အပိုင်း ၂၇၇-၂၇၉
Vol. 19 Ch. 277-279
အခန်း (၂၇၇) ပေါက်ကွဲလက်သီးချက်! မြေခွေးနားရွက်မိန်းကလေးကိုဝါးမျိုခြင်း! (၂)
''ရှောင်ချန် ဘာလို့ရုတ်တရက်ကြီးမှောင်သွားရတာလဲ။ ဘာမှမမြင်ရဘူး။"
ရှန်ချင်းဟန်သည် စိတ်မသက်မသာခံစားလာရသဖြင့် လင်းဇီချန်ကို တင်းတင်းကျပ်ကျပ်ဖက်ထားလိုက်မိသည်။ ပတ်ဝန်းကျင်ကို သတိထားစောင့်ကြည့်နေစဉ်တွင်ပင် လင်းဇီချန်က သိမ်မွေ့သောလေသံဖြင့် ပြောလိုက်သည်။
''မပျာနဲ့။ ပြဿနာကြီးမဟုတ်ဘူး။ ငါဖြေရှင်းနိုင်ပါတယ်။''
''အင်းး"
ရှန်ချင်းဟန်သည် နာခံစွာဖြင့် ပြန်ဖြေလိုက်ပြီး လင်းဇီချန်ကို အနှောင့်အယှက်မပေးတော့ပေ။ ထိုအချိန်တွင် မြေခွေးမိန်းကလေး၏နူးညံ့သောအသံက ထွက်ပေါ်လာသည်။
"ဪ ယုံကြည်ချက်ရှိနေတာလား။"
“…”
လင်းဇီချန်သည် အသံလာရာကို ကြည့်လိုက်သော်လည်း အမှောင်ထုကိုသာမြင်ရသည်။ ဘာမှမမြင်ရပေ။ မြေခွေးမိန်းကလေးက ထပ်အော်လိုက်၏။
"မင်း တို့ရဲ့ယုံကြည်ချက်ရှိနေတဲ့အိပ်ရာကျေးကျွန်လေး လာခဲ့။ ဒီတစ်ခေါက် တို့ရဲ့ပုံရိပ်ယောင်ကို ဘယ်လိုချိုးဖျက်မလဲ ကြည့်ကြတာပေါ့။"
အသံပျောက်သွားသည်နှင့် မည်းမှောင်နေသောကောင်းကင်ကြီးတစ်နေရာမှ လှပသောခရမ်းရောင်လပြည့်ကြီး ထွက်ပေါ်လာသည်။ အမှောင်ထုထဲတွင် ခရမ်းရောင်အလင်းက ဖြာထွက်နေသည်။ ရုတ်တရက်ပင် ခရမ်းရောင်လာသည် ခရမ်းရောင်ဖျော့ဖျော့မျက်ဝန်းများအဖြစ် အရောင်ပြောင်းသွားသည်။
ညှို့ယူဖမ်းစားနိုင်စွမ်းရှိပေသည်။ ထိုမျက်လုံးသည် မြေခွေးမိန်းကလေး၏မျက်လုံးများဖြစ်သည်ကို မှတ်မိသွားသည်။ စိတ်ထဲတွင်မူ တုန်လှုပ်ခြောက်ခြားသွား၏။ သူ(မ)၏ပုံရိပ်ယောင်က အားပြင်းလွန်းလှကာ မိမိ၏ဝိညာဉ်စွမ်းအားအသုံးချမှုကိုပင် တစ်စစီချေဖျက်ပစ်နိုင်သည်။ ထိုမတိုင်ခင် ဝိညာဉ်စွမ်းအားအသုံးပြုမှုကို နားလည်ခြင်းက အကန့်အသတ်ရှိပေသည်။ လေထဲတွင်ပစ္စည်းများရွေ့လျားခြင်း၊ လေထဲတွင်ပျံသန်းခြင်းနှင့် အန္တရာယ်ကြိုသိမြင်နိုင်ခြင်း အစရှိသဖြင့်ပင် ဖြစ်၏။ ထိုထက်သာလျှင် ဝိညာဉ်ဆိုင်ရာတုန်လှုပ်ခြောက်ခြားမှုကိုပါ ဖြစ်စေနိုင်သည်။ ပစ်မှတ်၏ဝိညာဉ်ကို ဝိညာဉ်စွမ်းအားဖြင့်ထိုးဖောက်ကာ ပစ်မှတ်ကို အသိစိတ်ဆုံးရှုံးသွားစေသည်။
သို့သော်လည်း မြေခွေးနားရွက်မိန်းကလေးကမူ အတွေးတစ်ခုဖြင့်ပင် ပစ်မှတ်ကို ပုံရိပ်ယောင်ထဲသို့ကျသွားစေကာ အစစ်အမှန်လားအတုလားကိုပင် ခွဲခြားမသိနိုင်ရှာပေ။
''အိပ်ရာကျေးကျွန်လေး တို့လာပြီနော်။"
မြေခွေးမိန်းကလေး၏အသံက ပဲ့တင်သံထပ်လာပြန်သည်။ အသံပျောက်သွားသောအခါတွင် ကောင်းကင်မြငင့်မှက်လုံးသည် ထူးဆန်းသောခရမ်းရောင်မျိုးတောက်ပလာသည်။ နောက်တွင်မူ လင်းဇီချန်၏စိတ်သည် ဆတ်ခနဲလန့်သွားသည်။ ကောင်းကင်မြေကြီးက ဇောက်ထိုးဖြစ်သွားသည်။ မြင်ကွင်းထဲမှအရာအးလုံးသည် အမြန်နှုန်းဖြင့် တွန့်လိမ်ရှုံ့တွသွားသည်။ ငါးများက တောင်ပံပေါက်လာပြီး ကောင်းကင်ပေါ်တွင် ပျံနေကြသည်။ ဌက်များက ပါးဟပ်များပေါက်၍ ရေထဲတွင် ရေကူးနေကြသည်။
တွားသွားသတ္တဝါများက ထောင်မတ်၍ သစ်ပင်များကဲ့သို့ မလှုပ်မယှက်ဖြင့် ထောင်မတ်နေကြသည်။ အပင်များက မိမိတို့ဘာသာ အမြစ်ကျွတ်ကာ အပြင်းအထန်ရွေ့လျားနေကြပြီး ဘေးနားမှသတ္တဝါများကို ဝါးမျိုနေသည်။ တစ်ချိန်တည်းတွင်ပင် ထူးဆန်းသောတီးတိုးသံကို နားထဲတွင် ကြားလိုက်ရသည်။
''အနီရောင်ထီးတွေ အဖြူရောင်လက်ကိုင်တွေ...."
ထိုအသံက စိတ်ထဲတွင် ပဲ့တင်သံထပ်နေသည်။ အသိစိတ်ကို ဝေဝါးသွားစေပြီး အန္တရာယ်ကြိုသိမြင်ခြင်းက တောက်လျှောက်အားနည်းလာသည်။ ကယောင်ချောက်ချားဖြစ်စေသည့်မှိုပွင့်များကို စားလိုက်ရသည့်နှယ်ပင် ဖြစ်သည်။ ကံကောင်းစွာဖြင့် ထိုအခြေအနေက မကြာလိုက်ပေ။ အဆင့်မြင့်ဝိညာဉ်ကြောင့် ပုံမှန်အသိစိတ်ပြန်ဖြစ်သွားသည်။
ပြန်လည်သက်သာသွားသောအခါတွင် မိမိနားမှ အမှောင်ထုသည်လည်း အစကကဲ့သို့ မထူထပ်တော့သည်ကို သတိထားမိသည်။ အမြင်အာရုံကလည်း ပို၍ကြည်လင်လာသည်။ မီတာတစ်ရာအတွင်းမှအရာများကို မြင်နိုင်လာသည်။ ဘေးဘီကို ကြည့်လိုက်သောအခါတွင် လီမော်ယွီနှင့်ကျန်သောသူနှစ်ယောက်ကို နောက်တွင် တွေ့လိုက်ရသည်။
ထိုအချိန်တွင် အားလုံးသည် ပုံရိပ်ယောင်ထဲတွင် ပိတ်မိနေကြကာ မလွတ်မြောက်နိုင်သေးဘဲ အမူအရာက အတော်လေးနာကျင်နေဟန်ရှိသည်။ လင်းဇီချန်က ထိုသုံးဦးကိုကြည့်၍ အမြန်ပင် မိမိရင်ခွင်ထဲမှ ရှန်ချင်းဟန်ကိုပြန်ကြည့်လိုက်သည်။ ရှန်ချင်းဟန်သည် အနည်းငယ်နာကျင်နေပုံပေါ်သ်ောလည်း သူမ၏အခြေအနေက ပိုကောင်းသည်။ အိပ်မက်ဆိုးမက်နေသကဲ့သို့ မျက်မှောင်အသာကြုတ်ထားလေသည်။
''ဟမ်"
မြေခွေးမိန်းကလေးက အမှောင်ထုထဲမှလျှောက်လာပြီး အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။
''မင်းက ဒါကိုတောင် ခံနိုင်ရည်ရှိတယ်လား။ သွေးမျိုးဆက်စွမ်းအားက အခြေခံနဝမအဆင့်ဆိုတာ သေချာလို့လား။"
ပြောနေရင်းဖြင့်ပင် သူ(မ)၏မျက်နှာလေးက မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်သွားကာ စောဒကတတ်လိုက်မိသည်။
"ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်ရှာပါးတဲ့ကမ္ဘာလိုနေရာမျိုးက မင်းလိုမျိုး ပါရမီရှင်ကို မွေးထုတ်ပေးနိုင်တယ်ပေါ့လေ။"
"မင်းသာ မူလမြေမှာမွေးလာရင် ငယ်ငယ်လေးကတည်းကသာ ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်အများကြီးနဲ့ ထိတွေ့ခဲ့ရရင် အခုဆို ဘယ်လောက်တောင် အားကောင်းနေလိုက်မလဲ။"
"အဆင့်မြင့်အလယ်အလတ်အဆင့်လား။ အဆင့်မြင့်အဆင့်မြင့်ဆုံးအဆင့်လား။ မဟုတ်ရင် သခင်အဆင့်များလား။"
ထိုသို့ပြောနေစဉ်တွင်ပင် ကြောင်အမ်းနေသောမျက်နှာလေးက စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်သွားကာ စိတ်ဆန္ဒတို့ကို အထင်းသားမြင်ရသည်။
"ဒီလောက်ပြောင်မြောက်တဲ့အရည်အချင်းနဲ့ကို ကမ္ဘာပေါ်မှာနေမယ်ဆိုရင် ဖြုန်းတီးရာကျမှာပေါ့။"
"မင်းက တို့ရဲ့ အိပ်ရာကျေးကျွန်ဖြစ်သင့်တာ။ ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်နဲ့ အသက်ဓာတ်ကို အပေးအယူလုပ်ပြီး အတူတူဆင့်ကဲပြောင်းလဲကြမယ်လေ။"
"အိပ်ရာကျေးကျွန်တစ်ယောက်အနေနဲ့ မင်းရဲ့လွတ်လပ်ခွင့်ကိုဆုံးရှုံးမှာပေမဲ့လို့ မင်းစိတ်ကူးထားတာထက်ကောင်းတဲ့အနာဂတ်မျိုးရလာလိမ့်မယ်။"
"မင်းကို တလေးတစားနဲ့ ပြောဆိုနေတုန်းက ဒီအခွင့်အရေးကိုယူလိုက်။"
“…”
လင်းဇီချန်က ပြန်မပြောပေ။ မိမိရှေ့မှ မိန်းကလေးကိုသတိကပ်ထားကာ အမှောင်ထုကိုလည်း စောင့်ကြည့်နေသည်။ အမှောင်ထုက ဖြည်းဖြည်းချင်းလျော့နည်းလာသည်ကို သတိထားမိသည်။ မှောင်ပိန်းနေသောအခြားကမ္ဘာတစ်ခုကိုဖန်တီးရန်မှာ ကျယ်ပြောလွန်းလှသည်။ များပြားလှသောဝိညာဉ်စွမ်းအားလည်းကုန်ပေမည်။ ထိုမြေခွေးမိန်းကလေးက ယခုတွင် စကားများနေသည်မှာ စိတ်ရှည်နေသောကြောင့်မဟုတ်နိုင်ပေ။ ဝိညာဉ်စွမ်းအား ကုန်လာပြီဖြစ်သောကြောင့် သူမ၏ပုံရိပ်ယောင်ကို ဆက်ပြီးထိန်းထား၍မရနိုင်သောကြောင့်ဖြစ်မည်။
လင်းဇီချန်က ထိုအချက်ကို သဘောပေါက်သွားသောအခါတွင် ချက်ချင်းပင် အတွေးဖြင့် တောအရှင်စွမ်းအားကိုသုံးကာ နွယ်ပင်များကိုဆင့်ခေါ်လိုက်ပြီး ထိုမိန်းကလေးနောက်သို့ တိတ်တဆိတ်ချည်းကပ်သွားစေသည်။
ဝိညာဉ်စွမ်းအားများစွာသုံးထားရသောထိုမိန်းကလေးသည် နွယ်ပင်များက မြွေများကဲ့သို့ သူ(မ)ရှိရာသို့ လာနေသည်ကို သတိမထားမိပေ။ လင်းဇီချန်က တိတ်ဆိတ်နေသောကြောင့် သူ(မ)၏အသံက အေးစက်သွားသည်။
"တို့က မင်းကိုဒီလောက် ရိုးရိုးသားသားပြောနေတာကို မင်းက ထပ်ခါတလဲလဲငြင်းနေတုန်းပဲ။ တို့ရဲ့စိတ်ရှည်တာက အကန့်အသတ်ရှိတယ်နော်။"
လင်းဇီချန်က မထုံတတ်သေးဖြင့် ပြောလိုက်၏။
"ခင်ဗျားရဲ့အစစ်အမှန်ပုံစံကိုတောင် မပြနိုင်ဘဲဲ့ ရိုးသားတယ်ပြောနေသေးတယ်ပေါ့လေ။"
ထိုမိန်းကလေးက ရယ်လိုက်ပြီး
"အိပ်ရာကျေးကျွန်လေး အခု တို့ရဲ့ပုံစံအစစ်နဲ့ စကားပြောနေတယ်ဆိုတာ ဖြစ်နိုင်လို့လား။"
လင်းဇီချန်က ပြန်ကျိန်းလိုက်၏။
"ဖြစ်နိုင်ချေရှိမရှိဆိုတာကိုတော့ စမ်းသပ်ကြည့်မှပဲ သိမှာပေါ့။"
အခန်း (၂၇၈) - ပေါက်ကွဲလက်သီးချက်! မြေခွေးနားရွက်မိန်းကလေးကိုဝါးမျိုခြင်း! (၃)
အသံလာရာသို့ ကြည့်လိုက်ပြီး မျက်လုံးများကို အာရုံစိုက်ထားကာ နွယ်ပင်များစွာကို ထိုမြေခွေးမိန်းကလေးရှိရာသို့ ပို့လိုက်သည်။ အမြန်နှုန်းက ကြောက်ခမန်းလိလိပင်ဖြစ်၏။ မြန်လွန်းသောကြောင့် မျက်လုံးဖြင့်ပင် မမြင်နိုင်ပေ။ မြေခွေးမိန်းကလေးလည်း ပြန်တုံ့ပြန်ရန် အချိန်မရှိလိုက်ပေ။ မျက်စိတစ်မှိတ်အတွင်းပင် ဖြစ်သွားခြင်းဖြစ်သည်။ ဖြူဖွေးသောခြေလက်များနှင့်လည်ပင်းကို တောင့်တင်းသောနွယ်ပင်များဖြင့် ရစ်ပတ်ထားလိုက်သည်။ နွယ်ပင်များကို အားဖြင့်ရစ်ပတ်ထားကာ ခြေထောက်နှစ်ချောင်းမှကိုင်မြှောက်၍ လေထဲတွင် တွဲလောင်းထားလိုက်သည်။
လင်းဇီချန် အံ့အားသင့်သွားသည်။ သူ(မ)အစစ်အမှန်ဖြစ်မည်ကို မျှော်လင့်မထားသကဲ့သို့ လွယ်လွယ်ဖြင့်ဖမ်းထားနိုင်လိမ့်မည်ဟုလည်း မထင်ခဲ့မိပေ။ ထိုမိန်းကလေးက ပို၍ပင် အံ့အားသင့်သွားသည်။
''မင်းက နွယ်ပင်တွေကိုပါ ထိန်းချုပ်နိုင်တာလား။"
လင်းဇီချန်ကမူ ရှင်းပြမနေပေ။
ရှေ့သို့ခြေတစ်လှမ်းတိုးလာပြီး ထိုမိန်းကလေးရှိရာသို့ အမြန်ဆုံးအားဖြင့် ပြေးဝင်လာသည်။ ချီသွေးစွမ်းအားပေါင်းစပ်ထားသောလက်သီးကိုမြှောက်လိုက်သည်။ အားပြင်းသောလက်သီးချက်ဖြင့်အတူ သူ(မ)၏မျက်နှာကို ချိန်ထားလိုက်သည်။ မကြာခင်တွင်ပင် ဘုန်းခနဲအသံကို ကြားလိုက်ရလေသည်။ လက်သီးသည် လေကိုဖြတ်သွားပြီး ထိုမိန်းကလေး၏နူးညံ့သောမျက်နှာထက်သို့ ရောက်လာသည်။ ချက်ချင်းပင် ထိုမိန်းကလေး၏ခေါင်းက လက်သီးချက်ကြောင့် ပေါက်ကွဲသွားကာ တစ်ကိုယ်လုံးလည်း ပေါက်ကွဲထွက်သွားသည်။ အော်သံမကြားရပေ။ သွေးထွက်ခြင်းမရှိပေ။ ထို့အစား နှင်းကဲ့သို့ ဖြူဖွေးသောမြေခွေးမွေးများသာ လေထဲတွင် ပြန့်ကျဲသွား၏။ ထို့နောက်တွင် ခြောက်ကပ်သွားသောမြေခွေးအမြီးသာ မြေကြီးပေါ်တွင် ကျန်ခဲ့လေသည်။
တစ်ချိန်တည်းတွင်ပင် မှောင်မည်းနေသောပတ်ဝန်းကျင်သည်လည်း အမြန်ပင် ပျောက်ပျယ်သွားသည်။ ထိုမြေခွေးမစိတ်ထိန်းချုပ်ထားသော လီမော်ယွီနှင့်အခြားသူများသည်လည်း ဖြည်းဖြည်းချင်းဖြင့် အသိဝင်လာကာ ပုံရိပ်ယောင်မှ ရုန်းထွက်လာနိုင်ကြသည်။ သို့သော်လည်း အားလုံးသည် တွေဝေနေကြဆဲဖြစ်ပြီး မတ်တတ်ပင် အနိုင်နိုင်ရပ်နေသည်။
''ဘာဖြစ်သွားတာလဲ။"
လင်းဇီချန်သည် မြေကြီးပေါ်သို့ လွင့်ပျံကျလာသည့်မြေခွေးမွေးများကိုကြည့်ကာ တွေဝေနေမိသည်။
သွေးတွေကရော
သွေးလုံးဝမထွက်တာလားတောက်တဲ့လိုမျိုး အမြီးပဲပြတ်သွားပြီး လွတ်သွားတာလား
စဉ်းစားနေရင်းဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။
ထို့နောက်တွင် အမြန်ပင် အာရုံကိုဖြန့်ကျက်က ထိုမိန်းကလေးကိုလိုက်ရှာကြည့်သည်။ သို့သော်လည်း မြေခွေးမွေးတစ်ချောင်းပင် မတွေ့ရပေ။ မြေခွေးမြီးကို ကိုင်၍ တစ်ခုခုရှာတွေ့မည်လား ကြည့်ကြည့်သည်။ မြေခွေးမြီးကို ထိထိချင်းတွင်ပင် လေထဲတွင် စာသားတစ်ကြောင်း ပေါ်လာသည်။
(သင်ဝါးမျိုချင်ပါသလား။)
ဟမ်
ဝါးမျို၍ရသည်လော။ လင်းဇီချန်တစ်ယောက် အတော်လေးအံ့အားသင့်သွားမိသည်။
…
မူလမြေတွင်မူ....။
ရှေးဟောင်းအပြင်အဆင်ဖြင့် လှပစွာဆင်ယင်ထားသောအခန်းတစ်ခုထဲ၌ လှပသောမိန်းကလေးတစ်ဦးရှိကာ သူ(မ)နောက်တွင် အမြီးရှစ်ချောင်းရှိသည်။ အိပ်ရာထက်တွင် လှပသောမျက်လုံးလေးကိုမှိတ်ထားရင်းဖြင့် တိတ်ဆိတ်စွာထိုင်နေစဉ်ကာ တရားထိုင်နေသည့်နှယ် မလှုပ်မယှက်ပင်ဖြစ်၏။
ရုတ်တရက်ပင် အသားအရေက ဖျော့တော့လာပြီး နှုတ်ခမ်းထောင့်တွင် သွေးများစီးကျလာကာ အတော်လေးအထိနာသွားဟန်ရှိသည်။ စောနကတွင်ပင် သူမ၏အမြီးတစ်ချောင်းကို အသွင်ပြောင်း၍ ကမ္ဘာမြေသို့ ပို့လိုက်သောကိုယ်ပွားသည် လက်သီးတစ်ချက်ကြောင့် တစ်စစီဖြစ်သွားရသည်။ သူမ၏ကိုယ်ပွားပျောက်ကွယ်သွားသည်နှင့် ဝိညာဉ်တွင်လည်း ဒဏ်ရာအနည်းငယ်မျှ ရသွားသည်။ ခန္ဓာကိုယ်တွင်းတွင်လည်း ချီသွေးမြင့်တက်လာကာ ဖရိုဖရဲဖြစ်သွားသဖြင့် သွေးအန်ခြင်းဖြစ်၏။
အတော်ကြာပြီးနောက်တွင် မြေခွေးမိန်းကလေးသည် လှပသောမျက်လုံးလေးများကို ဖွင့်လိုက်ကာ မိမိဘာသာ ညည်းတွားလိုက်မိသည်။
''အခြေခံနဝမအဆင့်ခန္ဓာကိုယ်နဲ့ကိုတောင်မှ အဆင့်မြင့်ဆဌမအဆင့်ကို အနိုင်ပိုင်းပြီး အဆင့်မြင့်တတိယအဆင့်ပုံရိပ်ယောင်ကိုတောင် အားသုံးပြီးဖြတ်နိုင်တယ်။"
''ကမ္ဘာလိုနေရာမျိုးက ဘယ်လိုလုပ် ဒီလောက်တော်တဲ့ပါရမီရှင်မျိုးကို မွေးထုတ်ပေးရတာလဲ။"
"ဒါက ကျင့်ကြံတာရဲ့ခြွင်းချက်လိုမျိုးပဲ။ သူ့ကို ဒီခေါ်ပြီး ငါ့ရဲ့ အိပ်ရာကျေးကျွန်လုပ်ခိုင်းရမယ်။ ငါ့အခန်းထဲမှာ လည်ပတ်တပ်ထားပေးပြီး နေ့တိုင်း သူ့ရဲ့အဆီအနှစ်ကို စုပ်ယူပစ်ရမယ်။"
"အဲ့လိုဆိုရင် ငါ့အားကလည်း သိသိသာသာ တိုးတက်လာမှာပဲ။"
သူမသည် ထိုသို့ပြောရင်းဖြင့် မျက်ဝန်းများက စိတ်လှုပ်ရှားနေဟန်ပြကာ လှပသောမျက်နှာလေးက ကောက်ကျစ်ယုတ်မာမှုဖြင့် အရောင်လက်နေသည်။
စိတ်တည်ငြိမ်သွားအောင် လုပ်ပြီးနောက်တွင် သူမရင်ဘတ်ထဲမှ ကျောက်စိမ်းအဆောင်လက်ဖွဲ့ကို ထုတ်ယူလိုက်ပြီး အသာလေးပြုံး၍ ပြောလိုက်သည်။
''ပိုင်ယင်း လျှို့ဝှက်မသေဆေးပွဲကြည့်စင်ကိုသွားပြီး ငါ့အခန်းထဲကို ပြန်လည်ရှင်သန်ခြင်းကိုးဖြာဆေးလုံးကိုယူလာခဲ့။"
မကြာခင်တွင်ပင် အဖြူရောင်ဝတ်ထားသည့် အစေခံမိန်းကလေးတစ်ဦးသည် အစိမ်းရောင်ဆေးလုံးကိုကိုင်ပြီး အခန်းထဲသို့ ပြန်ဝင်လာသည်။ မြေခွေးမိန်းကလေးက ပျက်စီးသွားသောဝိညာဉ်ကို ပြန်လည်ပြုပြင်ရန် ထိုဆေးလုံးကို မျိုချလိုက်သည်။ ထိုအချိန်တွင်ပင် နောက်ထပ်အစေခံမိန်းကလေးတစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။
"သခင်မ သတင်းကောင်းပါ သတင်းကောင်း။ ညဘုရင်ရဲ့မျိုးဆက်က သခင်မရဲ့အိပ်ရာကျေးကျွန်ဖြစ်ဖို့ သဘောတူလိုက်ပါပြီတဲ့။"
"ဆေးလာပို့ပေးသောအစေခံမိန်းကလေးလည်း အံ့အားသင့်သွားသည်။
"ညဘုရင်ရဲ့မျိုးဆက်ဆိုတာ အဆင့်မြင့်အဆင့်သက်ရှိအဖြစ်မွေးလာတဲ့မကောင်းဆိုးဝါးပဲ။"
"အသက်သုံးဆယ်မပြည့်ခင်ကို သခင်အဆင့်ဖြစ်နေပြီ။ၑ
"နောင်ကျရင် သူက မြင့်မြတ်သူအဆင့်ထိ ဆင့်ကဲပြောင်းလဲမှာသေချာတယ်။"
"သခင်မရဲ့ပျိုးထောင်ပေးမှုအောက်မှာ တစ်နေ့နေ့တစ်ချိန်ချိန်ကျရင် သူက သေချာပေါက် ဒဏ္ဍာရီအဆင့်သက်ရှိ ဖြစ်လာမှာပဲ။"
"သခင်မ သူ့ကိုရွေးလိုက်ပါ့လား။ သူ့လောက်ကောင်းတဲ့သူရှိမှာမဟုတ်ဘူး။"
“…”
"ညဘုရင်ရဲ့မျိုးဆက်တဲ့လား။"
မြေခွေးမိန်းကလေးက ပြုံးလိုက်လေသည်။
"ညဘုရင်ကိုယ်တိုင်က ငါ့ရဲ့အိပ်ရာကျေးကျွန်လာလုပ်တယ်ဆိုရင်တောင်မှ သူ့ကို ဂရုစိုက်မှာမဟုတ်ဘူး။ ငါ ကမ္ဘာမြေပေါ်ကနေ ပိုပြီးကောင်းတဲ့သူကို ရှာတွေ့ထားပြီ။ နောင်ကျရင် တစ်ယောက်ယောက်က ငါ့အတွက် သင့်တော်တဲ့သူကို ထောက်ခံပေးရင် ငါ့ကိုယ်စား သူတို့ကို ငြင်းလိုက်ကြ။"
အခန်း (၂၇၉) လှိုင်းလုံးကြီးတွေ မြင့်တက်လာပြီ! ယွမ်သုန်ကျီရှုံးသွားပြီ!
ကမ်းရိုးတန်းတစ်ဖက်တွင်မူ ယွမ်သုန်ကျီနှင့် ခါးကုန်းကြီးတို့၏တိုက်ပွဲသည် အလွန်အမင်းစိတ်လှုပ်ရှားစရာကောင်းပေသည်။ ၎င်းတို့ကြားမှကျောက်တု့းနှင့်မြေကြီးများသည် ကွဲအက်ကြေမွသွားရကာ သစ်ပင်များက ကျိုး၍ ဌက်များက ထပျံပြေးသွားသည်။
"ဝှစ် ဝှစ် ဝှစ်..."
ယွမ်သုန်ကျီသည် ရေဓားတစ်သောင်းကို ထိန်းချုပ်ထားပြီး ခါးကုန်းလူကြီးဆီသို့ အားကောင်းသောအရှိန်ဖြင့် ပစ်ခွင်းနေသည်။ ခါးကုန်းလူကြီးကလည်း အတွေးဖြင့် နွယ်ပင်များကို ဆင့်ခေါ်ပြီး ကြီးမားသောအကာအကွယ်ဖန်တီးလိုက်ပြီး ဝင်လာသောရေဓားမှန်သမျှကို ပိတ်ပင်တားဆီးသည်။ ထို့နောက်တွင် ချက်ချင်းပင် ယွမ်သုန်ကျီရှိရာသို့ အားပြင်းပြင်းဖြင့် နွယ်ပင်များကို လွှတ်၍ ကြမ်းတမ်းလှသောပြန်လည်တိုက်ခိုက်မှုကို ပြုလုပ်နေသည်။
ယွမ်သုန်ကျီသည် အနည်းငယ်မျှပင် ခြိမ်းခြောက်မခံပေ။ သူမသည် လက်ထဲမှ မီတာလေးဆယ်ရှည်သည့်ရေဓားကိုမြှောက်၍ အားပြင်းသောခုတ်ချက်များနှင့်အတူ ဝင်လာသောနွယ်ပင်အားလုံးကို ခုတ်ပိုင်းပစ်သည်။ တစ်ချိန်တည်းတွင်ပင် သူမ၏ခြေထောက်အောက်မှ ရေထောက်တိုင်မှ ပို၍များသောဓားများ ထွက်လာကာ ခါးကုန်းလူကြီးဆီသို့ စက်သေနတ်ဖြင့်ပစ်သကဲ့သို့ ပစ်လွှတ်ကာ ခေါင်းကိုသာချိန်ထားသည်။ ဓားအားလုံးကို နွယ်ပင်များဖြင့်သာ ပိတ်ထားလိုက်ကာ ထိုလူကြီးကို အန္တရာယ်မပေးနိုင်ပေ။ ထိုလူကြီးကလည်း ပြန်လည်တိုက်ခိုက်သည်။ မျက်လုံးများက အာရုံစိုက်ထားပြီး တောထဲမှနေ၍ သစ်ပင်ကြီးများကို ရန်သူဆီသို့ ဆင့်ခေါ်ကာ သစ်ပင်လှောင်ချိုင့်ဖြစ်သွားစေပြီး သမူကို ပိတ်ကာအနိုင်ပိုင်းရန် လုပ်နေသည်။
ယွမ်သုန်ကျီက မျက်မှောင်ကြုတ်၍ ခြေထောက်အောက်မှ ရေဓားများအားလုံးကို မကာ နွယ်ပင်တိုက်ခိုက်မှုများကို ပိတ်ပင်ရန် ရေဒိုင်းကာဖန်တီးလိုက်သည်။ တစ်ဆက်တည်းပင် ရေဒိုင်းကာမျက်နှာပြင်ထက်တွင် များပြားလှစွာသောရေဓားများကိုဖန်တီး၍ ဝင်လာသမျှ နွယ်ပင်များကို ခုတ်ပိုင်းပစ်သည်။
သို့သော်လည်း နွယ်ပင်များက များလွန်းနေသည်။
တစ်ခုကို ခုတ်၍မပြီးခင်တွင်ပင် အခြားတစ်ခုက နေရာယူလာသည်။ ထိုးစစ်က အားနည်းသွားသည့် အရိပ်အယောင်မျိုး မပြသပေ။ ဆန့်ကျင်ဘက်အနေဖြင့် ခံစစ်လုပ်နေသောယွမ်သုန်ကျီသည် သူမ၏ခံစစ်က ဖြည်းဖြည်းချင်းလျော့ပါးလာသည်ကို မြင်နေရသည်။ ရေဒိုင်းကာဖြင့် တိုက်လိုက်ရသည့်အခါတိုင်း အပင်များက ရေပမာဏများစွာကို စုပ်ယူသွားသည်။ အချိန်ကြာလာသည်နှင့်အမျှ ယွမ်သုန်ကျီ၏တိုက်ခိုက်မှုက အစကထက် တစ်ဝက်ထိ လျော့ကျသွား၏။
"ကျောင်းအုပ်ယွမ် မင်းက ရေအရင်းအမြစ်ပေါ်မှာ အားကိုးလွန်းနေပြီ။"
ခါးကုန်းလူကြီးက ပြောလိုက်လေသည်။
"ရေအရင်းအမြစ် လျော့ပါးလာတာနဲ့အမျှ မင်းရဲံအားလည်း သိသိသာသာလျော့လာမှာပဲ။"
"မင်းအားနည်းချက်က သိသာလွန်းတယ်။ ပစ်မှတ်ထားဖို့လွယ်လွန်းတယ်။"
ရေဒိုင်းကာကို တိုက်ိခုက်နေသည့်နွယ်ပင်များကို ထိန်းချုပ်နေရင်းဖြင့် ခါးကုန်းလူကြီးက ယွမ်သုန်ကျီက ဆုံးမနေသေးသည်။ ယွမ်သုန်ကျီမူ တိတ်ဆိတ်နေကာ မျက်မှောင်ကြုတ်လျက်သားဖြင့်သာ နွယ်ပင်တိုက်ခိုက်မှုများကို ခုခံနေ၏။ သူမ အားမသာသည်ကို သိသော်လည်း မြေကြီးအောက်မှ ရေအရင်းအမြစ်ကို ဆွဲထုတ်၍ မိမိ၏စွမ်းအားကို ပြန်လည်အားဖြည့်နေရကာ တိုက်ပွဲစွမ်းအားကို ထိန်းထားရသည်။ ခါးကုန်းလူကြီးကမူ အေးအေးဆေးဆေးဖြင့်သာ ပြောနေသည်။
"ကျောင်းအုပ်ယွမ် မင်းလည်းသိတာပဲ။ ဂမ္ဘီရသစ်ပင်ဂိုဏ်းနောက်ကွယ်ကစွမ်းအားက မူလမြေပဲဆိုတာကိုး။"
"တောင်ပိုင်းနယ်မြေမှာ သူတို့တွေက တတ်နိုင်သမျှအားနဲ့ ဝိညာဉ်အပင်အရင်းအမြစ်တွေကို ဖြန့်ကျက်ပြီးပြီ။ ဆန်းကြယ်ပန်းပင်တွေရော၊ အသီးတွေရောပဲ။"
"မင်းအရည်အချင်းနဲ့သာဆို ဂမ္ဘီရသစ်ပင်ဂိုဏ်းကို ဝင်လိုက်တာနဲ့ ဆန်းကြယ်ပန်းတွေနဲ့ဆန်းကြယ်အသီးတွေရဲ့ အထောက်အပံ့ရမှာပဲ။ အဲ့လိုအရင်းအမြစ်တွေနဲ့သာဆိုရင် နောင်ကျရင် မြင့်မြတ်သူအဆင့်ထိ ဆင့်ကဲပြောင်းလဲနိုင်ဖို့ဆိုတာ အိပ်မက်မဟုတ်တော့ဘူး။"
ခါးကုန်းလူကြီးက သူမကို ဆွယ်၍ သံလွင်ကိုင်းတစ်ကိုင်းပေးကာ ပြောလိုက်သည်။
"အဲ့ဒါကြောင့် ဂမ္ဘီရသစ်ပင်ဂိုဏ်းကို ဝင်လာမယ်ဆိုရင်ရော ဘယ်လိုလဲ။"
ယွမ်သုန်ကျီကမူ အေးတိအေးစက်ဖြင့် ပြန်ဖြေလိုက်သည်။
"ကျွန်မက လူ။ ရှင်တို့လို လူသားဆန်မှုပျောက်နေတဲ့လူမျိုးမဟုတ်ဘူး။ ကျွန်မရဲ့လူသားမျိုးနွယ်ကိုသစ္စာဖောက်ပြီး ဘယ်တော့မှ မိစ္ဆာဒိဌိဂိုဏ်းထဲဝင်မှာမဟုတ်ဘူး။"
"လူသားဆန်မှုပျောက်ဆုံးတယ်တဲ့လား။"
ခါးကုန်းလူကြီးက ရယ်လိုက်ကာ
"ဆန့်ကျင်ဘက်အနေနဲ့ဆိုရင်တော့ ကိုယ်ကျင့်တရားပျက်ပြားနေတယ်လို့ပြောတဲ့သူတွေက လူသားမျိုးကို ထိန်းသိမ်းထားပေးယုံတင်မကဘဲ ပိုတိုးတက်အောင်ပါလုပ်နေတာ။"
"လူသားသဘာဝရဲ့အဆီအနှစ်က ကိုယ့်အတ္တအတွက်ပဲကို ကြည့်ကြတာပဲ။ နောက်ဆုံးတော့ အခြားသူအတွက်နောင်တမရဘဲ ကိုယ့်အတွက်ကို ကြည့်ကြတာပဲ။ ဒါပေမဲ့လို့ ခေတ်သစ်လူ့အဖွဲ့အစည်းက အရမ်းများလွန်းတဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့ တင်းကျပ်ထားတယ်။ ဟိုဟာမလုပ်ရဘူး ဒါမလုပ်ရဘူးနဲ့ လူသားမျိုးနွယ်မှာ အလိမ်အညာတွေပဲရှိတယ်။"
"မျက်နှာဖုံးနောက်ကွယ်ကငါကတော့ လူသားတွေက ဖိနှိပ်ထားရတဲ့စိတ်သဘောထားကို လွတ်လပ်ခွင့်ပေးထားပြီး လူသားအဆန်ဆုံးလူဖြစ်လာတယ်။ ငါစိတ်ဆန္ဒရှိတာကို လုပ်နိုင်တယ်။"
"မင်းကျတော့ရော။ မင်းက မျက်နှာဖုံးမစွပ်ထားပေးမဲ့လို့ မမြင်ရတဲ့မျက်နှာဖုံးကို စွပ်ထားတာပဲလေ။ နေ့တိုင်း မင်းရဲ့လူသားသဘာဝကို ဖိနှိပ်ပြီး ရယ်တောင်မရယ်နိုင်ဘူးလေ။"
ခါးကုန်းလူကြီးသည် သူ၏အတွေးအခေါ်များကို ပြောပြ၍ ယွမ်သုန်ကျီကို ဆက်လက်သိမ်းသွင်းနေသည်။
ဂမ္ဘီသစ်ပင်ဂိုဏ်း၏အကြီးအကဲတစ်ယောက်အနေဖြင့် မိမိသည် လူစုရာတွင် တော်ပေသည်။ လျှာစောင်းကထက်လှကာ ဂိုဏ်းထဲသို့ လူသားတိုက်ခိုက်သူများစွာကို ဝင်အောင် စည်းရုံးနိုင်ခဲ့သည်။ ယခုတွင် ယွမ်သုန်ကျီကို စည်းရုံးချင်နေသည်။ ကံမကောင်းစွာဖြင့် ယွမ်သုန်ကျီက မကျေမနပ်ဖြင့် ပြန်ပက်လိုက်သည်။
"ဟက် ပါးစပ်ကနေ အခြေအမြစ်မရှိတာတွေလျှောက်ပြောနေတာပဲ။"
ရုတ်တရက်ပင် သူမခေါင်းပေါ်မှ နဂါးဦးဂျိုသည် အလင်းရောင်ထွက်လာပြီး မြေအောက်ရေများစွာကိုဆင့်ခေါ်ကာ သူမဘေးနားမှသစ်ပင်များကို လှဲပစ်လိုက်သည်။
''ရှင်က အခေါင်းမြင်ရင်တောင် မျက်ရည်တစ်စက်မှ ကျမှာမဟုတ်ဘူး။"
ယွမ်သုန်ကျီငြင်းလိုက်သည်ကို တွေ့ရသောကြောင့် ခါးကုန်းလူကြီး၏အပြုံးက ပျောက်ကွယ်သွားသည်။ ထို့နောက်တွင် အတွေးတစ်ခုဖြင့် ယွမ်သုန်ကျီဆီသို့ ပို၍များသောနွယ်ပင်များကို ဆင့်ခေါ်လိုက်ကာ သူမ၏ရေအရင်းအမြစ်ကို ဖြတ်ပစ်ရန် ကြိုးစားနေခြင်းဖြစ်သည်။
ယွမ်သုန်ကျီကလည်း ထိုင်ကြည့်နေမည့်သူမဟုတ်ပေ။ သူမသည် မရေမတွက်နိုင်သောရေမြားများကို ဆင့်ခေါ်ကာ ခါးကုန်းလူကြီးဆီသို့ အားဖြင့် ပစ်လွှတ်လိုက်ပြန်သည်။ အပြန်အလှန်တိုက်ခိုက်နေမှုက ဆယ်မိနစ်ခန့် ကြာသွားသည်။ တိုက်ပွဲဖြစ်နေရင်းဖြင့် ရုတ်တရက်ဆိုသလိုပင် သခင်အဆင့်တိုက်ခိုက်သူများသည် အချင်းချင်းနားလည်သွားကြသည်။ တစ်ဦးက ရေထောက်တိုင်ပေါ်တွင် ရပ်နေသည်။ တစ်ဦးက မီတာတစ်ရာမြင့်သည့် သစ်ပင်ထိပ်၌ ရပ်နေသည်။
ထိုအချိန်တွင် မျှော်လင့်မထားစွာဖြင့် ဦးတည်ရာတစ်ခုတည်းသို့ ကြည့်လိုက်ကြသည်။ လင်းဇီချန်ရှိရာအရပ်သို့ပင် ဖြစ်သည်။ မိမိတို့သည် ကမ်းရိုးတန်းသစ်တောထဲတွင် ရှိနေကြသော်လည်း သခင်အဆင့်တိုက်ခိုက်သူနှစ်ဦးလုံးသည် လင်းဇီချန်ရှိရာသို့လည်း အာရုံကိုခွဲထားကြသည်။ စောနကတွင်ပင် လင်းဇီချန်သည် မြေခွေးမိန်းကလေးကို နိုင်သွားသည်ကို အာရုံခံလိုက်မိသည်။ ချက်ချင်းပင် နှစ်ဦးလုံး၏မျက်နှာက မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားကာ ယုံကြည်ရန် ခက်ခဲနေကြ၏။
"အခြေခံနဝမအဆင့်ခန္ဓာကိုယ်နဲ့ ပိုပြီးအားကောင်းတဲ့ အဆင့်မြင့်ဆဌမအဆင့်တိုက်ခိုက်သူနဲ့ ဝိညာဉ်စွမ်းအားမြင့်တဲ့ မြေခွေးမိစ္ဆာကို နိုင်အောင်တိုက်နိုင်တယ်...."