အစွမ်းရှိသမျှဖြင့် ရွှေအမတေအဆင့်ကို တိုက်ခိုက်ခြင်း
Vol. 76 Ch. 1127
ဘမ်း
နှစ်ဖက်စလုံး၏ တိုက်ခိုက်မှုတို့ ထိပ်တိုက်တွေ့ကာ ကောင်းကင်ကြီးပေါက်ကွဲသွားသည်။ ချူးယွင်ဖန်းက ဘုရင်သုံးပါးကို သတ်ခဲ့သောအချိန်ကထက် ပို၍ အံ့သြဖွယ်ကောင်း၏။ ၎င်းတို့သည် တူညီသော အဆင့်တွင်ရှိမနေခဲ့ပေ။ ဘုရင်သုံးပါးကို သတ်ခဲ့စဥ်က ချူးယွင်ဖန်း၏ လုပ်ရပ်က ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော်လည်း တကယ်တမ်းတွင် သူ၏ ခွန်အားကို အပြည့်အ၀ အသုံးမချခဲ့ပေ။
ချူးယွင်ဖန်းသည် နောက်ဆုံးတွင် ၎င်း၏ကြောက်မက်ဖွယ်ကောင်းသော ရွှေအမတေအဆင့်သို့ရောက်ရန် ခြေလှမ်းတစ်ဝက်သာလိုတော့သည့် တိုက်ခိုက်ရေးစွမ်းအားကို ထုတ်လုပ်လိုက်ခြင်းပင်ဖြစ်၏။ ထို့အပြင် သူသည် သာမန်ရွှေအမတေအဆင့်သို့ရောက်ရန် ခြေလှမ်းတစ်ဝက်လိုတော့သော ကျွမ်းကျင်သူထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသည်။ ယခင်က ပထမနတ်ကျွန်သည် ချူးယွင်ဖန်း၏ ချူးယွင်ဖန်း၏ ထိုးနှက်ချက်ကိုပင် ခံနိုင်ရည်မရှိခဲ့ပေ။
ချူးယွင်ဖန်းသည် သူ၏တိုက်ခိုက်မှုကို အလွယ်တကူ တားဆီးနိုင်ခဲ့သည်ကို မြင်သောအခါတွင် နဂါးဘုရင်၏ မျက်လုံးများသည် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။ ချူးယွင်ဖန်း၏ခွန်အားသည် နတ်အဆင့် အထွတ်အထိပ်သို့ ကျော်လွန်သွားခဲ့ရာ ရွှေအမတေအဆင့်သို့ ခြေတစ်လှမ်း တစ်ဝက်သာလိုတော့သည်မှာထင်ရှားသည်။
နဂါးဘုရင်ဟောင်း၏ မျက်လုံးများတွင် ကြောက်မက်ဖွယ်သတ်ဖြတ်ရောင်ဝါများပေါ်လာသည်။
သူ၏ ထိုးထွင်းသိမြင်မှုဖြင့် ချူးယွင်ဖန်းသည် အလွန်ငယ်ကြောင်း သူတွေ့မြင်နိုင်သည်။ ငယ်ငယ်ရွယ်ရွယ်နှင့် သူ၏ ကျင့်ကြံရေးအဆင့်က အမှန်ပင် အတိုင်းအတာတစ်ခုအထိ မြင့်မားနေပြီဖြစ်ရာ သူ့ကို အချိန်ပိုပေးခဲ့ပါက ချူးယွင်ဖန်းသည် အနာဂတ်တွင် အလွန်တုန်လှုပ်ဖွယ်အဆင့်သို့ရောက်ရှိသွားနိုင်သည်။ လက်ရှိ ပြည်ထောင်စုသည် လွန်ခဲ့သော နှစ်ရာနှင့်ချီကအချိန်နှင့် မတူတော့ပေ။ ဆက်၍ ဖွံ့ဖြိုးတိုးတက်လာရန် လုပ်နိုင်စွမ်းရှိသည်။ နှစ်ရာပေါင်းများစွာသည် အဆုံးမဲ့နတ်ဆိုးတောင်တန်းအတွက် မျိုးဆက်တစ်ခုမျှသာဖြစ်သော်လည်း ပြည်ထောင်စုအတွက် ၎င်းသည် ကမ္ဘာမြေကြီး တုန်ခါလာသည့်အတိုင်းအတာအထိ ဖွံ့ဖြိုးတိုးတက်လာနိုင်သည်။
လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာက နဂါးဘုရင်တစ်ယောက်တည်း၏ အားဖြင့် ပြည်ထောင်စုတစ်ခုလုံး ချေမှုန်းခံရလုနီးပါးဖြစ်ခဲ့သည်။ ယခုအခါ အဆုံးမဲ့နတ်ဆိုးတောင်တန်းက ပြည်ထောင်စု၏ လက်အောက်၌ ဖျက်ဆီးခံရတော့မည်ဖြစ်သည်။ အဆုံးမဲ့နတ်ဆိုးတောင်တန်းသည် ပြည်ထောင်စုကို ဖျက်ဆီးရန်စီစဥ်နေကြောင်းသိခဲ့ကြရကာ ၎င်းကြောင့် အရူးအမူး တန်ပြန်တိုက်ခိုက်မှုကို ဖြစ်စေခဲ့ခြင်းဖြစ်သည်။
သို့သော် နဂါးဘုရင်ဟောင်းက မည်သည့်ပြဿနာမျှမရှိဟု ထင်မိသည်။ သူသာဆိုလျှင်လည်း ဤသို့ဆုံးဖြတ်ချက်ချပေလိမ့်မည်။ ယခင်က အဆုံးမဲ့နတ်ဆိုးတောင်တန်းသည် ပြည်ထောင်စုထက် အမြဲတစေ ပိုမိုအင်အားကောင်းခဲ့သည်။ သို့သော် နှစ်ရာဂဏန်းမျှသာ ကြာခဲ့သောအချိန်အတွင်း နှစ်ဖက်လုံး၏ အင်အားက ညီမျှလာခဲ့သည်။ အကယ်၍ လူသားများသည် ၎င်းတို့၏ သိပ္ပံနှင့်နည်းပညာဆိုင်ရာ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာပါက၊ ၎င်းတို့သည် အဆုံးမဲ့ နတ်ဆိုးတောင်တန်းကို လုံးဝ ကျော်တက်သွားရန် အချိန် ကြာမြင့်မည်မဟုတ်ပေ။
ထိုအချိန်တွင် အဆုံးမဲ့နတ်ဆိုးတောင်တန်းသည် တန်ပြန်တိုက်ခိုက်နိုင်စွမ်းပင်မရှိပေ။ ရေနွေးအိုးထဲ အပြုတ်ခံထားရသော ဖားတစ်ကောင်ကဲ့သို့ အသတ်ခံလိုက်ရမည်ထက် သေသည်အထိတိုက်ခိုက်ခြင်းက ပိုကောင်းသည်။ အဆုံးတွင် အဆုံးမဲ့နတ်ဆိုးတောင်တန်း၏ လူမှုယဉ်ကျေးမှုသည် ပြည်ထောင်စုနှင့် အလွန်ခြားနားသည်။ နတ်ဆိုးများစွာရှိ၍ အများစုမှာ လူသားများကဲ့သို့ သို့မဟုတ် သာမန်လူသားများထက်ပင်ပိုမိုထက်မြက်သည်။
သို့ရာတွင် ၎င်းတို့သည် မျိုးနွယ်စုပုံစံဖြင့် တည်ရှိ၍ ရင့်ကျက်သော ယဉ်ကျေးမှုဟု မယူဆနိုင်ပေ။ ပြည်ထောင်စုမှ ပါရမီရှင်များစွာကို နည်းအမျိုးမျိုးဖြင့် ဖမ်းယူခဲ့သော်လည်း စည်းလုံးညီညွတ်သော လူ့ယဉ်ကျေးမှုကို မဖွဲ့စည်းနိုင်ခဲ့ပေ။ ယင်းက ပြည်ထောင်စုနှင့် ရင်ဆိုင်ရသောအခါ အကြီးမားဆုံး အားနည်းချက်ဖြစ်လာခဲ့သည်။
ဤသည်ကိုတွေး၍ နဂါးဘုရင်၏ မျက်လုံးထဲမှ လူသတ်ချင်စိတ်ကပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာသည်။
“လူသား မင်းရဲ့ အစွမ်းက ရွှေအမတေအဆင့်ရောက်ဖို့ ခြေလှမ်းတစ်ဝက်ပဲလိုတော့တဲ့ သာမန်ကျင့်ကြံသူကို ကျော်နေပြီ။ ဒါပေမယ့် ဒီအဆင့်လောက်ရဲ့တိုက်ခိုက်ရေးစွမ်းအားက အသုံးမဝင်ဘူးကွ။ ရွှေအမတေအဆင့်က ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာ မင်းနားမလည်ပါဘူး” နဂါးဘုရင်ဟောင်းကြီးက အေးစက်စွာပြောသည်။ သူ၏ နတ်အာရုံက ချူးယွင်ဖန်းကို လုံးဝလွှမ်းခြုံထားသည်။
ကြောက်မက်ဖွယ်ကောင်းသော ဖိအားလှိုင်းလှိုင်းများသည် ချူးယွင်ဖန်းကို ဖုံးလွှမ်းသွားကာ သူ့ပတ်ဝန်းကျင်လေထုက ပြင်းထန်စွာ တုန်ခါလာသည်။
“ခင်ဗျားလုပ်နိုင်လား”
“ခင်ဗျားရဲ့ လက်ရှိအခြေအနေအရ ခင်ဗျား ဆယ်ကြိမ်ထက်ပိုပြီး တိုက်ခိုက်ရင် သေလိမ့်မယ်” ချူးယွင်ဖန်းက အေးစက်စွာပြောသည်.
ချူးယွင်ဖန်းက နဂါးဘုရင်ဟောင်းကို လုံးဝကြောက်ရွံ့ခြင်းမရှိပေ။ နဂါးဘုရင်ဟောင်းသည် ကြောက်မက်ဖွယ်ကောင်းသည့်ပုံပေါက်နေသော်လည်း သူ၏ တိုက်ခိုက်ရေးစွမ်းရည်အားလုံးကို ထုတ်သုံးရန် မဖြစ်နိုင်ကြောင်း သူရှင်းလင်းစွာမြင်နိုင်သည်။ လွန်ခဲ့သော နှစ်ရာနှင့်ချီကရခဲ့သည့် ဒဏ်ရာများက သူ့ကို နှိပ်စက်နေဆဲဖြစ်ကာ သူ့ခန္ဓာကိုယ်ရှိ ဒဏ်ရာများကို နှိမ်နင်းရန် သူ၏ တိုက်ခိုက်ရေး ခွန်အားရှိသမျှကို အသုံးပြုခဲ့ရသည်။ အပြည့်အဝလွတ်မြောက်ပြီးသည်နှင့်နဂါးဘုရင်ဟောင်းသည် စစ်မြေပြင်တွင် ချက်ခြင်းမိမိကိုယ်ကို ဖျက်ဆီးမိကာ သေဆုံးသွားမည်ဖြစ်သည်။
“သိုင်းကွက်ဆယ်ကွက်ဟုတ်လား အဲ့လောက်နဲ့လုံလောက်ပြီကွ။ မင်းက ငါ ဆယ်ကွက်ကိုတောင် ခံနိုင်လို့လား” ရေနဂါးဘုရင်ဟောင်းက အေးစက်စွာအော်လိုက်သည်။
“လာ စမ်းကြည့်လေ” ချူးယွင်ဖန်းက လှောင်ရယ်သည်။
ရေနဂါးဘုရင်က ချူးယွင်ဖန်းကို နောက်တစ်ချက်ကြည့်ပြီးနောက် မျက်စိတစ်မှိတ်အတွင်းတွင် သူရွေ့လျားသွားရာ သူ့နောက်တွင် နဂါးတောင်ပံတစ်စုံပေါ်လာပြီးနောက် သူ၏ တိုက်ခိုက်ရေးစွမ်းအားအပြည့်ကို ထုတ်လွှတ်လျက် သူ၏ရောင်ဝါက ချက်ချင်းပင် ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ထို့နောက် တစ်ခဏချင်း၌ပင် ကောင်းကင်ရှိရောင်ဝါက အပိုင်းပိုင်း ထောင်ပေါင်းများစွာကွဲထွက်ကာ စစ်မြေပြင်တစ်ခုလုံးကို ဖြတ်ကျော်သွားခဲ့သည်။
ဤတိုက်ခိုက်မှုအောက်တွင် အချိန်မီမရှောင်ပြေးနိုင်ခဲ့သော စက်ရုပ်အများအပြားက လေထုအလယ်၌ ပေါက်ကွဲခဲ့သည်။ ၎င်းတို့သည် ပြည်ထောင်စု၏ အဆင့်မြင့်ဆုံးနည်းပညာဖြင့် ပြလုပ်ထားသော်လည်း နဂါးဘုရင်နှင့် ယှဥ်ပြိုင်ရာတွင် အသုံးမဝင်ပေ။ ၎င်းတို့သည် တစ်ကြိမ်တည်းဖြင့် ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည်။ နောက်ဆုံးတွင် သန်းပေါင်းများစွာသော ပုံရိပ်များက လေဟာနယ်ထဲတွင် ပြန်လည်စုစည်းကာ တစ်ခုတည်းအဖြစ်ပေါင်းစည်းလျက် ချူးယွင်ဖန်းကိုတိုက်ခိုက်တော့သည်။
နဂါးဘုရင်၏ အရှိန်က လျင်မြန်လွန်းလှသည်။ သူ၏ ပုံရိပ်ကိုယ်ပွားများစွာက ကောင်းကင်တွင်ပြည့်နေသောကြောင့် သူ့ကို မည်သူမျှ မဖမ်းနိုင်ကြပေ။
ချူးယွင်ဖန်းက တခဏအတွင်းမှာပင် ကြောက်ရွံ့မှုမရှိဘဲ ရှေ့ကိုတိုးလာသည်။ သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် မရေမတွက်နိုင်သော သွေးနီရောင် စွမ်းအင်များက ပွက်ပွက်ဆူလာ၍ လေထဲတွင် သွေးနီဥအရိုးစုတစ်ခု ဖြစ်ပေါ်လာကာ သူ့ကို ကာကွယ်ပေးသည်။
ထို့နောက် ကောင်းကင်မှ သက်ဆင်းလာသော လက်ဖဝါးကို လက်သီးဖြင့် ရင်ဆိုင်လိုက်သည်။
ဘမ်း
ကြီးမားသော စွမ်းအင်မုန်တိုင်းများက စစ်မြေပြင်တစ်ခုလုံးကို ပျံ့နှံ့သွားစေသည့် စွမ်းအင်မုန်တိုင်းအဖြစ်ဖြစ်ပေါ်လာသည်။ အဆုံးမဲ့နတ်ဆိုးတောင်တန်း၏ ကျွမ်းကျင်သူများ သို့မဟုတ် အဏ္ဏဝါနတ်ဆိုးများပင်ဖြစ်စေ ၎င်းတို့အားလုံးသည် ယခုအချိန်တွင် လမ်းကြောင်းပေါင်းစုံမှ ဆုတ်ခွာသွားကြသည်။ အများစုက လွင့်ပါးသွားကြသည်။ ရှောင်ရန်အချိန်မရှိသူများသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော သက်ရောက်မှုကို ခံစားနေကြရသည်။
သို့သော် လူတိုင်းမတုံ့ပြန်မီတွင် အဆုံးမဲ့ပေါက်ကွဲသံများကြားတွင် ကျယ်လောင်သောပေါက်ကွဲသံအချို့ကို ကြားလိုက်ရသည်။
ကြီးမားသော အမြောက်ကျည်များ တိုက်မိကာ ပေါက်ကွဲသွားသို့ပင်ဖြစ်၏။
ဘမ်း
ဘမ်း
ဘမ်း
တိုက်ခိုက်မှု ဖြစ်ပေါ်သည့်အခိုက်တိုင်းတွင် ဤကြောက်မက်ဖွယ်အသံလှိုင်းများက ကောင်းကင်ကို ဖြိုခွဲလိုက်သကဲ့သို့ပင်ဖြစ်၏။ နတ်အဆင့်တစ်ဦးပင်လျှင် နတ်စွမ်းအင်များဖြင့် အချင်းချင်း တိုက်ခိုက်နေသော ရုပ်သွင်နှစ်ခုကို ဝိုးတဝါးသာမြင်နိုင်ကြသည်။ စွမ်းအင်လှိုင်းများကြောင့် ၎င်းတို့၏ မျက်လုံးများ ဝေဝါးသွားသော်လည်း ယင်းကို လုံးလုံးလျားလျား မြင်နိုင်မည်မဟုတ်ကြောင်း ၎င်းတို့သိသည်။ ၎င်းတို့နှစ်ဦး၏ အရှိန်က နတ်အဆင့်ကို ကျော်လွန်ကာ ကြောက်မက်ဖွယ်အဆင့်သို့ရောက်ရှိသွားပြီဖြစ်သည်။ ၎င်းတို့ထဲမှ နှစ်ယောက်လုံးတွင် ကြောက်မက်ဖွယ် စိတ်ကူးယဥ်၍ပင် မရနိုင်သော ခွန်အားများရှိသည်။
"လူသား၊ မင်း ဘယ်လောက်ကြာကြာခံနိုင်မလဲဆိုတာ ကြည့်ရအောင်" ပေါက်ကွဲသံကြားတွင် နဂါးဘုရင်၏ ဒေါသတကြီး ကြုံးဝါးသံကိုကြားနိုင်သည်။
“သေချာပေါက် ခင်ဗျားထက် ပိုကြာကြာခံနိုင်တယ်” ချူးယွင်ဖန်း၏ ကျယ်လောင်ပြတ်သားသော အသံထွက်လာသည်။
ဘမ်း
နောက်ထပ် ကြီးမားသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီးနောက် လူတိုင်းက နောက်သို့ တစ်ယောက် ရှေ့သို့တစ်ယောက် လွင့်ထွက်သွားသည်ကိုမြင်လိုက်ကြရကာ နှစ်ယောက်လုံး၏ အခြေအနေကိုမြင်လိုက်ရသောအခါ အားလုံး မယုံနိုင်လောက်အောင် တုန်လှုပ်သွားကြသည်။