← Chapters

အပိုင်း ၂၆၈-၂၇၀

Vol. 18 Ch. 268-270

အပိုင်း ၂၆၈-၂၇၀

Vol. 18 Ch. 268-270

အခန်း (၂၆၈) တစ္ဆေကဲ့သို့ပေါ်လာသောမြေခွေးနားရွက်ဖြင့်မိန်းကလေး

အကြီးအကဲကိုး။

ထိုမျက်နှာဖုံးစွပ်လူကြီးကိုမြင်လိုက်ရသောအခါတွင် စိတ်ထဲ၌ အကြီးအကဲကိုးဟုသောစကားလုံးပေါ်လာသည်။

မသေခင်အသားပုံအဖြစ်ပြောင်းသွားသောထိုသူကအော်ခေါ်ခဲ့နေသူဖြစ်ပေသည်။

''ဝှစ်''

''ဝှစ်''

''ဝှစ်''

ရုတ်တရက်ပင် နွယ်ပင်များစွာ ထွက်လာပြီး လင်းဇီချန်ကို ရစ်ပတ်၍ လှုပ်မရအောင် နေရာတွင် ချုပ်ထားလိုက်သည်။ လင်းဇီချန်သည် မျက်မှောင်ကြုတ်၍ ချီသွေးစွမ်းအားထုတ်ကာ နွယ်ပင် အချုပ်အနှောင်ထဲမှ ရုန်းထွက်ရန်ကြိုးစားကြည့်သည်။

သို့သော်လည်း မည်မျှပင် စွမ်းအားထုတ်သော်လည်း ရုန်းမထွက်နိုင်ပေ။ ၎င်း၏ခန္ဓာကိုယ်ပေါ်က နွယ်ပင်များက သေးသွယ်ပြီး လက်တစ်ချောင်းစာနီးပါးထူသည်။ အင်အားက သေသွားသောသူသုံးသည့် နွယ်ပင်များ၏အားထက် ပိုကောင်းသည်။ ထိုသူ၏သွေးမျိုးဆက်စွမ်းအားအဆင့်သည် သေသွားသည့်သူထက် မြင့်သည်ဟု ပြနေခြင်းပင် ဖြစ်သည်။ ထိုသူသည် ကျောကုန်းကဘုကြီးဖြင့်ဖြစ်ကာ အရေပြားကခြောက်ကပ်တွန့်နေပြီး ဆံပင်များက ဖြူနေပြီဖြစ်သည်။ ထိုသူ၏ခန္ဓာကိုယ်မှထွက်လာသည့် မည်သည့်သွေးမျိုးဆက်စွမ်းအားကိုမှ မခံစားမိပေ။ မျက်နှာဖုံးတွင် ကလိုဗာရွက်ပုံပါသည်။

ဂိုဏ်းခွဲခေါင်းဆောင် အခြေခံနဝမအဆင့် အမျိုးသမီး၏မျက်နှာဖုံးတွင် ကလိုဗာရွက်တစ်ရွက်ပုံပါသည်။သွေးမျိုးဆက်စွမ်းအား ဆဌမအဆင့်ရှိသောသူ၏မျက်နှာဖုံးတွင် ကလိုဗာရွက်ပုံနှစ်ခုပါသည်။ ထိုကျောကုန်းဘုကြီးဖြင့်သူ၏မျက်နှာဖုံးတွင်မူ ကလိုဗာရွက်သုံးရွက်ပုံပါသည်။

ထိုကလိုဗာရွက်များက ဘာကိုဆိုလိုသနည်း။

ထိုသူသည် သခင်အဆင့်ဟု ဆိုလိုခြင်းပေလော။

ယွမ်သုန်ကျီဖြင့် အဆင့်တူသောတိုက်ခိုက်သူပင် ဖြစ်၏။ ထိုသို့တွေးမိကာ လင်းဇီချန်တစ်ယောက် အတန်ငယ်စိတ်ဓာတ်ကျသွားသည်။ အခြေခံနဝမအဆင့်ဖြစ်သောမိမိသည် သခင်အဆင့်တိုက်ခိုက်သူကို မနိုင်နိုင်ပေ။

''ကမ္ဘာပေါ်မှာ မင်းလိုမျိုးပါရမီရှင်ထွက်ပေါ်လာတာက တကယ်အံ့ဩစရာပဲ''

''ဘယ်လိုမိဘတွေကများ ဒီလောက်ခန္ဓာကိုယ်ကြံ့ခိုင်အားကောင်းတဲ့ဂြိုလ်သားကို မွေးထုတ်ပေးလိုက်ရတာလဲ''

''အခွင့်အရေးရှိမှ မင်းမိဘတွေနဲ့ တွေ့ကြည့်ရမယ်''

ထိုစကားကိုပြောပြီးနောက်တွင် ထိုသူက မြေကြီးပေါ်မှပျံသွားသည်။ ခပ်လှမ်းလှမ်းမှ လင်းဇီချန်ကိုလည်း ဈာန်ဖြင့်ခေါ်သွားကာ ဂမ္ဘီရသစ်ပင်ဂိုဏ်းဌာနချုပ်သို့ ခေါ်သွားရန် ရည်ရွယ်နေလေသည်။

သွားပြီ...။

လင်းဇီချန်၏မျက်နှာက ပြာနှမ်းသွားသည်။

ထိုအချိန်တွင် ဘေးမှ ရေဓားများစွာက လျင်မြန်စွာ တိုက်ခိုက်လာသည်။ လေထဲတွင် ပြင်းထန်သောအသံကို ကြားလိုက်ရသည်။ နောက်ဆက်တွဲအနေဖြင့် လင်းဇီချန်ပတ်ချာလည်မှ နွယ်ပင်များကို အပိုင်းပိုင်းခုတ်ပစ်သည်။

တစ်ချိန်တည်းတွင်ပင် ချီသွေးစွမ်းအားမြင့်သည့် ရေလက်နက်များသည် ထွက်ပေါ်လာကာ ထိုဘုကုန်းကြီးဖြင့်လူ၏ကျော်သို့ ကျည်ဆန်ကဲ့သို့ မှန်သွားသည်။

ခုတ်ပိုင်းလိုက်သောအသံများနှင့်အတူ ထိုသူသည် ပျားလပို့ကဲ့သို့ အပေါက်များဖြစ်သွားပြီး လူတစ်ကိုယ်လုံးက အ‌တောင်ပံကျိုးသွားသည့်ဌက်နှယ် မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။

ထိုသူပြုတ်ကျသွားသည့်အခါတွင် လင်းဇီချန်လည်းအတူကျသွားသည်။

ကျနေစဉ်တွင် သူသည် ခန္ဓာကိုယ်အနေအထားကို ပြင်လိုက်ပြီး ခြေထောက်နှစ်ဖက်ဖြင့်‌ ဘေးကင်းစွာသက်ဆင်းလိုက်နိုင်သည်။ သွေးများထွက်နေသောအပေါက်များဖြင့် ထိုလူကြီးကမူ မြေကြီးပေါ်တွင် ကြေမွနေပြီဖြစ်သည်။

လင်းဇီချန်က ထိုသူကို ကြည့်လိုက်သည်။ သို့သော် အံ့ဩစရာကောင်းစွာဖြင့် ထိုသူက မရှိတော့ပေ။ ထို့အစား အပေါက်များဖြင့်ပြည့်နှက်နသေည့် သစ်ပင်ခြောက်ပင်စည်တစ်ခုသာ ကျန်နေခဲ့သည်။ ဖြစ်နေသည်များကို မတုံ့ပြန်နိုင်ခင်တွင်မိမိရှေ့မှ သစ်ပင်ကြီးပေါ်မှ ထိုအကြီးအကဲ၏အသံ ထွက်ပေါ်လာသည်။

''ယွမ်သုန်ကျီ မင်းဘယ်လိုလုပ်ရောက်လာတာလဲ''

“…”

အသံလာရာ ခပ်လှမ်းလှမ်းသို့ ကြည့်လိုက်သည်။ ထို့နောက်တွင် စောနက ရေလက်နက်များကြောင့် အပေါက်ပေါက်ဖြစ်သွားသောထိုသူသည် သစ်ပင်ကြီးထိပ်တွင် ရောက်နေပြီဖြစ်ပြီး နက်ရှိုင်းသောအကြည့်မျိုးဖြင့် ကြည့်နေသည်။ ထိုသူကြည့်နေရာသို့ ကြည့်လိုက်သောအခါတွင် လင်းဇီချန်သည် အဖြူအပြာစပ်ထားသည့် ချောင်ဆန်းဝတ်စုံကို ယွမ်သုန်ကျီကို တွေ့လိုက်ရသည်။

(T/N - ချောင်ဆန်းအင်္ကျီဆိုတာ တရုတ်မိန်းကလေးတွေဝတ်တဲ့လည်ထောင်ကိုယ်ကျပ်ဘေးခွဲပါတဲ့အင်္ကျီပုံစံမျိုး)

ထိုအချိန်တွင် ယွမ်သုန်ကျီက စမ်းချောင်းလေး၏အထက်တွင် လှပကျော့ရှင်းစွာ လေထဲတွင်ဝဲနေသည်။ သူမ၏ခြေထောက်များက ရေလက်နက်တစ်ခုအပေါ်တွင်ရှိသည်။ အေးစက်လှပသောမျက်ဝန်းလေးများက သိမ်းပိုက်စိုးမိုးနိုင်သောအကြည့်မျိုးဖြင့် ကြည့်နေသည်။ သူမ၏တည်ရှိမှုက အားကောင်းလွန်းလှသည်။

''လင်းဇီချန်စစ်တပ်နယ်မြေမှာ လေ့ကျင့်ရေးစပြီဆိုကတည်းက ဂမ္ဘီရသစ်ပင်ဂိုဏ်းက ဒီတိုင်းထိုင်နေမှာမဟုတ်ဘူးဆိုတာကိုသိတယ်။ အဲ့တာကြောင့် ငါသူ့ကို စောင့်ကြည့်နေတာ။ ရှင်တို့လှုပ်ရှားမှာကို စောင့်နေတာ'' ယွမ်သုန်ကျီက မထုံတတ်သေးဖြင့် ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါတွင် ထိုသူက ရယ်၍ ပြန်ပြောလိုက်၏။

''င့ါကိုတိုက်ဖို့ ငါ့ဗျူဟာကိုလာသုံးနေတာလား။ စိတ်ဝင်စားဖို့ကောင်းသားပဲ''

ထို့နောက်တွင် တည်ငြိမ်သောအမူအရာဖြင့် ဆက်ပြောလိုက်သည်။

''ယောင်ဟယ့်လင်ကိုလည်း ထွက်လာခိုင်းလိုက်ပါ။ ငါတစ်ယောက်တည်းနဲ့ မင်းတို့ကောင်မလေးနှစ်ယောက်ကို ရင်ဆိုင်နိုင်တာထက်ပိုပါတယ်''

''ဟေး ဘဝင်လေဟပ်နေတာပဲ''

ယွမ်သုန်ကျီက လှောင်ပြုံးပြုံးလိုက်ပြီး

''အတိတ်တုန်းကနဲ့ အတူတူပဲလို့ မှတ်နေတာလား''

''ကျွန်မက ရှင့်ထက်လည်း အားမနည်းတော့ဘူး''

''ယောင်ဟယ့်လင် ဝင်ပါဖို့လည်း မလိုဘူး''

“သူမပြောပြီးသွားသောအခါ၌ ခြေထောက်အောက်မှရေလက်နက်က ရုတ်တရက်ပင် အဆပေါင်းများစွာ ကြီးသွားပြီး ထိုမှနေ၍ မရေမတွက်နိုင်သောဓားများ၊ လှံများဖြစ်လာပြီး ကောင်းကင်တွင် ချက်ချင်းပြည့်သွား၏။

''သွား''

အမိန့်ပေးလိုက်သည်နှင့် ချက်ချင်းပင် ယွမ်သုန်ကျီနောက်မှ ထိုလက်နက်များက ကျောကုန်းဘုဖြင့်လူကြီးကို ပစ်မှတ်ထား၍ မြားတစ်စင်း၏အရှိန်နှုန်းနှယ် ပြေးထွက်သွားကြသည်။

''မြင့်တက်စေ''

ထိုသူကလည်း ကျယ်လောင်စွာအော်လိုက်ပြီး တောအုပ်ထဲမှ မရေမတွက်နိုင်သောနွယ်ပင်များ မိုးပေါ်သို့ထောင်တက်လာပြီး လာနေသောလက်နက်များကို တားဆီးလိုက်သည်။

ယွမ်သုန်ကျီက အတွေးတစ်ချက်ဖြင့် မီတာလေးဆယ်ရှည်သည့်ရေဓားသွားကြီးကို ဖန်တီးလိုက်သည်။ ထို့နောက်တွင် လက်နှစ်ဖက်ဖြင့် တင်းတင်းကျပ်ကျပ်ကိုင်ကာ အားပြင်းပြင်းဖြင့် ထိုနွယ်ပင်များကို နှစ်ပိုင်းဖြစ်အောင် ခုတ်ပိုင်းပစ်လိုက်သည်။

''ဘုန်း''

မျက်နှာဖုံးစွပ်လူ၏ခြေထောက်အောက်မှမြေကြီးသည် ရုတ်တရက်ပင် ပြင်းထန်စွာတုန်လှုပ်သွားလေသည်။

အခန်း (၂၆၉) တစ္ဆေကဲ့သို့ပေါ်လာသောမြေခွေးနားရွက်ဖြင့်မိန်းကလေး (၂)

ချက်ချင်းဆိုသလိုပင် သစ်ပင်ကြီးများစွာက ၎င်းတို့ဘာသာ အမြစ်ပြုတ်သွားကာ မရေမတွက်နိုင်သောနွယ်ပင်များစွာ ယွမ်သုန်ကျီဆီသို့ ယိမ်းထိုးလာသည်။ နတ်ဘုရားများ ကောင်းကင်ဘုံမှ ဆင်းသက်လာသည့်နှယ်ပင် ပရိတ်သတ်အားလုံးကို တုန်လှုပ်သွားစေသည်။ ထိုအချိန်တွင် ကမ်းရိုးတန်းသစ်တောအုပ်တစ်ခုလုံးသည် တုန်ခါနေပြီး မြေကြီးနှင့်ကျောက်တုံးများကလည်း နေရာအနှံ့တွင် အက်ကွဲထွက်သွားသည်။ ဌက်များနှင့်သားရဲတိရစ္ဆာန်များလည်း မောင်းထုတ်ခံရသကဲ့သို့ အလန့်တကြားပြေးထွက်သွားကြသည်။ လောကကြီး၏အဆုံးသတ်သို့ရောက်သွားပြီဟု ထင်လိုက်ရပေသည်။ မသေမျိုးများ တိုက်ခိုက်လျှင် သေမျိုးများက ခံစားကြရသည်။ လင်းဇီချန်သည် အခြေအနေမဟန်တော့သည်ကို မြင်သောကြောင့် ချက်ချင်းပင် ပြေးရန်ပြင်လိုက်ကာ သခင်အဆင့်နှစ်ယောက်ကြားမှတိုက်ပွဲမီးတောက်ထဲတွင် ပါသွားမည်ကို စိုးရပေသည်။

သို့‌သော် ခြေလှမ်းအနည်းငယ်သာ လှမ်းပြီးနောက်တွင် ရုတ်တရက်ပင် မဝါးမျိုရသေးသောမြေကြီးပေါ်မှအသားပုံကို သတိရသွားသည်။ ထို့ကြောင့် ပြန်လှည့်လာပြီး ထိုအသားပုံကိုထိကာ ဝါးမျိုဟု တွေးလိုက်သည်။

(သင်သည် သစ်သားဝိညာဉ်အသက်ဓာတ်ကိုရရှိပါသည်)

(သစ်သားဝိညာဉ်စွမ်းအား -၁၀၀%)

(သင်သည် ကိုးမျိုးလှည့်ဝိညာဉ်ပိုးကောင်အသက်ဓာတ်ကို ရရှိပါသည်)

ဝါးမျိုပြီးနောက်တွင် လင်းဇီချန်သည် ချက်ချင်းပင် ထ၍ ရှိသမျှအားဖြင့်ထွက်ပြေးကာ တိုက်ပွဲနေရာမှ အဝေးသို့ သွားတော့သည်။ မိမိသည် အခြေခံအဆင့်ပုရွက်ဆိတ်မျှသာဖြစ်သည်။ ကောင်းကင်မှ သခင်အဆင့်နှစ်ယောက် စွမ်းအားပြည့်တိုက်ခိုက်နေကြကာ ၎င်းတို့၏စွမ်းအားအကြွင်းအကျန်စလေးကပင် မိမိကို သတ်ပစ်နိုင်သည်။

အမြန်မပြေးလျှင် ဘာဖြစ်သွားသည်ကိုပင် မသိဘဲ သေရပေလိမ့်မည်။ပြေးလွှားနေစဉ်တွင်ပင် လေဟာနယ်ထဲ၌ မြင်ကွင်းတစ်ခုပေါ်လာသည်။

အစိမ်းရောင်အရေပြားရှိကာ တစ်မီတာခန့်ရှည်ပြီး ကျောဘက်တွင် ‌တောင်ပံလေးခုပါသော လူသားဆင့်သည့်သက်ရှိသည် မြေကြီးမှအမြင့်ဆယ်မီတာအထိ ခုန်တက်ဿွားကာ မီတာများစွာရှည်သည့် ဆန်းကြယ်အပင်များကို ထိန်းချုပ်၍ ပတ်ဝန်းကျင်မှဆန်းကြယ်သားရဲများဆီသို့ နွယ်ပင်များစေလွှတ်ကာ ရစ်ပတ်စေသည်။ ထိုအချိန်တွင် မိုင်‌ပေါင်းများစွာမှာသားရဲများသည် နာကျင်သောဝေဒနာကို ခံစားနေရသည်။ ခန္ဓာကိုယ်များက အဆိပ်နွယ်များဖြင့် ရစ်ပတ်ခံရပြီး ဆန်းကြယ်အပင်ဆီသို့ အသနားညှာတာမဲ့စွာ ဆွဲခေါ်ခံရသည်။လင်းဇီချန်သည် ပြေးနေရင်းဖြင့် နွယ်ပင်များရစ်ပတ်ခံရသောသားရဲများကို ကြည့်လိုက်မိသည်။ အံ့ဩစရာကောင်းသည်မှာ ထိုသားရဲများစွာ မိမိစွမ်းအားဖွင့်ထားသောသားရဲများဖြစ်ကြသည်။ရေကံကောင်းသည့်သရဲငမန်း၊ ကောင်းကင်မျက်လုံးရှိသည့်ကြမ်းတမ်းလင်းယုန်ကြီး၊ကိုယ်ယောင်ဖျောက်နိုင်စွမ်းရှိသည့်နဂါး၊ လျင်မြန်ကုသနိုင်စွမ်းရှိသည့်မသေဆေးပက်ကျိ၊အဆိပ်များကိုခံနိုင်သည့်အဆိပ်တစ်သောင်းမြွေပါ၊ အားလုံးသည် ဆန်းကြယ်သစ်ပင်ထဲသို့ ဆွဲခေါ်ခြင်းခံလိုက်ရသည်။

နွယ်ပင်များက ကြမ်းတမ်းစွာ ရစ်ပတ်နှောင်ဖွဲ့ပြီးနေရာတွင် အပိုင်းပိုင်းဖြစ်အောင် လုပ်ပစ်လိုက်သည်။ ထိုဆန်းကြယ်သစ်ပင်ထိပ်တွင် အနီရောင်ပန်းဖူးလေးတစ်ခု အညှောင့်ထွက်လာသည်။ ထိုအပွင့်သည် လျင်မြန်စွာကြီးထွာားလာလေသည်။

အဖူးက အရွယ်အစားကြီးလာသည်နှင့်အမျှ ထိုသားရဲများ၏အလောင်းသည်လည်း လျင်မြန်စွာညှိုးခြောက်သွားသည်။ အားလုံးသည် အရိုးစုအဖြစ်သာ ကျန်ခဲ့တော့သည်။ ထိုပန်းသည် ထူးခြားဆန်းကြယ်စွာပွင့်လာသောပန်းဖြစ်သည်။ အပွင့်များက သွေးကဲ့သို့ နီရဲပြီး သွေးကြောများပါ ပါသည်။ အလယ်တွင် စပျစ်သီးအသားနှင့်တူသည့်အရာမျိုးရှိကာ ငန်ကျိကျိအနံ့မျိုးကို ထုတ်လွှင့်နေသည်။ ကြည့်ရသည်ကပင် အဆင်မပြေပေ။ ပန်းပွင့်လာသည့်အခါတွင် ထိုတောင်ပံလူသား လောဘတကြီးဖြင့် ခူး၍ ဝါးမျိုးပစ်လိုက်သည်။တောင်ပံလေးခုတွင် ချက်ချင်းပင် သွေးကြောအကွက်များ ပေါ်လာသည်။

တစ်ချိန်တည်းတွင်ပင် ခန္ဓာကိုယ်ကလည်းအားကောင်းလာသည်။ ကြွက်သားများပင် အနည်းငယ်မျှဖောင်းကားလာကာ ပေါက်ကွဲထွက်‌တော့မည့်အားအပြည့်ဖြင့် ဖြစ်သည်။ ထို့နောက်တွင် တွားသွားကောင်တစ်ကောင်သည် မြေကြီးထဲမှထွက်လာပြီး အလောင်းပုံများရှိရာသို့သွားသည်။ ထို့နောက်တွင် အပ်ဖြင့်တူသောနှာမောင်းဖြင့် ထိုအလောင်းကိုထိုး၍ ဝိညာဉ်စွမ်းအားများကို စုပ်ယူလိုက်သည်။ ထိုအကောင်က စုပ်ယူပြီး‌နောက်တွင် တောင်ပံလူသားသည် ထိုအကောင်ရှိသည်ကို တွေ့သွားသည်။ အ‌တွေးဖြင့် နွယ်ပင်များက အလောင်းပေါ်သို့ ရစ်ပတ်လာပြီး ထိုအကောင်ကိုသတ်ရန်ပြင်နေခြင်းဖြစ်သည်။ သို့သော်လည်း နွယ်ပင်များကို ထိုအကောင်ကို ထိရန်ပြင်လိုက်စဉ်တွင်ပင် လေထဲတွင် တံ့သွားလေသည်။

ထို့နောက်တွင် မျှော်လင့်မထားစွာဖြင့် တောင်ပံလူသားကို ပြန်၍တိုက်ခိုက်ကြသည်။ ပိုးကောင်သည် ဝိညာဉ်စွမ်းအားများထုတ်၍ နွယ်ပင်များကို ထိန်းချုပ်လိုက်ပြီး အခြေအနေကို ပြောင်းပြန်လှန်လိုက်ခြင်းဖြစ်သည်။ လေဟာနယ်ထဲမှမြင်ကွင်းသည် ဖြည်းဖြည်းချင်းဖြင့် ပျောက်ကွယ်သွားလေသည်။ ထိုနေရာရှိလေဟာနယ်ထဲ၌ စာတန်းများပေါ်လာသည်။

(သင်သည် သစ်သားဝိညာဉ်စွမ်းအားကိုဖွင့်၍ တောအရှင်ဟုသောသွေးမျိုးဆက်စွမ်းအားကို ရသွားပါပြီ။)

(တောအရှင် - ဝိညာဉ်စွမ်းအားကိုစားသုံး၍ ပတ်ဝန်းကျင်မှအပင်များကို ထိန်းချုပ်နိုင်သည်)

(သင်သည် ‌အောင်မြင်စွာဖြင့် ကိုးမျိုးလှည့်ဝိညာဉ်ပိုးကောင်စွမ်းအားကိုဖွင့်ပြီး အဆင့်မြင့်ဝိညာဉ်သွေးမျိုးဆက်စွမ်းအားကို ရရှိသွားပါပြီ)

(အဆင့်မြင့်ဝိညာဉ် - သိသာထင်ရှားသောနှုန်းဖြင့် ဝိညာဉ်စွမ်းအားကို ရရှိနိုင်သည်)

အပင်များကို ထိန်းချုပ်နိုင်သည့် ‌တောအရှင်လော။

စိတ်ကိုအားကောင်းစေသည့်အဆင့်မြင့်ဝိညာဉ်လော။

စွမ်းအားနှစ်မျိုးလုံးသည် အချင်းချင်းအမှီသဟဲပြုနေကြသည်။ စဉ်းစားကြည့်လိုက်ရင်းဖြင့် လင်းဇီချန်စိတ်သက်သာရာရသွားသည်။ မိမိသည် အဆင့်မြင့်အဌမအဆင့်မျက်နှာဖုံးစွပ်လူကို သတ်နိုင်ခြင်းသည် သူ၏အားက ကောင်းကင်ကိုအာခံနိုင်သောကြောင့်မဟုတ်ပေ။ ထိုသည် မှော်ဆရာသွေးမျိုးဆက်ဆင့်ကဲပြောင်းလဲသူဖြစ်၍ ခန္ဓာကိုယ်ကြံ့ခိုင်နိုင်စွမ်းမရှိသောကြောင့်ပင် ဖြစ်သည်။

''ဝှစ်''

ရုတ်တရက်ပင် မလှမ်းမကမ်းမှ လျင်မြန်သောအသံတစ်သံကို ကြားလိုက်ရသည်။ လင်းဇီချန်တစ်ယောက် နှလုံးတုန်သွားကာ ချက်ချင်းပင် ကောင်းကင်မျက်လုံးဖြင့် အသံလာရာကို ကြည့်လိုက်သောအခါတွင် မမျှော်လင့်ထားသောသူကို တွေ့လိုက်ရသည်။

ညွှန်ကြားသူလုထျန်းရုန်ပင် ဖြစ်လေ၏။

တစ်ဖက်တွင်မူ လုထျန်းရုန်သည်လည်း မိမိကို အာရုံခံမိသောကြောင့် မြန်နှုန်းမြှင့်၍ ချည်းကပ်လာကာ မိမိနှင့်တွေ့ရန်ဖြစ်မည်။ လင်းဇီချန်က ချီသွေးစွမ်းအားထုတ်၍ ခံလိုက်ပြီး မိမိနှင့်လုထျန်းရုန်ကို အကွာအဝေးခြားလိုက်ကာ အနားမကပ်ခံပါပေ။

အခန်း (၂၇၀) တစ္ဆေကဲ့သို့ပေါ်လာသောမြေခွေးနားရွက်ဖြင့်မိန်းကလေး (၃)

လင်းဇီချန်က လုထျန်းရုန်ကို သစ္စာဖောက်ဟု သံသယဝင်နေမိသည်။ ယခင်က မျက်နှာဖုံးစွပ်လူဖြင့် တွေ့သောအခါတွင် လုထျန်းရုန်ပေါ်မလာပေ။ ယခုတွင် ဘုကျောကုန်းဖြင့်လူနှင့်တွေ့သောအခါ၌မူလည်း လုထျန်းရုန်က ရှိမနေပေ။ သူသည် သစ္စာဖောက်မဟုတ်လျှင် ဘာဖြစ်မည်နည်း။

၉၉.၉၉၉၉၉၉%သစ္စာဖောက်ပင် ဖြစ်လေသည်။

လင်းဇီချန်က လွန်စွာသတိရှိပေသည်။ အမုန်းတရားကိုမမွေးမြူဘဲ အမြဲသတိကပ်၍နေခြင်းဟုသောစည်းကမ်းကို လိုက်နာခြင်းက လုထျန်းရုန်သည် သစ္စာဖောက်ဖြစ်သည်ကို ညွှန်ပြနေသည်။ ထိုကြောင့် ခန္ဓာကိုယ်တွင်းမှ ချီသွေးစွမ်းအားကိုထုတ်လွှတ်ကာ ခြေထောက်မူ လျှပ်တစ်ပြက်ရွေ့လျား၍ လုထျန်းရုန်ဖြင့် နီးမသွားအောင် လုပ်သည်။သို့သော်လည်း ကံကြမ္မာက လင်းဇီချန်ဘက်တွင်မရှိပေ။ လုထျန်းရုန်၏အမြန်နှုန်းက မိမိထက်အဆပေါင်းများစွာသာသည်။

မိနစ်ဝက်အတွင်းတွင်ပင် လုထျန်းရုန်ကမှီသွားကာ သူ့ဘေးတွင် ပေါ်လာ၏။

''ဇီချန်''

''ငါပါ''

''ဆရာလု လုထျန်းရုန်လေ''

လုထျန်းရုန်က နီးလာသောအခါတွင် ဆယ်မီတာအကွာတွင်ရှိသည့် လင်းဇီချန်ကို အော်ပြောလိုက်သည်။ ပါးစပ်တွင်လည်း ချွန်ထွက်နေသည့်အစွယ်များရှိနေသည်။ လက်နှစ်ဖက်ကလည်း အမွေးများအပြည့်ဖြင့် ဖြစ်သည်။ ခန္ဓာကိုယ်တွင်လည်း သွေးများစက်လက်ကျနေကာ လူတစ်ကိုယ်လုံးက ကြောက်စရာကောင်းလှသည်။

''ဆရာလု ဘာဖြစ်တာလဲ''

လင်းဇီချန်က စိတ်ထဲတွင် စိတ်ပူသွားမိသော်လည်း မျက်နှာတွင်မူ မပြပေ။ စိတ်ထဲတွင်မူ တွေဝေနေဆဲဖြစ်၏၊

လုထျန်းရုန်၏သွေးမျိုးဆက်စွမ်းအားအဆင့်သည် အဆင့်မြင့်ဆဌမအဆင့်ဖြစ်သည်။ သူသည် ပြင်းပြင်းထန်ထန်ဒဏ်ရာရမည်မဟုတ်ပေ။ လင်းဇီချန်၏အားဖြင့်ဆိုလျှင် အဆင့်မြင့်စတုတ္ထအဆင့်ဖြင့် ညီမျှသည်။ လုထျန်းရုန်ကသာ သစ္စာဖောက်ဖြစ်လျှင် လင်းဇီချန်ရင်ဆိုင်နိုင်ပေသည်။ ထို့ကြောင့် မလန့်နေပေ။ ၎င်း၏အတွင်းစိတ်ကို မသိသောလုထျန်းရုန်ကမူ အမြန်ပင် ရှင်းပြလိုက်သည်။

''စောနာ နွယ်ပင်တွေကို ထိန်းချုပ်နိုင်တဲ့မျက်နှာဖုံးစွပ်လူနဲ့တိုက်ကြတော့ သူ့ကိုနိုင်‌အောင်လို့ ငါ့ခန္ဓာကိုယ်ထဲက ဆန်းကြယ်သားရဲမျိုးစိတ်ကို အပြည့်အသက်သွင်းလိုက်ရတယ်''

''အသက်သွင်းလိုက်တဲ့နောက်ဆက်တွဲအနေနဲ့ င့ါအားက ဟိုလူထက်တော့ ပိုအားကောင်းသွားတယ်''

''ဒါပေမဲ့လို့ ကံမကောင်းစွာနဲ့ ငါ့အရည်အချင်းက သူ့လောက်မတော်တော့ ငါလည်း သူ့နွယ်ပင်တွေကြားမှာ ပိတ်မိသွားပြီး မနည်းကို ဖျက်ပြီးလာခဲ့ရတာ''

''ကံကောင်းလို့ စောနက ကျောင်းအုပ်ယွမ်က ငါ့ကိုတွေ့သွားလို့ အဲ့နွယ်ပင်တွေကို သူ့ရေဓားနဲ့ ဖြတ်ပေးလိုက်တာ။ မဟုတ်ရင် ငါ‌တော့ အဲ့မှာ ပိတ်မိနေဦးမှာ''

“…”

လုထျန်းရုန်၏စကားများကို ကြားပြီးနောက်တွင် လင်းဇီချန်က ယုံကြည်ရန်ဆုံးဖြတ်လိုက်သည်။ လုထျန်းရုန်၏စွမ်းအားဖြင့်ဆိုလျှင် ရင်ဆိုင်ရန်မှာ ကိစ္စအသေးအမွှားမျှသာဖြစ်သောကြောင့်ဖြစ်ပြီး တစ်ဖက်သက်ဇာတ်လမ်းများ လုပ်နေရန်မလိုအပ်ပေ။

လုထျန်းရုန်က မေးလိုက်လေသည်။

''ဒါနဲ့ အခြားသူတွေရော ဘယ်မှာလဲ။ ဘာလို့တစ်ယောက်တည်းလဲ''

လင်းဇီချန်က ရှင်းပြလိုက်၏။

''စောနက ကျွန်တော်တို့တွေ ဒဏ်ရာအပြင်းအထန်ရထားတဲ့မျက်နှာဖုံးနဲ့လူလိုက်တာခံရတယ်။ သူက ကျွန်တော့်နောက်ကို လိုက်နေတာသိလို့ သူ့ကို အခြားသူတွေကနေ ကွာသွားအောင် မြားခေါ်လိုက်တာ။ အခုလောက်ဆို သူတို့တွေ ဘက်စ်ကားနားမှာရောက်နေလောက်ပြီ''

''ငါသိပြီ''

လုထျန်းရုန်က ခေါင်းညိတ်ပြကာ မေးလိုက်သည်။

''မျက်နှာဖုံးစွပ်နဲ့လူကရော''

''သူကသေပြီ''

လင်းဇီချန်က ပြန်ဖြေလိုက်၏။

ထိုစကားကို ကြားသောအခါတွင် လုထျန်းရုန်တစ်ယောက် မျက်လုံးအပြူးသားဖြင့် ဖြစ်သွားသည်။ လင်းဇီချန်က ထပ်မံရှင်းပြလိုက်သည်။

''မျက်နှာဖုံးနဲ့လူက အဲ့တုန်းက ဒဏ်ရာအပြင်းအထန်ရထားတာ။ အားကလည်း အတော်လေးနည်းနေပြီ။ အဲ့တာကြောင့် ကျွန်တော်လည်း သူ့ကို လျှပ်တစ်ပြက်ဝင်တိုက်ပြီး သတ်လိုက်နိုင်တာ''

''ငါသိပြီ''

လုထျန်းရုန်က ခေါင်းညိတ်၍ ပြောလိုက်သည်။

''မျက်နှာဖုံးစွပ်နဲ့လူက ငါ့ကြောင့် ဒဏ်ရာအတော်လေးပြင်းသွားတာ။သူ့အားက အဆင့်မြင့်အဆင့်လောက်တော့မရှိလောက်တော့ဘူး။ အဲ့တာကြောင့် ‌ချောင်းတိုက်တာနဲ့တင်ကို သတ်လိုက်နိုင်တာကိုး''

ထိုသို့ပြောပြီးနောက်တွင ဆက်မေးလိုက်သည်။

''အခြေခံနဝမအဆင့်ရှိတဲ့ ဂိုဏ်းခွဲခေါင်းဆောင်ကောသေပြီလား''

လင်းဇီချန်က ပြန်ဖြေလိုက်သည်။

''အင်း သူလဲသေပြီ''

လုထျန်းရုန်က ခေါင်းညိတ်ပြလိုက်သည်။ လေ့ကျင့်ရေးတပ်သားများက စု၍သတ်လိုက်မည်ကို ခန့်မှန်းမိပြီးသားဖြစ်သည်။ လင်းဇီချန်က မေးလိုက်သည်။

''ဆရာလု ခန္ဓာကိုယ်က အဆင်ရောပြေရဲ့လား''

''ပြေပါတယ်''

လုထျန်းရုန်က ပြုံး၍ ပြောလိုက်သည်။

''သန္ဓေပြောင်းလိုက်တယ်ဆိုပေမဲ့ စစ်တပ်နယ်မြေထဲရောက်တာနဲ့ အချိန်မီကုလိုက်ရင် ပြဿနာမဟုတ်ပါဘူး''

ထို့နောက်တွင် လင်းဇီချန်က မေးလိုက်သည်။

''ဆရာလု အခု ကျောင်းအုပ်ယွမ်နဲ့ တိုက်နေတဲ့အကြီးအကဲကိုးက ဘယ်လိုဇာတ်လမ်းရှိတာလဲ''

လုထျန်းရုန်က ပြန်ဖြေလိုက်သည်။

''ဂမ္ဘီရသစ်ပင်ဂိုဏ်းက အကြီးအကဲကိုး ဂိုဏ်းအကြီးအကဲတွေထဲကတစ်ယောက်ပဲ''

''ဂမ္ဘီရသစ်ပင်ဂိုဏ်းမှာ အကြီးအကဲစုစုပေါင်းကိုးယောက်ရှိတယ်။အားလုံးက သခင်အဆင့်တိုက်ခိုက်သူတွေ''

''အကြီးအကဲကိုးက ဂိုဏ်းရဲ့အတွင်းရေးကိစ္စတွေကိုတာဝန်ယူရတယ်''

''အဲ့လူက အသက်နှစ်နှစ်ရာလောက်ရှိပြီလို့ ပြောလို့ရတယ်။ သူငယ်ငယ်တုန်းက နာမည်ကြီးတဲ့သူတော်တော်များများက သူနဲ့ရင်ဆိုင်ဖူးကြတယ်''

''စိတ်ဆန္ဒအလျောက်ပက်သက်ကြတာတော့မဟုတ်ဘူး။ သူ့ဆီမှာ လှည့်ဖျားခံရတာမျိုး ခြိမ်းခြောက်ခံရတာမျိုးကြောင့်ပေါ့''

''ကျောင်းအုပ်ယွမ်ငယ်ငယ်တုန်းက သူ့ဆီမှာခြိမ်းခြောက်ခံခဲ့ရတယ်လို့ ကြားဖူးတယ်။ ဒါပေမဲ့အားကောင်းတဲ့မိသားစုအကူအညီကြောင့်မလို့ သူ့လှည့်ကွက်မှာ ကျမသွားတာ''

''အဲ့လိုကိုး'' လင်းဇီချန်က မေးလိုက်သည်။

''ဂမ္ဘီရသစ်ပင်ဂိုဏ်းက အကြီးအကဲတွေအားလုံးက သခင်အဆင့်တိုက်ခိုက်သူလို့ပြောတယ်မလား။ သူတို့ဂိုဏ်းခွဲခေါင်းဆောင်ကကျရော။သူတို့ဂိုဏ်းခေါင်းဆောင်ကကျရော။ မြင့်မြတ်သူအဆင့်များလား''

လုထျန်းရုန်က ခေါင်းခါပြလိုက်သည်။

''မသေချာဘူး။ ဂိုဏ်းခေါင်းဆောင်က တစ်ခါမှမျက်နှာမပြဖူးဘူး။''

''ဒါပေမဲ့လို့ သူက မြင့်မြတ်သူအဆင့်ရှိလောက်မယ်ထင်တယ်''

''မဟုတ်ရင်ကျ ဒီလောက်ကြီးတဲ့ဂိုဏ်းကိုတည်ထောင်ဖို့ နောက်လိုက်တွေအများကြီးစုဖို့က မဖြစ်နိုင်ဘူး''

“…”

မြင့်မြတ်သူအဆင့်သည် နျူကလီးယားဗုံးကိုပင် ခံနိုင်ရည်ရှိသောအဆင့်ဖြစ်သည်။ ထိုအဆင့်ကလွန်စွာရှားသည်ဟု လင်းဇီချန်ခံစားမိသည်။

…

မိနစ်ဝက်မျှကြာပြီးနောက်တွင် နှစ်ဦးသားတောထဲမှ ထွက်လာကြပြီး လမ်းဘေးတွင်ရပ်ထားသည့် ဘတ်စ်ကားကို တွေ့လိုက်ကြသည်။ တစ်ချိန်တည်းတွင်ပင် ရှန်ချင်းဟန်နှင့်အခြားသူများကိုလည်း တွေ့လိုက်ရသည်။ ပန်းအဆိပ်မိထားသောသူများ လွန်စွာနှေးကွေးစွာ လှုပ်ရှားနေကြသည်။ တောထဲမှထွက်လာနိုင်သည်မှာ မကြာသေးသည့်ပုံပေါ်ပြီး ကားဖြင့်ထွက်သွားရန်ပြင်နေကြလေသည်။

''ရှောင်ချန်''

ရှန်ချင်းဟန်က လင်းဇီချန်ကို မြင်သည်နှင့် ချက်ချင်းပင်ပြေးသွားကာ မျက်ရည်ရွှဲလဲဖြင့် ပြေးဖက်လိုက်သည်။ ငိုနေရင်းဖြင့် သူမက ပြောလိုက်သည်။

''စောနက ငါတကယ်လန့်သွားတာ။ နင့်ကို ထပ်ပြီးမတွေ့ရတော့ဘူးလို့ ထင်ထားတာ။ ထပ်ပြီးမခွဲကြရအောင် ဟုတ်ပြီလား။ ခြေတစ်လှမ်းတောင်မခွဲဘူး''

''အင်း ငါတို့မခွဲတော့ဘူး''

လင်းဇီချန်က သူမ‌ခေါင်းလေးကိုပွတ်၍ နှစ်သိမ့်ပေးနေသည်။ ထိုအချိန်တွင် မာရှိဝေက ‌ရောက်လာပြီးမေးလိုက်သည်။

''ဘာလို့နင်ကသွေးတွေပေနေတာလဲ။ တစ်နေရာရာများ ထိခိုက်မိသွားလား''

လင်းဇီချန်ပြန်မဖြေနိုင်ခင်တွင်ပင် သူမက ကိုင်ထားသောဆေးဘူးလေးကိုပေး၍ အေးစက်စွာ ဆိုလိုက်သည်။

''ငါ့မှာ ပြန်လည်ကုသဆေးလုံးရှိတယ်။ ရော့ သောက်လိုက်''

လင်းဇီချန်က သူမကို တစ်ခါကယ်ခဲ့သည်ကို မှတ်မိသောကြောင့် ယခုတွင် ပြန်လည်ပေးဆပ်ရမည့်အချိန်ပင် ဖြစ်၏။ လင်းဇီချန်က မလိုဟုပြောရန် ပြင်လိုက်သော်လည်း ရင်ခွင်ထဲမှရှန်ချင်းဟန်က ဖက်ထားသည်ကိုလွှတ်၍ ခန္ဓာကိုယ်ကို ဂရုတစိုက်ဖြင့် စစ်ဆေးကြည့်ကာ စိတ်ပူနေလေသည်။

''ရှောင်ချန် သွေးတွေနဲ့ပါ့ရော။ ဘယ်နားထိခိုက်သွားသေးလဲ။ ပြင်းလား''

ရှန်ချင်းဟန်သည် လင်းဇီချန်ကို ပထမဆုံးမြင်သောအခါက စိတ်ခံစားချက်များ လွှမ်းမိုးနေသောကြောင့် သွေးများပေနေသည်ကို သတိမထားမိခဲ့ပေ။ မာရှိဝေက ဆေးယူလာပေးသည့်အခါမှ သဘောပေါက်သွားတော့၏။ သူမသည် အပြစ်ရှိသည်ဟု ခံစားမိသည်။ ကိုးယိုးကားယားနိုင်လှကာ အပြင်လူတစ်ယောက်လောက်ပင် မစဉ်းစားပေးတတ်ဟု ထင်မိသည်။

လင်းဇီချန်က သူမလက်ကိုကိုင်၍ ပြောလိုက်သည်။

''အဆင်ပြေတယ် တော်တော့။ ငါဘာဒဏ်ရာမှမရဘူး။ ငါ့ကိုယ်ပေါ်က သွေးတွေက သူများသွေးတွေ ငါ့ဟာမဟုတ်ဘူး''

''တကယ်လား''

ရှန်ချင်းဟန်က လင်းဇီချန်ကို မော့ကြည့်လိုက်လေသည်။ မိမိကိုစိတ်မပူစေချင်သောကြောင့် မုသားဖြူသုံးကာ လိမ်ပြောသည်ဟု ထင်မိသည်။

''တကယ် ငါလိမ်နေတာမဟုတ်ဘူး'' လင်းဇီချန်ကမူ ထပ်ရှင်းမပြနေတော့ဘဲ မာရှိဝေဘက်သို့လှည့်၍ ပြုံးပြလိုက်သည်။

''တွေးပေးလို့ကျေးဇူးတင်ပါတယ်။ ငါဘာဒဏ်ရာမှရမထားဘူး။ အဲ့တာကြောင့်ဆေးသောက်ဖို့မလိုတော့ဘူး''

''ကိစ္စမရှိဘူး။ ယူထားလိုက်။ နောက်လိုလာရင် သုံးပေါ့''

မာရှိဝေက ဆေးပုလင်းကို လင်းဇီချန်လက်ထဲသို့ အတင်းထိုးထည့်‌ပေးလိုက်ပြီး လှည့်ထွက်သွားသည်။ သူမသည် အခြားသူများဆီတွင် အကြွေးတင်ရသည်ကို မကြိုက်ပေ။ တတ်နိုင်သမျှမြန်မြန် နေရာတွင်ပင် ပြန်ပေးဆပ်တတ်သည်။အချို့သောအထူးအခြေအနေများတွင် သူမကိုယ်သူမပင် လက်ဆောင်အဖြစ် ဆက်သနိုင်ပေသည်။

လင်းဇီချန်က လက်ထဲမှဆေးပုလင်းကိုကြည့်၍ စဉ်းစားမနေတော့ဘဲ အိတ်ထဲတွင် ထည့်သိမ်းထားလိုက်သည်။

''အားလုံးပဲ လာကြ''

''မြန်မြန် ကားနဲ့ ထွက်သွားကြရအောင်''

''အခုဒီနေရာက အရမ်းအန္တရာယ်များလွန်းတယ်''

''ကျောင်းအုပ်ယွမ်နဲ့ ဂမ္ဘီရသစ်ပင်ဂိုဏ်းက သခင်အဆင့်တိုက်ခိုက်သူနဲ့ တိုက်ခိုက်နေကြတယ်။ဒီမှာဆက်ပြီးနေနေရင် ငါတို့အားလုံး သခင်အဆင့်နှစ်ယောက်တိုက်ပွဲကြားမှ ထိခိုက်မိလိမ့်မယ်''

သန္ဓေပြောင်းခြင်း၏နောက်ဆက်တွဲဝေဒနာကိုခံစားနေရသည့်လုထျန်းရုန်က အားလုံးကို ကျယ်လောင်စွာအော်ပြောလိုက်လေသည်။ အချိန်သည် ကုန်ဆုံးနေသောကြောင့် ကိုယ်တွင်းမှ သားရဲဗီဇက အားကောင်းသည်ထက်အားကောင်းလာသည်။ အနီးအနားဆေးရုံသို့သွား၍ မြန်မြန်ကုသမှုခံယူရမည်ဖြစ်သည်။ အချိန်ကြာနေလျှင် ပို၍နာလာပေမည်။ ထိုစကားကို ကြားသောအခါတွင် အားလုံးအံ့အားသင့်သွားကြ၏။

ဂမ္ဘီရသစ်ပင်ဂိုဏ်းက သခင်အဆင့်တိုက်ခိုက်သူပို့လိုက်သည်လော။

‘လိုအပ်လို့လား

ကျောင်းအုပ်ယွမ်ပါရောက်လာတာလား

စစ်တပ်နယ်မြေကလူတွေကရော သူတို့က ဘာလို့မလာကြတာလဲ’

အားလုံး၏စိတ်ထဲတွင် သံသယများဖြင့် ပြည့်နှက်သွားသည်။သို့သ်ောလည်း ယခုတွင် ထိုသံသယများကို စဉ်းစားနေရမည့်အချိန်မဟုတ်သည်ကို သိပေသည်။ လက်ရှိဦးစားပေးသည် ကားဖြင့်အမြန်ထွက်သွားရန်သာဖြစ်၏။

အားလုံးသည် ကားပေါ်တက်ကြပြီး လုထျန်းရုန်ကားမောင်းမည်ကို စောင့်နေကြသည်။ အားလုံးလည်း ကားပေါ်ရောက်ကာ ကားစက်လည်းနှိုးပြီးပြီဖြစ်ပြီး ထွက်ရန်အဆင်သင့်ဖြစ်နေလေပြီ။ ရုတ်တတရက်ပင် ကားရှေ့၌ လှပပြီးကျက်သရေရှိသောပုံရိပ်တစ်ခု ပေါ်လာသည်။

မြေခွေးမတစ်ကောင်ပင် ဖြစ်သည်။

သတိပေးခြင်းမရှိဘဲ ရောက်လာသည့်တစ္ဆေကဲ့သို့နှယ်ပင် သူသည် မျက်စိတစ်မှိတ်အတွင်းတွင်ပင် ကားရှေ့၌ ပေါ်လာခြင်းဖြစ်လေ၏။

All Chapters