← Chapters

အခန်း ၂၈၆-၂၈၈

Vol. 20 Ch. 286-288

အခန်း ၂၈၆-၂၈၈

Vol. 20 Ch. 286-288

အခန်း (၂၈၆) - ဂြိုလ်သားများ၏ထူးချွန်ထက်မြက်မှုကိုပင်ပျောက်ကွယ်သွားစေနိုင်သည့်းကမ္ဘာမြေမှပါရမီရှင် (၃)

ဝိညာဉ်စွမ်းအားကိုဖြန့်ကျက်ပြီးသည်နှင့် လင်းဇီချန်၏ပုံရိပ်ကို လျင်မြန်စွာဖြင့် သိရှိနိုင်မည်ဖြစ်ကာ အရှင်ဖမ်း၍ ဂိုဏ်းသို့ ခေါ်သွားနိုင်မည်ဖြစ်သည်။ သို့သော်လည်း ဝိညာဉ်စွမ်းအားကို တစ်ကီလိုမီတာအချင်းထိရောက်အောင် ဖြန့်ကျက်ကြည့်ပါသော်လည်း လင်းဇီချန်၏ မည်သည့်အရိပ်အယောင်ကိုမှ ရှာမတွေ့ခဲ့ပေ။

ဘာဖြစ်နေတာလဲ

ဘယ်လိုလုပ် အာရုံခံလို့မရတာလဲ

ခါးကုန်းလူကြီးသည် မိမိဘာသာ ညည်းတွားနေရာမှ လင်းဇီချန်လုံးလုံးလျားလျားပျောက်ကွယ်သွားသည်ကို နားမလည်နိုင်ပေ။ အစပိုင်းတွေဝေနေပြီးနောက်တွင် လင်းဇီချန်က မိမိလက်ထဲရောက်ခါမှ လွတ်သွားသည်မျိုး အဖြစ်မခံနိုင်ပေ။

"လူတစ်ယောက်က ရုတ်တရက်ကြီးပျောက်သွားတယ်ဆိုတာ မဖြစ်နိုင်ဘူး။"

"သူဒီအနီးအနားမှာပဲရှိရမယ်။"

"တစ်နေရာရာမှာ ပုန်းနေတာဖြစ်မယ်။"

ထိုသို့စဉ်းစားလိုက်ပြီးခါးကုန်းလူကြီးသည် ဝိညာဉ်စွမ်းအားကို ဖြန့်ကျက်ကြည့်လိုက်ပြန်သည်။ ယခုတစ်ခေါက်တွင်မူ ဝိညာဉ်စွမ်းအားဖြင့် လိုက်ရှာကြည့်ခြင်းမျိုးမဟုတ်ဘဲ ဘေးပတ်ချာလည်မှ သစ်ပင်များကို ဝိညာဉ်စွမ်းအားဖြင့်ထိန်းချုပ်ကာ ပြင်းပြင်းထန်ထန်လှုပ်ခါ၍ လိုက်ရှာခြင်းမျိုးဖြစ်သည်။

သစ်ပင်များကို မည်မျှပင် လှုပ်ခါ‌သော်လည်း လင်းဇီချန်၏အရိပ်အယောင်မျှကိုပင် မမြင်ရပေ။ လင်းဇီချန်သည် ထိုနေရာမှ ထွက်သွားပြီဟု ထင်လိုက်မိသည်။ မိမိထင်သည့်အတိုင်း သစ်ပင်နောက်တွင်ပုန်းနေခြင်းမျိုး၊ သစ်ပင်ပေါ်တက်နေခြင်းမျိုးလည်းမရှိပေ။

"သူက ဘယ်လိုလုပ် လွတ်သွားရတာလဲ။"

"ဘာလို့ သူ့ကို အလွတ်ခံရမှာလဲ။"

"သူ့ကို အရှင်မဖမ်းမိရင်တော့ ငါ့လက်ကနေ လွတ်ဖို့ကတော့ အခွင့်အရေးမရှိဘူး။"

ထိုခါးကုန်းလူကြီးသည် ပို၍တွေးမိလေလေ ပို၍ဒေါသထွက်လာလေလေဖြစ်ပြီး ဘေးနားမှသစ်ပင်မားကို နွယ်ပင်များပတ်လိုက်ပြီး စိတ်တိုတိုဖြင့် လှုပ်ခါလိုက်သည်။ ခဏအတွင်းပင် သစ်ပင်ကြီးများစွာကို အမြစ်မှနှုတ်ယူကာ ရေထဲသို့ ဘုန်းခနဲမြည်သံနှင့်အတူ ပြုတ်ကျသွားစေပြီး အမြင့်တော်တော်အထိ ရေများစင်သွားသည်။ လင်းဇီချန်လွတ်သွားသည်ကို လက်မခံနိုင်သေးပေ။

သခင်အဆင့်တိုက်ခိုက်သူအနေဖြင့် အခြေခံအဆင့်သက်ရှိတစ်ဦးကို လွတ်သွားသည်မှာ ရှက်စရာကောင်းလှသည်။ ဒေါသဖြေပြီးနောက်တွင် ထိုသူသည် အနည်းငယ်မျှ တည်ငြိမ်သွား၏။

ရေထဲမှ ထွက်၍ နွယ်ပင်များကြောင့်မလဲသွားသေးသော သစ်ပင်ကြီးတစ်ပင်ပေါ်သို့ တက်သွားသည်။ ပတ်ဝန်းကျင်တွင် လိုက်ရှာကြည့်နေစဉ်တွင်ပင် လင်းဇီချန်နှင့်ပက်သက်၍ စဉ်းစားနေမိသည်။ သူသည် ရေအောက်တွင် မြန်မြန်ရေကူးနိုင်ကာ မြင်ကွင်းမှပျောက်ကွယ်သွားနိုင်ပါလျှင် အစကတည်းက အဘယ့်ကြောင့် ထိုစွမ်းအင်များကို မသုံးရသနည်း။ သေချာစဉ်းစားကြည့်ပြီးနောက်တွင်မူ ဖြစ်နိုင်ချေတစ်ခုကို သဘောပေါက်သွားသည်။ လင်းဇီချန်သည် ထိုအရည်အချင်းများကိုသုံး၍ လွတ်မြောက်ရန်လုပ်ခြင်းမဟုတ်ဘဲ မိမိကို မြှားခေါ်ကာ အခြားသူများထွက်ပြေးရန် အချိန်ဆွဲထားခြင်းသာဖြစ်ပေမည်။ ယခုတွင်မူ အချိန်ဆွဲသည်မှာ လုံလောက်ပြီဖြစ်သောကြောင့် မိမိ၏အင်အားကို မဖုံးကွယ်တော့ဘဲ ချိုးဖျက်ကာ ထွက်ပြေးသွားခြင်းဖြစ်မည်။

ထိုအချက်ကို နားလည်သွားသည့်အခါတွင် ခါးကုန်းလူကြီးသည် အချိန်ဖြုန်းမနေတော့ဘဲ အမြန်ပင် ရှန်ချင်းဟန်နှင့်အခြားသူများရှိသည့်နေရာသို့ ခုန်ပျံသွားသည်။ လင်းဇီချန်သည် ထွက်ပြေးသွားပြီး အခြားသူများနှင့် ပြန်ဆုံမည်ဟု ထင်လိုက်မိသည်။ ယခုတွင် ရှန်ျခင်းဟန်နောက်သို့ လိုက်သွားလျှင် လင်းဇီချန်ဖြင့် တွေ့နိုင်မည်ဟု ထင်လိုက်မိ၏။

"ခဏ"

"မဟုတ်သေးဘူး။"

"ငါမှားတွက်မိတာဖြစ်နိုင်တယ်။"

ခါးကုန်းလူကြီးက မီတာရာချီအမြင့်သို့ ခုန်ပျံလိုက်ပြီး ရုတ်တရက်ပင် သစ်ပင်ကြီးထိပ်တွင် ရပ်လိုက်ပြန်သည်။ နောက်ထပ်ဖြစ်နိုင်ချေတစ်ခုကိုလည်း စဉ်းစားမိလိုက်ပြန်၏။ လင်းဇီချန်က ရှန်ချင်းဟန်တို့ဖြင့် သွားဆုံသည်မဟုတ်ဘဲ ထို့အစား ယွမ်သုန်ကျီကို သွားကယ်သည်မှာ ဖြစ်နိုင်သည်။ ထိုသံသယက အခြေအမြစ်မရှိခြင်းမဟုတ်ပေ။

အစပိုင်းတွင် လင်းဇီချန်သည် ဝိညာဉ်စွမ်းအားသုံး၍ နွယ်ပင်များကို ထိန်းချုပ်ခဲ့သည်။ ဒုတိယအနေဖြင့်မူ လင်းဇီချန်ထွက်ပြေးသွားသောနေရာသည် လှိုင်းလုံးများလာရာအရပ်ဖြစ်ပြီး ယွမ်သုန်ကျီပိတ်မိနေသောနေရာလည်းဖြစ်သည်။

လင်းဇီချန်က အဖွဲ့ဝင်များဖြင့် သွားဆုံသည်လော

မဟုတ်လျှင် ယွမ်သုန်ကျီကို သွားကယ်သည်လော

ခေတ္တမျှစဉ်းစားပြီးနောက်တွင် လင်းဇီချန်သည် ယွမ်သုန်ကျီကို ပို၍သွားကယ်နိုင်လိမ့်မည်ဟု ထင်မိသည်။ ထို့ကြောင့် ချက်ချင်းပင် ယွမ်သုန်ကျီရှိရာအရပ်ကိုသာ ခုန်ပျံထွက်သွားသည်။

....

တစ်ဖက်တွင်မူ လင်းဇီချန်သည် လှိုင်းလုံးကြီးများလာရာအရပ်ဆီသို့ အမြန်ကူးခတ်သွားသည်။ ထိုအချိန်တွင် ခါးကုန်းလူကြီးကို မြှားခေါ်လာသည်က အောင်မြင်သည်လား မအောင်မြင်သည်လား မသိနိုင်ပေ။ ခါးကုန်းလူကြီး၏တည်ရှိမှုကို အာရုံမခံမိသည်ကိုသာ သိထားသည်။ ယခုတွင် ဘေးကင်းလောက်ပြီဟု စဉ်းစားမိသည်။ သို့သော် ယာယီလုံခြုံခြင်းမျှသာ ဖြစ်သည်။ ခါးကုန်းလူကြီးသည် သခင်အဆင့်တိုက်ခိုက်သူဖြစ်ပြီး လူများကိုလည်း လှည့်စားနိုင်သည်။ နောက်တွင်မှမိသွားခြင်းမျိုးလည်း ဖြစ်နိုင်သည်။ မဟုတ်လျှင် စစ်တပ်နယ်မြေမှ ကယ်ဆယ်ရေးများ မရောက်ခင်တွင်ခါးကုန်းလူကြီးက တစ်ယောက်ပြီးတစ်ယောက်ကိုရှာတွေ့သွားကာ သတ်ပစ်ခံရနိုင်သည် မဟုတ်လျှင်လည်း ခေါ်သွားခံရနိုင်သည်။

မိနစ်ဝက်မျှကြာသောအခါတွင် လင်းဇီချန်က ရေအောက်တွင် အမြန်ပင်ကူးခတ်ကာ ယွမ်သုန်ကျီ၏တည်ရှိမှုကို အာရုံခံကြည့်သည်။ ရေမျက်နှာပြင်သို့တက်၍ တည်ရှိမှုလာရာအရပ်ကို ကြည့်ကြည့်သည်။ ချက်ချင်းပင် မီတာရာချီမြင့်သော သစ်ပင်လှောင်ချိုင့်ကြီးတစ်ခုကို တွေ့လိုက်ရသည်။

"တွေ့ပြီ။"

လင်းဇီချန်စိတ်ထဲတွင် တွေးလိုက်မိသည်။ ထို့နောက်တွင် ချက်ချင်းပင် ရေအောက်သို့ ဒိုင်ဗင်ထိုးသွားကာ ကူးခတ်သွားသည်။ ဆယ်စက္ကန့်ခန့်ကြာပြီးနောက်တွင် လင်းဇီချန်သည် မီတာထောင်ချီထိ ကူးခတ်၍ သစ်ပင်လှောင်ချိုင့်ထဲသို့ ဝင်သွားသည်။ အမြန်ပင် ရေမျက်နှာပြင်ပေါ်သို့ တက်ကြည့်လိုက်သည့်အခါ၌ ထူးဆန်းသောအနီရောင်နွယ်ပင်များဖြင့် ရစ်ပတ်ခံထားရပြီး လေထဲတွင် တွဲလောင်းဖြစ်နေသော ယွမ်သုန်ကျီကို တွေ့လိုက်ရကာ မလှုပ်နိုင်ဖြစ်နေရှာသည်။

ထိုမြင်ကွင်းကိုမြင်သောအခါတွင် ပထမဆုံးတွေးလိုက်မိသည်မှာ ယွမ်သုန်ကျီကို ပတ်ထားသော သွေးနီရောင်နွယ်ပင်များကို ဆင့်ခေါ်ကြည့်ရပေမည်။

လွှတ်လိုက်စမ်း

တောအရှင်အစွမ်းအောက်တွင် ယွမ်သုန်ကျီကိုပတ်ထားသောသွေးနီရောင်နွယ်ပင်များသည် လင်းဇီချန်၏လွှတ်ပေးစမ်းဟုသောအမိန့်ကို ကြားသည့်အခါတွင် နာခံစွာဖြင့် ပြေ‌လျော့သွားကြသည်။

လင်းဇီချန်၏ဝိညာဉ်စွမ်းအားကြောင့် အနည်းငယ်မျှသာ ပြေ‌လျော့သွားကာ ယခင်ကလောက် မတင်းကျပ်ရုံသာဖြစ်သည်။ သို့သော်လည်း ယွမ်သုန်ကျီအတွက်မူ လုံလောက်သည်။ သွေးနီရောင်နွယ်ပင်များ ပြေလျော့သွားသည့်အခါတွင် ယွမ်သုန်ကျီ၏ချီသွေးစွမ်းအားက မြင့်တက်လာပြီး နွယ်ပင်များထိန်းချုပ်ထားသည်မှ ရုန်းထွက်နိုင်လိုက်သည်။ လင်းဇီချန်ကြောင့် နွယ်ပင်များပြေလျော့သွားသည်ကို မသိသောကြောင့်မိမိရုန်း၍သာ ပြေလျော့သွားသည်ဟု ထင်လိုက်မိသည်။

"ကျောင်းအုပ်ယွမ်"

ယွမ်သုန်ကျီလွတ်လာသည်ကို မြင်သောအခါတွင် လင်းဇီချန်ကအော်ခေါ်လိုက်သည်။ အသံလာရာသို့ကြည့်လိုက်သောအခါတွင် လင်းဇီချန်၏အမူအရာက အနည်းငယ်မျှအံ့ဩသွားဟန်ရှိသည်။

"ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ။ ဘယ်အချိန်တုန်းက ရောက်နေတာလဲ။"

ခါးကုန်းလူကြီးကဲ့သို့ပင် သူမသည်လည်း လင်းဇီချန်၏တည်ရှိမှုကို အာရုံခံမရပေ။ လင်းဇီချန်က ရှင်းပြလိုက်လေသည်။

"ဂမ္ဘီရသစ်ပင်ဂိုဏ်းက အကြီးအကဲကိုးလိုက်တာခံနေရတယ်။ ကျွန်တော် ရေကူးကျွမ်းတာကိုအားကိုပြီး ဒီကို ထွက်ပြေးလာတာ။ အဲ့တာနဲ့ ကျောင်းအုပ်ယွမ်ကို တွေ့သွားတာ။"

ကယ်ခဲ့သူမှာ မိမိဖြစ်ကြောင်းကို ယွမ်သုန်ကျီကို မပြောပြပေ။

သွေးမျိုးဆက်စွမ်းအားအဆင့်ကို ထုတ်ဖော်၍ရနိုင်ပြီး ဝိညာဉ်စွမ်းအားအဆင့်ကိုလည်း ဖော်ပြ၍ရသည်။ သို့သော် နွယ်ပင်များကိုထိန်းချုပ်နိုင်ခြင်းကိုမူ ထုတ်ပြ၍ မဖြစ်ပေ။ ယွမ်သုန်ကျီက မယုံကြည်နိုင်သောအမူရာဖြင့် ပြောလိုက်သည်။

"မင်းက ဂမ္ဘီရသစ်ပင်ဂိုဏ်းက အကြီးအကဲကိုးလိုက်လာတာကို ပြေးလွတ်တယ်ပေါ့။"

ပြော၍မဆုံးခင်တွင်ပင် သစ်ပင်လှောင်ချိုင့်အပြင်မှ ဝှစ်ခနဲအသံများကို ကြားလိုက်ရသည်။

"ဝှစ်"

"ဝှစ်"

"ဝှစ်"

ထိုအသံကို ကြားသောအခါတွင် သူမက ဝိညာဉ်စွမ်းအားဖြန့်ကျက်ကာ အာရုံခံကြည့်သည်။ ခါးကုန်းလူကြီးသည် သစ်ပင်လှောင်ချိုင့်ရှိရာသို့ လာနေသည်ကို တွေ့လိုက်ရကာ အမူအရာက အနည်းငယ်မျှ ပြောင်းသွားသည်။

"ဂမ္ဘီရသစ်ပင်ဂိုဏ်းက အကြီးအကဲကိုးက ဒီကိုလာနေပြီ။ သွားကြစို့။"

ပြောပြီးနောက်တွင် ယွမ်သုန်ကျီက ရေထဲကိုခုန်ချလိုက်ကာ လင်းဇီချန်ကိုလက်မောင်းမှဆွဲခေါ်သွားပြီး အားပြင်းပြင်းဖြင့် ရေအောက်၌ ကူးခတ်သွားသည်။ သူမသည် ခါးကုန်းလူကြီး၏ပြိုင်ဘက်မဟုတ်သည်ကို သိသောကြောင့် လင်းဇီချန်ကိုခေါ်၍ ထွက်ပြေးခြင်းကသာ မှန်ကန်သောရွေးချယ်မှုဖြစ်မည်ကို သိပေ၏။

အခန်း (၂၈၇) ကြောက်မက်ဖွယ်အခြေအနေ သခင်အဆင့်တိုက်ခိုက်သူနှစ်ယောက်ကို လက်ဗလာဖြင့်တိုက်ခိုက်ခြင်း

မြန်လိုက်တာ....။

လင်းဇီချန်သည် ယွမ်သုန်ကျီနှင့်အတူ ရေကိုဖြတ်သန်းကာ အမြန်ဆုံးနှုန်းဖြင့် ပြေးနေရသောကြောင့် ယွမ်သုန်ကျီ၏ရေအောက်ပြေးနှုန်းသည် မိမိထက် ဆယ်ဆမြန်သည်ကို ခံစားမိသည်။ အချိန်တိုအတွင်းတွင်ပင် မီတာရာချီသို့ ရောက်နှင့်ပြီးဖြစ်သည်။ ခါးကုန်းလူကြီးနှင့်နောက်တွင်ထားခဲ့နိုင်ကာ မျက်ခြေဖြတ်လိုက်နိုင်ပြီဖြစ်၏။ မျက်နှာဖုံးခါးကုန်းလူသည် သခင်အဆင့်တိုက်ခိုက်သူဖြစ်ကာ အင်အားသည် ယွမ်သုန်ကျီထက်ပင် ပို၍ကောင်းသေးသည်။ သို့သော်လည်း အမြန်နှုန်းတွင်မူ ယွမ်သုန်ကျီကို မယှဉ်နိုင်ကြပေ။ ရေသည် သူမ၏ပိုင်နက်ဖြစ်နေသောကြောင့်သာ ဖြစ်သည်။ မြေပေါ်တွင်မူ ခါးကုန်းလူကြီးက ယွမ်သုန်ကျီကို မှီနိုင်‌သည်။

ကံမကောင်းစွာဖြင့် လက်ရှိတွင် ပင်လယ်ထဲတွင် ရောက်နေသည်။ ယွမ်သုန်ကျီ၏အိမ်ပင်ဖြစ်လေသည်။ ဆယ်စက္ကန့်မကကြာသောအခါတွင် ယွမ်သုန်ကျီနှင့် လင်းဇီချန်တို့သည် မိုင်ထောင်ချီအဝေးသို့ ရောက်ပြီးဖြစ်၏။ ရေနက်ဇုံမှ ရေတိမ်ဇုံသို့ သွားနေကြသည်။ ထို့နောက်တွင် ရေမျက်နှာပြင်ပေါ်သို့ တက်လာကြသည်။ သူမသည် လင်းဇီချန်ကို ရေထဲမှခေါ်ထုတ်ကာ ရေမျက်နှာပြင်ပေါ်၌ ရေများအတော်စင်သွားပြီး စိုရွှဲသွားကြကာ သစ်ပင်ကြီးတစ်ပင်ပေါ်သို့ တက်လိုက်ကြသည်။ ပုံမှန်ဆိုလျှင် အမြန်ဆုံးနှုန်းဖြင့်သွားနေသော်လည်း လှိုင်းလုံးလေးကခပ်ရေးရေးသာထသွားပြီး ရေပြင်သည် မှန်ကဲ့သို့ ငြိမ်သက်နေသည်။

သို့သော် ယခုတွင်မူ သူမ၏ခန္ဓာကိုယ်အခြေအနေက မဟန်သောကြောင့် မနည်းထိန်းချုပ်ထားရသည်။ ခါးကုန်းလူကြီးဖြင့် ပြင်းထန်တိုက်ပွဲဖြစ်ပြီးနောက်တွင် ခန္ဓာကိုယ်တွင်းမှ ဆန်းကြယ်သားရဲမျိုးစိတ်ကိုလည်း အသက်သွင်းထားရသေးသည်။ ထိုအချက်မှာ သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲသူတစ်ယောက်၏အားနည်းချက်ပင်ဖြစ်လေသည်။ စွမ်းအားများအတွက် ဆန်းကြယ်သားရဲမျိုးစိတ်ကို မှီခိုရပြီး ဆန်းကြယ်သားရဲမျိုးစိတ်၏ တန်ပြန်တိုက်ခိုက်ခြင်းကိုလည်း ခံရသည်။

"အခု ငါတို့ဘေးကင်းပြီ။"

ယွမ်သုန်ကျီသည် ဖျော့တော့နေသောမျက်နှာဖြင့် လင်းဇီချန်ကိုချပေးရင်းဖြင့် ပြောလိုက်သည်။ လင်းဇီချန်သည် မိမိရှေ့မှပင်စည်ကိုမှီကာ ခေါင်းမူး၍ အော့အန်ချင်နေသည်။ ယွမ်သုန်ကျီကမူ ဆန်းကြယ်သားရဲမျိုးစိတ်၏တန်ပြန်တိုက်ခိုက်မှုကြောင့် နေမထိထိုင်မသာဖြစ်နေရသည်။ လင်းဇီချန်ကမူ အမြန်နှုန်းက မြန်လွန်းကာ ခန္ဓာကိုယ်ခံနိုင်အားထက် ကျော်လွန်နေသောကြောင့် ချီသွေးများ ကမောက်ကမဖြစ်ပြီး ခေါင်းမူး၍အော့အန်ချင်နေခြင်းဖြစ်သည်။

"ရှောင်ချန်။"

စိတ်ပူနေသောခေါ်သံကို ကြားလိုက်ရသည်။

လင်းဇီချန်သည် အသံလာရာသို့ ကြည့်လိုက်သောအခါ၌ မိမိသတိရနေမိသောရှန်ချင်းဟန်ကို သစ်ပင်ကြီးတစ်ပင်၏ထိပ်တွင် တွေ့လိုက်ရသည်။ထို့အပြင် သူမ၏အပေါ်၌ စစ်တပ်စက်ပြုပြင်လူသားတစ်ဒါဇင်ခန့်နှင့် ဟယ်လီကော်ပတာနှစ်စီး၊ စက်ကြီးတစ်စက်ရှိသည်။စစ်တပ်ကယ်ဆယ်ရေး ရောက်လာလေပြီ။ယွမ်သုန်ကျီ လုံခြုံသွားပြီဟုပြောခဲ့သည်မှာ အံ့ဩစရာမရှိပေ။ ကယ်ဆယ်ရေးများ ရောက်လာသောကြောင့်ဖြစ်သည်။ ထိုအခါမှ လင်းဇီချန်လည်း သက်ပြင်းချနိုင်တော့သည်။

"ဝှစ်"

သစ်ရွက်နှင့်သစ်ကိုင်းများ အချင်းချင်းပွတ်တိုက်သွားသံကို ရုတ်တရက်ကြားလိုက်ရသည်။

ရှန်ချင်းဟန်သည် မည်သည့်နေရာက ရှာတွေ့ထားသည်မသိသောနွယ်ပင်ကြီးကိုစီး၍ ဆယ်မီတာခန့်မှ လွှဲရမ်းလာသည်။ လင်းဇီချန်က သူမကိုဖမ်း၍ ရင်ခွင်ထဲ၌ ဖက်ထားလိုက်သည်။ မကြာခင်တွင်ပင် လုထျန်းရုန်၊ လီမော်ယွီနှင့်အခြားသူများက နွယ်ပင်များကို လွှဲရမ်း၍ ရောက်လာကြသည်။ အားလုံးသည် ရေများစိုရွှဲနေကာ ရေထဲမှထွက်လာသည်မှာ မကြာသေးသည့်ပုံပင်ဖြစ်သည်။ စစ်တပ်ကယ်ဆယ်ရေးရောက်လာသည်ကို မြင်သောကြောင့် ရေ‌အောက်၌ ထွက်ပြေးနေခြင်းကို ရပ်လိုက်ခြင်းဖြစ်မည်။

"ကျောင်းအုပ်ယွမ် အဆင်ပြေရဲ့လား။"

လုထျန်းရုန်က ယွမ်သုန်ကျီနားသို့ ချည်းကပ်လာပြီး သူမ၏ဖျော့တော့နေသောမျက်နှာကို မြင်သောအခါတွင် စိတ်ပူစွာဖြင့် မေးလိုက်သည်။ ယွမ်သုန်ကျီက ပြန်ဖြေလိုက်၏။

"ကျွန်မအဆင်ပြေပါတယ်။"

ထို့နောက်တွင် သူမက မေးလိုက်သည်။

"ဘာလို့ လူနည်းနည်းလေးပဲ ရှိရတာလဲ။ အခြားလေ့ကျင့်ရေးအဖွဲ့ဝင်တွေရော။"

လုထျန်းရုန်က အပြစ်ရှိစိတ်ဖြင့် ပြုံးပြလိုက်မိကာ

"စောနက မြေခွေးမိန်းကလေးတိုက်ခိုက်တာခံခဲ့ရတယ်။ ပြီးတော့ လူစုကွဲသွားပြီး ခုထိဘယ်သူ့ကိုမှ ရှာမတွေ့သေးဘူး။"

"သိပြီ...."

ယွမ်သုန်ကျီက ခေါင်းညိတ်ပြကာ ဆက်မမေးတော့ပေ။ လူစုကွဲသွားခြင်းဖြစ်ရပေမည်။ သူမ ဂရုမစိုက်ပေ။ ရှန်ဟိုင်းတက္ကသိုလ်က ကျောင်းသားငါးယောက်ကမူ လူစုမကွဲပေ။ ထိုအချိန်တွင် ရှန်ချင်းဟန်သည် လင်းဇီချန်ရင်ခွင်ထဲတွင်ရပ်ကာ မျက်ရည်အဝိုင်းသားဖြင့် ကြည့်လိုက်သည်။

"ရှောင်ချန် ငါတကယ်စိတ်ပူနေတာ။ နင့်ကို ဂမ္ဘီရသစ်ပင်ဂိုဏ်းကလူတွေက ပြန်ပေးဆွဲသွားမှာစိုးနေတာ။ နောက်ထပ် ဒီလိုမျိုးအန္တရာယ်များတဲ့လေ့ကျင့်ရေးတွေမှာ ငါတို့ဝင်မပါဘဲနေရအောင်နော်။"

"အင်း ငါတို့ ထပ်ပြီးမပါတော့ဘူး။"

လင်းဇီချန်သည် သူမ၏မျက်ရည်များကို သုတ်ပေး၍ ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်သည်။ နောင်တွင် ပါဖြစ်မပါဖြစ်က မသေချာပေ။ သို့သော် ယခုတွင်မူ ရှန်ချင်းဟန်ကို ချော့ရန်အတွက် ထိုအဖြေကို လိုအပ်ပေသည်။

"ရှောင်ချန် ဘယ်နေရာထိခိုက်သွားသေးလဲ။"

"အပြင်ပိုင်းဒဏ်ရာအသေးအမွှားလောက်ပါ။ အခု သက်သာသွားပါပြီ။"

"နင်ရော ဘယ်နေရာထိခိုက်သွားသေးလဲ။ ငါကြည့်ကြည့်မယ်။"

"သက်သာသွားပြီ။"

"သက်သာသွားပြီဆိုပေမဲ့လို့ ငါကြည့်ကြည့်ဦးမယ်။"

ရှန်ချင်းဟန်က တိုက်တွန်းလိုက်သည်။ လင်းဇီချန်သည် သူမကို လက်ကာ၍ ပြောလိုက်သည်။

"စောနက ခါးမှာဒဏ်ရာရသွားတာ။ နွယ်ပင်တွေကြောင့် အရေပြားတွေ စုတ်ပြဲသွားတာ။ အခုအားလုံးသက်သာသွားပြီ။ ဘယ်နေရာမှာဒဏ်ရာရသွားလဲဆိုတာတောင် မင်းသိမှာမဟုတ်ဘူး။"

ရှန်ချင်းဟန်သည် တိတ်တဆိတ်ဖြင့် လင်းဇီချန်လက်ကိုဆွဲကာ ခါးကို စမ်းကြည့်သည်။ လင်းဇီချန်ကမူ သူမစစ်ဆေးသည်ကို ခွင့်ပြုထားပြီး မိုးပေါ်မှ စစ်တပ်စစ်ကူများကို ကြည့်လိုက်သည်။

ထိုထဲတွင် ဆင့်ကဲပြောင်းလဲသူတစ်ယောက်မှ မပါပေ။ အးလုံးသည် စက်ပြုပြင်လူသားများဖြစ်ပြီး ဟယ်လီကော်ပတာနှစ်စင်းနှင့် ရှုပ်ထွေးသောစက်တစ်ခုရှိသည်။ အမြန်စစ်ကြည့်ပြီးနောက်တွင် လင်းဇီချန်၏အကြည့်သည် စက်ရှိရာသို့ ရောက်သွားသည်။ ထိုစက်သည်ရှန်ဟိုင်းဖြစ်ပြီး စစ်တပ်နယ်မြေတွင်မြင်ခဲ့ဖူးကာ ဆယ်မီတာခန့်ရှည်သည့်သတ္တဝါကြီးဖြစ်သည်။ ရှန်ဟိုင်းတက္ကသိုလ်မှကျောင်းသားများကို တာဝန်ခံ၍ခေါ်လာသောသူက ထိုစက်ကို အကျဉ်းချုံးရှင်းပြပြီးဖြစ်သည်။ ရှန်ဟိုင်းမြို့ကို အစွဲပြု၍ နာမည်ပေးထားခြင်းဖြစ်ပြီး တိုက်ပွဲစွမ်းအားသည် သခင်အဆင့်တိုက်ခိုက်သူကိုယှဉ်နိုင်သည်ဟု ဆိုသည်။

"ဟမ်"

စက်များမောင်းနှင်းသံကြောင့် ဆူညံသံများထွက်ပေါ်လာပြီးနောက်တွင် ရှန်ဟိုင်းစက်က အသက်ဝင်လာသည်။ လင်းဇီချန်ရှိရာ သစ်ပင်ရှေ့သို့ ဖြည်းဖြည်းချင်းတိုးလာပြီး ယွမ်သုန်ကျီရှေ့တွင် ရပ်နေလေသည်။ စက္ကန့်ပိုင်းမျှကြာပြီးနောက်တွင် စက်၏ရင်ဘတ်အပိုင်းထဲမှအစိတ်အပိုင်းတစ်ခုက ပွင့်လာပြီး ခန္ဓာကိုယ်အစိတ်အပိုင်းအများစုကို သတ္ထုများဖြင့်လုပ်ထားသည့် စက်ပြုပြင်လူသားတစ်‌ယောက် ထွက်လာလေ၏။

အခန်း (၂၈၈) ကြောက်မက်ဖွယ်အခြေအနေ သခင်အဆင့်တိုက်ခိုက်သူနှစ်ယောက်ကို လက်ဗလာဖြင့်တိုက်ခိုက်ခြင်း (၂)

မုတ်ဆိတ်မွေးအပြည့်ရှိသော အမျိုးသားတစ်ယောက်ဖြစ်သည်။

"ကျောင်းအုပ်ယွမ် လွန်ခဲ့တဲ့တစ်နာရီကပဲ စစ်တပ်နယ်မြေကနေပြီး ဂမ္ဘီရသစ်ပင်ဂိုဏ်းရဲ့အကြီးအကဲကိုးက အထူးလေ့ကျင့်ရေးအဖွဲ့ဝင်တွေကို တိုက်ခိုက်လာတယ်ဆိုတဲ့သတင်းရတယ်။ ကျောင်းအုပ်ယွမ်က အချိန်မီ ရောက်လာတယ်ပြောတယ်။ အခုအခြေအနေက ဘယ်လိုလဲ။"

ထိုသူက ယွမ်သုန်ကျီကိုကြည့်၍ တိုက်ခိုက်သည်နှင့်ပက်သက်ပြီး မေးလိုက်သည်။ ယွမ်သုန်ကျီက မေးသည်ကိုမဖြေဘဲ အေးစက်စွာဖြင့် ခွန်းတုံ့ပြန်လိုက်သည်။

"လွန်ခဲ့တဲ့တစ်နာရီက သတင်းရတယ်ပြောတယ်။ ဘာလို့ စစ်ကူရောက်ဖို့ ဒီလောက်ကြာနေရတာလဲ။"

"စစ်တပ်ထဲမှာ ပြဿနာလေးအချို့ရှိနေလို့ပါ။"

ထိုသူက တောင်းပန်သည့်ဟန်ဖြင့် ရှင်းပြလိုက်သည်။

"စစ်တပ်နယ်မြေထဲမှာ နှစ်ပေါင်းများစွာပုန်းနေကြတဲ့ မိစ္ဆာဒိဌိတွေက ရုတ်တရက်လှုပ်ရှားလာကြတယ်။ ကျုပ်တို့ စစ်ကူလွှတ်မှာကို တားကြတယ်။"

ယွမ်သုန်ကျီက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

"ဘယ်လိုမိစ္ဆာဒိဌိကများ ရှင်တို့က အဲ့လောက်အချိန်ကြာအောင် စွမ်းဆောင်နိုင်တာလဲ။"

ခေတ္တမျှတွန့်ဆုတ်နေပြီးနောက်မှ အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။

"ကျောင်းအုပ်ယွမ် ယုံဖို့တော့ခက်ခဲမှာပဲ။ ဒါပေမဲ့လို့ လက်ထောက်တပ်မှူးချန်းက ဂမ္ဘီရသစ်ပင်ဂိုဏ်းရဲ့ စစ်တပ်နယ်မြေထဲက မိစ္ဆာဒိဌိပဲ။"

"ပြဿနာက ခုထိဖြေရှင်းမပြီးသေးဘူး။ တပ်မှူးယောင်က စစ်တပ်ထဲမှာ တပ်မှူးချန်းနဲ့ရင်ဆိုင်ပြီး အခြေအနေက ဒီတိုင်းရှိနေတုန်းပဲ။"

"ရှန်ဟိုင်းကိုမောင်းပြီး ဒီကိုလာကယ်ဖို့လည်း အတော်လေးလုပ်လိုက်ရတယ်။"

"..."

လက်ထောက်တပ်မှူးချန်းက မိစ္ဆာဒိဌိလား။

ထိုသူ၏စကားများကို ကြားသောအခါတွင် လုထျန်းရုန်သည် မယုံကြည်နိုင်စွာဖြင့် မျက်လုံးပြူးကျယ်သွားသည်။

စစ်တပ်နယ်မြေမှ တပ်ခွဲမှူးတစ်ယောက်က မည်သို့ဖြင့် မိစ္ဆာဒိဌိဖြစ်နိုင်သည်လော။

‘ဘာတွေဖြစ်နေတာလဲ’

‘ ဂမ္ဘီရသစ်ပင်ဂိုဏ်းက ရူးသွားပြီလား’

လင်းဇီချန်ကို ပြန်ပေးဆွဲရန်အတွက်ဖြင့် တန်ဖိုးကြီးကြီးမားမားပေးဆပ်ထားရသည်။ စစ်တပ်နယ်မြေတွင် ကြိုးစားပေးနေသောမိစ္ဆာဒိဌိကို ဖော်ထုတ်လိုက်သည်က ထိုက်တန်ရဲ့လော။

သွေးသန့်လူသားလမ်းစဉ်တွင်များ လျှို့ဝှက်ချက် ရှိနေသည်လော။

လုထျန်းရုန်တစ်ယောက် မရေမတွက်နိုင်သောအတွေးများစွာဖြင့် ပြည့်နှက်နေသည်။ တစ်ဖက်ကမူ ကယ်ဆယ်ရေးများ နောက်ကျနေသောကြောင့် ရှင်းပြနေခြင်းဖြစ်သည်။ ထိုစက်ကို မောင်းသောသူက ထပ်မေးလိုက်သည်။

"ကျောင်းအုပ်ယွမ် အခု အဆုံးသတ်အခြေအနေက ဘယ်လိုလဲ။"

ယွမ်သုန်ကျီက မဖြေသေးပေ။ စိတ်ပျက်ပျက်လေသံဖြင့် ထိုလူကို ပြန်ဖြေလိုက်သည်။

"အခု တိုက်ပွဲကပြီးလို့ အကူအညီက ခုမှလတာကို ဘာအခြေအနေကို မေးတာလဲ။"

"ဒါကတော့...."

ထိုသူက စိတ်မလုံမလဲဖြစ်သည့်ပုံပေါ်ကာ မည်သို့ဖြေရမည်မသိဖြစ်နေသည်။

ယွမ်သုန်ကျီကမူ လေကုန်မခံဘဲ တည့်တိုးသာ ပြောလိုက်သည်။

"စစ်တပ်နယ်မြေက ဖရိုဖရဲဖြစ်နေတာပဲ။ ခု ပြန်လို့မဖြစ်သေးဘူး။ ဟယ်လီကော်ပတာတစ်စင်းဌားလိုက်ပါ။ ကျွန်မကျောင်းသားတွေကို ရှန်ဟိုင်းတက္ကသိုလ်ကို အရင်ပြန်ခေါ်သွားလိုက်မယ်။"

ထိုသူက မသင့်တော်ဟု ခံစားရသောကြောင့် ပြောလိုက်သည်။

"ကျောင်းအုပ်ယွမ် မြို့တော်တက္ကသိုလ်နဲ့ စက်နတ်ဘုရားအုပ်စုရော၊ ကျုပ်တို့ စစ်တပ်နယ်မြေကလူတွေကိုရော ခုထိရှာမတွေ့သေးဘူး။ ရှာတွေ့ကာကျမှ တူတူပြန်ကြမယ်ဆိုရင်ရော ဘယ်လိုလဲ။"

"ကျောင်းအုပ်ယွမ်ဒီမှာရှိနေတော့ ဂမ္ဘီရသစ်ပင်ဂိုဏ်းက အကြီးအကဲကိုးက ထွက်လာရင်တောင်မှ ကျောင်းအုပ်ယွမ်အကူအညီနဲ့ ပြန်ခေါ်လို့ရတယ်။

"ကျောင်းအုပ်ယွမ်သာ ထွက်သွားရင် ဂမ္ဘီရသစ်ပင်ဂိုဏ်း အကြီးအကဲကိုးရောက်လာရင် ကျုပ်မောင်းနေတဲ့ရှန်ဟိုင်းစက်တစ်ခုတည်းနဲ့တင် ခုခံဖို့က ခက်ခဲလိမ့်မယ်။"

"..."

ယွမ်သုန်ကျီကို ထိုမျှဖြင့် စည်းရုံး၍မရနိုင်ပေ။

"ရှင်အတွေးလွန်နေတာပါ။ ဂမ္ဘီရသစ်ပင်ဂိုဏ်းရဲ့ပန်းတိုင်က လင်းဇီချန်ကို ဖမ်းဖို့ပါ။ လင်းဇီချန်မရှိတော့ရင် အခြားသူတွေလည်း လုံခြုံမှာပါ။"

ထိုသူကအခက်တွေ့သွားသောမျက်နှာဖြင့်

"အဲ့တာက ပြောရလို့တာ လွယ်တာ။ ဒါပေမဲ့ လုံခြုံတာက ပို‌ကောင်းတာပေါ့။ ဒီမှာပဲနေပြီး ကျုပ်နဲ့ပူးပေါင်းပေးပါ။"

ပြောပြီးလျှင် ပြောပြီးချင်းတွင်ပင် ခပ်လှမ်းလှမ်းမှ လေကိုခွင်းလာသောအသံကို ကြားလိုက်ရသည်။

"ဝှစ်"

"ဝှစ်"

"ဝှစ်"

ထိုဆူညံသံများကို ကြားသည့်အခါတွင် လင်းဇီချန်နှင့် ယွမ်သုန်ကျီတို့သည် ချက်ချင်းပင် အသံလာရာသို့ ကြည့်လိုက်ကြသည်။ ကောင်းကင်မျက်လုံး၏အကူအညီရှိသောလင်းဇီချန်နှင့် သခင်အဆင့်တိုက်ခိုက်သူတို့က မီတာထောင်ချီအကွာအဝေးကပင် ရောက်လာသည်ကို သိကြသည်။ မျက်နှာဖုံးစွပ်ခါးကုန်းလူကြီးပင်ဖြစ်သည်။

သစ်ပင်ကြီးများ တစ်ပင်မှတစ်ပင်ဆီသို့ ခုန်ကူးလာပြီး မိမိတို့ရှိရာအရပ်သို့ လာနေခြင်းဖြစ်သည်။ ခဏချင်းအတွင်းတွင်ပင် မီတာရာချီသာကွာတော့ကာ အားလုံး၏မြင်ကွင်းတွင် ပေါ်လာသည်။

"ကျောင်းအုပ်ယွမ် ဂမ္ဘီရသစ်ပင်ဂိုဏ်းက အကြီးအကဲကိုးရောက်လာပြီ။"

ထိုသူက စိတ်ပူစွာဖြင့် သတိပေးလိုက်သည်။ ချက်ချင်းပင် စက်ထဲသို့ဝင်ကာ တိုက်ပွဲဝင်ရန်ပြင်လိုက်၏။ အခြားသောစက်ပြုပြင်လူသားများသည်လည်း ခါးကုန်းလူကြီးရှိရာသို့ ရောက်လာကြသည်။ ယွမ်သုန်ကျီကမူ မျက်မှောင်ကြုတ်ကာသာ ချည်းကပ်လာသောသူကို ကြည့်နေမိသည်။

အကြီးအကဲကိုးက ထိုမျှကြီးသောစက်ကြီးကို မမြင်သည်လော။ မည်သို့ဖြင့် လျင်မြန်စွာ ချည်းကပ်လာရဲသနည်း။

အုပ်စုဖွဲ့၍ တိုက်မည်ကို မကြောက်သည်လော။

စက်ရုပ်တစ်ရုပ်၏တိုက်ပွဲစွမ်းအားသည် သခင်အဆင့်တိုက်ခိုက်သူကို ယှဉ်နိုင်သည်ကို သိထားသင့်သည်။ ထိုအကြီးအကဲကိုးသည် သခင်အဆင့်အင်အားရှိသည့်စက်နှင့် သခင်အဆင့်တိုက်ခိုက်သူနှစ်ယောက်လုံးကို ရင်ဆိုင်နိုင်ပါသည်လော။

ယွမ်သုန်ကျီ စဉ်းစားနေရင်းဖြင့် မျက်နှာအမူအရာက ဖျော့တော့လာသည်။ ချက်ချင်းပင် လင်းဇီချန်နှင့်ရှန်ချင်းဟန်တို့ကိုဆွဲ၍ ရေထဲသို့ ခုန်ဆင်းသွားသည်။ ချီစွမ်းအားကိုသုံး၍ အမြန်ဆုံးနှုန်းဖြင့် ထိုနေရာမှဝေးရာသို့ မြန်မြန်လွတ်အောင် ရေကူးတော့သည်။

တပ်ကူများကြားတွင် ဖုံးကွယ်ထားသောသူလျှိုတစ်ယောက်ရှိပေသည်။ ဂမ္ဘီရသစ်ပင်ဂိုဏ်းအတွက် အလုပ်လုပ်ပေးသောလူပင်ဖြစ်ရမည်။ မဟုတ်လျှင် အဘယ့်ကြောင့် အကြီးအကဲကိုးက စစ်တပ်တပ်ကူရှိသည်ကို မည်သို့ချည်းကပ်လာရဲမည်နည်း။ မည်သို့ဖြင့် ကိုယ့်သေတွင်းကို တူးလိမ့်မည်နည်း။ ရူးမိုက်သည်မှာ မဖြစ်နိုင်ပေ။

တစ်ခုတည်းသောဖြစ်နိုင်ချေသည် တပ်ကူများကြားတွင် သူလျှိုများရှိသောကြောင့်သာဖြစ်မည်။ ထိုသူလျှိုသည် စက်မောင်းနေသောလူပင်ဖြစ်ရမည်။ ထိုသူသည် စောနကပင် စကားများနေခဲ့ကာ အကြီးအကဲကိုးရောက်လာမည်ကို အချိန်ဆွဲပေးထားခြင်းဖြစ်ပေမည်။ ထို့နောက်တွင် လင်းဇီချန်ကို ဝိုင်းဖမ်းကြမည်။ ယွမ်သုန်ကျီသည် ကိစ္စအားလုံးကို သဘောပေါက်သွားသည်နှင့် လင်းဇီချန်နှင့်ရှန်ချင်းဟန်ကိုခေါ်ကာ ရေထဲတွင် အမြန်ဆုံးနှုန်းဖြင့် ကူးခတ်သွားသည်။ သူမသည် လီမော်ယွီနှင့်အခြားသူများကို ခေါ်ချင်ပါသော်လည်း လူအများကြီးခေါ်သွားခြင်းက မတတ်နိုင်ပေ။

"ဘုန်း ဘုန်း ဘုန်း ဘုန်း...."

ယွမ်သုန်ကျီ ရေထဲသို့ ခုန်ချလိုက်ချင်းချင်းတွင်ပင် စက်ပြုပြင်လူသားမျာက လေထဲမှနေ၍ ရေထဲသို့ ပစ်ခတ်တော့သည်။ ဟယ်လီကော်ပတာမောင်းသောစက်ပြုပြင်လူသားများကလည်း စက်ဖွင့်၍ ရေထဲသို့ လိုက်ကြသည်။ တစ်ချိန်တည်းတွင်ပင် ခါးကုန်းလူကြီးနှင့် ရှန်ဟိုင်းစက်သည် တစ်ယောက်ပြီးတစ်ယောက် ရေထဲသို့ဆင်းကာ နောက်မှလိုက်လာကြသည်။ ရေထဲသို့ဆင်းလာရခြင်းအကြောင်းရင်းသည် လူနှစ်ယောက်ဖြင့်ထွက်ပြေးသွားသောယွမ်သုန်ကျီနောက်သို့ လိုက်ရန်ဖြစ်သည်။ ပို၍တိကျစွာဆိုရလျှင် လင်းဇီချန်နောက်သို့ လိုက်ခြင်းသာဖြစ်၏။ တပ်ကူများထဲတွင် ဂမ္ဘီရသစ်ပင်ဂိုဏ်း၏သူလျှိုရှိနေသည်ဟုသော ယွမ်သုန်ကျီ၏သုံးသပ်ချက်က မမှန်ပေ။ တပ်ကူများထဲတွင် သူလျှိုရှိနေခြင်းမဟုတ်ဘဲ တပ်ကူများအားလုံးက ဂမ္ဘီရသစ်ပင်ဂိုဏ်းတစ်ခုလုံးဖြင့် ပူးပေါင်းထားခြင်းသာဖြစ်သည်။

"ဘာဖြစ်သွားတာလဲ။"

သစ်ပင်ပေါ်မှလုထျန်းရုန်ကလည်း မိမိဘာသာ ညည်းတွားလိုက်မိသည်။ စောနကပင် ခါးကုန်းလူကြီးက ယွမ်သုန်ကျီနောက်သို့ တစ်ဦးတည်းလိုက်နေကာ ယခုတွင်မူ စက်ပြုပြင်လူသားများနှင့် ရှန်ဟိုင်းစက်ကပါ နောက်မှလိုက်ပစ်ခတ်နေကြလေသည်။

ထို့နောက်တွင် ယွမ်သုန်ကျီက လင်းဇီချန်နှင့်ရှန်ချင်းဟန်ကိုခေါ်ကာ ရေထဲသို့ ခုန်ချသွားသည်။ ခါးကုန်းလူကြီးနှင့်စက်တို့က ရေထဲသို့ဒိုင်ဗင်ထိုးကာ လိုက်သွားသည်။ အားလုံးနီးပါးပျောက်သွားကြသည်။ လူလေးဥိးသည် သစ်ပင်များပေါ်တွင် ရပ်နေကြကာ ဖြစ်နေသည်များကို သဘောမပေါက်သေးဘဲ စဉ်းစားနေကြ၏။

"စောနက တပ်ကူတွေအားလုံးက ဂမ္ဘီရသစ်ပင်ဂိုဏ်းကများလား။"

လုထျန်းရုန်သည် တစ်ခုခုကိုတွေးမိသွားကာ ကျောထဲထိပင် ချမ်းစိမ့်သွားပြီး အကူအညီမဲ့သွားသည်ဟု ခံစားရသည်။ လီမော်ယွီ၊ မာရှိဝေနှင့် လော်ရုန်ကျန်းတို့သည်လည်း ထိုစကားကို ကြားသောအခါတွင် အတန်ငယ်တုန်လှုပ်သွားကြသည်။ လုထျန်းရုန်အသိပြန်ဝင်လာသောအခါ၌ ထိုသုံးဦးဘက်သို့လဉ့်ကာ ပြောလိုက်သည်။

"သွားကြမယ်။ ဒီကနေ မြန်မြန်ထွက်သွားရအောင်။ ဒီမှာနေရင် တိုက်ပွဲထဲမှာ ဖမ်းခံနေရဦးမယ်။"

ပြော၍မဆုံးခင်တွင်ပင် မီတာရာချီမှ ရေလုံးပေါက်ကွဲသံများကို ကြားနေရသည်။ ရေထဲမှယွမ်သုန်ကျီက အမြန်ဆုံးနှုန်းဖြင့် ပြန်လည်တိုက်ခိုက်နေခြင်းဖြစ်သည်။ ထို့နောက်တွင် ဘုန်း ဘုန်း ဟုသောအသံများကို အဆက်မပြတ်ကြားနေရသည်။

နောက်မှလိုက်တိုက်ခိုက်နေကြသောသူအားလုံးသည် ယွမ်သုန်ကျီကို ဝိုင်းထားလိုက်ကြသည်။ ပတ်ချာလည် ဝိုင်းခံလိုက်ရသဖြင့် ယွမ်သုန်ကျီလည်း အတန်ငယ်လန့်ဖျပ်သွားပုံရသည်။ လွတ်လမ်းမရှိ‌တော့ပေ။ ရေ‌အောက်ထဲတွင် ပြေးရန်ကလည်း မဖြစ်နိုင်ပေ။ ပတ်ချာလည်ကိုလည်း သွေးနီရောင်နွယ်ပင်များက ပိတ်ထားကာ လမ်းမရှိတော့ပေ။

"ကျောင်းအုပ်ယွမ် မြင့်မြတ်သူအဆင့်ရောက်အောင် ဆင့်ကဲပြောင်းလဲဖို့က မလွယ်လှဘူး။ နှစ်ဖက်လုံးထိခိုက်စရာမလိုပါဘူး။ လင်းဇီချန်ကို ငါတို့ကို လွှဲလိုက်ပါ။ အဲ့လိုဆို မင်းကို ဒုက္ခမပေးတော့ဘူး။"

ခါးကုန်းလူကြီးက ယွမ်သုန်ကျီကိုကြည့်၍ တိုက်တွန်းလိုက်သည်။

လက်ရှိအခြေအနေသည် တစ်ယောက်ဖြင့်အများကို တိုက်ခိုက်နေခြင်းဖြစ်ကာ သခင်အဆင့်ပြိုင်ဘက်နှစ်ယောက်လည်း ရှိနေသည်။ သခင်အဆင့်တိုက်ခိုက်သူတစ်ယောက်က အသေခံတိုက်ကာ အခြားအဆင့်တူတိုက်ခိုက်သူကိုမူ အနိုင်တိုက်ရန်ခက်ခဲပေသည်။ခါးကုန်းလူကြီးသည် ထိုတန်ကြေးမျိုးကို မပေးဆပ်လိုသောကြောင့် ထိခိုက်ဒဏ်ရာမရဘဲ တာဝန်ကို ပြီးမြောက်လိုပေသည်။

All Chapters