← Chapters

အပိုင်း ၂၆၂-၂၆၄

Vol. 18 Ch. 262-264

အပိုင်း ၂၆၂-၂၆၄

Vol. 18 Ch. 262-264

အခန်း (၂၆၂) အခြေခံအဆင့်ခန္ဓာကိုယ်နဲ့ အဆင့်မြင့်အဆင့်သမားကို တည့်ရင်ဆိုင်နိုင်တယ် (၃)

အဖြူရောင်ဆေးလုံးက အကျိုးအာနိသင်ရှိသည်ကို တွေ့သောအခါတွင် လင်းဇီချန်က ချက်ချင်းပင် ရှန်ချင်းဟန်နှင့် အခြားသူများကို ပေးလိုက်သည်။ မကြာခင်တွင် သတိလစ်နေသောသူများသည် တစ်ယောက်ပြီးတစ်ယောက် သတိရလာကြသည်။ သို့သော်လည်း အသိစိတ်များက ဝေဝါးနေသောကြောင့် အတန်ငယ် ယောင်ဝါးဝါးဖြစ်နေပြီး ခန္ဓာကိုယ်များက ထုံကျင်အားနည်းနေကာ အတော်ကြာသည်အထိ မလှုပ်နိုင်ကြပေ။ အဖြူရောင်ဆေးလုံးများက အာနိသင်ရှိသော်လည်း ထိုမျှမဟုတ်ဟု ဆိုလိုပေသည်။ အခြားသူများအဆိပ်ပြေမည်ကို စောင့်နေကြရင်းဖြင့် ဘာမှလုပ်စရာမရှိသောလင်းဇီချန်သည် ဝါးအဆောက်အဦးရှိရာသို့ပြန်ပြီး မြေပြင်ပေါ်တွင်ပြန့်ကျဲနေသောခန္ဓာကိုယ်များကို ဝါးမျိုနေလေသည်။

တိတိကျကျဆိုရလျှင် ခန္ဓာကိုယ်တွင်းမှ ဆန်းကြယ်သားရဲမျိုးစိတ်များကို ဝါးမျိုခြင်းပင်ဖြစ်သည်။

ယခင်ကလည်း လျင်မြန်စွာသတ်လိုက်သောကြောင့် မျက်စိတစ်မှိတ်အတွင်းပင် ခုနစ်ယောက်သတ်၍ တစ်ယောက်ဒဏ်ရာရထားကာ ဝါးမျိုရန် မေ့နေခဲ့သည်။ အားလပ်ချိန်ကိုအသုံးချ၍ ပြန်သွားကာ ရှိသမျှကို ဝါးမျိုနေခြင်းဖြစ်ပေသည်။

(သင်သည် သံချပ်ကာကြံ့ကြီး၏အသက်ဓာတ်တစ်မျှင်ကိုစုပ်ယူပြီးပါပြီ)

(သံချပ်ကာကြံ့ကြီးစွမ်းအား - ၈%)

(သင်သည် လွှာသွားမိကျောင်း၏အသက်ဓာတ်တစ်မျှင်ကိုစုပ်ယူပြီးပါပြီ)

(လွှာသွားမိကျောင်းစွမ်းအား - ၇%)

(သင်သည် ရေခဲမီးအဆိပ်ကင်းမြီးကောက်အသက်ဓာတ်ကိုစုပ်ယူပြီးပါပြီ)

(ရေခဲမီးအဆိပ်ကင်းမြီးကောက်စွမ်းအား - ၉%)

[…]

လင်းဇီချန်သည် အလောင်းခုနစ်ခုကို စုစုပေါင်းစုပ်ယူပြီးနောက်တွင် စွမ်းအားခုနစ်ခုအတွက် ဖြစ်စဉ်ဘာများကိုဖွင့်လိုက်သည်။

စွမ်းအားကိုဖွင့်၍ ရာခိုင်နှုန်းပြည့်အောင်မြင်နိုင်ပါလျှင် ပိုကောင်းပေမည်။ မဟုတ်လျှင် ဖြစ်စဉ်ဘားစဖွင့်ဖွင့်ချင်းတွင် စွမ်းအားများက မရှိသလောက်ကဲ့သို့ပင်နည်းပါးလွန်းလှသည်။

လင်းဇီချန်သည် ခေါင်းခါလျက်သားဖြင့် သစ်ပင်လေးတစ်ပင်ရှေ့တွင် ရပ်လိုက်သည်။ ထိုသစ်ပင်လေးသည် ထူးဆန်းသောနည်းဖြင့် ရှင်သန်ပေါက်ရောက်နေသည်။

အရွက်များက သွေးကဲ့သို့နီသည်။ အကိုင်များက သွေးကြောဖြင့်တူသောကွဲကြောင်းများဖြင့်ဖုံးအုပ်ထားသည်။ ကြည့်လိုက်လျှင် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသည်ဟု ထင်ရသည်။ ဒဏ်ရာအပြင်းအထန်ရသွားသောဂိုဏ်းသား၏ပါးစပ်မှပေါက်လာသောထိုသစ်ပင်သည် ကုအဆိပ်မှ ကြီးထွားလာခြင်းပေလော။

လင်းဇီချန်သည် ဖြစ်နိုင်ချေကို တွေးနေမိသည်။ ကျောင်းတွင်လည်း ဂမ္ဘီရသစ်ပင်ဂိုဏ်း၏တိုက်ခိုက်မှုကို ခံခဲ့ရသည်။ ဝမ်ရှူကျယ်နှင့် လုကန်းတို့က အကွက်ချ၍ ကုအဆိပ်ကျွေးရန်ပြင်ခဲ့သည်။ ကုအဆိပ်က လူများကို ထိန်းချုပ်နိုင်သည်ဟု ယွမ်သုန်ကျီပြောခဲ့ဖူးသည်။လူတစ်ယောက်ကို အကောင်းဆုံးထိန်းချုပ်ရန်နည်းလမ်းမှာ သေခြင်းရှင်ခြင်းဖြင့် ချုပ်ကိုင်ထားရန် ဖြစ်သည်။

စဉ်းစားကြည့်လျှင် ကုအဆိပ်၏အလုပ်လုပ်ပုံသည် လူများကိုထိန်းချုပ်ကာ သစ္စာဖောက်လျှင်ချက်ချင်းအညှောင့်ထွက်၍ သေစေနိုင်သောလုပ်ဆောင်ချက်မျိုး ဖြစ်ပေမည်။ တွေးနေရင်းဖြင့်

လင်းဇီချန်သည် မိမိရှမှ ထူးဆန်းသောသစ်ပင်ကိုထိကြည့်ကာ ဝါးမျိုဟု စဉ်းစားလိုက်သည်။

မည်သည့်တုံ့ပြန်မှုမှမရှိပေ။လေဟာနယ်ထဲတွင်လည်း စနစ်၏မည်သည့်စာတန်းမှပေါ်မလာပေ။

နောက်မှသာ လင်းဇီချန်မှတ်မိသွားသည်။ ‌တော၏ဥပဒေသသည် အသေများ၏အသက်ဓာတ်ကိုသာစုပ်ယူနိုင်ပြီး သက်ရှိများကို မစုပ်ယူနိုင်ပေ။ ထို့ကြောင့် လင်းဇီချန်သည် ချက်ချင်းပင် မိမိရှေ့မှ ထူးဆန်းသောသစ်ပင်ကိုချီသွေးစွမ်းအားသုံး၍ ဖြတ်ပစ်ကာ အတွင်းပိုင်းဖွဲ့စည်းပုံကို ဖျက်ဆီးလိုက်သည်။

ထို့နောက်တွင် သစ်ပင်ကိုထပ်ထိကြည့်ပြီး စိတ်ထဲတွင် ဝါးမျိုဟုတွေးလိုက်သည်။

(သင်သည် သွေးဆာကုအပင်၏အသက်ဓာတ်တစ်မျှင်ကိုစုပ်ယူပြီးပါပြီ)

(သွေးဆာကုအပင်စွမ်းအား - ၀.၀၁%)

အမှန်ပင် ဝါးမျို၍ရသည်။ မကြာခင်ပင် မိမိ၏အံ့အားသင့်မှုက ပျောက်ကွယ်သွားသည်။ သွေးဆာကုအပင်၏ဖြစ်စဉ်က တစ်ရာခိုင်နှုန်းပင် မပြည့်ပေ။ တွက်ချက်ကြည့်ရလျှင် အခါတစ်သောင်းစုပ်ယူမှသာ စွမ်းအားကပွင့်မည်ဖြစ်သည်။

အခါတစ်သောင်းစုပ်ယူရန် မည်သည့်နေရာတွင် သွားရှာရမည်နည်း။

တစ်နိုင်ငံလုံးမှ ဂမ္ဘီရသစ်ပင်ဂိုဏ်းသားများသည်ပင် လူတစ်သောင်းပြည့်မည်မဟုတ်ပေ။ ကိစ္စများကို လုပ်ဆောင်ပြီးနောက်တွင် လင်းဇီချန်သည် ဝါးအဆောက်အဦးနားမှ ထွက်လာကာ အခြားသူများရှိရာသို့ ပြန်လာသည်။

…

သစ်ပင်လှောင်ချိုင့်ဖြင့်မဝေးလှသောတောအုပ်ထဲတွင်မူ လုထျန်းရုန်နှင့် မျက်နှာဖုံးစွပ်လူတို့သည် အပြင်းအထန်တိုက်ပွဲဖြစ်နေကြသည်။ တိုက်ခိုက်သောအသံများကလည်း အဆက်မပြတ်ထွက်ပေါ်နေသည်။ ၎င်းတို့နှစ်ဦးဖြတ်သွားသောနေရာမှသစ်ပင်တိုင်းသည် တစ်ပင်ပြီးတစ်ပင်လဲကျသွားကာ တောကောင်များပင်လန့်ကာ ထွက်ပြေးသွားကြရသည်။

''ငါ့ကို သစ်ပင်လှောင်ချိုင့်အပြင်ရောက်အောင်လုပ်တော့ရောဘာဖြစ်လဲ''

''မင်းတို့လို လူသစ်လေးအယောက်နှစ်ဆယ်အုပ်စုက မျိုးစိတ်နှစ်ခါပေါင်းစပ်ထားတဲ့ အခြေခံနဝမအဆင့်ဆင့်ကဲပြောင်းလဲသူကို နိုင်မှာတဲ့လား''

''အခု သစ်ပင်လှောင်ချိုင့်ထဲပြန်သွားကြည့်ရင်တောင် ငါမင်းကိုခွင့်မပြုတော့ဘူး''

''ဟားဟားဟားဟား''

ထိုသူ ပြင်းထန်သောခုတ်ချက်များကို ရှောင်ရှားရင်းဖြင့် လှောင်ပြောင်နေကာ လုထျန်းရုန်ကို စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုပြုနေလေသည်။ လုထျန်းရုန်ကို စိတ်ပိုင်းဆိုင်ရာလှုံ့ဆော်ပြီး တိုက်ခိုက်သည်ကိုလျော့ကျသွားအောင် ရည်ရွယ်ထားခြင်းဖြစ်၏။

လုထျန်းရုန်ကလည်း ထိုသူ၏ရည်ရွယ်ချက်ကို သတိထားမိသည်။ သို့တိုင်စိတ်ထဲတွင်လွှမ်းမိုးခံနေရဆဲဖြစ်သည်။ ကလေးများက ဂိုဏ်းခွဲခေါင်းဆောင်ကိုရှုံးသွားမည်လားဟုသောအတွေးက စိတ်ထဲတွင်ရောက်လာပြီး ခံစားချက်များက မွှေနှောက်နေ၏။ ထိုကလေးများသည် တောက်ပသောအနာဂတ်ရှိသည့်ကလေးများဖြစ်သည်။ ပုံမှန်အတိုင်းကြီးပြင်းလာလျှင် နောင်တွင် သခင်အဆင့်တိုက်ခိုက်သူများ ဖြစ်နိုင်သည်။ အချို့က ကံကောင်း၍ မူလမြေထဲမှ အရင်းအမြစ်များရလျှင် မြင့်မြတ်သူအဆင့်ထိပင် ဆင့်ကဲပြောင်းလဲနိုင်ကြကာ လူသားမျိုးနွယ်၏ထိပ်တန်းတိုက်ခိုက်ရေးအစွမ်းရှိသူများ ဖြစ်လာနိုင်သည်။ သို့သော် ထိုကလေးများ တစ်ခုခုဖြစ်သွားလျှင်....။

ညွှန်ကြားသူဖြစ်သောလုထျန်းရုန်သည် အကြိမ်တစ်ထောင်သေရပါလျှင်ပင် ရှုံး၍မဖြစ်ပေ။

လုထျန်းရုန်က ကောင်းကောင်းကြီးသိပေသည်။ စဉ်းစားရင်းဖြင့် ခေတ္တမျှတွန့်ဆုတ်နေမိသည်။ အဆုံးတွင်မူ အံကြိတ်ကာဖြင့် လောင်းကြေးစားကြေးထပ်ရန် ဆုံးဖြတ်လိုက်ပြီး သူ၏ကိုယ်တွင်းမှ ဆန်းကြယ်သားရဲမျိုးစိတ်ကို ပုံမှန်ကန့်သတ်ချက်ထက်ပို၍ အသက်သွင်းလိုက်တော့သည်။

လက်လေးဖက်မိစ္ဆာလူဝံကြီးမျိုးစိတ် အသက်သွင်းခြင်း၁၂၀%....။

အခန်း (၂၆၃) အခြေခံအဆင့်ခန္ဓာကိုယ်နဲ့ အဆင့်မြင့်အဆင့်သမားကိုဒဲ့ရင်ဆိုင်နိုင်တယ် (၄)

ဓားသွားကျားမျိုးစိတ် ၁၃၀% အသက်သွင်းခြင်း။

ထိုဆန်းကြယ်သားရဲမျိုးစိတ်နှစ်ခုကို အသက်သွင်းလိုက်သည်နှင့် လုထျန်းရုန်ပါးစပ်မှ ချွန်ထွက်သောဓားသွားနှင့်တူသည် အစွယ်နှစ်ချောင်းထွက်လာကာ နောက်ကျောဘက်မှ အားကောင်းသောလက်နှစ်ဖက်ပေါ်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် ရာခိုင်နှုန်းဝက်ခန့် သားရဲလူသားပုံပြောင်းသွားသည်။

''သေစမ်း''

လုထျန်းရုန်၏မျက်လုံးများက သွေးရောင်တောက်နေပြီး မာန်ဖီလို်ကကာ အသံကလည်း ရက်စက်ကြမ်းကြုတ်မှုအပြည့်ဖြင့် ဖြစ်သည်။ထို့နောက်တွင် အားဖြင့် ခြေထောက်အားအပြေးဖြင့် ပြေးထွက်သွားကာ အချင်းဝက်တစ်မီတာရှိသည့်သစ်ပင်ပင်စည်ကြီးကို ဂျွတ်ခနဲမြည်သံနှင့်အတူ နှုတ်ယူလိုက်ပြီး မျက်နှာဖုံးစွပ်ထားသည့်လူရှိရာသို့ လက်နက်သဖွယ်ပစ်လွှတ်လိုက်လေသည်။

မျက်နှာဖုံးစွပ်လူက အချိန်မီမရှောင်လိုက်နိုင်ဘဲ ထိုတစ်ချက်ကြောင့် မီတာရာချီလွင့်စင်သွားပြီး မရပ်ခင်တွင် သစ်ပင်ကြီးများစွာဖြင့် ဝင်ဆောင့်မိလေသည်။

''ဝှစ်''

လုထျန်းရုန်က ရှေ့သို့ပြေးလာပြီး တစ်ဖက်သူ ပြန်ကောင်းအောင် အခွင့်အရေးမပေးဘဲ မရပ်မနားတိုက်ခိုက်တော့သည်။ ယခုတစ်ခေါက်တွင် ထိုသူသည် သွေးချောင်းဆိုးကာ အသက်ရှင်ရန်အတွက် တတ်နိုင်သမျှအားဖြင့် ထွက်ပြေးလေတော့သည်။

''ဘုန်း''

''ဘုန်း''

''ဘုန်း''

ထိုသူသည် အားဖြင့်ပြေးနေကာ လုထျန်းရုန်လိုက်လာသည်ကို ရှောင်ရှားနေသည်။ မိသွားသည့်အခေါက်တိုင်းတွင် လုထျန်းရုန်၏အားပြင်း‌သောလက်သီးချက်များက အငြှိုးဖြင့် ထိုသူကို သတ်ရန် ချိန်ရွယ်ထားသည်။

အခေါက်ပေါင်းများစွာ ထိုသူသည် အချိန်မီမရှောင်နိုင်လိုက်သောကြောင့် လုထျန်းရုန်၏လက်သီးချက်အောက်တွင် ထိုးခံရကာ နေရာတွင်ပင် သေလုဆဲဆဲဖြစ်သည်။ မသေဆေးပက်ကျိမျိုးစိတ်ကြောင့်သာ မဟုတ်လျှင် ယခုတွင် သေနေသည်မှာ ကြာပြီဖြစ်၏။

''မင်းက ရူးမိုက်တာပဲ ငတုံးကောင်''

''သားရဲမျိုးစိတ်ကို အပြည့်အသက်သွင်းလိုက်တော့ သန္ဓေပြောင်းပြီး အသိစိတ်ပျောက်တော့မယ်''

''မင်းကဆရာအနေနဲ့ အဲ့အထူးလေ့ကျင့်ရေးကလေးတွေအတွက် အသေခံမလို့လား''

''ငတုံးကောင် မိုက်လိုက်တာ''

''အခုစစ်တပ်နယ်မြေကို မပြန်သွားဘူးဆိုရင် ငါတို့ ဂမ္ဘီရသစ်ပင်ဂိုဏ်းနဲ့ပေါင်းပြီး အနာဂတ်ကိုတူတူဖန်တီးကြမယ်''

''ဘာလို့ ဘာမှမဟုတ်တဲ့ဟာအတွက် မင်းအသက်ကို စွန့်လွှတ်မှာလဲ''

''အဆင့်မြင့်အဆင့်သက်ရှိအနေနဲ့ ဘယ်နေရာမှာမဆို အခြားသူတွေအထက်မှာ နေလို့ရတာပဲ။ အဲ့လောက်လုပ်ဖို့လိုလို့လား''

''မင်း ငါတို့ဂမ္ဘီရသစ်ပင်ဂိုဏ်းထဲဝင်မယ်ဆိုရင် စစ်တပ်နယ်မြေထက်တောင်မှ ကောင်းကောင်းနေရဦးမယ်''

ထိုသူသည် လုထျန်းရုန်၏အဆက်မပြတ်လိုက်လာမှုကို ခံနေရကာ ယခင်ကကဲ့သို့ မလှောင်ပြောင်ရဲတော့ပေ။ ထို့အစား လုထျန်းရုန်ကို အပျော့ဆွဲဖြင့် ချော့နေခြင်းဖြစ်သည်။ ထိုသူသည် အသေအကြေတိုက်ပွဲကို အဆုံးသတ်ချင်နေလေပြီ။ သို့သော်လည်း လုထျန်းရုန်ကို စည်းရုံ၍မရသည့်အတွက် တိုက်ခိုက်၍သာ မိမိအသက်ကို ကာကွယ်နေရသည်။

''သေစမ်း''

''ငမိုက်သား''

''မင်းအမေကို တုံးတယ်တဲ့လား''

လုထျန်းရုန်ကို စည်းရုံးသည်မှာ မအောင်မြင်သောကြောင့် မျက်နှာဖုံးစွပ်လူက ကျိန်ဆဲနေလေသည်။ ကြမ်းတမ်းသောအမူအရာဖြင့် လုထျန်းရုန်ကို အော်ပြောလိုက်သည်။

''မင်းက င့ါကိုဖိအားပေးနေတာပဲကွ''

ပြော၍ဆုံးသည်နှင့် ထိုသူသည် အနီရောင်အစေ့တစ်စေ့ကို တစ်နေရာမှထုတ်ယူလိုက်ပြီး တွန့်ဆုတ်ခြင်းမရှိ မျိုချလိုက်သည်။ နောက်တွင် ထိုသူ၏အရေပြားသည် ထူးခြားဆန်းကြယ်သောသွေးကြောကြီးများဖြင့် ဖောင်းကားလာသည်။ သွေးကြောများက ထွန့်ထွန့်လူးနေပြီး အထဲတွင် ပိုးကောင်များစွာ ဝင်နေသည်ဟုပင် ထင်ရသည်။

''သွားစမ်း''

ထိုသူက ကြမ်းတမ်းစွာ အော်ဟစ်ပစ်လိုက်သည်။ ထို့နောက်တွင် ဂမ္ဘီရသစ်ပင်ဂိုဏ်း၏ တားမြစ်ကျင့်စဉ်ကိုသုံး၍ သွေးကို စွန့်လွှတ်၍ အပေးအယူလုပ်ပြီး ချွန်ထက်သောစူးချွန်များဖြင့် တောင့်တင်းနေသောနွယ်ပင်များကို ဆင့်ခေါ်လိုက်ခြင်းဖြစ်သည်။ထိုနွယ်ပင်များသည် ချက်ချင်းပင် မြေကြီးမှ ထွက်ပေါ်လာကာ ကောင်းကင်ထက်သို့ ထိုးထောင်ထွက်လာ၏။

လုထျန်းရုန်ကို ရစ်ပတ်လိုက်သည်။ ရုတ်တရက်ပင် လုထျန်းရုန်ကို မီတာများစွာထူသည့် အခွံမာပုံစံပတ်လိုက်ပြီး လေထဲတွင် တွဲလောင်းထားကာ လှုပ်မရတော့ပေ။

''အရူးကောင် မင်းကြောင့် ငါ့အသက်တစ်ဝက်ဆုံးရှုံးသွားပြီ''

ထိုသူက အားအင်ဖျော့တော့စွာဖြင့် ညည်းတွားလိုက်သည်။ ထို့နောက်တွင် အချိန်ဖြုန်းမနေတော့ဘဲ သစ်ပင်လှောင်ချိုင့်ဆီသို့ လျင်မြန်စွာဦးတည်သွားတော့သည်။လင်းဇီချန် လုံခြုံမှုရှိမရှိ သွားစစ်ဆေးပြီး ဂိုဏ်းသို့ပြန်၍ သတင်းပို့ရပေမည်။

…

သစ်ပင်လှောင်ချိုင့်ထဲတွင်မူ လင်းဇီချန်သည် အခြားသူများဆီသို့ ပြန်လာကာ အားလုံးအတန်ငယ်သက်သာပြီဖြစ်ကာ မတ်တတ်ရပ်နိုင်ပြီဖြစ်သည်ကို တွေ့လိုက်ရသည်။ ကောင်းသွားသောသူအချို့က ပြေးပင်ပြေးနိုင်လေသည်။ သို့သော်လည်း အပြေးမမြန်သောကြာင့် အသက်ကြီးသောသူများ တရွတ်တိုက်သွားနေသည်နှင့်တူလှ၏။ ပန်းအဆိပ်၏အကြွင်းအကျန်က ကျန်ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် ပါရမီရှင်များသည် ဖြေဆေးသောက်ပြီးသည်ကိုပင် ကောင်းကောင်းပြန်မကောင်းကြသေးပေ။

''ရှောင်ချန် ငါ့ခြေထောက်က အတော်လေးအားနည်းနေပြီ''

ရှန်ချင်းဟန်က သူမပေါင်ကိုနှိပ်နှယ်ရင်းဖြင့် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

လင်းဇီချန်က ပြောလိုက်လေသည်။

''ကိစ္စမရှိဘူး။ ငါမင်းကို ချီသွားပေးမယ်''

''မလိုပါဘူး''

''လိုပါတယ်''

ထိုသို့ပြောပြီးနောက်တွင် လင်းဇီချန်သည် အခြားသူများကို ကြည့်၍ ပြောလိုက်သည်။

''အားလုံးလည်း အခုလမ်းလျှောက်နိုင်ကြပြီဆိုတော့ ဒီသစ်ပင်လှောင်ချိုင့်ထဲကနေ မြန်မြန်ထွက်သွားရအောင်''

အားလုံးက သ‌ဘောတူလိုက်ပြီး ထွက်သွားရန် ထလိုက်ကြသည်။

''ဝှစ်''

ရုတ်တရက်ပင် နောက်မှ လေကိုခွင်းသွားသောအသံကို ကြားလိုက်ရသည်။ လင်းဇီချန်သည် သူ၏ကောင်းကင်မျက်လုံးအကူအညီဖြင့် နောက်ပြန်ကြည့်လိုက်သောအခါတွင် မီတာရာချီမှ အရိပ်တစ်ခုက ချည်းကပ်လာနေသည်ကို တွေ့လိုက်ရသည်။ ရှင်းလင်းအောင် အနီးကပ်ကြည့်လိုက်သောအခါ၌ သွေးများပေနေသည့် မျက်နှာဖုံးစွပ်လူပင် ဖြစ်လေ၏။

အခန်း (၂၆၄) အခြေခံနဝမအဆင့်က အဆင့်မြင့်အဌမဆင့်ကို တိုက်ခိုက်အနိုင်ယူခြင်း

သွေးပေနေသောမျက်နှာဖုံးစွပ်လူကိုသာ တွေ့ရပြီး လုထျန်းရုန်၏အရိပ်အယောင်ကိုမျှ မမြင်ရပေ။ ဆိုလိုသည်မှာ လုထျန်းရုန် ရှုံးလာခြင်းဖြစ်မည် တွေးလိုက်မိသည်နှင့် နှလုံးသားသည် ချောက်နက်ကြီးထဲသို့ ကျသွားသည်ဟု ခံစားမိကာ အမူအရာကလည်း ပြောင်းသွားသည်။ စဉ်းစားနေရန်အချိန်မရှိပေ။ အမြန်ပင် ရှန်ချင်းဟန်ကိုချ၍ တည်ငြိမ်သောအမူအရာဖြင့် သူမနှင့်အခြားသူများကိုပါ ပြောလိုက်သည်။

''အားလုံး ငါပြောတာနားထောင်ကြ"

''နွယ်ပင်တွေကို ထိန်းချုပ်နိုင်တဲ့ မျက်နှာဖုံးစွပ်လူက ငါတို့နဲ့မီတာနည်းနည်းအကွာမှာပဲရှိတယ်။ ဒီကို အမြန်ဆုံးချည်းကပ်လာနေပြီ''

''သူ့နောက်မှာလည်း ဆရာလုအရိပ်အယောင်ကို မတွေ့ဘူး''

''ဆရာလုရှုံးသွားတဲ့ပုံပဲ''

''မျက်နှာဖုံးစွပ်လူက ငါ့နောက်ကို လိုက်နေတာ။ သူ့ကို အာရုံလွှဲဖို့ ငါ့မှာတာဝန်ရှိတယ်။ မင်းတို့ပြေးဖို့ အခွင့်အရေးဖန်တီးပေးမယ်''

ထိုသို့ပြောပြီးနောက်တွင် လင်းဇီချန်သည် အမြန်ဆုံးနှုန်းဖြင့် ဆန့်ကျင်ဘက်အရပ်ဆီသို့ ခုန်ထွက်သွားကာ ၎င်းတို့လုံခြုံ‌အောင် အလှမ်းဝေးရန် ဖန်တီးလိုက်လေသည်။

ထိုသူများကြားထဲတွင် ရှန်ချင်းဟန်၏လုံခြုံရေး အရေးကြီးဆုံးဖြစ်သည်။

''ရှောင်ချန် ပြန်လာရမယ်နော်"

ရှန်ချင်းဟန်၏မျက်လုံးလေးသည် ဝေဝါးလာပြီး ပျောက်သွားသောလင်းဇီချန်ကိုကြည့်၍ အက်ကွဲသောလေသံဖြင့် အော်ပြောလိုက်သည်။ ပြောပြီးသောအခါတွင် အမြန်သွားနေသောလင်းဇီချန်က တစ်ခွန်းသာ ပြန်ဖြေလိုက်၏။

''ကောင်းပြီ''

ထိုတုံ့ပြန်သံကို ကြားသည့်အခါတွင် ရှန်ချင်းဟန်က လက်မြောက်ပြပြီး မျက်ရည်များကိုသုတ်ကာ ရပ်မနေတော့ဘဲ အခြားသူများကို မှီအောင် အမြန်ပြေးလိုက်သွားသည်။ သူမ၏သွေးမျိုးဆက်စွမ်းအားအဆင့်သည် အခြေခံဆဌမအဆင့်သာ ဖြစ်သောကြောင့် လင်းဇီချန်၏လက်ရှိအခြေအနေကို မကူညီနိုင်သည်ကို သိပေသည်။ ထို့ကြောင့် လင်းဇီချန် ဝန်ထုပ်ဝန်ပိုးဖြစ်မလာစေရန်အတွက် တတ်နိုင်သမျှဝေးဝေးနေရပေမည်။

…

တစ်နေရာရာတွင်မူ အမြန်နှုန်းဖြင့် သွားနေသောလင်းဇီချန်သည် မျက်နှာဖုံးစွပ်လူကို ဆက်လက်စောင့်ကြည့်နေပြီး ယခုတွင်မူ မီတာလေးရာမျှသာ ကွာဝေးတော့သည်။ မျက်နှာဖုံးစွပ်လူက မိမိရှိရာနောက်သို့ လိုက်နေသည်ကို တွေ့လိုက်သောအခါတွင်မှ လင်းဇီချန်သည် သက်ပြင်းချမိတော့၏။

''ကံကောင်းလို့ ကြည့်ရတာ ဟိုလူက ငါ့နောက်ကို လိုက်နေတာပဲ''

''အခုလောက်ဆို ဟန်ဟန်လည်း ဘေးကင်းလောက်ပြီ''

''ပြီးတော့ ငါက တောအစွန်ဆုံးကို ပြေးဖို့လိုတယ်''

''မျက်နှာဖုံးစွပ်လူက တောထဲမှာဆို သူ့ရဲ့စွမ်းအားက အရမ်းကောင်းတယ်။ ငါတောထဲမှာမရှိရင် အသက်ရှင်နိုင်မဲ့အခွင့်အရေးလည်း များမယ်''

''သူ့ကို ပြန်တိုက်ပြီး သတ်တောင်သတ်ပစ်နိုင်တယ်''

ပြေးနေရင်းဖြင့် လင်းဇီချန်သည် မိမိဘာသာတွေးနေမိပြီး စိတ်ထဲတွင် ထိုသူကို သတ်ပစ်မည်ဟုသောရဲတင်းလွန်းသည့်အကြံပေါ်လာသည်။ ပြေးနေစဉ်တွင်ပင် ထိုသူ၏နှုန်းက အဆင့်မြင့်ဆဌမအဆင့်လောက်မမြန်တော့သည်ကို သတိထားမိသည်။

နှိုင်းယှဉ်ကြည့်ရလျှင် မိမိကပင် ပို၍အားကောင်းနေသေးသည်။ ခန္ဓာသန့်စင်ခြင်းသုံးကြိမ်ပြီးမြောက်ထားပြီး သွေးမျိုးဆက်စွမ်းအားမျိုးစုံရှိခြင်းက အဆင့်မြင့်တတိယအဆင့်ဖြင့် ညီမျှသည်။ မျက်နှာဖုံးစွပ်လူသည် ယခုတွင်အဆင့်မြင့်စတုတ္ထအဆင့်လောက်သာရှိတော့သည်။ စွမ်းအားက ဆဌမအဆင့်မှ စတုတ္ထအဆင့်ထိ ကျသွားခြင်းပေမည်။ ထိုသူသည် အတန်ငယ်ဒဏ်ရာအပြင်းအထန်ရလာသည့်ပုံလည်းပေါ်သည်။ ထိုသူသည် အဆင့်ချင်းတူသည့်ပြိုင်ဘက်လုထျန်းရုန်ကို သတ်ပစ်ခဲ့သည်။ အဆင့်တူသည့်သူကိုသတ်နိုင်ရန်မှာ အတန်ငယ်အားထုတ်ရပေမည်။ထိုသူသည် ဒဏ်ရာလည်းပြင်းပြီး အားသည်လည်း တစ်ဆယ်ရာခိုင်နှုန်းခန့်သာ ကျန်သောကြောင့် သတ်နိုင်မည့်အခွင့်အရေးရှိပေသည်။

''ငါ့သွေးမျိုးဆက်စွမ်းအားအဆင့်ကို အခြေခံနဝမအဆင့်ဖြစ်အောင် ပုံရိပ်ယောင်ဖန်တီးပြီး အားနည်းချက်ပေါ်အောင် လုပ်ပေးရမယ်။ ပြီးရင် သူ့ကို ချုံခိုတိုက်ရမယ်''

''သေစေနိုင်မဲ့နေရာကိုချိန်ပြီး ပြင်းပြင်းချရမယ်''

''အဲ့လိုဆို သူ့အားနည်းနေတာကို အခွင့်ကောင်းယူပြီး မရပ်မနားတိုက်ပြီး လက်စသတ်ပစ်လို့ရပြီ''

''အင်း ငါဆုံးဖြတ်လိုက်ပြီ။ သူ့ကို သတ်ရမယ်''

စိတ်ထဲတွင် တွေးနေရင်းဖြင့် လင်းဇီချန်က ချက်ချင်းပင် ခြေလှမ်းကိုနှေး၍ မျက်နှာတွင် ပင်ပန်းနေ‌သောအရိပ်အယောင်မျိုး လုပ်ပြလိုက်သည်။ ဆေးများသုံး၍ အမြန်ဆုံးပြေးနေရသည့်ပုံလုပ်ပြကာ သက်လုံမကောင်းသည်ကို ပြလိုက်ခြင်းဖြစ်၏။

ယခုတွင် သက်လုံးမကောင်းအောင်ဟန်ဆောင်ပြီးဖြစ်ကာ ပေါက်ကွဲအားကိုလည်း လျှော့ချပစ်သည်။ အသက်နှစ်ဆယ်ပင်မပြည့်သေးသူတွင် အဆင့်မြင့်တတိယအဆင့်ရှိသည်မျိုးက အဓိပ္ပာယ်မရှိပါပေ။ လင်းဇီချန်ကို အရှိန်လျှော့လိုက်ပြီးနောက်တွင် မျက်နှာဖုံးစွပ်လူက လိုက်မှီလာသည်။ နှစ်ဦးကြားမှ အကွာအဝေးသည် ဆယ်မီတာသာ ကွာဝေးတော့သည်။

''ဝှစ်''

''ဝှစ်''

''ဝှစ်''

လေကိုခွင်းသောအသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ ထိုသူက လင်းဇီချန်ဆီသို့ နွယ်ပင်များစွာ ထုတ်လွှတ်လိုက်သည်။ အားကမပြင်းလှပေ။ ထိုသူသည်ကို လင်းဇီချန်ကို မသတ်မိအောင်ထိန်းထားရသည်။ သူ၏မျက်လုံးထဲတွင် အခြေခံအဆင့်သက်ရှိများက အထိမခံကြပေ။ ဖိချေလိုက်လျှင်ပင် သေနိုင်သည်ဟု ထင်မိသည်။ လင်းဇီချန်ကို အရှင်ဖမ်းလိုပါလျှင် သိမ်မွေ့ရမည်ဖြစ်သည်။ လင်းဇီချန်ကမူ ရှေ့သို့ ဆက်ပြေးနေပြီး နောက်တွင် အားမပြင်းသောနွယ်ပင်များ လိုက်လာသည်ကို သတိထားမိသည်။

ချုံခိုတိုက်ခိုက်ရန် အခွင့်အရေးကို ဖန်တီးနိုင်လေပြီ။ အကြိမ်ပေါင်းများစွာ ရှောင်ရှားပြီးနောက်တွင် တစ်ကြိမ်ကို ကျရှုံးဟန်ဆောင်လိုက်သည်။ နောက်ကျောတွင် နွယ်ပင်များဖြင့် ရိုက်မိသွား၏။ ရလဒ်အနေဖြင့်မူ လွင့်စင်သွားလေသည်။

ထို့နောက်တွင်မူ ဘုန်းခနဲမြည်သံနှင့်အတူ အရှေ့မှသစ်ပင်ကြီးနှင့် ဝင်ဆောင့်မိကာ သစ်ပင်နှင့်သစ်ကိုင်များပင် လွင့်စင်သွားစေသည်။ ပင်စည်မှ ဆင်းလာပြီးနောက်တွင် မြေကြီးပေါ်၌ မနည်းအသက်ရှုနေရသည့်ပုံဟန်ဆောင်လိုက်သည်။ လင်းဇီချန်သည် မြေကြီးပေါ်မှ ပြန်မထနိုင်သည်ကို တွေ့ရသောအခါ၌ မျက်နှာဖုံးစွပ်လူက ပြေးနေရာမှ ရပ်သွားသည်။ လက်ကို တင်ပါးပေါ်တွင်တင်၍ ထောက်ကာ အသက်ရှုလိုက်ပြီး ခန္ဓာကိုယ်တွင်းအင်္ဂါများမှ နာကျင်နေသည်ကို ခံစားမိကာ မသက်မသာရှိလှ၏။ လုထျန်းရုန်နှင့် အသေအကြေတိုက်ပွဲဖြစ်ပြီးနောက်တွင် ဒဏ်ရာအပြင်းအထန်ရထားသည်။ယခုတွင်လည်း ပြေးလွှားနေရကာ နှလုံးခုန်နှုန်းက မြန်နေသည်။

နှလုံးခုန်နှုန်း ပုံမှန်ပြန်ဖြစ်သွားသောအခါတွင်မူ ခန္ဓာကိုယ်တစ်ခုလုံးမှ နာကျင်မှုများက ချက်ချင်းပင် မြင့်တက်လာကာ ဒဏ်ရာများကို သတိထားမိသွားပြီး အင်အားသည်လည်း တစ်ဆယ်ရာခိုင်နှုန်းသာကျန်တော့သည်ကို သိလိုက်လေ၏။

All Chapters