အဏ္ဏဝါမျိုးနွယ်စုများကျဆုံးမှု
Vol. 76 Ch. 1131
အင်တာနက်ကို အသုံးပြုပြီးစဥ်မှစ၍ အဏ္ဏဝါမျိုးနွယ်စုများစွာက အင်တာနက်တွင် ပြဿနာတက်စေရန် အော်ဟစ်နှိုးဆော်မှုများကို ပြုလုပ်လာကြသည်။ အဏ္ဏဝါမျိုးနွယ်စုများနှင့် အဆုံးမဲ့နတ်ဆိုးတောင်တန်းသည် အခြေစိုက်မြို့သုံးမြို့ကို ဆက်တိုက်ဖျက်ဆီးခဲ့ရာ မြို့တော်ကိုပင် တိုက်ခိုက်၍ ပြည်ထောင်စု သမ္မတကို အပြင်းအထန်ဒဏ်ရာရစေခဲ့သည်။
ဤကာလအတွင်း အဆုံးမဲ့နတ်ဆိုးတောင်တန်းနှင့် အဏ္ဏဝါမျိုးနွယ်စုများက အသာစီးရခဲ့ကြကာ အောင်ပွဲခံခဲ့ကြသည်။ သတင်းစတင်ထွက်ပေါ်လာချိန်၌ အဏ္ဏဝါမျိုးနွယ်စုများက မယုံမကြည်နိုင်ဖြစ်ခဲ့ကြရသည်။ အစိုးရသည် စိတ်ဓာတ်ပြန်လည်ထူထောင်ရန် သတင်းများကို လိမ်ညာနေခြင်းဖြစ်သည်ဟုထင်ခဲ့ကြသည်။
သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ အသေးစိတ်အချက်အလက်များကို ပို၍ပို၍ ထုတ်ဖော်လာခဲ့သည်။ ဗီဒီယိုများ ပိုမိုပြသခဲ့သည်။ အဆုံးမဲ့နတ်ဆိုးတောင်တန်းဖြုတ်ချခံရသည်ကို လူတိုင်းမြင်နိုင်ကြသည်။ ပြည်ထောင်စု၏ အင်အားကို အမှန်တကယ် ထုတ်ဖော်ခဲ့သည်။ ဗီဒီယိုများတွင် သန်းနှင့်ချီသော စစ်စက်ရုပ်များက ကောင်းကင်ယံတွင်ပျံသန်းနေကြရာ ဤသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းပင်ဖြစ်၏။
အဏ္ဏဝါမျိုးနွယ်စုများက အဆက်အသွယ်များမှတစ်ဆင့် သတင်းများကို လျင်မြန်စွာရရှိခဲ့သည်။ တကယ်ပင် ဤသတင်းက အတုမဟုတ်ခဲ့ပေ။ ပြည်ထောင်စုကအမှန်တကယ်ပင် အရေးယူ၍ အဆုံးမဲ့နတ်ဆိုးတောင်တနတ်းကို ချီတက်သုတ်သင်နိုင်ခဲ့ခြင်းဖြစ်သည်။
နူကလီးယားဗုံးများသည် လမ်းကြောင်းတစ်ခုဖွင့်ပေးခဲ့ပြီးနောက် နောက်ဆက်တွဲအနေဖြင့် အလွန်တုန်လှုပ်ခြောက်ခြားဖွယ် ကမ္ဘာပျက်လုနီးနီး တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့သည်။ အထူးသဖြင့် ချူးယွင်ဖန်းက နတ်ဆိုးဘုရင်သုံးပါးကို သုတ်သင်ကာ ရွှေအမတေအဆင့်ရှိ နဂါးဘုရင်ဟောင်းကို သတ်ဖြတ်ခဲ့စဥ်၌ ဖြစ်သည်။
ဤဗီဒီယိုများ၏ ကြည့်ရှုမှုနှုန်းသည် တစ်မိနစ်လျှင် သန်းရာနှင့်ချီ တိုးလာသည်။ တကယ်တမ်းတွင်
လူများစွာက ၎င်းတို့၏ နှလုံးသားအလိုဆန္ဒအရ ယင်းကို ထပ်ခါထပ်ခါကြည့်ချင်နေကြခြင်း၊ ကြည့်နေကြခြင်းဖြစ်သည်။ ချူးယွင်ဖန်းသည် စစ်နတ်ဘုရားအစစ်တစ်ပါးနှင့်တူသည်။ နတ်ဆိုးနိုင်ငံသုံးခုလုံး၏ နတ်ဆိုးဘုရင်များက ချူးယွင်ဖန်းကို ခုခံနိုင်စွမ်းလုံးလုံးလျားလျားမရှိခဲ့ကြပေ။
နဂါးဘုရင်ဟောင်းနှင့် တိုက်ပွဲသည် ပို၍ပင် တုန်လှုပ်ဖွယ်ကောင်းသဖြင့် အတုလုပ်ရန် မဖြစ်နိုင်ကြောင်း လူတိုင်းက တစ်ချက်ကြည့်ရုံဖြင့် ပြောနိုင်သည်။
ချူးယွင်ဖန်းသည် ရွှေအမတေအဆင့်သို့ ဝင်ရောက်နေပြီဟု လူအများက ခန့်မှန်းကြသည်။
မြို့တော်စစ်ပွဲအပြီးတွင် ထူးထူးခြားခြား ပေါ်ထွက်လာခဲ့သည့် နတ်ဘုရားက ရွှေအမတေအဆင့်တွင်ရှိနေခြင်းဖြစ်ကြောင်း လူအများက သိကြသည်။ နတ်အဆင့်သည် အဆုံးသတ်မဟုတ်ကြောင်း သိလာရသည်။ နတ်အဆင့်၏အထက်တွင် ဒဏ္ဍာရီလာ ရွှေအမတေအဆင့်ရှိသေးသည်။
ရွှေအမတေအဆင့်က မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို လူများစွာက မူလက မသိခဲ့ကြသော်လည်း ဤတိုက်ပွဲအပြီးတွင် အနည်းငယ် ပိုမိုနားလည်လာကြသည်။ ချူးယွင်ဖန်းသာ ရွှေအမတေအဆင့်သို့မရောက်ရှိခဲ့လျှင်ပင်၊ နဂါးဘုရင်ဟောင်းက ဒဏ်ရာအပြင်းအထန်ရခဲ့ကာ အမြင့်ဆုံးအခြေအနေတွင်မရှိတော့ခြင်းဖြစ်လျှင်ပင် ၎င်းတို့သည် ရွှေအမတေအဆင့်တွင် ဆက်လက်တိုက်ခိုက်နိုင်ဆဲဖြစ်သည်။
နှစ်ယောက်လုံးက စစ်မြေပြင်တစ်ခုလုံးကိုချေမှုန်းပစ်ရန် လုံလောက်သည်။ ၎င်းတို့ကို မည်သူမျှ တားဆီး၍မရပေ။ ရှောင်တိမ်းရန် အချိန်မရှိသောလူအများအပြားသည် တိုက်ပွဲ၏ နောက်ဆက်တွဲ များကြောင့် တိမ်မြုပ်သွားကြသည်။
ဤလူနှစ်ယောက်က အလွန်စွမ်းအားကြီးလှသဖြင့် ၎င်းတို့ကို နတ်ဘုရားဟုခေါ်ကြလျှင်ပင် ချဲ့ကားခြင်းဟုတ်မည်မဟုတ်ပေ။ လူများစွာသည် နတ်ဘုရားကို ကြောက်ရွံ့လာကြသည်။ သမ္မတက သူ့ကို တွန်းလှန်ရန် အသက်ကိုပင် စွန့်စားခဲ့သော်လည်း ပိုင်းခြားသိမြင်နိုင်သော မျက်လုံးမျာဖြင့်ကြည့်ပါက သမ္မတသည် ဒုတိယအကြိမ် အခွင့်အရေး ရှိတော့မည်မဟုတ်ကြောင်း သိနိုင်သည်။
နတ်ဘုရားကို နောက်တစ်ကြိမ် မည်သူက တားဆီးနိုင်မည်နည်း။
ယခုမူ ချူးယွင်ဖန်းသည် ဤမျှထိတ်လန့်ဖွယ်ရာ တိုက်ခိုက်ရေးအင်အားကို ပြသခဲ့ပြီဖြစ်၍ သူသည် ထိုနတ်ဘုရားကို ဆန့်ကျင်နိုင်ဖွယ်ရှိသည်။ အဆုံးမဲ့နတ်ဆိုးတောင်တန်းက အမှန်တကယ် ပျက်စီးသွားကြောင်း အတည်ပြုပြီးနောက် အဏ္ဏဝါမျိုးနွယ်စုများက တုန်လှုပ်ခြောက်ခြားစွာဖြင့်ပင် အစွန်းတွင်ရှိနေခဲ့ကြသည်။
နတ်ဆိုးများနှင့် အဏ္ဏဝါမျိုးနွယ်စုများသည် ပြည်ထောင်စုကို အမှန်တကယ် ဒေါသထွက်စေခဲ့သည်ကို ၎င်းတို့ မြင်နိုင်သည်။ ကြီးမားသောစျေးနှုန်းပေးဆောင်ရလျှင်ပင် ၎င်းတို့သည် ပြိုင်ဘက်နှစ်ဖွဲ့လုံးကို ချေမှုန်းပစ်မည်ဖြစ်သည်။ အဆုံးမဲ့နတ်ဆိုးတောင်တန်းကို အမြစ်ဖြုတ်ပြီးနောက် အဏ္ဏဝါမျိုးနွယ်စုများသည် ပြည်ထောင်စု၏ အမျက်ဒေါသကိုရင်ဆိုင်ရန် ဒုတိယပစ်မှတ်ဖြစ်လာမည်ဖြစ်သည်။
ကမ်းရိုးတန်းဒေသများတွင် နတ်အဆင့် အဏ္ဏဝါမျိုးနွယ်စုများ အုပ်ချုပ်သော မျိုးနွယ်စုအများအပြားသည် ပြည်ထောင်စု၏နျူကလီးယားဗုံးများ ထိမှန်မည်ကို ကြောက်ရွံ့သဖြင့် ကမ်းရိုးတန်းဒေသများမှ အရူးအမူး ရွှေ့ပြောင်းလာကြသည်။ အဆုံးမဲ့နတ်ဆိုးတောင်တန်းသည် နည်းပညာလက်နက်အချို့ကို တီထွင်ခဲ့သဖြင့် နျူဗုံးအမြောက်အများပိုင်ဆိုင်ထားကာ ကြီးမားသောရေယာဉ်စုတစ်ခုရှိသည်။
သို့သော်လည်း အဏ္ဏဝါမျိုးနွယ်စုများက ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော အင်အားကို အားကိုးကြသည်။ ၎င်းတို့၏ အင်အားက အသာစီးမရသောအခါ ပြည်ထောင်စုကဲ့သို့ ရန်ဘက်နှင့် ရင်ဆိုင်ရချိန်တွင် အလွန် နုနယ်သည့်ပုံပေါ်နေပေလိမ့်မည်။ သေချာသည်မှာ အဆုံးမဲ့နတ်ဆိုးတောင်တန်းပြီးနောက်၊ ပြည်ထောင်စု၏စစ်တပ်သည် အဏ္ဏဝါမျိုးနွယ်စုများကို တိုက်ခိုက်ခြင်းမပြုမီ ပြန်လည်ထူထောင်ရန် အချိန်များစွာမယူခဲ့ပေ။
ချူးယွင်ဖန်း၏တည်ရှိမှုကြောင့် အဆုံးမဲ့နတ်ဆိုးတောင်တန်းတိုက်ပွဲတွင် အရှုံးအမြောက်အများမခံစားခဲ့ရသောကြောင့် ၎င်းတို့သည် နောက်တစ်ကြိမ်တိုက်ပွဲတွင် ထောက်ပံ့နိုင်ခဲ့သည်။
ပစ္စည်းသုံးစွဲမှုသည် အလွန်ကြီးမားသော်လည်း၊ ကြွယ်ဝချမ်းသာသော ပြည်ထောင်စုအတွက် ပြဿနာအနည်းဆုံးဖြစ်ခဲ့သည်။ စစ်အတွင်း စည်းရုံးရေးစနစ်ပင် မဝင်ခဲ့ကြပေ။ ပြည်ထောင်စု၏ စစ်အာဏာရှင်စနစ်သည် သုံးစွဲမှုကို ရင်ဆိုင်ရန် လုံလောက်သည်။
သေနတ်ထုတ်လုပ်ရေးတွင် ပါဝင်သည့် ပြည်ထောင်စုအတွင်းရော ပြင်ပမှ တပ်ဖွဲ့ဝင်အများအပြားအတွက် ဤပွဲသည် ရိက္ခာပွဲဖြစ်သည်။ ပြည်ထောင်စု၏ အင်အားစုများစွာ ပါဝင်ခဲ့သည်။ အဆိုပါ တပ်ဖွဲ့များ၏ ပံ့ပိုးကူညီမှုဖြင့် ပြည်ထောင်စုသည် အဏ္ဏဝါမျိုးနွယ်စုများရှင်းလင်းရေး စတင်ခဲ့သည်။
နျူကလီးယားဗုံးများကို ထုတ်လုပ်မှုလိုင်းတွင် တစ်ခုပြီးတစ်ခု ထုတ်လုပ်ခဲ့သည်။ တိုက်ခိုက်ရေးစက်ရုပ်များကို စစ်မြေပြင်သို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့စေလွှတ်ခဲ့သည်။ စမ်းသပ်ပျံသန်းမှုများအတွက် စစ်သင်္ဘောများကို တစ်လုံးပြီးတစ်လုံး လွှတ်တင်ခဲ့သည်။ ကြီးမားသော စစ်ယန္တရားကြီးဖြစ်သော ပြည်ထောင်စုသည် နောက်ဆုံးတွင် အပြည့်အ၀ စည်းရုံးနိုင်ခဲ့သည်။
ဤသို့အခြေအနေမျိုးတွင် အဏ္ဏဝါမျိုးနွယ်စုများက လျင်မြန်စွာဆုတ်ခွာသွားကြသည်။ နတ်ဘုရား၏ ပံ့ပိုးမှုမရှိပါက အဏ္ဏဝါမျိုးနွယ်စုများဟူသည် သဲသောင်ပြင်တစ်ခုမျှသာဖြစ်သည်။ အဏ္ဏဝါမျိုးနွယ်စုများသည် အဆုံးမဲ့ကာ နတ်ဆိုးများထက် ပိုမိုကြောက်မက်ဖွယ်စွမ်းအားများပိုင်ဆိုင်ထားသည်ဟုထင်ရသော်လည်း
အဆုံးမဲ့ပင်လယ်ကြီးသည် ကြီးမားလွန်းသောကြောင့် အဏ္ဏဝါမျိုးနွယ်စုများက နေရာအနှံ့ ပြန့်ကျဲနေသည်ဖြစ်ရာ ၎င်းတို့ကို စုစည်းနိုင်ရန် မလွယ်ကူပေ။
အခြေခံအားဖြင့် လှည့်ကွက်အသစ်များ မရှိခဲ့ပေ။
နူကလီးယားဗုံးများ သည် လမ်းကြောင်းကိုဖွင့်ပေးကာ လက်နက်ကြီး မျိုးစုံဖြင့် နယ်မြေကို ဗုံးကြဲလျက် နောက်ဆုံးတွင် လက်ရွေးစင်များက စစ်မြေပြင်ကို ရှင်းပစ်မည်ဖြစ်သည်။ အဏ္ဏဝါမျိုးနွယ်စုများသည် တိုက်ခိုက်မှုများကို မခံနိုင်ကြသဖြင့် ရှုံးနိမ့်ကာ ဆုတ်ခွာသွားကြသည်။ ပြည်ထောင်စုကို တိုက်ခိုက်ရာတွင် ပါဝင်ခဲ့ကြသော အဏ္ဏဝါမျိုးနွယ်စုများကို တစ်ယောက်ပြီးတစ်ယောက် ဖယ်ရှားခဲ့သည်။
ပြည်ထောင်စုသည် ယခင်က နတ်အဆင့်များ၏ အံ့အားသင့်ဖွယ်တိုက်ခိုက်မှုကို အကြောက်ဆုံးဖြစ်ခဲ့သော်လည်း ယခုအခါ ပြဿနာမဟုတ်တော့ပေ။ ရာနှင့်ချီသော လူသားနတ်အဆင့်များက ရှေ့တန်းတွင် တပ်စွဲထားကာ ၎င်းတို့အားလုံးသည် နတ်အဆင့် အဏ္ဏဝါမျိုးနွယ်စုများကို သတ်ဖြတ်ရန် ရှာဖွေနေကြသည်။
အဏ္ဏဝါလူမျိုး နတ်အဆင့်များက လက်တုံ့ပြန်ရန် ပြည်ထောင်စုတပ်မတော်ကို တိုက်ခိုက်သောအခါတိုင်း၊ ၎င်းတို့သည် နတ်အဆင့်တစ်စု၏ ဝိုင်းရံခံရကာ သေသည်အထိ ရိုက်နှက်ခံရမည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ချူးယွင်ဖန်းက နတ်အဆင့်တစ်ပါး၏ အတွင်းအမြုတေကို ယူလာပေးနိုင်သရွေ့ ၎င်းတို့ပြင်ဆင်ထားသည့် အခြားဖြည့်စွက်ပါဝင်ပစ္စည်းများအပြင်၊ ချူးယွင်ဖန်းက ၎င်းတို့ကို နတ်စွမ်းအင်ဖြည့်တင်းဆေး ဖော်စပ်ပေးမည်ဖြစ်သောကြောင့်ဖြစ်သည်။
ဤအရာက နတ်အဆင့်များကို စိတ်ဓာတ်တက်ကြွစေသည်။ ပြည်ထောင်စုသည် မမျှော်လင့်ဘဲ ရာနှင့်ချီသော နတ်အဆင့်များစွာကို ရခဲ့သော်လည်း နတ်စွမ်းအင်ဖြည့်တင်းဆေးကိုဝယ်ရန် ဒေဝါလီခံလိုသော မွေးဖွားခြင်းနယ်မြေအဆင့်ကျွမ်းကျင်သူများအများအပြား ရှိသေးသည်။
ရှေးယခင်က အဏ္ဏဝါမျိုးနွယ်စုများကို ကြောက်ရွံ့ခဲ့ကြသည်။ သို့သော် ထို နတ်အဆင့်များက ယခုအခါ လူသားနတ်အဆင့်များရှေ့တွင် နတ်အဆင့်များအတွက် အာဟာရဖြည့်ဆေးများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ အဏ္ဏဝါနတ်အဆင့်များကို သတ်ဖြတ်ပြီးနောက် ပြည်ထောင်စု၏ ကျွမ်းကျင်ပညာရှင်များသည် ပဋိပက္ခများ ဖြစ်ပွားလုနီးပါး အကြိမ်များစွာပင် ရှိခဲ့သည်။