← Chapters

အပိုင်း ၂၉၂-၂၉၄

Vol. 20 Ch. 292-294

အပိုင်း ၂၉၂-၂၉၄

Vol. 20 Ch. 292-294

အခန်း (၂၉၂) ရေနတ်ဘုရား ဂမ္ဘီရသစ်ပင်ဂိုဏ်းကအကြီးအကဲကိုးကျသွားပြီ (၂)

နောက်တွင်မူ ပင်လယ်ရေမျက်နှာပြင်တစ်ခုလုံးသည် ပြင်းပြင်းထန်ထန် ထကြွလာသည်။ ထို့နောက်တွင် ရေဖြင့်လုပ်ထားသော ကြီးမားလှသည့် ရေလက်တံကြီးတစ်ခုက ချက်ချင်းပင် ပင်လယ်ရေအောက်မှ ထွက်ပေါ်လာသည်။ ထိုရေလက်တံကြီးက လက်ဖြန့်ကာ ကောင်းကင်နှင့်နေမင်းကို အုပ်မိုးလိုက်သည်။ ‌တောင်တစ်တောင်ဖြင့်ဖိသည့်အားဖြင့်အတူ ခါးကုန်းလူကြီးကို အောက်သို့ရောက်အောင် ရိုက်ချပစ်သည်။

"ဘုန်း...."

ခါးကုန်းကြီးသည် ရှောင်ရန်အချိန်မရှိဘဲ ရေအောက်ထိရောက်အောင် ရိုက်ချခံလိုက်ရသည်။ ထိုရိုက်ချက်၏အားက လွန်စွာကြောက်စရာကောင်းလှသည်။ မီတာရာချီအဝေးမှ လှိုင်းလုံးကြီးများက လင်းဇီချန်နှင့်ရှန်ချင်းဟန်တို့ကို လှုပ်ခါကာ ကောင်းကင်အမြင့်ဆီသို့ ပစ်တင်ပေးလိုက်သည်။ ရေမားသောရေလက်ဝါးကြီးက အောက်မှဖမ်းထားပေးသည်။ လင်းဇီချန်သည် မိမိအောက်မှ ကြီးမားသောပင်လယ်ရေလက်တံကြီးကိုကြည့်ကာ စိတ်ထဲတွင် အတွေးများနေမိသည်။ ထိုကြီးမားသောလက်တံကြီးက ခါးကုန်းလူကြီးကိုပင် ရိုက်ချပစ်နိုင်သည်။ မိမိနှင့်ရှန်ချင်းဟန်ကိုမူ ရတနာကဲ့သို့ ညင်သာစွာဆက်ဆံသည်။

"ဒါက ဟန်ဟန်ရဲ့ရေအစွမ်းနဲ့ဆက်စပ်နေတာများလား။"

ထို့နောက်တွင် ရှန်ချင်းဟန်က အနားတိုးလာကာ ကြောက်နေဟန်ရှိသည်။

"ရှောင်ချန် ဒါက ဘာကြီးလဲ။"

သူမ၏ပတ်ချာလည်တွင် ထူးဆန်းလှသည့် ရေစက်များစွာရှိသည်။ ထိုရေစက်များသည် အသက်ရှိသည့်ဟန်ပေါ်ကာ သူမမျက်လုံးရှေ့တွင် လွင့်မျောနေကြသောစကားလုံးများနှင့်တူသည်။ ထိုရေစက်များက ရှန်ချင်းဟန်အနားတွင် လှည့်လည်နေသည်ကို တွေ့ရသောကြောင့် လင်းဇီချန်က အမြန်ပင် နှစ်သိမ့်ပေးလိုက်သည်။

"မကြောက်ပါနဲ့။ ဒါက ရေနဲ့ဆက်စပ်နေတဲ့မင်းရဲ့စူပါအစွမ်းပဲဖြစ်မှာ။"

ထိုသို့ပြောပြီးနောက်တွင် အမြန်ပင် မေးလိုက်၏။

"စောနက ထူးဆန်းတဲ့အသံတွေ ကြားလိုက်သေးလား။"

ထူးဆန်းသောအသံဆိုသည်မှာ ပင်လယ်သို့သွားသည့်အခါတွင် ကြားရသည့်ထူးဆန်းသည့်တီးတိုးသံများဖြစ်သည်။ ရှန်ချင်းဟန်၏မျက်လုံးများက နီရဲနေဆဲပင်ဖြစ်သည်။ မျက်လုံးထောင့်၌ မျက်ရည်စလေးများက တွဲလဲခိုနေသည်။ ထိုအခါတွင် လင်းဇီချန်၏မေးခွန်းကြောင့် မျက်လုံးထောင့်မှမျက်ရည်စများကိုသုတ်၍ ပြောပြလိုက်သည်။

"အင်း ခုနက နတ်ဘုရားကိုစော်ကားတာပဲ။ နတ်ပြစ်ဒဏ်ခတ်မယ်လို့ပြောလိုက်တာကြားလိုက်တယ်။ ပြီးတော့ ရုတ်တရက်ကြီး လှိုင်းလုံးတွေမြင့်တက်လာတာပဲ။"

နတ်ဘုရားကို စော်ကားသည်လော။

နတ်ပြစ်ဒဏ်ပေလော။

လင်းဇီချန်သည် ရှန်ချင်းဟန်ကိုကြည့်၍ ပြောလိုက်သည်။

"မင်းက တကယ်ပဲ ရေနတ်ဘုရာတို့ ပင်လယ်နတ်ဘုရားတို့လိုမျိုး ဒဏ္ဍာရီထဲကနတ်ဘုရားများဖြစ်နေမလားပဲ။"

ရှန်ချင်းဟန်က ခေါင်းခါပြလိုက်သည်။

"ငါလည်းမသိတော့ဘူး..."

လင်းဇီချန်သည် တစ်ခုခုကိုတွေးမိသွားကာ ပြောလိုက်သည်။

"မင်းဒီရေလက်ဝါးကြီးကို ထိန်းချုပ်လို့ရလား။"

ရှန်ချင်းဟန်က ခေါင်းထပ်ခါပြလိုက်ပြန်သည်။

"မလုပ်နိုင်ဘူး။"

လင်းဇီချန် စဉ်းစားနေမိပြန်သည်။ ဘဝတွင် ထိုမျှထူးဆန်းသောကိစ္စကို ကြုံရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

"ဘုန်း"

ရုတ်တရက်ပင် မီတာရာချီမှပင်လယ်ရေမျက်နှာပြင်သည် ရေစင်သံနှင့်အတူ ပေါက်ကွဲသွားပြန်သည်။

လင်းဇီချန်က ကြည့်လိုက်သည်။ မျက်စိရှေ့မှမြင်ကွင်းတွင် ခါးကုန်းလူကြီးသည် ပင်လယ်ရေမျက်နှာပြင်မှ ကြောက်လန့်နေသောမျက်နှာဖြင့် တက်လာကာ ထွက်ပြေးရန်အတွက် အကြောက်အကန်ကြိုးစားနေခြင်းဖြစ်၏။ သို့‌သော်လည်း ရေပြင်ပေါ်တက်လာသည်နှင့် မိမိအောက်မှ ရေလက်တံကြီးက ထပ်မံထွက်ပေါ်လာကာ ထွက်ပြေးမည့်ခါးကုန်းလူကြီးကို ဖမ်းဆုပ်ထားသည်။ လက်ချောင်းများတွင် အားထည့်ပြီးညှစ်လိုက်သဖြင့် ဖမ်းခံထားရသောခါးကုန်းလူကြီးသည် နာကျင်နေကာ သွေးချောင်းဆိုး၍ အသက်သည်ပင် အနည်းရုန်းကန်နေရသည်။

"ကျောင်းအုပ်ယွမ် ငါ့ကို မသတ်ပါနဲ့။"

"အသက်ရှင်ရင်ကို ကျေးဇူးတင်ပါပြီ။ သေတာထက် ပိုပြီးအသုံးဝင်သေးတယ်။"

"အခြားသူတွေမသိတဲ့လျှို့ဝှက်ချက်အများကြီးကို ငါက သိထားတယ်။"

သေခြင်းတရားနှင့်နီးကပ်လာသောအခါတွင် ခါးကုန်းလူကြီး၏မျက်နှာသည် ကြောက်လန့်မှုဖြင့် ပြည့်နှက်နေကာ အသက်ရှင်နိုင်ရန်လည်း အသံကျယ်ကျယ်ဖြင့် အသနားခံကာ ကြိုးစားနေရှာသည်။ ခါးကုန်းလူကြီးက မိမိကိုတိုက်ခိုက်သူမှာ ယွမ်သုန်ကျီဟုထင်နေသည်ကို လင်းဇီချန်သိလိုက်သည်။

"ကျောင်းအုပ်ယွမ်"

"ကျောင်းအုပ်ယွမ် မူလမြေမှာ မင်းသားနဲ့သမီးသေသွားရတဲ့အမှန်တရားကိုရော သိရဲ့လား။"

"ငါ့အသက်ကို ချမ်းသာပေးပါ။ အမှန်တရားကို ပြောပြပါ့မယ်။"

ခါးကုန်းလူကြီးသည် သွေးချောင်းများအန်နေကာ ကြောက်လန့်တကြားဖြင့် အော်ဟစ်နေရှာသည်။ သို့သော်လည်း မည်မျှပင် ကြိုးစားပါသော်လည်း တုံ့ပြန်မှုမရှိ‌ပေ။ ယွမ်သုန်ကျီက ထိုနေရာတွင် မရှိသောကြောင့်ဖြစ်၏။ ထိုအချိန်တွင် ယွမ်သုန်ကျီကမူ အသက်ရှင်ရုံလေးသာဖြစ်ပြီး ပင်လယ်၏တစ်နေရာတွင်မျောနေကာ မသေဆေးပက်ကျိက သူမ၏ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း ပြန်လည်ကုစားပေးနေသည်။

"သေတာနဲ့ပက်သက်ပြီး အမှန်တရားက ဘာလဲ။"

ခါးကုန်းလူကြီးပြောသည်ကို ကြားသောအခါတွင် လင်းဇီချန် သိချင်သွားမိသည်။ အခြားဇာတ်လမ်းများရှိနေသေးသည်လော။ လျို့ချွမ်ဝူနှင့် ယွမ်သုန်ကျီတို့၏ကလေးများသည် တစ်စုံတစ်ယောက်လက်ချက်ဖြင့် သေသွားရသည်လော။

ထိုအချိန်တွင် ခါးကုန်းလူကြီးကိုဆုပ်ကိုင်ထားသောရေလက်တံကြီးသည် အမြန်ပင် ရှေ့တိုးလာကာ လင်းဇီချန်ရှေ့တွင် ရပ်သွားသည်။ တိတိကျကျဆိုရလျှင် သူ့ဘေးတွင်ရှိသော ရှန်ချင်းဟန်ရှေ့တွင်ဖြစ်၏။ ခါးကုန်းလူကြီးသည် အစက ယွမ်သုန်ကျီထံတွင် အသနားခံနေချင်သည်။ သို့သော် ပါးစပ်ဟရန်ပြင်လိုက်စဉ်တွင်ပင် ရှန်ချင်းဟန်နားမှရေစက်များက အဆက်မပြတ်ပြောင်းလဲနေသည်ကို တွေ့လိုက်ရသည်။ ထို့အပြင် ယွမ်သုန်ကျီသည် အစမှအဆုံးထိ ပေါ်မလာသည်ကို စဉ်းစားကြည့်လျှင် ထိုတိုက်ခိုက်မှုသည် ယွမ်သုန်ကျီလုပ်နေခြင်းမဟုတ်ဘဲ မိမိရှေ့မှမိန်းကလေးက လုပ်နေခြင်းသာဖြစ်သည်။ မယုံကြည်နိုင်စွာဖြင့် မျက်လုံးအပြူးသားဖြစ်သွားကာ

"မင်းပဲ။ မင်းပဲ။ တကယ်ပဲ မင်းက ဘယ်သူလဲ..."

"ဘုန်း...."

ခါးကုန်းလူကြီး ပြော၍မဆုံးခင်တွင်ပင် လက်တံကြီးက အားပြင်းပြင်းဖြင့်ပင် လင်းဇီချန်တို့နှစ်ဦးရှေ့၌ သွေးဖြစ်အောင်ထိ အမှုန့်ကြိတ်ဖြစ်ကာ ရေလက်တံသည်ပင် အနီရောင်ပင်လယ်ရေအဖြစ်ပြောင်းသွားသည်။

သေသွားပြီလော။

မိမိရှေ့မှ သွေးများစွန်းထင်းနေသည့်လက်တံကြီးကိုကြည့်၍ လင်းဇီချန်သည် အတန်ငယ်ကြောင်နေသည်။ အားကောင်းသောသခင်အဆင့်တိုက်ခိုက်သူက သေသည့်အရိပ်အယောင်တစ်စလေးပင် မတွေ့ရဘဲ ထိုပုံစံဖြင့် ကျရှုံးသွားပြီလော။

"ဗွမ်း...."

ခါးကုန်းလူကြီးကို သတ်ပြီးနောက်တွင် လက်တံကြီးက ပဲစေ့အရွယ်မိုးရေစက်များအဖြစ် ပျောက်ကွယ်သွားပြီး ပင်လယ်ထဲသို့ ပြန်ကျသွားသည်။

မိမိရှေ့မှမြင်ကွင်းကို လင်းဇီချန်က မယုံကြည်နိုင်စရာကောင်းစွာဖြင့် ကြည့်နေမိသည်။ အစစ်အမှန်မဟုတ်ဟုသာ ခံစားနေရသည်။ သခင်အဆင့်တိုက်ခိုက်သူသည် အင်အားမရှိသောရှန်ချင်းဟန်ကြောင့် သေသွားရသည်။ အိပ်မက်လိုမျိုးပင် ဖြစ်နေ၏။ မကြာခင်တွင်ပင် လင်းဇီချန်နှင့်ရှန်ချင်းဟန်ကိုကိုင်ထားသောလက်တံက ဖြည်းဖြည်းချင်းဖြင့် ရေစက်များအဖြစ်သို့ ပြောင်းသွားကာ ပင်လယ်ထဲတွင် ပြန့်ကျဲသွားသည်။ ရှန်ချင်းဟန်ဘေးနားမှရေစက်များကလည်း ပင်လယ်ထဲသို့ ပြန်ကျသွားသည်။ စက္ကန့်ပိုင်းအတွင်းပင် နှစ်ဦးလုံး ပင်လယ်ထဲသို့ ပြန်ကျသွားပြီး အံ့အားသင့်နေသောမျက်နှာများဖြင့် လှိုင်းမထဘဲတည်ငြိမ်နေသည့်ပင်လယ်ကြီးကို ကြည့်နေမိသည်။ ဖြစ်ပျက်သမျှအားလုံးသည် အိပ်မက်တစ်ခုကဲ့သို့ပင်။ လင်းဇီချန်သည် အတော်ကြာအောင် ကြောင်ကြည့်မနေပေ။ သွေး‌ရေများ ဖြည်းဖြည်းချင်းပျောက်ကွယ်နေသည်ကို မြင်မိသောအခါတွင် အသန်မာဆုံးအောင်မြင်မှုက မိမိကို အသက်ဓာတ်ပါသည့်သွေးရည်များကို စုပ်ယူခိုင်းနေသည်။ အသိဝင်လာသောအခါတွင်မူ အမြန်ပင် ထိုသွေးရေများရှိရာသို့ ကူးခတ်သွားပြီး အတွေးဖြင့် ဝါးမျိုဟု တွေးလိုက်သည်။

နောက်တွင်မူ လေဟာနယ်ထဲ၌ စာကြောင်းလေးကြောင်းပေါ်လာသည်။

(သင်သည် သစ်သားမှင်စာ၏အသက်ဓာတ်ပမာဏများစွာကို စုပ်ယူပြီးပါပြီ။)

(တောအရှင်စွမ်းအား - ၈၇%)

(သင်သည် ကိုးမျိုးလှဉ့်ဝိညာဉ်ပိုးကောင်၏အသက်ဓာတ်ပမာဏများစွာကိုစုပ်ယူပြီးပါပြီ။)

(အဆင့်မြင့်ဝိညာဉ်စွမ်းအား _ ၉၉%)

လင်းဇီချန်သည် စာတန်းများကိုကြည့်ကာ အတန်ငယ်စိတ်ပျက်သွားမိသည်။

သခင်အဆင့်တိုက်ခိုက်သူက ဆန်းကြယ်သားရဲမျိုးစိတ်နှစ်ခုဖြင့်သာ ပေါင်းစပ်ထားသည်လော။ အနည်းငယ်မျှ သာမန်ဆန်လွန်းလှသည်။

စဉ်းစားနေစဉ်တွင်ပင် မီတာထောင်ချီမှ အင်အားတစ်ခုက ချည်းကပ်လာသည်ကို ခံစားမိသည်။ ထိုစွမ်းအင်ကို ရင်းနှီးနေသည်။ ယွမ်သုန်ကျီပင် ဖြစ်လေသည်။ စက္ကန့်ပိုင်းမျှကြာသောအခါတွင် ခန္ဓာကိုယ်တွင် နဂါးကြေးခွံများအပြည့်ဖြစ်နေသောယွမ်သုန်ကျီသည် ရေထဲမှထွက်လာသည်။ အခြေအနေက မဟန်လှပေ။ ခန္ဓာကိုယ်က ကြောက်စရာကောင်းသောဒဏ်ရာအပြည့်ဖြင့် ဖြစ်သည်။ မသေဆေးပက်ကျိသည် ဒဏ်ရာများစွာကို ကုသနိုင်စွမ်းရှိသော်လည်း ခန္ဓာကိုယ်တွင်းတွင် ထိုသို့အလုပ်ဖြစ်ရန် စွမ်းအင်ရှိမှဖြစ်ပေမည်။ ထိုအချိန်တွင် ယွမ်သုန်ကျီသည် ခန္ဓာကိုယ်ကိုကုသရန် စွမ်းအားမလုံလောက်တော့ပေ။

"ဂမ္ဘီရသစ်ပင်ဂိုဏ်းက အကြီးအကဲကိုးက မရှိတော့ဘူးလား။"

ယွမ်သုန်ကျီသည် ဝိညာဉ်စွမ်းအားဖြန့်ကျက်ကာ ဖျော့တော့သောအသံဖြင့် မေးကြည့်လိုက်သည်။ လင်းဇီချန်က ချက်ချင်းပင် ပြန်ဖြေလိုက်၏။

"ကျွန်တော်လည်းမသိဘူး။ သူ့ကို မမြင်တော့ဘူး။"

ယွမ်သုန်ကျီက အပြင်လူမဟုတ်ပေ။ သို့သော် ရှန်ချင်းဟန်၏လျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးရပေမည်။ ခါးကုန်းလူကြီးသေသွားသည်ကို သိသော်လည်း မည်သူ့ကိုမှမယုံသောကြောင့် မပြောပြပေ။ယွမ်သုန်ကျီကလည်း ထပ်မမေးတော့ပေ။

နှစ်ဦးလုံးအဆင်ပြေသည်ကို မြင်သောကြောင့် စိတ်သက်သာရာရသွားသည်။ ခါးကုန်းလူကြီးရှိနေလည်း ကိစ္စမရှိ‌ပေ။ မိမိရှေ့မှ ပါရမီရှင်နှစ်ဦး အန္တရာယ်ကင်းရန်ကသာ အရေးကြီးဆုံးဖြစ်သည်။ စဉ်းစားရင်းဖြင့် ယွမ်သုန်ကျီသည် အချိန်ဖြုန်းမနေတော့ဘဲ ချက်ချင်းပင် အတွေးများကိုစုစည်းကာ ထိုနှစ်ယောက်ကို ရေထဲမှမ၍ ကမ်းရိုးတန်းတောအုပ်ရှိရာသို့ ဖြည်းဖြည်းချင်း တွန်းပို့ပေးလိုက်လေ၏။

အခန်း (၂၉၃) မူလမြေက မြေခွေးမိန်းမပျို

ထိုအချိန်အတောအတွင်းတွင် ယွမ်သုန်ကျီသည် လင်းဇီချန်နှင့် ရှန်ချင်းဟန်ကို ကမ်းရိုးတန်းမှဝေးရာသို့ ခေါ်သွားပေးသည်။ လှိုင်းလုံးများမတက်နိုင်သည့် တောင်ကုန်းမြင့်မြင့်တစ်ခုပေါ်တွင် ရပ်လိုက်ကြသည်။ လင်းဇီချန်တို့နှစ်ဦးကို ချပေးပြီးနောက်တွင် ယွမ်သုန်ကျီက ချက်ချင်းပင် မီတာတစ်ရာအတွင်းမှ အပင်အားလုံးကို ခုတ်လှဲပစ်ပြီး မြေကြီးကို ရှင်းလင်းပစ်သည်။ စစ်တပ်မှတပ်ကူများရောက်လာသောအခါတွင် မြင်စေရန်ပင်ဖြစ်၏။

"မင်းတို့နှစ်ယောက် ဒီမှာနေခဲ့ကြ။ ငါအခြားသူတွေကို သွားရှာလိုက်ဦးမယ်။"

ယွမ်သုန်ကျီက ထိုသို့ပြောပြီးနောက်တွင် ထွက်သွားလေသည်။ ခြေဖျားလေးကိုအသာထုတ်လိုက်ပြီးနောက်တွင် လေထဲသို့ ပျံသန်းသွားကာ ကမ်းရိုးတန်းတောအုပ်ဆီသို့ ပြန်သွားပြီး လူကွဲနေသောလေ့ကျင့်ရေးအဖွဲ့သားများကို သွားရှာခြင်းဖြစ်သည်။ ထွက်သွားသောယွမ်သုန်ကျီကိုကြည့်၍ လင်းဇီချန်သည် ထိုမြင်ကွင်းကို သဘောကျနေမိသည်။

ပျံနိုင်သည့်လူသုံးမျိုးသာ ရှိသည်။ ပထမတစ်မျိုးသည် စက်ပြုပြင်လူသားများဖြစ်ပြီး လေကိုကန်သည့်ကိရိယာများဖြင့် ပျံသန်းခြင်းဖြစ်သည်။ ဒုတိယတစ်မျိုးသည် အတောင်ပံပါသည့် သွေးမျိုးဆက်လူသားများဖြစ်သည်။ တတိယတစ်မျိုးသည် သခင်အဆင့်နီးပါးအထိ ဝိညာဉ်စွမ်းအားမြင့်သောသူများပင် ဖြစ်သည်။ လင်းဇီချန်အတွက် ပျံသန်းရန်ကမူ တတိယအမျိုးအစားထဲတွင်ပါကာ ဝိညာဉ်စွမ်းအားက သခင်အဆင့်ထိရောက်မှ ပျံသန်းနိုင်မည်ဖြစ်သည်။

တောဥပဒေသစွမ်းအားအကူအညီဖြင့်ဆိုလျှင် ထိုသို့ပျံသန်းနိုင်လာမည်ဟု ခံစားမိသည်။ နောင်တွင် ဝိညာဉ်စွမ်းအားနှင့်သက်ဆိုင်သည့်ဆန်းကြယ်သားရဲသားများကို များများစားပေးရမည်။ ယွမ်သုန်ကျီက ဖြည်းဖြည်းချင်းပျံသန်းသွားကာ လင်းဇီချန်လည်း အကြည့်လွှဲလိုက်သည်။ ဘေးဘီသို့ကြည့်လိုက်သောအခါတွင် မိမိရှေ့၌ ကျောက်တုံးပြားပြားချပ်ချပ်ကြီးတစ်ခုကို တွေ့သည်။ ထို့ကြောင့် ‌ဘေးနားမှ ရှန်ချင်းဟန်ကို ပြောလိုက်သည်။

"အဲ့မှာသွားထိုင်ရအောင်။ ချီစွမ်းအားသုံးပြီး မင်းအဝတ်အစားတွေကို ခြောက်အောင်လုပ်ပေးမယ်။"

"ကောင်းပြီ။'

ရှန်ချင်းဟန်ကလည်း သဘောတူလိုက်ပြီး နှစ်ဦးသား ကျောက်တုံးရှိရာသို့ လျှောက်လာကြပြီး ထိုင်လိုက်သည်။ လင်းဇီချန်က သူမ၏ဆံပင်များအတွက် ချီစွမ်းအားထုတ်ပေးပြီး အခြောက်ခံပေးနေသည်။

"ဖိနပ်နဲ့ခြေအိတ်တွေကိုရော ချွတ်လိုက်။ ငါခြောက်အောင်လုပ်ပေးမယ်။"

"ငါမင်းကို ကူချွတ်ပေးမယ်။"

ရှန်ချင်းဟန်သည် ခြေထောက်ကို လင်းဇီချန်ရှိရာသို့ ဆန့်ထုတ်၍ ချွဲသောအသံလေးဖြင့်ပြောလိုက်သည်။ လင်းဇီချန်ကမူ ခြေအိတ်နှင့်ဖိနပ်များကို ကူချွတ်ပေးကာ နူးညံ့သောခြေထောက်တစ်စုံကပေါ်လာသည်။ ခြေဖျားလေးများက စပျစ်သီးလေးများကဲ့သို့ သေးငယ်ကာ ချစ်စရာကောင်းလှသည်။ ခြေထောက်အောက်ခြေကလည်း ပန်းရောင်သမ်းနေကာ မိန်းကလေးငယ်တို့၏ ငယ်ရွယ်ကျန်းမာသောအသားအရေမျိုးပင် ဖြစ်၏။ အရေပြားက ညင်သာသိမ်မွေ့ကာ ထိကြည့်လျှင်ပင် ကျေနပ်စရာကောင်းလှသည်။ ခြေထောက်တစ်ခုလုံးက လက်တစ်ဆုပ်စာလောက်သာဖြစ်သည်။ လင်းဇီချန်က ခြေအိတ်နှင့်ဖိနပ်များကိုလည်း ချီစွမ်းအားဖြင့် အခြောက်ခံပေးသည်။

"ရှောင်ချန် ငါ့ခြေထောက်တွေထုံနေပြီ။ အခြောက်ခံပေးဦး။"

ခြေအိတ်များခြောက်သောအခါတွင် ရှန်ချင်းဟန်က ခြေထောက်များကို လင်းဇီချန်လက်နားသို့ ဆန့်ထုတ်လိုက်သည်။ လင်းဇီချန်က သူမခြေထောက်ကို မ၍ ချီသွေးစွမ်းအားဖြင့် အခြောက်ခံပေး၏။

"နွေးပြီး နေလို့ကောင်းသွားပြီ။"

ရှန်ချင်းဟန်က ကျေနပ်နေသောမျက်နှာဖြင့် ပြောလိုက်သည်။ မက်မွန်ပန်းမျက်လုံးလေးက မျက်ရည်စများရှိနေသေးကာ ချိုသာစွာဖြင့် လင်းဇီချန်အားပြောလိုက်ခြင်းဖြစ်သည်။

"ရှောင်ချန် အခုကစပြီး ငါ့ခြေထောက်ကို နွေးအောင်အမြဲလုပ်ပေးမှာလား။"

လင်းဇီချန်က ပြုံး၍ ဖြေလိုက်သည်။

"ညတိုင်းအိပ်ရာမဝင်ခင် မင်းခြေထောက်ကို နွေးအောင်လုပ်ပေးမယ်။"

ရှန်ချင်းဟန်သည် ရင်ထဲတွင် နွေးထွေးသွားကာ ယနေ့၏မကောင်းသောခံစားချက်များကို မေ့လျောသွားသည်။ စိတ်အခြေအနေကလည်း ဖြည်းဖြည်းချင်းကောင်းလာသည်။ လေးလံသောခံစားချက်မျိုးလည်းမရှိတော့ပေ။ လင်းဇီချန်ကို ခါးကုန်းလူကြီးက ဝေးရာသို့ ခေါ်သွားသည့်အခါက အမှန်ပင် ကြောက်လန့်နေခဲ့သည်။ စိတ်သည် အကြောက်တရားဖြင့်သာ ပြည့်နှက်နေခဲ့သည်။ လင်းဇီချန်သည် သူမ၏ကမ္ဘာထဲတွင် အမြဲတမ်းရှိနေခဲ့သည်။ တစ်ရက်လေးပင် မခွဲခဲ့ဖူးကြပေ။ လင်းဇီချန်မရှိဘဲ မည်သို့အသက်ရှင်ရမည်ကို စိတ်ပင်မကူးကြည့်ဖူးပေ။ ကံကောင်းစွာဖြင့် အဆုံးတွင် လင်းဇီချန်ကိုမခေါ်နိုင်ခဲ့သောကြောင့် သူမဘေးတွင် ဆက်ရှိနေခြင်းဖြစ်၏။

"ရှောင်ချန်။"

တောက်ပနေသောမျက်ဝန်းလေးများဖြင့် ရှန်ချင်းဟန်က လင်းဇီချန်ကိုကြည့်ကာ ပြောလိုက်သည်။

"ချီသွေးစွမ်းအားကို ဘယ်လိုအပြင်ထုတ်ရတာလဲ။ ငါ့ကိုရောသင်ပေး။ အဲ့လိုဆို ငါလည်း အိပ်ရာမဝင်ခင် နင့်ကိုနွေးအောင်လုပ်ပေးလို့ရပြီ။"

လင်းဇီချန်က သူမ၏ခြေထောက်ကို နွေးအောင်လုပ်ပေးရင်းဖြင့် ရှင်းပြလိုက်သည်။

"ချီသွေးစွမ်းအားကိုထုတ်ဖို့ကလွယ်ပါတယ်။ သေချာပြောရမဲ့နည်းလို့မရှိဘူး။ နင့်ရဲ့ချီသွေးပေါ်မှာပဲ မူတည်တယ်။"

"အခု နင့်ရဲ့ချီသွေးက အားနည်းနေသေးတယ်။ အခြေခံဆဌမအဆင့်ပဲရှိသေးတယ်။ အပြင်ထုတ်ဖို့က ခက်ဦးမှာ။"

"အဆင့်မြင့်ပထမအဆင့်လောက်ရောက်ရင်တော့ အပြင်ထုတ်လို့ရမှာပါ။"

"...."

"အဲ့လောက်မြင့်ဖို့လိုလို့လား။"

ရှန်ချင်းဟန်တစ်ယောက် စိတ်ပျက်သွားသည်။ လတ်တလောတွင် မိမိသည် အခြေခံဆဌမအဆင့်သာဖြစ်ကာ အဆင့်မြင့်ပထမအဆင့်ရောက်ရန် လေးဆင့်လိုသေးသည်။

ချီသွေးအားကို ထိုမျှထိုမြင့်ရန်မှာ အချိန်မည်မျှကြာမည်နည်း။

တစ်နှစ်လား မဟုတ်လျှင် နှစ်နှစ်လား

မဟုတ်လျှင်လည်း နှစ်နှစ်ခွဲလား။

သေချာသည်မှာ အချိန်တိုအတွင်းကမူ မဖြစ်နိုင်ပေ။ ချီသွေးစွမ်းအားမမြင့်သေးသည့်အချိန်အတွင်းမူ ယခင်နေ့တိုင်းသုံးနေကျနည်းလမ်းဟောင်းဖြင့်သာ ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။ ခန္ဓာကိုယ်အပူချိန်ခြားနားချက်ကိုသုံး၍ ခန္ဓာအတွင်းအပြင်ကို နွေးအောင်လုပ်ရမည်ဖြစ်သည်။ ကျေးဇူးကိုပြန်လည်ပေးဆပ်ရမည်သာဖြစ်၏။

....

ဆယ်မိနစ်ခန့်ကြာပြီးနောက်တွင် ယွမ်သုန်ကျီက အားလုံးနှင့်အတူပြန်ရောက်လာသည်။ သခင်အဆင့်တိုက်ခိုက်သူအလုပ်လုပ်ပုံမှာ မြန်ဆန်ပေသည်။ လင်းဇီချန်သည် ပြန်လာသောသူများကိုကြည့်လိုက်သည်။ တော်တော်များများဒဏ်ရာရထားသည်ကိုတွေ့လိုက်ရသည်။ သို့သော်လည်း ဒဏ်ရာအသေးအမွှားမျှသာဖြစ်ကာ အပြင်းအထန်ဒဏ်ရာရခြင်းမျိုးမဟုတ်ပေ။ ဆူနာမီကြောင့် ဒဏ်ရာရခြင်းဖြစ်ပေမည်။ လင်းဇီချန်က ၎င်းတို့ကို ကြည့်လိုက်သည့်အခါတွင် အားလုံးသည် အကြည့်ကိုရှောင်ရှားနေကြကာ ၎င်းကိုကြည့်ရန်ကိုပင် ရှက်နေကြပေသည်။

လင်းဇီချန်က မြေခွေးမိန်းကလေး၏တိုက်ခိုက်မှုခံရသောအခါတွင် အားလုံးသည် တွန့်ဆုတ်ခြင်းမရှိ ထားခဲ့ကြကာ ယခုတွင်မူ အကြည့်ချင်းဆုံရန်ပင် ထူးဆန်းနေလေသည်။ ထိုအခြေအနေမျိုးတွင် ကူညီပေးရန်မှာ ၎င်းတို့၏တာဝန်မဟုတ်ပေ။ ထိုသို့ပြော၍ရ‌သော်လည်း စိတ်ခံစားချက်က ရှိနေသေးသည်။ ယခုတွင် လင်းဇီချန်ကို ထပ်မြင်ရသောအခါ၌ ရှက်နေမိကြ၏။

"ဇီချန် မြေခွေးနားရွက်မိန်းက‌လေးဆီကနေ ဘယ်လိုလွတ်လာတာလဲ။"

ဒဏ်ရာပြင်းသောကျန်းခိုင်သည် စက်ခြေထောက်တစ်ဖက်ဆုံးရှုံးထားကာ ရှေ့သို့ထွက်လာပြီး မေးလိုက်မိသည်။ မြေခွေးမိန်းကလေးတိုက်ခိုက်ခံရစဉ်က ကျန်းခိုင်သည် လင်းဇီချန်ကို ချက်ချင်းစွန့်ခွာသွားခြင်းမရှိခဲ့ပေ။

အခန်း (၂၉၄) မူလမြေမှမြေခွေးမိန်းမပျို ကျင့်ကြံရေးအရင်းအမြစ် (၂)

လင်းဇီချန်က ကျန်းခိုင်ကို ထွက်သွားရန် တောင်းဆိုသည့်အခါမှသာ လင်းဇီချန်ကိုထားသွားပြီး မိမိ၏လုံခြုံရေးကို ဦးစားပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လင်းဇီချန်ဖြင့်တွေ့သည့်အခါတွင် အခြားသူများကဲ့သို့ ရှက်မနေပေ။ ထိုမေးခွန်းကို မေးလိုက်သောအခါတွင် အားလုံးလည်း နားထောင်နေကြသည်။ လင်းဇီချန်သည် မြေခွေးမိန်းကလေးဆီမှ မည်သို့လွတ်လာသည်ကို သိချင်နေကြ၏။ မြေခွေးမိန်းကလေးသည် လုထျန်းရုန်ကိုပင် ချက်ချင်းထိန်းချုပ်နိုင်သည်အထိ ကြောက်စရာကောင်းအောင် အားကောင်းလွန်းသည်။ အားလုံးက သိချင်နေသောကြောင့် လင်းဇီချန်က တည်ငြိမ်စွာဖြင့် ဖြေလိုက်သည်။

"ငါလွတ်လာတာမဟုတ်ဘူး။ သူ့ကို မောင်းထုတ်လိုက်တာ။"

မြေခွေးမိန်းကလေးကို မောင်းထုတ်ခဲ့သည်လော။ထိုအဖြေကို ကြားကြသည့်အခါတွင် အားလုံးက မျက်လုံးအပြူးသားဖြင့် မယုံကြည်နိုင်ဖြစ်နေကြသည်။

အဆင့်မြင့်ဆဌမအဆင့်ရှိသည့်လုထျန်းရုန်ကိုပင် ထိန်းချုပ်နိုင်သောမြေခွေးမိန်းကလေးကို အခြေခံနဝမအဆင့်က မည်သို့မောင်းထုတ်လိုက်သနည်း။

ရယ်စရာသက်သက်သာ ဖြစ်နေသည်။

ကျန်းခိုင်က စပ်စပ်စုစုဖြင့် မေးလိုက်သည်။

"မြေခွေးမိန်းကလေးကို ဘယ်လိုမောင်းထုတ်လိုက်တာလဲ။"

လင်းဇီချန်ရှင်းမပြခင်တွင်ပင် လုထျန်းရုန်က ချည်းကပ်လာကာ ရှင်းပြလိုက်သည်။

"အဲ့မြေခွေးမိန်းကလေးက ခန္ဓာကိုယ်က အားမကောင်းဘူး။ သူက ဝိညာဉ်စွမ်းအားကပဲ အားကောင်းနေတာ။"

"အစပိုင်းတုန်းက သူက ငါ့ကိုထိန်းချုပ်ရတော့ ဝိညာဉ်စွမ်းအားသုံးရတာများတော့ အင်အားက သိသိသာသာကျသွားတာ။"

"အဲ့ဒါပြီးတော့ လင်းဇီချန်က သူခန္ဓာကိုယ်အားနည်းတာကို အခွင့်ကောင်းယူပြီး မောင်းထုတ်လိုက်တာ။"

"...."

လူအုပ်သည် နားထောင်နေရင်းဖြင့် တစ်ခုခုကို နားလည်သွားသည်။ လင်းဇီချန်က မြေခွေးမိန်းကလေးကိုမောင်းထုတ်လိုက်သည်မှာ အံ့ဩစရာမရှိတော့ပေ။ မြေခွေးမိန်းကလေးသည် ခန္ဓာကိုယ်ကြံ့ခိုင်နိုင်စွမ်း ကုန်သွားသောကြောင့်ပင် ဖြစ်၏။ ခန္ဓာကိုယ်ကြံ့ခိုင်စွမ်းမရှိသည့်မှော်ပညာရှင်သည် သေနတ်မရှိသည့်သေနတ်သမားနှင့်တူသည်။ အားကောင်းသောယောက်ျားတစ်ဦးကပင် ခန္ဓာကိုယ်ကြံ့ခိုင်မှုဖြင့် အသာစီးရနိုင်သည်။

တစ်ဖက်တွင်မူ ယွမ်သုန်ကျီသည် လုထျန်းရုန်ရှင်းပြသည်ကို နားထောင်ရင်းဖြင့် အတန်ငယ်ရယ်စရာကောင်းသည်ဟု ထင်မိသည်။ သူမသည် မြေခွေးမိန်းကလေးနှင့် လင်းဇီချန်တို့၏တိုက်ပွဲဖြစ်စဉ်တစ်ခုလုံးကို တွေ့ခဲ့သည်။ ထိုအချိန်က မြေခွေးမိန်းကလေးသည် ဝိညာဉ်စွမ်းအားအပြည့်ဖြင့်ဖြစ်သည်။ သူမသည် လင်းဇီချန်ကို ရှုံးသွားသည်မှာ ဝိညာဉ်စွမ်းအားကွာခြားချက်ကြီးကြီးမားမားကို မဖန်တီးနိုင်သောကြောင့်သာ ဖြစ်၏။

....

နာရီဝက်ခန့်ကုန်ဆုံးသွားလေသည်။ တောင်ကုန်းပေါ်သို့ စစ်တပ်လေယာဉ်ကြီးတစ်စင်းရောက်လာသည်။ ထို့အပြင် အမျိုးသမီးအရာရှိယောင်ဟယ့်လင်ကိုယ်တိုင် အဖွဲ့ကို ဦးဆောင်လာခြင်းဖြစ်သည်။ ထိုလေယာဉ်ကို မြင်လိုက်ကြသောအခါမှသာ အားလုံး သက်ပြင်းချနိုင်ကြလေသည်။ နောက်ဆုံးတွင်မူ ကယ်ဆယ်ရေးရောက်လာလေပြီ။ ထိုနေ၏ကပ်ဘေးကြီးက အဆုံးသတ်သွားလေပြီ။ ယခုတွင်မူ အိမ်ပြန်နိုင်ကြတော့မည်ဖြစ်၏။ မကြာခင်တွင်ပင် လေယာဉ်တံခါးပွင့်လာသည်။ ယောင်ဟယ့်လင်သည် စက်ပြုပြင်လူသားများဖြင့်အတူ တောင်ကုန်းပေါ်သို့ ဆင်းသက်လာသည်။

"တပ်မှူးယောင်"

လုထျန်းရုန်က ရိုသေစွာဖြင့် ခေါ်လိုက်သည်။ ယောင်ဟယ့်လင်က ဘာမှမပြောဘဲ ခေါင်းညိတ်ပြကာ ယွမ်သုန်ကျီရှိရာသို့သွား၍ မေးလိုက်သည်။

"သုန်ကျီ ဘာလို့ သန္ဓေပြောင်းတာက အဲ့လောက်ပြင်းသွားရတာလဲ။"

သူမသည် ယွမ်သုန်ကျီအား စိတ်ပူနေမိသည်။ ယွမ်သုန်ကျီကမူ အေးစက်သောလေသံဖြင့် ပြန်ဖြေလိုက်သည်။

"စစ်တပ်နယ်မြေရဲ့စစ်ကူရောက်တာ နောက်ကျလွန်းလို့လေ။ ရှန်ဟိုင်းစက်ကိုမောင်းတဲ့သူကလည်း အကြီးအကဲကိုးနဲ့ပူး‌ပေါင်းထားတဲ့ သူလျှိုဖြစ်နေတယ်။ သူတို့နှစ်ယောက်ကို ရင်ဆိုင်ဖို့အတွက် ခန္ဓာကိုယ်ထဲက ဆန်းကြယ်သားရဲမျိုးစိတ်ကို အသက်သွင်းရတော့တာပေါ့။"

ထိုစကားသည် အခြေအနေကို ဖော်ပြခြင်းဖြစ်သော်လည်း အမှန်တွင် မကျေနပ်ချက်ကို ထုတ်ဖော်နေခြင်းဖြစ်၏။

နန်ကျန်းပြည်နယ်၏စစ်တပ်နယ်မြေဌာနချုပ်က အထူးလေ့ကျင့်ရေးအတွက် ပါရမီရှင်များစွာကို ဖိတ်ခေါ်ခဲ့သော်လည်း ထိုသူများ၏လုံခြုံရေးကို အာမမခံနိုင်ခဲ့ပေ။ ညံ့ဖျင်းခြင်းသာ ဖြစ်ပေသည်။ ညံ့ဖျင်းခြင်းကို စိတ်ပျက်ကာ ဒေါသထွက်နေမိသည်။ ယောင်ဟယ့်လင်ကမူ ယွမ်သုန်ကျီ မကျေမနပ်ဖြစ်နေသ်ညကို သတိမထားမိဘြ ဖြေဆေးယူ၍ တောင်းပန်သောမျက်နှာဖြင့် ပေးလိုက်သည်။

"ဒါက စစ်တပ်က အသစ်ထုတ်ထားတဲ့ထိပ်တန်းအဆင့် သန္ဓေပြောင်းဆန့်ကျင်ဓာတ်စမ်းပစ္စည်းပါ။ အာနိသင်က ဈေးကွက်ကဟာတွေထက် ဆယ်ဆရှိတယ်။ အခုကြည့်ရတာက အခြေအနေမကောင်းသလိုပဲ။ ချက်ချင်းထိုးလိုက်ပါ။"

"အခုအဆင်ပြေနေပါပြီ။ ပြန်ရောက်ရင် ထိုးလိုက်ပါ့မယ်။"

ယွမ်သုန်ကျီသည် ဆေးကိုယူထားကာ အိတ်ထဲသို့ ထည့်လိုက်သည်။ ယောင်ဟယ့်လင်ကမူ ဘာမှမပြောတော့ဘဲ အမြန်ပင် အားလုံးကို လေယာဉ်ပေါ်သို့တက်ခိုင်းကာ စစ်တပ်နယ်မြေသို့ ပြန်သွားကြလေသည်။

....

လေယာဉ်ဆင်းသက်လာပြီးနောက်တွင် ယောင်ဟယ့်လင်နှင့်ယွမ်သုန်ကျီတို့သည် စတုရန်းမီတာသုံးဆယ်ပတ်ချာလည်ရှိသည့် နေရာတွင်ထိုင်ကာ ဝိညာဉ်သီးဖြင့်နှပ်ထားသည့် လက်ဖက်ရည်ပူပူကိုသောက်ရင်းဖြင့် ကိစ္စများကို အ‌လေးအနက်ပြောဆိုဆွေးနွေးနေကြသည်။

ယွမ်သုန်ကျီသည ဖြစ်ပျက်ခဲ့သမျှကိုအတိုချုံးရှင်းပြလိုက်သည်။ ရှန်ဟိုင်းစက်ကလည်း မိမိဘာသာ ဖျက်ဆီးသွားကာ အကြီးအကဲကိုးကလည်း အစအနမရှိပျောက်သွားပြီး မိစ္ဆာဒိဌိများကို ပင်လယ်ကြမ်းပြင်အောက်၌ မြုပ်နှံခဲ့ပြီးဖြစ်သည်။ ထို့အပြင် လင်းဇီချန်ဖြင့်တိုက်ခိုက်သော မြေခွေးမိန်းကလေးအကြောင်းကိုဆွေးနွေးနေကြသည်။

"မြေခွေးမိန်းကလေးက ဘယ်လိုလုပ်ပေါ်လာတာလဲ။"

ယောင်ဟယ့်လင်သည် မျက်မှောင်အသာကြုတ်ကာ အမူအရာက ‌လေးနက်နေသည်။ မြေခွေးမိန်းကလေးသည် မူလမြေမှ ဉာဏ်ကောင်းသောသက်ရှိများဖြစ်ကြသည်။ ၎င်းတို့ကမ္ဘာတွင်ပေါ်လာခြင်းသည် သွေးမျိုးဆက်လမ်းကြောင်းအသစ်တစ်ခု ပွင့်သွားသည်ဟု ဆိုလိုခြင်းပင် ဖြစ်၏။ ယခင်က သွေးမျိုးဆက်လမ်းကြောင်းအသစ်ရှိနေသည်ဟုမှ ထင်‌ကြေးမျှသာဖြစ်ခဲ့သည်။ ယခုတွင်မူ သံသယမဟုတ်ဘဲ မှန်ကန်ကြောင်းအထောက်အထားများရှိနေလေသည်။ ယောင်ဟယ့်လင်က ထိုအကြောင်းကို စဉ်းစားရင်းဖြင့်

"မြေခွေးမတွေက သဘာဝအတိုင်းပဲနေကြတာပါ။ သူတို့က ငါတို့ပိုင်နက်ကို စောင့်ကြည့်ပြီး အပြင်သူတွေနဲ့ရင်ဆိုင်တာကလည်းရှားတယ်။ ဘယ်လိုလုပ် မဖိတ်ခေါ်ဘဲနဲ့ ကမ္ဘာပေါ်မှာ ပေါ်လာရတာလဲ။"

ယွမ်သုန်ကျီက ပြန်ဖြေလိုက်သည်။

"သူ့ကိုကြည့်ရတာ ကျင့်ကြံရေးအရင်းအမြစ်လာရှာတဲ့ပုံပဲ။"

(မြေခွေးမတွေရဲ့ကျင့်ကြံရေးအရင်းအမြစ်ဆိုတာက လူကို အရင်းအမြစ်အနေနဲ့အသုံးချပြီး စွမ်းအားတွေကိုစုပ်ယူတာမျိုးပါ။ ဒီထဲကမြေခွေးမိန်းကလေးက အိပ်ဖော်ရှာပြီး စွမ်းအားစုပ်ယူတာမျိုးကိုပြောတာပါ။)

ယောင်ဟယ့်လင်က ပို၍ပင် တွေဝေမိသွားသည်။

"သူက ကမ္ဘာကို ကျင့်ကြံရေးအရင်းအမြစ်လာရှာတာ။"

မူလမြေ၌ ပါရမီရှင်များသည် အရေအတွက်ရောအရည်အချင်းကပါ ကမ္ဘာထက်သာသည်။ အဘယ့်ကြောင့် ကမ္ဘာကိုလာ၍ ကျင့်ကြံခြင်းအရင်းအမြစ်လာရှာရသနည်း။

မိစ္ဆာဒိဌိများက ဆွဲဆောင်မှုမရှိ၍ပေ‌လော။

မဟုတ်လျှင် အခြားသောသက်ရှိများက လုံလောက်စွာအားမကောင်း၍ပေလော။

အဓိပ္ပာယ်မရှိလှပေ။ ယွမ်သုန်ကျီက တစ်မူထူးခြားစွာဖြင့် ပြောလိုက်သည်။

"ထူးဆန်းတာပဲ။ ဒါပေမဲ့လို့ မြေခွေးမိန်းကလေးက ကမ္ဘာမြေကိုလာပြီး ကျင့်ကြံရေးအရင်းအမြစ်လာရှာတာကို လင်းဇီချန်ကိုသဘောကျပြီးခေါ်သွားဖို့လုပ်တာပေါ့။"

ယောင်ဟယ့်လင်သည် ပဟေဠိဖြစ်နေဆဲဖြစ်သည်။

"လင်းဇီချန်သည် ပါရမီထူးပေမဲ့လို့ မူလမြေမှာလည်း မရေမတွက်နိုင်တဲ့ပါရမီရှင်တွေအများကြီးရှိတာပဲ။ ဘာလို့များ အဲ့မှာနာမည်ကြီးတဲ့သူက သူ့ကိုစိတ်ဝင်စားရတာလဲမသိဘူး။"

"သူက လင်းဇီချန်ရဲ့ခံ့ညားတဲ့ရုပ်ရည်ကို မြင်ပြီးသဘောကျသွားလို့များလား။"

"အဲ့လိုတော့မဟုတ်လောက်ဘူး။ အဲ့လောက်တော့ စိတ်ကူးယဉ်မဆန်လောက်ဘူး။"

"သူက မူလမြေကိုကနေ ဒီကိုလာပြီး ကျင့်ကြံရေးအရင်းအမြစ်လာရှာတာဆိုတော့ လင်းဇီချန်နဲ့မတွေ့ရင်တောင်မှ အခြားသူကိုခေါ်မှာပဲ။"

"အဲ့လိုဆို နောက်ကွယ်က တကယ့်အကြောင်းရင်းက ဘာလဲ။"

ယောင်ဟယ့်လင်သည် စဉ်းစားလေ ပို၍တွေဝေလာလေလေပင် ဖြစ်၏။ ယွမ်သုန်ကျီက ခန့်မှန်းလိုက်ပြန်သည်။

"သူက အသစ်တစ်ခုခုကို စမ်းကြည့်ချင်လို့လည်း ဖြစ်မှာပေါ့။"

"အသစ်တစ်ခုခုကို စမ်းကြည့်ချင်တာမျိုးလား။"

ထိုသို့ပြောပြီးနောက်တွင် ယောင်ဟယ့်လင်က ဆက်ပြောလိုက်သည်။

"မူလယင်ဓာတ်က တစ်ခုတည်းရှိတာ။ ပျောက်သွားတာနဲ့ ပြီးပြီပဲ။ မြေခွေးမိန်းကလေးက အသစ်အရသာကိုစမ်းကြည့်ဖို့အတွက်နဲ့တော့ သူ့ယင်ဓာတ်ကို ဆုံးရှုံးခံမှာမဟုတ်ဘူး။"

ယွမ်သုန်ကျီက သဘောမတူပေ။

"ပြောဖို့တော့ခက်တယ်။ လောကကြီးက အံ့ဩစရာတွေနဲ့ ပြည့်နှက်နေတာ။ မြေခွေးမိန်းကလေး မူလယင်ဓာတ်ကို ဂရုမစိုက်ဘဲ အသစ်အဆန်းကို ကြိုက်တာမျိုးလည်း ဖြစ်နိုင်တာပဲ။"

ပြောရင်းဖြင့် စိတ်ထဲတွင် တွေးနေမိသည်။ ချီသွေးအရဆိုလျှင် လင်းဇီချန်သည် ဒဏ်ရာမရဘဲဖြင့်ပင် ပို၍မြင့်သောဆဌမအဆင့်ကို သတ်နိုင်ခဲ့သည်။ ဝိညာဉ်စွမ်းအားအရာ၌လည်း ပုံရိပ်ယောင်တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိခဲ့သည်။ အံ့ဩစရာကောင်းသောပါရမီက မူလမြေထက်ပင် သာပေဦးမည်။ ထို့အပြင် လင်းဇီချန်၏ရုပ်ရည်က ကြည့်ကောင်းလှသည်။ မြေခွေးမိန်းကလေးက သဘောကျသွားသောကြောင့် ကျင့်ကြံရေးအရင်းအမြစ်အဖြစ် ရွေးလိုက်ခြင်းဖြစ်ပေမည်။ ထို့ကြောင့် မြေခွေးမိန်းကလေးက ကမ္ဘာမြေသို့ ရောက်လာရခြင်းဖြစ်မည်ဟု ခန့်မှန်းမိသည်။

ယွမ်သုန်ကျီ၏ခန့်မှန်းမှုက ကျိုးကြောင်းဆီလျော်လှသည်။ သို့သော်လည်း ကံမကောင်းစွာဖြင့် သူမမှားသွားသည်။ မြေခွေးမိန်းကလေးသည် ကျင့်ကြံရေးအရင်းအမြစ်ရှာရန်လာခဲ့ခြင်းဖြစ်သည်။ ဖခင်သည် မိခင်ကို ငွေအတွက်၊ သာယာမှုအတွက် လှည့်ဖျားသွားခဲ့သောကမ္ဘာမြေသားဖြစ်ကာ အစအနမရှိပျောက်သွားသောကြောင့် အစကတည်းကပင် မြင်ပင် မမြင်ဖူးခဲ့ပေ။

သို့တိုင် မိခင်က ဖခင်ဖြစ်သူကိုစွဲလမ်းစိတ်ကြောင့် အခြားသောအမျိုးသားသက်ရှိများကို ငြင်းဆန်ကာ သူမကိုမွေးခဲ့သည်။ မိခင်သည် နေ့စဉ်နေ့တိုင်းပင် ဖခင်ဖြစ်သူက မည်မျှအံ့ဩစရာကောင်းကြောင့် ပြောပြခဲ့သည်။ သူသည် အမှန်ပင်ချောမောခဲ့သည်။ မိခင်၏စကားများကြောင့် ကမ္ဘာမြေမှ ယောက်ျားများကို သိချင်ခဲ့မိသည်။ နောင်တွင် ကမ္ဘာမြေသားများကို ကျင့်ကြံရေးအရင်းအမြစ်အဖြစ်ရှာကာ မိခင်ဖြစ်သူပြောသည်မှာမှန်မမှန်ကို သိချင်နေ၏။

"အခု စစ်တပ်နယ်မြေက ဘယ်လိုဖြစ်သွားပြီလဲ။"

မြေခွေးမိန်းကလေးအကြောင်းကိုဆွေးနွေးပြီးနောက်တွင် ယွမ်သုန်ကျီက စစ်တပ်အကြောင်းကို မေးလိုက်သည်။ ယောင်ဟယ့်လင်သည် လက်ဖက်ရည်တစ်ကျိုက်သောက်ကာ ပြုံးလိုက်မိ၏။

"အကုန်လုံးကို နှိပ်ကွပ်လိုက်ပြီ။"

"မင်းရင်ဆိုင်ရတဲ့သူအပါအဝင် စုစုပေါင်း စစ်တပ်ထဲမှာ သူလျှိုလုပ်နေတဲ့မိစ္ဆာဒိဌိ (၄၇) ယောက်ရှိတယ်။"

"စစ်တပ်နယ်မြေကမိစ္ဆာဒိဌိတွေအားလုံးနီးပါးပဲ။ တစ်ချီတည်းနဲ့ဖမ်းမိတာပဲ။"

တစ်ချီတည်းဖြင့်ဖမ်းမိသည်လော။

ထိုစကားကို ထူးဆန်းသည်ဟု ယွမ်သုန်ကျီထင်မိသည်။

ယောင်ဟယ့်လင်၏မျက်နှာမှအပြုံးကို မြင်သောအခါတွင် စိတ်ထဲတွင် တစ်ခုခုကို ခံစားလိုက်မိသည်။ အေးစက်သောမျက်နှာထားဖြင့် ပြောလိုက်လေသည်။

" စစ်တပ်လေ့ကျင့်ရေးက မိစ္ဆာဒိဌိတွေကိုရှင်းပစ်ဖို့အတွက် အခြေခံပဲလို့တော့မပြောနဲ့နော်။ လေ့ကျင့်ရေးအဖွဲ့ဝင်တွေကို ဓားစာခံလုပ်မယ်ဆိုပြီးလည်း မလုပ်နဲ့။"

အမျိုးသမီးအရာရှိ၏မျက်နှာသည် ထိုစကားကို ကြားသောအခါတွင် ပြောင်းလဲသွားသော်လည်း မျက်မှောင်ကြုတ်လျက်သားဖြင့် ပြောလိုက်လေသည်။

"အစားသာလျှောက်စားလို့ရမယ် စကားကိုတော့ အဓိပ္ပာယ်မရှိတာတွေလျှောက်မပြောနဲ့။"

ယွမ်သုန်ကျီ၏မျက်နှာသည်တည်ငြိမ်နေဆဲပင်ဖြစ်ကာ အသံကလည်း စိတ်ခံစားချက်မပါဘဲ အေးစက်နေသည်။

"ယောင်ဟယ့်လင် ဒီနေ့ကိစ္စကို ငါအထင်လွဲတာပဲဖြစ်ပါစေလို့ မျှော်လင့်တယ်။ မဟုတ်ရင်တော့ ဒီတစ်ခေါက် ငါးမြားချိတ်ကို လွှတ်ပေးမှာမဟုတ်ဘူး။"

All Chapters