← Chapters

အပိုင်း ၂၃၈-၂၄၀

Vol. 16 Ch. 238-240

အပိုင်း ၂၃၈-၂၄၀

Vol. 16 Ch. 238-240

အခန်း (၂၃၈) အဖွဲ့အေ၊ဘီ၊စီသုံးဖွဲ့လုံးပြုတ်သွားပြီ (၃)

ရှန်ချင်းဟန်သည် ခြေထောက်ကို တင်းတင်းကျပ်ကျပ်စေ့ထားပြီး လင်းဇီချန်နားနားသို့ တိုးကာ တီးတိုးလေးပြောလိုက်သည်။ အသိစိတ်က ဝေဝါးနေပြီဖြစ်ပြီး တဖြည်းဖြည်းဖြင့် ခန္ဓာကိုယ်ထိန်းချုပ်မှုက ကင်းမဲ့လာသည်။ ခန္ဓာကိုယ်တွင်းမှ ရေကိုလည်း ဆက်ပြီးထိန်းမထားနိုင်တော့ဟု ခံစားမိလာသည်။ ရေများက ထွက်လာတော့မည်ဖြစ်သည်။ အားလုံးရှေ့တွင် ဘောင်းဘီစိုမည်ကို ရှောင်ရှားရန်အတွက် သူမက ထိုအဆင့်ကိုမြန်မြန်လက်စသတ်ရန်သာ လင်းဇီချန်ကို အကူအညီတောင်းလိုက်ရသည်။

''ငါနားလည်ပြီ။''

လင်းဇီချန်က ပြော၍ ရှန်ချင်းဟန်ကို ပြန်ချလိုက်သည်။ ထို့နောက်တွင် ပြတင်းပေါက်သို့ အမြန်သွားကာ မှန်ကိုခွဲ၍ အပိုင်းအစတစ်ခုကို ယူလိုက်သည်။ ထို့နောက်တွင် ရေတွက်ခြင်းမပြီးဆုံးခင်တွင် ဖန်သားမျက်နှာပြင်ရှေ့သို့ ပြန်သွားကာ ထိုပေါ်က ရုပ်ပုံလေး၏ရှေ့၌ မှန်ကို ထားထားလိုက်သည်။ ရည်ရွယ်ချက်မှာ ရုပ်ပုံလေးက ကျောက်တုံး-စက္ကူ-ကတ်ကြေးကစားသည်ကို မှန်ထဲတွင် ရောင်ပြန်ဟပ်စေကာ သရေပွဲကျအောင် လုပ်ရန်ဖြစ်သည်။ အလုပ်ဖြစ်မဖြစ်ကမူ လင်းဇီချန်လည်း မသေချာပေ။

မည်သို့ပင်ဖြစ်စေ ကြိုးစားကြည့်ရမည်။ အလုပ်မဖြစ်လျှင် အခြားနည်းလမ်းကို စမ်းကြည့်မည်။ ယခုတွင်မူ လှည့်စားခြင်းနည်းလမ်းသာဖြစ်၏။ ထိုသို့အလုပ်မဖြစ်လျှင် တံခါးကို အားဖြင့် ချိုးဖျက်ရတော့ပေမည်။ သူ၏နောက်တွင်မူ ရှန်ချင်းဟန်နှင့်အခြားသူများက မျက်လုံးအပြူးသားဖြင့် လင်းဇီချန်အပြုအမူကို ကြည့်နေကြသည်။ လင်းဇီချန်၏နည်းလမ်းအလုပ်ဖြစ်မဖြစ်ကို ဖန်သားမျက်နှာပြင်ကို ငေးကြည့်နေမိကြသည်။

၃

၂

၁

(နောက်ထပ်တစ်ချီစတင်ပါပြီ။)

ရေတွက်ပြီးသွားပြီးနောက်တွင် ရုပ်ပုံလေးသည် မှန်မျက်နှာပြင်နှင့်မျက်နှာချင်းဆိုင်ကာ ကစားပေးသည်။ ထိုအချိန်တွင် ရှန်ချင်းဟန်နှင့်အခြားသူများမှာ စိတ်ပူပန်နေကြပေသည်။ အားလုံး၏အာရုံကြောများသည်ပင် တင်းမာနေသည်။ မိမိတို့ဘာသာ ကျရောက်လာမည့်လျှစ်စ်မှ ပွေ့ဖက်ထားမိကြသည်။ မကြာခင်တွင်ပင် ဖန်သားမျက်နှာပြင်ပေါ်၌ စာတန်းတစ်ခု ပေါ်လာသည်။

(မဆိုးပါဘူး။ သရေကျပါတယ်။)

တင်းကျပ်သောသံတံခါးက အလိုအလျောက်ပင် အပေါ်သို့ တစ်စင်တီမီတာတိုးသွားသည်။ ကျောက်ယွမ်ကျုံးက ပြောလိုက်၏။

''အလုပ်ဖြစ်တယ်လား။''

ကျန်းခိုင် : ''ဟဲ့လူ။ ဒီအဆင့်ကိုနိုင်ဖို့ အဲ့လောက်တောင်ရိုးရှင်းလို့လား။ ငါတို့ဓာတ်မလိုက်တော့ဘူး။''

ရှန်ကွမ်းယွဲ့ယင်းကလည်း ပြောလိုက်သည်။

''လင်းဇီချန်က ဉာဏ်ကောင်းလိုက်တာ။''

ရှန်ချင်းဟန်ကမူ ဘာမှမပြောပေ။ လှပသောမျက်ခုံးလေးကို ကြုတ်၍သာ စိတ်ပျက်နေမိသည်။ သူမ၏လေ့လာနိုင်စွမ်းကသာ အနည်းငယ်ကောင်းခဲ့ပါလျှင် မည်သူတစ်ဦးတစ်ယောက်မှ အကြိမ်ပေါင်းများစွာ ရှော့ခ်တိုက်ခံရမည်မဟုတ်ပေ။ အတွေးများက အဆင်မပြေလှပေ။

ထိုသို့တွေးနေရင်းဖြင့် ရှန်ချင်းဟန် အတွေးထဲတွင်နစ်မျောသွာ၏။ သူမသည် လင်းဇီချန်နှင့်မိမိကြားက ခြားနားချက်ကို သဘောပေါက်သွားသည်။ တိုက်ပွဲစွမ်းအားတွင် ကွာခြားနေယုံသာမက ဉာဏ်ပညာအပိုင်းတွင်လည်း ကွာခြားလွန်းလှသည်။ ကွာခြားချက်က ကြီးလှသောကြောင့် အမှီလိုက်နိုင်ရန်လမ်းကိုပင် မမြင်ရတော့ပေ။

လင်းဇီချန်ကမူ ရှန်ချင်းဟန်၏ပုံမှန်မဟုတ်သောအပြုအမူကို သတိထားမိသောကြောင့် ပြောလိုက်သည်။

''လုပ်လိုက်ကြစို့။ ငါလည်းအစက ပုံစံရှာဖို့ကိုပဲ တွေးမိတာပါ။''

''ဘယ်နည်းလမ်းက မှန်မမှန်ဆိုတာ ဘယ်သူမှမသေချာဘူးလေ။''

''ငါတို့တစ်ခုပြီးတစ်ခု စမ်းသပ်ကြည့်ယုံတင်ပဲကိုး။''

ပြောပြီးနောက်တွင် လင်းဇီချန်က ထပ်ပြောလိုက်သည်။

''ငါတို့မကြိုးစားကြည့်ဘဲနဲ့ ဒီအဆင့်ကို အဲ့လောက်မြန်မြန်ရှင်းနိုင်မဲ့ နည်းလမ်းကို ရှာတွေ့မှာမဟုတ်ဘူးလေ။''

''တကယ်ပါ။''

ရှန်ချင်းဟန်၏မျက်နှာက အနည်းငယ်မျှ ပြုံးရိပ်သန်းသွားသည်။ သို့သော်လည်း အပြုံးက အတော်လေးအားတင်းကာ ဟန်ဆောင်ပြုံးလိုက်ခြင်းမျိုးသာ ဖြစ်၏။

သူမက ငတုံးမဟုတ်ပေ။ လင်းဇီချန်က မိမိကို နှစ်သိမ့်ပေးနေခြင်းဖြစ်သည်ကို သိသည်။ ထိုအဆင့်ကိုရှင်းနိုင်ရန် နည်းလမ်းများစွာရှိပေမည်။ သို့သော် အစမှအဆုံးထိ သူမသည် ပုံစံရှာရန် နည်းလမ်းတစ်ခုကိုသာ တွေးမိကာ စမ်းသပ်ကြည့်ရန်ပင် အခွင့်အရေးမရခဲ့ဘဲ ကျရှုံးခဲ့ရသည်။

(မဆိုးပါဘူး။ သရေကျပါတယ်။)

(မဆိုးပါဘူး။ သရေကျပါတယ်။)

....

(မဆိုးပါဘူး။ သရေကျပါတယ်။)

.....

ထိုစာသားများက ဖန်သားမျက်နှာပြင်ပေါ်တွင် ပေါ်လာကာ နောက်ဆုံးတွင် သံတံခါးသည် သုံးဆယ်စင်တီမီတာအကျယ်ခန့်ပွင့်သွားသည်။ ၎င်းတို့သည် တစ်ယောက်ပြီးတစ်ယောက် ထိုအပေါက်ထဲမှ ဝင်သွားကြပြီး အောင်မြင်စွာဖြင့် ဒုတိယအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့သည်။ အမြန်ပင် အပေါ်ထပ်သို့ တက်ကြကာ တတိယထပ်သို့ ရောက်သွားကြသည်။

ဒုတိယထပ်မှထွက်ခွာပြီး ဝင်လိုက်လျှင်ဝင်လိုက်ချင်းပင် နံရံပေါ်၌ ပြသထားသည့်မျက်နှာပြင်တစ်ခုကို တွေ့လိုက်ရသည်။ အခြားအဖွဲ့များက စိန်ခေါ်ပွဲကို ရှင်းလင်းနေသည်ကို ပြသထားခြင်းဖြစ်၏။ လင်းဇီချန်သည် ရှေ့သို့ထွက်ကာ စစ်ဆေးကြည့်ပြီး အဖွဲ့အေ၊ဘီ၊စီတို့သည် တတိယအဆင့်ကိုမကျော်နိုင်သေးဘဲရှိသေးသည်ကို တွေ့လိုက်ရသည်။ အခြားလေးဦးလည်း ဝိုင်းကြည့်ကြပေသည်။ ၎င်းတို့ကြားထဲတွင် ကျောက်ယွမ်ကျုံးက အတော်လေးအံ့အားသင့်နေပုံပေါ်သည်။

''သူတို့ခုထိ အဲ့အဆင့်မှာပဲရှိသေးတာလား။''

ရှန်ကွမ်းယွဲ့ယင်း မျက်မှောင်ကြုတ်လိုက်ပြီး

''ငါတို့ဒုတိယစိန်ခေါ်ပွဲကိုဝင်ခါစတုန်းကလည်း သူတို့တွေတတိယအဆင့်မှာပါပဲ။ အခုအဲ့လောက်တောင်ကြာနေပြီ။ ခုထိမရှင်းနိုင်ကြသေးဘူး။ တတိယစိန်ခေါ်ပွဲက အဲ့လောက်တောင်ခက်တယ်လား။''

ကျန်းခိုင်၏မျက်နှာကမူ ရှုံ့တွနေသည်။

''ငါတို့အဖွဲ့က အားနည်းနေပြီးသား။ ဒုတိယအဆင့်ကိုဖြတ်ဖို့လည်း အတော်လေးအားသုံးထားရတာ။ အခုကို အားကနည်းနေပြီ။ တတိယအဆင့်ကိုကျော်ဖို့ ခက်မဲ့ပုံပဲ။''

ရှန်ချင်းဟန်က ဘာမှမပြောတော့ပေ။ သွေးလည်ပတ်မှုကောင်းရန်အတွက် သူမ၏ခန္ဓာကိုယ်ကိုသာ နှိပ်နှယ်ပေးနေသည်။ လင်းဇီချန်နှင့်အတူရှိနေသဖြင့် ထိုအဆင့်များကိုဖြတ်ကျော်ရန် စိတ်မပူပေ။

သူမစိတ်ပူမိသည်မှာ သူမသည် ထင်ရှားသောနေရာမှ ကောင်းကောင်းပါဝင်ကစားနိုင်ပါမည်လားဆိုသည်ကိုပင် ဖြစ်၏။ အခက်အခဲနှင့်ရင်ဆိုင်ရတိုင်း လင်းဇီချန်က လာကယ်ပေးနေရသည်။

''အားလုံးလည်း အားအများကြီးသုံးထားကြတာ။ ခဏလောက်ထိုင်နားကြမယ်ဆိုရင်ရော ဘယ်လိုလဲ။''

လင်းဇီချန်က အကြံပြုလိုက်သည်။

ကျန်းခိုင်က ဦးစွာသဘောတူလိုက်သည်။

''တကယ်တော့ ငါတို့နားသင့်ပြီ။ င့ါခန္ဓာကိုယ်ပေါ်က အီလက်ထရောနစ်အစိတ်အပိုင်းတွေလည် းတော်တော်လေးချွတ်ယွင်းနေပြီ။ ပြန်စစ်ဆေးကြည့်ရဦးမယ်။ တိုက်ခိုက်မဲ့အားကောင်းလာအောင်လို့ တတ်နိုင်သမျှ မြန်မြန် ပြန်ပြင်ရမယ်။''

ကျောက်ယွမ်ကျုံးက ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။

''အဲ့လိုဆို အားလုံးနားကြတာပေါ့။ ငါတို့ရဲ့တိုက်ခိုက်စွမ်းအားက အတော်လေးပြန်ကောင်းသွားပြီဆိုတာနဲ့ အထဲဝင်ပြီး တတိယအဆင့်ကို စိန်ခေါ်ကြတာပေါ့။''

ထို့ကြောင့် ငါးဦးသား တတိယစိန်ခေါ်ပွဲဝင်ပေါက်ရှေ့တွင် ရပ်ကာ ခေတ္တမျှ အနားယူကြသည်။

လင်းဇီချန်က ရှန်ချင်းဟန်ဆီသို့သွားကာ သိမ်မွေ့သောအသံဖြင့် ပြောလိုက်၏။

''ဟန်ဟန် ဒီကို လာထိုင်ပါဦး။ မင်းသက်သာအောင်လို့ ငါနှိပ်ပေးမယ်။''

''ကောင်းပြီ။''

ရှန်ချင်းဟန်ကမူ နာခံစွာဖြင့် လင်းဇီချန်ရှေ့တွင် ထိုင်လိုက်သည်။ ထို့နောက်တွင် ခြေထောက်ဆန်ပေးလိုက်ပြီး လင်းဇီချန်က သူမ၏ပေါင်ကို နှိပ်ပေးလေသည်။ သူ၏နှိပ်သည့်နည်းစနစ်သည် ကျွမ်းကျင်အနှိပ်သည်ထက်ပင် ပို၍အရည်အချင်းရှိသည်။ ဈေးကွက်တွင်သာ အလုပ်လုပ်လျှင် တစ်နာရီလျှင် ယွမ်တစ်ထောင်ကျသင့်ပေမည်။

''နှိပ်ပေးမဲ့ကောင်လေးရှိတာ ကောင်းလိုက်တာ။''

ရှန်ကွမ်းယွဲ့ယင်းက မနာလိုသောမျက်နှာဖြင့် ပြောလိုက်သည်။ ထိုစကားကို ကြားသောအခါတွင် ကျောက်ယွမ်ကျုံးက ချက်ချင်းပင် ရှေ့ထွက်လာပြီး ကမ်းလှမ်းလိုက်၏။

''မင်းစိတ်မဆိုးဘူးဆိုရင် ငါမင်းကို နှိပ်ပေးမယ်လေ။ မင်းကြွက်သားတွေအညောင်းပြေအောင်လို့ပါ။ ငါလည်းအနှိပ်ကျွမ်းပါတယ်။''

ရှန်ကွမ်းယွဲ့ယင်းက ပြုံးပြုံးလေးဖြင့် ငြင်းလိုက်သည်။

''ကြင်နာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့လို့ အဲ့လိုလုပ်ဖို့ မသင့်တော့်ဘူးလေ။''

ကျောက်ယွမ်ကျုံးက ရယ်လိုက်ပြီး

''အမှန်ပဲပေါ့။ ယောက်ျားနဲ့မိန်းမက မပိုသင့်ဘူးလေ။ ငါက စိတ်အားထက်သန်လွန်းနေတာပါ။''

စက်အစိတ်အပိုင်းများကို စစ်ဆေးနေသောကျန်းခိုင်က ထိုစကားကို ကြားသောအခါတွင် ရယ်လိုက်ပဲီး

''မင်းက ဆန္ဒပြည့်ချင်နေတဲ့ပုံပဲ။ သူကတော့ မင်းနှိပ်တာ မခံချင်ဘူးလေ။ ဇီချန်ကသာ သူ့ကိုကမ်းလှမ်းရင် သူကလက်ခံမှာ။''

ကျောက်ယွမ်ကျုံးက အတော်လေးရှက်သွားပြီး ကျန်းခိုင်ကိုပင် ရိုက်ပစ်ချင်မိသည်။ ရှန်ကွမ်းယွဲ့ယင်းက ကျန်းခိုင်ကို အေးစက်စွာကြည့်၍ မကျေမနပ်ဖြင့် ပြောလိုက်သည်။

''အဲ့လိုဆိုလည်း ငါလက်ခံမှာမဟုတ်ဘူး။ အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့။''

ကျန်းခိုင်ပြောသည်မှာ အမှန်တရားဖြစ်သော်လည်း လူကြားမကောင်းပေ။ ကျောက်ယွမ်ကျုံးသည် ကျန်းခိုင်၏အမူအရာကို သည်းမခံနိုင်သောကြောင့် ပြန်ပက်ရန် ပြင်လိုက်သည်။

သို့သော်လည်း မပြောနိုင်ခင်တွင်ပင် စကားလုံးများက လည်ချောင်းတွင်တစ်ဆို့သွားကာ တစ်ခွန်းမှ မပြောလိုက်နိုင်ပေ။ မယုံနိုင်စရာကောင်းသောမြင်ကွင်းကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။ ရှေ့မှမျက်နှာပြင်ပေါ်တွင် အဖွဲ့စီသည် စိန်ခေါ်မှုကို ကျရှုံးသွားလေသည်။

ဘာတွေဖြစ်နေတာလဲ။?!

တစ်ဖက်တွင်မူ ရှန်ချင်းဟန်ကလည်း ထိုမြင်ကွင်းကို သတိထားမိသည်။ သူမသည်လည်း အံ့အားသင့်သွားပြီ အံ့ဩသောအသံဖြင့် ပြောလိုက်၏။

''ရှောင်ချန် ကြည့်လိုက်ဦး။ အဖွဲ့စီက စိန်ခေါ်ပွဲကျသွားပြီ။''

လင်းဇီချန်လည်း နံရံပေါ်မှမြင်ကွင်းကို မော့ကြည့်လိုက်သောအခါတွင် အဖွဲ့စီကျရှုံးသွားသည်ကို မြင်လိုက်ရ၏။ ကျန်းခိုင်နှင့် ရှန်ကွမ်းယွဲ့ယင်းတို့လည်း လှည့်ကြည့်လိုက်ကြသည်။

အဖွဲ့စီကျရှုံးသွားသည်ကို မြင်သေအာခါတွင် အားလုံး၏စိတ်ထဲ၌ အတွေးတစ်ခုပေါ်လာသည်။

တတိယအဆင့်က ထိုမျှခက်သည်လော။

အဖွဲ့တစ်ဖွဲ့လုံးပင် ကျရှုံးစေနိုင်သည်လော။

မဖြစ်နိုင်ဘူးမဟုတ်ပါလော။

အားလုံးသည် အဖွဲ့စီ၏ကျရှုံးမှုကြောင့် တုန်လှုပ်နေကြနေစဉ်တွင်ပင် ပို၍မယုံကြည်နိုင်စရာကောင်းသောမြင်ကွင်းကို မြင်လိုက်ကြရပြန်သည်။ အဖွဲ့ဘီနှင့်အဖွဲ့အေကလည်း နှစ်စက္ကန့်အကွာဖြင့် တတိယအဆင့်ကိုကျရှုံး၍ ဖယ်ရှားခံလိုက်ရသည်။

အားလုံးကြောင်သွားကြသည်။ ထင်ယောင်ထင်မှားဖြစ်နေသည်ဟုသာ ထင်မိသည်။ ခေတ္တမျှကြာမှ သဘောပေါက်သွားကာ တွေဝေနေမိကြ၏။

ကျောက်ယွမ်ကျုံးက ပြောလိုက်သည်။

''အဖွဲ့အေဘီစီသုံးခုလုံး ဘာလို့ ရုတ်တရက်ကြီး တစ်ပြိုင်နက်တည်း ထုတ်ခံလိုက်ရတာလဲ။''

ကျန်းခိုင်ကလည်း ပြောလိုက်သည်။

''အခု နားတာကို မေ့လိုက်တော့။ အဖွဲ့အေဘီစီသုံးခုလုံး ကျသွားပြီ။ ပိုပြီးအားနည်းတဲ့ငါတို့က နိုင်ဖို့အခွင့်အရေးရှိမှာမဟုတ်ဘူး။''

ရှန်ကွမ်းယွဲ့ယင်းကလည်း ပြောလိုက်သည်။

''တတိယစိန်ခေါ်ပွဲက ဘာမလို့လဲ။ ဘယ်လိုလုပ် အဖွဲ့အားလုံးကို ရှင်းထုတ်နိုင်ရတာလဲ။''

လင်းဇီချန်နှင့် ရှန်ချင်းဟန်ကမူ တိတ်ဆိတ်နေသည်။

လင်းဇီချန်သည် ဖျက်ခနဲအတွေးပေါ်သွားသည်။ ချက်ချင်းပင် တတိယစိန်ခေါ်ပွဲတွင် ဘာရှိသည်ကို သိရန်အတွက် ကြိုတင်သိမြင်နိုင်ခြင်းစွမ်းအားကို ဖြန့်ကျက်လိုက်လေ၏။

အခန်း (၂၃၉) လှုပ်ရှားချိန်တန်ပြီ

လင်းဇီချန်၏ကြိုတင်ခန့်မှန်းနိုင်စွမ်းက ချက်ချင်းပင် ဖြာထွက်သွားပြီး လျှောက်လမ်းတစ်ခုလုံးတွင် ပျံ့နှံ့သွား၏။ အန္တရာယ်သိမြင်နိုင်စွမ်းသည် တတိယထပ်တစ်ခုလုံး ပျံ့နှံ့သွားကာ (၃၆၀)ဒီဂရီပတ်ချာလည်လှည့်သည်။ တတိယထပ်တွင် အခန်းလေးခန်းရှိသည်။ အခန်းတစ်ခန်းချင်းစီ၏အလယ်တွင် လက်နက်အပြည့်တပ်ဆင်ထားသောစက်ရုပ်တစ်ရုပ်ရှိ၏။ ထိုစက်ရုပ်များကြား၌ စက်ရုပ်သုံးရုပ်က တိုက်ခိုက်ခံရပြီးဖြစ်သည်။ ကျည်ပေါက်ရာများ၊ ချိုင့်ရာများ၊ ဓားသွားရာများ ထင်နေသည်။

သို့သော်လည်း သေစေနိုင်သည့်ဒဏ်ရာမျိုး မဟုတ်ဘဲ အားလုံးက အပေါ်ယံဒဏ်ရာများသာ ဖြစ်၏။ အကြည့်က မြေကြီးပေါ်သို့ ရောက်သွားသည်။ ခဲပင်မခဲသေးသော လတ်လတ်ဆတ်ဆတ်သွေးများ၊ သွားများနှင့် စက်ခြေလက်များကို တွေ့လိုက်ရသည်။ အများစုက ထိုအဆင့်ကိုရှင်းရန် ကျရှုံးသွားသောအဖွဲ့များဆီက ဖြစ်ပေမည်။ ကျန်ခဲ့သောသဲလွန်စများအရ ဒဏ်ရာများက ပြင်းထန်သည့်ပုံပေါ်သည်။

ထိုမြင်ကွင်းကို ကြည့်ခြင်းဖြင့် အခန်းထဲမှ စက်ရုပ်များသည် ခုံခံနိုင်စွမ်းသာမက တိုက်ခိုက်နိုင်စွမ်းလည်း မြင့်သည်ကို သိနိုင်သည်။

''အားလုံး အဆင်သင့်ဖြစ်ကြပြီလား။''

ကျောက်ယွမ်ကျုံးက အားလုံးကိုကြည့်၍ ပြောလိုက်သည်။

''အဆင်သင့်ဖြစ်ပြီဆိုရင် အထဲဝင်ပြီး ဘာဖြစ်နေလဲဆိုတာ ကြည့်ရအောင်။''

ရှန်ကွမ်းယွဲ့ယင်းက ပြောလိုက်၏။

''ခုထိထုံနေပြီး အားက ပြန်မကောင်းသေးဘူးလို့ ခံစားရတယ်။ နည်းနည်းလောက် ထပ်နားကြမယ်ဆိုရင်ရော ဘယ်လိုလဲ။''

ကျန်းခိုင်က မြေကြီးပေါ်တွင် ရပ်လိုက်ပြီး လက်မောင်းကိုငုံ့ကြည့်ရင်းဖြင့် ပြန်ပြင်လိုက်ကာ ပြောလိုက်သည်။

''အဖွဲ့အေဘီစီ သုံးဖွဲ့လုံးက ငါတို့ထက်အားကောင်းတယ်။ ငါတို့လည်း သေချာပေါက်ရှုံးမှာပဲ။ အဲ့တာကြောင့် ခုခံနေစရာအကြောင်းမှမရှိတ။ အထဲဝင်ပြီး လတ်စသတ်လိုက်ရအောင်။''

ကျောက်ယွမ်ကျုံးက လင်းဇီချန်နှင့် ရှန်ချင်းဟန်ဘက်သို့လှည့်ကာ မေးလိုက်သည်။

''မင်းတို့နှစ်ယောက်ရော ဘယ်လိုသဘောရလဲ။''

လင်းဇီချန်က ပြောလိုက်၏။

''အခုပဲ ဝင်လိုက်ကြတာပေါ့။''

ရှန်ချင်းဟန်ကလည်း ပြောသည်။

''ငါလည်း အထဲဝင်ဖို့ သဘောတူတယ်။''

ကျောက်ယွမ်ကျုံးက ပြောလိုက်ပြန်သည်။

''အနည်းစုက အများစုဆန္ဒကို လိုက်နာရမယ်။ အခုပဲ အထဲဝင်ရအောင်။''

ဆုံးဖြတ်ချက်ချပြီးနောက်တွင် ငါးဦးသား မြေကြီးမှထ၍ သတိကပ်နေကြကာ တတိယထပ်ရှိအခန်းများထဲသို့ဝင်ရန် ပြင်လိုက်ကြသည်။

''ငါတံခါးဖွင့်ပြီးဝင်တော့မယ်။''

တံခါးဆီသို့ လျှောက်သွားသော ကျောက်ယွမ်ကျုံးက တံခါးကို အသာတွန်းဖွင့်လိုက်သည်။

လင်းဇီချန်က ဆိုလိုက်၏။

''ဖွင့်လိုက်တော့။''

ကျန်းခိုင်ကလည်း ပြောသည်။

''အချိန်မဆွဲဘဲ မြန်မြန်ဖွင့်စမ်းပါ။''

''ကျွီ---''

ကျောက်ယွမ်ကျုံးသည် မိမိရှေ့မှ တံခါးကို တွန်းဖွင့်လိုက်သည်။ ချက်ချင်းပင် သံခန်းတစ်ခန်းနှင့် အလယ်၌ မလှုပ်မယှက်ရပ်နေသောစက်ရုပ်တစ်ရုပ်ကို တွေ့လိုက်ရ၏။ စက်ရုပ်၏အရွယ်အစားသည် ပျမ်းမျှအရွယ်ရောက်ပြီးသားယောက်ျားတစ်ယောက် နီးပါးရှိသည်။ အမြင့်နှစ်မီတာခွဲခန့်ရှိသည်။ ခန္ဓာကိုယ်တစ်ခုလုံးက သတ္ထုစပ်များဖြင့် လုပ်ထားသည်။ လက်တွင် စက်သေနတ်များတပ်ထားပြီး ခြေထောက်တွင် ပြန်ကန်နိုင်စွမ်းရှိသည့်စက်ပစ္စည်းပါသည်။ နောက်ကျောတွင်မူ ကြီးမားသောခုတ်ဓားကြီးတစ်ချောင်းရှိသည်။တိုက်ပွဲစွမ်းရည်မြင့်မားသည်က ကြည့်ယုံဖြင့်ပင် သိနိုင်သည်။

ထိုသို့စက်ရုပ်ကို မြင်လိုက်ရသောအခါ၌ ကျန်းခိုင်တစ်ယောက် တုန်လှုပ်သွား၏။

''သေစမ်း။ မိုက်လိုက်တာများ။''

ကျောက်ယွမ်ကျုံးလည်း သတိကပ်သွားသည်။

''အဲ့ဒီစက်ရုပ်က ငါတို့ရဲ့တတိယစိန်ခေါ်ပွဲအတွက် ပြိုင်ဘက်လား။''

''အထဲမှာများ စက်ထိန်းတဲ့သူပါသေးလား။''

ရှန်ကွမ်းယွဲ့ယင်းက ရှန်ချင်းဟန်ဘက်သို့လှည့်၍ မေးလိုက်သည်။

ရှန်ချင်းဟန်က ခေါင်းခါပြလိုက်သည်။

''မသေချာဘူး။''

လင်းဇီချန်ကမူ ဘာမှမပြောပေ။ မိမိရှေ့မှ စက်ရုပ်ကို တိတ်တဆိတ်ဖြင့် တွက်ချက်နေသည်။ အားလုံးသည် စက်ပစ္စည်းအစိတ်အပိုင်းများသာဖြစ်၍ အထဲတွင် ပဲ့ကိုင်သူမရှိပေ။

''ကလစ်---ကလစ်---ကလစ်---''

ရုတ်တရက်ပင် စက်ရုပ်ထဲမှ အသံတစ်သံထွက်လာသည်။ အသံထွက်လာသည့်အခိုက်အတန့်တွင် စက်ရုပ်၏မျက်လုံးမှေးမှေးက အန္တရာယ်ပြုမည့်အနီရောင်အလင်းရောင်မျိုး လက်သွားသည်။

ထို့နောက်တွင် စက်သေနတ်တပ်ထားသောလက်မောင်းနှစ်ဖက်ကို မြှောက်ပြီး ထိုငါးဦးဆိသို့ ကျည်များပစ်လွှတ်လိုက်တော့သည်။

''ဒက် ဒက် ဒက် ဒက်---''

ပစ်ခတ်ခြင်းက လျှပ်တစ်ပြက်အတွင်းပင် ဖြစ်သွားသည်။ ကံကောင်းစွာဖြင့် ငါးယောက်လုံး နိုးနိုးကြားကြားရှိသောကြောင့် စက်ရုပ်လက်မြှောက်လိုက်စဉ်ကတည်းကပင် နောက်မှဝင်ပုန်းနေလိုက်ကြသည်။

''ဘုန်း ဘုန်း ဘုန်း---''

ကျည်ဆံများက သတ္ထုကို ပစ်မိသောအခါတွင် ကျယ်လောင်သောအသံများ ထွက်ပေါ်လာသည်။ တစ်ခဏအတွင်းတွင်ပင် မထိုးဖောက်နိုင်သောသတ္ထုအဖုံးသသည် မြင်နိုင်သောကျည်ပေါက်အရာများသာ ကျန်ခဲ့၏။

''သံချပ်ကာတောင်ဖောက်တဲ့ကျည်ဆံပဲ။''

ကျောက်ယွမ်ကျုံးက ကျယ်လောင်စွာဖြင့် သတိပေးလိုက်၏။

''အားလုံး ကျည်မထိအောင် သတိထားကြ။ မဟုတ်ရင် အရိုးထဲထိ ဖောက်ဝင်သွားမယ်။''

၎င်းတို့ကို သတိပေးရန်မလိုပေ။ ထိုအကြောင်းကို အားလုံးသိကြပေသည်။

အကာနောက်တွင် ပုန်းနေကြကာ စက်ရုပ်ကျည်ကုန်မည်အထိ စောင့်နေကြသည်။ သို့သော်လည်း စက်ရုပ်၏လက်နက်ခဲယမ်းများက အလျှံအပယ်ဖြစ်နေဟန်ပေါ်သည်။ မိနစ်ဝက်မျှကြာပြီးနောက်တွင်ပင် ကျည်ဆံက အားပျော့သွားသည့်အရိပ်အယောင်မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် ပို၍ပင် ပြင်းလာသည်။

နှစ်ဆယ်စင်တီမီတာထက်မနည်းတူသည့် သတ္ထုအကာသည် ကျည်ဆံများကို ထပ်မံခံနိုင်ရည်မရှိတော့ဘဲ ပေါက်တော့မည့်အရိပ်အယောင်မျိုး ပြနေသည်။

''စက်ရုပ်က ကျည်ပေါလိုက်တာ။''

''ငါတို့ဒီလိုမျိုး ဆက်သွားနေလို့မဖြစ်တော့ဘူး။''

''မဖျက်ဆီးနိုင်ခင် အကာကို အကာအကွယ်လုပ်ပြီး ပြန်တိုက်ကြရအောင်။''

ကျောက်ယွမ်ကျုံးက အခြားသူများကို အော်ပြောလိုက်သည်။

အဆုတ်ကွဲမတတ်အော်ပြောနေရခြင်းဖြစ်သည်။ ဆူညံသံများက ကျယ်လောင်လွန်းလှသည်။ ပုံမှန်လေသံဖြင့် ပြောလျှင် အခြားသူများ ကြားနိုင်မည်မဟုတ်ပေ။

''လက်လျော့လိုက်ရအောင်။''

ရှန်ကွမ်းယွဲ့ယင်းက အကြံပေးလိုက်၏။

''ငါတို့ရှေ့ကအဖွဲ့တွေလည်း ကျရှုံးသွားပြီ။ ငါတို့လည်း အောင်နိုင်စရာအကြောင်းမှမရှိတာ။''

သူမသည် အထိမနာချင်သောကြောင့် အမြန်ပင်လက်စသတ်ရန် ပြင်လိုက်သည်။

ကျောက်ယွမ်ကျုံးက ပြောလိုက်သည်။

''နိုင်ဖို့မျှော်လင့်ချက်က နည်းတယ်ဆိုရင်တောင်မှ လက်လျော့လို့တော့မဖြစ်ဘူး။ မဟုတ်ရင် ပြန်ရောက်တဲ့အခါကျ ဆရာတွေဆီကနေ အပြောခံနေရလိမ့်မယ်။''

ကျန်းခိုင်ကမူ သဘောမတူပေ။

''ငါတော့ လက်လျော့သင့်တယ်ထင်တာပဲ။''

ထိုသို့ပြောပြီးနောက်တွင် ဆက်ပြောလိုက်၏။

''မနိုင်နိုင်တဲ့ရန်သူနဲ့တွေ့ရတဲ့အခါကျရင် အရင်ဆုံးလုပ်ရမှာက ငါတို့အသက်ကို ငါတို့ထိန်းသိမ်းဖို့ပဲ။ ငါတို့သေအောင်ထိ တိုက်စရာမှမလိုတာ။''

''အဲ့တာမျိုးက အရူးတွေပဲလုပ်တာ။''

''ငါတို့သက် ဆက်ပြီးအသက်ရှင်မယ်ဆိုရင် အသုံးဝင်သေးတယ်လေ။ သေသွားရင်တော့ အားလုံးဆုံးရှုံးသွားပြီး တိုင်းပြည်က လေ့ကျင့်ပေးထားတာက အလဟဿဖြစ်သွားလိမ့်မယ်။''

''ငါတော့ လက်လျော့လိုက်တာက မှန်ကန်တဲ့ရွေးချယ်မှုလို့ပဲထင်တယ်။''

''အပြောခံရမှာထက် ချီးကျူးလည်းခံရမှာပါ။''

ကျန်းခိုင်က ယေဘုယျကျကျ ပြောလိုက်သည်။

လေ့ကျင့်ရေးအတွက် ဝင်ခွင့်စာမေးပွဲသက်သက်သာဖြစ်ပြီး တိုက်ပွဲမြေပြင်မဟုတ်ပေ။ အသေခံစရာအကြောင်းမရှိပေ။

ကျန်းခိုင်ပြောသည်က မှားနေသောကြောင့် ကျောက်ယွမ်ကျုံးက ပြန်ပက်လိုက်သည်။

''ဒါက ဝင်ခွင့်စာမေးပွဲသက်သက်ပဲ။ အဆိုးဆုံးက ငါတို့ဒဏ်ရာရမှာပေါ့။ အသေခံစရာအကြောင်းမှမရှိတာ။'’

အခန်း (၂၄၀) - လှုပ်ရှားချိန်တန်ပြီ (၂)

ကျန်းခိုင်က သူ့အား လျစ်လျူရှု၍ လင်းဇီချန်နှင့်ရှန်ချင်းဟန်အခန်း (၂၄၀) - လှုပ်ရှားချိန်တန်ပြီ (၂)တို့ဘက်လှည့်ပြီး မေးလိုက်သည်။

''ဇီချန် ရှောင်ရှန် ဘယ်လိုထင်ကြလဲ။''

လင်းဇီချန်က ပြန်ဖြေလိုက်သည်။

''ငါကတော့ ဟန်ဟန့်သဘောအတိုင်းပဲ။''

ရှန်ချင်းသည် မပြောခင်တွင် ခေတ္တမျှတွန့်ဆုတ်နေမိသည်။

''ဘာလို့ မကြိုးစားကြည့်ရမှာလဲ။ ငါတို့လုပ်နိုင်လောက်မှာပါ။''

ထိုအဆင့်ကိုရှင်းရန် အသေချာဆုံးနည်းလမ်းဖြစ်နေ၏။

လင်းဇီချန်ရှိနေသဖြင့် ကျရှုံးမည်မဟုတ်ပေ။ သို့သော် ရှန်ချင်းဟန်က ထိုစကားကို ပြောမထွက်ပေ။ သူမသည် တွန့်ဆုတ်ချင်ဟန်ဆာေင်ကာ အားလုံးကို စမ်းကြည့်ရန် အကြံပေးလိုက်ခြင်းဖြစ်သည်။

ရှန်ချင်းဟန်က စမ်းကြည့်ရန် အကြံပေးနေသည်ကို မြင်သောအခါ၌ ကျောက်ယွမ်ကျုံးကနှုတ်ခမ်းရှုံ့မဲ့ပြီး ကျန်းခိုင်ကိုကြည့်၍ အော်ပြောလိုက်သည်။

''ငါ ရှန်ချင်းဟန်နှင့် လင်းဇီချန်တို့က စမ်းကြည့်ဖို့သဘောတူတယ်။ မဲက ၃မဲ၂မဲဆိုတော့ အများသဘောအတိုင်းပဲ လုပ်ကြတာပေါ့။''

ကျန်းခိုင်လည်း ရွေးစရာမရှိသောကြောင့် သဘောတူလိုက်ရသည်။ ကျောက်ယွမ်ကျုံးကမူ တိုက်ခိုက်မည့်ပုံစံကို စတင်တွက်ချက်နေပြီဖြစ်ကာ အားလုံးကို အော်ပြောလိုက်၏။

''ငါနဲ့ လင်းဇီချန်တို့က အကောင်းဆုံးအနေအထားမှာရှိတယ်။ အဲ့တာကြောင့် ငါတို့က စက်ရုပ်တွေကို တိုက်ခိုက်မယ်။ ကျန်းခိုင်က အခြေအနေဆိုးတယ်။ အဲ့တာကြောင့် မိန်းကလေးနှစ်ယောက်က သူ့ကိုကာပေးကြ။ အားလုံးဘယ်လိုသဘောရလဲ။''

''ငြင်းစရာမရှိပါဘူး။''

''ငါလည်းငြင်းစရာမရှိဘူး။''

အားလုံးက တိုက်ခိုက်ရေးအစီအစဉ်ကို သဘောတူလိုက်ကြသည်။ အားလုံးသဘောတူသည်နှင့် ကျောက်ယွမ်ကျုံးက ကျယ်လောင်စွာ အော်ပြောလိုက်သည်။

''စလှုပ်ရှားကြတော့။''

ပြောလိုက်လျှင် ပြောလိုက်ချင်းပင် ဘယ်ဘက်မှ စက်ရုပ်ကို ချည်းကပ်လိုက်သည်။ အစီအစဉ်ကို နားလည်သော လင်းဇီချန်က တွန့်ဆုတ်ခြင်းမရှိ ညာတောင်ပံအဖြစ် နေရာယူလိုက်သည်။ စက်ပြုပြင်လူသားကျန်းခိုင်ကလည်း ၎င်းတို့ကို ကာပေးရန် မီးခိုးဗုံးတစ်လုံး ပစ်ပေးလိုက်သည်။ ခရမ်းရောင်မီးခိုးများ ထွက်လာပြီး စက်ရုပ်၏အာရုံခံစနစ်များကို အပူကိရိယာကို ကာပေးလိုက်သည်။ ရှန်ချင်းဟန်နှင့် ရှန်ကွမ်းယွဲ့ယင်းတို့ကလည်း အလုပ်များနေကြပေသည်။

ရှန်ချင်းဟန်သည် စက်ရုပ်၏ကိုယ်တွင်းမှ အရည်များကိုထိန်းချုပ်သည်။ ရှန်ကွမ်းယွဲ့ယင်းက စက်ရုပ်၏အာရုံကို ဖမ်းစားရန် ခက်ခက်ခဲခဲဖြင့် နှောင့်ယှက်ကာ မီးဖြင့်တိုက်ထုတ်သည်။ မကြာခင်ပင် ကျောက်ယွမ်ကျုံးနှင့် လင်းဇီချန်တို့က အောင်မြင်စွာဖြင့် စက်ရုပ်နားသို့ ချည်းကပ်သွားကြသ်။ ကျောက်ယွမ်ကျုံးက လင်းဇီချန်ကို အတူတူတက်သင့်ကြောင်း အချက်ပြလိုက်သည်။ လင်းဇီချန်ကလည်း နားလည်ကြောင်း ခေါင်းညိတ်ပြ၏။

၁

၂

၃

ကျောက်ယွမ်ကျုံးက လက်သုံးချာင်းထောင်ပြကာ သွားဟု အချက်ပြလိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကလည်း မိမိရှေ့မှစက်ရုပ်ဆီသို့ ပြေးဝင်သွားသည်။ တစ်ချိန်တည်းတွင်ပင် လင်းဇီချန်သည် ပေါက်ကွဲလုနီးပါးအရှိန်ဖြင့် စက်ရုပ်ဆီသို့ တက်သွား၏။

''ဘုန်း!''

ကျောက်ယွမ်ကျုံးက စက်ရုပ်၏ခေါင်းကို လက်သီးဖြင့်ထိုးကာ ဂျွတ်ခနဲအသံထွက်လာသည်။ ထို့နောက်တွင် အားဟုသောအသံကို ကြားလိုက်ရသည်။

ကျောက်ယွမ်ကျုံးသည် အရိုးကျိုးသွားကာ နာကျင်လွန်းသဖြင့် အော်လိုက်မိပြီး မျက်နှာက ရှုံံ့မဲ့သွားသည်။ စက်ရုပ်ခေါင်းက လွန်စွာမှသန်မာသည်။ အခြေခံအဌမအဆင့်သည်ပင် ထူးခြားသောပျက်စီးမှုမျိုးကို မဖြစ်စေပေ။

''ဘုန်း!''

နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာပြန်သည်။ လင်းဇီချန်၏ခြေထောက်က စက်ရုပ်၏ခါးဆီသို့ ရောက်သွားကာ အနည်းငယ်မျှ နေရာရွေ့သွားစေသည်။ သို့သော်လည်း ထိုမျှသာဖြစ်သည်။ ပျက်စီးမှုကြီးကြီးမားမား မဖြစ်စေပေ။

အသစ်စက်စက် အခြေခံအဆင့်အဌမအဆင့်စွမ်းအားသည် စက်ရုပ်ရှေ့တွင် လုံးဝပင်မထူးခြားပေ။ ရထားကို တားရန်ကြိုးစားနေသည့်ရှိိိခိုးကောင်ကဲ့သို့သာ ဖြစ်သည်။

''ဒီစက်ရုပ်စွမ်းအားက အနည်းဆုံးအခြေခံအဆင့်အဌမအဆင့်ရှိတယ်။ အခုတောင်မှ ခုခံနေတာကို မထိုးဖောက်နိုင်ဘူး။ အရင်ဆုံး ငါတို့အားကောင်းအောင် လုပ်ကြမယ်။''

ပြန်ဆုတ်ရန်ပြင်ပြီး ကျောက်ယွမ်ကျုံးသည် လင်းဇီချန်ကို အော်ပြောလိုက်သည်။ စောနကပင် ဒုတိယအဆင့်တွင် အကြိမ်ပေါင်းများစွာ ဓာတ်လိုက်ခံခဲ့ရသည်။ ကြွက်သားများ ထိခိုက်ပျက်စီးခဲ့ကာ အပြည့်အဝမကောင်းသေးပေ။ မည်သို့ဖြင့် အားအပြည့်တိုက်နိုင်မည်နည်း။

စက်ရုပ်ကို ဖြည်းဖြည်းချင်းရင်ဆိုင်ရန်မှာ သူ၏အတွေးသက်သက်သာ ဖြစ်ပြီး အားပြည့်အောင်စောင့်ပြီးမှ တိုက်ရန်ဖြစ်သည်။ စက်ရုပ်က လက်မောင်းပြန်ချသွားပြီး တိုက်ခိုက်ခြင်းရပ်သွားသည်။ ထို့အစား နောက်မှ ဓားကြီးကို ဆွဲထုတ်လိုက်ပြီး ခုတ်တော့မည်ဟန်ပြင်လိုက်သည်။

''ဝှီး''

လေကိုခုတ်ပိုင်းလိုက်သောအသံက ထွက်ပေါ်လာသည်။

စက်ရုပ်သည် ခြေထောက်မှ ပြန်ကန်အားပစ္စည်းကိုလည်း အသက်သွင်းလိုက်ပြီဖြစ်ပြီး လျှပ်တစ်ပြက်အတွင်းပင် ကျောက်ယွမ်ကျုံးရှေ့သို့ပြေးဝင်လာကာ ဓားသွားဖြင့် ခုတ်ပိုင်းလိုက်သည်။

''သေစမ်း''

ကျောက်ယွမ်ကျုံးက စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။ အမြန်ပင် ခုတ်ချက်ကို ရှောင်လိုက်သည်။ ကံမကောင်းစွာဖြင့်နောက်မှ သံအကာက နှစ်ပိုင်းဖြစ်သွားသည်။ ထိုမြင်ကွင်းကို မြင်သောအခါတွင် ကျောက်ယွမ်ကျုံးတစ်ယောက် ချွေးပြန်သွားတော့သည်။

''ဝှီး''

နောက်ထပ် လေကိုခုတ်ပိုင်းလိုက်သောအသံက ထွက်ပေါ်လာပြန်သည်။ စက်ရုပ်က ပစ်မှတ်ပြောင်းသွားပြီး လင်းဇီချန်ကို ခုတ်လိုက်ခြင်းဖြစ်သည်။ လင်းဇီချန်၏တုံ့ပြန်ပုံက မြန်လှသည်။ ဓားသွားမသက်ရောက်ခင်တွင်ပင် အမြန်ရှောင်လိုက်နိုင်သည်။

''ဝှီး''

စက်ရုပ်က ပစ်မှတ်ပြောင်းသွားပြန်ကာ ရှန်ချင်းဟန်ရှေ့သို့ ပြေးသွားသည်။ ရှန်ချင်းဟန်ကမူ ရှောင်ရန် မမြန်လှပေ။ လင်းဇီချန်က ဖျက်ကနဲပင် မျက်စိအရောင်လက်သွားကာ ကန်ပစ်လိုက်သည်။

စက်ရုပ်က ချက်ချင်းပင် အနီးအနားမှ ရှန်ကွမ်းယွဲ့ယင်းကို ပစ်မှတ်ထားလိုက်ပြန်သည်။

''သတိထား။''

ကျောက်ယွမ်ကျုံးက အော်ပြောလိုက်သည်။

တစ်ချိန်တည်းတွင်ပင် အားဖြင့် ခြေသလုံးကို ကန်ပစ်လိုက်ပြီး အမြှောက်ကဲ့သို့ လွင့်စင်သွားသည်။ ဘုန်းကနဲအသံကျယ်ကြီး ထွက်လာပြီး ရှန်ကွမ်းယွဲယင်းကို အချိန်မီကယ်လိုက်နိုင်သည်။

ထို့နောက်တွင် စက်ရုပ်က ကျန်းခိုင်ဘက်သို့ ရောက်သွားပြန်ကာ ဓားဖြင့်ခုတ်လိုက်ပြန်သည်။ ဉာဏ်ကောင်းသောကျန်းခိုင်ကမူ ချက်ချင်းပင် ခရမ်းရောင်မီးခိုးနားသို့ကပ်ကာ စက်ရုပ်၏အာရုံခံစနစ်ကို တားဆီးလိုက်ပြီး ပစ်မှတ်ပျောက်သွားစေသည်။

''ခေါင်းဆောင် ဆက်မလုပ်နိုင်တော့ဘူး။ လက်လျော့လိုက်တော့။''

ရှန်ကွမ်းယွဲ့ယင်းက ဆက်၍မတိုက်လိုသောကြောင့် အညံ့ခံရန်သာ စဉ်းစားနေမိသည်။ ကျောက်ယွမ်ကျုံးကမူ စက်ရုပ်က တစ်ချက်တည်းဖြင့် သံအကာကို နှစ်ပိုင်းပိုင်းလိုက်သည်ကို စဉ်းစားမိကာ အတော်လေးလန့်ဖျပ်သွား၏။ သို့သော် လက်မလျော့လိုသေးပေ။ ရှန်ကွမ်းယွဲ့ယင်းကို အော်ပြောလိုက်သည်။

''နောက်ဆုံးတစ်ခေါက် ကြိုးစားကြည့်ရအောင်။ အလုပ်မဖြစ်ရင် သွားကြမယ်။''

''ကောင်းပြီ''

ရှန်ကွမ်းယွဲ့ယင်းက သဘောတူလိုက်သည်။ အခြားသုံးဦးကမူ ရွေးချယ်စရာမရှိသောကြောင့် နောက်ဆုံးတစ်ခေါက်ကြိုးစားကြည့်ရန်ကို သဘောတူလိုက်သည်။ မပြောဘဲနားလည်နိုင်စွမ်းဖြင့် တိုက်ခိုက်ကြတော့၏။ စက်ရုပ်ကို တိုက်စစ်ပြောင်း၍ တိုက်ခိုက်ကြသည်။ သို့သော်လည်း သေချာမတိုက်ခိုက်နိုင်တွင်ပင် စက်ရုပ်က အားဖြင့် ပြန်တိုက်သည်။

စက်ရုပ်၏ရင်ဘတ်က အဆို့တစ်ခုက ပွင့်လာပြီး ဘေးပတ်ချာလည်မှ ခရမ်းရောင်မီးခိုးများကို စုပ်ယူလိုက်သည်။ ခရမ်းရောင်မီးခိုးများကိုဖယ်ရှားလိုက်သောကြောင့် စက်ရုပ်၏အာရုံခံစနစ်လည်း ပြန်ကောင်းသွားသည်။

စက်ရုပ်၏လှုပ်ရှားမှုများက မြန်သထက်မြန်လာပြီး အကြောက်ဆုံးဖြစ်ဟန်ရှိသောရှန်ချင်းဟန်ကို တိုက်ခိုက်သည်။ ရှန်ချင်းဟန်သည် ခန္ဓာကိုယ်တွင်းမှ အရည်များကို ထိန်းချုပ်နိုင်သောကြောင့် ပြဿနာမရှိပေ။

''သတိထား။''

ကျောက်ယွမ်ကျုံးက အော်၍ သတိပေးလိုက်သည်။

အော်ပြောလိုက်ရင်းဖြင့် အလင်၏အလျင်ဖြင့်ပြေးထွက်သွားကာ ရှန်ချင်းဟန်ကို ကာကွယ်ပေးရန် ဖြစ်၏။

သိုသော် စက်ရုပ်က မြန်လွန်းသောကြောင့် အချိန်မီမကယ်လိုက်နိုင်ပေ။

''သွားပြီ''

ကျောက်ယွမ်ကျုံးက မိမိဘာသာ တွေးမိခြင်းဖြစ်သည်။ ကျန်းခိုင်နှင့်ရှန်ကွမ်းယွဲ့ယင်းကလည်း အတူတူပင်တွေးလိုက်မိသည်။ သုံးဦးသား ရှန်ချင်းဟန်တော့အခုတ်ခံရပြီဟု တွေးနေမိစဉ်တွင်ပင် လင်းဇီချန်က ရှန်ချင်းဟန်ရှေ့၌ ပေါ်လာပြီး သူမကို လက်တစ်ဖက်ဖြင့် ဆွဲခေါ်ကာ ရှောင်ခိုင်းလိုက်သည်။

လေကိုခုတ်ပိုင်းမိသည့်အသံသာ ထွက်ပေါ်လာသည်။

ယခုတစ်ခေါက်တွင် စက်ရုပ်၏ပစ်မှတ်က လင်းဇီချန်ဖြစ်သွားပြီး ခုတ်ရန်ကြံလိုက်သည်။ လင်းဇီချန်ကမူ ရှောင်ရန်မကြိုးစားပေ။ ထို့အစားလက်သီးဖြင့် အားပြင်းပြင်း ပစ်ထိုးပစ်သည်။ ထိုအဆင့်ကိုရှင်းရန် အချိန်ကျပြီဟု တွေးလိုက်မိသည်။

“ဘုန်း!”

မိုးကြိုးကဲ့သို့ အသံကျယ်ကြီးက ထွက်ပေါ်လာသည်။ လင်းဇီချန်၏လက်သီးက စက်ရုပ်၏ရင်ဘတ်ကို ထိသွားသည်။ အားပြင်းသောကြောင့်နောက်သို့ ပြန်ကန်သွားကာ မျက်နှာကျက်ဖြင့် ရိုက်မိသွားလေသည်။

ထို့နောက်တွင်စက်ရုပ် ရင်ဘတ်၌ အပေါက်တစ်ပေါက်ဖြစ်သွားကာ ယိုင်နဲ့သွားတော့၏။ မျက်နှာကျက်အောက်မှ ကျန်သုံးဦးသည်မူ ကြောင်၍ ရပ်ကြည့်နေမိသည်။ မျက်လုံးအပြူးသားဖြင့် အံ့ဩတုန်လှုပ်နေကြဟန်ပေါ်သည်။

ဘာဖြစ်သွားတာလဲ?

လက်သီးလေးတစ်ချက်က စက်ရုပ်ကို အဲ့လောက်ထိ လွင့်သွားစေတာလား။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

အားလုံးသည် အိပ်မက်မက်နေသည်ဟုသာ ထင်မိကြသည်။ သုံးဦးသားသည် မိမိတို့ရှေ့မှမြင်ကွင်းကို လက်ခံရန် ငြင်းဆန်နေမိကြ၏။

All Chapters