← Chapters

အပိုင်း ၂၄၄-၂၄၆

Vol. 17 Ch. 244-246

အပိုင်း ၂၄၄-၂၄၆

Vol. 17 Ch. 244-246

အခန်း (၂၄၄) ယွမ်သုန်ကျီ၏သဘောထား

ရုံးခန်းတစ်ခုထဲတွင် ယွမ်သုန်ကျီသည် လင်းဇီချန်ကိုကြည့်၍ အတော်လေးမယုံသင်္ကာဖြစ်နေသည်ဟု ခံစားနေရသောကြောင့် မေးလိုက်မိသည်။

''ဇီချန် မင်းတတိယအဆင့်စိန်ခေါ်ပွဲက ငါကို အတော်လေးအံ့အားသင့်သွားတယ်။''

''အသက်နှစ်ဆယ်တောင်မပြည့်သေးတဲ့လူသစ်က သွေးသန့်လူသားလမ်းစဉ်က အားတစ်ခုတည်းပေါ်မှီိခိုပြီး အခြေခံနဝမအဆင့်စက်ရုပ်နဲ့တောင်ယှဉ်နိုင်တယ်။ တကယ်ကို မကြားဖူးထားဘူးပဲ။''

''ဒီလိုအင်အားအဆင့်မျိုးကို ဆင့်ကဲပြောင်းလဲခြင်းကောလိပ်က စီနီယာတွေတောင်မှ မရောက်နိုင်ကြသေးဘူး။''

''မင်းစက်ရုပ်ကို လွင့်ထွက်သွားအောင်မထိုးခင်တုန်းက အားက အခြေခံဌမအဆင့်မှာပဲရှိတာပါ။ အဲ့တာကြောင့် မင်းက သွေးသန့်လူသားလမ်းစဉ်ကိုမလျှောက်သင့်ဘူး၊ မင်းပါရမီကိုဖြုန်းတီးနေတာပဲလို့ ထင်ခဲ့မိတာ။''

''အခုမှ မင်းက တကယ်ကို သွေးသန့်လူသားလမ်းစဉ်ကို လျှောက်သင့်တယ်လို့ ခံစားမိတော့တယ်။ လောကကြီးရဲ့ကြိုတင်ခန့်မှန်းချက်တွေကို ထိုးဖောက်ဖို့ ကြိုးစားနေတာပဲ။''

''လမ်းဖောက်သူတစ်ယောက်ရဲ့လမ်းကြောင်းက အစပိုင်းမှာတော့ အမြဲတမ်းခက်ခဲကြတာပါပဲလေ။''

''အဲ့အတောအတွင်းမှာ သာမညလောက်ပဲဖြစ်မှာကို မကြောက်နဲ့။ ရှေ့သို့ဆက်ပြီး လျှောက်ရမယ်။''

ယွမ်သုန်ကျီက စိတ်အားထက်သန်စွာဖြင့် ရှင်းပြနေသည်။

လျိုချွမ့်ဝူသည် သွေးသန့်လူသားလမ်းစဉ်က ၎င်းစိတ်ကူးထားသည့်အတိုင်း ကယ်တင်းပေးခြင်းလမ်းစဉ်ဖြစ်လိမ့်မည်ဟု အမြဲတမ်းယုံကြည်ထားလေသလားဟု သူမ သိချင်မိသည်။ ယွမ်သုန်ကျီ၏စကားကို နားထောင်ပြီးနောက်တွင် လင်းဇီချန်က ခေါင်းညိတ်ပြလိုက်သည်။

''အင်း။ ကျွန်တော်ဆက်ပြီး လျှောက်မှာပါ။''

''ဇီချန် မင်းခန္ဓာကိုယ်ကို စစ်ဆေးကြည့်ရင် ကိစ္စမရှိဘူးမဟုတ်လား။''

ထိုသို့ပြောပြီးနောက်တွင် ယွမ်သုန်ကျီက ထပ်ပြောလိုက်သည်။

''အဆင်မပြေလည်း ကိစ္စမရှိဘူး။ မင်းငြင်းလို့ရတယ်။ ပြီးတော့ တစ်ယောက်ယောက်ရဲ့ခန္ဓာကိုယ်ကို စစ်ဆေးတယ်ဆိုတာက လျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့ကြိုးစားနေသလိုပဲ။ ဆင့်ကဲပြောင်းလဲသူတွေအတွက် တားမြစ်ချက်ကြီးပဲ။''

ထိုသို့ဆိုလျှင် အဘယ့်ကြောင့်မေးနေရသနည်း။

ပွင့်လင်းသောဗျူဟာဂိမ်းကို ကစားချင်နေပါသည်လော။

လင်းဇီချန်သည် စိတ်ထဲတွင် စောဒကတက်နေမိသော်လည်း အဆုံးတွင်မူ နောင်တွင် ယွမ်သုန်ကျီဆီမှ အကူအညီတောင်းရန်အတွက် သူမနှင့် ကောင်းမွန်သောဆက်ဆံရေးကို တည်ဆောက်လိုသည့်အတွက် တည်ငြိမ်စွာဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။

''ရပါတယ်။''

ထိုသို့ပြောလိုက်ပြီး သဘာဝအတိုင်းကိုယ်ယောင်ဖျောက်ခြင်းစွမ်းအားကို ခန္ဓာကိုယ်အခြေအနေထိန်းညှိရန် သုံးကာ ပို၍သာမန်ဖြစ်သွားစေသည်။

ရုတ်တရက်ပင် ရှန်ချင်းဟန်နှင့် အမျိုးသမီးအရာရှိတို့၏အကြည့်အောက်၌ ယွမ်သုန်ကျီက လင်းဇီချန်ရှိရာသို့လျှောက်လာပြီး သူ၏ခါးကို လက်ဖြင့်ကိုင်လိုက်ပြီး အတွေးတစ်ချက်ဖြင့် ဝိညာဉ်စွမ်းအားကို ခန္ဓာကိုယ်ထဲသို့ ထုတ်လွှတ်လိုက်သည်။

အရေပြား၊အသား၊အရိုးသန့်စင်ခြင်း အားလုံးကို တစ်ကြိမ်သန့်စင်ပြီးဖြစ်သည်။

ခန္ဓာကိုယ်မဟာသန့်စင်ခြင်းကို အောင်မြင်ပြီးဖြစ်သည်။

သွေးမျိုးဆက်စွမ်းအားအဆင့်က အခြေခံအဆင့်အဌမအဆင့်ဖြစ်၏။

သွေးမျိုးဆက်စွမ်းအားအဆင့်က အခြေခံအဆင့်အဌမအဆင့်ဟုဆိုသော်လည်း အခြေခံအဆင့်နဝမအဆင့်၏အားမျိုးနှင့် သွေးသန့်စင်ကျမ်းကို ပိုင်ဆိုင်ထားသည်။ အားလုံးအလိမ်အညာများသာ ဖြစ်၏။

အမှန်တကယ်စွမ်းအားက အခြေခံအဆင့်နဝမအဆင့်ပင် ဖြစ်သည်။

''စစ်ကြည့်တော့ ဘယ်လိုမျိုးလဲ။''

အမျိုးသမီးအရာရှိက ယွမ်သုန်ကျီကို ကြည့်၍ မေးလိုက်သည်။

သူမသည် ယွမ်သုန်ကျီ၏တုန်လှုပ်နေသောမျက်နှာကို သတိထားမိသောကြောင့် စပ်စုလိုက်ခြင်းဖြစ်သည်။ ယွမ်သုန်ကျီက အတွေးများကို စုစည်းပြီး ပြောလိုက်သည်။

''သူ့ရဲ့သွေးမျိုးဆက်စွမ်းအားအဆင့်က အခြေခံအဆင့်အဌမအဆင့်ပဲ။ ဒါပေမဲ့လို့ ကိုယ်ခန္ဓာကြံ့ခိုင်အားက အခြေခံနဝမအဆင့်အစောအပိုင်းအဆင့်ရှိတဲ့ ဆင့်ကဲပြောင်းလဲသူတွေကို ယှဉ်နိုင်တယ်။ အတော်လေးအံ့ဩစရာကောင်းတာပဲ။''

သူမက အမှန်အတိုင်းမပြောပေ။ လင်းဇီချန်ကိုကူညီ၍ ဖုံးကွယ်ပေးလိုက်ခြင်းဖြစ်သည်။ သူမနှင့်အမျိုးသမီးအရာရှိက ငယ်ရွယ်စဉ်အခါက ရင်းနှီးခဲ့ကြသော်လည်း လင်းဇီချန်နှင့်ပက်သက်သည့်အမှန်တရားကို မျှဝေပြောရန် မလိုပေ။

''အခြေခံအဌမအဆင့်က အခြေခံနဝမအဆင့်အစောပိုင်းအဆင့်ဆင့်ကဲပြောင်းလဲသူနှင့်ယှဉ်နိုင်တယ်တဲ့လား။''

အမျိုးသမီးအရာရှိက မယုံသင်္ကာဖြင့် ကြည့်လိုက်သည်။

''ချဲ့ကားလွန်းနေတာပဲ။ သွေးသန့်လူသားလမ်းစဉ်က ခန္ဓာကိုယ်ကြံ့ခိုင်ရင်တောင်မှ မလွှမ်းမိုးနိုင်ဘူး။ အခြေခံသွေးမျိုးဆက်အဟန့်အတားတွေကိုချိုးဖျက်နိုင်ရင် အနာဂတ်က တောက်ပနေပြီပေါ့။''

ထို့နောက်တွင် ယွမ်သုန်ကျီနှင့်အမျိုးသမီးစစ်အရာရှိတို့က လင်းဇီချန်ကို မေးခွန်းများ တစ်လှည့်စီမေးကြတော့သည်။နှစ်ဦးလုံးသည် အကန့်အသတ်ကိုသိသောကြောင့် ကိုယ်ရေးကိုယ်တာကိစ္စများမပါသည့် ရိုးရှင်းသောမေးခွန်းများကိုသာ မေးသည်။ ဥပမာအားဖြင့် သွေးသန့်စင်ခြင်းကျင့်စဉ်ကို ကျင့်ကြံလျှင်မည်သို့ခံစားရသနည်း၊ မည်သည့်အရင်းအမြစ်များလိုအပ်သနည်းကို မေးသည်။ လင်းဇီချန်က မေးခွန်းများကို တစ်ခုချင်းစီပြန်ဖြေပေးသည်။

နာရီဝက်ခန့်ကြာပြီးနောက်တွင်မူ စကားပြော၍ပြီးသွားသည်။ လင်းဇီချန်လည်း ထပ်မနေတော့ဘဲ ရှန်ချင်းဟန်ဖြင့် ထားခဲ့သည်။ အဆောင်သို့မပြန်ခင်တွင် ထမင်းစားဆောင်သို့သွား၍ ညစာသွားစားသည်။ ထမင်းစားဆောင်ထဲ ဝင်သွားသောအခါ၌ စားပြီးပြီးဖြစ်သော လီမော်ယွီနှင့် လော်ရုန်ကျန်းတို့ဆီသွားသည်။ လီမော်ယွီက စပ်စုစွာဖြင့်မေးလိုက်သည်။

''လင်းဇီချန် မင်းရဲ့အားက တကယ်ကို ကြောက်စရာပဲ။ သွေးသန့်စင်ခြင်းကျင့်စဉ်ကျင့်လို့ အဲ့လောက်အားကောင်းလာတာလား။''

လျို့ချွမ်ဝူရှာဖွေတွေ့ရှိထားသော သွေးသန့်လူသားလမ်းစဉ်ကို အနည်းအကျဉ်းမျှနားလည်သောကြောင့် သွေးသန့်စင်ခြင်းကျင့်စဉ်နှင့်ပက်သက်၍ မေးလိုက်ခြင်းဖြစ်သည်။

''အင်း။''

လင်းဇီချန်က ပြန်ဖြေလိုက်သည်။ ပြန်ဖြေသည်ကိုကြားသောအခါတွင် လီမော်ယွီက အတော်လးနောင်တရနေရှာသည်။

''ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးတော့ ကျောင်းအုပ်လျို့က ငါ့ဆီလာပြီး သွေးသန့်လူသားလမ်းစဥ်ကို လျှောက်ဖို့ လာပြောသေးတယ်။''

''ဒါပေမဲ့ အဲ့တုန်းက ငါက ငြင်းလိုက်ပြီး စဉ်းတောင်မစဉ်းလိုက်ဘူးလေ။''

''အခု အဲ့အကြောင်းတွေးကြည့်တော့မှာ သွေးသန့်လူသားလမ်းစဉ်ကို လျှောက်တဲ့ငါနဲ့သက်တူရွယ်တူက နှစ်ဝက်အတွင်းမှာ ငါ့ထက်ကို သာနေတာပဲ။''

''အလုပ်မဖြစ်ဘူးဆိုလည်း သွေးမျိုးစပ်လမ်းစဉ်ကို ပြောင်းလိုက်လို့ရတာပဲ။ ဘာဖြစ်လဲ။''

''ကံမကောင်းစွာနဲ့ အဲ့တုန်းက ငါကအမြင်မရှိဘူးလေ။ ရေရှည်ကို မကြည့်နိုင်ခဲ့ဘူး။''

''မဟုတ်ရင် အခုဆို မင်းလောက်အားကောင်းနေလောက်ပြီ။ မဟုတ်ရင်လည်း အဲ့ထက်တောင် အားကောင်းလောက်တယ်။''

လီမော်ယွီသည် နောင်တရသောလေသံဖြင့်ပြောနေခြင်းဖြစ်သည်။ သူသည် ဝင်ခွင့်စာမေးပွဲဖြေပြီးချိန်သို့ ပြန်ဆုတ်၍ လျို့ချွမ်ဝူ၏အကြံပြုချက်ကို လိုက်နာချင်နေဟန်ပေါ်သည်။ လင်းဇီချန်ကမူ ပြုံးသာပြုံးနေလိုက်၏။

သွေးသန့်လူသားလမ်းစဉ်လျှောက်လျှင် နောင်မတရမဘူးတဲ့လား။

အမှန်တွင် ထိုသို့သာလျှင် လီမော်ယွီသေချာပေါက် နောင်တရနေပေမည်။

သွေးသန့်လူသားလမ်းစဉ်ဆိုသည်မှာ လူတိုင်းအတွက်မဟုတ်ပေ။

သွေးသန့်စင်ခြင်းကျင့်စဉ်သည် ခန္ဓာကိုယ်ပါရမီလိုအပ်ချက် မြင့်လွန်းသည်။ ထို့ကြောင့် မလှည့်စားဘဲဖြင့် အောင်မြင်ရန်မှာ မဖြစ်နိုင်ပေ။ ဥပမာပြောရလျှင် စုန့်ယွီယန်ပင်ဖြစ်သည်။ သူမသည် မြို့တော်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ၌ ဒုတိယအဆင့်အောင်မြင်သူဖြစ်သည်။

သွေးသန့်လူသားလမ်းစဉ်ကို ရွေးချယ်ပြီးနောက်တွင် သာမညသာ ဖြစ်သွားသည်။ လီမော်ယွီသည်သာ သွေးသန့်လူသားလမ်းစဉ်ကို ရွေးချယ်လိုက်ပါလျှင် အများဆုံးတွင် စုန့်ယွီယန်ကဲ့သို့သာ အဆုံးသတ်သွားပေမည်။

…

ညဘက်သို့ ရောက်သောအခါတွင်မူ...။

အခန်း (၂၄၅) - ယွမ်သုန်ကျီ၏သဘောထား (၂)

ရေချိုးပြီးနောက်တွင် လင်းဇီချန်သည် အိပ်ရာထက်တွင် လဲလျောင်းကာ သတင်းများကို ကြည့်နေသည်။ ဆန်းကြယ်သားရဲများနှင့် ပက်သက်သောသတင်းများပင်ဖြစ်ကာ အနည်းငယ်ကသာ ဆန်းကြယ်အပင်နှင့်ပက်သက်သောအကြောင်းများ ဖြစ်သည်။ မတော်မဆမှုအားလုံးက ရှန်ဟိုင်းမြို့တွင် ဖြစ်နေခြင်းဖြစ်သည်။ ဒေသခံများလည်း စိတ်ပူနေကြသည်။

ထိုသတင်းများကြားတွင် လင်းဇီချန်သည် ရင်းနှီးသောပုံရိပ်များစွာကို တွေ့လိုက်ရသည်။ ထိုသူမှာ လီမော်ယွီ၏အစ်ကို မြို့တော်တက္ကသိုလ်မှ လီယိကျင်းပင်ဖြစ်၏။

ထို့နောက်တွင် စက်နတ်ဘုရားကော်ပိုရေးရှင်းမှ ပါရမီရှင်စက်ပြုပြင်မိန်းကလေးဖြစ်သည်။ ရှန်ဟိုင်းအထက်တန်းကျောင်းသမိုင်းတွင် အားအကောင်းဆုံးဖြစ်သော ယခုတွင်မူ ရှန်ဟိုင်းတက္ကသိုလ်၏ ဆင့်ကဲပြောင်းလဲခြင်းကောလိပ်မှာ ဆရာငယ်လေး ဝူထျန်းချုံးပင် ဖြစ်၏။

ထို့နောက်တွင်---

ထိုထိပ်တန်းပါရမီရှင်များသည် ရှန်ဟိုင်းမြို့တွင် စုဝေးပြီး ဆန်းကြယ်သားရဲနှင့်အပင်များကို ရှင်းလင်းရန် ပြည့်သူလုံခြုံရေးဌာနသို့ ရောက်နေကြသည်။ ပါရမီရှင်များက ဆန်းကြယ်သားရဲနှင့်အပင်များကို နှိမ်နင်းလျှင် ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်များကို ရမည်ဖြစ်ပြီး ပြည်သူ့လုံခြုံရေးဌာနကမူ ရှန်ဟိုင်းမြို့၏လုံခြုံရေးကို ထိန်းသိမ်းပေးရန်ဖြစ်သည်။ နှစ်ဦးနှစ်ဖက်ကောင်းသောအခြေအနေပင် ဖြစ်၏။

လင်းဇီချန်သည် သတင်းများကို ဆွဲကြည့်နေရင်းဖြင့် ထိုပါရမီရှင်များက ဆန်းကြယ်သားရဲများကို သတ်သည့်ဗီဒီယိုများကို တွေ့သွားသည်။

ထိုသုံးဦး၏တိုက်ပွဲဗီဒီယိုများကို အာရုံစိုက်၍ ကြည့်ကြည့်သည်။ ကြည့်ပြီးနောက်တွင်မူ ထိုသုံးဦးသည် လွန်စွာပြောင်မြောက်သော သာမန်ဆန်သည့်အရည်အချင်းကိုသာ တွေ့လိုက်ရသည်။

သွေးသန့်စင်ကျမ်း၏ တတိယအဆင့်ခန္ဓာကိုယ်သန့်စင်ခြင်း တိုးတက်မှု၊ အသန်မာဆုံးအောင်မြင်မှု၊ လူမှုရေးတိရစ္ဆာန်နှင့် အခြားသွေးမျိုးဆက်စွမ်းအားမျိုးစုံဖြင့်ဆိုလျှင် လင်းဇီချန်သည် ထိုသုံးဦးကို အနိုင်ပိုင်းနိုင်မည်ဖြစ်သည်။

ထို့အပြင် တည့်ပြောရမည်ဆိုလျှင် သုံးယောက်တစ်ယောက် နိုင်နိုင်ပေသည်။

အခြေခံနဝမအဆင့်အဖြစ်အနေဖြင့် အဆင့်မြင့်သူများကို ကျော်နိုင်မည်ဟု ခံစားနေရသည်။

သွေးသန့်စင်ခြင်းကျမ်း၏ ပဥ္ဇမအကြိမ်မြောက်ခန္ဓာကိုယ်သန့်စင်ခြင်း အောင်မြင်ပြီး အဆင့်မြင့်သွေးမျိုးဆက်အဆင့်အဖြစ်သို့ အောင်မြင်စွာဆင့်ကဲပြောင်းလဲနိုင်ပါလျှင် အလယ်အလတ်အဆင့်အဆင့်မြင့်တိုက်ခိုက်သူများကိုပင် တိုက်နိုင်လိမ့်မည်ဖြစ်သည်။

လင်းဇီချန်သည် မိမိဘာသာ တိတ်တဆိတ်တွေးနေခြင်းဖြစ်၏။

ထိုအချိန်တွင် ရှန်ချင်းဟန်၏အသံက တံခါးအပြင်ဘက်မှ ရောက်လာသည်။

''ရှောင်ချန် ငါဝင်လာပြီနော်။''

ပြော၍မဆုံးခင်တွင်ပင် အဆောင်တံခါးက ပွင့်လာသည်။ ရှန်ချင်းဟန်သည် လျော့တိလျော့ရဲညအိပ်ဂါဝန်ကိုဝတ်၍ အထဲသို့ အသာဝင်လာကာ တံခါးကို ပြန်ပိိတ်လိုက်သည်။ သူမသည် ကြိုးသိုင်းဖိနပ်ကို ချွတ်လိုက်ပြီး အိပ်ရာဘေးတွင် ဝင်ထိုင်ကာ ပြောလိုက်သည်။

''ရှောင်ချန် င့ါဆရာက နောက်ကျ နင့်ကိုလာတွေ့မယ်လို့ ပြောထားတယ်မလား။ သူက နင့်ကို တစ်ခုခုပြောချင်တဲ့ပုံပဲ။''

''သူက င့ါကို တွေ့ချင်တာတဲ့လား။''

''အင်း။ ငါသိပြီ။ သူက နင်နဲ့သွေးသန့်စင်ခြင်းကျင့်စဉ်အကြောင်း ပြောချင်လို့ဖြစ်မယ်။''

''သွေးသန့်စင်ခြင်းကျင့်စဉ်အကြောင်းပြောမယ်။''

လင်းဇီချန်က အနည်းငယ်မျှ တွေဝေသွားသည်။

သွေးသန့်စင်ခြင်းကျင့်စဉ်အကြောင်းကို ဟိုနေ့ကပင် ပြောခဲ့သည်မဟုတ်လော။

ပို၍အတွင်းနက်နက် စစ်ဆေးကြတော့မည်လော။ ထိုသို့ဆိုလျှင် လွန်လွန်းပေသည်။

လင်းဇီချန်၏စိတ်ထဲ၌ မကျေမနပ်စဖြစ်လာသည်။

''ရှောင်ချန် ငါသုံးလာတဲ့ ရေချိုးဆပ်ပြာက ချူရှင်းက ငါ့ကိုပေးထားတာလေ။ ပန်းနံ့။ သူပြောတာတော့ တစ်ခုကို ယွမ် (၂၉၉)ကျပ်တောင် ကျတယ်တဲ့လေ။''

ရှန်ချင်းဟန်က လင်းဇီချန်၏နှာခေါင်းနားသို့ လက်တိုးပေးကာ အနံ့ခံခိုင်း၍ ပြောလိုက်သည်။

''အနံ့လေးကောင်းတယ်။ မွှေးမမွေးသိရအောင် နမ်းကြည့်လိုက်။''

လင်းဇီချန်က နမ်းကြည့်ပြီးနောက်တွင် ခေါင်းညိတ်ပြလိုက်သည်။

''အင်း မွှေးသားပဲ။ အနံ့လေးက တော်တော်သင်းတယ်။''

ရှန်ချင်းဟန်က မေးလိုက်၏။

''နင်စမ်းကြည့်ချင်လား။''

''တစ်ခါအရသာခံယုံနဲ့မလုံလောက်ဘူး။ ဒီလောက်မွှေးတဲ့လက်က အခါတစ်ရာလောက် အနံ့ခံကြည့်မှဖြစ်မှာ။''

လင်းဇီချန်က ရယ်၍ ပြောလိုက်သည်။

ထို့နောက်တွင် ခေါင်းငုံ့၍ လင်းဇီချန်လေးကို လက်လေးကို နမ်းရှိုက်လိုက်၏။ ကစားခြင်းသာဖြစ်သော်လည်း ဆက်၍နမ်းနေရာမှ ခံစားချက်များက ကြီးထွားလာသည်။ လက်မှစ၍ တဖြည်းဖြည်းဖြင့် နူးညံ့သောလည်ညှပ်ရိုးဆီသို့ ရောက်သွားကာ ထို့နောက်တွင် နှင်းကဲ့သို့ ဖြူဖွေးနေသောလည်တိုင်လေဆီသို့ ရောက်သွားသည်။ နောက်ဆုံးတွင်မူ နွေးထွေးသောနှုတ်ခမ်းလေးဆီသို့ ရောက်သွားတော့သည်။

ထိုအချိန်တွင် သူ၏လက်များက ရှန်ချင်းဟန်၏ခန္ဓာကိုယ်တစ်ဝိုက်ဆီသို့ မရပ်မနားလျှောက်သွားနေသည်။ သူမသည် သူ၏ရင်ခွင်ထဲတွင် နူးညံ့သောပေါက်စီတစ်လုံးနှယ်အဖြစ် ပြောင်းသွားပြီး အနမ်းနှင့်ယုယကြင်နာမှုတို့ဖြင့် ထွေးပွေ့ခြင်းခံလိုက်ရသည်။ မက်မွန်ပန်းပွင့်နှင့်တူသောမျက်လုံးလေးက ချစ်စရာအငွေ့အသက်တို့ဖြင့် ပြည့်နှက်နေပြီး လွန်စွာမှ ညှို့ယူနိုင်စွမ်းရှိပေသည်။

''နည်းနည်းလေးအနိုင်ယူပါဦး။ ထပ်ပြီး မကိုင်တွယ်နိုင်တော့ဘူးလား။''

လင်းဇီချန်သည် ရှန်ချင်းဟန်၏နှုတ်ခမ်းပါးလေးကို လွှတ်၍ ဟက်ကနဲရယ်ကာ ကျီစားလိုက်သည်။

ရှန်ချင်းဟန်သည် မျက်နှာနီရဲသွားရာမှ လေးလံစွာအသက်ရှုလိုက်ပြီး နှုတ်ခမ်းလေးက အသာဟလာသည်။ မူးဝေလာသည်ဟု ခံစားရကာ လင်းဇီချန်စသည်ကို ပြန်ဖြေရန်ကိုပင် အားနည်းလွန်းနေသည်။

သူမသည် မနည်းအားယူကာ ဖျော့တော့စွာ ပြောလိုက်ရသည်။

''ဘယ်သူက မကိုင်တွယ်နိုင်ဘူးလို့ပြောလဲ။ နောင်ကျမှ င့ါကို အသနားခံမနေနဲ့။''

ထိုသို့ပြောပြီးနောက်တွင် သူမက လင်းဇီချန်၏ရင်ခွင်ကို သိုင်းဖက်ကာ သူ၏နှုတ်ခမ်းလေးကို နမ်းလိုက်သည်။ သို့သော်လည်း ကိစ္စများက သူမဆန္ဒရှိသည့်အတိုင်း ဖြစ်မလာပေ။

ရှန်ချင်းဟန်သည် နောက်ဆုံးတွင်မူ အိပ်ရာစိုစွတ်သွားစေသူတစ်ဦးသာ ဖြစ်သွားလေ၏။

…

များမကြာမီတွင် ယွမ်သုန်ကျီ ရောက်လာသည်။ သူမသည် သွေးသန့်စင်ခြင်းကျင့်စဉ်ကို လင်းဇီချန်နှင့် ဆွေးနွေးရန် အဆောင်သို့ ကိုယ်တိုင်ရောက်လာခြင်းဖြစ်၏။ အဆောင်ထဲသို့ ဝင်လာလျှင်ဝင်လာချင်းပင် စိုစွတ်နေသောအိပ်ရာနှင့်စောင်ကို တွေ့လိုက်ရသည့်အတွက် စပ်စုစွာဖြင့် မေးလိုက်မိ၏။

''ဘာလို့ အိပ်ရာက စိုနေရတာလဲ။''

''ရေခွက်ကို မတော်မဆ သွားတိုက်မိသွားလို့။''

လင်းဇီချန်ကမူ မျက်တောင်တစ်ချက်မခတ်ဘဲ လိမ်ပြောလိုက်၏။

ဘေးတွင် ရပ်နေသောရှန်ချင်းဟန်ကမူ မသက်မသာမျက်နှာမျိုးဖြင့် ခြေထောက်ကို တင်းကျပ်အောင် စေ့ထားမိသည်။ ယွမ်သုန်ကျီကမူ ပုံမှန်မဟုတ်သောမျက်နှာကို သတိထားမိသောကြောင့် တစ်ခုခုကို တွေးမိသွားသည်။ သို့သော်လည်း မဟုတ်လောက်ဟုသာ ခံစားလိုက်ရသည်။ အိပ်ရာက စိုစွတ်နေသော်လည်း အနံ့ပြင်းပြင်း မရပေ။ အနံ့ရလျှင် စိတ်ကို လန်းဆန်းသွားစေသော အနံ့သင်းသင်းလေးသာ ရသည်။

လက်ဖက်ရည်မှောက်ချခြင်းမျိုး ဖြစ်ပေမည်။ ယွမ်သုန်ကျီက သူမဘာသာ စဉ်းစားမိလိုက်၏။

ထိုသို့တွေးရင်းဖြင့် လင်းဇီချန်ကို ကြည့်လိုက်ပြီး နွေးထွေးသောလေသံဖြင့် ပြောလိုက်သည်။

''ဇီချန် ဒီည ငါမင်းကို လာတွေ့ရတဲ့ အဓိကအကြောင်းရင်းက သွေးသန့်စင်ခြင်းကျမ်းစဉ်အကြောင်း ပြောမလို့ပဲ။ ပြောရမယ်ဆိုရင်တော့ သွေးသန့်လူသားလမ်းစဉ်အကြောင်းပေါ့။''

''နေ့ဘက်တုန်းက ပြောပြီးပေမဲ့လို့ အဲ့တုန်းက အခြားသူတွေလည်း ရှိနေတော့ မင်းကို မေးဖို့ အဆင်မပြေတဲ့မေးခွန်းတွေကို မမေးလိုက်ရဘူး။''

''အဲ့တာကြောင့်မလို့ ညဘက်ကျမှ မင်းနဲ့ သေချာလာပြီးစကားပြောတာ။''

ထိုသို့ပြောပြီးနောက်တွင် ယွမ်သုန်ကျီက တဲ့တိုးပင်မေးလိုက်သည်။

''ဇီချန် မင်းရဲ့လက်ရှိအားက သွေးသန့်စင်ခြင်းကျင့်စဉ်ကို တစ်ခေါက်လောက်ပြီးပြီးနေတဲ့အနေအထားပဲ။ သွေးမျိုးဆက်စွမ်းအားအဆင့်ကလည်း အခြေခံနဝမအဆင့်လောက်ရှိနေပြီမဟုတ်လား။''

''ဟုတ်ပါတယ်။''

လင်းဇီချန်က မငြင်းပေ။

သွေးသန့်စင်ခြင်းကျင့်စဉ်ကို တစ်ကြိမ်သန့်စင်ပြီးမြောက်သွားခြင်းသည် သွေးမျိးဆက်စွမ်းအားအဆင့် အခြေခံနဝမအဆင့်နှင့် အတူတူပင်ဖြစ်ကာ ယွမ်သုန်ကျီမြင်နိုင်အောင် တမင်တကာဖုံးကွယ်ထားခြင်းသာ ဖြစ်သည်။

ယွမ်သုန်ကျီက မေးလိုက်သည်။

''လျို့ချွမ်ဝူကော မင်းရဲ့သွေးသန့်စင်ခြင်းကျင့်စဉ်နဲ့ပက်သက်ပြီး သိထားလား။''

လင်းဇီချန်က ဖြေလိုက်သည်။

''သူသိပါတယ်။''

ယွမ်သုန်ကျီက အသာခေါင်းညိတ်ပြပြီး တိတ်ဆိတ်သွားကာ စဉ်းစားနေလေသည်။ ခေတ္တမျှကြာပြီးနောက်တွင် စိတ်ခံစားချက်ပြည့်နေသောလေသံဖြင့် ထပ်ပြောလာပြန်သည်။

''ဒီနေ့မတိုင်ခင်အထိ ငါက သွေးသန့်လူသားလမ်းစဉ်ကို အထင်အမြင်သေးခဲ့မိတယ်။''

လင်းဇီချန်က မေးလိုက်သည်။

''ဒါပေမဲ့ အခုတော့ သွေးသန့်လူသားလမ်စဉ်ရဲ့ တောက်ပတဲ့အနာဂတ်ရှိတာကို သိလိုက်ရပြီ။ နောင်ကျရင် လူတွေရဲ့နားလည်နိုင်စွမ်းကို ချိုးဖျက်ပြီး လူသားမျိုးနွယ်ကို ပိုပြီးမြင့်မြင့်ရောက်အောင် ဦးဆောင်နိုင်လိမ့်မယ်။''

''သူတို့တွေကြားမှာ အများစုက မင်းလိုမျိုး ရှေ့ပြေးနေတဲ့သူတွေ၊ လမ်းသစ်ဖောက်သူတွ ဖြစ်လိမ့်မယ်။''

''အင်။ ချင်းဟန်မှာလည်း အခွင့်အရေးရှိပါတယ်။''

''မင်းတို့နှစ်ယောက်လုံးရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံက ထူးခြားတယ်။ အဲ့တာကြောင့် သူတို့က လက်မတွေ့မဆန်လို့ မယုံနိုင်ကြဘူးဖြစ်နေတယ်။''

ထိုသို့ပြောလိုက်သော်လည်း ယွမ်သုန်ကျီ၏မျက်နှာထက်တွင် ပဟေဠိဖြစ်နေဟန်ပေါ်ကာ ထိုနှစ်ဦးကို ပြောလိုက်ပြန်သည်။

''လူသစ်ပြိုင်ပွဲပြီးသွားတဲ့နေ့က မင်းတို့နှစ်ယောက်လုံးရဲ့မိဘတေကို စုံစမ်းခဲ့တယ်။''

''သူတို့ကလည်း မင်းတို့လိုပါရမီရှင်တွေကို မွေးထုတ်ပေးနိုင်တဲ့ တစ်သန်းမှာတစ်ယောက်ပဲရှိတဲ့ပါရမီရှင်တွေပဲလေ။''

''ဒါပေမဲ့ လက်တွေ့ကျ မင်းတို့နှစ်ယောက်လုံးရဲ့မိဘတွေက သာမန်လူတွေပဲ။''

''သူတို့က သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲသူတို့ စက်ပြုပြင်လူသားတို့ မဟုတ်ဘဲ ဒီတိုင်းသာမန်တွေပဲ။''

''အဲ့နေ့တွေတုန်းက မင်းတို့နှစ်ယောက်လုံးရဲ့ သွေးမျိုးဆက်သန္ဓေသားတွေ ဖြစ်မယ်လို့ကို သံသယဝင်မိသေးတယ်။''

''ဒါပေမဲ့ စဉ်းစားကြည့်လိုက်တော့လည်း မဖြစ်နိုင်ဘူး။''

''လူတစ်ယောက်မှာ သွေးမျိုးဆက်သန္ဓေပြောင်းတာက ဖြစ်နိုင်ပေမဲ့လို့ သန္ဓေပြောင်းနှစ်ယောက်က ဘေးအိမ်မှာကပ်လျက်နေကြပြီး ငယ်ချစ်ဦးတွေပါ ဖြစ်နေလိုက်သေးတယ်။ အဲ့ဖြစ်နိုင်ချေကတော့ လုံးဝကိုမရှိဘူး။''

''အဲ့တာကြောင့် ငါသံသယဝင်မိတယ်။''

ယွမ်သုန်ကျီသည် ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက်တွင် ခေါင်းစဉ်အကြောင်းအရာကို ပြောင်းရန် စဉ်းစားလိုက်သည်။

''ထားလိုက်တော့။ အဲ့အကြောင်းကို မပြောဘဲနေရအောင်။''

သူမသည် လင်းဇီချန်နှင့်ရှန်ချင်းဟန်တို့ကို လက်ရှိမိဘများက မွေးထားခြင်းမဟုတ်ဟု ပြောလိုခြင်းသာဖြစ်သည်။

သို့သော် သူမထိုသို့ပြောလိုက်လျှင် စော်ကားရာကျမည်ဖြစ်သောကြောင့် စိတ်ထိန်းလိုက်သည်။ သူမထိန်းလိုက်သည်ကို မြင်သောကြောင့် ရှန်ချင်းဟန်က မေးလိုက်မိတော့သည်။

''ဆရာ ဘာကို သံသယဝင်တာလဲ။''

''ဘာမှမဟုတ်ဘူး။''

ယွမ်သုန်ကျီက သာမန်ကာလျှံကာပင် ပြန်ဖြေလိုက်သည်။ ထို့နောက်တွင် လင်းဇီချန်ကိုကြည့်၍ ကြင်နာသောလေသံဖြင့် ဖြေလိုက်၏။

''ဇီချန် မင်းက ချင်းဟန်ရဲ့ သတို့သားလောင်းပဲ။ ငါက ချင်းဟန်ရဲ့ဆရာ။ ဒီဆက်ဆံရေးကနေ ငါတို့က မိသားစုလို ဖြစ်နေပြီ။ နောင်ကျရင် ငါ့အကူအညီလိုရင် အချိန်မရွေး ငါ့ကိုလာရှာလှဉ့်ပါ။''

ထိုစကားကို ကြားသောအခါတွင် လင်းဇီချန်တစ်ယောက် အနည်းငယ်မျှ ဝမ်းသာသွားသည်။ သို့သော်လည်း ကျိုးကြောင်းဆီလျော်သည်ဟု တွေးမိသည်။ ယွမ်သုန်ကျီက ရှန်ချင်းဟန် သွေးမျိုးစပ်နိုင်စွမ်းက (၂၁) ရာခိုင်နှုန်းအထိရှိသည်ကို မြင်သောအခါတွင် သူမကို တပည့်အဖြစ်ခေါ်ရန် တွန့်ဆုတ်မနေခဲ့ပေ။ မဟုတ်လျှင်လည်း သူမက ရင်းနှီးမြုပ်နှံရသည်ကို ကြိုက်နှစ်သက်၏။ ထို့ကြောင့် ယခုမှစ၍ တပည့်ဖြစ်သူ၏သတို့သားလောင်းကလည်း ပါရမီထူးသည်ကို သိလိုက်ရကာ ၎င်းတို့၏ဆက်ဆံရေးကို အားကောင်းစေချင်သည်မှာ သာမန်ပင် ဖြစ်သည်။

''လာ ငါတို့ ဝီချက်အပ်ရအောင်။''

ယွမ်သုန်ကျီက ဖုန်းထုတ်လိုက်ပြီး လင်းဇီချန်ဖြင့် ဝီချက်တွင် သူငယ်ချင်းဖြစ်ရန် အပြန်အလှန်အပ်လိုက်ကြသည်။

အမှန်တွင် ၎င်းကို မိိမိ၏တပည့်အဖြစ်ခေါ်ယူရန် စဉ်းစားကြည့်သော်လည်း လင်းဇီချန်သည် လျို့ချွမ်ဝူဘေးတွင်ရှိသည်ကို အမှတ်ရသွားသည်။ ခင်ပွန်းဟောင်း၏တပည့်ကို ခိုးယူခြင်းက ကျင့်ဝတ်နှင့်မညီဟု ထင်မိသည်။

သူမသည် လျို့ချွမ်ဝူဖြင့် ကွာရှင်းပြီးဖြစ်သော်လည်း ရုပ်ပိုင်းဆိုင်ရာကမူ မကွာနိုင်ကြသေးပေ။ တပည့်ခိုးသည့်ကိစ္စဖြင့် လျို့ချွမ်ဝူဖြင့် ပြဿနာတက်မည်ကို မလိုလားပေ။ ထို့အပြင် သူမနှင့် လင်းဇီချန်၏ဆက်ဆံရေးကလည်း ကောင်းမွန်လာပြီဖြစ်သည်။ တပည့်လေးချင်းဟန်ကို ကြားခံအဖြစ်သုံးရသောကြောင့် ဖိအားပေးစရာအကြောင်းမရှိပါပေ။

အခန်း (၂၄၆) အထူးလေ့ကျင့်ရေး

နောက်တစ်နေ့ မနက်ခြောက်နာရီ စစ်ရေးပြကွင်းတွင် ဖြစ်သည်။ လင်းဇီချန်သည် ဘေးဘီိသို့ ကြည့်လိုက်သောအခါတွင် မနေ့က ဒဏ်ရာရထားသူများအားလုံး ပြန်ကောင်းသွားကြသည်ကို တွေ့လိုက်ရသည်။ ခြေထောက်ထော့ကျိုးဖြစ်နသောစစ်တပ်အရာရှိသည်လည်း ထပ်ပြီး ထော့ကျိုးမဖြစ်တော့ပေ။ မာရှိဝေ၏ရင်ဘတ်ကလည်း ခွက်ဝင်မနေတော့ပေ။ အကြောသေလုနီးပါးဖြစ်သွားသောကျန်းခိုင်သည်လည်း မျောက်ကဲ့သို့ ဖြစ်မနေပေ။ စစ်တပ်နယ်မြေ၏ ဆေးကုသသည့်နည်းလမ်းများက အမှန်ပင် အားကောင်းလှသည်။ သေသည်ကိုပင် ပြန်ရှင်နိုင်အောင် ကုသနိုင်သည်ဟု ထင်ရသည်။

မကြာခင်တွင်ပင်

ညွှန်ကြားသူလုထျန်းရုန်ရောက်လာသည်။ အထူးလေ့ကျင့်ရေးတွင် ပါဝင်မည့်သူအားလုံးကို တစ်ချက်ကြည့်လိုက်ပြီးနောက်တွင် အားလုံးပကို အဆောက်အဦးတစ်ခုပေါ်သို့ ခေါ်သွားသည်။ တစ်ခဏအတွင်းပင် အဆောက်အဦး၏ဒုတိယအထပ် လေ့ကျင့်ရေးအခန်းသို့ ရောက်သွားကြသည်။ လင်းဇီချန်က အတွင်းပိုင်းအပြင်အဆင်ကို စပ်စုစွာဖြင့် ကြည့်လိုက်သည်။ ချိတ်ပိတ်ထားသော ဖန်ကွန်တိန်နာများစွာကို တွေ့လိုက်ရသည်။ အလွန်ကြီးသောဖန်ကွန်တိန်နာများလည်းရှိသည်။ အလျားနှစ်မီတာ၊ အကျယ်နှစ်မီတာ၊ အမြင့်နှစ်မီတာရှိမည်ဖြစ်ကာ လူများစွာ ဆံ့ပေမည်။

ကွန်တိန်နာတိုင်း၏မျက်နှာပြင်တွင် ဖန်သားမျက်နှာပြင်တစ်ခုစီ တပ်ဆင်ထားသည်။ ဖန်သားမျက်နှာပြင်များပေါ်၌ စာတန်းတစ်ခု ရေးထားသည်။ ချီသွေးဆေးတောင့်၊ ဝိညာဉ်စွမ်းအားအခန်းငယ် စသဖြင့် ရေးထားသည်။ ထိုအရာများက ချီသွေးနှင့်ဝိညာဉ်စွမ်းအား လေ့ကျင့်ရေးအတွက်ပေလော။

လင်းဇီချန်တစ်ယောက် စဉ်းစားနေမိသည်။ ထိုအချိန်တွင် ရှေ့တွင်ရှိသော လုထျန်းရုန်က ရပ်လိုက်ပြီး လှည့်လာကာ အားလုံးကို ပြောလိုက်သည်။

''ဒါက စစ်တပ်ရဲ့ အထူးလေ့ကျင့်ရေးအခန်းပဲ။''

''ဖန်ကွန်တိန်နာတွေမှာ မင်းတို့မြင်တဲ့အတိုင်း ချီသွေးဆေးတောင့်နဲ့ ဝိညာဉ်စွမ်းအားအခန်းငယ်ဆိုပြီးရှိတာ။''

''ချီသွေးဆေးတောင့်က နာမည်အတိုင်း ချီသွေးအားကောင်းဖို့ပဲ။''

''ဝိညာဉ်စွမ်းအားအခန်းငယ်ကလည်း ဝိညာဉ်စွမ်းအားတိုးဖို့ပဲ။''

''နှစ်ခုလုံးရဲ့အလုပ်လုပ်ပုံကတာ့ အတော်လေးရိုးရှင်းတယ်။''

''ပထမတစ်ခုက ခန္ဓာကိုယ်ထဲက ချီသွေးကို တိုးတက်စေတယ်။ ခန္ဓာကိုယ်ရဲ့အင်အားကိုချီသွေးနဲ့လိုက်လျောညီအောင်လုပ်ပေးတယ်။ ချီသွေးကိုမြင့်တက်လာစေတယ်။''

''နောက်တစ်ခုက ဝိညာဉ်စွမ်းအားတိုက်ခိုက်မှုအတွက်ပဲ။ ဝိညာဉ်စွမ်းအားကို တိုးတက်စေတယ်။''

''အသုံးဝင်ပုံက အရမ်းရိုးရှင်းတယ်။ မင်းတို့ကြိုက်တဲ့ ဖန်သားမျက်နှာပြင်မှာ ထိုင်ပြီး ခံနိုင်ရည်အားကို ရွေးလိုက်။ ပြီးရင် လေ့ကျင့်ရေးစမယ်ဆိုတာကို နှိပ်လိုက်။''

အထက်ပါအတိုင်း ရှင်းပြပြီးနောက်တွင် လုထျန်းရုန်က အားလုံးကို မေးလိုက်သည်။

''အားလုံးပဲ ဒီနှစ်ခုနဲ့ပက်သက်ပြီး မေးစရာရှိသေးလား။''

လင်းဇီချန်က ထမေးလိုက်သည်။

''ဆရာ ဒီပြင်းအားက ဘယ်လိုမျိုးကွဲတာလဲ။''

လုထျန်းရုန်က ဖြေလိုက်သည်။

''ချီသွေးဆေးတောင့်နဲ့ ဝိညာဉ်စွမ်းအားအခန်းငယ်ရဲ့ပြင်းအားကို အဆင့် (၁၈) ဆင့်ခွဲထားတယ်။ သွေးမျိုးဆက်စွမ်းအားနဲ့လိုက်ပြီးတော့ပေါ့။''

''အဆင့်တစ်ပြင်းအားက အခြေခံပထမအဆင့်။''

''အဆင့်နှစ်ပြင်းအားက အခြေခံဒုတိယအဆင့်။''

''ပြီးတော့ နောက်ပြင်းအားအဆင့်ကိုးထိက အခြေခံနဝမအဆ့င်ပေါ့။ ပြင်းအားအဆင့်တစ်ဆယ်ကကျ အဆင့်မြင့်ပထမအဆင့်။''

''လေ့ကျင့်နေတုန်း အားလုံးက သူတို့ရဲ့စွမ်းဆောင်နိုင်စွမ်းကို လုပ်သင့်တယ်။ ဒဏ်ရာမရအောင် မင်းတို့အားနဲ့သင့်တော်မယ့် ပြင်းအားတစ်ခုကို ရွေးပြီး လေ့ကျင့်ပါ။''

ပြောပြီးနောက်တွင် လုထျန်းရုန်က ထပ်မေးလိုက်သည်။

''အခြားမေးစရာရှိသေးလား။''

မည်သူမှ မပြောကြပေ။ မေးစရာမရှိသည့်ပုံပေါ်သည်။ ထိုကြောင့် လုထျန်းရုန်က အားလုံးကို ပြောလိုက်သည်။

''မေးစရာမရှိတော့ဘူးဆိုရင် သက်ဆိုင်ရာဖန်ကွန်တိန်နာထဲကို ဝင်ပေးကြပါ။''

''အရင်ဆုံး ချီသွေးဆေးတောင့်နဲ့စဖို့ အကြံပေးလိုက်မယ်။ အကြိမ်ပေါင်းများစွာ လေ့ကျင့်ပြီးလို့ ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်နေတဲ့အခါကျရင် ဝိညာဉ်စွမ်းအားအခန်းငယ်ထဲကို သွားလေ့ကျင့်ပါ။ ဒီလိုလုပ်ရင် ပိုပြီးအဆင်ပြေလိမ့်မယ်။''

''မဟုတ်ရင် ဝိညာဉ်စွမ်းအားအခန်းငယ်ကို အရင်စလိုက်ရင် ထွက်လာတဲ့အခါကျ သတိလစ်ပြီး နောက်ထပ်လေ့ကျင့်တာ မလုပ်နိုင်တာဘဲနေလိမ့်မယ်။''

လုထျန်းရုန်က ထပ်ပြောလိုက်လေသည်။

''ပြင်းအားကို ရွေးတဲ့အခါကျရင် မင်းရဲ့စွမ်းအားနဲ့ လိုက်လျောညီထွေဖြစ်တာကိုပဲရွေးပါ။ အပိုလုပ်ပြီး ကိုယ့်ဘာသာ ဒဏ်ရာမရစေနဲ့။ ပြီးတော့ ဖန်ကွန်တိန်နာထဲမှာ နာရီဝက်ထဲ ပိုမနေနဲ့။ နာရီဝက်လောက်နေပြီးရင်ခဏနား။ မဟုတ်ရင် ခန္ဓာကိုယ်ကို ထိခိုက်စေလိမ့်မယ်။''

''နားလည်ပါပြီ။''

တစ်ယောက်ယောက်က ပြန်ပြောလိုက်သည်။ မကြာခင်တွင် အားလုံးသည် ဖန်ကွန်တိန်နာများနားသို့ ရောက်သွားကာ စပ်စုလိုစိတ်ဖြင့် စတင်ကြတော့မည်ဖြစ်သည်။ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့နှစ်ယောက်သည် ကပ်လျက်ဖြစ်သောအခန်းနှစ်ခန်းရှေ့တွင် ရပ်လိုက်ကြကာ ဦးစွာ ချီသွေးလေ့ကျင့်ရေးကို ခံကြမည်ဖြစ်သည်။

နှစ်ဦးလုံး ထိုအခန်းငယ်ထဲသို့ ဝင်လိုက်ပြီး ထိုင်လိုက်ကြကာ မိမိတို့ရှေ့မှ ဖန်သားမျက်နှာပြင်ကို ကြည့်လိုက်ကြသည်။ အခန်းထဲရှိ ဖန်သားမျက်နှာပြင်ပေါ်တွင် ပြထားသည်များက လွန်စွာရိုးရှင်းသည်။ အကြောင်းအရာနှစ်ခုကိုသာ ပြထားကာ တစ်ခုက အဆင့်ကို ချိန်ညှိရန်ဖြစ်ပြီး အခြားတစ်ခုက အဖွင့်အပိတ်အတွက် ဖြစ်သည်။ ထိုအရာမှလွဲ၍ ဘာမှမရှိပေ။

လင်းဇီချန်သည် ဖန်သားမျက်နှာပြင်ကိုကြည့်၍ ချက်ချင်းပင် ပြင်းအားဆင့်ကို အဆင့်ကိုးထိ တိုးလိုက်ပြီး ချက်ချင်းပင် လေ့ကျင့်ရေးစတော့သည်။ လေ့ကျင့်ရေးစသည်နှင့် အထဲမှဖိအားက ချက်ချင်းမြင့်တက်သွားသည်။

တစ်ဆက်တည်းပင် ခန္ဓာကိုယ်တွင်းမှချီသွေးသည် မမြင်နိုင်သောအားတစ်ခုကြောင့် လှုံ့ဆော်ပေးခံလိုက်ရကာ ဖြည်းဖြည်းချင်းဖြင့် ယောက်ယက်ခတ်လာသည်။ တစ်ချိန်တည်းတွင်ပင် လေဟာနယ်ထဲ၌ ကိန်းဂဏန်းများ ပေါ်လာ၏။

(သင်သည် ပြင်းထန်ချီသွေးဂယောက်ဂယက်ဖြစ်ခြင်းကို ခံစားနေရပါသည်။ ချီသွေး ၃+ ၄+ ၃+ ၄+ ၃+...)

ထိုအချိန်အတွင်းပင် ချီသွေးတန်ဖိုးက ထိုမျှထိတက်သွားသည်လော။ ချီသွေးဆေးတောင့်၏လေ့ကျင့်ရေးအားက မဆိုးလှပေ။ လက်ရှိခန္ဓာကိုယ်အနေအထားဖြင့်ဆိုလျှင် အဆင့် (၁၁) အထိလေ့ကျင့်နိုင်ကာကျွမ်းကျင်ဒုတိယအဆင့်နီးပါးပင် ဖြစ်သည်။

လေ့ကျင့်ရေးအားကိုသာ အဆင့် (၁၁) ထိမြင့်တင်လိုက်လျှင် ချီသွေးကို ပို၍မြှင့်တင်နိုင်ပေလိမ့်မည်။ ထိုသို့စဉ်းစားမိပြီး လင်းဇီချန်က ချိန်ညှိသည့်ကိရိယာကိုလက်လှမ်း၍ ပြင်းအားကို အဆင့်မြှင့်တင်ခါနီးတွင်ပင် ရုတ်တရက် အပြင်ဘက်၌ လူများစွာက မိမိကို ကြည့်နေသည်ကို သတိထားမိလိုက်သည်။

လီမော်ယွီ၊ လော်ရုန်ကျန်း၊ ကျန်းခိုင်နှင့် အခြားသူများလည်း ရှိနေကြသည်။ ဆရာလုကပင် မိမိကို ကြည့်နေ၏။

အပြင်ဘက်မှလူများက မိမိကို ကြည့်နေကြခြင်းမှာ လင်းဇီချန်သည် အဆင့်ကိုးပြင်းအားဖြင့် စတင်သော်လည်း ဘာမှမဖြစ်သကဲ့သို့ အေးဆေးနေသောကြောင့် အားလုံး၏မျက်နှာက မယုံကြည်ဟန်ကို ပြသနေ၏။

အားလုံး၏မျက်လုံးထဲတွင် သူ၏သွေးမျိုးဆက်စွမ်းအားအဆင့်သည် အခြေခံအဌမအဆင့်သာဖြစ်သောကြောင့် ချီသွေးဆေးတောင့်ထဲသို့ ဝင်သည့်အခါတွင် ပြင်းအားအဆင့်ရှစ်ထက် ကန့်သတ်ချက်မပို့သင့်ပေ။ အစတွင်ပင် ပြင်းအားကိုးအထိ တင်လိုက်သောကြောင့်အားလုံး အံ့ဩသွားရခြင်းဖြစ်သည်။

''သေစမ်း။ လူမြင်ကွင်းဆိုတာကို မေ့သွားတယ်။''

လင်းဇီချန်သည် အမြန်ပင် အသိဝင်လာပြီး လန့်ဖျပ်သွားချင်ယောင်ဆောင်ကာ ပြင်းအားကို အဆင့်ရှစ်သို့ လျော့ချလိုက်သည်။ ထို့နောက်တွင်မှ စိတ်သက်သာရာရသွားသည်။ ပြင်းအး (၁၁)ဖြင့် မစလိုက်မိသည်ကိုပင် ကျေးဇူးတင်ရပေမည်။ မဟုတ်လျှင် မိမိ၏အင်အားမှာ ပေါ်သွားမည်ဖြစ်ပြီး ဖုံးကွယ်ထားသောအရာအားလုံးမှာ အမဲလိုက်ခံရတော့မည်ဖြစ်၏။

အားလုံးလုပ်ပြီးနောက်တွင် လင်းဇီချန်သည် အနီးတွင်ရှိသည့် ရှန်ချင်းဟန်၏ ချီသွေးဆေးတောင့်ကို ကြည့်လိုက်သည်။ ထို့နောက်တွင် မျက်နှာက နီရဲနေကာ ခန္ဓာကိုယ်ကလည်း ချွေးဒီးဒီးကျနေသည်ကို တွေ့လိုက်ရသည်။ ချီသွေးဆေးတောင့်၏ပြင်းအားသည် အဆင့်ခြောက်သာရှိသည်။ ချီသွေးဆေးတောင့်ထဲရှိ အခြားသူများကို ကြည့်လိုက်သောအခါတွင်လည်း အခြေအနေက အတူတူပင် ဖြစ်၏။

မိမိနှင့်သက်ဆိုင်သည့် သွေးမျိုးဆက်စွမ်းအားအဆင့်များကို ခံနေကြသော်လည်း မျက်နှာများက မသက်မသာဖြစ်နေကာ ချွေးပြန်နေကြသည်။ ထို့ကြောင့် လင်းဇီချန်တစ်ယောက် ပြင်းအားကိုးဖြင့် စတင်ရန် အချိန်မဟုတ်ပေ။

…

နာရီဝက်ခန့်ကြာပြီးနောက်တွင် လင်းဇီချန်သည် ချီသွေးဆေးတောင့်ထဲမှ ထွက်လာသည်။ ယခုတွင်မူ ရှန်ချင်းဟန်သည်လည်း ထွက်လာပြီး အပြင်ဘက်တွင် ဆယ်မိနစ်ခန့် အနားယူသည်။

''ဘယ်လိုနေလဲ။''

လင်းဇီချန်သည် ရှန်ချင်းဟန်ဆီသို့ လျှောက်သွားကာ မေးလိုက်သည်။ မျက်နှာက နီရဲနေဆဲဖြစ်ပြီး ကြည့်ကောင်းမနေပေ။ အသံကလည်း စိတ်ပျက်အားငယ်နေဟန်ပေါက်သည်။ သူမကစိတ်ပျက်ပျက်ဖြင့် ပြောလိုက်သည်။

''မကောင်းဘူး။ ငါမိနစ်နှစ်ဆယ်ပဲ နေရသေးတယ်။ သွေးကြောတွေတောင် ပေါက်ထွက်တော့မလား အောက်မေ့ရတယ်။''

''အသားမကျသေးလို့ ဖြစ်မှာပါ။ နည်းနည်းထပ်လုပ်ကြည့်ပြီးရင် စောနကလောက် ဆိုးမှာမဟုတ်တော့ပါဘူး။''

ထိုစကားများကို ပြောနေစဉ်တွင်ပင် လင်းဇီချန်သည် ဘေးဘီကိုကြည့်လိုက်သည်။ စောနကထွက်လာသောသူများသည်လည်း မသက်မသာဖြစ်နေဟန်ပေါ်ကြသည်။ အားလုံးသည် မျက်နှာများက နီမြန်းပြီး ချွေးပြန်နေကြသည်။ ရှန်ချင်းဟန်နှင့် သွေးမျိုးဆက်စွမ်းအားအဆင့်တူသော ရှန်ကွမ်းယွဲ့ယင်းသည်ပင် နံရံကိုမှီ၍ သွေးအန်နေ၏။

သူမသည် ပြင်းအားခြောက်ကို မိနစ်သုံးဆယ်ခန့် ခံခဲ့သည်။ သူမ၏ကန့်သတ်ချက်ထက်လွန်သောကြောင့် ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

သုံးနာရီကြာပြီးနောက် မနက်ဆယ်နာရီထိုးသွားလေသည်။ လူအုပ်သည် ချီသွေးဆေးတောင့်ထဲတွင် အကြိမ်ပေါင်းစွာ လေ့ကျင့်ပြီးနောက် ခန္ဓာကိုယ်များက ပင်ပန်းနွမ်းနယ်လာကြသည်။ ခေတ္တမျှ အနားယူပြီးနောက်တွင် လူများသည် ဝိညာဉ်စွမ်းအားအခန်းထဲသို့ ဝိညာဉ်စွမ်းအားကိုလေ့ကျင့်ရန် ဝင်သွားကြသည်။ ရှန်ချင်းဟန်ကို ဂရုစိုက်နေရသောကြောင့် လင်းဇီချန်က အလျင်စလိုဖြင့် ဝင်မသွားပေ။

ရှန်ချင်းဟန်သည် စောနကပင် ချီသွေးဆေးတောင့်ကြောင့် ပင်ပန်းနေပြီဖြစ်ကာ သွေးအန်ပြီးဖြစ်သည်။ ယခုတွင်မူ မူးဝေနေသဖြင့် လင်းဇီချန်ပခုံးကို မှီနေရပြီး မသက်မသာရှိလှသည်။

''သေစမ်း။ ဝိညာဉ်စွမ်းအားလေ့ကျင့်ရေးပြင်းအားအဆင့်ရှစ်တဲ့။''

''လျိုရွှေဟယ် မင်းရဲ့ဝိညာဉ်စွမ်းအား မြင့်တာပဲ။ ငါဆို ဝိညာဉ်စွမ်းအားကို နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ရတာ။ အခြေခံပဥ္ဇမအဆင့်ကို မနည်းရောက်အောင်လုပ်ခဲ့ရတာ။ ဘယ်လိုလုပ် မင်း အခြေခံအဌမအဆင့်ဖြစ်ရတာလဲ။''

''ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ။''

ရုတ်တရက်ပင် သံသယဝင်လာကြသည်။

အသံလာရာကို ကြည့်လိုက်သောအခါတွင် မနေ့က ခြေထော့ကျိုးဖြစ်သွားသော စစ်တပ်အရာရှိကို တွေ့လိုက်ရကာ သူသည် ဝိညာဉ်စွမ်းအားအခန်းထဲ၌ ပြင်းအားရှစ်အထိ တင်ထားသောကြောင့် အားလုံးအံ့ဩနေကြသည်။

ဝိညာဉ်စွမ်းအားတိုးရန်က ခက်ခဲသည်။ သွေးမျိုးဆက်စွမ်းအားအဆင့်နှင့်လိုက်ပြီး တိုးလာသောချီသွေးဖြင့်မတူပေ။ အဆင့်မြင့်အဆင့်ထိတက်လှမ်းနိုင်ကြသော သွေးမျိုးဆက်စွမ်းအားပိုင်ရှင်များသာ ဝိညာဉ်စွမ်းအား အခြေခံတတိယအဆင့်သို့ ရောက်နိုင်သည်။ ဝိညာဉ်စွမ်းအားကို တိုးတက်ရန် တစ်ခုတည်းသောနည်းလမ်းက ဆန်းကြယ်သားရဲမျိုးစိတ်ဖြင့် ပေါင်းစပ်ခြင်းသာဖြစ်၏။

ဥပမာဆိုလျှင် စိမ်းပြာဂျယ်လီငါးဘုရင်မျိုးစိတ်နှင့် ပေါင်းစပ်ထားသော ရှန်ချင်းဟန်သည် ဝိညာဉ်စွမ်းအားက သွေးမျိုးဆက်စွမ်းအားအဆင့်နီးပါး တိုးတက်နေသည်။

ထိုသို့ဝိညာဉ်အားမျိုးကို ပိိုင်ဆိုင်ရခြင်းမှာ သူမ၏ ပြိုင်စံရှားခန္ဓာကိုယ်တည်ဆောက်ပုံကြောင့်ပင် ဖြစ်သည်။ အခြားပါရမီရှင်များက သူမကဲ့သို့ မိုးပြာဂျယ်လီငါးဘုရင်နှင့်ပေါင်းစပ်၍ သူမ၏ဝိညာဉ်စွမ်းအားတစ်ဝက်လောက်ရောက်လျှင်ပင် အထင်ကြီးစရာကောင်းနေပေသည်။ ထို့ကြောင့် ဝိညာဉ်စွမ်းအားအခန်းထဲ၌ ပြင်းအားရှစ်ကို ရုတ်တရက်စိန်ခေါ်နိုင်သူသည် လုံးဝပင် အားလုံးကို အံ့ဩသွားစေသည်။

''လင်းဇီချန်ရဲ့ ဝိညာဉ်စွမ်းအားကရော ဘယ်လောက်ရောက်နေပြီလဲ သိချင်လိုက်တာ။ ဒီလောက်အားကောင်းတဲ့ခန္ဓာကိုယ်နဲ့ဆို သူ့ရဲ့ဝိညာဉ်စွမ်းအားက မြင့်လောက်တယ်။ လျိုရွှေဟယ်ထက်တောင်မှ မြင့်နေမလားပဲ။''

ပြော၍မဆုံးခင်တွင်ပင် လျိုရွှေဟယ်၏အသံကို ကြားလိုက်ရသည်။

''မင်းတို့က အထင်ကြီးလွန်းနေတာပါ။ လင်းဇီချန်က သွေးသန့်လူသားလမ်းစဉ်ကို လိုက်လို့ ဆန်းကြယ်သားရဲမျိုးစိတ်နဲ့ မပေါင်းစပ်ထားတဲ့အတွက် ဝိညာဉ်စွမ်းအား မြင့်မှာမဟုတ်ဘူး။ သူ့ဘာသာ ဖြည်းဖြည်းချင်းပဲ တိုးမှာပေါ့။ ဘယ်လိုလုပ် အဲ့လောက်မြင့်နိုင်မှာတဲ့လဲ။ တတိယအဆင့်လောက်ရှိရင်ကို အတော်လေးအံ့ဩစရာကောင်းနေပြီ။''

လင်းဇီချန်အကြောင်းပြောနေသူက ပြောလိုက်လေသည်။

''ဟုတ်သားပဲ။ လင်းဇီချန်က သွေးသန့်လူသားလမ်းစဉ်လိုက်တယ်ဆိုတာကို ငါမေ့သွားတာ။''

သူသည် လိမ်ပြောနေခြင်းမဟုတ်ပေ။ သွေးသန့်လူသားလမ်စဉ်လိုက်သောသူက ရှားပါးလွန်းသောကြောင့် ၎င်းတို့ကြားတွင် အနည်းငယ်ရှိသည်ကိုပင် မေ့လျောနေ၏။ ထိုကိစ္စကို ပြောသည့်အခါတိုင်း သွေးသန့်လူသားလမ်းစဉ်လိုက်သော ပါရမီရှင်တ်ိုင်းကို သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲသူများဖြစ်လျှင် ကောင်းမည်ဟု ပြောဆိုတတ်ကြ၏။

All Chapters