← Chapters

အဆုံးမဲ့နတ်ဆိုးတောင်တန်းပျက်သုဥ်းခြင်း

Vol. 76 Ch. 1129

အဆုံးမဲ့နတ်ဆိုးတောင်တန်းပျက်သုဥ်းခြင်း

Vol. 76 Ch. 1129

သွေးမိုးများကြားမှ လူတစ်ယောက်ထွက်လာသည်။ သူ့ခန္ဓာကိုယ်ကိုလည်း သွေးများဖုံးလွှမ်းနေသည့်တိုင် သူ့တွင် ပြင်းထန်သော ရောင်ဝါရှိနေဆဲဖြစ်သည်။ ၎င်းက မည်သူမည်ဝါဖြစ်ကြောင်း လူတိုင်းသိကြသည်။

ချူးယွင်ဖန်းပင်ဖြစ်၏။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ နဂါးဘုရင်ကြီးသေသွားပြီ" နတ်အဆင့်မွန်းစတားများက မယုံကြည်နိုင်စွာပြောသည်။

ပြည်ထောင်စုက မသိပေမယ့် ၎င်းတို့ကမူ ကောင်းစွာသိသည်။ အဆုံးမဲ့နတ်ဆိုးတောင်တန်းတွင် နဂါးဘုရင်ဟောင်းကြီးသည် ဒဏ္ဍာရီတစ်ခုဖြစ်သည်။ နှစ်ပေါင်းများစွာကြာကတည်းက သူသည် နှစ်ထောင်ပေါင်းများစွာအတွင်း ရွှေအမတေအဆင့်သို့ ဝင်ရောက်ခဲ့သော တစ်ခုတည်းသော မွန်းစတားဘုရင်ဖြစ်နိုင်သည်။

အဆုံးမဲ့နတ်ဆိုးတောင်တန်းအတွက် ၎င်းတို့သည် အဆင့်သစ်တစ်ခုဆီသို့ ရွေ့လျားနေသည့် လက္ခဏာတစ်ခုဖြစ်သည်။ အဆုံးမဲ့နတ်ဆိုးတောင်တန်း၏တိုးတက်မှုအရှိန်သည် ပြည်ထောင်စုကဲ့သို့ မမြန်သော်လည်း၊ ၎င်းသည် အဆက်မပြတ်တိုးတက်နေသေးသည်။

လွန်ခဲ့သည့်နှစ်ရာပေါင်းများစွာက စစ်ပွဲတွင် ပြည်ထောင်စုသည် အသေအပျောက်များစွာ ကြုံတွေ့ခဲ့ရသော်လည်း အဆုံးမဲ့နတ်ဆိုးတောင်တန်းသည်လည်း ကောင်းမွန်စွာ အဆုံးသတ်သွားခြင်းမရှိပေ။

ယခုမူ၊ လွန်ခဲ့သော နှစ်ရာပေါင်းများစွာက ဒဏ္ဍာရီလာပုဂ္ဂိုလ်ကြီး သေဆုံးသွားခဲ့ပြီဖြစ်ရာ သူ့ခန္ဓာကိုယ်သည် အဆုံးမဲ့ နတ်ဆိုးတောင်တန်းပေါ်တွင် သွေးမျိုးများကဲ့သို့ ရွာကျနေသည်။ သွေးတစ်စက်စီသည် နံရံပေါ်မှ ပြုတ်ကျသော ကျောက်တုံးကြီးတစ်ခုကဲ့သို့ နက်ရှိုင်းသောတွင်းကြီးတစ်ခု ဖြစ်စေသည်။ ပြည်ထောင်စုထဲမှ နတ်အဆင့်တစ်ယောက်၏ အသက်မခံရမီတွင် ငိုရန်အချိန်ပင်မရလိုက်ပေ။

နဂါးဘုရင်ဟောင်းကြီး ရှုံးနိမ့်ရခြင်းသည် ချူးယွင်ဖန်းနှင့် တိုက်ပွဲတွင် အဆုံးမဲ့ နတ်ဆိုးတောင်အတွက် သူ့အသက်ကို စတေးခြင်းလည်းဖြစ်သည်။ သို့သော် နဂါးဘုရင်သည် သူ၏ သိုင်းသုံးကွက်အတွင်း သေဆုံးသွားမည့် ချူးယွင်ဖန်းက သူ၏ အုတ်ဂူတူးသူဖြစ်လာလိမ့်မည်ဟု လုံးဝမတွေးခဲ့ပေ။

သို့သော် သူ့တွင် အခြားရွေးချယ်စရာမရှိပေ။ ဤရလဒ်ကို သူသိခဲ့လျှင်ပင် လွတ်မြောက်နိုင်မည်မဟုတ်ပေ။ အဆုံးမဲ့နတ်ဆိုးတောင်တန်းက ဖျက်ဆီးခံရပြီးနောက် ပျက်ဆီးသွားသော အသိုက်အောက်တွင် မည်သည့် ဥမျှ တည်မြဲနိုင်မည်မဟုတ်ပေ။ အဆုံးမဲ့နတ်ဆိုးတောင်တန်းပေါ်ရှိ မွန်းစတားများက ငိုကြွေးကြသည်။ ၎င်းတို့သည် နဂါးဘုရင်ဟောင်းအတွက် ငိုကြွေးနေကြပုံပေါ်သော်လည်း တစ်ချိန်တည်း၌ပင် အဆုံးမဲ့နတ်ဆိုးတောင်တန်းနှင့် မိမိတို့၏အသက်အတွက် ငိုကြွေးနေကြခြင်းဖြစ်သည်။

တစ်ဖက်တွင်လည်း ပြည်ထောင်စုမှ ပြည်သူများက အလွန် ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ကြသည်။ ချူးယွင်ဖန်း၏ စွမ်းဆောင်မှုက ၎င်းတို့ မျှော်လင့်ထားသည့်အတိုင်းအတာကို ကျော်လွန်သွားခဲ့သည်။ ချူးယွင်ဖန်းသည် နတ်ဆိုးဘုရင်သုံးယောက်လုံးကို လက်တစ်ဖက်တည်းဖြင့် သတ်ပစ်နိုင်ကာ ရွှေအမတေအဆင့်တွင်ရှိနေသည် သမိုင်းဝင် ရေနဂါးဘုရင်ဟောင်းကြီးကိုပါ သတ်ပစ်နိုင်လိမ့်မည်ဟု မည်သူကမျှ မတွေးထားမိကြပေ။

“စစ်နတ်ဘုရားချူး”

“စစ်နတ်ဘုရားချူး”

“စစ်နတ်ဘုရားချူး”

ချူးယွင်ဖန်း၏ အမည်ပြောင်က စစ်မြေပြင်တွင် ပဲ့တင်ထပ်လာကာ မရေမတွက်နိုင်အောင်များပြားသောလူများ၏ စိတ်ဓာတ်များကို အတိုင်းအတာတစ်ခုအထိ မြှင့်တင်ပေးခဲ့သည်။ လမင်းတံခွန်ဂိုဏ်းချုပ်၊ သက်ရှည်ယုံကြည်ခြင်းနှင့် အဆုံးမဲ့စခန်းဂိုဏ်းချုပ်များက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီးနောက် ကိုယ်စီကိုယ်စီ၏ မျက်လုံးများထဲတွင် တုန်လှုပ်ခြောက်ခြားမှုများကို အတိုင်းသားမြင်လိုက်ကြရကာ အချင်းချင်း၏ စကားကို နားလည်ကြသည်။ ချူးယွင်ဖန်းသည် ရိုးရှင်းစွာပင် စွမ်းအားကြီးလွန်းလှဿည်။

ချူးယွင်ဖန်းက ယခင်ကထက် ပိုမိုအားကောင်းလာသည်ဟုပင် ဆိုနိုင်သည်။ လွန်ခဲ့သော တစ်နှစ်ခွဲခန့်က နတ်ကုန်းမြေမှ ချူးယွင်ဖန်းသည် ဤမျှ သန်မာသူမဟုတ်သည်မှာ သေချာသည်။ တစ်နှစ်ခွဲအကြာတွင် ချူးယွင်ဖန်းသည် ကောင်းမွန်သောတိုးတက်မှုကို ရရှိခဲ့သည်။ သူသည် တူညီသောနယ်ပယ်သို့ ရောက်သည်ဖြစ်စေ မရောက်သည်ဖြစ်စေ သူ၏တိုက်ခိုက်ရေးစွမ်းအားသည် အမှန်တကယ်ပင် ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ ရွှေအမတေအဆင့်တွင်ရှိသော နဂါးဘုရင်ဟောင်းကြီးပင်လျှင် သူ့လက်ထဲ၌ သေဆုံးသွားခဲ့သည်။

ရေနဂါးဘုရင်တွင် ကိုယ်ပိုင်ပြဿနာများရှိကာ သူ၏ စွမ်းအားက အမြင့်ဆုံးအခြေအနေတွင်မရှိနေသော်လည်း ချူးယွင်ဖန်း၏ ခွန်အားသည် ရွှေအမတေအဆင့်ကို ကျော်လွန်ကာ မည်သူမျှ မရောက်ဖူးသည့်အဆင့်သို့ရောက်ရှိနေပြီဖြစ်ကြောင်း သံသယဖြစ်ရန်မလိုပေ။

ချူးယွင်ဖန်းသည် ရေနဂါးဘုရင်ကို သတ်ပစ်နိုင်ခဲ့သည့် ခံစားချက်တွင် နစ်မြုပ်နေခဲ့သည်။ နဂါးဘုရင်‌ဟောင်းသည် ယခင်ဒဏ်ရာကြောင့် သေဆုံးသွားသည်ဟု ဆိုနိုင်သော်လည်း နောက်ဆုံးတိုက်ခိုက်မှုတွင် သူ၏ပုံမှန်အဆင့်ကိုကျော်လွန်ကာ ရွှေအမတေအဆင့်၏အနှစ်သာရကို အမှန်တကယ်သုံးနိုင်ခဲ့သည်။

ဤတိုက်ပွဲအတွေ့အကြုံသည် စကားလုံးသက်သက်ဖြင့် နားလည်နိုင်မည့်အရာမဟုတ်ပေ။ ထိုအရေးကြီးသောအခိုက်အတန့်တွင် ချူးယွင်ဖန်းသည် နဂါးဘုရင်ဟောင်းဆီမှ များစွာသင်ယူခဲ့သည်။ ယခင်က သူ ယုံကြည်မှုလုံးဝမရှိသော်လည်း ဤတိုက်ပွဲအပြီးတွင် ယုံကြည်မှုအပြည့်ရှိသွားရသည်။ သူသည် နတ်အဆင့် သတ္တမအဆင့်သို့ ဖြတ်ကျော်သွားနိုင်ပါက သူ၏ တိုက်ခိုက်ရေးစွမ်းအားသည်လည်း ရွှေအမတေအဆင့်ကို ကျော်ဖြတ်သွားမည်ဖြစ်သည်။

ဤတိုက်ပွဲက သူ့အတွက် အလွန်အရေးကြီးလှသည်။ ၎င်းသည် နောက်ဆုံးတိုက်ပွဲမတိုင်မီရခဲ့သည့် ဓားသွေးကျောက်တစ်လုံးဖြစ်သည်။

“ငါ့နောက်ကိုလိုက် ရန်သူကို သတ်ကြ”

ချူးယွင်ဖန်းက ကျယ်လောင်စွာ အော်ဟစ်ကာ ပြည်ထောင်စု၏ ထိပ်တန်းစစ်သည်သန်းပေါင်းများစွာ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့သည်။ ၎င်းတို့က ချူးယွင်ဖန်းနောက်သို့လိုက်ကာ ချီတက်လာကြသည်။ ထိုအချိန်တွင် ချူးယွင်ဖန်းသည် လေထဲတွင်ပျံသန်းလျက်‌ သူ့ခန္ဓာကိုယ်မှ အပူလှိုင်းများထွက်နေသည်ကို အားလုံးက မြင်နေကြရသည်။ သွေးများက အငွေ့ပျံလာကာ သူ၏ မူလအသွင်အပြင် တဖြည်းဖြည်း ပြန်လည်ပေါ်ထွက်လာသည်။

အချိန်တိုအတွင် ချူးယွင်ဖန်း၏ ဒဏ်ရာများ တဖြည်းဖြည်း ပြန်လည်သက်သာလာခဲ့သည်။ အထူးသဖြင့် နတ်အဆင့်များကို ဧကရာဇ်ခန္ဓာကိုယ်၏ စွမ်းအားကဤနေရာတွင် သက်သေပြနေသည်။ ချူးယွင်ဖန်းသည် ဤအခြေအနေတွင် မည်မျှကြောက်စရာကောင်းသည်ကို ၎င်းတို့နားလည်နိုင်ကြသည်။

အကယ်၍ ၎င်းတို့သာဖြစ်လျှင် ထိုဒဏ်ရာမှ ပြန်လည်သက်သာလာရန် အနည်းဆုံး ရက်အနည်းငယ် လိုအပ်မည်ဖြစ်သည်။ ထိုသို့သောအခြေအနေအောက်တွင် ချူးယွင်ဖန်းသည် အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်လာခဲ့သည်။ အနက်ရောင်နဂါးဘုရင်သည် ချူးယွင်ဖန်း၏ဘက်သို့ ပျံသန်းသွားကာ အဆုံးမဲ့နတ်ဆိုးတောင်တန်းမှ တိုက်ခိုက်မှုအမျိုးမျိုးကို တားဆီးနိုင်ခဲ့သည်။ ယခုအခါ အဆုံးမဲ့နတ်ဆိုးတောင်တန်း၏ ကာကွယ်ရေးစနစ် ပျက်သွားသောကြောင့် ပြန့်ကျဲနေသော တိုက်ခိုက်မှုများသည် အနက်ရောင်နဂါးဘုရင်အတွက် ခြိမ်းခြောက်မှုများစွာကို မပြုလုပ်နိုင်တော့ပေ။

နတ်အဆင့် သတ္တမအဆင့်တွင်ရှိနေသော သူ၏ ခွန်အားက အလွန်စွမ်းအားကြီးသည်။ အနက်ရောင်နဂါးဘုရင်က အဆုံးမဲ့နတ်ဆိုးတောင်တန်းတွင်မွေးဖွားခဲ့သော်လည်း မည်သည့် သက်ညှာမှုမျှမပြခဲ့ပေ။ သူသည် အဆုံးမဲ့နတ်ဆိုးတောင်တန်းအတွက် တုနှိုင်းမရနိုင်သော မုန်းတီးမှုများပင်ရှိသည်။ သူလက်နက်ချပြီးနောက် အနက်ရောင်နဂါးမျိုးနွယ်က အဆုံးမဲ့နတ်ဆိုးတောင်တန်း၏ သတ်ဖြတ်ခြင်းခံခဲ့ရသည်။ ၎င်းတို့ထဲမှ အနည်းငယ်သာ လွတ်မြောက်ကာ သူ့ကို ရှာတွေ့နိုင်ခဲ့သည်။

ညတွင်းချင်းပင် သူ့မျိုးနွယ်စုတွင် နဂါးအနည်းသာကျန်ခဲ့သည်။

အနက်ရောင်နဂါးဘုရင်က အဆုံးမဲ့နတ်ဆိုးတောင်တန်းကို အဓိက မုန်းတီးခဲ့ရာ နှစ်ဘက်အကြား ရန်ငြိုးဖွဲ့မှုသည် ပြန်လည်သင့်မြတ်ခြင်း မရှိဟု ဆိုနိုင်သည်။ ထို့ကြောင့် သူသည် အဆုံးမဲ့နတ်ဆိုးတောင်တန်း ပျက်စီးခြင်းအတွက် ဝမ်းနည်းမဆုံးခဲ့ဘဲ အလွန်ပျော်ရွှင်မှုကိုသာ ခံစားခဲ့ရသည်။

မကြာခင်၌ပင် ချူးယွင်ဖန်းက ပြန်လည်ကောင်းမွန်လာခဲ့ရာ ယခုအချိန်တွင် ပြန်လည်ကောင်းမွန်လာသည့် ချူးယွင်ဖန်းက မည်မျှထိကြောက်မက်ဖွယ်ကောင်းသည်ကို သူခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်မှ မိုးကြိုးစွမ်းအင်များ မြင့်တက်လာပြီးနောက် မိုးကြိုးလေးတစ်ခုအဖြစ်ပြောင်းလဲသွားသည်။

တစ်ဖက်တွင်၊ ချူးယွင်ဖန်းသည် စစ်မြေပြင်တွင် တပ်ဆင်ထားသော အမြောက်နှင့်တူသည်။ နတ်အဆင့်ပင်လျှင် သူ့ဆီမှ မြှားတစ်စင်းကို မခံယူနိုင်ဘဲ ချက်ချင်းသေရပေလိမ့်မည်။

ချူးယွင်ဖန်း၏ လက်ရှိခွန်အားသည် နတ်အဆင့်နှင့် လုံးဝခြားနားနေပြီဖြစ်သည်။ ချူးယွင်ဖန်းသည် ပြည်ထောင်စုစစ်တပ်ကို ကြီးမားသော ခြိမ်းခြောက်မှုဖြစ်စေနိုင်ခဲ့သည့် အဆုံးမဲ့နတ်ဆိုးတောင်တန်းမှ နတ်အဆင့်များကို ဆက်တိုက်ပစ်ခတ်သုတ်သင်နေစဥ်တွင် ပြည်ထောင်စုစစ်တပ်သည်မူ လူသူကင်းမဲ့သော နယ်မြေသို့ ဝင်‌ေ၇ာက်နေပြီဖြစ်သည်။

ချူးယွင်ဖန်းသည် ဤနတ်ဆိုးများကိုသာ ပစ်မှတ်ထားခြင်းမဟုတ်ပေ။ ချူးယွင်ဖန်း၏မြှားသည် ကြီး မားသော အကာအကွယ်စနစ်များရှိနေသည့် နေရာတိုင်းကို ဖျက်ဆီးပစ်မည်ဟု ဆိုရမည်ဖြစ်သည်။ တစ်ချိန်က ပြည်ထောင်စုကို ကြီးမားသော ခြိမ်းခြောက်မှုဖြစ်စေခဲ့သော စစ်ပွဲများတွင်လည်း ချူးယွင်ဖန်း၏ အဆုံးမရှိသော ပစ်ခတ်မှုတွင် အသတ်ခံခဲ့ရသည်။

ပြည်ထောင်စုတပ်မတော်သည် အဆုံးမဲ့နတ်ဆိုးတောင်တန်း၏ ခံစစ်စည်းများကို ဖြတ်ကျော်ကာ ဆက်တိုက်ချီတက်ခဲ့သည်။ အဆုံးမဲ့ နတ်ဆိုးတောင်တန်း၏ ကျွမ်းကျင်ပညာရှင်များသည် အဆုံးစွန်ထိ အစွမ်းအစဖြင့် တိုက်ခိုက်ခဲ့ကြသည်။ ၎င်းတို့က နေရာပေါင်းစုံတွင် ဝိုင်းရံခံထားရကာ လွတ်မြောက်ရန် လမ်းမရှိပေ။ အပြင်ဘက်မှ စစ်ကူးများလည်း ပိတ်ထားသဖြင့် ဤသည်က သေလမ်းသာရှိတော့သည်။

All Chapters