ရွှေအမတေအဆင့်ရှိ နဂါးအိုကြီး
Vol. 76 Ch. 1128
နှစ်ယောက်စလုံးက သွေးများဖြင့်ဖုံးလွှမ်းနေသည်။ နဂါးဘုရင်ဟောင်းကြီးက အနည်းငယ်ပိန်ပါးလှသော်လည်း သူ၏ အရပ်မှာမူ နှစ်မီတာကျော်သေးသည်။ ထို့ကြောင့် လူအုပ်က ယင်းတို့နှစ်ယောက်ကို အလွဲတကူခွဲခြားနိုင်သည်။
ချူးယွင်ဖန်းက ယခုအချိန်တွင် ဟန်မကျတော့သည်ကို အားလုံးက သိကြသည်။ များစွာသော အင်အားပြည့် တိုက်ခိုက်မှုများကို ခံယူပြီးနောက် သူ့ခန္ဓာကိုယ်မှ ကြွက်သားများအားလုံး စုတ်ပြဲကာ အရေပြားပေါ်တွင် အက်ကွဲရာများပေါ်နေပြီဖြစ်သည်။ ၎င်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဆိုးရွားသော မြင်ကွင်းတစ်ခုဖြစ်နေ၏။
ကိုယ့်မျက်စိနှင့် မမြင်ဖူးပါက ယုံနိုင်ကြလိမ့်မည်မဟုတ်ပေ။
သူနှင့် မျက်နှာချင်းဆိုင်ရှိ နဂါးဘုရင်ဟောင်းကြီးကလည်း ထူးမခြားနားပင်ဖြစ်ရာ ပိုမိုအတိအကျပြောရလျှင် သူသည်လည်း တစ်ကိုယ်လုံးမှ သွေးများထွက်နေသည်။ သို့သော် ချူးယွင်ဖန်းနှင့် နှိုင်းယှဥ်ပါက သူ့ခန္ဓာကိုယ်မှ သွေးများအားလုံးက ပေါက်ကွဲထွက်နေသကဲ့သို့ထင်ရသည်။ သူ့မျက်လုံးထဲတွင် ကြောက်မက်ဖွယ်အလင်းတစ်ခုရှိနေရာ ယခင်တိုက်ခိုက်မှုများတွင် သူ၏ ခွန်အားအပြည့်ကို သုံးခဲ့သော်လည်း ချူးယွင်ဖန်းက ရှောင်တိမ်းနိုင်ခဲ့ရုံသာမက တန်ပြန်လည်း တိုက်ခိုက်နိုင်ခဲ့သည့်အတွက် ဒဏ်ရာနှင့် ဒဏ်ရာလဲလှယ်ခြင်းကဲ့သို့ပင် အဆုံးသတ်ခဲ့သည်။
အကြိမ်တိုင်းတွင် သူသည် ချူးယွင်ဖန်းကို ပြင်းထန်စွာ ဒဏ်ရာရစေသော်လည်း ချူးယွင်ဖန်း၏ တန်ပြန်တိုက်ခိုက်မှုများက သူ့ဒဏ်ရာများကို လှုပ်ခါစေကာ တစ်ကိုယ်လုံး သွေးများယိုစီးစေခဲ့သည်။ နဂါးဘုရင်ဟောင်းကြီးသည် လွန်ခဲ့သောနှစ်ပေါင်းရာချီကတည်းက ဒဏ်ရာများကို နှိမ်နင်းခဲ့သော်လည်း ပျောက်ကင်းသွားသည်ဟု မဆိုလိုပေ။ သူသည် ယခင်က အလွန်မာနကြီးခဲ့ရာ ယခုအချိန်တွင်မူ ယင်းက သေလုနီးပါး ဒဏ်ရာဖြစ်လာခဲ့ပြီဖြစ်သည်။ သူ့အသက်စွမ်းအင်များ တဖြည်းဖြည်းချင်းကျဆင်းလာသည်ကို သူခံစားမိသည်။ ဤအတိုင်းသာ ရှေ့ဆက်ပါက သူ အမှန်တကယ်ပင် ပေါက်ကွဲ၍ သေဆုံးသွားနိုင်သည်။
နဂါးဘုရင်ဟောင်းကြီးက ချူးယွင်ဖန်း၏ ရည်ရွယ်ချက်ကိုမြင်သည်။ ချူးယွင်ဖန်းသည် ဒဏ်ရာနှင့်ဒဏ်ရာလဲချင်ခြင်းဖြစ်ရာ ချူးယွင်ဖန်းက ဒဏ်ရာရရန် တတ်နိုင်သည်။ သူသည် ငယ်ရွယ်သေးသဖြင့် ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံမှုက ကြောက်မက်ဖွယ်ကောင်း၍ ပြန်လည်ထူထောင်နိုင်စွမ်းမှာလည်း သူ့ထက်ပင်အင်အားကောင်းသ်ည။
နဂါးဘုရင်ဟောင်းကြီး၏ မျက်လုံးထဲတွင် အလွန်ထိတ်လန့်နေသည့် အကြည့်တစ်ခုပေါ်လာသည်။ အထူးသဖြင့် ချူးယွင်ဖန်းက ရွှေရောင်လက်သီးကို အသုံးပြုနေချိန်၌ အလွန်လျင်မြန်လွန်းလှသည်။ သူ့နောက်ကြောမှ မိုးကြိုးတောင်ပံများနှင့် ယှဥ်တွဲလိုက်သောအခါ သူ၏ အရှိန်သည် အလွန်တုန်လှုပ်ဖွယ်အဆင့်သို့ရောက်ရှိသွားခဲ့သည်။
နဂါးဘုရင်ကြီးသည် ရွှေအမတေအဆင့်သို့ရောက်ခဲံပြီးဖြစ်သော်လည်း ချူးယွင်ဖန်းထက် စွမ်းအားအရာတွင် နိမ့်ကျနေသေးကြောင်း သေချာသိသာလှသည်။ ထို့ကြောင့် သူ၏ စွမ်းအားအမြောက်အမြားကို အသုံးပြုကာ ချူးယွင်ဖန်းကို ချောင်ပိတ်တိုက်ခိုက်ရုံမှတပါး အခြား ရွေးချယ်စရာမရှိပေ။
၎င်းတို့ မတုံပြန်ပါက စစ်မြေပြင်တွင်ရှိနေသော ပြည်ထောင်စုတပ်မတော်က အသေအပျောက်များပေလိမ့်မည်။ သို့ သော်ငြားလည်း သူသည် မည်သည့် အားသာချက်ကိုမှ မရခဲ့ပေ။ ချူးယွင်ဖန်းက သူ့ဒဏ်ရာများကို နှိုးဆွလိုက်သဖြင့် ၎င်းတို့ကို မထိန်းနိုင်တော့ပေ။ သူ၏ အသက်စွမ်းအင်များက လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
နတ်အဆင့်တစ်ဦး၏လက်အောက်၌ သူဤကဲ့သို့ ဖိအားပေးခံရလိမ့်မည်ဟု ဘယ်သောအခါကမှ မတွေးခဲ့ဖူးပေ။
ဖွီးး
နဂါးဘုရင်အိုကြီးက သွေးတစ်ပွက်အန်ထုတ်လိုက်ပြီးနောက် စိတ်ထဲတွင် သက်ပြင်းတစ်ချက်ချလိုက်သည်။
‘ငါတကယ်ပဲ အသက်ကြီးသွားပြီလား’
သို့သော် သူ၏ နှလုံးသားထဲတွင် သတ်ဖြတ်လိုစိတ်က ပို၍ နက်ရှိုင်းလာသည်။ ဤကဲ့သို့တွေးလေလေ ချူးယွင်ဖန်းကို ခွင့်မပြုနိုင်လေဖြစ်သည်။ ချူးယွင်ဖန်းကိုသာ သူသတ်နိုင်မည်ဆိုပါက သူအသက်ရှန်ရန် အခွင့်အလမ်းရှိသည်။ သူ့ရှေ့မှ ချူးယွင်ဖန်း၏ ပုံရိပ်က မတ်နေသည်။ ချူးယွင်ဖန်း၏ တစ်ကိုယ်လုံးတွင် သွေးများ ဖုံးလွှမ်းနေသော်လည်း စစ်နတ်ဘုရားနှင့်တူသည်။
“မင်း ဘယ်လောက်တောင့်ခံနိုင်မလဲဆိုတာ ငါကြည့်ချင်သေးတယ်” နဂါးအိုကြီးက အံကြိတ်ကာ ပြော၏။
“အဘိုးကြီး ခင်ဗျား ကိုယ့်ကိုယ်ကိုယ် ဂရုအရင်စိုက်လိုက်တာ ကောင်းမယ်ထင်တယ်။ ခင်ဗျား သိုင်းကွက်ဘယ်နှစ်ကွက်ထပ်ထုတ်နိုင်သေးလဲ” ချူးယွင်ဖန်းက အေးစက်စွာပြောသည်။
နဂါးဘုရင်၏ တိုက်ခိုက်ရေးစွမ်းအားက မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို သူ့တစ်ကိုယ်လုံးမှ ထွက်နေသော သွေးများနှင့် ဒဏ်ရာရသွားသော ဧကရာဇ်ခန္ဓာကိုယ်ကိုကြည့်လျှင် သိနိုင်သည်။
ထိုသို့သော အင်အားကြီးမားသော ပြိုင်ဘက်ကို ရင်ဆိုင်ရသော်လည်း ချူးယွင်ဖန်းသည် အနည်းငယ်မျှ ကြောက်ရွံ့ခြင်းမရှိပေ။ ဆန့်ကျင်ဘက်အနေနှင့်၊ သူသည် ထိုနတ်ဘုရား၏ တိုက်ခိုက်ရေးစွမ်းအားကို တိုင်းတာရန် ၎င်းကို အသုံးပြုခဲ့သည်။ ယခု ချူးယွင်ဖန်းက ရွှေအမတေအဆင့်အစွန်းကို ထိသွားခဲ့ပြီဖြစ်သည်။ သူသည် ၎င်း၏တိုက်ခိုက်ရေးစွမ်းအားကို အမှန်တကယ်နားလည်ပြီဖြစ်ရာ ယင်းက ဧကရာဇ်၏ မှတ်ဉာဏ်များထဲမှဟုတ်ပေ။
ဧကရာဇ်၏ မှတ်ဉာဏ်များက မှတ်ဉာဏ်များသာဖြစ်၍ အမှန်တကယ် နားလည်ထားမှသာလျှင် မိမိကိုယ်တိုင်၏ မှတ်ဉာဏ်များဖြစ်လာနိုင်ပေလိမ့်မည်။
ချူးယွင်ဖန်းက အလွန်ဆိုးရွားသော အခြေအနေတွင်ရှိနေသော်လည်း နဂါးဘုရင်ကြီးက ပို၍ ဆိုးသောအခြေအနေ၌ ရှိနေသည်။
“တစ်ချက်ဆိုလုံလောက်ပြီ မင်း အဆုံးမဲ့တောင်ကို ဖျက်ဆီးချင်ရင် ငါ့ကို အရင်ကျော်ဖြတ်ရလိမ့်မယ်” နဂါးဘုရင်အိုကြီးက အော်လိုက်သည်။
“ခင်ဗျားကျုပ်ကို တားနိုင်တယ်လို့ ဘာက ထင်စေတာလဲ” ချူးယွင်ဖန်းက ရယ်မောလိုက်သည်။
နဂါးဘုရင်အိုကြီးက ကျုံးဝါးပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော မီတာတစ်ထောင်ရှည်လျားသည့် ရေနဂါးကြီးအဖြစ်ပြောင်းလဲသွားသည်။ ထို့နောက် ကြီးမားသော တောင်ကြီးတစ်ခုကဲ့သို့ ရစ်ပတ်၍ အဆုံးမဲ့နတ်ဆိုးတောင်တန်းပေါ်တွင် ထိုင်နေရာ အလွန်ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။
နှစ်ရာချီအထိ နဂါးဘုရင်အိုကြီးက သူ၏ ဒဏ်ရာများကို ကုသခဲ့သောလည်း ဒဏ်ရာများက ပုပ်နေဆဲဖြစ်လျက် သူ၏ အသက်ကို ဝါးမြိုနေခဲ့သည်။ ဤသို့မျှမဟုတ်ပါက ရေနဂါး၏ သက်တမ်းနှင့် ရွှေအမတေအဆင့်ဖြစ်သည်ဟူသော အချက်အရာ ဤအရာက ဤထက် များစွာပိုသည်။
ထိုစဥ်က တိုက်ပွဲတွင် ကျန်ရစ်ခဲ့သော ဒဏ်ရာသည် ယခုအချိန်တွင် အလွန်တုန်လှုပ်ဖွယ်ဖြစ်နေသည်။
ချူးယွင်ဖန်းက အခြားမည်သည်ကိုမျှ လုပ်ရန်မလိုပေ။ သူလုပ်ရန်ရှိသည်မှာ သူ၏ ဒဏ်ရာဟောင်းကို ဆွပေးလိုက်ရန်သာဖြစ်သည်။
ချူးယွင်ဖန်း၏အမူအရာမှာ လေးနက်လာသည်။ ဤသည်က နဂါးဘုရင်၏ နောက်ဆုံးတိုက်ခိုက်မှုဖြစ်နိုင်ကြောင်း သူသိသည်။ သူ၏ ရှင်သန်ခြင်း သို့မဟုတ် သေဆုံးခြင်းကို ဤလှုပ်ရှားမှုက အဆုံးအဖြတ်ပေးလိမ့်မည်ဖြစ်၏။
နဂါးဘုရင်က ဟိန်းဟောက်ကာ ခုန်အုပ်လိုက်သည်။ သူ့တစ်ကိုယ်လုံးမှ အလင်းလှိုင်းများ ထွက်ပေါ်လာသည်။ ထိုအချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော အလင်းရောင်တစ်ခုထွက်လာ၏။
ကမ္ဘာတစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်နေတာကို မြင်လိုက်ရသကဲ့သို့ လူတိုင်းက မှင်တက်သွားကြသည်။ ချူးယွင်ဖန်းသည်လည်း လေထဲသို့ ခုန်တက်ကာ သူ၏ ခန္ဓာကိုယ်ထဲရှိ နတ်စွမ်းအင်ကိုလည်း လွန်ကဲစွာ အသုံးပြုခဲ့သည်။ တစ်ခဏအတွင်း၌ပင် ၎င်းက ပေါက်ကွဲထွက်လာသည်။ သူ၏ ဘယ်လက်နှင့် ညာလက်တွင် အသူရာလက်သီးနှင့် ဂဌုန်လက်သီးတို့ကို အသီးသီးကို ဆုပ်ထားသည်။ လူနှင့်နဂါးတစ်ကောင်တို့ လေထုအလယ်တွင် ထိပ်တိုက်တွေ့ကြရာ ကြယ်တံခွန်နှင့်ခု တိုက်မိသကဲ့သို့ပင်ဖြစ်သည်။
ဘမ်း
ကောင်းကင်ကြီးက ပေါက်ကွဲသွားပြီးနောက် အဆုံးမဲ့ စွမ်းအင်လှိုင်းလုံးများက နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။ ဤအံ့အားသင့်ဖွယ် တိုက်ခတ်မှုကြီးက ထွက်ပေါ်လာသည်နျင့်အမျှ နှစ်ဖက်စလုံးမှ ကျွမ်းကျင်သူများသည် တိုက်ပွဲ၏ ရလဒ်ကို မြင်လို၍ မျက်လုံးများကို ကျယ်ကျယ်ဖွင့်ထားကြသည်။ ရလဒ်သည် စစ်ပွဲ၏ရလဒ်ကို အကျိုးသက်ရောက်စေမည်ဖြစ်သည်။ ရလဒ်ကို မည်သူမှ ဆုံးဖြတ်နိုင်စွမ်းမရှိပေ။
ချူးယွင်ဖန်းအနိုင်ရခဲ့ပါက ပြည်ထောင်စုသည် အဆုံးမဲ့ နတ်ဆိုးတောင်တန်းကို ဖျက်ဆီးပစ်မည်ဖြစ်သည်။ နဂါးဘုရင်က အနိုင်ရခဲ့လျှင်ပင် ပြည်ထောင်စုက ဆုတ်ခွာ၍ အဆုံးမဲ့နတ်ဆိုးတောင်တန်း၏ တန်ပြန်တိုက်ခိုက်မှုကို ရင်ဆိုင်ရပေလိမ့်မည်။ နောက်ဖက်စလုံးက ဆုတ်ခွာရန် နေရာမရှိပေ။ ၎င်းတို့တွင် အခြားရွေးချယ်စရာမရှိတော့ပေ။
လူတိုင်း၏ မျက်စိရှေ့တွင် ပထမဆုံးပေါ်လာသည်မှာ နဂါးဘုရင်၏ ကြီးမားသော ခန္ဓာကိုယ်ကြီးပင်ဖြစ်သည်။
“ငါတို့ နိုင်သွားတာလား” အဆုံးမဲ့နတ်ဆိုးတောင်တန်းမှ ကျွမ်းကျင်သူများအားလုံးက
ဝမ်းသာအားရ ဖြစ်ခဲ့ကြသည်။ နဂါးဘုရင်အိုကြီး အနိုင်ရသွားသကဲ့သို့ထင်ရသ်ည။ သို့သော် ၎င်းတို့ အောင်ပွဲမခံနိုင်ခင်၌ နဂါးဘုရင်အိုကြီး၏ ကြီးမားသော ခန္ဓာကိုယ်ကြီးက ပေါက်ကွဲသွားကာ သူ၏ အသားများနှင့် သွေးများက အဆုံးမဲ့နတ်ဆိုးတောင်တန်းပေါ်သို့ မိုးများနှယ်ရွာချလိုက်သည်။
၎င်းသည် အဆုံးမဲ့ နတ်ဆိုးတောင်တန်းနှင့် နတ်ဆိုးမျိုးနွယ်၏ ကံကြမ္မာကို တံဆိပ်ခတ်ထားသည်။ အဆုံးမဲ့နေသော သွေးမိုးရေထဲတွင် ကြီးမားသော လက်တစ်ဖက်ထွက်လာ၍ လွင့်ထွက်သွားတော့မည့် နဂါးဘုရင်၏ အတွင်းအမြုတေကို ဆုပ်ကိုင်လိုက်သည်။
“အားလုံးပဲ နဂါးဘုရင်ဟောင်းကြီး သေသွားပြီ။ အဆုံးမဲ့နတ်ဆိုးတောင်တန်းက ဒီနေ့ ဖျက်ဆီးခံရမယ်။ ငါ့နောက်ကိုလိုက်ပြီး ရန်သူကို သတ်ကြ”