← Chapters

ပင်လယ်အကြီးအကဲကို အလွယ်တကူ အနိုင်ယူခြင်း

Vol. 76 Ch. 1136

ပင်လယ်အကြီးအကဲကို အလွယ်တကူ အနိုင်ယူခြင်း

Vol. 76 Ch. 1136

ထိုအချိန်တွင် ချူးယွင်ဖန်းသည် ထိတ်လန့်ခြင်းမရှိတော့ပေ။ သူက ပင်လယ်အကြီးအကဲကို ရိုးရိုးရှင်းရှင်း စိုက်ကြည့်နေသည်။ ဤကမ္ဘာတွင် စောင့်ရှောက်သူ လေးပါး၏ စွမ်းအားရှိသည်ဟု ပြော၍ ရသည်။ မြောက်ဘက်တွင် လိပ်နက်၊ တောင်ဘက်တွင် မီးငှက်၊ အနောက်ဘက်တွင်ကျားဖြူ၊ ရှေ့ဘက်တွင် နဂါးပြာ စသည်ဖြင့် ဤစောင့်ရှောက်အုပ်ထိန်းသူလေးပါးသည် လောက၏ အစွန်းလေးဘက်ကို ကိုယ်စားပြုသည်။

ဒဏ္ဍာရီများအရ လိပ်နက်၊ မီးငှက်၊ ကျားဖြူနှင့် နဂါးပြာတို့က ရှေးခေတ်က တည်ရှိခဲ့သည်ဟု ဆိုကြသည်။ ဤနတ်သားရဲလေးပါးတို့သည် လောက၏ မငြိမ်မသက်မှုကို နှိမ်နင်း၍ ယနေ့ကမ္ဘာကို ဖန်ဆင်းသည်။

သို့သော် ၎င်းသည် ဒဏ္ဍာရီတစ်ခုသာဖြစ်သည်။ ရှေးဟောင်းလူသားကာလတွင် အုပ်ထိန်းသူလေးဦး၏ စွမ်းအားက ဒဏ္ဍာရီတစ်ခုသာဖြစ်သည်။ သို့သော် ဆေးဧကရာဇ်အဆင့်တွင် သာမန်လူများ နားလည်ထားသည့်အတိုင်း ဖြစ်မလာပေ။ ဆေးဧကရာဇ်၏ မှတ်ဉာဏ်များထဲတွင် ချူးယွင်ဖန်းသည်

ကမ္ဘာပေါ်တွင် အမှန်တကယ်ပင် ပြင်းထန်သော စွမ်းအားလေးခုရှိကြောင်း နားလည်သည်။

ဆေးဧကရာဇ်က ဒဏ္ဍာရီလာ နတ်သားရဲများဟု ခေါ်တွင်သည်ကို တစ်ခါမျှ မမြင်ဖူးသော်လည်း လွန်ကဲသော သားရဲလေးပါး၏ စွမ်းအားကို ချေးငှားနိုင်သည့် ပညာမျိုး ကမ္ဘာပေါ်တွင် အမှန်တကယ်ပင် ရှိသေးသည်။ ယေဘူယျအားဖြင့် ပြောရလျှင် ၎င်းတို့သည် ဖွဲ့စည်းခြင်းနှင့် စည်းချိပ်ပိတ်ခြင်းတို့ကဲ့သို့ အလွန်ကြောက်စရာကောင်းသော နည်းစနစ်များကို ဖန်တီးကြသည်။

သူသည် နတ်စောင့်ရှောက်သူ အကာအကွယ်စည်းနှင့်ပတ်သက်၍ ရင်းနှီးသည်။ ကောင်းကင်နှင့်မြေကြီး၏ အုပ်ထိန်းသူ နတ်သားရဲလေးပါး၏ စွမ်းအားကို ချေးယူခြင်းသည် ရှေးဟောင်းလူသားကာလတွင် အလွန်ရေပန်းစားခဲ့သော နည်းပညာတစ်ခုဖြစ်သည်။ ဤသည်ကို သူအကြိမ်ကြိမ်မြင်ဖူးသောကြောင့် ချူးယွင်ဖန်းသည် ထိတ်လန့်ခြင်းမရှိပေ။

"မင်း သေမင်းတံခါးဝမှာ ရောက်နေပြီ၊ ဒါတောင် ခေါင်းမာနေတုန်းပဲ"

ချူးယွင်ဖန်းက ခေါင်းမာ၍ ခုန်ရန်ကြိုးစားနေသည်ဟုပင်လယ်အကြီးအကဲက ခံစားမိသည်။ အစောင့်အရှောက်နတ်သားရဲများ၏ စွမ်းအားသည် တူညီသောအဆင့်ရှိ ပြိုင်ဘက်များပင် လွတ်မြောက်ရန် ခက်ခဲသော အရာတစ်ခုဖြစ်သည်။

၎င်းသည် အသုံးပြုသူ၏ စွမ်းအားမဟုတ်သောကြောင့်ဖြစ်သည်။ တစ်နည်းအားဖြင့် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို ငှားရမ်းကြခြင်းဖြစ်ရာ ၎င်းသည် စွမ်းအားပြည့်၏ အနည်းငယ်မျှသာဖြစ်သော်လည်း သာမန်လူများ ချိုးဖျက်နိုင်သော အရာမဟုတ်ပေ။

လူ့စွမ်းအားမှာ အကန့်အသတ်ရှိသော်လည်း ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားသည် အဆုံးမရှိပေ ဟူသော ဆိုရိုးစကားအတိုင်းပင်ဖြစ်သည်။

"ကျုပ် ခေါင်းမာတာလားဆိုတာကို ခဏလေးအတွင်း သိလာလိမ့်မယ်။ ကျုပ်မမှားရင် ခင်ဗျားရဲ့ ကောင်းကင်စောင့်ရှောက်သူ အကာအကွယ်စည်းက မပြည့်စုံသေးဘူး" ချူးယွင်ဖန်းက ပြောသည်။ "ဒါဟာ မပြည့်စုံတဲ့ စွမ်းအားသက်သက်ပဲ”

ပင်လယ်အကြီးအကဲက အနည်းငယ်ထိတ်လန့်သွားကာ သူ၏ တည်ငြိမ်မှုကို ဆက်လက်မထိန်းထားနိုင်တော့ပေ။

သူသည် ဤ ကောင်းကင်အစောင့်အရှောက်အကာအကွယ်စည်းကို တစ်ခါမျှ အသုံးမပြုဖူးသောကြောင့်၊ ၎င်းနှင့်ပတ်သက်သည့် ပြဿနာတစ်စုံတစ်ရာကို မည်သူမျှ သတိမထားမိခဲ့သော်လည်း ဤအရာကို သူရခဲ့စဥ်ကတည်းက ၎င်းသည် အမှန်တကယ် မပြည့်စုံသော အရာတစ်ခုဖြစ်ကြောင်း သူသိသည်။ တစ်စုံတစ်ယောက်သည် အကာအကွယ်စည်းချိပ်ကို သန့်စင်နေခဲ့ပုံရသော်လည်း အကြောင်းတစ်ခုခုကြောင့် ဆောလျင်စွာ စွန့်လွှတ်လိုက်ရသည်။

ထို့ကြောင့် အချိန်အတော်ကြာပြီးနောက်အထိ ၎င်းသည် မပြည့်စုံသော အရာတစ်ခု ဖြစ်နေဆဲဖြစ်သည်။

ထိုသို့ဆိုလျှင်ရော သူမည်သို့လုပ်နိုင်မည်နည်း။ စိတ်ပျက်လက်ပျက်ဖြစ်ရန်သာရှိသည်။ နတ်သားရဲလေးပါး၏ စွမ်းအားသည် သဘာဝနိယာမများကို အလွန်လေးနက်စွာ အသုံးချခြင်းဖြစ်ကာ ၎င်းသည် သူ့အဆင့်ရှိသူ လုပ်နိုင်သောအရာမဟုတ်ပေ။ အကယ်၍ ဤခင်းကျင်းနှင့်ပတ်သက်သည့် မှတ်တမ်းအချို့ကို ချန်ထားခဲ့သောကြောင့် မဟုတ်ပါက၊ ၎င်းကို မည်သို့ ပြုပြင်ရမည်ကိုပင် သိရှိမည်မဟုတ်ပေ။

ရှေးဟောင်းလူသားကာလမှ ယနေ့အထိ၊ ၎င်းသည် အမွေအနှစ်များတွင် ကွာဟမှုရှိသည့် လူသားယဉ်ကျေးမှုသာမက၊ အဏ္ဏဝါမျိုးနွယ်စုနှင့် နတ်ဆိုးများမှာလည်း ကွာဟချက်ရှိသည်။ ၎င်းတို့က လူသားများထက် သိုင်းပညာလောကသို့ စောစီးစွာ လျှောက်လှမ်းခဲ့ကြခြင်းသာဖြစ်သည်။

"သိသာပါတယ်။ ဒီစည်းချုပ်မှာ ရုပ်တွေပဲရှိပြီး ဝိညာဉ်မရှိဘူး။ ကောင်းကင်အစောင့်အရှောက်အကာအကွယ်စည်းကို သန့်စင်ဖို့ ၊ နတ်သားရဲလေးကောင်ရဲ့ သွေးမျိုးဆက်တွေနဲ့ သတ္တဝါလေးကောင်ရဲ့သွေးကို လိုအပ်တယ်။ ဒီပစ္စည်းက တစ်ဝက်ပဲပြီးထားတယ်။ အရေးကြီးဆုံးတစ်ဝက်ကတော့ သတ္တဝါတွေရဲ့ အသွေးအသားတွေနဲ့ ပြန်ပြီး မွမ်းမံဖို့ပဲ။ ဒါ့ကြောင့် ဒါက တစ်ဝက်ပဲပြီးသေးတဲ့အရာပဲ”

“ငါသိပြီ ငါသိပြီ” ပင်လယ်အကြီးအကဲက ရုတ်တရက် လင်းလက်လာသည်။ သူ့မျက်နှာပေါ်မှ ရှက်ရွံ့သော အကြည့်ဖြင့် ပြောလိုက်၏။

"ဒါဆို ဒီလိုပေါ့။ မင်းမပြောရင် ဒီလိုနည်းလမ်းရှိတယ်ဆိုတာ ငါသိမှာ မဟုတ်ဘူး။ မင်းရဲ့ အသက်အရွယ်နဲ့ အသိပညာအရ ဒီအကြောင်းကို မင်းမသိသင့်ဘူး။ မင်းရဲ့ အမွေက အရမ်းအထင်ကြီးဖို့ကောင်းတယ်ပုံပဲ။ မင်းက ငါ့ကို အများကြီးပြောပြခဲ့တာဆိုတော့ ငါမင်းကို သက်ပြီးရင်တောင် မင်းအလောင်းကိုမထိဘဲထားပေးမယ်"

"အချောထည် တစ်ဝက်နဲ့ ကျုပ်ကို သတ်ချင်တာလား။" ချူးယွင်ဖန်းက ရယ်မောလိုက်သည်။

စည်းချိပ်၏ စစ်မှန်သော စွမ်းအားက အလွန်ကြောက်စရာကောင်းသည်။ တကယ်အသက်သွင်းနိုင်သူများသည် ကမ္ဘာကို လွှမ်းမိုးထားသည့် ဧကရာဇ်များပင်ဖြစ်ရာ ထိုလူများနှင့် နှိုင်းယှဉ်ပါက ပင်လယ်အကြီးအကဲသည် အမှိုက်တစ်စမျှသာဖြစ်သည်။

"တစ်ဝက်ပဲပြီးတော့ရော ဘာကြောင့် လူတွေကို မသေစေနိုင်ရမှာလဲ" ပင်လယ်အကြီးအကဲက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

သူ့ဒဏ်ရာကိုပင် ထိခိုက်မိသောကြောင့် အကြိမ်အနည်းငယ်ချောင်းဆိုးလိုက်၏။

"ငါ အဲဒါကို နှစ်အတော်ကြာအောင် ပြုပြင်ခဲ့တာ၊ ဘယ်လို သာမန်ဖြစ်နိုင်မှာလဲ"

ပင်လယ်အကြီးအကဲက လက်ဖြင့်စည်းချိပ်ကိုဆက်လက်ဖွဲ့စည်းခဲ့ရာ သူ၏ နတ်စွမ်းအင်ကလည်း ဆက်လက်ထွက်ပေါ်လာသည်။ ချူးယွင်ဖန်းသည် စည်းချိပ်၏ စွမ်းအားက ပိုမိုက‌ကောင်းမွန်လာသည်ကိုသိရှိနိုင်သည်။ တစ်စုံတစ်ယောက်က သူ့ကို အသေသတ်ရန် လက်ကြီးတစ်ဖက်ကမ်းနေပြီဟု ခံစားရသည်။

အကြီးအကဲပြောခဲ့သည့်အတိုင်း ၎င်းသည် တစ်ဝက်သာသန့်စင်ပြီးသေးသည့်တိုင် ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်စွမ်းအားဖြင့် အလွန်ကြောက်မက်ဖွယ်ကောင်းနေသေးသည်။

မှော်လက်နက်ရှိခြင်း သို့မဟုတ် မရှိခြင်းသည် ကောင်းကင်နှင့်မြေကြီး၏ ကိစ္စဖြစ်သည်။

“ငရဲကိုသွားပေတော့”

ပင်လယ်အကြီးအကဲ၏ မျက်နှာထွက်တွင် အလွန်ဆိုးရွားသောအမူအရာကထင်ဟပ်နေသည်။ အဏ္ဏဝါမျိုးနွယ်စုမှလူများကလည်း ထွက်မသွားကြပေ။ ၎င်းတို့၏မျက်နှာများက မျှော်လင့်ချက်အပြည့်နှင့်ရှိနေသည်။ အကယ်၍ ပင်လယ်အကြီးအကဲသာ ချူးယွင်ဖန်းကို သတ်နိုင်ခဲ့လျှင် ၎င်းတို့က ထွက်ပြေးရန်မလိုတော့ပေ။ ၎င်းတို့အတွက် ကြောက်မက်ဖွယ်အကောင်းဆုံးမှာ ချူးယွင်ဖန်းပင်ဖြစ်သည်။ ချူးယွင်ဖန်းသာ ဤနေရာတွင် သေဆုံးသွားပါက ၎င်းတို့၏အမြင်တွင် ပြည်ထောင်စုသည် ထက်ဝက်ချိနဲ့သွားမည်ဖြစ်သည်။

၎င်တို့က ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားက တဖြည်းဖြည်း ကျုံ့လာသည်ကို ခံစားနနိုင်သည်။ ဤအင်အားသည် ချူးယွင်ဖန်း၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သောအခါ၊ သတ္တုသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ ချူးယွင်ဖန်းကို ဖမ်းမိကာ သတ်နိုင်လိမ့်မည်ဟု အားလုံးက မျှော်လင့်နေကြသည်။

“ဒါ ခင်ဗျားလုပ်နိုင်တာအကုန်ပဲလား”

ရုတ်တရက် ချူးယွင်ဖန်းက လှုပ်ရှားသွားသည်။ သူက လက်သီးကို တစ်ချက်ဆုပ်ကာ အတားအဆီးကို ထိုးနှက်လိုက်၏။ ထို့နောက် ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခု ပေါ်လာသည်။ အလွန်ကြောက်မက်ဖွယ်ကောင်းကာ အရာအားလုံးကို ထောင်ချောက်ဆင်နိုင်သည့် ကောင်းကင်အစောင့်အရှောက်စည်းချိပ်သည် လူတိုင်းရှေ့တွင် တစ်လက်မချင်းကွဲစပြုလာသည်။

အစောပိုင်းက အနှိုင်းမဲ့ အင်အားကြီးပုံပေါက်သည့် ဤဖွဲ့စည်းမှုသည် အချိန်တိုအတွင်း လုံးဝပြိုကျသွားသည်။

"မဖြစ်နိုင်ဘူး”

ပင်လယ်အကြီးအကဲက အလျင်စလို နောက်ဆုတ်သွားသည်။ သူမယုံနိုင်ပေ။ ချူးယွင်ဖန်း၏ လက်သီးသည် ခွန်အားများစွာကို အသုံးမပြုသော်လည်း ချက်ကောင်းကို ထိသွားသကဲ့သို့ ဖြစ်နေသည်။

ဤသည်မှာ ကြောက်စရာအကောင်းဆုံးအပိုင်းဖြစ်သည်။

တစ်ခုခုမှားနေပြီဖြစ်ကြောင်း သူရုတ်တရက်သဘောပေါက်သွားသဖြင့် နောက်ဆုတ်ချင်မိသော်လည်း အရာအားလုံးက နောက်ကျသွားခဲ့ပြီဖြစ်သည်။ ချူးယွင်ဖန်းသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ့ရှေ့တွင် ရောက်နေပြီဖြစ်သည်။

ထိုအချိန်တွင် ချူးယွင်ဖန်းသည် သူ့လက်ကို လှည့်လိုက်ကာ ခုတ်လှဲလိုက်သည်။ ဓားသွားအလင်းက အလွန်တောက်ပလွန်းသဖြင့် ကောင်းကင်ကိုပင် ကွဲကြေသွားစေကာ ခန္ဓာကိုယ်ပေါ်သို့ ချက်ချင်းကျရောက်သွားသည်။

ပင်လယ်အကြီးအကဲသည် မိမိ၏ ခေါင်းတစ်ခုလုံး ခုတ်ပိုင်းလှီးဖြတ်ခံရသဖြင့် ကျယ်လောင်စွာ အာခေါင်ခြစ်၍ ငိုကြွေးလိုက်သည်။ သူသည် သူ၏ ကျင့်ကြံရေးစွမ်းအားအပြည့်အဝကိုပင် မထုတ်သုံးနိုင်လိုက်ဘဲ ချူးယွင်ဖန်း၏ လက်ထဲတွင် သေဆုံးသွား၏။

All Chapters