အဏ္ဏဝါမျိုးနွယ်စု မဟာမိတ်လား… အသုံးမဝင်တဲ့အမှိုက်
Vol. 76 Ch. 1132
နောက်ဆုံးတွင်မူ အဏ္ဏဝါမျိုးနွယ်စုထဲ၌ နတ်အဆင့်နည်းပါးလွန်းသည်။ ၎င်းတို့ကို သတ်နိုင်ခဲ့လျှင်ပင် အတွင်းအူ အမြုတေ တစ်ခုသာရနိုင်မည်ဖြစ်သည်။ တစ်ဖက်တွင်မူ ပြည်ထောင်စုအတွင်းမှ ကျွမ်းကျင်သူအများအပြားက ၎င်းတို့ကို ဝိုင်းရံထားလေ့ရှိသည်။
ပဋိပက္ခအမျိုးမျိုးတို့ကို ရှောင်လွှဲ၍ မရနိုင်ပေ။ ပြည်ထောင်စုတပ်မတော်က ပြင်းပြင်းထန်ထန်ဖိနှိပ်မှုကြောင့်သာမဟုတ်ပါက လူသားနတ်အဆင့်များက အရင်မတိုက်ဟု ပြော၍ ရနိုင်မည်မဟုတ်ပေ။
ဘိုးဘေးချူး၊ ကောင်းကင်ဘုံနဂါးကြီးနှင့် အခြား နတ်အဆင့်များက ဤမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် အားလုံး မျက်ရည်ကျခဲ့ရသည်။ နောက်ဆုံးတွင်မူ ၎င်းသည်
အဆုံးမဲ့နတ်ဆိုးတောင်တန်းနှင့် အဏ္ဏဝါမျိုးနွယ်စ်ု၏ ဝိုင်းရံခြင်းခံခဲ့ရသည်မှာ နတ်အဆင့်များသာဖြစ်ခဲ့ရာ ဤအခြေအနေသို့ မည်သည့်အချိန်မှစ၍ ရောက်ရှိလာနိုင်ခဲ့သနည်း။ ဤသည်မှာ နှစ်အနည်းငယ်အတွင်းဖြစ်ပျက်ခဲ့ခြင်းပင်ဖြစ်ရာ အိပ်မက်တစ်ခုကဲ့သို့ အလွန်လျင်မြန်လှသည်။ ဤအချက်ကြောင့် ပြည်ထောင်စု၏ အင်အားတိုးလာသည်မှာထင်ရှားသည်။
ရူးသွပ်သွားသော ဤနတ်အဆင့်များနှင့်အတူ ပြည်ထောင်စုတပ်မတော်သည် ပြည်ထောင်စုတပ်မတော်သည် ပြိုင်ဘက်ကင်းလုနီးပါးဖြစ်ခဲ့သည်။ အဏ္ဏဝါလူသားများ ဆုံးဖြတ်ချက်ချနိုင်သော ခေါင်းဆောင်မရှိသကဲ့သို့ ၎င်းတို့၏ အင်အားစုများကိုလည်း စုစည်း၍မရပေ။ အထူးဖြင့် ဤတစ်ကြိမ်တွင် ပြည်ထောင်စုသည် သေဆုံးသွားသော မရေမတွက်နိုင်အောင်များပြားလှသည့် ပြည်သူပြည်သားများအတွက် လက်စားချေခြင်းဆိုင်းဘုတ်ကို လွှတ်တင်ခဲ့သည်။ ၎င်းတို့၏ ပြစ်မှတ်က ပြည်ထောင်စုကို တိုက်ခိုက်ရာတွင်ပါဝင်ခဲ့သော မျိုးနွယ်စုတိုင်းဖြစ်ရာ အဏ္ဏဝါမျိုးနွယ်စုများအားလုံးမဟုတ်ပေ။
ဤအချက်က အဏ္ဏဝါမျိုးနွယ်စုများကို အုပ်စုနှစ်ခုခွဲထားသည်။ ပြည်ထောင်စုကို တိုက်ခိုက်ရာတွင် မပါဝင်ခဲ့ဖူးကြသူများသည် ပါဝင်ခဲ့သူများအတွက် ရပ်တည်လိုစိတ်မရှိကြသည်မှာ သဘာဝသာဖြစ်သည်။ ၎င်းတို့သည် ပြည်ထောင်စု၏ သတ်ဖြတ်ခြင်းကို မခံလိုကြပေ။ ပြည်ထောင်စုက အစွမ်းကုန် တိုက်ခိုက်နေပြီဖြစ်၍ လမ်းရှေ့တွင် ပိတ်နေသောသူမှန်သမျှ သေရပေလိမ့်မည်ဖြစ်သည်။
ထက်မြက်သူများစွာက ဤသည်မှာ ပြည်ထောင်စု၏ လူခွဲနည်းဖြစ်ကြောင်းသိသော်လည်း အခြားရွေးချယ်စရာမရှိပေ။ ၎င်းတို့သည်လည်း အခြားသူများအတွက် မိမိအသက်ကို မစတေးနိုင်ကြပေ။ ထို့အပြင် အဆုံးမဲ့ပင်လယ်က ကျယ်ပြောလွန်းလှသည်။
ပြည်ထောင်စုသည် နေရာတိုင်းတွင် မျက်လုံးနှင့် လက်များရှိလျှင်ပင် အဆုံးမဲ့ပင်လယ်ကို အမှန်တကယ် သိမ်းပိုက်နိုင်မည်မဟုတ်ပေ။ ၎င်းတို့တွင် နေစရာနေရာများစွာရှိသဖြင့် အခြားသူများအတွက် မိမိအသက်ကို စွန့်စားရန်မလိုပေ။
ဤရှင်းလင်းပြတ်သားသော မူဝါဒအရ အဏ္ဏဝါမျိုးနွယ်စုများက အုပ်စုနှစ်ခုကွဲသွားသည်။
ဤအကြံအစည်ကို တီထွင်ခဲ့သူမှာ သဘာဝအတိုင်း ချူးယွင်ဖန်းဖြစ်သည်။ သူသည် အဏ္ဏဝါလူမျိုးများကို လုံးလုံးလျားလျား ချေမှုန်းပစ်ရန် မစဉ်းစားခဲ့ပေ။ သူလုပ်ရမည့်အရာမှာ ခေါင်းဆောင်ကို အရင်ဖမ်း၍ လူကိုမပစ်ခင်မြင်းကို ပစ်ရန်သာဖြစ်သည်။ သူ အဆုံးမဲ့နတ်ဆိုးတောင်တန်းကို ဖျက်ဆီးခဲ့သကဲ့သို့ပင် ပြည်ထောင်စုနှင့် ပတ်သက်သော ရည်မှန်းချက်အရှိဆုံးသော အဏ္ဏဝွမျိုးနွယ်စုအားလုံးကို ဦးစွာချေမှုန်းရမည်ဖြစ်သည်။
ဤမျိုးနွယ်စုများကို ပြည်ထောင်စုမှ တစ်စုပြီးတစ်ခု တိုက်ခိုက်ချေမှုန်းပစ်ခဲ့ရာ နောက်ဆုံးတွင် ပြည်ထောင်စုကို တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် မျိုးနွယ်စုများ အထိတ်တလန့် ဖြစ်ခဲ့ကြသည်။ ဤမျိုးနွယ်စုများသည် ပြည်ထောင်စုကို တိုက်ခိုက်ရန် တစ်ဖွဲ့ပြီးတစ်ဖွဲ့ပူးပေါင်းခဲ့ကြသည်။
ထို့အပြင် အဏ္ဏဝါမျိုးနွယ်စုမှ ပညာရှင်အများအပြားကိုလည်း ၎င်းတို့က ခေါ်ယူခဲ့သည်။ သေခြင်းတရား၏ဖိအားအောက်တွင် မဟာမိတ်အဖွဲ့တစ်ခု အမြန်ဖွဲ့စည်းခဲ့သည်။
ပြည်ထောင်စုကို တိုက်ထုတ်ရန်၊ အဏ္ဏဝါ မဟာမိတ်အဖွဲ့သည် ရွှေအမတေအဆင့်သို့ရောက်ရန် ခြေလှမ်းတစ်ဝက်သာလိုတော့သော ကြောက်မက်ဖွယ် တည်ရှိမှုကိုပင် ဖိတ်ခေါ်ခဲ့သည်။ ဤပုဂ္ဂိုလ်၏ တည်ရှိမှုသည် ပြည်ထောင်စု တပ်မတော်၏ အရှိန်အဟုန်ကို ထိန်းထားနိုင်ခဲ့သည်။ နတ်အဆင့်များစွာ၏ တိုက်ခိုက်ခြင်းကို ခံနိုင်ရည်ရှိရာ လက်သီးနှင့် ကန်ချက်တိုင်းတွင် ကြီးမားသော စွမ်းအားများပါရှိ၍ ဤသည်မှာ ပြည်ထောင်စုမှ လက်ရှိကျွမ်းကျင်သူများ ခံနိုင်ရည်ရှိသည့် အတိုင်းအတာမဟုတ်တော့ပေ။
လက်ရှိလူသားပြည်ထောင်စုအတွက် ရွှေအမတေအဆင့်သို့ရောက်ရန် ခြေလှမ်းတစ်ဝက်သာလိုတော့သော ဖြစ်တည်မှုမျိုးသည် ဖြည်ရှင်း၍ မရသော ပြဿနာပင်ဖြစ်နေဆဲဖြစ်သ်ည။ ထိုပညာရှင်သည် ချူးယွင်ဖန်းကဲ့သို့ ကောင်းကင်ဘုံကို အံတုရန် လုံလောက်သည်။
အဆုံးမဲ့ပင်လယ်၏ နက်ရှိုင်းသောနေရာရှိ ဇိမ်ခံနန်းတော်တစ်ခုတွင် စွမ်းအားကြီးသော ရောင်ဝါများက ဖုံးကွယ်ထားသော နဂါးများကဲ့သို့ ငြိမ်သက်နေသည်။ ၎င်းတို့အသီးသီးသည် အမှန်စင်စစ် နတ်အဆင့်များဖြစ်ကြသည်။ ရာဇပလ္လင်များပေါ်တွင် လူသားအသွင်ဆောင်သော အဏ္ဏဝါမျိုးနွယ်စုမှ
နတ်အဆင့်များရှိကြသည်။
ထိုဖြစ်တည်မှုများအနက် ၎င်းတို့နှစ်ဦးသည် ခေါင်းဆောင်များဖြစ်ကြကာ လူတိုင်း၏ မျက်လုံးများက ၎င်းတို့ပေါ်သို့ရောက်နေသည်။ အဏ္ဏဝါမျိုးနွယ်စုကျွမ်းကျင်သူများက ဤပုဂ္ဂိုလ်နှစ်ဦးနှင့် အနည်းနှင့်အများ ဆက်စပ်နေသည်။
ရေနက်ပင်လယ်မိကျောင်းဘိုးဘေးကြီးနှင့် ရေနက်ပင်လယ်ဝေလငါးဘိုးဘေးကြီးတို့သည် အဆုံးမဲ့ပင်လယ်တွင် နာမည်ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်ကြီးနှစ်ဦးဖြစ်ကြရာ ၎င်းတို့ကို အဆုံးမဲ့ပင်လယ်၏ စွမ်းအားကြီးသော သတ္တဝါများအဖြစ်လည်း မှတ်ယူခဲ့ကြသည်။ ပြည်ထောင်စုကို ရင်ဆိုင်ရာတွင် ရေနက်ပင်လယ်မိကျောင်းဘိုးဘေးကြီးနှင့် ရေနက်ပင်လယ်ဝေလငါးဘိုးဘေးကြီးတို့က ခေါင်းဆောင်သူများဖြစ်ခဲ့ကြရာ အခြားသူများက ၎င်းတို့နောက်လိုက်များသာဖြစ်သည်။
ယခင်က ပြည်ထောင်စုက ဒေါသထွက်ခဲ့သော်လည်း ၎င်းတို့အား လက်စားချေရန် သတ္တိမရှိခဲ့ပေ။ သို့သော နောက်ဆုံးသော အဖြစ်မှန်က ၎င်းတို့မျက်နှာသို့ တည့်တည့်ဖြတ်ရိုက်လိုက်ခြင်းဖြစ်ရာ ပြည်ထောင်စုက လုပ်ရဲခဲ့ရုံသာမက တုံ့ဆိုင်းနေခြင်းလည်းမရှိတော့ပေ။ ဤရေအောက်နန်းတော်တွင် ပေါ်လာနိုင်သူများအားလုံးသည် အဏ္ဏဝါမျိုးနွယ်စုများကြားမှ မျိုးနွယ်စုကြီးများ၏ ခေါင်းဆောင်များဖြစ်ကြသည်။ သာမန် နတ်အဆင့်များပင်လျှင် ဤမဟာမိတ်အစည်းအဝေးပွဲကြီးသို့ တက်ရောက်ရန် အရည်အချင်းပြည့်မှီကြမည်မဟုတ်ပေ။
“ပြည်ထောင်စုက ငါတို့ကို အသေသတ်ဖို့ အတင်းကြိုးစားနေတာ။ အဖမ်းခံရဖို့ ထိုင်စောင့်နေလို့မဖြစ်တော့ဘူး။ ငါတို့က သူတို့ ငါတို့ကို ဒေါသဖြစ်ရင် သူတို့ပါ ငါတို့နဲ့ ရောသဂြိုလ်ခံရမယ်ဆိုတာ သိစေရမယ်” ရေနက်ပင်လယ်မိကျောင်းဘိုးဘေးကြီးက လှောင်ရယ်လိုက်ပြီးနောက် သူ၏ မိကျောင်းမျက်လုံးများတွင် အေးစက်သောအလင်းတစ်ခု ပေါ်ထွက်လာသည်။
"ပြည်ထောင်စုက ငါတို့ကို အသေသတ်ဖို့ အတင်းကြိုးစားနေတာ။ ဖမ်းဖို့ ထိုင်စောင့်နေရုံနဲ့ မရပါဘူး။ သူတို့က ရေနေသားတွေကို ဒေါသဖြစ်ရင် သူတို့လည်း ငါတို့နဲ့အတူ သင်္ဂြိုဟ်ရမယ်ဆိုတာ သိစေရမယ်။" ရေနက်ပိုင်း မိကျောင်းကြီး၏ ဘိုးဘေးဘီဘင်က လှောင်ပြောင်ပြီး ကြောက်မက်ဖွယ်ရာ အေးစက်သော အလင်းရောင်တစ်ခု သူ့မိကျောင်းမျက်လုံးများမှ ထွက်ပေါ်လာသည်။
နတ်အဆင့်များအားလုံးက ကျောရိုးတစ်လျှောက်အေးစက်မှုကို ခံစားလိုက်ကြရသည်။ ရေနက်ပင်လယ်မိကျောင်းဘိုးဘေးကြီးသည် ပြည်ထောင်စုတွင် မကျော်ကြားသော်လည်း အဆုံးမဲ့ပင်လယ်တွင် လူသိများသည်။ သူသည် မရေမတွက်နိုင်အောင်များပြားလှသော အဏ္ဏဝါမျိုးနွယ်စုဝင်များကို သတ်ဖြတ်ခဲ့သည်။ လူများစွာက နတ်အဆင့်၏ ဦးခေါင်းဖြုတ်ခံလိုက်ရသည်ကိုပင် မျက်စိဖြင့် တပ်အပ်မြင်ဖူးကြသည်။ ယခု ၎င်းတို့ ထိုမြင်ကွင်းကို ရုတ်တရက် ပြန်သတိရသွားကြသဖြင့် အနည်းငယ်တုန်လှုပ်သွားသည့်အလား ခံစားလိုက်ကြရ၏
“မှန်တယ်။ ဒီတစ်ခါတော့ ပြည်ထောင်စုက အရမ်းလွန်သွားပြီ။ အဆုံးမဲ့နတ်ဆိုးတောင်တန်းကို ဖျက်ဆီးပြီးတာနဲ့ သူတို့က ကျုပ်တို့ကို ဖျက်ဆီးချင်နေတာလား။”ရေနက်ပင်လယ်ဝေလငါးဘိုးဘေးကြီးက အေးစက်စွာပြောသည်။
အခြေစိုက်မြို့သုံးခု၌ ဖြစ်ပွားခဲ့သော သန်းနှင့်ချီသော အသေအပျောက်များအကြောင်းကို သူ လုံးဝ မေ့သွားခဲ့သည်။
၎င်းတို့မျက်လုံးများထဲတွင် သာမန်အဏ္ဏဝါမျိုးနွယ်စုများ၏ သေဆုံးမှုက မည်သည့်အဆင့်မျှမရှိပေ။ သာမန်မျိုးနွယ်စုဝင်များ မည်မျှပင် သေဆုံးသည်ဖြစ်စေ ၎င်းတို့က မျက်စိဖြင့်ပင် မကြည့်ကြပေ။ နတ်အဆင့်များသာလျှင် တူညီသော ဖြစ်တည်မှုများအဖြစ် အသိအမှတ်ပြုခံရနိုင်သည်။
ယခုလည်း ဤပုရွက်ဆိတ်များ၏ သေဆုံးမှုနှင့် ဒဏ်ရာများအတွက် ပြည်ထောင်စုသည် ၎င်းတို့အား ဤကဲ့သို့ ကြေကွဲဖွယ် လက်စားချေမှုတစ်ရပ်ကို စတင်လိုက်ပြီဖြစ်ရာ အချိန်တိုအတွင်းမှာပင် နတ်အဆင့် ဆယ်ယောက်ကျော်ကို လူသားပညာရှင်များက ဝိုင်းရံသတ်ဖြတ်ခဲ့ကြသည်။
အဏ္ဏဝါမျိုးနွယ်စုဝင်များ၏တိုက်ပွဲတွင် နတ်အဆင့်များသေဆုံးရခြင်းသည် သာမာန်ဖြစ်သော်လည်း၊ များစွာသောသူတို့သည် ပြည်ထောင်စုလက်ချက်ဖြင့် သေဆုံးရခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။
"မှန်တယ် ဒီတစ်ခါတော့ ပြည်ထောင်စုရဲ့လုပ်ရပ်က အရမ်းလွန်သွားပြီ”
လူများစွာက တရားမျှတမှု၏ ဘက်တော်သားများကဲ့သို့ အနည်းငယ် ကြောက်လန့်နေမိသည်။ ၎င်းတို့သည် ပြည်ထောင်စုက အမှန်ပင် ၎င်းတို့ကို သုတ်သင်ရန်လာနေပြီဟု ခံစားမိကြသည်။
“မှန်တယ်။ ပြည်ထောင်စုက ငါတို့ကို အထင်သေးလို့မရဘူး။ ငါတို့ကို အထင်သေးလို့ဖြစ်တဲ့ အကျိုးဆက်တွေကို သူတို့ သိအောင် ပြောပြမယ်”
"ရန်သူကိုရင်ဆိုင်ကြစို့" အများစုက အော်ဟစ်ကာ ကိုယ့်ကိုယ်ကိုယ် အားပေးရန် ကြိုးစားကြသည်။
ဤအခိုက်အတန့်တွင် ရုတ်တရတ် လူတစ်ယောက် ဖြည်းညှင်းစွာ ဝင်လာခဲ့သည်။ သူသည် အေးစက်သော အပြုံးဖြင့် ၎င်းတို့ကို ကြည့်ကာ ပြောလိုက်၏။
“မင်းတို့အားလုံးက အမှိုက်တွေပဲ။ မင်းတို့က တကယ်ပဲ လူသားတွေကို ဒီအတိုင်းအတာထိရောက်အောင် ဖိအားပေးလိုက်ကြပြီ”