အပိုင်း ၂၉၅-၂၉၇
Vol. 20 Ch. 295-297
အခန်း (၂၉၅) အင်အားအစစ်အမှန်ကိုပြသချိန်တန်လေပြီ
စစ်တပ်လေယာဉ်သည် မြန်ဆန်လှကာ မကြာခင်တွင်ပင် စစ်တပ်နယ်မြေ၌ ဆင်းသက်သွားသည်။ စစ်တပ်နယ်မြေမှ အထူလေ့ကျင့်ရေးငါးယောက်ကလွဲ၍ ကျန်သောသူများသည် လေယာဉ်ပေါ်မှဆင်းကာ အဆောင်သို့ပြန်၍ အထုတ်အပိုးများသိမ်းကာ ယနေ့တွင်ပင် အိမ်ပြန်ရန် အဆင်သင့်ဖြစ်နေလေသည်။ အထူးလေ့ကျင့်ရေးသည် တိုက်ခိုက်ခြင်းခံခဲ့ရသောကြောင့် ဆက်လုပ်ရန်မှာ မဖြစ်နိုင်တော့ဘဲ အဆုံးသတ်ရတော့မည်ဖြစ်သည်။ ပစ္စည်းများထုပ်ပိုးပြီးနောက်တွင် လင်းဇီချန် နှင့်ရှန်ချင်းဟန်တို့သည် လေယာဉ်ကွင်းသို့ ပြန်လာခဲ့ကြသည်။ စစ်တပ်ဟယ်လီကော်ပတာဆီသို့ သွားကြခြင်းဖြစ်သည်။ နှစ်ဦးသား လှေကားပေါ်မှဆင်းကာ မြေကြီးပေါ်သို့ ရောက်ခါနီးတွင်ပင် အပေါ်သို့တက်မည့်ရှန်ကွမ်းယွဲ့ယင်းဖြင့် သွားဆုံသည်။ အိတ်များသယ်လာသည်ကို မြင်သောအခါ၌ ရှန်ကွမ်းယွဲ့ယင်းကပြုံး၍ ပြောလိုက်သည်။
"လေယာဉ်ပေါ်ကဆင်းသွားတာ မကြာသေးဘူးကိုး။ အထုပ်တွေသိမ်းတာမြန်လိုက်တာ။"
လင်းဇီချန်က ပြုံး၍ ပြန်ဖြေလိုက်သည်။
"ပစ္စည်းထုပ်ပြီးတာနဲ့ တန်းပြန်လို့ရပြီလေ။"
"တကယ်ကိုပဲ။"
ပြောနေစဉ်တွင်ပင် ရှန်ကွမ်းယွဲ့ယင်းက အိတ်ထဲမှဖုန်းကိုထုတ်ကာ ပြုံး၍ ပြောလိုက်သည်။
"ကံကြမ္မာက ငါတို့ကို စစ်တပ်လေ့ကျင့်ရေးမှာ ဆုံစည်းခွင့်ပေးပြီးတော့ တစ်ဖွဲ့တည်းမှာ လှုပ်ရှားခိုင်းတယ်။ ဘာလို့ ဝီချက်မအပ်ရမှာလဲ။"
"ဒါပေါ့။"
ရှန်ချင်းဟန်က ဝမ်းပန်းတသာဖြင့် ဖုန်းကိုထုတ်ယူကာ ရှန်ကွမ်းယွဲ့ယင်းနှင့်ဝီချက် အပြန်အလှန်အပ်လိုက်ကြသည်။ ရှန်ချင်းဟန်ကိုအပ်ပြီးနောက်တွင် လင်းဇီချန်ကိုကြည့်၍ ပြုံးကာ ပြောလိုက်သည်။
"သူငယ်ချင်းအဖြစ်နဲ့ အပြန်အလှန်အပ်ကြရအောင်။"
လင်းဇီချန်ကမူ ပြုံး၍ ယဉ်ကျေးစွာဖြင့် ငြင်းလိုက်လေသည်။
" ငါက ပို့စ်တင်တာလည်းရှားပါတယ်။ ဝီချက်ကိုကြည့်တာလည်းရှားတယ်။ ငါ့ကိုရှာဖို့လိုရင် ဟန်ဟန်ကိုဆက်သွယ်လိုက်။ ငါလည်းအမြဲလိုလိုငါနဲ့ရှိနေတာ။"
"အဲ့လိုဆိုလည်းကောင်းပြီလေ။"
ရှန်ကွမ်းယွဲ့ယင်းက ပြုံးလိုက်ပြီး စိတ်ထဲတွင်မူ အနည်းငယ်ပင် မကျေနပ်ပေ။ ရှန်ချင်းဟန်ကိုအပ်သည်မအပ်သည်ထက် လင်းဇီချန်၏အကောင့်ကို အပ်လိုခြင်းကြောင့်ဖြစ်သည်။ ထိုမျှချောမောလှသည့်ပါရမီရှင်မျိုးကို မတွေ့ဖူးပေ။ လင်းဇီချန်ကို ဝီချက်တွင်အပ်ကာ လူလွတ်ဖြစ်သွားသည့်အခါတွင် အခွင့်အရေးရှိမရှိကို သိချင်မိသည်။ ထိုသို့ဖြစ်လာလျှင် ချက်ချင်းပင် လှုပ်ရှားမည်ဖြစ်သည်။
ခေတ္တမျှစကားပြောပြီးနောက်တွင် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် အဆောင်မှအမြန်ပင် ထွက်ခွာသွားကြကာ လေဆိပ်ရှိရာသို့ လျှောက်သွားကြသည်။ လေဆိပ်သို့ ရောက်သည့်အခါတွင် စစ်တပ်ဟယ်လီကော်ပတာအသီးသီးကိုတွေ့လိုက်ရသည်။ နှစ်ဦးသည် သက်ဆိုင်ရာဟယ်လီကော်ပတာပေါ်သို့တက်၍အိတ်များထားလိုက်သည်။ မကြာခင်တွင်ပင် လီမော်ယွီနှင့်အခြားသူများ ရောက်လာ၏။ အားလုံးစုံသည်ကို တွေ့သောအခါတွင် ဖြည်းဖြည်းချင်းကောင်းကင်ပေါ်သို့တက်ကာ ရှန်ဟိုင်းတက္ကသိုလ်သို့ ပျံသန်းသွားတော့သည်။
....
နှစ်နာရီခန့်ကြာပြီးနောက်တွင် စစ်တပ်ဟယ်လီကော်ပတာသည် ရှန်ဟိုင်းတက္ကသိုလ်တွင်သို့ရောက်ရှိကာ အဆောက်အဦး၏အမိုးပေါ်သို့ဆင်းသက်သည်။ ယွမ်သုန်ကျီသည် ကျောင်းသားငါးဦးကို ဟယ်လီကော်ပတာပေါ်မှဆင်းခိုင်းလိုက်သည်။ ဆင်းပြီးပြီးချင်းတွင် လီမော်ယွီနှင့်အခြားသူများသည် လျှောက်ပတ်ကြည့်မနေတော့ဘဲ အိတ်များယူကာ ပြန်သွားကြသည်။ ဆောင်းရာသီဖြစ်သောကြောင့် အိမ်တွင်သာ နေနေကြခြင်းဖြစ်သည်။ စစ်တပ်နယ်မြေတွင်ရှိစဉ်ကတည်းကပင် မိသားစုများနှင့်ဆက်သွယ်ထားကြပြီးဖြစ်သည်။ မိသားစုများက ယခုတွင် ကျောင်းဝင်ပေါက်၌ စောင့်နေကြသည်။ မာရှိဝေကလည်း အမြန်ပင် ထွက်ခွာသည်။ သူမ၏အိမ်သည် ကျောင်းထဲတွင်သာရှိသောကြောင့် လမ်းလျှောက်ယုံဖြင့်ရောက်သည်။ လင်းဇီချန်နှင့် ရှန်ချင်းဟန်ကိုမူ ယွမ်သုန်ကျီက ကျောင်းအုပ်ရုံးခန်းသို့ခေါ်သွားကာ လင်းဇီချန်နှင့် စကားပြောရမည်ဖြစ်သောကြောင့်ဖြစ်၏။
....
ကျောင်းအုပ်ရုံးခန်းထဲတွင် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် စားပွဲခုံရှေ့မှဆိုဖာပေါ်တွင် ထိုင်နေကြကာ လင်းဇီချန်က ဖုန်းကိုကြည့်၍ ရှန်ချင်းဟန်က လက်ဖက်ရည်သောက်နေသည်။ ယွမ်သုန်ကျီသည် ယောင်ဟယ့်လင်ပေးသောဓာတ်စမ်းပစ္စည်းကိုထိုး၍ သူမခုံတွင် ထိုင်နေသည်။ ဓာတ်စမ်းပစ္စည်းက အလုပ်ဖြစ်သည်နှင့် သူမသည်လည်း ပြန်ကောင်းသွားသည်။ ခေတ္တမျှကြာပြီးနောက်တွင် ယွမ်သုန်ကျီသည် ထိုင်ရာမှထလာပြီး လင်းဇီချန်နှင့် မျက်နှာချင်းဆိုင်တွင်ထိုင်ကာ ပြောလိုက်၏။
"မင်းစာမေးပွဲတုန်းက မင်းအရည်အချင်းကိုပြကတည်းက ဂမ္ဘီရသစ်ပင်ဂိုဏ်းကလူတွေကို မင်းကိုလုဖို့ လှုပ်ရှားတော့မယ်ဆိုတာကို သိတယ်။"
"အဲ့တာကြောင့် မင်းစစ်တပ်နယ်မြေမှာ ကွင်းဆင်းလေ့ကျင့်တာကိုသိတာနဲ့ ငါနောက်က တိတ်တိတ်လေးလိုက်လာတာ။"
ထိုသို့ပြောပြီးနောက်တွင် ယွမ်သုန်ကျီက ရှန်ချင်းဟန်ငှဲ့ပေးထားသောလက်ဖက်ရည်ခွက်ကိုကောက်ကိုင်ကာ တစ်ကျိုက်သောက်လိုက်သည်။ သူမက ဆက်ပြော၏။
"ဂမ္ဘီရသစ်ပင်ဂိုဏ်းက သူလျှိုတွေက မင်းကို ပစ်မှတ်ထားတယ်ဆိုပေမဲ့လို့ ငါမင်းတို့နောက်ကိုလိုက်လာပြီး တိတ်တဆိတ်လေးကာကွယ်ပေးနေတာကို ဘယ်သူ့ကိုမှမပြောခဲ့ဘူး။ ဘာလို့လဲဆိုတာသိလား။"
လင်းဇီချန်က ခေတ္တမျှစဉ်းစားပြီးနောက်တွင် ဖြေလိုက်သည်။
"စစ်တပ်ထဲမှာ သစ္စာဖောက်တွေရှိလို့ မယုံကြည်လို့မဟုတ်လား"
"အမှန်ပဲ။"
ယွမ်သုန်ကျီက သဘောတူသည့်အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။
သူမသည် လက်ဖက်ရည်ခွက်ကို ပြန်ချထားကာ လေးနက်သောအမူအရာဖြင့် ပြောလိုက်သည်။
"ကမ္ဘာမြေပေါ်က သစ္စာဖောက်တွေက မင်းထင်ထားတာထက်ကို ပိုများနေပြီ။"
"သစ္စာဖောက်အများစုက သူတို့တာဝန်လုပ်စရာမရှိရင် သာမန်လူတွေလိုမျိုးပဲ။"
"သူတို့က မင်းရဲ့ဆရာလည်းဖြစ်နိုင်တယ်၊ အရင်းနှီးဆုံးသူငယ်ချင်းလည်းဖြစ်နိုင်တယ်၊ ချစ်သူတောင်ဖြစ်နိုင်တယ်။"
"လူအဖွဲ့အစည်းထဲဝင်ပြီး နှစ်ပေါင်းများစွာပုန်းကွယ်နေတဲ့သူတွေက သူတို့တစ်သက်လုံးမှာလုပ်စရာတစ်ခုပဲရှိတာ။"
"တာဝန်လုပ်လို့ပြီးတာနဲ့ သူတို့က လူကောင်းတွေပဲ။"
"သူတို့တာဝန်လုပ်တဲ့အခါကျမှသာ သူတို့ရဲ့အစစ်အမှန်ကိုပြကြတာ။"
"စစ်တပ်နယ်မြေက တပ်မှူးချန်းလိုပေါ့။ ဂမ္ဘီရသစ်ပင်ဂိုဏ်းကသာ မင်းကိုဖမ်းဖို့ မစီစဉ်ဘူးဆိုရင် သူလည်းဖော်ထုတ်ခံလိုက်ရမှာမဟုတ်ဘူး။"
"ငါမင်းကို ပြောပြဖို့ ကြိုးစားနေတာက မင်းအန္တရာယ်နဲ့ရင်ဆိုင်ရတဲ့အခါကျရင် မင်းဘေးနားက ဘယ်သူ့ကိုမှမယုံကြည်ဖို့ကိုပဲ။"
"...."
လင်းဇီချန်က ခေါင်းညိတ်ပြလိုက်၏။
"ကျွန်တော်နားလည်ပါပြီ။ သတိပေးလို့ ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ယွမ်။"
ယွမ်သုန်ကျီ၏သတိပေးချက်နှင့်ပက်သက်၍ အနည်းငယ်မျှပင် စိတ်မပူပေ။ အန္တရာယ်ကြိုသိမြင်နိုင်စွမ်းအားရှိသောကြောင့် အခြားသက်ရှိများ၏မသင်္ကာစရာလှုပ်ရှားမှုများကို အာရုံခံမိကာ မိမိကိုနောက်ကျောမှဓားဖြင့်ထိုးနိုင်သည့်အခွင့်အရေးက လွန်စွာနည်းပါးလှသည်။
"ဒါနဲ့ ကျောင်းအုပ်ယွမ် ဂမ္ဘီရသစ်ပင်ဂိုဏ်းက တကယ်ပဲဘာလဲ။"
လင်းဇီချန်က သိလိုစိတ်ဖြင့် မေးလိုက်မိသည်။
မိမိသည် နှစ်ဝက်အတွင်းပင် ထိုဂိုဏ်း၏နှစ်ကြိမ်တိုက်ခိုက်သည်ကို ခံခဲ့ရသည်။ လျစ်လျူရှုထား၍ရသည့်ကိစ္စမျိုး မဟုတ်တော့ပေ။ ယွမ်သုန်ကျီက တည်ငြိမ်စွာဖြင့် ပြောလိုက်လေသည်။
"ဂမ္ဘီရသစ်ပင်ဂိုဏ်းက လတ်တလော မိစ္ဆာဒိဌိဂိုဏ်းတွေထဲမှာ ရှေးအကျဆုံးဂိုဏ်းပဲ။ ဆန်းကြယ်သားရဲတွေ ပေါ်မလာခင်ကတည်းက ရှိနေခဲ့တာ။"
အခန်း (၂၉၆)အင်အားအစစ်အမှန်ကိုပြသချိန်တန်လေပြီ (၂)
"တိတိကျကျပြောရရင် ကမ္ဘာမြေပေါ်မှာဆန်းကြယ်သားရဲတွေပေါ်လာတဲ့အကြောင်းရင်းက ဂမ္ဘီရသစ်ပင်ဂိုဏ်းက လုပ်တာကြောင့်ပဲ။"
"ကမ္ဘာမြေနဲ့ မူလမြေကို အထူးလမ်းကြောင်းတွေနဲ့ဆက်စပ်တာကလည်း ဂမ္ဘီရသစ်ပင်ဂိုဏ်းက လုပ်တာပဲ။ သူတို့က အဲ့လမ်းကြောင်းကနေပြီး မူလမြေက ဆန်းကြယ်သားရဲတွေကို ကမ္ဘာမြေပေါ်ကို ပို့ပေးနေကြတာ။"
"ဆန်းကြယ်သားရဲတွေကို ပို့ဆောင်ရတဲ့ရည်ရွယ်ချက်ကိုတော့ ခုထိ မသိသေးဘူး။"
"ငါတို့ကိုယ်တိုင်တောင် သိတာမဟုတ်ဘူး။ ဂမ္ဘီရသစ်ပင်ဂိုဏ်းက အကြီးအကဲတွေ ကိုယ်တိုင်တောင် မသိကြဘူး။ ဘာလို့ ဒီလိုမျိုးလုပ်နေရတယ်ဆိုတာကို ဘယ်သူမှ သိမထားဘူး။"
"အဲ့တာအပြင် အခြား မိစ္ဆာဒိဌိဂိုဏ်းငယ်လေးတွေကိုလည်း ဂမ္ဘီရသစ်ပင်ဂိုဏ်းက ထောက်ပံ့ပေးထားတာ။"
"ဥပမာဆိုရရင် ရှန်ဟိုင်းမြို့မှာ လွန်ခဲ့တဲ့နှစ်တွေအတွင်းကပဲ ကြွက်နတ်ဘုရားဂိုဏ်းပေါ်လာတယ်။"
"မင်းနဲ့ချင်းဟန်တို့က ဒေသခံတွေပဲ။ အဲ့တာကြောင့် ကြွက်နတ်ဘုရားဂိုဏ်းကိုသိမှာပါ။"
"ငါဂမ္ဘီရသစ်ပင်ဂိုဏ်းကို သိထားတာတော့ ဒီလောက်ပဲ။ အဲ့ဒါရဲ့နောက်ကွယ်ကအကြောင်းအရင်းကိုတော့ ရှင်းရှင်းလင်းလင်းမသိဘူး။"
"...."
ယွမ်သုန်ကျီပြောသည်ကို နားထောင်ပြီးနောက်တွင် လင်းဇီချန်အံ့အားသင့်သွားသည်။ ဂမ္ဘီရသစ်ပင်ဂိုဏ်းသည် မိစ္ဆာဒိဌိဂိုဏ်းမျှသာဖြစ်မည်ဟု ထင်ထားခဲ့သည်။ ထို့သော်လည်း ကမ္ဘာမြေပေါ်ရှိ ရှေးအကျဆုံးဂိုဏ်းတစ်ဂိုဏ်းဖြစ်နေကာ အခြားသောမိစ္ဆာဒိဌိဂိုဏ်းများ၏အစ်ကိုကြီးလည်း ဖြစ်နေသေးသည်။ အမှန်ပင် အံ့ဩစရာကောင်းလှသည်။
"ကျောင်းအုပ်ယွမ် ဂမ္ဘီရသစ်ပင်ဂိုဏ်းက အကြီးအကဲကိုးက သွေးမျိုးဆက်စွမ်းအားအဆင့်ဘယ်လောက်ရှိတယ်ဆိုတာကို သိလား။"
လင်းဇီချန်သည် ခါးကုန်းလူကြီးက မိမိကိုဖမ်းရန် ကြိုးစားသည်ကို ပြန်စဉ်းစားကြည့်ပြီး ထိုလူ၏သွေးမျိုးဆက်စွမ်းအားအဆင့်ကို သိချင်သွားမိသည်။
မိမိတွေ့ဖူးသမျှရန်သူထဲတွင် အားအကောင်းဆုံးဖြစ်လေသည်။
မိမိသည် စွမ်းအားအမျိုးမျိုးပိုင်ဆိုင်ထား၍သာမဟုတ်လျှင် ချင်းဟန်ကလည်း ရေနှင့်ပက်သက်သောအစွမ်းရှိသောကြောင့်သာမဟုတ်လျှင် မိမိတို့ကို ထိုသူက ဂိုဏ်းသို့ ခေါ်သွားပြီးဖြစ်သည်။ ယွမ်သုန်ကျီသည် လက်ဖက်ရည်ခွက်ကိုကောက်ကိုင်၍ တစ်ကျိုက်သောက်လိုက်ပြီး လေသံအေးအေးဖြင့် ပြောလိုက်သည်။
"အကြီးအကဲကိုးရဲ့သွေးမျိုးဆက်စွမ်းအားအဆင့်ကိုတော့ ငါလည်းမသိဘူး။"
"အဆင့်မြင့်တိုက်ခိုက်သူတွေအတွက် သွေးမျိုးဆက်စွမ်းအားအဆင့်ဆိတုာက အရမ်းအရေးကြီးတဲ့လျှို့ဝှက်ချက်လိုမျိုးပဲ။ သူတို့ကိုယ်သူတို့ ဖုံးဖိထားနိုင်တာနဲ့ အခြားသူတွေသိဖို့ခက်တယ်။"
"တိုက်ပွဲကိုကြည့်ပြီးပဲ ဆုံးဖြတ်နိုင်မယ်။"
"မဟုတ်ရင်လည်း ခန့်မှန်းနိုင်တဲ့နည်းလမ်းရှိတဲ့သူအချို့ကပဲ သိနိုင်မယ်။"
ယွမ်သုန်ကျီသည် လက်ဖက်ရည်ခွက်ကို ချထားလိုက်ပြီး ပြောလိုက်၏။
"ငါ့သွေးမျိုးဆက်စွမ်းအားအဆင့်က သခင်အဆင့်တတိယပဲ။ မင်းသူနဲ့တွေ့ရင် ငါ့ကိုခန့်မှန်းပြီး ကိုးကားလို့ရတာပေါ့။"
သခင်အဆင့်တတိယလော။
ထိုအဆင့်က မြင့်လွန်းလှသည်။ ဂမ္ဘီရသစ်ပင်ဂိုဏ်းသည် မိမိကိုမသတ်ဘဲ လိုက်ဖမ်းသည်ကိုပင် ကျေးဇူးတင်ရပေမည်။ မဟုတ်လျှင် ယခုတွင်မူ အဆုံးသတ်လောက်ပြီဖြစ်၏။ လင်းဇီချန်သည် ကျောရိုးထဲမှပင် စိမ့်တက်သွားသည်။ ထိုအချိန်တွင် ယွမ်သုန်ကျီက ၎င်းကို သတိပေးလိုက်သည်။
"ငါ့ရဲ့သွေးမျိုးဆက်စွမ်းအားအဆင့်ကိုမှတ်ထားပြီး မင်းတို့နှစ်ယောက် သေချာလည်း ထိန်းသိမ်းထားဦး။ ဘယ်သူ့ကိုမှလည်း လျှောက်ပြောမနေနဲ့ဦး။ နားလည်လား။"
ရှန်ချင်းဟန်က နာခံစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ကဲ့ နားလည်ပါတယ် ဆရာ။"
လင်းဇီချန်ကလည်း ဖြေလိုက်သည်။
"စိတ်မပူပါနဲ့ကျောင်းအုပ်ယွမ် သရဲဆိုရင်တောင် ပြောမပြပါဘူး။"
ယွမ်သုန်ကျီက လက်ဖက်ရည်ခွက်ကို ကောက်ကိုင်၍ လက်စသတ်လိုက်သည်။ ထို့နောက်တွင် လင်းဇီချန်ဘက်သို့လှည့်ကာ ထိုည၏အဓိကအကြောင်းရင်းကို ဖြည်းဖြည်းချင်းစပြောသည်။
"ဇီချန် မင်းက အဆင့်မြင့်ဆဌမအဆင့်ကို ခြစ်ရာလေးတောင်မထင်ဘဲ လက်ဗလာနဲ့သတ်လိုက်တာကို တွေ့လိုက်တယ်။"
"ငါက အစက မင်းကို ကူညီပေးမလို့။ ဒါပေမဲ့လို့ မင်းက သူ့ကို သတ်ပြီးနေပြီ။"
"အဲ့တုန်းက ငါတကယ်တုန်လှုပ်သွားတာ။"
"အခြေခံနဝမအဆင့်ခန္ဓာကိုယ်နဲ့စဉ်းစားကြည့်မယ်ဆိုရင် အဆင့်မြင့်ဆဌမအဆင့်ကိုဒဏ်ရာမရဘဲ လက်ဗလာနဲ့သတ်နိုင်ဖို့ဆိုတာက လုံးဝကို ရူးလောက်ချင်စရာကိစ္စပဲ။"
ထိုသို့ပြောပြီးနောက်တွင် ယွမ်သုန်ကျီမျက်နှာထက်မှ မယုံကြည်နိုင်မှုများကို အထင်းသားမြင်ရသည်။
သူမသည် ရှန်ဟိုင်းတက္ကသိုလ်တွင် ဆရာဖြစ်သည်မှာ နှစ်ဆယ်ချီကျော်ပြီဖြစ်သော်လည်း ထိုသို့ပါရမီရှင်မျိုးကို တစ်ခါမှမတွေ့ခဲ့ဖူးပေ။ သမိုင်းတွင်ပါရမီအရှိဆုံးသူသည်ပင် အကြီးတန်းရောက်သောအခါမှ အဆင့်မြင့်ပဥ္ဇမအဆင့်ကို ယှဉ်နိုင်ရုံလောက်သာဖြစ်သည်။ လင်းဇီချန်ကမူ လူသစ်ဖြစ်ပြီး လက်ဗလာဖြင့် အဆင့်မြင့်ဆဌမအဆင့်ကို အနိုင်ယူခဲ့ခြင်းဖြစ်သည်။ ယုံကြည်နိုင်ဖွယ်ရာမရှိပေ။ ယွမ်သုန်ကျီသည် မိမိနှင့်မျက်နှာဖုံးစွပ်လူတို့ တိုက်ပွဲဖြစ်သည်ကို ယွမ်သုန်ကျီတွေ့သွားမည်ကို ခန့်မှန်းမိပြီးဖြစ်သည်။ သို့တိုင် ယွမ်သုန်ကျီက တည့်တိုးပြောလိုက်သောကြောင့် ရင်ခုန်သွားမိသည်။ အတော်ကြာဖုံးကွယ်ထားခဲ့သောမိမိ၏အင်အားသည် ပေါ်လာပြီဖြစ်သည်။
ထိုအကြောင်းကိုတွေးရင်းဖြင့် အမှန်အတိုင်း ပြောလိုက်လေသည်။
"ကျောင်းအုပ်ယွမ် အဆင့်မြင့်ဆဌမအဆင့်မဟုတ်ပါဘူး။ အဲ့လူက အပြင်းအထန်ဒဏ်ရာရထားလို့ သူ့အင်အားက အဆင့်မြင့်စတုတ္ထအဆင့်ထိကျသွားတာပါ။"
ယွမ်သုန်ကျီက အတန်ငယ်အထင်ကြီးသွားလေသည်။
"မင်းက သတိထားတာမှာတော်တော်လေးတော်တာပဲ။ မင်းဘယ်လောက်အားကောင်းတာလဲကို သူများတွေသိသွားမှာ အမြဲတမ်းကြောက်နေတာ။ အမြဲတမ်းမင်းအရည်အချင်းတွေကို ဖုံးထားနေတယ်။"
လင်းဇီချန်က ရှင်းပြလိုက်သည်။
"ကျောင်းအုပ်ယွမ် ဒီတစ်ခေါက်က တကယ်ဖုံးထားတာမဟုတ်ပါဘူး။ အဲ့လူက ဒဏ်ရာအပြင်းအထန်ရထားလို့ အဆင့်မြင့်စတုတ္ထအဆင့်ထိကျသွားတာက တကယ်ပါ။"
"အဲ့တာအပြင် လျှပ်တစ်ပြက်တိုက်ခိုက်တဲ့ဟာမျိုးလည်းရှိတယ်။"
"သေချာပြောရရင် ကျွန်တော်တိုက်ခိုက်တာက အဆင့်မြင့်တတိယအဆင့်နဲ့ညီမျှတယ်။"
လျော့တွက်သည်ကို လက်ခံ၍ရသော်လည်း ပို၍တွက်သည်ကမူ လက်ခံ၍မဖြစ်နိုင်ပေ။ အပြန်အလှန်အားဖြင့် ပို၍တွက်ဆထားခြင်းက ကပ်ဘေးကြီးကို ဖြစ်စေနိုင်သည်။ ဂမ္ဘီရသစ်ပင်ဂိုဏ်း၏တိုက်ခိုက်မှုကဲ့သို့ပင်ဖြစ်သည်။ မျက်နှာဖုံးစွပ်လူသည် မိမိ၏အင်အားကို လျှော့တွက်ခဲ့ခြင်းကြောင့် ချုံခိုတိုက်ခိုက်နိုင်ခဲ့ကာ ဒဏ်ရာမရဘဲ အနိုင်ပိုင်းလိုက်ခြင်းဖြစ်သည်။ မျက်နှာဖုံးစွပ်လူကသာ မိမိကို အစတည်းက အထင်ကြီး၍ သတိကပ်နေပါလျှင် ထိုသို့လုပ်ရန် အခွင့်အရေးရှိမည်မဟုတ်ပေ။
ယွမ်သုန်ကျီက ပြောလိုက်လေသည်။
"မင်းမှာ အဆင့်မြင့်ဆဌမအဆင့်လောက်အားမရှိတာကိုတော့ ငါသိတယ်။ မင်းက မင်းစွမ်းအားတွေကို ဖုံးကွယ်ထားတယ်လို့ပြောတာက မင်းရဲ့ပုံမှန်အပြုအမူမျိုးကို ပြောတာ။"
"တကယ်တော့ အရည်အချင်းကို ဖုံးကွယ်ထားတယ်ဆိုတာက အကျင့်ကောင်းတစ်ခုပါ။ ဒါပေမဲ့ အင်အားလည်းရှိတယ်။"
"ငါ့အတွက်တော့ မင်းက ကျောင်းသားတစ်ယောက်ပဲရှိသေးတယ်။ အမြင့်ဆုံးဆင့်ကဲပြောင်းလဲနှုန်းနဲ့ဆိုရင် မင်းကိုဒီထက်ပိုပြီးတိုးတက်အောင် အရင်းအမြစ်တွေထောက်ပံ့ပေးနိုင်တယ်။"
"မင်းရဲ့အရည်အချင်းကို ဖုံးကွယ်ထားတာက အရင်းအမြစ်ကိုနည်းသွားစေပြီး ဆင့်ကဲပြောင်းလဲတာကို လျော့သွားစေတာပေါ့။"
ယွမ်သုန်ကျီက ဆက်ပြောလိုက်သည်။
"ဒါပေါ့။ မင်းဘာလို့ မင်းအရည်အချင်းကို ဖုံးကွယ်ထားတယ်ဆိုတာကို ငါနားလည်ပါတယ်။"
"လုံခြုံရေးကိုစိတ်ပူပြီး အခြားသူတွေပစ်မှတ်ထားခံရမှာကြောက်လို့ပဲမလား။"
"ဒါပေမဲ့လို့ တစ်ဖက်မှာကျ ပါရမီကိုသာ ထုတ်ပြမယ်ဆိုရင် ဒီထက်ကောင်းတဲ့အကာအကွယ်မျိုးရနိုင်တယ်။"
"အခြားသူတွေ ပစ်မှတ်ထားခံရမှာကို တွေးပူတာ အတွေးလွန်နေတာပဲ။"
"အခြားတိုင်းပြည်မှာဆိုရင်တော့ အာမမခံနိုင်ဘူး။ ဒါပေမဲ့ ကျိုကျုံးမှာဆိုရင်တော့ ပါရမီရှင်တွေကို ကာကွယ်ပေးတာက အကောင်းဆုံးပဲ။"
"...."
ယွမ်သုန်ကျီပြောသည်ကို နားထောင်ရင်းဖြင့် လင်းဇီချန် ရယ်ချင်သွားမိသည်။ ပါရမီရှင်တွေကို အကောင်းဆုံးကာကွယ်ပေးသည်လော။
မိမိသည် စစ်တပ်လေ့ကျင့်ရေးတွင် ပါဝင်ကာစရှိသေးသည်ကို ဂမ္ဘီရသစ်ပင်ဂိုဏ်း၏တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ အကြီးကျယ်ဆုံးကာကွယ်မှုဟု ဆိုနိုင်မည်လော။
ရိုးသားစွာပြောရလျှင် ဟာသသက်သက်သာ ဖြစ်သည်။
ယွမ်သုန်ကျီကမူ လင်းဇီချန်၏စိတ်တွင်း၌ လှောင်ပြောင်နေသည်ကို သတိမထားမိဘဲ ဆက်ပြောလိုက်သည်။
"ကျိုကျုံးသားတစ်ယောက်အနေနဲ့ ဘာမှစိတ်ပူမနေဘဲ မင်းအရည်အချင်းကို လွတ်လွတ်လပ်လပ်ထုတ်ပြလို့ရတယ်။"
"မင်းရဲ့လက်ရှိအခြေအနေနဲ့ဆိုရင် မင်းလှုပ်ရှားတာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အရေးမကြီးတော့ဘူး။"
"ဘာလို့လဲဆိုတော့ အထူးလေ့ကျင့်ရေးမှာမင်းရဲ့လုပ်ဆောင်ချက်တွေနဲ့ ဂမ္ဘီရသစ်ပင်ဂိုဏ်းက မင်းကိုစိတ်ဝင်စားနေတာကြည့်ပြီး မကြာခင်ပဲ တိုင်းပြည်ရဲ့အကြီးအကဲတွေရဲ့အာရုံကို ဆွဲဆောင်နိုင်မှာပဲ။"
"နာမည်ကြီးတွေက မင်းကိုလာရှာဖို့ကလည်း သိပ်မကြာတော့ဘူး။"
ယွမ်သုန်ကျီက ဆက်ပြောလိုက်သည်။
"ငါတို့တိုင်းပြည်မှာ အကြီးမားဆုံးရိုက်ချက်က အလောင်းအစားလုပ်ဖို့ပဲ။ အချိန်ကျလာလို့ မင်းကိုလာရှာကျတဲ့အခါ အဲ့တာကိုအသုံးချပြီး အားကောင်းတဲ့နောက်ခံကို ရှာလို့ရတယ်။"
"မင်းရဲ့ပါရမီကို နာမည်ကြီးတွေက သဘောကျသွားအောင် သေချာလုပ်နိုင်ရင် အကာအကွယ်လည်းရပြီး ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်တွေလည်း ပိုရမယ်။"
ယွမ်သုန်ကျီက ထပ်ပြောလိုက်၏။
"ဇီချန် မင်းကို ဂမ္ဘီရသစ်ပင်ဂိုဏ်းက ပစ်မှတ်ထားပြီးပြီဆိုမှတော့ မင်းဘာသာ ဖုံးကွယ်နေလည်း အလကားပဲ။ ငါ့အကြံကိုလက်ခံပြီး မင်းရဲ့ပါရမီကိုပြလို့ အားကောင်းတဲ့နောက်ခံကိုရှာပါ။ အဲ့တာကသာ မှန်ကန်တဲ့ရွေးချယ်မှုဖြစ်လိမ့်မယ်။"
လင်းဇီချန်က ခေါင်းညိတ်ပြလိုက်၏။
"အင်း ဘာလုပ်ရမယ်ဆိုတာကို ကျွန်တော်သိပါပြီ။"
ယွမ်သုန်ကျီပြောသည်မှာ မှန်သည်ဟု ထင်သည်။ ပါရမီကထုတ်ဖော်ပြသ၍ အကာအကွယ်ကိုလိုက်ရှာသည် ပို၍ကောင်းသေးသည်။ အမှန်တွင် ဘာမျှထုတ်မပြနိုင်ပေ။
ချီသွေးနှင့်ဝိညာဉ်စွမ်းအားကို ပြသခြင်းဖြင့်ပင် လုံလောက်ပေမည်။ အကောင်းဆုံးမှာ သွေးမျိုးဆက်စွမ်းအားများကို ထုတ်မပြရန်ဖစ်သည်။ အထူးသဖြင့် အသန်မာဆုံးအောင်မြင်မှုပင် ဖြစ်၏။ သွေးမျိုးဆက်စွမ်းအာများ၏အာနိသင်က ပြင်းထန်ကာ ကပ်ဘေးတမျှပင် ဖြစ်သည်။ မိစ္ဆာဒိဌိများသာမက အဆင့်မြင့်လွန်းသူများပါ ရောက်လာနိုင်သည်။ ရိုးသားခြင်းကို အပြစ်ဆို၍မရပေ။ ရတနာကိုပိုင်ဆိုင်ခြင်းထားကြောင့် အမှန်တရားက ပြောင်းလဲသွားမည်မဟုတ်ပေ။ ထိုအကြောင်းကို စဉ်းစားမိပြီး လင်းဇီချန်က ယွမ်သုန်ကျီကို ကြည့်၍ ပြောလိုက်သည်။
"ကျောင်းအုပ်ယွမ်ပြောတဲ့ အလောင်းအစားလုပ်တဲ့ နာမည်ကြီးတွေဆိုတာ ဘယ်လိုနာမည်ကြီးတာလဲ။"
ယွမ်သုန်ကျီက တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။
"ကျိုကျုံးမှာအားအကြီးဆုံးတွေက ဒဏ္ဍာရီအဆင့်အားကောင်းတဲ့သူတွေပဲ။"
ဒဏ္ဍာရီအဆင့်အားကောင်းသူများလော။
ထိုစားကြောင့် အံ့ဩသွားကာ စိတ်ထဲတွင် တွေးနေမိသည်။ လက်တွေ့ဘဝတွင် မြင်ဖူးသောအားအကောင်းဆုံးသောသူမှာ ယွမ်သုန်ကျီနှင့် ခါးကုန်းလူကြီးတို့ ဖြစ်သည်။ နှစ်ဦးလုံးက သခင်အဆင့်ဖြစ်သည်။ ယွမ်သုန်ကျီသည် ပင်လယ်ကိုထိန်းချုပ်နိုင်ကာ ကျန်တစ်ယောက်က တောအုပ်ကို စေခိုင်းနိုင်သည်။ နှစ်ယောက်လုံးသည် ကမ္ဘာမြေပေါ်မှ နတ်ဘုရားများနှင့်တူသည်။ ပို၍အားကောင်းသောမြင့်မြတ်သူအဆင့်ဆိုလျှင် နျူးကလီးယားဗုံးကိုပင် ခံနိုင်ရည်ရှိသည်။ ထို့ကြောင့် ဒဏ္ဍာရီအဆင့်အားကောင်းသူများဆိုလျှင် မည်မျှချဲ့ကားရာကျမည်နည်း။
အခန်း (၂၉၇) ငါကိုယ်ဝန်ရှိနေပြီ သမီးလေးဖြစ်ဖို့မျှော်လင့်ပါတယ်
ရှောင်ချန်သည် ယွမ်သုန်ကျီ၏ရုံးခန်းတွင် တစ်နာရီမျှစကားပြောနေကြကာ ဂမ္ဘီရသစ်ပင်ဂိုဏ်းနှင့် အခြားသောအရေးကြီးကိစ္စများကို ပြောဆိုဆွေးနွေးနေကြသည်။ ညဆယ်နာရီထိုပြီးဖြစ်သဖြင့် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည်အိတ်ဆွဲကာ အိမ်သို့ ပြန်လာခဲ့ကြသည်။
ကျောင်းဝင်းသည် ဆောင်းရာသီ ညဆယ်နာရီဖြစ်သောကြောင့် တိတ်ဆိတ်နေသည်။ ကျောင်းလမ်းများတွင် လမ်းလျှောက်ရင်းဖြင့်ပင် ကျောင်းသားများကို မြင်ရခဲသည်။ တစ်ခုတည်းသောအရာမှ ညခင်း၏လေပြေသာဖြစ်၏။ မျက်နှာကို ဖြတ်တိုက်ခတ်သွားလျှင်ပင် အေးစက်သွားကာ စိတ်ချမ်းမြေ့စရာကောင်းလှသည်။
"ရှောင်ချန် ကျောင်းက တိတ်ဆိတ်နေတာပဲ။ ပုံမှန်လိုမျိုး ရှုပ်ယှက်ခတ်နေတာမျိုးမရှိဘူးပဲ။"
ရှန်ချင်းဟန်က ပြောလိုက်သည်။
"အဲ့ဒါက ပုံမှန်ပါပဲ။ ဆောင်းရာသီပိတ်ရက်မလို့လေ။ ကျောင်းသားတွေက နှစ်သစ်ကူးဖို့ အိမ်ပြန်သွားကြလောက်ပြီ။"
ရှောင်ချန်က ပြန်ဖြေလိုက်သည်။ နွေရာသီကျောင်းပိတ်ရက်ဆိုလျှင် ကျောင်းသားများသည် ကျောင်းတွင်နေ၍ စာကြည့်ကြသည် မဟုတ်လျှင် ကျောင်းအမှတ်အတွက် မစ်ရှင်များ လုပ်တတ်ကြသည်။ သို့သော်ဆောင်းရာသီပိတ်ရက်ဆိုလျှင် အချိန်တိုက နွေဦးပွဲတော်လည်းရှိသောကြောင့် ကျောင်းသားအနည်းစုသာ ကျောင်းတွင်နေကြ၏။
"ရှောင်ချန် အထူးလေ့ကျင့်ရေးမှာ လဝက်လောက် ငါတစ်ယောက်တည်းအိပ်ခဲ့ရတာ။ အသားမကျဘူး။ ဒီည နင်နဲ့လာအိပ်လို့ရမလား။"
ရှန်ချင်းဟန်က မေးလိုက်၏။
"အဲ့လိုဆို ငါ့ဆီလာအိပ်လှည့်လေ။"
ရှောင်ချန်က ပြောလိုက်လေသည်။
"အဲ့လိုဆိုရပြီ။ ထမင်းစားပြီး ရေချိုးပြီးရင် နင့်ဆီလာခဲ့မယ်။"
ရှန်ချင်းဟန်က ပြောလိုက်၏။
"ကောင်းပြီ။ အိပ်ရာမဝင်ခင် ချီသွေးစွမ်းအားလွှင့်ပြီး ခြေထောက်ကို နွေးသွားအောင် လုပ်ပေးမယ်။"
ရှောင်ချန်က ကမ်းလှမ်းလိုက်၏။
"...."
စကားဆက်ပြောနေကြရင်းဖြင့် အေးဆေးစွာ လမ်းလျှောက်လာကြကာ မကြာခင်ပင် အိမ်များဆီသို့ ပြန်ရောက်လာသည်။ ရှောင်ချန်သည် သော့ထုတ်၍ဖွင့်ကာ အိတ်ဆွဲ၍ အိမ်ထဲသို့ ဝင်သွားသည်။ အိမ်ထဲမှမီးများအားလုံးမှိတ်ထားသည်။ စာရေးခန်းတစ်ခန်းကသာ မီးလင်းနေသည်။ ဝင်ပေါက်တွင် ရပ်လိုက်လျှင် စာရေးခန်းထဲမှ ကီးဘုတ်ဖြင့်စာရေးသံကို ကြားနေရသည်။ မိသားစုကို ဝင်ငွေမပြတ်စေသောသားတစ်ယောက်ရှိသော်လည်း မိဘများသည် ယခင်ကကဲ့သို့ပင် ညဉ့်နက်သည်အထိ စာရေးနေကြဆဲဖြစ်သည်။ ဝါသနာအစစ်မှန်ဟု ဆိုနိုင်ပေသည်။
သူသည် ဖိနပ်ပါးကို ပြောင်းစီးလိုက်ပြီး အိတ်ကိုအခန်းထဲသို့ဆွဲသွားကာ ထားလိုက်သည်။ ရှောင်ချန်သည် စာရေးခန်းနားသို့သွားကာ အသာအယာပင် တံခါးခေါက်လိုက်လေသည်။
"အဖေ အမေ သားပြန်လာပြီ။"
လင်းယန်ရှန်း၏ တွေဝေသွားသောအသံကို ကြားလိုက်ရသည်။
"အမ် သားပြန်လာပြီလား။"
ချက်ချင်းပင် တံခါးကိုဖွင့်၍ လင်းယန်ရှန်းနှင့် ကျန်းဝမ်ရှင်းတို့ အခန်းထဲမှ ထွက်လာကြသည်။ ရှောင်ချန်က တံခါးတွင် ရပ်နေသည်ကို မြင်လိုက်ရသောအခါတွင် လင်းယန်ရှန်းတစ်ယောက် အံ့ဩသွားသည်။
"အထူးလေ့ကျင့်ရေးက တစ်လလောက်ကြာမှာလို့ ပြောခဲ့တယ်မဟုတ်လား။ ဘယ်လိုလုပ် လဝက်လောက်နဲ့ ပြန်လာတာလဲ။"
ရှောင်ချန်က ပြန်ဖြေလိုက်သည်။
"အထူးလေ့ကျင့်ရေးက အစောကြီးပြီးသွားတာ။"
ထိုစကားကို ကြားသောအခါတွင် လင်းယန်ရှန်းက ချက်ချင်းမျက်မှောင်ကြုတ်လိုက်မိသည်။
"တစ်ခုခုဖြစ်လို့လား။"
"ဘာမှမဖြစ်ပါဘူး။ ဒီတစ်ခေါက် လေ့ကျင့်ရေးအသုတ်က တော်တော့ မြန်မြန်ပြီးသွားတာပါ။ အဲ့တာကြောင့် စောပြီးပြန်ရောက်လာတာ။"
ရှောင်ချန်သည် ကြိုတွေးထားသောအကြောင်းပြချက်ကိုပြော၍ ရှင်းပြလိုက်သည်။ လင်းယန်ရှန်းကမူ အံ့ဩနေလေသည်။
"အဲ့လိုလေ့ကျင့်တာမျိုး ရှိလို့လား။"
တစ်ဖက်တွင်မူ ကျန်းဝမ်ရှင်းကမစပ်စုပေ။ သူမစိတ်ပူသည်က အပြင်ပန်းသာဖြစ်သည်။
သူမက ရှောင်ချန်ကို ပြောလိုက်သည်။
"ဖုန်းမခေါ်ဘဲ ဘယ်လိုလုပ် အစောကြီးပြန်လာရတာလဲ။ သားအတွက် အရသာရှိတဲ့ဟာမျိုး ပြင်ပေးထားမှာပေါ့။"
"ကျွန်တော်က အမေတို့ကို အံ့ဩသွားစေချင်လို့ပါ။"
ရှောင်ချန်က ဝန်ခံလိုက်သည်။
"အံ့ဩသွားတာထက်ကို ပိုတယ်။"
ကျန်းဝမ်ရှင်းက စောဒကတက်လိုက်၏။
"ညဘက်ကြီးအသံမပေးဘဲနဲ့ ပြန်လာတယ်။ သူခိုးဝင်လာတယ်လို့ပဲ မှတ်တာ။"
"အမေ အတွေးလွန်နေပြီ။ ခုက လုံခြုံရေးတင်းကျပ်တဲ့ ရှန်ဟိုင်းတက္ကသိုလ်မှာ နေနေတာနော်။ သူခိုးက ပြန်နိုင်တယ်ဆိုရင်တောင်မှ အိမ်ထဲကို ရောက်မှာမဟုတ်ဘူး။"
ရှောင်ချန်က နောက်ပြောင်လိုက်၏။
"ဒီလောက်နောက်ကျနေပြီကိုး။ ခုထိညစာမစားရသေးဘူးမလား။ ဘာစားချင်လဲ။ အခုလုပ်ပေးမယ်။"
ကျန်းဝမ်ရှင်းက ကမ်းလှမ်းလိုက်သည်။
"ထမင်းကြော်ဆိုရင်ကို ရပါတယ်။"
ရှောင်ချန်က ပြန်ဖြေလိုက်သည်။
"ဘယ်လိုလုပ် ထမင်းကြော်ပဲစားမှာလဲ။ အိမ်မှာကို ကောင်းကောင်းစားသင့်တာပေါ့။"
ကျန်းဝမ်ရှင်းက ရေခဲသေတ္တာရှိရာသို့သွား၍ ပြောလိုက်သည်။
"သခွားသီးသုပ်ရယ်၊ ခရမ်းချဉ်သီးကြက်ဥရော်ကြော်ရယ်၊ ကြက်ပဲငပိရယ်နဲ့ နဂါးရိုးဖရဲစွပ်ပြုတ်လေးလုပ်ပေးမယ်ဆိုရင်ရော ဘယ်လိုလဲ။"
"အင်း ဆန်းကြယ်သားရဲသားကိုလည်း ပေါင်းပေးပါဦး။"
ရှောင်ချန်က ထပ်ပြောလိုက်သည်။
"သုတေသနတက္ကသိုလ်က ကျောင်းအုပ်လျို့က မနေ့က ရေခဲပုဇွန်အများကြီး လာပေးထားတယ်။ ခုတော့ ရေခဲသေတ္တာထဲမှာ။ သားစားဖို့ အခု နွှေးလိုက်မယ်။"
ကျန်းဝမ်ရှင်းက ဆိုလိုက်၏။
ထိုဟင်းပွဲများသည် ရှောင်ချန် ကြိုက်တတ်သောဟင်းပွဲများ ဖြစ်၏။ ကံကောင်းစွာဖြင့် ဟင်းချက်ပစ္စည်းများက ရေခဲသေတ္တာထဲတွင် အဆင်သင့်ရှိနေသည်။
....
ည (၁၁) နာရီထိုးသောအခါတွင် ညစာအဆင်သင့်ဖြစ်ပြီဖြစ်သည်။ ဟင်းပွဲလေးပွဲနှင့် စွပ်ပြုတ်တစ်ပန်းကန်ပင်ဖြစ်၏။ သုံးဦးသား တူတူထိုင်စားကြလေသည်။ မိဘနှစ်ပါးက ညစာစားပြီးဖြစ်သောကြောင့် ညလယ်စာအဖြစ်သာ စားကြသည်။
"ရော့ ရေခဲပုဇွန်မြည်းကြည့်။"
ကျန်းဝမ်ရှင်းသည် ပုဇွန်ကို ရှောင်ချန်၏ပန်းကန်လုံးပေါ်တွင် တင်ပေးလိုက်ပြီး မေတ္တာသက်ဝင်သောလေသံဖြင့် ပြောလိုက်သည်။
"အေးနေတယ်ဆိုပြီး စားမကောင်းဘူးမထင်နဲ့။ ပုံမှန်လတ်ဆတ်တဲ့ပုဇွန်တွေထက် ပိုပြီးချိုတယ်။"
"ကျေးဇူးပါ အမေ။"
ရှောင်ချန်က ကျေးဇူးတင်စကားပြောလိုက်သည်။
"ဒါနဲ့ ဟန်ဟန်ရော မစားရသေးဘူးမလား။ သူ့ကိုသွားခေါ်ပြီး စားခိုင်းလိုက်ပါ့လား။"
ကျန်းဝမ်ရှင်းက အကြံပေးလိုက်သည်။
"မလိုတော့ဘူးအအမေ သူလည်း သူ့အိမ်မှာ စားနေလောက်ပြီ။ ဝီချက်ကနေ အစားအသောက်ပုံတွေ ပို့လိုက်တယ်။ သူလည်း ရေခဲပုဇွန်ဟင်းပွဲလုပ်ထားလို့ သားကို လာစားဖို့ပြောနေတာ။"
ရှောင်ချန်က ပုဇွန်စားနေရင်းဖြင့် ရှင်းပြလိုက်သည်။
ပုဇွန်အခွံနွှာနေသော လင်းယန်ရှောင်းက ပြောလိုက်၏။
"ဝမ်ရှင်း ဟန်ဟန်ကိုခေါ်မနေနဲ့လေ။ သူလည်း သူ့မိဘတွေနဲ့စားနေမှာပေါ့"
"မင်းက အမြဲတမ်းပဲ သူ့ကို ဒီကိုလာဖို့ချော့တယ်။ ဒါပေမဲ့လို့ ရွှီမုန့်နဲ့ ရှန်ကျန်းယွဲ့တို့က သေချာပေါက်ဝမ်းသာမှာမဟုတ်ဘူး။"
"အထူးသဖြင့် သူက ပြန်ရောက်ခါကအချိန်ပေါ့။ ရွှီမုန့်နှင့် ရှန်ကျန်းယွဲ့တို့လည်း သူ့သမီးလေးကို လွမ်းနေမှာပေါ့။ အခု သူ့ကိုခေါ်လိုက်ရင် စိတ်ခုသွားလိမ့်မယ်။"
"...."
"အင်း အဲ့လို့မစဉ်းစားလိုက်မိဘူး။"
ကျန်းဝမ်ရှင်းက အမှားကိုဝန်ခံလို်ကသည်။ သူမသည် ဟန်ဟန်ကို သမီးလေးအဖြစ် မည်မျှပင် ဆက်ဆံပေးသော်လည်း အမေရင်းမဟုတ်ပေ။ အမေရင်းသည် သူမ၏သူငယ်ချင်း ရွှီမုန့်သာဖြစ်၏။ ဟန်ဟန်ကို အိမ်ခေါ်လိုက်ပါလျှင် မိဘနှစ်ပါး၏ခံစားချက်ကို လျစ်လျူရှုရာကျပေမည်။ ကျန်းဝမ်ရှင်းသည် ရှောင်ချန်၏ပန်းကန်ထဲသို့ နောက်ထပ်ပုဇွန်နွှာပြီး ထည့်ပေးလိုက်ကာ
"ရှောင်ချန် အမေ့မှာ မင်းကို ပြောပြဖို့သတင်းကောင်းရှိတယ်။"
"ဘာသတင်းကောင်းများလဲ။"
"သားမှာ ညီလေး မဟုတ်ရင်လည်း ညီမလေး ရတော့မယ်။"
"ဘာကို။"
ရှောင်ချန်သည် ခေတ္တမျှကြောင်သွားကာ ထိုသတင်းကောင်းကို နားလည်ရန် အချိန်ယူလိုက်ရသည်။