← Chapters

အပိုင်း ၂၆၅-၂၆၇

Vol. 18 Ch. 265-267

အပိုင်း ၂၆၅-၂၆၇

Vol. 18 Ch. 265-267

အခန်း (၂၆၅) - အခြေခံနဝမအဆင့်က အဆင့်မြင့်အဌမဆင့်ကို တိုက်ခိုက်အနိုင်ယူခြင်း (၂)

''မင်း မင်းကသေအောင်မြန်တာပဲ''

ထိုသူသည် ပြောရင်းဖြင့် မနည်းအသက်ရှူလိုက်ပြီး လင်းဇီချန်ကို ကြည့်၍ ပြောလိုက်သည်။

''မင်းသာ မနှေးဘူးဆိုရင် မင်းကိုမှီဖို့ အတော်လေးအားထုတ်ရမှာ''

ပြောပြီးနောက်တွင် စပ်စုစွာဖြင့် ထပ်ပြောလိုက်ပြန်သည်။

''စောနက မင်းအမြန်နှုန်းက မင်းရဲ့သွေးမျိုးဆက်စွမ်းအားထက်ပိုများနေတယ်။ မင်းကိုယ်ထဲကိုများ ခန္ဓာကိုယ်အလားအလာကိုထုတ်ပေးနိုင်တဲ့ဆေးတွေများ ထိုးထားသေးလား''

''အခြေခံနဝမအဆင့်ကိုတောင် အဆင့်မြင့်သက်ရှိလိုမျိုး မြန်အောင်လုပ်နိုင်တဲ့ဆေးမျိုးက ရှိလို့လား''

''စစ်တပ်နယ်မြေက ထုတ်ထားတဲ့အသစ်တွေများလား''

“…”

လင်းဇီချန်က ဘာမှပြန်မဖြေဘဲရပ်နေ၏။

သဘာဝကိုယ်ယောင်ဖျောက်နိုင်စွမ်းအားနှင့်ဖြစ်သောကြောင့် ထိုသူ သိသွားမည်ကို စိတ်ပူစရာမလိုပေ။ ယခုတွင် တစ်ခုတည်းသောလုပ်ရန်မှာ ထိုသူအနားတိုးလာမည်ကို တိတ်ဆိတ်စွာစောင့်ရန်သာ ဖြစ်၏။

ထို့နောက်တွင် ရန်သူ သတိလစ်သည်နှင့် သေစေနိုင်မည့်နေရာသို့ ထိုးကာ တစ်ဖက်သူကို တစ်ချက်တည်းဖြင့် ဒဏ်ရာရသွားအောင်လုပ်ရန် ဖြစ်သည်။

၎င်းကို လုပ်ကြံရန်စဉ်းစားနေသည်ကို မသိဘဲဖြင့် ထိုသူက ဆက်ပြောနေလေသည်။

''အဆင့်မြင့်အဆင့်ရောက်ဖို့ ခြေတစ်လှမ်းပဲလိုတော့တဲ့ ငါ့ရဲ့အိပ်ရာကျေးကျွန်လေးတောင်မှ မင်းကိုအထင်သေးလိုက်မိလို့ မင်းကဆေးအစွမ်းနဲ့ သူ့ကိုသတ်လိုက်တယ်မလား''

''အဲ့ဒီအိပ်ရာကျေးကျွန်လေးကို အခြားပြည့်တန်ဆာတွေထက် ယောက်ျားတွေကို ကောင်းကောင်းပြုစုတတ်ဖို့ ငါအချိန်ဘယ်လောက်ပေးခဲ့ရလဲသိလား''

''ငါးနှစ်ကွ သူ့ကို သေချာလေ့ကျင့်ပေးဖို့ ငါးနှစ်တောင် အချိန်ပေးခဲ့ရတာ''

''မင်းကတော့ သူ့ကို ဒီလိုမျိုး သတ်ပစ်တယ်ပေါ့လေ''

''မင်း င့ါကို စိတ်တိုအောင် လုပ်လိုက်တာပဲ''

မျက်နှာဖုံးစွပ်လူသည် စိတ်တိုနေပုံပေါ်သော်လည်း မျက်နှာတွင်မူ အမြဲတမ်းအပြုံးခပ်ရေးရေးရှိသည်။ မျက်နှာမှသွေးများကိုသုတ်၍ ဆက်ပြောလိုက်သည်။

''ငါရန်သူတွေကို ပုံမှန်လက်စားချေတဲ့ပုံစံကတော့ သူတို့မိသားစုကမိန်းကလေးတွေကို ငါ့အိပ်ရာကျေးကျွန်တွေဖြစ်အောင်ပြောင်းပစ်လိုက်တာပဲ''

''မင်းက ကြည့်ကောင်းတယ်ဆိုမှတော့ မင်းမိသားစုထဲကမိန်းမတွေကလည်း ပိုပြီးတောင်လှနေဦးမှာ''

''မင်းအမေကလည်း လှသေးလောက်တယ်။ မင်းအစ်မကလည်း ဆွဲဆောင်မှုရှိပြီး အရပ်ရှည်မယ်။မင်းညီမလေးကတော့ ဖြူဖြူစင်စင်နဲ့ ချစ်ရာကောင်းမယ်''

''တောက်‌ တောက် စဉ်းစားကြည့်ယုံနဲ့တင် မခံနိုင်တော့ဘူး''

“…”

ထိုစော်ကားပြောဆိုသောစကားများကို နားထောင်နေရင်းဖြင့် လင်းဇီချန်သည် စိတ်ခံစားချက်များ မြင့်တက်လာသည်။ သို့သော်လည်း သဘာဝကိုယ်ယောင်ဖျောက်ခြင်းစွမ်းအားကြောင့် စိတ်ခံစားချက်အတက်အကျကို ကောင်းစွာဖုံးကွယ်ထားနိုင်ပြီး မျက်နှာဖုံးစွပ်လူက ဘာမှသိမည်မဟုတ်ပေ။ ထိုအချိန်တွင် ထိုသူသည် အရှက်မရှိအောက်တန်းကျသောစကားများကို ဆက်လက်ရေရွတ်နေဆဲဖြစ်သည်။ ခင်ပွန်းတစ်ယောက်တည်းဖြင့် မိန်းမသုံးယောက်ယူမည့်အကြောင်း၊

ခင်ပွန်းရှေ့တွင်ပင် မကောင်းသည့်ကိစ္စများ ကျူးလွန်မည့်အကြောင်း၊

ပြောသမျှအားလုံး စက်ဆုပ်ဖွယ်ရာပင် ဖြစ်သည်။ ပြောသမျှကရာဂစိတ်ကို နှိုးဆွပေးနေသည်။ ပို၍ပြောလေလေ ပို၍စိတ်လှုပ်ရှားလာလေလေပင် ဖြစ်သည်။

သို့‌သော်လည်း မကြာခင်တွင်ပင် ခေါင်းခါ၍ နောင်တရသောအကြည့်မျိုးဖြင့် ပြောလိုက်သည်။

''ဂမ္ဘီရသစ်ပင်ဂိုဏ်းက မင်းကို အထက်တန်းခေါင်းဆောင်တစ်ယောက်ဖြစ်လာဖို့ ထိန်းချုပ်ပြီး ချုပ်ကိုင်ချင်တာ ဆိုးလွန်းတာပဲ''

''မင်းကို အနာဂတ်အတွက်ခြိမ်းခြောက်ပြီး အဖူးအပွင့်‌လေးထဲမှာ မြင်ရမဲ့အစား ငါတို့က ချက်ကျောင်းထဲမှာ မိတ်ဆွေတွေဖြစ်လာရမှာ''

''အဲ့လိုဆို လုပ်ဖော်ကိုင်ဖက်ရဲ့မိသားစုကိုတော့ အိပ်ရာကျေးကျွန်ဖြစ်အောင် မပြောင်းဘူးမလား''

''သနားဖို့ကောင်းလိုက်တာ သနားဖို့ကောင်းလိုက်တာ''

ထိုသို့ပြောပြီးနောက်တွင် မျက်နှာဖုံးစွပ်လူ၏မျက်နှာထက်၌ နောင်တရနေသောပုံစံက ပျောက်ပြယ်သွားပြီး မူလစိတ်လှုပ်ရှားနေသည့်ပုံဖြစ်လာကာ ပြောလိုက်သည်။

''မင်းနဲ့ပါလာတဲ့ အထူးလေ့ကျင့်ရေးတွေထဲမှာ အတော်လေးကြည့်ကောင်းတဲ့ကောင်မလေးတွေပါတာကို သတိထားမိတယ်''

''ဆံပင်အပြာနဲ့ကောင်မလေးဆို နူးညံ့သိမ်မွေ့တဲ့ပုံနဲ့ တီဗီစတားတွေထက်တောင်မှ လှသေးတယ်''

''ငါပြန်သက်သာသွားတာနဲ့ အဲ့ကောင်မလေးတွေကိုဖမ်းပြီး ငါ့အိပ်ရာကျေးကျွန်ဖြစ်အောင် လုပ်ပစ်မယ်။ ပြီးမှ ဒီသခင်ကို အိပ်ရာထဲမှာ ခစားခိုင်းပစ်မယ်''

ထိုမြင်ကွင်းကို စဉ်းစားရင်းဖြင့် မျက်နှာဖုံးစွပ်လူက စိတ်လှုပ်ရှားနေသည်။

အများစုသည် ဂမ္ဘီရသစ်ပင်ဂိုဏ်းသို့ ဖိအားပေးမှုကြောင့် ဝင်လာခဲ့ကြရသည်။ သို့သော် ၎င်းကမူ နတ်သမီးအလှတရားများကို ခံစားချင်သောကြောင့် ဝင်လာခြင်းဖြစ်သည်။ သူသည် ငွေ၊ အာဏာများကို စိတ်မဝင်စားဘဲ တဏှာရာဂကိုသာ မက်မောသူဖြစ်သည်။ပျားရည်ထောင်ချောက်သည် အောင်မြင်မှုရာခိုင်နှုန်းပြည့်ရှိသည်။

''ကောင်းပြီ။ ငါ့ရဲ့ချီသွေးစွမ်းအားကလည်း အခုပြန်ကောင်သွားပြီဆိုတော့ သွားရမဲ့အချိန်ကျပြီ''

ထိုသူက ပြုံးလိုက်ပြီး ခြေထောက်မ၍ လင်းဇီချန်ရှိရာသို့ လျှောက်လာသည်။ အမြန်ပင် လင်းဇီချန်နားသို့ချည်းကပ်လာကာ တာဝန်ပြီးမြောက်ရန်အတွက် ထိုကလေးကို ဂုတ်မှဆွဲကာ ဌာနချုပ်သို့ခေါ်သွားရန် ပြင်လိုက်ခြင်းဖြစ်၏။သို့သော် လက်ထုတ်လိုက်သောအချိန်တွင်ပင်.....။

မြေကြီးပေါ်တွင် မောဟိုက်နေသောလင်းဇီချန်သည် ရုတ်တရက် မျက်လုံးပွင့်လာပြီဂ လျင်မြန်သောလှုပ်ရှားမှုနှင့်အတူ ခုန်သွားကာ ချီသွေးစွမ်းအားလည်း မြင့်တက်သွားပြီး ထိုသူ၏ပေါင်ခြားကို အားဖြင့် ထိုးပစ်လိုက်သည်။

ဘုန်းခနဲမြည်သံနှင့်အတူ လင်းဇီချန်၏အားပြင်းသောလက်သီးက ထိုသူ၏ခွကြားကိုထိသွားသည်။ ထိုနေရာမှ အရိုး၊ အသား အားလုံးကြေမွသွားသည်။

''အားးးးး''

ထိုသူ၏မျက်နှာက နာကျင်လွန်းသဖြင့် ရှုတ်မဲ့သွားပြီး အော်ဟစ်လိုက်လေသည်။ချက်ချင်းပင် ဒဏ်ရာရသွား‌သောနေရာကို လက်ဖြင့်အုပ်၍ ချီသွေးစွမ်းအားအပြည့်ထုတ်ကာ အမြန်ပင် ဆုတ်ခွာသွားတော့သည်။

''ဝှစ်''

လင်းဇီချန်က အမြန်ပင် လှုပ်ရှားလိုက်သောကြောင့် မျက်နှာဖုံးနှင့်လူက ချီသွေးစွမ်းအားအပြည့်ဖြင့်ထွက်‌ပြေးသွားသည်။ လင်းဇီချန်ကလည်း နောက်မှ အမြန်လိုက်သွားသည်။

အဆင့်မြင့်ဆဌမအဆင့်သည် မိမိထင်ထားသည်ထက် ပို၍ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားသည်။ ရန်သူ၏သေစေနိုင်မည့်နေရာကိုပစ်မှတ်ထားကာ အဆင့်မြင့်စတုတ္ထအဆင့်အင်အားဖြင့် တိုက်ခိုက်လိုက်သဖြင့် ပြိုင်ဘက်သည် မျှော်လင့်ထားသည့်အတိုင်း အပြင်းအထန်ဒဏ်ရာရသွားသည်။ နာကျင်လွန်းသဖြင့်အော်ဟစ်ကာ ပြန်ဆုတ်သွားရသည်။

''ဝှစ်''

လေကိုဖြတ်သွားသောအသံက ထွက်ပေါ်လာပြန်သည်။ လင်းဇီချန်သည် ထိုသူကို မှီသည်နှင့် ချီသွေးအားအပြည့်ဖြင့် နားထင်ကို ထိုးချပစ်သည်။ လက်သီးချက်သည် အားပြင်းကာ မြန်ဆန်လွန်းသောကြောင့် အဆင့်မြင့်စတုတ္ထအဆင့်နီးပါးပင်ဖြစ်သည်။ ဒဏ်ရာရထားသောထိုသူသည် ရှောင်ရန်ပင် အခွင့်အရေးမရလိုက်ပေ။ လက်တစ်ဖက်မြှောက်ကာ နားထင်ကို ကာကွယ်လိုက်ရပေ၏။

အခန်း (၂၆၆) အခြေခံနဝမအဆင့်က အဆင့်မြင့်အဌမဆင့်ကို တိုက်ခိုက်အနိုင်ယူခြင်း (၃)

ထို့နောက်တွင် ဘုန်းဟုသောကျယ်လောင်သောပေါက်ကွဲသံကြီးကို ကြားလိုက်ရသည်။ လက်မောင်းတစ်ခုလုံးက အပိုင်းပိုင်းပြတ်သွားပြီး သွေးများက နေရာအနှံ့တွင် ပြန့်ကျဲသွားသည်။

''ဝှစ်''

တစ်ချိန်တည်းတွင်ပင် အခြားသောဝှစ်ခနဲအသံကလည်း ထွက်‌ပေါ်လာသည်။လင်းဇီချန်က အားပြင်းပြင်းဖြင့် လက်သီးတစ်ချက်ထိုးလိုက်ပြီး ထို့နောက်တွင် အားပြင်းသောကန်ချက်ဖြင့် ထိုမျက်နှာဖုံးတပ်လူကို ကန်ချပစ်လိုက်သည်။ လက်သီးက ခေါင်းတည့်တည့်ကို ချိန်ရွယ်ထားခြင်းဖြစ်သည်။ လင်းဇီချန်၏ပစ်မှတ်သည် သွေးထွက်နေသောပေါင်ခြံကိုပင် ဖြစ်လေသည်။ လက်သီးတစ်ချက်ဖြင့် မလုံလောက်လျှင် နောက်ထပ်လက်သီးတစ်ချက်လာမည်။

''ဘုန်း''

ပြင်းထန်သောချီသွေးပြင်းအားဖြင့်အတူ လင်းဇီခန်သည် ထိုဒဏ်ရာရထားသောပေါင်ခြံကို တိတိကျကျကန်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ကြောက်စရာကောင်းသောအားနှင့် ပြင်းထန်သောချီသွေးအားက ရန်သူ၏ပေါင်ခြံကိုထိသွားသည်။ ကာလိုက်‌သောညာဘက်လက်သည်ပင် အနည်းငယ်မျှ ပျက်စီးသွားသည်။

''အားးး''

ထိုသူက နာကျင်လွန်းသဖြင့် အော်လိုက်မိသည်။ မျက်နှာသည်လည်း ပြာနှမ်းသွားရှာသည်။ မိမိသည် သတိလစ်တော့မည်ဟု ခံစားနေရသည်။

''ဝှစ်''

နောက်ထပ်ဝှစ်ခနဲအသံ ထွက်ပေါ်လာပြန်သည်။လင်းဇီချန်သည် မကုန်နိုင်သောချီသွေးအားကို ပိုင်ဆိုင်ထားသကဲ့သို့ ချီသွေးစွမ်းအားထည့်၍ ထိုသူကို ထပ်ထိုးလိုက်ပြန်သည်။ နောက်ထပ်သာ ထိုအားဖြင့် ထပ်ထိုးခံရလျှင် ထိုသူသည် ပေါက်ကွဲထွက်တော့မည်ဖြစ်သည်။ လက်သီးချက်ကျရောက်လာသောအခါတွင် သေစေနိုင်သောလက်သီးချက်ကို အမြန်ပင် ရှောင်ရှားလိုက်သည်။ ထို့နောက်တွင်လင်းဇီချန်ရှိရာမှ တတ်နိုင်သမျှမြန်မြန်ရှောင်လိုက်ကာ ရင်ဆိုင်မတိုက်တော့ပေ။

ဘာဖြစ်သွားတာလဲ!

ထိုသူသည် သေလုဆဲဆဲဖြစ်သော်လည်း ရုတ်တရက်ပင် အားအပြည့်ဖြစ်သွားကာ အဆင့်မြင့်အဌမအဆင့်ကိုပင် အလဲတိုက်သွားနိုင်သည်လော

လုံးဝအဓိပ္ပာယ်မရှိပေ။

ထိုအချိန်တွင် မျက်နှာဖုံးစွပ်လူသည် ထွက်ပြေးရင်းဖြင့် စဉ်းစားနေမိသည်။ သူသည် လင်းဇီချန်၏ ‌ဒေါသတကြီးပေါက်ကွဲသံကြောင့် စိတ်ရှုပ်သွားရသည်။

ဓာတ်စမ်းပစ္စည်းများကြောင့် အားကောင်းနေရသည်လော။

ထွက်မပြေးလျှင် သေတော့မည်ကိုသိသောကြောင့် ထိုကောင်လေးသည် မိမိဖြင့်ရင်ဆိုင်ရန် ဓာတ်စမ်းပစ္စည်းကို အသက်သွင်းလိုက်သည်လော။

ထိုသို့ဆိုလျှင်နွယ်ပင်များကြားတွင် ဖမ်းမိသွားခြင်းကလည်း တမင်သက်သက်လုပ်ခြင်းပေလော။

မိမိသည် အံ့ဩသင့်စရာကောင်းသောတိုက်ခိုက်မှုအတွက် လှည့်စားခံလိုက်ရသည်လော။

သေစမ်း!

လူလိမ်ကောင်!

ခြုံခိုတိုက်တဲ့ကောင်!

မိမိသည် လင်းဇီချန်၏အချိန်အတိုအတွင်း ပြန်အားကောင်းသွားရသည့်အကြောင်းရင်းကို မသိသောကြောင့် စိတ်ထဲတွင် ကျိန်ဆဲနေမိသည်။ ထို့နောက်တွင် သက်ပြင်းချလိုက်မိ၏။ လင်းဇီချန်၏လက်ရှိစွမ်းအားက ယာယီမျှသာဖြစ်သည်ကို ကျေးဇူးတင်ရမည်။ မိမိသည် ခေတ္တမျှတောင့်ခံလိုက်သည်နှင့် လင်းဇီချန်က အားနည်းသွားကာ အသနားခံလာလိမ့်မည်။

''ဝှစ်''

လင်းဇီချန်သည် ချီသွေးစွမ်းအားအပြည့်ဖြင့် လက်သီးချက်က နောက်ထပ် ရောက်လာပြန်သည်။ ထိုသူစဉ်းစားနေသည်ကိုလည်း မသိပေ။ မိမိသိထားသည်မှာ ရပ်၍မရဟုသောအကြောင်းအရာတစ်ခုကိုပင် ဖြစ်၏။ ပြင်းထန်စွာဆက်လက်တိုက်ခိုက်ရမည်။ ထိုသူကို ပြန်ကောင်းရန် အခွင့်အရေးတစ်စက်လေးမှ ပေး၍မဖြစ်ပေ။

''ဆက်လုပ်မယ်''

''ဆက်တိုက်နေသေးတာပဲ''

''ဘယ်‌လောက်ခံနိုင်မလဲ ကြည့်ကြသေးတာပေါ့''

''မင်းရဲ့ချီသွေးတွေကုန်သွားမှ ငါ့ခြေထောက်အောက်မှ နှိပ်စက်ပစ်ဦးမယ်''

''မင်းကိုနှိပ်စက်ယုံတင်မဟုတ်ဘူး မင်းမိသားစုထဲက မိန်းမတွေအကုန်လုံးကိုပါ အရှက်ရအောင်လုပ်ပစ်မယ်''

''သေလိုက်တော့''

ထိုသူသည် ပြိုင်ဘက်ကို စကားလုံးများဖြင့် စိတ်ပိုင်းဆိုင်ရာလှုံ့ဆော်ပေးနေကာချီသွေးအပေါ်တွင် သက်ရောက်စေရန် ဖြစ်သည်။

လင်းဇီချန်၏ခံစားချက်များက မြင့်တက်လာသည်။ သူ၏ချီသွေးကလည်း မတည်မငြိမ်ဖြစ်လာသည်။ သို့သော်လည်း အားကမူ လျော့မသွားပေ။ ထို့အစား အားက ကောင်းသည်ထက် ကောင်းလာတော့သည်။ လက်သီးချက်တိုင်းက ယခင်လက်သီးချက်ထက် ပို၍အားကောင်းလာသည်။

''ဘုန်း ဘုန်း ဘုန်း''

အဆက်မပြတ်ထိုးနှက်သံများသာ ထွက်ပေါ်လာ၏။ လင်းဇီချန်၏လက်သီးချက်များက ထိုသူ၏ပေါင်ခြံ၊ ရင်ဘတ်၊ လည်ပင်းထိ ရောက်လာသည်။ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းက လက်သီးချက်ဖြင့် အားပြင်းပြင်းတိုက်ခိုက်သည်ကို ခံနေရသည်။ နဖူးသည်ပင် ကြေမွနေပြီဖြစ်သည်။ ရင်ဘတ်ကလည်း ခွက်ဝင်နေသည်။ပေါင်ခြံကလည်း ကန်ချက်ကြောင့် ပြဲနေလေပြီ။

မြောက်မြားလှစွာသောသွေးများက ဒဏ်ရာများစီမှ စီးကျလာသည်။ ခန္ဓာကိုယ်ကလည်း အားနည်းလာကာ အမြင်ကလည်း ဝေဝါးလာပြီး အသိစိတ်လည်း ပျောက်တော့မည်ဖြစ်သည်။

''မဖြစ်နိုင်ဘူး''

''ဒါကမဖြစ်နိုင်ဘူး''

''မင်း အခြေခံအဆင့်ပဲရှိတာကို ချီသွေးက ဘယ်လိုလုပ်အားကောင်းနေရတာလဲ။ ဘယ်လောက်သုံးသုံးမကုန်နိုင်ဘူးပဲ''

''အဟွတ် အဟွတ် အဟွတ်''

ထိုသူသည် ‌ပြောရင်းဖြင့် သွေးများအန်ကျလာသည်။ မျက်နှာကလည်း ဖျော့တော့လာကာ သွေးမရှိတော့သည့်အတိုင်းပင်။ နှစ်သုံးဆယ်ကျော်အသက်ရှင်ပြီးဖြစ်သော်လည်း မိမိရှေ့မှကိစ္စများကို မယုံနိုင်သေးပေ။ လင်းဇီချန်၏အားက ယာယီဟုသာ ထင်နေမိဆဲဖြစ်သည်။ ဓာတ်စမ်းပစ္စည်းကုန်သွားသည်နှင့် အခြေခံအဆင့်သို့ ပြန်ရောက်မည်ဟု ထင်နေလေသည်။ သို့သော်လည်း ယခုတွင် လင်းဇီချန်သည် ချီသွေးကို ဘယ်နကြိမ်မျှ ထုတ်သုံးပြီးပြီးနည်း။

ဆယ်ကြိမ်မကတော့ပေ။ ထိုကလေးသည် အားမနည်းလာယုံတင်မက အားပင် ပို၍ကြီးလာသည်။ မည်သို့ဖြစ်နိုင်မည်နည်း။

ထိုသူက အံ့ဩနေမိကာ မိမိ၏လည်ချောင်းမှထွက်လာသောသွေးများကို လျစ်လျူရှုလျက် လင်းဇီချန်ကို အော်ပြောလိုက်သည်။

''ဘာတွေဖြစ်နေတာလဲ''

''မင်းက ဘယ်လိုကြီးလဲ''

''မင်းအသက်က နှစ်ဆယ်တောင်မရှိသေးဘူးကိုး။ အခြေခံအဆင့်ပုရွက်ဆိတ်လောက်ကများ အဆင်မြင့်အဌမအဆင့်ကို ဘယ်လိုလုပ် တိုက်နိုင်ရတာလဲ''

''အဟွတ် အဟွတ် အဟွတ်''

စိတ်ခံစားချက်က မြင့်တက်လာသဖြင့် ကျယ်လောင်စွာအော်ပြောလိုက်ကာ ပြောနေရင်းဖြင့်သွေးများ အန်ထွက်လာပြီး ချောင်းဆိုနေသည်က မရပ်တော့ပေ။ လင်းဇီချန်ကမူ ထိုသူ၏အော်ဟစ်သံကို လျစ်လျူရှုကာ အားပြင်းသော ကန်ချက်၊ ထိုးချက်များဖြင့် ဆက်၍တိုက်ခိုက်နေလေ၏။

အခန်း (၂၆၇) အခြေခံနဝမအဆင့်က အဆင့်မြင့်အဌမအဆင့်ကို တိုက်ခိုက်အနိုင်ယူခြင်း (၄)

တောထဲတွင် တစ်ချက်တည်းဖြင့် သတ်ရန် ဆုံးဖြတ်ထားပါသော်လည်း တိုက်ပွဲတွင် အဆုံးသတ်ရပေတော့မည်။ မိမိသည် မွေးလာစဉ်ကတည်းကပင် မနားမနေလေ့ကျင့်ခဲ့သည့်အကြောင်းကို ရန်သူကို မည်သည့်အခါမှ ပြောပြမည်မဟုတ်ပေ။ အသက် (၁၉)နှစ်မှစ၍ နေ့စဉ်မပြတ် လေ့ကျင့်ခဲ့သည်။ ချီသွေးစွမ်းအားက နေ့စဉ်နေ့တိုင်းတိုးတက်ခဲ့သည်။ ယနေ့တွင်မူ ခန္ဓာကိုယ်တွင်းမှ ချီသွေးစွမ်းအားသည် လွန်စွာကြောက်စရာကောင်းသည့်အဆင့်သို့ ရောက်နေပြီဖြစ်သည်။

''အကြီးအကဲကိုး ကယ်ပါဦး''

ရုတ်တရက်ပင် မျက်နှာဖုံးတပ်ထားသောသူက အပေါ်ကိုမော့ကြည့်၍ ကျယ်လောင်စွာအော်ပြောလိုက်သည်။ လင်းဇီချန်က ထိုနေရာကို မကြည့်နေပေ။ မျက်နှာဖုံးစွပ်လူကိုသာ မြဲမြံစွာကြည့်ကာ တိုက်ခိုက်သည်က ရပ်မသွားပေ။ ယခုတွင် သူ၏တစ်ခုတည်းသောပန်းတိုင်သည် ထိုမျက်နှာဖုံးစွပ်လူကို မြန်မြန်လက်စသတ်ရန်ဖြစ်သည်။

''အကြီးအကဲကိုး ကျွန်တော်တောင့်မခံနိုင်တော့ဘူး''

ထိုသူက ထပ်အော်လိုက်ပြန်သည်။ လင်းဇီချန်အာရုံပြောင်းအောင် လျှောက်အော်နေလားဆိုသည်မှာ မသိနိုင်ပေ။

''အကြီးအကဲကိုး ဘုန်း''

မျက်နှာဖုံးစွပ်လူက ထပ်အော်ရန် ကြိုးစားလိုက်ပြန်သည်။ သို့သော်လည်း အကြီးအကဲဟုသောစကားလုံးကို ပြော၍မဆုံးခင်တွင်ပင် လင်းဇီချန်က အားပြင်းပြင်းတစ်ချက် ထိုးလိုက်သောကြောင့် အဝေးသို့ လွင့်စင်ထွက်သွားတော့သည်။ ထို့နောက်တွင် ၎င်းနောက်မှ သစ်ပင်ကြီးဖြင့် ဝင်ဆောင့်မိကာ တန့်သွားတော့သည်။ ထိုသူ၏ကလိုဗာရွက်ပုံမျက်နှာဖုံးသည် အထပ်ထပ်ထိုးနှက်ချက်များကြောင့် အကွဲကြောင်းရာများ ပေါ်လာသည်။ မကြာခင်ပင် မျက်နှာဖုံးက တစ်စစီပဲ့ကြွေသွားတော့သည်။

''ထိုသူ၏မျက်နှာဖုံးက ပျက်စီးသွားသောကြောင့် မျက်နှာဖုံးအောက်မှမျက်နှာက ထွက်ပေါ်လာသည်။ ဓားကဲ့သို့ ဖြောင့်တန်းသောမျက်ခုံး၊ ရီဝေလှသောမျက်လုံးတို့ဖြင့် အတော်ကြည့်ကောင်းသောမျက်နှာမျိုးပင် ဖြစ်သည်။ အသက်လေးဆယ်ကျော် သက်လတ်ပိုင်းချောမောသောလူတစ်ယောက်ဖြစ်ဟန်ရှိသည်။

နောက်တွင်မူ မိန်းကလေးများ အသည်းစွဲဖြစ်နိုင်လောက်သည့် ထိုချောမောသောမျက်နှာလေးကို လင်းဇီချန်က အားဖြင့်ကန်ပစ်လိုက်ကာ သွေးများစင်၍ သွားများလည်း ကျွတ်ထွက်သွားသည်။ လင်းဇီချန်က အားသာနေသည်ကို အသုံးချ၍ ထိုသူရှိရာသို့သွားကာ လည်ပင်းမှ လက်တစ်ဖက်ဖြင့် မလိုက်ပြီး ဗိုက်ကိုမူ ဒူးဖြင့်ဖိထားပြီး မြေကြီးတွင်ကပ်ထားလိုက်၏။ ထို့နောက်တွင် အခြားသောလက်မှလက်သီးဖြင့် မျက်နှာကို ရိုက်ချလိုက်သည်။

''ဘုန်း''

''ဘုန်း ဘုန်း ဘုန်း''

''ဘုန်း ဘုန်း''

ထိုးနှက်သောအသံများက တစ်ချက်ပြီးတစ်ချက် ထွက်ပေါ်လာကာ ချောမောသောမျက်နှာလေးကလည်း မှတ်ပင်မမှတ်မိနိုင်တော့ပေ။ ရွှံ့ဖြင့်လုပ်ထားသည့်အသားကဲ့သို့ ပုံပျက်ပန်းပျက်ဖြစ်သွားတော့သည်။

သွေးအိုင်ထွန်းသွားလေသည်။

''ဘုန်း ဘုန်း ဘုန်း''

''ဗီလိန်တွေက စကားများလို့ သေရတယ်ဆိုတာကို မသိဘူးလား''

''ဘာလို့ အဲ့လောက်စကားများရတာလဲ''

''ဘုန်း ဘုန်း ဘုန်း''

''မင်းအိပ်ရာကို နွေးအောင်လုပ်ပေးတဲ့သူကို လွမ်းနေတာမလား''

''အခုသူ့ဆီပို့ပေးလိုက်မယ်''

''ဘုန်း ဘုန်း ဘုန်း''

လင်းဇီချန်သည် ထိုသူ၏မျက်နှာကို တရစပ် ထိုးနှက်နေပြီး ကျယ်လောင်စွာဆဲရေးကာ မကောင်းသည့်ခံစားချက်များကို လွှင့်ထုတ်နေလေသည်။

Iဆယ်ချက်၊ အချက်နှစ်ဆယ်။ အချက်သုံးဆယ်....

လက်သီများထုံကျင်လာသောအခါတွင် လေဟာနယ်ထဲ၌ စာတန်းတစ်ခု ပေါ်လာသည်။

(သင်ဝါးမျိုရန် ရွေးချယ်ပါဦးမည်လား)

ထိုစာတန်းကြောင့် လင်းဇီချန်လည်း ထိုးနေသည်ကို ရပ်လိုက်တော့သည်။ ထိုသူသေသွားပြီကို သိသောကြောင့် ခန္ဓာကိုယ်ကိုထိ၍ ဝါးမျိုလိုက်သည်။ အဆင့်မြင့်ဆဌမအဆင့်စစ်သည်သည် အခြေခံနဝမအဆင့်ကျောင်းသားလက်ထဲ၌ သေဆုံးခဲ့ရသည်။ ကံတရားက နှုတ်ထွက်၍ရမည်ဆိုလျှင် သေခြင်းတရားကပင် ထိုသူကို လက်ခံလိမ့်မည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် မျက်နှာသည် ကြေမွနေပြီဖြစ်ကာ ရွှံ့များဖြင့်ရောနေသည့်အသားစများသာ ကျန်တော့သည်။

''ငါ အဆင့်မြင့်ဆဌမအဆင့်တစ်ယောက်ကို သတ်လိုက်တာပဲ''

လင်းဇီချန်က မြေကြီးပေါ်တွင် ပစ်လှဲလိုက်ပြီး မောဟိုက်နေကာ တကယ်မဟုတ်ဟုသာ ခံစားနေမိသည်။ မိမိသည် ဆယ်မိနစ်ကျော်အတွင်းတွင် ခြစ်ရာတစ်ရာမထင်ဘဲ ရန်သူကိုသတ်လိုက်နိုင်သည်။

''ငါတကယ်အားကောင်းတာပဲ''

လင်းဇီချန်တစ်ယောက် မိမိဘာသာ ညည်းတွားနေမိသည်။ ထိုအခါမှ မိမိမည်မျှအားကောင်းကြောင်း သဘောပေါက်သွားတော့၏။

တတိယအဆင့်ခန္ဓာကိုယ်သန့်စင်ခြင်းပြီးမြောက်ကာ အခြားသောသွေးမျိုးစပ်စွမ်းအားများ ပိုင်ဆိုင်ထားသောခန္ဓာကိုယ်က အမှန်ပင် အားကောင်းလှသည်။ ရန်သူများက မိမိထက်ဝါစဉ်မြင့်နေလျှင်ပင် နိုင်နိုင်သေးသည်။

လင်းဇီချန်သည် ထိုအကြောင်းများကို တွေးနေစဉ်တွင်ပင် ရုတ်တရက် နောက်မှအက်ကွဲသောအသံတစ်သံကို ကြားလိုက်ရသည်။

''အခြေခံနဝမအဆင့်ခန္ဓာကိုယ်နဲ့ အဆင့်မြင့်ဆဌမအဆင့်စစ်သည်ကို သတ်နိုင်တယ်။ ကမ္ဘာပေါ်မှာ ဒီလိုမျိုးပါရမီရှင်လည်းရှိသေးတာပဲ။ ကြည့်ရတာ ဒီအစီအစဉ်က တန်တဲ့ပုံပဲ''

''ဘယ်သူလဲ''

လင်းဇီချန်က ပတ်ချာလည်ကြည့်လိုက်သည်။

ထို့နောက်တွင်မိမိမြင်လိုက်ရသည်မှာ မျက်နှာဖုံးစွပ်ဖြင့် ရပ်နေသောလူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီး၏မျက်နှာဖုံးပေါ်တွင် မြင်သာသော ကလိုဗာရွက်ပုံ အမှတ်အသားရှိပေ၏။

All Chapters