အပိုင်း ၂၅၉-၂၆၁
Vol. 18 Ch. 259-261
အခန်း (၂၅၉) ဒါကထောင်ချောက်ပဲ
''သစ်ပင်တွေက လှုပ်နေတာလား''
''ဘာဖြစ်တာလဲ''
''ဘာဖြစ်နေတာလဲ''
''မြန်မြန်ဆုတ်ကြ''
သစ်ပင်လှောင်ချိုင့် ဖြစ်လာသည်နှင့် လေ့ကျင့်ရေးအဖွဲ့သားအားလုံး ပျာယာခတ်သွားကြသည်။ အားလုံး တိုက်ခိုက်နေကြသည်များ ရပ်သွားသည်။ အမြန်ဆုံးနှုန်းဖြင့် အကာအကွယ်ယူရန် ညွှန်ကြားသူလုရှိရာသို့ အပြေးပြန်သွားကြသည်။
ထိုအချိန်တွင် လင်းဇီချန်က ဝါးအိမ်ထဲမှ ထွက်လာသည်။ သို့သော်လည်း အခြားသူများဖြင့်သွားမပေါင်းပေ။ ထို့အစား ပုံရိပ်က ဖျက်ကနဲအရောင်လက်သွားပြီး ပြန်ဆုတ်သွားကြသော ဂမ္ဘီရသစ်ပင်ဂိုဏ်းသားများနောက်သို့ အပြေးလိုက်သွားသည်။
''ဘုန်း''
''ဘုန်း ဘုန်း ဘုန်း''
''ဘုန်း ဘုန်း''
လျင်မြန်လှသောအသံများကို ကြားလိုက်ရသည်။ ပြန်ဆုတ်သွားသော ဂမ္ဘီရသစ်ပင်ဂိုဏ်းသားခုနစ်ယောက်တွင် ခြောက်ယောက်မှာ ခေါင်းပြုတ်၍ သေသွားကြသည်။
သွေးမျိုးဆက်စွမ်းအားအမြင့်ဆုံးတစ်ယောက်ကိုသာ ချန်ခဲ့ကာ နေရာတွင်ပင် တုန်ယင်နေသည်။
''ဘုန်း''
ထိုအသံဖြင့်အတူ ကျန်နေသေးသောဂမ္ဘီရသစ်ပင်ဂိုဏ်းသားတစ်ယောက်ကို လက်သီးဖြင့် တစ်ချက်ထိုးပစ်သည်။ လက်သီးချက်ကြောင့် မြေကြီးပေါ်သို့ လဲသွားကာ နာကျင်လွန်းသဖြင့်ခွေခေါက်ကာ ညည်းနေလေသည်။ လင်းဇီချန်က လက်သီးမှ လတ်လတ်ဆတ်ဆတ်သွေးများကိုခါင ထိုသူကိုငုံ့ကြည့်ကာ အေးစက်စွာဖြင့် ပြောလိုက်သည်။
''ဒီသစ်ပင်လှောင်ချိုင့်အကြောင်းရှင်းပြ။ မင်းအသက်ကို ချမ်းသာပေးမယ်။''
ထိုသို့ပြောပြီးနောက်တွင် လုထျန်းရုန်နှင့်အခြားသူများ ရောက်လာသည်။ မြေကြီးပေါ်တွင် သေနေကြပြီဖြစ်သောဂမ္ဘီရသစ်ပင်ဂိုဏ်းသားခြောက်ယောက်ကို ကြည့်၍ အားလုံး အံ့အားသင့်သွားကြသည်။
မျက်စိတစ်မှိတ်အတွင်းတွင်ပင် ဂမ္ဘီရသစ်ပင်ဂိုဏ်းသားခြောက်ယောက် အသတ်ခံလိုက်ရကာ တစ်ယောက်ကိုသာ မေးခွန်းမေးရန်အတွက် ချန်ထားသည်လော။ လင်းဇီချန်၏အင်အားသည် စိတ်ကူးထားသည်ထက် ပို၍အားပြင်းလွန်းသည်။ ထို့အပြင် တိုက်ပွဲတွင် မိမိနည်းလမ်းဖြင့် ကောင်းစွာစီမံနိုင်သည်။ အခြားသူများက လင်းဇီချန်၏အင်အားကြောင့် လန့်နေကြစဉ်တွင် ညှွန်ကြားသူလုသည် လင်းဇီချန်၏စိတ်ဓာတ်ကြောင့် အံ့အားသင့်နေသည်။ မတော်မဆဖြစ်သွားသောအခါတွင် မိမိသည်မူ ချက်ချင်း မည်သို့တုန့်ပြန်ရမည်မသိဖြစ်သွားကာ စိတ်ကခေတ္တမျှ ဗလာကျင်းသွားသည်။ သို့သော်လည်း အထူးလေ့ကျင့်ရေးတပ်သားဖြစ်သော လင်းဇီချန်ကမူ ချက်ချင်းပင် အကောင်းဆုံး ဆုံးဖြတ်ချက်ကို ချနိုင်လိုက်သည်။
သူသည် ထွက်ပြေးချင်သောဂိုဏ်းသားများကို သတ်ပစ်ကာ မေးခွန်းမေးရန်အတွက် တစ်ယောက်ကိုသာ အရှင်ထားသည်။ အားအကောင်းဆုံးတစ်ယောက်ကို ချန်ထားသည်မှာ ဂိုဏ်းထဲတွင် အားကောင်းလေလေ ရာထူးကြီးလေလေ ဖြစ်မည်ဖြစ်ကာ အချက်အလက်များ ပို၍သိနိုင်သည်။ ထို့ကြောင့် မေးရပိုလွယ်ပေမည်။
အားကောင်းကာ အန္တရာယ်ဖြင့် ရင်ဆိုင်ရမည်ကိုလည်း မကြောက်ပေ။ ပြတ်သားသောစိတ်ဓာတ်မျိုးလည်းရှိသည်။ ရှန်ဟိုင်းတက္ကသိုလ်မှ ပါရမီရှင်သည် အမှန်ပင် ပြောစမှတ်တွင်စရာပင် ဖြစ်၏။ လုထျန်းရုန်က စိတ်ထဲတွင် ချီးကျူးနေမိသည်။
လင်းဇီချန်ကမူ မိမိပတ်ဝန်းကျင်မှ အံ့အားသင့်နေသူများကို အာရုံမစိုက်ပေ။ မြေကြီးပေါ်တွင် တိတိတ်ဆိတ်နေသော ဂမ္ဘီရသစ်ပင်ဂိုဏ်းကိုကြည့်ကာ ခြေထောက်မြှောက်၍ တက်နင်းလိုက်ပြီး ထိုသူ၏ညာဘက်လက်သည် ဂျွတ်ခနဲမြည်သံနှင့်အတူ ကျိုးသွားသည်။
''အားးးး''
ထိုသူ နာကျင်လွန်းသဖြင့် အော်လိုက်မိသည်။ လင်းဇီချန်ကမူ တည်ငြိမ်စွာဖြင့် မေးလိုက်၏။
''ငါတို့ပတ်ချာလည်က သစ်ပင်ကြီးတွေက ဘာဖြစ်နေတာလဲကို ရှင်းပြ။ မဟုတ်ရင် ငါ့ခြေထောက်က မင်းခေါင်းဆီကို ရောက်လာမယ်။''
ထိုသူက မသေချာသောကြောင့် ဂိုဏ်းကို သစ္စာဖောက်ရန်သာ ရွေးချယ်လိုက်ရသည်။ ရှင်းပြရန် ပြင်လိုက်စဉ်တွင်
''အဲ့သစ်ပင်ကြီးတွေက....အားးးး''
ဂမ္ဘီရသစ်ပင်ဂိုဏ်းသားသည် ပြောရန်ပြင်လိုက်စဉ်တွင်ပင် စကားတစ်ခွန်းမဆုံးခင် ပါးစပ်ထဲမှ ဆိုးဆိုးဝါးဝါးအော်သံများ ထွက်လာသည်။ ထို့နောက်တွင် များပြားလှစွာသောနွယ်ပင်တို့က ပါးစပ်ထဲမှ ထွက်လာပြီး မြေကြီးထဲတွင် အကောင်များကဲ့သို့ တွားသွားဝင်သွားပြီး ထိုသူကို မြေကြီးထဲသို့ ဆွဲခေါ်သွား၏။ ထို့နောက်တွင် အော်သံလည်း ရပ်သွားပေသည်။
မြေကြီးပေါ်မှဂိုဏ်းသားများသည်လည်း အသက်ရှင်သည့်အရိပ်အယောင်မျိုးကို မတွေ့ရပေ။ ထိုသူ၏ခန္ဓာကိုယ်ကို အစာအာဟာရအဖြစ်စားသုံးလိုက်ကြပြီး အရိုးနှင့်အသားသာ ကျန်ခဲ့သည်။ ထိုမြင်ကွင်းသည် ထိတ်လန့်ဖွယ်ကောင်းလွန်းလှသည်။
''ဂျွတ်.....ဂျွတ်....''
ရုတ်တရက်ပင် ရှေ့မှသစ်ပင်များဆီမှ ကျယ်လောင်သောအသံကြီးများ ဆက်တိုက်ထွက်လာသည်။
လင်းဇီချန်က အသံလာရာကို ကြည့်ကြည့်လိုက်သောအခါတွင် မျက်နှာဖုံးတပ်ထားသည့်ပုံရိပ်နှစ်ခုကို တွေ့လိုက်ရသည်။ တစ်ယောက်က အမျိုးသားဖြစ်၍ ကျန်တစ်ယောက်က အမျိုးသမီးဖြစ်သည်။ အမျိုးသမီး၏မျက်နှာဖုံးတွင် ကလိုဗာရွက်ပုံလေးပါသည် (ကံကောင်းတယ်လို့ပြောကြတဲ့အရွက်သုံးခုဆိုင်တဲ့အရွက်လေးပါ)။ အမျိုးသား၏မျက်နှာဖုံးတွင် ကလိုရွက်နှစ်ရွက်ပုံ ပါသည်။
လင်းဇီချန်က တွေးရင်းဖြင့် ထိုသူများ၏သွေးမျိုးဆက်စွမ်းအားကို အာရုံခံကြည့်သည်။ အမျိုးသမီးက အခြေခံနဝမအဆင့်ပြီးမြောက်ထားပြီဖြစ်ပြီး သူမသည် မစ်ရှင်၏ပစ်မှတ်ဖြစ်သော ဂိုဏ်းခွဲခေါင်းဆောင် ဖြစ်ပေမည်။
အမျိုးသား၏သွေးမျိုးဆက်စွမ်းအားအဆင့်ကမူ လွန်စွာမှမြင့်သည်။ အဆင့်မြင့်အဆင့် ဆဌမအဆင့်ပင်ရှိကာ ညွှန်ကြားသူလုထျန်းရုန်ဖြင့် အဆင့်အတူတူပင် ဖြစ်သည်။ သို့သော်လည်း အဆင့်မြင့်အဌမအဆင့်နှင့် အခြေခံနဝမအဆင့်ပြီးမြောက်ထားသူတို့ ပူးပေါင်းလိုက်လျှင် ၎င်းတို့၏အားကို ယှဉ်နိုင်မည်မဟုတ်ပေ။ ၎င်းတို့နိုင်မည်မှာ သေချာသည်။
တွေးရင်းဖြင့် လင်းဇီချန်သည် သက်ပြင်းချလိုက်မိ၏။ ထိုအချိန်တွင် အမျိုးသားက လင်းဇီချန်ကို အမြင့်တစ်နေရာမှ ငုံ့ကြည့်၍ လေးစားသောလေသံဖြင့် ဆိုလိုက်သည်။
''တကယ့်ကို ပါရမီရှင်ပဲ။ မင်းတို့လိုရွယ်တူတွေကြားမှာတော့ ပြိုင်ဘက်ကင်းပဲ။''
''အသက်နှစ်ဆယ်မပြည့်သေးတာတောင် ခန္ဓာကိုယ်က ဒီလောက်အားကောင်းနေတာ။ တကယ်ကို မကြားဖူးဘူး။''
''လောကကြီးကလူတွေဆန့်ကျင်ကြတဲ့သွေးသန့်လူသားလမ်စဉ်ကတော့ မင်းနဲ့မှ အောင်မြင်တော့မှာပဲ။''
ထိုသို့ပြော၍ ထိုမျက်နှာဖုံးတပ်လူက လင်းဇီချန်ကို သံလွင်ကိုင်းတစ်ကိုင်း ပေးလိုက်သည်။
''မင်းရဲ့ပါရမီနဲ့သာဆိုရင် တောက်ပတဲ့အနာဂတ်ကိုရပြီး ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်တွေရဖို့ ငါတို့ ဂမ္ဘီရသစ်ပင်ဂိုဏ်းနဲ့ပူးပေါင်းသင့်တယ်။''
ထိုစကားကို ကြားသောအခါတွင် လင်းဇီချန်က မျက်မှောင်ကြုတ်လိုက်မိသည်။ ကြောက်စရာကောင်းသောဖြစ်နိုင်ချေတစ်ခုကို သဘောပေါက်သွား၏။ ထိုနှစ်ဦးသည် မိမိကြောင့် ရောက်လာခြင်းဖြစ်ပေမည်။ မိမိယခုနေရာတွင် ပေါ်လာမည်ကို သိသောကြောင့် ကြို၍ ထောင်ချောက်ဆင်ထားကြခြင်းဖြစ်ကြမည်။
ဆိုလိုသည်မှာ စစ်တပ်နယ်မြေ မဟုတ်လျှင်လည်း လေ့ကျင့်ရေးကျောင်းသားများထဲ၌ သစ္စာဖောက်တစ်ယောက်ရှိနေပြီဟုပင်။ ထိုသူများက ကြိုသိနှင့်နေသောကြောင့်သာ ထောင်ချောက်ကြိုဆင်ထားနိုင်ခြင်းဖြစ်သည်။ မိမိသည် ဂမ္ဘီရသစ်ပင်ဂိုဏ်း၏ပစ်မှတ်ထားခံနေရပြီဟု ဆိုလိုခြင်းလည်း ဖြစ်၏။ထို့ထက်ဆိုးသောသတင်း မရှိနိုင်တော့ပေ။
လင်းဇီချန်တစ်ယောက်ပို၍ မျက်မှောင်ကြုတ်လိုက်မိသည်။ သူ၏ဘေးမှ လုထျန်းရုန်သည်လည်း မျက်မှောင်ကြုတ်နေမိသည်။ ထိုမျက်နှာဖုံးတပ်အမျိုးသား၏အင်အားကို အာရုံခံမိကာ ပြဿနာတက်တော့မည်ကို သိနေသောကြောင့်ပင်ဖြစ်သည်။
စိတ်ခံစားချက်များကို တည်ငြိမ်အောင်လုပ်၍ အားလုံးကို လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
''အခု အခြေအနေက အန္တရာယ်များနေပြီ။ အားလုံးဒီနေရာကနေ ထွက်သွားကြတော့။ ငါဒီနှစ်ယောက်ကို ဆွဲထားလိုက်မယ်။''
''အားလုံး ငါ့နောက်လိုက်ခဲ့ကြ။''
လင်းဇီချန်က တွန့်ဆုတ်မနေပေ။ လှည့်ထွက်ကာ ဘက်စ်ကားရှိရာသို့ အပြေးသွားသည်။ ရန်သူတစ်ယောက်သည် အဆင့်မြင့်အဌမအဆင်သွေးမျိုးဆက်စွမ်းအားရှိသူဖြစ်နေသောကြောင့် သက်ရောက်လာမည့်တိုက်ပွဲက မိမိကဲ့သို့ အခြေခံနဝမအဆင့်ကျောင်းသားတစ်ယောက် ဝင်ပါနိုင်သည့်အနေအထားမျိုး မဟုတ်ပေ။ အခြေခံနဝမအဆင့်သည် အဆင့်မြင့်တတိယအဆင့်ဖြင့် နီးစပ်သော်လည်း ပါဝင်ရန် အရည်အချင်းမပြည့်မီပေ။ မိမိနေနေခြင်းက လုထျန်းရုန်ကိုသာ ပို၍ ဒုက္ခများစေမည်။ ထို့ကြောင့် ထိုသစ်ပင်လှောင်ချိုင့်ကြီးထဲမှ အမြန်ထွက်သွားကာ တပ်ကူသွားခေါ်သည်ကသာ မှန်ကန်သောရွေးချယ်မှု ဖြစ်ပေမည်။
''သွားကြမယ်။''
အချို့က နေရာတွင်ပင် အေးခဲနေသည်ကို တွေ့ရသောကြောင့် လင်းဇီချန်က ချက်ချင်းပင် အသံမြှင့်ကာ အော်ပြောလိုက်သည်။ အော်သံက ကျယ်လွန်းလှသည်။ ကြောင်နေသောအချို့ပင် ချက်ချင်းအသိပြန်ဝင်သွားသည်။ အသိဝင်လာပြီးနောက်တွင်မူ နောက်မှ လျင်မြန်စွာ ဆုတ်ကြတော့၏။
''လွတ်မယ်ထင်နေတာလား။''
ထိုသူက ရယ်မောကာ လှောင်ပြောင်သောအကြည့်မျိုးဖြင့် ကြည့်လိုက်သည်။ လက်မြှောက်၍ လက်ချောင်းလေးများကို လှုပ်ယမ်းလိုက်လေသည်။
ထို့နောက်တွင် မရေမတွက်နိုင်သော တုတ်ခိုင်လှသည့်နွယ်ပင်များက သစ်ပင်ကြီးများထဲမှ ထါက်လာပြီး ထွက်ပြေးနေကြသောသူများကို အဆိပ်ပြင်းမြွေကဲ့သို့ ရစ်ပတ်ထားလိုက်ကြသည်။
''ကယ်ပါဦး အပတ်ခံနေရပြီ။''
ရှန်ကွမ်းယွဲ့ယင်းက အော်၍ အကူအညီတောင်းလိုက်သည်။ သူမအသံကြောင့် လုထျန်းရုန်သည် ချက်ချင်းပင် ရှန်ကွမ်းယွဲ့ယင်းဘေး၌ ပေါ်လာပြီး လက်ဖြင့် ထိုနွယ်ပင်များကို ခုတ်ပိုင်းပစ်လိုက်ည်။ သို့သော်လည်း သူမကို ကယ်ပြီးမကြာခင်တွင်ပင် နောက်ထပ်အော်သံတစ်သံကို ကြားလိုက်ရသည်။
''ဆရာလု ကျွန်မလည်း အပတ်ခံနေရပြီ။''
လုထျန်းရုန်က ထိုသူများကို ကယ်ရန်ပြင်လိုက်စဉ်တွင် အခြားသောနေရာမှတစ်ယောက်ကလည်း အော်ခေါ်နေသည်။
''ဆရာလု ကယ်ပါဦး။''
တစ်ယောက်ကိုကယ်လျှင် နှစ်ယောက်က အရစ်ပတ်ခံနေရသည်။
နွယ်ပင်များက များလွန်းလှသည်။ လုထျန်းရုန်လည်း အားလုံးကို မကယ်နိုင်တော့ပေ။ ထို့ကြောင့် ကယ်တင်ရမည့်ကိစ္စကိုအသာထား၍ သစ်ပင်ထဲမှ မျက်နှာဖုံးစွပ်ထားသောအမျိုးသားဘက်သို့ လှည့်လိုက်သည်။ ထို့နောက်တွင် ဘုန်းခနဲအသံအကျယ်ကြီးထွက်ပေါ်လာသည်။ ခြေထောက်အားပြင်းပြင်းဖြင့် မြေကြီးကိုကန်၍ ထိုသူရှိရာသို့ ချက်ချင်းပင် ပြေးဝင်သွားသည်။ ယခုအခြေအနေကို ချိုးဖျက်ရန် တစ်ခုတည်းသောနည်းလမ်းမှာ သစ်ပင်ထဲမှ ထိုလူကို သတ်ပစ်ရန်ဖြစ်သည်။ ထိုသူသေသည်နှင့် နွယ်ပင်များလည်း ပျောက်သွားမည်ဖြစ်ကာ အားလုံးကို ကယ်ပြီးသားဖြစ်ပေမလိမ့်မည်။
အခန်း (၂၆၀) အခြေခံအဆင့်ခန္ဓာကိုယ်နဲ့ အဆင့်မြင့်အဆင့်သမားကိုဒဲ့ရင်ဆိုင်နိုင်တယ်
“ဝှစ်”
လေထဲတွင် ဖျက်ကနဲအသံတစ်ခု ထွက်ပေါ်လာသည်။ စောနက မြေကြီးပေါ်တွင်ရှိသေးသောလုထျန်းရုန်သည် ယခုတွင် ထိုသူရှေ့၌ ရောက်နေပြီဖြစ်သည်။
''သေစမ်း''
လုထျန်းရုန်က သူ၏ခုတ်ဓားကြီးကို ဆွဲထုတ်လိုက်ပြီး ချီသွေးစွမ်းအားဖြင့် ရစ်ပတ်၍ ထိုသူကို အားဖြင့် ခုတ်ပိုင်းချပစ်သည်။ ထိုသူက နောက်သို့ အသာရှောင်၍ လွတ်သွားသည်။ တစ်ချိန်တည်းတွင်ပင် လက်နှစ်ဖက်ကို ဝှေ့ယမ်း၍ လုထျန်းရုန်ဆီသို့ နွယ်ပင်များကို တွယ်တက်စေရန် ဆင့်ခေါ်လိုက်သည်။
''ဝှစ်''
''ဝှစ်''
''ဝှစ်''
လုထျန်းရုန်က မရှောင်ပေ။ တွယ်တက်လာသည့်နွယ်ပင်များကြားမှ ထိုသူနောက်သို့ဆက်လိုက်နေသည်။ သူသည် ထိုမျက်နှာဖုံးစွပ်လူကို သတ်နိုင်ပါမည်လားကို မသေချာပေ။ ထို့ကြောင့် အပြင်းထန်ဆုံးထိုးစစ်ဆင်ကာ ထိုသူကို သစ်ပင်လှောင်ချိုင့်မှ ထွက်သွားအောင်လုပ်ရန်ဖြစ်သည်။ သစ်ပင်လှောင်ချိုင့်ထဲမှ လွတ်သွားသည်နှင့် ထိုသူသည်လည်း နွယ်ပင်များကို အထဲမှထိန်းချုပ်မှုလျော့သွားပေမည်။
နွယ်ပင်များမရှိလျှင် လေ့ကျင့်ရေးတပ်သားများလည်း ထွက်ပြေးနိုင်ရန်အခွင့်အရေးရမည်ဖြစ်သည်။ ၎င်းတို့လုပ်ရမည်မှာ အင်အားကိုပေါင်းစည်းကာ ကျန်နေသော ပစ်ရှင်၏ပစ်မှတ်ဖြစ်သည့် မျက်နှာဖုံးတပ်အမျိုးသမီးကို တိုက်ရန်ဖြစ်သည်။
''မင်းအဆင့်က ဒါပဲလား။''
ထိုသူက လှောင်ပြောင်သောအကြည့်မျိုးဖြင့် ကြည့်လိုက်သည်။
''ဒီလောက်တိုက်တာနှေးနေရင် ငါအကုန်လုပ်နိုင်တာကို ဘာမှသက်ရောက်မှာမဟုတ်ဘူး။ မင်းရဲ့ခုတ်ဓားကိုရှောင်ရင်းနဲ့လည်း အထူးလေ့ကျင့်ရေးကျောင်းသားတွေကိုလည်း နွယ်ပင်တွေနဲ့တိုက်ခိုက်နိုင်သေးတယ်။''
ထိုစကားကို ကြားသောအခါတွင် လုထျန်းရုန် စိတ်ပူလာမိသည်။ ချက်ချင်းပင် ချီသွေးစွမ်းအားကို မြှင့်လိုက်ပြီး ခပ်မြန်မြန်ခုတ်ပိုင်းပစ်သည်။ သို့တိုင် ထိုသူကို မထိသေးပေ။ မကျွမ်းကျင်သောနယ်မြေတွင် တိုက်ခိုက်ရခြင်း၏အားနည်းချက်က ကြီးလွန်းလှသည်။ နွယ်ပင်များက ဆက်၍ထွက်လာနေဆဲဖြစ်ကာ လုထျန်းရုန်တိုက်၍မရအောင် ထိုသူကို ဝင်နှောင့်ယှက်ကြပြီး ထိုသူကိုလည်း နွယ်ပင်များဖြင့် ကာထားသည်။
''အကုန်ထုတ်သုံးရတာပေါ့။''
လုထျန်းရုန်က စိတ်ကိုတင်း၍ မိမိကိုယ်တွင်းမှ သန္ဓေပြောင်းလဲခြင်းကို ပို၍တက်ကြွလာအောင် အဆင့်မြှင့်တင်လိုက်သည်။ နောက်တွင် အကြည့်များက သွေးများဖြင့် ဆူပွက်နေပြီး ခန္ဓာကိုယ်အမွေးအမျှင်များကလည်း ပို၍ထူထပ်လာကာ ကြွက်သားများက ပို၍အားကောင်းလာသည်။ ထုတ်လွှတ်လိုက်သောအငွေ့အသက်ကလည်း ပြင်းထန်ကြမ်းတမ်းမှုအပြည့်ဖြင့်ပင်။
''သေစမ်း''
လုထျန်းရုန်က အကျယ်ကြီးအော်ကာ ခုတ်ဓား၏အင်အားနျင့်အရှိန်ကို ချက်ချင်းမြှင့်တင်လိုက်ပြီး ထိုသူ၏လည်ပင်းထံသို့ အားဖြင့်ခုတ်ပိုင်းပစ်လိုက်သည်။ ထိုသူသည် အန္တရာယ်ရှိသောခုတ်ချက်ကို အာရုံခံမိသောကြောင့် နွယ်ပင်များဖြင့် ရင်မဆိုင်ရဲပေ။ အမြန်ပင် ပြန်ဆုတ်သွားတော့သည်။
အောက်တွင်မူ လင်းဇီချန်နှင့် အခြားသူများသည် နွယ်ပင်များတိုက်ခိုက်သည်ကို ခံနေရသည်။ ဆန်းကြယ်သားရဲမျိုးစိတ်ကို အသက်သွင်းပြီး ဌက်လူသားအဖြစ်ပြောင်းသွားသော လော်ရုန်ကျန်းသည်ပင် နွယ်ပင်များကြောင့် တောင်ပံများက ကျိုးသွားရှာသည်။ ခန္ဓာကိုယ်က သံမဏိဖြင့် တည်ဆောက်ထားသော ကျန်းခိုင်သည်လည်း နွယ်ပင်များကြောင့် စက်ခြေေထာက်တစ်ဖက် ပြုတ်သွားသည်။
''ဝှစ်''
လေကိုဖြတ်သွားသည့်အားပြင်းသောအသံတစ်သံကို ကြားလိုက်ရသည်။ ချက်ချင်းဆိုသလိုပင် တုန်ခိုင်သောနွယ်ပင်တစ်ချောင်းက ရှန်ချင်းဟန်ဆီသို့ ရောက်သွားသည်။ သူမက ရှောင်ရန် ကြိုးစားလိုက်သော်လည်း နွယ်ပင်၏အရှိန်က မြန်လွန်းသောကြောင့် မရှောင်လိုက်နိုင်ပေ။
ကံကောင်းစွာဖြင့် လင်းဇီချန်က သူမဘေးတွင်ရှိနေသောကြောင့် လင်းဇီချန်က အားပြင်းပြင်းဖြင့် ဘီအဆင့်သတ္ထုနှင့်ညီမျှသော နွယ်ပင်ကို ဆုတ်ဖြဲပစ်သည်။
''ဇီချန် ကယ်ပါဦး''
လော်ရုန်ကျန်းသည် နွယ်ပင်များဖြင့် ရစ်ပတ်ခံလိုက်ရကာ လေထဲတွင် တွဲလောင်းဖြစ်နေပြီး လင်းဇီချန်ကို အကူအညီလှမ်းတောင်းခြင်းဖြစ်၏။ ထိုသည်ကို မြင်လိုက်သောလင်းဇီချန်က လော်ရုန်ကျန်းနားသို့ အမြန်နှုန်းဖြင့် ရောက်လာပြီး လက်ဖြင့် နွယ်ပင်များကို ဖြတ်ပစ်သည်။ လော်ရုန်ကျန်းသည် အမြင့်မှပြုတ်ကျသွားသောကြောင့် မြေကြီးပေါ်သို့ ပြုတ်ကျသွားသည့်အခါ၌ နာကျင်လွန်းသဖြင့် အော်လိုက်မိသည်။
''လင်းဇီချန် ကယ်ပါဦး ကယ်ပါဦး''
ရုတ်တရက်ပင် နောက်မှ ငိုသံကို ကြားလိုက်ရသည်။
လှည့်ကြည့်လိုက်သောအခါတွင် နွယ်ပင်များဖြင့် ရစ်ပတ်ခံထားရသောမာရှိဝေကို တွေ့လိုက်ရ၏။ သူမကို နွယ်ပင်များက ရစ်ပတ်ထားပြီး ဖျစ်ညှစ်နေသဖြင့် မျက်နှာသည်ပင် နီရဲနေပြီဖြစ်ကာ လျှာလေးတစ်လစ်ဖြင့်ဖြစ်သည်။
''မပျာနဲ့။ ငါလာပြီ''
လီမော်ယွီက ပြေးလာပြီး မာရှိဝေခေါင်းပေါ်မှနွယ်ပင်ကို ဦးစွာခုတ်ပိုင်းလိုက်သည်။ သို့သသော်လည်း နွယ်ပင်များက ထင်ထားသည်ထက် အားကောင်းနေသည်။ အဆုံးတွင်မူ လင်းဇီချန်ရောက်လာပြီး မာရှိဝေကိုပတ်ထားသောနွယ်ပင်များကို ခုတ်ပိုင်းပစ်ခါမှ သူမလည်းလွတ်သွားတော့သည်။
''ကျေးဇူးတင်ပါတယ်။''
မာရှိဝေက လင်းဇီချန်ကိုကြည့်လိုက်ပြီး နွယ်ပင်များဖြင့် ပတ်ခံထားရသောလည်ပင်းကို လက်ဖြင့်အုပ်ကာ မနည်းအသက်ရှုနေရသည်။ လင်းဇီချန်ကမူ အခြားသူများကို ကယ်ရန် အမြန်ပင် ထွက်ခွာသွားသည်။ လီမော်ယွီသည် နေရာတွင် ရပ်နေဆဲဖြစ်ပြီး မိမိ၏စူးချွန်တင်းပုတ်ဖြင့်မဖြတ်နိုင်သည့်နွယ်ပင်များကို လင်းဇီချန်က လက်ဗလာဖြင့် ဖြတ်လိုက်သည်ကို ကြည့်နေမိကာ စိတ်ထဲတွင် အင်အားမဲ့သောခံစားချက်မျိုးကို ခံစားလိုက်ရသည်။ မိမိဘာသာ ထိပ်တန်းပါရမီရှင်ဟု ထင်ခဲ့သည်။ သို့သော် လင်းဇီချန်ရှေ့တွင်မူ မူလတန်းကျောင်းသားသာသာ သာဖြစ်သည်။
သို့သော်လည်း အခြားသူများက မိမိကဲ့သို့ မလွတ်ဘဲ နွယ်ပင်များကြောင့် ရုန်းကန်နေရသည်ကိုမြင်သောအခါတွင် တော်သေးသည်ဟု တွေးလိုက်မိသည်။
''ဇီချန် ကယ်ပါဦး''
''ဇီချန် ငါ့ကိုလည်း ကယ်ပါဦး''
''အားးး ကယ်ပါဦး''
လင်းဇီချန်သည် ခြားသူများကို ကယ်နေစဉ်တွင် အကူအညီတောင်းသံများက အဆက်မပြတ်ထွက်ပေါ်လာသည်။ နွယ်ပင်များကြောင့် တိုက်ခိုက်ခံရသူက များလွန်းသည်။ မိမိတစ်ဦးတည်းကသာ လိုက်ကယ်နေရသောကြောင့် စိတ်ရောကိုယ်ပါ စတင်ပင်ပန်းလာပြီဟု ခံစားရသည်။ ထိုအချိန်တွင် ရုတ်တရက်ဆိုသလိုပင် ပတ်ဝန်းကျင်မှနွယ်ပင်များ၏တိုက်ခိုက်မှုသည်ရပ်သွားသည်။
ကြည့်လိုက်သောအခါတွင် လုထျန်းရုန်သည် မျက်နှာဖုံးစွပ်လူကို သစ်ပင်လှောင့်ချိုင့်အပြင်သို့ရောက်အောင် တိုက်ထုတ်နေသည်ကို တွေ့လိုက်ရသည်။ ထိုသူဖြင့် အကွာအဝေးလှမ်းသွားသောကြောင့်ဖြစ်နိုင်ပေသည်။
''အားလုံး ပြေးကြတော့''
လင်းဇီချန်လည်း အချိန်ဆွဲမနေဘဲ ချက်ချင်းပင် အားလုံးကို အော်ပြောလိုက်သည်။ ထို့နောက်တွင် ရှန်ချင်းဟန်ဘေးသို့သွားကာ သူမကို ပွေ့ချီလိုက်ပြီး ပခုံးထက်တွင် ထမ်း၍ လွတ်နေသည့်လမ်းမှ ထွက်ပြေးလေတော့၏။
အခန်း (၂၆၁) အခြေခံအဆင့်ခန္ဓာကိုယ်နဲ့ အဆင့်မြင့်အဆင့်သမားကိုဒဲ့ရင်ဆိုင်နိုင်တယ် (၂)
ထိပ်တန်းဦးစားပေးသည် သစ်ပင်လှောင်ချိုင့်ထဲမှ ထွက်ပြေးရန် ဖြစ်သည်။ မည်သူမှ ကြောင်မနေကြပေ။ အမြန်ပင် လှုပ်ရှားကြကာ ၎င်းနောက်မှ လိုက်ပါသွားကြသည်။ ကျန်းခိုင်က စိတ်ပူတကြီးဖြင့် အော်ပြောလိုက်၏။
''ငါ့ခြေထောက်က ကျိုးသွားပြီ။ တစ်ယောက်ယောက်များ သယ်သွားပေးချင်လား''
ရှေ့မှပြေးနေသောကျူ့ရှီရှီက ကျန်းခိုင်အသံကိုကြားသောအခါတွင် ချက်ချင်းပင် နောက်ပြန်လှည့်လာပြီး ၎င်းကိုသယ်လိုက်သည်။
''ရှောင် ရှောင်ချန် ငါ့ဘာသာသွားနိုင်ပါတယ်။''
လင်းဇီချန်ပခုံးပေါ်တွင်ရှိသောရှန်ချင်းဟန်က ပြောလိုက်လေသည်။ လင်းဇီချန်ကမူ ငြင်းဆန်လိုက်သည်။
"မဖြစ်ဘူး။ နင်ပြေးတာနှေးလွန်းတယ်''
ရှန်ချင်းဟန်ကမူ နှုတ်ခမ်းလေးထော်၍ နာခံစွာဖြင့်သာ အသံမထွက်ဘဲနေလေသည်။
ထိုအချိန်တွင် လင်းဇီချန်က အမြန်ဆုံးနှုန်းကို တင်၍ ရုတ်တရက်ပင် မွှေးပျံ့သောအနံ့တစ်ခုကို ရလိုက်သည်။ လွန်စွာစိတ်ကျေနပ်စရာကောင်းလွန်း၍ စိတ်နှင့်နှလုံးသားကိုပင် နူးညံ့သွားစေသည်။ ရှန်ချင်းဟန်က သူမ၏နူးညံ့သောလက်လေးဖြင့် သူ၏ခေါင်းကိုကိုင်ထားကာ ခန္ဓာကိုယ်မှ ပင်ပန်းနွမ်းနယ်မှုများကို ပျောက်ကွယ်သွားစေသည်ဟု ထင်မိသည်။
(သင်သည် သွေးမျိုးဆက်လူသားများကို သတိလစ်စေနိုင်သော ပန်းအဆိပ်ခတ်ခြင်းခံရပါသည်။ အဆိပ်ခံနိုင်ရည်ရှိမှု ၁+ ၁+ ၁+ ၁+ ၁+.....)
ထိုစာသားက ပေါ်လာသည်။ လင်းဇီချန်သည် ချက်ချင်းပင် သိမ်မွေ့သည့်လှိုင်းတစ်ခုကို ခံစားမိပြီး အမြန်ပင် ထိုစပ်ဖျဉ်းဖျဉ်းအရသာတစ်ခုကို ခံစားလိုက်ရသည်။
အသိပြန်ဝင်လာသောအခါတွင် ပထမဆုံးတုံ့ပြန်မိသည်မှာ ရှန်ချင်းဟန်၏အခြေအနေကို စစ်ဆေးကြည့်ခြင်း ဖြစ်သည်။ သူမသည် သတိမမိသေးပေ။ သို့သော်လည်း အသိစိတ်က ဝေဝါးနေပြီဖြစ်ပြီး မနက်ခင်းအိပ်ရာနိုးလာသည့်အခြေအနေမျိုးနှင့် ဆင်တူသည်။ တစ်ဖက်တွင်မူ မိမိနောက်မှလူများကလည်း လဲပြိုနေပြီဖြစ်သည်။ အများစုသည် သတိလစ်ပြီး လဲကျသွားကြကာ အချို့က ဒူးထောက်လျက်သား အနေအထားဖြင့် ခေါင်းထောင်ရန် မနည်းရုန်းကန်နေကြရကာ အချိန်မရွေးလဲကျတော့မည့်ဟန်ပင်ဖြစ်၏။
အားလုံး အဆိပ်မိသွားကြလေပြီ။ တိုက်ဆိုင်ခြင်းမဟုတ်ပေ။ တစ်ယောက်ယောက်က အရိပ်ထဲတွင် ပုန်းနေပြီး အဆိပ်ကို လွှတ်ပေးလိုက်ခြင်းဖြစ်မည်။ သဘော
သဘောပေါက်သွားသောလင်းဇီချန်ကချက်ချင်းပင် အာရုံခံခြင်းကို အမြင့်ဆုံးတင်ပြီး မိမိနားမှ ထောင့်တိုင်းကို ရှာကြည့်သည်။ မကြာခင်ပင် အမွှေးနံ့လာသော အားကောင်းသည့် သွေးမျိုးဆက်စွမ်းအားအငွေ့အသက်တစ်ခုကို အာရုံခံမိသွားသည်။ ထိုသူသည် အခြေခံနဝမအဆင့်ပြီးမြောက်ခြင်းအဆင့်ထိ ရှိသည်။ ထိုသွေးမျိုးဆက်စွမ်းအားအဆင့်ပိုင်ရှင်သည် ဂမ္ဘီရသစ်ပင်ဂိုဏ်း၏ ဂိုဏ်းခွဲခေါင်းဆောင်ဖြစ်ပေမည်။
''ဪ မင်းက အဆိပ်ကို အာရုံခံမိယုံတင်မကဘူး၊ ငါ့ကိုပါ အာရုံနိုင်ပါ့လား"
အံ့ဩသွားသောအမျိုးသမီးအသံတစ်သံ ထွက်ပေါ်လာသည်။
နောက်တွင်မူ ကျက်သရေရှိလှသောပုံရိပ်တစ်ခုသည် လင်းဇီချန်ရှိရာသို့ ထွက်ပေါ်လာ၏။ စောနက မျက်နှာဖုံးတပ်ထားသောရှိသည့်သစ်ပင်ပေါ်တွင် မျက်နှာဖုံးတပ်ထားသည့်အမျိုးသမီးတစ်ယောက်ပေါ်လာခြင်းဖြစ်သည်။
''အသက်နှစ်ဆယ်တောင်မပြည့်သေးဘူးကိုး။ ဒီလိုမျိုး အံ့ဩဖို့ကောင်းတဲ့ခွန်အားမျိုး ပိုင်ဆိုင်ထားတာပဲ။ ငါတို့ဂိုဏ်းကအကြီးအကဲတွေက မင်းကို ထိန်းချုပ်ဖို့အတွက် ဒီလိုမျိုးစွန့်စားပြီး တိုက်ခိုက်ရလဲဆိုတာ သိသွားပြီ။"
ထိုအမျိုးသမီးဝတ်ထားသောမျက်နှာဖုံးသည် မြင်သာသည့်ကလိုဗာရွက်ပုံလေးပါသည်။ သူမက စိတ်အေးလက်အေးဖြင့် ပြောလိုက်ခြင်းမျိုး ဖြစ်သည်။ လင်းဇီချန်ကမူ အလေးအနက်မထားဘဲ သာမန်လေသံဖြင့်သာ ပြောလိုက်သည်။
''ခင်ဗျားက ဂမ္ဘီသစ်ပင်ဂိုဏ်းရဲ့ ဂိုဏ်းခွဲခေါင်းဆောင်လား''
''ဒါပေါ့''
ထိုအမျိုးသမီးက ခပ်ရေးရေးလေးပြုံးကာ ဖြေလိုက်သည်။ လင်းဇီချန်က ခေါင်းညိတ်ပြလိုက်ပြီး ပခုံးထက်မှ ရှန်ချင်းဟန်ကို အချက်ပြလိုက်ခြင်းဖြစ်သည်။ ထို့နောက်တွင် ရုတ်တရက်ဆိုသလိုပင် ရှေ့သို့ပြေးဝင်သွားကာ ထိုအမျိုးသမီးရှိရာသို့ အခြေခံအဆင့်သက်ရှိများတွင်ရှိသင့်သည်ထက် ကျော်လွန်သောအရှိန်နှုန်းဖြင့် ဦးတည်သွားသည်။
မြန်လိုက်တာ!
လင်းဇီချန်က သူမဆီသို့ ကြောက်စရာကောင်းသော အရှိန်ဖြင့် ပြေးလာမည်ကို မမျှော်လင့်ထားသောကြောင့် အံ့အားသင့်သွားသည်။ သူမသည် အမြန်ပင် ထွက်ပြေးရန် ကြံလိုက်သည်။ သို့သော်လည်း သူမခြေထောက်မ,မခင်တွင်ပင် လင်းဇီချန်က သူမရှေ့သို့ ရောက်လာပြီဖြစ်ပြီး ချီသွေးစွမ်းအားဖြင့် ပေါင်းစပ်ထားသည့် အားပြင်းသည့်လက်သီးက သူမမျက်နှာဆီသို့ တန်းတန်းမတ်မတ်ရောက်လာပေသည်။
''ဘုန်း''
ထိုအသံဖြင့်အတူ မျက်နှာဖုံးစွပ်ထားသောအမျိုးသမီး၏ခေါင်းသည်လည်း ဖရဲသီးတစ်လုံးကို လွှင့်ပစ်လိုက်သည့်နှယ်ပင် တတိယထပ်ထိ လွင့်ပျံသွားကာ ဦးနှောက်အပိုင်းအစနှင့် သွေးများက နေရာအနှံ့တွင် ပျံ့ကြဲနေလေသည်။ ခေါင်းမရှိတော့သောအလောင်းသည်လည်း လည်ပင်မှ အကြွင်းအကျန်ချီသွေးစွမ်းအားကြောင့် ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးသွားရကာ ဆုတ်ဖြဲခံလိုက်ရသည့်နှယ် အတွင်းအင်္ဂါများပါ ပျက်စီးသွားပြီး မိမိဘာသာ ပြန်လည်ကုစားရန်ကလည်း မဖြစ်နိုင်တော့ပေ။ လင်းဇီချန်က ကျန်ရှိနေသောအလောင်းကိုထိ၍ တွေးလိုက်သည်။
ဝါးမျိုခြင်း...
(သင်သည် ညအရိပ်ကြောင်၏အသက်ဓာတ်ပမာဏများစွာကို စုပ်ယူပြီးဖြစ်ပါသည်။)
(ညအရိပ်ကြောင်စွမ်းအား - ၆၂%)
(သင်သည် သရဲငါးမန်းအသက်ဓာတ်ပမာဏများစွာကို စုပ်ယူပြီးဖြစ်ပါသည်။)
(သရဲငါးမန်းစွမ်းအား - ၂၃%)
…
အခြားနေရာများတွင်မူ ဒူးထောက်ပြီး သတိမလစ်သေးသောသူအချို့က လင်းဇီချန်တစ်ယောက် အပြေးတက်သွားပြီး ထိုမျက်နှာဖုံးစွပ်အမျိုးသမီးကို လက်သီးတစ်ချက်တည်းဖြင့် သတ်ပစ်လိုက်သည်ကို မျက်မြင်သက်သေတွေ့လိုက်ကြရသည်။အားလုံးသည် မျက်လုံးအပြူးသားဖြစ်သွားကြပြီး စိတ်သည်လည်း အံ့ဩတုန်လှုပ်မှုဖြင့် မွှန်ထူသွားသည်။
လက်သီးတစ်ချက်တည်းဖြင့်ပင်။
အခြေခံနဝမအဆင့်ပြီးမြောက်ထားသော ဂိုဏ်းခွဲခေါင်းဆောင်ကို လက်သီးတစ်ချက်တည်းဖြင့် အနိုင်ယူပစ်လိုက်သည်။
အားကောင်းလွန်းပေ၏။
မယုံနိုင်စရာကောင်းအောင် အားကောင်းလွန်းလှသည်။
လူသားမဖြစ်နိုင်တော့ပေ။
…
လင်းဇီချန်ကမူ လက်သီးမှ သွေးများကို ခါလိုက်ပြီး ကြောင်ကြည့်နေကြသောအကြည့်များအောက်တွင် ပြန်လျှောက်လာ၏။ ထို့နောက်တွင် ရှန်ချင်းဟန်၏အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။ ရှန်ချင်းဟန်သည် သတိဝေဝါးနေသောအဆင့်တွင်ရှိသည်ကို သိလိုက်ရသောအခါ၌ အခြားသတိလည်လာကြသောသူများကို ကြည့်၍ ပြောလိုက်သည်။
''မင်းတို့အားလုံးအဆိပ်မိထားကြတယ်။ ဘယ်သူ့ဆီမှာ အဆိပ်ဖြေဆေးပါလဲ''
''ကျောက်ယွမ်ကျုံးရဲ့အင်္ကျီထဲမှာ ရှိလောက်တယ်။ သွားကြည့်ကြည့်လိုက်''
စစ်တပ်နယ်မြေမှလာသောသူများထဲတွင် အားအကောင်းဆုံးဖြစ်သော လျှိုရွှေဟယ်က ခက်ခက်ခဲခဲဖြင့်ခေါင်းထောင်၍ ပြောလိုက်သည်။ သူ၏ခန္ဓာကိုယ်အားကောင်းနေသည်မှာ အဆိပ်ဒဏ်ကို ခံနိုင်သောကြောင့်ဖြစ်၏။ အဆိပ်လည်းမမိသကဲ့သို့ အတန်ငယ်လည်း သတိရှိသေးသည်။ သို့သော်လည်း ကြွက်သားများက ထုံထိုင်းနေသဖြင့် မတ်တတ်မရပ်နိုင်တော့ပေ။ ထိုသို့ဖြေသည်ကို ကြားသောအခါတွင် လင်းဇီချန်က ချက်ချင်းပင် ကျောက်ယွမ်ကျုံးရှိရာသို့ သွားသည်။ ထိုအချိန်တွင်မူ ကျောက်ယွမ်ကျုံးသည် မြေကြီးပေါ်တွင် သတိလစ်လျက်သားဖြင့် လဲနေလေသည်။
၎င်း၏အဆိပ်ဒဏ်မခံနိုင်မှုက ရှန်ချင်းဟန်ထက် ပိုဆိုးသည်။ လင်းဇီချန်သည် ကျောက်ယွမ်ကျုံးဘေးတွင် ထိုင်၍ အင်္ကျီဇစ်ဖွင့်ကာ အင်္ကျီအတွင်းအိတ်ကပ်ထဲမှ ဆေးထည့်သည့်ပလတ်စတစ်ဖန်ပုလင်းငယ်သုံးပုလင်းကို ယူလိုက်သည်။ ပုလင်းလေးများတွင် စာရေးထားသည်။
အဆိပ်ဖြေဆေး
အပြင်ဒဏ်ရာ
အတွင်းဒဏ်ရာ
လင်းဇီချန်သည် အဆိပ်ဖြေဆေးဟုရေးထားသောဘူးကိုဖွင့်ပြီး သွန်ချလိုက်သောအခါတွင် အဖြူရောင်ဆေးပြားလေးထွက်လာသည်။ ပဲစေ့အရွယ်အစားလောက်သာရှိကာ လွန်စွာမာပြီး ဆေးနံ့ပြင်းပြင်းတစ်မျိုး ရသည်။ လင်းဇီချန်က ကျောက်ယွမ်ကျုံး၏ပါးစပ်ကို ဖွင့်၍ ထိုဆေးပြားလေးကို ထည့်ပေးလိုက်သည်။ မကြာခင်တွင်ပင် ကျောက်ယွမ်ကျုံးတစ်ယောက် မျက်လုံးပွင့်လာသည်။ ထုံကျင်နေဆဲဖြစ်ပြီး အသိပြန်ရလာသော်လည်း မတ်တတ်မရပ်နိုင်သေးပေ။