အဆုံးမဲ့နတ်ဆိုးတောင်တန်း၏အမွေအနှစ်
Vol. 76 Ch. 1126
နဂါးဘုရင်၏ ဦးခေါင်းသည် မျက်နှာထက်တွင် မယုံကြည်နိုင်မှုများ အပြည့်ဖြင့်ပင် လွင့်ထွက်သွားခဲ့သည်။
သူလွတ်မြောက်ရန် ခြေတစ်လှမ်းသာလိုတော့သည်မှာထင်ရှားသည်။
သို့သော် ဤအရေးကြီးသော အခိုက်အတန့်တွင် ချူးယွင်ဖန်း၏ဓားသည် သူ့ခေါင်းကိုဖြတ်ကာ သတ်ပစ်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါက ပျံ့နှံ့သွားသည်။ ဤရောင်ဝါတစ်ခုတည်းကပင် ပြည်ထောင်စု၏ တပ်မတော်ကို နေရာ၌ပင် ရပ်တန့်သွားစေနိုင်သည်။
“အင်အားနည်းတဲ့လူသားတွေက ဒီကိုလာတိုက်တဲ့နေ့မျိုးရောက်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”
အဆုံးမဲ့နတ်ဆိုးတောင်တန်း၏ နက်ရှိုင်းသောအရပ်တွင် လူတစ်ယောက် ဖြည်းညှင်းစွာထွက်လာရာ ခြေလှမ်းတိုင်းက မြေကြီးကို တုန်လှုပ်စေ၏။ နောက်ဆုံးတွင် လူအုပ်ကြီးက ပိန်ပိန်ပါးပါး အဘိုးကြီးတစ်ယောက်ကိုမြင်လိုက်ရသည်။ နောက်ထပ်အခိုက်အတန့်တွင် လူတိုင်း၏ ရှေ့၌ အသက်ကြီး၍ သေသွားတော့မည့်အလား အလွန်အမင်းအိုမင်းရင့်ရော်နေ၍ ဆံပင်များနှင့် မုတ်ဆိတ်များက ကျို့တို့ကျဲတဲဖြစ်နေသည်။
သို့သော် သူ၏အသွင်အပြင်နှင့်မတူဘဲ သူ၏ခြေလှမ်းများသည် အလွန်ခိုင်မာသည်။ ခြေလှမ်းတိုင်းသည် အင်အားပြင်း၍ အသံသည်ခေါင်းလောင်းသံကဲ့သို့ဖြစ်သည်။ ခန္ဓာကိုယ်သည်လည်း မထင်မှတ်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများဖြင့် ပြည့်နေသည်။ တိုက်ပွဲဝင်နေသော ပြည်ထောင်စုမှ ကျွမ်းကျင်သူများကို နှိမ်နှင်းရန် သူတစ်ယောက်တည်း လုံလောက်သည်။
“ရွှေအမတေအဆင့်”
ချူးယွင်ဖန်း၏ မျက်စံများ ကျုံ့သွားကြသည်။ ဤလူက အမှန်တကယ်ပင် ရွှေအမတေအဆင့်တွင်ရှိနေသည်။ သို့သော် ချူးယွင်ဖန်းက အံ့သြခြင်းမရှိပေ။ အဆုံးမဲ့နတ်ဆိုးတောင်တန်း၏ အခြေအနေဖြင့် ရွှေအမတေအဆင့် ကျွမ်းကျင်သူတစ်ဦးမရှိခြင်းကမှသာ ၎င်းတို့အတွက် ထူးဆန်းနေမည်ဖြစ်သည်။ ရုတ်တရက် ချူးယွင်ဖန်းက ပြည်ထောင်စုထံမှ မှတ်တမ်းတစ်ခုကို သတိရလိုက်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ပြည်ထောင်စု
ခွန်းလွန်နယ်မြေအတွင်းသို့ ဝင်ရောက်လာသောအခါတွင် ၎င်းတို့သည် အဆုံးမဲ့ နတ်ဆိုးတောင်တန်း၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရကာ ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ရသည်။
ထိုအချိန်တွင် သန်းနှင့်ချီသော ပြည်ထောင်စု၏ စစ်သားများကို လက်ဗလာဖြင့် အနိုင်ယူခဲ့သော နတ်ဆိုးနှင့်တူသော တည်ရှိမှုတစ်ခု ရှိခဲ့သည်။ ထိုအချိန်က အပြည်ထောင်စုတွင် သိုင်းပညာကျွမ်းကျင်သူအများအပြားမရှိပေ။ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူ အနည်းငယ်သာရှိခဲ့သည်။ သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုသည် လက်ရှိအချိန်နှင့် နှိုင်းယှဉ်၍မရပေ။ ထိုအချိန်တွင် ၎င်းတို့သည် ပြန်လည်တိုက်ခိုက်ရန် အင်အားမရှိသလောက်ပင်ဖြစ်ခဲ့သည်။
ထိုအခြေအနေများအောက်တွင် ပြည်ထောင်စုသည် အခြားတစ်ဖက်ကို သတ်ရန်အတွက် နျူကလီးယားဗုံးအမြောက်အမြားကို အသုံးပြုရန်မှတပါး အခြားရွေးချယ်စရာမရှိခဲ့ပေ။ အစမှအဆုံး၊ ထိုတည်ရှိမှုတစ်ခုတည်းကြောင့် သန်းရာနှင့်ချီသောသေဆုံးမှုနှင့် ဒဏ်ရာရရှိစေခဲ့သည်။ အခြားတစ်ဖက်ကလည်း မာန်တက်ခဲ့ကာ မိမိတို့ကိုယ်မိမိတို့ ယုံကြည်မှုအပြည့်ရှိ၍ ကြိုတင်ကာကွယ်မှုများမရှိခဲ့ကြသောကြောင့် နျူကလီးယားဗုံးအောက်တွင် သေကြေပျက်ဆီးခဲ့ကြရသည်။
ချူးယွင်ဖန်းက စာရွက်စာတန်းပေါ်တွင်မှတ်တမ်းတင်ထားသော အချက်အလက်များကိုမှတ်မိသည်။ ယင်းက သူ့ရှေ့ရှိ အဘိုးကြီးနှင့် အတော်တူသည်။ လူများသည် အသက်ကြီးလာနိုင်သော်လည်း ၎င်းတို့၏ စွမ်းရည်များက ကွာခြားချက်မရှနိုင်ပေ။ ချူးယွင်ဖန်းသည် ဤအဘိုးကြီးမှာ ပြည်ထောင်စုကို ဖျက်ဆီးခဲ့လုနီးပါး ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးနတ်ဘုရားဖြစ်ကြောင်း လျင်မြန်စွာ အသိအမှတ်ပြုခဲ့သည်။ အချိန်ကို ရေတွက်လျှင် သူသည် အမှန်ပင် လွန်ခဲ့သောနှစ်ပေါင်းရာချီက သူ၏ အထွတ်အထိပ်ကာလဖြစ်ခဲ့သည်။
ထိုအချိန်က မှတ်တမ်းများ အရ လူတစ်ဦးသည် သန်းနှင့်ချီသော စစ်တပ်ကို တိုက်ရိုက် လုပ်ကြံ သတ်ဖြတ်ခဲ့သဖြင့် သန်းနှင့်ချီ၍ သေဆုံးခဲ့ရသည်။ လက်ရှိ ချူးယွင်ဖန်းပင်လျှင် ယင်းကို မလုပ်နိုင်သောကြောင့် တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ သူသည်ထိုစဥ်တည်းက ရွှေအမတေအဆင့်တွင်ရှိနေခဲ့ခြင်းဖြစ်နိုင်သည်။ အခြားမည်သူမျှ မရှိပါက သူသည် ထိုအချိန်က ကျွမ်းကျင်သူဖြစ်နိုင်သည်။
ရွှေအမတေအဆင့်၏ ခန္ဓာကိုယ်အတွင်း ရောယှက်နေသော သေခြင်းနှင့်ရှင်ခြင်းစွမ်းအင်ကို ကြည့်ရင်းဖြင့် ချူးယွင်ဖန်းက ချက်ချင်းပင် ကောက်ချက်ချလိုက်သည် အမှန်ပင် ဤလူသည် ထိုစဥ်ကနှင့်အတူပင်ဖြစ်သည်။ ပြည်ထောင်စုက အခြားတစ်ဖက်ကို နျူကလီးယားဗုံးများဖြင့် ဖျက်ဆီးခဲ့သည်ဟု ထင်ခဲ့သော်လည်း တကယ်တမ်းတွင် အခြားတစ်ဖက်က သေဆုံးခြင်းမရှိခဲ့ပေ။ သို့သော်ထိုအချိန်က နျူကလီးဗုံးကို အလွယ်တကူ အသုံးပြုနိုင်ခဲ့ခြင်းမဟုတ်ကြောင်း ထင်ရှားသည်။
တကယ်တမ်းတွင် ဤသည်က လွန်ခဲ့သော နှစ်ပေါင်းများစွာက နျူကလီးယားဗုံးဖြစ်ခဲ့လျှင်ပင် ရွှေအမတေအဆင့်က အပြင်းအထန် ဒဏ်ရာရနိုင်သည့်အပြင် မပြင်ဆင်ထားပါက သေဆုံးသွားနိုင်သည်။
ရွှေအမတေအဆင့်ရှိ အဖိုးအိုသည် သိသိသာသာ ပြင်းထန်စွာ ဒဏ်ရာရခဲ့၍ ဖျောက်ဖျက်၍မရသော ဒဏ်ရာများဖြင့် ကျန်ရစ်ခဲ့ခြင်း ဖြစ်နိုင်သည်။ ပြည်ထောင်စုက သူ့ကို မတွေ့ရသည်မှာ နှစ်အတန်ကြာခဲ့ပြီဖြစ်ရာ တရားဝင်မှတ်တမ်းများတွင် သူသေဆုံးသွားပြီဟု မှတ်တမ်းတင်ထားသည်။
“နဂါးဘုရင်ကြီး အဲ့တာ နဂါးဘုရင်ဟောင်းကြီးပဲ” အဆုံးမဲ့နတ်ဆိုးတောင်တန်းမှ ကျွမ်းကျင်သူတစ်ဦးက အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။ နတ်ဆိုးများစွာသည် ၎င်းတို့၏ စိတ်ဓာတ်များ တက်ကြွလာသည်ဟု ခံစားမိသည်။ ချူးယွင်ဖန်း၏လက်ချက်ကြောင့် ဘုရင်ကြီးသုံးပါး သေဆုံးသွားပြီးနောက် နဂါးဘုရင်ဟောင်းသည် ဤကမ္ဘာတွင် အသက်ရှင်နေဦးမည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာက တိုက်ပွဲအပြီးတွင် နဂါးဘုရင်ဟောင်းသည် ဒဏ်ရာပြင်းထန်စွာဖြင့် ပြန်လည်ရောက်ရှိလာခဲ့သည်။ ထို့နောက် မကြာခင်၌ နဂါးဘုရင်ဟောင်းကြီး ကွယ်လွန်သွားပြီဟူသော ကြေညာချက်ကိုသာကြားခဲ့ကြရသည်။ ထိုအချိန်မှစ၍ လက်ရှိနဂါးဘုရင်က နိုင်ငံတော်၏ ထီးနန်းကို သိမ်းပိုက်ခဲ့သည်။ နဂါးဘုရင်စောင်းကြီး သက်ရှိထင်ရှားရှိနေဆဲဖြစ်ကြောင်း နှစ်ပေါင်းရာနှင့်ချီ၍ မည်သူမျှ မသိခဲ့ကြပေ။ ယခုမူ ဤအရာသည် ကြီးမားသော ဝှက်ဖဲတစ်ခုဖြစ်သည်မှာ သံသယဖြစ်ရန်ပင်မလိုတော့ပေ။
ထိုသို့သော ကျွမ်းကျင်သူဖြင့် ၎င်းတို့သည် အခြေအနေကို ပြောင်းပြန်လှန်ကာ ပြည်ထောင်စု၏ ကျွမ်းကျင်သူများကို သတ်ပစ်နိုင်ရန် မျှော်လင့်ချက်ပြန်ရှိလာခဲ့သည်။ တတ်နိုင်ပါက ပြည်ထောင်စုကို ပျက်သုဥ်းစေရမည့်အချိန်ပင်ဖြစ်သည်။
ဤတိုက်ပွဲတွင် အရာအားလုံးကို တစ်ချက်တည်းဖြင့် နှစ်ဖက်လုံးက တိုက်ခိုက်ကြရတော့မည်။
“အင်အားနည်းတဲ့လူသားတွေက ဒီလောက်ထိ ရောက်လာနိုင်မယ်လို့ ခင်ဗျားမမျှော်လင့်ထားဘူးပေါ့။ ဒါပေါ့.. ကျုပ်တို့ကလည်း လွန်ခဲ့တဲ့နှစ်ရာချီက ကျုပ်တို့သတ်ထားတဲ့ ရွှေအမတေအဆင့် ကျွမ်းကျင်သူက အသက်ရှင်နေဦးမယ်လို့ မမျှော်လင့်ထားမိဘူး” ချူးယွင်ဖန်းက ဘာသိဘာသာပြောလိုက်သည်။
"မှန်ပါတယ်။ လူသားတွေရဲ့ သက်တမ်းနဲ့ မင်းရဲ့အသက်အရွယ်အရ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက လျှို့ဝှက်ချက်ကို မင်းသိလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။" နဂါးဘုရင်ဟောင်းက ချူးယွင်ဖန်းကို လှောင်ပြောင်သည်။
"ဒါက လျှို့ဝှက်ချက်မဟုတ်ဘူး၊ ဒါပေမယ့် ကျုပ်သိချင်မိတယ်။ နှစ်တွေ ရာနဲ့ချီကြာခဲ့တာတောင် ခင်ဗျားရဲ့ မူလစွမ်းအားကို ဘယ်လိုသုံးနိုင်သေးတာလဲ” ချူးယွင်ဖန်းက ရယ်မောကာ ပြောသည်။
နဂါးဘုရင်အိုကြီးသည် ၎င်း၏ ရွှေအမတေအထွတ်အထိပ်အဆင့်တွင်ရှိနေပါက ချူးယွင်ဖန်းသည် သူ့အသက်ကို စတေးကာ တိုက်ပွဲဝင်ရန်မှ တပါး အခြားရွေးချယ်စရာမရှိတော့ပေ။ သို့သော်လည်း နဂါးဘုရင်ဟောင်းကမူ မတူပေ။ သူသည် ရွှေအမတေအဆင့်တွင်ရှိနေသော်လည်း အထွတ်အထိပ်အဆင့်တွင်မရှိတော့ကြောင်း ထင်ရှားသည်။ သူသည် အသက်ကြီးရင့်လာကာ အင်အားလည်း ချိနဲ့လာသည်။ ယခင်က သေလုနီးပါး ဒဏ်ရာများကို ရခဲ့သည်။
ချူးယွင်ဖန်းက အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။ အထူးသဖြင့် ထိုနတ်ဘုရားကို မတိုက်ခိုက်မီတွင် ရွှေအမတေအဆင့်တစ်ဦးနှင့်တိုက်ရမည့်အခွင့်အရေးရရန် ရှားပါးလွန်းသည်။ ဤသည်က အဖိုးတန်သော အတွေ့အကြုံဖြစ်သည်မှာ သံသယဖြစ်ဖွယ်ပင်မလိုပေ။
“မင်းကို သတ်ဖို့လုံလောက်ပြီ” နဂါးဘုရင်၏ နတ်အာရုံက စစ်မြေပြင်တစ်ခုလုံးကို
လွှမ်းခြုံထားပြီးဖြစ်၍ အခြေအနေတစ်ခုလုံးကို ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။ အမှန်တကယ် အန္တရာယ်ရှိခဲ့သူမှာ ချူးယွင်ဖန်းအဖွဲ့ဖြစ်သည်။ အခြားအဖွဲ့များကို ကျွမ်းကျင်သူများစွာက ချုပ်နှောင်ထားရာ ချူးယွင်ဖန်း၏အဖွဲ့တစ်ဖွဲ့တည်းသာ ခုန်ပျံကျော်လွှားတက်လာခဲ့သဖြင့် ၎င်းတို့ကို မည်သူမှ မတားဆီးနိုင်ခဲ့ပေ။
ချူးယွင်ဖန်း၏လက်အောက်၌ ဘုရင်သုံးယောက်သတ်ဖြတ်ခြင်းခံခဲ့ရသည်။ ချူးယွင်ဖန်းကို တားဆီးနိုင်သရွေ့ ပြည်ထောင်စုတပ်မတော်တစ်ခုလုံးကို ချုပ်ငြိမ်းသွားစေနိုင်မည်ဖြစ်သည်။
နဂါးဘုရင်ကြီးက ကျယ်လောင်စွာ အော်ဟောက်လိုက်ပြီးနောက် ပါးစပ်ထဲမှ အံ့ဖွယ်ကောင်းသော
ဓားသွားအလင်းထွက်လာသည်။ ကောင်းကင်တွင် ကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခုဖြစ်ပေါ်လာပြီးနောက် ချူးယွင်ဖန်းဆီသို့ ဦးတည်လာသည်။ ရိုးရှင်းသော တိုက်ခိုက်မှုတစ်ခုဖြစ်သော်လည်း စွမ်းအားက ကြီးမားသည်။ မွန်းစတားများဖြစ်စေ ပြည်ထောင်စု၏ စက်ရုပ်တပ်ဖြစ်စေ အားလုံးဖိနှိပ်ခံရကာ မလှုပ်ရှားနိုင်ခဲ့ကြပေ။
ဤသည်က နဂါးဘုရင်ဟောင်းကြောင့်ဖြစ်နေခြင်းဖြစ်ကြောင်း အားလုံသိကြသည်။ သို့သော် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ပေါ်သို့ ဓားသွားအလင်းတန်းကျရောက်ခါနီးတွင် သူက ရုတ်တရက်ရှေ့သို့ တစ်လှမ်းတိုးကာ နဂါးဘုရင်ဟောင်း၏ ဖိအားကို ကျော်ဖြတ်လိုက်သည်။
သူ့တစ်ကိုယ်လုံး တောက်ပနေကာ သူ့ခန္ဓာကိုယ်မှ မရေမတွက်နိုင်အောင်များပြားလှသော ဓားစွမ်းအင်များ ထွက်ပေါ်လာသည်။ ၎င်းတို့သည် လေထဲတွင် ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းအဖြစ်သို့ ပြောင်းလဲကာ နဂါးဘုရင်၏ ဓားအလင်းကို ထိပ်တိုက်ရင်ဆိုင်လိုက်ကြသည်။