← Chapters

ကောင်းကင်စောင့်ရှောက်သူများ အကာအကွယ်စည်းချိပ်ကို သန့်စင်ခြင်း

Vol. 76 Ch. 1139

ကောင်းကင်စောင့်ရှောက်သူများ အကာအကွယ်စည်းချိပ်ကို သန့်စင်ခြင်း

Vol. 76 Ch. 1139

"ရေနတ်ဆိုးတွေက မဟာမိတ်အဖွဲ့ထပ်ဖွဲ့ချင်နေကြတာလား။ စိတ်ကူးယဥ်ဆန်လိုက်တာ”

မြို့တော် နောက်ရှိ သမ္မတရုံးတွင် သမ္မတသည် ထောက်လှမ်းရေးဌာနမှ ပေးပို့သော အချက်အလက်များကို ဖတ်နေသည်။ နတ်ဘုရားက သူ၏ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာပါက သူပြန်လည်ပေါ်လာသည်နှင့် ရပ်တန့်နိုင်တော့မည်မဟုတ်ဟူသော ကောလဟာလတစ်ခုရှိသည်။ ယင်းအချိန်သည် ရေနတ်ဆိုးများဘက်မှ စစ်မှန်သော တန်ပြန်တိုက်ခိုက်မှုကို စတင်ရန် အချိန်ဖြစ်သည်။

ထို့ကြောင့် အဏ္ဏဝါမျိုးနွယ်စုများအားလုံးက ယခု နိမ့်ကျစွာ လဲလျောင်းနေခဲ့ကြသည်။ ပြည်ထောင်စု တပ်မတော်သည် ၎င်းတို့၏ ဆွေမျိုးများကို အစွမ်းကုန် လိုက်နေကြောင်း မြင်လျှင်ပင် မမြင်ချင်ယောင်ဆောင်နေပေလိမ့်မည်။ အဆုံးမဲ့ပင်လယ်ထဲတွင် မွန်းစတားမျိုးနွယ်စုများစွာရှိသည်။ အဏ္ဏဝါမျိုးနွယ်စုမဟာမိတ်အဖွဲ့ပင်လျှင် အစိတ်အပိုင်းအနည်းငယ်ကိုသာ သိမ်းပိုက်နိုင်ခဲ့သည်။ အခြေ အနေ ပြောင်းလဲလာရန် စောင့်ဆိုင်းနေသော ရေနတ်ဆိုးကျွမ်းကျင်သူများစွာလည်းရှိသေးသည်။

ဤလူများ၏ စုစုပေါင်းအရေအတွက်သည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ တိုက်ကြီးတွင် ဝှက်ထားသော နတ်ဆိုးပညာရှင်များအပြင် အနည်းဆုံး နတ်အဆင့် တစ်ထောင်ကျော်ရှိသည်။ သို့သော် သမ္မတက ဤလူများကို ဂရုမစိုက်ပေ။ သူ့အတွက် နတ်ဆိုးတောင်တန်းကဲ့သို့ ရွှေအမတေအဆင့်တစ်ပါး မရှိသရွေ့ ဤသတ္တဝါများသည် သဲသောင်ပြင်ထဲမှ အမှုန်အမွှားများသာဖြစ်သည်။

ပြည်ထောင်စုသည် ၎င်းတို့အားလုံးကို သုတ်သင်ရန် မလိုအပ်ပေ။ တက်လာသည့်လမ်းကြောင်းက မြင့်သာလသည်ကိုမြင်သရွေ့ ၎င်းတို့က အမြစ်မှ နှုတ်ပစ်မည်ဖြစ်သည်။

ပြည်ထောင်စု၏ လက်ရှိအင်အားဖြင့် ထိုသို့လုပ်နိုင်စွမ်းရှိသည်မှာ အမှန်ပင်ဖြစ်သည်။ ပြည်ထောင်စုက ယခင်က လုပ်ခဲ့သည့်အတိုင်း ၎င်းတို့ မညီညွတ်သရွေ့ အားလုံးသည် အမှန်အမွှားများသာဖြစ်ပေသည်။

“သူတို့က ကြောင်တောင်ကြားတွေပဲ။ ပြီးတော့ ထိပ်တိုက်တိုက်ပွဲမှာ ပြည်ထောင်စုတပ်မတော်နဲ့မယှဥ်နိုင်ဘူး။ နတ်ဘုရားထပ်ပေါ်လာမှာကိုပဲ ကျုပ်စိုးရိမ်တာ။ အဲ့တာက ကြောက်ဖို့အကောင်ဆုံးပဲ” ကျန်းယွမ်ပင်က စိုးရိမ်စွာပြောသည်။

ယခုအခါ ကျန်းယွမ်ပင်သည် ပြည်ထောင်စုတပ်မတော်တွင် စစ်ဘက်ဆိုင်ရာရာထူးအနေဖြင့် စစ်ဦးစီးချုပ်ဖြစ်ကာ ဒုတိယယာယီသမ္မတအဖြစ်သို့ ပြန်ရောက်ရှိသွားပြီဖြစ်သည်။

“စစ်တပ်ဂြိုလ်ထုအားလုံးကို စုစည်းပြီး ခွန်းလွန်နယ်မြေရဲ့ သံသယဖြစ်စရာနေရာအားလုံးကို စုံစမ်းပါ။ မဟုတ်ဘူး… ကမ္ဘာမြေကိုပါ စုံစမ်းစစ်ဆေးရမယ်” သမ္မတက အလျင်အမြန် အမိန့်ပေးလိုက်သည်။

နတ်ဘုရားက ကမ္ဘာမြေတွင် ပုန်းရှောင်နေသည်ကို သူမသိပေ။

“သူပြန်မကောင်းလာခင် ကျုပ်တို့ ရှာတွေ့ရင်အကောင်းဆုံးပဲ။ ဒါဆို ကျုပ်တို့အနိုင်ရနိုင်ခြေ အရမ်းမြင့်လိမ့်မယ်”

နတ်ဘုရားအကြောင်းပြောသောအခါ သမ္မတကြီးက ခေါင်းကိုက်လာသည်။ သမ္မတက စွမ်အးအားအားလုံး ကုန်ဆုံးသွားသည်ကိုမဆိုနှင့် ရွှေအမတေအဆင့်ပင် သမ္မတအတွက် အလွန်ကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်သည်။

သူသည် အခြေခံအားဖြင့် မသန်စွမ်းသူဖြစ်သည်။ သာမန်နတ်အဆင့်များထက် အဆပေါင်းများစွာ ပိုမိုစွမ်းအားကြီးသော်လည်း ရွှေအမတေအဆင့်တစ်ဦးရှေ့တွင်မူ အင်အားနည်းနေဆဲဖြစ်သည်။ အကယ်၍ သူသည် နတ်ဘုရားကို နောက်တစ်ကြိမ်တွေ့ဆုံရမည်ဆိုပါက အသတ်မခံရခင် တစ်ချက်ပင် ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

သို့သော် သူ၏ အကြီးမားဆုံးသော မျှော်လင့်ချက်သည် ချူးယွင်ဖန်းထံတွင်ရှိသည်။ ချူးယွင်ဖန်း အဆင့်ဖြတ်ကျော်နိုင်သမျှ ကာလပတ်လုံး သူသည် နတ်ဘုရားကို သုတ်သင်နိုင်စွမ်းရှိပေလိမ့်မည်။ သို့သော် ချူးယွင်ဖန်းသာ အဆင့်မကျော်ဖြတ်နိုင်ပါက ပြည်ထောင်စုအတွက် ရွှေအမတေအဆင့်ကို ကိုင်တွယ်ရန် အလွန်ခက်ခဲမည်ဖြစ်သည်။ နျူကလီးယားဗုံးများကို ပြင်းထန်စွာ ပစ်ခတ်ခြင်းမှလွဲ၍ ပြည်ထောင်စုက သူ့ကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းကောင်း မရှိပေ။

နှစ်ဘက်စလုံး ဆုံးရှုံးမှုကြီးကြီးမားမားခံစားရမည်ဆိုပါက မလွယ်ကူပေ။ အဆုံးမဲ့နတ်ဆိုးတောင်တန်း၏ နဂါးဘုရင်ဟောင်းသည် ယခင်က နျူကလီးယားဗုံးကို မကြုံခဲ့ဖူးသောကြောင့် ကျရှုံးခဲ့ခြင်းဖြစ်သည်။ သို့သော် နတ်ဘုရားသည် နဂါးဘုရင်ဟောင်း၏ ခြေရာအတိုင်းလိုက်လျှောက်မည်မဟုတ်ကြောင်း ရှင်းလင်းစွာပင် သိနိုင်သည်။

သမ္မတက ယင်းမှာ အလွန်နှမျောဖွယ်ကောင်းသည်ဟုခံစားရသည်။ သူသည် နတ်ဘုရားကို သတ်ရန် အခွင့်အရေးရှိကာ အလွန်နီးစပ်နေပြီဖြစ်သည်။ သူနှင့်အတူ နတ်ဘုရားကို ဆွဲချရန် သူ့ကိုယ်သူ စတေးရန် အဆင်သင့်ဖြစ်နေခဲ့သည်။ နောက်ဆုံးအဆင့်တွင် သူကျဆုံးကာ ဤသို့သော လက်ရှိပြသနာမျိုးဖြစ်လာလိမ့်မည်ဟု မည်သူက သိလိမ့်မည်နည်း။

"ချူးယွင်ဖန်းရဲ့ ပြင်ဆင်မှုက ဘယ်လိုလဲ။" သမ္မတက မေးသည်။

ကျန်းယွမ်ပင်က ချူးယွင်ဖန်းအကြောင်းတွေးကာ ခါးသက်စွာပြုံးလိုက်သည်။

“သူက အလျင်မလိုဘူး။ အခု အခြားသူတွေဖို့ နတ်စွမ်းအင်ဖြည့်တင်းဆေးထုတ်ပေးနေတယ်”

ဤကာလအတွင်း ချူးယွင်ဖန်းသည် နတ်စွမ်းအင်ဖြည့်တင်းဆေးများပြုလုပ်ရန် အလုပ်များနေသေးသည်။ ဆေးတစ်လုံးချင်းစီ၏ တန်ကြေးက မြင့်မားလှသော်လည်း အရူးကဲ့သို့ ရောင်းချနေဆဲပင်ဖြစ်သည်။

မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်ကျွမ်းကျင်သူများကပင်လျှင် အဓိက အင်အားစုအားလုံးက ၎င်းကို ဝယ်ယူလိုကြသည်။ ဝယ်ထားသရွေ့ ၎င်းတို့ရှေ့တွင် တောက်ပသော အနာဂတ်ကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

၎င်းတို့ ချေးထားသည့် ငွေက ယခု မည်မျှပင်ရှိစေကာမူ အဆင့်ကျော်ဖြတ်နိုင်ပြီးပါက အကကြွေးပြန်ဆပ်ရန် လွယ်ကူပေလိမ့်မည်။ နောက်ဆုံးတွင် ချူးယွင်ဖန်းက အခကြေးငွေ၏ တစ်ဝက်ကို ငွေသားဖြင့် စုဆောင်းကာ ကျန်တစ်ဝက်ကို နတ်ကျောက်တုံးများဖြင့် စုဆောင်းမည်ဟု ကြေညာခဲ့သည်။ ဤကာလအတွင်း သူစုဆောင်းထားသော ဝိညာဉ်ကျောက်တုံး မည်မျှရှိသည်ကို ချူယွင်ဖဖန်းသာလျှင် သိသည်။

သမ္မတက ခဏတာမျှ ငြိမ်သက်သွားသည်။ ချူးယွင်ဖန်း၏ လုပ်ရပ်ကို သူသိသည်။ ယခင်က သူ ချူးယွင်ဖန်းကိုမေးခဲ့ဖူးရာ ချူးယွင်ဖန်းက အချိန်ကောင်းကို စောင့်နေခြင်းဖြစ်၍ စိတ်လောရန်အကြောင်းမရှိဟု ပြောခဲ့သည်။

သို့သော် တစ်လကျော်ကြာသွားခဲ့သည်။ သူ၏ တွက်ချက်မှုများအရ၊ နတ်ဘုရား ပြန်လည်နာလန်ထချိန်သည် အလွန်ဆုံး နောက်ထပ်တစ်လဖြစ်သည်။ ချူးယွင်ဖန်းအတွက် အချိန်မကျန်လှတော့သဖြင့် သမ္မတက အလွန်စိတ်လှုပ်ရှားနေမိ၏။

"ကောင်းပြီ၊ အမိန့်ချဖို့ ကူညီပေးပါ။ ရှာဖွေရေးဧရိယာကို ချဲ့ထွင်ပြီး နတ်ဘုရားရဲ့ နေရာကို ရှာဖို့ နည်းလမ်းရှာပါ။ သူ့ကို တွေ့တာနဲ့ ချက်ချင်းအကြောင်းကြားခိုင်းလိုက်" သမ္မတက တွေးပြီး နောက်ဆုံးတွင် ပြောခဲ့သည်။

“ဒါ့အပြင် ချူးယွင်ဖန်းနဲ့ ပတ်သက်တဲ့ သတင်းတွေရှိရင် ချက်ချင်းအကြောင်းကြားပေးပါ”

“ဟုတ်ကဲ့ပါဆရာ။” ကျန်းယွမ်ပင်က အမိန့်ကို လက်ခံရရှိကာ နတ်ဘုရားကို ရှာဖွေရန် စီစဥ်ခဲ့ကြသည်။

"နောက်ဆုံးတိုက်ပွဲက လာပြီ။ အဘိုးကြီး၊ နောက်တိုက်ပွဲမှာ မင်းသေမှာ သေချာတယ်"

သမ္မတက စိတ်ထဲမှ ရေရွတ်လိုက်သော်လည်း ဤသို့ပြောနေရင်းဖြင့် သူ့မျက်လုံးများက ပို၍ ခိုင်မာပြတ်သားလာသည်။

ပြည်ထောင်စုသည် သူ၏ဒုတိယအိမ်ဖြစ်သည်။ သူ့အတွက်၊ လွတ်လမ်းမရှိပေ။ လွတ်မြောက်ရန် တစ်ခုတည်းသော နည်းလမ်းမှာ တိုက်ပွဲဖြစ်သည်။ တစ်ချိန်တည်းမှာပင် ခွန်းလွန်မြို့၌ ချူးယွင်ဖန်းသည် နောက်ဆုံးသော နတ်စွမ်းအင်ဖြည့်တင်းဆေး သုံးဆယ့်ခြောက်ပြားကို အပြီးသတ်ကာ သူ့ကို စောင့်ဆိုင်းနေကြသည့် နောက်ဆုံးလူအုပ်ကို ပေးလိုက်သည်။

ထို့နောက် ကောင်းကင်စောင့်ရှောက်သူအကာအကွယ်စည်းချိပ်ကို ဆက်လက် သန့်စင်ရန် တောင်မြစ်ပန်းချီကားထဲသို့ သူဝင်ခဲ့သည်။ ဤအရာသည် ရတနာကောင်းတစ်ခုဖြစ်သော်လည်း ပင်လယ်အကြီးအကဲသည် ၎င်း၏စစ်မှန်သောအလားအလာကို ထုတ်မပြနိုင်ခဲ့ပေ။

သူ့ရှေ့တွင် ကောင်းကင်အစောင့်အရှောက်အကာအကွယ်စည်းချိပ်က နိုးထလာသည်။ အစောင့်အရှောက်လေးပါး၏ စွမ်းအားများပေါ်လာကာ နဂါးပြာ၊ ကျားဖြူ၊ မီးငှက်နှင့် လိပ်နက်တို့အဖြစ် ပြောင်းလဲလာသည်။ အလယ်ဆုံးရှိ နဂါးပြာပုံသဏ္ဍာန်က ပိုမိုပြတ်သားလာသည်။ ပြာမှုန်နေသော နဂါးရုပ်၏ အထက်တွင်၊ သွေးအနှစ်သာရ စွမ်းအင်လုံးတစ်လုံးက နဂါးပြာထဲသို့ ဖြည်းညှင်းစွာ ပေါင်းစပ်သွားသည်။

သွေးအနှစ်သာရများ ဆက်လက်ပေါင်းစပ်လာသည်နှင့်အမျှ နဂါးဆီမှ စူးရှတောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ၎င်းသည် သွေးအနှစ်သာရကို တဖြည်းဖြည်း ဝါးမျိုသွားကာ ယင်းပုံရိပ်ထဲမှ နဂါး၏ဟောက်သံကို ဖျတ်ခနဲ ကြားနိုင်သည်။ ယင်းမှာ အဆုံးမဲ့နတ်ဆိုး‌တောင်တန်းတို့မှ သူသတ်ခဲ့သော ကျွမ်းကျင်သူများ၏ ခန္ဓာကိုယ်များမှ ထုတ်ယူခဲ့သော သွေးအနှစ်သာရဖြစ်သည်။

သိုင်းပညာကို ကျင့်ကြံထားသူများသည် ၎င်းတို့၏ နှလုံးသားအတွင်းမှ သွေးအနှစ်သာရကို ပေါင်းစည်းနိုင်မည်ဖြစ်သည်။ ကျွမ်းကျင်သူက ပိုအားကောင်းလေ၊ ၎င်းတို့ သွေးအနှစ်သာရ၏ အစွမ်းက ပိုမို အင်အားကြီးလေလေဖြစ်သည်။

နဂါးများသည် နဂါးငယ်များသာ ဖြစ်သော်ငြားလည်း ၎င်းတို့တွင် နဂါးသွေးအချို့ ရှိနေသေးသည်။ ယခု ချူးယွင်ဖန်းသည် ပေါင်းမြက်များကို ဖယ်ရှားကာ ကောင်းသော အကောင်များကို ထိန်းသိမ်းရန် ဧကရာဇ်တိုက်ပွဲစာအုပ်တွင် မှတ်တမ်းတင်ထားသော သန့်စင်ရေးနည်းများကို အသုံးပြုထားသောကြောင့် နဂါးဘုရင်ဟောင်းအပါအဝင် နဂါးများအားလုံးသည် စစ်မှန်သော နဂါးသွေးအနှစ်သာရ စွမ်းအင်လုံးတစ်လုံးအဖြစ်ပြောင်းလဲသွားကြပြီဖြစ်သည်။

ထိုသွေးအနှစ်သာရက နောက်ဆုံးတွင် နဂါးပြာပုံရိပ်နှင့် ပေါင်းစပ်ကာ ကောင်းကင်အစောင့်အရှောက်လေးပါး၏ ပထမဆုံးသော စွမ်းအားဖြစ်လာသည်။

ချူးယွင်ဖန်းသည် ကောင်းကင်စောင့်ရှောက်သူအကာအကွယ်စည်းချိပ်ပေါ်ရှိ အပြာရောင်နဂါးမှတစ်ဆင့် အ‌စောင့်အရှောက်နတ်သားရဲလေးပါး၏ စွမ်းအားကို ခံစားလိုက်ရသည်။

အချိန်တိုလေးအတွင်း၌ပင် ကောင်းကင်နှင့် မြေကြီးတာအိုအကြောင်းကို ကောင်းစွာနားလည်သဘောပေါက်လာသည်ဟု သူခံစားမိသည်။

ရုတ်တရက် အဝေးမှ ဆေးပင်တောင်ပေါ်တွင် ဗြဟ္မာသစ်ပင်ကြီးက အလင်းတန်းများ ထုတ်လွှတ်လိုက်ရာ ကောင်းကင်သို့ လွင့်ပျံ့လာသည်။ ထို့နောက်တွင် ထူးဆန်းသော ရနံ့တစ်ခုက တောင်မြစ်ပန်းချီကားကို လွှမ်းခြုံသွားသည်။

ချူးယွင်ဖန်း၏ စိတ်ထဲတွင် အတန်ငယ်တုန်လှုပ်သွားမိသည်။

ဗြဟ္မာသစ်ပင်က နောက်ဆုံးတွင် ရင့်မှည့်သွားပြီဖြစ်သည်။

All Chapters