← Chapters

ထွက်သွားဖို့တောင် မစဉ်းစားနဲ့ မင်းတို့အားလုံးကို ငါဖမ်းမယ်

Vol. 76 Ch. 1134

ထွက်သွားဖို့တောင် မစဉ်းစားနဲ့ မင်းတို့အားလုံးကို ငါဖမ်းမယ်

Vol. 76 Ch. 1134

လူတစ်ယောက်က ဖြည်းညှင်းစွာ ထွက်လာကာ အဏ္ဏဝါမျိုးနွယ်စုဝင်များကို အေးစက်စွာ ကြည့်နေလေသည်။

ထိုကျွမ်းကျင်သူများ လှည့်ကြည့်လိုက်သောအခါ အနက်ရောင်ဝတ် လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။

ဤနေရာတွင် ကျွမ်းကျင်သူများစွာရှိသော်လည်း ၎င်းတို့ကို သူ့က အနည်းငယ်မျှ ကြောက်လန့်စိတ်မရှိဘဲ လျစ်လျူရှုထားသည်။

"ချူးယွင်ဖန်း၊ မင်း တကယ် ဒီမှာ ပေါ်လာရဲလား" အေးစက်စူးရဲသော အကြည့်တစ်ခုက ချူးယွင်ဖန်းကို စိုက်ကြည့်နေသည်။

"ဘာလို့ မလာရဲရမှာလဲ" ချူးယွင်ဖန်းက ရယ်မောလိုက်သည်။

ရှိနေသော နတ်အဆင့်များဆီမှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာသော်လည်း ၎င်းတို့ကို အလေးအနက်မထားပေ။

လူသားအသွင်ဆောင်ထားသော အဏ္ဏဝါမျိုးနွယ်စုဝင်များ၏ မူလအသွင်အပြင်ကို သူခံစားနိုင်သည်။ ၎င်းတို့သည် ပင်လယ်နက်ထဲမှ ရက်စက်ကြမ်းကြုတ်သော သားရဲများဖြစ်သည်။

သို့သော် ဤအချိန်တွင် ၎င်းတို့အားလုံးသည် ၎င်းတို့၏ ရောင်ဝါကို ဖုံးကွယ်ထားကြသည်။

သို့သော် ချူးယွင်ဖန်း၏ နတ်အာရုံမှ မည်သူမျှ ဖုံးကွယ်၍မရပေ။

ချူးယွင်ဖန်းသည် ၎င်းတို့အား ဤလျှို့ဝှက်လွန်းလှသော ရေအောက်နန်းတော်သို့ ခြေရာခံနိုင်ခဲ့သောကြောင့် ၎င်းတို့အနက်မှ တစ်ဦးနောက်သို့ လိုက်ခဲ့ခြင်းဖြစ်နိုင်သည်ဟု အများက တွေးမိသည်။

ဤသို့မျှမဟုတ်ပါက ချူးယွင်ဖန်းသည် ဤရေအောက်နန်းတော်၏ တည်ရှိမှုကို သိမည်မဟုတ်ပေ။ ၎င်းသည် ပင်လယ်ထဲတွင် မီတာ ၁သိန်းကျော် အနက်၌ရှိရာ လူသား၏ နည်းပညာမြင့် ရှာဖွေရေးကိရိယာများပင်လျှင် ထိုကဲ့သို့ နက်ရှိုင်းသောနေရာကို ထောက်လှမ်းနိုင်စွမ်း မရှိပေ။

ထို့အပြင်၊ အဆုံးမဲ့ပင်လယ်ကြီးသည် အလွန်ကြီးမားသောကြောင့် နေရာတိုင်းကို ရှာဖွေရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ချူးယွင်ဖန်းသည် ဤနေရာတွင် ပေါ်လာနိုင်ကတည်းက ၎င်းတို့အနက်မှ တစ်ဦးနောက်သို့ လိုက်ခဲ့ကြောင်း ထင်ရှားသည်။

မည်သူ့နောက် လိုက်လာသည်ကို မည်သူမျှ မသိပေသ်ေလည်း ယခု သူပေါ်လာသောအခါ အရာအားလုံးက ရှင်းလင်းသွားပေပြီဖြစ်သည်။

ချူးယွင်ဖန်း၏ တိုက်ပွဲမှတ်တမ်းများကို ၎င်းတို့အားလုံး ကြားသိခဲ့ကြရသည်။ နတ်အဆင့်မှ နတ်အဆင့် အထွတ်အထိပ်အဆင့်အထိ၊ သူသည် လူများစွာကို သတ်ဖြတ်ခဲ့သည့်မှတ်တမ်းများရှိသည်။ ဤလူ၏ ရက်စက်မှုသည် သမိုင်းတစ်လျှောက် ကျော်ကြားခဲ့သည်။

ရေနက်ပင်လယ် မိကျောင်းနှင့် ရေနက်ပင်လယ် ဝေလငါးကြီးများပင်လျှင် အလွန်စိုးရိမ်ကြသည်။ ချူးယွင်ဖန်း၏ ထိတ်လန့်ဖွယ်ရာ တိုက်ပွဲမှတ်တမ်းကို တွေးရင်းဖြင့် နှစ်ယောက်သား တုန်လှုပ်သွားကြသည်။ သို့သော် မကြာခင်၌ပင် ပင်လယ်အကြီးအကဲက ၎င်းတို့ဘေးတွင် အေးဆေးစွာ ထိုင်နေဆဲဖြစ်ကြောင်း ၎င်းတို့ သဘောပေါက်သွားကြသည်။

"မင်းက ချူးယွင်ဖန်းလား" ပင်လယ်အကြီးအကဲက စကားပြော၍ ချူးယွင်ဖန်းကို ကြည့်သည်။

"ဟုတ်တယ် ကျုပ်က ကိုယ့်ကိုယ်ကိုယ် နတ်ဘုရားလို့ ကြေငြာထားတဲ့လူများ ပေါ်လာမလားလို့ အစက လိုက်ကြည့်ချင်ခဲ့တာ။ မျှော်လင့်မထားဘဲ ခင်ဗျားဖြစ်နေတယ်။ ပြီးတော့ ခင်ဗျား ဒီမှာ တာဝန်နည်းနည်းယူထားပုံပဲ” ချူးယွင်ဖန်းက ဘာသိဘာသာ ပြောလိုက်သည်။

သူ့အကြည့်များက ပင်လယ်အကြီးအကဲကို ဦးတည်နေကာ တခြားသူများကို မျက်စိထဲပင် မထည့်ကြပေ။ ၎င်းတို့သည် သတ်ရန်စောင့်ဆိုင်းနေသော သိုးသငယ်များသာဖြစ်သည်။

အဏ္ဏဝါမျိုးနွယ်စုများသည် ချူးယွင်ဖန်း၏မျက်လုံးများတွင် မထီမဲ့မြင်ပြုခြင်းကို မြင်နိုင်သည်။ ၎င်းတို့က အလွန် စိတ်ခဲမခံမရပ်နိုင်ဖြစ်နေကြသော်လည်း အရူးအမူးမဝံ့မရဲဖြစ်နေကြသည်။

သို့ရာတွင် ရေနက်ပင်လယ်ဝေလငါးဘိုးဘေးနှင့် မိကျောင်းဘိုးဘေးတို့၏ စိတ်ထဲတွင် အလွန် ကမောက်ကမဖြစ်ခဲ့ရသည်။ ချူးယွင်ဖန်းသည် ရဲရင့်ကာ မဆင်မခြင် လုပ်တတ်သဘ်ဟု ၎င်းတို့အားလုံးက ပြောခဲ့ကြရာ ယခုအခါ ၎င်းတို့ကိုယ်တိုင် မျက်စိနှင့် မြင်ခဲ့ကြရသည်။

ရွှေအမတေအဆင့်သည် ဤကမ္ဘာတွင် နတ်ဘုရားအဖြစ် သိကြသည်။ အခြားလူများသည် ရွှေအမတေအဆင့်ဆီမှ ဖုံးကွယ်ရန် အတတ်နိုင်ဆုံး ကြိုးစားကြသော်လည်း ချူးယွင်ဖန်းသည် အမှန်တကယ်ပင် ၎င်းတို့နောက်သို့ လိုက်ရန် သတ္တိရှိခဲ့ရာ သူ၏ရည်ရွယ်ချက်မှာ နတ်ဘုရားကို ရှာဖွေရန်ဖြစ်သည်။

ချူးယွင်ဖန်း၏ ရည်ရွယ်ချက်က လူတိုင်းအတွက် ရှင်းသည်။ အပြည့်အဝ မကျန်းမာမီ နတ်ဘုရားကို သတ်ပစ်ချင်ခဲ့ခြင်းဖြစ်သည်။

တွေးလိုက်ရုံဖြင့် လူများကို အသက်ရှုရခက်စေသည်။ နတ်ဘုရားသည် ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့သည့် ရွှေအမတေအတင့် ဖြစ်ခဲ့လျှင်ပင်၊ သူသည် ရွှေအမတေအဆင့်ပင်ဖြစ်နေဆဲဖြစ်သည်။ သာမန်နတ်အဆင့်များ မနှိုင်းယှဉ်နိုင်သော ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားရှိသေးသည်။

၎င်းတို့က ထိုသို့သောအကြောင်းကို တွေးပင် မတွေးဝံ့ကြပေ။ ၎င်းတို့သည် ထိုနတ်ပင်လယ်၏ ကြီးကျယ်ခမ်းနားမှုကို အမှန်တကယ် တွေ့ကြုံခံစားခဲ့ရကာ ခုခံရန် စိတ်ပင်မကူးရဲကြပေ။

"မင်း ငါ့ရှေ့မှာ ပေါ်လာဖို့ သတ္တိရှိနေတာ သေချာတယ်။ မင်း အရှက်မရှိ လွတ်မြောက်နိုင်မယ် ထင်နေတာလားကွ" ပင်လယ်အကြီးအကဲက အေးစက်စွာပြောသည်။

ကြောက်ရွံ့မှုအရိပ်အမြွက်သည် သူ့မျက်လုံးများမှတဆင့် ထွက်ပေါ်လာသည်။ သူ ယခင်ကကဲ့သို့ ချူးယွင်ဖန်းကို အထင်မသေးရဲတော့ပေ။ ချူးယွင်ဖန်းသည် မည်သည့်အချိန်တွင် မည်သို့ပေါ်လာသည်ကို သူပင် သတိမထားမိခဲ့ပေ။

ဤအရာတစ်ခုတည်းကြောင့် ချူးယွင်ဖန်းကို လျှော့မတွက်ဝံ့ပေ။

“ဘေးကင်းကင်း ဆုတ်သွားဖို့ဟုတ်လား။ ဟာဟား” ချူးယွင်ဖန်းက ရယ်မောလိုက်သည်။ "ဒီနေ့သတ်ဖို့ရောက်လာတာ မင်းတို့ တစ်ကောင်မီ ဒီနေရာက ထွက်မသွားရဘူး”

"ဒီလောက်တောင် မာန်တက်နေတဲ့ကောင်”

"မင်း သေမင်းကို ရှာနေတာ”

အဏ္ဏဝါမျိုးနွယ်စု နတ်အဆင့်များက ဒေါသတကြီး အော်ဟစ်ကြသည်။

"ဒီလောက် သတ္တိကောင်းနေတာ”

ပင်လယ်အကြီးအကဲက ဒေါသတကြီး ဟိန်းဟောက်သည်။ မရေမတွက်နိုင်သော စွမ်းအားများ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ ကြီးမားသော ရေဝဲများ ဖြစ်ပေါ်လာသည်။

ဤအခိုက်အတန့်တွင် သူသည် နတ်ဘုရားတစ်ဆူကဲ့သို့ဖြစ်ကာ အလွန်ကြောက်စရာကောင်းသည်။

ရွှေအမတေအဆင့်သို့ ခြေတစ်လှမ်းတစ်ဝက်ခန့်၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းအားသည် ရုတ်တရက် ထွက်ပေါ်လာသည်။ ရှေးက နတ်ကျွန်များနှင့် နှိုင်းယှဉ်လျှင် အားမနည်းပေ။ သူသည် ပထမနတ်ကျွန်ထက် များစွာပိုမြင့်သော ရွှေအမတေအဆင့်သို့ ခြေတစ်လှမ်းတစ်ဝက်သာလိုသော အခြေအနေသို့ ဝင်ရောက်ခဲ့သည်။ ထို့ကြောင့် ပထမနတ်ကျွန်သည် သူနှင့်မနှိုင်းယှဉ်နိုင်ပေ။

"အချိန်ကိုက်ပဲ”

ချူးယွင်ဖန်းအော်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်ရှိ နတ်စွမ်းအားများအားလုံး ဆူပွက်လာသည်။ အဆုံးမဲ့ပင်လယ်ခဲ၌ နေမင်းကြီးတစ်လုံး တက်လာသကဲ့သို့ ရွှေရောင်အလင်းတန်းတစ်ခုဖြာထွက်လာသည်။

နတ်အဆင့်များကမူ ကောင်းကင်ကြီး ပြိုကျလာသည့်အလား ခံစားရကြသည်။ ကြောက်မက်ဖွယ် ဖိအားတစ်ခု ထွက်လာသည်။ ခန်းမကျယ်သော်လညါး ၎င်းတို့နှစ်ဦးအတွက် လှောင်အိမ်တစ်ခုကဲ့သို့သာဖြစ်သည်။

လူတိုင်း၏ ပထမဆုံးတုံ့ပြန်မှုသည် ဤနှစ်ခုကြားတိုက်ပွဲတွင် မပါဝင်ဘဲ ထွက်ပြေးရန်ဖြစ်သည်။ မဟုတ်ပါက တိုက်ပွဲ၏ နောက်ဆက်တွဲ ရလဒ်က ၎င်းတို့ကို သတ်ရန် လုံလောက်သည်။

သို့သော် ဤအခိုက်အတန့်တွင် ရှေးဟောင်းစာလိပ်တစ်ခုသည် လေဟာနယ်ထဲမှ ထွက်ပေါ်လာသည်။ ပင်လယ်တစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါပြီးနောက် ခန်းမဝင်ပေါက်ကို ပိတ်ထားသည့် သွေးနီရောင် အရိုးစုအဖြစ် ပြောင်းလဲသွားသည်။

သွေးနီရဲရဲ မျက်ဝန်းတစ်စုံက ခန်းမထဲက လူတိုင်းကို စိုက်ကြည့်နေသည်။

၎င်းမှာ ချူးယွင်ဖန်း၏ မှော်လက်နက်ဖြစ်သော နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားဖြစ်သည်။

ချူးယွင်ဖန်းယခုပြသခဲ့သော စွမ်းအားသည် ယခင်ကနှင့် လုံးဝမတူတော့ပေ။ ပန်းချီကားကို တိုက်ရိုက်မထိန်းချုပ်နိုင်လျှင်ပင် ၎င်း၏စွမ်းအားသည် နတ်အဆင့် အထွတ်အထိပ်သို့ နီးကပ်နေပြီဖြစ်သည်။

“သေစမ်း”

ဤအဏ္ဏဝါမျိုးနွယ်စုအားလုံး ကျိန်ဆဲလိုက်ကြသည်။ ဤသည်ကို မြင်သောအခါ ချူးယွင်ဖန်းက အဘယ်ကြောင့် ၎င်းတို့ကို ဤနေရာတွင် ပိတ်ကာ ထွက်ပြေးရန် တားဆီးထားခြင်းဖြစ်ကြောင်း နားမလည်နိုင်တော့ပေ။

သူ၏ ပန်းတိုင်မှာ အလွန်ရှင်းလင်းသည်၊ ယင်းမှာ ၎င်းတို့ကို မကိုင်တွယ်မီ ပင်လယိ အကြီးအကဲကို ကိုင်တွယ်ရန် ဖြစ်သည်။ သူသည် ၎င်းတို့အားလုံးကို တစ်ရှိန်ထိုး ဖမ်းရန် ရည်ရွယ်ထားသည်။ ထို့နောက်တွင်၊ အဏ္ဏဝါမဟာမိတ်အဖွဲ့ဟူသည် အခွံအလွတ်တစ်ခု သို့မဟုတ် ဟာသတစ်ခု ဖြစ်လာလိမ့်မည်။

ချူးယွင်ဖန်းသည် ဤ အဏ္ဏဝါ မဟာမိတ်အဖွဲ့က ပြဿနာတက်ရန် စတင်တော့မည်ကို မည်သို့ လွှတ်ထားလိမ့်မည်နည်း။ အဆုံးမဲ့ နတ်ဆိုးတောင်ကဲ့သို့ နောက်ထပ် ပြဿနာတစ်ခု ဖန်တီးခြင်းသာဖြစ်လိမ့်မည်။

"သူနဲ့ တိုက်ရအောင်”

အဏ္ဏဝါမျိုးနွယ်စုများသည် ကြုံးဝါ၍ အရိုးစုဆီသို့ စတင်တိုက်ခိုက်ခဲ့ကြသည်။ သို့သော် အရိုးစုသည် သွေးနီရောင် ကြီးမားသော လက်ဖြင့် တစ်ချက်သာ ရိုက်လိုက်ကာ တိုက်ခိုက်မှုအားလုံးကို ဖြိုခွဲလျက် ၎င်းတို့ကို တားဆီးထားသည်။

ဤလူများက နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားကို အလျင်အမြန် ချိုးဖျက်ရန် မဖြစ်နိုင်ပေ။

ဤအချိန်တွင် ကွင်းပြင်၌ အချင်းချင်း ထိပ်တိုက်တွေ့နေကြသော ချူးယွင်ဖန်းနှင့် ပင်လယ်အကြီးအကဲတို့လည်း လှုပ်ရှားနေကြပြီဖြစ်သည်။

All Chapters