခေါင်းထကာ ရှန်ချင်းဟန်ကို လှည့်ကြည့်လိုက်သည်။

''ရှောင်ရှန် နင်ဘာပုံစံကိုသဘောပေါက်လဲ။'

ရှန်ချင်းဟန်က ခေါင်းခါပြလိုက်သည်။

''ခုထိဘာမှမသိသေးဘူး။ ဥပမာကအရမ်းနည်းလွန်းသေးတယ်။''

ကျန်းခိုင်စိတ်ဓာတ်ကျသွားသည်။ ထိုအဆင့်ကို ကျော်နိုင်ကြတော့မည်မဟုတ်ပေ။ စက်ပြုပြင်လူသားကို တမင်သက်သက်ညှင်းပန်းနေခြင်းနှင့်ပင် တူလေသည်။

၁၀

၉

....

မကြာခင်ပင် ကျောက်တုံး-စက္ကူ-ကတ်ကြေးကစားခြင်းကို စတင်လေပြီ။ တစ်ပွဲပြီးတစ်ပွဲဆော့ပြီးနောက်တွင် လင်းဇီချန်၏မျက်နှာက ရှုံ့မဲ့သွားသည်။ ဆယ်ကြိမ်ကြိုးစားပြီးနောက်တွင် ခုနစ်ခါရှုံးသောကြောင့် ကျန်လေးဦးမှာ ဓာတ်လိုက်ပြီးသေတော့မည်ဖြစ်သည်။ အားလုံးသည် အားအင်ကင်းမဲ့စွာဖြင့် မြေကြီးပေါ်တွင် လဲလျောင်းနေကြရှာသည်။

ခန္ဓာကိုယ်များကလည်း တွန့်လိမ်ပြီး မျက်နှာများကလည်း ထိတ်လန့်နေကြသည်။ လင်းဇီချန်က ကျန်လေးယောက်ကို ပြန်လှည့်ကြည့်လိုက်သည်။ နာကျင်ရသော်လည်း ဒဏ်ရာကမပြင်းသောကြောင့် စိတ်ချသွားကာ ဆက်ကစားပြန်သည်။ ကျန်းခိုင်သည်မူ အီလက်ထရောနစ်အစိတ်အပိုင်းများ ပျက်စီးယုံသာဖြစ်ပြီး ၎င်းကိုယ်တိုင်က မခိုက်မိသောကြောင့် များများစားစားဘာမှမဖြစ်ပေ။

''ရှောင်ချန် ငါ့လည်ပင်းထုံနေပြီ။ ခေါင်းမော့ပြီးတောင် မကြည့်နိုင်တော့ဘူး။''

ရွေ့လျားနိုင်ခြင်းအခြေအနေမျိုးမရှိသော ရှန်ချင်းဟန်သည်မူ အားဖျော့သောအသံလေးဖြင့် လင်းဇီချန်ကို အကူအညီတောင်းလိုက်သည်။ လင်းဇီချန်ကိုကူ၍ ဂိမ်းကိုကြည့်ပေးချင်သော်လည်း မတတ်နိုင်ရှာပေ။

''အဲ့လိုဆို ဒါကိုကြည့်ဖို့ မင်းကိုပွေ့ချီပေးမယ်။''

သူသည် ရှန်ချင်းဟန်ဆီသို့ လျှောက်သွားပြီး ခန္ဓာကိုယ်ကိုကိုင်း၍ သူမကို မလိုက်သည်။ အားမစိုက်ထုတ်ရဘဲ လက်တစ်ဖက်တည်းဖြင့် မလိုက်ခြင်းဖြစ်သည်။

သူမကို သူ၏လက်ဖျံပေါ်တွင် ထိုင်ခိုင်းပြီး ရင်ဘတ်ကိုမှီထားစေကာ ခေါင်းကို ပုခုံးထက်တွင် တင်ထားစေသည်။ အဖေက သမီးငယ်ကို ပွေ့ချီထားသည့်ပုံနှင့်တူသည်။ အားကြီးခြင်းက အမှီအခိုကင်းခြင်းကို ဖြစ်စေသည်။

၃

၂

....

နောက်ထိပ်ဂိမ်းစတင်တော့မည်ဖြစ်သည်။ ထိုသည်ကို မြင်သောအခါတွင် လင်းဇီချန်က အမြန်ပင် ရှန်ချင်းဟန်ကို ကြည့်ခိုင်းလိုက်သည်။ ရေတွက်၍ ပြီးသွားသောအခါ၌ စတင်ကစားကြပြန်သည်။ သူသည် ကတ်ကြေးကိုရွေးပြီး ပုံရိပ်က ကျောက်တုံးကိုရွေးသည်။

(ကံမကောင်းစွာဖြင့် သင်ရှုံးသွားပါပြီ။)

''အား''

အခန်းထဲမှလူများ ထုံကျင်သွားပြန်သည်။ ရှန်ချင်းဟန်ကမူ မအော်ပေ။ သို့သော် သူမသည်လည်း ဓာတ်လိုက်ခံရသောကြောင့်ပါးစပ်လေးသာ အသာဟနိုင်တော့သည်။ မည်မျှပင် အဆင်မပြေသော်လည်း ထိုအဆင့်ကို အောင်နိုင်ရန်အတွက် သည်းခံရပေဦးမည်။ ပုံရိပ်၏လှုပ်ရှားမှုတိုင်းကို မှတ်ပြီးနောက်တွင် ပုံစံကွက်ဖော်ရန် ကြိုးစားကြည့်သည်။ ကံမကောင်းစွာဖြင့် ကံကြမ္မာက သူ့ဘက်တွင် မရှိပေ။

နောက်တွင်မူ လင်းဇီချန်စာသည် ဂိမ်းကို (၂၃)ကြိမ်တိတိကစားသော်လည်း ရှန်ချင်းဟန်သည် မည်သည့်ပုံစံကိုမှ မမှတ်မိနိုင်သေးပေ။ ဂိမ်း၏ရုပ်ပုံလေးတွင် မည်သည့်ပုံစံမှ ရှိမနေပေ။

''ရှောင်ချန် ငါထပ်မလုပ်နိုင်တော့ဘူး။ ထပ်ပြီးသာ ဓာတ်လိုက်ရင် င့ါဘာသာ စိုအောင်လုပ်မိလောက်ပြီလို့ ခံစားနေရတယ်။'’

All Chapters