မင်းငါ့ကို သတ်ချင်တာလား သတ်နိုင်ရင် သတ်ကြည့်လေ
Vol. 76 Ch. 1133
ဤလူက ဖြည်းညှင်းစွာ ဝင်လာပြီးနောက် ပင်မထိုင်ခုံဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားသည်။ သို့သော်လည်း
ရေနက်ပင်လယ် မိကျောင်းဘိုးဘေးကြီးနှင့် ရေနက်ပင်လယ် ဝေလငါးဘိုးဘေးကြီးတို့ပင်လျှင် ဤလူကိုမြင်သောအခါ ခေါင်းငုံ့လိုက်ကြသည်။
ထိုင်နေသော အဏ္ဏဝါမျိုးနွယ်စုဝင် အများအပြားမှာလည်း မျက်နှာများနီရဲလာကြသည့်တိုင် မည်သည်ကိုမျှ မပြောဝံ့ကြပေ။ ၎င်းတို့အကြည့်များနောက်တွင် အိုမင်းနေသည့်တိုင် အရပ်မြင့်မြင့်နှင့် တောင့်ဖြောင့်နေသေးသော အသက်ခြောက်ဆယ်ဝန်းကျင် ယောက်ျားတစ်ယောက်ကို မြင်နိုင်သည်။
အဘိုးကြီး၏ မျက်နှာဖြူလျော့နေကာ မုတ်ဆိတ်မွေးမရှိပေ။ သူ့မျက်လုံးများသည် အလွန်အေးစက်နေခဲ့သည်။
သူက လူအုပ်ကို ကြည့်၍ အေးစက်စွာပြော၏။
"မင်းတို့က အမှိုက်တွေလား။ လူသားအုပ်စုက အတင်းအကြပ် ဖိအားပေးခံနေရတယ်လို့”
"ပင်လယ်အကြီးအကဲ အဲ့တာ ကျုပ်တို့ အမှားမဟုတ်ဘူး။ ပြည်ထောင်စုက အရမ်းလွန်သွားပြီ” ရေနတ်ပင်လယ် ဝေလငါးဘိုးဘေးကြီးက ပြောသည်။
"မင်းတို့တွေ အသုံးမကျဘူးကွ။ မင်းတို့ကို ပျိုးထောင်လာတာ ဘယ်နှစ်နှစ်ရှိပြီလဲ၊ မင်းတို့ထဲက ဘယ်တစ်ယောက်မှ နှစ်ရာနဲ့ချီပြီး မရှင်သန်ဘူးတဲ့ ကောင်ရှိလဲ။ ဒီလူသားကလေးက အနှစ်နှစ်ဆယ်ပဲ ကျင့်ကြံရသေးတာကွ" ပင်လယ်အကြီးအကဲက ရယ်မောလိုက်သည်။
လူတိုင်း၏အမူအရာမှာ အလွန်ရုပ်ဆိုးသွားလှသော်လည်း သူသည် ၎င်းတို့၏ အားနည်းချက်ကို ထိသွားသောကြောင့် ပြောစရာစကားမရှိကြတော့ပေ။
ချူးယွင်ဖန်း၏ ကျင့်ကြံခဲ့သောခုနှစ်များသည် ၎င်းတို့၏ ဆယ်ပုံတစ်ပုံမျှသာ ရှိသည်မှာ မှန်သော်လည်း ဤအတိုင်းအတာအထိ ဖိနှိပ်နိုင်ခဲ့သည်။ ယခင်ကသာဖြစ်မည်ဆိုပါက ၎င်းတို ယုံနိုင်ကြမည်မဟုတ်ပေ။
လူသားမျိုးနွယ်သည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်ဟုသာ ပြောနိုင်သည်။ ၎င်းတို့၏ သက်တမ်းကို မိမိတို့၏ သက်တမ်းနှင့် နှိုင်းယှဉ်၍ မရသော်လည်း ၎င်းတို့၏ ကျင့်ကြံရေးအရှိန်ကမူ တွေးနိုင်သည့်အတိုင်းအတာကို ကျော်လွန်နေသည်။
သို့သော် ၎င်းတို့တွင် မည်သည့်စကားမျှပြောရန်မရှိပေ။ နောက်ဆုံးတွင်မူ ၎င်းတို့ကို ရိုက်နှက်သတ်ပုတ်၍ ပြန်ဆုတ်စေခဲ့သည့် ဖြစ်ရပ်က အမှန်ပင်ဖြစ်ရာ နောက်ဆုံးတွင်၊ ပင်လယ်အကြီးအကဲက ကယ်တင်ပေးခဲ့ရသည်။
တကယ်တမ်းတွင် ယင်းကာလ၌ ပြည်ထောင်စုတပ်မတော်ကို ရပ်တန့်ရန် ဘာခဲ့သည်မှာ ပင်လယ်အကြီးအကဲပင်ဖြစ်သည်။ သူ့ကြောင့်သာမဟုတ်ပါက ၎င်းတို့ ဤနေရာတွင်ထိုင်၍ အဏ္ဏဝါမျိုးနွယ်စု မဟာမိတ်အဖွဲ့ကို ဖွဲ့နိုင်မည်မဟုတ်ပေ။
" ပင်လယ်အကြီးအကဲ ချူးယွင်ဖန်းကို လျှော့မတွက်နဲ့။ ကျုပ်ရခဲ့တဲ့ အချက်အလက်တွေအရ နဂါးဘုရင်ဟောင်းတောင် သူ့လက်ထဲမှာ သေသွားတယ်။ ဒီလူက တကယ်ကို ကြောက်စရာကောင်းတယ်" ရေနက်ပင်လယ် ဝေလငါးဘိုးဘေးကြီးက ပြောသည်။
ယခုတင်ရခဲ့သော သတင်းကို တွေး၍ သူ့ဆံပင်များ ထောင်မတ်သွားသည်ကို ခံစားလိုက်ရသည်။ နဂါးဘုရင်ဟောင်း၏
တည်ရှိမှုနှင့် ပတ်သက်၍ ပြည်ထောင်စုက ရှင်းရှင်းလင်းလင်း မသိရပေ။ သို့သော်လည်း နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော သူကဲ့သို့ အဘိုးအိုတစ်ဦးအတွက်မူ လျို့ဝှက်ချက်မဟုတ်ပေ။ နဂါးဘုးင်ဟောင်းသည် ရွှေအမတေအဆင့်သို့ရောက်ရှိခဲ့သည့် ပထမဆုံးသောသူတစ်ယောက်ဖြစ်သည်။
ထိုလူသည် လွန်ခဲ့သော နှစ်တစ်ရာက သူ့ကိုယ်သူ နာမည်ကောင်းတစ်ခု ယူဆောင်နိုင်ခဲ့ပြီးဖြစ်သော်လည်း ယခုအခါ ချူးယွင်ဖန်း၏လက်တွင် သေဆုံးသွားခဲ့ပြီဖြစ်သည်။
နဂါးဘုရင်ဟောင်း အကြောင်းထည့်ပြောလာသောအခါ ပင်လယ်အကြီးအကဲ၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။ သို့သော်လည်း သူက ချက်ချင်း လှောင်ရယ်လိုက်၏။
"အဲ့အဘိုးကြီးကို ပြောစရာ မလိုပါဘူး။ သူက အရမ်းသန်မာတယ်။ သူသာ အစွမ်းအမြင့်ဆုံး အခြေအနေမှာရှိနေရင် ချူးယွင်ဖန်း ဆယ်ယောက်က တောင် သူ့အတွက် ပြိုင်ဘက်မဟုတ်ဘူး။ ဒါပေမယ့် သူက ဒဏ်ရာအပြင်းအထန်ရပြီး သူ့အခြေအနေကို နည်းနည်းတော့ သိလိုက်ရတယ်။ သူက စွမ်းအားအမြင့်ဆုံး အဆင့်ကို မရောက်တော့ဘဲ သိုင်းကွက်နည်းနည်းပဲ လုပ်နိုင်တော့တယ်”
"ဆိုတော့ ချူးယွင်ဖန်းရဲ့လက်မှာသေတယ်လို့ပြောမယ့်အစား သူ့လက်နဲ့သူသေတယ်လို့ပြောရင် ပိုမှန်လိမ့်မယ်။ မင်းတို့သာ ငါ့ကိုလာမရှာရင် ငါအချိန်မရွေး ရွှေအမတေအဆင့်ကို ရောက်သွားလောက်ပြီ။ သူငါ့နဲ့မနှိုင်းယှဥ်ဘူး။ သူ့အသက်နဲ့ဆို ကျင့်ကြံလာတာ နှစ်နည်းနည်းပဲကြာသေးတယ်။ သူဘယ်လိုလုပ်နိုင်မှာလဲ"
ပင်လယ်အကြီးအကဲ၏ အမူအရာက ယုံကြည်မှုအပြည့်ရှိနေသည်။ သူက ချူးယွင်ဖန်းကို လုံးဝ အလေးအနက်မထားပေ။ ချူးယွင်ဖန်းသည် ရွှေအမတေအဆင့်သို့ ရောက်ရန် ခြေလှမ်းတစ်ဝက်သာလိုတော့သည်အထိ ကံကောင်းခဲ့သော်လည်း ၎င်းတို့ကြားတွင် ကြီးမားသောကွာဟချက်ရှိနေဆဲဖြစ်သည်။
ပင်လယ်အကြီးအကဲက ရွှေအမေတေအဆင့်သို့ရောက်ရန် ခြေလှမ်းတစ်ဝက်လိုခဲ့သည်မှာ အနှစ်တစ်ရာကျော်ခဲ့ပြီဖြစ်သော်လည်း ချူးယွင်ဖန်းသည် နှစ်အနည်းငယ်သာ ကျင့်ကြံရသေးသည်။
"သူထွက်မလာရင် ငါဒုက္ခရောက်လိမ့်မယ်။ ပြည်ထောင်စုမှာရှိတဲ့ မြို့တိုင်းရဲ့ ကာကွယ်ရေးက အရမ်းပြင်းထန်တယ်။ နျူကလီးယားဗုံးတွေကို ဂရုမစိုက်ရင် ရွှေအမတေအဆင့် ရှိရင်တောင် ဒုက္ခရောက်လိမ့်မယ်။ ရေနဂါးဘုရင်ဟောင်းက ဥပမာတစ်ခုပဲ။ ဒါပေမယ့် အဆုံးမဲ့ပင်လယ်ထဲမှာ ထွက်လာရဲရင် ကောင်းကင်က ဘယ်လောက်မြင့်ပြီး မြေကြီးဘယ်လောက်ထူလဲ ဆိုတာကို ပြောပြလိုက်မယ်ကွ"
“ပင်လယ်အကြီးအကဲ ပြောတာ မှန်ပါတယ်။ သူက ကြွေရုပ်လေးပါပဲ "
"မှန်တယ် ဒီမှာ ပင်လယ်အကြီးအကဲသာရှိရင် ပြည်ထောင်စုက သူတို့ရဲ့ လွယ်ကူတဲ့အချိန်တွေကို မေ့သွားရလိမ့်မယ်”
“မှန်တယ် သီးသန့်လေ့ကျင့်မှုကနေ ထွက်မလာသေးတဲ့အထိ ထိန်းထားနိုင်သရွေ့ ပြည်ထောင်စုက ပြီးသွားမှာ အသေအချာပဲ”
လူအုပ်ကြီးက ချက်ချင်း စတင် ဆွေးနွေးကြသည်။
ပင်လယ်အကြီးအကဲ၏ စကားများက ၎င်းတို့ကို သတ္တိများစွာပေးသည်။ အမှန်မှာ၊ ၎င်းတို့ အကြောက်ဆုံးအရာမှာ ပြည်ထောင်စုတပ်မတော်မဟုတ်ဘဲ ချူးယွင်ဖန်းဖြစ်သည်။
ချူးယွင်ဖန်း၏တည်ရှိမှုသည် ၎င်းတို့၏ဦးခေါင်းထက်တွင် ချွန်ထက်သောဓားတစ်လက်ကဲ့သို့ဖြစ်ကာ မည်သည့်အချိန်တွင်မဆို ပြုတ်ကျရန် အသင့်ဖြစ်နေပြီဖြစ်သည်။
ယခု ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်းှိ ပင်လယ်အကြီးအကဲက ဤနေရာ၌ရှိနေပြီဖြစ်ကာ သူသည် လက်ရှိ ချူးယွင်ဖန်းထက် အင်အားမနည်းနိုင်ပေ။
၎င်းတို့က ချူးယွင်ဖန်းကို အနိုင်ယူရန်မလို တားရန်သာလိုအပ်သည်။
အကယ်၍ ထိုလူ သီးသန့်လေ့ကျင့်ခြင်းမှ မထွက်မချင်း အချိန်ဆွဲထားနိုင်ပါက ပြည်ထောင်စုကို တန်ပြန်တိုက်ခိုက်နိုင်မည်ဖြစ်သည်။ ယခုအခါ အဆုံးမဲ့ နတ်ဆိုးတောင်တန်းကြီး ဖျက်ဆီးခံလိုက်ရပြီးဖြစ်၍ ပြည်ထောင်စုကို ဖျက်ဆီးပြီးလျှင် ခွန်းလွန်နယ်မြေကို စိုးမိုးနိုင်တော့မည်ဖြစ်သည်။ ဤသည်က ၎င်းတို့အတွက် ပြဿနာ အမြောက်အမြားကို လျော့ပါးစေပေလိမ့်မည်။
ပင်လယ်အကြီးအကဲက လူအုပ်ကို ကြည့်လိုက်သည်
"အဲ့ပုဂ္ဂိုလ်က ရွှေအမတေအဆင့်ကိုဖြတ်သွားနိုင်တဲ့ လျှို့ဝှက်ချက်ကို သင်ပေးမယ်လို့ ကတိမပေးဘူးဆိုရင် ဒီပြဿနာကို ငါ ဂရုစိုက်မယ်လို့ မင်းတို့ထင်လား"
တကယ်တမ်းတွင် အဏ္ဏဝါမျိုးနွယ်စုသည် အစပြုရန် တစ်ခုတည်းသော အဖွဲ့အစည်းမဟုတ်ပေ။ အမျိုးမျိုးသော မျိုးနွယ်စုများ ကွဲပြားလျက်ရှိရာ ၎င်းတို့က ပြည်ထောင်စုနှင့် မတူပေ။ ၎င်းတို့ကြားတွင် ရန်ငြိုးဖွဲ့သတ်ဖြတ်မှုများ များစွာရှိခဲ့သည်။
သူ့အဆင့်တွင် သူ၏ ပြဿနာများ၏ ရှုထောင့်သည် သာမန် အဏ္ဏဝါမျိုးနွယ်စုများနှင့် လုံးဝ ကွဲပြားသည်။ မျိုးနွယ်စုပေါင်းစုံ၏ သတ်ဖြတ်ခြင်းတွင် ပါဝင်ရန် စိတ်မဝင်စားပေ။ ရွှေအမတေအဆင့်ကို ဖြတ်ကျော်ကာ ကြီးမြတ်သောတာအိုကို စူးစမ်းလေ့လာခြင်းဖြင့်သာလျှင် စစ်မှန်ျသာ နိဗ္ဗာန်ကို အမှန်တကယ် ခံစားနိုင်မည်ဖြစ်သည်။
သို့သော် ထိုပုဂ္ဂိုလ်က လွန်ခဲ့သည့်အချိန်က စာတစ်စောင် ပေးပို့ခဲ့သည်။ ချူးယွင်ဖန်းကို အချိန်ဆွဲပေးထားပါက ရွှေအမတေအဆင့်ကို ဖြတ်ကျော်ရန် လျှို့ဝှက်ချက်ကို သင်ပေးမည်ဖြစ်သည်။
ပင်လယ်အကြီးအကဲသည် အကြောင်းအရာများစွာကို ဂရုမစိုက်ချင်သော်လည်း ရွှေအမတေအဆင့်သို့ဝင်ရောက်ရန် သွေးဆောင်မှုကို သူ မခံနိုင်ခဲ့ပေ။ သူ့အဆင့်တွင် ရွှေအမတေအဆင့်မှ ခြေတစ်လှမ်း တစ်ဝက်သာ ကွာဝေးသော်လည်း ဤအခက်အခဲသည် အစမှနေ၍ ရွှေအမတေအဆင့်သို့ ကျင့်ကြံရန် အခက်အခဲထက် များစွာ ကြီးမားကြောင်း သူနားလည်ခဲ့သည်။
သူ့ကို လမ်းပြပေးမည့်သူမရှိပါက သူ့ဘဝတွင် ရွှေအမတေအဆင့်ကို ဘယ်သောအခါမှ ဝင်ခွင့်ရတော့မည်မဟုတ်ပေ။
ဤသည်မှာ အဆုံးတွင် သူကူညီရန် သဘောတူခဲ့သည့် အခြေခံအကြောင်းရင်းဖြစ်သည်။ နောက်ဆုံးတွင် သူသည် အသက်ကြီးခဲ့ပြီဖြစ်ရာ သူ့ဘဝ၏ နောက်ဆုံးအဆင့်များသို့ မဝင်သေးသော်လည်း မဝေးလှတော့ပေ။
"လူ့စစ်တပ်ကို ကြောက်စရာမလိုပါဘူး။ ငါ သူတို့ကို တစ်ယောက်တည်း ထိန်းနိုင်တယ်။ ဒါပေမယ့် မင်းတို့ ချူးယွင်ဖန်းကို အမြန်ရှာရမယ်။ ငါ သူ့အရိုးတွေကို တစ်ခုပြီးတစ်ခု ချိုးပစ်လိုက်မယ်။ သူ့မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုမျိုး ကျင့်ကြံရေးအဆင့်ရှိနေတာဆိုတော့ မမျှော်လင့်ထားတဲ့ ကံကောင်းမှုမျိုးရှိခဲ့တယ်ထင်တယ် အဟက်” ပင်လယ်အကြီးအကဲက အေးစက်စွာပြောသည်။
အားလုံးသဘောမတူနိုင်ခင်တွင် ပြတ်သားသော အသံတစ်ခုကြားလိုက်ရသည်။
"ကျွတ် ကျွတ် ကျုပ် ခင်ဗျားကို ရှာဖို့လာမလို့ပဲ။ ခင်ဗျားကပါ ကျုပ်က်ု လာရှာမယ်လို့ မမျှော်လင့်ထားဘူး။ ကောင်းပြီ၊ ဒါဆို ကျုပ်တို့ အချင်းချင်း ပုန်းနေစရာ မလိုတော့ဘူး။ ခင်ဗျားမှာ ဘာရှိလဲဆိုတာ ငါကြည့်ချင်တယ်”