အဏ္ဏဝါမျိုးနွယ်စု မဟာမိတ်အဖွဲ့ကို ဖျက်ဆီးခြင်း
Vol. 76 Ch. 1137
ပင်လယ်အကြီးအကဲ၏ သေဆုံးခြင်းနှင့်အတူ ကောင်းကင်စောင့်ရှောက်သူအကာအကွယ်စည်းချိပ်သည်လည်း လွတ်မြောက်တော့မည်ဖြစ်သည်။ သို့သော် ချူးယွင်ဖန်း၏ မျက်လုံးများနှင့် လက်များက အလွန်လျင်မြန်သဖြင့်စည်းချိပ်ကို သူ့လက်ထဲတွင် အမြန်သိမ်းယူလိုက်သည်။
ခေါင်းဖြတ်ခံရပြီးနောက် ပင်လယ်အကြီးအကဲ၏ မျက်လုံးများသည် မယုံကြည်နိုင်မှုများဖြင့် ပွင့်နေသေးသည်ကို သူမြင်နိုင်သည်။ ချူးယွင်ဖန်းကိုယ်တိုင်က ဤစည်းချိပ်သည် သူ့အတွက် လျို့ဝှက်ချက်မဟုတ်ကြောင်းကိုသိသည်။ ဆေးဧကရာဇ်အတွက် နတ်သားရဲလေးပါး၏ စွမ်းအားက
အနည်းနှင့်အများ ပါဝင်ပတ်သက်ခဲ့သော်လည်း ၎င်းတို့၏အသုံးပြုမှုများမှာ မတူညီပေ။ လူအချို့က ကောင်းကင်နှင့် မြေကြီးကို ချိပ်ပိတ်ရန် အသုံးပြုကြကာ အချို့က ပြင်းထန်သော ရန်သူများကို နှိမ်နင်းသတ်ဖြတ်ရန် အသုံးပြုကြသည်။ ထို့ကြောင့် နတ်သားရဲလေးပါး၏ အသုံးဝင်ပုံကို နားလည်ကြပုံခြင်းမတူပေ။
နတ်ဘုရားတိုက်ပွဲစာအုပ်တွင် နတ်သားရဲလေးပါး၏ စွမ်းအားနှင့် ပတ်သက်သည့် အံ့ဖွယ် မှတ်တမ်းများရှိသည်။ မည်သည့် ဖွဲ့စည်းပုံကမှ ပြီးပြည့်စုံခြင်းမရှိပေ။ ဖွဲ့စည်းမှုမျက်လုံးကွဲသွားပါက အဖွဲ့စည်းတစ်ခုလုံး နေရာ၌ပင် ပျက်ဆီးသွားမည်ဖြစ်ရာ အကယ်၍ ၎င်းသည် ပြီးပြည့်စုံသော စည်းချိပ် ခင်းကျင်းတစ်ခုဖြစ်ခဲ့ပါက၊ နတ်သားရဲလေးပါး၏ စွမ်းအင်က အဆက်မပြတ်စီးဆင်း၍ တစ်ခုတည်းအဖြစ်ပေါင်းစည်းသွားမည်ဖြစ်သည်။
သို့သော်၊ ဤ အကာအကွယ်စည်းချိပ်က မပြည့်စုံသောကြောင့် အသက်ရှင်နေသည်ဟုပင် ယူဆ၍ မရပေ။ ၎င်းတွင် နတ်သားရဲလေးပါး၏ စွမ်းအားတစ်ပိုင်းတစ်စကိုသာ အသက်သွင်းနိုင်ထားနိုင်သည်။ ထို့ကြောင့် ချူးယွင်ဖန်း၏ နတ်သားရဲလေးပါးအပေါ်နားလည်မှုဖြင့် ယင်းကို အလွယ်တကူ ဖောက်ဖျက်နိုင်ခဲ့သည်။
ဤစည်းချိပ်မျိုးကို ကိုင်တွယ်ဖြေရှင်းရာတွင် အင်အား သို့မဟုတ် ကျွမ်းကျင်မှုကို အသုံးချကာ ဖြိုခွင်းနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ ချူးယွင်ဖန်းသည် ထိုသို့လုပ်ဆောင်နိုင်စွမ်းရှိသည်။ ပင်လယ်အကြီးအကဲက အောင်ပွဲသည် သူ့လက်ထဲတွင်ရှိသည်ဟု ထင်ခဲ့သော်လည်း လက်တွေ့တွင် အရာအားလုံးသည် ချူးယွင်ဖန်း၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။
"ဘာလဲ”
အဏ္ဏဝါမဟာမိတ်အဖွဲ့ နတ်အဆင့် ပညာရှင်များက ကြောင်အကုန်ကြက လုံးဝအရှက်ကွဲသွားကြသည်။
ချူးယွင်ဖန်းက ပင်လယ်အကြီးအကဲကို သတ်ပစ်သည့်အရှိန်က အလွန်လျင်မြန်လွန်းလှသည်။
ပင်လယ်အကြီးအကဲ၏ကျင့်ကြံရေးအဆင့်အရ ချူးယွင်ဖန်းသည် သူ့ကိုသတ်ရန် မလွယ်ကူသင့်ပေ။ သို့သော် ပင်လယ်အကြီးအကဲသည် ထို နတ်သားရဲစည်းချိပ်၏ စွမ်းအားကို အလွန်အမင်းယုံကြည်ခဲ့မိသောကြောင့် ချူးယွင်ဖန်း၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
၎င်းတို့ မတုံ့ပြန်နိုင်ခင်၌ပင် ပင်လယ်အကြီးအကဲက သေဆုံးသွားပြီဖြစ်သည်။
“ပင်လယ်အကြီးအကဲက ဘယ်လိုလုပ် သတ်သေသွားတာလဲ”
“မဖြစ်နိုင်ဘူး သူ့အစွမ်းနဲ့ ချူးယွင်ဖန်းကို ဘာလို့ အနိုင်မယူနိုင်ရမှာလဲ”
လူတိုင်း၏ မျက်လုံးများက ပြူးကျယ်လာကြကာ မယုံကြည်နိုင်စွာဖြင့် ကြောင်အနေကြဆဲဖြစ်သည်။ ထို့နောက် ပင်လယ်အကြီးအကဲအသတ်ခံရခြင်းမှာ ၎င်းတို့ အခြေအနေမည်မျှအန္တရာယ်ရှိသည်ကို ရုတ်တရက် သိရှိသွားကြသည်။
ပင်လယ်အကြီးအကဲကိုသတ်ပြီးနောက် ချူးယွင်ဖန်းသည် အဏ္ဏဝါမျိုးနွယ်စုမဟာမိတ်များထဲမှာ တကယ့်ခေါင်းဆောင်များဆီသို့ ဖြည်းညှင်းစွာလျှောက်လှမ်းခဲ့သည်။
ဤအဏ္ဏဝါမျိုးနွယ်စုများ၏ ကျင့်ကြံရေးအဆင့်က အလွန်အားကောင်းလွန်းလှသည်ဖြစ်ရာ အများစုမှာ နတ်အဆင့် သတ္တမအဆင့်ကို ကျော်လွန်နေကြပြိဖြစ်သည်။ ၎င်းတို့သည် အဏ္ဏဝါမျိုးနွယ်စုမဟာမိတ်အဖွဲ့၏ ဦးတည်ချက်ကို ဆုံးဖြတ်နိုင်ကြသည်။
သို့သော် ယခုအချိန်တွင် ချူးယွင်ဖန်း၏မျက်လုံးများတွင် ၎င်းတို့သည် သတ်ရန်စောင့်ဆိုင်းနေသော သိုးသငယ်များကဲ့သို့ပင်ဖြစ်၍ အားလုံးက တစ်ယောက်နဲ့တစ်ယောက်ကြည့်ရင်း အဓိပ္ပါယ်ကို ချက်ချင်းနားလည်သွားကြသည်။ ဤပညာရှင်များသည် အချင်းချင်း ဆက်သွယ်နေရန်ပင်မလိုအပ်ဘဲ ချက်ချင်းပင် တူညီသော ဆုံးဖြတ်ချက်ကို ချလိုက်ကာ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှု အမျိုးမျိုးကို တုန်လှုပ်ချောက်ချားမှုမရှိဘဲ စတင်ခဲ့သည်။
တကယ်တမ်းတွင် ဤအချိန်၌ ၎င်းတို့ကို ချုပ်နှောင်ထားရန် အလားအလာမရှိတော့ပေ။ ချူးယွင်ဖန်းက ၎င်းတို့အတွက် အလွန်အမင်းကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။ ၎င်းတို့သာအစွမ်းအကုန် တိုက်ခိုက်ခြင်းမရှိပါက ဤနေရာတွင် သေရမည်မှာ ကျိန်းသေပင်ဖြစ်သည်။
ချူးယွင်ဖန်းက သူတို့ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူ့လက်ထဲရှိ စည်းချိပ်က ရုတ်တရက် လွင့်ပျံလာသည်။ ရုတ်တရက်ဆိုသကဲ့သို့ပင် အင်အားအပြည့်ဖြင့် တိုက်ခိုက်နေသော အဏ္ဏဝါမျိုးနွယ်စုဝင်များက လေထုသည် တင်းမာသွားသကဲ့သို့ ခံစားလိုက်ရသည်။ ဤသည်က ခံစားချက်တစ်ခုမျှသာမဟုတ် စစ်မှန်သောတင်းမာမှုပင်ဖြစ်သည်။
ကောင်းကင်အစောင့်အရှောက်အကာအကွယ်စည်းချိပ် …
ဤစကားလုံးများက ၎င်းတို့၏ စိတ်ထဲတွင် ရုတ်တရက်ပေါ်လာသည်။ ချူးယွင်ဖန်းကို ကိုင်တွယ်ရန် ပင်လယ်အကြီးအကဲသည် ဤလှုပ်ရှားမှုကိုလုပ်ခဲ့ကြောင်း အစောပိုင်းက မြင်ဖူးခဲ့သော်လည်း ယခုအခါ ချူးယွင်ဖန်းသည် ဤလှုပ်ရှားမှုကို အသုံးပြု၍ ၎င်းတို့ကို ပိတ်လှောင်ထားခဲ့သည်။ ၎င်းတို့ ပတ်ဝန်းကျင်တွင် နဂါးပြာ၊ ကျားဖြူ၊ မီးငှက်နှင့် လိပ်နက်တို့ကို မြင်လိုက်ကြရသည်။ ယင်းတို့မှာ ပုံရိပ်များသာဖြစ်သော်လည်း
၎င်းတို့သည် ပင်လယ်အကြီးအကဲ၏လက်ထဲတွင်ရှိစဉ်ကထက် ပိုမိုအားကောင်းသည်။
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါ ဘယ်လောက်ကြာသေးလို့လဲ။ မင်း ဒီအဆင့်ရောက်အောင် ဘယ်လိုကျင့်ကြံခဲ့တာလဲ”
လူတိုင်း၏ မျက်လုံးများသည် မယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။ ချူးယွင်ဖန်းသည် စည်းချိပ်ကို ရရှိပြီးကတည်းက မကြာသေးမီကပင် ၎င်းကို ပင်လယ်အကြီးအကဲ၏ ဆယ်စုနှစ်များစွာ သန့်စင်ခြင်းထက် ကျော်လွန်သည့်အဆင့်အထိ သန့်စင်ထားပြီးဖြစ်သည်။
ချူးယွင်ဖန်းက ရယ်မောလိုက်သည်။ ပင်လယ်အကြီးအကဲသည် ၎င်းကို ဆယ်စုနှစ်များစွာ ကျင့်ကြံခဲ့သော်လည်း သူ၏နည်းလမ်းသည်မှားယွင်းနေခဲ့သည်။ သူသည် အခြေခံအားဖြင့် အမှောင်ထဲတွင် ကျင်လည်နေခဲ့ရာ ၎င်းကို အပြည့်အဝ တစ်နည်းအားဖြင့် လုံးဝ မသန့်စင်နိုင်ခဲ့ပေ။ ချူးယွင်ဖန်းသည် သူ၏ ရှေးဦးဝိဉာဉ်ကို အလွယ်တကူ ဖျောက်ဖျက်ကာ သူ့ကိုယ်ပိုင်မူလဝိဉာဥ်ကို စည်းချိပ်ထဲတွင် ထည့်သွင်းခဲ့သ်ည။ ချူးယွင်ဖန်းက စည်းချိပ်အကြောင်း ကောင်းစွာနားလည်သဘောပေါက်သဖြင့်
၎င်းကို အလွန်လေးနက်သောအဆင့်အထိ လွယ်ကူစွာ သဘာဝကျကျ သန့်စင်ပေးနိုင်ခဲ့သည်။
သူအသုံးပြုခဲ့သော ကောင်းကင်စောင့်ရှောက်သူအကာအကွယ်စည်းချိပ်သည် ပင်လယ်အကြီးအကဲထက်သာလွန်သည်။ နတ်သားရဲအစောင့်အရှောက်လေးယောက်၏ စွမ်းအားက ထင်ရှားပေါ်လွင်ကာ လမ်းကြောင်းလေးခုကို ပိတ်ထားသည်။
ဤအဏ္ဏဝါမျိုးနွယ်စုဝင်များအားလုံးက ရွှံ့အိုင်ထဲတွင် ပိတ်မိနေသကဲ့သို့ ရွှေ့လျားရန် ခက်ခဲလျက် ရှေ့မတိုးနောက်မဆုတ်နိုင်ကြတော့ပေ။
ကြောက်မက်ဖွယ်ရာ အင်အားတစ်ခုက သူတို့ကို လှုပ်ရှားခွင့်မပြုဘဲ တင်းတင်းကြပ်ကြပ် ချည်နှောင်ထားသကဲ့သို့ပင်ဖြစ်ရာ ဤခံစားချက်က ဖိအားများလွန်းသည်။ ပေါက်ကွဲခါနီးအထိ လက်ကြီးများက ၎င်းတို့ကို တဖြည်းဖြည်းချင်းညှစ်နေသည့်အလားခံစားရသည်။
ဘမ်း
ဘမ်း
ဘမ်း
ကြောက်မက်ဖွယ်အရာတစ်ခု ဖြစ်ပျက်တော့မည်ကို ခံစားသိရှိလိုက်ချိန်၌ပင် ဤနတ်အဆင့် ကျွမ်းကျင်သူများအားလုံးသည် အဆိုးရွားဆုံးသော စွမ်းအားဖြင့် ပေါက်ကွဲထွက်လာကြကာ ၎င်းတို့၏ နတ်စွမ်းအင်ကို မြှင့်တင်၍ စည်းချိပ်ကို ကျော်လွှားနိုင်ရန် ကြိုးစားကြသည်။ ကံမကောင်းစွာဖြင့် စည်းချိပ်ကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်မည်ဆိုပါက ၎င်းသည် ပင်လယ်အကြီးအကဲ၏ ဝှက်ဖဲပင်ဖြစ်လာခဲ့မည်မဟုတ်ပေ။
အကယ်၍ ပင်လယ်အကြီးအကဲသည် ချူးယွင်ဖန်းကို မကြုံတွေ့ခဲ့ပါက ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်ကျွမ်းကျင်သူကိုပင် အနိုင်ယူနိုင်မည်ဖြစ်သည်။
မှန်သည်။
ဤမျှလောက်များစွာသောလူများ၏စုပေါင်းတုံ့ပြန်မှုသည် စည်းချိပ်အပေါ် ကြီးမားသောဖိအားတစ်ခုဖြစ်သည်။ သို့သော် ချူးယွင်ဖန်း၏ နတ်စွမ်းအားသည် ပင်လယ်အကြီးအကဲထက် အဆပေါင်းများစွာ ကျော်လွန်သွားခဲ့သည်။
ဤအလုံပိတ်စည်းချိပ်က ၎င်း၏အကွာအဝေးကို တစ်စတစ်စ ကျုံ့သွားကာ ကျွမ်းကျင်သူများက ပို၍ပို၍ စိတ်မသက်မသာ ခံစားလာရသည်။ တစ်ဖက်တွင် ချူးယွင်ဖန်းက ပြုံးရွှင်သာယာသောအမူအရာရှိသည်။ စည်းချိပ် ခင်းကျင်းတွင် ပိတ်မိနေသော ကျွမ်းကျင်သူများကို အဆက်မပြတ် နှိမ်နှင်းနေချိန်တွင်၊ သူသည် စည်းချိပ်ကို အဆက်မပြတ် ပြုပြင်ရန် အချိန်လည်း ရှိသေးသည်။
နတ်သားရဲလေးပါး၏ စွမ်းအားကို နားလည်ရန် စည်းချိပ်ကို အသုံးပြုခြင်းသည် အလွန်အဆင့်မြင့်သော စွမ်းအားနှင့် သဘာဝ၏ စည်းမျဉ်းများကို အသုံးချခြင်းဖြစ်သည်။ ချူးယွင်ဖန်းသည် ၎င်းကို လုံးလုံးနားလည်ရန် မဖြစ်နိုင်သော်လည်း၊ ယင်း၏ အစွမ်းတစ်စိတ်တစ်ပိုင်းကို အသုံးချနိုင်ခြင်းကပင် အလွန်စွမ်းအားကြီးနေဆဲဖြစ်သည်။
ဘမ်း
ဘမ်း
ဘမ်း
အချိန်ခဏလေးအတွင်းမှာပင်၊ ဤကျွမ်းကျင်သူများသည် နောက်ဆုံးတွင် ၎င်းတို့၏ခန္ဓာကိုယ် ပေါက်ကွဲသွားသကဲ့သို့ ဝမ်းနည်းဖွယ် အော်ဟစ်ငိုကြွေးကြတော့သည်။
၎င်းတို့အားလုံးက ကောင်းကင်အစောင့်အရှောက် စည်းချိပ်အောက်၌ သေဆုံးသွားကြ၏။